* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Wednesday, July 22, 2009
ဗိုင်းရပ်စ
ဗိုင်းရပ်စ်က (၂)မျိုးရှိတယ်လို့ပြောလို့ ရမယ်နဲ့တူတယ်နော်။ လူမှာလည်း ဗိုင်းရပ်စ်ရှိတယ်။ ကွန်ပျူတာမှာလည်း ဗိုင်းရပ်စ်ရှိတယ်။ ဒါက အကြမ်းမျဉ်းလေးပါ။ အကျယ်ကတော့ ပြောမပြနိုင်ပေါင်၊ သောင်းခြောက်ထောင်။
လူမှာ ဗိုင်းရပ်စ်ဆိုတာက ခန္ဓာကိုယ်အစိတ်အပိုင်း တစ်နေရာမှာ စိတ်/ရုပ်ရောဂါလက္ခဏာတစ်ခုခု ၀င်နေတာ၊ ဖြစ်နေတာကို ပြောတာပါ။ ခန္ဓာကိုယ်မှာ ၀င်နေတဲ့ ရောဂါကိုလည်း ကွန်ပျူတာကဗိုင်းရပ်စ်လို မဖြစ်ခင်တားလို့ရတဲ့ ဗိုင်းရပ်စ်ရှိသလို၊ ဖြစ်ပြီးမှ သတိ၊ ပညာAnti-Virus-Softwareသုန်းကာ စကင်လုပ်ပြီး သတ်လို့ ရတဲ့ ဗိုင်းရပ်စ်လည်း ရှိပါတယ်။ စကင်လုပ်လို့ မရတဲ့ ဗိုင်းရပ်စ်လည်း ခန္ဓာကိုယ်မှာ ၀င်နိုင်ပါတယ်။
အင်းအဲဒါကျတော့ မဖြစ်ခင်ဘဲ.. သတိ၊ ပညာ-ဟူသော Anti-Virus Software-ကောင်းကောင်း အင်စတောလ် တင်ထားမှ ရမယ်နော်။
အင်း... အခုမေမေ့လပြည့်ဝန်းလေး ဒီမှာ တင်ပြမည့် ဗိုင်းရပ်စ်ကတော့ “သင့်ရဲ့Memory-Stickကနေ ကွန်ပျူတာထဲ မ၀င်ဖို့ ကြိုတင်တားမြစ်နိုင်တဲ့ နည်းပညာလေးပါ။ မေမေ့လပြည့်ဝန်းလေး ဆိုက်တစ်ခုကနေ တွေ့ရှိထားတာပါ။ အသုန်းပြုသူတို့ အကျိုးများမယ်ထင်လို့ အဲဒီဆိုက်မှ ကူးယူပြီး ဆိုက်တစ်ခုမှာ UPLOADလုပ်ကာ တင်ပေးလိုက်ပါကြောင်း။ “အဲဒီမူရင်းဆိုက်ကိုလည်း စာဖိုင်ထဲမှာ ပါတယ်နော်၊ ကွန်ပျူတာဗဟုသုတတိုးချင်ရင် သွားလေ့လာနိုင်တယ်နော်။
သုန်းကြည့်ချင်ရင်-အောက်က “ဗိုင်းရပ်စ်”ပုံလေးကို တို့လိုက်နော်၊ သူလိုက်ပြလိမ့်မယ်၊ သူပြတဲ့နေရာကို ထုံးစံအတိုင်း ကြွ၊ ဒေါင်းလော့ဒ်လုပ်ကာ အဲဒီစာဖိုင်ကို ကြည့်ပြီး သုန်းကြည့်လိုက်နော်။ အကျိုးရှိမှာပါ။
မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး
Read more...
The Flatbed Sutra of Louie Wing
"Zen Master Hotetsu of Mount Mayu is using a fan. A monk comes up and says, "The nature of air is ever-present, and there is no place it does not reach. Why then does the Master use a fan?" The Master says, "You understand that the nature of air is ever-present, but you do not understand the truth that there is no place it does not reach." The monk says "What is the truth of there being no place it does not reach?" At this, the Master just continues to use the fan. The monk does prostrations."
The story of the Zen Master and his fan, concerning how one awakens to the ultimate, appears near the end of the Genjokoan (Actualization of the Fundamental Point), an important chapter in Eihei Dogen's book, the Shobogenzo (Treasury of the True Dharma Eye), written in 1233. This is not my tradition, I know very little about Japanese Zen, and I'd have probably never come across it had it not been for Ted Biringer's book 'The Flatbed Sutra of Louie Wing' in which he offers a new translation and commentary.
And those few pages alone are reason enough to go out and buy the book. Biringer's comments, rather than burying Dogen's words, serve to make them sparkle. Biringer adds not only his own thoughts, but classic koans and stories directly relevant to the passage in hand, and so helps the reader tackle this, one of the most profound of Zen teachings. I don't pretend to understand or to have awakened to it myself, but with Biringer's guidance I was able to see how some of its teachings can have relevance.
When Dogen says "to realize the Buddha-dharma is to realize your self", Biringer adds not only his own thoughts, "Enlightenment, wisdom, Buddhahood, Zen, true-nature, etc. are provisional terms employed for directing you to the truth about yourself", but also an essential collection of insights picked out from the huge Zen archives. Biringer brings in Bodhidharma, Eno, Obaku, Rinzai, and Bassui before moving on to Dogen's next line: "to realize your self is to forget your self."
"To forget your self is to be actualised by the many things", and Biringer paints the picture of a skier, absorbed in his progress down a mountain, "swoosh, swoosh, chunk, swoosh, swoosh." No snow, no sounds, no thinking. The thrust of Biringer's book is just this. To awaken is to cease dualistic conceptualisation and to reside in one's own awareness, in the "vast, unnamable, fathomless void".
Biringer presents this message in the voice of Louie Wing, a fictional character of his own creation, whose 'Flatbed Sutra', delivered from the back of a truck, is based upon The Platform Sutra of the sixth Zen patriach, Huineng, but made a little more modern and, from my own limited experience of flicking through the Platform Sutra, considerably easier to read. Certainly I feel that, armed with Biringer's insightful adaptation, I'm now in a better position to take a closer look at the original.
Not that it's easy. Biringer, through the character of Louie Wing, talks at length about koan-introspection, the four prajnas of Buddahood, the five ranks, and by the end of this section my head was spinning and it was confirmed that this was far from being the path for me. There seem to be so many pitfalls, so many places where the practitioner can go wrong, and with the insistence that "until you actually experience this entry, often called kensho, you cannot grasp the truth of Zen" I hardly make the starting gate.
But that is unfair, it's a criticism not of Biringer's book but of the tradition in which it is written, to which I don't belong and have little karmic connection. If anything, thanks are owed to Biringer for opening up this path of Buddhism, for making Japanese Zen easier to understand and, through his skill with words, entirely absorbing. Biringer can not only hold together long threads of exposition, he does it with humour too, and rests it all upon a granite hard foundation of research and knowledge.
This is most evident, of course, in the first half of the book, containing the Flatbed Sutra, and in part two of the book, the commentaries on the Genjokoan and on 'Bodhidharma's Vast, Unnamable, Fathomless Void'. But Biringer's depth of insight and knowledge is also evident, of course, in the final section, in the 'Sayings and Doings of Louie Wing', a collection of teachings ideal for dipping in and out of, and from which there was much that I was able to learn, and much that I could apply to my own, albeit different, practice.
The book ends with the text of the Genjokoan, in Biringer's new translation, a very useful appendix of names, full notes for all the book's references, a glossary, a six page bibliography, and a full index. Biringer also maintains the Flatbed Sutra website in which he regularly posts passages from the book for discussion and which has a lively and devoted following. On a hot day, only you yourself can wave the fan, but it's good to have so many to choose from, and Biringer provides a very valuable new addition.
Links:
  • Ted Biringer's Flatbed Sutra Blog
  • Tricycle Magazine: The Genjokoan
  • The Platform Sutra of the 6th Patriarch, Hui Neng
  • Read more...
    Dhammaransi.net added 11 blog posts
    Dhammaransi.net
    မီးနီပျောက်တဲ့နေ့
    Started by Dhammaransi.net Jul 18.
    Dhammaransi.net
    အမ္ဗပါလီ
    Started by Dhammaransi.net Jul 18.
    Dhammaransi.net
    ဒါန၏ အရေးပါမှု
    Started by Dhammaransi.net Jul 18.
    CrazyEyeStone
    ဝိသုဒ္ဓိမဂ် ဘယ်လဲ ?
    Started by CrazyEyeStone Jul 18.
    CrazyEyeStone
    မိလိန္ဒပဥှာ ဘယ်လဲ ?
    Started by CrazyEyeStone Jul 18.
    Dhammaransi.net
    ကဆုန်လပြည့်နေ့
    Started by Dhammaransi.net Jul 12.
    Read more...
    စစ်ကိုင်းမြို့တွင်ဆွမ်းလောင်းအသင်းအောင်မြင်ခြင်း
    စစ်ကိုင်းမြို့တွင်ဦးဇင်းဆွမ်းလောင်းအသင်းတည်ထောင်ဖို့ဆန္ဒရှိခဲ့တာကြာပါပြီ ။
    အခုတော့အောက်ပါအလှူရှင်များကောင်းမှုနဲ့ စတင်အကောင်းအထည် ဖော်နိုင်ခဲ့ပါပြီ
    အပတ်စဉ်လောင်းလှူသွားဖိုရှိပါတယ်။
    ပြည်တွင်းမှ အလှူရှင်များ
    ကိုဖြိုး+ကိုထက်( ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး မန္တလေး) ၁၀၀၀၀၀ိ/တစ်သိန်းကျပ်
    ကိုထက် ( ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး မန္တလေး)မှ အိုးခွက်ပန်းကန်များ
    ကိုဇော်နိုင် (စစ်ကိုင်းမြို့) ၅၀၀၀ိ/ ငါးထောင်ကျပ်
    တစ်နှစ်စာဆွမ်းအလှူရှင်များ
    ဂျပန်မှ အလှူရှင်များ............
    ၁.Dr.Nyan + ဒေါ်ဝါ၀ါခိုင်မင်း ၊ သမီးလေးမေမြတ်နိုးခိုင် မိသားစု ( ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀
    ၂.ကိုလှအောင်+မထားထားမြင့် ၊ သား-ကျော်စိုးဟန် ၊ သမီးလေး ငုသဒ္ဒါသွင် မိသားစု (ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀(transfered)
    ၃.စံ + နုနု ( ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀
    ၄.စံ + နုနု၂(ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀
    ၅.ဒေါ်ယဉ်ယဉ်မိသားစု (လယ်ဝေးမြို့) (စာဖတ်သူ-ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀
    ၆.မရတနာခင်လတ် ( စာဖတ်သူ-ဂျပန်) မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀(transfered)
    ၇.မနန်းခမ်းမိုင် (စာဖတ်သူ- ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀ (transfered)
    ၈.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)တို့မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း၆၀၀၀
    ၉.ချစ်ခြင်းခြေရာအလှတရားတို့မှ တစ်နှစ်စာဆွမ်းအလှူငွေ ၆၀၀၀၀ ကျပ်
    ၁၀.၀သန်မိုး (ဂျပန်)မှ တစ်နှစ်စာဆွမ်းအလှူငွေ ယန်း ၆၀၀၀
    ၁၁.ကိုသက်နိုင် ၊ မနုနုခိုင် (လသာည)၊ သမီး ဇူးမိုမိုနိုင်၊လသာညမိသားစု (ဂျပန်)မှ ၂၁.၇.၂၀၀၉ မွေးနေ့အလှူ ၊တစ်နှစ်စာ ဆွမ်းအလှူငွေ ယန်း ၆၀၀၀(transfered)
    စင်္ကာပူ မှ အလှူရှင်များ............
    Ps.စင်္ကာပူမှ အလှူရှင်များရှင့်.. အလှူငွေလွှဲပြီးပါက julydream0707@gmail.com သို့ မပျက်မကွက်အကြောင်းကြားစာမေးလ်ပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်....
    ၁.မခင်သန္တာထွေး (စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00) (transfered)
    ၂.ကိုကိုချစ် + မီးမီးချစ် (စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေစင်္ကာပူဒေါ်လာ၈၀(S$80.00)
    ၃.မသန်းသန်းမြင့် (စင်္ကာပူ)မှ မိဘများဖြစ်သူ ဦးစိန်ထိုက် + ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ တစ်နှစ်စာဆွမ်း အလှူငွေ စင်္ကာပူဒေါ်လာ ၈၀((S$80.00) (transfered)
    ၄.ဖိုးသား+ မဖြူ (စာဖတ်သူ-စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀(S$ 80.00)
    ၅.မောင်ယာမိုးလွင်(စာဖတ်သူ-စင်္ကာပူ)+မခင်လဲ့ရည်(စာဖတ်သူ-ဂျပန်)တို့မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀(S$80.00)
    ၆.ပိုးပိုး(စင်္ကာပူ)မှ (ဖေဖေ ဦးတင်ဦး + မေမေ ဒေါ်လှမြင့်သန်း)တို့ ကို ဦးထိပ်ပန်ဆင်ပြီး တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀ ( S$80.00)(transfered)
    ၇.မောင်ဇော်ဝင်း(စင်္ကာပူ)မှမိဘများဖြစ်သူ ဦးသန်းဝင်း +ဒေါ်သန်းနွဲ့တို့ကိုဦးထိပ်ပန်ဆင်၍ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀(S$ 80.00)
    ၈.ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်၉ယောက်အားရည်စူး၍ မထက်စုနှင်းဆီ(စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၉၀(S$ 90.00) (transfered)
    ၉.ညီမလေးဝေလေး(စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀ (S$ 80.00)
    ၁၀.ကိုညီဝင်းလွင်+နွေးနွေးသဲမွန်(စင်္ကာပူ)မှတစ်နှစ်စာဆွမ်းအလှူငွေ စကာင်္ပူဒေါ်လာ၈၀(S$80.00)
    ၁၁.ရဲ+ဆု (စာဖတ်သူ-စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀ (S$80.00) (transfered)
    ၁၂.သန္တာဝင်း (စာဖတ်သူ-စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00) (transfered)
    ၁၃.ကိုပြေအေး(နယ်သာလန်) ၊ ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00) (transfered)
    ၁၄.ကိုပြေအေး(နယ်သာလန်)၊ဒေါ်သန်းသန်းဝင်း နဲ့ သား-စစ်မင်းဦး (စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00) (transfered)
    ၁၅.ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်း ( စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00)၁၆.ဒေါက်တာလင်းထက်အောင်(ရုရှား)+ဒေါ်အေးအိအိမော် တို့မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00)
    ၁၇.နွေးနေခြည် (စင်္ကာပူ)မှ ၆လစာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၄၀(S$40.00) (transfered)
    ၁၈.ပုလုကွေး (စင်္ကာပူ)မှ ၆ လစာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၄၀(S$40.00)
    ၁၉.စိုင်းရှင်ရဲထွတ် (စင်္ကာပူ)မှ ၆ လစာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၄၀(S$40.00)
    ၂၀.REENOEMANN (စင်္ကာပူ)မှ ၃လစာဆွမ်းအလှူအတွက် စင်္ကာပူဒေါ်လာ ၂၀(S$20.00)
    ၂၁.ကိုမျိုးမင်းဦး(စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ၈၀(S$80.00) (transfered)
    ၂၂.မအေးဇာနွယ်(စာဖတ်သူ-စင်္ကာပူ)မှ တစ်နှစ်စာဆွမ်းအလှူငွေ စင်္ကာပူဒေါ်လာ ၈၀(S$80.00)
    အမေရိကန် နှင့် ကနေဒါမှ ဆွမ်းအလှူရှင်များ.....
    ၁.ဘလော့ဂါရန်အောင် နဲ့ မိသားစု (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (transfered)
    ၂.မနှင်းပွင့်သစ္စာလှိုင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) ၊ န၀ကမ္မအလှူငွေ (US$40.00) (transfered)
    ၃.ကိုမြင့်သူ+မမွှေးမွှေးကြူ ၊ သမီးဇင်မွန်ထက် (ကနေဒါ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (transfered)
    ၄.ဦးကြံအောင် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (transfered)
    ၅.ဒေါ်ရီရီစိန် (ယူအက်စ်အေ)မှ တစ်နှစ်စာဆွမ်းအလှူငွေ အမေရိကန်ဒေါ်လာ ၆၀(US$60.00) (transfered)
    တိုင်ဝမ်မှ ဆွမ်းအလှူရှင်........
    ၁.မမေဦးခင် (တိုင်ဝမ်)တစ်နှစ်စာဆွမ်းအလှူငွေ ၆၀၀၀၀ ကျပ်
    အလှူငွေများကို ..............
    ဂျပန်နိုင်ငံ အတွက်...............................၀ါဝါခိုင်မင်း (nanwarwarmg@gmail.com)
    အမေရိကားနိုင်ငံအတွက် ..................... ကိုရန်အောင်(aungyan@gmail.com)
    စင်္ကာပူနိုင်ငံအတွက်.......... July Dream ( julydream0707@gmail.com)
    တို့ကိုဆက်သွယ်ပြီး အလှူငွေပါဝင်နိုင်ကြပါတယ်..
    လှူဒါန်းပြီးဓါတ်ပုံများကို p့hoto ထဲတွင်ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ကင်မရာ အခက်အခဲ
    ကင်မရာ၏ ရက်စွဲ များ ချိန်ရန် ခက်ခဲမှု ကင်မရာမှ setting ချိန်၍မရမှုတို့ကြောင့်ရက်စွဲများမပြု
    ပြင်နိုင်သေးသည်ကိုနားလည်ပေးစေလိုပါတယ်..
    Read more...
    တူသောအကျိုးပေးမည်... (ဦးသုမင်္ဂလ) vcd
    ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...
    နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...
    တူသောအကျိုးပေးမည်... (ဦးသုမင်္ဂလ) vcd
    video
    Read more...
    မပြစ်မှားထိုက်သူကို ပြစ်မှားရင်
    ကလေးတို့ရေ-လောကကြီးမှာ မပြစ်မှားထိုက်သူတွေကို ပြစ်မှားရင် ခံစားရမယ့် ပြစ်ဒဏ်တွေ ရှိပါတယ်။ ရှောင်ရှားဖိုပအတွက် ဗဟုသုတဖြစ်စေရန် ဖော်ပြပေးလိုက်ပါတယ်။
    မပြစ်မှားထိုက်သူကို ပြစ်မှားရင်
    ၁။ ခေါင်းကိုက်ရောဂါ စတဲ့ ပြင်းထန်တဲ့ဝေဒနာကို ခံစားရတယ်။
    ၂။ ခဲခဲယဉ်းယဉ်း ရထားတဲ့ ဥစ္စာတွေ ဆုံးရှုံးတယ်။
    ၃။ လက်ပြတ်ခြင်း-စတဲ့ ခန္ဓာကိုယ် ပျက်စီးမှု ရှိတယ်။
    ၄။ ကိုယ်တခြမ်းသေခြင်း စတဲ့ ကြီးကျယ်တဲ့ ရောဂါ ဖြစ်တယ်။
    ၅။ ရူးတယ်။
    ၆။ မင်းဒဏ်သင့်တယ်။
    ၇။ မဟုတ်မတရား စွပ်စွဲခံရတယ်။
    ၈။ အားကိုးရတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးမယ်။
    ၉။ စပါးတွေက ပုပ်၊ ရေအတွေက မီးကျီးခဲ၊ ပုလဲက ၀ါစေ့၊ ငွေက အိုးခြမ်းကွဲ ဖြစ်သွားတတ်တယ်။
    ၁၀။ အိမ်ကို မိုးကြိုးမီးနဲ့ ရိုးရိုးမီး လောင်တတ်တယ်။
    ၁၁။ သေရင်တော့ ငရဲရောက်တယ်။
    Read more...
    ကြောက်... ကြောက်...
    ပါပဘိက္ခုသုတ် - (ပါပ= မကောင်းသော၊ ယုတ်သော၊ သူယုတ်မာ)
    ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်းပြိတ္တာကို မြင်ရ၏၊ ထိုရဟန်းပြိတ္တာ၏ ဒုကုဋ်, သပိတ်, ခါးပန်းကြိုး, ကိုယ်တို့သည် ပြောင်ပြောင် တောက်လောင်ကုန်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ အလျှံထ၏၊ ထိုရဟန်းပြိတ္တာသည် နာကျင်သော အသံကို ပြု၏။
    ငါ့သျှင် ထိုငါ့အား ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာ ဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အလျှံထ၍ မီးလောင်နေသူဟု ရှိရတုံဘိ၏ ဟု အကြံ ဖြစ်ခဲ့ပါသည် ဟု ပြောဆို၏။
    ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
    ''ရဟန်းတို့ တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ် အမြင်ရှိသည် ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝကစင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။
    ရဟန်းတို့ ရှေးကပင် ထိုသတ္တဝါကို ငါ မြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏။
    ရဟန်းတို့ ဤရဟန်းသည်...
    ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းယုတ် ဖြစ်ခဲ့ဖူးပြီ။ 218
    ၇ - ပါပဘိက္ခုသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။
    Read more...
    ဘ၀ရဲ့အမှတ်တရတွေထဲကတစ်နေ့
    ကျွန်တော်တို့ဗုဒ္ဓဘာသာယဉ်ကျေးမှုအရဆရာသမားရဲ့ဂုဏ်ကျေးဇူးဟာရေတွက်မရအောင်အ
    နှိုင်းမဲ့များပြားလှပါတယ်။ဒါကြောင့်အနန္တောအနန္တဂိုဏ်းထဲမှာတောင်ထည့်သွင်းထားရခြင်းဖြစ်
    ပါတယ်။အဲဒီလိုအနန္တောအနန္တဂိုဏ်းဝင်ဆရာဖြစ်ဖို့အတွက်ဆရာကျင့်ဝတ်ငါးပါးကိုမြတ်စွာဘု
    ရားရှင်ဟောကြားခဲ့သလိုတပည့်တို့အနေဖြင့်လည်းလိုက်နာရမည့်ကျင့်ဝတ်ငါးပါးကိုလည်းယ
    ခုလိုဟောကြားခဲ့ပါတယ်။
    ဒီပုံလေးကတော့ကျွန်တော်သူငယ်ချင်းသုခရိပ်ကကျွန်တော်ကိုပေးတဲ့လက်ဆောင်လေးပါ။
    ဆရာ ဆိုတာအမှောင်မှာအလင်းရဖို့အတွက်ဖယောင်းတိုင်လေးလိုအလင်းရောင်ပေးပြီးကိုယ်စိုက်
    ပျိုးထားတဲ့ပန်းလေးတွေထာဝရပွင့်လန်းဝေဆာနေအောင်ပြုစုပျိုးထောင်ယုယပေးတဲ့ဥယျာဉ်မှုးတစ်
    ယောက်ပါ။ “တပည့်မရှားတစ်ပြားမရှိပီတိကိုစားအားရှိ” ဆိုတဲ့ ဆရာ တို့အတွက်ဆောင်ပုဒ်လေး
    တောင်ရှိပါသေးတယ်။
    ယခုလိုကျွန်တော်ဒီလိုအခြေအနေရောက်အောင်ပြုစုပျိုးထောင်ပေးသောမိခင်၊ဖခင်တို့အားဦးထိပ်
    ထား၍ဆရာကျင့်ဝတ်နဲ့ကိုက်ညီပြည့်စုံတဲ့သင်ဆရာ၊မြင်ဆရာ၊ကြားစရာများအားလုံးကိုလည်းကျွန်
    တော်ရဲ့အမှတ်တရနေ့လေး(၂၃.၀၇.၀၉)မှာထိခြင်းငါးဖြာနှင့်ရှိခိုးဦးညွတ်လျှက်ဒီပို့စ်လေးနဲ့အတူကန်
    တော့လိုက်ပါတယ်။ကျွန်တော်အတွက်အမှတ်တရလက်ဆောင်ပေးခဲ့တဲ့သူငယ်ချင်းသုခရိပ်နဲ့ကျွန်
    တော်မြန်မာမှာပညာသင်စဉ်ကအားပေးကူညီခဲ့သောချစ်သူငယ်ချင်းတို့ကိုလည်းအထူးကျေးဇူးတင်
    ပါတယ်။
    Read more...
    ပင့်ဖိတ်ဆွမ်းအား ငြင်းပယ်ခွင့်/ရှိ-မရှိ
    အရှင်ဘုရား.......
    ရဟန်းသံဃာတော်များတွင် လူများပင့်ဖိတ်ဆက်ကပ်သော ဆွမ်းကွမ်းခဲဘွယ်များကို ငြင်းပါယ်နိုင်ခွင့် ရှိမရှိ သိလိုပါသည် ဘုရား။
    ဥပမာအားဖြင့် နိုင်ငံရေးအဖွဲ့ အစည်းများက ပင့်ဖိတ်ခြင်းမျိုး။
    မှတ်ချက်။ ။ ပြည်ပက ရဟန်းသံဃာများကိုသာ ရည်ရွယ်ပြီး မေးသော မေးခွန်း ဖြစ်ပါသည် အရှင်ဘုရား။
    မောင်မိုး
    လော့စ်အိန်ဂျယ်လိ
    အဖြေ။ ။ လူအများ ဆက်ကပ်တဲ့ အထူးသဖြင့်(နိုင်ငံရေးအဖွဲ့အစည်းများကပင့်တဲ့)ဆွမ်းကို ရဟန်းများဟာ ငြင်းပယ်ခွင့်ရှိ/မရှိ ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင်.....
    အပျိုကြီးအိမ်၊ ပြည့်တန်ဆာ၊ တစ်လင်ကွာ၊ မုဆိုးမ၊ ပဏ္ဍုပ်၊ ဘိက္ခုနီ များ ဖြစ်တယ်။ ထိုပုဂ္ဂိုလ်များရှိတဲ့နေရာကို ရဟန်းတော်များ မသွားသင့်ဘူး၊ အထူးသဖြင့် ဆွမ်းအလှူမခံသင့်ဘူးလို့ ပြောထားပါတယ်။ ထိုပုဂ္ဂိုလ်ခြောက်မျိုးကလွဲပြီး တစ်ခြားနေရာဌာန ပုဂ္ဂိုလ်များဆီမှာ ဆွမ်းအလှူခံသင့်/ သွားလာသင့်တယ်လို့ ယူရပါမယ့်။ ဒါကြောင့် ရဟန်းများဟာ ဆိုခဲ့ပြီးတဲ့ သူတွေကို ကြဉ်ထားပြီး တစ်ခြားသူများ တစ်ခြားအဖွဲ့အစည်းများ၊ တခြားမည်သည့်နိုင်ငံရေးအဖွဲ့အစည်းမဆို ပင့် ဖိတ်လာရင် အကြောင်းမဲ့ မငြင်းပယ်သင့်ပါဘူး။ အကြောင်းမဲ့ဆိုတာက....
    ရဟန်းတော်မှာ ပထမပင့်ဖိတ်ထားပြီးရှိပါက ထိုပထမ ဖိတ်ထားတဲ့ ဆွမ်းကို ၀ိကပ္ပနာမပြုဘဲ ဒုတိယလာပင့်တဲ့သူရဲ့ ဆွမ်းကို လက်ခံပြီး ဘုဉ်းပေးမိ ပါက ပါစိတ်အာပတ်သင့်ပါတယ်။ သို့သော်လည်း ပထမပင့်တဲ့ဆွမ်းကို ၀ိကပ္ပနာပြုထားပြီးပြီဆိုပါက ဒုတိယလာပင့်တဲ့သူရဲ့ ဆွမ်းကို လက်ခံကောင်းပါတယ် လို့ သုဒ္ဓပါစိတ်၊ ပရမ္ပရ ဘောဇနသိက္ခာပုဒ်မှာ ဟောတော်မူထားပါတယ်။
    အချူပ်ဆိုရရင် အလှူဒါယကာများအနက် ဆိုခဲ့ပြီးတဲ့ ပုဂ္ဂိုလ်များရှိရာ နေရာများကို ကြဉ်ပြီး ကျန်တာတွေကို ၀ိနည်းလမ်းကြောင်းအရ အကြောင်းမညီညွတ်ပါက လက်မခံသင့်ပါ၊ အကြောင်းညီညွတ်တယ်ဆိုပါက လက်ခံသင့်ပါကြောင်း အဖြေပေးလိုက်ပါတယ်။
    Read more...
    4 day Retreat at Ariyasom
    From Monday August 3rd to Thursday August 6th Ariyasom Villa will be hosting a meditation retreat/workshop with Thai Bhikkhu Ajahn Wimoak. Note that Littlebang regulars, due to special sponsorship, will not pay the full amount listed below. connect via the CONTACT page for more information. Language will be a mixture of English and Thai.
    Meditation Master is Ven. Metino Bhikhu (Vimokkha) – a Thai Therawada Monk. He is a kind hearted, experienced, enthusiastic meditation master specializing in mind development. Ajarn Vimokkha has practiced meditation with various masters and in various techniques. he is able to instruct most levels of meditators with or without experience.
    The cost for an individual room + meals is Bt 9,000. On a sharing basis the cost is Bt 6,000 per person. This special rate is offered or meditation only.
    Please contact us on info@ariyasom.com or pariya@ariyasom.com for details. We require a 10% deposit 3 days prior to the 03.08.09
    We look forward to welcoming you to Ariyasomvilla.
    Hotel near Bumrungrad
    Boutique Hotel Bangkok
    See our website at www.ariyasom.com
    The Schedule is listed as below, but note that during each day things will be ‘flexible’ in the Thai Style.
    Monday 3rd August
    14.00 Arrive and register
    15.00 Introduction to the course
    Tue 4th & Weds 5th
    Tuesday 4th and Wednesday 5th
    07.30 Breakfast
    09.00 Mindfulness practice with instruction
    09.50 Break
    10.00 Mindfulness practice with instruction
    10.50 Break
    11.00 Question and answer
    11.30 Lunch
    13.00 Meditation session
    14.30 Break
    15.00 Meditation session
    16.30 Break
    17.00 Interview with the teacher
    19.00 Light Supper
    20.00 Meditation session
    21.30 Rest
    Thursday 6th
    07.30 Breakfast
    09.00 Mindfulness practice with instruction
    09.50 Break
    10.00 Mindfulness practice with instruction
    10.50 Break
    11.00 Question and answer
    11.30 Lunch
    13.00 Meditation session
    14.30 Break
    15:00 Extending meritorious deeds and loving kindness.
    Read more...
    မောင့်မှာ ရဟန်းဖြစ်သောကြောင့်
    သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနှင့် မာတုဂါမတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး အရှင်အာနန္ဒာက ဘုရားရှင်အားလျောက်ထားလို့ ဗုဒ္ဓမြတ်စွာက ပြန်လည် မိန့်ကြားခဲ့တဲ့ စကားတော် ဖြစ်ပါတယ်။
    အာနန္ဒပုစ္တကထာ-
    “ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမာ”တိ။“ အဒဿနံ အာနန္ဒာ”တိ။ “အဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “အနာလောပေါ အာနန္ဒာ”တိ။ “အာလပန္တေ ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “သတိ အာနန္ဒေ ဥပဋ္ဌာပေတဗ္ဗာ”တိ။ (မဟာပရိနိဗ္ဗာနသုတ္တ)
    (အရှင်အာနန္ဒအမေး=မြတ်စွာဘုရား အမျိုးသမီးများနှင့် ပတ်သက်၍ ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဘုရား?
    ဘုရားရှင်အဖြေ= မတွေ့အောင်နေ အာနန္ဒာ။
    အရှင်အာနန္ဒအမေး= တကယ်လို့ မဖြစ်မနေ တွေ့ရရင်ကောဘုရား?
    ဘုရားရှင်အဖြေ= မဖြစ်မနေတွေ့ရရင်တောင် မလိုလားအပ်တဲ့ စကားတွေ မပြောပါနဲ့။
    အရှင်အာနန္ဒာအမေး= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင်ကောဘုရား?
    ဘုရားရှင်အဖြေ= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင် အမေအရွယ်ကို အမေလိုသဘောထား၊ အမအရွယ်ကို အမလို သဘောထား၊ ညီမအရွယ်ကို ညီမလို သဘောထားပြီး လိုအပ်တာကိုသာ ပြောဆို ဆက်ဆံပါ အာနန္ဒာ။)
    ဒါကတော့ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူခါနီး အရှင်အာနန္ဒာမေးလျှောက်လို့ ဘုရားရှင်မိန့်ကြားခဲ့တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအတွက် အမျိုးသမီးများအပေါ် ပြောဆိုဆက်ဆံရေးပါ။
    အခု မေမေ့လပြည့်ဝန်းလေးတင်ပြချင်တာက ဗုဒ္ဓမြတ်စွာရဲ့ အထက်ပါ မိန့်မှာချက်ကို မလိုက်နာသဖြင့် ဆိုးကျိုးအနေနဲ့ သရုပ်ဖော်ထားတဲ့ ဘာသာရေးနှင့် ဆိုင်တဲ့ မောင့်မှာ ရဟန်းဖြစ်သောကြောင့် ဇာတ်ကားဖြစ်ပါတယ်။
    သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအတွက် အမျိုးသမီးများအပေါ် ဆက်ဆံရေးနှင့်ပတ်သက်၍ သိသင့်တဲ့ ဗဟုသုတဖြစ်ဖွယ် ဖြစ်ပါတယ်။ ဒီဇာတ်ကာလေး ရခဲ့ပုံကတော့ (၂၀၀၈)ခုနှစ်က မန္တလေးတောင်ခြေ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ ကျင်းပသော (၁၇) ကြိမ်မြောက် ရွှေကျင်အစည်းအဝေးကြီးမှာ မေမေ့လပြည့်ဝန်းလေး သီတဂူရဲ့ကွန်ပျူတာဌာန ဓမ္မလုပ်အားပေးအနေနဲ့ ပါဝင်ကုသိုလ်ယူခွင့် ရခဲ့ပါတယ်။
    အဲဒီအစည်းအဝေးပွဲကြီးမှာ မေမေ့လပြည့်ဝန်းလေးက ကွန်ပျူတာဌာနမှာဆိုတော့ စာစီစာရိုက်၊ ပရင့်ထုတ်၊ ကော်ပီကူးတာဝန်အနေနဲ့ ထမ်းဆောင်ရတာပါ။ ကြွလာတဲ့ ဆရာတော်တို့အတွက် လိုအပ်တဲ့ စာစီစာရိုက်ခြင်း၊ ပရင့်ထုတ်ပေးခြင်း၊ ကောက်ပီကူးပေးခြင်းစသည်များကို လုပ်ဆောင်ရပါတယ်။
    ဒုတိယမြောက်နေ့မှာ မေမေ့သားလေးကို အခုတင်ပြမည့် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့အတွက် မှတ်သားဖွယ် စီဒီတစ်ခွေကို ဦးဇင်းငယ်တစ်ပါးက လာကူးခိုင်းပါတယ်။ မေမေ့လပြည့်ဝန်းလေးလည်း အစကတော့ ဒီဇာတ်ကားခွေဟာ အစည်းအဝေးနှင့် မဆိုင်တော့ မလုပ်ပေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ခဏအကြာမှာ ဂေါပကဒကာကြီးတစ်ယောက်က ၀င်လာပြီး သူလည်း ဒီဇာတ်ကားကြည့်ပြီးပီတဲ့။ ဦးဇင်းတို့အတွက် တကယ်ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ၀င်ပြောတော့ မေမေ့လပြည့်ဝန်းလေးလည်း နဲနဲစိတ်ဝင်းစားလာပြီး အမြည်းစမ်းကြည့်ရင်း ညီတော်နောင်တော်တွေအတွက်လည်း တကယ်ကြည့်သင့်တဲ့ ဇာတ်ကားပဲဆိုပြီး မေမေ့လပြည့်ဝန်းလေး ကွန်ပျူတာထဲ ကော်ပီကူးထည့်ခဲ့ပါတယ်။
    နောက် အစည်းအဝေးလည်းပြီးတော့ တက္ကသိုလ်ကို ပြန်ရောက်တယ်ဆိုပါတော့။ အဲဒီမှာ နီးစပ်ရာ ညီတော်နောင်တော်တွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ရှုရအောင် ဝေငှခဲ့ပါတယ်။
    အခု မေမေ့လပြည့်ဝန်းလေး အိန္ဒိယကို ပြန်ရောက်တော့ မေမေ့လပြည့်ဝန်းလေး ဘလော့ဂ်မှာ တင်ပြရရင်ကောင်း/မကောင်း စဉ်းစားနေတာ ကြာပါဘီ။ ဒါပေမယ့် အခုတော့ တိုက်ဆိုက်မှုဇာတ်လမ်းကလည်းပေါ်လာတော့ တင်ပြသင့်တယ်လို့ ယူဆပြီး ၀က်ဘ်ဆိုက်တစ်ခုမှာ uploadလုပ်ကာ တင်ပေးလိုက်ပါတယ်။ သာသနာ့ဝန်ထမ်း ညီတော်နောင်တော် အချင်းချင်း “ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ လုပ်တာတော့ မဟုတ်ပါဘူး”။ သိသင့်တာကို ရှယ်ယာလုပ်လိုတဲ့ စေတနာသက်သက်မျှသာပါ။
    အင်း..တိုက်ဆိုင်မှုဇာတ်လမ်းလေးကိုလည်း ဖတ်ရှုချင်တယ်ဆိုရင် ပုံပေါ်ကို ကလစ်ပြီး ဖတ်ရှုနိုင်ပါတယ်။ weekly Elevenဂျာနယ်မှာ ပါခဲ့တဲ့ သတင်းပါ။
    အဲဒီတော့ ဗဟုသုတအဖြစ်မောင့်မှာ ရဟန်းဖြစ်သောကြောင့်ဇာတ်ကားကို ကြည့်ရှုလိုက အောက်ကပုံလေးပေါ်ကို ကလစ်ပြီး အားပေးနိုင်ပါတယ်။ Player-အောက်မှာ Zoom (320)ထားပြီး ကြည့်ရင်တော့ အဆင်ပြေပါတယ်။ တကယ်လို့ တိုက်ရိုက်ကြည့်မရရင် ဒေါင်းလော့ဒ် လုပ်ပြီး ကြည့်နိုင်ပါတယ်လို့ အသိပေးပါရစေ။
    အဲဒီတော့ ဒီဇာတ်ကားလေးကြည့်ပြီးရင်
    ပျိုမျစ်နုနယ်၊ လှမျိုးသွယ်ကို၊
    ချစ်လျှက်သာ ခွဲရပါသည်။
    ကမ္မ၀ါထမ်း ရွှေစာကျမ်းနှင့်၊
    မောင့်မှာ ရဟန်းဖြစ်သောကြောင့်ပါလို့ ပြောမလား?
    မောင်မှာ မနေနိုင်လို့ပါလို့ ပြောမလား?
    ကြည့်ရှုပြီး အသိပညာဗဟုသတကြွယ်ဝကာ လူနောက် အသိလိုက်နိုင်ကြပါစေ...
    မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP