* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, June 16, 2009

Launch of the Korean Seon Club


Saturday July 4th
Official launch of Bangkok’s Korean Zen club,
Sat. July 4th 7-9pm (sharp)
(sounds like a wholesome way to spend your Saturday evening)
Bangkok Seon Club
The Bangkok Seon Club is an English-language Zen group that will be meeting monthly at the Bangkok Hanmaum Seonwon (One-mind Zen Centre near Ekamai BTS) to share experiences and study Korean Zen in general, and the teachings of Zen Master Daehaeng Kunsunim in particular. First up is informal study of Daehaeng Kunsunim’s book “No River to Cross” – copies of which will be available at the centre.
Meetings will be open to all comers interested in Korean Zen Buddhism, whatever your background in Buddhism or meditation.
Background:
The Bangkok Hanmaum Seon Center is an overseas branch of Hanmaum Seonwon, established by Seon Master Daehaeng Kunsunim (a female Seon master widely respected throughout Korea) in 1972, and part of the Jogye Order of Korean Buddhism – the largest Buddhist Order in Korea with a history stretching back over 1,200 years.
‘Seon’ by the way, is the Korean word for ‘Zen’, and Master Daehaeng’s teaching is to realize and awaken to our inherent nature, also called Buddha-nature, inherent mind, or Juingong.
Daehaeng Kun Sunim teaches people to
Believe in your foundation, Juingong, and entrust it with everything that confronts you. Then go forward while observing and experimenting with what you experience.
The Bangkok branch of Hanmaum Seonwon was established ten years ago and serves the spiritual needs of Korean residents and visitors in the city. It is very much a centre of the Korean Buddhist community, and many families attend regularly with children of all ages.
The founder does not reside at this branch temple, but it is run by two resident female sunims (teachers) who arrange regular ceremonies and teachings.
Our meetings will be led by the senior resident Sunim Kun Hyaedan Sunim, who has been ordained for many years, and/or by the other Sunim at the centre, Kun Hyaegyu Sunim. Regular attendees include English-speaking members of the Seon Centre (who kindly help with translation when needed), Dr. Lee Bhikkhuni (American)from the Women’s International Meditation Centre in Rayong, and a number of other non-Koreans interested in Seon Buddhism.
The monthly Bangkok Seon Club meetings is the first major English-language project undertaken by the centre, and despite being a new group is already generating much interest.
Meditation
This Korean lineage differs somewhat from the more well known Japanese Zen schools in meditation style. One surrenders to ones own Buddha-nature (Juingong), a giving up of the self to the natural flow of Dhamma and wisdom. Instructions will be given for the formal sitting period at the start of each meeting, so please arrive before time so as not to disturb the sitting.
A few points to note:
* Please try to arrive in plenty of time as the meetings start with a short meditation, and we try to finish at 9pm sharp too.
* There are no bare feet in Korean temples, it would be much appreciated if those wishing to come will remember to bring socks!
* It is a good idea to buy a copy of the book we are studying, ‘No River to Cross’, if you intend to attend regularly. Copies will be available at the centre.
* This is a good chance here in Bangkok to study in a Zen Buddhist temple with fully ordained Zen monks in a close and supportive practice group. See you on Saturday!
Details of the next meeting:
Date: Saturday July 4th
Time: 7pm sharp
Location: The Bangkok Hanmaum Seon Centre
86-1 Soi 4 Sukhumvit 63
BTS Ekamai Station – Exit 1
Take Exit 1 from Ekamai Station, and go down Ekamai Road (aka Sukhumvit 63). Turn right along Soi 4 and go to the end. Turning left you will see the Centre on your right a few meters along.
A motorcycle from Ekamai can also take you there cheaply. Ask for the ‘Wat Gao-lii’ (Korean temple).
Click map for a lager version:
http://littlebang.files.wordpress.com/2009/06/korean-temple.jpg

Read more...

ကိုတိုးဝင်း ၏ ကောင်းမှူ

ကိုတိုးဝင်း ၏ ကောင်းမှူ
Jun 16, '09 4:18 AMfor everyone


ဦးဇင်း စစ်ကိုင်းသင်တန်း မန္တလေးသင်တန်းတွေနဲ့ အလုပ်တွေများပြီး အခက်အခဲတွေ ဖြစ်နေချိန် မှာ ဦးဇင်းရဲ့ ကုဋီအတွက်အလှူရှင်များ ဆိုတဲ့ပိုစ့်ကို တင်ခဲ့ပါတယ်။

အဲဒီမှာ ကွန်မန်း လာပေးသွားတဲ့ ဒါယကာတိုးဝင်းမှ ဦးဇင်းသင်တန်းအတွက်ငွေ ၂ သိန်းကျပ် တိတိအား ရိုးမဘဏ်မှတဆင့် လှူဒါန်းသွားခဲ့ပါတယ်။ ဦးဇင်းမန္တလေး သင်တန်းအတွက်အလွန်ပဲဝ မ်းသာခဲ့ရပါတယ်.။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးသင်တန်းမှာ သင်သာသင်နေရတယ်။ မီးကတစ်ရက်မှမလာဘူး။

ဦးဇင်းဆီအတွက် တော်တော်လေး စိတ်မောခဲ့ရတယ်။ မန္တလေးရောက်လို့ ၃၅ လမ်းရောက်ပြီ ဆိုတာနဲ့ ရင်တွေ တော်တော်ခုန် ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးစက်သံကတဒုတ်ဒုတ်နဲ့ လေ..။ ဒါပေမဲ့ ဦးဇင်းသင်တန်းထဲဝင်သွားတော့ နေပူထဲက နေလာရတာဆိုတော့ အေးသွားတယ် အဲယားကွန်းလေးဖွင့်ထားတာကိုး…။

သံဃာတော်တွေ ကီးဘုတ်လေးတွေရိုက်နေတဲ့အသံ လေးတွေကြားတော့ စိတ်ထဲမှာကြည်နူးရပြန်ပါတယ်..။ သံဃာတော်တွေအအေးခန်းထဲမှာ မျက်စိမထိခိုက်တဲ့ မော်နီတာလေးတွေနဲ့ အဆင့်မြင့်မြင့်စက်တွေနဲ့ အင်တာနက်ပါ အခမဲ့ သင်ယူခွင့်ရတာကိုတွေးကြည့်ရင် ဦးဇင်းကိုယ်တိုင်တောင် အဲလောက်ဝမ်းသာရတာ အဲဒါ ကိုလှူဒါန်းခွင့်ရတဲ့ ဒါယကာတိုးဝင်းလည်း ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ပါစေ..လို့ဆုတောင်းရင်း ဒီပိုစ့်လေးကိုနိဂုံးချုပ်လိုက်ပါတယ်..။

Read more...

မသူတော်ဘေး ကြုံရရင် ဘယ်လိုလုပ်ရမလဲ…

Q. ဘုန်းဘုန်းတပည့်တော် ရောက်နေတဲ့ မြို့မှာ ကြီးစိုးနေတဲ့ မြန်မာသုံးလေးယောက်က ပညာပြလို့ တပည့်တော် စိတ်ဆင်းရဲနေရလို့ မသူတော်ဘေး ကြုံရရင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။တပည့်တော် ပြဿနာ တစ်ခုခု ဖြစ်ရင် ကိုယ်မှားတာ ကိုယ်လွန်တာလဲ ရှိနိုင်တယ်ဆိုတာ သိပါတယ်။ တစ်ဖက်ကိုပဲ အပြစ်မပြောပါဘူး။ ဒါပေမယ်လို့ ဒီကို ရောက်စမှာ သူတို့က သူတို့ ကိုယ်ရေးကိစ္စတွေအတွက် ငွေတောင်းတာ၊ လူကို ဟိုဟာဒီဟာ ခိုင်းတာ၊ နိုင်ငံရေးလုပ်ဖို့ဆိုပြီး အလှူခံတာတွေကို ပထမ အမုန်းမခံချင်လို့ ပေးပေမယ့် အကြိမ်များလာတော့ ငွေလဲ မပေး၊ ခိုင်းလဲ လုပ်မပေးဘဲ နေမိပါတယ်။ ဗိုလ်ကျလာတယ် ထင်လို့ပါ။ သူတို့ဟာ ဒီမြို့မှာ လူတွင်ကျယ်တွေ ဖြစ်လာနိုင်ပြီး လုပ်မပေးရင် ပြဿနာရှာနိုင်တယ်ဆိုတာကို မသိပါဘူး။ သူများနိုင်ငံမှာ မြန်မာချင်း ဒီလို ဗိုလ်ကျလို့ ရမယ် မထင်လို့လဲ ပါပါတယ်။အလုပ်တွေ လစ်လပ်ရင် တပည့်တော်ကို အသိမပေးဘဲ ဖုံးထားတာတို့၊ ကျန်တဲ့လူတွေက အလုပ်သွားလျှောက်လို့ရကြောင်း လာမပြောချင်အောင်လဲ တပည့်တော်ဟာ ဒီအလုပ်ကို လုပ်နိုင်မယ် မထင်ကြောင်း ခဏခဏ ချူချာကြောင်း သတင်းလွှင့်တာတို့ လုပ်ပါတယ်။ တပည့်တော် ရောက်စက နေထိုင်မကောင်းလို့ စိတ်ညစ်ရတာကို အနားမှာ မိသားစု မရှိတော့ သူတို့မြန်မာချင်းကိုပဲ ရင်ဖွင့်မိတာ ပါပါတယ်။ အခုတော့ နေထိုင်မကောင်းရင်တောင် အလုပ်မရအောင် သတင်းလွှင့်မှာ စိုးလို့ ဖုံးထားရပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေက ဒီလို မလုပ်ဘဲ လူတွင်ကျယ် ဖြစ်နေတဲ့ သုံးလေးယောက်ထဲပါ။ ဒါပေမယ့် သူတို့က လူတွင်ကျယ်ဆိုတော့ တပည့်တော် စိတ်ညစ်နေရပါတယ်။သူတို့က အမြှောက်အပင့်ကြိုက်၊ ငွေကြိုက်တော့ မြှောက်ပင့်ပေါင်းရင်၊ ငွေပေးရင် ပြေလည်နိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မြှောက်တာပင့်တာကို ဘုရားမကြိုက်၊ သူတော်ကောင်းတွေလဲ မကြိုက်ဘူးလို့ သိထားတော့ မလုပ်ချင်ပါဘူး။ ငွေပေးရင်လဲ တကြိမ်နဲ့ မပြီးဘဲ အကြိမ်ကြိမ် ဖြစ်နေမှာရော၊ သူတို့ မြန်မာ့အရေး လုပ်တယ်ဆိုတဲ့ နိုင်ငံရေးကိစ္စတွေက သူတို့ ငွေကုန်မခံပဲ သူများတွေပိုက်ဆံပဲ လိုက်တောင်းနေတာ မြင်နေရတာကြောင့်ရော မပေးချင်ပါဘူး။ အလုပ်မရှိသေးလို့ ဝင်ငွေအဆင်မပြေတဲ့ လူတွေကိုတောင် အလုပ်မရှိကြောင်း၊ အသုံးမကျကြောင်း ကွယ်ရာမှာ အတင်းပြောလိုက်၊ ဆင်းရဲတယ်ဆိုပြီး သူတို့အတင်းပြောခဲ့တဲ့လူဆီ ပိုက်ဆံသွားကောက်လိုက် လုပ်နေတာလဲ သိလို့ပါ။တပည့်တော် သူတို့အပါအဝင် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့က လူတွင်ကျယ်တွေဆိုတော့ သူတို့ကို မလိုက်လျောရင် ဘာဒုက္ခမှ မပေးလဲ အဲဒီလူကို လူတောမတိုးအောင်၊ ဝင်မဆံ့အောင် ညစ်ထားတော့ စိတ်ညစ်ရပါတယ်။ သူများနိုင်ငံမှာ မြန်မာအသိုင်းအဝိုင်းလေးက ကျဉ်းတော့ ဒီအသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ ညစ်ထားရင် နေစရာမရှိ စိတ်ညစ်ရပါတယ်။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါဘုရား။
(ဝင်းဇော်)

A. အင်း… ဒီလိုပြဿနာတွေကတော့ မြန်မာတွေ ရှိတဲ့နေရာမှာ ရှိနေမှာပါပဲ။ ဘာသာတရား ရှုထောင့်ကပြောရရင် နိဗ္ဗာန်မရသေးသမျှတော့ ဒုက္ခတွေက ရှိနေမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ဒုက္ခတွေဟာ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒုက္ခနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တဲ့ အသေးအဖွဲ ဒုက္ခလေးတွေပါ။ ဗုဒ္ဓဟောတဲ့ ဒုက္ခသစ္စာ အဖွင့်မှာ မချစ်မနှစ်သက်သူတွေနဲ့ အတူနေထိုင်ရခြင်း၊ ချစ်ခင်နှစ်သက်သူတို့နဲ့ ကွေကွင်းရခြင်း၊ အလိုရှိတဲ့အရာကို မရခြင်းစတာတွေဟာ ဒုက္ခရဲ့ တစ်စိပ်တစ်ပိုင်းများဖြစ်ကြောင်း အကျဉ်းအားဖြင့် စွဲလန်းတတ်တဲ့ ဒီခန္ဓာငါးပါးဟာ ဒုက္ခပဲဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါကြောင့် ကျန်တဲ့ဒုက္ခတွေ မပြောနဲ့ ခန္ဓာကိုယ်ကြီး ရနေတာကိုက ဒုက္ခကြီး ရထားတာပါ။ လောကကြောင်းအရ ကြည့်ရင် ဒါလည်းပဲ လောကဓံပါပဲ။ အကောင်းအဆိုး အတက်အကျ အဆင်ပြေမှု မပြေမှု စတာတွေဟာ လောကသားတိုင်း ရှောင်လွဲမရဘဲ တွေ့ကြုံရမယ့် အရာတွေပါ။ သေချာတာကတော့ ဒီအရာတွေဟာ အမြဲဖြစ်မနေဘူး ဆိုတာပါ။ အချိန်တန်ရင်တော့ ကျော်လွှားသွား၊ ပြီးဆုံးသွားကြမှာတွေပါ။ အဲဒီအချိန်မရောက်ခင် အခိုက်အတန့်ကိုသာ ခံနိုင်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံခံနိုင်တယ်ဆိုတာလည်း ဒီအခိုက်အတန့်လေးကို မတုန်မလှုပ်နေနိုင်ခြင်းကို ဆိုလိုတာပါ။ဆိုလိုတာက အရာရာဟာ ကိုယ်ထင်သလို ကိုယ်လိုချင်သလို လုပ်လို့မရဘူးဆိုတာပါ။ တစ်ခါတစ်လေ ကိုယ်တစ်ယောက်တည်းတောင် အဆင်မပြေ ဖြစ်နေကြလေတော့…။ ထားပါတော့ မေးခွန်းရှင်ရဲ့ ဒုက္ခအတွက် အကောင်းဆုံး အကြံပြုချင်တာက ဒီပတ်ဝန်းကျင် ဒီလူတွေကြောင့် စိတ်ပင်ပန်းတယ်၊ အကုသိုလ်ဖြစ်တယ်ဆိုရင် မတွေ့မမြင်အောင် နေကြည့်စေချင်ပါတယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင် ဒီလူတွေနဲ့ မကင်းနိုင်သေးဘူး ဆိုရင်တော့ အတတ်နိုင်ဆုံး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။ လိုက်လျောညီထွေ ဖြစ်အောင်ဆိုလို့ သူတို့အရက်သောက်လို့ လိုက်သောက်တာ၊ သူတို့ဖဲကစားလို့ လိုက်ကစားတာ စတာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘက်က သူတို့နဲ့ ပတ်သက်ပြီး အပြစ်မဖြစ်အောင် သူတို့နဲ့ ဆက်ဆံရတဲ့အခါမှာလည်း အကုသိုလ်မဖြစ်အောင် အတတ်နိုင်ဆုံး သီးခံခွင့်လွှတ်တာ၊ မေတ္တာထား ဆက်ဆံပေးတာတွေကို ပြောတာပါ။ ပြီးတော့ အများနဲ့နေတဲ့အခါလည်း နေတတ်အောင်၊ ဘယ်သူမှမရှိ တစ်ယောက်တည်း နေတဲ့အခါလည်း နေတတ်အောင် ကြိုးစားခြင်းဟာ လောကဓံကို ခံနိုင်ခြင်းတစ်မျိုးပါပဲ။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်အကုသိုလ်မဖြစ်အောင် ကြိုးစားလေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ အဓိကကတော့ သီးခံနိုင်အောင်ပေါ့။အကုသိုလ်ဆိုတာ တစ်ခါတစ်လေ မမြင်ရတဲ့အခါ၊ မကြားရတဲ့အခါ မဖြစ်တတ်ပါဘူး။ မြင်ကြားတဲ့အခါမျိုးမှာ ဖြစ်တတ်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီသူတစ်ယောက်ကို မြင်တွေ့ရင်စိတ်မချမ်းသာဘူး၊ အကုသိုလ်ဖြစ်တယ်ဆိုရင် မမြင်မတွေ့အောင် ကြိုးစားနေကြည့်ပါ။ ရှောင်လို့မရ တွေ့မြင်ရရင်လည်း သီးခံပြီး အကောင်းမြင်တတ်အောင် ကြိုးစားကာ မေတ္တာထား ဆက်ဆံကြည့်ပါ။ အချိန်တန်လာရင် အားလုံးပြီးသွားမှာပါ။ ပြီးတော့ သူကကိုယ့်ကို ဘယ်လိုပြောတယ်၊ ဘာဖြစ်တယ် စတဲ့ အတွေးတွေနဲ့ စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားမိပါစေနဲ့။ အဲလို အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ခံစားရင် ပြီးမှာမဟုတ်တော့တဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း ခံစားတိုင်းခံစားတိုင်း ပင်ပန်းမှုတွေပဲ တိုးနေပါလိမ့်မယ်။ တကယ်တော့ ဒါတွေဟာ ရှောင်လွဲမရတဲ့ အကောင်းအဆိုး လောကဓံများဖြစ်တဲ့အတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်မယ်ဆိုရင် ပြီးသွားမှာပါ။ တစ်သက်လုံးတော့ ဒီအတိုင်းဖြစ်မနေပါဘူး။ ဒီအခိုက်အတန့်လေးပဲ ဖြစ်တဲ့အတွက် ဒါလည်းပဲ လောကဓံပါလားလို့ စိတ်ကိုတင်းပြီး သီးခံကြည့်လိုက်ပါ။ ဒါကြောင့် အထူးပြောလိုတာက ခန္ဓာကိုယ်ရလာတဲ့ သူမှန်သမျှ ဒုက္ခအမျိုးမျိုးကတော့ ရှိနေကြမှာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သီးခံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားဖို့နဲ့ ဒီဒုက္ခတွေ မခံနိုင်လို့ စိတ်လိုက်မာန်ပါ လုပ်မိပါက ဒီထက်ဆိုးတဲ့ သံသရာဘ၀ဒုက္ခတွေကလည်း အဆင်သင့်ရှိနေတယ်ဆို မမေ့ဘဲ သံသရာပါစေနိုင်မယ့် အကုသိုလ်တွေကို မလုပ်ဘဲ ဒီဘ၀ဒီခန္ဓာကိုယ်ရဲ့ ဒုက္ခတွေကို သီးခံကာ ကျော်လွှားနိုင်အောင် ကြိုးစားကြည့်ပါဟုပဲ တိုက်တွန်းလိုက်ပါရစေ…။

Read more...

Loha Prasat and Wat Ratchanaddaram


I came here once before, a number of years ago, before its recent restoration. At that time, from what I remember, the central stairwell was metal, not the lovely wood it is now, and there was a general feeling of neglect about the place. The maze of corridors were unkempt and it was full of mangy dogs, but now it is a real pleasure to walk through, and the only animals are happy looking cats.It is, famously, the only building of its kind in the world, with the original structures in Sri Lanka and India, upon which it was based, no longer in existence.
Loha Prasat is usually translated as metal castle or bronze palace, and it looks like an elaborate wedding cake. Building began in 1846 and there are, apparently, 37 metal spires on its five concentric square towers, and the top is 36 metres high.It is a joy. Since the restoration it is neat and airy and the open walkways are fascinating to explore. There are many beautiful shrines, lots of light, and the red tiled floor is spotlessly clean.
The white arches of the corridors make great frames for the cityscapes, and its a real pleasure to get close to the copper spires you'd previously only admired from the ground.The views become more dramatic with each floor you ascend, it's amazing how much of Bangkok you can see from here, and Ikumi and I took out our map and spent some time identifying temples across the city. The most dramatic view is that of the nearby Golden Mount, looking almost as if it's perched on the roof of Wat Ratchanaddaram's main building, but it's equally breathtaking in every direction. At the very top is a final climb, to the very summit, where a small shrine holds a relic of the Buddha.
People take turns paying respect, waiting patiently at the bottom of the narrow steps while pilgrims kneel and quietly chant. There's even a sign in English providing the few words of Pali that I already know, and Ikumi and I repeated them into the breeze.

Namo tassa bhagavato arahato samma sambuddhassa

Namo tassa bhagavato arahato samma sambuddhassa

Namo tassa bhagavato arahato samma sambuddhassa

Read more...

သတ္တဝါတို့၏ အသက်သည်...

သလ္လသုတ် - (မြှား၊ ငြောင့်)

၁…ဤလောက၌ သတ္တဝါတို့၏ အသက်သည် အမှတ်နိမိတ် ကင်းသည်ဖြစ်၍ သေရမည့် အခါ လားရာဂတိ အသက် အပိုင်းအခြားကို မသိနိုင်၊ အကြောင်းများစွာနှင့် စပ်သဖြင့် ပင်ပန်းငြိုငြင်ရ၏၊ နည်းငယ်တိုတောင်းလှ၏၊ သို့ဖြစ်နေလျက်လည်း ထိုအသက်သည် ဆင်းရဲအမျိုးမျိုးနှင့် ရောယှက် နေသေး၏။ ၅၈၀
၂…ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် အကြင် (ဆေးဝါး မန္တရားစသော) လုံ့လဖြင့် မသေကုန်ရာ၊ ထိုမသေရာသော လုံ့လမျိုးသည် မရှိနိုင်၊ အိုခြင်းသို့ ရောက်၍သော် လည်းကောင်း (အိုခြင်းသို့ မရောက်မူ၍သော် လည်းကောင်း) သေ တတ်၏၊ သတ္တဝါတို့သည် ဤသို့ သေတတ်သော သဘော ရှိကုန်သည်သာတည်း။
၃…သစ်သီးမှည့်တို့အား နံနက်တိုင်း ကြွေကျရခြင်းကြောင့် ဘေးဖြစ်သကဲ့သို့ ဤအတူ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့အား သေရခြင်းကြောင့် အမြဲ ဘေးဖြစ်နေ၏။
၎…အိုးထိန်းသည် ပြုလုပ်အပ်သော မြေအိုး မြေခွက်အားလုံးတို့သည် ကွဲခြင်းလျှင် အဆုံးရှိကြကုန်သကဲ့သို့ ဤအတူ သတ္တဝါတို့၏ အသက်သည် သေခြင်းလျှင် အဆုံးရှိ၏။
၅…ငယ်သူတို့သည် လည်းကောင်း၊ ကြီးသူတို့သည် လည်းကောင်း၊ မိုက်သူတို့သည် လည်း ကောင်း၊ ပညာရှိသူတို့ သည် လည်းကောင်း ထိုသူအားလုံးတို့သည် သေမင်းနိုင်ငံသို့ လိုက်ပါကြရကုန်၏၊ အလုံးစုံသော သူတို့သည် သေမင်း၏ အထံသို့ ဆိုက်ရောက်ကြ ရကုန်၏။
၆…သေမင်း နှိပ်စက်အပ်ကုန်သည်ဖြစ်၍ တမလွန်လောကသို့ သွားကုန်သော ထို သတ္တဝါတို့တွင် အမိ အဖသည် သားသမီးကို သေဘေးမှ မစောင့်ရှောက်နိုင်၊ ဆွေမျိုးတို့သည်လည်း ဆွေမျိုးတို့ကို သေဘေးမှ မစောင့်ရှောက်နိုင်ကုန်။
၇…ကြည့်ရှုစမ်းပါလော့ သတ်မည့် နွားကို ဆောင်ယူသွား သကဲ့သို့ ဆွေမျိုးတို့ ကြည့်ရှု နေကြကုန်စဉ်ပင် အထူးထူး အထွေထွေ ငိုကြွေး မြည်တမ်းနေကြကုန်စဉ်မှာပင် သတ္တဝါတို့တွင် တစ်ယောက်စီ တစ်ယောက်စီ သေမင်းသည် ဆောင်ယူ သွားလေ၏။
၈…ဤသို့ သတ္တဝါအပေါင်းကို သေခြင်းတရားသည် လည်းကောင်း၊ အိုခြင်း တရားသည် လည်းကောင်း အလွန် ညှဉ်းဆဲ နှိပ်စက်နေ၏၊ ထို့ကြောင့် ပညာရှိတို့သည် လောက အကြောင်းကို သိ၍ မစိုးရိမ်ကြကုန်။
၉…ဤဘဝသို့ လာသည်လည်းဖြစ်သော ဘဝတစ်ပါးသို့ သွားသည်လည်းဖြစ်သော အကြင်သူ၏ လမ်းခရီးကို မသိ၊ ထိုသူ၏ သွားရာ လာရာ ခရီးနှစ်မျိုးတို့ကို ကောင်းစွာ မမြင်ရ၊ အကျိုးမဲ့ ငိုကြွေး၏။
၁၀…ငိုကြွေးသည်ဖြစ်၍ အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ တွေဝေသည်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲလျက် အကျိုး တစ်စုံတစ်ရာကို ဆောင်နိုင်ခဲ့ပါမူ ပညာရှိသည် ထိုငိုကြွေးမှုစသည်ကို ပြုရာ၏။
၁၁…တစ်စုံတစ်ယောက်သောသူသည် ငိုကြွေးခြင်းဖြင့် လည်းကောင်း စိုးရိမ်ပူ ဆွေးခြင်းဖြင့်လည်းကောင်း စိတ်၏ ငြိမ်းအေးခြင်းသို့ မရောက်နိုင်၊ ထိုငိုကြွေးသူအား ဆင်းရဲသာလျှင် လွန်စွာဖြစ်ရ၏၊ ခန္ဓာကိုယ်သည်လည်း ပင်ပန်း ရာ၏။
၁၂…မိမိကိုယ်ကို မိမိကိုယ်တိုင် နှိပ်စက်ညှဉ်းဆဲသူသည် ကြုံလှီသော ကိုယ်ရှိသူ အဆင်းမလှသူ ဖြစ်ရ၏၊ ထိုသို့ ငိုကြွေးသဖြင့် သေသော သူတို့သည် မမျှတနိုင်ကုန်၊ ထို့ကြောင့် ငိုကြွေးခြင်းသည် အကျိုးမရှိ။
၁၃…စိုးရိမ်မှု 'သောက' ကို မပယ်စွန့်နိုင်သော သတ္တဝါသည် လွန်စွာ ကိုယ်စိတ် ဆင်းရဲ ခြင်းသို့ရောက်၏၊ ဗသသူ ကို အကြောင်းပြု၍ အဖန်တလဲလဲ စိုးရိမ် ညည်းတွားသူသည် စိုးရိမ်ခြင်းသို့ အလိုသို့ အစဉ်လိုက်ရ၏။၁၄…ဤလောက၌ တမလွန်သို့ သွားသော ကံအားလျော်စွာ ဘဝသို့ ကပ်ရောက်ရကုန်သောတစ်ပါးသော သူတို့ကို လည်းကောင်း၊ သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကုန်၍ သေဘေးဖြင့် တုန်လှုပ်ကုန်သော သတ္တဝါတို့ကို လည်းကောင်း ကြည့်ရှုလော့။
၁၅…မှန်၏ သတ္တဝါတို့သည် အကြင်သို့သော အသက်ရှည်လိမ့်မည် အနာကင်းလိမ့် မည်စသော အခြင်းအရာဖြင့် ထင်မှတ်အောက်မေ့ကုန်၏၊ ထိုထင်မှတ် အောက်မေ့ သည်မှ တစ်ပါးသေခြင်း အနာရောဂါများခြင်းစသော အခြင်းအရာဖြင့် ဖြစ်၏၊ ဤသို့ သဘောရှိသော ဆန့်ကျင်ဘက် သဘောသည် ဖြစ်၏၊ ဤသို့လောက၏ အကြောင်းကို ရှုပါလော့။
၁၆…ဤလောက၌ သတ္တဝါသည် အနှစ်တစ်ရာသော်လည်း အသက်ရှည်ရ၏၊ အနှစ် တစ်ရာထက် အလွန်သော်လည်း အသက်ရှည်ရ၏၊သို့ပင် အသက်ရှည်ရသော်လည်း ဆွေမျိုးအပေါင်းတို့မှ ကင်း၍ ဖြစ်ရတတ်၏၊ နောက်ဆုံး၌မူ အသက်ကို စွန့်ရသည် သာတည်း။
၁၇…ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သေသောသူကို တွေ့မြင် ရသည် ရှိသော် ဤသေ သော သူသည် တစ်ဖန် အသက်ရှင် ပါစေသတည်းဟု ငါ တောင့်တ၍ မရနိုင်တော့ပေဟု ပိုင်းခြားသိလျက် ငိုကြွေးခြင်းကို ပယ်ဖျောက်ရာ၏။
၁၈…မီးလောင်နေသော အိမ်ကို ရေဖြင့် ငြိမ်းသတ်ရာ သကဲ့သို့ ဤအတူ တည်ကြည်သည် ဖြစ်၍ ပဋိသန္ဓေ ပညာရှိသော အကြားအမြင် ပညာရှိ၍ လိမ္မာသော ပုဂ္ဂိုလ်သည် (မိမိအပေါ်၌) ကျရောက်နေသော စိုးရိမ်မှု 'သောက' ကို လျင်စွာ ငြိမ်းစေရာ၏၊ လေသည်လဲ ဝါဂွမ်းကို တိုက်ခတ်ဖျက်ဆီးလိုက် သကဲ့သို့ စိုးရိမ်မှု 'သောက' ကို ဖျက်ဆီးရာ၏။
၁၉…မိမိ၏ ချမ်းသာကို ရှာသော သူသည် ငိုကြွေးမှု တောင့်တမှု နှလုံး မသာယာမှုဟူသော မိမိ၌ စူးဝင်နေသော မြားငြောင့်ကို မိမိကိုယ်တိုင်ပင် နုတ်ရာ၏။
၂၀…မြားငြောင့်ကို နုတ်ပြီးသူသည် တဏှာဒိဋ္ဌိကို မမှီမူ၍ စိတ်၏ ငြိမ်းအေးခြင်းသို့ ရောက်လျက် စိုးရိမ်မှု အားလုံးကို လွန်မြောက်ကာ စိုးရိမ်မှု မရှိ ငြိမ်းအေးသူ ဖြစ်၏။

၈ - သလ္လသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။

Read more...

နိဗ္ဗာန်ဈေးပွဲတော်

Monday, June 15, 2009
နိဗ္ဗာန်ဈေးပွဲတော်




Posted by Sitagu Dhamma Vihara

Read more...

ကျန်းမာပျော်ရွှင်နေလိုလျှင်

ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းသည် ယခုအခါ၌ ခေတ်စားလျက်ရှိသည်။ ဒီဇင်ဘာ အားကစားလတွင် ရပ်ကွက်အလိုက် အသင်အဖွဲ့အလိုက် လမ်းလျှောက်ပွဲက လေးများကိုပင် စုပေါင်းဆင်နွှဲလျက်ရှိကြသည်။ လမ်း လျှောက်ရခြင်းသည် ကိုယ်လက် လှုပ်ရှားရသဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်သင့်မြတ်လှ သည်။ အေးချမ်းသော ရာသီများ၌ပင် ချွေးများ စို့တွဲလာတက်သည်။
လက်များကို လှုပ်ရမ်း၍ လျှောက်ခြင်း နှင့်အတူ လူမှာ မြူးကြွလန်းဆတ်လာသည်။ ချမ်းမြေ့ပျော်ရွှင်ခြင်းနှင့် အတူ အားသစ်မာန်သစ် ဥာဏ်သစ်များ ၀င်၍ လာနိုင်သည်။ လမ်းလျှောက်ခြင်း အကျိုး ကျေးဇူးများကို ဗုဒ္ဓကိုယ်တိုင်ပင် ဖော်ထုတ် မိန့်ကြားခဲ့သည်။ချစ်သားတို့ လမ်းလျှောက်ခြင်းဖြင့် ……(၁) ကြံ့ကြံ့ခိုင် ခရီးသွားနိုင်ခြင်း၊(၂) ကြံ့ကြံ့ခိုင် ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ခြင်း၊(၃) အနာရောဂါ ကင်းရှင်းခြင်း၊(၄) စားသောက်သမျှ အစာကြေစေနိုင်ခြင်း၊(၅) လမ်းလျှောက်ရင်း ရအပ်သော သမာဓိသည် ပိုမိုခိုင်ကျည်တည်မြဲခြင်းဟု ဆိုအပ်သော အကျိုးငါးမျိုးကို မုချရနိုင်ပေသည်ဟု မိန့်ဆိုခဲ့၏။
(အင်္ဂုတ္တရပါဠိ ပထမပဏ္ဏာသ စင်္ကမသုတ်)လမ်းလျှောက်ခြင်း အကျိုးများကို ဗုဒ္ဓမြတ်စွာကိုယ်တိုင်ကပင် ဤသို့မိန့်ကြားထားပေရာ စာရေးသူအနေဖြင့် အမွှန်းတင်ချယ်လှယ်၍ တင်ပြရန် လိုမည်မထင်ပါ။ သို့ရာတွင် လူသားတို့၏ စိတ်ဆန္ဒမည်သည် ဆန်းကြယ်၏။ အကျိုးထူးများကို ဒိဋ္ဌမြင်တွေ့နေရ သော်လည်း လက်တွေ့ကျင့်သုံးနိုင်သူကား ရှာမှရှားဟု ဆိုရမည်ပင်ဖြစ် သည်။အသိ (၀ိဇ္ဇာ)ရှိသော်လည်း လက်တွေ့ကျင့်သုံးခြင်း (စရဏ)မှကင်းကွာလျက် နေတက် ကြပေသည်။ ပမာ ဆိုသော် လောကီလူသားတို့သည် အမှားပြုသူအား ကဲ့ရဲ့သဂြိုဟ် စကားဆိုတတ်ကြသည်။ သို့သော် ထိုသူ၏ အမှားကို မိမိတို့ထပ်မမှားရလေအောင် သင်္ခန်းစာအဖြစ် မှတ်ယူသူကား ရှာမှရှားသကဲ့သို့တည်။ စာရေးသူ ကိုယ်တွေ့တင်ပြပါမည်။ စာရေးသူကိုယ်တိုင်ပင် အစားမဆင်ခြင်မှုကြောင့် တနေ့တခြား အလေး ချိန်တိုးလျက် နေပါသည်။ ခန္ဓာကိုယ်မှာ ၀ဖြိုးလျက်ဗိုက်ကြီးမှာ တဟုန်တည်း စူတွဲလာနေပါသည်။
လမ်းလျှောက်ရခက်ခြင်း၊ အလုပ်လုပ်ရာတွင် ဖင့်နှေးထိုးမှိုင်းလာခြင်းတို့ကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်လျက်ရှိ ပါသည်။ ပိန်သူက၀ ချင်သလောက် ၀နေသူက၀မချင်၊ အလွန်ပိန်ချင်၏။ ထိုအခါ လူပိန်ဆေး ကို အပူတပြင်း ရှာမိပါသည်။ ဆေးကားတွေ့ပါပြီ၊ လမ်းလျှောက်ရမည်တည်း။ ဆေးဖော်နည်းကား ငွေတပြား မှမကုန်ကြ၊ ငှက်သိုက်၊ ကြံ့သွေးတို့လို ခက်ခက်ခဲခဲ ရှာရန်လည်း မလို၊ နေ့စဉ် အချိန်မှန်မှန်ထား လမ်းလျှောက်ရန်သာ လိုသည်။ဤဆေးကို စာရေးသူ မှန်မှန်စားသလား အစတွင် မစားမိပါ၊ ပျက်ကွက်ခဲ့သည်ကများ ပါသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသကဲ့သို့ ဤအတိုင်းသာ အ၀တိုးနေလျှင် မဖြစ် တော့ပြီဟု စိတ်ကိုတင်း၍ ခရီရှည် ခြေလျင် လျှောက်ခြင်း၊ အချိန်ချိန်မှန်မှန် လမ်း လျှောက်ထွက်ခြင်းများကို စွဲမြဲစွာကျင့်ရပါတော့သည်။
ဝခြင်းသည်မတိုး၊ ရပ်ဆိုင်းနေခြင်းကို ကိုယ်တွေ့ကြုံနေရပါပြီဖြစ်သည်။ ၀မ်းချုပ် ဆီးချုပ်ခြင်းဘေးမှလည်း တဖြေးဖြေးကင်းဝေးလျက်ရှိပါသည်။ ၀မ်းတလုံးကောင်း ခေါင်းမခဲဆိုသကဲ့သို့ လမ်းလျှောက်ခြင်းကြောင့် အစာကြေညက်လာသည်။ ဆီးဝမ်းမှန် သည်။ ထို့ကြောင့် ၀က်ခြံများ ထူထပ်စွာပေါက်ခြင်း၊ လက်ဆစ်ခြေဆစ် များဖောခြင်း၊ ခေါင်းကိုက် ၀မ်းနာခြင်းဘေးတို့မှလည်း ကင်းရှင်းလျက်ရှိပါသည်။
“ငယ်ငယ်က အတော်ပဲချူချာခဲ့သကွယ်၊ ဒီဆွမ်းခံဝတ်သာ မမြဲခဲ့ဘူးဆိုရင် ခုလိုကျန်းမာ သန်စွမ်းမှာလဲ မဟုတ် ဘူး၊ ခုလောက်လဲ အသက်ရှည်မှာ မဟုတ်ဘူး၊ မိုးရွာနေပူမရှောင် ဆွမ်းခံဝတ် မြဲခဲ့လို့သာ ခုလောက်ထိ ကျန်းမာသန်စွမ်းနေတာပဲ” မြို့သာစမ်းချောင်းတောရ ဆရာဘုရားကြီးက ဤသို့မိန့်ဘူး၏။ မှန်ပါသည်၊ အသက် (၇၀)ပင်ကျော်သော်လည်း ဆရာတော်သည် နုပျိုသန်စွမ်းလျက်နှင့်ပင် ရှိပါသေးသည်။
မြို့သာနှင့်တောရကျောင်းသည် ၂-မိုင်နီးပါး ခန့်ဝေး မည်ထင်ပါသည်။ ဒကာဒကာမများ ကစိုးရိမ်၍ တားမြစ်လျှောက်တင်သော်လည်း ယခုတိုင်ဆွမ်းခံဝတ်ကို မဖျက်သေးပေ။ အိပ်ယာထက်တွင် ဘုံးဘုံးလဲမှသာ ဤပိဏ္ဍစာရိက၀တ်ကို ဖျက်တော့မည်ထင်ပါ၏။ လမ်းလျှောက်မှန်ခြင်းကြောင့် အလုပ်များစွာတွင်ကျယ်အောင် လုပ်နိုင်သော ကျေးဇူး ရှင် မဟာဂန္ဓာရုံ ဆရာတော် (အသျှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ)ကိုဖေါ်ပြလိုပါ သည်။ ဆရာတော်သည် စာချစာရေး ကျိန်းစက်တော်မူချိန်မှတပါး အမြဲပင်လမ်း လျှောက်နေတော်မူတက်သည်။
စာရေးရာတွင်ပင် ထိုင်၍မရေး၊ မတ်တက် စာပွဲရှည် တွင် ရပ်လျက် ကျမ်းစာများကို ရေးသားပြုစုတော်မူ၏။ ဆရာတော်သည် သူ၏ နှစ်ခန်းပတ် လည်ကျောင်းဆောင်လေးကို လမ်းလျှောက် (စင်္ကြ)ဖြစ်အောင် ၄-ဘက် ၄-တန်မှ အဖီချ လျက် အုပ်ဆောင်းမိုး ထား၏။ နံနက်လေး နာရီအချိန် သံဃာအားလုံး အိပ်ရာမှထရန် တုံးခေါက်သည်နှင့် ဆရာတော်လည်း အိပ်ယာ မှထ၍ ကိုယ်လက်သန့်စင်သည်။
ထိုနောက် လမ်းလျှောက်တော်မူ၏။ဒုန်း….. ဒုန်း…….. ဒုန်း……ဟုခပ်ပြင်းပြင်းနင်း၍ လမ်းလျှောက်သံမှာ ခပ်ဝေးဝေးမှပင် ကြားနိုင်ပေသည်။ ဤသို့ လမ်းလျှောက်သည်မှာ နေ့စဉ်အချိန်မှန်ပင် ဖြစ်ပေသည်။ ဤသို့လမ်းလျှောက်မှန်ခြင်းကြောင့် ယနေ့အထိ ဒုက္ခဝေဒနာ ပြင်းပြင်းပြပြ ခံရလောက် အောင်ရောဂါဝေဒနာစွဲကပ်ခြင်း မတွေ့မြင်ဘူးပေ။နံနက်တကြိမ် နေ့လည်တွင်တကြိမ်စာပေသင်ကြား ပို့ချခြင်းဖြင့် အခိုင်အမာ ဘာသာဋီ ကာကျမ်းကြီးများကို ပြုစုလျက်ရှိသည်။
နေ့စဉ်ပင်တပည့်သံဃာတို့အား ဆုံးမသြ၀ါဒချွေ လျက်ရှိသည်။ တခါတရံ (မလွဲသာမရှောင် သာလျှင်) တရားပင်ဟောတော်မူလိုက်သေး သည်။ ဆရာတော်ပြုစုသည့် ဘာသာဋီကာကျမ်း များစွာသည် ၃၀နီးပါးခန့်ပင် ရှိနေ ပြီဖြစ်သည်။သို့သော်ဆရာတော်ကား မရပ်၊ ခြေလှမ်းများသည် ရှေ့သို့တိုး၍ လှမ်းနေသလို ကျမ်းစာ များကိုလည်း ရှေ့သို့ ဆက်လက်ရေးတော်မူဆဲဖြစ်၏။
ကျမ်းစာများ ပုံနှိပ်စက်တင်ရာ၌ ပင် စာမူပရုအကြမ်း အချောများကို ဆရာ တော်ကိုယ်တိုင် စစ်ဆေးကြည်ရှုလျက်ရှိ သည်။ နေရာတိုင်းတွင် မလစ်လပ်ရအောင် သံဃာ ၂၀၀ကျော်ရှိ တိုက်တာကြီးကို အုပ်ချုပ်ကွပ်ကဲလျက်ပင် ရှိပါတော့သည်။စွဲမြဲသော အလေ့အထဟူသည် လေ့ကျင့်ယူမှသာ ရနိုင်ပေသည်။ အပြောလွယ် အရေးလွယ်သလောက် အလုပ် တခုကို စွဲစွဲမြဲမြဲပြုလုပ်ဖို့မှာ အလွန်ခဲယဉ်းတက်သည်။ များသောအားဖြင့် လူတို့သည် ကောက်ရိုးမီးကဲ့သို့ ဟုန်းကနဲခဏပန်းထ၍ တောက်တက်သည်ကများသည်။
ကျန်းမာရွှင်လန်း၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေလိုလျှင် နေ့စဉ် အချိန်မှန်မှန် ထား၍လမ်းလျှောက်ပါဟု တိုက်တွန်းလိုက်ရပါသည်။

စစ်ကိုင်းမင်းရှိန်(၂၈-၈-၆၉)ဓမ္မဗျူဟာမဂ္ဂဇင်း (အတွဲ-ဂ၊ အမှတ်-၄)
Posted by အရှင်နာယကာလင်္ကာရ

Read more...

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

*ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ*

အိပ်လို့မ၀သေးတဲ့ငါ့မနက်ခင်းလေးမှာ

ညတုန်းကကင်းစောင့်တဲ့လမင်းနဲ့ ကြယ်လေးတွေပြန်ပြီ။

နှိုးစက်မလိုဘဲစောစီးစွာထတဲ့ ငှက်တွေက
လောကကို လှုပ်နှိုး။

ဖိုးသူရိန်ကြီးကလည်းအလုပ်ခွင်ဝင်ဖို့ ပြင်နေ။

စမ်းချောင်းလေးကလည်းမစီးဆင်းသလိုနဲ့ အမြဲစီးဆင်း။
ငါတို့နေထိုင်ရာ လောကထဲကိုအသစ်လာတဲ့ သူတွေလည်းလာနေကြ။

ငါ့ရဲ့ခန္ဓာကိုယ်ဖြစ်စဉ်ကလည်းငါ့ကိုတစ်ရက် ကြီးရင့်ခြင်းသို့ ခေါ်ဆောင်။

သံသရာခရီးကိုကြိုသွားနှင့်သူတွေကသွားကြပေါ့။
နာရီချက်တိုင်းနဲ့အတူရာသီစက်ဝိုင်းကပုံမှန်လည်ပတ်နေခဲ့ပြီ။

ဒီဖြစ်စဉ်တွေဟာတစ်နေ့ထဲမဟုတ်ဘဲနေ့တိုင်းတွေ့မြဲပေါ့။

သူတို့လည်းသူ့အလုပ်နဲ့ သူကိုယ်လည်းကိုယ့်အလုပ်နဲ့
ကိုယ်လည်ပတ်နေကြတဲ့ဘ၀ယန္တရားမှာ
အော်...ခဏ လမ်းသလားဖို့အချိန်တောင် မရှိပါလား...။ ။

ဒီနှင်းနေ (TGI)
လေးစားစွာဖြင့်ဖိုးသား

Read more...

*နိဗ္ဗာန်ဆိုသည်မှာ-၂*

နိဗ္ဗာန်ဆိုသည်မှာ-၁
ကို ကျွန်တော် ဖော်ပြခဲ့ ပြီးပါပြီ…။ အခု ကျွန်တော် “နိဗ္ဗာန်ဆိုသည်မှာ-၂” အမေးအဖြေ လေးကို ထပ်မံ ဖော်ပြလိုက်ပါတယ် ဓမ္မမောင်နှမတို့…။
************************************
အမေး နိဗ္ဗာန်ချမ်းသာ (သန္တိသုခ) ကို ဆရာ ဘယ်လို ဖော်ပြမလဲ။

အဖြေနိဗ္ဗာန်မှာ ချမ်းသာ (သုခ) သုံးမျိုးကို ခံစားရတယ်။ ဒီချမ်းသာ တွေဟာ ဒုက္ခအဆုံးကို ရောက်တဲ့အခါ၊ ဒုက္ခ တရားတွေ အားလုံး ချုပ်ငြိမ်းသွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုရဲ့ အခြေအနေ အမျိုးမျိုးပဲလို့ စဉ်းစားနိုင် ပါတယ်။ကျွန်တော်တို့ အိန္ဒိယပြည်မှာ နေတုန်းက တောင်ထိပ် တစ်ခု အပေါ်မှာ နေခဲ့ကြတယ်။ ဈေးဝယ်တဲ့ နေရာ (ဈေး)က မတ်စောက်တဲ့ တောင်ပေါ်က ဆင်းပြီး လျှောက်မယ်ဆိုရင် နာရီဝက်လောက် လျှောက်မှ ရောက်တဲ့ နေရာမှာ ရှိတယ်။ ပစ္စည်းတွေကို ကျောပေါ်ထမ်းပြီး သယ်ကြရတယ်။

အဲဒီမှာ တိဘက် အမျိုးသမီးတွေ အများကြီး ရှိတယ်။ သူတို့ဟာ သစ်ချောင်းကြီး (တိုင်ချောင်းကြီး) တွေကို တောင်ပေါ်ကို သယ်ပြီး တင်နေကြတယ်။ သူတို့ဟာ ခါးကို ကုန်းပြီး ဒီဝန်ထုပ် ၀န်ပိုးကြီး တွေကို ပင်ပင်ပန်းပန်း ထမ်းပြီး တောင်တက် ခရီးကို တက်ကြရတယ်။ စဉ်းစားကြည့်စမ်း။ ဒီ အမျိုးသမီး တွေဟာ တောင်ထိပ်ကို ရောက်တဲ့အခါ ဒီလေးလံတဲ့ ၀န်ထုပ် ၀န်ပိုးကြီး တွေကို ပစ်ချလိုက်ရလို့ ရှိရင် သူတို့ ဘယ်လို သက်တောင့် သက်သာ ခံစားရမလဲ။ ဒီဝန်ထုပ် ၀န်ပိုးက လွတ်မြောက်သွားလို့ ရတဲ့ စိတ်ချမ်းသာမှုက အလွန်ကြီးမား မှာပဲ။နိဗ္ဗာန်ချမ်းသာ ဆိုတာလည်း ဒုက္ခ၀န်ထုပ် ကြီးက လွတ်မြောက် သွားတာ ပဲလေ။ ဒါဟာ အမြင့်ဆုံး၊ အမြတ်ဆုံး ပျော်ရွှင်မှု ချမ်းသာ သုခပါပဲ။ မဂ္ဂင်တရား နှင့် ပတ်သတ်တဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း သိနားလည် သွားပြီ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆက်တိုက် ဖြစ်ပေါ်လာတဲ့ အခါကျရင် နိဗ္ဗာန်ချမ်းသာ အမျိုးမျိုးကို ဘယ်လို ဖြစ်နေတယ် ဆိုတာ ခွဲခြား သိမြင်သွား ပါတယ်။

ပထမဆုံးဖြစ်တဲ့ ၀ိပဿနာ ဉာဏ်ကြောင့် ရတဲ့ အမြင့်ဆုံး သုခ၊ အမြတ်ဆုံး ပညာ၊ အကြည်လင်ဆုံး အမြင်ကို ပထမ မဂ်ဉာဏ်လို့ ခေါ်ပါတယ်။ ဒီ မဂ်ဉာဏ်ကို ရတာနှင့် နိဗ္ဗာန်ကို တွေ့ကြုံ ခံစားလို့ ရပါတယ်။ နိဗ္ဗာန်ကို ပထမဆုံး မျက်မှောက် ပြုပါပြီ။ဒါဟာ ပထမ မဂ်ခဏမှာပဲ ဖြစ်ပါတယ်။ ဒီပထမ မဂ်ဉာဏ်ဟာ ကိလေသာကို ဖယ်ရှားတဲ့ နေရာမှာ မိုးကြိုးပစ်ခွင်းပြီး လောင်ကျွမ်း သွားစေသလို ပါပဲ။ ဒီအဆင့်မှာ ကိလေသာကို ထကြွ သောင်းကျန်းခြင်း မပြုအောင် ဖိနှိပ် ချိုးနှိမ်ထားခြင်းမျိုး မဟုတ်ပါဘူး။ သမာဓိ အဆင့်တုန်း ကတော့ ကိလေသာကို ဖိနှိပ်ထားတဲ့ အဆင့်ပဲ ရှိပါတယ်။ ခု မဂ်အဆင့် ရောက်တော့ စိတ်ထဲမှာ ရှိနေတဲ့ အစွဲအလမ်း သံယောဇဉ် တွေကို အပြီးသတ် နုတ်ပယ် ရှင်းလင်း လိုက်ပါပြီ။

ပထမ မဂ်ကို မျက်မှောက် ပြုလိုက်တာနဲ့ တစ်ပြိုင်နက် သံယောဇဉ် ဆယ်ပါးအနက် ပထမ သုံးပါး၊ ကျွန်တော်တို့ကို သံသရာမှာ ချည်နှောင်ထားတဲ့ အဲဒီ သံယောဇဉ် သုံးပါးကို ပယ်ရှင်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီ သံယောဇဉ် သုံးမျိုးကတော့ ယုံမှားခြင်း ဆိုတဲ့ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတ မရာမာသ ခေါ်တဲ့ လွဲမှားတဲ့ အကျင့်တွေ၊ ပူဇော် ပသမှုတွေ ပြုရင် နိဗ္ဗာန် မဂ်ဖိုလ်ကို ရနိုင်တယ် ဆိုတဲ့ သံယောဇဉ် အစွဲအလမ်း တွေနှင့် ငါ ကိုယ် ဆိုတဲ့ အတ္တစွဲ၊ ငါစွဲ၊ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ၊ သံယောဇဉ် အစွဲအလမ်း တွေပဲ ဖြစ်ပါတယ်။ စိတ်အစဉ်ထဲက ဒီ သံယောဇဉ် သုံးပါးကို အပြီးအပြတ် ရှင်းလင်း သွားအောင် ဒီ ပထမ မဂ်ဉာဏ် တစ်ခုတည်းနှင့် ဖယ်ရှင်း လိုက်တာနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ရှိပါတော့တယ်။

ဒီလို ပထမ မဂ်ကို ဆိုက်ရောက်တာနှင့် တစ်ပြိုင်နက် ဒုတိယ အမျိုးအစား ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာ (သန္တိသုခ) က ကပ်လိုက်လာတယ်။ ဒါကိုတော့ ဖိုလ်ဉာဏ်လို့ ခေါ်တယ်။ ဖိုလ်ဉာဏ်ကို ရောက်တာနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ရှိနေပါပြီ။ ဒီလို ဖိုလ်ဉာဏ်ကို ရောက်တဲ့ အဆင့်မှာတော့ နောက်ထပ် ပယ်နုတ် ရှင်းလင်းစရာ ကိလေသာ လက်ကျန် မရှိတော့ ပါဘူး။ ဒါတွေဟာ ပထမမဂ် ခဏမှာပဲ ဖြစ်ပါတယ်။ ဖလ သမာပတ် ဆိုတာ နိဗ္ဗာန်ရဲ့ သန္တိသုခ သဘောကို တွေ့ကြုံ ခံစားရတဲ့ သဘောပါ။ စိတ္တေကဂ္ဂတာ သမာဓိ အဆင့်အထိ ခိုင်ခိုင်မာမာ ကြာကြာ ရောက်အောင် အားထုတ်ထားတဲ့ ယောဂီများဟာ အလိုရှိတဲ့ အခါ ဖလ သမာပတ် နိဗ္ဗာန် ချမ်းသာကို ခံစားလို့ ရပါတယ်။ သမာပတ် ၀င်စားလို့ ရပါတယ်။ ဒီယောဂီတွေ အနေနှင့် ငါသည် ဖလ သမာပတ်ကို နာရီဝက် ၀င်စားမယ်၊ တစ်နာရီ ၀င်စားမယ်၊ ဒါမှမဟုတ် တစ်ရက် နှစ်ရက် ၀င်စားပြီး ချမ်းသာစွာ နေမယ်လို့ အဓိဋ္ဌာန် ထားပြီး တရားထိုင်ရ ပါတယ်။တချို့ ဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ် ရထားတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ခါတစ်ရံများ ဆိုရင် နိဗ္ဗာန် ချမ်းသာဓါတ်ကို ခံစားပြီး ရက်သတ္တပတ် ခုနစ်ရက် လုံးလုံး သမာပတ် ၀င်စားနေတတ် ကြတယ်လို့ ဆိုပါတယ်။

ဒီအချိန် မှာတော့ ငြိမ်သက်ခြင်း၊ အေးမြခြင်း၊ အပူအပင် ကင်းမဲ့ခြင်းနှင့် လွတ်မြောက်ခြင်း အရသာတွေပဲ ရှိနေ ပါတော့တယ်။ ဒီနောက်တော့ ယောဂီဟာ ဖလ သမာပတ်က ပြန်ထရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ထပ် ၀င်လာတဲ့ အနုသယ ကိလေသာတွေ ရှိနေတဲ့ အတွက် ယောဂီဟာ ၀ိပဿနာ လမ်းကြောင်းပေါ်ကို ပြန်ပြီး အားထုတ်ရ ပြန်တယ်။ ခု ကျွန်တော်တို့ ဒီမှာ အားထုတ်ကြ သလိုပဲ ၀ိပဿနာ အလုပ် ဆက်လုပ် ကြရတယ်။ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို မြင်ပြီး ၀ိပဿနာ ဉာဏ် အဆင့်ဆင့်ကို တက်ရတယ်။ ဒီနည်းနှင့်ပဲ ဒုတိယ အရိယာမဂ် (သကဒါဂါမိမဂ်) အဆင့်ကို တက်ရတယ်။ ဒုတိယ အရိယာမဂ်ကို ဆိုက်ရောက်တဲ့ အခါ နောက်ထပ် ကျန်နေတဲ့ အနုသယ ကိလေသာ တွေကို ပယ်ရှင်းရတယ်။ ဒီလိုပဲ ကြွင်းကျန်နေတဲ့ အနုသယ ကိလေသာတွေကို ရှင်းဖယ်ပြီး တတိယ မဂ်ဉာဏ်၊ စတုတ္ထ မဂ်ဉာဏ်ထိ ရောက်အောင် တက်ကြရတယ်။

ဒီလို ဉာဏ် အဆင့်ဆင့်နှင့် သံသရာမှာ ကျင်လည်စေတဲ့ သံယောဇဉ် ဆယ်ပါးကို ဖယ်ရှားသွား ရတယ်။ရုပ်နာမ် နှစ်ပါး ဇာတ်သိမ်း ချုပ်ငြိမ်းသွားတာကို ပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ အရဟတ္တ မဂ်ဖိုလ်ကို ရပြီး ရောက်ပြီးသော ပုဂ္ဂိုလ်၏ စုတိခြင်း အဆင့် ဖြစ်ပါတယ်။ နောက်ထပ် ဇာတိ ပဋိသန္ဓေ မရှိတော့ဘူး။ ကိလေသာမီး တောက်လောင်စရာ လောင်စာ မရှိတော့ဘူး။ နောက်ထပ် ပဋိသန္ဓေ ဖြစ်ဖို့ တွန်းအားလည်း မရှိတော့ဘူး။ ဘာနှင့် အလားသဏ္ဍာန် တူသလဲ ဆိုတော့ ဟုန်းဟုန်း တောက်လောင် နေတဲ့ မီးပုံကြီး ငြိမ်းသွား သလိုပါပဲ။ မီးကြီး ငြိမ်းသွားတာ၊ တောက်လောင် နေမှုကြီး ပြီးဆုံးသွား တာပဲ။

စင်စစ်တော့ ငြိမ်းချမ်းသွား တာပဲ။ အေးမြသွား တာပါပဲ။တစ်ခါတစ်ရံမှာ လူတွေ စိတ်မှာ ရုပ်ရှင်ကား တစ်ကားကို သဘောကျ နှစ်ခြိုက်နေပြီ ဆိုရင် ဇာတ်ကား မြန်မြန် ပြီးသွားမှာကို စိုးရိမ် နေမိတယ်။ နောက်ထပ် တစ်ခါ ဆက်ကြည့်ချင်နေ တတ်ပါတယ်။ နောက်ထပ် တစ်ခါ ကာမဂုဏ် ချမ်းသာကို ခံစားချင်တဲ့ သဘော ရှိပါတယ်။ နတ်ပြည်မှာ ကြာကြာ နေချင်တဲ့ သဘောလည်း ရှိတတ် ပါတယ်။ ခင်ဗျားတို့ အနေနှင့် အမြင့်ဆုံး အမြတ်ဆုံး ချမ်းသာ သုခကို ရည်မှန်းပြီး အားထုတ်ရင် အခြားသော မြင့်မားတဲ့ ချမ်းသာတွေဟာ ရရောက် လာတော့ တာပါပဲ။
+++++++++++++++++++++++++++++++++++


ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ…။

လေးစားစွာဖြင့်ဖိုးသား

Read more...

အဘိဓမ္မာ အကျဉ်းချုပ်


ပဋ္ဌာန်းနှင့် ဝိပဿနာအကြောင်း မတင်ပြခင်မှာ အဘိဓမ္မာအကြောင်း အကျဉ်းချုံးပြောပြပါမယ်။

သိသင့်သိထိုက်သော တရားအလုံးစုံကို ဆရာမကူ သယမ္ဗူဉာဏ်နှင့် သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တမမြောက်ဝါကို တာဝတိံသာမှာ ကပ်ဆိုတော်မူပြီး မယ်တော်ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို အမှူးထား၍ နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို မရပ်မနား တစ်ဆက်တည်း ဟောကြားတော်မူခဲ့ပါတယ်။

နေ့စဉ်နံနက် ဆွမ်းခံချိန်ရောက်ရင် ဗုဒ္ဓမြတ်စွာသည် နိမ္မိတရုပ်ပွားတော်တစ်ဆူကို မိမိ၏ကိုယ်စား ဘယ်ရွေ့ဘယ်မျှ တရားဆက်ဟောရန် အဓိဋ္ဌာန်တော်မူခဲ့ပြီး မြောက်ကျွန်းဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီနောက် အနောတတ်အိုင်နားမှာ ဆွမ်းဘုဉ်းတော်မူပြီး စန္ဒကူးတော၌ နေသန့်တော်မူပါတယ်။ အဲဒီအချိန်မှာ အရှင်သာရိပုတ္တရာက ဘုရားထံမှောက် လာရောက်ပြီး ဝတ်ကြီးဝတ်ငယ်ပြုတော်မူခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချူပ် (သင်္ခေပနယ) ဟောကြားတော်မူပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓသည် အဘိဓမ္မာဒေသနာကို လူ့ပြည်နှင့် နတ်ပြည် တစ်ပြိုင်နက်တည်း ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာမထေရ်ဟာ ဘုရားရှင်ထံမှ နည်းရတော်မူလျှင် အဘိဓမ္မာအကျယ်ကို နည်းပေါင်းအရာအထောင်တို့ဖြင့် ဖြန့်လျှက်သိမြင်တော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မှ အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် အလယ်အလတ်နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ)ဖြင့် တပည့်ရဟန်းငါးရာတို့အား တစ်ဖန်ဟောကြားတော်မူခဲ့ပါတယ်။ တာဝတိံသာမှာ အဘိဓမ္မာဒေသနာတော်ကို မြတ်ဗုဒ္ဓဟောကြားလို့ ပြီးဆုံးတဲ့အချိန်မှာပဲ လူ့ပြည်မှာလည်း အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ ဟောကြားခြင်း ပြီးဆုံးသို့ ရောက်ပါတယ်။

လူ့လောက၌ ယနေ့တိုင် သင်ကြားပို့ချနေတဲ့ အဘိဓမ္မာပိဋကဟာ အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့တဲ့ ပိဋ္ဋကဖြစ်ပါတယ်။ အဘိဓမ္မာတရားတော်သည် ပရမတ္ထသဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ ပြည့်စုံစွာ ဟောကြားတော်မူခဲ့တဲ့ ပရမတ္ထဒေသနာတော် ဖြစ်ပါတယ်။

ဓမ္မက္ခန္ဒာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကမှာ ၂၁၀၀၀၊ ဝိနည်းပိဋိကမှာ ၂၁၀၀၀ နှင့် အဘိဓမ္မာပိဋိကမှာ ၄၂၀၀၀ ရှိပါတယ်။
ဒါကြောင့် အဘိဓမ္မာသည် ဓမ္မာခန္ဒာအရေအတွက်အားဖြင့်လည်းကောင်း၊ ဟောကြားသော နည်းအရေအတွက် အားဖြင့်လည်းကောင်း၊ ထူခြားဆန်းကြယ်မှု၌ လည်းကောင်း သာလွန်ပါတယ်။
အဘိ = သာလွန်သော၊ ထူးဆန်းသော
ဓမ္မာ = သင်ယူထိုက်သော ပါဠိတော် (ဝါ) သတ္တဝါတို့ ဆင်းရဲခပ်သိမ်း ငြိမ်းအောင် မြတ်ဗုဒ္ဓမှ ကောင်းစွာဟောကြားအပ်သောတရား။

ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာပိဋိကမှ ပဋ္ဌာန်းတရားတော်ကို ဆင်ခြင်သုံးသပ်တော်မူတဲ့အခါ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလာပါတယ်။ တာဝတိံသာမှာ အဘိဓမ္မာဒေသနာတော်ကို ဟောကြားလို့ ပြီးဆုံးတဲ့အခါမှာ နတ်ဗြဟ္မာပေါင်း ကုဋေရှစ်သောင်းတို့ သစ္စာလေးပါး သိမြင်ပြီး ကျွတ်တမ်းဝင်ကြကုန်တယ်လို့ ဆိုထားပါတယ်။

အဘိဓမ္မာတရားတော်ဟာ ပညတ်လောကကို ဖောက်ထွင်း၍ ပရမတ်လောကကို စိတ် စေတသိက် ရုပ် နိဗ္ဗာန်တည်းဟူသော အခြေခံ သဘာဝတရားများဖြင့် ဖွင့်ဆိုရှင်းလင်းထားတဲ့အတွက် ရုပ်၊ နာမ်အစုတို့၌ ငါဟူသော မာနစွဲ၊ ငါ့ဥစ္စာဟူသော တဏှာစွဲ၊ အတ္တကောင်ရှိသည်ဟူသော ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနိုင်ပါတယ်။

ပရမတ်သဘောတရားများကား စိတ် စေတသိက် ၅၂-ပါး၊ နိပ္ဖန်န္နရုပ် ၁၈-ပါး နှင့် နိဗ္ဗာန် ၁-ပါးတို့ ဖြစ်ပါတယ်။ ပရမတ်အမြင်ဟူသည်မှာ သတ္တဝါအပေါင်းတို့ဟာ ခန္ဓာငါးပါးတို့၏ အပေါင်းအစု (ဝါ) ရုပ်နာမ်နှစ်ပါးတို့၏ အပေါင်းအစုဖြစ်တယ်လို့ ထိုးထွင်းသိတဲ့ အမြင်မျိုးဖြစ်ပါတယ်။

ပရမတ်အမြင်ကို မြင်သိခြင်းကြောင့် အလွန့်အလွန် အကျိုးထူးပါတယ်။ အကြောင်းက သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် အထောက်အကူဖြစ်သောကြောင့်ပါ။ ပညတ်အားဖြင့် ထင်းရှားရှိသော ရုပ်နာမ်အစုအပေါင်း၌ အတ္တ(ဝါ) ငါ(ဝါ) ဝိညာဉ်ကောင် အမှန်မရှိပါဘဲလျက် အတ္တရှိတယ်လို့ (ဝါ) ငါရှိတယ်လို့ အမြင်မှားတာကို သက္ကာယဒိဋ္ဌိလို့ ခေါ်ပါတယ်။

သက္ကယဒိဋ္ဌိဟာ မိစ္ဆာဒိဋ္ဌိဟူသော ဝါဒမှားအမျိုးမျိုးတို့၏ အရင်းအမြစ်ဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဟာ အကုသိုလ်ကို အများဆုံးတိုးပွားစေသည့်တရားဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဓာတ်ခံရှိသူတစ်ယောက်က ကြံစည်၊ ပြောဆို၊ ပြုလုပ်သမျှသော မနောကံ၊ ဝဇီကံ၊ ကာယကံဟူသမျှတို့ဟာလည်း မှားယွင်းချွတ်ချော်သောကံများသာ ဖြစ်သောကြောင့် မကောင်းကျိုးကိုသာ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက မိစ္ဆာဒိဋ္ဌိထက် ကြီးလေးသောအပြစ်သည် မရှိ လို့ ဟောကြားတော်မူခဲ့ပါတယ်။

ဝိပဿနာတရားကို ရှုမှတ်ပွားများနေသူမှာ ရုပ်နှင့် နာမ်တို့ကို ပိုင်းခြား၍ သိမြင်လာတဲ့အခါ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာပါတယ်။ အဘိဓမ္မာကို လေ့လာသောသူမှာလည်း ရုပ်တရား၊ နာမ်တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့နှင့်တကွ ပိုင်းခြား၍ သိမြင်ရင် သုတမယဉာဏ်ဖြင့် နာမ်ရုပ်တို့ကို ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိနိုင်ပါတယ်။

အဲဒီ နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ်အစုကို အတ္တဟု စွဲလမ်းသော အတ္တဒိဋ္ဌိကိုလည်းကောင်း၊ ရုပ်နာမ်အစုကို ငါ၊သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် စွဲလမ်းယူသော သက္ကယဒိဋ္ဌိကိုလည်းကောင်း ကာလအပိုင်းအခြားဖြင့် ပယ်ခွာထားနိုင်ပါတယ်။ ဝိပဿနာရှုမှတ်၍ သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်ရင် သက္ကာယဒိဋ္ဌိကို အပြီးအပြတ် ပယ်သတ်နိုင်ပါတယ်။

အဘိဓမ္မာကို ဆည်းပူးလေ့လာခြင်းမပြုသဖြင့် ရုပ်နာမ်တရားတို့၌ အသိဉာဏ်ကင်းနေသောသူကို အန္ဓပုထုဇဉ်လို့ ခေါ်ပါတယ်။ ရုပ်နာမ်တရားတို့၌ ဉာဏ်ပညာ မျက်စိကင်းနေသူဟု အဓိပ္ပာယ်ရပါတယ်။

အဘိဓမ္မာကို ဆည်းပူးလေ့လာသဖြင့် ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်နိုင်သေ ဉာဏ်ပညာ မျက်စိရှိလာသူကို ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။

သို့ဖြစ်ပါ၍ အဘိဓမ္မာကို ဆည်းပူးလေ့လာသူတစ်ဦးသည် -
(၁) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ်အဖြစ်များရန် နှလုံးသွင်းနိုင်လာပါတယ်။
(၂) စိတ်ကို ခြယ်လှယ်နေကြတဲ့ စေတသိက်များ၏ သဘောကို သိနားလည်လာတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ်စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာပါတယ်။ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ စသော ကုသိုလ်စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာပါတယ်။
(၃) ရုပ်၊နာမ်တို့ကို ပိုင်းခြား၍သိသောသူသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့ကို ကာလအပိုင်းအခြားဖြင့် ပယ်ခွာထားနိုင်ပါတယ်။
(၄) ရုပ်၊နာမ်တရားတို့၌ ဉာဏ်ပညာမျက်စိကန်းနေသော အန္ဓပုထုဇဉ်အဖြစ်မှ ရုပ်နာမ်တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ်အဆင့်သို့ တက်လှမ်းနိုင်ပါတယ်။
(၅) ရုပ်၊ နာမ်တရားတို့ကား အကြောင်းမဲ့ဖြစ်ပေါ်လာကြသောတရားများမဟုတ်၊ ဆိုင်ရာအကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားများတည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဉာဏ် ကိုလည်း ရရှိလာနိုင်ပါတယ်။

ဤဉာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ(အကြောင်းမဲ့ဝါဒ)ကိုလည်းကောင်း၊ ထာဝရဘုရားစသော တန်ခိုးရှင်တို့က ဖန်ဆင်းသဖြင့် ဖြစ်ပေါ်လာသည်ဟူသော ဣဿရနိမ္မာနဒိဋ္ဌိ(ဖန်ဆင်းရှင်ဝါဒ)ကိုလည်းကောင်း ပယ်စွန့်နိုင်ပါတယ်။ ယုံမှားမှုအားလုံးကိုလည်း ကျော်လွှားနိုင်ပါတယ်။

ဒါကြောင့် အဘိဓမ္မာဒေသနာကို ကျကျနနလေ့လာပါက အကြောင်းအကျိုး အပြည့်အစုံနှင့်တကွ ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သော ယထာဘူတဉာဏ်ကို ရရှိနိုင်ပါတယ်။ ထိုဉာဏ်ဖြင့် အယူလွဲမှု မိစ္ဆာဒိဋ္ဌိနှင့် ယုံမှားသံသယဖြစ်မှု ဝိစိကိစ္ဆာတို့ကို အတော်အသင့်ကြာရှည်စွာ ပယ်ရှားထားနိုင်သောထိုဉာဏ်ပိုင်ရှင်သည် သောတာပန် နှင့် အလားတူသဖြင့် စူဠသောတာပန်အဆင့်သို့ ရောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ စူဠသောတာပန်ဖြစ်လျှင် နောက်ဘဝ၌ မုချ အပ္ပါယ်မလားတော့ပါဘူး။ ဤအဆင့်သို့ရောက်ပြီးသောသူသည် ဆက်လက်၍ ဝိပဿနာတရားကို အားထုတ်ပါက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မကြာခင် ဧကန်မုချ ရောက်နိုင်ပါတယ်။ အဘိဓမ္မာ၏ အကျိုးကျေးဇူးဟာ ကြီးမားလှပါပေတယ်။ ဤအကြောင်းတို့ကြောင့် အဘိဓမ္မာဟာ အဖိုးအတန်ဆုံး ဘဝပညာဖြစ်သည်ဟု သတ်မှတ်နိုင်ပါတယ်။

အဘိဓမ္မာတရားတော်ကို တနေရာတည်း၌ တစ်ဆက်တည်း ဟောကြားသော တရားရှည်ကြီးတစ်ပုဒ်ဖြစ်သော်လည်း ဟောပုံဟောနည်းအမျိုးမျိုးကို သုံး၍ ဟောကြားထားသဖြင့် ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း ခွဲခြားထားပါတယ်။
(၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ)
(၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)
(၅) ကထာဝတ္ထု (၆) ယမိုက် (ယမက)
(၇) ပဋ္ဌာန်း (ပဋ္ဌာန) ဟူ၍ ဖြစ်ပါတယ်။

အဘိဓမ္မာတရားတော်ကား သဗ္ဗုညုတဉာဏ်တော်၏ ကျက်စားကွန့်မြူးရာ တရားတော်မြတ်ဖြစ်သည့်အတွက် အလွန်ကျယ်ဝန်း နက်နဲပါတယ်။ သဘောအဓိပ္ပါယ်တို့ကို သိနားလည်ရန် အလွန်လည်း ခက်ခဲပါတယ်။ ထို့ကြောင့် အဘိဓမ္မာကျမ်းများကို စေ့စေ့ငင နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်အောင် လေ့လာသင်ကြားမည်ဆိုရင် အလွန်ပဲ ခဲယဉ်းပါလိမ့်မယ်။

ထိုသို့ ကျယ်ဝန်းလှတဲ့ အဘိဓမ္မာပိဋက၏ အနှစ်သာရကို ထုတ်နှုတ်၍ အဘိဓမ္မာ၏ သဘောသရုပ်ကို ရဟန်း ရှင် လူအပေါင်းတို့ အလွယ်တကူ လေ့လာဆည်းပူးနိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဉ္စိပူရအရပ်မှာ သီတင်းသုံးတော်မူခဲ့ဖူးသော အရှင်အနုရုဒ္ဓါမထေရ်က သီဟိုဠ်ကျွန်းဝယ် သီတင်းသုံးခိုက် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော အဘိဓ္မာအဖွင့်ကျမ်းတစ်စောင်ကို ပြုစုတော်မူခဲ့ပါတယ်။

ထိုကျမ်းငယ်သည် လက်သန်းသဖွယ် သေးငယ်သောကြောင့် လက်သန်းအဌကထာကျမ်းအဖြစ် ကမ္ဘာကျော်သွားပါတယ်။ အဲဒီကျမ်းကို ဘာသာအမျိုးမျိုးသို့ ပြန်ဆိုခဲ့ရာ မြန်မာနိုင်ငံမှာလည်း အဘိဓမ္မာသင်္ဂြိုဟ် ကျမ်းအဖြစ် ထင်းရှားကျော်ကြားလျက် ရှိပါတယ်။

အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မ + အတ္ထ + သံ + ဂဟ
= အဘိဓမ္မာဒေသနာတော်၏ + အနက်အဓိပ္ပါယ်အကျယ်များကို + အကျဉ်းချုံး၍ + ယူရာဖြစ်သောကျမ်း။

သင်္ဂဟ ကို သက္ကတဘာသာဖြင့် သံဂြဟ ဟု ရေး၏။ မြန်မာတို့က သင်္ဂြိုဟ် ဟု ဝေါဟာရပြုလိုက်ပါတယ်။ အကျဉ်းချုံး၍ အနှစ်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရပါတယ်။

ယနေ့ မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန် စသည့်တို့၌ လူအပေါင်းတို့ ဆည်းပူးလေ့လာနေကြသော အဘိဓမ္မာတရားတော်မှာ ဤသင်္ဂြိုဟ်ကျမ်းက အကျဉ်းချုပ် အနှစ်ထုတ်ပြထားသည့် တရားတော်ဖြစ်ပါတယ်။ ဆရာကောင်းထံမှာ နည်းနာခံယူခွင့်ရရင် ဤသင်္ဂြိုဟ်ကျမ်းကို လွယ်လင့်တကူ သင်ယူဆည်းပူးနိုင်ပါတယ်။ ဆည်းပူးနိုင်ကြပါစေလို့လည်း တိုက်တွန်း ဆုတောင်းပါတယ်။

(ဝန်ခံချက် - ဒေါက်တာဦးမင်းတင်မွန်၏ တက္ကသိုလ်အဘိဓမ္မာ စာအုပ်မှ ကောက်နှုတ်တင်ပြပါ၏)
ပဋ္ဌာန်းအကြောင်းမှ အဘိဓမ္မာအကြောင်းတင်ပြတာ နည်းနည်းရှည်သွားလို့ ခွင့်လွှတ်ကြပါခင်ဗျာ။

Read more...

ကျောက်ပုံတောရ- ၁-၅ ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

ကျောက်ပုံတောရ- ၁-၅ ဝိနိစ္ဆယ (ဓမ္မ အဓမ္မ အဆုံးအဖြတ်)

အဓမ္မ၀ါဒ လက်မှတ်ထိုးနေစဉ်...









Read more...

ဦးဘကြည်၏ဇာတ်ကြီးဆယ်ဘွဲ့ရုပ်စုံ

+U Bha Kyi _ ZattKyiSaeBwe

Read more...

ရဟန်းဝတ်နှင့် မဟုတ်တာ လုပ်ပါလျှင်... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၆-မှ...

ရဟန်းဝတ်နှင့် မဟုတ်တာ လုပ်ပါလျှင်...







Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP