* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, July 3, 2009

တရားယောဂီနှင့်သက္ကာယဒိဋ္ဌိ(၂၀)

Dhiti 20

Read more...

လွဲလွဲကြီးတော့ မကောင်းဘူးနော်

ဒီနေ့သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျမိပါတယ်…. အဲ့ဒီ့မှာ သူငယ်ချင်းတစ်ယောက်က မေးလာပါတယ်.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားတွေလုပ်နေရအောင် ဘုန်းကြီးဝတ်မှာလားတဲ့? သူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ဘုရားရဲ့ တရားတွေကို လူ့ဘောင်နဲ့ ခွဲခြားပြီး လုပ်နေရတယ်လို့ သူကထင်နေတာကိုး။ ဘုရားရှင်ရဲ့တရားတော်တွေဟာ လောကီလူ့ဘောင်နဲ့ ခွဲခြားပြီးမှ လိုက်နာ ကျင့်ကြံအားထုတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်မြတ်တွေလို နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်… ကိုယ်က မနေနိုင်သေးဘူး ဆိုရင်လည်း လောကီလူ့ဘောင်မှာနေရင်း လိုက်နာကျင့်ကြံအားထုတ်လို့ရတဲ့ တရားမြတ်တွေပါ။ ဒါတွေကို မသိပဲနဲ့.. သားပြစ် မယားပြစ်ပြီးမှ လုပ်လို့ရတဲ့ အလုပ်လို့ လူအများစုက ထင်နေကြပါတယ်။ ဘုရားတရားလုပ်ရင်ပဲ လောကီကိစ္စတွေ အကုန်ဖြတ်ပြီး တောထွက်တော့မယ်လို့ ထင်နေကြတာ။ ဘုရားခန်းထဲ တစ်ယောက်ထဲသွားပြီး တရားထိုင်နေမှ ဘုရားတရားလုပ်လို့ရတယ်လို့ ထင်နေကြတာပါ။ လူအယောက် ၁၀၀မှာ ၉၉ယောက်လောက် လွဲနေတဲ့ အလွဲလေးတွေပါ။ သူငယ်ချင်းတစ်ယောက်က ပြောပါသေးတယ်။ ငါတော့ မလုပ်နိုင်သေးဘူးကွာတဲ့။ အသက်ကြီးမှ လုပ်မယ်ဆိုပဲ။ အော်.. သူတို့ကိုကြည့်ပြီး လွဲနေပါ့လားလို့ တွေးမိပါတယ်။

ဘုရားတရားလုပ်တာ အသက်အရွယ်နဲ့ ဆိုင်တယ်လို့ ဘယ်သူကမှ မပြောခဲ့ပါဘူးနော်။ ပထမအရွယ်မှာ ပညာရှာ.. ဒုတိယအရွယ်မှာ စီးပွားရှာ.. တတိယအရွယ်မှာ တရားရှာဆိုတဲ့ စကားကြီးကလည်း ရှေ့ကပိတ်ပြီး ပြောနေတော့ ဒီလိုပဲထင်ကြတာ အပြစ်တစ်ခုလို့ မပြောလိုပါဘူး။ ကဲ.. အဲ့အတိုင်း လုပ်လာပါပြီတဲ့.. ကိုယ်က ဘယ်အချိန်မှာ သေမယ်ဆိုတာ ကြိုသိလို့လား? မသိနိုင်ပါဘူးနော်.. ပညာတွေရှာ စီးပွားတွေရှာနေတုန်း မသေသွားနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ?။ ပထမအရွယ် ဒုတိယအရွယ်မှာ ပညာရှာရင်း စီးပွားရှာရင်း သေသွားခဲ့မယ်ဆိုရင်.. ဘယ်မှာလည်း ကိုယ့်အတွက် အားကိုးစရာ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ တရားတွေ။ ဒီအားကိုးစရာ ကုသိုလ်တရားတွေ မရှိရင်တော့ သေခါနီးမှာ အသေမလှနိုင်ပါဘူး။ သေခါနီးကျမှ စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့ဘ၀ ရောက်သွားနိုင်ပါတယ်။ ဒါဆို.. ပထမအရွယ်မှာလည်း ပညာရှာရင်း တရားရှာရင်း.. ဒုတိယအရွယ်မှာလည်း စီးပွားရှာရင်း တရားရှာရင်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်နော်..။ ဘုရားရှင်ရဲ့ တရားတွေဟာ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ဖြစ် အသုံးချလို့ အသုံးပြုလို့ ရနိုင်တဲ့ တရားတွေပါ။ ဒါကိုအချိန်တွေခွဲပြီး လုပ်နေမယ်ဆိုရင်တော့ လွဲပြီးရင် လွဲနေမှာပါပဲ။

အဲ့လိုမျိုးလေးတွေ လွဲနေကြလို့ပဲ ဒီသာသနာတော်ထဲမှာ တရားထူးတရားမြတ်တွေ ဆရာကောင်းတွေ ရှိနေလျက်နဲ့ နိဗ္ဗာန်နဲ့ အကြိမ်ကြိမ် လွဲနေခဲ့ကြရတာပါ။ ဘုရားရှင်ရဲ့ တရားတွေဟာ အစမ်းသပ်ခံ.. အသုံးပြုခံတဲ့ အရာတွေပါ။ ဒါကို မစမ်းမသပ် မသုံးမပြုကြပဲနဲ့.. ထင်ရာမြင်ရာတွေ ရမ်းလုပ်နေတာဟာ လွဲလွဲကြီးကို လွဲနေတာပါ။ လောကီလူ့ဘောင်မှာ နေရင်းနဲ့ တရားရသွားကြတဲ့ ဘုရားရှင်လက်ထက်က အကြောင်းလေးတွေ ဖော်ပြပေးပါမယ်။ ဘုရားရှင်လက်ထက် သာဝတ္ထိမြို့မှာ လူဦးရေ ကိုးကုဋေ ရှိပါတယ်။ ကိုးကုဋေမှာ အရိယာခုနှစ်ကုဋေ ပါပါတယ်။ အရိယာ ခုနှစ်ကုဋေဟာ နေ့စဉ်ဗုဒ္ဓနဲ့ တပည့်သာဝကတွေဆီက ပရမတ်တရား ဓါတ်ရားတွေ နာကြားနည်းယူပြီး ၀ိပဿနာကို စီးပွားရေးနဲ့တွဲဖတ်ပြီး အားထုတ်ကြတဲ့ သူတွေပါ။ နောက်.. မြတ်ဘုရားရဲ့ဖခင် သုဒ္ဓေါဓနမင်းကြီးဆိုရင်လည်း တိုင်းပြည်အုပ်ချုပ်တဲ့အလုပ်နဲ့ ၀ိပဿနာအလုပ် တွဲဖက်လိုက်တာ မင်းအဖြစ်နဲ့ပဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ၀င်စံခဲ့ပါတယ်။ မစ္ဆိကာသဏ္ဍမြို့က စိတ္တသူကြွယ်ဆိုရင်လဲ စီးပွားရေးနဲ့ဝိပဿနာ တွဲဖက်ပြီး ၀ိပဿနာ ရှုပွားလိုက်တာ အနာဂါမ် တည်သွားပါတယ်။ ဗုဒ္ဓလက်ထက်က ထေရိကာဆိုတဲ့ အိမ်ရှင်မလေးဆိုရင်လည်း အိမ်မှုကိစ္စအလုပ်ဖြစ်တဲ့ ဟင်းရွက်ကြော်ရင်း စိမ်းနေတဲ့ဟင်းရွက်တွေ မီးအပူကြောင့်နွမ်းသွားပုံကို ၀ိပဿနာရှုပွားလိုက်တာ အနာဂါမ် တည်သွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ပုထုဇဉ်ဘ၀ကနေ အရိယာဘ၀ကို ကူးပြောင်းသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မရေမတွက်နိုင်အောင် များပြားပါတယ်။ ဒီဟာတွေကို အလွဲတွေးပြီးတော့ အိမ်ရာထူထောင်လူ့ဘောင်ဘ၀နဲ့ တရားလုပ်လို့ မရနိုင်ပါဘူးလေဆိုတဲ့ အတွေးတွေဟာ လွဲလွဲကြီးကို လွဲနေတာပါနော်။

ဒီအရိယာပုဂ္ဂိုလ်တွေအကြောင်းကို ဘာလို့ပြောရလည်းဆိုတော့.. သူတို့တွေလည်း ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတွေနာကြားပြီး အရိယာဖြစ်သွားကြတဲ့ ပုထုဇဉ်တွေပါပဲ။ သူတို့တွေအားလုံးဟာ အိမ်မှုကိစ္စတွေ၊ စီးပွားရေးတွေ လုပ်နေရင်းကပဲ ပုထုဇဉ်ဘ၀ကနေ မြင့်မြတ်တဲ့ အရိယာဘ၀ကို ကူးပြောင်းသွားကြတာပါ။ ခုအချိန်အခါကျတော့ လူတွေက တရားလုပ်တာကို ဘုန်းကြီးတွေနဲ့ပဲ ဆိုင်တယ်ထင်ပြီး.. ကိုယ်နဲ့မသိလိုက်မသိဘာသာ နေတာဟာ အင်မတန် ဆိုးဝါးပါတယ်။ ဘုရားရှင်ရဲ့ တရားတွေဟာ လူ့ဘောင်ဘယ်နေရာမှာသုံးမလဲ.. သုံးလို့ရပါတယ်နော်။ ဈေးရောင်းမလား.. စီးပွားရေးလုပ်မလား.. အပေါင်းအသင်းထားမလား.. နောက်ဆုံးအနေနဲ့ ကျင်ကြီးကျင်ငယ်စွန့်တာကအစ ဘယ်လိုစွန့်ရမလဲဆိုတဲ့ ဆုံးမစကားတွေ ပါပါတယ်နော်။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကိုအခြေခံပြီး လောကီလူ့ဘောင်မှာ အသုံးချနိုင်အောင် ဟောကြားခဲ့တဲ့ တရားမြတ်တွေပါ။

ဆရာတော် တစ်ပါး ဟောပြဆုံးမတာ မှတ်သားမိပါတယ်။ မရှိတာထက် မသိတာခက်တယ်တဲ့.. မသိတာထက် မသိချင်ယောင်ဆောင်တာ ပိုခက်တယ်တဲ့။ တရားအလုပ်ကို မလုပ်ပဲ မသိချင်ယောင်ဆောင်နေတာဟာ သေမင်းကို လက်ပြပြီး ငါ့ကို အပါယ်ငရဲသာပို့လိုက်ပါလို့ ပြောနေတာနဲ့ အတူတူပါပဲနော်။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း ငါကတော့ ငယ်သေးတယ်.. ငါကတော့ အသက်ကြီးမှလုပ်မယ်.. ငါကတော့ တရားလုပ်ဖို့ မအားသေးဘူးဆိုတဲ့ စိတ်တွေဖျောက်ပြစ်ဖို့လိုပါတယ်။ အသက်အရွယ်.. အချိန်အခါဆိုတာ ဘယ်သူမှ အာမခံလို့ မရနိုင်တဲ့အရာတွေပါ။ လက်ရှိဖြစ်နေတဲ့အချိန်မှာ ဘုရားရှင်ရဲ့ တရားတွေကို အသုံးချရင်း အသေတတ်အောင်.. အနေတတ်အောင် ကြိုးစားဖို့ လိုပါတယ်။

ကိုယ်နဲ့မဆိုင်သလို တရားနဲ့ လွဲလွဲလေး နေနိုင်ပေမယ့်.. ကိုယ်နဲ့ မလွဲမသွေရင်ဆိုင်ရမှာ.. မဆိုင်ချင်လည်း ဆိုင်ရမှာကတော့ သေမင်းဆိုတာ မမေ့ဖို့လိုပါတယ်လွဲချင်တာနဲ့လွဲပါစေ.. တရားနဲ့ မလွဲမိဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ ဆုံးမစကားတစ်ခွန်းကို သတိရမိပါတယ်။ လောကကြီးမှာ ရာထူး၊ ပညာ၊ စည်းစိမ်ဥစ္စာ ဘယ်လောက်ကြီးကျယ်ပါစေ.. သေခါနီးမှ မျက်ရည်လည်ရရင် မတော်ပေဘူး တဲ့။ ဟုတ်ပါတယ်နော်.. ကျွန်တော်တို့တွေဟာလည်း အခုလူဖြစ်နေတဲ့ အချိန်အခိုက်အတန့်လေးမှာ လောကီအလုပ်တွေနဲ့ပဲ အချိန်ကုန်သွားမယ်ဆိုရင်တော့ သေခါနီးမှာ မျက်ရည် မလည်ချင်လည်း လည်ရမှာပါနော်။ ဒါ့ကြောင့် လောကီကိုလည်း မပြစ်ပယ်နိုင်သေးရင် မပြစ်ပယ်ပါနဲ့။ ဒါပေမယ့် လောကုတ္တရာဖြစ်တဲ့ ကုသိုလ်တရားတွေကိုတော့ ကိုယ်နဲ့ မလွဲဖို့အတွက် ကြိုးစားပြီး ရနိုင်သလောက် ရအောင်ယူကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ လောကီလောကုတ္တရာနှစ်ခု မျှတစွာ လုပ်ဆောင်ရင်း မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

Read more...

သီလ၀တ္ထု- စာမျက်နှာ ၁-၂၀ ... (ဓမ္မဒူတ အရှင်ပညာဇောတ)

ဓမ္မဒူတ အရှင်ပညာဇောတ (သီလ၀တ္ထု)စာမျက်နှာ ၁-၂၀









































Read more...

အရှင်ခေမကနှင့် ရဟန်း-၆၀- ၁... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

အရှင်ခေမကနှင့် ရဟန်း-၆၀- ၁... (ဦးသုမင်္ဂလ) vcd



Read more...

အသင်းသားတို့ကို အငြင်းစကား ဆင်ခြင်ကြဖို့ ... (သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်)

သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်-မှ... ၁၂၉-၁၃၁

၁၂၉... ပျဉ်းမနားမြို့က အသင်းသားတို့ကို အငြင်းစကား ဆင်ခြင်ကြဖို့ ကရင်မ မိပိုးနှင့် ပုံထိုး၍ မိန့်တော်မူခြင်း...




















Read more...

အမေနှင့် ဘုရားဝင်းထဲမှ မာရ်နတ်ကြီး... (အရှင်အာစာရာလင်္ကာရ)

အရှင်အာစာရာလင်္ကာရ၏...

အမေနှင့် ဘုရားဝင်းထဲမှ မာရ်နတ်ကြီး...
















Read more...

အလှူကို အားရပါရလှူနိုင်ဖို့နဲ့…. တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူဖြစ် မဖြစ်…

Q. ဘုန်းဘုန်း

၁။ တပည့်တော် လှူရတာ ဝါသနာပါပါတယ်။ အခု ထေရဝါဒသာသနာ မရှိတဲ့နိုင်ငံ ရောက်နေတော့ အဝေးကနေ မြန်မာပြည်ထဲကို လှမ်းပြီး အလှူအတန်း လုပ်ပေမယ့် ကိုယ်တိုင် လက်နဲ့ လုပ်ရသလို အားမရပါဘူး။ ပီတိဖြစ်တာလဲ များသောအားဖြင့် ကိုယ်တိုင် လက်နဲ့လုပ်ရရင် ပိုဖြစ်တယ် ထင်ပါတယ်။ ဒါနကုသိုလ် များများဝဝ လုပ်ရအောင် ဘယ်လိုလုပ်ရမလဲ ဘယ်လိုဓိဌာန်ရမလဲဘုရား။
၂။ တရားတွေကို နတ်တွေ ကြားအောင် နှုတ်က ရွတ်တာ ဓမ္မအလှူပေးရာ ရောက်ပါသလား။ စိတ်ဝင်တစား တရားနာမယ့် နတ်တွေ အနားမှာ ရှိမရှိ မသိရင် ဘယ်လို လုပ်ရပါ့မလဲ။ ကိုယ်ပေးနေတဲ့အလှူကို ယူသူ ရှိမှ ရှိရဲ့လား သိချင်လို့ပါ။
ဝင်းရန်နိုင်


A. ၁။ အလှူဒါနပြုလုပ်တဲ့အခါ အလှူခံပုဂ္ဂိုလ်မရွေးဘဲ လှူတတ်တယ်၊ လှူလိုတယ်ဆိုရင်တော့ ဒကာတော် ရောက်နေတဲ့နေရာမှာလည်း အားရပါရ ကိုယ်ထိလက်ရောက် လှူနိုင်တဲ့ နေရာများ အများကြီးရှိပါတယ်။ ဥပမာ ဒုက္ခိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး နေရာများ စသည်ဖြင့် အများကြီး ရှိပါတယ်။ ထေရ၀ါဒ ရဟန်းသံဃာတော်များကိုမှ လှူချင်တယ်ဆိုရင်တော့ ကိုယ်အာရုံပြုလို့ ရမယ့်ကျောင်းတိုက်များကို သွားရောက်လှူခိုင်းပြီး အဝေးကပဲ အာရုံပြုကာ ပီတိပွားနိုင်အောင် ကြိုးစားနိုင်ပါတယ်။ တစ်ခါတစ်ရံ သိပ်သဒ္ဓါတရားကောင်းပြီး အာရုံပြုမှုကောင်းနေရင်လည်း တစ်ဆင့်လှူဒါန်းခိုင်းပြီး ပီတိဖြစ်အောင် လုပ်လို့ရပါတယ်။ ဘုရားလက်ထက်ကလို ကိုယ်ရှိတဲ့နေရာကို ကြွရောက်အလှူခံစေချင်ရင်တော့ ကိုယ့်ဘက်က အလွန်ပြည့်စုံအောင် ကြိုးစားရပါလိမ့်မ့်မယ်။ ကိုယ်ကျင့်တရားလုံးဝ ကောင်းမွန်အောင်၊ သရဏဂုံကောင်းကောင်းတည်နိုင်အောင်၊ ထက်သန်ပြင်းပြတဲ့ သဒ္ဓါတရားတွေနဲ့ ပြည့်စုံအောင်၊ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာ အလှူဝတ္ထုများဟာလည်း သမ္မာအာဇီဝကျပြီး သန့်ရှင်းအောင် စတဲ့ အချက်တွေနဲ့ ကြိုးစားပြီး နေ့စဉ်အဓိဋ္ဌာန်ပြုရင်တော့ အလှူခံပုဂ္ဂိုလ်များ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။

၂။ တရားတွေကို နတ်တွေကြားအောင် နှုတ်ကရွတ်တာ ဓမ္မအလှူပေးရာ ရောက်နိုင်ပါတယ်။ စိတ်ဝင်တစား နာတဲ့နတ်တွေလည်း ရှိနိုင်ပါတယ်။ အနီးကပ်ဆုံးကတော့ ကိုယ့်ခန္ဓာကိုယ်ကို စောင့်တဲ့ကိုယ်စောင့်နတ်များနဲ့ လောကပါလနတ်များ၊ ကောင်းတဲ့နတ်များဟာ ကောင်းမှုကုသိုလ်ပြုတဲ့သူရဲ့ အနားမှာ အမြဲရှိနေပါတယ်။ ကိုယ်ကိုယ်တိုင် မျက်စိနဲ့ မမြင်နိုင်ပေမယ့် အမျှယူသာဓုခေါ်ဖို့ ကိုယ့်အနားမှာ အမြဲရှိပါတယ်။ တစ်ခါတစ်ရံ သိပ်ပြီးသဒ္ဓါတရား အားကောင်းလာရင် မထင်မှတ်တဲ့ တိုက်ဆိုင်မှုများနဲ့ ကောင်းမှုကုသိုလ်ပြုတဲ့ သူကို နတ်များက စောင့်ရှောက်တတ်ပါတယ်။ ဒီတိုက်ဆိုင်မှုများကို ကြည့်ရင် ကိုယ့်အနားမှာ သူတော်ကောင်းတွေ၊ နတ်တွေအမြဲရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ကိုယ်လှူပေးနေတဲ့ အလှူကို ယူသူရှိမရှိ ဆိုတဲ့အချက်အတွက်ကတော့ သံသယဖြစ်စရာ မရှိပါဘူး။ အမြဲရှိနေပါတယ်။ တိုက်ရိုက်မျက်စိနဲ့ မမြင်နိုင်ပေမယ့် ဘ၀သံသရာမှာ ကျင်လည်ခဲ့တုန်းက တစ်ချိန်ချိန်က တော်စပ်ပတ်သက်ခဲ့ဖူးသူတွေဟာ ကိုယ့်ရဲ့အလှူကို အမြဲစောင့်မျှော်နေတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ သူတို့မရနိုင်တာတောင်မှ ကိုယ့်အတွက်ကတော့ ဒီအလှူပေးတဲ့ကုသိုလ်က ရပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်အလှူပေးတာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုအဖြစ်၊ ပြီးတော့ ကုသိုလ်ကို ကုသိုလ်နဲ့ ဆင့်တဲ့ အလုပ်တစ်ခုအဖြစ် ယုံကြည်စွာ ဆက်လက်လုပ်ဆောင်ပါလို့ တိုက်တွန်းပါတယ်။



Read more...

ကိုးကွယ်ရာအမှန်

လောကမှာမြင့်မြတ်တဲ့နေရာမှာရှိတဲ့လူသားတွေအတွက်“ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ဓမ္မံသရဏံဂစ္ဆာမိ၊သံဃံ
သရဏံဂစ္ဆာမိ”ဆိုတဲ့ရတနာမြတ်သုံးပါးသာလျှင်ကိုးကွယ်ရာအမှန်ဖြစ်ပါသည်။ရတနာမြတ်သုံးပါးကို
ကိုးကွယ်ခြင်းဟာဘေးကင်းတယ်၊မြင့်မြတ်တယ်။အလုံးစုံသောသံသရာဒုက္ခမှကင်းလွတ်ရာနိဗ္ဗာန်ကို
လည်းရတနာမြတ်သုံးပါးအပေါ်ယုံကြည်မှုမရှိဘဲမရနိုင်ပါ။ဒါကြောင့်ရတနာမြတ်သုံးပါးလို့ခေါ်လို့ရတဲ့
သရဏဂုံသုံးပါးသည်သာလူသားတို့အတွက်ထိုက်တန်သောမြင့်မြတ်သောစစ်မှန်သောကိုးကွယ်ရာ
ဖြစ်ပါသည်ဟုမြတ်စွာဘုရားရှင်ကဟောကြားတော်မူခဲ့ပါသည်။လောကတွင်ဒါန၊သီလ၊သရဏဂုံမြဲ
လျှင်နတ်တို့သနင်းသိကြားမင်းကြီးသည်ပင်လူသား(လူဝတ်ကြောင်)တို့ကိုရှိခိုးရပါတယ်။သိကြား
မင်းကသူရဲ့ဗိမာန်တော်ဝကနေအောက်လူ့လောကဆီသို့လက်အုပ်ချီးမိုးရှိခိုးနေတာကိုသူ့ရဲ့အစေ
အပါးမာတလိနတ်သားမြင်တော့“အရှင်သိကြားမင်း၊ရှိခိုးရင်းရှိခိုးတစ်လောကလုံးမှာရှိတဲ့သူတွေက
သာလျှင်အရှင်သိကြားမင်းကိုရှိခိုးရမှာပါ။အရှင်သိကြားမင်းရှိခိုးရမယ့်သူလောကမှာရှိသေးလို့လား”
မေးတော်မူသောအခါသိကြားမင်းက“ယေဂဟဋ္ဌာပုညကရာ၊သီလ၀န္တောဥပါသကာ။ဓမ္မေနဒါရံပေါ
သေန္တိ၊တေနမဿာမိမာတလိ”စသည်ဖြင့်ပြန်လည်ဖြေကြားခဲ့ပါတယ်။အဓိပ္ပါယ်က“လောကမှာ
(၁)အလှူဒါနစတဲ့ကုသိုလ်ကောင်းမှုအမြဲပြုလုပ်နေတဲ့သူတွေ၊(၂)ငါးပါး၊ရှစ်ပါးစတဲ့ကိုယ်ကျင့်သီလ
အမြဲစောင့်ထိန်းနေတဲ့သူတွေ၊(၃)ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာမြတ်သုံးပါးကိုအမြဲယုံကြည်ကိုး
ကွယ်ဆည်းကပ်နေတဲ့သူတွေ၊(၄)သားသမီး၊ဇနီးမယားကိုတရားသဖြင့်အမြဲပြုစုလုပ်ကျွေးနေတဲ့သူ
တွေရှိတယ်။အဲဒီလိုလူပုဂ္ဂိုလ်တွေကိုငါသိကြားမင်းကရှိခိုးနေတာမာတလိနတ်သား”လို့ဖြေကြား
တော်မူပါတယ်။အထက်ဖော်ပြပါအရည်အချင်းတွေနဲ့ပြည့်စုံလို့သိကြားမင်းကပင်လျှင်ရှိခိုးရမှတော့
သူ့တပါးလက်ပါးစေနတ်တွေလည်းလူသားတွေကိုရှိခိုးကြတော့မှာပါ။ဒါလောက်ဆိုရင်လူသားနဲ့နတ်
ဘယ်သူမြတ်သလဲဆိုတာသိသင့်ပါပြီ။သို့သော်လည်းလူသားတွေကယခုအခါမိမိတို့ထက်အဆင့်အ
တန်းနိမ့်ကျလှတဲ့နတ်တွေကိုရှိခိုးဦးတိုက်နေကြတာဟာအံ့သြစရာတွေဖြစ်နေပါတယ်။အမြင်မတော်
လှပါဘူး။ရှင်ဘုရင်ကကျွန်ကိုရှိခိုးနေတာနဲ့တူပါတယ်။ကိုယ်ကိုတိုင်ရိုးရိုးသားသားနဲ့ကြိုးစားစီးပွားရှာ
လို့ကြီးပွားချမ်းသာအောင်မြင်လာတာကိုနတ်တို့ကမစလို့ဆိုပြီးကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုသူတစ်
ပါးထံပုံချနေကြတဲ့နတ်ယုံကြည်မှုဝါဒတွေအတွက်သနားစရာကောင်းလှပါတယ်။
အမှန်တော့သူတို့ကစတာမဟုတ်ပါဘူး။သူတို့အားကိုးကွယ်နေသူသာလျှင်ဒုက္ခပေးတတ်ပြီး၊မကိုး ကွယ်သူကိုဒုက္ခမပေးတတ်ပါဘူး။အခြေအနေအရပ်ရပ်ကြောင့်နတ်တွေ၊ဘိုးတော်တွေ၊ဘရသေ့
တွေကိုကိုးကွယ်နေကြတဲ့လူသားတွေအတွက်“သူတို့သာလျှင်ငါတို့ရဲ့ကိုးကွယ်ရာပဲ”လို့ခံယူမိသွားရင်သရဏဂုံပျက်လို့မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်ပါတယ်။
အမှန်တော့အနန္တောအနန္တငါးပါးထဲမှာပင်ရတနာသုံးပါးနဲ့မိဘဆရာတို့ကိုသာတွေ့ရပြီးနတ်စတာတွေမပါရှိပါဘူး။ထို့ကြောင့်နတ်ဆိုတာတွေကိုကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာတွေရတနာသုံးပါးဆရာမိဘတို့ကိုနေ့စဉ်ရှိခိုးဦးချပုံမှန်ပြုစုလုပ်ကျွေးနေသူလောက်မမြင့်မြတ်ပါဘူး၊လူဖြစ်ရကျိုးလည်းနပ်မှာမဟုတ်ပါဘူး။တကယ်တမ်းနတ်တွေရဲ့ကူညီစောင့်ရှောက်မှုကိုလိုချင်လျှင်သူတို့ကိုကိုးကွယ်ဆည်းကပ်ရမှာမဟုတ်ပါဘူးမေတ္တာပို့သပေးရမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ရတနာသုံးပါးဦးထိပ်ထား၍ကိုးကွယ်ရာအစစ်အမှန်ကိုကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ။


Read more...

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၇)


KDL07 - 008


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP