ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Sunday, July 19, 2009
၁၉ ဇူလိုင်လ ၂၀၀၉
William Ernest Henley ၏ Invictus(1875) ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဘာသာပြန်သည်။
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ်၊ မငိုကြွေး။
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏၊ ညွတ်ကားမညွတ်။
ဤလောဘဒေါသတို့ ကြီးစိုးရာဋ္ဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကားဂရုမပြု၊
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏အကြီးအကဲဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်းဘာသာပြန်သည်။
Read more...
*သာသည့်မြေသို့ (သို့) ကျွန်တော်တွေးကြည့် စဉ်းစားမိသည်*
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ သူ့ခြံမှာ။
ငါ့ခြံ ကြည့်ပြန်တော့
မချိ ပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခေယှက်
အားပျက်စရာ။
သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်း ရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။
သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လေ
င့ါခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။
(ငွေတာရီ)
++++++++++++++++++++++++++++++++++++++
ဒီ အစ်ကို ပြောလို့သာ ကျွန်တော် သိလိုက်တာ.. ဒီကဗျာကို ဖတ်ဖတ်ချင်း ကျွန်တော် တွေးမိလိုက် တာက အဲလို မဟုတ်ဘူး..။ ကဗျာ တစ်ပုဒ်လုံးကို တရားသဘောနဲ့ ယှဉ်လိုက်မိတာ..။ ပုဂ္ဂိုလ် နှစ်ဦးကို ယှဉ်မိတယ်ပဲ ပြောကြပါစို့။ တစ်ဦးက ဒါန အဖူးအညွန့် အခက် အလက်တွေနဲ့ စုံညီ လှပနေတယ်၊ သီလပန်း ရနံ့တွေကလည်း လေစုန် အရပ်သာမက လေညာ အရပ်ထိပါ မွှေးရနံ့ သင်းပျံ့ နေတယ်ပေါ့၊ ဒါတင် မကသေး ဘာဝနာ ပွင့်လွှာ တွေကလည်း ယှက်ဖြာ ညီညာ လှပတင့်ဆန်း နေလိုက်တာ… မီးခိုးမဆုံး မိုးမဆုံး။
ဒီလို အဖူး အခက် ပွင့်လွှာ ရနံ့တွေ သင်းဖြာ နေတဲ့ ပုဂ္ဂိုလ်ကို ဒီလောက်မှ ဒါန အဖူးအညွန့်တွေ မဝေစီ၊ သီလ ရနံ့တွေ မသင်းပျံ့၊ ဘာဝနာ ပွင့်လွှာတွေလည်း ခက်ဖြာ လှပမှု လျော့နည်းနေတဲ့ ပုဂ္ဂိုလ် တစ်ဦးက တွေ့မြင်မိပြီး အားကျ နေတယ်ပေါ့လေ.. အဲလိုလေး တွေးမိလိုက်တယ်..။ အားကျရုံပင် မဟုတ်၊ ဒီပုဂ္ဂိုလ်လိုပဲ ဖြစ်ချင်စိတ်တွေ၊ ဒါန၊ သီလ၊ ဘာဝနာ ဝေဖြာ ပွင့်လန်း ချင်စိတ်တွေ ဒီလူ့သန္တာန်မှာ ဖြစ်ပေါ် လာတယ်ပေါ့။
ဒါပေမယ့်လည်း နောက်ဆုံး ဒီလူ စဉ်းစားမိလိုက် တာက.. အော် ငါလည်း သူများ အားကျနေရုံနဲ့ မတော်ပေဘူး၊ သူ့ရဲ့ စိတ်ဥယျာဉ် ခြံကြီးထဲမှာ ဒါန၊ သီလ၊ ဘာဝနာ ပွင့်လွှာ ပန်းရုံတွေ ဖြူဖြူပြာပြာ ပွင့်နေလို့ရှိရင် ငါ့စိတ် ဥယျာဉ်မှာလည်း ဒီပုဂ္ဂိုလ်လိုပဲ ဒါန၊ သီလ၊ ဘာဝနာ အဖူးအညွန့် နီနီဝါ၀ါတွေနဲ့ တင့်အောင် လုပ်မယ်ဆိုတဲ့ စိတ်အားတွေ တက်ကြွလာတယ်..။ အဲ.. အဲဒီမှာလည်း ဒီလူ ထပ်တွေး မိတာက သူ့လို ဖြစ်ချင်ရင်တော့ ဒီအတိုင်း ငြိမ်ထိုင်နေလို့တော့ မဖြစ်ချေဘူး၊ ဒါန၊ သီလ၊ ဘာဝနာ ပန်းတွေ လှိုင်လှိုင် ပွင့်ချင်ရင် ဒီ ဒါန၊ သီလ၊ ဘာဝနာ ပန်းတွေ လန်းလန်း ဆန်းဆန်း ဖူးပွင့်စေမှုကို ဟန့်တားနေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ပေါင်းပင် ခပ်ကြမ်းကြမ်း တွေကို နှေးနှေးကွေးကွေး လေးကန်မနေဘဲ ၀ီရိယလေး အားစိုက်လို့ မြန်မြန်ဆန်ဆန် နုတ်သင် ရှင်းလင်း ဖယ်ရှားရမယ် ဆိုတဲ့ အတွေး ဒီလူ့စိတ်ထဲမှာ တွေးတော ပေါ်ပေါက် လာတယ်ပေါ့.. ကျွန်တော် အဲလိုလေး တွေးတော ဆင်ခြင် မိလိုက်ပါတယ်…။
အော်… ခုတလော ဘာပဲမြင်မြင်၊ ဘာပဲဖတ်ဖတ် တရားနဲ့ ယှဉ်နေမိပြန် တော့လည်း အခက်သား..။ ဒီလို တွေးတော ဆင်ခြင်ဉာဏ် တွေကို ထွန်းတောက် စေတဲ့ မဟာကရုဏာရှင် မြတ်စွာ ဘုရားရှင်နဲ့ တကွ တရားတော်တွေရဲ့ ဂုဏ်ကျေးဇူး၊ နောက် ဒီတရားတော် တွေကို ဟောပြောညွှန်ကြား လမ်းပြပေးကြတဲ့ ဆရာတော် သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူး ဒါတွေကိုလည်း မျှော်မှန်းတမ်းတ ကြည်ညို ဦးခိုက်မိပါရဲ့…။
စာရှုသူတို့ကိုလည်း ကိုယ့်စိတ်ခြံမြေ ဥယျာဉ်မှာ ဒါန၊ သီလ၊ ဘာဝနာ ပန်းပွင့် ပန်းခက် ပွင့်ရွက်တွေ ဖြူဖြူပြာပြာ နီနီဝါ၀ါ လှလှပပ ကြွကြွရွရွ ပွင့်လန်းအောင် ကြိုးစားနိုင် ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း…။
လေးစားစွာဖြင့်
ဖိုးသား
7/19/2009, SUN:, 12:22:11 AM
Read more...