* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, July 5, 2009

လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း(၆)

Gackt の心臓 - 再生: Gackt - Rebirth [Limited Editi...
အတိတ်ဘ၀များကိုအလိုလိုမှတ်မိနေခြင်း
လူဝင်စားခြင်းကို ကတိအပြုဆုံး သက်သေကတော့ အတိတ်ဘ၀များကို အလိုလိုမှတ်မိခြင်းဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကလေးတွေမှာပေါ့။ မကြာခဏဆိုသလို အသက်၂ နှစ်အရွယ်လောက်မှာ( ရံခါ ဒီ့ထက်တောင် ငယ်သေးတယ်) ကလေးငယ်ဟာ အတိတ်ဘ၀က မှတ်ဥာဏ်ကို ပြန်ရဖို့ စတင် သွေးတိုးစမ်းလေ့ရှိတယ်။ ဒီကိစ္စမျိုးအမြောက်အမြားကို ကမ္ဘာတလွှားမှာ လေ့လာစူးစမ်းကြတယ်။ ဥပမာအားဖြင့် ဗာဂျီးနီးယားတက္ကသိုလ် (USA) က စိတ်ရောဂါပညာ ပါမောက္ခ ဒေါက်တာအိုင်ယန် စတီဗင်ဆင် (Ian Steveson) က ဒီလိုကိစ္စမျိုး ၂၀၀၀ ကျော်ကို လေ့လာပြုစုပြီး ပုံနှိပ်ထုတ်ဝေဖူးတယ်။ အတိတ်ဘ၀များကို အလိုလိုမှတ်မိနေတဲ့ ကလေးငယ်တွေကို လေ့လာတဲ့ အခြားသုတေသီအမြောက်အမြားရှိပါတယ်။ ဒီသုတေသီတွေထဲက အများအပြားဟာ လူဝင်စားခြင်းကိုလက်မခံတဲ့ ဘာသာတွေထဲက ဖြစ်ပါတယ်။

ဒီကလေးတွေဟာ တိတိကျကျ သွက်သွက်လက်လက် တည့်တည့်မတ်မတ်ကို သူတို့အတိတ်ဘ၀တွေ အကြောင်း ထင်မြင်ချက်ကို ပြောပြကြတယ်။ နောက် သူတို့နဲ့ ဆက်စပ်တဲ့ ရာဇ၀င်ကို သက်သေပြနိုင်တယ်။ ကလေးအများစုဟာ သူတို့ရဲ့ အတိတ်အကြောင်း မှတ်ဥာဏ်တွေကို အသက် ၂ နှစ်နဲ့ ၅ နှစ်ကြားမှာ ပြန်ရရှိကြတယ်။ အဲဒီကာလက ငယ်သေးတော့ လက်ရှိဘ၀ အချက်အလက်တွေက သူတို့ရဲ့ မှတ်ဥာဏ်မှာ ၀င်မရှူပ်သေးလို့ ဖြစ်တယ်။

ရံဖန်ရံခါမှာ သူတို့ဟာ "သား(သမီး) လူကြီးဖြစ်ခဲ့တုန်းက" ဆိုတဲ့ စကားစုကို သုံးလေ့ရှိပြီး သူတို့ရဲ့ ခန္ဓာကိုယ် သေးသေးလေးတွေအတွက် ငြီးတွားကြတယ်။ နောက်ပြီး အရင်ဘ၀ကနဲ့ လိင်မတူတာကို မနှစ်မသက် ပြောတတ်သေးတယ်။ မကြာခဏဆိုသလိုပင် သူတို့ ယောကျာ်း၊ မိန်းမ၊ သားသမီးတွေကို ပြန်တမ်းတတတ်တယ်။ နောက်ပြီး အရင်ဘ၀တုန်းက အစားအသောက်၊ အ၀တ်အစား၊ ဘ၀အနေအထား တစ်ခါတရံ အရက်၊ ဆေးဝါးနဲ့ ဆေးရွက်ကြီး တွေကိုတောင် ပြန်တမ်းတနေတတ်သေးတယ်။ အတိတ်ဘ၀က မမျှော်လင့်ဘဲ သေခဲ့ရတာနဲ့ ပတ်သက်တဲ့အရာ တွေလို့ ကြောက်ရွံ့ နေတတ်တယ်။ ဆိုလိုတာက ရေကြောက်တာတို့ ၊ စက်တပ်ယဉ်ကိုကြောက်တာတို့ စတာမျိုးပေါ့။ အရင်ဘ၀က ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေခံချက်ကတော့ အရင်ဘ၀က ဆွေမျိုးမိတ်သင်္ဂဟများအပေါ် ထားတဲ့ အလိုလိုဖြစ်လာတဲ့ ကြီးမားတဲ့သံယောဇဉ်ပါ။ ဒါဟာ ယေဘုယျအားဖြင့် ဒီကိစ္စတွေရဲ့ ခိုင်လုံခြင်းကို သက်သေပြတာ ဖြစ်သလို လိမ်လည်မှု ဖြစ်နိုင်တာကို ပ,ထုတ်ပြီးသား ဖြစ်သွားတယ်။

အတိတ်ဘ၀ကုထုံး


အတိတ်ဘ၀ကုထုံးဟာ အဆိုတစ်ခုကို အခြေခံထားတာဖြစ်တယ်။ လူအချို့ဟာ သူတို့ရဲ့ အတိတ်ဘ၀တွေက မနှစ်သက်ဖွယ် အဖြစ်အပျက်တွေကို မသိစိတ် မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားတယ်။ မသိစိတ်ထဲက အတိတ်ဘ၀ မှတ်ဥာဏ်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ အိပ်မွေ့ချလိုက်တဲ့အခါ သူတို့ဟာ ဇာတိရဲ့ ဟိုမှာဘက် အတိတ်ဘ၀တွေဆီ၊ ရံခါ ဒီ့ထက်စောတဲ့ ဘ၀တွေဆီ ပြန်ရောက်သွားတယ်။ သရိုးသရီ နေထိုင်မကောင်းတာလေးတွေ၊ ဖိုးဘီးယားတွေ (အကြောင်းမဲ့ ကြောက်ရွံ့ မှုတွေ) နဲ့ ရုပ်ပိုင်းနေထိုင်မကောင်းဖြစ်တာ တွေကို အိပ်မွေ့ချခြင်းနဲ့ ကုသနိုင်တယ်။ အတိတ်ဘ၀ကုထုံးဟာ ဒီလို နေထိုင်မကောင်းတာမျိုးအတွက် သတ်မှတ်ထားတဲ့ အနောက်တိုင်း ဆေးကုထုံးတောင် ဖြစ်နေပြီ။ ပထမဆုံး ထုတ်ဝေတဲ့ အိပ်မွေ့ချပြီး အတိတ်ဘ၀ကို သိတဲ့ ကေ့စ် (Case)ကတော့ ၁၉၅၂ ခုနှစ် USA က ဘရိုက်ဒေး မာဖီ (Bridey Murphy)ရဲ့ စာအုပ်ဖြစ်ပြီး လူနာဟာ မွေးကင်းစ ကလေးငယ်လေး ဖြစ်ပါတယ်။

ဒီကုထုံးမျိုး ကုသဖူးတဲ့ ဆေးပညာရှင်တွေက ဒီဘာသာရပ်နဲ့ပတ်သက်လို့ စာအုပ် အမျိုးမျိုးရေးသားကြတယ်။ အများစုရဲ့ စိတ်ဝင်စားမှုကတော့ ဒီလူနာတွေ ကုသဖို့ဖြစ်ပြီး အနည်းစုကတော့ အတိတ်ဘ၀က သတင်း အချက်အလက်တွေကို စစ်ဆေးဖို့ စိတ်ဝင်စားကြတယ်။ စမ်းသပ်စစ်ဆေးပြီး စာအုပ်ပြုစုထားတာတွေ အများကြီးရှိပါတယ်။ အတိတ်ဘ၀ကို ပြန်သတိရတဲ့အခါ မကြာခဏဆိုသလို လက်ရှိဘ၀မှာ မတတ်မြောက်တဲ့ အတိတ်ဘ၀က ဘာသာစကားကို ပြောနေတတ်တယ်။ ဥပမာအားဖြင့် သြစတြေးလျတိုက် သူလေးတစ်ဦးဟာ သြစတြေးလျမှာ မရှိတဲ့ ရှေးဟောင်းအီဂျစ်ဘာသာကို ပြောတယ်။ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းမှာ ရေးထားတဲ့ အီဂျစ်အရုပ်စာတွေကို ရေးပြတယ်။

သူတို့ဟာ အတိတ်ဘ၀ အသေးစိတ်ကို ရှင်းပြတတ်တယ်။ အတိတ်ဘ၀ကုထုံးဆရာဝန် ရေမွန်မော်ဒီ (Raymond Moody )(M.D) ဟာ သူ့ကိုယ်သူ အိပ်မွေ့ချပြီး အတိတ်ဘ၀ ကိုး ဘ၀ ကို ပြန်သတိရအောင်လုပ်တယ်။ ဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ သူ့ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ် ရေးသားခဲ့တယ်။

xxx


Read more...

Chapter 1: Fundamental Questions



The first chapter of 'No River to Cross', despite being just five pages long, gets off to a rigorous start. "Above all else" Seon Master Daehaeng writes, "you have to truly know yourself." Kun Hyaedan Sunim seemed to have that first sentence constantly in mind as she led our discussion last night. In every comment was an underlying message to each person to find out for themselves.

It was a good crowd. My friend Will, a self-described 'cafeteria seeker', came along, and there were other interesting people too. One man, in Bangkok for a short while, is a regular at the San Francisco Zen Centre and someone else was ordained in Japan for ten years. A third new friend has also lived in Korea and was keen to learn more about Kun Daehaeng Sunim's teachings.

Both resident Sunims were there, plus Dr Lee Bhikkuni from the International Women's Meditation Centre, and regulars and new faces from the Korean temple community. We started with some meditation, and then opened up for discussion. As usual, the questions soon focused on the trickiest theory, teachings on the self for example, but in a spirit of genuine and friendly enquiry.

The Bangkok Seonwon has a great teacher. Kun Hyaedan Sunim combines an intellectual toughness, a real no-nonsense approach, with a gentle humour that is obvious to all regardless of the language. And Eun Young, once again, did a magnificent job of translation. There were, bar a few comments I couldn't catch due to my increasingly poor hearing, no difficulties in communication.

What is Buddha-nature? What is Buddha-Dharma? Few had had the chance to read the first chapter, but its questions were thoroughly discussed. Not out of mere curiosity, but to get to the most vital question of all: Who am I? "The purpose of studying Buddhism" Kun Daehaeng Sunim writes, "is to discover who I am. Discovering who I am means returning to my foundation."

We bowed to the Buddha and to each other and went to a nearby bar to keep the discussion going. Eun Young talked about how Kun Daehaeng's work, especially her translations of the traditional chants into Korean, has helped make Buddhism more accessible for her and for so many Korean people, and Linda talked about the benefits Buddhist practice has brought to her own life.

I'm moved by everyone's kindness. Everyone at the Bangkok Seon Centre who opened up their beautiful hall late on a Saturday night to share the teachings, and everyone who sat, asked questions, and told their personal stories. Thank you to everyone who came along, building, by being there and by sharing, Bangkok's first English-language Seon community. Thank you.


Read more...

ကံ ကံ၏အကျိုး ( ၆၅ )

( ရေပေါများသော ရွာကလေး )

ပိတောကြောရွာသည် ပေါက်ခေါင်းမြို့၏ မြောက်ဘက် ၇-မိုင်ကွာအရပ်၌ တည်ရှိ၏။ ပိတောက်ကြောရွာ၏ ၀န်းကျင်တွင် လယ်မရွာ၊ ဂတ်အိမ်ကုန်းရွာ၊ ထန်းတပင်ရွာ စသော ရွာများရှိကြသည်။ ထိုရွာများသည် ရေအလွန်ရှားပါးလှသော ရွာများ ဖြစ်ကြသည်။ နွေရာသီသို့ရောက်လျှင် အုတ်တွင်းများတွင် ရေစောင့်ပြီး ခပ်ယူရသည်မှာ အလုပ်ကိစ္စကြီးတခုသဖွယ် ဖြစ်၍ ကိုယ်စိတ်ပင်ပန်းကြ၏။

စင်စစ် ပေါက်ခေါင်းမြို့နယ်၏ ပထ၀ီအနေအထားကို ကြည့်မည်ဆိုပါကလည်း ပေါက်ခေါင်းမြို့မြောက်ဘက်ရှိ မြေမျက်နှာပြင်သည် တဖြည်းဖြည်း မြှင့်တက်သွားပြီး တောင်ကုန်းတောင်တန်းများ ထူထပ်လှသည်။
အောက်ရေနှင့် တဖြည်းဖြည်း ဝေးကွာသွားသော နေရာများတွင် ရွာများတည်ထားကြခြင်း ဖြစ်သည်။ သို့သော် ပိတောက်ကြောရွာကလေးမှာ ထူးခြားမှုတခုရှိသည်။

ရွာဝန်းကျင်တွင် စမ်းရေကြောများ ဖြစ်ပေါ်နေသည်။ ရေတွင်းကို ရှစ်တောင် ကိုးတောင်မျှ တူးထားပါလျှင် ရေများသုံးမကုန်နိုင်အောင် ထွက်နေတော့သည်။ ရွာတွင် ရေတွင်း ၂-တွင်း တူးထား၏။ ထိုရေတွင်း ၂-တွင်းဖြင့် ရွာသူရွာသားတို့ ရေကို လုံလောက်စွာ သုံးနိုင်ကြသည်။ ထူးထူးခြားခြား ရေပေါများသော ရွာကလေးဖြစ်သည်။

စင်စစ် ထိုသို့ ရေပေါများနေခြင်းသည် ရွာသူရွာသားတို့၏ စေတနာ ဖြူစင်မှုကြောင့် ဖြစ်သည်။ ရွာသူရွာသားများသည် ဘိုးဘွား အစဉ်အဆက်မှစ၍ ရွာဦးကျောင်းသို့ နေ့စဉ်အလှည့်ကျ ရေလှူဒါန်းကြသည်။ နှစ်စဉ် နှစ်ဆန်း ၁-ရက်နေ့သို့ ရောက်တိုင်း ရွာလုံးကျွတ် ကျောင်းသို့ ရေလှူဒါန်းကြသည်။ ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ အခြားမြို့ရွာများက ခရီးသွား ဧည့်သည်များ ရေသုံးဆောင်ရန် ရေတွင်းအနီးသို့ လာပါကလည်း အားရ၀မ်းသာ ရေလှူဒါန်းကြသည်။

ပိတောက်ကြောအလယ်စု ရွာသူရွာသားများသည် အခြားသူများကိုလည်း ရေလှူဒါန်းကြသည်။ မိမိတို့လည်း ရေကို အလုံအလောက် ပေါများစွာ သုံးဆောင်နိုင်ကြသည်။ ဤကဲ့သို့ သုံးဆောင်နိုင်ခြင်းသည် ရေကို မတွန့်မတို လှူဒါန်းကြသော ကုသိုလ်ကြောင့်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( သက်ထားဖြူ )
********************************************************************************

( မှန်သောသစ္စာ )

ကျွန်တော်သည် ရွှေပုတိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပါသည်။ ဆိုင်ပိုင်ရှင် မဟုတ်ပါ။ သာမန်အလုပ်သမားတဦးသာ ဖြစ်ပါသည်။ ဤလုပ်ငန်းသည် ရတနာပစ္စည်းများကို ကိုင်တွယ်အသုံးပြုရသော လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် သစ္စာ-သမာဓိရှိရှိဖြင့် လုပ်ကိုင်ကြရပေသည်။ တနေ့သောအခါ ကိုယ်မကျူးလွန်ရသော အပြစ်တခုအတွက် သံသယအမဲကွက်ကြီး စွန်းထင်းဖို့ရာ အကြောင်းဖန်လာပါသည်။

ဗုဒ္ဓဘာသာဝင်တို့ စောင့်ထိန်းလိုက်နာကြသည့် ငါးပါးသီလ၏ အကျိုးနှင့် မိမိ၏ မှန်သောအလုပ်၊ မြဲသောသစ္စာ တရားတို့ကြောင့် ဤသံသယကြီး ပျက်ပြယ်ခဲ့ပါသည်။ ပျက်ပြယ်ခဲ့ပုံ အကြောင်းအရာကို ကျွန်တော် ခံစားရသမျှ တင်ပြလိုက်ပါသည်။

၂၉-၇-၉၇ အင်္ဂါနေ့က ဖြစ်ပါသည်။ ရွှေဆိုင်ပိုင်ရှင်သည် ညနေ ၄-နာရီခန့်တွင် ဆိုင်သိမ်း၍ အိမ်သြို့ပန်ပါသည်။ ထိုအချိန်တွင် ဆိုင်အတွင်း၌ ကျွန်တော်တို့ အလုပ်သမားတစုသာ ကျန်ခဲ့ပါသည်။ ကျွန်တော်သည် အညောင်းအညာပြေစေရန်အတွက် ဆိုင်ပေါ်တက်၍ လဲလျောင်းမိပါသည်။ များမကြာမီ ဆိုင်ပိုင်ရှင်သည် ရတနာပစ္စည်းတခု မေ့ကျန်ခဲ့၍ လာရောက်ရှာဖွေပါသည်။ ပစ္စည်းမှာ ဆိုင်ပေါ်တွင် ကျန်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်တော်တို့အားလုံး ရှာဖွေသော်လည်း မတွေ့ပါ။ နောက်ဆုံးအဖြေထုတ်ကြသောအခါ ပစ္စည်းမှာ ဆိုင်ပေါ်တွင် ကျန်ခဲ့သည်။ ဆိုင်ပေါ်သို့ ကျွန်တော်တယောက်သာ တက်ရောက်မိသည်။

ခက်ချေပြီ။ ကိုယ်မကျူးလွန်ရသော ပြစ်မှုတခုအတွက် သံသယအမဲကွက်ကြီး ဖြစ်သည်။ ပစ္စည်းပြန်မတွေ့ပါက သေရာပါပေတော့မည်။ ကျွန်တော့အတွက် အားကိုးစရာ တခုသာ ရှိပါတော့သည်။ ထိုအားကိုးစရာကား မိမိကိုယ်တိုင် စောင့်ထိန်းအပ်သော ငါးပါးသီလနှင့် မိမိ၏ မှန်သောအလုပ်၊ မြဲသောသစ္စာတို့ပင် ဖြစ်သည်။ ထိုတရားတို့ဖြင့် မြတ်စွာဘုရားတို့အား သစ္စာပြုရန်မှတပါး အခြားမရှိတော့ပြီ။

ထို့ကြောင့် ကျွန်တော် အလုပ်သိမ်း၍ အိမ်ပြန်ခဲ့ပါသည်။ ညစာစားပြီးသောအခါ ညစဉ်ဆောင်ရွက်နေကျအတိုင်း ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မိမိကောင်းမှုကုသိုလ် အစုစုတို့ကို ဝေနေယျသတ္တ၀ါတို့အား မေတ္တာပို့ အမျှဝေခြင်း ပြုလုပ်ပါသည်။ ထို့နောက် ကျွန်တော်သည် သစ္စာဆိုတိုင်တည်ခြင်းအမှုကို ပြုလုပ်ပါသည်။

ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်များနှင့် နတ်ကောင်းနတ်မြတ်အပေါင်းတို့အား သစ္စာပြု၍ တိုင်တည်ပါသည်။ ကျွန်တော်သည် ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းပါသည်။ ကျွန်တော်၏ မိခင် အမေအိုကြီးကိုလည်း ကောင်းစွာလုပ်ကျွေးနေသူ ဖြစ်ပါသည်။ သူတပါးကို ဒုက္ခရောက်အောင်လည်း မလုပ်ခဲ့ဖူးပါ။ လူတို့၏ ကျေးဇူးရှင်ဟု ဆိုအပ်သော နွားသားကို အသက်ထက်ဆုံး ရှောင်ကြဉ်ပါသည်။ ဤသစ္စာစကားတို့ မှန်ကန်ပါက ဆိုင်ပိုင်ရှင် ပျောက်ဆုံးနေသော ရတနာပစ္စည်းအား အမြန်ဆုံး ပြန်တွေ့ပါစေသား-ဟု ဆုတောင်းအဓိဋ္ဌာန်ပြုပါသည်။

ထို့နောက် ဂုဏ်တော်ကိုးပါးကို ပုတီးစိပ်၍ ဆိုင်ပိုင်ရှင် မိသားစုတို့အား မေတ္တာပို့ပါသည်။ နောက်နေ့နံနက်တွင် အလုပ်ဆင်းရန် ဆိုင်သို့သွားပါသည်။ အလုပ်ရှင်များ ရောက်လာသောအခါ ကျွန်တော့အဖို့ အကြားချင်ဆုံးနှင့် မင်္ဂလာ အရှိဆုံးစကားကို ကြားရပါသည်။

မနေ့ညနေက ပျောက်သွားသောပစ္စည်း ပြန်တွေ့ပြီဖြစ်ကြောင်း၊ အိတ်များအတွင်း မှားယွင်းထည့်မိ၍ ရှာမတွေ့ခြင်းဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော်မည်မျှ ၀မ်းမြောက်မည်ကို စာရှုသူများ တွေးကြည့်နိုင်ပါသည်။

( ကျော်မြင့်-ရွှေ )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဧပြီလ )

Read more...

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၉)



KDL09 - 010

Read more...

တရားကိုယ်စီ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

တရားကိုယ်စီ... (ဦးသုမင်္ဂလ) vcd



Read more...

Farrah’s Story

Farrah’s Story

Farrah

A few days ago, former artist, model and actress of Charlie’s Angels fame Farrah Fawcett passed away from rectal cancer. Her passing was overshadowed by the death of Michael Jackson on the same day. But her story is more likely one that we can learn from.

She ‘battled’, in so far as one can battle with an invisible and relentless assassin that is aggressive cancer, with her illness for two and half years, undergoing numerous sickening and painful treatments in the process. For her own reason’s she chose to document the period with a close friend, and the resulting documentary was released shortly before her death. It is neither morbid nor voyeuristic, but it does not pull any punches – we see her wincing from painful needles deep in her liver, throwing up with sickness, and also the happy periods of remission. It is released with the title “Farrah’s Story”.

The girl every girl wanted to be, and every boy wanted to hold

While no different from millions of unsung heroes and heroines trampled into the grave by disease and circumstance, the film makes for a good reflection on death and dying. It is a big part of Buddhism – to prepare for your death. All meditators want to die mindfully, and as such we maintain a reflection on dying to arouse energy and balance in life. This is called Maranusati.

‘Balance in life’; reflecting on your own imminent demise is a practice designed to keep you mindful of what is really important. It is not the money, family, success or failure that you take with you, but your ‘spiritual wealth’. That is to say, your karma. Petty grievances, jealousies and fleeting sense pleasures mean little to one who keeps in mind that we are all heading for the grave – many of us painfully. If such reflection robs you of the spice of life, you are not doing it right. It is supposed to rouse your energy, and straighten your priorities.

The days and the nights are endlessly passing, how well am I spending my time? This should be reflected on again and again by one who has gone forth.

One thing however, that is very clear in the Buddha’s teachings. Death is not the end. This point is somewhat controversial amongst Westerners who are at home with teachings on compassion, peace or meditation. But not so when it comes to rebirth. Like it or not, it is part of the teaching.

But going back to the original scriptures, we find this reflection on rebirth, and the teaching on kamma following through successive lifetimes a majour part of the lesson. Further, it is not something that is left as a matter of speculation. The meditation necessary to verify for yourself, directly in deep meditation, is part of the path that is endlessly outlined. The Buddha called it ‘Seeing and knowing’ and it includes past lives, heavens and hells, as well as the liberation of the mind in Enlightenment. His claim is that you can see and know for yourself, if you can meditate well enough.

For most of us, such supernatural insight remains speculation, though many meditators do reach these levels of insight. But the reflection on dying is something that we can see around us if we pay attention.

Farrah’s Story,” a sometimes uplifting, sometimes painful and thoroughly transparent documentary that chronicles Fawcett’s fight against cancer

Farrah’s story is nothing unusual, but to see a once superstar of pinups decline and ultimately lose the battle for life, should serve as a good tool for arousing energy, and direction to work for that which is really worthy, rather than what gratifies the senses in the present minute.

Views on this and related topics are welcome – Saturday 18th we’ll be looking at the topic of rebirth at the Tai Pan Hotel (as well as feeding our senses with the great buffet).



Read more...

မေတ္တာ၏အကျိုးကျေးဇူးများနှင့် လက်တွေ့ကျင့်စဉ်

မေတ္တာ၏အကျိုးကျေးဇူးများ


စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။

(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။

(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ

မမက်ရဘူး။

(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။

(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို

စောင့်ရှောက်ကြတယ်။

(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။

(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး

သမာဓိဖြစ်လွယ်တယ်။

(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။

(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။

(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ

ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောက တစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း


တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာ ပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃာ ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊

ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို

မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။

နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။

မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ

မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင် ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ

ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို

ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့

မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။

(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့

(၁) မုန်းသူ

(၂) အလွန်ချစ်သူ

(၃) မချစ်မမုန်းသူနှင့်

(၄) ရန်သူတို့ ဖြစ်တယ်။

အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။

အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။

အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။

ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)


မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။

မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။

တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။

မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။

မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။

တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။

ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။

မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။

မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။

အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ် ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။

လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ

- မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်..

- အိမ်ဝန်းရဲ့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အန္တစင်္ကြာဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို

ခံစားရတတ်ပါတယ်။

- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ်

ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလို စိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသအာဃာတတွေ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ်ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပမ်းဖွယ်ပဲ ရှိပါတယ်။ မေတ္တာရဲ့ ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း


မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။

ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။

မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။

ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။

“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

စာဖတ်သူအပေါင်း မေတ္တာ၏ အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူ ဖော်ပြပါသည်။

သုမွန်



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP