* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, June 23, 2009

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၆)

မော်ဒန်သိပ္ပံမွေးဖွားခြင်း


ပရမတ္တသစ္စာ ဟာ သူ့အပေါ်မှာထားတဲ့ ချုပ်ချယ်မှုနှစ်ခုကြောင့် ရှေးရိုးသိပ္ပံကနေ ရုန်းထွက် လွတ်မြောက်ခဲ့တယ်။ အနုမြူသိပ္ပံ (Nuclear science) ဟာ ဒီချုပ်ချယ်မှုတွေ ကြားမှာ မထွန်းကားနိုင်ခဲ့ဘူးလေ။

Abstract Colorful Universe Wallpaper - TTdesign
၁၉ ရာစုအလယ်ပိုင်းမှာ ရှေးရိုးသိပ္ပံပညာရှင်တွေဟာ သဘာဝတရားရဲ့ တကယ့်သစ္စာကို သူတို့ အပြည့်အ၀နားလည်ခဲ့ပြီလို့ ယုံကြည်ခဲ့ကြတယ်။ သိပ္ပံဆိုင်ရာ တွေ့စရာရှိတာတွေအားလုံး ရှာတွေ့ခဲ့ပြီ။ သုတေသန အသစ်တွေ့ရှိမှုတွေဟာ ရှိရင်းစွဲကို အပြစ်ရှာ ဖာထေးရုံသာလို့ ယုံကြည်ခဲ့ကြတယ် ။ ထင်ရှားတဲ့ ၁၉ ရာစု ရူပဗေဒ ပညာရှင် မိုက်ကယ်ဆန် (A.A.Michaelson) က ၁၉ ရာစုအကုန်မှာ အနာဂတ် ရူပဗဒ အကြောင်းကို ခုလို ပြောခဲ့ဖူးတယ်။ “ယခုရပြီးသား အဖြေကို ဒသမ အနည်းငယ် ဖြည့်စွက်ရုံနဲ့ ပြီးပါတယ်” တဲ့။ အဲဒီအချိန်တုန်းက လော့ဒ်ကယ်လ်ဗင် ( Lord Kelvin) က ပြောခဲ့ဖူးတယ်။ ရူပဗေဒရဲ့ အမြင်မှာ တိမ်တိုက်မည်းမည်း နှစ်ခုက လွဲရင် အရာအားလုံးဟာ ပြည့်စုံနေပါပြီတဲ့။[ ဆက်ဖတ်ရန် +/- ]

ဖြစ်နိုင်တာက အနုမြူရူပဗေဒ (Nuclear physics)ရဲ့ လုံးဝသစ်လွင်တဲ့ ကမ္ဘာဟာ ရှေးရိုးသိပ္ပံရဲ့ မြင်ကွင်းရဲ့ အပြင်မှာ ရှိနေခဲ့ပြီး အဲဒီကာလတုန်းက မြင်တွေ့ခြင်းခံခဲ့ရဖူးဟန် မတူဘူး။ အဖန်ဖန်မွေးဖွားခြင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သုံးဖက်မြင်က လွန်မြောက်နေတဲ့ ဖြစ်ရပ်တွေကို ရှေးရိုးသိပ္ပံက လက်သင့်မခံတဲ့ နည်းတူ အနုမြူသိပ္ပံဆိုတဲ့ သုံးဖက်မြင်လွန် မြင်ကွင်းကိုလည်း ရှေးရိုးသိပ္ပံက လက်သင့်မခံခဲ့ပါဘူး။

၁၉ ရာစုအကုန်မှာ အနုမြူသိပ္ပံ ဖြစ်ရပ်အချို့ဟာ ပေါ်လွင်ထင်ရှားလာပြီး သကာလ ရှေးရိုးသိပ္ပံရဲ့ ပြည့်စုံပြီးသား လောက မှာ ရှင်းလင်းချက်တွေ ရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ သိပ္ပံပညာရှင်များ တွေ့လာကြတယ်။ ၁၈၉၆ မှာ ဟင်နရီ ဘက်ကွာရေး( Henry Becquerel) ရဲ့ ရေဒီယိုသတ္တိကြွတွေ့ရှိမှု က ရှေးရိုးသိပ္ပံလောကကို ခြေမွှပစ်ခဲ့တယ်။ နေ ကို နှစ်သန်းပေါင်းများစွာတိုင် ပူအောင်၊ တောက်ပအောင် လုပ်ပေးတဲ့ အနုမြူ သတ္တိကြွခြင်းဟာ ရှေးရိုးသိပ္ပံပညာရှင် တွေကို စိတ်ရှုပ်ထွေးစေတယ်။

နေရောင်ခြည်ဟာ အချိန်တိုအတွင်းမှာ အကျွန်ုပ်တို့ အသားအရည်ကို ညိုမှောင်သွားစေတယ်။ ဒါပေမဲ့ မီးဟာ ကာလအကြာကြီး တွေ့ထိနေရတာတောင် အသားအရည်ကို ညိုမှောင်အောင် မပြုနိုင်ဘူး။ နေရောင်ခြည်ရဲ့ အသားညိုမှောင်စေတဲ့ အက်တမ် ဆိုင်ရာ ဖြစ်စဉ်ဟာ ရှေးရိုးသိပ္ပံက လက်ခံထားတဲ့ အကန့်အသတ်ရဲ့ အလွန်မှာ ဖြစ်နေတာကို တွေ့ခဲ့ရတယ်။

ရှေးရိုးသိပ္ပံရဲ့ အားနည်းချက်တွေဟာ ပိုမိုသိသာလာတဲ့ တိုင်အောင် သူ့ရဲ့အကာအရံကို ထိုးဖောက် ဖျက်ဆီးပစ်ဖို့က မလွယ်ပါဘူး။ သိပ္ပံပညာရှင်တွေကို မရဏလမ်းဆုံးမှာ တုပ်နှောင်ထားတဲ့ ရှေးရိုးသိပ္ပံရဲ့ ( ဖော်ပြခဲ့ပြီးဖြစ်သော) အဓိကချုပ်ချယ်မှု နှစ်ခု မရှိတော့ပြီဖြစ်တဲ့ မော်ဒန်သိပ္ပံကမ္ဘာ ကို ခေါ်ဆောင်ဖို့ရန် အတွက် အိုင်းစတိုင်း (Albert Einstein) ထက်မညံ့ တဲ့ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာဖို့ လိုပါတယ်။
Written-Dr.Granville Dharmawardena
Translated-Ahlataya
Enhanced by Zemanta


Read more...

Ajahn Brahm on non-self

Ajahn Brahm on non-self



Ajahn Brahm is a regular speaker here in Bangkok, I remember seeing him talk at AUA a couple of years ago and I attended a wonderful meditation workshop he held a few days later in the WFB headquarters on Sukhumvit. He was back there again yesterday, and though I missed the meditation sessions, I did manage to make the evening talk, 'Not me, not mine, not a self'.

Despite Ajahn Brahm's lively and accessible style, it's not an easy topic, and one I've often felt there is slightly too much emphasis on. These advanced teachings are suitable for many of course, but sometimes it seems to me that every English-language Buddhist speaker that comes to Bangkok wants to talk about anatta, and so those of us at the back of the class get rather overlooked.

However, Ajahn Brahm did a wonderful job of bringing the subject down to earth and pointing out its relevance in our everyday life. You are not your body, he said, you are not your intelligence, you are not your job or even your gender, so relax, let go. There is no you, and nothing is yours. There is nothing to feel proud of and nothing you can't let go of.

Not even your will, he continued, is yours, not even your consciousness, it is a bus without a driver, and you simply don't exist. I was glad when in the question and answer period a Thai woman admitted to her confusion and fear in the face of this teaching, and asked Ajahn Brahm for something more positive. "What" she said, "CAN we hold on to?"

"Wisdom, virtue, and peace", he answered, and then told what I thought was his loveliest story of the evening. Five children are each given a wish, and the one with the best wish wins. The first child asks for a burger and fries. The second child, having had longer to think about it, asks for the whole restaurant. The third child, outdoing even that, wishes for a billion dollars.

The fourth child has had longer to come up with an even better wish, and so asks for... three wishes! The third of which would always be three more. Thus, amazingly, the forth child manages to attain an infinity of wishes. Finally the fifth child is asked for his wish, a wish superior to even an infinity of wishes, and he asks for... contentment. Enlightenment, Ajahn Brahm said, is like this.

Link:
Littlebang: Ajahn Brahm

Read more...

No Ajahn Chah or Not Individual (English language)


Ajahn Chah was born in 1918 in a village located in the north-eastern part of Thailand. He became a novice at a young age and received higher ordination at the age of 20.

He practised meditation under a number of masters, among whom was Ajahn Mun, a highly respected & accomplished meditation teacher of the time. Ajahn Chah later became an accomplished meditation teacher in his own right, sharing his realization of the Dhamma with those who sought it.

The essence of his teaching is rather simple: Be Mindful. Don't grasp on to anything. Let go any feelings or attachment.

"Do not be a bodhisatta; do not be an arahant ; don't want to be a someone or something; do not be anything at all. If you are a bodhisatta, you will suffer; if you are an arahant, you will suffer; if you are anything at all, you will suffer. "_By Ajahn Chah.

Attachment: download ebook(No Ajahn Chah).pdf

Read more...

စိတ်အားဖြည့် စကားစုလေးများ… (၁)

ဘုန်းဘုန်းဘလောဂ်မှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုလေးများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်းပါ်။

စကားလုံး…စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။
တကယ်မြဲချင်ရင်…ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။

ကြည်ညိုတတ်ပါစေ…ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။

ကိုယ်ဖြစ်ကိုယ်ခံ…ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။

ဒီလိုနေကြည့်ပါ…အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။အပြစ်မဖြစ်အောင်…အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။

အကုသိုလ်မဖြစ်အောင်…တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။

ကိုယ်ကောင်းအောင်အရင်လုပ်…ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ…။ ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

အမှန်ကြည့်တတ်ပါစေ…သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။

အပေါင်းအသင်း…အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။

Read more...

ဟေတုပစ္စည်း - ၁(င)

ဒါနကုသိုလ်နှင့် ပြည့်စုံပုံ

အနိစ္စမြင်တော့ လောဘတွေကင်းစင်လို့ အလောဘတွေ ဖြစ်လာတယ်။ အလောဘတွေ ဖြစ်လာလို့ရှိရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ရာဖြစ်တယ်။ ဒါနကုသိုလ်တွေ ရှေးကထက် ပိုပြီး မပြည့်စုံဘူးလား။ ... ပြည့်စုံပါတယ်။

ဆောင်ပုဒ်။ ။ အနိစ္စမြင်တော့၊ လောဘစင်သည်၊
လောဘစင်တော့၊ အလောဘဝင်သည်၊
အလောဘဝင်၊ ဒါနလျှင် အစဉ်ပြည့်စုံသည်။

အနိစ္စမြင်အောင်ရှုနိုင်တော့ မမြဲဘူးလို့ သိတယ်။ မမြဲဘူးလို့ သိတော့ လောဘတွေ မကင်းစင်ပါဘူးလား။ ... ကင်းစင်ပါတယ်။ မမြဲတာကို ဘယ်ပုဂ္ဂိုလ်မှ မလိုချင်တော့ဘူး။ ဘယ်အရာကိုမှ မလိုချင်တော့ဘူး။ လောဘတွေ ကင်းစင်သွားတယ်။ "လောဘစင်" ဆိုတာ လောဘတွေ ကင်းစင်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ လောဘကင်းစင်တော့ အလောဘဖြစ်လာတယ်။ အလောဘ မဝင်လာပါဘူးလား ... ဝင်လာပါတယ်။ လောဘကင်းစင်သွားတာနဲ့ အလောဘမဝင်လာပါဘူးလား ... ဝင်လာပါတယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ လောဘမရှိရင် အလောဘဖြစ်တော့တာပဲ။ လောဘတွေ ကင်းစင်သွားတော့ အလောဘတွေ ဝင်လာတယ်။ လောဘတွေ ဝင်လာတော့ ဒါနတွေ ရှေးကထက် ပိုပြီးတော့ မပြုလုပ်နိုင်ပါဘူးလား ... ပြုလုပ်နိုင်ပါတယ်။ ဒါနတွေ ပြုလုပ်ဖို့ရာ ဒါနတွေ အစဉ်ပြည့်စုံဖို့ရာ ဖြစ်တယ်။

အနိစ္စမြင်လျှင် လောဘကင်းစင်တယ်။ လောဘကင်းစင်လို့ရှိရင် အလောဘ ဝင်လာတယ်။ အလောဘတွေ ဖြစ်လာရင် ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်တယ်။ ယောဂီတွေ ဒါနနှင့် မပြည့်စုံချင်ပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ဒါကြောင့် အနိစ္စမြင်အောင်လည်း မရှုရပါဘူးလား ... ရှုရပါတယ်။

ဟေတုပစ္စည်းထဲက မကောင်းတဲ့ ဟိတ်တွေကို ပယ်နိုင်ရအောင်၊ ကောင်းတဲ့ ဟိတ်တွေကို တိုးပွားလာရအောင် ဘယ်တရားများ ရှုမှတ်ရပါမလဲ ... သတိပဋ္ဌာန် ဝိပဿနာတရား ရှုမှတ်ရပါမယ်။ အနိစ္စမြင်အောင် ရှုနိုင် မှတ်နိုင်ရင် မကောင်းတဲ့ လောဘတွေ ကင်းစင်ပြီး ကောင်းတဲ့ လောဘတွေ ဝင်လာပါတယ်။ ဒါနကုသိုလ်တွေ ပြည့်စုံဖို့ ဖြစ်လာတယ်။ နေရာမကျပါဘူးလား .. နေရာကျပါတယ်။

သီလကုသိုလ်နှင့် ပြည့်စုံပုံ

ဒုက္ခဒဿန = ဒုက္ခကိုမြင်အောင် ရှုနိုင်ခြင်းဖြင့်၊ အဒေါသော = အဒေါသဟိတ်သည်၊ ဟောတိ = ဖြစ်၏ ။ ဒုက္ခမြင်အောင် ရှုနိုင်တော့ ဒေါသတွေ မဖြစ်တော့ဘူးတဲ့။ ဒုက္ခတွေ မြင်နေရတော့ ဒုက္ခဖြစ်ကြောင်း ဒေါသထပ်ပြီး ဖြစ်ချင်ပါဦးမလား ... မဖြစ်ချင်တော့ပါဘူး။ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ ဘာဝင်လာပါသလဲ ... အဒေါသ ဝင်လာပါတယ်။ အဒေါသဝင်လာတော့ ဘယ်ကုသိုလ်နှင့် ပြည့်စုံလာပါသလဲ ... သီလကုသိုလ်နှင့် ပြည့်စုံလာပါတယ်။ အဒေါသ = မေတ္တာများတဲ့ပုဂ္ဂိုလ် ၊ မေတ္တာပြဋ္ဌာန်းတဲ့ ပုဂ္ဂိုလ်တို့သည် သူတစ်ပါးအသက်ကို သတ်ဖို့ရာ ဝန်လေးသွားကြသောကြောင့် သီလပိုပြီးတော့ လုံခြုံသွားကြတယ်။ သူတစ်ပါးပစ္စည်း ခိုးဖို့ရာလည်း ဝန်လေးသွားပြီး။ ပိုပြီးတော့ အဲဒီသိက္ခာပုဒ်တွေ လုံခြုံသွားကြတယ်။ သီလကုသိုလ်တွေ ပြည့်စုံသွားကြဖို့ပဲ ဖြစ်တယ်။

ဆောင်ပုဒ်။ ။ ဒုက္ခမြင်တော့၊ ဒေါသစင်သည်၊
ဒေါသစင်တော့၊ အဒေါသဝင်သည်၊
အဒေါသဝင်၊ သီလလျှင်၊ အစဉ်ပြည့်စုံသည်။

ဒုက္ခမြင်အောင် ထင်အောင် ရှုလိုက်တော့ ဒေါသတွေ ကင်းစင်တယ်။ ဒေါသတွေ ကင်းစင်တော့ အဒေါသ = မေတ္တာဓာတ်တွေ ဝင်လာတဲ့အခါ သီလနဲ့ပိုပြီးတော့ ပြည့်စုံလာဖို့ရာဖြစ်တယ်။ ယောဂီများ သီလနှင့် မပြည့်စုံချင်ကြပါဘူးလား ... ပြည့်စုံချင်ကြပါတယ်။ ပြည့်စုံချင်လို့ရှိရင် ဒုက္ခထင်အောင် ရှုနိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မကျနေပါဘူးလား .. အဓိပ္ပါယ်ကျနေပါတယ်။

ဘာဝနာကုသိုလ်နှင့် ပြည့်စုံပုံ

အနတ္တ ဒဿနေန = အနတ္တကို မြင်ခြင်းဖြင့်၊ အမောဟော = အမောဟသည်၊ ဟောတိ = ဖြစ်၏ ။ အနတ္တကို မြင်အောင် ရှုလိုက်တော့ တွေဝေတဲ့ မောဟတွေ ကင်းစင်သွားတယ်။ မောဟတွေ ကင်းစင်သွားတော့ မတွေမဝေ အမှန်တိုင်းသိတဲ့ အမောဟဖြစ်လာတယ်။ အမောဟဖြစ်လာတော့ အရှေးကထက် ဘာဝနာတရားတွေကို ပို၍ အားထုတ်နိုင်တယ်။ အားထုတ်နိုင်သောကြောင့် ဘာဝနာကုသိုလ်တွေနှင့် ပိုပြည့်စုံလာရပေတယ်။

ဆောင်ပုဒ်။ ။ အနတ္တမြင်တော့၊ မောဟစင်သည်၊
မောဟစင်တော့၊ အမောဟဝင်သည်၊
အမောဟဝင်၊ ဘာဝနာလျှင်၊ အစဉ်ပြည့်စုံသည်။

အနတ္တမြင်တော့ တွေဝေမိုက်မှားတဲ့ မောဟတွေ ကင်းစင်တယ်။ မောဟတွေ ကင်းစင်တော့ အမောဟတွေ ဝင်လာတယ်။ အမောဟတွေ ဝင်လာတော့ ဘာဝနာကုသိုလ်တွေ ကြိုးကြိုးစားစား အားထုတ်နိုင်တယ်။ ဘာဝနာကုသိုလ်နှင့် ပိုပြီး ပြည့်စုံလာပါတယ်။

အနိစ္စမြင်လျှင်၊ လောဘစင်၊ အလောဘဝင်၊ ဒါနကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
ဒုက္ခမြင်လျှင်၊ ဒေါသစင်၊ အဒေါသဝင်၊ သီလကုသိုလ်နှင့် ပြည့်စုံဖို့ပင်။
အနတ္တမြင်လျှင်၊ မောဟစင်၊ အမောဟဝင်၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံဖို့ပင်။

အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုနိုင်လို့ရှိရင် လောဘ ဒေါသ မောဟဟိတ်တွေ မကောင်းတဲ့ဟိတ်တွေ ပယ်ပြီးသားဖြစ်တယ်။ အလောဘ အဒေါသ အမောဟဟိတ်တွေ ကြီးပွားလာပြီးတော့ ကုသိုလ် အမျိုးမျိုးနှင့် ပြည့်စုံလာတယ်။ ဒါနနှင့်လည်း ပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံ၊ ဘာဝနာနှင့်လည်း ပြည့်စုံဖို့ရာ ဖြစ်သွားပါတယ်။ ဒါကြောင့် ဝိပဿနာရှုရာမှာ အနိစ္စမြင်အောင် ရှုနိုင်ဖို့၊ ဒုက္ခမြင်အောင် ရှုနိုင်ဖို့၊ အနတ္တမြင်အောင် ရှုနိုင်ဖို့ရာ အရေးမကြီးပါဘူးလား ... အရေးကြီးပါတယ်။

ဝိပဿနာရှုတဲ့အခါ ဝိပဿနာစစ်စစ်ဖြစ်ဖို့ရာ အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ရှုရာမှာဖြစ်တယ်။ ရှေ့ပိုင်း ဝိပဿနာကတော့ တရားသဘောလေးတွေ ရှေးဦးစွာ တွေ့မြင်အောင်သာ ဝိပဿနာ ရှုရပါသေးတယ်။ အနိစ္စ ဒုက္ခ အနတ္တတွေကို ရှုလျှင်ရှုခြင်းတော့ မြင်မှ မြင်နိုင်ပါဦးမလား ... မမြင်နိုင်သေးပေဘူး။

အစပိုင်းမှာ ဝိပဿနာမည်ပုံ

ပညတ္တိံ ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ။
ပညတ္တိံ = ခေါင်း ကိုယ် ခြေ လက်စသော ပုံသဏ္ဌာန် သဏ္ဌာန ပညတ်များကို၊ ဌပေတွာ = ခွာထား၍၊ ဝိသေသေန = အထူးထူး အပြားပြားအားဖြင့်၊ ပဿတိ = ရှုတတ်၏ ။ ဣတိ တသ္မာ = ထိုသို့ ပညတ်ကို ခွာ၍ အထူးထူး အပြားပြား ရှုရတဲ့အတွက်ကြောင့်၊ ဝိပဿနာ = ဝိပဿနာမည်၏ ။

အစပိုင်း ဝိပဿနာရှုတဲ့အခါမှာ ပညတ်ပုံသဏ္ဌာန်တွေကို ခွာနိုင်သမျှ ခွာပြီးတော့ ရှုရတယ်။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်လို့ ရှုမှတ်ရာတွင် ဖောင်းတယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန် ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ပိန်တယ်လို့ ရှုမှတ်တဲ့အခါမှာ ဝမ်းဗိုက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ အတွင်းက တောင့်တင်းတဲ့သဘော၊ တွန်းကန်တဲ့ သဘောတရားကို၊ ပိန်တယ်လို့ မှတ်တဲ့အခါမှာ အတွင်းက လှုပ်ရှားသွားတဲ့သဘော၊ ရွေ့သွားတဲ့သဘောတရားကို သိအောင် မစူးစိုက်ရပါဘူးလား ... စူးစိုက်ရပါတယ်။

ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက် ပုံသဏ္ဌာန်ဒြပ်ကြီးကိုတော့ ခွာနိုင်သမျှခွာ၊ ကြွတယ်လို့ မှတ်တဲ့အခါ အပေါ်ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့တက်သွားတဲ့ သဘောတွေကို သိနိုင်သမျှ သိအောင်စူးစိုက်ရတယ်။ လှမ်းတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ ရှေ့ကို တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရတယ်။ ချတယ်လို့ မှတ်တဲ့အခါမှာလည်း ခြေထောက်ပုံသဏ္ဌာန်ဒြပ်ကြီးကို ခွာနိုင်သမျှခွာ၊ အောက်သို့ တစ်ရွေ့ပြီးတစ်ရွေ့၊ ရွေ့ရွေ့သွားတဲ့ သဘောတွေကို သိနိုင်သမျှသိအောင် စူးစိုက်ရပါတယ်။

ဤကဲ့သို့ ပညတ်ကို ခွာ-ခွာပြီးတော့ ဖောင်းတဲ့အမူအရာ ပိန်တဲ့အမူအရာ ကြွတဲ့အမူအရာ လှမ်းတဲ့အမူအရာ ချတဲ့အမူအရာ အထူးထူးအပြားပြားတွေကိုလိုက်ပြီး မရှုရရပါဘူးလား ... ရှုရပါတယ်။ ရှုရတဲ့အတွက်ကြောင့် အဲဒီလို ရှုရတာကို ဘာလို့ခေါ်ပါသလဲ ... ဝိပဿနာလို့ ခေါ်ပါတယ်။

နောက်ဆင့်ကာဆင့်ကာ ရှုမှတ်လို့ သမာဓိဉာဏ်တွေ ရင့်ကျက်လာ၍ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်တို့သို့ ရောက်လာတဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တသဘောတွေကို မြင်လာကြပါတယ်။ ဝိပဿနာရှုတဲ့အခါ အနိစ္စ ဒုက္ခ အနတ္တတို့ကို မြင်လို့ရှိရင် အခုပြောခဲ့ပြီးတဲ့အတိုင်း အကျိုးတရားတွေ ရရှိနိုင်ပါတယ်။ သမ္မသနဉာဏ်သို့ ရောက်လာရင် အနိစ္စ ဒုက္ခ အနတ္တတွေ သုံးသပ်ဆင်ခြင်ပြီး သိလာပါတယ်။

နာမရူပပရိစ္ဆေဒဉာဏ် - ရုပ် နာမ်ကွဲတဲ့အဆင့်မှာတော့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ မထင်ရှားလာသေးပေဘူး။ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်လာတဲ့အခါမှာလည်း မထင်ရှားသေးပေဘူး။ အကြောင်းနှင့် အကျိုးမျှသာ ထင်ရှားကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ သုံးသပ်ဆင်ခြင်ပြီးတော့ သိလာကြတယ်။ သမ္မသနဉာဏ်သို့ ရောက်လာတဲ့အခါ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်ဟု ရှုမှတ်လို့ မကြာသေးမီ တစ်ခါတစ်ခါ (၁၀) မိနစ်၊ (၁၅) မိနစ်ခန့်လောက်မှာပင် နာတာ ကျင်တာ အောင့်တာ ကိုက်တာ ခဲတာ မူးတာ ယားတာ အော့ချင် အန်ချင်ရှိတာ ယိမ်းတာ ယိုင်တာ ဖိတာ လေးတာ တွန်းနေတာ ဆွဲနေတာများကို မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။ အော် .. ဒီခန္တာကြီး ခံလိုက်ရတာ၊ ဒုက္ခတုံး ဒုက္ခခဲကြီးပါလားလို့ မထင်လာပါဘူးလား ... ထင်လာပါတယ်။

ဘဝဆိုးတွေ မြင်တတ်ပုံ

ထိုင်၍ရှုမှတ်စဉ် အာရုံနိမိတ်တွေကလည်း ဘာတွေ ထင်လာတတ်ပါသလဲဆိုတော့ အသုဘတွေချည်းပဲ ထင်လာတတ်တယ်။ အလောင်းကောင်တွေ အရိုးစုတွေ မထင်လာတတ်ပါဘူးလား .. ထင်လာတတ်ပါတယ်။ သမာဓိဉာဏ်အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဘဝါဘဝက ဘဝဟောင်းတွေက ဆိုးခဲ့တဲ့ ဘဝအမျိုးမျိုးတွေကိုလည်း မြင်တတ်တယ်။ တချို့တချို့ကလည်း အတိတ်ဘဝက မိချောင်းဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ မိချောင်းပုံသဏ္ဌာန်ကြီးလို၊ အတိတ်ဘဝက လိပ်ဖြစ်ခဲ့လို့ မိမိခန္တာကိုယ်ဟာ လိပ်ပုံသဏ္ဌာန်ကြီးလို အမျိုးမျိုး ထင်နေတတ်ကြပေတယ်။ ကြံခင်းမြို့၊ တရားစခန်းတစ်ခုမှာ တရားထိုင်မှတ်လိုက်လျှင် သူ့ခန္တာကိုယ် နဂါးပုံသဏ္ဌာန်ဖြစ်သွားလို့ ဆရာတော်ကြီးများက ယောဂီတစ်ဦးကို နဂါးယောဂီဟု အမည်ပေးထားဖူးပါတယ်။

သမ္မသနဉာဏ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိပုံ

ဤကဲ့သို့ သမ္မသနဉာဏ်၌ ယောဂီမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလည်း ဖြစ်နေရ၊ အဲဒီပုံသဏ္ဌာန်ဆိုးကြီးများကိုလည်း တွေ့ရတော့ "အော် .. မိမိဘဝဟောင်းတွေက တယ်ဆိုးခဲ့ပါလား" ဟု ဝမ်းနည်းပြီး ချုံးချုံးချ မငိုရပါဘူးလား .. ငိုရပါတယ်။ အော် ... ဆင်းရဲလိုက်တာ၊ မဆင်းရဲပါဘူးလား ... ဆင်းရဲပါတယ်။ ဤခန္တာကိုယ်ကြီးကို ဒုက္ခပဲဟု သုံးသပ်ပြီးတော့ သိတယ်။ ဒုက္ခလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။

နာတာ ကျင်တာတွေကလည်း တစ်မျိုးပြီးတစ်မျိုး၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲပြီး နာလိုက် ကျင်လိုက် အောင့်လိုက် ဖြစ်နေတော့ မြဲပါရဲ့လား... မမြဲပါဘူး။ မမြဲပါလားလို့ သုံးသပ်ပြီးတော့ မသိပါဘူးလား ... သိပါတယ်။ မမြဲခြင်း အနိစ္စလို့ သုံးသပ်ပြီးတော့ သိတာ သမ္မသနဉာဏ် ဖြစ်တယ်။

ဝိပဿနာတရား လာအားထုတ်တာ ချမ်းချမ်းသာသာနဲ့ အားထုတ်ချင်လို့ လာခဲ့တာ အခု ဒီဉာဏ်ကျတော့ ချမ်းချမ်းသာသာနဲ့ အားထုတ်လို့ ရပါရဲ့လား ... မရပါဘူး။ နာတာ ကျင်တာ ကိုက်ခဲတာတွေ လိုချင်လို့ ဝိပဿနာတရား လာအားထုတ်တာပါလား ... မဟုတ်ပါဘူး။ မဟုတ်ပေမယ့် ကိုယ်မဖြစ်ချင်တာတွေ ဖြစ်နေရတယ်။ ကိုယ်အစိုးရပါရဲ့လား .. ကိုယ်အစိုးမရပါဘူး။ ကိုယ်အစိုးမရဆိုတာ ဗမာလိုဖြစ်တယ်။ ပါဠိလိုကျတော့ ... အနတ္တပါ။ မတွေ့ရပါဘူးလား ... တွေ့ရပါတယ်။

အနိစ္စ ဒုက္ခ အနတ္တတွေ မထင်သွားပါဘူးလား ... ထင်သွားပါတယ်။ နေရာကျသွားပြီး။ လောဘ ဒေါသ မောဟ မကောင်းတဲ့ဟိတ်တွေ ပယ်နိုင်သမျှ ပယ်လို့ရသွားပါပြီ။ ကောင်းတဲ့ ဟိတ် အလောဘ အဒေါသ အမောဟတွေ တိုးတက်နိုင်သမျှ တိုးတက်လာပြီဖြစ်တယ်။

နောက် ဆရာသမားတွေ ညွှန်ပြတဲ့အတိုင်း ဆင့်ကာ ဆင့်ကာ ရှုမှတ်လို့ ဉာဏ်စဉ်တစ်ဆင့် တက်သွား၍ ဥဒယဗယဉာဏ် ရောက်သွားတော့ ပြောင်းပြန် ပြန်ဖြစ်သွားတယ်။ လေးလံတာ ထိုင်းမှိုင်းတာတွေလည်း မရှိတော့ပေဘူး။ နာတာ ကျင်တာ အောင့်တာတွေလည်း မရှိတော့ပေဘူး။ မူးတာ ယားတာတွေလည်း မရှိတော့ပေဘူး။ ပေါ့ပါး သွက်လက်ပြီး ကာယလဟုတာ စိတ္တလဟုတာ = ကိုယ်ကလည်းပေါ့ပါး စိတ်ကလည်းပေါ့ပါး၊ ကာယမုဒုတာ စိတ္တမုဒုတာ = ကိုယ်ကလည်း နူးညံ့ စိတ်ကလည်း နူးညံ့။

သမ္မသနဉာဏ်တုန်းကတော့ ယောဂီက စိတ်ဆိုးနေတတ်တယ်။ စိတ်တွေလည်း ညစ်နေတတ်တယ်။ တချို့တချိုသော ယောဂီများ တော်တော်ကို ဆိုးနေတာပါပဲ။ ကမ္မဋ္ဌာန်းဆရာကိုတောင် ပြန်ပြန်ပြီး ပြောနေတတ်တယ်။ ပြန်ပြီး လျှောက်ထားနေတတ်ကြတယ်။

ဆက်ရန် ... ဟေတု ၁(စ)

Read more...

တည်တောဆရာတော် အရိယာဟူသည်...

တည်တောဆရာတော် အရိယာဟူသည်...






















































































































Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP