* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 19, 2009

Good Causes

What ’should’ a Buddhist believe in ?

If you associate ‘Buddhism’ as something good, then it often follows that other causes you think to be ‘good’ should be associated with Buddhism. This grouping is something that the fabulous psychologist George Kelly called a ‘constellation construct’. It can be misleading.

For instance. Einstein had some positive things to say about Buddhism, and yet, why should we take the word of a mathematician seriously when it comes to religion? Because we associate Einstein with being clever, with being brainy, it is assumed that his views on topics other than cosmological mathematics are worthy. Rather like the old joke:

I found an old painting and an old violin in my attic and it turned out they are a Rembrandt and a Stradivarius. Unfortunately Stradivarius was a terrible painter and Rembrandt made lousy violins.

What good causes should a Buddhist be supporting ? Vegetarianism? Environmental causes? Saving trees, whales, or rare Colombian toads? Left wing politics – should a Buddhist be an Obama voter ? Women’s rights, yoga, dietary awareness in schools, cancer research? Support for old people, young people, homeless people, sick people, Pans People?. Or how about resolving the energy crisis by installing solar panels, water collection/filtration, or a vertical axis wind turbine ? Arts, sports or national heritage?

In fact all the above really are good causes. But they are not the realm of Buddhism. It may well be that a particular Buddhist engages in a good cause – such as Thailand’s Phra Payom engaging in a large number of well run and beneficial social welfare causes. Or other temples engaging in helping AIDS patients or drug addicts. While these are good causes, they are not the aim of Buddhism.

The aim of Buddhism is ultimate enlightenment. Attaining the Summon bonum of existence, which we are assured is real, present, and attainable. Mother Teresa ran an awesome and inspiring Missionaries of Charity foundation that did great work – but it had its eyes set on the relief of illness rather than the Ultimate Good.

It does not have to be all or nothing – Westerners tend to take things to unreal extremes. There is no reason why you cannot incorporate volunteering for the Missionaries of Charity and still practise meditation and Buddhism. You can pursue an interest in wind turbines and compressed-air driven cars. You can engage in social welfare, or save trees etc… But these ‘good causes’ are not Buddhism, and we should not expect Buddhists to undertake or support them necessarily. The real and crucial role of the Sangha is to safeguard and maintain the teaching of Enlightenment, so that people of all following generations know that it is there. Even the Buddha had heard of enlightenment – it was called the Amata or Deathless. On the day of his Enlightenment he declared

I have discovered the Deathless

Had that teaching not been around, he would never have embarked on the Path.

So do not confuse the myriad of good causes with the teachings of Buddhism. These are a good cause, and a worthy cause in and of themselves for those who wish to follow. This is why Thais like to build big stupas or fancy dhamma halls. Why shouldn’t the religion of the society be celebrated? Some people complain the money should have been given to a ‘good cause’, and yet we see buildings all over Bangkok dedicated to perfume manufacturers or pastry schools (Ekamai), banks, cars, video games, cinemas and bars … and any number of other ultimately unenlightening organisations.

Read more...

သတိပဋ္ဌာန်စစ်စစ်

ဓမ္မဓရ---- တရားဟောတာနားလည် သလိုလိုနဲ့ နားမလည်တာတွေအများကြီးပါလား ဘုရား။

အရှင်ဘုရားစိတ်အကြောင်းကိုရှင်းပြတုံးက နားလည် သလိုလို ဖြစ်ခဲ့ တယ်။အခုမှစိတ်အကြောင်း နားမလည်ရင် ကိုယ်ထင်သလိုလုပ်နေတတ်တယ်ဆိုတာ သိလိုက်ရပါတယ်။ ကိုယ်ထင်သလို လုပ်နေသမျှ အမှန်တရားကိုလုံးဝ တွေ့နိုင်မှာမဟုတ်ပါဘူး။အမှန်တရားကိုမတွေ့ သေးသမျှဘဝရဲ့ ရပ်တည်ရာကိုလုံးဝရနိုင်မှာမဟုတ်ပါဘူးဘုရား။ အရှင်ဘုရားပြောပြတဲ့အတိုင်း အတိတ်ကိုလည်းတွေးပူမနေတော့ပဲ အနာဂတ်ကိုလည်းကြိုပြီး မျှော်မနေတော့ပဲ (ပျက်နေတယ်၊ပျက်နေတယ်) ဟုသာစိတ်ရော၊နှုတ်ပါ အေးအေးဆေးဆေး ရွတ်နေလိုက်ပါတယ်။ ဘာကိုမှတာဝန်ယူမထားတော့ပဲ (ပျက်နေတယ်)-လို့ရွတ်ရမဲ့အလုပ်တစ်ခု တည်း သာထားလိုက်ပါတော့တယ်။ (ပျက်နေတယ်)-လို့အေးအေးဆေးဆေးရွတ်နိုင်လေလေ လိုချင် ဖြစ်ချင်မှု ငြိမ်းအေးလေလေဖြစ်သွားပါတော့တယ်..။လိုချင်ဖြစ်ချင်ရချင်မှု ငြိမ်းအေးလေလေ..။ (ပျက်နေတယ်)လို့အေးအေးဆေးဆေး ရွတ်ရတာ ပျော်ရွှင်လေ ဖြစ်လာပါတယ်။ စိတ်ရဲ့ ငြိမ်းအေးမှု ၊တည်ကြည်မှုများရရှိပြီး စိတ်မှာ အင်အားဖြစ်လာ သလို ခံစားရတယ်ဘုရား။ဒါပေမဲ့ (ပျက်နေတယ်) ဆိုတဲ့ စကားလုံးပေါ်မှာ ရပ်နေသလို ဖြစ်ပြီး မေ့လွယ်၊လွတ်လွယ် ဖြစ်နေပါတယ်။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာညွှန်ကြားပေးတော်မူပါဘုရား။

ဦးဝိဇယ---လိုချင်၊ဖြစ်ချင်၊ရချင်မှု ပရိယုဋ္ဌာန ကိလေသာ ငြိမ်းအေးသွားတဲ့ အချိန်ကို သမ္မာသမာဓိ ရတယ်လို့ခေါ်ပါတယ်..။ သမ္မာသမာဓိရသော်လည်း မေ့လွယ်ပျောက်လွယ်ဖြစ်နေလျှင် ကိုယ့်ကိုကို သိရုံလေး သိကြည့်ပါ။ သွားရင်လည်းသိရုံသိပြီးသွားပါ။ ကိုယ်ဘာအလုပ်ကိုပဲလုပ်လုပ် သိရုံသိပြီးလုပ်ပါ။ လျောင်းရင်လည်းသိရုံသိနေပါ။ (ပျက်နေတယ်)ဟိုရွတ်ရင်း ကိုယ့်ကိုကို သိနေပါဘုရား။ ဓမ္မဓရ---- တပည့်တော်လုပ်ကြည့်တဲ့အခါမှာ အလုပ်-၂ခုဖြစ်နေပါတယ်။ ပျက်နေတယ်လို့ရွတ်ရတဲ့အလုပ် ကတစ်ခု ကိုယ့်ကိုကို သိရတဲ့အလုပ်ကတစ်ခုဟု နှစ်မျိုးဖြစ်နေပါတယ်။ ကိုယ့်ကိုကို သိရာမှာ ထိုင်နေရင် ငုတ်တုတ်ကိုသိနေတယ်..။ သွားနေရင် လည်းမတ်တတ်လှုပ်ရှားတာ ကိုသိနေတယ်။သွားခြင်း၊ရပ်ခြင်း၊ထိုင်ခြင်း အိပ်ခြင်းဆိုတဲ့စကားကိုမှီပြီး တစ်ယောက်တည်းနှစ်ကိုယ်ကွဲပြီး ကိုယ့်ကိုဘေးနားက လူတစ်ယောက် ကြည့်နေသလို သိနေပါတယ်။ အဲလိုသိတာမှန်ပါသလားဘုရား။

ဦးဝိဇယ---အဲလိုသိရမှာလုံးဝမဟုတ်ပါဘူး။သွားရပ်၊ထိုင်လျောင်းဟူသော ပညတ်မပါပဲ သိရမှာဖြစ်ပါတယ်..။နှစ်ကိုယ်ကွဲပြီးသိရမှာ မဟုတ်ပါဘူး။ပျက်နေတယ်--ဟုသိသောအသိနှင့် တစ်ထပ်တည်းသိရမှာဖြစ်ပါတယ်..။ အလုပ်တစ်မျိုး တည်းဖြစ်သွားမှ မှန်ပါတယ်ဘုရား။ လက်တွေ့ပြောရရင် ---အရှင်ဘုရားသည်နားမှာအိပ်လိုက်ပါ။ ခြေကိုဆန့်ထားလိုက်ပါ။ လက်ကိုလည်း ခန္ဓာကိုယ်ဘေးမှာ ဆန့်ချထားပါ။ လူသေကို ကျင်းထားသလို ကျင်းထားပါ။ တကိုယ်လုံးဘယ်နေရာမှ တင်းမထားပါနဲ့။ အားလုံး လျှော့ချထား လိုက်ပါ။ တင်းတာကြပ်တာ ဘယ်နေရာမှမရှိအောင် လျှော့ချထား လိုက်ထားပါ။စိတ်ကိုလည်းတင်းမထားပါနဲ့။ လျှော့ချပြီး စိတ်နဲ့ပျက်နေတယ်---ဟုအေးအေးဆေးဆေး ရွတ်ရင်း လျှော့ချထားသော တစ်ကိုယ်လုံး သိကြည့်ပါ။အပြင်က အိပ်နေတယ်ဟု ပုံမဖော်ပဲ အတွင်းထဲကပဲ သိရုံလေးသိပြီး နေကြည့်ပါဘုရား။

ဓမ္မဓရ---- ကိုယ့်ကိုကိုသိဆိုတာ ကိုသဘောပေါက်ပါပြီဘုရား။ တပည့်တော်သိစရာကိုလိုက်ရှာနေလို့ မသိတာပါဘုရား။ အရှင်ဘုရား ခိုင်းတဲ့အတိုင်း အိပ်ရင်းနဲ့သိကြည့်နေတော့ ပျက်နေတယ်ဟုရွတ်တာနဲ့ သိရတာနှစ်မျိုး မဟုတ်ပါဘူးဘုရား။ပျက်နေတယ်ဟုရွတ်သောအသိထဲမှာ ကိုယ့်ကိုကို သိခြင်းပါနေပါတယ်ဘုရား။ကိယ့်ခန္ဓာကိုယ်ကိုသိရုံသိပြီး ဂရုစိုက်ကြည့်တဲ့အခါ တပည့်တော် ခန္ဓာထဲမှာ အပ်ဖျား ချစရာ နေရာမရှိသလောက် မငြိမ်သက်တဲ့သဘောကို တွေ့ရပါတယ်..။ မငြိမ်မသက်ကလည်း မျက်စိဖြင့်မြင်ရတဲ့ မငြိမ်တာမျိုး မဟုတ်ပါဘူးဘုရား။ မငြိမ်မသက်တဲ့သဘောမျှ သက် သက်ပါဘုရား။အဲသလို သိရင်း ပျက်နေတယ်ဟု ရွတ်တော့ ရွတ်မှတ်ရတာ မြဲလာတယ် ဘုရား။ယခုပြောတဲ့အတိုင်း မှန်ပါသလားဘုရား။

ဦးဝိဇယ----အရှင်ဘုရားသိလိုက်တာ အားလုံးမှန်ပါတယ်ဘုရား။အရှင်ဘုရားသိလိုက်တဲ့ သိစရာဟု ရုပ်တရားရဲ့ ဖောက်ပြန်တဲ့သဘော ကိုသိလိုက်တာဖြစ်ပါတယ်..။အဲဒီသိစရာကို စာကပြောတယ်..။ နှမ်းအိုးကင်းထဲက နှမ်းတွေ ကျပ်သလို ၊ရေစီးသလို၊ ဆီမီးလျှံလို စသည်ဖြင့်ဥပမာတွေအမျိုးမျိုး ပေးကြပါတယ်..။အရှင်ဘုရားသိလိုက်တဲ့ သိစရာဟာ အရှိတရားဖြစ်ပါတယ်..။ အရှိတရားကို သတိထားတတ် သတိထားနိုင်တော့ သတိပဋ္ဌာန်ဖြစ်ပါတယ်ဘုရား။ နာမည်တပ်လို့မရ၊ သိလို့သာ ရသောသိစရာကို သိမြင်ခြင်း ဖြစ်ပါတယ်..။စိတ်မှာပုံဖော်ပြီး ပြောလို့မရ..
  • -သိလို့သာရသောသိစရာ ကိုသိလိုက်ခြင်းဖြစ်ပါတယ်..။
  • -ရှာဖွေကြံစည် ၍ သိလို့မရသော သိစရာကို သိလိုက်ခြင်းဖြစ်ပါတယ်။
  • -ပြောပြလို့မရသော သိစရာကို သိလိုက်ခြင်းဖြစ်ပါတယ်။
  • -ပြောပြ၍မရ သိလို့သာ ရသော သိစရာကိုသိလိုက်ခြင်းဖြစ်ပါတယ်။
  • -လိုချင်မှုနှင့် သိလို့မရသော သိစရာကို သိလိုက်ခြင်းဖြစ်ပါတယ်။
  • - ဖြစ်ချင်မှု၊ရချင်မှုများနှင့် သိလို့မရသော သိစရာများကို သိလိုက်ခြင်းဖြစ်ပါတယ်။
  • -ပရိယုဋ္ဌာနကိလေသာငြိမ်းအေးသွားမှ သိလို့ရသောသိစရာကို သိလိုက်ခြင်းဖြစ်ပါတယ်..။
  • -ကိုယ့်အထင်နှင့် သိလို့မရသော သိစရာကို သိလိုက်ခြင်းဖြစ်ပါတယ်--ဘုရား။

သိတာနှင့်သိစရာကို မျက်ခြေအပြတ်မခံပဲ ထပ်ခါသိနိုင်အောင်ကြိုးစားပေးပါဘုရား။ ကိုယ်တွေ့ ဉာဏ်တွေ့ သတိပဋ္ဌာန်စစ်စစ် ဖြစ်ပါပြီဘုရား။သတိပဋ္ဌာန် လေးပါးလုံး ပါဝင်သော သိစရာကိုသိနေခြင်းဖြစ်ပါတယ်ဘုရား။

Read more...

သာသနာကို ဖျက်ဆီးမည့်သူများ……

သာသနာစစ် သာသနာမှန်ဟူသည် မြတ်စွာဘုရား၏ အဆုံးအမများကို တသွေမတိမ်း လိုက်နာသူများ၏ လက်ဝယ်တွင်း၌သာ ထာဝရ တည်မြဲနိုင်မည်။

သာသနာကို ဗန်းပြပြီး မိမိကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေသူများ၊ တရားစစ်တရားမှန်ကို သေသေချာချာ သဘောပေါက်နားလည်မှုမရှိပဲ ထင်ရာစိုင်းနေသူများ၊ ကိုးကွယ်မှု အရောရောအထွေးထွေးနဲ့ အီယောင်ဝါး ယုံကြည်နေကြသူများ၊ များပြားလာသည်နှင့်အမျှ သာသနာကွယ်ပျောက်ရန် အန္တရာယ်မှာ တနေ့တခြား ကြီးမားလာပါတယ်။ ဗုဒ္ဓသာသနာကို ဖျက်ဆီးမည့်သူများမှာ လူမျိုးခြား၊ ဘာသာခြားများ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်အမည်ခံ အယောင်ဆောင်ထားသူများသာ အနီးကပ် ပူးသတ်ဖျက်ဆီးကြမှာ ဖြစ်ပါတယ်။


ဝေဖန်ထောက်ပြမှု နဲ့ ပုတ်ခတ်စွပ်စွဲမှု

ဝေဖန်ထောက်ပြမှုနဲ့ ပုတ်ခတ်စွပ်စွဲမှု ဆိုသည်မှာ များစွာ ခြားနားလှပါတယ်။ ဝေဖန်ထောက်ပြမှုတွင် ပြုပြင်ပြောင်းလဲစေလိုသော စေတနာကောင်းများစွာပါဝင်နေပြီး၊ ပုတ်ခတ်စွပ်စွဲမှုတွင်မူ လူတစ်ယောက်၏ ဘဝကို နစ်မွန်းဆုတ်ယုတ် သွားစေလိုသော စေတနာဆိုးများစွာ ပါဝင်နေပါတယ်။ ဝေဖန်ထောက်ပြမှုသည် မှန်ကန်သော အချက်အလက်ပေါ်မူတည်နေပြီး၊ ပုတ်ခတ်စွပ်စွဲမှုသည် မှားယွင်းမှုအပေါ် မူတည်လေ့ရှိပါတယ်။

ဝေဖန်ထောက်ပြ ပြောဆိုမှုကြောင့် တဖက်သားက အရှက်ကြီးစွာနဲ့ ပြုပြင်ပြောင်းလဲလိုက်မည်ဆိုပါက ဝေဖန်သူသာမက ဝေဖန်ခံရသူအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ဝေဖန်ခံရသူအနေဖြင့် ဝေဖန်သူ၏ ထောက်ပြမှု မှန်ကန်နေပါက ပြုပြင်ပြောင်းလဲလိုက်ဖို့ ဝန်မလေးမှသာလျှင် မိမိကိုယ်မိမိ သူတော်ကောင်းအဖြစ် ပြသပြီးသား ဖြစ်သွားမှာပါ။ ထိုသို့မဟုတ်ပဲ ဝေဖန်သူကို ရန်လုပ်ခြင်း၊ အရွဲ့တိုက်ပြီး အမှားများ ဆက်လုပ်နေပါက၊ မည်သူမပြု မိမိမှု ဆိုသကဲ့သို့ လက်ရှိဘဝတွင်သာမက သံသရာတလျှောက်မှာပါ မိမိပြုသော အမှားကံ၏ ဆိုးကျိုးကို ခံစားရမည်မှာ ဧကန်မုချပင် ဖြစ်ပေလိမ့်မည်။


သူတော်ကောင်းဖြစ်မည်ဆိုပါက….

လူတိုင်း လူတိုင်းသည် အနည်းနဲ့အများဆိုသလို အမှားများစွာ လုပ်ဖူး ကြုံဖူးကြပါတယ်။ လူ့ဘောင်လောကတွင် အမှားများနဲ့ကင်းသူ၊ ပြည့်စုံမှန်ကန်လွန်းသူ ရှားပါးလှပါတယ်။ ဤနေရာတွင် လူအမျိုးအစား ၄ မျိုးကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

၁)အမှားကို အမှားမှန်းမသိမြင်သူ (ဥာဏ်ရည်နိမ့်ပါးပြီး၊ အသိဥာဏ်အမှောင် ဖုံးလွှမ်းမှု အားကြီးသူ)

၂)အမှားကို အမှားမှန်းသိသော်လည်း၊ အမှန်ကိုမလိုက်နာချင်သူ (ဥာဏ်ရည် အနည်းငယ်မြင့်မားသော်လည်း၊ အသိဥာဏ်အမှောင် ဖုံးလွှမ်းနေသေးသူ)

၃)အမှားကို အမှားမှန်းသိမြင်ပြီး၊ အမှန်ပြင်ဆင်ရန် ဝန်မလေးသူ (ဥာဏ်ရည်မြင့်မားပြီး၊ အသိဥာဏ်အလင်းရှိသူ)

၎)အမှားကို အမှားမှန်း သိလျှင်သိခြင်းး၊ အမှန်ပြင်ဆင်ရုံမက ဝန်ချတောင်းပန်ရန် ရည်သန်သူ (ဥာဏ်ရည်မြင့်မား၊ အသိဥာဏ်အလင်းရှိရုံမက မာနအလျဉ်းမရှိသူ)

အထက်ပါ လူအမျိုးအစား ၄မျိုးအနက် နောက်ဆုံးအမျိုးအစားသာလျှင် သူတော်ကောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။


သာသနာပြုနေသူ စစ်မှန်မည်ဆိုပါက……

သာသနာပြုရာတွင် မိမိကိုယ်ကို သာသနာပြုခြင်းနဲ့ အများသူငါကို သာသနာပြုခြင်းဟု နှစ်မျိုးနှစ်စားရှိပါတယ်။

မိမိကိုယ်မိမိ သာသနာပြုနေသူအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တရားနဲ့ ကိုယ်နေပြီး မိမိတစ်ကိုယ်တည်းစား ကောင်းစားဖို့ ဘေးပတ်ဝန်းကျင်ကို မကြည့်ပဲ နေနိုင်ပါတယ်။ ဒါပေမဲ့ အများသူငါကို သာသနာပြုနေကြသူများအနေနဲ့ မိမိအရေးသာမက မိမိပတ်ဝန်းကျင်ရှိ လူအများအတွက် အကျိုးယုတ်စေမည့်၊ အယူမှားစေမည့် အရေးကိစ္စများ ပေါ်ပေါက်လာပါက မည်သူမျက်နှာမျှ မထောက်ထား မညှာတာပဲ သာသနာမျက်နှာတခုတည်းကိုပဲ ကြည့်လျက် ဝေဖန်ထောက်ပြသင့်ပါတယ်။

အထူးသဖြင့် ရဟန်းသံဃာတော်များအနေနဲ့ မိမိကိုယ်ကို သာသနာပြုတဲ့ အဆင့်ကို ကျော်လွန်လျက် အများအတွက် သာသနာပြုနေသူများ ဖြစ်ပါသောကြောင့် မိမိမြင်တွေ့ကြားသိနေရသော အမြင်အကြားမတော်လျော်သော အရေးကိစ္စများကို မည်သူ့ကိုမျှ မထောက်ထားမညှာတာပဲ ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြသင့်ပါတယ်။ အထူးသဖြင့် မိမိတို့၏ တပည့်သား ရဟန်းသံဃာတော်များ၏ ဝိနည်းစည်းကမ်းဖောက်ဖျက်မှုများ၊ လူမှုဆက်ဆံရေးနယ်ပယ် ကျော်လွန်မှုများ၊ ကာယကံ ဝစီကံ မနောကံဖြင့် ဖောက်ပြားကျူးလွန်နေမှုများ၊ မတရားမှုများကို ဆုံးမ အပြစ်ပေး အရေးယူသင့်ပါတယ်။ ရေငုံနှုတ်ပိတ် မိမိနဲ့ မသက်ဆိုင်သလိုနေခြင်း၊ အမုန်းခံရမည်ကိုစိုးရိမ်နေခြင်း၊ အကြောက်တရားနဲ့ မပြောရဲမဆိုရဲခြင်း သည် သာသနာပြုရာမရောက်ပဲ၊ သာသနာဖျက်နေသည်ကို သွယ်ဝိုက်သောနည်းဖြင့် အားပေးရာ ရောက်နေပါတယ်။ သာသနာ့တာဝန်မကျေပြွန်ပဲ သာသနာ့အာဇာနည် မပီသရာ၊ သံဃာ့ဂုဏ်ကို မစောင့်ထိန်းရာ အဖြစ်သို့ ရောက်မှန်းမသိ ရောက်နေပါတယ်။ ထို့အတူ တချိန်တည်းမှာပင် မင်းကျင့်တရားနဲ့ အညီ မအုပ်ချုပ်သော၊ သာသနာပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ကိုင်နေသော အစိုးရမင်းနှင့်တကွ၊သာသနာကို အရောင်ဆိုးချင်နေသော လူတစ်ဦးချင်းစီသာမက၊ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းများ၏ ကမောက်ကမ အခြေအနေများကိုပါ ဝေဖန်ထောက်ပြ ဆုံးမသင့်ပါတယ်။


သာသနာဖျက်နေသူများမှာ…..

အဓိက သာသနာဖျက်နေသူများမှာ - မြတ်စွာဘုရား၏ အဆုံးအမသာသနာကို လက်တလုံးကြား မျက်ကွယ်ပြုလျက်ရှိသော၊ သာသနာပြုအမည်ခံ အစိုးရမင်း၊ လူ့အဖွဲ့အစည်းများနှင့် အချို့သော ရဟန်းသံဃာတော်များ ဖြစ်ပါတယ်။


သာသနာဖျက်နေသော အစိုးရမင်းနဲ့ နောက်လိုက်နောက်ပါများ

နိုင်ငံအတွင်း တရားပွဲများ ဆိတ်သုဉ်းပြီ ဆိုပါက သာသနာကွယ်ပျောက်ခြင်း၏ အစပင်ဖြစ်သည်။ ရဟန်းသံဃာတော်များအား ဖိနှိပ်ချုပ်ချယ်ခြင်း၊ တရားပွဲများအား အကန့်အသတ်ဖြင့်ခွင့်ပြုခြင်း၊ မြတ်စွာဘုရား၏ အဆုံးအမ သာသနာများကို လွတ်လပ်မှန်ကန်စွာ ဟောပြောခွင့် မရခြင်းများသည် သာသနာကွယ်ပျောက် စေနိုင်သည့် အကြောင်းအချက်များဖြစ်သည်။ ထို့ပြင် မိမိတို့၏ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် ဘုရား၊စေတီ၊ပုထိုးများကို အသုံးချလျက်၊ မကြံစည်သင့် မကြံစည်ကောင်းသော ဗေဒင်၊ ယတြာ၊ လက်ဖွဲ့၊ အင်းအိုင် စသည့် အောက်လမ်းနည်းမျိုးစုံဖြင့် အသိဥာဏ်နိမ့်ပါးစွာ ပြုလုပ်နေခြင်းဖြင့်လည်း မြင့်မြတ်လှသော သာသနာကို ဖျက်ဆီးလျက်ရှိကြပါတယ်။ အယူမှား၊ ကိုးကွယ်မှုမှား၊ လုပ်ရပ်မှားများဖြင့် ဗုဒ္ဓသာသနာကို စံနစ်တကျ ဖျက်ဆီးနေကြပါတယ်။ အမှားများထောက်ပြ အမှန်ပြလျက် ဆုံးမပေးသော ရဟန်းသံဃာတော်များကို မထီမဲ့မြင်ပြုလျက် တရားပွဲများ ပိတ်ပင်ခြင်း၊ လက်မှတ်ထိုး၊ ဝန်ခံချက်ထိုးခိုင်းခြင်းဖြင့်လည်း မြတ်စွာဘုရား၏ သာသနာကို စော်ကားမော်ကားပြုလျက်ရှိပါတယ်။


သာသနာဖျက်နေသော သာသနာပြုအမည်ခံ လူပုဂ္ဂိုလ်များနှင့် လူ့အဖွဲ့အစည်းများ

မြတ်စွာဘုရားလက်ထက်တော်က ဂိုဏ်းဂဏ၊ အသင်းအဖွဲ့အစည်းရယ်လို့ မရှိခဲ့ပါဘူး။ ထေကြီးဝါကြီး ဝါစဉ်အလိုက် အဆင့်ဆင့် အရိုအသေပေး၊ ရဟန်းတစ်ပါးနှင့်တစ်ပါး စည်းလုံးညီညွတ်ခဲ့ပါတယ်။ ဘွဲ့တံဆိပ်အလိုက်၊ ရာထူးအလိုက်၊ နေရာပေးခြင်းမျိုးမဟုတ်ပဲ၊ ရဟန်းဝါစဉ်အလိုက် ဝိနည်းစည်းကမ်းနဲ့အညီ နေရာပေးခဲ့ကြပါတယ်။

ယနေ့အချိန်အခါမှာတော့ ရဟန်းသံဃာတော်များကို ဘွဲ့တံဆိပ်တော်များ၊ အသင်းအဖွဲ့အစည်း ရာထူးအဆောင်အယောင်များ အပ်နှင်းခြင်းဖြင့် တစ်ပါးနှင့်တစ်ပါး အပြိုင်အဆိုင်ဖြစ်လာစေပါတယ်။ စစ်မှန်သော အရည်အချင်းဖြင့် အပ်နှင်းသော ဘွဲ့တံဆိပ်တော်များမဟုတ်ပဲ၊ လာပ်ပေးလာပ်ယူနည်းဖြင့် အပ်နှင်းသော ဘွဲ့တံဆိပ်တော်ဖြစ်ခြင်းကြောင့်၊ မြတ်စွာဘုရား၏ အဆုံးအမ စာပေများကို လေ့လာအားထုတ်မှုများ အားနည်းလာစေခဲ့ပါတယ်။ ထို့ပြင် မိုးကုတ်၊ မဟာစည်၊ စွန်းလွန်း စသည့် အသင်းအဖွဲ့များ၏ ပြိုင်ဆိုင်မှုများကြောင့်လည်း သံဃာတော်များကို ဂိုဏ်းခွဲသင်းခွဲနေသကဲ့သို့ ဖြစ်စေပြီး၊ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး အားပြိုင်မှုများ ဖြစ်စေပါတယ်။ ပျံလွန်လေပြီးသော ဆရာတော်ကြီးများအနေဖြင့် ယခုကဲ့သို့ ဂိုဏ်းဂဏများ ပေါ်ပေါက်ခြင်းကို နှစ်သက်တော်မူကြမည်မဟုတ်ပေ။

တရားတော်များအားလုံးမှာ မြတ်စွာဘုရားဟောကြားခဲ့သော တရားတော်များသာဖြစ်သော်လည်း အာစရိယဝါဒ ဦးစားပေးမှုကြောင့် မိုးကုတ်တရား၊ မဟာစည်တရား၊ စွန်းလွန်းတရား စသည် စသည်ဖြင့် ဝိဝါဒ ကွဲပြားမှုများ ဖြစ်နေစေပါတယ်။ သာသနာ၏ ရေသောက်မြစ်သဖွယ်ဖြစ်နေသော စာသင်တိုက်များမှ ရဟန်းသံဃာတော် သာမဏေလေးများ၊ ဦးဇင်းများအတွက် ဆွမ်းကွမ်းအထောက်အပံ့များ၊ စာအုပ်စာတမ်း စာရေးကိရိယာများ လှူဒါန်းကြမည့်အစား တရားရိပ်သာအသီးသီးတွင် တရားဝိဝါဒ၊ ဂိုဏ်းစွဲ ဂဏစွဲဝိဝါဒများနှင့် လုံးလည်ချာလည်လိုက်နေသော အိုးခြမ်းပဲ့လူပုဂ္ဂိုလ်များကိုသာ အပြိုင်အဆိုင်လှူဒါန်းနေခြင်းဖြင့် မယောင်ရာဆီလူးနေကြပါတယ်။

တရားစစ် တရားမှန်ထွန်းကားရာ နိုင်ငံတွင် ၃၇နတ်မင်းများ ပျော်မြူးရာ တောင်ပြုန်းပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခြင်း၊ ငွေသန်းပေါင်းများစွာအကုန်ကျခံပြီး နတ်သဘင်ပွဲ ဆင်နွှဲခြင်း၊ ဗေဒင် ယတြာ အောက်လမ်းနည်းများကို ယုံယုံကြည်ကြည်ဖြင့် ပြုလုပ်နေကြခြင်း၊ ကံ-ကံ၏အကျိုးကို မယုံကြည်ပဲ အလွယ်လိုက် အချောင်နည်းဖြင့် ချဲထီ နှစ်လုံးထီများကို စည်းစိမ်ပြုတ်ထိုးနေကြခြင်း၊ ကောင်းရာကောင်းဝယ် လုပ်ကိုင်ခြင်းမပြုကြတော့ပဲ အူမတောင့်မှ သီလ စောင့်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်များဖြင့် သီလမလုံခြုံ၊ ကံသုံးပါးကို မထိန်းသိမ်းတော့ပဲ ထင်ရာစိုင်းခြင်းဖြင့် သာသနာပျက်စီးရာပျက်စီးကြောင်းသို့ ဦးတည်လျက်ရှိနေပါတယ်။

အလှူအတန်းပေးကြရာတွင်လည်း အမှန်တကယ်လိုအပ်နေသော လူများကို ပေးလှူခြင်းထက် မိမိတို့အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့်၊ အာဏာ တည်မြဲရေးကို ဖြစ်စေမည့် ဘုရားတည် ကျောင်းဆောက် ထီးတင်ခြင်းဖြင့် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်နေကြပါတယ်။ လက်တဖက်က လှူဒါန်းနေပြီး၊ ကျန်လက်တဖက်က ပြန်ခိုးယူခြင်းသည် ကုသိုလ်တစ်ပဲ အကုသိုလ်တစ်ပိဿာ ဖြစ်နေသောအလှူ ဖြစ်နေပါလိမ့်မည်။ အမှန်တကယ် မြတ်စွာဘုရား၏ အဆုံးအမသာသနာကို ရင်ဝယ်ကိန်းသူဖြစ်မည်ဆိုပါက မြတ်စွာဘုရား၏ လမ်းစဉ်ကို ကျင့်သုံးကြမှာ ဖြစ်ပါတယ်။ အဓိက နဲ့ သာမညကို ခွဲခြားနိုင်ပြီး မည်သည်ကို ဦးစားပေးဆောင်ရွက်ရမည်ဆိုတာကို သဘောပေါက်နားလည်သင့်ပါတယ်။


သာသနာဖျက်နေသော အချို့သောရဟန်းသံဃာတော်များ..

ယနေ့ခေတ် အချိန်အခါကာလသည် ဝိမုတ္တိသာသနာထွန်းကားနေသော အချိန်ကာလ ဖြစ်သည်နှင့်အညီ ဝိနည်းစည်းကမ်းကို အသက်ထက်တန်ဖိုးထား လိုက်နာစောင့်ရှောက်သော ရဟန်းစစ်၊ ရဟန်းမှန်များစွာ ရှိသကဲ့သို့ အယောင်ဆောင် ရဟန်းတု၊ များစွာလည်း ရောနှောပူးကပ် နေသောကာလလည်း ဖြစ်ပါတယ်။ စီးပွားရေးအရသော်၎င်း၊ နိုင်ငံရေးအရသော်၎င်း၊ လူမှုရေးအရသော်၎င်း အကြောင်းအမျိုးမျိုးကြောင့် ရဟန်းဝတ်နေသော ရဟန်းယောင်များစွာလဲ ရှိနေကြပါတယ်။ ထိုဖြစ်ပါသောကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းသာသနာကို မလိုက်နာသော ရဟန်းများ ရှိနေပါက အားနာမှု လိုက်လျောမှု မရှိပဲ လူထွက်စေသည်အထိ ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့် သာသနာ့ဂုဏ်ရှိန်ကို မြှင့်တင်ကြစေလိုပါတယ်။


ရဟန်းသံဃာတော်များနဲ့ မာတုကာမများ

မြတ်စွာဘုရားချမှတ်ခဲ့သော ဝိနည်းစည်းကမ်းများတွင် ရဟန်းသံဃာတော်များအတွက် အရေးကြီးဆုံးမှာ မာတုကာမများနှင့် ရင်းရင်းနှီးနှီးမနေဖို့ပင်ဖြစ်ပါတယ်။ မာတုကာမဆိုရာတွင် မွေးကင်းစ မိန်းကလေးများမှအစ အသက်အရွယ်ကြီးရင့်သော အဘွားအိုများအထိ ပါဝင်ပါတယ်။ မာတုကာမများနဲ့ ဆက်ဆံရာတွင် ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ပင်ဖြစ်ပါတယ်။ မာတုကာမများနဲ့ အသားချင်းထိစပ်ရန် မဆိုထားနှင့် ၄င်းတို့၏ အသုံးအဆောင်များ ကိုပင် မထိတွေ့ရဟု ဝိနည်းစည်းကမ်းသတ်မှတ်ထားပါတယ်။ ဝိနည်းစည်းကမ်းမလိုက်နာသဖြင့် အာပတ်ထိပါက၊ အာပတ်ဖြေနိုင်ပါတယ်လို့ တချို့ ရဟန်းသံဃာတော်များ စောဒကတက်နိုင်သော်လည်း၊ ခဏခဏဖြေရသော အာပတ်သည် သံဃာတော်များ၏ သမာဓိကို ထိခိုက်ပျက်ပြားစေနိုင်ပါတယ်။


ဂီိလာနရဟန်းအား မာတုကာမများ ပြုစုသင့်ပါသလား….

မြတ်စွာဘုရား၏ ဝိနည်းစည်းကမ်းကို အမှန်တကယ် လိုက်နာလေးစားသော ရဟန်းသံဃာများအနေနဲ့ မာတုကာမများ၏ ထိစပ်ပြုစုမှုကို မခံယူသင့်ပါဘူး။ ဂီိလာနရဟန်းအနေဖြင့် ရောဂါအခြေအနေအရပ်ရပ်ကြောင့် အမှန်အကန် မဆုံးဖြတ်နိုင်ပါကလည်း၊ မာတုကာမများအနေနဲ့ မြတ်စွာဘုရား၏ အဆုံးအမသာသနာကို တကယ်ကြည်ညို လေးစားမည်ဆိုပါက ရဟန်းသံဃာများ အာပတ်ထိ အပြစ်ရစေမယ့် ကိစ္စများကို ရှောင်ရှားသင့်ပါတယ်။ အကယ်၍ ပြုစုနိုင်သည့် ရဟန်းသာမဏေငယ်များ၊ အမျိုးသားဒကာများ လုံးဝမရှိသဖြင့်၊ မဖြစ်မနေလိုအပ်မည်ဆိုပါက ပြုစုနိုင်သော်လည်း၊ သို့တည်းမဟုတ်ပါက မလုပ်သင့်မလုပ်အပ်သော လုပ်ရပ်မျိုးဖြစ်ပါတယ်။


ခေတ်မှီခြင်းနဲ့ ခေတ်ရှေ့ပြေးခြင်း..

ခေတ်နဲ့ အညီ ဆက်သွယ်ရေးလွယ်ကူစေရန်၊ တရားဓမ္မများဖြန့်ဖြူးရန်၊ ကမ္ဘာ့သတင်း မြန်မာ့သတင်းများသိရှိစေရန်၊ အချို့သော ရဟန်းသံဃာတော်များ၊ ကွန်ပြူတာသုံးစွဲခြင်းသည် သင့်လျော်သော်လည်း၊ ခေတ်မှီခြင်းကို လွန်မြောက်လျက် မကြည့်သင့်မကြည့်အပ်သော အချို့ဝက်ဆိုဒ်များကို ကြည့်ရှုခြင်း၊ ဗီဒီယိုများကြည့်ရှူခြင်း၊ သီချင်းနားထောင်ခြင်း စသည်ဖြင့် ခေတ်ရှေ့ပြေးလာကြခြင်းသည် ကောင်းကျိုးကိုကျော်ပြီး ဆိုးကျိုးကို ရောက်စေပါတယ်။ စည်းကမ်းဟူသည် စည်းကမ်းရှိသူအတွက် မလိုအပ်သော်လည်း၊ စည်းကမ်းမရှိသူများအတွက် မရှိမဖြစ် ထားရမယ့်အရာဖြစ်ပါတယ်။ အင်တာနက်၏ ဆိုးကျိုးကြောင့် သမာဓိခိုင်မြဲမှုမရှိသော အချို့ရဟန်းသံဃာများ လူထွက်ပြီး အိမ်ရာထူထောင်ခဲ့သော သာဓကများ ရှိခဲ့ပါတယ်။ မလိုအပ်ပဲ ကွန်ပြူတာ အသုံးပြုခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသည့်အပြင် ရဟန်းတော်များ၏ ဝိနည်းစည်းကမ်းနှင့်လည်း သင့်တော်မှု မရှိပါဘူး။

အမှန်တရားဟူသည် သူတော်ကောင်းများအတွက် ပျားရည်ကဲ့သို့ ချိုမြိန်လှသော်လည်း၊ အသိဥာဏ်နိမ့်ပါး မိုက်မဲသူများအတွက်မူ ဆေးခါးကြီးမျိုချရသကဲ့သို့ ခါးသီး ခံရခက်လှပါတယ်။ စဉ်းစားဥာဏ်ရှိပြီး အမှန်တရားကို သိမြင်နိုင်သူဆိုပါက အမှားကို ပြုပြင်ရန်ဝန်လေးကြမည်မဟုတ်ပေ။

မြတ်စွာဘုရား၏ သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာသနာ့ရေသောက်မြစ်များဖြစ်သော ရဟန်းသံဃာ စာသင်သားများအား ထောက်ပံ့လှူဒါန်း မြေတောင်မြှောက်ပေးခြင်း၊ စာသင်တိုက်များ၏ ဆွမ်းကွမ်းချို့တဲ့မှုများအား ဖြေရှင်းပေးခြင်း၊ သာသနာနှင့်မလျော်ညီသော၊ သာသနာပျက်စီးမှုကို ဖြစ်စေသော၊ အရေးမှန်သမျှကို အရှိကို အရှိအတိုင်း အမှန်ကိုအမှန်အတိုင်း မကြောက်မရွံ့ ဟောပြောပြသ ဆုံးမရန် တာဝန်မှာ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်အားလုံး၏ အရေးကြီးသော တာဝန်ဖြစ်ပါတော့သည်။ ဤတာဝန်ကို ကျေကျေပြွန်ပြွန် ဦးလည်မတုံ ထမ်းရွက် နိုင်သူကိုသာလျှင် သာသနာပြုနေသော သာသနာ့အာဇာနည်ဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

( ဤဆောင်းပါးဖြင့် ဆရာတော် အရှင်သုမင်္ဂလ အား ဂုဏ်ပြု ပူဇော်ကန်တော့အပ်ပါသည်။)

ထက်စုနှင်းဆီ
(၁၉-၀၆-၂၀၀၉)

Read more...

တရားအားထုတ်နေသည့် ယောဂီများ သိလိုလှသည့် မေးခွန်းများနှင့် ပတ်သက်၍…

Q. ဆရာတော်ဘုရား

တပည့်တော်တို့သည် မိတ်ဆွေကောင်းများကို အကြောင်းပြု၍ တရားဓမ္မကို ကျင့်ကြံ အားထုတ်နေကြသူများ ဖြစ်ကြပါသည်။ တပည့်တော်တို့ သိလိုသည်များကို ရိုသေစွာ နှိမ့်ချစွာ လျှောက်ထားမေးမြန်းလိုပါသည်။

၁။ တရားအားထုတ်ရာတွင် မိမိ မရောက်သေးသော တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်သည်ဟု မှတ်သားရပါသည်။ တရားကျင့်ကြံအားထုတ်၍ တရားတန်ခိုးကြောင့် ကိလေသာတို့ ခေတ္တ ငုပ်လျိုးအားနည်းနေခြင်းနှင့် အရိယာမဂ်ကြောင့် သူ့အဆင့်နှင့်သူ ချုပ်ငြိမ်းရ-အားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းခြင်း၊ အားနည်းခြင်းကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။


A. ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်နေတဲ့အချိန်မှာ အမျိုးမျိုးသော သမာဓိအစွမ်းများ၊ နိမိတ်များကြောင့် ကိုယ်မရောက်သေးတဲ့ တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်ပါတယ်။ တရားအားထုတ်စဉ်မှာ ကိလေသာများ ခေတ္တငုတ်လျိုးအားနေခြင်းနဲ့ အရိယာမဂ်ကြောင့် သူအဆင့်နဲ့သူ ချုပ်ငြိမ်းအားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းအားနည်းနေခြင်းကို လက်တွေ့ဘ၀များ၊ လက်တွေ့အခြေအနေများနဲ့ စမ်းသတ်နိုင်ပါတယ်။ မဂ်နဲ့ ကိလေသာတွေ ငြိမ်းနေမှုမှာတော့ ကာမဂုဏ်အာရုံများနှင့် တွေ့တဲ့အခိုက်မှာလည်း တရားအားထုတ်စဉ်က အတိုင်းပဲ ပြန်လည်ပေါ်လာခြင်း ဖောက်ပြန်ပြောင်းလဲခြင်းမရှိ တစ်သမှတ်တည်း ဖြစ်နေတတ်ပါတယ်။ တရားတန်ခိုးကြောင့် ခေတ္တငုတ်လျိုးနေမှုမှာတော့ ကာမဂုဏ်အာရုံတွေနဲ့ တွေ့တဲ့အခါ စိတ်အစဉ်ဟာ သာမန်လူများလို၊ တရားအားမထုတ်ခင်က အခြေအနေလိုပဲ ကိလေသာများ ပြန်လည်ထကြွတတ်တာကို တွေ့ရပါလိမ့်မယ်။ တစ်ချို့ယောဂီများ တရားရိပ်သာမှာ အားထုတ်နေတုန်းကတော့ ကိလေသာများ မပေါ်တော့ဘူးလို့တောင် ထင်ရတဲ့အထိ စိတ်အဆင်တွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အခါမှာတော့ ဒုံရင်းဒုံရင်းအတိုင်း ဖြစ်နေပြန်ပါတယ်။ ဒါဟာ အရိယာမဂ်နဲ့ တကယ်မသတ်နိုင်သေးဘဲ တရားအားထုတ်မှုအားကောင်း နေတုန်းမှာသာ ခေတ္တငုတ်လျိုးနေတာကြောင့် ဖြစ်ပါတယ်။

၂။ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နှင့်သူ တစ်ဦးသည် ကာမရာဂနှင့် ဒေါသ အားနည်းခြင်းကို မိမိသန္တာန်၌ ရေရှည် တွေ့နေရလျှင် တရားအားထုတ်နေ၍ တရားတန်ခိုးဖြင့် ကာမရာဂနှင့် ဒေါသတို့ အားနည်းနေခြင်းလော၊ သကဒါမိမဂ်ကြောင့် အားနည်းခြင်းလောကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

ဖြေ။ ။ သကဒါဂါမိမဂ်ကြောင့် အားနည်းနေခြင်းကတော့ ကိလေသာအားလုံး လုံးဝနီးပါး ပယ်သတ်သွားသလို ဖြစ်နေတတ်ပါတယ်။ ရဟန္တာများလို အလုံးစုံးအကြွင်းမဲ့ မပယ်သတ်နိုင်သေးပေမယ့် ပေါ်လာခဲပါတယ်။ ပေါ်ရင်လည်း ခဏပဲ အဖြစ်သဘောလောက်ပေါ်ပြီး ကိလေသာများ မရှိသလောက် အားနည်းနေတတ်ပါတယ်။ ခဏခဏလည်း ပေါ်လေ့မရှိဘဲ အလွန်ကြာရှည်စွာနေမှသာ အကြောင်းတိုက်ဆိုင်တဲ့ အခိုက်ပေါ်လာတတ်ပြီး ချက်ချင်းပြန်လည် အားနည်းသွားတတ်ပါတယ်။

၃။ တရားအားထုတ်ရာတွင် လောကီအမှုကိစ္စများကို ငြီးငွေ့ခြင်း၊ တရားအားထုတ်ဖော်ချင်းနဲ့မှတစ်ပါး လူနှင့်ဝေးဝေး နေလိုခြင်း၊ ယခင်က ကြိုးစားခဲ့သော လောကီကြီးပွားရေးများကို စိတ်မဝင်စား မကြိုးစားလိုတော့ခြင်းများ ဖြစ်တတ်ပါသည်။ မည်သို့ ထိန်းညှိရပါသလဲဘုရား။

ဖြေ။ ။ တရားအစွမ်းများ အားကောင်းလာတဲ့အခါ လောကီကိစ္စများအပေါ် ငြီးငွေ့မှုများ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်ပြီး သုံးသပ်ဆင်ခြင် ညှိနိုင်ရပါမယ်။ ကိုယ့်အခြေအနေဟာ လောကီမှ အပြီးခွာလို့ရမရ၊ မခွာနိုင်တောင် လောကီကိစ္စများနဲ့ ကင်းလို့ရမရ ကြည့်ရပါမယ်။ လောကီကိစ္စများနဲ့ မကင်းနိုင်သေးဘူးဆိုရင်တော့ တာဝန်ဝတ္တရား တစ်ခုအဖြစ်နဲ့ သမ္မာအာဇီဝကျတဲ့ အလုပ်များကို လုပ်ပြီး လောကီနယ်မှာ နေလို့ရပါတယ်။ ဘုရားလက်ထက်ကလည်း သောတာပန်ဖြစ်နေတဲ့ လူတွေ အိမ်ထောင်ပြုသားမွေးရင်းနဲ့ လောကီကောင်းကျိုးတွေ လုပ်နေတာတွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ၀ိသာခါ ဒကာမကြီးပါ။ သောတာပန်ဘ၀နဲ့ သားသမီးမြေးမြစ်အစုံ မိသားစုဘ၀ စိုစိုပြေပြေ ရှိခဲ့ပါတယ်။ ဃဋိကာရ အိုးထိန်းသည်ဆိုရင်လည်း အနာဂါမ်ဘ၀နဲ့ကိုပဲ လောကရဲ့တာဝန်တွေကို ၀တ္တရားတစ်ခုအနေဖြင့် လုပ်ပြီးနေသွားခဲ့တဲ့ သာဓကတွေရှိပါတယ်။ လောကီအလုပ်တွေမှာ စိတ်မ၀င်စား မကြိုးစားချင်တော့ပေမယ့် လောကီနယ်နဲ့ မကင်းနိုင်သေးရင်တော့ မဖြစ်မနေ လုပ်ပေးရမယ့် လောက၀တ်များအဖြစ် သတ်မှတ်ကာ သမ္မာအာဇီဝကျတဲ့ အလုပ်များကိုလုပ်ရင်း တစ်ဘက်ကလည်း တရားအားထုတ်ပြီး နေနိုင်အောင် ကြိုးစားနိုင်ပါတယ်။

၎။ တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို ရှုရင်း လက္ခဏာရေးများ ထင်ရှားလာသောအခါ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးစလုံးကို ရှုခြင်းနှင့် မိမိသန်ရာ တစ်ပါးတည်းကိုသာ ရှုခြင်း ဘယ်အရာက ပိုခရီးရောက်ပါသလဲဘုရား။

ဖြေ။ ။ ဒါကတော့ ကိုယ်အားသန်တဲ့ လက္ခဏာကို အဓိကထားပြီး ရှုနိုင်ပါတယ်။ ဒါပေမယ့် ၀ိပဿနာဉာဏ် မရင့်သန်သေး၊ မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ကတော့ သုံးမျိုးလုံးကို အားထုတ်နိုင်ရင် ပိုကောင်းပါတယ်။ အဲလိုအားထုတ်နိုင်မှသာ လက္ခဏာရေး သုံးပါးက ပယ်သတ်ပေးနိုင်၊ ပယ်ခွာပေးနိုင်တဲ့ ပပဉ္စတရားတွေကို အသီးသီး ပယ်ခွာပေးနိုင်မှာပါ။ ဉာဏ်စဉ်မြင့်လာရင်၊ သန့်ရှင်းလာရင်တော့ တစ်ခုတည်းကို အားစိုက်ပြီးရှုရင်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

၅။ အနိစ္စကို စီးဖြန်းရ စိတ်ထက်သန်ပြီး ရှုမှတ်သူ၊ ဒုက္ခကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ၊ အနတ္တကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ သုံးဦးသည် တရားတက်ရာတွင် မည်သို့ ကွာခြားပါသလဲဘုရား။

ဖြေ။ ။ ဒါကလည်း ခုနပြောသလို ၀ိပဿနာဉာဏ် မသန့်ရှင်းသေး၊ မရင့်သန်သေးခင်တော့ သိပ်ပြီးထူးခြားမှု မရှိလှသေးပဲ တရားတက်ရာတွင်လည်း ကွာခြားမှု မရှိလှသေးပါဘူး။ ၀ိပဿနာဉာဏ် မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ သုံးမျိုးလုံးကို ရှုမှတ်နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှ အနိစ္စလက္ခဏာဖြင့် မာနကို ပယ်ခွာစေနိုင်၊ ဒုက္ခလက္ခဏာဖြင့် တဏှာကို ပယ်ခွာနိုင်၊ အနတ္တလက္ခဏာဖြင့် ဒိဋ္ဌိကို ပယ်ခွာနိုင်စေမှာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ် သန့်ရှင်းသွားရင်တော့ ကိုယ်အားသန်ရာကို ရှုရင်းကြိုးစားမှုနဲ့ ပါရမီအရှိန်အလိုက် တရားတက်မှု ကွားခြားတတ်ပါတယ်။

၆။ တရားအားထုတ်ရာတွင် ယခင်က အပြစ်ဟု မမြင်ခဲ့သည့် အနုစား ကိလေသာများကိုပါ အပြစ်မှန်း သိလာသောအခါ ကိလေသာအားလုံးကို စက်ဆုတ်ရွံရှာပြီး အမြန် ချုပ်ငြိမ်းလိုစိတ် ဖြစ်လာတတ်ပါသည်။ ကိလေသာနှင့် နေရသည့် ဘဝကို အလိုမရှိခြင်း ဖြစ်လာပါသည်။ ထိုအခါ တရားနာခြင်း၊ တရားအားထုတ်ခြင်းနှင့် လှူဒါန်းခြင်းမှတစ်ပါး လောကီကိစ္စများကို စိတ်မဝင်စားတော့ပါ။ ဤသည်မှာ မဇ္ဈိမပဋိပဒါမကျဘဲ အစွန်းရောက်သွားနိုင်ပါသလား သိလိုပါသည်။

ဖြေ။ ။ အစွန်းရောက်တယ်လို့ ပြောလို့မရပါ။ တရားသဘောကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကြောင့် ဖြစ်တတ်တဲ့ သဘောများဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို မကင်းနိုင်သေးရင်တော့ လောကီကိစ္စများအပေါ် အစွန်းမရောက်အောင် စိတ်မ၀င်စားသော်လည်း တာဝန်ဝတ္တရားတစ်ခု အနေဖြင့် လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။

၇။ အချို့ယောဂီများသည် မိမိတို့ မြတ်နိုးသောတရားကို ပို၍ ဖြောင့်ဖြူးစွာ ကျင့်ကြံနိုင်ရန် သေခါနီးတွင် နောင်ဘဝ ရဟန်း ဖြစ်လိုကြောင်း ဆုပန်သွားပါသည်။ ထိုသူများဆုတောင်း ပြည့်နိုင်ပါသလားဘုရား။ ရဟန်းပြုလိုသော်လည်း မိဘဆွေမျိုး အသိုင်းအဝိုင်းက သဘောမတူသဖြင့် ရဟန်းဘဝ မရောက်သူများ မျက်မှောက်ခေတ်တွင် တွေ့နေရရာ ဆန္ဒရှိပြီး ပါရမီလည်း ပါလာပါလျက် အဘယ့်ကြောင့် ဆုတောင်းမပြည့်ကြသလဲ သိလိုပါသည်။

ဖြေ။ ။ ပြင်းပြတဲ့စိတ်ဆန္ဒနှင့် အမှန်တကယ်လိုလိုချင်ချင် ထပ်ခါထပ်ခါ ဆုတောင်းသွားပါက ရဟန်းဖြစ်လိုတဲ့ ဆုတောင်းပြည့်နိုင်ပါတယ်။ တစ်ချို့ဟာ ဒီဘ၀မှာ ရဟန်းပြုလိုတဲ့ ဆန္ဒရှိပြီး ပါရမီပါလာပေမယ့် အတိတ်ဘ၀က ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ရဟန်းဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်းမပါခဲ့ရင်လည်း ဒီဘ၀မှာ ဘယ်လိုပဲ ရဟန်းဝတ်ဖို့ ကြိုးစားကြိုးစား အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ပဲ ပျက်တတ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်များဟာ ဘုန်းဘုန်းတစ်ပါးတည်းရဲ့ စိတ်ဆန္ဒနဲ့ ဖြေကြားပေးခြင်းမဟုတ်ပါ။ တတ်သိနားလည်သော ဆရာတော်နှင့်တိုင်ပင် ဆွေးနွေးပြီး သင့်လျော်သလို ပြန်လည်ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ စိတ်ကျေနပ်မှု မရှိခဲ့ပါက ဘုန်းဘုန်းရဲ့ အားနည်းမှုသာဖြစ်ပါကြောင်း ၀န်ခံပါတယ်။

ရိုသေစွာ ရှိခိုးဦးခိုက်ပါသည်ဘုရား။
အရှင်ဘုရား ကျမ်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား။
ဓမ္မခရီးသည်များ

Read more...

ယိုသူမရှက် မြင်သူရှက်

ကျွန်တော် ကိုးတန်းကျောင်းသားလောက်က ၀တ္ထုဖတ် အင်မတန်ဝါသနာပါသည်။ စာအုပ်ဆိုင်မှာ နေ့တိုင်း နှစ်အုပ်နီးပါးခန့်ငှားရမ်းဖတ်လေ့ရှိသည်။ တနေ့ ကျွန်တော် စာအုပ်ဆိုင်မှာ စာအုပ်ရွေးနေတုန်း ဘေးနားမှာ တစုံတယောက်လာရပ်သည်။ လှည့်ကြည့်လိုက်မိတော့ ဘုန်းကြီးတစ်ပါး..။ သူ့လက်ထဲက စာအုပ်က အချစ်ဝတ္ထု..။ ထပ်ရွေးနေသေးသည်။ စာအုပ်ဆိုင်က မိန်းမကိုကြည့်လိုက်တော့ စပ်ဖြီးဖြီးနှင့်..။ ထိုမိန်းမကို ခပ်တင်းတင်းကြည့်ပြီး ဆိုင်ထဲမှ ထွက်ခဲ့မိသည်။

…………………………..

လွန်ခဲ့သည့် လက မလေးရှားကို ရောက်ဖြစ်သည်။ တနေကုန်အလုပ်ထဲမှာ ပင်ပန်းတော့ ညဖက်ရောက်လျှင် ပင်လယ်စာသွားစားလေ့ရှိသည်။ ဘာဟင်းစားမလဲလို့ မီနူးကိုကြည့်တုန်း ယပ်တောင်လေးနှင့် ဘုန်းကြီးတစ်ပါး..။ အလှူခံခြင်းပင်။ ဘယ်ဘုန်းကြီးမှ ညနေဆွမ်းခံ မကြွ။ မူဆလင်တွေကြားမှာ ဒီလိုမျိုးကိုမြင်ရတော့ ခေါင်းကိုငုံ့ထားမိအောင် ရှက်သည်။ စားရသည့် အစားအစာ ဘာအရသာမှ မရှိတော့။

…………………………

ကျွန်တော့အမေက သူနာပြုဆိုတော့ မကြာခဏ သူထိုင်ရာ ဆေးခန်းကို လိုက်သွားမိသည်။ အမျိုးသမီးတစ်ယောက် လူနာလာပြသည်။ မူဆလင်မတစ်ယောက်။ မျက်လုံးလေးကိုပဲ ဖော်ထားပြီး တကိုယ်လုံးခြုံထားသည်။ စကားပြောရင်းဆိုရင်းနှင့်မှ သူမသည် မူဆလင်အစစ် မဟုတ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ယောင်္ကျားယူမှ လိုက်ပြောင်းသွားခြင်းဖြစ်သည်။ မူဆလင်မတွေထက် ပိုဆိုးအောင် ဘာသာရေးစိတ်ပြင်းထန်လှသည်။

………………………….

ယိုသူမရှက်ပေမယ့် မြင်သူရှက်သည်။ သာသနာပြုနေသည့် သံဃာတော်တွေ မရေမတွက် နိုင်အောင် များပြားသော်ငြားလည်း…. ယူစရာ ယောက်ျားများပြားသော်ငြားလည်း….။ ငခုံးမတစ်ကောင်ကြောင့် တလှေလုံးပုပ်သည်။ ဘာသာတရားမသိသူများကြောင့် သာသနာတော် ညစ်နွမ်းရသည်။

Read more...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ

မျှော်လင့်နေတဲ့ နေ့ရက်လေးတွေကို စာဖွဲ့ထားကြည့်တာပါ။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့ကတော့ အားလုံးနဲ့ သက်ဆိုင်နေပါလိမ့်မယ်။ အရင်က တင်ခဲ့ဖူးတဲ့ဆောင်းပါးလေးကို အမေစု မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်တင်ဆကိလိုက်ပါတယ်။ အမေ....ဒုက္ခအပေါင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ။ အမေချစ်တဲ့တိုင်းပြည်ကြီး ခေတ်ဆိုးစနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ.....။





အရာအားလုံးက လှလို့နေတယ်။ လမ်းမများပေါ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်တုန်းကတော့ မမီလိုက်လို့ မသိဘူး။ စာရေးသူတစ်သက်မှာတော့ ပြည်သူတွေ ဒီ လောက်ပျော်ရွှင်နေကြတာ၊ လွတ်လပ်စွာ သွားလာပြောဆိုနေကြတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မြန်မာ့အလင်းနဲ့ ကြေးမှုံသတင်းစာကြီးနှစ်စောင်ကလဲ အရင်ကနဲ့မတူ၊ တစ်မူထူးဆန်းလို့။ လွတ်လပ်ရေးအောင်ပွဲကို တစ်ခမ်း တစ်နားဖော်ပြလို့။ ခေါင်းကြီးပိုင်းမှာကြည့်ပါအုံး။ မျက်နှာဖုံးမှာကြည့်ပါအုံး။ ပြောရရင် ဘယ်နေရာမှာမှ ဟိုတုန်း က အမြဲတမ်းပါနေခဲ့တဲ့ အော့ကြောလန်ပုံတွေ မတွေ့ရတော့ဘူး။ ပြည်သူတွေဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြခွင့်ကို ရလို့ အကျေနပ်ကြီး ကျေနပ်နေကြတယ်။

သတင်းစာတွေကရော၊ ဂျာနယ်တွေကရော၊ မဂ္ဂဇင်းတွေကရော ပြည်သူတွေရဲ့ ရဲရဲတောက်တိုက်ပွဲ တွေကို ဖော်ကျူးထားတာတွေ့ရတယ်။ ဟိုတုန်းက မဖော်ပြခဲ့ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အသုံးချ တဲ့အနေနဲ့ စာအုပ်တိုင်းမှာ၊ စာစောင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ပုံတွေကို ဝေေ၀ဆာဆာ တင်ပြထားကြတယ်။ “ပြည်သူ့အား”ဆိုတဲ့ ဂျာနယ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်ထားတယ်။ တစ်ချို့စာစောင်တွေမှာတော့ စစ်အစိုးရရဲ့ ကလိမ်ကကျစ်ကျခဲ့ပုံတွေ၊ ညစ်နည်းမျိုးစုံနဲ့ ညစ်ခဲ့တာတွေကို အခန်းဆက် ဖော်ပြနေကြတယ်။

ဂျာနယ်တိုင်းလိုလိုမှာ တွေ့ရတာက “အာဏာရှင် သန်းရွှေ၊ မောင်အေးနဲ့ ရာဝဇတ်ကောင်များအား အမြန်ဆုံးတရားစီရင်ဖို့” တိုက်တွန်းတောင်းဆိုနေကြတာတွေ့ရတယ်။ မနေ့ကတောင် မြို့တော်ခန်းမရှေ့မှာ လူတွေတိုးကြိတ်နေတာတွေ့လို့ သွားကြည့်မိသေးတယ်။ ဆိုင်းဘုတ်တွေ၊ ဗန်ဒါတွေ ကိုယ်စီကိုင်လို့။ ဆိုင်း ဘုတ်တွေ၊ ဗန်ဒါတွေပေါ်မှာလဲ “သန်းရွှေ အာဏာရူး ကြိုးပေး”၊ “မောင်အေး သေဒဏ်”၊ “၈၈ သတိရလား”၊ “ဒီပဲယင်းကို ရောက်ဖူးလား”။ စတဲ့ စာသားတွေနဲ့ပေါ့ဗျာ။ ပြည်သူတွေရဲ့ အမြင်မှာတော့ အရမ်းကို ထူးဆန်း နေတယ်။

ဘာကြောင့်လဲဆိုတော့ လမ်းမပေါ်ထွက် ဆန္ဒပြရင် သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်လိမ့်မယ်လို့ ထင်နေကြတာလေ။ ခုတော့ ဆန္ဒပြတဲ့သူတွေကလဲ အေးအေးဆေးဆေး၊ လုံခြုံရေးတွေကလဲ ဘေးကနေ အေးဆေးစွာ လိုက်ပါနေကြတယ်။ အမြင်က တော်တော့်ကို ဆန်းနေတယ်။
“၀မ်းသာလိုက်တာဗျာ၊ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်တော်မျှော်လင့်ခဲ့တဲ့နေ့ရက်က ခုဆို တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တယ်နော်၊ ကျွန်တော်ဖြင့် ယုံကို မယုံနိုင်လောက်အောင်ဖြစ်နေတယ်”။ သူငယ်ချင်းတစ်ယောက်က မျက်ရည်လဲ့လဲ့နဲ့ ပြောတယ်။ တစ်ယောက်ကဆို ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောတယ်။ “သေချာနားထောင်စမ်းပါဗျာ၊ ဟို လဘက်ရည်ဆိုင်မှာ ဖွင့်နေတာကို၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မဟုတ်လား၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကျေးဇူးရှင်ရဲ့အသံကို အရင်က ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့ရတာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကျေးဇူးရှင်များအကြောင်းရေးထားတဲ့ စာအုပ်တွေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတယ်၊ ခုတော့…ဗျာ လဘက်ရည်ဆိုင်မှာကို ဖွင့်သံကြားရလို့ ကျွန်တော်ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး”။

လူတွေက တော်တော်စုံနေပြီ။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အပြုံးပန်းတွေ ဆင်ထားတဲ့ လူအုပ်ကြီး။ ရင်ပြင်တစ်ခုလုံး ပြည့်နှက်လို့ပေါ့။ လမ်းတစ်လျှောက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကို ဂုဏ်ပြုတဲ့ သီချင်းများကို သီဆိုလို့။ အဲ..ကျွန်တော်တို့အားလုံး နှစ်သက်ခဲ့တဲ့ မွန်းအောင်ရဲ့သီချင်းတွေကလဲ တိုင်းပြည်အနှံ့ ပြည်လည် ဆန်းသစ်လို့။ “ဟေ့ကောင် ဆင်းလေကွာ၊ ရောက်ပြီဟ”။ သူငယ်ချင်းက သတိပေးမှ ပြည်သူ့ရင် ပြင်ရှေ့ကို ရောက်နေပြီဆိုတာကို သိရတယ်။ မိန့်ခွန်းက စနေပြီ။ အခမ်းအနားဖွင့်တာတောင် မမီလိုက်ဘူး။
“ကျွန်မတို့ ဒီနေ့ဟာ ပြည်သူ့အောင်ပွဲ (၃) လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့လို နေ့မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရတယ်။ ဒီလို နေ့မျိုးကိုရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။ မိသားစုပေါင်းများစွာ ဝေးလွင့်ကွဲထွက်ခဲ့ရတယ်။ ဒီလို လွတ်လပ်တဲ့ နေ့မြတ်ကိုရောက်ဖို့ အသက်ပေါင်း များစွာဟာ လမ်းမထက်မှာ ပျောက်ဆုံးခဲ့ရတယ်။ ချစ်စွာသော မိသားစုများစွာရဲ့အတွင်းမှာ သံတိုင် တွေ၊ အုတ်တံတိုင်းနံရံတွေ အများကြီး ခြားနားခဲ့ရတယ်။ သံတိုင်တွေကြားထဲမှာ လူမဆန်စွာ ပြုကျင့် ခံရလို့ မျက်စိကွယ်သူကွယ်၊ ခြေလက်ကျိုးသူကျိုးနဲ့ ဒုက္ခိတဖြစ်သူတွေ အများကြီး ဖြစ်ခဲ့ရတယ်။
ကျွန်မ ပြောချင်တာက ဒီလွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ “ဒီမိုကရေစီ ဘယ်နေ့ ရမလဲလို့ ကျွန်မကို မေးကြတယ်၊ ဒီမိုကရေစီရချင်ရင် လူတိုင်း ၀င်လုပ်ရမယ်”လို့ အရင်က ကျွန်မ ပြော ခဲ့ဖူးသလိုပဲ အခု အားလုံးဝင်ပြီး အလုပ်လုပ်ကြလို့ ဒီမိုကရေစီရလာခဲ့ပါပြီ။ ဒါကြောင့် ဒီလို ခက်ခက် ခဲခဲနဲ့ ရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည် မဆုံးရှုံးအောင် ကျွန်မတို့ ကြိုးစားကြရမယ်။ ဒီလို ကြိုးစား တဲ့ နေရာမှာ ပြည်သူတွေက အဓိကပါပဲလို့ ကျွန်မ ဒီနေရာကနေ အသိပေးချင်ပါတယ်။

ဒီနေရာကနေ ပြည်သူလူထုကြီးကို ကျွန်မအနေနဲ့ အထူးပြောပြချင်တာက အခု ကျွန်မတို့ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့ ကျွန်မတို့နိုင်ငံကြီးကို ပြည်လည်ထူထောင်ရမယ်။ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေကိုလဲ ကျွန်မတို့ ပြုပြင်ရမယ်။ အများကြီးပါပဲ။ ဒါကို ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို ဒီနေရာက နေ ကတိပေးပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ကတော့ အကောင်းဆုံးဆိုပြီးတော့ လုပ်တာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့အမြင်မှာ လမ်းစဉ်ဟာ မှားနေပြီ၊ ကျွန်မလုပ်တာ တရားမျှတမှု မရှိဘူး၊ ပုံမကျဘူးလို့ ခံစားရရင် စိတ်ထဲမှာ မြုံမထားပါနဲ့၊ ကျွန်မတို့သိအောင် ဆန္ဒပြပွဲများ ကျင်းပ၍ ဖြစ်စေ၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ အဲဒီလို လွတ်လပ်စွာ တင်ပြကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

နောက်ပြီး ကျွန်မတို့ အထက်က လူကြီးတွေ လုပ်ပုံကိုင်ပုံအချိုးမကျရင်လဲ ဝေဖန်ပေးကြပါ၊ ထောက်ပြ ကြပါ။ ကျွန်မ အဲဒါကိုလဲ ပြည်သူလူထုကြီးကို မေတ္တာရပ်ခံပါတယ်။ နောက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ပညာရှင်များ၊ စာရေးဆရာများနဲ့ကဗျာဆရာများအားလုံးကိုလဲ ကျွန်မ ပြောပါရစေ၊ ရှင်တို့ အမြင်တွေ၊ အတွေးတွေကို ထိမ်ချန်မထားကြပါနဲ့။ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ရေးကြပါ၊ သားကြပါ။ ကျွန်မကို ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချိုးမပြေတာကိုပဲဖြစ်ဖြစ် ရှင်တို့ အနေနဲ့ ဘာမှ အဆီးအတားမရှိ ဝေဖန်နိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်၊ တင်ပြဆွေးနွေးနိုင်ပါတယ်။ “ရှင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါ ခေါင်းဆောင်ပဲ၊ ငါလုပ်ချင်ရာ လုပ်မယ်”ဆိုတဲ့ သဘောမျိုး ကျွန်မမှာ အလျဉ်းမရှိဘူးဆိုတာကို ကျွန်မ ဒီနေရာကနေ အတိအလင်းပြောပါတယ်။

နောက်ပြီး ကျွန်မအဖေ ပြောခဲ့တဲ့အတိုင်း ကျွန်မပြောချင်ပါသေးတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပေးဆပ်ပြီး အလုပ်လုပ်မယ်၊ ကျွန်မစွမ်းနိုင်သမျှလုပ်မယ်၊ စွမ်းအားရှိသမျှ ကျွန်မရဲ့ အသက်အသွေးတွေနဲ့ပေါင်းစပ်ပြီး တိုင်းပြည်အတွက် ကျွန်မလုပ်ခဲ့မယ်။ ပြည်သူတွေအထဲက မွန်ဖြစ် ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကချင်၊ ချင်း၊ ကယား….ဘယ်လူမျိုးထဲကပဲဖြစ်ဖြစ် ကျွန်မထက်ပိုပြီး တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆသူရှိရင် ထွက်ခဲ့ပါ။ ကျွန်မ ချက်ချင်းဆင်းပေးပါ့မယ်။ ဒါကိုလဲ ပြည်သူလူထုကြီးရှေ့မှောက်မှာ ကျွန်မ အတိအလင်း ပြောပါ တယ်………………………………………………………………………………”။

“ဘာလို့ မျက်ရည်ကျနေရတာလဲကွာ” သူငယ်ချင်းကမေးမှ သတိပြန်ဝင်လာတယ်။ သတိဝင်လာမှ ကြည့်လိုက်တော့ အားလုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ အရွဲသားနဲ့။ တစ်ချို့ဆို မိန့်ခွန်းပြီးတာနဲ့ ရှိုက်ကြီး တငင် ငိုရှိုက်လို့နေတယ်။ ၀မ်းသာပီတိမျက်ရည်များ။ မိန့်ခွန်းပြီးလို့ ပြန်လည်ထွက်ခွါနေကြတဲ့ ပြည်သူလူထု မြင်ကွင်းကြီးကိုကြည့်ရင်း ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျွန်တော် ရှိုက်ကြီးတငင်ကို ငိုရှိုက်မိခဲ့တယ်။

ကျွန်တော့်ဘ၀မှာ ဒီလောက်ရှိုက်ကြီးတငင် မငိုခဲ့ဖူးသလို ဒီလောက်လဲ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူး ဘူး။
ကောင်းကင်က ညွတ်ခွေအိကျပြီး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ အပြာရောင်ကောင်းကင်မှာ တိမ်စိုင်အိအိအချို့က ဟိုတိုးဒီရွေ့နဲ့ ပျော်ရွှင်မြူးထူးနေကြတယ်။ ကျွန်တော်တို့လဲ တိမ်စိုင်တွေနဲ့အတူ က,လို့ ပေါ့။ စီးလာတဲ့ကားက အာဇာနည်ကုန်းနားအရောက် လမ်းဘေးမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပိုစတာအကြီးကြီးကိုကြည့်ပြီး “ယား”နဲ့အော်သွားတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ကျွန်တော် ကလဲ သံယောင်လိုက်ပြီး ယား…နဲ့ လိုက်အော်လိုက်တော့ ကားတစ်စီးလုံး ပွဲကျခဲ့တယ်။ မြူးလို့ပျော်လို့။
………………………………………
ကျွန်တော်အိပ်ယာကနိုးတော့
အိပ်ယာတစ်ခုလုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ ရွှဲစိုနေတယ်။
အဲဒီနေ့တစ်နေ့လုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေခဲ့တာက
ကျွန်တော်တစ်ယောက်ထဲရယ်ပါ။

Read More...



Read more...

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၁)

မိတ်ဆက်

Scientific Acceptablity Of Rebirth (အဖန်ဖန်မွေးဖွားခြင်း-လူဝင်စားခြင်း ကို သိပ္ပံနည်းကျ လက်ခံခြင်း)စာတမ်းကို ရေးသားတဲ့ Dr.Granville Dharmawardena(Ph.D (Cambridge) M.I.Chem.C, C..Chem, FIAutoE) ဟာ သီရိလင်္ကာနိုင်ငံသား တစ်ဦး ထင်ရှားတဲ့ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး nuclear science ဆိုင်ရာ သူ့စာအုပ်တွေကို ယူကေနဲ့ အမေရိကားမှာ ပြဋ္ဌာန်းစာအုပ်တွေ အဖြစ် ရည်ညွှန်းခြင်း ခံရသူ ဖြစ်တယ်။ ကိန်းဘရစ် တက္ကသိုလ် မှာ ပညာသင်ပြီး အမေရိကား၊ နောက် သြစတြေးလျက Austrilian School Of Nuclear Technology၊ နောက် ပြင်သစ်က Atomic Energy Commission မှာ ထရိန်နင်ယူခဲ့တယ်။ ၂၀ရာစု မော်ဒန်သိပ္ပံနဲ့ ပိုအကျွမ်းဝင်တယ်။ လူဝင်စားခြင်း (Rebirth) သဘောကို ဒီစာတမ်းမှာ သူလေ့လာခဲ့တယ်။ သူက ရှေးရိုးသိပ္ပံ ဟာ ဘာကြောင့် လူဝင်စားခြင်းကို မရှင်းပြနိုင်သလဲ ဆိုတာကို ထောက်ပြပြီး အဖန်ဖန်မွေးဖွားခြင်း-လူဝင်စားခြင်းဟာ မော်ဒန်သိပ္ပံရဲ့အရာ ဖြစ်တယ်လို့ ဖော်ပြတယ်။ ကျနော်က သူ့စာတမ်းတစ်ခုလုံးကို ဘာသာ မပြန်နိုင်ပါဘူး။ ဒါပေမဲ့ ရှေးရိုးသိပ္ပံနဲ့ မော်ဒန်သိပ္ပံ အပေါ် သူ့ရဲ့ နားလည်မှုက သိပ်သည်း နက်နဲလွန်းသလောက် ဖတ်ဖို့နားလည်ဖို့ လွယ်ကူတယ်။ သူ့ရဲ့ စာတမ်းတစ်ခုလုံးကို မဖတ်နိုင်ရင်တောင် ရှေးရိုးသိပ္ပံနဲ့ မော်ဒန်သိပ္ပံမွေးဖွားခြင်း ဆိုတဲ့ ခေါင်းစဉ်နှစ်ခုလောက်ကို ဖတ်သင့်တယ်လို့ ထင်တယ်။ သူကတော့ မော်ဒန်သိပ္ပံဟာ သစ္စာနားနီးကပ်လာပြီ ဖြစ်ပြီး ဗုဒ္ဓရဲ့သင်ကြားမှု တွေနားကို နီးကပ်လာကြောင်း ထောက်ပြတယ်။ ကျနော်ကတော့ သိပ္ပံသုတတွေ လွယ်လွယ်ရဖို့နဲ့ တဆင့်ပြန် ပေးဖို့ကို ရည်ရွယ်ပြီး ဘာသာပြန်ပါတယ်။ မြန်မြန်ပြန်ဆိုလိုတဲ့ အတွက် တည်းဖြတ်ချိန် လျှော့ထားတယ်။ နောက်ကြောင်း ပြန်ပြီး ခဏခဏပြင်တဲ့ နည်းကိုသုံးပါမယ်။ (Said-Ahlataya)





ရှေးရိုးသိပ္ပံ(Classical Science -၁၇ ရာစုမှ ၁၉ ရာစုထိ)


Written -Dr.Granville Dharmawardena
Translated-Ahlataya

သိပ္ပံပညာ ဆိုတာဟာ ကြောင်းကျိုး ဝေဖန်နိုင်တဲ့ လူ့မနော ရဲ့ ဆင်ခြင်တွေးခေါ်မှု လေ့ကျင့်ခန်းတစ်ရပ် ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာနည်း ဆိုတာဟာ ပရမတ္တသစ္စာကို နားလည်အောင် ကြိုးစားဖို့ အသုံးပြုတဲ့ အနောက်တိုင်းနည်းစနစ် ဖြစ်တယ်။

အနောက်တိုင်း မှာတော့ သိပ္ပံပညာဟာ နည်းပညာပိုင်း ကို ဖွံဖြိုးစေပြီး စက်မှုတော်လှန်ရေးကို သယ်ဆောင်လာတယ်။ နောက်တော့ လူတွေကို ရုပ်ဝတ္ထုပိုင်း အကျိုးကျေးဇူး အမြောက်အမြားပေးတယ်။ ချမ်းသာကြွယ်ဝမှုကိုပေးတယ်။ အနောက်တိုင်းရဲ့ နိုင်ငံရေးကို လွှမ်းမိုးတယ်။

ဒါတွေကြောင့် အနောက်တိုင်းကလူတွေနဲ့ အနောက်တိုင်းပညာရေးကို ရထားတဲ့လူတွေအတွက် သိပ္ပံပညာဟာ လက်သင့်ခံချင်စရာ ဖြစ်တယ်။ ယနေ့ခေတ်လူတွေဟာ သိပ္ပံနည်းကျတဲ့ အရာကို ယုံကြည်လေ့ ရှိကြတယ်။ သိပ္ပံနည်းကျ လေ့လာမှုဟာ အသိပညာကို ရှာဖွေဖို့ရန် တစ်ခုတည်းသော သင့်လျော်တဲ့ ချဉ်းကပ်မှုလို့ အမှားမှားအယွင်းယွင်း ယုံကြည်ကြတယ်။ အသိပညာရဖို့ သုံးတဲ့ အရှေ့တိုင်းရဲ့ ထိုးထွင်းသိ နည်းနာ ကို သိပ်အာရုံမစိုက်မိကြဘူး။

အကျွန်ုပ်တို့နဲ့ ရင်းနှီးတဲ့ ကြောင်းကျိုးသိ အမြင်နဲ့ ချဉ်းကပ်တတ်တဲ့ ၁၇ ရာစုနဲ့ ၁၉ ရာစုကြားပေါ်ပေါက်ခဲ့တဲ့ သိပ္ပံပညာကို ရှေးရိုးသိပ္ပံ (Classical science) လို့ခေါ်တယ်။ စာအုပ်အချို့ ကတော့ မော်ဒန်သိပ္ပံ လို့ ရည်ညွှန်းတာလည်း ရှိပါတယ်။ ဒီစာတမ်းမှာတော့ ဒါကို ရှေးရိုးသိပ္ပံ လို့ပဲ သုံးနှုန်းမှာ ဖြစ်တယ်။ ၂၀ရာစု -ပါရာဒိုင်း ပြောင်းလဲခြင်း ရဲ့ ရလာဒ်ဖြစ်တဲ့ သိပ္ပံအသစ်ကိုတော့ မော်ဒန်သိပ္ပံဆိုတဲ့ ဝေါဟာရကို သုံးစွဲသွားမယ်။

ရှေးရိုးသိပ္ပံက ပြီးခဲ့တဲ့ ရာစုသုံးခုလုံးကို ကိုင်ဆုပ်လွှမ်းမိုးထားတယ်။ ရှေးရိုးသိပ္ပံကို အခြေတည်တဲ့ တန်ဖိုး-စံပြဋ္ဌာန်းမှု စနစ် ကို လူမှုရေးပညာရှင် ပစ်ထရင် ဆိုရော့ကင်း (Pitrim Sorokin) က လူမှုရေးနဲ့ ယဉ်ကျေးမှုပြောင်းလဲမှုကို လေ့လာတဲ့ အခန်းလေးခန်းပါ သူ့ရဲ့ ထူးခြားတဲ့ ကျမ်းစာအုပ်မှာ ခံစားမှုပြဋ္ဌာန်းစနစ် (A sensate value system) လို့ ရှင်းပြထားတာ ရှိတယ်။

ခံစားမှုပြဋ္ဌာန်းစနစ်က ရုပ်ဝတ္ထုဟာ ပရမတ္တသစ္စာ ဖြစ်ပြီး စိတ်ဖြစ်စဉ်တွေဟာ ရုပ်ရဲ့ပြဋ္ဌာန်းခြင်းကို ခံရတယ်လို့ ခံယူထားတယ်။ကျင့်ဝတ်-စံတွေ အားလုံးဟာ နှိုင်းရသဘောကို ဆောင်ပြီး ခံစားချက်ကသာ အသိပညာနဲ့ အမှန်တရားရဲ့ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်တယ်လို့ ဒီစနစ်က ဟောကြားလေတော့တယ်။

လူသားရဲ့ ရှေးရိုးသိပ္ပံပညာ အပေါ် ယုံကြည်သက်ဝင်မှုဟာ ပြီးခဲ့တဲ့ ရာစုသုံးခုအတွင်းမှာ အတော်ခိုင်မာလာပြီးတော့ ရှေးရိုးသိပ္ပံက ချပေးလိုက်တဲ့ ခံစားမှုပြဋ္ဌာန်းစနစ် ဟာ လူ့သားရဲ့ လုပ်ဆောင်မှု အဖုံဖုံကို လွှမ်းခြုံထားခဲ့တယ်။ (အရှေ့တိုင်းအမြင် လွှမ်းမိုးတဲ့ နေရာတွေက လွဲရင်ပေါ့)။ (နောက်ပိုင်းမှာ ရှင်းပြသလိုပါပဲ) ရှေးရိုးသိပ္ပံက ပြသတဲ့ ကမ္ဘာ့အမြင်ဟာ အပြစ်မကင်းဖြစ်ခဲ့ရပြီး ဒီအပြစ်ဒေါသတွေက လူ့လုပ်ဆောင်မှု တနံတလျားကို လွှမ်းခြုံထားတဲ့အဖြစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးတွေကို ဦးတည်ခဲ့ရတယ်။

ရှေးရိုးသိပ္ပံကို ဒက်စ်ကာတီစ် Descartes' ရဲ့ ဒဿနအတွေးအခေါ်၊ ဖရန်စစ်ဘေကွန်ရဲ့ နိဿယ( methodology) နဲ့ အိုင်ဇက်နယူတန်ရဲ့ သချာင်္နဲ့ တည်ထောင်ခဲ့တာပါ။

၁၇ ရာစုတုန်းက ဒက်စ်ကာတီစ် (Rene Descartes) က စကြာဝဠာမှာရှိတဲ့ အရာအားလုံးကို ရက်စ်အိပ်စတန်ဆာ-Res Extensa(ရုပ်ဝတ္ထု) နဲ့ ရက်စ်ကော်ဂစ်တန်စ်-Res Cogitans ( စိတ်) ဆိုပြီး နှစ်စုစုပြခဲ့တယ်။ ရုပ်ဝတ္ထုပိုင်း- ရက်စ်အိပ်စတန်ဆာ ကို အရေးကြီးတဲ့ အစိတ်အပိုင်း လို့ ယူဆခဲ့ပြီး ဒီအပိုင်းထဲမှာတင် အသိပညာတွေကို စုဆောင်းလေ့လာမှုကို သိပ္ပံလို့ ခေါ်ဝေါ်ခဲ့တယ်။ သိပ္ပံကို (အသိပညာ) လေ့လာမှုအတွက် အလေးအနက် ပြုအပ်တဲ့ အထူးအစိတ်အပိုင်း အဖြစ် ယူဆခဲ့တယ်။ အခြားအပိုင်းဖြစ်တဲ့ စိတ်-ရက်စ်ကော်ဂစ်တန်စ် ကိုတော့ အလေးအနက် ပြုစရာလို့ မယူဆဘဲ သိပ္ပံပညာရှင်တွေ နှိုက်ထုတ် ရှာဖွေဖို့အထိ အဘိုးမတန်ဘူး လို့ ယူဆခဲ့တယ်။

ဒါကြောင့် စကြာဝဠာရဲ့ အရေးကြီးပြီး အလေးအနက်ပြုစရာ အသိပညာတွေဟာ ရုပ်ဝတ္ထု တနည်း သိပ္ပံပညာအပေါ်မှာပဲ ကန့်သတ်ထားခဲ့တယ်။ သိပ္ပံပညာအနေနဲ့ စကြာဝဠာနဲ့ ပတ်သက်ရင် ထိတွေ့တိုင်းတာလို့ရတဲ့ ရှုထောင့်တွေကပဲ လေ့လာဖို့ ထိန်းချုပ်ခံရတယ်။

သိပ္ပံပညာရှင်တွေက စကြာဝဠာကို ၀တ္ထုပစ္စည်းလို့ပဲ လက်ခံထားကြပြီးတော့ စကြာဝဠာရဲ့ တကယ့်ပရမတ်သစ္စာဟာ သက်မဲ့ဖြစ်တယ် သက်ရှိတွေမဟုတ်ဘူးလို့ ယုံကြည်ထားခဲ့ကြတယ်။
Written -Dr.Granville Dharmawardena
Translated-Ahlataya



Read more...

စိတ်စွဲနှင့် စွဲမြဲမှု

From Linn Birthday Food Offering

ကြီးပွားချမ်းသာနေသူများကို မြင်တွေ့ရလျှင် ကံထူးသူများအဖြစ်မြင်တက်ကြ၏။ သူတို့များ ကံကောင်းလိုက် လေခြင်းဟု တဖွံ့ဖွံ့ချီးဝဲတတ်ကြ၏။ ဤအဆင့်သို့ရောက် အောင်မည်သို့ တက်လှမ်းခဲ့ရသည်ကိုမူမစဉ်းစားကြ၊ သူတို့လိုပင် ကြီးပွားချမ်းသာ အောင်ကြိုးစားမည်ဟု အားကျနိုးကြားသူကား သာ၍ပင်ရှားပေလိမ့်မည်။ မည်သူ မဆို တချက်တည်းဖြင့် ပွပေါက်မတိုးနိုင်ချေ။

ယနေ့သရက်ပင်စိုက်၍ ယနေ့ရေလောင်းလျှင် ယနေ့သရက်သီးစားရသည်မဟုတ်ပေ။ ပိုးရွခြပုန်းတို့သည် တရွေ့ရွေ့တည်ဆောက်အားထုပ်ခြင်းဖြင့် သူတို့အတွက် နေရာအိမ် ကို ဖန်တီးကြလေသည်။ ပျားပိတုန်းတို့ သည် ပွင့်ချပ်ပွင့်ဖတ်တို့ကို တဖြေးဖြေးစုပ်ယူ ခြင်းဖြင့် ပျားရည်ဥနေသော ပျားလဘို့တံကြီးကို ရရှိကြသည်။

မြတ်မှိုက်တို့ကို တမျှင်ချင်း စုဆောင်းခြင်းဖြင့် စာခေါင်းဝါငှက်ကလေးတို့သည် မိုးတွင်း၌ နေရန် လုံးခြုံသော စာပေါင်းသိုက်ကို တည်ဆောက်နိုင်ကြလေသည်။ ဆိုလိုသည်မှာ အသေးအဖွဲ့လေးများကို တဖြေးဖြေးစုစည်း ခြင်းဖြင့် ကြီးကျယ်ခမ်းနားခြင်း၊ ခိုင်ခန့်ခြင်း တို့ဖြစ်ပေါ်လာရသည်ဟူလို၏။

ထိုအသေးအဖွဲ့လေးများကို စုစည်းတက်ရန်မှာ စွဲမြဲသောအလေ့အထမှ ရရှိနိုင်ပေ သည်။ မြန်မာရာဇ၀င်တွင် ဆရာတော် ဦးကျည်ပွေ့အကြောင်းပြောစမှတ် ပြုခဲ့ကြ၏။ ဆရာတော်သည် အသက် (၆၀)ကျော်မှ ပိဋကတ် စာပေကို လေ့လာကျက်မှတ်၏။ သို့ရာတွင် ဆရာတော်၌ စည်းစနစ်ကျမှုရှိ၏။ စွဲမြဲသောအလေ့အထရှိ၏။ တနေ့ လျှင်တန်ပူ (ဘုန်းကြီးများ သွားကြားထိုးရာ၌ အသုံးပြု၍ လက်(၈)သစ်ခန့်ရှိသည်) တထောက်ကျသာလျှင် ကျက်မှတ်၏။ ထိုအောက်လည်း မယုတ်၊ ထိုထက်လည်း မပိုလွန်ချေ။ ဤတန်ပူတထောက်စာကိုလျှင် နေ့စဉ် အကြိမ်ကြိမ် အထပ်ထပ် စွဲမြဲ လေ့လာကျက်မှတ်လေ၏။ များမကြာမှီ စာတက်အကျော် ဆရာတော် ဖြစ်၍ လာတော့သည်။

စာရေးသူသည် (ဥာဏ်အားကိုးဖြင့်) အလွန်ပျင်းထူ၏။ အစိုးရပထမကြီးတန် စာမေးပွဲ သို့ဝင်ရန်ရှိသောအခါ ဂါထာအပုဒ်ပေါင်း ၁၂၀၃-ပုဒ်တိတိ ပါရှိသော အဘိဓာန်ကြီးကို ကြည့်၍ စိတ်ပျက်အားငယ်ခြင်းဖြစ်မိ၏။ ၀ီရိယ စွမ်းအားထက်သူများအဖို့ ဤမျှသည် ထိတ်လန့်ဘွယ်မဟုတ်။ စာရေးသူအဖို့မူ တုန်လှုပ်ချောက်ချားနေတော့ သည်။

သို့ရာတွင် စာရေးသူသည် အဖြေကို အမြဲတမ်းရှာလျက်ရှိ၏။ ဥပမာခပ်ရိုင်းရိုင်းပေးရ သော် သူများမွေးလို့မှ ကိုယ်မမွေးလျှင် အမြုံသာဖြစ်ချိမ့်မည်ဟု စိတ်ကိုအားတင်းလိုက်၏။ အဖြေကားတွေ့ရပေပြီ၊ တနေ့လျှင် ဂါထာ ၅-ပုဒ်ကျအချိန်မှန်မှန် ကျက်ရန်တည်း။ ဆွမ်းခံသွားရင်း အရကျက်ရန်ကိုလည်း သတ်မှတ်လိုက်၏။ ဆွမ်းခံအပြန် ၌စာချဘုန်း ကြီးအထံ ပြန်၍ပြ၏။

၎-လမျှကြာသော် ဂါထာပုဒ်ပေါင်း ၆၀၀ မျှအာဂုံနှုတ်တက်ရမိလေသည်။ နောက်ထပ် လေးလမျှ ဤသို့မှန်မှန် လေ့ကျက်သွားပါလျှင် အဘိဓာန်တအုပ်လုံး အလွတ်ရပေမည်။ တနေ့လျှင် ဂါထာလေး ၅-ပုဒ်မျှသာ ကျက်ရ ပါသဖြင့် အပျင်းထူနေစရာလည်းမလို၊ ခက်ခဲပင်ပန်းမှုလည်း မရှိတော့သဖြင့် စာရေးသူအဖို့အတော်ပင်ပြေ လည်သွားခဲ့လေသည်။ ဤသည်မှာ စွဲမြဲသော အလေ့အထမှ ရလိုက်သော အကျိုးအမြတ်ဖြစ်ပေသည်။

မြန်မာစကားပုံတွင် “လက်ဖက်ကောင်းစားလို ပလောင်လို နှေးစေရမည်” ဟု၎င်း၊ “ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင်” ဟု၎င်း အဆိုရှိလေသည်။ အလုပ်ကြီးအလုပ် ကိုင်များကို လုပ်ရာ၌ ဟောဟောဒိုင်းဒိုင်း အရင်စလိုပြုမှုခြင်းဖြင့် ခရီးမရောက်နိုင်ချေ။ ပျက်စီးဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ကြရပေလိမ့်မည်။

အရာရာတွင် ချင့်ချိန်တွက်ဆနိုင်ခြင်း၊ အေးဆေးသပ်ရပ်စွာ ပြုလုပ်တက်ခြင်းနှင့် အချိန် မှန်ခြင်းသည်သာကိစ္စ ပြီးမြောက်နိုင်၍ ခရီးရောက်နိုင်ပေသည်။ လူတို့သည် အသေးအဖွဲ့ကိစ္စလေးများကို ပြုလုပ်ရလျှင် သေးသိမ် သည်ထင်တတ်ကြ၏။

တံစက်မြိတ်မှ တစက်ချင်းတစက်ချင်း ကျရောက်သည့် ရေပေါက်တို့သည် ခံအိုးကြီးပင် ပြည့်စေနိုင်၏ဟူသော သဘာဝကိုမေ့နေတတ်ကြလေသည်။ အိမ်ပေါ်သို့ရောက်ရန် အောက်ဆုံးလေကားထစ်မှ စတင်တက်ရောက်ရ လေသည်။

ကျေးရွာများ၌ ကောက်သင်းကောက်သူလေးများသည် ရိုးပြတ်တို့အကြား၌ တနှံချင်း လိုက်၍ ကောက်သင်း ကောက်ချင်းဖြင့် စပါးတွေတင်းအပြည့်၎င်း၊ ကြက်ကဲ့သို့ မြေကြီး၌ ယက်၍ တတောင့်ချင်း ကောက်သဖြင့်မြေပဲ သီးတောင့်တွေ တောင်းအပြည့်၎င်း ရရှိကြ လေသည်။

စာရေးသူ၏ ဖခင်ကြီးသည် လူပျိုပေါက်အရွယ်၌ မျက်စိတဖတ်တွင် မရိုးစေးမတော် တဆအ၀င်ခံရလေသည်။ သာမန်အသေးအဖွဲ့လေးမျှ အထင်ရောက်၍ တက်ကျွမ်းနား လည်သူများထံ မပြမိပေ။ လေးငါးရက်ကြာသော် မျက်စိတွင် တိမ်ခိုးသန်း၍ စက္ခုပသာဒ ချို့ယွင်းခဲ့သည်မှာ အသေးအဖွဲ့ကိစ္စဖြစ်၍ မမှုလောက်ဟု အထင် ရောက်ခဲ့မှုကြောင့်ဖြစ် လေသည်။ အသေးအမွှားဟု မလေးမစားပြုလျှင် မှားတတ်ကြောင်းသာဓကပင်ဖြစ်သည်။

“အမှိုက်ကစ ပြာဿာဒ်မီးလောင်” ဟူသကဲ့သို့ အသေးအဖွဲ့ပင်ဖြစ်စေကာမူ ပျက်စီးခြင်း အနန္တ ဆိုက်စေ၏။

အောင်မြင်ကျော်ကြား၍ ကြီးပွားချမ်းသာခြင်းအတွက် အထွတ်အထိပ်သို့လည်း ပို့ဆောင်ကြောင်း သတိမူရာ၏။

(မှတ်ချက်။ ။ မရိုးစေးသည် အပူဖြစ်၍ မျက်စိတွင်မတော်တဆ၀င်မိလျှင် အလွန်ပူစပ် သောဝေဒနာကို ခံစား ရသည်။ နို့ရည်ကိုညှစ်၍ ခပ်ပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်း သက်သာစေသည်ဟု သိရပါသည်။)

စာရေးသူ စာသင်တိုက်မှာ နေစဉ်ကဖြစ်ပါသည်။ ကျောင်းတိုက် အ၀င်လမ်းဘေးတဖက် တချက်၌ နွယ်သာကီ ပင်များကို ကျေးဇူးရှင်ဆရာတော်က (အသျှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတဖြစ်ပါသည်) စီတန်း၍စိုက်စေ၏။ စာရေးသူက ကြည့်ရှု့စီမံ၍ခိုင်းရ၏။

အပင်ငယ်တပင်မှာ အမြစ်တွင် တူးရွင်းနှင့်ထိုးမိ၍ ရှင်သန်ဖို့မျှော်လင့်ဘွယ်မရှိချေ။ သို့သော်တွင်းကလည်း တပင်စာကျန်နေ၍ ရှင်သော်ရှင်ငြား မလိုလဲလိုအနေဖြင့် စာရေး သူကအစိုက်ခိုင်းလိုက်၏။ နောက်တနေ့တွင် ဆရာတော်သည် လာ၍ကြည့်၏။ ညှိုးလျော်နေသော ထိုသစ်ပင်ကိုတွေ့ရလေရာ စာရေးသူအားခေါ်၍ သတိ ပေးစကား မိန့်ကြားလိုက်၏။

“မျှော်လင့်ချက်မရှိတဲ့အလုပ်ကို မလုပ်ရဘူးကွယ့်၊ သူများအထင်အမြင်သေး ခံရတက်တယ်”

စာရေးသူ၏နားထဲတွင် အရိုးခိုက်အောင်စွဲ၍ သွားလေသည်။ ဆရာတော်သည် သေးဖွဲ့ သောကိစ္စကိုပင် ဂရု တစိုက် ရှုမြင်တက်ပေသည်တကား။ ထို့ကြောင့်ပင် နိုင်ငံ၌ထင်ပေါ် ကျော်ကြားသောဆရာတော်တပါးဖြစ်၍ နေသည်မှာ မဆန်းတော့ချေ။

“အစကောင်းမှ အနှောင်းသေချာ” နိုင်ကြောင်းကိုလည်း သဘောပေါက်မိလာတော့ သည်။ ထိုစဉ်မှစ၍ မည်သည့်အလုပ်မျှ ပေါ့ပေါ့တန်တန် သဘောမထားနိုင်တော့ပေ။ အလေးအနက်ထား၍ ရှင်းလင်ပြတ်သား အောင် လုပ်တက်သည့် အလေ့အထမှာ စွဲမြဲ လာခဲ့ရပေသည်။

ရာဇ၀င်၌ စည်သူကျော်ထင်သည် နရပတိဟူသောအမည်ဖြင့် အင်ဝနန်းကို ၉၁၃-ခုနှစ်တွင်နန်းတက်လေ သည်။ ဤမင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံသည်။ သစ္စာ စောင့်သိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ မျှော်မြင် ဥာဏ်သွားခြင်းတို့၌ ကျော်ကြားသည်။ ထိုထက်ထူးခြားသည်ကား “ဥဒေတယံ” ဂါထာကို နံနက်တထောင်၊ “အပေတယံ” ဂါထာကို ညဥ့်တထောင်ရွတ်ဖတ် သရဇ္ဈာယ်လေ့ရှိခြင်းပေတည်း။

သာမန်ဇွဲ သာမန်စွဲမြဲသောအလေ့အထတို့ဖြင့် ဤမျှ ရွတ်နိုင်မည်မဟုတ်ချေ။ တကယ့်ဇွဲ တကယ့်စွဲမြဲသော အလေ့အထတို့ကြောင့်သာ ဤမျှ ရွတ်ဆိုနိုင်ခြင်းပေတည်း။ စာရေး သူအနေဖြင့် မချီးကျူးပဲ မနေနိုင်ပါချေ။
နံနက်တထောင် ညဥ့်တထောင်မဆိုထားဘိ တခေါက်ကိုမျှ နေ့စဉ်မှန်မှန်ရွတ်နိုင်သူ မည်မျှရှိမည် ထင်ပါ သနည်း။ နေ့စဉ်ဘုရားဝတ်ပြုခြင်း၊ နေ့စဉ်ရတနာသုံးပါး မိဘဆရာ တို့ကို ဦးချ၍ အိပ်ခြင်းကိုပင် မှန်မှန်ပြုလုပ် သူ နည်လှပေလိမ့်မည်။ လူတို့သည် “ခလုတ်ထိမှ အမိတ” တတ်ကြလေ၏။

ရောဂါတစုံတရာ စွဲကပ်လာလျှင် စုန်းကိုးကွယ် နတ်ကိုးကွယ်တတ်ကြလေသည်။ ကောင်းမြတ်သော အလေ့ အထတို့ကိုမှု အစဉ်တစိုက် မပြုလုပ်ကြချေ။ စာရေးသူသည် စာရေးရန် အလွန်ဝါသနာပါ၏။ ဒိုင်ယာရီစာအုပ် ကိုဝယ်ယူ၍ နေ့စဉ်မှတ်တမ်းရေးခြင်းဖြင့်စာရေးလေ့ကျင့်ခဲ့၏။

“စွဲမြဲသောအလေ့အထ” အကြောင်း (ယခုဆောင်းပါး)ရေးခဲ့စဉ်က ပထမဆုံးရေးသား လေ့ကျင့်ခံသည် ဒိုင်ယာရီ စာအုပ်လေးကို လှန်လှောကြည့်မိ၏။ သုံးပုံ့တပုံခန့်သာ ရေး မှတ်ထားသည်ကိုတွေ့ရသည်။ နှစ်ပုံခန့်မှာ အကြောင်း အမျိုးအမျိုးကြောင့် မရေးမှတ် နိုင်ပဲ ကွက်လပ်ကျန်နေသည်ကို တွေ့ရှိရပေ၏။

ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် လူတွင်ကျယ်လုပ်ချင်ကြ၏။ အောင်မြင်မှုဂုဏ်ပုဒ်ဟူသမျှ သည် ကျန်ုပ်တို့အား ကြိုလင့်နေစေချင်၏။ ကျန်ုပ်တို့သည် ဧရာမအဓိပတိပုဂ္ဂိုလ်ကြီး များ ဖြစ်လိုကြ၏။ ဤကဲ့သိုဖြစ်ရန် ဘာတွေ ကိုစွဲစွဲမြဲမြဲ ပြုလုပ်ကြိုးပမ်းနေကြပါသနည်း။ နေ့စဉ်မှတ်တမ်းလေးကိုမျှ မှန်မှန်မရေးသားနိုင်ပါတကား။

သို့ဆိုလျှင် “လူတိုင်း လူတွင်ကျယ် လုပ်ချင်၏၊ ခိုင်ကျည်တည့်မတ်သောစိတ်မရှိ၊ လူတိုင်းထင်ပေါ်ချင်၏၊- ဇွဲမရှိ၊ လူတိုင်းထင်ပေါ်ချင်၏- စွဲမြဲမှုမရှိ” ဟုဆိုရန်မှတပါး အခြားအကြောင်းမရှိတော့ပေ။

စစ်ကိုင်းမင်းရှိန်
ဓမ္မဗျူဟာမဂ္ဂဇင်း
(အတွဲ-၈၊ အမှတ်-၂)


Read more...

စဉ်းစားပါ ဆင်ခြင်ပါ သုံးသပ်ပါ- ၁... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

စဉ်းစားပါ ဆင်ခြင်ပါ သုံးသပ်ပါ- ၁... (ဦးသုမင်္ဂလ) vcd



Read more...

ကျောက်ပုံဝါဒီတို့သည် ၀ိတက္က၀ါဒီများဖြစ်ကြောင်း ...



ကျောက်ပုံတောရ- ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

စောဒနာအမှတ် ၁...

ကျောက်ပုံဆရာတော်အမည်ခံ ဦးစံရင်းနှင့် ၎င်း၏တပည့် ကျောက်ပုံဝါဒီတို့သည် ၀ိတက္က၀ါဒီများဖြစ်ကြောင်း စောဒနာချက်...










သောဓနာ အမှတ် ၁... (ဖြေရှင်းချက်)






စောဒနာ သောဓနာ အမှတ် ၁- သုံးသပ်ချက်...



























Read more...

ပုထုဇဉ်လေးမျိုး

ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင် ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေး ဖော်ပြပေးပါမယ်။ (၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ ပုထုဇဉ်၊ (၄) စူဋ္ဌသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ရှိပါတယ်။ အန္ဓဗာလ ပုထုဇဉ် ဆိုတာကတော့ အန္ဓဆိုတာ ကန်းတာ ဗာလဆိုတာ မိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ် ဆိုပြီးတော့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကို ဘာမှ မသိမြင်တတ်ပါဘူး။ ၀ိပဿနာဆိုတာကို ကြားတောင် မကြားချင်တာပါ။ ၀ိပဿနာနဲ့ လုံးဝမထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ကုသိုလ် အကုသိုလ်ဆိုတာလည်း အယုံကြည် မရှိတဲ့အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ပဲ အကုသိုလ် ဖြစ်စရာတွေသာ ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။ သူ့ကတော့ မိုက်လည်းမိုက်တယ် ကန်းလည်းကန်းတဲ့တွက် အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။

နောက်ပုထုဇဉ်တစ်မျိုးကတော့ အန္ဓပုထုဇဉ်ပါ။ ဒီပုထုဇဉ်ကတော့ အများဆုံးဖြစ်နေတဲ့ အရေအတွက်ပါ။ သူကတော့ ပရမတ်တွေ၊ ဓါတ်တွေ၊ သစ္စာတွေ မသိလို့ အန္ဓတော့ အမည်ရပါတယ်.. ဒါပေမယ့် ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ် အကုသိုလ်လုပ်ရင် အကုသိုလ်ရတယ် ဆိုတာတော့ နားလည်ပါတယ်။ နားလည်တဲ့အတွက်လည်း တတ်စွမ်းသ၍ ကုသိုလ်လေးလုပ်လိုက် အကုသိုလ်လေးလည်း မတတ်သာရင် လုပ်မိလိုက်ပေါ့။ ဒါပေမယ့် တတ်နိုင်သ၍တော့ အကုသိုလ်ကို ရှောင်ပါတယ်.. စာလိုပြောရရင်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်မှန် အနည်းငယ်ရှိတယ်လို့ ဆိုရမှာပေါ့။ မိုက်တော့ မိုက်တဲ့အထဲမပါပဲနဲ့ လုံးဝ ကန်းတဲ့အထဲ ပါတဲ့အတွက်လည်း သူ့ကို အကန်းပုထုဇဉ် (သို့) အန္ဓပုထုဇဉ်လို့ခေါ်တာပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ၁၀၀မှာ ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ပုထုဇဉ် နောက်တစ်မျိုးကတော့ ကလျာနပုထုဇဉ်ပါ။ အမည်ခံသူတော်ကောင်းလို့ ပြောရမှာပေါ့။ သူကတော့ သူတော်ကောင်း အထင်ခံချင်လို့ သူများထက် အမြင့်ကနေချင်လို့ ဗုဒ္ဓရဲ့ အဘိဓမ္မာစာပေတွေကို ပြောတတ်ဆိုတတ်ရုံ လေ့လာထားတယ်။ သူ့ကိုမေးလိုက်ရင် ခန္ဓာကဘာ၊ အယတနကဘာ၊ သစ္စာဆိုတာကဘာ ဆိုတာကို တန်းကနဲ့ ဖြေနိုင်တယ်၊ ပြောနိုင်ပါတယ်။ ဒါပေမယ့် မဂ်ဖိုရစေမယ့် ၀ိပဿနာ ကျင့်စဉ်ကျတော့ နည်းနည်းလေးမှ စိတ်မ၀င်စားပါဘူး။ ကျင့်လည်း မကျင့်ကြံပါဘူး။ စိတ်ကောင်းလည်း လုံးလုံးမရှိပါဘူး။ အဲ့လိုပုဂ္ဂိုလ်မျိုးကျတော့ သူတော်ကောင်းအမည်ခံ ကလျာဏပုထုဇဉ်လို့ ဆိုပါတယ်။ သူကတော့ ဘုရားတရားကို ကျင့်ကြံအားထုတ်ဖို့ မဟုတ်ပဲနဲ့ လူအထင်ကြီးအောင် လေ့လာတယ်.. နောက် သာရေး နာရေး အခမ်းအနားတွေမှာဆိုရင် ခေါင်းရင်းကထိုင်ပြီး အာဘောင်အာရင်းသံသံနဲ့ ခန္ဓာတွေ အယတနတွေ သစ္စာတွေ အကြောင်းကို တရားရတဲ့လေသံနဲ့ ပြောနေတဲ့သူမျိုးပေါ့။ သူတော်ကောင်း အမည်ခံတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ကလျာနပုထုဇဉ်လို့ ခေါ်ပါတယ်။

နောက် ပုထုဇဉ်ထဲမှာ အမြင့်မြတ်ဆုံး ပုထုဇဉ်ကတော့ စူဋ္ဌသောတာပန် ပုထုဇဉ်ဆိုတာပါ။ သူကတော့ ၀ိပဿနာတရားကို စိတ်ဝင်စားပြီး တကယ်လည်း လုပ်ဆောင်ကျင့်ကြံပွားများတဲ့ ပုဂ္ဂိုလ်ပေါ့။ ပရမတ်တရား ဓါတ်တရားတွေ နာကြားအားထုတ်လိုက်တဲ့ အတွက်ကြောင့်လည်း နမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သေချာသိသွားတဲ့ နာမရူပပရိစ္ဆေဒဥာဏ်၊ ခန္ဓာ ငါးပါးဖြစ်ခြင်းရဲ့ အကြောင်းကို သိမ်းဆည်းပြီးသိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ် နှစ်ပါးကို ရရှိသွားတဲ့ သူကိုတော့ စူဋ္ဌသောတာပန်ပုထုဇဉ် လို့ခေါ်ပါတယ်။ စူဋ္ဌာသောတာပန် ပုထုဇဉ်အဆင့်ကို ရောက်သွားရင် အပါယ်လေးဘုံကို လုံးဝ မကျတော့ပါဘူး။ ဒီဘ၀မှာ တစ်နေ့မဟုတ်တစ်နေ့ သောတာပတ္တိမဂ်ကို ဧကန်မုချ ရတော့မှာပါ။ မဂ်တားဖိုလ်တား အန္တရယ်ငါးပါး တစ်ပါးပါးရှိနေလို့ ဒီဘ၀ မဂ်ဖိုလ် မရနိုင်ဘူး ဆိုရင်လည်း နောက်ဘ၀မှာ ဧကန်မုချ မဂ်ဖိုလ်ကို ရတော့မှာပါ။ စူဋ္ဌသောတာပန် ပုထုဇဉ်ဘ၀ကို ရောက်မှလည်း ဥာဏ်အမြင်ကန်းတဲ့ ဘ၀က လွတ်မြောက်ပါတယ်။ အားကျဖို့ ကောင်းပါဘိ။

ဘုရားရှင်ဟောပြဆုံးမတဲ့ ပုထုဇဉ်လေးမျိုးကို ဘာလို့ ချပြရသလဲဆိုတော့ လူအများစုဟာ အန္ဓပုထုဇဉ်(အကန်းပုထုဇဉ်)တွေ များလို့ပါ။ အကန်းပုထုဇဉ် ဖြစ်နေသ၍ အပါယ်လေးပါးက မလွတ်နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကောင်းတာတွေ လုပ်နေနေ ဥာဏ်မျက်စိ ကန်းနေတဲ့အတွက် သေခါနီးအချိန်မှာ စိတ်မထားတတ်ရင် စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့နေရာ ရောက်သွားမှာမလို့ပါ။ ဒါ့ကြောင့်လည်း ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက အသေမဦးခင် ဥာဏ်ဦးအောင် လုပ်ဆိုပြီးတော့ အမြဲမှားကြားသွားခဲ့တာပေါ့။ ကျွန်တော်တို့တွေလည်း ဒါန၊ သီလ ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေမှာတင် ရပ်မနေပဲ ရှေ့တိုးပြီး ၀ိပဿနာ တရားကို နာကြားအားထုတ်သင့်ပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကို အမြင်ဆုံး ကုသိုလ် ဖြစ်တဲ့ ၀ိပဿနာကုသိုလ်နဲ့ တွဲလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါမှလည်း ဒါနကို သံသရာမလည်အောင် ပြုတတ်မယ်၊ သီလကို သံသရာမလည်အောင် ဆောက်တည်တတ်မှာပါ။ ဒီလိုမှ မဟုတ်ရင် ၀ိပဿနာဥာဏ်မပါတဲ့ ဒါန၊ သီလတွေဟာ သံသရာမှာ အထပ်ထပ် လည်စေနိုင်တဲ့အတွက် သံသရာမှာ အထပ်ထပ် သေချင်တဲ့ ဆုတောင်းမျိုးတွေ တောင်းမိနေတော့မှာပါ။ ဒါ့ကြောင့်လည်း ဘုရားရှင်က ၀ိပဿနာတရားကို နာကြားအားထုတ်ဖို့ အထူးမှာကြားခဲ့တာပါ။

ဘုရားစကားနားထောင်ပြီး ၀ိပဿနာတရား နာကြားအားထုတ်ကာ စုဋ္ဌသောတာပန် တည်သွားတဲ့ မထက်ထက်အောင် အကြောင်းလေးလည်း အားကျဖွယ်ရာ ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။ အင်မတန် အားကျဖို့ ကောင်းပါတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးကို အဓိပ္ပါယ်ရှိရှိ အသုံးချသွားတဲ့ လူတစ်ယောက်ပါပဲ။ ကျွန်တော်တို့တွေလည်း နိဗ္ဗာန်ရောက်ဖို့ဆိုတာကို ခဏလောက် ထားလိုက်ပါဦး… အရင်ဆုံး ၀ိပဿနာတရား နာကြားအားထုတ်ပြီး အပါယ်တံခါးပိတ်ဖို့ စူဋ္ဌသောတာပန်ဖြစ်ဖို့ ကြိုစားဖို့လိုပါတယ်။ စူဋ္ဌသောတာပန် ဖြစ်ပြီဆိုရင်ကို နိဗ္ဗာန်တံခါး အလိုလိုပွင့်သွားပါပြီ။ ဓမ္မမိတ်ဆွေအပေါင်း စူဋ္ဌသောတာပန် မထက်ထက်အောင်ကို အားကျအတုယူကာ ၀ိပဿနာတရား ကျင့်ကြံပွားများ နိုင်ကြပါစေ.. မဂ်ဖိုလ် နှိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

video

Read more...

အမိဖြစ်သူ မနှစ်သက်...

ဥတ္တရမာတုပေတိဝတ္ထု -

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့် ရေကို မသုံးစားရ ဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာ ခံစားရသော ပြိတ္တာမအကြောင်း…

ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊

အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို လည်းကောင်း,သောက်ရေ သောက်ရသည်ကို လည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။

ဤဂင်္ဂါမြစ်သည် အေးသောရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက်သောက်ပါလော့၊ အဘယ့်ကြောင့် ငါအား သောက်ရေကို တောင်းဘိသနည်း ဟု မထေရ်က ပြော၏။

အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ် ကိုယ်တိုင် ယူခဲ့ပါမူ ရေသည် အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့် သောက်ရေကို တောင်းပါ၏ဟု လျှောက်၏။

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု မထေရ်က မေး၏။

အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု 'သဒ္ဓါ' ရှိသော ဥပါသကာ ဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ်သည် ဝန်တိုမှု 'မစ္ဆရိယ' နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။

ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကို လည်းကောင်း, ဆွမ်းကို လည်းကောင်း, သူနာ၏ အထောက်အပံ့ဆေးကို လည်းကောင်း, အိပ်ရာနေရာကို လည်းကောင်း ရဟန်းတို့အား ပေးလှူ ဘိ၏။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေးဖြစ်စေသတည်း ဟု ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက် သွေးဖြစ် နေပါတော့၏ ဟု လျှောက်၏။

၁ဝ - ဥတ္တရမာတုပေတိဝတ္ထု၊ ဥဗ္ဗရိဝဂ်၊ ပေတ၀တ္ထု၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP