* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, June 28, 2009

နိဗဒ္ဓ (သို့) အမြဲမပြတ် ရနေတဲ့ ကုသိုလ်အလှူ (၇) မျိုး

နိဗဒ္ဓ ကုသိုလ် ၇ မျိုး

အမြဲမပြတ် ရနေတဲ့ကုသိုလ်မျိုးကို ဖြစ်စေတဲ့ အလှူဒါနမျိုးကို နိဗဒ္ဓကုသိုလ် လို့ ခေါ်တယ်။ နိဗဒ္ဓကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ယခုဘ၀မှာ အကြောင်းမညီညွတ်လို့ သောတာပန်ဖြစ်အောင် မကျင့်နိုင်ငြားသော်လည်း သောတာပန်နှင့်အလားတူ ဒုတိယဘ၀ (နောက်ဘ၀) စသည်မှာ အပါယ်ငရဲသို့ မကျရောက်နိုင်ဘူးလို့ မြတ်စွာဘုရား၏ အလိုတော်ကို သိတော်မှုကြသည့် အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။

နိဗဒ္ဓကုသိုလ် (၇) မျိုး ရှိပါတယ်။

၁) သရဏဂုံ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

ဗုဒ္ဓဘာသာဝင်များ အားလုံးသည် သရဏဂုံကို သိတတ်စအရွယ်ကတည်းက မိဘဆရာသမား ဘိုးဘွားအုပ်ထိန်းသူတို့၏ ဆိုဆုံးမမှုကြောင့် ဆောက်တည်ခဲ့ကြတယ်။ တတ်သိနားလည်သည့် အရွယ်ရောက်လာကြတော့ မိမိတို့၏ စိတ်သန္တာန်တွင် သက်ဝင် ယုံကြည်မှုကြောင့် သရဏဂုံ ဆောက်တည်ခဲ့ကြတယ်။

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ
ဘုရားမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ။

ဓမ္မော မေ သရဏံ အညံ နတ္ထိ
တရားမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ။

သံဃော မေ သရဏံ အညံ နတ္ထိ
သံဃာမှတစ်ပါး မိမိမှာ ကိုးကွယ်ရာ မရှိ ဟူ၍ ဆောက်တည်ကြတယ်။

ဤကဲ့သို့ သတိရတိုင်း သတိရတိုင်း ဘုရား၊ တရား၊ သံဃာမှတစ်ပါး ကိုးကွယ်ရာမရှိပါလားဟု နှလုံးသွင်းမိတိုင်း စိတ်ထဲ ကုသိုလ်စိတ်တွေပဲ ဖြစ်ဖြစ်လာတော့တယ်။ အဲဒီလို အမြဲမပြတ် ကုသိုလ်စိတ်တွေပဲ ဖြစ်နေတဲ့အတွက် နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။


၂) ငါးပါး သီလ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

၁) သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
၂) သူတစ်ပါး ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
၃) သူတစ်ပါး သားသမီး သားမယားများကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊
၎) သူတစ်ပါးအကျိုးတွေ ပျက်စီးသွားအောင်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်သွားအောင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
၅) အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

ဆိုတဲ့ စောင့်ထိန်းတဲ့ သီလစိတ်တွေ ရှိနေတဲ့အခါ မိမိတို့စိတ်တွင် အမြဲမပြတ် ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အတွက် နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

၃) စာရေးတံမဲအလှူ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

စာရေးတံမဲအလှူ ဆိုသည်မှာ မြတ်စွာဘုရားလက်ထက်တော်အခါက ကျောင်းတိုက်ကြီးတွေမှာ သံဃာတော်တွေ ၅၀၀၊ ၁၀၀၀ စသည်ဖြင့် အလွန်များပြားစွာ ရှိတော်မှုကြလေသည်။ သဒ္ဓါတရားနှင့် ပြည်စုံသော ပုဂ္ဂိုလ်တို့သည် ကျောင်းရှိသံဃာတော်တို့ကို ဖူးမြင်ရသောအခါ ကျောင်းရှိသံဃာတော် အကုန်လုံးကို လှူဒါန်းချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း မိမိတို့ တတ်နိုင်သော အတိုင်းအဆ၊ အတိုင်းအတာနှင့် သံဃာတော် အကုန်လုံးအား လောက်ဌအောင် လှူဒါန်းမှု မစွမ်းနိုင်သောအခါ ဆရာတော်၊ သံဃာတော်ကြီးများထံမှာ သွားရောက်၍ သံဃာတော်များအထဲမှ ၅ပါး၊ ၁၀ပါး မဲချပေးပါဘုရား ဟု လျှောက်ထားပင့်ကြရပေသည်။

ထိုသို့ ၅ပါး၊ ၁၀ပါး မဲချပေးလိုက်သော သံဃာတော်များအား အိမ်သို့ ပင်ဖိတ်၍ ဆွမ်းကပ်ကာ လှူဒါန်းဖွယ် အစုစုတို့ကိုလည်း လှူဒါန်းလေ့ ရှိကြသည်။ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ စသည်ဖြင့် မိမိတို့ တတ်အားသရွေ့ သဒ္ဓါသရွေ့၊ ပင့်ဖိတ်လှူဒါန်းသမှုကို ပြုလုပ်ကြပေသည်။ လှူဒါန်းပြီးသွားသောအခါမှာလည်း နောက် တစ်ပတ်၊ တစ်လတွင်လည်း လှူဒါန်းသမှု ပြုလုပ်ဦးမည်ဟု စိတ်တွင် သဒ္ဓါစိတ်တွေ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေသောကြောင့်လည်း နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

၎) ၁၅ ရက်ဆွမ်း နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

မြတ်စွာဘုရားလက်ထက်ကတည်းမှ စ၍ ယနေ့တိုင် လပြည့်နေ့ ၊ လကွယ်နေ့ ၊ ၁၅ ရက်တိုင်းမှာ မိမိတို့၏ နေအိမ်သို့ သံဃာတော် ၁ ပါး၊ ၂ ပါး၊ ၃ ပါး၊ ၅ ပါး စသည်ဖြင့် မိမိတို့ တတ်အားသရွေ့ ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းလေ့ ရှိကြပါတယ်။ လှူဒါန်းပြီးသွားသောအခါမှာလည်း နောက် ၁၅ ရက်ရောက်တိုင်း လှူဒါန်းရဦးမည်ဟု စိတ်တွင် ကုသိုလ်စိတ်များ ဖြစ်ပေါ်နေသည်။ နောက်တစ်ခါတွင် မည်သို့သော ဆွမ်းဟင်းမျိုးဖြင့် ကပ်လှူလိုက်မည် ဟု စိတ်တွင်ရည်စူး၍ လှူဒါန်းဖွယ်ရာများကို စုဆောင်းလေ့ရှိနေသည်မှာလည်း ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေ၍ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

၅) ၀ါဆိုသင်္ကန်း နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြကုန်သည့် အလှူရှင်တို့သည် ဒီနှစ် ၀ါဆိုသင်္ကန်း လှူဒါန်းပြီးသွားသည့်အခါ၌လည်း နောက်နှစ်တွင် ၀ါဆိုသင်္ကန်းထပ်၍ လှူဒါန်းဦးမည်ဟု စိတ်တွင်ဖြစ်ပေါ်နေကြသည်။ မိမိတို့ လှူဒါန်းလိုက်သော ဤ၀ါဆိုသင်္ကန်းတို့ကို ရရှိသွားကြသော သံဃာတော်တို့သည်လည်း ၀ါပထက် ၀ါတွင်းတွင် စာပေကျမ်းဂန် ပရိယတ္တိ သင်ကြားနေတဲ့ ရဟန်းတို့သည်က တစ်ကျမ်းတစ်ဖွဲ့ကုန်အောင် တတ်မြောက်အောင် ကြိုးစား၍ သင်ကြားလေ့လာကြကုန်၏။ ၀ိပဿနာတရား အားထုတ်သည့် ရဟန်းတို့သည်လည်း ရည်မှန်းချက်အတိုင်း သမာဓိဉာဏ်ထူး၊ တရားထူး၊ တရားမြတ်တို့ တွေ့အောင် ကြိုးစားအားထုတ်ကြရပေသည်။ မိမိတို့ လှူဒါန်းလိုက်သော ဤ၀ါဆိုသင်္ကန်းလေးတွေကို ၀တ်ရုံကာ ပရိပတ္တိ စာပေကျမ်းဂန်များကြိုးကြိုးစားစား သင်ကြားလေ့လာ မှတ်သားကြနေသည်။ ၀ိပဿနာတရားတို့ကို ကြိုးကြိုးစားစား အားထုတ်နေကြရလေသည်ဟု အလှူရှင်များစိတ်တွင် တွေးမိလိုက်တိုင်း ကုသိုလ်စိတ်တွေ အမြဲမပြတ် ဖြစ်ပေါ်နေသည်မှာ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

၆) သောက်ရေကန် နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

မိမိတို့ လှူဒါန်းလိုက်သော သောက်ရေကန်၊ စက်ရေတွင်း၊ ရေအိုးစဉ်၊ ရေသန့်စက် စသည်တို့၌ အရပ်လေးမျက်နှာမှ လာကြကုန်သော ဆရာတော်၊ သံဃာတော်မြတ်၊ ရဟန်းရှင်လူ၊ ယောဂီသူတော်စင်၊ ပြည်သူအပေါင်းတို့သည် ရေသောက်သုံးကြသည်။ ထိုသို့ ဆရာတော် သံဃာတော်အရှင်မြတ် ရဟန်းတို့ သောက်သုံးတိုင်း၊ ယောဂီသူတော်စင်တို့ သောက်သုံးလေတိုင်း၊ ပြည်သူအများ သောက်သုံးလေတိုင်း သောက်ရေကန်၊ စက်ရေတွင်း၊ ရေအိုးစဉ်၊ ရေသန့်စက် တို့ကို လှူဒါန်းကြကုန်သော အလှူရှင်အပေါင်းတို့က ဆရာတော်အရှင်သူမြတ် ရဟန်းအပေါင်းတို့ သောက်သုံးကြကုန်သည်။ ယောဂီသူတော်စင်တို့ သောက်သုံးကြကုန်သည်။ အများပြည်သူတို့ သောက်သုံးကြကုန်သည် ဟု စိတ်တွင်သတိရတိုင်း ၀မ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်တွေ အမြဲမပြတ် ဖြစ်နေကုန်၍ နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

၇) ကျောင်းအလှူ နိဗဒ္ဓကုသိုလ် ဖြစ်ပုံ

မိမိတို့ လှူဒါန်းထားသည့်ကျောင်းသည် ပရိယတ္တိ စာပေကျမ်းဂန် သင်အံလေ့လာရန်အတွက် လှူဒါန်းထားသော ပရိယတ္တိကျောင်းဖြစ်လျှင် ဆရာတော် သံဃာတော်များ ဤကျောင်းထဲ၌ စာပေကျမ်းဂန်များ သင်အံတိုင်း၊ လေ့လာတိုင်း၊ ပို့ချတိုင်း ကျောင်းအလှူရှင်များက ဆက်သွယ်ပြီး ကုသိုလ်တွေ ရနေကြပေတယ်။

မိမိတို့ လှူဒါန်းထားသည့်ကျောင်းသည် ပဋ္ဋိပတ္တိ ၀ိပဿနာကျောင်းဖြစ်လျှင် ဆရာတော် သံဃာတော်များ ယောဂီများသည် အမှတ်သတိဖြင့် ၀င်တိုင်းဝင်တိုင်း ထွက်တိုင်းထွက်တိုင်း၊ တရားထိုင်၍ ရှုမှတိုင်း ရှုမှတ်တိုင်း။ ကျောင်းအလှူရှင်များက ဆက်သွယ်ပြီး ကုသိုလ်တွေ ရနေကြပေတယ်။

မိမိတို့ လှူဒါန်းထားသည့်ကျောင်း၌ ဆရာတော် အရှင်သူမြတ်များ စာပေကျမ်းဂန်များ သင်အံ၊ လေ့လာ၊ ပို့ချနေသည်။ ဆရာတော် အရှင်သူမြတ်များ ယောဂီများသည် ၀ိပဿနာတရားတော်များကို ကျင့်ကြံ ပွားများနေပြီး ၀င်တိုင်း ထွက်တိုင်း လှုပ်ရှားမှု အထွေထွေတိုင်းကို အမှတ်သတိဖြင့် နေထိုင်ကြကုန်သည် စသည်ဖြင့် သတိရလေတိုင်း သတိရလေတိုင်း ၀မ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေကြခြင်းသည် နိဗဒ္ဓ ကုသိုလ်ဖြစ်တယ်။

အထက်ပါ နိဗဒ္ဓကုသိုလ်တွေရှိတဲ့ ပုဂ္ဂိုလ်များဟာ ယခုဘ၀မှာ အကြောင်းမညီညွတ်လို့ သောတာပန်ဖြစ်အောင် မကျင့်နိုင်ငြားသော်လည်း သောတာပန်နှင့်အလားတူ ဒုတိယဘ၀ (နောက်ဘ၀) စသည်မှာ အပါယ်ငရဲသို့ မကျရောက်နိုင်ဘူးလို့ မြတ်စွာဘုရား၏ အလိုတော်ကို သိတော်မှုကြသည့် အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။

သို့သော်လည်း နောက်ထပ် တတိယဘ၀၊ စတုတ္ထဘ၀၊ ပဉ္စမဘ၀ စသည်တို့၌ အပယ်ငရဲသို့ မကျရောက်နိုင်ဖို့ရာမှာ သိပ်တော့ မသေချာလှပေ။ စိတ်တော့မချရပေ။ သို့ဖြစ်ပါ၍ စိတ်ချရသည့် သတိပဋ္ဌာန် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပေမည်။ ဤသတိပဋ္ဌာန် ၀ိပဿနာတရားသည်သာ လူသားတိုင်း အတွက် အားထားရာ အားကိုးရာ စိတ်ချရသော ရတနာ အစစ်အမှန်ပင်ဖြစ်ပေသည်။ အကြောင်းညီညွတ်သောအခါ ယခုဘ၀ကစ၍ အပြီးတိုင် အပါယ်တံခါး ပိတ်သွားနိုင်ပေတယ်။ နောင်ဘယ်သောအခါမှ အပါယ်သံသရာသို့ ပြန်မရောက်ရသည့် အဖြစ်မျိုးကို ရရှိသွားနိုင်တယ်လို့ မြတ်စွာဘုရား တရားကြေညာချက်အနေနှင့် ဟောကြားတော်မူခဲ့ပါသည်။



မဟာစည်နာယက အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ အဘိဓဇ မဟာရဋ္ဌဂုရု၊ သဒ္ဓမ္မရံသီ ရိပ်သာဆရာတော် အရှင်ကုဏ္ဍလာ ဘိဝံသ ဟောကြားတော်မူတော် နိဗဒ္ဓကုသိုလ် (၇) မျိုးတရားတော်ကို ကိုးကားဖော်ပြထားပါသည်။


Print this post
AddThis Social Bookmark Button


Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၈)

ရုပ်နဲ့ နာမ်ဟာ သဘာဝတရား

တရားဆိုတာသဘော။ သဘောဆိုတာလဲ တရားပါပဲ။ ( ၂ ) မျိုးပေါင်းလိုက်တော့ တရားသဘော။ သဘောတရား မဟုတ်လား။ ဘုန်းကြီးတို့ သူတော်စင်တွေ သဘောတရားဆိုတဲ့ သဘာဝတရားဟာ ရုပ်နဲ့  နာမ်ပါပဲ။ အဲဒီ ရုပ်နဲ့ နာမ်ဟာလည်း သစ္စာဖွဲ့ လိုက်တော့ လေးပါးရတယ်။ သစ္စာလေးပါးသိအောင် ၀ိပဿနာတရားကို ကြိုးစား အားထုတ်ရတယ်။

ပွား - သိ - ပယ် - ဆိုက်

သစ္စာလေးပါးဆိုတာ အကျဉ်းချုပ်လိုက်တော့ သိ - ပယ် - ဆိုက် -ပွား ပေါ့။ ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း။ သမုဒယသစ္စာကိုပယ်ခြင်း၊ နိရောဓသစ္စာကို ဆိုက်ရောက်ခြင်း။ မဂ္ဂသစ္စာကို ပွားများအားထုတ်ရခြင်း လို့ 
ဆိုလိုပါတယ်။ ဒါက ဒေသနက္ကမ ( ဒေသနာဟောစဉ် ) အားဖြင့် ပြဆိုခြင်းဖြစ်တယ်။ တကယ်တန်း အလုပ်ခွင်ကျတော့ ပွား - သိ - ပယ် - ဆိုက် လို့  မှတ်ကြရမယ်။

ဗုဒ္ဓလမ်းစဉ်

ဗုဒ္ဓလမ်းစဉ်ရဲ့  အစဟာ သရဏဂုံသုံးပါးပဲ၊ အဆုံးတော့ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ဆိုက်ရောက်ခြင်းဖြစ်တယ်၊ ဗုဒ္ဓလမ်းစဉ်အတိုင်း လျှောက်လှမ်းနေသူဟာ လူ့ ဘ၀တွင် အသာဆုံး၊ အမြတ်ဆုံး
ဖြစ်ပါတယ်။



Read more...

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၃)


KDL03 - 004

Read more...

ဘာသာမဲ့ ရုပ်ဝါဒီ လူသေလူဖြစ် ဝိနိစ္ဆယ- ၁... (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

သောဓနာ အမှတ် ၁ သခင်မြတ်ဆိုင်၏ ချေပချက်များ ထပ်ဖြည့်ထားပါသည်...
စာ- ၂၃၆-၂၄၀


လူသေလူဖြစ် ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

စောဒနာတင်သွင်းလွှာ အမှတ် ၁...

ဘာသာမဲ့ ရုပ်ဝါဒီများဖြစ်ကြောင်း စောဒနာချက်...

ဦးဥက္ကဋ္ဌ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
ဦးကိုကိုလေး ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
သခင်မြတ်ဆိုင်၏ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။
သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ချုပ်၏ ၀ါဒသည် ရုပ်ဝါဒ ရုပ်ကြမ်းဝါဒီ။ စာမျက်နှာ-၄၃၇






ဝိသေသစောဒနာ အမှတ် ၁...











သောဓနာ အမှတ် ၁ သခင်မြတ်ဆိုင်၏ ချေပချက်...










ဘာသာမဲ့ ရုပ်ဝါဒီများနှင့်စပ်သော ၀ိနိစ္ဆယ အမှတ် ၁...












































































Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP