* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, July 18, 2009

ဈာနပစ္စည်း


027-ZaNa.mp3 -


Read more...

အကြောင်း သုံးမျိုးတို့ဖြင့်...


သီလဝန္တသုတ် - (သီလရှိသောသူ)

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်း သုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
နှုတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
စိတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း တို့တည်း။

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကို လည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏ ဟု မိန့်တော်မူ၏။ 46

၆ - သီလဝန္တသုတ်၊ စူဠ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

Gay Marriage: What Would Buddha Do?

by James Shaheen, The Huffington Post, July 13, 2009


San Francisco, USA -- A lot of people ask me what the "Buddhist take" on gay marriage is. Well, it depends on who you talk to. A few years back, in an interview with the CBC, the Dalai Lama rejected same-sex relationships to the surprise of many convert Buddhists, who sometimes too easily assume that Buddhist ethics are consistent with their typically progressive views.

As the Canadian interview bounced around the internet, some people were shocked and perplexed, but the Dalai Lama's position shouldn't have come as a surprise to anyone who has followed the issue. After all, he has been consistent. At a conference some 12 years ago, when gay leaders met with him in San Francisco to discuss the Tibetan Buddhist proscriptions against gay sex, he reiterated the traditional view that gay sex was "sexual misconduct."

This view was based on restrictions found in Tibetan texts that he could not and would not change. He did, however, advise gay Buddhist leaders to investigate further, discuss the issue, and suggested that change might come through some sort of theological consensus. But at a time when same-sex marriage has taken front-stage center in American politics, the Dalai Lama's more recent statements come as unwelcome news to proponents of civil rights.

Does this mean Buddhism condemns same-sex relationships? Not at all. Contrary to popular perception, the Dalai Lama does not speak for all Buddhists. As the leader of the dominant Gelug sect of Tibetan Buddhism, he speaks for one slice of the world's Buddhist population. The vast majority of Buddhists do not practice in his tradition -- however much they respect and admire him -- and the Tibetan texts the Dalai Lama refers to were written centuries after the Buddha had come and gone.

Buddhism is perhaps even more diverse than Christianity. In fact, the differences among schools can be so vast that some scholars consider them different religions. Indeed, according to Thanissaro Bhikkhu, abbot of the Metta Forest Monastery in southern California, the Buddha never forbade gay sex for lay people as far as we know. "When he drew the line between licit and illicit sex, it had nothing to do with sexual tastes or preferences," he says, citing early texts. "He seemed more concerned with not violating the legitimate claims that other people might have on your sexual partner."

The Buddhist monastic code, which contains detailed -- and sometimes ludicrous -- guidelines (think Leviticus), applies only to monks, leaving the rest open to debate.
Western dharma communities are known for their tolerance, and the Dalai Lama himself has openly gay students. It's rare to hear of anyone being drummed out of a Western Buddhist community for being gay, and in most Buddhist traditions practiced in the West--including the Tibetan communities--sexuality is rarely if ever an issue. Nonetheless, in the current political climate, hearing the world's most famous Buddhist declare homosexuality to be "sexual misconduct" can't help but lead people to believe that the Buddha's teachings proscribe same-sex relationships. They don't, any more than they promote them.

Friends of mine have argued that the Dalai Lama doesn't really look askance same-sex relationships, that he has no choice but to uphold his tradition's dictates; and that maybe the Dalai Lama is just stuck with the old texts' proscriptions in the same way that a Catholic, say, must deal with Thomas Aquinas. Of course, we can't know and must take his public statements at face value. In his case, though, our expectations tend to be different than they might be for the local minister, priest or orthodox rabbi. And so many of us who have benefited greatly from his teachings are apt to feel disappointed.

Source: http://www.huffingtonpost.com/james-shaheen/gay-marriage-what-would-b_b_230855.html

Read more...

*အတွေးတို့ စေစားရာ-၃*


မင်္ဂလာပါ ဓမ္မမောင်နှမတို့…။ ကျွန်တော် ဖတ်မိ၊ တွေးမိ၊ ရေးမိတဲ့ စာ အတိုအထွာလေးတွေပါ။ တစ်ကြောင်းချင်းက စာ တစ်လုံးချင်းကို တစိမ့်စိမ့်ဖတ်ပြီး အနှစ်သာရများ ရရှိခံစား အသုံးချတတ် ကြပါစေ။

+++++++++++++++++++++++++++++++++++++++++++++++++

1. "ဂင်္ဂါသဲမျှ၊ ပွင့်မှုများသား၊ ဗုဒ္ဓဝေနေ၊ များသင်္ချေတို့၊ သင်္ချေတန်ခိုး၊ ဘုန်းတော်မိုးလျက်၊ စိုးမိုးအာဏာ၊ စီမံပါလည်း၊ ဘယ်ခါမနိုင်၊ ခွင့်မပိုင်ဘူး။" (12.07.2009, SUN) 02.33 PM

2. "ဒုက္ခခြောက်ပါး... (ဦးသုမင်္ဂလ) vcd" http://lknt115.blogspot.com/2009/07/vcd_11.html (12.07.2009) 02.43 PM

3. “လောကကြီး ပျက်နေပြီတဲ့၊ ရမ်းမပြောနဲ့.. ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး။” (12.07.2009) 02.44 PM

4. "မရခင်တော့ လက်ကလေးက တအားနူးညံ့ဆိုပဲ၊ ရလည်းရရော အဲဒီလက်က remote control ဖြစ်သွားသတဲ့" (12.07.2009) 02.52 PM

5. "ခါတလေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ ရပ်တန်းကရပ်မယ်ကြံ၊ တကယ်ကော ဖြစ်နိုင်ပါ့မလား။" (12.07.2009) 02.52 PM

6. "ကိုကိုက တစ်ချိန်ကျရင် ကျော်ကြားသူတစ်ဦးဖြစ်လာမှာ"

"ကိုကို အစက်ဆုပ်ဆုံးအရာပဲ ညီညီ"

"ကျော်ကြားမှုဟာ စက်ဆုပ်စရာလား ကိုကို"

"ကျော်ကြားမှုကို စက်ဆုပ်မှသာ စက်ဆုပ်စရာလူ မဖြစ်မှာ" (12.07.2009) 03.56 PM

7. "အညှာကကိုင်ရင် တစ်ခိုင်လုံးပါလာမယ်။" (12.07.2009) 08.41 PM

8. "ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်၊ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။" (13.07.2009, MON) 01.22 AM

9. "စစ်ကြီးပြီးဆုံးတော့မည် ဟူသောအသိဖြင့် သူတို့ တိုက်ပွဲဝင်ခဲ့ကြသည်၊ သို့သော်..စစ်ကြီးကား မပြီးဆုံးသေး၊ သူတို့ဘ၀သာ ပြီးဆုံးသွားကြသည်။" (13.07.2009) 07.11 PM

10. "ဟေ..ဘယ်သူလဲကွ အမှန်တရားလား.. တံခါးဖွင့်ထားတယ် ၀င်ခဲ့လေကွယ်" (13.07.2009) 07.14 PM

11. "ဘယ်တော့မှမငြင်းနဲ့... သေသေချာချာ နှလုံးသွင်း..." (13.07.2009) 09.20 PM

12. “နှစ်ယောက်သွားတော့ ရှင်လူ၊ နှစ်ယောက်ပေါင်းတော့” (13.07.2009) 08.05 PM

13. "နာမ်ရုပ်တရား ဤနှစ်ပါးလည်း ရှည်လျားကာလ မတည်ကြဘဲ ခဏဖြစ်လျက် ခဏပျက်၍ နှိပ်စက်ခြင်းရာ လိုမပါဘူး ဤသဘာဝ ဤသုံးပါးကြောင့် ဖြစ်ပွားသမျှ အနိစ္စသည် ဒုက္ခ အနတ္တရှိပါသည်တကား…. (13.07.2009) 10.47 PM

14. "ကဗျာကယာ၊ ကတိုက်ကရိုက်၊ ကမန်းကတန်း၊ ကပျက်ကချော်၊ အော်..တစ်ခါတစ်လေတော့ လျှပ်ပေါ်လော်လီ၊ ဘာတွေ အရေးကြီးနေကြပါလိမ့်။" (13.07.2009) 11.39 PM

15. "ချစ်တာသိပေမယ့်၊ သစ္စာရှိရာ ရှေ့လမ်းပေမို့၊ မေ့စတမ်းကွယ် တာရှည်ကြည့်၊ ပါရမီဖြည့်ကျန်ပါကွယ်၊ သံသရာနယ်က ရုန်းလို့အထွက်။" (14.07.2009, TUE) 11.26 AM

16. "ယသော်ဓရာ တစ်သက်လွမ်းစေမယ့်၊ အနော်မာ တစ်ဖက်ကမ်းကိုဖြင့်၊ (ကဏ္ဍကရယ်...) လှမ်းတော့သွက်သွက်။" (14.07.2009) 03.28 PM

17. "ဓမ္မသင်၊ ၀ိဘင်္ဂ၊ ဒွါဒဿရက်စီ၊ ၆-ရက်ကြာ ကျမ်းဓါတုက်ရယ်နဲ့၊ ပုဂ္ဂလာ ၇-ရက် ဟောမြွက်ခဲ့သည်၊ ကထာဝတ် ၈-ရက်ညီ၊ ၀ီသာပ ယမိုက်ကျမ်း၊ ပဉ္စ၀ီ ပဋ္ဌာနရယ်လို့၊ လသုံးလီ မယ်တော်မိကို ဟောသည့်မှတ်တမ်း။" (14.07.2009) 03.36 PM

18. "နေတံ မမ၊ နေသောဟ မသ္မိ၊ နမေသော အတ္တာ" (14.07.2009) 06.09 PM

19. "မသိတုန်းက ချိန်ဖြုန်းရက်ကြာ သိလျှင်ပယ်မှု ဘယ်သူ့တွက်တာ ကိုယ့်အရေးမို့ မျှော်တွေးခါခါ လူဖြစ်ရ ဘ၀တန်ဖိုးရှာ။" (14.07.2009) 09.05 PM

20. “ဒါပြီးရင် ဘာလုပ်မလဲ? … နောက်ပြီးတော့? … နောက်တော့ရော? … နောက်တော့ရော? … ဘယ်တော့ဆုံးမလဲ?” (14.07.2009) 09.13 PM

21. "ငရုတ်သီးနဲ့ ပေါင်းတော့ ဒီကြက်သွန်လည်း အထောင်းခံရပြီပေါ့" (15.07.2009, WED) 12.14 AM

22. ၀ီလျံ..အချစ်ဆိုတာ နိုင်ငံတကာ စားသုံးကုန်ပစ္စည်းပဲကွ၊ ပိုက်ဆံဆိုတာလည်း နိုင်ငံတကာကြိုက် ပစ္စည်းတစ်ခုပါပဲ မက်သယူး။ (15.07.2009, WED) 10.38 AM

23. "အကာကိုပစ် အနှစ်ကိုရှာ၊ အကာကအချစ် အနှစ်ကမေတ္တာ" (15.07.2009, WED) 10.58 AM

24. "ကာမဘုံးသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလျှက် အေးမြချမ်းသာ နေလိုပါလည်း ဣဿာမစ္ဆေ သူရှုပ်ပွေ၍ အခြေမလှ ဆင်းရဲရ၏။" (15.07.2009, WED) 07.07 PM

25. "Just a help... but it can brighten a life as dark as pitch. Just a presence... but it can enliven a situation as silent as the dead. So... why not have ago before it's too late. (15.07.2009, WED) 07.43 PM

26. "လိုင်းတူရင်မိမယ်၊ လှိုင်းတူရင်တွေ့မယ်" (15.07.2009, WED) 07.45 PM

27. "အော်...မင်းလည်း ခုချိန်ထိကို အပြေးက မရပ်သေးပါလားကွာ" (16.07.2009, THUR) 12.53 AM

28. "ကြောင်စာကျွေးရင်း ငါးရိုးမစူးစေနဲ့" (16.07.2009, THUR) 12.53 AM

29. "အလှကိုရှာ... ဘယ်မှာမှမတွေ့ တစ်နေ့အချိန်တန်တော့ ဆူညံညံငိုသံကြားတယ် ရထားရွေ့ရွေ့။" (16.07.2009, THUR) 12.25 PM

30. "နွားကျောင်းသား လုပ်မနေနဲ့လေ၊ နွားပိုင်ရှင် ဖြစ်အောင်လုပ်ရမှာ" (16.07.2009, THUR) 05.42 PM

31. "လျှောက်တဲ့သူ ရောက်မယ်" (16.07.2009, THUR) 09.30 PM

++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

7/18/2009, SAT:, 2:18:11 PM

Read more...

ခရီးသွားမှတ်တမ်း (၁၂)

ယခင်က ဘုရင့်နန်းတော်များကို သစ်နဲ့ တည်ဆောက်ကြတဲ့အတွက် ယခုအခါမှာ နန်းတော် အဆောက်အဦးများ မမြင်ရတော့တာ ဖြစ်ပါတယ်။ နန်းတော်ရဲ့ အတွင်းပိုင်းမှာတော့ သူတို့ကိုးကွယ်တဲ့ မိုးနတ်မင်း ကျောင်းတစ်ခုရှိပါတယ်၊ အဲဒါက ကျောက်နဲ့ထုလုပ်ထားတဲ့အတွက် ယခုတိုင် ထင်ရှားရှိနေဆဲ ဖြစ်တယ်။

ဒီလိုနဲ့ နန်းတော်အတွင်းဆက်လေ့လာတဲ့အခါမှာ ရေကန်ကြီးနှစ်ကန်ကို တွေ့ရပါတယ်။ ကန်ကြီးကိုလည်း ကျောက်သား များဖြင့် ပြုလုပ်ထားတာကို အံ့ဖွယ်တွေ့ရပြီး၊ ဒီရေကန်ကြီးနှစ်ခုအနက် ကြီးတဲ့ ရေကန်က မိဖုရားများ ရေချိုးတဲ့ ရေကန်ဖြစ်တယ်။ ရေကန်ရဲ့ အတွင်းနံရံများမှာ မင်းသမီးပုံများ ထွင်းထုထားတာကို တွေ့ရပါတယ်။ ဒုတိယ ရေကန်ကတော့ နန်းတော်အတွင်းက ကလေးများချိုးတဲ့ ရေကန်လို့ သိရပါတယ်။ သို့နှင့် ၁၀း၃၀နာရီခန့်တွင် အန်ကောမြို့ဟောင်းမှ ပြန်ထွက်လာကြပြီး၊ နေ့လည်စာအတွက် siemreap မြို့ထဲသို့ ကားဖြင့် ပြန်လာကြပါတယ်။ မြို့တွင်းမှ ခမာစားသောက်ဆိုင်(Khmeri Resturant) တစ်ဆိုင်မှာ ရပ်နားပါတယ်။ ထိုစဉ် ဆွမ်းအစ်မ မမြင့်မြင့်သန်းဟာ စာရေးသူတို့ နားနေတဲ့ ဆိုင်သို့ ရောက်လာကာ သူမရဲ့သူဌေးက လှူချင်လို့ပါ ဆိုပြီး၊ အဲဒီဆိုင်မှာ နေ့ဆွမ်း ကပ်ပါတယ်။ siemreap မြို့က ခမာလူမျိုးတွေ ချက်တဲ့ဟင်းဟာ ထိုင်းက ဟင်းလိုပါပဲ ၊ အချို နှင့် အစပ်များတဲ့ ဟင်းတွေပါ။

KILLING FIELDS MEMORIAL IN SIEM REAP

သည်လိုနဲ့ ဆွမ်းစားပြီးတဲ့အခါ siem reap မြို့ထဲ မှ ထင်ရှားတဲ့နေရာ တစ်ခုဖြစ်တဲ့ Killing fields Memorial ကို ရောက်ခဲ့ပါတယ်။

Killing fields memorial ရောက်တော့ အနိဋ္ဌာရုံမြင်ကွင်းတစ်ခု မြင်ခဲ့ရပါတယ်။ဲ ခမာနီစစ်တပ်ခေါင်းဆောင် “ပိုပေါ့” ဟာ သူ့ကို အန်တုပုံကန်မည်လို့ ထင်နေတဲ့တိုင်းပြည်အတွင်းက ထူးချွန်သူ ပညာတတ်သူ ခမာလူဦးရေ ၂ သန်းကျော်ကို သတ်ဖြတ်ခဲ့တယ်။ ယခုအချိန်တိုင်အောင် ပိုပေါ့ ရက်စက်ခဲ့တဲ့ မြင်ကွင်းများကို ဓါတ်ပုံမှတ်တမ်းများအရ မြင်ခဲ့ရုံမက အသတ်ခံခဲ့ရတဲ့ ခမာတို့ရဲ့ အရိုးစုများစွာကိုလည်း မြင်ခဲ့ရတယ်။ ထိုပြသထားတဲ့နေရာကို killing fields memorial လို့ ခေါ်ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။

သို့နှင့် Angkor မြို့ဟောင်းထဲသို့ စာရေးသူတို့ တဖန် ပြန်ဝင်ခဲ့ကြပြန်ပါတယ်။ နေ့ခင်းဖက် နာမည်ကြီးနေတဲ့ Angkor wat ကျောင်းကို လေ့လာကြရာ အချိန်အားဖြင့် ၂ နာရီခန့် ကြာမြင့် ပါတယ်။ လေ့လာပြီးတဲ့အခါ ညနေပိုင်း အန်ကောမြို့ဟောင်း တစ်နေရာတွင် တောင်ပေါ်သို့ ဆင်စီးပြီးတက်ရတဲ့ နေရာတစ်နေခု ရှိပါတယ်။ အဲဒီမှာ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က လာရောက်စောင့်နေကာ “အရှင်ဘုရား… တောင်ပေါ်ကို ဆင်စီးပြီးတက်ပါဘုရား၊ ဆင်စီးရင် ဘုန်းကြီးတယ်လို့ အဆိုရှိတယ်လေဘုရား” လို့ဆိုကာ ဦးမောင်မောင်က သုံးယောက်စာအတွက် ဒေါ်လာ ၆၀ ပေးဝယ်ကာ စာရေးသူတို့အား ဆင်စီးလက်မှတ် ၃ စောင်ပေးပါတယ်။ တောင်ပေါ်တွင် အန်ကောဝပ်ပုံစံဖြင့် ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတစ်ကျောင်းကို တွေ့ရတယ်။

ရာသီဥတုကောင်းနေရင် တောင်ပေါ်ကနေ နေ၀င်ဆည်းဆာ (sun set) အလှကား ပြောမပြတတ်အောင် လှပလွန်းလှတယ် လို့ ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်များဟာ ဆည်းဆာအလှကို ကြည့်ဖို့အတွက် ညနေ ၅ နာရီခန့် အချိန်ကိုက်ပြီး ကားကြီးကားငယ်များ ဖြင့် လာရောက်ကြပြီး၊ တောင်ပေါ်သို့ ဆင်နဲ့ဖြစ်စေ၊ ခြေလျင်နဲ့ဖြစ်စေ၊ တက်ကြပါတယ်။ ဒါကြောင့်လည်း တောင်ခြေရင်းမှာ ညနေဆည်းဆာအချိန် ကမ္ဘာလှည့်ခရီးသည်များ ပျားပန်းခတ်မျှ လာကြတဲ့အတွက် ပွဲတော်တမျှ စည်ကားလှပါတယ်။

စာရေးသူတို့ တောင်ပေါ်သို့ တက်တဲ့အချိန်မှာတော့ ကံဆိုးချင်လို့ပဲလား မပြောတတ်၊ မိုးတိမ်များ မှောင်လာကာ မိုးဖွဲလေးများ ကျနေတဲ့ အတွက် မိုးရွှဲကုန်တော့တယ်။ ဒါနဲ့ တောင်ပေါ်ရောက်တယ်ဆိုရင်ပဲ ချေလျင်နဲ့ အမြန်ပြန်ဆင်းလာခဲ့ပါတယ်။ သို့နှင့် ညနေစောင်းမှာ ဦးမောင်မောင်ကားဖြင့် စာရေးသူတို့ သုံးဦး တည်းခိုရာ ဟော်တယ်သို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ညဖက်တွင် ဦးမောင်မောင်နဲ့ တည်းခိုရာ အခန်းအတွင်း စကားလက်ဆုံ ပြောဖြစ်ကြပါတယ်။ မနက်ဖန် Border ဖြတ်ကာ ဘန်ကောက်သို့ သွားရမှဖြစ်တဲ့အတွက် သုံးဦးသား အိပ်ယာဝင်ခဲ့ကြပါတော့တယ်။

ကမ္ဘောဒီးယားကြောင်း တစ်စေ့တစ်စောင်း

ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင် အာရှတွင် ပါဝင်ပါတယ်။ လူဦးရေ ၁၃ သန်းခန့် ရှိပြီး၊ မြို့တော်ကတော့ ဖနွမ်းပင် ဖြစ်တယ်။ နိုင်ငံရဲ့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအို အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့ ဖြင့် ထိစပ်လျှက် ရှိပါတယ်။

ကမ္ဘောဒီးယားနိင်ငံရဲ့မြို့တော် ဖနွမ်းပင်ဟာ siem reap မြို့လောက် စီးပွားရေး အချက်အချာမကျပါ။ဘာ့ကြောင့်လဲဆို ရင် siem reap မြို့မှာ The world heri tage လို့ တင်စားပြောရလောက်အောင် ရှေးဟောင်း အမွေအနှစ် အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Angkok wat အန်ကောဝပ် ဘုရားကျောင်းကြီး ရှိလို့ပါပဲ။ ကျောင်းကြီးရဲ့လက်ရာများဟာ တကယ်လည်းရှားပါးတဲ့ အရှေ့တိုင်း အနုပညာလက်ရာများဖြစ်တယ်။

ထင်ရှားတဲ့ အန်ကောဝပ်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များ မျက်စိကျခဲ့တဲ့ နေရာတစ်ခုဖြစ်သလို ကမ္ဘာ့အံ့ဖွယ်ထဲမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ “ကမ္ဘာ့အံ့ဖွယ်ရဲ့ ဘယ်နှစ်ခုမြောက်မှာဆိုတာ မသိပေမယ့် ဘာသာရေးနှင့် ဆက်နွယ်နေတဲ့ အံ့ဖွယ်ဖြစ်တဲ့အတွက် တစ်ခြားခြားသော ကမ္ဘာ့အံ့ဖွယ်တွေနဲ့ နိုင်းယှဉ်လို့ကို မရနိင်ပါဘူး” လို့ ကမ္ဘောဒီးယားသားဖြစ်သူ ‘ပင့်’ရဲ့ ပြောချက်အရ သိရပါတယ်။

ဒါကြောင့်လည်း ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၄ သန်းကျော် ဆွဲဆောင်နိုင်ခဲ့တယ်။ ကမ္ဘာလှည့်ခရီးသည်များကြောင့် siem reap မြို့ဟာ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းများဖြင့် စီးပွားရေး အချက်အချာကျတဲ့ မြို့တစ်မြို့ပါ။ ဒါပေမယ့် ယခုအခါမှာ ကမ္ဘာ့စီးပွားရေးကျဆင်းနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်များ သွားလာမှု နည်းပါးလာကာ တစ်ချို့ဟော်တယ်တွေဆိုရင် ပိတ်ထားရတဲ့ အဆင့်အထိ ရောက်ခဲ့ တယ်လို့ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က ပြောပြပါတယ်။

အန်ကော ဆိုတဲ့ ခမာတို့ရဲ့ တိုင်းပြည်လေးဟာ တစ်ချိန်က လျမ်းလျမ်းတောက် တန်ခိုးကြီးထွားခဲ့ပါတယ်။ ဗီယက်နာမ်နိုင်ငံမှသည် မြန်မာနိုင်ငံအထိ အာဏာစက် ပျံ့နှံ့ခဲ့ဖူးပါတယ်။ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံဟာ ဝေးကွာကြပေမယ့် ယဉ်ကျေးမှုခြင်း အလွန်နီးစပ်ပါတယ်။ မြန်မာယဉ်ကျေးမှုဟာ မွန်ခမာများဆီက ရခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။

တစ်ချို့သမိုင်းဆရာတို့က မြန်မာယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံက ဆင်းသက်လာခဲ့တယ်လို့လည်း ပြောကြပြန်တယ်။ ဖြစ်ပုံမှာ အနော်ရထာမင်း မတိုင်ခင်က မြန်မာနိုင်ငံဟာ ယဉ်ကျေးမှု အလွန်နိမ့်ကျနေပါတယ်။ နောက် အနော်ရထာမင်းစောက မွန်လူမျိုးတို့ရဲ့ တိုင်းပြည် သထုံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှ မြန်မာနိုင်ငံယဉ်ကျေးမှု ပိုမို အဆင့်အတန်း မြင့်ကာ ထွန်းကားလာခဲ့ပါတယ်။ ထိုစဉ်က မွန်လူမျိုးတို့ရဲ့ တိုင်းပြည်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရှိတယ်လို့ ယူဆကြပါတယ်။ မွန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုဟာ ခမာတို့ရဲ့ ယဉ်ကျေးမှုပင် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားဟာ တနည်းနည်းဖြင့် ဆက်သွယ်နေတာအမှန်ပင် ဖြစ်ပါတယ်။

ထိုဆက်သွယ်မှုကို သက်သေခံနိုင်တဲ့ အရာတစ်ခု ပုဂံပြည်မှာယခုတိုင်ရှိပါတယ်။ အဲဒါက ဘုရားကျောင်းတစ်ခုပါပဲ။ ဒီဘုရားကျောင်းကို သထုံနန်းကျဘုရင် မနူဟာမင်းက တည်ခဲ့တာဖြစ်ပြီး၊ယခုအခါ “နန်းဘုရားကျောင်း”လို့ ခေါ်တွင်ပါတယ်။ အုတ်ကျောက်တို့ဖြင့် တည်ဆောက်ထားပြီး ကျောက်ဆစ်လက်ရာများကတော့ အန်ကောဝပ် နဲ့ တစ်ထပ်တည်း တူညီနေတာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဆက်သွယ်မှု တစ်ခုရှိပါသေးတယ်။

အဲဒါက မြန်မာတို့ရဲ့ ဗျည်းမှာ ‘က’ မှစကာ ‘အ’ မှာ ဆုံးပါတယ်။ ကမ္ဘောဒီးယားတို့ရဲ့ ဗျည်းကတော့ ‘အ’ မှစကာ ‘က’မှာဆုံးပါတယ်။ အံ့သြစရာတစ်ခုပါပဲ။ အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းကြီးရဲ့ အမြင့်မှာ ၆၅ မီတာ ရှိပါတယ်။ အန်ကောဝပ်ကြီးရဲ့ ပတ်လည်တွင် ကျူံးများ ရှိနေပါတယ်။ ယခုအခါ ထိုကျုံးများမှာ ကြည်လင်တဲ့ ရေများဖြင့် အန်ကောဝပ်ကျောင်းကြီးကို လှပအောင် တန်ဆာဆင်ထားသလို ဖြစ်နေပါတော့တယ်။ အန်ကောဝပ် ဘုရားကျောင်းပတ်လည် ကျုံးများဟာ မန္တလေးနန်းတော်အပြင်က ကျုံးနဲ့စာရင် ငယ်ပါတယ်။

၂၈.၅.၂၀၀၉

ဒီနေ့မနက်စောစောထကာ siem reap မှ Border သို့ သွားမည့် ကားဖြင့် လာခဲ့ကြပါတယ်။ကားခက တစ်ယောက်လျှင် ၉ ဒေါ်လာပေးရပါတယ်။ နေ့လည် ၁၁ နာရီမှာ Border သို့ ရောက်ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယားနယ်စပ်က အထွက် immigration မှာ arrival & Departure ၀ိုက်ကပ်မှာ ဖြည့်စရာများ ဖြည့်ကာ ထိုင်းနိုင်ငံဖက်လာခဲ့ရပါတယ်။ အဲဒီထိုင်းနိုင်ငံ ဖက်မှာလည်း arrival & Departure ၀ိုက်ကပ်များကို ဖြည့်ရပြန်ပါတယ်။ အချိန်က တစ်နာရီကုန်သွားသဖြင့် ၁၂ နာရီထိုးကာ စာရေးသူတို့ နေ့ဆွမ်း ငတ်ခဲ့ရပါတယ်။ နယ်စပ်ဂိတ် (Border) တွင် ရဟန်း မစားရသော ဆွမ်းတစ်နပ် ဖြစ်ခဲ့ရပါတယ် ဆိုတာ ပြောရင်း ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ရပါတယ်။ ။

Read more...

ရွှေစည်းခုံဘုရား ပန္နက်ရိုက် အုဋ္ဌ်မြစ်စီပွဲ ဓာတ်ပုံမှတ်တမ်းများ






Read more...

သန့်စင်ရေး... (ဦးသုမင်္ဂလ) vcd


ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သန့်စင်ရေး... (ဦးသုမင်္ဂလ) vcd






Read more...

မနောကံသက်သက်ဖြင့် ပြစ်မှားလျှင် အပြစ်ရှိပါသလား... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ)

မနောကံသက်သက်ဖြင့် ပြစ်မှားလျှင် အပြစ်ရှိပါသလား... နှင့်...









Read more...

လောကီနယ်ပယ်အောင်မြင်တိုးတက်ရန်

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကိုပန်လည်သုံးသပ်ခြင်းသည်နောက်နေ့
လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

Read more...

ဣန္ဒြိယပစ္စည်း



026-EinDaRiYa.mp3 -

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP