ကိုထင်လင်းအောင်က ၀ါသနာအကြောင်းလေး Tag တာနဲ့ရေးလိုက်ပါတယ်ဗျာ။ ၀ါသနာနဲ့ ပတ်သက်ပြီး Blogger အများစုရဲ့စာတွေ ဖတ်ကြည့်တော့ စာဖတ်ဝါသနာပါကြတာကို တွေ့ရပါတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ :D စာဖတ်တက်စအရွယ်ကတည်းက ဒီဝါသနာလေး အစပျိုးခဲ့တာပါ။ ကာတွန်းကနေ သိုင်းဝတ္ထု၊ သိုင်းဝတ္ထုကနေ ဆရာချစ်စံဝင်းတို့ ဆရာဖေမြင့်တို့ ရေးသားတဲ့၊ ဘာသာပြန်တဲ့ စာပေတွေ၊ အဲဒီကနေတစ်ဆင့် ဘာသာရေးစာပေတွေပေါ့။ ဘာသာရေးစာအုပ်တွေကိုတော့ ကျွန်တော့်အကိုဆီက “ကျောက်ကွန်းအရေးတော်ပုံ” ဆိုတဲ့ စာအုပ်ဖတ်ရာ ကနေစတာပါ။ ငယ်ငယ်ကတော့ “ဗုဒ္ဓစာပန်းချီလို” ဘာသာရေးကာတွန်းလေးတွေ ဖတ်ခဲ့ပေမဲ့ အမြဲမဖတ်ဖြစ်ခဲ့ပါဘူး။ ကျောက်ကွန်းအရေးတော်ပုံ စာအုပ်ဖတ်ပြီးနောက်ပိုင်းတော့ ဘာသာရေးစာအုပ်တွေကိုပဲ ဦးစားပေး ဖတ်ဖြစ်ခဲ့တာပါ။ စာဖတ်ဝါသနာပါအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အစ်ကိုနဲ့ အစ်မတို့ကို အထူးကျေးဇူးတင်ရမှာပေါ့။ စာဖတ်ဝါသနာနဲ့ ပတ်သက်ပြီး Macaulay ရဲ့ စကားကလည်း မှတ်သားဖွယ်ရာပဲဗျ။

“I would rather be a poor man in a garret with plenty of books than a king who did not love reading.” စာဖတ်ဝါသနာမပါတဲ့ ဘုရင်တစ်ပါးဖြစ်ရမှာထက် ထပ်ခိုးပေါ်မှာ စာအုပ်တွေ အများကြီးရှိတဲ့ ဆင်းရဲသားလေးပဲ ဖြစ်ချင်ပါသတဲ့။ စကားပုံတစ်ခု သတိရလာလို့ ထပ်ရေးလိုက်ပါတယ်။ “စာအုပ်မရှိတဲ့ အခန်းဟာ အသက်ဝိဥာဉ်မရှိတဲ့ ခန္ဓာကိုယ်လိုပါပဲ” ( A room without book is as a body without a soul.)

အဲ… နောက်ထပ်ဝါသနာတစ်ခုကတော့ စစ်တုရင် ကစားတာဗျ။ သူငယ်ချင်းတွေနဲ့ စစ်တုရင် ကစားနေရလို့ကတော့ လောကကြီးတစ်ခုလုံးကို အမေ့ပဲ။ ဒါကြောင့်လဲ အင်္ဂလိပ်စာပေမှာ weakness for ဆိုပြီး သုံးထားတာဖြစ်မယ်။ ကိုယ်တိုင်က တိုင်းလက်ရွေးစင် စစ်တုရင်သမားတစ်ယောက် ဖြစ်ပေမဲ့ မအားလပ်တဲ့ တာဝန်တွေကြောင့် စစ်တုရင်လေးကို မေ့ထားရတာကြာပေါ့ဗျာ။ (ဟီး ဒါကကြုံတုန်း ကြွားတာ) ကျွန်တော်က ကြိုက်တဲ့ စကားပုံလေးတွေ မိန်.ကြားချက်လေးတွေ မှတ်ထားလေ့ရှိတော့ စစ်တုရင်နဲ့ ပတ်သက်ပြီး အဲလ်ဖရက်ဘီနက် ပြောခဲ့တာလေးသွားသတိရ မိပြန်ပါတယ်။ သူပြောခဲ့တာက ” စစ်တုရင်သမားတစ်ယောက်ရဲ့ ခေါင်းထဲကိုဝင်ကြည့်မယ်ဆိုရင် စိတ်ကူးစိတ်သန်းများ တွေးခေါ်ချက်များ စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေတဲ့ ခံစားချက်ကမ္ဘာလေးကို တွေမြင်ရမှာဖြစ်ပါတယ်” တဲ့။ စုံထောက်ဇတ်ကောင်ကြီးလင်းလေးကတော့ “လူသတ်မှု ၁၀မှုမှာ မတွေ့ရှိနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်မှုများကို စစ်တုရင်ကစားပွဲ တစ်ပွဲထဲမှာ တွေ့ရှိနိုင်ပါတယ်” တဲ့။

အဲ… ကိုထင်လင်းအောင်လို အင်္ဂလိပ်စာမှာလည်း ၀ါသနာပါတာပဲ၊ ကွန်ပျူတာရောပဲ ဟီးးးး။ ဒါပေမဲ့ “Jack of all trades, but the master of none.” ဆိုလားဗျာ၊ အဲဒီစကားလိုပဲ ဘယ်နေရာမှ ကောင်းကောင်းမထူးချွန်ဘူး။ ကဲ အကိုရေ၊ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါဗျာ။ မအားတဲ့ကြားက ရေးလိုက်ပါတယ်၊ သတိတရနဲ့ ရေးခိုင်းတဲ့ အတွက်လည်း ကျေးဇူးပါဗျာ။ ကိုထင်လင်းအောင်ရေ ကျွန်တော်လည်း ဘယ်သူ့ကိုမှ မ Tag ထားသေးဘူးနော်။ ဒါပေမဲ့ ကျွန်တော့်ကို Tag ထားသူတွေကိုတော့ မှတ်ထားတယ်။ ကြုံတဲ့အခါမှပေါ့ဗျာ ဟဲဟဲ..။ နောင်တော်ကိုထင်းလင်းအောင် တစ်ယောက်အစစအရာရာ အဆင်ပြေပါစေဗျာ။ (အသက်ဘယ်လောက်လဲ တော့မသိဘူး။ ကိုယ့်ထက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အစ်ကိုပဲ ဟီးးး)