သုခရှာသော်လည်း ဒုက္ခတွေ့ကြသူများ
လူတွေဟာတကယ်တော့ မိုးလင်းက မိုးချုပ်အလုပ်လုပ်နေကြတာဟာ ချမ်းသာရှာနေကြတာပါ။ ရှာရင်းရှာရင်း သုခမရပဲ ဒုက္ခနဲ့သာ ရင်ဆိုင်နေရပါတယ်။ ပညာတက်တွေသာပြောပါတယ် တကယ်တော့ စဉ်းစားဥာဏ် အင်မတန်နည်းကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကိုလည်း မစဉ်းစားမဆင်ခြင်ကြပါဘူး။ ကိုယ်လိုချင်တာ ကိုယ်လုပ်တာတွေသာအာသာတငမ်းငမ်း စွတ်တရွတ် လိုက်နေကြတာပါ။တကယ်တော့ ခေတ်ပညာတက်ဆိုတဲ့ လူတွေလဲ အကြောင်းအကျိုးကိုတော့သင်ခန်းစာတွေမှာ သင်ခဲ့ကြပေမဲ့ နားမလည်ကြပါဘူး။ တကယ်တော့ လူတော်တော်များများဟာ တက်ရောင်ကားလုပ်နေကြတာပါနော်။ နားလည်သလိုလိုနဲ့ နားမလည်ကြပါဘူး။ ကျွန်တော်ကတော့ လူတွေသုခရှာပြီး ဒုက္ခတွေ့တဲ့ အကြောင်းလေး ကိုတင်ပြချင်ပါတယ်။ အသိရှိတဲ့ လူတွေ စဉ်းစားစရာလေး တစ်ခုဖြစ်အောင်ပါ။ အသိမဲ့ပြီး ငါမှငါလုပ်နေတဲ့ လူအန္ဓတွေကတော့ အောက်အ၀ီစိ သောင်းအငူမှာ ခေါင်းမပြူစတမ်းပေါ့လေ။အခုပြောမှာက အကြောင်းအကျိုးတရားလေးပါ။ ဒီသဘောလေးကို နားလည်ရင်ကိုပဲ သုခကို ခြေရာခံမိမှာပါ။ တကယ်တော့ ဒီလောကမှာ ကိုယ်ရင်းတာ ကိုယ်ရတာပါ။ သုခရှာတယ်တဲ့။ ဒါဆိုဘာတွေရင်နှီးပြီး ရှာတာလဲ ကြည့်ကြရအောင်။ အခုလူတွေ နိုင်ငံရပ်ခြား တွေမှာအလုပ် လုပ်နေကြတယ်။ ကိုယ့်မြေကိုယ့်ရေမှာ အလုပ်လုပ်ကြတယ်။ ဘာအတွက်လဲ။ သုခ လိုချင်ကြလို့ပါ။ ဒါပေမဲ့ သူတို့တွေရင်နှီးတာက လောဘဇောတွေ ဒေါသတွေ မောဟတွေလေ။ ဒီတော့ ကိုယ်ရင်းနှီးတာ ကိုယ်ရမှာပဲလေ။ ဒီမျိုးစေ့စိုက်ပြီးမှတော့ ဒီအသီး မစားချင်ဘူး ဆိုရင်တော့ ရူးလို့ပေါ့။ ဒီလိုလူရူးတွေအများကြီးပါ ဒီလောကမှာ။ ကိုယ့်အတ္တနဲ့ကိုယ် ကိုယ်ထင်ရာပဲ ကိုယ်အမှန်လုပ်ပြီး ဒီသဘောတရားတွေကို မျက်ကွယ်ပြုနေ ကြတာပါနော်။ သူတို့လိုချင် သူတို့ရချင်တဲ့ သုခဟာ တကယ်တော့ သုခမဟုတ်ပါဘူး။ သုခအရေချုံထားတဲ့ ဒုက္ခပါ။ တကယ့်သုခက မဖောက်မပြန် မှန်ကန်ရပါ့မယ်။ လူမျိုးမရွေး အချိန်မရွေး နေရာမရွေး မှန်ကန်ရပါ့မယ်။
ပိုက်ဆံရှိတာ သုခလို့ ယူတယ်ဆိုပါတော့ ဒါဆို ကင်ဆာရောဂါသည် လူချမ်းသာအတွက်ကြတော့ သုခဖြစ်ပါ အုန်းမလား။ AIDS ဖြစ်နေတဲ့သူအတွက် ပိုက်ဆံတွေဟာ သုခဖြစ်ပါအုန်းမလား။ တကယ့်အမှန်တရားက အဲလိုဖောက်ပြန်တဲ့ သဘောမှ ကင်းရပါတယ်။ တကယ်တော့ လူအများသိတဲ့ ဒီသုခလို သုခတွေဟာ သိုးရေချုံတဲ့ ၀ံပုလွေတွေပါ။ အရေချုံတာကို အစစ်ထင်နေသမျှတော့ ဘယ်တော့မှ သုခတွေ့မှာ မဟုတ်ပါဘူး။ လူအများစုဟာ ဒီလမ်းမှာပဲတွေ့နိုးတွေ့နိုး ရှာရင်း အသေဆိုးနဲ့ သေကြရတာပါ။ မျက်စိရှေ့မှာ ဒီလို သေသွားပြီး သက်သေပြတဲ့ လူသေကောင်ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမဲ့ ဒီအမှန်တရားတွေကိုပဲ မျက်ကွယ်ပြုနေ ကြစဲပါပဲ။ တစ်ချို့ကြတော့လည်း သိုးရေချုံထားတယ် ဆိုတာတော့ သိပါရဲ့။ ဒါပေမဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို မပြုလုပ်နိုင်ကြပါဘူး။ ဒီလိုလူတွေ ပြောတဲ့ စကားတွေကတော့ “မှန်တော့မှန်ပါတယ် မလုပ်နိုင် သေးတာက ခက်တယ် ၊ အလုပ်လေးတွေက ရှုပ်နေလို့ပါ၊ လုပ်ဖြစ်မှာပါ အခုတော့ အလုပ်လေးတွေက ရှိနေသေးလို့”။ တကယ်တော့ ဒီစကားတွေဟာလည်း အရေချုံ စကားတွေပါပဲ။ နောက်ဆုံးတော့ ဒီလိုလူတွေလဲ ဒီဘူတာမှာပဲ ဆိုက်ကြရတာပါ။ သူတို့အထင်မှာ တရားဟာ အေးအေးဆေးဆေး ရှာရမဲ့အရာ ဆိတ်ငြိမ်ရာမှာ ရှာရတယ်ဆိုတဲ့ အရေချုံအစွဲက စွဲလွန်းနေတာပါ။ တကယ်တော့ လူတော်တော်များများဟာ ကိုယ့်အစွဲကြောင့် ကိုယ်ဒုက္ခရနေကြတာပါ။ ဘုရားက ဟောပြီးသားလေ တကယ်ရှိနေတာဟာ စိတ် ၊စေတသိက်၊ ရုပ် ၊နိဗ္ဗာန်ပဲ ရှိတာပါတဲ့။ ဒီသဘောကို နားမလည်လို့သာ လိုက်ရှာနေတာပါ။ တကယ်တော့ ပရမတ်တရားတွေသာ ဖြစ်နေတာပါ။ ကိုယ့်အတ္တက ဦးစီးနေတော့ အမှန်ကို အမှန်အတိုင်း မမြင်နိုင်ဖြစ်နေတာပါ။ လူတွေဟာ တရားကို လေဘယ်မလဲ ရှာတာနဲ့တူနေပါတယ်။ တရားကလဲဒီသဘောပါ။ တရားဘယ်မလဲ အေးငြိမ်းရာ ဘယ်မလဲ ရှာနေတာကိုက တရားသဘောတွေပါပဲ။
ကျွန်တော်ဟာ အရင်က ဒီစာကြောင်းလေး နှစ်ကြောင်းကို တူတယ်လို့ပဲ ထင်ခဲ့ပါတယ်။ ” everything is nothing” နဲ့ “ nothing is everything”။ ပထမ သဘောတရား ကတော့ လူတော်တော်များများ တရားကိုနားလည်တဲ့ သဘောတရားပါ။ အရာရာဟာ ဘာမှမဟုတ်ပါ ဘူးတဲ့။ ဆိုလိုတာက အရာရာဟာ ဖြစ်ယုံပဲ ၊ ဖြစ်ပြီးပျက်တာလေးပဲရှိတယ် ဒီလိုပြောတာပါ။ နောက်တစ်မျိုး ကတော့ ဘာမှမဟုတ်တာပဲရှိတယ်။ အရာရာဆိုတာကို မရှိဘူး။ ဖြစ်နေတာလေးတွေ ကိုက တစ်ခုခုပါလို့ကို သတ်မှတ်လို့ မရနိုင်ဘူးလို့ ဆိုလိုတာပါ။ အရာရာဟာ nothing လို့သိတဲ့အသိဟာ မလေးနက်သေး ပါဘူးနော်။ ဒါပေမဲ့ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဒီတော့ ဒီသဘောတရား ဒီအသိတွေကိုသာ နားလည်ထားပြီး လောဘ ဒေါသ မောဟ ကင်းတဲ့အလုပ်လေးတွေ လုပ်ပြီး အရင်းအနှီး ပြုကြပါလို့။ ဒါမှ တကယ့်သုခကိုရမယ် ဆိုတာလေးကို အကြံပြုလိုက်ပါတယ်။
သိင်္ခ
"ဘာသာဗေဒရော ညီညီ"
"အဘိုးကြီးက ဗမာလိုပြောတာ"
"ပြန်လှန်မေးခွန်းဟာ ဗဟုသုတနဲ့ မဆိုင်ဘူးညီညီ၊ တင်္ခဏုပ္ပတ္တိဥာဏ်သာလျှင် ဖြစ်တယ်။ ဗဟုသုတဟာ တစ်ဦးချင်းတွေးခေါ်ဖို့ အခြေခံ ဖြစ်တယ်။"
"တစ်ဦးချင်းတွေးခေါ်မှုဟာ ပြန်လှန်မေးခွန်းထုတ်နိုင်ဖို့ အသုံးတည့်တယ် မဟုတ်လား။ အနိမ့်ဆုံးအားဖြင့် လူဆယ်ယောက်မှာ လေးယောက်ဟာ စိတ်နဲ့ဦးနှောက် တခြားစီလို့ ပြောရမယ်။ ကျန်တဲ့ ခြောက်ယောက်အနက် သုံးယောက်က စိတ်ဟာဦးနှောက်ပဲလို့ ပြောချင်လည်းပြောနိုင်မယ်။ နောက်သုံးယောက်က စိတ်ဟာဦးနှောက်နဲ့ ဆက်စပ်တယ်။ ဒါပေမဲ့ စိတ်နဲ့ဦးနှောက်နဲ့ မတူဘူး။ ဒီလိုပြောရမယ်။ ဒါမှ သဘာဝကျတဲ့ လူ့အဖွဲ့အစည်း ဖြစ်တော့မပေါ့။
ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအ,အောင်လို့ ပြောတယ်။ ညီညီကတော့ ပညာသင်တာဟာ မအ,အောင် လို့ ပြင်ပြောချင်တယ်။ သမိုင်းမှမဟုတ်ဘူး။ ပညာရပ်တိုင်းဟာလည်း မအ,အောင်သင်ရတာပဲ။
ညာမဲ့လူတွေဟာ ညာမယ်ဆိုတာနဲ့ လူငယ်တွေကိုပဲ ပြေးမြင်တော့တယ်။ မဟုတ်ဘူးလား။ ၁၈ နှစ်ဟာ လူတိုင်း တန်းတူရည်တူ ဥာဏ်ပညာရှိရမဲ့ အရွယ်ဆိုရင် ၂၅ နှစ်လူငယ်ဟာ သီအိုရီအသစ်ထုတ်တဲ့ အရွယ်ဖြစ်ရမယ် မဟုတ်လား။ ၁၉ရာစုက စကားလုံးတွေနဲ့ လိမ်ညာတာခံနေတာဟာ ပညာမတတ်လို့သာ မဟုတ်ဘူးလား။ ပညာတတ်အောင်သင်ရမယ် ကိုကို"
"ဆရာက တွေးနည်းခေါ်နည်းကို ထိန်းပေးရတယ် ညီညီ။ ဒါပေမဲ့ အမြင်ဆိုတာဟာ ကိုယ့်ဖာသာ မကြိုးစားဘဲနဲ့ အလိုလိုရှိ မနေသင့်ဘူး။ အလိုလိုရှိနေတဲ့ အမြင်ဟာသူများအမြင်တွေပဲ ဖြစ်မှာပဲ။"
"ကိုယ်တိုင်လေ့လာသင့်တယ်ပေါ့"
"ဘယ်သူကမှ မင်းကို ပညာတတ်အောင် ဖန်ဆင်းမပေးလိုက်ဘူး ညီညီ။"
"အတိတ်ကပါရမီကရော ကိုကို"
"ကမ္မ၀ါဒဟာ ပြဋ္ဌာန်းခံဝါဒမဟုတ်ဘူး ညီညီ။ ဗုဒ္ဓဘာသာရဲ့ ကံဟာလည်း အနောက်တိုင်းရဲ့ fate မဟုတ်ဘူး။ အနောက်တိုင်းရဲ့ fate ဆိုတာဟာ မလွှဲမရှောင်သာတဲ့ ကြမ္မာဆိုးမျိုးကို ပြောတာ။ နဖူးစာသဘောကို ပြောတာ။
စင်စစ်ကတော့ တကယ့်အဖြစ်အပျက်ဟာ ကြိုတင်သတ်မှတ်ထားတဲ့ အရာတွေမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့ပဲ။ မင်းဟာ ပညာတတ်ကြီးဖြစ်လာမယ်လို့ ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့ ပါရမီဟာလည်း ဖြစ်တန်စွမ်းသာလျှင် ဖြစ်တယ်။ ပညာတတ်ဖြစ်တာဟာ မင်းရဲ့ကြိုးစားမှုပေါ် တော်တော်လေး မူတည်ကောင်းမူတည်မယ်။
အင်း...၁၀၀ ရာခိုင်နှုန်းလားဆိုရင်တော့ မဟုတ်ပြန်ဘူး။ အချိန်၊ နေရာဒေသ၊ ခေတ်ကာလနဲ့ အခြားအကြောင်း တွေလည်း ရှိတယ်။ မော်ဒန်သိပ္ပံဟာ ဖြစ်တန်စွမ်းပဲဆိုတာ ကလေးတွေတောင်သိတယ်။ ညီညီလည်း သိရမယ်။"
"မိလိန္ဒပညှာမှာလည်း မကျန်းမာခြင်းရဲ့ အကြောင်းဖြစ်တဲ့ ကံဆိုတာကို အောက်ဆုံးက ပြထားတယ် ကိုကို"
"သိပ်မှန်တာပေါ့။ ထိုးထွင်းသိ ရှိရင်တော့ သဘောပေါက်နိုင်တယ်။ ကြောင်းကျိုးသိကို သုံးရင်လည်း ကိုယ်ကျင့်သိက္ခာတို့ ဗဟုသုတတို့ စတဲ့ အခြားဟာတွေ ပြည့်စုံဖို့ လိုသေးတာပဲ။ တကယ်ဖြစ်နေတာတွေဟာ သုံးဖက်မြင်ရဲ့ အလွန်မှာချည်းပဲ ညီညီရေ။ကဲ- ဒါကို ခဏထားပါ။ ကံကိုယုံပြီးဆူးပုံမနင်းရာနဲ့ ကံသာလျှင်အမိကံသာလျှင်အဖ ဆိုတဲ့စကားနှစ်ရပ် အချင်းချင်းဆန့်ကျင်နေတယ် လို့ယူဆသေးတဲ့ အထိ ညီညီမတုံးတော့ဘူးထင်ပါတယ်။"
"ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား"
"သူ့နေရာနဲ့သူမှန်နေတာပဲ ညီညီရယ်"
"ဥပမာလေး ပေးဖို့တောင်းဆိုပါတယ် ကိုကိုရယ်"
"မီးရထားတစ်စင်းဟာ မိုင်၁၀၀ နှုန်းနဲ့ အရှေ့အရပ်ကို ပြေးနေတယ်။ ရထားပေါ်မှာ လူနှစ်ယောက် ပင်ပေါင်ရိုက်နေတယ်။ ပင်ပေါင်ဘောလုံးဟာ အရှေ့အရပ်ကို မိုင်၂၀၀ နှုန်းနဲ့ ပြေးနေတယ်။ ပင်ပေါင်ဘောလုံးရဲ့ အလျင်ကို လမ်းပေါ်က မတ်တပ်ရပ်နေတဲ့လူက ကြည့်မယ်ဆိုရင် ဘယ်လောက်လဲ ညီညီ"
"မီးရထားအလျင် အရှေ့သို့ မိုင်၁၀၀ ပင်ပေါင်ဘောလုံးအလျင် အရှေ့သို့ မိုင်၂၀၀ ပေါင်း၊ မိုင်၃၀၀"
"ရထားပေါ်က လူတွေအတွက်ရော"
"မိုင်၂၀၀ ပဲပေါ့"
"အေး အဲဒါ အိုင်းစတိုင်း ပြောတဲ့ နှိုင်းရသီဝရီရဲ့ အလွယ်ဆုံးဥပမာပဲ"
"ကိုကို ဆိုလိုတာက ကံကိုယုံပြီး ဆူးပုံမနင်းရာဆိုတာနဲ့ ကံသာလျှင်အမိကံသာလျှင်အဖ ဆိုတဲ့ စကားတွေဟာ ဆန့်ကျင်နေတာမဟုတ်ဘူး။ အခြေအနေကိုလိုက်ပြီး မှန်တယ်လို့ ဆိုလိုတာလား"
"ဘယ်စကားကမှ နေရာတိုင်းမှာ မမှန်ဘူး။ နေရာလွဲနေတဲ့ ပစ္စည်းကောင်းဟာ အမှိုက်ပဲလေ ညီညီ"
"အချို့ကတော့ သူတို့စကားလုံးကို နေရာတကာမှာ မှန်ကန်တယ် ဆိုကြပါလား"
"ဒါဆို အမှိုက်တွေ အများကြီးထွက်လာတော့မှာပေါ့"
"ကံဆိုတာ အလုပ်ဆို။ အလုပ်ကောင်းရင် ကံကောင်းမယ်ဆို"
"ဒါကတော့ အားတက်အောင် ပြောရတာပဲ။ ကံရဲ့သဘောကို အစိန္တေယျလို့ ဘုရားဟောထားတာ ဒီလောက်လွယ်လွယ် ဘယ်နားလည်နိုင်မလဲ"
"အို ကိုကို့ဟာက ဘယ်အရာမှ မလွယ်ပါလား"
"အေးညီညီရေ လူတိုင်းဟာ ခက်ခက်ခဲခဲကြိုးစားရတယ်။"
"ကံအကြောင်းကို ညီညီ့ကို နည်းနည်းဖြစ်ဖြစ် ပြောပြဖို့ မသင့်ဘူးလား"
"သင့်ပေ၏ ညီညီ။ သို့သော် နောက်တစ်ခေါက်မှ ပေါ့။ အခု နေမြင့်ပြီ။ ပြီးတော့ ကိုကိုအလုပ်သွားရဦးမယ်။ ညီညီလည်း ညနေပိုင်းကျောင်းတက်ရမယ်"
Continue...