* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, July 7, 2009

အဘယ်ကို အလိုရှိကုန် သနည်း…


ခတ္တိယသုတ် - (မင်းမျိုး)

ထိုအခါ ဇာဏုေဿာဏိ ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-


ပုဏ္ဏားအမေး…
မင်း(ရှင်ဘုရင်)တို့သည် …
အဘယ်ကို အလိုရှိကုန်သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မင်း(ရှင်ဘုရင်)တို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏…
ရေမြေကို အစိုးရခြင်းကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ပုဏ္ဏားတို့သည် …
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာ ကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံး သွင်းကုန်သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ပုဏ္ဏားတို့သည်…
စည်းစိမ်ကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
မန္တာန်လျှင် တည်ရာ ရှိကုန်၏…
ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကုန်၏…
ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


အသျှင်ဂေါတမ…
သူကြွယ်တို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန် သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
သူကြွယ်တို့သည်…
စည်းစိမ်ဥစ္စာကို အလို ရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
အတတ်ပညာလျှင် တည်ရာ ရှိကုန်၏…
အလုပ်ကိစ္စကို နှလုံးသွင်းကုန်၏…
ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
မိန်းမတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
မိန်းမတို့သည်…
ယောက်ျားကို အလိုရှိကုန်၏…
တန်ဆာ ဆင်ခြင်းငှါ လေ့လာကုန်၏…
သားလျှင် တည်ရာရှိကုန်၏…
လင်တူမယား မရှိမူကို နှလုံးသွင်းကုန်၏…
အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ခိုးသူတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာ ရှိကုန်သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ခိုးသူတို့သည်…
သူတစ်ပါးဥစ္စာ ပစ္စည်းကို ယူခြင်းကို အလိုရှိကုန်၏…
ပုန်းအောင်းရန် အလို့ငှါ လေ့လာကုန်၏…
လက်နက်လျှင် တည်ရာရှိကုန်၏…
အမိုက်မှောင်ကို နှလုံးသွင်းကုန်၏…
ဥစ္စာရှင်တို့ မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏ ဟု မိန့်တော်မူ၏…


ပုဏ္ဏားအမေး…
ရဟန်းတို့သည်…
အဘယ်ကို အလိုရှိကုန် သနည်း…
အဘယ် အလို့ငှါ လေ့လာကုန်သနည်း…
အဘယ်လျှင် တည်ရာရှိကုန် သနည်း…
အဘယ်ကို နှလုံးသွင်းကုန် သနည်း…
အဘယ်လျှင် အဆုံးရှိကုန် သနည်း ဟု လျှောက်၏…

မြတ်ဗုဒ္ဓအဖြေ…
ရဟန်းတို့သည်…
သည်းခံမှု သီလ စင်ကြယ်မှုကို အလိုရှိကုန်၏…
ပညာ အလို့ငှါ လေ့လာကုန်၏…
သီလလျှင် တည်ရာရှိကုန်၏…
ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏…
နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏…


အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်း၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမသည် ပုဏ္ဏားတို့၏လည်း။ပ။
အသျှင်ဂေါတမသည် သူကြွယ်တို့၏လည်း။ပ။
အသျှင်ဂေါတမသည် မိန်းမတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ခိုးသူတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ရဟန်းတို့၏လည်း အလိုကို လည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊ နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။

အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေ၏။ပ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တတ်သူ 'ဥပါသကာ' ဟူ၍ မှတ်တော်မူပါ ဟု လျှောက်၏။ 52

၁ဝ - ခတ္တိယသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


Read more...

တရားဦးမဟောမီ ဆယ်ရက်အလို... (တည်တောဆရာတော် (မေး+ဖြေ))



တည်တောဆရာတော် (မေး+ဖြေ) ၂-မှ...

တရားဦးမဟောမီ ဆယ်ရက်အလို...






Read more...

အာသဝေါမကုန်မချင်း အားထုတ်ပါ


ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီလော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က မိမိတို့ အသီးသီး ယူဆထားသည်များကို လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။
ထိုအခါ ဘုရားရှင်က ရဟန်းတို့ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။



( ပါဠိဂါထာ )
န သီလဗ္ဗတမတ္တေန ၊ ဗာဟုသစ္စေန ၀ါ ပန ။
အထ ၀ါ သမာဓိလာဘေန ၊ ၀ိဝိတ္တသယနေန ၀ါ ။
ဖုသာမိ နေက္ခမ္မသုခံ ၊ အပုထုဇ္ဇနသေ၀ိတံ ။
ဘိက္ခု ၀ိဿာသမာပါဒိ ၊ အပ္ပတ္တော အာသ၀က္ခယံ ။

( မြန်မာပြန် )
သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်။

( ဆောင်ပုဒ် )

ဗဟုသုတ၊ ပြည့်ကြွယ်ဝလျက်၊ သီလဖြူစင်၊ ကျင့်စွမ်းအင်နှင့်၊ ကြည်လင်သမာဓိ၊ အားစွမ်းရှိကာ၊ ဆိတ်ငြိမ်ရာရပ်၊ နေထိုင်တတ်၍၊ ကျင့်မြတ်အာစာ၊ အနာဂါမိ၊ ချမ်းသာပြည့်ပြီ၊ လုံလောက်ပြီဟု၊ ယုံကြည်စိတ်ချ၊ အားမရနဲ့၊ အာသ၀ကုန်၊ မဂ်ဖိုလ်ဘုံနန်း၊ ရဟန္တာစစ်၊ အမှန်ဖြစ်အောင်၊ အားသစ်ကြိုးကုတ်၊ လွန်အားထုတ်လော့။



( ဓမ္မဋ္ဌ၀ဂ် သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု )

Read more...

Dhammacakka (ဝါဆိုလပြည့် ဓမ္မစကြာ တရားဦး)

The Buddha's first teaching was called the Dhammacakkappavattana Sutta, which means the Turning of the Wheel of Truth. It was given on the full-moon day of July (WarSo), called Asalha. This discourse was given to the five ascetics who were his former companions, at the Deer Park in Isipatana (now called Sarnath), near Benares, India. Many devas and brahmas (angels and gods) were present to listen to the discourse.


The Buddha started the discourse by advising the five ascetics to give up two extremes. These were indulgence in sensual pleasures and the tormenting of the body (self-indulgence and self-mortification). He advised against too much sensual pleasure because these pleasures were base, worldly, not noble and unhelpful in spiritual development. On the other hand, tormenting the body was painful, not noble and also unhelpful in spiritual development. He advised them to follow the Middle Way, which is helpful in seeing things clearly, as they are, and in attaining knowledge, higher wisdom, peace, and enlightenment or nirvana.


The Buddha then taught the five ascetics the Four Noble Truths. They are: the truth of suffering; its cause; its end; and the way to its end. Everything in this world is full of suffering, and the cause of suffering is craving. The end of suffering is nirvana. The way to the end of suffering is via the Noble Eightfold Path.


The Buddha said that he was enlightened only after he understood these Four Noble Truths.

The Noble Eightfold Path has eight parts or factors:

1. Right understanding means to know and understand the Four Noble Truths.

2. Right attitude means to have three kinds of thoughts or attitudes:

(i) Thoughts of renunciation or an attitude of "letting go".
(ii) Thoughts of goodwill to others, which are opposed to ill will.
(iii) Thoughts of harmlessness, as opposed to cruelty.

3. Right speech deals with refraining from falsehood, such as telling lies or not telling the truth; tale-bearing or saying bad things about other people; harsh words and frivolous talk such as gossiping.

4. Right action deals with refraining from killing, stealing and sexual misconduct.

5. Right livelihood deals with the five kinds of trade which should be avoided in order to lead a noble life. They are: trading in arms (weapons), living beings (breeding animals for slaughter), intoxicating drinks and poison.

6. Right effort has four parts using meditation:

(i) To try to stop unwholesome thoughts that have arisen
(ii) To prevent unwholesome thoughts from arising.
(iii) To try to develop good thoughts
(iv) To try to maintain good thoughts that have arisen

7. Right mindfulness is also fourfold. It is mindfulness of the body, mindfulness of feelings/sensations, mindfulness of thoughts passing through the mind and mindfulness of Dharma.

8. Right concentration is one-pointedness of mind as developed in meditation.

These eight factors can be grouped into Three smaller groups, as follows:

Sila (morality) right speech, right action, right livelihood:

Samadhi (concentrated mind in meditation)
right effort, right mindfulness, right concentration:

Panna (wisdom) right attitude, right understanding:

These three — morality, concentration and wisdom — are the three stages on the path to mental purity whose object is nirvana. These stages are described in a beautiful verse:

To cease from evil,(မကောင်းမှု မှန်သမျှ လုံးဝ မပြုနှင့်)
To do what is good.(ကောင်းမှု မှန်သမျှ အကုန်လုပ်၊ ပြည့်စုံအောင်လုပ်)
To cleanse one's mind:(စိတ်ကို ဖြူစင်အောင်ထား၊ စောင့်ရှောက်)


This is the advice of all the Buddhas.


ကိုးကားရန် Eng_ Dictionary


Read more...

လမြတ်ဝါဆို


ဒီနေ့ဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်နေထူးဖြစ်တဲ့ ၀ါဆိုလပြည့်လေးဖြစ်ပါတယ်.။
မနက်ပိုင်း မိမိတို့ကျောင်းမှာ အိန္ဒိယမှ PHD စာတမ်းပြုစုနေတော်မှုတဲ့ ဆရာတော်တစ်ပါးထံမှSkype .VZO တို့၏အကူအညီဖြင့် သီလယူခြင်း၊ နေ့ထူးလေးမှာတရားနာခွင့်ရခဲ့ပါတယ်။ဤသို့တရားပွဲလေးဖြစ်မြောက်အောင် ကူညီလုပ်ဆောင် လမ်းပြပေးတဲ့ ဆရာတော်နှင့်တကွ ကျွန်တော့်အကိုကိုဝင်းမြင့်ဇော်တို့ကိုလည်း ဤနေရာမှနေ၍ ရိုသေလေးစား ကျေးဇူးတင်မိပါကြောင်း နှင့်တရားပွဲအပြီးတည့်ခင်းကျွေးမွေး အလှူဒါနပြုကြသည့် ညီငယ်များကိုလည်း ထပ်လောင်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်။။
လမြတ်ဝါဆိုဆောင်းပါးလေးက ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ ဆရာဦးအောင်မွန်(မဟာဝိဇ္ဇာ) ရဲ့
ဆောင်းပါးလေးတစ်ပုဒ်ကို မှတ်သားနာယူဖွယ်အဖြစ် အဝေးရောက်နေသော ဗုဒ္ဓဘာသာဝင်တို့အတွက်
တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။...
မြန်မာဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထမြောက်လ ဖြစ်သည်။
ဝါဆိုလသည် ဝဿန္တမိုးဥတုဖြစ်သည်။ ရာသီမှာ ကရကဋ်၊ ရာသီရုပ်ကား
ပုစွန်လုံး၊ တာရာမှာ ဆင်တာရာ ဖြစ်၏။ ပြုဗ္ဗာသာဠ်နက္ခတ်သည် လမင်းနှင့်
ယှဉ်ပြိုင်လင်းလက်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲကား
ပဉ္စင်းခံပွဲတော် ဖြစ်ပါသည်။ ဤသည်ကို နဝဒေး၏ ဆယ့်နှစ်ရာသီဘွဲ့၌....
''ဝါဦးခေါ်မှတ်၊ ကရကဋ်လက်၊
ပြိုးပြက်ရောင်ဝှန်၊ ပြုဗ္ဗာသာဠ်နှင့်၊
နတ်မွန်ပျော်စက်၊ ပုန်းညက်ကြာခိုင်၊
ကြူလှိုင်ပျံ့သင်း၊ ပဉ္စင်းတော်ပွဲ
ညံမစဲသည်၊ ရိုက်နွှဲကြွေးကြော်ကာတည့်လေး''ဟူ၍လည်းကောင်း
ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား (၁၂)ပိုဒ်တွင်
''ပန်းများလှိုင်ကြူ၊မဉ္ဇူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊
ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ်...'' ဟူ၍
လည်းကောင်း တွေ့ရှိရပါသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဘဝဖြစ်တော်စဉ်၌
ထူးခြားမွန်မြတ် မင်္ဂလာအထပ်ထပ်ဖြင့် ပြည့်စုံသော ရက်မွန်နေ့မြတ်လည်း
ဖြစ်ပေ၏။
မဟာသက္ကရာဇ်(၆၇)ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ
အချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေဝီသည်
၎င်း၏ ဝမ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ယာရစ်လှည့်ပြီး
လက်ယာနံပါးမှ ဝင်ရောက်သည်ဟု အိပ်မက်မြင်မက်တော်မူသည်။ ဤကား
အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေယူတော်မူခြင်းတည်း။
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် (၁၆)နှစ် ရောက်သော်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သားတော်အား တောထွက်သွားမည်ကို
စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် တောမထွက်စေရန် နွေရာသီ၌ စံမြန်းစေရန်
''သုရမ္မ'' မည်သော စံနန်းပြာသာဒ်၊ မိုးရာသီတွင် စံမြန်းရန် ''သုဘ''
စံနန်းပြာသာဒ်၊ ဆောင်းရာသီအတွက် ''ရမ္မ'' စံနန်း ပြာသာဒ်များ
တည်ဆောက်စေပြီး လှည့်လည်စံမြန်းစေသည်။ ရွှေအဆင်းနှယ်လှပသည့်
ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူ၍ အာရုံငါးပါးဖြင့် ထီးနန်း
စည်းစိမ်ကို ခံစားတော်မူစေပါသည်။
မဟာသက္ကရာဇ် (၉၆)ခုနှစ် ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည်
မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့၏။ ဤတွင်
သူအိုတစ်ဦးကို မြင်တွေ့ခဲ့၏။ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်
တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်မိပြန်သော်
မိမိလည်း ထိုသို့ နာရ၊ သေရမည်ကို စဉ်းစားဆင်ခြင်မိလေသည်။နောက်ဆုံး
တစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာ ရဟန်း၏ အကျင့်
သီလသည် သတ္တဝါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘဝမှ လွတ်မြောက်နိုင်ပုံကို
ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူလေသည်။
ဤသို့ဖြင့် မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့
ညဥ့်သန်းခေါင်ယံမှာ ဆန္နအမတ်ကိုခေါ်လျက် ကဏ္ဍကမြင်းတော်ဖြင့်
တောထွက်တော်မူခဲ့လေသည်။ အနော်မာမြစ်ကမ်းရောက်သော် တစ်ကိုယ်
တည်း ကျင့်ကြံအားထုတ်ရန်ရည်သန်၍ အဝတ်တန်ဆာများနှင့် ကဏ္ဍက
မြင်းကို ဆန္ဒအမတ်အားလွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်လိုက်တော်
မူပါသည်။
အလောင်းတော်သည် ဥရုဝေလတောဝယ် သဗ္ဗညုတဥာဏ်ကိုရလို၍
ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်တော်မူခဲ့လေသည်။
သို့ရာတွင် သဗ္ဗညုတဥာဏ်မရနိုင်သဖြင့် မဇ္ဈိမပဋိပဒါလမ်းကြောင်း
ပြောင်းကာ ကျင့်ရာတွင်မှ ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ မဟာ
သက္ကရာဇ် (၁ဝ၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီး
မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ် ဝါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းဝင်လုဆဲ၊
လမင်းထွက်ပြူဆဲတွင်၊ ''ဒွေမေ ဘိက္ခဝေ'' အစချီလျက် တရားဦးဓမ္မစကြာ
ကို မိဂဒါဝုန်တောအတွင်း ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့လေသည်။
ဝါဆိုလ၌ ပဉ္စင်းခံပွဲကျင်းပရခြင်းမှာလည်း ဘုရားရှင်သည် မိဂဒါဝုန်
တောတွင် ပဉ္စဝဂ္ဂီငါးဦးနှင့်အတူ နတ်ဗြဟ္မာများစွာအား ဓမ္မစကြာတရားဦး

ဟောတော်မူပြီးနောက် ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ထံ ရဟန်းပြုခွင့် ပန်ကြားကြ
သည်။ ဘုရားရှင်က ခွင့်ပြုတော်မူ၍ ''ဧဟိဘိက္ခု'' ရဟန်းအဖြစ်ကို ရကြ
သည်။ ဤသည်ကို အရင်းခံ၍ ဝါဆိုလတွင် ပဉ္စင်းခံပွဲကို အစဉ်အဆက်
တခမ်းတနား ကျင်းပကြခြင်းဖြစ်ပါသည်။
ဤလမြတ်ဝါဆိုမှာပင် မြတ်ဘုရားရှင်သည် သတ္တမဝါကို တာဝတိံသာ
နတ်ပြည်၌ ကပ်တော်မူလျက် မယ်တော်နတ်သားအမှူးပြုသော နတ်၊ သိကြား၊
ဗြဟ္မာအပေါင်းအား တစ်ဝါတွင်းလုံးအဘိဓမ္မာတရားကိုဟောတော်မူပါသည်။
နေ့စဉ် လူ့ပြည်သို့ကြွတော်မူ၍ စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေးကာ နေ့သန့်
နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို
ဟောတော်မူပါသည်။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က
ဆက်လက် ဟောကြားတော်မူနေသည်။ ဤသို့တစ်ဝါတွင်းလုံး တာဝတိံသာ၌
ဟောတော်မူပြီး ဝါပကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်လူ့ရပ်
သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူပါသည်။
ဤလမြတ်ဝါဆိုမှာပင် တိတ္ထိတက္ကတွန်းတို့အား တန်ခိုးပြာဋိဟာပြတော်မူ
ခဲ့သည်။ မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ် ဝါဆိုလပြည့်ညချမ်း၌ သာဝတ္ထိပြည်၊
ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကိုဖန်ဆင်း၍ နှစ်ဆယ့်လေး
ယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ
တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ဝါဆိုလအမည်ကို ရှေးဟောင်း ကျောက်စာများ၌ 'မြွမယ်တာလ၊
နွယ်တာလ၊ နွေတာလ၊ မလွယ်တာလဟု' အမျိုးမျိုးတွေ့ရပါသည်။
မလွယ်မှာ မြေသို့မဟုတ် လယ်မြေဟု အဓိပ္ပာယ်ရသည်။ မိုးတွင်းကာလ
စိမ်းလန်း ရှင်သန်လျက်ရှိသော လယ်မြေယာတောများအတွင်း ဖြတ်သန်းကာ
ဒေသစာရီလှည့်လည်သွားလာကြသော ရဟန်း သံဃာတို့ကြောင့် လယ်
ယာများ၊ မြက်၊ သစ်ပင်၊ သီးနှံပင်များ ပျက်စီးကုန်ကြသည်။ ထိုအကြောင်းကို
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာ
ဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး ''ရဟန်းတို့
ဝါတွင်းသုံးလပတ်လုံး ဝါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏''ဟု မိန့်တော်
မူသည်။
ဤသို့နှင့် ဝါဆိုလပြည့်ကျော် ၁ရက်နေ့တွင် သံဃာတော်များသည်
မိမိတို့ သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ်
''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံဝဿံ ဥပေမိ'' ဤကျောင်းတွင် မိုးသုံးလ
ပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ထိုအခါမှစ၍ ရဟန်း
တော်တို့သည် မိမိတို့သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်
တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ဝါဆိုလပြည့်ကျော်
၁ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆို ဝါကပ်တော်မူကြရပေသည်။
သံဃာတော်အရှင်မြတ်တို့ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ကျင့်သုံး
ဆောက်တည်တော်မူကြသောကာလ၌ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းသည်
လည်း ဥပုသ်သီတင်းနေ့တိုင်း ဆောက်တည်ကြ၊ တရားဓမ္မနာကြားဆွေးနွေး
ခြင်းများ ပြုကြ၏။ ဝိပဿနာစခန်းများ၌ စခန်းဝင် တရားအားထုတ်ကြပါ
သည်။ ဘုရားကျောင်းကန်များမှာ လှူဒါန်းကျွေးမွေးခြင်း၊ သက်ကြီးဝါကြီး
များအား ပူဇော်သက္ကာရပြုခြင်း၊ သက်သတ်လွတ်စားခြင်း၊ ကျွဲ၊ နွား၊ ငါး၊
ငှက်တို့ကို ဘေးမဲ့လွှတ်ခြင်းစသည့် ကောင်းမှုများပြုကြသည်။ ဝါတွင်း
ကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာပြုခြင်းများကိုလည်း ရှောင်ကြဉ်
ကြရလေသည်။
ခြုံငုံ၍ဆိုရလျှင် ဝါဆိုလ၊ ဝါဆိုလပြည့် ဝါတွင်းသုံးလပတ်လုံး အခါ
သမယတို့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ လထူးလမြတ်၊ နေ့ထူးနေ့မြတ်၊
အခါထူး အခါမြတ်ကြီး ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့ကျရောက်တိုင်း
နိုင်ငံတစ်ဝန်း ဗုဒ္ဓနွယ်ဝင်တို့၏ ဓမ္မစကြာတရားတော်မြတ် ရွတ်ဖတ်
သရဇ္ဈာယ်သံများ ခြိမ့်ခြိမ့်အုန်းအုန်း ရှိလှပေသည်။
လမြတ်ဝါဆိုသည် ဘာသာ၊ သာသနာ အစဉ်အလာကောင်းများ၊ ကုသိုလ်
ရေးရာများ၊ ရိုးရာဓလေ့ကောင်းများပြည့်စုံလျက်၊ မင်္ဂလာ ကျက်သရေရှိ
လှသော အခါတော်ထူး ဖြစ်ပေသည်။ ဤရက်မြတ်အခါတွင် သတ္တဝါ
ခပ်သိမ်း၊ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြစေကြောင်း ဆုမွန်တောင်းလိုက်ရ
ပါသည်။

Print this post
လူတိုင်း ကိုယ်စိတ်နှစ်ဖြာ အစဉ်ထာဝရအေးငြိမ်းချမ်းသာ ရှိကြပါစေ

Read more...

ဝါဆိုလပြည့်နေ့မှာ……





ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရားရှင်နှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များအဖြစ် သက်မှတ်ထားသော နေ့များအနက် ၀ါဆိုလပြည့်နေ့လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၀ါဆိုပြီဆိုသည်နှင့် ရဟန်းသံဃာများလည်း ၀ါဆိုဖို့ရန် သင့်တော်ရာ ကျောင်းနေရာများ ရွေးပြီး ၀ါတွင်းကာလနေထိုင်ကြဖို့ စီမံကြရလေသည်။ စာရေးသူတို့ သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များကတော့ ဆက်စပ်ပတ်သတ်ရာ ကျောင်းများတွင် ၀ါဆိုကြရသည်။ အမိနိုင်ငံတွင် ၀ါဆိုပွဲကို ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ ကျင်းပကြသည်။ သီရိလင်္ကာတွင်ကား ၀ါဆိုလပြည့်နေ့ညမှာပင် ၀ါဆိုကြသည်။

အမိမြန်မာနိုင်ငံတွင် ရဟန်းသံဃာများ ၀ါဆိုလျှင် ဒကာ၊ ဒကာမများက ကျောင်းသို့ ရောက်လာပြီး သပြေခက်စသော ပန်းများကို ရဟန်းတော်များကို ဆက်ကပ်လေ့ရှိကြသည်။ ဥပုသ်ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလေ့ရှိကြသည်။ ဤနိုင်ငံတွင်ကား ၀ါဆိုလပြည့်နေ့တွင် ဥပုသ်နေ့ ထုံးစံအတိုင်း သီတင်းသီလဆောက်တည်လေ့ရှိကြသော်လည်း ရဟန်းတော်များ ၀ါဆိုခြင်းအတွက် မည်သည့်အခမ်းအနားမျှ ပြုလေ့မရှိပေ။ ညအချိန်တွင် ကျောင်းရှိသံဃာလေးငါးပါးစုရုံးပြီး `ဤကျောင်းတွင် ၀ါတွင်းကာလ နေထိုင်ပါမည်´ဟု အဓိဋ္ဌာန်ပြုပေးရုံသာ ဖြစ်ပါသည်။

ကိုလံဘိုမြို့ရှိ၊ မြန်မာကျောင်းသားရဟန်းတော်များ မှီခိုအားထားရာ မကုဋာရာမမြန်မာကျောင်းတော်ကြီးတွင် ၀ါဆိုခွင့်ရသော သံဃာတော်များကတော့ မိမိတို့ မြန်မာ့ရိုးရာအတိုင်း ၀ါဆိုကြလိမ့်မည် ထင်ပါသည်။
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာနှင့်ပတ်သက်သော ထူးခြားအဖြစ်အပျက် (၃) ခု ရှိပါသည်။ ၎င်းတို့မှာ
(၁) ဘုရားလောင်း ပဋိသန္ဓေတည်ခြင်း= မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) ဘုရားလောင်း တောထွက်တော်မူခြင်း = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဗုဒ္ဓမြတ်စွာ ဓမ္မစကြာတရားဦးဟောတော်မူခြင်း = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) တို့ ဖြစ်ပါသည်။


ဓမ္မစကြာတရားတော်ကို ဗုဒ္ဓဓမ္မအနှစ်ချုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓမြတ်စွာကို အကဲဖြတ်ရာတွင် ဤဓမ္မစကြာသုတ်တော်က အလွန်အရေးပါလှသည်။ ဗုဒ္ဓမြတ်စွာ၏ စည်းရုံးရေးပညာကို အထင်အရှား ပြနိုင်ခဲ့သော တရားတော်လည်း ဖြစ်သည်။ ပဉ္စ၀ဂ္ဂီငါးဦးက ပထမ ဘုရားလောင်းကို ပြုစုလုပ်ကြွေးခဲ့သည်။ ခြောက်နှစ်ဒုက္ကရစရိယာကျင့်ပြီး ဘုရားမဖြစ်၊ အစားအသောက်ပုံမှန်စားသောက်ပြီး ကျင့်နေသော ဘုရားလောင်းကို `ခြောက်နှစ်လုံးလုံး အပြင်းအထန် ကျင့်တာတောင် ဘုရားမဖြစ်တာ၊ ဒီပုံစံနဲ့တော့ ဘုရားမဖြစ်လောက်တော့ပါဘူး´လို့ ထင်မှတ်ပြီး စွန့်ခွါသွားကြသူများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးနောက် `ဘယ်သူ့ကို တရားစဟောရပါ့မလဲ´လို့ စဉ်းစားသောအခါ ပထမဆုံး လောကီဈာန်အကျင့်ကို နည်းပြပေးခဲ့သော အာဠာရရသေ့ကြီးက ပထမဆုံး ပေါ်လာပါသည်။ သို့ရာတွင် အာဠာရရသေ့ကြီးက သေလွန်ပြီး ဗြဟ္မာ့ပြည်ရောက်နေခဲ့လေသည်။ ထို့နောက်မှ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟောရန် ဥရုဝေလတောအုပ်သို့ ကြွလှမ်းလာခဲ့သည်။
ပဉ္စ၀ဂ္ဂီငါးဦးသည် သူ့ခေတ်အခါအရ ပညာတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အဝေးက ဗုဒ္ဓမြတ်စွာကြွလာသောအခါ `အရှင်တို့….ဂေါတမတော့ ငါတို့ဆီ လာနေပြန်ပြီ။ သူ့ကို ဘယ်သူမှ မကြိုဆိုကြနဲ့၊ ခရီးဦးကြိုမပြုကြနဲ့၊ နေရာလည်း မပေးကြနဲ့၊ ခပ်တည်တည်ပဲ နေကြရအောင်´ဆိုပြီး ကတိက၀တ် လုပ်ထားခဲ့ကြသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာ အနီးအနားရောက်လာသောအခါ မည်သူမျှ ခရီးဦးကြို မပြုဘဲ မနေနိုင်ကြဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ဤနေရာတွင် မဟာယာနအယူအဆ၊ ထေရ၀ါဒအယူအဆစသည်ဖြင့် စိတ်ဝင်စားစရာ များစွာရှိသော်လည်း ချန်ထားခဲ့ပါမည်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မကြောင်းအရ စိတ်ဝင်စားစရာ ဖြစ်သလို ဟောကြားသွားသည့် `ဟန်´ကလည်း အလွန့်ကို စည်းစနစ်ကျပါသည်။ ဗုဒ္ဓမြတ်စွာသည် တရားဟောရာတွင် ပုဂ္ဂိုလ်အလိုက် နည်းအမျိုးမျိုးဖြင့် ဟောကြားလေ့ရှိပါသည်။ ဤဓမ္မစကြာသုတ်ကို Dialogue Method ဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး ဓမ္မစကြာကို `ငါ့ရှင်တို့ လူ့ဘောင်မှ စွန့်ခွါခဲ့သူတွေမှာ ရှောင်ရမယ့် အစွန်းနှစ်ပါး ရှိတယ်၊ အဲဒီနှစ်ပါးက ဘာတွေလဲ၊ ကာမဂုဏ်အလွန်အကျွံ လိုက်စားခြင်း (Self-indulgence)နဲ့ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့် (Self-mortification)တို့ ဖြစ်တယ်၊ အဲဒီ အစွန်းနှစ်ပါးကနေ လွတ်တဲ့ အလယ်အလတ်လမ်းစဉ်(မဂ္ဂင်လမ်းစဉ်)ဆိုတာ ရှိတယ်၊ ရဟန်းဆိုတာ အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းရမယ်´စသည်ဖြင့် စီကာစဉ်ကာ ဟောကြားသွားခဲ့ပါသည်။

ဤနေရာတွင် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)ကို ဗုဒ္ဓဘာသာများ နားလည်မှုလွဲနေကြသည်ကို ပြောပြလိုသည်။ `အလယ်အလတ်လမ်းစဉ်ဆိုတာ အစွန်းနှစ်ပါးရဲ့ အလယ်မှာ ရှိတဲ့အရာပေါ့´လို့ ဆိုနေတတ်ကြသည်။ သာမန်တွေးရင်တော့ ဟုတ်သလိုလိုတော့ ရှိပါသည်။ ဤသို့ဆိုလျှင် ကာမဂုဏ်ကို အလွန်အကျွံလိုက်စားခြင်းက ကာမသုခလ္လိကာနုယောဂဆိုတော့ အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ကာမဂုဏ်လိုက်စားလျှင် အစွန်းမရောက်ဟု ဆိုရမလို ဖြစ်နေပါသည်။ အမှန်မှာ အစွန်းနှစ်ပါး၏အလယ်တွင် ရှိသောလမ်းစဉ်က မဇ္ဈိမပဋိပဒါမဟုတ်ပေ။ အစွန်းနှစ်ပါးမှ လွတ်သော သီးခြားလမ်းစဉ်တစ်ခုကသာ မဇ္ဈိမပဋိပဒါ- အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

နောက်ထပ် ဓမ္မစကြာသုတ်က ဗုဒ္ဓမြတ်စွာ၏ လေးစားကြည်ညိုဖွယ်ရာ သို့မဟုတ် စကားပြောကျွမ်းကျင်မှု သို့တည်းမဟုတ် အရှည်မြော်မြင်မှုကို မီးမောင်းထိုးပြနေပြန်ပါသည်။ ဓမ္မစကြာတွင် အစွန်းနှစ်ပါး၏ အပြစ်ကို ဖော်ပြထားသည်။ အစွန်းနှစ်ပါး၏အပြစ်ကို ပြောရာတွင် တစ်ခုနှင့်တစ်ခု မတူပါ။

နံပါတ် (၁) ကာမသုခလ္လိကာအစွန်း၏ အပြစ်ကို ပြရာတွင် ``(က) ဟီနော = ယုတ်ညံ့တယ်၊ (ခ) ဂမ္မော = ရွာသူရွာသား(လူများ)၏အလုပ်ဖြစ်တယ်၊ (ဂ) ပေါထုဇ္ဇနိကော = ပုထုဇဉ်တို့၏ အလုပ်ဖြစ်တယ်၊ (ဃ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (င) အနတ္တသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်ငါးမျိုး ပြတော်မူသည်။

နံပါတ် (၂) အတ္တကိလမထာနုယောဂအစွန်း၏ အပြစ်ကို ပြရာတွင်ကား ``(က) ဒုက္ခော = ဆင်းရဲတယ်၊ (ခ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (ဂ) အနတ္ထသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်သုံးမျိုးကိုသာ ပြပါသည်။ `ဟီနော = ယုတ်ညံ့တယ်´ဟု ဟောတော်မမူခဲ့ပေ။ မဟာစည်ဆရာတော်ကလည်း ဓမ္မစကြာတရားတော် စာအုပ်တွင် စိတ်ဝင်စားစရာကောင်းသော ဤပွိုင့်ကို ထောက်ပြဆွေးနွေးပြထားပါသည်။ ဆရာတော်ကြီးကတော့ အသေးစိတ်ကျမ်းဂန်များညှိပြီး ပြထားပါသည်။ ထိုခေတ်အခါက အတ္တကိလမထနုယောဂအကျင့်ကို လောက၏ အမြတ်ဆုံးအကျင့်အဖြစ် သဘောထားနေကြသောကြောင့် ဖြစ်ဟန်ရှိပါသည်။ တရားနာနေကြသော ပဉ္စ၀ဂ္ဂီငါးဦးသည် နံပါတ် (၂)အကျင့်ဖြစ်သော အတ္တကိလမထာနုယောဂအကျင့်ကို အမွန်အမြတ်ထားပြီး ကျင့်ဆောင်နေကြသူများ ဖြစ်လေသည်။ သူတစ်ပါး တန်ဖိုးထားမြတ်နိုးသော အကျင့်လမ်းစဉ်တစ်ခုကို `မင်းတို့အကျင့်ကြီးက တော်တော် အောက်တန်းကျပါတယ် (ဟီနော)´လို့ ဆိုလိုက်လျှင် ကိုယ့်စကားကို ဆက်လက်နားမထောင်ဘဲ လိုရာခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက `ဟေ့ ပဉ္စ၀ဂ္ဂီတို့ မင်းတို့ကျင့်နေတဲ့ အကျင့်က အောက်တန်းစားကြီးကွ၊ ယုတ်ညံ့တယ်´ဟု မဟောခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဤအချက်သည်လည်း အတုယူမှတ်သားသင့်သောအချက်တစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာက ထိုကဲ့သို့ လိမ္မာပါးနပ်စွာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးကို မကျဉ်းမကျယ်ဟောကြားနိုင်ခဲ့သောကြောင့် အရှင်ကောဏ္ဍညသည် တရားအဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါသည်။ ထို့အပြင် သံဃာရတနာလည်း ပေါ်ထွန်းခဲ့ရပါသည်။ ထို့ကြောင့် အချို့က ၀ါဆိုလပြည့်နေ့ကို
(၁) ဘုရားလောင်းပဋိသန္ဓေယူတော်မူသောနေ့
(၂) ဘုရားလောင်းတောထွက်တော်မူသောနေ့
(၃) ဓမ္မစကြာတရားဦးဟောတော်မူသောနေ့
(၄) ပထမဆုံးသောတာပန်ပေါ်ပေါက်သောနေ့
(၅) သံဃာရတနာပေါ်ပေါက်သောနေ့ဟူ၍ မှတ်တမ်းတင်လေ့ရှိကြသည်။
ထူးခြားသော ၀ါဆိုလပြည့်နေမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်းအားဖြင့် ကောင်းမွန်မြင့်မြတ်မှုများနှင့် ပြည့်ဝသော ဘ၀များ ပိုင်ဆိုင်ရရှိကြပါစေ။ ဦးဇင်းတို့ အမိမြန်မာနိုင်ငံလည်း လူသားကျင့်ဝတ်သိက္ခာတရားများ ထွန်းကားပြည့်ဝသော နိုင်ငံတစ်ခု ဖြစ်ပါစေလို့ ၀ါဆိုလပြည့်နေမှာ ဆုတောင်းလိုက်ပါသည်။ ။



Read more...

မချစ် မမုန်း အကောင်းဆုံး…


“ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊ မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏၊ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းဖွယ်တို့နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်“ (ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)
ဤစကားတော်သည်ကား မြတ်စွာဘုရားရှင်တော်မြတ် နှုတ်တော်မှထုတ်ဖော် ဟောကြားတော်မူခဲ့သည် တရားမြတ်ဖြစ်ပါ၏။ အချစ်အမုန်းကို အရှင်းဆုံးဖြစ်အောင် တိုတိုနဲ့လိုရင်းရောက်စေသည့် တရားစကားဖြစ်၏။ အချစ်အမုန်းရှိလျှင် ဆင်းရဲရှိနေမည်ဖြစ်သောကြောင့် မချစ်မမုန်းဘဲ နေနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မိန့်တော်မူထား၏။ အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့ အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။ ချစ်လျှင်လည်း မကောင်း၊ မုန်းလျှင်လည်း မကောင်းသည့် လောကကြီးတွင် မချစ်မမုန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။


မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ဖြစ်ပါ၏။ သာဝတ္ထိပြည်ရှိ မိသားစုတစ်စုသည် မိသားစုလိုက် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၏။ ရှေးဦးစွား သားဖြစ်သူသည် ရဟန်းဘ၀ကို ရယူခဲ့၏။ ထို့နောက် ဖခင်ကြီးသည်လည်း သားနောက်လိုက်ကာ ရဟန်းပြုခဲ့၏။ လင်ယောက်ျားနှင့် သားမရှိတော့သဖြင့် မိခင်ဖြစ်သူသည်လည်း ဘိက္ခုနီမအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့တော့၏။ ထိုမိသားစု၏ သံယောဇဉ်ကား ကြီးမားလှ၏။ လူ့ဘ၀မှာပင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ရှိကြသည်မဟုတ် သာသနာ့ဘောင် ရောက်လာချိန်အထိ သံယောဇဉ်က မပြတ်လှ။ ထို့ကြောင့် သူတို့သုံးဦးသည် တစ်ကျောင်းတည်းတွင် အတူစုပြီး နေထိုင်ကြ၏။ ထိုသူတို့၏ နေထိုင်သည့်ကျောင်းသည် သူတို့၏လူ့ဘ၀က အိမ်သဖွယ်ဖြစ်နေတော့၏။ အတူတကွ စားခြင်းသောက်ခြင်း စကားပြောခြင်းဖြင့်သာ အချိန်ကုန်နေကြ၏။ တစ်ကျောင်းတည်းတွင် မိသားစုလိုက် အတူတကွနေထိုင်ပြီး တရားအားမထုတ်ဘဲ အချည်းနှီး အချိန်ကုန်နေကြသည့်အပြင် အခြားသီတင်းသုံးဖော်များကိုပင် အနှောက်အယှက် ဖြစ်စေတော့၏။ ထို့ကြောင့် ရဟန်းတော်အချို့မှ ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ ထိုအခါ ဘုရားရှင်မှ ထိုသူများအား ရှေ့တော်သို့ ခေါ်တော်မူပြီး “သင်တို့သည် သာသနာ့ဘောင်သို့ ၀င်ရောက်လာပြီး ထိုကဲ့သို့ အိမ်ထောင်စုတစ်စု အနေမျိုးဖြင့် အတူတကွ အချိန်အကြာကြီး နေထိုင်ခြင်းကို မပြုသင့်ကြောင်း၊ ချစ်ခင်သူများကို မမြင်ရခြင်း၊ မချစ်မနှစ်သက်သူများကို မြင်နေရခြင်း နှစ်မျိုးလုံးသည် ဒုက္ခဆင်းရဲ့ကိုသာ ဖြစ်စေကြောင်း၊ ထို့ကြောင့် သင်တို့သည် မည်သည့်သတ္တ၀ါ၊ မည်သည့်အရာဝတ္ထုအပေါ်ကိုမျှ တွယ်တာမှု သံယောဇဉ် မထားသင့်ကြောင်း“ စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့၏။ ဒေသနာတော်အဆုံးတွင် ထိုမိသားစု သုံးဦးသည် သေတာပတ္တိဖိုလ်သို့ မျက်မှောက်ပြုသွားကြ၏။

မှန်၏။ ချစ်ခြင်း၊ မုန်းခြင်းဟူသည် တွယ်တာမှု သံယောဇဉ်ကြောင့် ဖြစ်၏။ တွယ်တာမှု သံယောဇဉ်၏ သဘောကား ထိုသံယောဇဉ်ကို မဖြတ်နိုင်သေးသမျှ ဆင်းရဲဒုက္ခကိုသာ ဖြစ်စေတော့၏။ လူဖြစ်စေ ရဟန်းဖြစ်စေ သံယောဇဉ် ဖြစ်မိပြီဆိုလျှင် ပူလောင်ဆင်းရဲကိုသာ ဖြစ်စေ၏။ အချို့က ချစ်ခြင်းကိုသာ သံယောဇဉ်ဟု ထင်မှတ်နေကြ၏။ စင်စစ် မုန်းခြင်းသည်လည်း သံယောဇဉ် တစ်မျိုးပင်ဖြစ်၏။ စာပေက ထိုအမုန်းသံယောဇဉ်ကို ပဋိဃသံယောဇဉ်ဟု ဆို၏။ တစ်စုံတစ်ယောက်ကို ချစ်မိပြီ သံယောဇဉ်ဖြစ်မိပြီဆိုလျှင် အချိန်ပြည့် ထိုသူ့ကိုသာ သတိရနေတတ်၊ ထိုသူ၏အကြောင်းကိုသာ စဉ်းစားနေတတ်၊ ထိုသူနှင့်ပတ်သက်သည်များကိုသာ မြင်ယောင်နေတတ်မိ၏။ ဤသဘောကား အချစ်သံယောဇဉ်ကြောင့် ဖြစ်သည့်သဘောဖြစ်၏။ ထို့အတူပင် တစ်စုံတစ်ယောက်ကို မုန်းမိပြီဆိုလျှင်လည်း ထိုသူ့အကြောင်း၊ ထိုသူနှင့်ပတ်သက်သည့် သတင်းစကား၊ ထိုသူမည်သို့မည်ပုံဖြစ်သည်၊ ထိုသူသည် မိမိအပေါ် မည်သိုမည်ပုံ ပြုမူဆက်ဆံ ပြောဆိုခဲ့သည် စသည်တို့ကိုသာ မကြာခဏ သတိရနေမိ၏။ ထို့ထက်ဆိုးသည်ကား ထိုသူသည် အခြားတစ်နေရာတွင် မိမိထက်အောင်မြင်နေသည်၊ မိမိထက်သာနေသည် စသည့်အသံများကြားရလျှင် ပို၍ပင် မခံချိမခံသာဖြစ်ကာ သူ့အပေါ် မကောင်းသည့်စိတ်ထားများဖြင့်သာ တစိမ့်စိမ့်တွေးတော မြင်ယောင်နေမိတော့၏။ ဤသည်မှာလည်း အမုန်းသံယောဇဉ်၏ သဘောပင်ဖြစ်၏။ မည်သည့် သံယောဇဉ်ဖြစ်ဖြစ် နောက်ဆုံး မိမိရလိုက်သည့် အကျိုးရလာဘ်သည်ကား ဆင်းရခြင်းတစ်ခုတည်းပင် ဖြစ်၏။ အချစ်သံယောဇဉ်ကြောင့် ချမ်းသာမှုကို ဖြစ်စေသည်၊ အမုန်းသံယောဇဉ်ကြောင့် ပီတိဖြစ်ရသည်ဟူသည် မရှိလှပေ။ ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံး၏ အဆုံးသည်ကား ဆင်းရဲခြင်းသာ နိဂုံးဖြစ်နေပေ၏။ ထို့ကြောင့် မချစ်မမုန်းအကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံးသည် သစ္စာသဘောဖြင့် ကြည့်လျှင် ဒုက္ခသစ္စာချည်းသာ ဖြစ်၏။ ဆင်းရဲကြောင်း အမှန်တရားသာ ဖြစ်၏။ မြတ်ဗုဒ္ဓက “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော= မချစ်မနှစ်သက်သော သူများ၊ မဖြစ်မနှစ်သက်သော အရာများနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်း“ သည်ဒုက္ခဖြစ်သကဲ့သို့ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော= ချစ်ခင်နှစ်သက် စုံမက်သူများ၊ ချစ်ခင်နှစ်သက်သော အရာများနှင့် သေကွဲရှင်ကွဲ ကဲရခြင်း“သည်လည်း ဒုက္ခပင်ဖြစ်ကြောင်း ဟောတော်မူ၏။ ထို့ကြောင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ တွယ်တာမှုမဖြစ်စေဘဲ မချစ်မမုန်း နေနိုင်အောင် ကြိုးစားသင့်ကြောင်း မိန်ကြားတော်မူခြင်း ဖြစ်၏။

ဘုရားရှင်၏ ထိုမိန့်တော်မူချက်သည် အမှန်ပင်ဖြစ်၏။ တွယ်တာမှု သံယောဇဉ်သည် ပူလောင်မှုကို ဖြစ်စေတတ်၏။ ပူလောင်မှုဖြစ်ပေါ်လာခြင်းသည် ချစ်ခြင်း၊ မုန်းခြင်းကြောင့်ဖြစ်၏။ အချစ်သံယောဇဉ်ဖြစ်စေ၊ အမုန်းသံယောဇဉ်ဖြစ်စေ သံယောဇဉ်ဖြစ်လာလျှင် နောက်ဆက်တွဲအဖြစ် ပူလောင်မှုသဘောက ပါလာပြီးဖြစ်၏။ ချစ်သဖြင့် ပူလောင်ရသကဲ့သို့ မုန်းသဖြင့်လည်း ပူလောင်ရ၏။ ဤနေရာတွင် အချစ်နှင့် မေတ္တာကို ကွဲပြားစွာ နားလည်သဘောပေါက်ရန် လိုအပ်၏။ တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းသည် ကာမရာဂဦးစီးသဖြင့် ပူလောင်စေ၏။ မေတ္တာ၏ ချစ်ခြင်းသည်ကား တွယ်တာမှု ကာမရာဂမပါ သူတပါးတို့၏ အကျိုးကိုလိုလာခြင်း စေတနာသက်သက်သာ ဦးစီးသဖြင့် အေးမြစေ၏။ အမုန်းသည်ကား မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သဖြင့် အမြဲတစေ ပူလောင်စေလေ၏။ သေချာတွေးကြည့်လိုက်လျှင် တွယ်တာမှု တဏှာသံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်းမုန်းခြင်းသည် အေးမြမှုကို မဖြစ်စေနိုင်သည်မှာ သေချာလှ၏။ သူတပါးအကျိုးကို လိုလားသည့် စေတနာကြောင့် ဖြစ်ပေါ်လာသည့် မေတ္တာသည်ကား အေးမြမှုကိုဖြစ်စေ၏။ ပီတိတရား တိုးပွားစေ၏။ ထို့ကြောင့် တွယ်တာမှုနှင့်တကွ ဖြစ်သည့် ချစ်ခြင်းအစား တွယ်တာမှုမပါ အကျိုးလိုလားမှု သက်သက်သော စေတနာနှင့်တကွဖြစ်သည့် မေတ္တာတရား များများပွားရန် လိုအပ်ပေ၏။

သို့သော် တွယ်တာမှု သံယောဇဉ် မကင်းသေးသည့် လောကကြီးတွင် ထိုသို့ မချစ်မမုန်းနေနိုင်အောင် ကြိုးစားရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ အလွန်သဒ္ဓါတရား အားကောင်းပြီး အထူးကြိုးစား လေ့ကျင့်မှသာ ပြုပြင်လာနိုင်ကြမည် ဖြစ်၏။ ပြုပြင်ကြည့်မည်ဟူသည့် စိတ်ထားလေး ဖြစ်ရန်ရှေးဦးစွား ကြိုးစားသင့်၏။ မည်သည့်အရာမျှ မလုပ်သည်ထက်စာလျှင် အနည်းငယ်စလုပ်ကြည့်သည်က ပို၍ အကျိုးသက်ရောက်မှု ရှိစေ၏။ အဓိက အရေးကြီးသည်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာ ၀တ္ထုအပေါ်ကိုမျှ သံယောဇဉ်မပိုမိကြရန် လိုအပ်၏။ အချစ်လည်းမပို အမုန်းလည်း မပိုရန် လိုအပ်လှ၏။ အချစ်ပိုလျှင် အပြစ်ပိုလာနိုင်သကဲ့သို့ အမုန်းပိုလျှင်လည်း အရှုံးပိုလာတတ်၏။ အချစ်ကြီးလျှင် အပြစ်ကြီးတတ်သကဲ့သို့ အမုန်းထူးလျှင်လည်း အရှုံးထူးတတ်၏။

ဤနေရာတွင် စာဖတ်သူများအနေဖြင့် မိမိတို့၏ ကိုယ်တွေ့လေးများဖြင့် ချိန်ထိုးကာ စဉ်းစားဆင်ခြင်နိုင်ကြ၏။ မိမိက တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို ချစ်ခင်တွယ်တာမိသည့်အခါ ထိုသူထိုအရာ ၀တ္ထုအပေါ်တွင် မိမိစိတ်တိုင်းကျ ဖြစ်စေလိုသည့် သဘောများ ဖြစ်ပေါ်လာတတ်၏။ မိမိလိုချင်သည့် ပုံစံလေးများ ပေါ်ပေါက်စေလို၏။ မိမိနေထိုင်စေချင်၊ ပြောစေချင်၊ လုပ်ကိုင်စေချင်သည့် ပုံစံများကို မျှော်လင့်လာတတ်၏။ သို့သော် ထိုသို့ ဖြစ်မလာခဲ့။ အရာရာမမြဲခြင်း၊ မိမိအလိုအတိုင်း မဖြစ်ခြင်းဟူသော သဘောတရားကို ထည့်မစဉ်းစားမိသဖြင့် ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာသည့်အခါ ချစ်မိရာမှ အမုန်းဖြစ်လာတတ်၏။ အမုန်းဖြစ်လာလျှင် အပြစ်လည်း ဖြစ်လာလေ့ရှိတတ်၏။ ထိုအခါ အချစ်ကြီးလေ အမျက်ကြီးလေဖြစ်လာတတ်ပြီး အမျက်ကြီးလေ အပြစ်ကြီးလေလည်း ဖြစ်လာတတ်၏။ အချစ်ကြီးသဖြင့် အပြစ်ကြီးသည့် သဘောပင်ဖြစ်၏။ ဤသည်မှာ ချင်ခင်ခြင်းဟူသည့် တွယ်တာမှုကြောင့်ပင်ဖြစ်၏။ ထို့အတူ တစ်စုံတစ်ယောက် တစ်စုံတစ်ခုကို မုန်းမိပြီဆိုလျှင်လည်း ထိုအမုန်းသံယောဇဉ်ကြောင့် ထိုသူများထိုအရာများ၏ ပျက်ဆီးကြောင်းကိုသာ တွေးတောကြံစည်လာတတ်ကြ၏။ ထိုသူထိုအရာများနှင့် ပတ်သက်သည့် မကောင်းသည့် အကုသိုလ် အတွေးများကိုသာ မကြာမကြာဖြစ်ပေါ်စေပြီး ထိုစိတ်နှင့်ပင် တိုက်ဆိုင်တိုင်း၊ ကြုံကြိုက်တိုင်း နှိမ့်ချပြောဆို ပုတ်ခပ်မိစေတတ်၏။ စိတ်၏သဘောကလည်း အခက်သားပင်။ မုန်းမိပြီဆိုလျှင် ထိုသူဘာလုပ်လုပ်၊ ဘာပြောပြော မကောင်းဘက်ကသာ တွေးတောထင်မြင် နေတတ်၏။ ထိုသို့ မကောင်းအမြင် မကောင်းအတွေး ရှိနေသည့်အခါ မိမိကိုယ်တိုင်လည်း စိတ်မကြည်လင်ဖြစ်ပြီး ထိုမကြည်လင်သည့် စိတ်ကြောင့်ပင် ပြောဆိုလုပ်ကိုင်သည့် အရာများသည်လည်း မကြည်လင် မသန့်ရှင်းဖြစ်ကာ အမှားတွေသာ ဆက်တိုက်ဖြစ်စေတော့၏။ အမှားများလာပါက ကောင်းကျိုးသက်ရောက်မှု နည်းလာတတ်၏။ အကျိုးနည်းလာလျှင် တစ်ဖြည်းဖြည်း အရှုံးပေါ်လာတတ်၏။ အမှားများလေ အကျိုးနည်းလေဖြစ်ပြီး အကျိုးနည်းလာသည်နှင့်အမျှ အရှုံးများလာမည်ဖြစ်၏။ ထိုအရှုံးသည် ယခုဘ၀၌ပင် ရှုံးခြင်းဖြစ်လျှင်ကား ဖြေနိုင်သေး၏။ ဘ၀သံသရာအထိ ရှုံးလာမည်ဆိုပါက ဘ၀သည် စုန်းစုန်းမြုပ်လေတော့မည် ဖြစ်၏။ မြုပ်ပါများလျှင် ပြန်၍နှုတ်ရန် ခက်လာတတ်၏။ အောက်ဆုံးအထိ မြုပ်သွားမည်ဆိုလျှင်ကား နှုတ်ရန်အလွန် ခဲရင်းသွားစေလေတော့၏။ ထိုအခါ အထက်နှင့်လည်း ပို၍ပင် ဝေးဝေးသွားစေလေတော့၏။ အောက်ဆုံးနှင့် အထက်ဆုံးအဖြစ် အလွန်အလှမ်းကွာဝေးသွားတတ်၏။ စာစကားနှင့် ပြောလျှင်ကား အ၀ိစီနှင့် နိဗ္ဗာန်ဝေးသွားသကဲ့သို့ပင် ဖြစ်၏။ ဤသည်မှာ အမုန်းကြီးသဖြင့် အရှုံးကြီးသွားခြင်း သဘောပင်ဖြစ်၏။ ထို့ကြောင့် အပြစ်မကြီးရန်နှင့် အရှုံးမကြီးရန်အတွက် မချစ်မမုန်း အကောင်းဆုံးဟု ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် တွယ်တာမှု တဏှာကြောင့် ဖြစ်ပေါ်တတ်သည့် ချစ်ခြင်းမုန်းခြင်းသည် သတ္တ၀ါတို့အား ငြိမ်းအေးမှုကို မဖြစ်စေဘဲ ပူလောင်မှုကိုသာ ဖြစ်စေသဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်ကိုမျှ အနှောင်မဖြစ်မိကြရန် လိုအပ်လှ၏။ ချစ်သဖြင့် ဒုက္ခဖြစ်ကြရသကဲ့သို့ မုန်းသဖြင့်လည်း ဒုက္ခဖြစ်တတ်၏။ ချစ်သဖြင့် အပြစ်ဖြစ်ကြသကဲ့သို့ မုန်းသဖြင့်လည်း အရှုံးဖြစ်တတ်ကြ၏။ အပြစ်ဖြစ်လျှင် အရှုံးဖြစ်တတ်သည်မှာ ဓမ္မတာဖြစ်၏။ ဤသည်မှာ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာသည့် အပြစ်အရှုံးပင် ဖြစ်၏။ အပြစ်သည် အကုသိုလ်ဖြစ်ပြီး အရှုံးသည် အကုသိုလ်၏ အကျိုးဖြစ်၏။ ထိုသဘော၏ အခြေခံအကြောင်းသည် တွယ်တာမှုတဏှာကြောင့် ဖြစ်၏။ ထို့ကြောင့် တိုတောင်းလှသည့် ဘ၀အခိုက်အတန့်တွင် ပူလောင်မှုကို ဖြစ်ပေါ်စေတတ်သည် တဏှာ၊ ထိုတဏှာကြောင့် ဖြစ်ပေါ်စေသည့် ချစ်ခြင်း၊ မုန်းခြင်းကို သတိဖြင့် ဆင်ခြင်ကာ နေရသည့်အခိုက် အကောင်းဆုံးနေနိုင်စေရန် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာအပေါ်မျှ အနှောင်အဖွဲ မဖြစ်စေဘဲ မချစ်မမုန်းစနစ်ကို ကျင့်သုံးကြခြင်းဖြင့် အကောင်းဆုံး နေနိုင်အောင် ကြိုးစားသင့်ပါကြောင်း…

Read more...

စုပေါင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာပြီးစီး





ကိုရီးယားရောက် မြန်မာညီအစ်ကို မောင်နှမများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ၅- ၇ - ၂၀၀၉ ခု၊ တနင်္ဂနွေနေ့က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ အင်ချွန်း၊ ဘူဆန်၊ ဂင်မဲ၊ အူလ်ဆန်၊ ဂယောင်ဆန်၊ ဂယောင်ဂျူ၊ ဒယ်ဂုစသည့် အနယ်နယ် အရပ်ရပ်တွင် ရောက်ရှိနေကြသည့် မြန်မာညီအစ်မောင်နှမများနှင့် ကိုရီးယားနိုင်ငံသားများ စုံညီစွာတက်ရောက်ကြသည်။ ထို့နောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တအား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး တရားတော်နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ကျွေးမွေးလှူဒါန်း ဧည့်ခံကြသည်။

ဝါဆိုသင်္ကန်းအလှူရှင် စာရင်းများကို နောက်မှသီးသန့် ဖော်ပြပေးပါမည်။

Read more...

လွတ်မြောက်ခြင်းငှါ...


ဓီတုသုတ် -

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန် သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန် သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။

ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ သမီးမဖြစ်ဖူးသော သတ္တဝါကို ရလွယ်သည် မဟုတ်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း- ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်။
ရဟန်းတို့ ဤသို့လျှင် ရှည်စွာသော ညဥ့်တို့ပတ်လုံး သင်တို့သည်
ဆင်းရဲကို ခံစားရဖူးလှလေပြီ၊
ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊
ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ
သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ
ရဟန်းတို့ ဤအလုံးစုံသော
သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှတော့သည်သာတည်း
တပ်ခြင်း ကင်းခြင်းငှါ သင့်လှတော့သည်သာတည်း
လွတ်မြောက်ခြင်းငှါ သင့်လှတော့သည်သာတည်း
ဟု ဟောတော်မူ၏။

၉ - ဓီတုသုတ်၊ ဒုတိယဝဂ်၊ နိဒါနသံယုတ်ပါဠိတော်။ 142

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP