* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, July 24, 2009

အနာဂတ် ပန်းလေးများ ရှင်သန်နိုင်ဖို့ (၁)



ကြည်နူးစရာ အနာဂတ်ပျိုးပင်ငယ်လေးများ






အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

မမာလွန်း မပျော့လွန်းတဲ့ အချိန်မှာ ရိုက်နှိပ်ထားတဲ့ တံဆိပ်ဟာ အိုးကွဲသွားပေမယ့် ပျောက်မသွားဘဲ တည်နေရှိနေသလို အနာဂတ် သားကောင်းရတနာ သမီးကောင်း ရတနာလေးများရဲ့ စိတ်မှာ အဖြူရောင်များဆဲ (အမည်းတွေ အားနည်းနေဆဲအချိန်) ဘာသာတံဆိပ်လေးတွေ ရိုက်နှိပ်ပေးနိုင်မှ ပီပြင်တဲ့ ဗုဒ္ဓဘာသာဝင်လေးတွေ ဖြစ်ကြမယ် လို့ ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တော်မူခဲ့တာပါ၊

ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ရေ ကိုယ့်မြေကို တကယ်ချစ်တယ်ဆိုရင် လက်တွေ့အကောင်အထည် ဖော်ဖို့အချိန်ရောက်နေပါပြီ။ တကယ်တော့ ကလေးငယ်တွေဆိုတာ အနာဂတ် မြန်မာနိုင်ငံရဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးတေလို့ဆိုရပါမယ်၊ ရတနာထိုက်တဲ့ ဒီကလေးငယ်တွေကို ၀ိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ တာဝန်ရှိသိသူတိုင်းမှာ တာဝန်ရှိနေပါတယ်။

နှမ်းတစ်လုံးထဲ ကြိတ်လို့ ဆီမဖြစ်ပေမယ့် နှမ်းစေ့လေးတွေစုပေါင်းလိုက်တဲ့အခါ လူခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဖိုးတန်ဆီတွေဖြစ်လာသလို မိမိတို့ တာဝန်သိသူတွေ ပူးပေါင်းဆောင်ရွက်ပြီး တတ်နိုင်သလောက် အကူအညီပေးကြရင် ဒီကလေးငယ်များရဲ့ ဘ၀ဟာ အထိုက်အလျောက် စိုပြေလန်းဆန်းလာမယ်လို့ ယုံကြည်မိပါတယ်၊

ဒီလိုယုံကြည်ချက်နဲ့ အကောင်အထည်ဖော်ကြိုးစားနေတဲ့ သူကတော့ မကွေးတိုင်း ပေါက်မြို့နယ် ကမ်းပြိုရွာက ဆရာတော် အရှင်တေဇိန္ဒပါ၊

ကမ်းပြိုရွာဆိုတာ သွားရေး လာရေး မလွယ်ကူလှသလို အညာဒေသရဲ့ ပြယုဂ်ကို ပီပီပြင်ပြင် ဖော်ညွှန်းနေတဲ့ ခြောက်သွေ့ဒေသဖြစ်ပါတယ်၊ အနောက်ဖက်ကို ငေးမျှော်ကြည့်ရင် ချင်းတောင်တန်းပဲ ရှိတော့တာမို့ တကယ့်ကို ဝေးလံတဲ့နေရာ ရွာလေးတစ်ခုပါ။

အဲဒီဝေးလံ ခေါင်သီတဲ့နေရာလေးမှာ ဆရာတော် အရှင်တေဇိန္ဒက သူရဲ့ စေတနာ မေတ္တာအား ငွေကြေးအားနဲ့ တပိုင်တနိုင် အနာဂတ်ပန်းခင်းလေးထဲက ပျိုးပင်ငယ်လေးတွေကို ရေလောင်း ပေါင်းသင်ပေးနေတာပါ။ တကယ်လဲ လေးစားကြည်ညိုစရာ ကောင်းလှပါတယ်၊

နွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း ကလေးများအတွက် အထူးတရားစခန်းပွဲတွေဖွင့်ပြီး ကလေးငယ်များရဲ့ စာရိတ္တ အသိပညာ တိုးပွားဖို့ ဆောင်ရွက်ပေးနေသလို တကယ့်ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ဗုဒ္ဓ၀င် ယဉ်ကျေးမှုတွေကိုလည်း သင်ကြားပေးပါတယ်။ ပြီးတော့ စုပေါင်းရှင်ပြု ရဟန်းခံပွဲတွေကိုလည်း ဆရာတော်က ဦးဆောင်ပြီး ပြုလုပ်ပေးပါတယ်။

ဆရာတော်ရဲ့ ခံယူချက်က မိဘတွေကို ပြုပြင်လို့မရတော့ရင် အနာဂတ်ပျိုးပင်ငယ်နဲ့တူတဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်မယ်တဲ့၊ တရားစခန်း ၀င်ပြီးတဲ့ ကလေးငယ်နဲ့ တရားစခန်းမ၀င်ဘူးတဲ့ ကလေးငယ်တွေ မတူညီကြောင်းကိုလည်း ဆရာတော်က အမိန့်ရှိပါတယ်။ အခု ဆရာတော်ရဲ့ စီမံကိန်းတစ်ခုက ကမ်းပြိုရွာမှာ အနာဂတ်ပျိုးပင်လေးများအတွက် မြေ၀ယ်ပြီး အထက်တန်းကျောင်း တစ်ဆောင်ဆောက်မယ်လို့ အမိန့်ရှိပါတယ်..မြေဖိုးတော့ အလှူခံရရှိပါပြီတဲ့..ကျောင်းဆောက်ဖို့ ငွေအားတော့ ကြိုးစားရှာဖွေရမှာပါတဲ့..

ကဲ စာရှုသူ..တာဝန်သိသူ တစ်ယောက်က တိုင်းပြည်ရဲ့ အညွန့်အဖူး အနာဂတ်ပျိုးပင်ငယ်လေးတွေ ရှင်သန်ဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ၊ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အကူအညီပေးရင်း ကျွန်ုပ်တို့ရဲ့ ဘ၀ကို အဓိပ္ပါယ်ရှိအောင် ပုံဖော်ကြိုးစားကြစို့။ ။

ဘုရားလက်ထက်က ပထမဆုံး ကျောင်းဒကာဖြစ်တဲ့ ရာဇဂြိုဟ်သူဋ္ဌေးဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်ပါဘူး၊ ရဟန်းတော်တွေ တောထဲ တောင်ထဲမှာ ကျောင်းမရှိဘဲ တရားကျင့်နေတာကို တွေ့မြင်တော့ သူ့နှလုံးသားက ဒီရဟန်းတွေအတွက် နေရာလေး လုပ်ပေးရရင် ကောင်းမှာပဲ ဆိုတဲ့ အကြင်နာနှလုံးသားနဲ့ ကျောင်းပေါင်း ခြောက်ဆယ်ကို လှူဒါန်းခဲ့တာပါ၊ နောက်ဘ၀မှာ ဘာဖြစ်ချင်တယ်ဆိုတာလုံးဝမရှိဘဲ အခက်အခဲကြုံနေရတဲ့ အနေအထား တခုကို ပြေလည်အောင် ဖြေရှင်းပေးရင်း သူ့ရဲ့ လှပတဲ့နှလုံးသားကို လက်တွေ့ပြခဲ့တာပါ။ ဒီလိုမွန်မြတ်တဲ့ စိတ်ဓာတ်တွေကြောင့်လဲ သာသနာ့သမိုင်းမှာ ပထမဦးဆုံး ကျောင်းဒကာရယ်လို့ ဒီနေ့အထိအောင် မော်ကွန်းထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဝင် မိမိတို့ကလဲ တတ်နိုင်သလောက် အကူအညီပေးရင်း မော်ကွန်းတစ်ခုကို အတူစိုက်ထူကြပါစို့…အနာဂတ်ဥယျာဉ်ကြီးထဲမှာ ဖူးပွင့်လန်းဆန်းမယ့် ဒီကလေးငယ်တွေကို တတ်နိုင်သလောက် ကူညီကြပါစို့လို့ စေတနာ စကားနဲ့ တိုက်တွန်းရပါတယ်၊ ဒါမှလဲ အနာဂတ်ပန်းလေးများ အမျိုး ဘာသာ သာသနာ့အလယ်မှာ ရှင်သန် ကြီးထွားလာမယ် မဟုတ်ပါလား ။ အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ ၀ိုင်းဝန်းကူညီဆောင်ရွက်စို့ ။ ။

ဆက်သွယ်ရန်…

အရှင်တိက္ခဥာဏာလင်္ကာရ
email;rev.tikkha@yahoo.com
email;bhikkhu.tikkhanana@gmail.com
ph.0094- 071 36 00 9 88
0065-8266 2972

အရှင်တေဇိန္ဒ
ကမ်းပြိုကျေးရွာ
ပေါက်မြို့နယ်
မကွေးတိုင်း
email;trbk007@gmail.com

C/O
ဦးလှဋ္ဌေး ဒေါ်စန်းတင့်
ယောထိပ်တန်း ပခုက္ကူ
၀၆၂-၂၂၅၂၄ ၀၉-၂၃၀၁၁၃၂


Read more...

သက်ရှိပဲ သင့်ရဲ့ ဆရာလား?

ဖတ်မိဘူးတဲ့ ပုံပြင်လေးတွေပါ။ နှလုံးသားမှာ သံမှိုရိုက်သွင်းသလို စွဲထင်မိစေတဲ့ ပုံပြင်လေးတွေဖြစ်တဲ့အတွက် တင်ပေးလိုက်တယ်နော်။

ဒီပုံပြင်လေးတွေကတော့ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးက ပြောပြတဲ့ ပုံပြင်လေးပါ၊ ဗုဒ္ဓမြတ်စွာကလည်း ဟောထားတယ်နော် “လောကော သတ္တာန-မာဆေရော” “လူသားထံမှ မဟုတ်ပါဘူး။ သက်ရှိ/သက်မဲ့ လောကကြီး တစ်ခုလုံးဟာ သင်တို့သင်ယူတတ်မယ်ဆိုရင် သင်တို့ရဲ့ ဆရာကြီးပဲ”တဲ့။ အင်း-ဒီဘုရားဟောကို အပြန်အနေနဲ့ ယူလိုက်မယ်ဆိုရင်တော့= လောကကြီးနဲ့ တည့်အောင် မနေတတ်၊ မသင်ယူတတ်ရင်တော့ လောကကြီးဟာ ကျွန်တော်တို့ရဲ့ မဟာရန်သူပဲပေါ့။


ပတ်ဝန်ကျင်လောကကြီးဟာ ကျွန်တော်တို့ နေ့စဉ် အချိန်တိုင်းအချိန်တိုင်း သင်ပြပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့က မသင်ယူတတ်တော့ အချိန်တွေ နေ့တွေသာ ကုန်သွားပြီး ကျွန်တော်တို့အတွက် ဘာမှ မရလိုက်ဘဲ လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေကြရတာပါ။ အခု ဒီပုံပြင်လေးက ရိုးရှင်းပြီး တိုတိုလေးတွေပါ။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ လေးနက်ပါတယ်။ ခံစားကြည့်လိုက်နော်။

အဖြူရောင်း ပန်းလေးကပြောတယ်

ဘာလဲဆိုတော့ “ပန်းပွင့်လေးတွေက ပြောတဲ့ စကား....”တဲ့
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။


ပန်းတစ်ပွင့်က ပြောပါတယ်


ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်

နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
ဒီပုံပြင်လေးတွေကို ဖတ်ပြီး ငွေမကုန်တဲ့ ပတ်ဝန်းကျင် လောကဆရာကြီးတွေထံမှလည်း မြန်မြန်သင်၊ များများသင်၊ အကျိုးရှိအောင် သင်နိုင်ကြပါစေ…

မေမေ့လပြည့်ဝန်းလေ


Read more...

“၀င်း”တိပိဋကနိကာယစီဒီ{Software}

မေမေ့လပြည့်ဝန်းလေး… ၀င်းတိပိဋကသုံးပုံစီဒီဆော့ဝဲကို {Upload}ဆိုက်မှာ တင်ပြီး ရှယ်ယာလုပ်လိုက်ပါတယ်။ တောင်းဆိုတဲ့သူ ရှိလို့ပါ။ (“၀င်း”တိပိဋကလို့သုန်းလိုက်တာက ဒီပိဋကစီဒီသည် “၀င်း”ဖောင့်နဲ့ စီစဉ်ထားလို့ပါ”။ ယနေ့ တော်တော်များများက ဦးဂိုအင်ကာစီစဉ်တဲ့ {CSC}ပိဋကစီဒီကို အသုန်းပြုတာ များကြပါတယ်။ အခု ဦးဂိုအင်ကာရဲ့ {CSC}ပိဋကစီဒီကလည်း {Update}လုပ်လိုက်တာ {Version-IV}အထိ ထွက်သွားပါဘီ။ ဘာသာပေါင်း (၁၄)ခုလောက်ရှိမယ်ထင်တယ်။ {www.tipitaka.org}မှာ အွန်လိုင်းဒါရိုက်အနေနဲ့ အဲဒီပိဋကတ်{Version-IV}ကို အသုန်းပြုနိုင်ပါတယ်။ အခု မေမေ့လပြည့်ဝန်းလေးတင်ပေးတဲ့ ပိဋကစီဒီကတော့ ဖောင့်အနေနဲ့ သုန်းရတာ တော်တော်ကိုလွယ်ကူပါတယ်။ {Win-Kalaw}နဲ့ {Win-Researcher Font}-၂-မျိုး အသုန်းပြုထားတာပါ။ ကိုယ်လိုချင်တာကို ကော်ပီကူးပြီး {Microsoft}ထဲထည့်ကာ အသုန်းပြုရတာလည်း {CSC}-ပိဋကစီဒီထက် ပိုပြီး အဆင်ပြေပါတယ်။ ကိုယ်လိုသလောက် {Select}ပေးပြီး ကော်ပီကူးနိုင်ပါတယ်။ ကော်ပီကူးပြီးပြန်ကလည်း {CSC}ပိဋကစီဒီလို ဖောင့်ပြဿနာ မဖြစ်ပါဘူး။ ဒီပိဋကကို ဖွင့်ပြီး ဖတ်ရှုရပုံကတော့ {CSC}ပိဋကတ်လိုပါဘဲ၊ (ပါဠိ+အဋ္ဌကထာ)တပြိုင်တည်း ယှဉ်ပြီးလေ့လာလို့ရပါတယ်။ မြင်ကွင်းလည်း (ပါဠိ+အဋ္ဌကထာ) ၂-မျိုး တပြိုင်တည်း အလျားလိုက်ရော၊ ဒေါင်လိုက်ပါ စာဖတ်သူကြိုက်သလို ထားပြီး ဖတ်ရှုနိုင်ပါတယ်။

အသုန်းပြုချင်တယ်ဆိုရင် အောက်မှာ စာအုပ်ပေါ်ကို ကလစ်ပြီး ဒေါင်းလော့ဒ်လုပ်ပါ။ မေမေ့လပြည့်ဝန်းလေး {Zip}ဖိုင်နဲ့ ချုံ့ပြီးတင်ထားတာပါ။ အဲဒီ{Zip}ဖိုင်ကို ဒေါင်းလော့ဒ်လုပ်ပြီး၊ {Zip}ဖိုင်ပေါ်ကို ညာကလစ်နှိပ်ပြီး (Open With-ကနေ-Compressed{zipped} folders)ကို ကလစ်ပြီး {Zip}ဖိုင်ကို ဖြေလိုက်ပါ။ အဲဒီမှာ ပေါ်လာမည့် {box}မှ {TPK}ဆိုတဲ့ ဖိုင်ကို ကော်ပီ လုပ်ယူပြီး သင့်ကွန်ပျူတာရဲ့ {Drive-C}အောက်မှာ သွားထည့်ပါ။ ထည့်ပြီးသွားရင် အဲဒီဖိုင်ကို ဖွင့်လိုက်ရင်{folder}၆-ခု သင်တွေ့ပါလိမ့်မည်။ အဲဒီ {folder} ၆-ခုထဲမှ {PitakaInstall}-ဆိုတဲ့ ဖိုင်ကို တွေ့ပါလိမ့်မည်။ အဲဒီဖိုင်ကို ဖွင့်ပြီး {setup}ဆိုတဲ့ {file}ကို ကလစ်ပြီး အင်စတောလ် လုပ်လိုက်ရင် ဒီပိဋကတ်ဆော့ဝဲကို သုန်းနိုင်ပါပြီ။ အင်း-အဲဒီ ပိဋကတ်ကို ဖွင့်ကြည့်စရာက ဘယ်ရောက်သွားသလဲဆိုတော့ {Start All Pragames ထဲမှာ Tipitaka Nikaya}ဆိုပြီး ရောက်သွားမှာပါ။ အဲဒီ {File}နာမည်လေးကို ဖွင့်သုန်းပေတော့။ အော်-နောက်တစ်ခု မှာစရာကျန်သေးတယ်နော်။ တကယ်လို့ ဖောင့်အလုပ် မလုပ်ရင် အဲဒီ {PitakaInstall folder}ထဲမှာပဲ {support}ဆိုတဲ့ ဖိုင်ထဲမှာ အနီရောင်အမှတ်အသားလေးနဲ့ (Wkl/WRES2)ဖောင့်-၂-ခု သင့်တွေ့မှာပါ။ အဲဒီဖောင့်-၂-ခုကို ကော်ပီယူပြီး {Controal Panel}ကိုသွားပါ၊ {font folder}ကိုဖွင့်ပြီး ထည့်လိုက်ပါ။ ဒါဆို အိုကေပါပြီ။

တိပိဋကတ်ကို မြန်မာလို လေ့လာရင်တော့ မေမေ့လပြည့်ဝန်းလေး {Link}ချိပ်ပြီး တင်ထားပြီးသားနော်။ {E-Library}အောက်မှာ {Tipita Myanmar, etc}ဆိုတာလေးကို ရှာပြီးဖွင့်ကြည့်လိုက်ပါ။

မှာပါရစေ။ ။မေမေ့လပြည့်ဝန်းလေးတင်ထားတဲ့ {Software}များသည် ကိုယ်တိုင် အသုန်းပြုပြီးမှ တင်ထားတဲ့ {Software}များသာ ဖြစ်ပါတယ်။ တကယ်လို့ အသုန်းပြုတာနှင့်ပတ်သက်၍ အခက်အခဲရှိလျှင် မေမေ့လပြည့်ဝန်းလေးရဲ့{C-Box}ကနေဖြစ်ဖြစ်၊ အီးမေးလ်ကနေဖြစ်ဖြစ် မေးမြန်း/အကြံပြုနိုင်ပါတယ်




{LINK}တော့ချိပ်ထားပေးပြီးသားပါ။
တကယ်လို့ ဦးဂိုအင်ကာရဲ့ {တိပိဋကVersion-IV}ဆိုက်ကိုလေ့လာလိုက သွားရောက်လေ့လာနိုင်ပါတယ်။


အဆင်ပြေကြပါစေ

မေမေ့လပြည့်ဝန်းလေး



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP