* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, August 2, 2009

မူလဓမ္မ သုညတ အကြောင်း(နယ်-၄-ပါး)

ဓမ္မဓရ— သတိပညာပိုင်းကို တပည့်တော် နားလည်ဘို့ ဟောကြားတော်မူပါဘုရား။

နယ်(၄)ပါး


ဦးဝိဇယ—-သတိပညာပိုင်းကို ဂရုစိုက်ရန်မှာ ပထမနယ် (၄)ပါး နားလည်ရမည်ဘုရား။

(၁)အဝိဇ္ဇာမာနပညတ်နယ်

(၂) ဝိဇ္ဇာမာနပညတ်နယ်

(၃)သဘောနယ်

(၄)သုညနယ် ဟုလေးပါးရှိပါသည်။

(၁) အဝိဇ္ဇာမာနပညတ်နယ် ဟူသည် (ဝိဇ္ဇာမာန ) က သဘောအားဖြင့် ထင်ရှားရှိခြင်းလို့ အဓိပ္ပါယ်ရျိပါတယ်။ အ-ကတော့ မရှိခြင်းဟု အဓိပ္ပါယ်ရှိပါတယ်။ပညတ်ဆိုတာကတော့ ပါဠိလို ပညတ္တိ- ပါဠိ မြန်မာ တွဲခေါ်တာက (ပညတ်) ၊မြန်မာပြန် သက်သက်ကတော့ သိစေကြောင်းစကား-ဟုအဓိပ္ပါယ်ရပါတယ်။ နယ်ဆိုတာ ပိုင်းခြားခြင်း သိစရာကို နယ်ဟုခေါ်ပါတယ်။အားလုံးခြုံပြီး ဘာသာပြန်ရရင် အဝိဇ္ဇာမာနပညတ်ဆိုတာ( သဘောအားဖြင့် ထင်ရှားမရှိသောစကား)ဟုလည်းကောင်း (သဘောမပါ ထင်ရုံသာဖြစ်သောစကား)ဟုလည်းကောင်းဘာသာပြန်နိုင်ပါတယ်။(သဘောမပါ ထင်ရုံသာ မှတ်ပါ အဝိဇ္ဇာမာနပညတ် တည်း)ဟု အကျဉ်းချုပ် မှတ်သားလိုက် လို့ရပါတယ်ဘုရား။


(၂)ဝိဇ္ဇာမာန ပညတ်ဆိုတာကတော့—အပေါ်ကပြောခဲ့တဲ့ အဓိပ္ပါယ်ကို အ-အဓိပ္ပါယ်ဖြုတ်ပြီး နားလည်ရမှာပါဘုရား။ဝိဇ္ဇာမာန ပညတ်= သဘောအားဖြင့် အထင်အရှားရှိသောစကား ဟုလည်းကောင်း၊ (သဘောလည်းပါ ထင်ရုံသာ ဖြစ်သောစကား) ဟုလည်းကောင်း ဘာသာပြန်လို့ရပါတယ်။ (သဘောလည်းပါ၊ထင်ရုံသာ ဖြစ်သောစကား)ဟုလည်းကောင်း ဘာသာပြန်လို့ရပါတယ်။ (သဘောလည်းပါ၊ထင်ရုံသာ ၊မှတ်ပါ ဝိဇ္ဇာမာန ပညတ်တည်း၊)ဟု အကျဉ်းချုပ်မှတ်သားလိုက်ပါ။


(၃) သဘောနယ် ဆိုသည်မှာ စကားဖြင့်ပြော၍ မရ ၊ စိတ်မှာထင်လို့လည်းမရ ၊အသိဉာဏ်ဖြင့် သိ၍ သာရသော သိစရာနယ်ကို (သဘောနယ်)လို့ခေါ်ပါတယ်။


(၄) သုညနယ်–ဆိုသည်မှာ သဘောနယ်မှာသိရသော တရားများ၏ အကြောင်းပါမှ ဖြစ်ပျက်နိုင်သောကြောင့် ကိုယ်ပိုင်အနှစ်သာရ မူလက ပျက်နေသော သဘောကို (သုညနယ်)လို့ခေါ်ပါတယ်။


ဥပမာ—ကုသိုလ်ဟူသောစကား ကြားလိုက်လျှင် ဗုဒ္ဓဘာသာများအတွက် ကောင်းတယ် ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။ ကုသိုလ်–ဟူသောစကားကို မကြိုက်သော ပုဂ္ဂိုလ်များ အတွက် ဆိုးတယ်—ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။


ကုသိုလ်—ဟူသောစကားကို မကြားဘူးကုန်သော ပုဂ္ဂိုလ်များအတွက် (ဘာမှန်းမသိဘူး) ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။

(ကောင်းတယ်) ဟူသော အထင်အထည် (မကောင်းဘူး) ဟူသော အထင်အထည်၊(ဘာမှန်းမသိဘူး) ဟူသော အထင်အထည် ဤ သုံးပါးတွင် တစ်ခုခု စိတ်မှာဖြစ်ပေါ်ခြင်းကို (အဝိဇ္ဇာမာန ပညတ်နယ်)ဟုခေါ်ပါတယ်။


ထိုအထင်အထည်ကိုပင် (ငါသိတာပဲဟုတ်တယ်၊ကျန်တာတွေ မဟုတ်ဘူး) ဟုဘောင်ခတ်ပြီး အဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ) ဟုခေါ်ပါတယ်။ ထိုအဝိဇ္ဇာ အဟုတ်ထင်ခြင်း အားကောင်းသလောက် ဆူကြ ၊ပူကြ၊ ရယ်ကြ ဖြစ်ကြရပါတယ်။

ထိုကုသိုလ်ဟူသော စကား၏ အဓိပ္ပါယ်မှာ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)ဟူသော လက္ခဏာ အမှတ်အသား သဘောသာဖြစ်ပါတယ်။(ကောင်းတယ်၊ဆိုးတယ်၊ဘာမှန်းမသိဘူး)ဟူသော အထင်အထည်တွေဟာ အမှန်တကယ်မရှိပါဘူး။ စကား၏ အဓိပ္ပါယ်ကို မသိခင်သာ ထင်ထားရသော အထင်သက်သက် ဖြစ်ပါတယ်။


ကုသိုလ်၏ (စွန့်လွှတ်ခြင်း။ချမ်းသာခြင်း)ဟူသောလက္ခဏာ အမှတ်အသားကို ကိုယ့်စိတ်ဖြစ်စဉ်မှာ (ဖြစ်တတ်တယ်၊ဖြစ်နေတယ်)ဟုကုသိုလ်ခန္ဓာမှာ အသိဉာဏ်ရောက်အောင် နားလည်သဘောပေါက်သွားရင် (ကောင်းတယ်)ဟုထင်သောအထင်တွေ ပျောက်သွားတယ်။ (ဆိုးတယ်)ဟုထင်သော အထင်တွေလည်း ပျောက်သွားတယ်။ (ဘာမှန်းမသိဘူး) ဟုထင်သောအထင်တွေလည်းပျောက်သွားပါတယ်။


ကုသိုလ်ဆိုင်ရာမှာ ကိုယ်ထင်ထားတာတွေ ပျောက်ငြိမ်းပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသော အမှတ်အသားလက္ခဏာကို တွေ့မြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။ ထိုဝိဇ္ဇာဉာဏ် အားကောင်းရင် အားကောင်းသလောက် စွန့်လွှတ်ခြင်းအလုပ်တွေ များများလုပ်ပြီး လောကီ လောကုတ် ချမ်းသာများ ပြည့်စုံလာနိုင်ပါတယ်။


ထိုဝိဇ္ဇာဉာဏ်ဖြစ်ခြင်းကို အဝိဇ္ဇာမာနပညတ်နယ် ကိုကျော်လွန်တယ်လို့ခေါ်ပါတယ်။ အဝိဇ္ဇာမာန ပညတ်နယ်ကို အမှန်သိ၍ ကျော်လွန်လျှင် ဝိဇ္ဇာမာနပညတ်နယ်ကိုရောက်လာပါတယ်။

စွန့်လွှတ်ခြင်း။ချမ်းသာခြင်း ဟုအမှတ်အသား လက္ခဏာပါသော ကုသိုလ်သဘောသည် (တစ်မိနစ်ဖြစ်နေတယ်၊ တစ်နာရီဖြစ်နေတယ်၊ တစ်ရက်ဖြစ်နေတယ်) အစဉ်သန္တန်မှာ အထင်အထည်ကြီးစိတ်မှာ ဖြစ်ပေါ်လာပါတယ်။

ထိုအထင်အထည်ကြီး စိတ်မှာ ဖြစ်ပေါ်လာတာကို အမှီပြုပြီး (ငါသိတာပဲဟုတ်တယ်၊ကျန်တာတွေမဟုတ်ဘူး) ဟုဘောင်ခတ်ပြီး အဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ) ဟုခေါ်ပါတယ်။


ထိုအဟုတ်ထင်ခြင်း အားကောင်းရင်အားကောင်းသလောက် တရားလောကမှာကော အပြင်လောကမှာပါ ငြင်းကြ၊ခုန်ကြ၊ ပြောကြ ပြိုင်ကြ၊ ဖြစ်နေကြရပါတယ်။တရားပြောရင်း ဒေါသထွက်ကြ၊မာနတက်ကြ။ ဖြစ်ကာကြောက်စရာတရားသမားကြီးတွေ ဖြစ်နေတတ်ပါတယ်။သတိကြီးစွာထားကြပါ။



Read more...

INSTRUCTION FOR GROUP MEDITATION - METTA BHAVANA

INSTRUCTION FOR GROUP MEDITATION

METTA BHAVANA———-METTA CETOVIMUTTI

(The Mind deliverance of loving kindness)

The answer for the 21st century, The way of Totality

Develop Samadhi (concentration) through Anapanasati (in and out breathing).Fix your awareness on the nostril and mentally say in,out, in, out,in out simultaneously with the breath.Let the breath only be as long as the words,in and out. Do this for 5 or 10 minutes.

Shift your awareness to the top of your head.Image that The Buddha, Jesus or the Holy Spirit (teacher, Guru you would like ).has come down to the top of your head and dissolves into light and descends into your heart.Isentify yourself with your Guru.

By holding the mind steadily within the light, try to see your whole body filling with your loving kindness thoughts.Say mentally each one at least 5 times and go from head to foot.foot to head.Fee it and mean it.

May I be free from enmity (hatred, war)

May I be free from affliction (conflict)

May I be free from anxiety .(worry)

May I live happily.

By holding the mind steadily within the light, direct your loving kindness thoughts to your lrft side yogis

Suggestion: Try to develop oneness with him or her

Say as above, but replace I with he or she, or the name of yogi.

Through creative imagination, expand your conciousness until you reach to the sky.as if you were looking at the stars.Try to see the whole universe.Try to see the whole universe filling with your loving kindness thoughts.

Say as above, but replace I- with all sentinent beings in the universe.

Feel it and mean it. Identify yourself with the whole universe.This selfless dedication to others is the true meaning of Metta-cetovimutti, (the mind deliverance of loving kindness),the way of non-duality, totality.

By holding the mind steadily within the light, pray ardently for what your desire.After developing concentration and this practice of selfless dedication to others, your prayers will be more effective!



Read more...

အနုဂ္ဂဟိတသုတ္တန်


anuggahita - 003


Read more...

မဟာမင်းထင်ကျောင်းမှ စာသင်သား သံဃာများ ဗလာစာအုပ် အလိုရှိတော်မူခြင်း


စာချဆရာတော် အရှင်ပညာနန္ဒာလင်္ကာရ

မန္တလေး မဟာမင်းထင်တိုက်၊ ဓမ္မဒီပ ကျောင်းမှာ

နံနက် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ အခြေခံသဒ္ဒါ စာဝါ သံဃာ (၃၀၀)

ညနေ၄း၀၀ နာရီမှ ၅း၀၀ နာရီ ပါရာဇိကဏ် စာဝါ သံဃာ(၁၀၀)ကျော်

ည ၇း၀၀ နာရီမှ ၈း၀၀ နာရီ အခြေခံသဒ္ဒါစာဝါ

တစ်ရက်သုံးကြိမ်ပို့ချပေးနေပါတယ်။

စာသင်သားသံဃာတော်များ စာအုပ်၊ ဘောပင်မပြည့်စုံပါ။ သံဃာတော်များ ဖြစ်တဲ့အတွက် စားပွဲ ကုလားထိုင်မရှိ၊ ကြမ်းပေါ်မှာ နေကထိုင်ခင်း, ဒူးတုပ်ပြီး စာဝါလိုက်နိုင်သော်လည်း မရှိမဖြစ်တဲ့ ဗလာစာအုပ် ဘောပင်များ လိုအပ်နေပါတယ်။

စာချဘုန်းကြီးတစ်ပါးဟာ ပိဋကတ်သုံးပုံ ပါဋ္ဌိ၊ အဋ္ဌကထာ၊ ဋီကာ. နိဿယ ကျမ်းစာအုပ်များစွာ လိုအပ်ပါတယ်။ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာအုပ်များလည်းလိုအပ်ပါတယ်။

စာချကိုယ်တော်အတွက် လိုအပ်သော စာအုပ်များက

တိပိဋက ပါဋ္ဌိပဒ ကျမ်းညွှန်း၁။ ၀ိညတ္တိ-သင်္ဂါဟက၂။ သင်္ဂါဟက - သဠာရမ္မဏ၃။ မဟာနိပါတ်ဇာတ် အဋ္ဌကထာ - နိသျ(ပ၊ဒုတ)၄။သဂြိုဟ်ဋီကာ နိဿယ၅။ ပရမတ္ထသံခိပ်ဋီကာ
ယနေ့အချိန်အထိ လိုအပ်သော စာအုပ်များစွာအထဲက လက်ရှိလိုအပ်သောစာအုပ်များ ဖြစ်ပါတယ်။

မဟာမင်းထင်တိုက်၊ ဓမ္မဒီပကျောင်းမှာ စာချပေးနေတဲ့ ဆရာတော်က ဦးပညာနန္ဒာလင်္ကာရ ဖြစ်ပါတယ်။ ပရိယတ္တိသာသနာလင်္ကာရ၊ သာမဏေကျော်(သကျသီဟ)၊ သာသနဓဇဓမ္မာစရိယ၊ ၀ိနယ၀ိဒူ ဘွဲ့များ ရရှိထားပါတယ်။

စာချသံဃာများအတွက် အထူးလိုအပ်တဲ့ အထက်ပါ သင်ရိုး နိကာယ် အဌကထာ စာအုပ်များ၊ စာဝါလိုက် သံဃာများအတွက် ဗလာစာအုပ်နဲ့ ဘောပင်များကို ပရိယတ္တိ သာသနာတော် အကျိုးငှာ လှူဒါန်းကြပါရန် စေတနာရှင်များအား တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

သံဃာများ စာဝါလိုက်ချိန်မှာ အအေးများ ဆက်ကပ်လိုပါကလည်း ကပ်လှူနိုင်ကြပါတယ်။


Read more...

The Way of Wisdom - prelude



As a prelude to this year's rains-retreat talks by Phra Cittasamvaro Bhikkhu, held weekly from this Thursday until September 24th, I'm posting here my reflections from the very first of his Littlebang talks, made back in August 2007 on the subject of Enlightenment. For full details of this year's series, please click on the Way of Wisdom image in the sidebar.

Enlightenment - the long and short of it

There was once a man in search of a wise guru. In order to find a genuine teacher of wisdom he crossed uncharted seas, walked unexplored deserts, and, finally, climbed a remote craggy mountain in the heart of the wilderness. After months of searching he found a cave and deep within the cave an ancient hermit deep in meditation. "Oh wise one," he called out, "what must I do to become Enlightened?"

The hermit slowly opened his eyes and looked at the man. "My child," he said, his first words in countless years, "to gain Enlightenment you must withdraw from family and society, you must give up attachments and desires, you must undergo rigorous extremes of poverty and renunciation, and you must spend innumerable years in deep often painful meditation."

The man, still kneeling before the hermit, replied "Is there anyone else up here I can talk to?"

Funny, but, according to Phra Cittasamvaro Bhikkhu in the first of a series of rains retreat talks held last night, no joke. The guru's impossible list of requirements, Phra Pandit said, is exactly what is required, and so he talked about how he'd once looked for shortcuts, circling a mountain and using Zen koans for example, but had finally to accept that Enlightenment came only through meditation, and most of his talk was about that practice and the things that can distract from it.

But what, I thought, of those of us who aren't monks and who can't devote our lives to meditation? The Theravadan view is that we must live well and hope for a rebirth with a better chance of making progress. Eventually, after many lifetimes on this long and lonely journey, we may, or may not, finally get there. It is like, in the famous analogy, a worm crawling inside a bamboo pole, making its way through section after section, life after life, with no idea when the end might arrive.

It doesn't seem to be a particularly successful method. In fact, so difficult is this path for most people, that Phra Pandit began by saying that no one present had gained Enlightenment. So how many lifetimes does it take? Ten? A Thousand? A million perhaps, before we can muster the perfection to work out our Enlightenment? In the meantime I see people attend temples here almost daily, hoping their next life might be one small step forward on this immeasurably long Samsaric journey.

But I also see something different, something more hopeful. When Thai people make offerings and recite prayers, they are calling directly to Buddha. When ordinary Thai Buddhists pray and chant, these aren't distractions from meditation practice, these are appeals for aid in a task that is otherwise too great. And this more popular Buddhism, the Buddhism of ordinary people, is a natural counterpart in my opinion to the meditation-only approach of last night's talk.

In the light of what needs to be achieved, everything I do for myself, though vital, is minuscule. Meditation is wonderful and I'd recommend it to anyone, but given the scale of the task, and this is what I see daily in popular Buddhist practice, I am forced to recognise the limitations of my own efforts. Then I call upon the Buddha and meditation becomes less a self-powered striving, more a quiet awareness that I am, in fact, being carried.

Of course for many people the Theravadan idea that one can do it alone is the right method for them and I've met some truly wonderful people, such as Phra Cittasamvaro Bhikkhu, last night's speaker, who have devoted themselves fully to it and from whom I have much to learn. But, for me at least, I'm relieved to see that there is an alternative after all, a shortcut, an easier way. Enlightenment becomes then not a far off distant goal, but the very arms in which I'm held.

Links:
  • Littlebang: The Way of Wisdom - introduction
  • Littlebang: The Way of Wisdom - weekly topics

    Photo: Early 18th century mural (detail), Wat Ko Kaew Sutharam, Phetchaburi. Apologies for the poor quality of the image.


  • Read more...

    blogger အသစ်တစ်ယောက်ကို အကူအညီပေးကြပါရန်

    blogger အသစ်တစ်ယောက်ကို အကူအညီပေးကြပါရန်



    Read more...

    THE LIFE OF THE BUDDHA

    Final Part


    It was an intense and incomparable struggle ! His mind was desperate and filled with confusing thoughts, dark shadows overhung his spirit, he was beleaguered by all the lures of devils. But carefully and patiently he examined them one by one and rejected them all. It, indeed, was a hard struggle, that made his blood run thin, his flesh fall away, and his bones crack.


    But when the morning star appeared in the eastern sky, the struggle was over and the Prince's mind was as clear and bright as the breaking day. He had, at last, found the path to Enlightenment. It was December eighth, when he was thirty-five years of age that the Prince became a Buddha. From this time on the Prince was known by different names: some spoke of him as Buddha, the Perfectly Enlightened One, Tathagata; some spoke of him as Shakyamuni, the Sage of the Shakya clan; others called him the World-honored One.


    He want first to Mrigadava in Varanasi where the five mendicants who had lived with him during the six years of his ascetic life were staying. At first they shunned him, but after they had talked with him, they believed in him and became his first followers. Then he went to the Rajagriha Castle and won over King Bimbisara who had always been his friend. From there he went about the country living on alms and teaching men to accept his way of life. Men responded to him as the thirsty seek water and the hungry food. Two great disciples, Sariputra and Maudgalyayana, and their two thousand disciples, came to him.


    At first the Buddha's father, King Shuddhodana, still inwardly suffering because of his son's decision to leave the palace, held himself aloof, but afterward became his faithful disciple. Mahaprajapati, the Buddha's stepmother, and Princess Yashodhara, his wife, and all the members of the Shakya clan believed in him and followed him. And multitudes of others became his devotees and faithful followers.


    For forty-five years the Buddha went about the country preaching and persuading men to follow his way of life; but at last when he was eighty, at Vaisali, on his way from Rajagriha to Shravasti, he became ill and predicted that after three months he would enter Nirvana. Still he journeyed on until he reached Pava where he was made critically ill by some food offered by Chunda, a blacksmith. Then, by easy stages, in spite of great pain and weakness, he reached the forest that bordered Kusinagara.


    There, lying between two large sala trees, he continued his teachings to his disciples until his last moment. Thus he entered into perfect tranquility after he had completed his work as the greatest of the world's teachers and the most kindest of men. Under the guidance of Ananda, the Buddha's favorite disciple, the body was cremated by his friends in Kusinagara.


    Seven neighboring rulers as well as King Ajatasatru demanded that the ashes be divided among them. The King of Kusinagara at first refused and the dispute even threatened to end in war; but by the advice of a wise man named Drona, the cirsis passed and the ashes were divided among eight great countries. The ashes of the funeral pyre and the earthen jar that contained the remains were also given to two other rulers to be likewise honored. Great towers commemorating the Buddha had been built to enshrine his remains and ashes.



    Read more...

    နက်ဖြန် ဆွမ်းလှူမယ်

    နက်ဖြန် ဆွမ်းလှူမယ်

    အရင်အပတ်က လောင်းတဲ့ ပဲနီချက်၊ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က ပဲတစ်အိတ် လာလှူတဲ့အတွက် အကုန်မချင်း အပတ်စဉ် ပဲချက်ကပ်နိုင်ပါပြီ။

    မနက်ဖြန် တနင်္လာနေ့ မနက် ၅ နာရီက စပြီး စစ်ကိုင်းတောင် သာသနာ့ဝေပုလ္လကျောင်းတိုက်ရှေ့မှာ သံဃာတော်များကို ဆွမ်းလောင်းလှူပါမယ်။ ကျောင်းတိုက်တွင်းမှာ အရုဏ်ဆွမ်း ကျွေးပြီး အပြင်မှာ အသင့်စောင့်နေတဲ့ ဝေယျာဝစ္စ ဒါနရှင်များက ပြည်တွင်းနဲ့ ပြည်ပက အလှူရှင်များကိုယ်စား ဆွမ်းနဲ့ ဝက်သားနဲ့ ရွှေဖရုံသီးဟင်း၊ ပဲနီချက်၊ ချဉ်ပေါင်ကြော်များ နေ့ဆွမ်းလောင်းလှူကြပါမယ်။
    အရုဏ်ဆွမ်းက ဒီတစ်ပတ် အပြောင်းအလဲအဖြစ် အကြော်စုံ၊ စားတော်ပဲနဲ့ ဆွမ်းဆီဆမ်း ဖြစ်ပါတယ်။

    စင်ကာပူမှ မမေသူခိုင်က စာသင်စာချ သံဃာများအတွက် ဗလာစာအုပ်များ ဆက်ကပ်ရန် စင်ကာပူဒေါ်လာ ၁၀၀ မြင်းမိုရ်ဦးမိသားစုမှတစ်ဆင့် (http://myin-mo-oo.blogspot.com/, http://warwarkhaingmin.blogspot.com/) လှူဒါန်းပါတယ်။ ငွေရောက်တာနဲ့ စာအုပ်များ ဝယ်ယူ ဆက်ကပ်ပါ့မယ်။ အပတ်စဉ် ဆွမ်းခံကြွ သံဃာများကို လှူဒါန်းလို့ ရသလို မန္တလေး မင်းထင်တိုက်မှာ စာဝါလိုက်နေတဲ့ သံဃာ အပါး ၃၀၀ ခန့် စာလိုက်ဖို့ ဗလာစာအုပ်နဲ့ ဘောပင်များ လိုအပ်နေတယ်လို့လဲ သိရတဲ့အတွက် နှစ်သက်ရာ နေရာကို အလှူရှင် ဆန္ဒရှိသလို ရွေးချယ်နိုင်ပါတယ်။

    အရုဏ်ဆွမ်း ဘုဉ်းပေးရာမှာ ရာနဲ့ချီတဲ့ သံဃာများကို အလှည့်ကျ ဆက်ကပ်နေရတဲ့အတွက် စားပွဲ ကုလားထိုင်များ အခက်အခဲ ဖြစ်နေပါတယ်။ မိမိတို့ နေအိမ်က ဖြစ်စေ စားပွဲကုလားထိုင်များ သံဃာများ ဆွမ်းဘုဉ်းပေးဖို့ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ကို လာရောက်လှူဒါန်းမယ်ဆိုရင် ဝမ်းမြောက်စွာ လက်ခံပါတယ်။

    အရုဏ်ဆွမ်းကို အလှူငွေနဲ့ လုံလောက်အောင် အပါးရေများများ အဝ ကပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ လူမမယ်နဲ့ လူပျိုပေါက် ကိုရင်လေးများဆိုရင် တစ်ပါးကို သုံးပွဲခန့်အထိ ဘုဉ်းပေးနိုင်တဲ့အတွက် တခြား အကြံပြုကြတဲ့ ဆွမ်းအမယ်များဟာ ကောင်းမွန်သော်လည်း ဘဏ္ဍာရေးအရ အခက်အခဲ ရှိပါတယ်။

    သာသနာ့ဝန်ကို ထမ်းဆောင်တော်မူနေကြတဲ့ သံဃာတော်နဲ့ သာမဏေ အရှင်မြတ်များ ဘောဇနသပ္ပာယ ဖြစ်စေခြင်းငှာ နံနက်မိုးသောက်ယံမှာ အရုဏ်နဲ့ နေ့ဆွမ်း ဦးဦးဖျားဖျား လှူဒါန်းဆက်ကပ်ကြသော ဒကာဒကာမများရဲ့ ကောင်းမှုသည် တူသော အကျိုးမြတ်ကို ပေးကြပါစေ။


    Read more...

    ဒါလေးတော့ ပြည့်စုံပါစေ...


    ဒါလေးတော့ ပြည့်စုံပါစေ... မပြည့်စုံရင်တော့...


    ပဌမ သောစေယျသုတ်

    ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။
    အဘယ်သုံးမျိုးတို့နည်းဟူမူ-

    ၁... ကာယဒွါရ၌ စင်ကြယ်ခြင်း၊
    ၂... ဝစီဒွါရ၌ စင်ကြယ်ခြင်း၊
    ၃... မနောဒွါရ၌ စင်ကြယ်ခြင်းတို့တည်း။

    ရဟန်းတို့ ကာယဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
    ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

    ၁... သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊
    ၂... မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊
    ၃... ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။

    ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ စင်ကြယ်ခြင်း ဟူ၍ ဆိုအပ်၏။

    ရဟန်းတို့ ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
    ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

    ၁... မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
    ၂... ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
    ၃... ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊
    ၄... ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။
    ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။

    ရဟန်းတို့ မနောဒွါရ၌ စင်ကြယ်ခြင်းဟူသည် အဘယ်နည်း၊
    ရဟန်းတို့ ဤလောက၌ အချို့သော သူသည်

    ၁... မက်မောခြင်း 'အဘိဇ္ဈာ' မများ၊
    ၂... ပျက်စီးစေလိုသောစိတ် မရှိ၊
    ၃... ကောင်းသော မြင်ခြင်းရှိ၏။
    ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ စင်ကြယ်ခြင်းဟူ၍ ဆိုအပ်၏။
    ရဟန်းတို့ စင်ကြယ်ခြင်း တို့သည် ဤသုံးမျိုးတို့တည်းဟု မိန့်တော်မူ၏။ 121

    ၈ - ပဌမ သောစေယျသုတ်၊ အာပါယိကဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။

    Read more...

    သစ်ပင်ကို ရေလောင်းသည့် မျောက်များ... (၅၅၀-ဇာတ်တော်)






    ၅၅၀-ဇာတ်တော်

    ၄၆... အာရာမ ဒူသကဇာတ်... သစ်ပင်ကို ရေလောင်းသည့် မျောက်များ...

    ၄၇... ဝါရုဏီဒူသကဇာတ်... အရက်ထဲ၌ဆားခတ်သည့် တပည့်မိုက်...

















    Read more...

    Let's Take a Massive Dose of Dhamma

    မေမေချစ်သောသားသားနဲ့မီးမီးရေ..

    အခုချိန်ခါကာလ သမယကတော့မေမေတို့ အတွက် မင်္ဂလာ အပေါင်းနဲ့ပြည့်စုံနေပါတယ်လို့ပြောချင်ပါတယ်။ မီးမီးကလည်း တရားစခန်း သုံးရက်ဝင်မယ်လုပ်ပြီးမှ (၇)ရက်သီလရှင် ၀တ်ဖြစ်သွားတာ မီးမီး ၆ဘာသာဂုဏ်ထူးထွက်တာထက်ကိုမေမေ တော်တော် ဝမ်းသာနေပါတယ်-ဂုဏ်ယူပါသည်။-မစန္ဒာဝတီပေါ့နော်---သည်ကြားထဲသားသားကလည်း ၁၀-ရက်တရားစခန်းဝင်သွားတယ်ဆိုတော့ မေမေ့မှာ ရေကြည်ချမ်းမြ တစ်ပေါက်ကျသို့ ဆိုတာလို အေးမြမှုတွေ လွှမ်းခြုံလို့သာနေပါတော့တယ်-သာဓုဆိုတာကတော့ ရင်ထဲမှာ ပဲ့တင်ထပ်နေတော့တာပေါ့-ကျေးဇူးအထူးတင်ပါတယ်ကလေးတို့ရေ---

    သည်ထဲမှာ မေမေ ကအညံ့ဆုံးဖြစ်နေပါတယ် တရားစခန်းကို ၂-ညအိပ် ၃-ရက်သာဝင်ဖြစ်ခဲ့ပါတယ်။ ရောမမြို့ကနေ ၂နာရီကြာအောင်သွားရတဲ့တောထဲမှာပါ..မေမေအရင်သွားနေကျ ထိုင်းနိုင်ငံ မှ တောရဆောက်တည်တဲ့ ဆရာတော်အာဂျန်ချား ဥပနိဿယခံ ဘုန်းကြီးကျောင်းတွေထဲက တစ်ကျောင်းအပါအ၀င်ဖြစ်ပါတယ်။ မနက်စောစော-၅နာရီ ထတရားထိုင် ဆွမ်းစားဆောင်မှာချက်ပြုတ် ဆွမ်းကပ် ဆေးကြောသန့်စင်ကြမ်းတွေလည်းတိုက်ပေါ့။

    ကျောင်းကိုမကြာခင်ကြွရောက်လာတော့မဲ့ ထိုင်းနိုင်ငံက ဗုဒ္ဓ ရုပ်ပွားတော် ထားရှိ ပူဇော်ဘို့မြေကျင်းတူး တာတွေ အမျိုးသမီးယောဂီဆောင်ဆောက်လုပ် နေတာတွေ မှာ မြေကြီးဝင်ပေါက် လုပ်အားပေးခဲ့တာ တစ်ပျော်တစ်ပါးပါပဲကလေးတို့ရေ..။ထိုင်းဘုန်းတော်ကြီးလေးတွေက အင်ဂျင်နီယာလိုပါပဲ ကျောင်းထဲက အဆောက်အဦမှန်သမျှ ကိုယ်တိုင်ဆောက်လုပ်ကြတာပါ။ အဲသည်နေ့မှာတော့ လုပ်အားပေးကြတာ မေမေ ကမြန်မာပေါ့ အီတလီ တွေ ရယ် သီရိလင်္ကာ ရယ် ထိုင်းတွေရယ်-ကျောင်းထိုင်ဘုန်းဘုန်းက အင်္ဂလိပ်လူမျိုးပါ။ လူမျိုးတွေကွဲပြားနေပေမဲ့ ဗုဒ်္ဓရဲ့မေတ်္တာရိပ်အောက်မှာ ရည်ရွယ်ချက်တွေ လုပ်ဆောင်မှုတွေတူညီစွာ ကုသိုလ်အတူပြုခွင့်ရခဲ့ပါတယ်။

    မေမေကတော့ အနောက်တိုင်းသားတွေရဲ့ ဘာသာရေးကိုချဉ်းကပ်ပုံလေးတွေ သူတို့လက်တွေ့ဘ၀ ထဲကပြဿနာတွေကို ဖြေရှင်းကြတာတွေကိုစိတ်ဝင်စားနေမိပါတယ်---ဆရာတော် ဦးဇောတိက ရဲ့တရားတော်တော်တော်များများမှာလည်း ပါပါတယ်။ အခုလူတွေတော်တော် များများ ခံစားနေရတာ မပျော်တဲ့စိတ် ပါပဲကလေးတို့ရေ--ဆောက်တည်ရာမဲ့ ခိုကိုးရာမဲ့ စိတ်အတွက် Prozac, Valium စိတ်ငြိမ်ဆေးများ သုံးစွဲကြပါတယ်-----

    အဲသည်ဆေးတွေ က မေမေတို့တရားထိုင်ပြီးချိန်မှာထွက်လာတဲ့ အအေးဓါတ်မျိုးနဲ့တူတယ်လို့ ဆရာတော်ဘုရားဟောကြားဘူးတယ်ကလေးတို့ရေ..။ အမှန်မှာကတော့ တရားယောဂီ ရဲ့အအေးဓါတ် ကတော့ ကိလေသာကင်းစင်လို့ထွက်ပေါ်လာတဲ့ သဘာဝဟော်မုန်းဓာတ်တစ်မျိုးပါ-- Endorphin(A neurochemical occurring naturally in the brain and having analgesic properties) လို့ခေါ်ပါတယ်။ နာကျင်မှု ကိုသက်သာစေတဲ့ အတွက် Morphine လိုအာနိသင်ရှိပါတယ်-(Endogenous+ Morphine) ကိုပေါင်းထားတဲ့စကားလုံးလေးပေါ့ကလေးရေ-တရားအားထုတ်ပြီး အနာရောဂါတွေဘာတွေသက်သာတာလည်းသည်သဘောတရားပါပဲကလေးတို့ရေ..-

    အဲသည် ဆေးနဲ့တူအောင်ဖန်တီးထားတဲ့မူးယစ်ဆေးတွေကိုသောက်သုံးတော့စိတ်ထဲပျော်သလိုလိုဖြစ်ရတာပေါ့လေ..အပျော်အတုပေါ့..အထီးကျန်တာတွေ စိတ်အလိုမပြည့်တာတွေ အတွက် တည်မှီရာ ရှာမတွေ့ကြတာ သနားဘို့ကောင်းလှပါတယ်။ ဆရာတော်ဦးဝိဇယ စကားအရဆိုရင်တော့စိတ်နေစရာအိမ်မရှိလို့ဖြစ်တာပါ။ဆရာတော်အရှင်ဆန္ဒာဓိက ကရဲ့သတိဆိုတဲ့နေအိမ် တရားတော်မှာလည်း သည်လိုပဲ ဟောကြားထားတော်မူပါတယ်။

    အခုမေမေဖော်ပြထားတဲ့ကဗျာလေး ကတော့သည်လိုဘ၀တွေကိုထင်ဟပ်ပြထားတာပါ။ဖတ်ကြည့်ပါအုံး လေ။ကဗျာရေးတဲ့သူကတော့ Gus Hales စစ်ပြန်တစ်ဦးပါ အင်္ဂလန် မှာလည်း ရောမ ကလိုမျိုး အမရ၀တီ--ဆိုတဲ့ ဘုန်းကြီးကျောင်းရှိပါတယ်..ဆရာတော်အာဂျန်ချား--ရဲ့တပည့် ဆရာတော် အာဂျန်သုမေဓော (အမေရိကန်လူမျိုး)တည်ထောင်ထားတာပါ.. ၁၉၉၆ကတည်းက မိသားစုတရားစခန်း တွေဖွင့် မိသားစုလိုက် ကလေးတွေပါခေါ် ပြီးတရားအားထုတ်ကြတာ- နောက်မှ အကျယ်တ၀င့်ရေးပါအုံးမယ်။ အဲသည်စခန်းမှာ Gus Hales ကသူ့ဘ၀အတွေ့အကြုံကိုမျှဝေထားတဲ့ကဗျာလေးပါ..အရေးအသားလေးက ကာရန် -Rhythm ရစ်သမ်လေးနဲ့ အလွယ်တကူနားလည်နိုင်ပါတယ်-

    သည်ကဗျာလေးကိုဖတ်ပြီးမေမေ တို့သည်ဗုဒ္ဓဘာသာဝင်မြန်မာများ အဖြစ်မွေးဖွားလာခြင်းကို အလွန် အရတော်ပေစွလို့ ကျေနပ်တန်ဘိုးထားမိပါတယ် ။ မေမေတို့လည်း သည်လိုသာမဟုတ်ခဲ့ရင် Mickey-Monkey လိုလည်းဖြစ်နိုင်တယ် … Monkey-Mickey ဖြစ်ခဲ့ရင်တောင် အင်မတန်အဘိုးထိုက်ရတနာ-သာသနာအဆုံးအမတွေကို Harley Street (A street in central London where the consulting rooms of many physicians and surgeons are located) သွားစရာမလိုတော့ဘူးရယ်လို့တန်ဘိုးဖြတ်နေမိမှာလား မပြောတတ်ပါဘူးကလေးတို့ရေ..။

    MONKEY MICKEY

    Deep in the jungle of Asia

    Past the wide open Indian plain

    There lives a teenage monkey and Mickey is his name.

    Now Mickey has this monkey mind that forever jumps about

    It’s often full of fear and dread. and Its always full of doubts

    If Mickey’s given the simple task

    He’ll only start to panic

    He’ll rant and rave an scream and shout

    He really is quite manic

    He bangs his chest and stamps his feet

    And throws coconuts on the floor

    But the really is a sad old sight

    When he shouts, I can’ t take it any more

    You see Mickey has this type of mind

    That forever seeks a thrill

    He’ll parachute and bungee jump

    His mind is never still

    One minute he’s as high as a kite

    The next he’s in the dumps

    And he plays that awful music

    The kind that

    Thumps! and thumps! And thumps

    He plays new wave music and acid house

    And punk and northern soul

    Heavy metal and rhythm and blues

    And rap and rock and roll.

    No wonder Mickey’s all stressed out

    His mind can never rest

    It makes him hyperactive

    He really is a pest

    But I feel sorry for poor old Mickey

    He hasn’t got a hope

    The only way he gets through the day

    Is by taking drugs and smoking dope.

    So that’s Mickey’s life story

    And it really is a shame

    But can anybody help him

    Will he ever smile again

    Well a very compassionate Buddha

    Said to Mickey, “ You need to live a lot calmer

    You don’t need Prozac or Valium pills

    You need a massive dose of Dhamma

    But the first thing you must try and do

    Is at least just level out

    Do some walking meditation

    And you’ll end your fear and doubt

    Now just take twenty paces

    Along a walking track

    Then turn around and take a deep breath

    Then twenty paces back’

    So Mickey started walking

    He’d walk both day and night

    He would walk to try and find some peace

    And end his mental plight

    But it wasn’t easy for Mickey

    It was his hardest ever decision

    But he’s given up dope, and given up booze

    And he’s given up television

    He’s given up loud music

    No more pop and rock and punk

    Now he listens to the sweetest tones

    Of a chanting Buddhist monk

    Then one day the penny dropped

    Now Mickey really understood

    That he created all his suffering

    Now he wants to do some good

    For Mickey’s now a very different Monkey

    Who loves swinging through the trees

    He’s always quite contented

    He really is at ease

    He’ll help anyone who’s injured

    And anyone who’s ill

    He’s given up bungee jumping

    Now helping is his thrill

    But if Mickey can be remembered

    For just one redeeming feature

    It’s that he truly showed compassion

    To every living creature

    So if you want to change

    Then there is no looking back

    Just follow the Buddha’s foot steps

    And find a walking track

    And for anyone out there

    Of a nervous disposition

    You don’t need expensive councilors

    Or some Harley street physician

    Just take your example from Mickey

    And you will live a lot calmer

    Then throw away your potions and pills

    AND TAKE A MASSIVE DOSE OF DHAMMA

    Gus Hales and his poems have become something of a hit at the summer camps. Over the years, Gus has shared with the camp some of his personal journey from being a paratrooper in the Falklands war.At last year’s Camp he showed a film of him going back to Falklands, describing his story, along with other veterans who have suffered post-traumatic stress disorder.The year before, Gus was given a Buddha image blessed by the Sangha and family campers and took it back to Mount Longdon where ho lost many of his friends who where the same age as his daughter(17) and many of the young people on the camp.

    You can read more about Gus and the video at www.family.amaravati.org/2008/summer#falk




    Read more...

    တွေးကြည့်စေချင်သည်

    တစ်နေ့တစ်နေ့ အိပ်ရာကထတယ်.. မနက်စာစားတယ်.. ရုံးသွားတယ်.. ပြန်လာတယ်.. ညစာစားတယ်.. လုပ်စရာရှိတာ လုပ်တယ်.. ပြန်အိပ်တယ်..။ နောက်တစ်နေ့လည်း ဒီအတိုင်းပဲ.. လည်ပတ်နေပြန်တယ်။ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ကိုင်နေရတဲ့ စီးပွားရေးပညာရှင်တွေ၊ သားကျွေးမှု မယားကျွေးမှုနဲ့ လုပ်ကိုင်ရှာဖွေနေကြရတဲ့ အိပ်ထောင်ဦးစီးတွေ၊ တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လွန်သွားတော့မှာလား? လူ့ဘ၀ကို ရလာတာဟာ ဒီလိုစီးပွားတွေရှာ ပညာတွေသင်ပြီးတော့ ဘ၀ကို အဆုံးသတ်သွားဖို့လား? ဒါမှမဟုတ် အာဏာပါဝါတွေရှိဖို့ နာမည်ကြီးဖို့ ကျော်ကြားဖို့ ပိုက်ဆံ ချမ်းသာကြွယ်ဝဖို့အတွက် လူ့ဘ၀ကို အသုံးချသွားမှာလား? ဆိုတာတွေဟာ တွေးကြည့်ဖို့တော့ လိုအပ်ပါတယ်။ လူအများစုဟာ တစ်နေ့တာအတွက် ပိုက်ဆံကို ဘယ်လိုဝင်ငွေတိုးအောင် ရှာရမလည်း ဆိုတာတော့ အချိန်ပေးပြီးတော့ တွေးကြတာ များပါတယ်.. ဒါပေမယ့် လူ့ဘ၀ရရှိလာတဲ့ အနှစ်သာရကျတော့ တစ်နေ့နေလို့တစ်ခါ ဘယ်သူမှ စေ့စေ့ပေါက်ပေါက် မတွေးမိတတ်ကြပါဘူး။

    ဈေးရောင်းနေတဲ့ လူတစ်ယောက်ကို ခင်ဗျားလူလာဖြစ်တာ ဈေးရောင်းဖို့ တစ်ခုတည်း အတွက်လား? အင်ဂျင်နီယာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်း အတွက်လား? ကံထရိုက်တာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ ကံထရိုက်လုပ်ဖို့ တစ်ခုတည်း အတွက်လား? လို့ မေးလိုက်ရင် ရုတ်တရက် ဘာဖြေရမှန်းမသိအောင် နှုတ်ဆွံ့သွားမှာ သေချာပါတယ်။ လူအများစုဟာ အသက်အရွက်တွေသာ ကြီးသထက် ကြီးလာကြပြီး မိမိလူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကျတော့ အတိအကျသိတဲ့သူ အင်မတန် နည်းပါတယ်။ လောကီလူ့ဘောင်မှာ ရည်ရွယ်ချက်မဲ့နေတဲ့ လူတစ်ယောက်ဟာ အလုပ်တစ်ခု လုပ်မယ်ဆိုရင် အောင်မြင်ဖို့လမ်းစ အင်မတန် နည်းသလိုပါပဲ.. လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မသိတဲ့ လူအများစုဟာလည်း ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုပဲ ကိုယ်မရှိရင် မဖြစ်တော့သလိုမျိုးထင်ပြီး လုပ်ရင်းကိုင်ရင်း.. ဒီလိုနဲ့ပဲ ဘ၀ကို မလှမပ ဇတ်သိမ်းသွားကြတဲ့သူတွေ အင်မတန် များကြပါတယ်။ ဘ၀ဇတ်သိမ်းမလှတဲ့သူတွေ အများစုကို ကြည့်လိုက်ရင်လည်း လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာမသိသွားကြရတဲ့ လူတွေ များပါတယ်။

    ဘုံပေါင်း(၃၁)ဘုံ ရှိတဲ့အနက် လူ့ဘုံဟာ လမ်းဆုံလမ်းခွဘုံလို့ ပြောလို့ရပါတယ်။ လူ့ဘုံရဲ့အောက် အပါယ်လေးဘုံကို ကြည့်မယ်ဆိုရင်လည်း ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးတဲ့အတွက် မည်သည့်ကုသိုလ်မျှ လုပ်လို့မရပါဘူး။ နောက်ပြီး လူ့ဘုံရဲ့အထက် နတ်ဘုံကို ကြည့်လိုက်ပြန်ရင်လည်း ချမ်းသာသုခတွေ များလွန်းအားကြီးတဲ့အတွက် ကုသိုလ်တရားများကို တင်းပြည့်ကြပ်ပြည့် မလုပ်နိုင်ပဲ ချမ်းသာသုခတွေ ခံစားတာများပြီး ကုသိုလ်လုပ်ဖို့ လုံးဝမလွယ်ကူနိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း လူ့ဘုံကို လမ်းဆုံလမ်းခွဘုံလို့ ပြောတာပါ။ အထက်ကိုတက်မလား? အောက်ကိုဆင်းမလား? မသေရာဖြစ်တဲ့ အမြတ်နိဗ္ဗာန်ကို တက်လှမ်းမလား? ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ့်ဘာသာ လျောက်လှမ်းလို့ ရနိုင်တဲ့ ဘုံပါ။ ဘုရားလောင်းတော်များဆိုလျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင် သက်တမ်းပြည့်မနေပဲ နတ်သက်ချွေကာ လူပြည်ပြန်လာပြီး ကုသိုလ်ပြုကြပါတယ်။ ဒါ့ကြောင့်လည်း လူ့ဘုံဘ၀လူ့ဘ၀ကား တန်ဖိုးရှိလှတဲ့ဘ၀လို့ ရှေးဆရာတော်ကြီးများ မိန့်ကြားတော်မူခဲ့တယ်ထင်ပါတယ်။


    နောက်.. အားတက်စရာလူ့ဘုံရဲ့ အနှစ်သာရလေးတစ်ခု ဖော်ပြပေးလိုပါတယ်။ လူအများစုကသာ သေရင် နတ်ပြည်ရောက်ရပါလို၏လို့ ဆုတောင်းကြတာ များပါတယ်။ ဒါပေမယ့် နတ်တွေကျတော့ ဗြောင်းပြန် ဆုတောင်းပါတယ်။ နတ်ပြည်မှာ နတ်သက်ကြွေတော့မယ်ဆိုရင် နတ်တို့ ပန်ဆင်သော ပန်းတွေ ညှိုးနွမ်းပါတယ်၊ အ၀တ်တန်ဆာတွေ ညစ်နွမ်းကုန်တယ်၊ ချိုင်းကြားတို့မှ ချွေးထွက်ပါတယ်၊ ကိုယ်၌ အရည်အဆင်း မလှဖြစ်ပြီး နတ်ဗိမာန်၌ မမွေ့မလျော်ဖြစ်သော ရှေ့ပြေးနမိတ်တွေ အရင်ဆုံး ဖြစ်ကြရပါတယ်။ အဲ့အချိန် ရောက်ပြီဆိုမှ ကျန်တဲ့နတ်တွေက လာရောက်ပြီး နတ်သားကို ဆုတောင်းစကား ပေးပါတယ်။ ဘယ်လို ဆုတောင်းပေးကြလဲဆိုရင် “အရှင်နတ်သား ဤနတ်ဘုံမှ စုတေလျှင် လူ့ပြည့်သို့ သွားပါလော့၊ လူ့ပြည်တွင် မြတ်စွာဘုရား သာသနာတော်၌ မြတ်ဘုရားဟောကြားအပ်သော ဓမ္မ၀ိနယ၌ ယုံကြည်သော သဒ္ဓါတရားကို အရယူပါလော့၊ အရယူပြီး ထိုယုံကြည်မှုသဒ္စါတရားကို မိမိ၏ စိတ်အစဉ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်အောင် တည်ပါလော့״ ဟု နတ်တွေက ဆုတောင်း မှာကြားကြပါတယ်တဲ့။ ဒီလိုဆိုရင် ကျွန်တော်တို့ ယခုရောက်ရှိနေတဲ့ ဘုံဘ၀ဟာ နတ်တွေ ဆုတောင်းရောက်ရှိအောင် တန်ဖိုးထားနေတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဘုံဘ၀ပါနော်။ ဒီအချက်တွေမေ့ပြီး လူ့ပြည်ရောက်လာတဲ့ လူသားအများစုဟာ လောဘတွေ ဒေါသတွေ မောဟတွေ တနင့်တပိုးထွေးပိုက်ကာ လုပ်ချင်ရာတွေလုပ်ပြီး မရောက်ချင်တဲ့ နေရာတွေကို မရောက်ချင်ပဲနဲ့ ရောက်ကြရတာပါ။ ဒါဘာကြောင့်လည်းဆိုတော့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပါပဲ။


    လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလည်း? လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်ဆိုတဲ့ ကုသိုလ်ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လူဖြစ်ရခြင်း ရည်ရွယ်ချက်ကိုမေ့ကာ လူအများစုဟာ လူဖြစ်လာတာကို ကာမဂုဏ်တွေ ခံစားဖို့ဟုထင်ပြီး ကုသိုလ်ကိုမစုပဲ အကုသိုလ်တွေစုပြီး အပါယ်သို့ သွားကြရတာပါ။

    ဒီအချက်လေးကို ဆရာတော်အရှင်ဇ၀နရဲ့ ပညာရှိနဲ့ ပညာမဲ့ ခွဲခြားနည်းလေးနဲ့ ဖော်ပြပေးလိုပါတယ်။ ပညာရှိနဲ့ ပညာမဲ့သည် လူ့ဘ၀ခန္ဓာရတာခြင်း တူသော်လည်း အသုံးချတတ်ပုံခြင်းမတူပေ.. ပညာမဲ့သည် လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားကြ၏.. ပညာရှိ သူတော်ကောင်းများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏ တဲ့။ ဒီအချက်လေးနဲ့ မိမိကိုယ်မိမိတိုက်ကြည့်ပြီး ကိုယ်ဟာ လူ့ဘ၀ရလာတဲ့အချိန်မှာ ကိုယ့်ရဲ့ခန္ဓာကို ဘာအတွက် အသုံးချနေလဲဆိုတာ သေချာလေး မေးကြည့်စေလိုပါတယ်။ မေးပြီးရင်တော့ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာစေ့စေ့တွေးကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဆောင်ရင်း ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေ..။။။


    မှတ်ချက်။ ဆရာတော်အရှင်ဇ၀န၏ လူဖြစ်ရခြင်း ရည်ရွယ်ချက်တရားတော်ကို အခြေခံ၍ ရေးသားထားပါသည်။


    Read more...

    သက်ကယ်ရိတ်စကားများ(၅)

    "ကံအကြောင်းဆက်ရအောင် ညီညီရေ"

    "ဟုတ်ကဲ့ ကိုကို"

    "မေးခွန်းလာမယ်ညီညီ..အိပ်ပျော်နေစဉ်ကာလမှာ ဘယ်လိုစိတ်တွေအများဆုံး ဖြစ်သလဲ။ ဖြေပါဦး။"

    "ဘ၀င် စိတ်တွေပါကိုကို"

    "အင်း အဲဒီ ဘ၀င်စိတ်တွေဟာ ကံဖြစ်နိုင်တဲ့ စိတ်တွေမဟုတ်ကြဘူး။"

    "၀ီထိစိတ်တွေကျန်သေးတယ်ကိုကို၊ ကံစိတ်တွေဟာ ၀ီထိစိတ်အစဉ်အတန်းထဲမှာ ရှိရမယ်။ ဟုတ်လားကိုကို"

    "၀ီထိစိတ်အစဉ်အတန်း တစ်ခုမှာ စိတ်အလုံးရေ ၁၇ လုံးပါတာ ညီညီသိခဲ့ပြီ၊ အဲဒီစိတ်အလုံးရေထဲမှာ အားကောင်းတဲ့ စိတ်တွေဟာ ကံမြောက်တဲ့ စိတ်တွေဖြစ်ရမယ်။ အချို့စိတ်တွေကတော့ အတိတ်ရဲ့အကျိုး ၀ိပါက်စိတ်တွေ ဖြစ်တဲ့ အတွက် ကံမြောက်တဲ့ စိတ်တွေမဖြစ်နိုင်ဘူး။ ဒီတော့ အားအကောင်းဆုံး စိတ်က ဘာသွားကျန်မလဲ။ ညီညီဘယ်လိုထင်လဲ"

    "ဇောစိတ်တွေပဲနဲ့ တူတယ် ကိုကို"

    "ဟုတ်တယ်။ ၀ီထိတစ်ခုမှာ ရှိတဲ့ ဇောစိတ်ဟာ ကံမြောက်တဲ့စိတ်ပဲ။ ဒါကြောင့် ၀ီထိတစ်ခု ဖြစ်တိုင်းဖြစ်တိုင်းမှာ ကံမြောက်တဲ့ ဇောစိတ်တွေ ဖြစ်တတ်တယ်။ အတိအကျဆိုရရင် ဇောစိတ်တွေနဲ့ယှဉ်တဲ့ စေတနာ စေတသိက်ဟာ ကံပဲ ညီညီ။"

    "စေတသိက်ဆိုတာကဘာလဲ ကိုကို"

    "စေတသိက်ဆိုတာဟာ နာမ်တရားပဲ ညီညီ။ စိတ်ဖြစ်တိုင်းဖြစ်တိုင်း စေတသိက်က အမြဲပါရတယ်။ စိတ်ဟာရေနဲ့တူတယ်လို့ ဆိုရင် စေတသိက်ဟာ ရေကိုအရောင်ဆိုးနေတဲ့ နာမ်တရားပဲ။"

    "မှတ်မိပြီကိုကို စိတ်နဲ့အတူတူဖြစ် အတူတူပျက်။ အာရုံပြုတာလည်း တူတဲ့ ငါးဆယ့်နှစ်ပါး မဟုတ်လား။"

    "ဟုတ်ပါလေရဲ့ ညီညီ။ ဒါနဲ့ သူတို့နှစ်ခုကို ခွဲခြားလို့ မဖြစ်နိုင်ဘူးဆိုတာပါ တစ်လက်စတည်း မှတ်ထားသင့်တယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်တစ်လုံးဖြစ်တိုင်ဖြစ်တိုင်း စေတသိက်တွေ အများကြီး အတူတကွ ဖြစ်ရတယ်။ စိတ်ဖြစ်ရင် စေတသိက်ဟာ ဖြစ်ပြီးသားပဲ။ မဖြစ်ဘဲမနေဘူး။"

    "ဒါဖြင့် စေတသိက်ကို ဖယ်ထားပြီး စိတ်အတိုင်းထားလိုက်ရင် စေတသိက်အရောင် ဆိုးခံရတာကနေ လွတ်မြောက်နိုင်တယ် လို့ ယူဆကြတာကရော"

    "ဒါကတော့ တိုင်းပြည်အချို့က ထေရ၀ါဒမဟုတ်တဲ့ ဗုဒ္ဓဘာသာအချို့ ရဲ့  အလိုဖြစ်ဟန်တူတယ်။ တကယ့်လက်တွေ့ မှာတော့ စိတ်ဖြစ်ရင် စေတသိက်က ပါပြီးသားပဲ ဖြစ်ရမှာပဲ။ ခွဲခြားလို့ မရနိုင်ဘူး။ ဒါကြောင့် စိတ်ကို သီးသန့်ခွဲပြီး ထားလို့ရနိုင်မယ်လို့ တော့ မရှိဘူး။"

    "ကံဆိုတာဟာ စေတနာစေတသိက်လို့ ပြောရင် ဖြစ်နိုင်မလား ကိုကို"

    "မှန်ပါတယ်။ စေတနာ စေတသိက်ဟာ တိုက်တွန်းစေ့ဆော်တဲ့ သဘောလေးပဲ။ ကောင်းမှု လုပ်ဖို့ပဲဖြစ်ဖြစ် မကောင်းမှုလုပ်ဖို့ပဲ ဖြစ်ဖြစ် စေ့ဆော်တိုက်တွန်းတဲ့ သဘောလေးရှိတယ်။

    "ဒါဖြင့်ရင် ကံတွေဟာ လူ့မနောမှာပဲ ဖြစ်လေ့ရှိတာလို့ ဆိုလိုတာလား ကိုကို။"

    "ပါဏာတိပါတ စတဲ့ သီလပိုင်းနဲ့ မရောယှက်ပါဘူးလို့ ၀န်ခံရင်တော့ အဲဒီအတိုင်းပဲ ပြောရတယ်။"

    "ဒါဖြင့်ရင် စိတ်ထဲကပဲ သူတစ်ထူးကို ချမ်းသာစေချင်တဲ့ သဘောရှိပြီး ကိုယ်ထိလက်ရောက် မလုပ်ပေးဘူးဆိုရင်ရော ကုသိုလ်ကံမြောက်သလား ကိုကို"

    "သူတစ်ထူးကို ချမ်းသာစေချင်တဲ့ စိတ်ကလေးဆိုတာမျိုးက အမြဲတမ်းတောင် ထုံမွှမ်းနေအပ်သေးတာကပဲ ညီညီရ။ ခဏခဏ လည်း အဲဒီလိုချမ်းသာစေချင်တဲ့ စိတ်ကလေး ရအောင် ပွားများပေးရတယ်။ အဲဒီလို ပွားများတာဟာ မေတ္တာဘာဝနာပဲ။ ပွားများတာ ကြာတော့ စကားပြောတော့လည်း သူတစ်ပါးကို ချမ်းသာစေချင်တဲ့ စိတ်ကလေးနဲ့ပဲ ပြောတော့တယ်။ ထောင်လွှားတဲ့ သဘောနဲ့ မပြောဘူး။ မကောင်းတာတွေလည်း မပြောတော့ဘူး။ ဒီ့ထက်အားကောင်းလာတော့ အလုပ်လုပ်ရင်လည်း သူတစ်ပါး ချမ်းသာမဲ့ အလုပ်ကိုပဲ လုပ်တယ်။ မဟုတ်တာတွေ မလုပ်ဘူး။ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာတွေ အလုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲ လာတာပါပဲ။"

    "တစ်ချို့အများအကျိုး ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဒေါသတွေ ဘာတွေကြီးကြတာပဲကိုကို သူတို့ကတော့ မေတ္တာမထားကြလို့လား"

    "ဒေါသထွက်နေတဲ့ကာလမှာ ထွက်ပေမဲ့ အကြားအကြားမှာ အများကို ချမ်းသာစေချင်တဲ့ မေတ္တာအရင်းခံ ကာလလည်း ရှိကြတယ် ညီညီ။ အဲဒီကာလက စေတနာ ရဲ့  တွန်းအားကြောင့် အများကောင်းကျိုးကို ဆောင်ရွက်ကြတာပဲ။"

    "ဒါဖြင့် စိတ်ထဲမှာ ပွားများတာဟာလည်း ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်နိုင်တယ်ပေါ့ နော် ကိုကို။"

    "ရုပ်အမူအယာတွေဟာလည်း စိတ်ကနေတစ်ဆင့်ဖြစ်ရတာပဲ ညီညီ။ လူတစ်ဦးကို သတ်တယ်ဆိုတာဟာ လူတစ်ဦးကို သတ်နိုင်လောက်အောင် အင်အားပြင်းထန်တဲ့ ဇောစိတ်တွေ အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ပြီးမှ သတ်နိုင်လောက်အောင် အင်အားကောင်းတဲ့ ရုပ်လှုပ်ရှားမှုတွေ ဖြစ်လာရတာပဲ။ ဇောက ပြင်းထန်းအားကောင်းမှပဲ သတ်ဖို့ ဖြစ်နိုင်တယ်။ အဲဒီလို သတ်လိုက်မိရင်တော့ လူသတ်မှု ဖြစ်တယ်။ ရုပ်လှုပ်ရှားနိုင်လောက်တဲ့ အထိ ဇောတွေက အင်အားမကောင်းရင်တော့ စိတ်ထဲကပဲ သတ်ချင်စိတ် ဖြတ်ချင်စိတ်တွေ ဖြစ်လာတယ်။ လက်တွေ့တော့ မသတ်မိဘူး။ မသတ်မိပေမဲ့ အကုသိုလ်ကံတွေတော့ စိတ်ထဲမှာ ဖြစ်သွားရတယ်။"

    "ဒါဖြင့်ရင် အဲဒီ အကုသိုလ်ကံတွေဟာလည်း အကျိုးပေးနိုင်တယ်ပေါ့ နော် ကိုကို။"

    "ဘယ်ကံမဆို အကျိုးပေးနိုင်တယ် ညီညီရ။ ဒါပေမဲ့ အကျိုးပေးတဲ့ နေရာမှာတော့ သူ့ဦးစားပေးအဆင့်အတိုင်း အကျိုးပေးကြတယ်။ အားကောင်းတာ အားမကောင်းတာတွေရှိတယ်။ သီလကို ဖောက်ဖျက်မိအောင် ပြင်းထန်တဲ့ စိတ်ဇောကံတွေကတော့ အားကောင်းတဲ့ အကုသိုလ်ကံတွေပေါ့။ သီလမဖောက်မိဘဲ စိတ်ထဲတင် ဖြစ်တဲ့ ကံမျိုးကတော့ ဒီလောက်အားမကောင်းလှဘူး။

    အချို့ကံတွေကတော့ အကြောင်းကြောင်းကြောင့် ချုပ်ပျောက်ကုန်တာတွေရှိတယ်။ မှေးမှိန်ကုန်တာတွေရှိတယ်။ အချို့ကတော့ ပိုမိုထိန်လင်းလာတာတွေရှိတယ်။ ပိုမိုအားကောင်းလာတာတွေ ရှိတယ်။ ဘ၀တစ်ခုလုံးကို ဘယ်ကံက ဘယ်လိုအကျိုးပေးတယ် စသည်ဖြင့် ပြောနေရင် ပြီးနိုင်ပါ့မလား ညီညီရေ"

    "ဟုတ်တယ် ကိုကို ဒီအတိုင်းဆိုရင် မပြီးနိုင်ဘူး။"

    "အထင်ရှားဆုံး ကာလအားဖြင့်တော့ ပဋိသန္ဓေ ယူတဲ့ အခိုက်မှာ အကျိုးပေးတဲ့ ကံတွေကို ခွဲခြားပြီး ပြောကြဆိုကြတာ ကြားဖူးတယ်။ ကျန်တာတွေဟာလည်း ဒီအတိုင်းပဲ ယူဆရင် သဘောပေါက်သွားလိမ့်မယ်။"

    "ဟုတ်ကဲ့ပါကိုကို။ အသေးစိတ်ရင်လည်း အချိန်ကုန်ရုံပါပဲ။ ဒီလောက်ဆို ညီညီသဘောကျပါပြီ။"

    "အရေးကြီးတာတစ်ခုက ဗုဒ္ဓဘာသာမှာ ရှိတဲ့ ကမ္မကို အင်္ဂလိပ်ဘာသာက fate တို့ destiny တိုနဲ့ မရောထွေးဖို့ပဲ။ fate တို့ destiny တို့ကတော့ မလွှဲသာ မရှောင်သာတဲ့ ကံကြမ္မာမျိုးကို ဆိုလိုတာပဲ။ လူ့ဘ၀ကို ကြိုတင်စီရင်ချက်ချထားတဲ့ ကံကြမ္မာမျိုးပဲ။

    ဒါကတော့ တော်တော်လေး အဓိပ္ပါယ်ကင်းမဲ့ပါတယ်။ လူတစ်ဦးက ကိုယ့်ပါးကို ရိုက်လို့ ပါးနာသွားရင်တောင် ကံဇာတ်ဆရာရဲ့ အလိုကျလို့ ပြောကြတယ်။ အမှန်ကတော့ ရိုက်တဲ့ လက်ဖ၀ါးကို ရှောင်ဖို့ အားမထုတ်လို့သာလျှင် အရိုက်ခံရတာပဲ။ ပါးရိုက်တာကို မရှောင်မိလို့ နာရတာကို ဒီလောက်အထိ ဆွဲငင်ပြီး ယူဆကြတာကတော့ ကံကိုပုံချတတ်တဲ့ ပြဋ္ဌာန်းခံဝါဒီတွေ လုပ်လေ့ရှိတာပဲ။

    တို့ဗုဒ္ဓဘာသာဝင် တွေကတော့ နှုတ်ကသာ ကံမကောင်းဘူးလို့ မကြာခဏ ညည်းကြတယ်။ ဥာဏ်နဲ့ဝီရိယကို ပစ်ပယ်ပြီး ကံကိုချည်းသက်သက် တတမ်းတတ လုပ်နေတာမျိုးတော့ မရှိပါဘူး။ နှုတ်ကကံမကောင်းဘူး ပြောပေမဲ့လည်း လုပ်စရာရှိတာတော့ လုပ်ကြတာပါပဲ။ အချို့တော့ ရှိကောင်းရှိမယ်။ ဒီလို ပြဋ္ဌာန်းခံဝါဒ ဘက်ရောက်သွားတာ။ ဗုဒ္ဓဘာသာ ကိုယ်နှိုက်ကတော့ ဒီလို ကံကိုပုံချတဲ့ ပြဋ္ဌာန်းခံဝါဒမျိုး မဟုတ်ပါဘူး။ ကံကို ပြုပြင်တဲ့ လူသားဝါဒ တစ်မျိုးပါ။

    နောက်တစ်ချက်ကလည်း အကြောင်းအကျိုးကို သမုတိနယ်ပယ်မှာ ပြောရင် သတိကြီးကြီးထားပြီး ပြောဖို့လိုတယ်။ သိပ္ပံပညာမှာ ဆိုရင် A ကြောင့် B ဖြစ်တယ်လို့ ပြောမဲ့ဆိုမဲ့ အစား A နဲ့ B ဟာ တိုက်ရိုက် ပြောင်းလဲ နေတယ် ဒါမှမဟုတ် ပြောင်းပြန် ပြောင်းလဲနေတယ်လို့ ပိုပြီးပြောတတ်ကြတယ်။"

    "ဒါက အဆန်းပါလား ကိုကို"

    "မဆန်းဘူး ညီညီ။ P=F/A ဆိုတဲ့ ညီမျှခြင်းမှာ P က pressure, F က Force A က area လို့ထား။ ညီညီက Area (A) ကို ထည့်မစဉ်းစားဘဲ ချန်ထားလိုရင် P(Pressure) ဟာ F (Force) နဲ့ တိုက်ရိုက်ပြောင်းလဲနေတယ် လို့ ပြောခွင့်ရှိတယ်။ ဆိုလိုတာက Force လို့ ခေါ်တဲ့ အားသက်ရောက်မှုများရင် Pressure လည်းများနိုင်တယ်။ ဒါပေမဲ့ ပြည့်စုံပြီလား ဆိုတော့ကား မပြည့်စုံသေးဘူး။ ဘာလိုနေသေးလို့လဲ။"

    "Area လိုနေသေးလို့ ကိုကို။"

    "ဟုတ်တယ်။ အားသက်ရောက်မှု များပေမဲ့ သက်ရောက်ရတဲ့ ဧရိယာ ကျယ်နေရင်တော့ ဖိအားဟာ များလာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် Force ကြောင့် Pressure များရတယ်လို့ တည့်တည့် မပြောဘဲ Pressure ဟာ Force ကိုမူတည်ပြီး ပြောင်းလဲနေတယ်လို့ ပြောတာကို ညီညီ ဘယ်လိုသဘောရလဲ။"

    "သိမ်မွေ့ ပြီးအပြစ်ကင်းတဲ့ စကားလို့ သဘောရပါတယ် ကိုကို။"

    "အတိအကျ မပြောရကောင်းလားလို့ အပြစ်တင်သင့်ပါ့မလား ညီညီ။"

    "ဘယ်အပြစ်တင်သင့်ပါ့မလဲ ကိုကို။ Pressure ကို ပြောင်းလဲစေတာက Force အပြင် Area ပါ ရှိနေသေးတာပဲ။ Force ကြောင့် Pressure များရပါတယ်လို့ ပြောရင် ဖြစ်ပေမဲ့ အပြစ်မကင်းတဲ့ စကားဖြစ်မှာပေါ့။ Force များရဲ့သားနဲ့ Area ကျယ်တဲ့ အတွက် Pressure လိုက်မများတဲ့ အခါမျိုးမှာ ဒီစကားဟာ လုံးလုံးမှားတဲ့ စကားဖြစ်သွားမှာပေါ့ ကိုကိုရဲ့"

    "အစစ်ပဲ ညီညီ။ လူတစ်ဦးရဲ့ ချမ်းသာခြင်း ဆင်းရဲခြင်းတွေမှာလည်း ဒီအတိုင်းပဲ။ အပြတ်ပြောဖို့ မဖြစ်နိုင်ဘူး။ အတိတ်ကံ လည်းပါမယ်။ ပစ္စုပ္ပန်ကံ လည်းပါမယ်.။ ဥာဏ်နဲ့ဝီရိယ လည်းပါမယ်။ ခေတ်ကာလ အခြေအနေလည်း ပါမယ်။ ဒီအရာတွေထဲမှာ ဦးစားပေး အဆင့်အတန်းကလည်း ရှိသေးတယ်။ ကံကိုဖယ်ပြီး ဥာဏ်နဲ့ဝီရိယကိုပဲ အားကိုးပြီး ပြောနေရင်လည်း အပြစ်မကင်းနိုင်ဘူး။ ဥာဏ်နဲ့ဝီရိယကို ဖယ်ပြီးကံကိုချည်း အားကိုးပြီး ပြောနေရင်လည်း မမှန်သေးဘူး။ ကံဥာဏ်ဝီရိယကိုပဲ ပြောဆိုပြီး ခေတ်ကာလကို နားမလည်ရင်လည်း မမှန်နိုင်သေးဘူး။ ဒါကြောင့် ဒါတွေကို အပြတ်ပြောဖို့ မဖြစ်နိုင်တာပဲ။"

    "၂ နဲ့ ၂ ပေါင်းရင် လေး ရတယ် ဆိုတဲ့ သေချာလွန် ဆင်ခြင်သိမျိုးကိုတော့ လူ့လောကမှာ သုံးလို့ မဖြစ်ဘူးထင်တယ်နော် ကိုကို။"

    "၂+၂= ၄ ဆိုတဲ့ သချာင်္ရဲ့ အကြွင်းမဲ့ သေချာမှု သဘောဟာ ရှေးရိုးသိပ္ပံရဲ့ ဟောင်းမျဉ်းတဲ့ ပြတိုက်ထဲမှာ လဲလျောင်းနေပါသတဲ့ ညီညီ။ ခေတ်ပေါ် မော်ဒန်သိပ္ပံဟာ ဖြစ်တန်စွမ်း သိပ္ပံသီဝရီသဘောတရားပါ။ ဒါကြောင့် လူ့လောကမှာ အကြွင်းမဲ့သေချာမှုနဲ့ ကိုင်ဆွဲပြောဆိုလို့ မရတော့သလိုပဲ သိပ္ပံပညာမှာလည်း အကြွင်းမဲ့သေချာမှု သဘောနဲ့ ကိုင်ဆွဲပြောဆိုလို့ မရတော့ပါဘူး။ လောကအနေနဲ့ ကြည့်ရင် အရာရာဟာ ဖြစ်နိုင်ချေတွေပါပဲ.. ညီညီ"


    Read more...

    http://decembermon0312.multiply.com မှ အလှူငွေတစ်သိန်းကျပ်လှူဒါန်း

    ဦးဇင်းရဲ့စစ်ကိုင်းသင်တန်းမှာ မီးစက်ဆီအခက်အခဲဖြစ်နေချိန်မှာပဲ ဒါယိကာမကြီးမြတ်မွန်
    http://decembermon0312.multiply.com မှ အလှူငွေတစ်သိန်းကျပ်အားရန်ကုန်မြို့ ကိုညီညီ
    မှတဆင့်လှူဒါန်းခဲ့ပါတယ်။

    Read more...

    အား(၈)မျိုး




    arr8 - 002


    Read more...

    Smart or Pleasant ?

    From the movie ‘Harvey’ 1950:

    “‘In this world, Elwood, you must be oh so smart or oh so pleasant.’ Well, for years I was smart. I recommend pleasant.”

    Great advice for Right Speech.



    Read more...

    ဆင်းရဲသားပပျောက်ရေးတရားတော်.......(၁၃)

    မဖြုန်းတီးပါနှင့်


    ၁။ ပစ္စည်းဥစ္စာ

    ၂။ မိမိ၏ခွန်အား

    ၃။ ၀န်ထမ်းတို့၏လုပ်အားကို မဖြုန်းတီးပါနှင့်၊


    ၁။ ပစ္စည်းဥစ္စာကို မဖြုန်းတီးပါနှင့်၊


    ရေသဖန်းသီးစားသူများ။ ။ ဘုန်းကြီးတို့ ဗုဒ္ဓစာပေတွေထဲမှာ ပစ္စည်းဥစ္စာဖြုန်းတီးသူကို ရေသဖန်းသီး စားသူတွေနှင့် တူတယ်လို့ ပြထားပါတယ်။ ရေသဖန်းသီး စားသူများဟာ ကိုယ်စားချင်တဲ့ သစ်သီးကို ကိုယ်စားချင်သလောက်သာ ဆွတ်ခူးစားကြတာ မဟုတ်ပါဘူး။ ပေါပေါများများနေရာတိုင်းမှာ ရှိတဲ့ သစ်သီးဖြစ်နေတော့ တန်ဖိုးလည်း မထားကြပါဘူး။ ရေသဖန်းသီး မှည့်တွေ ရှိတဲ့ အကိုင်းကို လှုပ်ချပြီး၊ တချို့ဆို ပင်စည်ကနေတောင် လှုပ်ချပြီး ကြွေကျလာတဲ့ အသီးတွေထဲက ကြိုက်နှက်သက်ရာကို ရွေး၍ ကြိုက်သလောက်စားပြီး ကျန်တာတွေ ဒီအတိုင်း ပစ်ထားခဲ့ကြတာပါ။ စားတာက နည်းနည်း၊ ချွေချလို့ လှုပ်ချလို့ အလကားဖြစ်တဲ့ သစ်သီးတွေက အများကြီးဆိုပါတော့ ။ ပစ္စည်းဥစ္စာဓန သုံးစွဲတဲ့နေရာမှာ အဲဒီလို မလုပ်ကြဖို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။


    ၂။ မိမိခွန်အား ကို မဖြုန်းတီးပါနှင့် ၊

    တစ်ခါတုန်းက ဘုရားအလောင်းတော်က ရွှေသမင် မင်းဘ၀ပေါ့။ ရန်သူဘုရင်က နောက်ကနေ လက်နက်အပြည့်အစုံ နှင့် သတ်ဖို့ လိုက်တယ်။ ရွှေသမင်မင်းက ရှေ့က ပြေးရရှာ တာပေါ့။


    ရွှေသမင်က စဉ်းစားတယ်။ နောက်က လိုက်နေတဲ့ ဘုရင်က အလွန်ခွန်အားကြီးတဲ့ ဘုရင်ဖြစ်နေတယ်။ အဝေးကြီးထိ မမောတမ်း ပြေးလိုက်နိုင်စွမ်းရှိတယ်။ ငါက တစ်ဟုတ်ထိုး သုံးယူဇနာ လောက်ပဲ ပြေးနိုင်တာ။ ခွန်အား ဖြုန်းလို့ မဖြစ်ဘူးလို့ တွေးပြီး ရှင်ဘုရင်ပြေးလိုက်လျှင် ရွှေသမင်ကလည်းပြေးတယ်။ ဘုရင့်လက်နက် လွတ်ရုံလောက်ပေါ့။ ဘုရင်မမီရုံကလေး။ ရှင်ဘုရင်က ဖြေးဖြေးလိုက်လျှင် ရွှေသမင်က လည်း ဖြည်းဖြည်းပြေးတယ်။ အဲဒီလို နောက်ကလိုက်တဲ့ ခြေသံကို နားစွင့်ပြီး ပြေးတာ လွတ်ရုံပဲ။ ခွန်အားကို မဖြုန်းဘူး။ ဒီတော့ ခွန်အားမကုန်တော့ဘူးပေါ့။ ခွန်အားမလျော့ဘူး။ ခွန်အားပြည့်မြဲ ပြည့်နေတယ်။


    အဲဒါကြောင့် မိမိရဲ့ ခွန်အား၊ မိမိရဲ့ အရှိန်အ၀ါ၊ မိမိရဲ့ အခွင့်အာဏာ၊ မိမိရဲ့ စကား စတာတွေကို မဖြုန်းတီးသင့် ပါဘူး။ သူ့နေရာနှင့် သူ သင့်လျော်လောက်ရုံသာ အသုံးပြုသင့်ပါတယ်။



    ၃။ ၀န်ထမ်းတို့၏ လုပ်အားကို မဖြုန်းတီးပါနှင့်၊


    အလုပ်သမားတွေရဲ့ လုပ်အားကို မဖြုန်းတီးပါနှင့်။ စောစောက ပြောခဲ့တဲ့ မဟောဗောဓိ ဇာတ်တော်ထဲမှာ ဘုရားလောင်းရသေ့က ဆုံးမတယ်။

    အလုပ်မှာ ကျွမ်းကျင်ထက်မြက်တဲ့ သေချာပေါက် လုပ်နိုင်ကိုင်နိုင်သူတွေကို (ပစ်မလွဲ လက်ဖြောင့်တပ်သား၊ လက်ဖြောင့် လုပ်သားတွေမျိုးကို ဆိုလိုတာပေါ့)၊ အရာဌာနမဟုတ်သည်၌ စေခိုင်းခြင်းအားဖြင့် မဖြုန်းတီးပါနှင့်။ ၀န်ထမ်းတွေနှင့် မဆန့်ကျင်ပါနှင့်။ အလုပ်သမားတွေနှင့် မဆန့်ကျင်ပါနှင့်၊ အရာဌာနမဟုတ်တဲ့နေရာတွေမှာ ခိုင်းစေခြင်းဟာ ၀န်ထမ်းတွေရဲ့လုပ်အားကို ဖြုန်းတီးရာရောက်သလို ဆန့်ကျင်ရာလည်းရောက်ပါတယ်။

    ဒါကြောင့် ပစ္စည်းဥစ္စာ၊ မိမိ၏ခွန်အား၊ ၀န်ထမ်းတွေ၏ လုပ်အား ကို မဖြုန်းတီးပါနှင့်။



    Read more...

    လေးစားကြည်ညိုခြင်း ၄-မျိုး

    လောက၌ သတ္တ၀ါအများ၏ လေးစားခြင်း ကြည်ညိုခြင်း အားကိုးခြင်းခံရသူကို ဗုဒ္ဓ-ဘုရား-ဟူ၍ အသိအမှတ် ပြုကြ၏။ လေးစားကြည်ညိုရာ၌ ကြည်ညိုခံရခြင်းတွင် အကြောင်းလေးမျိုးကို ခွဲခြား၍ ဟောထား၏။ ယင်းအကြောင်းလေးမျိုးမှာ-

    ၁။ ရုပ်အဆင်း သပ္ပါယ်ခြင်း
    ၂။ ဂုဏ်သတင်း ကျော်စောခြင်း
    ၃။ စားဝတ်နေမှု သုံးဆောင်မှု ခြိုးခြံ ခေါင်းပါးစွာ ကျင့်ခြင်း
    ၄။ သီလစသော မြင့်မြတ်သော ဂုဏ်အင်္ဂါများ ရှိခြင်း-ဟူ၍ ၄-မျိုးဖြစ်သည်။

    ထိုလေးမျိုးတွင် သီလစသောဂုဏ်ကို မကြည့်တတ်ဘဲ ရုပ်အဆင်းလှပတင့်တယ်ခြင်းကို ကြည့်၍ ကြည်ညိုသူသည် လူ ၁၀၀-လျှင် ၆၆-ယောက်လောက်ရှိသည်ဟု ကျမ်းဂန်များက ဖော်ပြ၏။

    တရားရှိ-မရှိကို မစဉ်းစား၊ နာမည်ထင်ရှား ကျော်ကြားမှုသတင်းကို အကြောင်းပြု၍ ဆည်းကပ်ကြည်ညိုသူသည် ၁၀၀-လျှင် ၈၀-လောက် ရှိသည်ဟု သိရ၏။

    တရားရှိ-မရှိကို မဝေဖန်၊ မစဉ်းစား၊ ပဓာနမထားဘဲ ခေါင်းပါးစွာ ခြိုးခြံ နေထိုင်မှု၊ စားသောက်မှုကို အကြောင်းပြု အလေးအမြတ်ပြုပြီး အထင်ကြီး၍ ကြည်ညိုသူသည် လူ ၁၀၀-လျှင် ၉၀-လောက်ရှိသည်။

    သီလ သမာဓိ ဓူတင် စသော ဂုဏ်အစစ်မှန် တကယ်အရှိကို တွေ့ရှိ၊ ကြားသိ၊ မျက်မြင်သိရ၍ ကြည်ညိုတတ်သူကား လူပေါင်းတသိန်းတွင် တယောက်သာရှိသည်ဟု ခွဲခြားပြထားခြင်းရှိပါသည်။

    ဤခွဲခြားချက်သည် သာမညပုဂ္ဂိုလ်များအတွက် မှန်ကန်၏။ သို့သော် မြတ်စွာဘုရားသည် ထိုလေးမျိုးလေးစားသော ပုဂ္ဂိုလ်တို့၏ စိတ်နှလုံးကို ယူကျုံးဆွဲငင်နိုင်လောက်သော ဂုဏ်အင်္ဂါကျက်သရေ၊ ကြည်ညိုဖွယ်များ၊ စုပေါင်းပိုင်ရှင်ဖြစ်တော်မူသောကြောင့် လူသုံးပါးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူကြောင်းကို မည်သူတစုံတယောက်မျှ မငြင်းဆိုနိုင်ပါ။

    ယခုအခါ လူများသည် ပရိယတ္တိဗဟုသုတ၊ ပဋိပတ္တိ အလေ့အကျင့်များကို ထူးထူးခြားခြား လိုက်စားကျင့်ဆောင်နေကြသည်။ အလွန်စွမ်းဆောင်နိုင်သော ဓမ္မကထိက ပုဂ္ဂိုလ်ကျော်များ၊ ရှင်းလင်းပြတ်သားအောင် နည်းလမ်းညွှန်ပြနိုင်သော သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေကြသည်။ မြန်မာပြည်အရပ်ရပ်တွင် ကမ္မဋ္ဌာန်းရိပ်သာ ယခု ၅၀၀-ကျော်ရှိသည်။ တရားနာပုဂ္ဂိုလ်များနှင့် တရားကျင့် ယောဂီများကို အထက်ပါကျမ်းဂန် ညွှန်ပြချက်အတိုင်း ခွဲခြားပါက လူတသိန်းတွင် တယောက်သာ ရုပ်အဆင်းကို ပဓာနမထား၊ အသံကောင်း၊ မကောင်းကို မခွဲခြား၊ ခေါင်းပါးစွာ ကျင့်-မကျင့်ကို မဝေဖန်ဘဲ တရားတော်၏ အနှစ်သာရကိုသာ အာရုံစိုက်တတ်ကြသည်မှာ မှတ်ချက်ချရန် ရှိပါသည်။ ထိုသို့မူကား မဖြစ်စေဘဲ (ရာထောင်တပုံ ဓမ္မာရုံ) ဟူသော အဆိုကို အလေးပြုကာ တရားအနှစ်ကိုသာ အဓိကထား အလေးပြုသော ယောဂီများ ဖြစ်ကြပါစေ-ဟု နှိုးဆော်လိုက်ရပါသည်။

    Read more...

    *ကျွန်တော်ပေးသော မွေးနေ့လက်ဆောင် (ကိုဝိမုတ္တိသုခသို့)*

    အစ်ကို မင်္ဂလာပါနော…

    အစ်ကို့ မွေးနေ့အတွက် ညီ ဒီရက်ပိုင်း တရားတွေထဲက သိလိုက်တဲ့ ပုံပြင်လေး နှစ်ပုဒ်ကိုပဲ မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက် ပါရစေ အစ်ကို။ ညီ့မွေးနေ့ တုန်းက အစ်ကိုက ညီ့ကို ပုံပြင်တွေကို မွေးနေ့လက်ဆောင် ပေးခဲ့လို့ အခု အစ်ကို့ မွေးနေ့မှာလည်း ညီက ပုံပြင်တွေကို မွေးနေ့ လက်ဆောင် ပြန်ပေးတယ် လို့တော့ မဟုတ်ပါဘူး အစ်ကို။ တော်တော် များများကလည်း အစ်ကို သိပြီးသား ဆိုတော့ ညီလည်း ဘာလက်ဆောင် ပေးလို့ ပေးရမှန်း ကြံရာမရ ဖြစ်နေတုန်း ဒီပုံပြင်လေး တွေကို သိခွင့်ရလိုက် တာပါ။ အစ်ကို သိပြီးသားတွေ ဖြစ်နေရင်လည်း ထပ်မံဖတ်ရှုလို့ ဆင်ခြင်ပေးပါ အစ်ကို။

    ပထမ တစ်ပုဒ်ကတော့…

    တစ်ခါက ညီအစ်ကို နှစ်ယောက်ဟာ တရားသွားနာ ကြတယ်တဲ့ အစ်ကို…။ တရားနာက ပြန်လာတော့ ညီလုပ်တဲ့သူက သူ့အဖေကို တိုင်တယ်တဲ့…။ ဘယ်လို တိုင်လဲ ဆိုတော့

    “အဖေ… အဖေ… အစ်ကိုကြီးက တရားနာတဲ့ အချိန် တရားမှာ အာရုံမပြုဘဲ တောင်ကြည့် မြောက်ကြည့် လုပ်နေတယ်” ဆိုပြီး တိုင်တယ်တဲ့ အစ်ကို..။ အဲတော့ အဖေက

    “ဟေ.. နေစမ်းပါဦး မင်းက.. မင်းအစ်ကိုကြီး အဲသလို တောင်ကြည့် မြောက်ကြည့် ကြည့်နေတာကို မင်းဘယ်လိုလုပ် သိသလဲ” လို့ ပြန်မေးတယ်..။

    အဲတော့ ညီလုပ်တဲ့သူ ပြန်ဖြေလိုက်တာက

    “ကျွန်တော် တစ်ချိန်လုံး သူ့ကို သတိထားပြီး စောင့်ကြည့်နေတာ” တဲ့…။

    ပထမ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ အစ်ကို…။

    **************************************************

    နောက် ဒုတိယ ပုံပြင်လေးကတော့…

    တစ်ခါက မြို့တစ်မြို့မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ရှိတယ်တဲ့ အစ်ကို၊ အဲဒီ စီးပွားရေး လုပ်ငန်းရှင်ဟာ တစ်နေ့ကျတော့ လုပ်ငန်းကို ထပ်မံတိုးချဲ့ဖို့ ငွေလိုတာနဲ့ အရင်က သူ့ဆီက ကြွေးယူထားတဲ့ သူတွေဆီကို ကြွေးသွားတောင်းတယ် အစ်ကို..။ ဒါပေမယ့်လည်း ကြွေးယူသူတွေ ကလည်း ယူတုန်းကသာ ကြည်ကြည် သာသာ၊ ကြွေးလည်း ပြန်တောင်းကော မရတာနဲ့ ဒီလုပ်ငန်းရှင် စိတ်ထဲ တအားပူလောင် ခံစားပြီး ပြန်လာရတယ်တဲ့..၊ အဲဒီလို ပြန်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ ၀င်နားတယ် အစ်ကို…၊ ဒီလို နားပေမယ့်လည်း သူရှေ့ဆက် တိုးချဲ့မယ့် လုပ်ငန်း အကြောင်းတွေ တွေး၊ နောက် ကြွေးမရတာ တွေကို ပြန်စဉ်းစား.. ဒီလိုတွေ တွေးမိနေတော့ သူ့ရင်ထဲ ပိုပြီး ပူလောင်လာတယ်တဲ့..။ အဲဒါနဲ့ သူ အခုလို စဉ်းစားမိတယ်တဲ့ အစ်ကို..။ “အော်.. လူတွေကတော့ ငါ့ကို စီးပွားရေး လုပ်ငန်းရှင်ကြီး၊ တော်တော် ချမ်းသာတာပဲ ဆိုပြီး စိတ်ချမ်းသာမယ် ထင်နေကြတယ်၊ အင်းအခုလို ငါပူလောင် ပင်ပန်းနေတာ ကျတော့ ဘယ်သူမှ မသိကြပါလား” ဆိုပြီး စိတ်ပြေရာ ပြေကြောင်း ဇရပ်ပေါ်မှာ စာတစ်ကြောင်း ရေးခဲ့တယ်တဲ့ အစ်ကို..။ သူရေးခဲ့တာက…

    ငါ့အပူ လူမသိ” တဲ့။

    ဒီလိုနဲ့ ဒီ စီးပွားရေး လုပ်ငန်းရှင်လည်း ပြန်သွားတယ်ပေါ့ အစ်ကို..။

    တစ်နေ့ကျတော့ အဲဒီ ဇရပ်ကို လူတစ်ယောက် ထပ်ရောက်လာတယ် အစ်ကို၊ အဒီလူကျတော့ ကုန်သည် ပွဲစားပေါ့..။ ဒီလူကလည်း သူ့ကုန်တွေ အရှုံးပေါ်လို့ စိတ်ပျက်ပျက်နဲ့ ဒီဇရပ်ကို ရောက်လာတာ အစ်ကို..။ ဒီတော့ ဒီလူ ဒီဇရပ်ကို ရောက်လာ တာလည်း အပူနဲ့ပဲပေါ့ အစ်ကို..။ ဒါနဲ့ ဒီလူက ဇရပ်ပေါ် နားမယ်ဆိုပြီး ထိုင်လိုက်တော့ စီးပွားရေး လုပ်ငန်းရှင် ရေးခဲ့တဲ့ “ငါ့အပူ လူမသိ” ဆိုတဲ့ စာကြောင်းလေး သွားတွေ့တယ်တဲ့ အစ်ကို..။ ဒါနဲ့ ဒီ ပွဲစားလည်း အင်း ဒီလူတောင် ရေးသေးတာ.. ငါလည်း ရေးမယ် ဆိုပြီး ခုန စာကြောင်း အောက်မှာပဲ သူလည်း စာတစ်ကြောင်း ထပ်ရေးလိုက် တယ်တဲ့ အစ်ကို..။ သူရေးလိုက် တာက

    ဒီအပူ လူတိုင်းရှိ” တဲ့။

    ဒီတော့ ဒီဇရပ်ပေါ်မှာ စာက နှစ်ကြောင်း ဖြစ်သွားတယ်ပေါ့…။

    ငါ့အပူ လူမသိ” နဲ့
    ဒီအပူ လူတိုင်းရှိ” ဆိုပြီး..။

    အဲ.. တစ်ရက်လည်း ကျကော ဒီဇရပ်ကို ရဟန်းတစ်ပါး ရောက်လာပါ တယ်တဲ့..။ ဒီရဟန်းကလည်း အပူနဲ့ ရောက်လာတာ အစ်ကိုရေ..၊ ဘယ်လိုလဲ ဆိုတော့ ဒီရဟန်းက ရွာတစ်ရွာက ကျောင်းထိုင် ဘုန်းကြီးတဲ့… အဲဒါ ကျောင်းမှာ သိမ်ဆောက်ဖို့ အတွက် အလှူငွေ လိုတာနဲ့ အရင်က ကျောင်းဒကာ ဆီကို အလှူခံ တယ်ပေါ့ အစ်ကို..။ ဒါပေမယ့် ကျောင်းဒကာ ကလည်း ဒီရက်ပိုင်းမှာ စီးပွားရေးတွေ အဆင်မပြေ တာနဲ့ “အရှင်ဘုရား တပည့်တော် အခုတော့ မတတ်နိုင်သေးတဲ့ အကြောင်း၊ စီးပွားရေး ပြန်အဆင်ပြေ တာနဲ့ ချက်ချင်း လှူပါမယ် ဆိုတဲ့ အကြောင်း” လျှောက်တော့ ဒီကျောင်းထိုင် ဘုန်းကြီးလည်း ဘာမှ မတတ်နိုင်ဘဲ ပြန်လာခဲ့ရတယ် အစ်ကို၊ ဒါပေမယ့် ဒီရဟန်းတော်ရဲ့ ရင်ထဲမှာ သိမ်ဆောက်ဖို့ အတွက်ကို အာရုံ ရောက်နေတော့ ဒီသိမ်ကို ပြီးစီးအောင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတဲ့ စိတ်နဲ့ ပူနေတာပေါ့ အစ်ကို…။ ဒီလိုနဲ့ ဒီဇရပ်ကို ရောက်လာ တယ်ပေါ့..။ ဒါနဲ့ ဒီဆရာတော်လည်း ဇရပ်ပေါ်မှာ နားမယ်လို့ ကြံတော့ ခုန စာလေး နှစ်ကြောင်းကို သွားမြင်တယ်တဲ့ အစ်ကို..၊ “ငါ့အပူ လူမသိ” နဲ့ “ဒီအပူ လူတိုင်းရှိ” ဆိုတာ..။

    ဒီတော့ ဆရာတော်လည်း “အင်း.. ဒီစာနှစ်ကြောင်းက ဘယ်သူ ရေးသွားတာပါလိမ့်.. ငါလည်း အားကျမခံ စာတစ်ကြောင်းလောက်တော့ ရေးဦးမှ” ဆိုပြီး ခုန စာနှစ်ကြောင်း အောက်မှာ အခုလို စာတစ်ကြောင်း ထပ်ရေးတယ်တဲ့ အစ်ကို..။ ဆရာတော် ရေးလိုက်တာက..

    ဘုန်းကြီးအပူ ပိုဆိုး၏” တဲ့..။

    အဲဒီတော့ ဇရပ်ပေါ်မှာ စာလေးက ခုလို သုံးကြောင်း ဖြစ်သွားတာပေါ့ အစ်ကို…။

    ငါ့အပူ လူမသိ
    ဒီအပူ လူတိုင်းရှိ
    ဘုန်းကြီးအပူ ပိုဆိုး၏

    ဒုတိယ ပုံပြင်လေးကိုလည်း ဒီမှာပဲ အဆုံးသတ်လိုက် ပါတယ် အစ်ကို…။ အစ်ကိုကတော့ အတွေးကြွယ်တဲ့ သူဆိုတော့ ဒီပုံပြင်လေး နှစ်ပုဒ်ကနေ အတွေးတွေ အများကြီး ရမှာပါ အစ်ကို…။ ညီ အစ်ကို့အပေါ် ဆရာလုပ်သလို ဖြစ်သွားခဲ့ရင်တော့ ဒီနေရာကပဲ တောင်းပန်လိုက် ပါတယ်…။

    တရားဓမ္မတွေ ထုံမွှမ်းပြီး အပူကင်းဝေး ချမ်းမြ အေးဆေးတဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ အစ်ကို…။

    +++++++++++++++++++++++++++++++++++++++++++++++++++++

    လေးစားစွာဖြင့်
    ညီငယ်
    ဖိုးသား

    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP