* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Friday, June 26, 2009
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၁)
005 Endray Htet Kyaung Koe Ba - 005 Endray Htet Kyaung Koe Ba
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း (၉)ပါး - (၁)
Read more...
အမည်သည် လိုရင်းမဟုတ်၊ အကျင့်သည်သာ အဓိကဖြစ်သည်
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ ရဟန်းပေါင်းခြံရံလျက် ဆွမ်းခံထွက်တော်မူပြီးနောက် အပြန်တွင် တံငါသည်တယောက် ကျွတ်တမ်းဝင်မည်ကို မြင်တော်မူ၏။ ထို့ကြောင့် တံငါသည်ရှိရာအရပ်သို့ ကြွရောက်တော်မူလာ၏။
ဘုရားအမှူးပြုသော သံဃာတော်များ ကြွလာတော်မူသည်ကို မြင်သောအခါ တံငါသည်သည် ငါးမျှားတံကို ပစ်ချကာ ရိုသေစွာ စောင့်နေ၏။ ဘုရားရှင်က တံငါသည်၏အမည်ကို မေးတော်မူရာ-တပည့်တော်၏အမည် အရိယာ ခေါ်ပါသည်-ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ဒကာ-သူတပါးအသက်ကို သတ်သောသူသည် အရိယာမမည်၊ အားလုံးသော သတ္တ၀ါတို့ကို မညှဉ်းဆဲမှသာ အရိယာမည်၏-ဟု အောက်ပါဂါထာကို ဟောတော်မူရာ တံငါသည်သည် သောတာပန် တည်လေသည်။
( ပါဠိဂါထာ )
န တေန အရိယော ဟောတိ ၊ ယေန ပါဏာနိ ဟိံသတိ ။
အဟိံသာ သဗ္ဗ ပါဏာနံ ၊ အရိယော-တိ ပ၀ုစ္စတိ ။
( မြန်မာပြန် )
သတ္တ၀ါတို့ကို ညှဉ်းဆဲတတ်သော အကြောင်းကြောင့် အရိယာမဖြစ်ချေ။
သတ္တ၀ါတို့ကို မညှဉ်းဆဲခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။
( ဆောင်ပုဒ် )
သတ္တ၀ါကို၊ ဆင်းရဲပိုအောင်၊ ထိုထိုပုတ်ခတ်၊ ညှဉ်းဆဲတတ်မူ၊ ထိုသူအရိယာ၊ မမည်ပါတည်း၊
သတ္တ၀ါခပင်း၊ ညှဉ်းဆဲကင်းလျက်၊ မေတ္တာသက်မူ၊ ထိုသူကိုသာ၊ အရိယာဟု၊ မြဲစွာသတ်မှတ်၊ ခေါ်ဆိုအပ်၏။
( ဓမ္မဋ္ဌ၀ဂ်-ဗာဠိသိက၀တ္ထု )
Read more...
၁၉။ ကပိလဝတ် မဟာဝုန်၌ မြစ်ရေခွဲဝေမှု၊ နှစ်နိုင်ငံတိုက်ပွဲ ငြိမ်းချမ်းမှု အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံမှ နှစ်ရာ့ငါးဆယ်စီ၊ နှစ်နိုင်ငံပေါင်း မင်းသားငါးရာ ရဟ
သုဒ္ဓ ၁။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်ဟာ အောက်သံယောဇဉ် ကုန်ပြီးတဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သည်အစည်းအဝေးကြီးမှာ လျှောက်ထားပါမယ်။ သည်အစည်းအဝေးဟာ နတ် ဗြဟ္မာ အစည်းအဝေး လို့  ကင်ပွန်းတပ်လိုက်ပါတယ်။ သည်အစည်းအဝေးဟာ အောင်မြင်ပြီးသူ တွေကို ဖူးမြော်တဲ့ အစည်းအဝေး ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။”
သုဒ္ဓ ၂။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း သံယောဇဉ်ကုန်ပြီး တဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ သည်အစည်းအဝေးမှာ မြင်းဇက် ကိုထိန်းတဲ့ ရထားထိန်းလို ရဟန်းတွေ ဣနြေ္ဒထိန်းကြပါတယ် ဘုရား”
သုဒ္ဓ ၃။ “ ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း ကိလေသာ အာသဝေါကင်းပြီးတဲ့ သုဒ္ဓါဝါသ ဗြဟ္မာပုဂ္ဂိုလ်ပင် ဖြစ်ပါတယ်။ တဏှာကင်း ပြီး သန့် ရှင်းကြတဲ့ ရဟန္တာငယ်များဟာ ရာဂစတဲ့ တံခါးကို ဖျက်ပြီး တံခါး တိုင် နုတ်ပြီး နေကြပါပြီ ဘုရား။”
သုဒ္ဓ ၄။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း လျှောက်ထားပါ တယ်။ တပည့်တော်ကလည်း သုဒ္ဓါဝါသ ဗြဟ္မာအသင်းဝင် ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဆည်းကပ်သူ အားလုံးတို့ ဟာ ပျက်စီးမှု မဖြစ်တော့ဘဲ မြင့်မြတ်တဲ့ နတ်ဗြဟ္မာတွေ အများအပြားပဲ ဖူးတွေ့ ကြ တယ်”
“နတ်ဗြဟ္မာ ပရိတ်သတ်နဲ့  အမည်တွေကို နာကြားလိုပါတယ် ဗုဒ္ဓအသျှင်”
“ရဟန်းတို့  - သည်အစည်းအဝေးမှာ ကပိလဝတ်က မြင့်မြတ်သူ အရေအတွက် ခုနစ်ထောင် တက်ရောက်နေတယ်။ ဟိမဝန္တာ ခြောက်ထောင်။ သာတတောင်က ခုနစ်ထောင်။ ဝေသာမိတတောင်က ငါးရာ။ ရာဇဂြိုဟ်က အသိန်းမက။ ဓတရဌ၊ ဝိရူဠ၊ ဝရုပက္ခ၊ ကုဝေရ တို့ နဲ့  သူတို့ သား၊ ကျွန်၊ အခြံအရံများ။ ဝေသာလီက နာဂများနဲ့  အခြားအမျိုးမျိုး နတ်များအပြင် သုဗြဟ္မ၊ ပရမတ္ထ၊ တဿ၊ သနင်္ကုမာရ၊ မဟာဗြဟ္မာများ၊ မာရ်များပဲ ရဟန်းတို့  ”
“ကောင်းလှပါပြီ ဗုဒ္ဓအသျှင်”
Read more...
*ကြိုက်ရာရွေး*
မိတ်ဆွေ… ၀ါဆိုရောက်ပြီဗျ…
ပြောရရင် အဖန်တရာတသော့သော့နဲ့
သံသရာတကြော့လည်တယ်ပေါ့။
သဘာဝမကျတဲ့
ပကာသနတွေ ဘေးချိတ်ပြီး
အတွေးစိတ်မှာ စဉ်းစားရင်တော့
ခင်ဗျားတို့ ကျုပ်တို့ကော
ဒီသံသရာမှာ မျောပါနေကြတာလေ
သက်တမ်းပရိစ္ဆေဒကြာပေါ့ဗျာ…။
ဒါနဲ့…
မနှစ်က ကျုပ်တို့
ဘာတွေလုပ်ပြီး မျောခဲ့ကြပါလိမ့်
အမျှပေးနိုင်ခဲ့သလား
အမျှယူခဲ့သလား၊
ကုသလ များခဲ့သလား
အကုသလ ပွားခဲ့သလား၊
အအေးဓါတ်နဲ့ အပေးဆက်ခဲ့သလား
အယူဓါတ်နဲ့ အပူထွက်ခဲ့သလား။
မိတ်ဆွေရေ…
အမျှကျ ယူတတ်ပြီး
ကိုယ်တိုင် အမျှမပေးနိုင်သေးရင်တော့
ကာရန်မညီသေးဘူးနော…။
ကဲ…အဲဒီတော့
ဒီဝါဆိုကစလို့
မိတ်ဆွေ ဘာလုပ်မလဲ…
ခဏတာဘ၀ကို ဘယ်လိုဖြတ်သန်းမလဲ…
အပေးနဲ့ အအေး(ကုသိုလ်)ဓါတ်ပွားစေမလား
အယူနဲ့ အပူ(အကုသိုလ်)ဓါတ်များစေမလား
ပေးရင်အေးမယ်
ယူရင်ပူမယ်
အအေးဓါတ်က အဆန်လမ်း
အပူဓါတ်က အစုန်လမ်း
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်သမိုင်းကိုယ်ရေး
သင်ကြိုက်ရာသာရွေး…။ ။
လေးစားစွာဖြင့်
ဖိုးသား
6/26/2009, FRI:, 2:21:02 PM
Read more...
*အနားသတ်… ကမ်း*
ငါတို့ဟာ… အ၀ိဇ္ဇာဟင်းလင်းပြင်ထဲက
အမှုန်အမွှား ကြယ်လေးတွေပါ
ဘ၀ရဲ့ဆင်းရဲတွေကို အကြောက်အလန့်မရှိ
သုခနဲ့ ရွှန်းလက်ထွန်းလင်းခဲ့ချင်ကြတော့
ဒုက္ခတွေကပဲ ဖွဲ့ကျအုံ့ဆိုင်း မှိုင်းရီခဲ့…။
ငါတို့က… မအောင်နိုင်တဲ့ စာမေးပွဲကိုမှ
ဂုဏ်ထူးနဲ့ ပထမရချင်နေသူတွေလေ
အနိုင်မရဖူးတဲ့ အိုနာသေဘေးကို အံတုရင်း
လောကဓံရဲ့ ရယ်သံချိုအောက်မှာ မိန်းမောမိကြတော့
မှတ်တိုင်မဲ့ လမ်းပျောက်ခရီးသည်တွေ ဖြစ်ခဲ့ကြ…။
နောက်ဘ၀အထိ အနှောင့်အယှက်ဖြစ်စေမယ့်
ဆန္ဒတွေနဲ့ ရွေးချယ်မိုက်မှားမိခဲ့ကြ
ငါတို့ကပဲ ဆုတောင်းတွေ မှားခဲ့တာလား
ဆုတောင်းတွေကပဲ ငါတို့ကို မှားယွင်းသွားစေခဲ့တာလား
ဘယ်လောက်ဆိုးလိုက်တဲ့ မသိမှုလဲကွယ်…။
မသိလို့မပြင်၊ မပြင်လို့မသိ
စူးရှနက်ရှိုင်းတဲ့ အသိဥာဏ်တွေနဲ့
သံသရာဝဲဂယက်က ရုန်းထွက်လို့
စုန်ပြီးခဲ့တဲ့ ဘ၀ပေါင်းများစွာအတွက်
အဆန်လမ်းလေးချက်နဲ့ ချေဖျက်ဖို့ ကြိုးစားကြမယ်လေ…။
ကိလေသာမီးတောက်တွေရဲ့ အေးငြိမ်းရာ
သံယောဇဉ်အစွဲအလမ်းတွေရဲ့ ပြတ်ငြိမ်းရာ
ဒုက္ခဆင်းရဲတွေရဲ့ ချုပ်ငြိမ်းရာ
အနှိုင်းမဲ့ အဆုံးသတ် အငြိမ်းဓာတ်တစ်ခုက
(ဟိုးရှေ့မှာ…) ငါတို့ကို ကြိုလင့်နေလေရဲ့…။
+++++++++++++++++++++++++++++++++++++
ဓမ္မရနံ့ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ။
လေးစားစွာဖြင့်
ဖိုးသား
6/25/2009, THU:, 1:14:04 PM
Read more...
Anatta
Source: wikipedia
In Indian philosophy, the concept of a self is called ātman (that is, "soul" or metaphysical self), which refers to an unchanging, permanent essence conceived by virtue of existence. This concept and the related concept of Brahman, the Vedantic monistic ideal, which was regarded as an ultimate ātman for all beings, were indispensable for mainstream Indian metaphysics, logic, and science; for all apparent things there had to be an underlying and persistent reality, akin to a Platonic form. The Buddha rejected all concepts of ātman, emphasizing not permanence, but changeability. He taught that all concepts of a substantial personal self were incorrect, and formed in the realm of ignorance. The Buddha criticized conceiving theories even of a unitary soul or identity immanent in all things as unskillful in the Great Discourse on Causation. In fact, according to the Buddha's statement in Khandha Samyutta 47, all thoughts about self are necessarily, whether the thinker is aware of it or not, thoughts about the five aggregates or one of them.
In a number of major Mahayana sutras (e.g. the Mahaparinirvana Sutra, the Tathagatagarbha Sutra, the Srimala Sutra, among others), the Buddha is presented as clarifying this teaching by saying that, while the skandhas (constituents of the ordinary body and mind) are not the self, there does truly exist an eternal, unchanging, blissful Buddha-essence in all sentient beings, which is the uncreated and deathless Buddha-nature ("Buddha-dhatu") or "True Self" of the Buddha himself. The "tathagatagarbha"/Buddha nature does not represent a substantial self; rather, it is a positive language expression of "sunyata" (emptiness) and represents the potentiality to realize Buddhahood through Buddhist practices; the intention of the teaching of tathagatagarbha (Buddha nature) is soteriological rather than theoretical.[4]
This immaculate Buddhic Self (atman) is in no way to be construed as a mundane, impermanent, suffering "ego", of which it is the diametrical opposite. On the other hand, this Buddha-essence or Buddha-nature is also often explained as the potential for achieving Buddhahood, rather than an existing phenomenon one can grasp onto as being me or self.
Anatta is discussed in the Questions of King Milinda, composed during the period of the Hellenistic Indo-Greek kingdom of the 2nd and 1st centuries BCE. In this text, the monk Nagasena demonstrates the concept of absolute "non-Self" by likening human beings to a chariot and challenges the Greek king "Milinda" (Menander) to find the essence of the chariot. Nagasena states that just as a chariot is made up of a number of things, none of which are the essence of the chariot in isolation, without the other pieces, similarly no one part of a person is a permanent entity; we can be broken up into five constituents – body, sensations, ideation, mental formations and consciousness – the consciousness being closest to the permanent idea of "Self", but is ever-changing with each new thought according to this viewpoint.
According to some thinkers both in the East and the West, the doctrine of "non-Self", may imply that Buddhism is a form of nihilism or something similar. However, as thinkers like Nagarjuna have clearly pointed out, Buddhism is not simply a rejection of the concept of existence or meaning, but of the hard and fast distinction between existence and non-existence, or rather between being and no-thingness. Phenomena are not independent from causes and conditions and do not exist as isolated things as we perceive them to be. The lack of a permanent, unchanging, substantial Self in beings and things does not mean that they do not experience growth and decay on the relative level. But on the ultimate level of analysis, one cannot distinguish an object from its causes and conditions or even distinguish between object and subject (an idea appearing relatively recently in Western science). Buddhism thus has much more in common with Western empiricism, pragmatism, anti-foundationalism, and even poststructuralism than with nihilism.
In the Nikāyas, the Buddha and his disciples commonly question or declare "Is that which is impermanent, subject to change, subject to suffering fit to be considered thus: 'This I am, this is mine, this is my self'?" The question which the Buddha poses to his audience is whether compounded phenomena are fit to be considered as self, to which the audience agrees that it is unworthy to be considered so. And in relinquishing such an attachment to compounded phenomena, such a person gives up delight, desire and craving for compounded phenomena and is unbounded by its change. When completely free from attachments, craving or desire to the five aggregates, such a person experiences then transcends the very causes of suffering.
In this way, the insight wisdom or prajñā of non-Self gives rise to cessation of suffering, and not an intellectual debate over whether a self exists or not.
It is by realizing (not merely understanding intellectually, but making real in one's experience) the three marks of conditioned existence that one develops prajñā, which is the antidote to the ignorance that lies at the root of all suffering.
Read more...
ပညာဖြင့် ချမ်းသာစွာနေနည်း
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပညာဟူသည် လွတ်မြောက်မှုချမ်းသာကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် ပညာရှိလျှင် ကပ်ငြိခြင်း၊ နှောင်ဖွဲ့ခြင်း၊ ရှုပ်ထွေးခြင်းဟူသောတောမှ ထွက်မြောက်နိုင်၏။ တဏှာသည်ကား လွန်စွာတပ်ငြိခြင်း၊ ရစ်ပတ်ချည်နှောင်ခြင်း ကိုဖြစ်စေသော မောဟအမှောင်ထုအောက်တွင် ကျင်လည်ကျက်စားနေသည့် မင်းသားခေါင်းပေါင်း ဆောင်းထားသော အသားစားဘီလူးကြီးနှင့် တူ၏။ အသားစားဘီလူးသည်ကား သူ၏ပိုင်နက်တွင်ရှိသော သားကောင်တို့ကို မည်သူ့ကိုမျှ အလွတ်မပေးဘဲ ၀ါးမျိုကိုက်သတ်စားကာ ဒုက္ခဆင်းရဲကိုဖြစ်စေသကဲ့သို့ တဏှာသည်လည်း သူ၏ပိုင်နက်အတွင်းတွင်ရှိသော မည်သူတစ်စုံတစ်ယောက်ကိုမျှ ချမ်းသာမပေးဘဲ ဒေါင်ချာ စိုင်းအောင် ဆင်းရဲကို ဖြစ်စေတတ်သောတရားပင်တည်း။
ဒုက္ခ၏အဆုံးသို့ရောက်ရန် သေချာနေသော အနာဂါမ်အရိယာကိုပင် နှစ်ပေါင်းများစွာဆင်းရဲ အောင် ဒုက္ခကို ဖြစ်စေသေး၏။ အကြောင်းမူကား ဘ၀ကိုတပ်မက်သော ဘ၀တဏှာ အနည်း ငယ် ရှိနေခြင်းကြောင့် ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာကို တဖန်ရရှိသောကြောင့်ပင်။ ထိုသို့သဘော ရှိသော၊ ကျယ်ဝန်းသောနယ်ဖြင့် သူတစ်လူငါတစ်မင်း အုပ်စိုးနေသည့် တဏှာ၏ အာဏာ စက်ကွင်းကား လွန်စွာကျယ်ပြောလှပေ၏။ အဆုံးမရှိဟုပင် ထင်ရ၏။ ဒုက္ခ၏အဆုံး၊ ဇာတိ၏ အဆုံးကို မြင်တော်မူသော မြတ်စွာဘုရားသည် တဏှာ၏စက်ကွင်းမှ လွတ်မြောက်တော်မူပြီး လျှင် သတ္တ၀ါအများကိုလည်း လွန်စွာသနားကရုဏာ ဖြစ်တော်မူသောကြောင့် (၄၅)၀ါ ကာလ ပတ်လုံး အပင်ပန်းအဆင်းရဲခံကာ ဒုက္ခ၏လွတ်မြောက်ရာ လမ်းကြောင်းအမှန်ကို ဟောကြား ဆုံးမတော်မူခဲ့၏။ ရဟန္တာမဖြစ်သေးသမျှ ဗုဒ္ဓ၏အလိုသို့ မရောက်ရှိသေးပေ။ ထို့ကြောင့် ဘုရားရှင်က “ကိလေသာတည်းဟူသော အာသဝေါတရားတို့ မကုန်ခန်းသေးသ၍ ငါချမ်းသာ လိုက်တာဟူ၍ ဘယ်သောအခါမှ မတွေးတောရန်” မှာကြား ဆုံးမတော်မူခြင်း ဖြစ်ပေမည်။
ပညာဖြင့်ချမ်းသာစွာနေနိုင်ရန်အတွက် ပညာရှိကို မှီဝဲဆည်းကပ်ရမည်။ ပညာရှိစကား သေချာနာကြားရမည်။ “ပညာလို အိုသည်မရှိ၊ ပညာရှာ ပမာသူတောင်းစား၊ ပညာရှာချိန်၌ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့” ဟူသော သင့်တင့်လျောက်ပတ်သော နှလုံးသွင်းဖြင့် ပညာရှာရမည်။ ကြားနာမှတ်သားထားသည့်အတိုင်းလည်း ကျင့်ကြံပွါးများ အားထုတ်ခြင်း လည်း ရှိရပါမည်။ သို့မှသာ ပညာဖြင့် ချမ်းသာစွာနေနိုင်မည်ဖြစ်၏။ ကျေးဇူးရှင်ဓမ္မစေတီ ဆရာတော်၏ဆောင်ပုဒ်အတိုင်း ဆိုရလျှင် “သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရ၊ ရမှငြိမ်းချမ်းသည်။” ဟူ၍ဖြစ်၏။ သင်မှသိ (ပရိယတ္တိသာသနာ)၊ သိမှကျင့် (ပဋိပတ္တိသာသနာ)၊ ကျင့်မှရ (ပရိဝေဒ သာသနာ)၊ ရမှငြိမ်းချမ်းသည် (နိဗ္ဗာန်) ဖြစ်ပါသည်။
အသိကို လိုက်မကျင့်က သိသလို မသိသလိုနှင့် နောက်ဆုံးတော့လည်း မသိသလိုသာ ဖြစ်သွားတတ်ပါသည်။” ထို့ကြောင့် ဗုဒ္ဓ၏တရားများသည်ကား ကြံစည်တွေးတောနေရုံနှင့် မပြီးသေးဘဲ လက်တွေ့ကျင့်ကြံမှသာလျှင် အကာလိကော(အခါမလင့်အကျိုးပေးသောဂုဏ်) ကို လက်တွေ့ခံစားရမည်ဖြစ်ပါသည်။ တရား၏အရသာကို တွေ့ရှိသွားသူတို့ကား အခြားသော အရသာတို့ကို စွန့်လွှတ်သွားနိုင်ပြီး တရား၏အရသာကိုသာ ခံစားတော့၏။ “သဗ္ဗရသံ ဓမ္မရသံ ဇိနာတိ- အရသာအားလုံးတို့တွင် တရားအရသာသည်သာ အမွန်မြတ်ဆုံး၊ အသာလွန်ဆုံးဖြစ် ၏။” ဟူ၍လည်း ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
စားဖူးက ခံတွင်းတောင်း၏။” ကာမဂုဏ်တရားတို့ကို သံသရာတလျှောက် ပညာဉာဏ် ကင်းပျောက်ခဲ့၍ မောဟဖြင့် အကြိမ်ကြိမ် ခံစားခဲ့ကြ၏။ ထပ်ခါထပ်ခါလည်း ခံစားချင်ကြ၏။ ထပ်ခါထပ်ခါလည်း တောင်းတကြပြန်၏။ ထို့ကြောင့် သင်္ခါရ- ပြုပြင်ဖန်တီးခြင်းကို တဏှာ၊ ဥပါဒါန်တို့ဖြင့် မပြတ်ပြုလုပ်နေကြခြင်းဖြစ်ပါသည်။ သင်္ခါရတရားတို့ကို ပြုလုပ်သော စေတနာသည် အ၀ိဇ္ဇာ(မောဟ)နှင့်ပေါင်းမိသောကြောင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိ အတွေ့ ကာမဂုဏ်ငါးပါးတို့ကို ခံစားလိုခြင်း(တဏှာ)၊ ထိုတရားတို့အပေါ်၌ လွန်စွာတပ်ငြိပြီး မရလျှင် မနေနိုင်ဘဲ ငမ်းငမ်းတက်ခံစားလိုခြင်း(ဥပါဒါန်)ဖြင့် ကံတို့ကို စီမံတော့သည်။ ထပ်ခါ ထပ်ခါ ပြုလုပ်တော့သည်။ ထို့ကြောင့် ဇာတိသည် မဆုံးတော့ဘဲ သံသရာ၌ မနားတမ်း ကျင်လည်နေခြင်းပင်ဖြစ်သည်။ ထိုသို့သော အကြောင်းအကျိုးတို့ဖြင့် လည်နေခြင်းကို ပညာဖြင့် မရှုမှတ်မပွါးများလျှင် ဆက်၍သာ လည်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် အ၀ိဇ္ဇာ (မောဟ)နေရာတွင် ၀ိဇ္ဇာဉာဏ်(အမောဟ)ပညာဖြင့် အစားထိုးကျင့်ကြံသွားမှ ရှိနေတဲ့ စေတနာလေး အရောင်တောက်သွား၏။ ပညာနဲ့ပေါင်းလိုက်တော့ ခံစားမှုကြောင့် တဏှာအစား ဉာဏ်တွေချည်း ဖြစ်သွားသောကြောင့် ဥပါဒါန်၊ ကံတို့လည်း ချုပ်သွားပါသည်။ တဏှာ၊ ဥပါဒါန်၊ ကံတို့ အချိန်တိုင်းချုပ်နေအောင် ခံစားသည့် ဝေဒနာကို ငါဟူ၍ မမှတ်ယူနှင့်။ ငါခံစားနေသည်ဟူ၍ မသိနှင့်။ ဝေဒနက္ခန္ဓာခံစားနေခြင်းဖြစ်သည်ဟူ၍ သိပြီး ဖြစ်ပြီးလျှင် ပျက်နေသည့်သဘောကို မြင်အောင်ကြည့်။ တဖြည်းဖြည်းရိပ်မိလာမည်။ ဒီအတိုင်း စိတ်ကို လွှတ်ထားမှ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်ဖြစ်ပြီး အချိန်ကြာလျှင် ထိန်းမရ သိမ်းမရနိုင်တော့ဘဲ တဏှာ၊ ဥပါဒါန်၊ ကံတို့ဖြင့် အချိန်တိုင်းလည်နေသောကြောင့် သံသရာခြားရဟတ် အတောမသတ်နိုင်တော့ဘဲ ဖြစ်နေမည်။ အတောမသတ်ခဲ့လို့ဘဲ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးသော ဘုရားရှင်တွေသာ မရေမတွက်နိုင်အောင် များခဲ့ပေမယ့် တရားကို အားမထုတ်နိုင်ခဲ့လို့ အခုထက်ထိ ပုထုဇဉ်အတုံးကြီးဘ၀နဲ့ အရိုးထုတ်ကာ နေနေရ သေးသည်မဟုတ်ပါလော။
ပုထုဇဉ်အသိလောက်နဲ့ ရရှိထားတဲ့ သညာသိတွေအားလုံးဟာ ဘာမှကျေနပ်စရာမရှိလှ သေးဘူး။ ဘွဲ့တွေ၊ ဒီဂရီတွေ မည်မျှပင် ရရှိထားသော်လည်း ရရှိသမျှ ထားခဲ့ရသည်သာ။ သောတာပန်အရိယာ မဖြစ်သေးဘူးဆိုလျှင် ပုထုဇဉ်တို့ရောက်ရှိရမည့် နောင်တမလွန်ဘ၀ သည် အာမခံချက်မရှိသေးပေ။ တမလွန်၌ သရဏဂုံ ဆက်လက်တည်နိုင်၊ မတည်နိုင်လည်း မသေချာသေးပေ။ နိဗ္ဗာန်ရောက်ရန်လည်း အာမခံချက်မရှိသေးသောကြောင့် သံသရာ၌ မည်မျှကျင်လည်နေရဦးမည်ကိုလည်း မသိနိုင်သေးပေ။ ထို့ကြောင့် ဘုရားသာသနာနှင့် တွေ့ခွင့်ရနေတုန်းသာလျှင် ကျင့်ကြံပွါးများနိုင်သော ၀ိပဿနာမဟာကုသိုလ်ထူးကြီးကို မရရအောင် ယူသွား ကြရမည်ဖြစ်ပါသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး နေထိုင်နည်းအတိုင်း ကျင့်ကြံနေထိုင်သွားကြရပါမည်။ လောကကြီးက လောဘတရားတွေထူပြောနေကြလျှင် ဗုဒ္ဓက အလောဘ(စွန့်လွှတ်မှု)ဖြင့်နေ ၏။ လောကကြီးက ဒေါသတရားတွေနဲ့ ထူပြောနေကြလျှင် ဗုဒ္ဓက အဒေါသ(မေတ္တာ) ဖြင့် နေ၏။ လောကကြီးက မောဟ(မိုက်မဲတွေဝေမှု၊ မသိမှု)တို့ဖြင့် ထူပြောနေကြလျှင် ဗုဒ္ဓက အမောဟ(ပညာ)ဖြင့်နေ၏။ မည်မျှ ငြိမ်းချမ်းလိုက်ပါသနည်း။ မည်မျှ အတုယူဖွယ်ဖြစ်ပါ သနည်း။ လောကသုံးပါး၏ထိပ်ခေါင် စံနမူနာပြ ဖြစ်တော်မူသော မြတ်စွာဘုရားအား ကြည်ညိုကြလျှင် ဘုရားရှင်နေနည်းအတိုင်း အားထုတ်ကြပါကုန်လော့။ ပွါးများကြပါကုန် လော့။ မသေရာလမ်းကို လျှောက်လှမ်းကြပါကုန်လော့။ သို့မှသာ ပညာဖြင့်ချမ်းသာစွာနေနည်း မည်ပေသည်။
မသေရာနိဗ္ဗာန်သို့ ပို့ဆောင်ပေးသောလမ်းဖြစ်သည့် မဂ္ဂင်တရား ဓမ္မအလင်းသည်ကား မောဟ အမှောင်ထုကိုဖြိုခွင်းသည့် ပညာလက်နက်ကြီးပင်ဖြစ်၏။ မဂ္ဂင်တရားတို့သည် ဖောင်ကူးတို့၊ ယာဉ်တို့နှင့်လည်းတူ၏။ နိဗ္ဗာန်သို့ ပို့ဆောင်ပေးသောတရားတို့ ဖြစ်သော်လည်း ထိုတရား တို့ကို တရှိုက်မက်မက် မစွန့်ရက်ဘဲ ပြန်လည်ခင်တွယ်နေလို့ မသင့်တော်ပေ။ ဈာန်တရားတို့ အားထုတ်ရာ၌ ပထမဈာန်ရရှိသောပုဂ္ဂိုလ်သည် ထိုဈာန်အား ခင်တွယ်နေက ဒုတိယဈာန်သို့ မတက်နိုင်ပေ။ တတိယဈာန်သို့ရောက်ရှိရန်လည်း ထိုဒုတိယဈာန်ကို စွန့်လွှတ်နိုင်မှ ရောက်နိုင် ၏။ ထို့သို့ဖြင့် အောက်အောက်သောဈာန်တို့ကို စွန့်လွှတ်ပြီးမှသာလျှင် အထက် အထက်သော ဈာန်တို့ကို ရောက်ရှိနိုင်ပေသည်။
မြန်မာပြည်အောက်ပိုင်းတစ်နေရာမှ အထက်ပိုင်းတစ်နေရာသို့ ရောက်ရှိလိုသော ခရီးသည် သည် အဆင့်ဆင့်ယာဉ်များကို စီးနင်းရမည်ဖြစ်၏။ အစမှအဆုံးသို့ ရောက်ရှိရန် မိမိအသုံးပြုခဲ့ သောယာဉ်တို့ကို မထားခဲ့၍ မရပေ။ ခင်တွယ်နေလို့ မဖြစ်ပေ။ မိမိကိုယ်ပိုင်လည်း မဟုတ်ပေ။ ရေကြောင်းခရီးကို လှေ၊ သင်္ဘောစသည်ဖြင့်ကူးပြီးလျှင် ကမ်း၌ထားခဲ့ရမည်။ ကုန်ကြောင်းခရီး ကို မော်တော်ကား၊ ဆိုင်ကယ်၊ ရထားတို့ကိုလည်းကောင်း၊ လေကြောင်းခရီးကို လေယာဉ်ဖြင့် လည်းကောင်း အဆင့်ဆင့်စီးနင်းပြီးလျှင် ဂိတ်ဆုံး၌ ထားရစ်ခဲ့ရပေမည်။ ထို့သို့ အသုံးပြုခဲ့သမျှ သောယာဉ်တို့ကို မိမိလိုသလောက် အသုံးပြုပြီးလျှင် နေရာမှာပင် ထားခဲ့ရပြီး ဆက်၍ဆက်၍ သွားကာ လိုရာသို့ရောက်အောင် ခရီးနှင်သကဲ့သို့ နိဗ္ဗာန်သို့သွားသော သံသရာခရီးသွားသည် လည်း မိမိအသုံးပြုခဲ့သော မဂ်တရား၊ ဖိုလ်တရားတို့ကို လိုသလောက် အသုံးပြုပြီးလျှင် ထားရစ်ခဲ့ရမည် ဖြစ်ပေသည်။ လောက၌ ခင်တွယ်စရာဟူ၍ကား ဘယ်အရာလျှင် ရှိတော့ အံ့နည်း။
သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။
Read more...
ကောင်းတုကိုခိုး ကောင်အောင်ကြိုး
From Nga Ya Hoe Village
စောစောအိပ်ထ၊ ပြုကျင့်က
တွင်းပကိုယ်ခန္ဓာ၊
ရောဂါခပ်သိမ်း၊ ရှောင်ခွာတိမ်း၊
ကင်းငြိမ်းလွန်ချမ်းသာ။
ဤသံပေါက်လင်္ကာလေးသည် လူအတော်များများ နှုတ်ဝယ်ရောက်ရှိနေမည်ထင်၏။ ရွတ်၍ဖတ်၍လည်း ချောမောလွယ်ကူ၏။ လူကြီးသူမတို့၏ ဆုံးမချက်စကားတရပ်လည်း ဖြစ်၏။ စောစောအိပ်၍ စောစီးစွာ အိပ်ယာမှထလေ့ရှိလျှင် ရောဂါခပ်သိမ်းကင်းငြိမ်း၍ ကြီးပွားချမ်းသာနိုင်ကြောင်း အဆိုအမိန့်ပြုထား၏။ ဤဆုံးမ ချက်ကို သိနေရသော်လည်း တကယ်တန်း လိုက်နာပြုကျင့်သူ အဘယ်မျှရှိမည်ထင်ပါသနည်း။
မိုးစင်စင်လင်းသည်အထိ အပျင်း၏ ဖိစီးခြင်းဒဏ်ကို မတွန်းလှန်နိုင်ဘဲ ဇိမ်နှင့်မှိန်း၍ နေသူတွေသာ များနေပေလိမ့်မည်။ စောစောအိပ်-ထလျှင် ရောဂါကင်းသည်။ ကြီးပွား ချမ်းသာသည်ဟူသောစကားသည် မှန်-မမှန် “လက်တွေ့ကျမှယုံသည်” ဟူသောယနေ့ ခေတ်လူတို့သည် ဘယ်နှစ်ယောက်များ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့စပ်သပ်ဘူးပါသ နည်း။
ဗုဒ္ဓမြတ်စွာကား နေမြင့်အောင်အိပ်ခြင်း၊ အပျင်းထူးခြင်း၊ ရက်စက်ယုတ်မာခြင်း၊သေရည် အရက်အစွဲအမြဲ သောက်ခြင်းသည် ကြီးပွားပျက်စီးကြောင်းဖြစ်သည်ဟု အခိုင်အမာမိန့် ကြားခဲ့သည်။ (ဓမ္မပဒ-အနတ္ထပုစ္ဆက ဗြဟ္မဏ၀တ္ထု)။
အမှန်အားဖြင့် လူတို့သည် အချည်းနှီးအသံမြည်၍ နေတက်ကြလေ၏။
ကြက်လည်းမရောက်၊ ကျီးမမြောက်သား၊
အောက်ကလိအာ၊ အာကလိအောက်၊
မိနောက်မကျ၊ ဖ,နောက်မမှီ၊
မပီမပွန်၊ တွန်တကျယ်ကျယ် (မဃဒေ၀)။
လုပ်၍ကပ်ဖဲ့နေချင်သူတွေသာများလေသည်။ ဤကဲ့သို့ကောင်းမြတ်သော အဆိုအမိန့်ကို လက်တွေ့လိုက်နာ ကြည့်ကြပါလျှင် အဘယ်မျှ အဖိုးထိုက်လေမည်နည်း။
အလျဉ်းသင့်သဖြင့် “အောက်ကလိအာ” ပုံပြင်ကလေးကိုဖော်ပြဦးအံ့။ ရှေးအခါက ကုန်သည်တဦးသည် လှည်းဖြင့်ကုန်ရောင်းထွက်ခဲ့လေ၏။ လှည်းပေါ်တွင် ကြက်မလေး တစ်ကောင်ကို တင်ယူခဲ့၏။ စခန်းတနေရာ တွင် လှည်းဖြုတ်ရပ်နားလေသော် ထိုကြက်မ လေးသည်ကျီးနှင့်မှောက်မှား၍ သံဝါသငြားလေ၏။
ထိုကြက်မငယ်၏ ဥခွံမှပေါက်ဖွားလာသော သတ္တ၀ါလေးသည် အသံပြုသောအခါ ကြက်သံလည်း မပြီ၊ ကျီးသံ လည်းမကျ ကပြားသံထွက်၍နေလေသတက်။ မိခင်ဖြစ်သူ ကြက်မ၏ အသံကိုမြည်ကြည့်သော် “အောကလိအာ” ဟုထွက်လေ၏။ ဖခင်ဖြစ်သူ၏ ကျီး၏အသံကဲ့သို့ မြည်ပြန်သော် “အာကလိအောက်” ဟူ၍မည်လေသတဲ့။ (၀ိနည်း-စူဝဂ္ဂပါဠိတော်)။
စာရေးသူတို့နိုင်ငံသည် ဗုဒ္ဓဘာသာကိုအများဆုံး ကိုးကွယ်သောနိုင်ငံဖြစ်သည်။ စာရေးသူတို့ လူမျိုးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့ သောအလေ့အထ အမူအကျင့်တို့ကို ထိုဗုဒ္ဓဘာသာမှ မကုန်နိုင် မခန်းနိုင်ရရှိထားပေ သည်။ ဤအချက်ကို “အောက်ကလိအာ၊ အာကလိအောက်” လူတန်းစားတို့သဘော ပေါက် နားလည်ရန်လိုအပ်ပေသည်။
လူတို့စိတ်သည် မကောင်းသော အာရုံတို့၌ အလေ့အလာမြဲ၏။ အစွဲပြင်းထန်၏။ အတင်း အလျော့နှစ်မျိုးတွင် အလျော့ဘက်တွင် အလေးကဲတက်ကြ၏။ ကောင်းသော အလေ့အထတို့ကိုမူ မယူချင်ဘဲ မျက်နှာလွှဲတက် ကြသည်။ ဥပမာအားဖြင့် ဆေးလိပ် ကြိုက်သော ချောင်းဆိုးပန်နာ (တီဘီ) ဝေဒနာရှင်တဦးအား ဆေးလိပ်ဖြတ် ရန်ပြောလျှင် အလွယ်တကူဖြစ်မည်မဟုတ်ချေ။
ခေါင်းအုံးရင်အပ်၍ ဖင်ထောင်နေအောင် ချောင်းဆိုးအမောဆို့ခံနေသူတွေ ဒုနှင့်ဒေးရှိ ပေမည်။ အရက်သေစာ သောက်စားသူအား မသောက်ရန်ဖျောင်းဖျ ပြောဟောလျှင် ပြောသူသာ အရှုးဖြစ်လေမည်။ အရက်လေး တမြမြဖြင့် ဤအရက်သောက်ခြင်းကြောင့် မည်သို့မည်ပုံ တခြားကောင်းမွန်ကြောင်း ကျန်းမာရေးနှင့်ညီညွတ် ကြောင်းအရက်ဒေသနာကို သူကပြန်၍ တွင်တွင်ဟောချိမ့်မည်။ အရက်သောက်လွန်း၍ အသဲကျွမ်းကာ သက်ဆိုး မရှည်သူ၊ ဦးနှောက်ပျက်သွားသူ၊ လက်ခြေတွေတုန်ချိလျက် မည်သည့်အလုပ် မျှမလုပ်နိုင်-မလုပ်ချင်သူ လူ့ အညွှန့်တုံးတို့ကို မြင်တွေ့နေရသော်လည်း အရက် သောက်သူ ဦးရေကား လျော့ပါးမသွားချေ။
“ဤအရည်သောက်တတ်မှ လူတောဝင်ဆန့်သည်။ ဤအရည်ဖြင့် ဧည့်ဝတ်ပြုမှ လူကြီး လူကောင်းပီသ သည်” ဟူသောအယူအဆသည် ယနေ့ခေတ်လူကြီးလူကောင်းတို့၌ စွဲမြဲ နေသမျှ ဤသို့ပင်ဖြစ်ဖြစ်ရ ပေမည်။
ဘိန်းသည်ဆိုးဝါးသကဲ့သို့ အရက်သေစာသည်လည်း လူတို့၏ဦးနှောက်နှင့် နှလုံးသား ကိုလည်းကောင်း၊ မြန်မာ့ စာရိတ္တမဏ္ဍိုင်ကြီးကိုလည်းကောင်း လှိုက်၍စားနေသည့် “ဆိုးဝါးသောလောက်ကောင်” အဖြစ်မြင်ကြပါလျှင် မည်မျှ အဖိုးတန်လေမည်နည်း။
ဤနေရာတွင် လူငယ်ကာတွန်းရေးဆရာမင်းထွတ်၏ စာလေးကိုဖေါ်ပြလိုသည်။ သူသည်ဘာကြောင့်သေရ သည်ဟု တရားခံညွှန်ပြထားသော စာဆိုလျှင်လည်း မှားမည် မထင်ပေ။ မသေမီ ၁၅-ရက်ခန့်က သူသည် အောက်ပါစာလေးကို ရေးသားခဲ့သည်ဆို၏။
သက်ဆိုရာသို့….
ကျွန်တော်သည် လွန်ခဲ့သော ၁၃-နှစ်မှမှစ၍ အရက်သောက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါ သည်။ ယခုကျွန်တော် သွေးအန်၍ သေမည်ထင်သည်။ ကျွန်တော်သေလျှင် ကျွန်တော်၏ ရုပ်ခန္ဓာကို ဆေးဘက်သုတေသနပြုရန် လွှဲအပ်လှူဒါန်းပါသည်။
မင်းထွတ်
(အကြောင်းဖေါ်ပြန်ရန်မလိုပါ)
စာရေးသူ၏ ဦးကြီးတော်တဦးကား ရောဂါအသဲ့အသန်ဖြစ်နေချိန်မှာပင် ထန်ရည်လေး တခွက်ကို သနားဘွယ်ရာ တောင်းရှာလေသည်။ ဤထန်ရေလေးတခွက် ၀င်သွားတော့ မှပင်အသေဖြောင့်သွားရှာသည်ကို ကိုယ်တွေ့ ကြုံရဘူးသည်။
ရာဇ၀င်၌ တရုတ်ပြေးမင်းသည် ဟင်းခွက်ပေါင်း (၃၀၀)ဖြင့်တည်လေ့ရှိသည်ဆို၏။ ရှုံး၍ ထွက်ပြေးရစဉ် ဟင်းခွက်ပေါင်း (၁၅၀)မျှဖြင့် ပြင်ဆင်ဆက်သရာ “ငါ့ကံနှယ်ဆိုးလိုက် လေခြင်း” ဟုဟင်းခွက်နည်း၍ ၀မ်းနည်း ပန်းနဲမျက်ရည်ကျရှာသတဲ့။
ဘုရားရှင်လက်ထက်တော်က နန္ဒမည်သော နွားသတ်သမားသည် အမြဲတမ်းရက်စက် ကြမ်းကြုတ်သော အလုပ် ကိုလုပ်လျက်ရှိ၏။ အသားဟင်းမပါလျှင်လည်း ထမင်းမျိုမကျ ဟုဆို၏။ တခါသော် ထမင်းပွဲတွင် အသားဟင်း မပါသဖြင့် အရှင်လတ်လတ်နွားလျှာကို ဓားဖြင့်လှီး၍ ဖုတ်ကင်စားလေသည်။
ရှေးကဘုရင်ကြီးတပါးသည် အရက်သေစာကိုလည်း သောက်စား၏။ အမဲဟင်းလျာကို လည်းကြိုက်နှစ်သက်၏။ တနေ့သော် သားတော်လေးအား ယုယုယယပိုက်ထွေးနေစဉ် ပွဲတော်ဆက်သလေရာ အမဲဟင်းလျာ မပါသဖြင့် အလွန်စိတ်ဆိုးလှသောကြောင့် မူးမူးရှုးရှုးနှင့် သားငယ်၏လည်မျိုကို ညှစ်ချိုး၍ အသားဟင်းအမြန်ချက် စေကြောင်း ဇာတ်တော်၌ဖတ်ရှုရပေသည်။
ဤဖြစ်ရပ်လေးများကို ဖေါ်ပြနေခြင်းမှာ မကောင်းသည့်အရာ၌ စွဲလမ်းကြပုံ ပေါ်လွင်စေ ချင်၍ဖြစ်ပါသည်။ “အသားဟင်းမပါလျှင် မစားနိုင်” ဟူသောအစွဲကြောင့် အရှင်လတ်လတ် နွားလျှာကိုလှီးဖြတ်ခြင်း၊ သားအရင်း ကိုပင် ရက်စက်စွာသတ်ရက်ခြင်းတို့သည် အဘယ်မျှဆိုးရွားပါသနည်း။
မကောင်းသည့် အာရုံတို့၌ ဤကဲ့သို့အစွဲအလမ်းထားပါလျှင် လူမဆန်သော ရက်စက် ကြမ်းကြုတ်မှုမျိုးကိုပင် လုပ်မိတတ်ကြောင်း သတိမူရန် ဖြစ်ပေသည်။
ဘုရားဝတ်တက်အသင်း၊ ဓမ္မစကြာအသင်းစသော ဘာသာရေးအသင်းအဖွဲ့များသည် ၎င်း၊ စာဖတ်သင်းစသော လူမှုရေးအသင်းအဖွဲ့များသည်၎င်း၊ ခပ်ဖျောက်ဖျောက်ပေါ်လာ တတ်၏။ ဤအဖွဲ့အစည်းများသည် လူတို့၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှု၊ အသိဥာဏ်ပွင့်လင်း မှုကို ပေးစွမ်းနိုင်သည့်အပြင် စည်းလုံးညီညွတ်သော အသွင်ကို ဆောင်သဖြင့် များစွာ ကြိုဆိုထိုက်ပေသည်။
သို့သော် ဤအဖွဲ့အစည်းမျိုးတွင် ပါဝင်ဆောင်ရွက်လိုခြင်း အားပေးလိုခြင်း ဆန္ဒပြင်းပြစွာမရှိကြပေ။ ထို့ကြောင့် ပင် မကြာမီ ဇီဝိန်ချုပ်၍ ယင်းအဖွဲ့အစည်းများ တိမ်မြုပ်ပျက်စီး ရလေသည်။
ရေသဘင်စသော အပျော်အပါးအသင်း၌ကား ငွေကုန်လူပမ်းဖြစ်ရသော်လည်း ကြိုးကြိုး ပမ်းပမ်း အားကျတတ် ကြသည်။ ဤသို့ဖြစ်ရသည်မှာ ကောင်းမြတ်သော အလေ့အထ ကို မျက်နှာလွှဲတတ်သော လူသားတို့၏ သဘာဝ ကြောင့်ပင်ဖြစ်သည်။
ဤကောင်းမြတ်သော အလေ့အထတို့ကို မျက်နှာလွှဲတတ်ကာ တဖြေးဖြေး ကျောခိုင်း လာလျှင်လည်း ကြည့်လေ ဝေးကွာ နားပမာကဲ့သို့ ကောင်းကျိုးချမ်းသာ မင်္ဂလာတို့မှ ဝေးကွာ၍သာ လာရပေလိမ့်မည်။
“စကားသင်စ ကလေးငယ်များသည် မည်သည့်စကားလုံးများကို အမြန်ဆုံးတတ်လွယ် ပါသနည်း” ဟုမေးလျှင် “ဆဲရေးတိုင်းထွာသော စကားလုံးများကို အမြန်ဆုံးတတ်လွယ် ပါသည်” ဟုဖြေရပေလိမ့်မည်။
ကျောင်းသားလေးများ၏ လောကကို ကြည်လျှင်လည်း နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း လူရည်ချွန်များကို အားကျ လိမ့်မည်ဟု ထင်ပါသလား။ ဤသို့ထင်လျှင် အမှတ်ပြည့်ရ လမ့်မည်ဟု မထင်ချေ။ အများအားဖြင့် ရွံ့ရှာဖွယ်ရာ ပ,လေးလုံး (ပုံပျက်ပန်းပျက်)၊ အမှုအကျင့် (လမ်းသရဲ အမှုအကျင့်)တို့ကိုသာ အားကျတတ်ကြလေသည်။
ဤအမှုအကျင့်မျိုးသည် တောမီးပမာ အလွန်လည်း ကူးစက်ပြန့်ပွားလွယ်၏။ အာရှ တုတ်ကွေးကဲ့သို့ တမုဟုတ် ချင်းကျယ်ပွားတတ်သည်။ ဤသို့ဖြစ်ရသည်မှာ မကောင်း သောအတုကို အတုခိုးလွယ်သော လူသားတို့၏ သဘာဝကြောင့်ပင်ဖြစ်လေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက လူသားတို့အား ဤသို့မှတ်ချက်ချခဲ့သည်။
“လူသားသည် ဥာဏ်မျက်စိ တိမ်သလာဖုံး၍ မိုက်လုံးပွင့်လှ၏။ အနည်းငယ်သာ ဥာဏ်မျက်စိအလင်းဖြင့် ဖောက်ထွင်းသိမြင်၏” (ဓမ္မပဒ)
လူတို့၏အပြုအမူကိုမြင်ရလျှင် မျောက်တို့သည် အတုလိုက်၍ လုပ်တတ်ကြ၏. သို့ရာ တွင်သူတို့၌ ဆုံးဖြတ်စီစစ် တတ်သော ကိုယ်ပိုင်ဥာဏ်နှင့် ဦးနှောက်မရှိချေ။ အလားတူ စွာကိုယ်ပိုင်ဥာဏ်ဖြင့် ဆစ်ပိုင်းဝေဘန်တတ်သော အသိဥာဏ်မရှိသူတို့သည် တော်-မတော် သင့်-မသင့် ဥာဏ်ဖြင့်မချင့်ချိန်ကြတော့ပဲ မကောင်းသော အလေ့ အထတို့ကို အရမ်းပင် မြင်ကြိုက်လက်ခံပြုမှုတတ်ကြလေသည်။
အစွဲသည် စွဲမိလျှင် အချွတ်ခက်လှ၏။ ဗုဒ္ဓသည် အတ္တစွဲပြင်းထန်လှသော လူသားတို့၏ အစွဲကို ချွေချွတ်ရန် မနားမနေတရားဟောတော်မူခဲ့၏။ အစွဲမကျွတ်သဖြင့် သံသရာမှ မလွတ်မြောက်သူတို့ များစွာကျန်ရစ်ခဲ့လေ၏။ ကျွန်ုပ်တို့သည် ကောင်းသောအလေ့ အထ၌သာစွဲမြဲမိစေရန် “ကောင်းတု”ကိုသာ ယူရပေမည်။
နိုင်ငံအတွက်၎င်း၊ အမျိုးဘာသာ သာသနာအတွက်၎င်း တာဝန်ကျေသော သားကောင်း ရတနာများဖြစ်ရန် ဆန္ဒ ပြင်းပြစွာဖြင့် စွဲမြဲကြိုးစားရမည်မှာ ကျွန်ုပ်တို့တာဝန်သာဖြစ်ချေ သည့်တမုံ့။
စစ်ကိုင်းမင်းရှိန်
၂၆-၉-၆၉
(ဓမ္မဗျူဟာမဂ္ဂဇင်း- အတွဲ-၈၊ အမှတ်-၅)
Read more...
ကိုယ်ပိုင်ဥစ္စာရအောင်ရှာ... (ဦးသုမင်္ဂလ) vcd
ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...
နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...
ကိုယ်ပိုင်ဥစ္စာရအောင်ရှာ... (ဦးသုမင်္ဂလ) vcd
Read more...
A Flower Does Not Talk
This collection of essays by Zenkei Shibayama, former abbot of Nanzen-ji temple in Kyoto, first published in 1970, just four years before his death, reads as if written yesterday, with a directness and gentleness that must reflect the real personality of the author. Here is a wonderful place to learn about Zen.
After an introduction by Daisetz T. Suzuki, the final thing he ever wrote, the book starts with an introduction to the characteristics of Zen - transmission outside scriptures, not relying on letters, pointing directly to one's mind, and attainment of Buddhahood by seeing into one's Nature - and to Zen training and personality.
This is followed by a superb commentary on Zen Master Hakuin's 'Song of Zazen' and reproductions of eleven of Hakuin's paintings. There is a self-portrait, pictures of Zen Masters, mount Fuji, and a bamboo broom. Also included are two pictures of Avalokitesvara. I could only wonder if Hakuin himself must have recited her name.
This seems especially likely considering the verse he added to the last of his Kannon pictures, possibly (I think from the writing) the one reproduced in this book, in which, according to Heinrich Dumoulin's history of Zen Buddhism in Japan, Hakuin wrote: "The Eye of Compassion watches over sentient beings/The Sea of blessings is beyond measure". Though famously 'mind-only', Hakuin clearly incorporated a devotional practice.
Hakuin's pictures are followed by Zenkei Shibayama's commentary on Jitoku's 'Six Oxherding Pictures', starting with a useful outline of what each element of the pictures mean, the tether representing faith for example, and the rod representing striving. The circle stands for, Shibayama says, 'Absolute Buddha Nature or Absolute Spirituality'.
Thus the fifth picture, the empty circle, is the basis for all the rest, which he describes as shadows, "either of ignorance or enlightenment". The final picture in this series is called 'playing', in other versions it is called 'returning to the market', in which the herdsman has attained Buddhahood and re-enters the world, but with a new life.
"It is" Shibayama writes, "the life given by the Great Love of the Buddha. It is the life that is to work as the Buddha's hands and feet. It is, again, the source of creation which will give love and light wherever it goes. It is now endowed with the eternal life and will never be burned or destroyed". The herdsman, newly returned, works, or plays, undisturbed.
Finally, 'A Flower does not Talk' ends with a collection of verses and commentaries to accompany some photos of flower arrangements by Jowa Hirohata. In the first essay Shibayama draws upon a story of a German mystic meeting a beggar on a bridge, and instantly relates it to the entrusting taught by the Pure Land school, and then draws all three elements into one.
He can do this because what Shibayama means by Zen, he repeats often through these writings, is not a particular sect of Japanese Buddhism (he belonged to the Rinzai sect) but "the universal truth that brings true wisdom and peace to the lives of the people of the world". This book is a fine guide to finding that Truth.
Links:
  • thezensite: Hakuin's Song of Zazen
  • Nihonshukyo: Hakuin and 'mind-only' Buddhism
  • Ox Herding: the search starts here
  • Read more...
    မိမိကို လုပ်ကျွေး ပြုစုရန်အတွက်...
    ကမ္မဝိပါကဇသုတ် - (ကံ၏အကျိုးကြောင့်ဖြစ်သည်)
    အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်…
    အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာကို သည်းခံလျက် အမှတ်ရမှု'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။
    မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့်ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည် ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။
    ထို့နောက် မြတ်စွာဘုရားသည်…
    ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-
    ''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးက ပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ နိဗ္ဗာန်၌ တည်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 21
    ၁ - ကမ္မဝိပါကဇသုတ်၊ နန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။
    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။
    Read more...
    ပိုင်းလော့ဆရာတော် ၀ိပဿနာသင်တန်း ဓာတ်ပုံများ
    Read more...
    *အကျိုးမျှော်ကာ နှိုးဆော်ပါသည်*
    အလှူအားလုံးမှာ သဘောတူရာ စုပေါင်းလိုက်ရင် ပစ္စည်းအလှူနဲ့ တရားအလှူ ဆိုပြီးတော့ အလှူနှစ်မျိုးပဲ ရှိပါတယ်။ ပစ္စည်း အလှူထက် တရားအလှူက ပိုမြတ်တဲ့ အတွက် အလှူအားလုံးထဲမှာ အမြတ်ဆုံး အလှူ ဖြစ်ပါတယ်။ လောကမှာ ရှိရှိသမျှ ပစ္စည်းအလှူ အားလုံးထဲမှာ သံဃိက ကျောင်းအလှူဟာ အနှိုင်းမဲ့ အလှူဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သံဃိက ကျောင်းအလှူ ထက်ပိုပြီး အလှူခံ ပုဂ္ဂိုလ်ကို အကျိုးကြီး စေပါတယ်။ အလှူပေး ပုဂ္ဂိုလ်ကိုလည်း ကုသိုလ်တိုး စေပါတယ်။
    မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက နတ်သားတစ်ပါးက ၁။ဘယ်အရာကို ပေးလှူတဲ့ သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါသလဲ။ ၂။ဘယ်အရာ ကိုပေးလှူ တဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါသလဲ။ ၃။ဘယ်အရာကို ပေးလှူတဲ့ သူဟာ သုခကို ပေးလှူရာ ရောက်ပါသလဲ၊ ၄။ဘယ်အရာကို ပေးလှူတဲ့သူဟာ မျက်စိအ မြင်ဓာတ်ကို ပေးလှူရာ ရောက်ပါသလဲ။ ၅။ဘယ်အရာကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာကို ပေးလှူရာ ရောက်ပါသလဲ လို့ မြတ်စွာဘုရားကို လျှောက်တော့
    ၁။အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်ပါတယ်။ ၂။အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်ပါတယ်။ ၃။ဆီမီးအ လင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင် ဓာတ်ကို ပေးလှူရာ ရောက်ပါတယ်။ ၄။စီးစရာယာဉ်ကို ပေးလှူတဲ့သူဟာ ခရီးသွား လာတဲ့အခါ ချမ်းသာ သုခ ပေးသလို ၊ ၅။ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးချမ်းသာ အားလုံးကို ပေးလှူရာ ရောက်ပါတယ်လို့ ဖြေကြားတော် မူခဲ့ပါတယ်။
    အဲဒီထဲက ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်းစတဲ့ အဆောက်အအုံ အလှူကတော့ အလှူခံ ပုဂ္ဂိုလ်ကို ခွန်အားလည်း ပြည့်ဖြိုးစေသလို ရုပ်အဆင်းလည်း လှပတင့်တယ် စေပါတယ်။ ချမ်းသာသုခလည်း ဖြစ်ပွားစေသလို မျက်စိအမြင် ဓာတ်လည်း အားကောင်းစေပါတယ်။ ရှေ့အလှူ လေးမျိုးကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးလေးမျိုးကို အလှူတစ်မျိုးတည်းနဲ့ ရရှိစေနိုင်တာ ကျောင်းအလှူပါ။
    ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားရှင်က ပုထုဇဉ်လူသား ထောင်သောင်းများစွာကို ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင် ၊ ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင် စသည့် တန်ဖိုးရှိ အဆင့်မြင့် ပစ္စည်း စားကောင်း သောက်ဖွယ်တွေနဲ့ လှူဒါန်းရတဲ့ အလှူဒါနကြီးထက် သောတာပန် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သောတာပန် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် သကဒါဂါမ် တစ်ယောက်ကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူက ပိုပြီး အကျိုးကြီးပါတယ်။ သကဒါဂါမ် အယောက်တစ်ရာကို ထမင်းတစ်နပ် ကျွေးရတဲ့ အလှူထက် ရဟန္တာ တစ်ပါးကို ၊ ရဟန္တာအပါး တစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ၊ ပစ္စေက ဗုဒ္ဓါအပါး တစ်ရာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ဆွမ်းဆပ်ကပ် ရတာက ပိုမြတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူ ကိုဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူထက် ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူက ပိုပြီးအကျိုး ကြီးစေပါတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်ကို ဆွမ်းတစ်နပ် ကပ်ရတဲ့ အလှူထက် အရပ်လေး မျက်နှာမှ လာသော သံဃာတော် အပေါင်းကို ရည်စူးပြီး ကျောင်းဆောက်လှူ ရတဲ့အလှူက ပိုပြီးအကျိုး ကြီးပါတယ်။
    ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့တဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာ မောဂ္ဂလာန် ကစလို့ အတိတ် ၊ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးမှာ ရှိနေပြီး ရှိနေဆဲ ရှိလာလတ္တံ့သော အရိယာ သံဃာတော် များအားလုံး ၊ ပုထုဇဉ် သံဃာတော်များ အားလုံးဟာ အလှူခံ ပုဂ္ဂိုလ်တွေ ချည်းပါပဲ။ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို ရည်စူးတဲ့ ပုဂ္ဂလိက အလှူထက် ရဟန်းသံဃာ အားလုံးကို ရည်စူးတဲ့ သံဃိက အလှူက အလှူခံပို မြင့်မြတ်ပြီး ပိုအကျိုးကြီးတဲ့ အတွက်ကြောင့် အလှူခံ ရဟန်းသံဃာ တော်တွေကို ပစ္စည်းလေးပါး ထင်ရှားကျော်ကြားမှု ပရိယတ္တိ ဗဟုသုတ ဈာန် အဘိညာဉ် ၀ိပဿနာဥာဏ် မဂ်ဖိုလ်နိဗ္ဗာန် စတဲ့ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာအားလုံး လှူလိုက်ရာရောက်တဲ့ အတွက်ကြောင့် အမြတ်ဆုံး အလှူလို့ ခေါ်ပါတယ်။ ဒါကအလှူခံ ရှုထောင့်ဘက်က ကြည့်တာပါ။
    တစ်ခါ အလှူပေး ပုဂ္ဂိုလ်ဘက် ရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ့်ကျောင်းအလှူကို ကိုယ်သတိရတိုင်း ကိုယ့်လှူဖွယ် ၀တ္ထုက လောလောဆယ်မှာတင် ထင်ရှားရှိ နေတာမို့ အခြားအလှူထက် မတူတဲ့ ကုသိုလ်စေတနာ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် ထပ်ထပ်တိုး နေတဲ့အတွက် အမြတ်ဆုံး အလှူဖြစ်နေ ပြန်ပါတယ်။
    ကျောင်းအလှူက မြေကြီးထဲမှာ အခိုင်အမာ စိုက်ထူထားတာမို့ အချိန်ကြာမြင့်စွာ မြဲမြံတည်တံ နိုင်ပါတယ်။ ကိုယ်ဘယ်အချိန်ဘဲ သတိရ သတိရ သတိရလိုက်တဲ့ အချိန်တိုင်းမှာ ကိုယ်လှူထားတဲ့ ကျောင်းတည်းဟူသော လှူဖွယ်ဝတ္ထုက လောလောဆယ် ထင်ရှားရှိနေတဲ့အတွက် ကျောင်းအလှူ လှူပါတယ်၊ ကျောင်းအသုံး ပြုနေတဲ့ ပုဂ္ဂိုလ် အားလုံးအစစ အရာရာ အဆင်ပြေ ကြပါစေ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိကြပါစေလို့ ထပ်တလဲလဲ နှလုံးသွင်း ရင်းကုသိုလ် စေသနာ အသစ်အသစ်တွေ ကုသိုလ်ပီတိ အသစ်အသစ်တွေ တစ်ရစ်ပြီး တစ်ရစ် တိုးပွားလာ နိုင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းလှူတာထက် မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်း ဖြစ်တဲ့ ကျောင်းအလှူကို ထာဝရ ဒါန ခိုင်မြဲတဲ့ အလှူ လို့ခေါ်ပါတယ်။
    အကျိုးပေး ခိုင်ချင်ရင် အကြောင်းကံ ခိုင်ဖို့ လိုအပ်ပါတယ်။ ကျောင်းအလှူဟာ ခိုင်တဲ့ပစ္စည်း လှူတာမို့ အကြောင်းကံ ခိုင်တဲ့အလှူပါ၊ အလှူခိုင်မှတော့ ဘ၀ခိုင်ပြီပေါ့။ ဘ၀ခိုင် ချင်သူတိုင်း အလှူခိုင်အောင် ကြိုးစားကြ
    ရပါမယ်။ အလှူခိုင် ဖို့ကတော့ ကျောင်းဆောက်လှူ ရုံပါပဲ။
    ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကို နေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာ ဖြစ်လို့ တုံပြန်မှု နိယာမ သဘောအရ ကိုယ့်ဘ၀မှာလည်း နေရာကောင်း တွေနဲ့ချည်း တွေ့ကြုံဆုံ စည်းရမှာ မလွဲပါဘူး။ ဘယ်လောက်ထိ လဲဆိုရင် အမိဝမ်း အတွင်းမှာ ပဋိသန္ဓေ နေတဲ့အခါ သူတကာတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင် တိုက်ခန်းထဲမှာ နေရသလို ချောင်ချောင်ချိချိ သက်တောင့်သက်သာ နေရပါသတဲ့။ ဇာတိဒုက္ခကို လျော့ပါးသက် သာစေတာ ကျောင်းအလှူ တစ်ခုတည်း ရှိပါတယ်။
    တစ်လောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်တဲ့ မြတ်စွာဘုရားရှင်က သံဃိကကျောင်း အလှူဟာ အနှိုင်းမဲ့ အလှူဖြစ်တယ်လို့ ၀ိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြ ထားတာမို့ ဘုန်းကြီးအတွက် ကျောင်းဆောက်တာ မဟုတ်ဘဲ သာသနာအတွက် ကျောင်းဆောက်နေ တဲ့အတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနဲ့ မြန်မာရဟန်းတော်များ အနေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင်ရင်း မိမိစွမ်းနိုင်ရင် မိမိကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင် မစွမ်းနိုင်ရင် စွမ်းနိုင်လို့ လုပ်နေသူတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးရင်း တစ်ပိုင်တစ်နိုင် ကုသိုလ်ပါဝင် နိုင်ကြပါစေရန် နှင့် သဒ္ဓါတရား ရှိသူတိုင်း သံဃိက ကျောင်းအလှူ ဆိုတဲ့ အနှိုင်းမဲ့ အလှူကို စွမ်းအား ရှိသမျှ လှူဒါန်း နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    အကယ်၍ သဒ္ဒါတက်အား နည်းများမဆို ပါဝင်လှူဒါန်း လိုပါက အောက်ပါ ပုဂ္ဂိုလ်များ ထံသို့တိုက်ရိုက် ဆက်သွယ် လှူဒါန်း နိုင်ပါတယ်။
    ၁။ ဘဒ္ဒန္တဣန္ဒစက္က ပဓာန နာယက ဆရာတော် ငါရဟိုး ကျေးရွာ မဟာဒက္ခိဏာရုံ ကျောင်းတိုက်
    ဖုန်း-၀၉ ၆၄၆၀၄၁၆ , ၀၉ ၂၁၁၀၁၄၀
    ၂။ဘဒ္ဒန္တအာစိဏ္ဏ ၊ မိဂဒါရုံ ကျောင်းဆရာတော်၊ အောင်သစ်လွင်ရပ် မိုးကုတ်မြို့။
    ဖုန်း- ၀၉၆၉၇၀၆၇၉
    ၃။ဘဒ္ဒန္တနာယကာလင်္ကာရ ၊ သီတဂူ ဓမ္မ၀ိဟာရ ကျောင်းဆရာတော် မီနီဆိုးတားပြည်နယ်၊ အမေရိကန် နိုင်ငံ ဖုန်း- ၆၅၁-၇၉၇-၃၃၁၁။ ၉၅၂-၄၅၂ ၀၀၉၄
    ၄။ဘဒ္ဒန္တသာရိန္ဒ သာသနဓဇဓမ္မာစရိယ စန်းသုခ ဆရာတော် မဟာမြိုင်ကျောင်းတိုက် မန္တလေးမြို့
    ဖုန်း-၀၂-၆၂၂၆၆
    ၅။ ဘဒ္ဒန္တသြသဓ၊ဘဒ္ဒန္တတေဇ၀န္တ ဦးရှင်ကျောင်းဆောင် မဟာဂန္ဓာရုံ ကျောင်းတိုက် အမရပူရမြို့
    ဖုန်း-၀၂-၇၀၄၆၄
    ၆။ဦးညီညီဇော်-ဒေါ်မိုးမိုးသဲ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖုန်း-၀၈၁-၃၀၈-၇၂၁၈
    ၇။ ဦးဇော်မင်း-ဒေါ်သီသီနွယ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ဖုန်း-၀၈၅-၁၆၃၈၇၄၁
    ၈။ ဦးမြင့်အောင်-ဒေါ်ကြိုင်(ကထိက)နည်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၀၀၉၅၉၂၊ ၀၉-၅၀၁၈၁၁၇
    ၉။ ဦးခင်မောင်ဌေး-ဒေါ်စမ်းစမ်းအေး နယ်စပ်စည်ပင် -ဖုန်း-၀၉၅၁၂၇၉၃၄
    ၁၀။ ဦးမြင့်ဦး-ဒေါ်သောင်းမြိုင် ရန်ကုန်မြို့ ဖုန်း-၀၁-၅၉၀၄၀၇
    ၁၁။ ဦးဝင်းညွှန့်-ဒေါ်ချိုမာ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်မြို့
    ဘဒ္ဒန္တနာယကာ လင်္ကာရ၊ သီတဂူ ဓမ္မ၀ိဟာရကျောင်းမှ ဆရာတော်ဧ။် မိန့်မှာချက်အရ သဒ္ဒါကြည်လင် ဘလောကာ အစ်ကို၊အစ်မ တို့နှင့်တကွ စာချစ်သူ ဓမ္မမိတ်ဆွေများလည်း ကုသိုလ်အလှူ ပါဝင်ယူနိုင် ကြစေရန် ရည်သန်၍ သတင်းကောင်းလေး ပေးအပ်ပါတယ်။
    (ဆရာတော် အရှင်ဆန္ဒာဓိက၏ အနှိုင်းမဲ့အလှူ စာအုပ်မှ ကိုးကားရည်ညွှန်းပါတယ်။)
    Read more...
    ခရီးသွားမှတ်တမ်း(၈)
    |
    ရောပရာဘန်ရဲ့ဓါတ်ပုံမှတ်တမ်းများကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
    လောနိုင်ငံနဲ့ အမိမြန်မာနိင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါရင် မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်များ ပိုမိုများတာ တွေ့ရပါတယ်။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေကို အင်တာနက်ကနေ ကမ္ဘာကို ကြေညာမယ်ဆိုရင် ကမ္ဘာက အသိများ လာမှာပါ။ အဲဒီအခါ နိုင်ငံခြားသားခရီးသည်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြပြီး နိုင်ငံခြားဝင်ငွေ အများကြီး ရလာနိုင်မယ်လို့ တွေးမိပါတယ် ။
    ညဉ့်ဖက် လောပရာဘန်မြို့အတွင်း ချေလျင်သွားခဲ့ကြပြီး ည ၉း၃၀ ခန့် တည်းခိုရာ ဟော်တယ်သို့ ပြန်လာခဲ့ကြတယ်၊ ဒီလိုနဲ့ ညဉ့်နက်လာသောအခါ အတူလိုက်ပါလာတဲ့ သီတင်းသုံးဖေါ်နှစ်ဦးမှာ ခရီးပမ်းတဲ့အတွက် အိပ်ပျော်သွားကြပေမယ့် စာရေးသူမှာတော့ ထုံးစံအတိုင်း တွေ့ကြုံခဲ့သမျှ အတိုးချပြီး စာတွေကို မက်မောစွာ ရေးနေမိပါတော့တယ်၊ ည ၁၁ နာရီခန့်မှ အိပ်ရာဝင်ခဲ့တယ်ဆိုပါတော့။
    Morning beautiful of Loungprabang လောပရာဘန်မြို့ရဲ့နံနက်ခင်းအလှ
    ၂၃.၅.၂၀၀၉
    နံနက်၅း၃၀မှာ တည်းခိုရာဟော်တယ်အနီး ဘုန်းတော်ကြီးကျောင်းမှ အုံးမောင်းခေါက်သံ ကြားရသဖြင့် မြန်မာပြည်နှင့် ကွာခြားမှုမရှိလှ။ နံနက် စောစောအိပ်ရာထကြကာ ရေချိုးပြီး နံနက် ၆း၃၀ နာရီခန့်တွင် စာရေးသူတို့ သုံးဦးသား မနက်စာစားရန် မြို့ထဲ ထွက်လာခဲ့ကြတယ်။ လမ်းများက ကတ္တရာလမ်းဖြစ်ပြီး လမ်းခင်းထားတာ အလွန် ကောင်းပါ တယ်။ ဒါ့အပြင် လမ်းပေါ်မှာ အမှိုက်များ လုံးဝမရှိ၊ ကွမ်းတံတွေး ထွေးထားတဲ့နေရာလည်း လုံးဝမရှိပါ။
    ဒါတင်မက မဲခေါင်မြစ်အတွင်း မော်တော်စီးလာတုန်းက မော်တော်ပေါ်ကနေ မြစ်ထဲသို့ အမှိုက်ပစ်ချသူ လုံးဝမတွေ့ရပါ။ ကိုယ့်အမှိုက်ကို ကိုယ်စနစ်တကျထားကာ မော်တော်ပေါ်ထားရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းရှိလှတဲ့အတွက် မြို့ကြီးသားများ ပီသပါစေစွ လို့လည်း ချီးကျူးမိပါတယ်။ အမိမြန်မာနိုင်ငံမှာဆိုလျှင် နယ်မြို့များတိုင်းမြို့များကို မဆိုထားနဲ့၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင် အမှိုက်ကို အလွယ်ပစ်ချလား ပစ်ချရဲ့၊ လမ်းမပေါ် ကွမ်းတံတွေး ထွေးလား ထွေးရဲ့ လမ်းမကြီးနံဘေးမှာ အန္တရာယ် လွယ်ထားမကောင်းဘူး ဆိုပြီး အကြောင်းပြကာ မရှက်မကြောက် ကျင်ငယ်စွန့်လားစွန့်ရဲ့နဲ့ မြို့ကြီးသားများ စည်းကမ်းရှိပါပေ့။ ပြောရရင်တော့ အတုယူစရာတွေ အများကြီးပါ။ ပြောရင်းနဲ့ စကားတောင်ဘယ်ရောက်မှန်း မသိတော့ ဘူး။
    ခုနင်က လောပရာဘန်မြို့တွင်း မနက်မှာ လည်တာနဲ့ပတ်သက်ပြီး ပြန်ပြောပါ့မယ်။
    အဲဒီမှာ Loungprabang မြို့လေးရဲ့ နံနက်ခင်းအလှတစ်ခုကို သွားတွေ့ပါတယ်။ ရဟန်းသံဃာတော်များ နံနက်ခင်း ၇ နာရီခန့်မှာ တန်းစီပြီး ဆွမ်းခံကြွတော်မူကြပါတယ်။
    လောနိင်ငံမှ ရဟန်းသံဃာတော်များဟာ ထိုင်း၊ကမ္ဘောဒီးယားများသံဃာများနဲ့ ဆင်တူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်း အရောင်အသွေးတူညီကြပါတယ်။
    ဒကာ/ဒကာများက ရဟန်းတော်များအား ဆွမ်းလောင်းတဲ့အခါမှာ လမ်းပေါ်မှာပဲ မိန်းမထိုင်(ပေါင်ယာထိုင်)နဲ့အတူ အခင်းမပါ ပြားဝပ်စွာ ထိုင်ပြီး ရိုသေစွာ ဆွမ်းလောင်းလှူကြပါတယ်။ ထူးခြားတာက ဆွမ်းလောင်းတဲ့အခါမှာ ကောက်ညှင်းပေါင်းကို အဆုပ်အဆုပ်လေးလုပ်က သပိတ်ထဲသို့ ညင်သာစွာ ပစ်ထည့်ကြပါတယ်။ အဲဒါကလည်း သပိတ်ကို လက်နဲ့ မထိမစေရန်၊ ရိုသေသည့်သဘောဖြင့် လက်နဲ့ ပစ်ထည့်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါ့မယ်)။
    ထိုဆွမ်းလောင်းမှုနဲ့ပတ်သက်ပြီး မြန်မာ့အမြင်မှာတော့ မရိုမသေဖြစ်နေတယ်လို့ ထင်ရပြီး အမြင်ဆန်းနေပါတော့တယ်။ ဒါပေမဲ့ လောပြည်သူတို့ရဲ့ ဓလေ့အတိုင်း ရိုသေစွာပေးလှူကြတယ်လို့ပဲ မှတ်ယူရပါ့မယ်။
    ဆွမ်းလောင်းပြီးတဲ့အခါ တစ်ချို့က အနီးရှိ ဘုရားသိမ်ထဲ သွားကာ သူတို့မှာပါလာတဲ့ ကောက်ညှင်းပေါင်းတွေကို အဆုပ်လေးတွေလုပ်ပြီး ဘုရားမှာ ကပ်လှူကာ ဘုရားဝတ်ပြုပြီး နေအိမ်သို့ ပြန်သွားကြပါတယ်။
    ဒီလို နံနက်ခင်းမှာ တန်းစီပြီး ဆွမ်းခံကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များဟာ လောပရာဘန်ရဲ့ နံနက်ခင်းအလှတစ်ခု လို့တင်စားပြောလိုက်ချင်တယ်။ ဒီလိစိတ်ချမ်းမြေ့စရာုမြင်ကွင်းမျိုးကို စာရေးသူတို့ မြန်မာပြည်မှာလည်း နံနက်တိုင်း တွေ့မြင်နေကျဖြစ်လို့ မဆန်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အမြင်မှာတော့ ဆန်းတယ်လို့ ထင်ရပေမပေါ့။
    ဒီလို သံဃာတော်များအား ဆွမ်းလောင်းလှူကြတာဟာ လာအိုပြည်သူတို့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို လာအိုတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလို့လည်း ဆိုရပါမယ်။ အဲဒါကိုပဲနံနက်ခင်းသံဃာတော်များအား ပေးလှူမှုဟာ အလွန်ယဉ်ကျေးသော အပြုအမူတရပ်ကို ဆောင်ရွက်ပြုမူကြတယ်(Morning Alms Giving Ceremony) လို့ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။
    နံနက်စောစော ဒီမြင်ကွင်းကို စာရေးသူကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့အတွက် လောနိုင်ငံသူများရဲ့ စေတနာ သဒ္ဓါတရားနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကို တွေ့မြင်ခဲ့ရပါတယ်။
    (လော်ပရာဘော်ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်များ)
    The world heri tage of Loungprabang
    စာရေးသူတို့လည်း နံနက်စာအတွက် ဥရောပစတိုင်ဖြင့် ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်သို့ဝင်ကာ send wiches ကို မှာစားကြပါတယ်။ ဆိုင်ဝန်ထမ်းများက ပေါင်မုန့် များနဲ့ အသားပြား၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊သခွားသီး၊ ချိစ်ပြား၊စတာတွေကို လာရောက်ချပေးပါတယ်။
    ပြီးတော့ ဒါး-ဇွန်းများနှင့်အတူ အနက်ရောင် လေးထောင့်ပုဂံပြားလေးတွေကိုလည်း လာရောက်ချပေးပါတယ်။ စာရေးသူတို့လည်း ဗိုက်ဆာဆာနဲ့ စတိုင်လ်နဲ့မဟုတ်ဘဲ တောသားစားနည်းအတိုင်း လက်နဲ့ကိုင်ပြီး တ၀စားပါတော့တယ်။
    ဒီမြို့မှာလည်း ရေနွေးကအစ ၀ယ်ရပါတယ်။ အလကား ဘာတစ်ခုမှ မရပါ။ အမိမြန်မာပြည်မှာဆိုလျှင် ရေနွေးကြမ်းကို ၀ယ်သောက်စရာမလိုပဲ အလကားသောက်ရပါတယ်။ အဲဒီမှာ send wiches ကို စားပြီးတဲ့အခါ ရေခဲရေ တ၀သောက်ပြီး ဆိုင်မှ ထွက်ခဲ့ကြပါတော့တယ်။
    မဲခေါင်မြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း ရှေးဟောင်းအမွေအနှစ်များကို လေ့လာလည်ပတ်ဖို့ ကားငှားပါတယ်၊ အဲဒီရက်က ကားငှားရန်းခမှာ(310000)KIP ၊ မြန်မာငွေဆိုရင်တော့ 46500 ကျပ် ပေးရပါတယ်။
    ကောင်းစီရေတံခွန်…
    လောပရာဘန်မြို့ဝန်းကျင်မှာ ရေတံခွန်များစွာ ရှိတယ်။ ထိုရေတံခွန်များအနက် အကြီးဆုံးနှင့် ထူးခြားထင်ရှားဆုံးက ကောင်းစီရေတံခွန်ပါ။ ဒီရေတံခွန်ဟာ လောဘရာဘန်မြို့ရဲ့ အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်တွင် တည်ရှိပြီး ကားဖြင့် သွားလာနိုင်ပါတယ်။
    စာရေးသူတို့လည်း တစ်နေ့တာငှားရမ်းထားတဲ့ ကားဖြင့် တစ်နာရီကျော်ကျော်ခန့် သွားမိတယ်ဆိုရင်ပဲ ကောင်းစီ ရေတံခွန်ကြီးကို ရောက်ရှိပါတယ်။ ဒီရေတံခွန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး ရောက်တဲ့ နေရာပဲဖြစ်တယ်။
    စာရေးသူတို့ ရောက်သွားတဲ့ အချိန်က နံနက်ဖြစ်တော့ လူအနည်းငယ်ရှင်းနေပါတယ်။ နေ့လည်ဆိုရင်တော့ ရေတံခွန်တွင် လာရောက်အပမ်းဖြေသူ လည်ပတ်သူ လူအရေအတွက် အလွန်များတယ်လို့ သိရပါတယ်။ ရေတံခွန် ရောက်တယ်ဆိုရင် ဦးစွာ ဂိတ်ဝင်ကြေး ပေးရတယ်လို့ ပြောပါတယ်၊ စာရေးသူတို့ကတော့ ရဟန်းတွေမို့လို့ မပေးရပါ။ (လောနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်တယ်)
    ဂိတ်အ၀င်ရဲ့ ဘယ်ဖက်ခြမ်းက ကွင်းပြင်မှာ သူတို့ရဲ့ Traditional ရိုးရာပစ္စည်းများ ရောင်းချနေကြတဲ့ ဆိုင်တန်းလေးတွေရှိတယ်။ စာရေးသူတို့လည်း အဲဒီမှာ အမှတ်တရ ပစ္စည်းလေးတွေဝယ်ပြီး ရေတံခွန်ဖက်သို့ ခြေလျင် ဖြင့် ငါးမိနစ်ကျော်ခန့်သွားပြီးတဲ့အခါ ရေတံခွန်ကို ရောက်ပါတယ်။ အလွန်မြင့်မားတဲ့ တောင်ထက်ကနေ ရေများ တစ်ဝုန်းဝုန်မြည်ကာ ကျနေပြီး စီးကျလာတဲ့ရေများဟာ အပြာရောင်ဖြစ်နေတာတွေ့ရပါတယ်။ ရေစီးကျတဲ့အရှိန်ကြောင့် ရေတံခွန်နားမှာ အေးမြတဲ့ အတွေ့ကို ခံစားရတဲ့အတွက် ခန္ဓာကိုယ်လည်း လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
    ဒီလိုနဲ့ ခဏအပမ်းဖြေကာ ရေတံခွန်ဖက်ကနေ လာလမ်းအတိုင်းမပြန်တော့ဘဲ တောလမ်းအတိုင်း ခြေလျင် ပြန်ခဲ့ပါတယ်။ အဲဒီမှာ ၀က်ဝံများ ကောင်ရေ အနည်းဆုံး ၁၀ကောင် ခန့် မွေးထားတာကို မြင်ခဲ့ရပါသေးတယ်။
    လောဘရာဘန်မြို့ အမျိုးသားပြတိုက်
    (Laungprabang National Museum)
    နောက်မြို့ထဲ ပြန်ရောက်လာတဲ့အခါ မြို့ထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ laungprabang,National Museum အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ကြပါတယ်။ ပြတိုက်အ၀င်ဝရဲ့ ညာဖက်မှာ (Temple architecture) သူတို့နိုင်ငံရဲ့ ဗိသုကာပညာဖြင့် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို တွေ့ရတယ်၊
    အထဲဆက်ဝင်သွားတဲ့အခါ အမျိုးသားပြတိုက်ကြီးကို ရောက်ပါတယ် ဒီအမျိုးသားပြတိုက်ကြီးဟာ ဘုရင်အုပ်ချူပ်တဲ့ ခေတ်က ဘုရင့်နှင့် ဘုရင်မိသားစုများနေထိုင်ရာ ဘုရင်နန်းတော် တစ်ခုပါ။ အဲဒီမှာ ဘုရင်နေတဲ့အခန်း၊ မိဖုရားနေတဲ့အခန်း၊ဘုရင့်သားတော်များ နေတဲ့အခန်း၊ ထမင်းစားခန်း၊ ထီးနန်းသုံးတဲ့ အသုံးအဆောင်များကို ပြသထားတဲ့အပြင်၊ စေတီဘုရားများက ရရှိတဲ့ ၁၄ ရာစုနှစ်က ကြေးနဲ့တစ်မျိုး၊ကျောက်နဲ့တဖုံ ဖလ်နဲ့တသွယ် ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်များကိုလည်း တွေ့မြင်နိုင်ပါတယ်။နန်းတော်ခေတ်က အသုံးအဆောင်များကိုလည်း မြင်ရတယ်၊ တိုင်းခန်းလှည့်လယ်တဲ့အခါ ထုတဲ့ ကြေးမောင်းကြီးများကိုလည်း ပုံစံတစ်မျိုးဖြင့်မြင်ရပါတယ်။
    ကမ္ဘာ့နိုင်ငံအသီးသီးမှ လာအိုဘုရင်အား လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ဘယ်နိုင်ငံကပေးတဲ့ လက်ဆောင်ဆိုပြီးစနစ်တကျ သူ့နေရာနဲ့သူ ထားပေးထားပါတယ်။ အဲဒီလက်ဆောင်များအနက် မြန်မာနိုင်ငံမှလည်း ပါဝင်နေတာကို အံ့သြစွာ တွေ့မြင်ခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်မှာ ဦးနေ၀င်းမှ လာအိုဘုရင်အား လက်ဆောင်အဖြစ် ဗုဒ္ဓ၀င်ရုပ်စုံပါ ငွေလင်ဘန်းတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးထားပါတယ်။ အမိမြန်မာနိုင်ငံမှ ပေးတဲ့လက်ဆောင်ကို ပြတိုက်မှာ စာနဲ့ တခမ်းတနား ပြသထားတာကို မြင်ရတော့ ပီတိဖြစ်မိသူကတော့ စာရေးသူပါ။
    နေ့လည်စာကိုတော့ Loungprabang မြို့ မဲခေါင်းမြစ်ကမ်းနံဘေးက ဆိုင်တစ်ဆိုင်မှာ စားကြပါတယ်။ ဒီနေ့တော့ အထူးအဆန်းလေးတွေစားမယ်ဆိုပြီး မဲခေါင်မြစ်က ထွက်တဲ့ မဲခေါင် ရေညှိနဲ့လုပ်ထားတဲ့ ဟင်းလျာကို မှာယူစားကြတယ်။ ရေညှိကို အပြားလေးလုပ်ကာ နှမ်းဖြူးပြီး ကြော်ထားပါတယ်၊ အဲဒါကို ကောင်းညှင်းနဲ့ ပူးတွဲပြီး အချဉ်နဲ့တို့စားရပါတယ်။ မဲခေါင်မြစ်ကို မျှော်ကြည့်ရင်း မဲခေါင်ရေညှိအပါအ၀င် နေ့လည်စာ စားပြီး၊ ဟော်တယ်မှာ ခေတ္တခဏပြန်နားကြတယ်။
    (The world heri tage) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် လို့ သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုက တန်တင်း လို့ခေါ်တဲ့ ပါ့ခ်ဦး လှိုင်ဂူပါ။
    နေ့လည် တစ်နာရီခန့ှ်မှာ Tam Ting (Pak Ou Cave) တန်တင်းလို့ခေါ်တဲ့ ပါ့ခ်ဦး ဂူသို့ ကားဖြင့်သွားကြပါတယ်။ Loungprabang နဲ့ Pak Ou Cave ဟာ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ဒီပါ့ခ်ဦးဂူဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ ၄င်းနေရာကို Loungprabang မြို့ မှ ကားဖြင့်ဖြစ်စေ၊ ရေလမ်းခရီးမှ မဲခေါင်မြစ်အတိုင်း ဆန်တက်ကာ မော်တော်ဖြင့်ဖြစ်စေ သွားရောက်နိုင်ပါတယ်။(ဆက်လက်ရေးသားပါဦးမည်)
    Read more...
    အရှင်ကစ္စာယန၏ သြဝါဒ(၄)ချက်
    01.mp3 - 01
    Read more...
    ၁၉။ ကပိလဝတ် မဟာဝုန်၌ မြစ်ရေခွဲဝေမှု၊ နှစ်နိုင်ငံတိုက်ပွဲ ငြိမ်းချမ်းမှု အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံမှ နှစ်ရာ့ငါးဆယ်စီ၊ နှစ်နိုင်ငံပေါင်း မင်းသားငါးရာ ရဟ
    သုဒ္ဓ ၁။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်ဟာ အောက်သံယောဇဉ် ကုန်ပြီးတဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သည်အစည်းအဝေးကြီးမှာ လျှောက်ထားပါမယ်။ သည်အစည်းအဝေးဟာ နတ် ဗြဟ္မာ အစည်းအဝေး လို့  ကင်ပွန်းတပ်လိုက်ပါတယ်။ သည်အစည်းအဝေးဟာ အောင်မြင်ပြီးသူ တွေကို ဖူးမြော်တဲ့ အစည်းအဝေး ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။”
    သုဒ္ဓ ၂။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း သံယောဇဉ်ကုန်ပြီး တဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ သည်အစည်းအဝေးမှာ မြင်းဇက် ကိုထိန်းတဲ့ ရထားထိန်းလို ရဟန်းတွေ ဣနြေ္ဒထိန်းကြပါတယ် ဘုရား”
    သုဒ္ဓ ၃။ “ ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း ကိလေသာ အာသဝေါကင်းပြီးတဲ့ သုဒ္ဓါဝါသ ဗြဟ္မာပုဂ္ဂိုလ်ပင် ဖြစ်ပါတယ်။ တဏှာကင်း ပြီး သန့် ရှင်းကြတဲ့ ရဟန္တာငယ်များဟာ ရာဂစတဲ့ တံခါးကို ဖျက်ပြီး တံခါး တိုင် နုတ်ပြီး နေကြပါပြီ ဘုရား။”
    သုဒ္ဓ ၄။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း လျှောက်ထားပါ တယ်။ တပည့်တော်ကလည်း သုဒ္ဓါဝါသ ဗြဟ္မာအသင်းဝင် ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဆည်းကပ်သူ အားလုံးတို့ ဟာ ပျက်စီးမှု မဖြစ်တော့ဘဲ မြင့်မြတ်တဲ့ နတ်ဗြဟ္မာတွေ အများအပြားပဲ ဖူးတွေ့ ကြ တယ်”
    “နတ်ဗြဟ္မာ ပရိတ်သတ်နဲ့  အမည်တွေကို နာကြားလိုပါတယ် ဗုဒ္ဓအသျှင်”
    “ရဟန်းတို့  - သည်အစည်းအဝေးမှာ ကပိလဝတ်က မြင့်မြတ်သူ အရေအတွက် ခုနစ်ထောင် တက်ရောက်နေတယ်။ ဟိမဝန္တာ ခြောက်ထောင်။ သာတတောင်က ခုနစ်ထောင်။ ဝေသာမိတတောင်က ငါးရာ။ ရာဇဂြိုဟ်က အသိန်းမက။ ဓတရဌ၊ ဝိရူဠ၊ ဝရုပက္ခ၊ ကုဝေရ တို့ နဲ့  သူတို့ သား၊ ကျွန်၊ အခြံအရံများ။ ဝေသာလီက နာဂများနဲ့  အခြားအမျိုးမျိုး နတ်များအပြင် သုဗြဟ္မ၊ ပရမတ္ထ၊ တဿ၊ သနင်္ကုမာရ၊ မဟာဗြဟ္မာများ၊ မာရ်များပဲ ရဟန်းတို့  ”
    “ကောင်းလှပါပြီ ဗုဒ္ဓအသျှင်”
    Read more...
    လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း(၁)
    အလှတရား
    မြန်မာပြန်
    လူဝင်စားခြင်းကိုသိပ္ပံနည်းကျလက်ခံခြင်း
    Scientific Acceptability Of Rebirth
    Dr.Granville Dharmawardena
    Ph.D.(Cambridge),M.I.Chem.C,C..Chem,FIAutoE
    ကျမ်းဦးအမှာ
    သိပ္ပံပညာရှင်များနဲ့ သိပ္ပံကိုသင်ထားတဲ့လူတွေဟာ ဒီသဘာဝဖြစ်စဉ်ကို လက်ခံဖို့ငြင်းဆန်ကြပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ဟာ ရှေးရိုးသိပ္ပံ (Classical science) သက်သက်ကိုပဲ ကျွမ်းဝင်နေလို့ အဓိက ဖြစ်တယ်။ ရှေးရိုးသိပ္ပံဟာ လူဝင်စားခြင်း သဘာဝဖြစ်စဉ် ဖြစ်နိုင်တဲ့ နည်းလမ်းကို လက်ခံနိုင်ခြင်း မရှိဘူး။
    ဒီစာအုပ်ကို ရေးသားတဲ့ ဒေါက်တာ ဂရန်ဗီလာ ဓမ္မ၀ါရဒေန (Dr.GranVille Dharmawardena)ဟာ ထင်ရှားတဲ့ သိပ္ပံပညာရှင် တစ်ဦးဖြစ်တယ်။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ အနုမြူသိပ္ပံနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းစာအုပ်တွေမှာ ရည်ညွှန်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူဟာ ပညာရေးနဲ့ လေ့ကျင့်မှု ပိုင်းကို ဗြိတိန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၊ သြစတြေးလျ School of Nuclear Technology နဲ့ ပြင်သစ်က Atomic Enengy Commision မှာ ရယူခဲ့တယ်။ ၂၀ရာစု မော်ဒန်သိပ္ပံနဲ့ ပိုအကျွမ်းဝင်သူဖြစ်တယ်။ ဒီစာအုပ်မှာ သူဟာ လူဝင်စားခြင်း နဲ့ပတ်သက်တဲ့ သူ့လေ့လာမှုကို တင်ပြထားတယ်။
    [ ဆက်ဖတ်ရန် +/- ]
    ဒေါက်တာဓမ္မ၀ါရဒေန က ရှေးရိုးသိပ္ပံဟာ ဘာကြောင့် လူဝင်စားခြင်းကို ရှင်းမပြနိုင်ရသလဲ ဆိုတာကို ရှေးရိုးသိပ္ပံမှာ မူလကတည်းက ရှိနေတဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်ကြောင်း ထောက်ပြတယ်။ မော်ဒန်သိပ္ပံဟာ ဒီအကန့်အသတ်တွေကို ကျော်လွန်ခဲ့ပြီးတော့ လူဝင်စားခြင်းဟာ မော်ဒန်သိပ္ပံရဲ့ နယ်ပယ်မှာ ရှိတယ်လို့ ဆိုတယ်။ မော်ဒန်သိပ္ပံဟာ လူဝင်စားခြင်းကို လက်ခံတယ်။ ဒီလိုလက်ခံတယ်ဆိုတာဟာလည်း ယေဘုယျလက်ခံထားတဲ့ မော်ဒန်သိပ္ပံဖြစ်စဉ်ကို သက်သေပြတဲ့ နည်းတွေအတိုင်း စမ်းသပ်ပြီးမှ လက်ခံထားတာ ဖြစ်တယ်။
    ဒေါက်တာ ဂရန်ဗီလာ ဓမ္မ၀ါရဒေန က သိပ္ပံပညာဟာ အမှန်တရားနဲ့ နီးသည်ထက်နီးလာအောင် အဆင့်မြင့်လာပြီ လို့ဆိုတယ်။ ပြီးတော့ သိပ္ပံပညာဟာ ဗုဒ္ဓရဲ့ တရားတော်တွေနား နီးသည်ထက် နီးလာအောင် ခေါ်လာတယ်လို့ ဆိုတယ်။
    နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ ဒီအမှာကို ရေးသားဖို့ သီရိလကာင်္နိုင်ငံသား သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာဓမ္မ၀ါရဒေနရဲ့ ချီးမြှောက်ခြင်း ကိုခံရပါတယ်။ ကမ္ဘာတလွှားက ထင်ရှားတဲ့ သိပ္ပံပညာရှင်များက သုတေသန ပြုနေတဲ့ကြားက ဒေါက်တာဓမ္မ၀ါရဒေနဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၄၀က ရှိလာတဲ့ လူဝင်စားခြင်းအယူအဆကို သက်သေပြနိုင်ပြီး သူ့ရဲ့ ဥာဏ်ပညာအတွက် ဂုဏ်ပြုခံရပါပြီ။
    ဘေးဒုက္ခတွေမရှိပဲ ညီညွတ်စွာနေနိုင်မဲ့ ကမ္ဘာတစ်ခုကို ဗုဒ္ဓတရားတော်များ ကျင့်သုံးခြင်းဖြင့် တည်ဆောက်ကြရအောင်
    အန်.အယ်လ်.ဘီ. ကိရိဧလ
    (ဥဒဝေလအရပ်)
    Read more...
    လာလည်ကြသူများ
    ဤဘလော့ဂ်၏ ရည်ရွယ်ချက်
    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
    မြန်မာပြက္ခဒိန်
    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
      © Blogger templates The Professional Template by Ourblogtemplates.com 2008
    Back to TOP