BASIC PATICCA SAMUPPADA (The Law of Dependent Origination) by Mogok Vipassana (English Language)

Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
This month we will be studying chapter two of Kunsunim’s ‘No River to Cross’ and it would be wonderful if as many people as possible could (re)read the chapter before coming. But if you don’t have a copy of the book, nevermind, come along anyway!
Bangkok Seon Club
The Bangkok Seon Club is an English-language Zen group that will be meeting monthly at the Bangkok Hanmaum Seonwon (One-mind Zen Centre near Ekamai BTS) to share experiences and study Korean Zen in general, and the teachings of Zen Master Daehaeng Kunsunim in particular. First up is informal study of Daehaeng Kunsunim’s book “No River to Cross” – copies of which will be available at the centre.
Meetings will be open to all comers interested in Korean Zen Buddhism, whatever your background in Buddhism or meditation.
Background:
The Bangkok Hanmaum Seon Center is an overseas branch ofHanmaum Seonwon, established by Seon Master Daehaeng Kunsunim (a female Seon master widely respected throughout Korea) in 1972, and part of the Jogye Order of Korean Buddhism – the largest Buddhist Order in Korea with a history stretching back over 1,200 years.
‘Seon’ by the way, is the Korean word for ‘Zen’, and Master Daehaeng’s teaching is to realize and awaken to our inherent nature, also called Buddha-nature, inherent mind, or Juingong.
Daehaeng Kun Sunim teaches people to
Believe in your foundation, Juingong, and entrust it with everything that confronts you. Then go forward while observing and experimenting with what you experience.
The Bangkok branch of Hanmaum Seonwon was established ten years ago and serves the spiritual needs of Korean residents and visitors in the city. It is very much a centre of the Korean Buddhist community, and many families attend regularly with children of all ages.
The founder does not reside at this branch temple, but it is run by two resident female sunims (teachers) who arrange regular ceremonies and teachings.
Our meetings will be led by the senior resident Sunim Kun Hyaedan Sunim, who has been ordained for many years, and/or by the other Sunim at the centre, Kun Hyaegyu Sunim. Regular attendees include English-speaking members of the Seon Centre (who kindly help with translation when needed), Dr. Lee Bhikkhuni (American)from the Women’s International Meditation Centre in Rayong, and a number of other non-Koreans interested in Seon Buddhism.
The monthly Bangkok Seon Club meetings is the first major English-language project undertaken by the centre, and despite being a new group is already generating much interest.
Meditation
This Korean lineage differs somewhat from the more well known Japanese Zen schools in meditation style. One surrenders to ones own Buddha-nature (Juingong), a giving up of the self to the natural flow of Dhamma and wisdom. Instructions will be given for the formal sitting period at the start of each meeting, so please arrive before time so as not to disturb the sitting.
A few points to note:
Location:
The Bangkok Hanmaum Seon Centre
86-1 Soi 4 Sukhumvit 63
BTS Ekamai Station – Exit 1
Take Exit 1 from Ekamai Station, and go down Ekamai Road (aka Sukhumvit 63). Turn right along Soi 4 and go to the end. Turning left you will see the Centre on your right a few meters along.
A motorcycle from Ekamai can also take you there cheaply. Ask for the ‘Wat Gao-lii’ (Korean temple).
Click map for a lager version:
Read more...(၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းမှာ မြန်မာရဟန်းတော်များအား နေ့ဆွမ်းဒါနပြုလုပ်သော ဒါယကာများအား ဟောကြားခဲ့သော အနုမောဒနာတရားကို ကောက်နှုတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ သုမနာမင်းသမီးမေးမြန်းလျှောက်ထားခဲ့တဲ့ ဒါနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက အတော်မှတ်သားစရာ ဖြစ်ပါတယ်။)
ဒါနဆိုတာ ပေးလှူခြင်းပေါ့။ `ပေးလှူတယ်´လို့ စကားအရ လွယ်လွယ်လေး ပြောနိုင်ပေမယ့် တကယ်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ နည်းတဲ့သတ္တိမဟုတ်ပါဘူး။ ဒါနပြုသူတွေ အများကြီးတွေ့နေလို့ ဒါနပြုတယ်ဆိုတာ သိပ်ခက်တဲ့အရာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။ အမှန်က ကိုယ်တိုင်စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒီနေ့ ဒကာတို့ အလှူဒါနဟာလဲ သိပ်ကို မွန်မြတ်တယ်၊ အနှောင်အဖွဲ့သိပ်ကို ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အလှူခံဖြစ်တဲ့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များနဲ့ ဒကာတို့ဟာ အဝေးတစ်နေရာစီမှာ နေနေကြရတာဖြစ်လို့ ဒီဒကာတို့ အလှူဟာ စေတနာကို အရင်းခံတဲ့ မွန်မြတ်တဲ့အလှူဆိုတာ ငြင်းစရာ မရှိပါဘူး။
ပေးကမ်းလှူဒါန်းခြင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အနှစ်အချုပ်သုံးခုမှာ ပထမဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ ပေးကမ်းခြင်းဟာ လောကုတ္တရာအထက်တန်းကို လှမ်းဖို့အတွက် ပထမဆုံး ခြေလှမ်းပါ။ ပထမဆုံးခြေလှမ်းက သိပ်အရေးကြီးပါတယ်။ ပေးကမ်းလှူဒါန်းခြင်းအလုပ်ဟာ ဘယ်လောက်ထိ အကျိုးကြီးတယ်ဆိုတာကို ဒကာကြီးတို့ နေ့စဉ်ပတ်ဝန်းကျင်မှာလဲ တွေ့နိုင်ပါတယ်။ ပေးတတ်ကမ်းတတ်တဲ့သူဟာ လူချစ်လူခင်ပေါများပါတယ်။ စီးပွားရေးလောကမှာ ပေးကမ်းသင့်သူ၊ ချီးမြှောက်သင့်သူများကို ပေးကမ်းချီမြှောက်တဲ့သူဟာ အောင်မြင်တတ်တယ်ဆိုတာ ဒကာကြီးတို့ အသိဆုံး ဖြစ်ပါတယ်။ လောကီအကျိုးမှာ ဒီလောက်အကျိုးများရင် လောကုတ္တရာပိုင်းအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။
ဒါနနဲ့ပတ်သက်တဲ့ မြတ်စွာဘုရားလက်ထက်က ဇာတ်ကြောင်းလေးတစ်ခုကို အင်္ဂုတ္တရနိကာယ်မှာ လာရှိတဲ့ သုမနသုတ်ကို အခြေခံပြီး အနည်းငယ် ပြောပြပါမယ်။ အခါတစ်ပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ(သီတင်းသုံး) နေတော်မူတုန်းက သုမနာမင်းသမီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို အခုလို လျှောက်ထားပါတယ်။
''အရှင်ဘုရား ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် သဒ္ဓါတရားလဲ တူကြတယ်၊ သီလတရားလဲ တူကြတယ်၊ ပညာလဲ တူကြတယ်။ ဒါပေမယ့် တစ်ဦးက ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့ သေသွားလျှင် ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ကုန်ရာ၏။ အရှင်ဘုရား…ထိုပုဂ္ဂိုလ်နှစ်ဦးတို့ရဲ့ နတ်စည်းစိမ်က အတူတူ ဖြစ်နိုင်ပါသလော ဒါမှမဟုတ် ကွဲပြားနိုင်ပါသလော''ဟု လျှောက်ပါတယ်။
ဒီတော့ မြတ်စွာဘုရားက `ချစ်သမီး သုမနာ…မတူနိုင်ဘူး။ ကွဲပြားတာပေါ့´လို့ မိန့်တော်မူပါတယ်။ ဘယ်လိုမတူသလဲဆိုတော့ `နတ်တို့ရဲ့ အသက်။ နတ်တို့ရဲ့ အဆင်း၊ နတ်တို့ရဲ့ ချမ်းသာ၊ နတ်တို့ရဲ့ အခြံအရံ၊ နတ်တို့ရဲ့ အာဏာ´တွေမှာ မတူနိုင်ဘူး´လို့ မိန့်ပါတယ်။ ဒါနပြုသူက မပြုသူထက် အဲဒီအကျိုးတရားတွေ သာလွန်နိုင်ပါတယ်။
ဒါနဲ့ သုမနာက မကျေနပ်သေးဘဲ ဆက်လက်မေးလျှောက်ပါတယ်။ `အရှင်ဘုရား…အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး နတ်အဖြစ်က သေလွန်ပြီး လူ့ပြည် ပြန်ရောက်လာတယ် ဆိုပါတော့..။ အဲဒီအထိ သူတို့မှာ ကွဲပြားမှုရှိနိုင်သေးပါသလား´
အဲဒီတော့ မြတ်စွာဘုရားက `ရှိသေးတာပေါ့။ စောစောကလိုပဲ အသက်တိုရှည်၊ အဆင်းလှမလှ၊ ချမ်းသာဆင်းရဲ၊ အခြံအရံများမများ၊ အာဏာရှိမရှိ ကွဲပြားပါလိမ့်မယ်´လို့ မိန့်တော်မူပါတယ်။
သုမနာမင်းသမီးက ဒီလောက်နဲ့ မရပ်သေးပါဘူး။ သူသိချင်တာကို ဆက်မေးပြန်ပါတယ်။ `ဟုတ်ပါပြီဘုရား၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်က လူဘ၀မှာ မပျော်လို့ ရဟန်းဝတ်သွားကြတယ်ဆိုပါစို့၊ အဲဒီတော့ကော သူတို့မှာ ကွဲပြားနိုင်ပါသေးသလားဘုရား´
ဒီတော့ မြတ်စွာဘုရားက `ဒါနပြုမပြု ကွဲပြားခဲ့လို့ ရဟန်းဖြစ်တာတောင်မှ သူတို့အနေအထားက ဘယ်လိုမှ မတူနိုင်ပါဘူး သုမနာ၊ ဘယ်လို မတူနိုင်သလဲဆိုတော့ ပေးလှူတတ်တဲ့ရဟန်းဟာ သင်္ကန်းဆိုရင်လဲ မတောင်းဘဲ၊ အလှူခံစရာ မလိုဘဲ ရတတ်တယ်၊ ဆွမ်းကိုလဲ တကူးတက အလှူခံစရာ မလိုဘူး၊ ကျောင်းတိုက်တွေလဲ မတောင်းဘဲ ရတတ်တယ်၊ ဆေးပစ္စည်းဆိုရင်လဲ သူများဆီ လက်မဖြန့်ရဘဲ ရလာတတ်တယ်။ ဒါတင်မကသေးဘူး သုမနာ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းဝတ္ထုကို အခြားပုဂ္ဂိုလ်တွေကို ပေးလှူတတ်လို့ သူ့ကို အခြားရဟန်းတွေက ၀ိုင်းချစ်ကြတယ်။ သူ့လိုပုဂ္ဂိုလ်ကို မချစ်တဲ့သူဆိုတာ နည်းတယ်။ သူ့ကို စကားပြောရင်လဲ အားလုံးက ချစ်စဖွယ်အမူအရာနဲ့ပဲ ပြောကြတယ်။ မုန်းတဲ့အမူအရာနဲ့ ပြောသူဆိုတာ ရှားပါတယ်။ ဒီလို အကျိုးထူးတွေ ရှိပါတယ် သုမနာ´လို့ မိန့်တော်မူလိုက်ပါတယ်။
သုမနာဆိုတဲ့ အမျိုးသမီးကလဲ ဒီအဖြေလောက်နဲ့ မကျေနပ်သေးဘူး။ အမေးအမြန်းထူပါတယ်။ သူ အမေးအမြန်းထူတာက ဦးဇင်းတို့အတွက်တော့ ပိုကောင်းတယ်လို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သုမနာမင်းသမီးလေးသာ ဘုရားရှင်ကို မမေးမြန်းခဲ့ဘူးဆိုရင် ဦးဇင်းတို့ ဒကာကြီးတို့ ဘယ်လိုလုပ် သိနိုင်တော့မလဲ။ ဟုတ်ဘူးလား။ ကဲ…စောစောက ဇာတ်လမ်း ပြန်ဆက်ရအောင်…
`ကောင်းပါတယ်ဘုရား။ တပည့်တော် ထက်သိချင်ပါသေးတယ်။ အဲဒီရဟန်းနှစ်ပါးစလုံး ရဟန္တာဖြစ်သွားကြပြီ ဆိုပါစို့။ သူတို့နှစ်ပါး အခြေအနေချင်း ကွဲပြားသေးလားဘုရား´
`သုမနာမင်းသမီး….တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုဟာ အခြားတစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုနဲ့ ကွဲပြားတယ်လို့ ငါမဟောပါ´လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီနေရာမှာ အခြားအခြားသော အခြေအနေတွေမှာ ကွဲပြားခဲ့ပေမယ့် ရဟန္တာဖြစ်မှု သို့မဟုတ် ဘ၀လွတ်မြောက်မှုပိုင်းမှာတော့ အားလုံးဟာ အတူတူပါပဲ။ ဒါကို မှတ်သားသင့်ပါတယ်။ သူကတော့ ကိလေသာနည်းနည်းလေး ပယ်ပြီး ရဟန္တာဖြစ်တာ၊ သူကတော့ ကိလေသာတွေ အများကြီးပယ်ပြီး ရဟန္တာဖြစ်တာလို့ မဆိုနိုင်ပါဘူး။ ရဟန္တာဖြစ်ပြီဆိုကတည်းက ဘ၀လွတ်မြောက်မှုကတော့ အတူတူပါပဲ။ အထက်ပါအတိုင်း အပြန်အလှန် မေးမြန်းဖြေဆိုကြပြီးတော့ သုမနာမင်းသမီးဟာ အောက်ပါအတိုင်း မြတ်စွာဘုရားရှင်ကို လျှောက်ပါတယ်။
`အရှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အရှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကိုပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ပါပေကုန်၏´
အဲဒီအခါမှာ မြတ်စွာဘုရားကလဲ အောက်ပါအတိုင်း ဟောတော်မူပါတယ်။
''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသောကြယ် (တာရာ) အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြောဝန်တိုခြင်းရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန်တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့်ပြည့်စုံသော မိုးသည်ကြည်းကုန်းမြေကို လည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေသကဲ့သို့။ ဤအတူသာလျှင် (သောတာပတ္တိ) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုး တို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် (ပေးလှူအပ်သော) စည်းစိမ်ဥစ္စာတို့က တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ (အကျော်အစော) ဖြင့်လည်းကောင်း၊ ရုပ်အဆင်း ဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။
အဲဒီတော့ ဒါနရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ဒကာကြီးတို့ အထိုက်အလျောက် သိသွားပြီပေါ့။ ဒါနအလှူပေးခြင်းက လောကီလူ့ဘ၀သာမက လောကုတ္တရာရဟန်းဘ၀မှာတောင် အကျိုးပေးပုံချင်း ကွဲပြားပါတယ်။ ဒီတော့ ယနေ့ဆွမ်းလှူဒါန်းကြတဲ့ ဒကာကြီးတို့အနေနဲ့ အထက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ မလွဲပါဘူး။ လောကီအနေနဲ့ ဒီအကျိုးကျေးဇူးတွေက လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဦးဇင်းတိုက်တွန်းချင်တာက နောက်ဆုံးဟောကြားချက်အတိုင်း ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ဆိုတဲ့ လောကရဲ့ ကွဲပြားမှုတွေနဲ့ ဝေးရာ ကိလေသာကုန်ခမ်းရာ နိဗ္ဗာန်ရောက်ကြောင်းတွေကို ကျင့်ဖို့ လိုပါသေးတယ်။ အဲဒီလို အခြေအနေတွေကို ရောက်ရှိခဲ့ရင် အားလုံးဟာ တန်းတူညီတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဦးဇင်းတို့၊ ဒကာကြီးတို့အနေနဲ့ ဆင်းရဲချမ်းသာ၊ ရုပ်ချောမချော၊ အသက်တိုရှည်၊ အာဏာပါဝါနည်းမှုများမှုစတဲ့ လူ့လောကရဲ့ အနိမ့်အမြင့်တွေကနေ လွတ်မြောက်ချင်ရင် ရဟန္တာဖြစ်အောင် အားထုတ်ကြဖို့ပဲ ရှိပါတယ်။
ဒီနေ့ လှူဒါန်းရတဲ့ ဆွမ်းအလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသော အကျိုးတရားများ ရရှိပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။ အဆိုပါ လောကီအကျိုးတရားများအပြင် ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ အနုမောဒနာကို နိဂုံးချုပ်လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
Posted by ဘုန်းဘုန်း ဦးဝိစိတ္တ at 9:32:00 AM
Labels: ၃။ တွေးမိသမျှ
“အိုပယ်”ဆိုတာကျွန်တော်ကြည့်ဖူးတဲ့ဇာတ်ကားတစ်ကားရဲ့အမည်ပါ။ဒီကားကိုမကြည့်ခင်တုန်း
ကနာမည်လေးကကိုရီးယားနာမည်လို့ထင်စရာလေးပါ။ အမှန်တော့ဇာတ်ကားလေးကပညာပေး
ကားလေးပါ။အသက်အရွယ်အိုမင်းလာတဲ့မိဘများကိုသားသမီးများကမိဘရဲ့ကျေးဇူးကိုမသိဘဲစွန့်
ပစ်ထားတာကိုရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဖ၀ါးလက်နှစ်လုံးဖခုံးလက်နှစ်သစ်ကတည်း
ကလူဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့မိဘများကိုအရွယ်ရောက်ပညာစုံအတောင်စုံတဲ့အခါ
အိုမင်းရင့်ရော်လာတဲ့မိဘများကိုလစ်လူရှု့ထားပေမယ့်မိဘမေတ္တာကတော့သားသမီးအပေါ်ဘယ်
တော့မှပျက်ပြယ်မသွားပါဘူး။ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိပြီးသားဆိုးသမီးဆိုးကိုတော့
ပစ်ရိုးထုံးစံမရှိပါဘူး။ ကျွန်တော်တို့လိုပုထုဇဉ်လူသားတွေအတွက်မိဘကျေဇူးကိုကျေအောင်ဆပ်
နိုင်ဖို့မလွယ်ပါဘူး။ဒါကြောင့်အသက်အရွယ်အိုမင်းလာတဲ့မိဘများကိုငြူဆူမှုမရှိဘဲဘုရားရိပ်တရား
ရိပ်မှာနားခိုးပြီးသူတို့ရဲ့ ဘ၀ကိုပျော်ရွင်အေးချမ်းစွာဖြင့်ဖြတ်သန်းနိုင်အောင်ဆောင်ရွက်ရမည်မှာ
ကျွန်တော်တို့အားလုံးရဲ့သားသမီးဝတ္တရားများသာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာပါတဲ့“ငါအိုသွားတဲ့
အခါ” ၂၀၀၄ခုနှစ်(၁၂)လပိုင်း(၆)ရက်နေ့ထုတ်ဆောင်ပါးလေးကိုနှစ်သက်၍မူရင်းအတိုင်းပြန်လည်
ဖော်ပြလိုက်ပါတယ်။
“ငါအိုသွားတဲ့အခါ”
-ငါအိုသွားတဲ့အခါငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားဆက်
ဆံပေးပါ။
-ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီပေါ်လောင်းမိတဲ့အခါ၊ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ၊
ငါ့ကိုမရွံပါနဲ့၊ငယ်ငယ်တုန်းကငါသင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီးသတိရပေးပါ။
- အပ်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေကိုငါပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲကျေးဇူးပြုပြီးနား
ထောင်ပေးပါ၊ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတစ်ထောင့်တညပုံပြင်တွေကိုမရိုးအောင်ပြောရင်း
ငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
- မလှုပ်ရှားနိုင်လို့ရေချိုးဖို့အကူအညီလိုတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းကချော့တစ်လှည့်
ခြောက်တစ်ခါရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
- ခေတ်သစ်၊ နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
“ဘာကြောင့်”ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေခဲ့တာတွေကိုသတိရပေးပါ။
-စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့အခါခွန်အားပါတဲ့လက်တစ်စုံနဲ့ငါကိုတွဲ
ကူပေးပါ၊လမ်းလျောက်သင်စအရွယ်တုန်းကတစ်လှမ်းချင်းလှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကိုကျေး
ဇူးပြုပြီးသတိရပေးပါ။
-အသက်ကြီးလာလို့စကားပြောရာမှာရှေ့နောက်မညီဘဲအကြောင်းအရာတွေကိုငါမေ့သွားတဲ့အခါ
အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ၊စကားအကြောင်းအရာတွေကငါ့အတွက်အရေးမကြီးပါဘူး။ ဘေးက
နေငါပြောသမျှကိုနားထောင်ပေးရင်ကျေနပ်ပါပြီ။
-တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့၊နားလည်ပေးပါ၊အားပေးပါ၊အရင်
တုန်းကလူ့ဘ၀တက်လမ်းအတွက်ငါလမ်းညွန်ခဲ့သလိုအခုအချိန်မှာငါ့ဘ၀နောက်ဆုံးအချိန်တွေအ
တွက်အဖော်ပြုပေးပါ။အချစ်နဲ့အေးမျှမှုတွေကိုငါပြုံးပြုံးလေးလက်ခံမှာပါ၊အဲဒီအပြုံးတွေထဲမှာမဆုံး
တဲ့ငါ့မေတ္တာတွေတွေ့ရမှာပါ။
Posted by sonesiyar.blogspot.com at 1:45 PM
Labels: ကဗျာမှရသောအတွေးများ trackbacks
Read more...© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP