* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, June 15, 2009

ဝေသာလီက ထေရိကာ(သို့မဟုတ်) လွတ်မြောက်ရေးနှင်းဆီနီ

မေမေချစ်သောသားသားနဲ့မီးမီးရေ…..

လွတ်မြောက်ရေးနှင်းဆီ-ဆိုတဲ့ကဗျာလေးတစ်ပုဒ် ဟာမေမေရေးခဲ့တာတော့ မဟုတ်ပါဘူး။ မေမေတို့ စိုက်ပျိုးရေးတက္ကသိုလ်မှာ ကျောင်းတက်တုံးက မေမေ့စီနီယာအိမ့်အိမ့် ဆိုတဲ့ အမတစ်ယောက် ရေးခဲ့တာ။စာလုံး တွေ အတိအကျမမှတ်မိတော့ပေမဲ့ ဆိုလိုချင်တာလေးကိုတော့မှတ်မိနေခဲ့ပါတယ်…။

မီးဖိုချောင်ဆိုတာ မိန်းမတွေရဲ့အကျဉ်းထောင်ပဲ…သည် အကျဉ်းထောင်က တံခါးတွေ ရိုက်ဖျက်ထွက်ခဲ့ကြလို့ ဖော်ပြထားတာ မေမေ မှတ်မိနေခဲ့ပါတယ်။ မေမေတို့တက်ခဲ့တဲ့ စိုက်ပျိုးရေးတက္ကသိုလ်မှာ အဲဒီအခါကာလ တုံးကခေတ်စားခဲ့တဲ့ အတွေးအခေါ်တွေပါ…။

မေမေတို့ တွေက လယ်သမားဆိုတဲ့ ပစ္စည်းမဲ့လူတန်းစားတွေကို ကူညီပေးရမယ်၊ရပ်တည် ရမယ်။ပကာသန မဆန်ရဘူး။မြေကြီးနဲ့နီးစပ်နေရမယ်။တွေးရဲရမယ်၊ရေးရဲရမယ်၊ပြောရဲရမယ်၊ နီရဲရမယ်ဆိုတာ စသည်ဖြင့် စုံလို့ပါပဲ..။ အဲဒီရေစီးကြောင်းထဲမှာ မေမေဟာလည်း အဲလိုအရည်အချင်းတွေ နဲ့ ကြီးပြင်းလာခဲ့ပါတယ်..။

ကျောင်းဖွင့်လို့ရေဆင်းပြန်မဲ့ မေမေ့အတွက် သားသားတို့မီးမီး တို့ရဲ့ ဖွားဖွားဟာ မေမေ တောင်းဆိုတဲ့ ကာကီ ရောင် စစ်ရောင်ရှပ်အင်္ကျီ သုံးထည် ကိုသာ သေတ္တာထဲထည့်ပေးရင်းမသိမသာ သက်ပြင်းရှိုက် နေခဲ့ဘူး တယ်။ မီးဖိုချောင်အလုပ်တွေကို အထင်သေးစွာ ညင်းပယ်ခဲ့တာ။ မျက်နှာမှာသနပ်ခါး ရှိမနေတတ်တာ…။ချိုသာနွဲ့ နောင်း စွာ စကားမပြောတတ်တာ တွေကို ဂုဏ်လုပ်နေခဲ့တာပေါ့လေ..။

ဟိုးတုံးက မေမေတို့တိုင်းတာခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အရည် အသွေးတွေပေါ့လေ.. အခုတော့လည်း ခံယူချက်တွေကို ဘဝအတွေ့အကြုံတွေက ပြောင်းလဲစေခဲ့ပါပြီ။ လွတ်မြောက်ရေးနှင်းဆီ တွေနီသလို မီးဖိုချောင်ထဲက နှင်းဆီတွေလည်းမွှေးနေ နီနေ၊ စွမ်းအားတွေရှိတယ် ဆိုတာမေမေ သဘောပေါက်ခဲ့ပါတယ်။
တစ်ခါ တစ်ခါ အဲဒီ နှင်းဆီတွေက ပိုလို့တောင် ထက်မြက်လွှမ်းမိုး နိုင်စွမ်းရှိနေတာ ၊ သိမ်မွေ့တဲ့စွမ်းအားက ပို ပြီးလေးနက် ပီပြင်နေခဲ့တာအသေအချာသိခဲ့တာပေါ့..။

အဲလိုနှင်းဆီလေးတစ်ပွင့်ဟာဖြင့် မီးဖိုချောင်ပြင်ပက မေမေ့အတွက်တော့ တစ်ဖန် အတုယူစရာပုံရိပ်လေးတစ်ခု ဖြစ်ခဲ့ပါ တယ်..သူ့နံမည် ကတော့ ထေရိကာ တဲ့ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး ကတော့ မငြိမ်းခိုင်လို့ခေါ်တာ လူတော်တော်များများ သိနေကြပါတယ်…။ဝေသာလီ ခတ္တိယမင်းမျိုးကဆင်းသက်လာတဲ့ မင်းသမီးတစ်ပါးပါ..။

အသက်ငယ်ပေမဲ့လို့ အသိတရားကော၊တရားအသိ ပါကြီးမားသူကလေးပါ။ဝေသာလီမှာကျင်း ပတဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားပွဲတိုင်းသူကရှေ့ဆုံးကနာယူခဲ့သူလေးပါ..။ဒါပေမဲ့ ထေရိကာ-မငြိမ်းခိုင်လေးဟာ မိဘတွေစီမံမှုနဲ့ အမျိုးတူ မင်းသားတစ်ပါးနဲ့လက်ဆက်ခဲ့ရတော့။ သူ့ရဲ့လွတ်လပ်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်..။ ခင်ပွန်းသည် က တရားနာခွင့်ကိုပိတ်ပင် တယ်..မကြည်ဖြူရှာဘူး။အကျဉ်းချထားတာပေါ့လေ..။
မနေ့ကတော့ တရားပွဲသာ မသွားခိုင်းတာ အစိမ်းကြော် စားချင်ကြောင်းတော့ပြောတတ်သားပဲ..။ဒါပေမဲ့ သူဟာ ထေရိကာ ရဲ့ တရားအသိ နဲ့ အသိတရား တွေ ကိုတော့ အကျဉ်းချလို့မရရှာပါဘူး။

ထေရိကာ တစ်ယောက်မီးဖိုချောင်ထဲကနေ ဒယ်အိုးယူ၊မီးဖိုပေါ်တင်၊ ဆီထည့် ခဏနေတော့ အငွေ့တွေတက် လာတယ်၊ ထည့်လိုက်တဲ့ ဟင်းရွက်စိမ်းတွေ ဟာ ညှိုးသွားပါပကော၊ ညှိုးရာက ရော်သွားပါပကော၊ အော် ရော်ရာ ကနွမ်းသွားပါပကော…။ သေချာ သတိတရားကပ်နေဆဲမှာပဲ။ နာယူနှလုံးသွင်းထားတဲ့တရားဟာ ခေါင်းထဲကို ဝင်လာတာပေါ့ကလေးတို့ရေ…။
(သြော်---- မီးအပူတစ်မျိုးတည်းရဲ့ ဒဏ်ကို ခံရတဲ့ အသီးအရွက်တောင် ဒီလောက်ညှိုးရော် သွားကြတာ၊ငါ့သဏ္ဍန်မှာဖြစ်နေတဲ့ ခန္ဓာငါးပါး၊ရုပ်နာမ် တရားတို့ ဆိုလျှင် အချိန်တိုင်း --လောဘမီး(အလိုရမ္မက်ကြီးမှုတွေ)
ဒေါသမီး(ပြစ်မှားခြင်း၊ပုတ်ခတ်ခြင်းတွေ)
မောဟမီး(အမှန်အတိုင်းမသိခြင်းတွေ)
ဇာတိမီး( ပဋိသန္ဓေ နေရခြင်းတွေ)
ဇရာမီး( အိုမင်းရခြင်းတွေ)
မရဏမီး (သေခြင်းတရားတွေ)
သောကမီး (စိုးရိမ်ပူဆွေးရတာတွေ)
ပရိဒေဝမီး ( ငိုကြွေး၊ရှိုက်ငင်ရခြင်းတွေ)
ဒုက္ခမီး (ကိုယ်ဆင်းရဲ ရခြင်းတွေ)
ဒေါမနဿ မီးတွေ ( စိတ်ဆင်းရဲ ရခြင်းတွေ)
ဥပါယာသ မီးတွေ (ဆို့တက်မေ့မျော အောင်ခံစားရတာတွေ) စတဲ့မီး ၁၁-ပါး မရပ်မနားလောင်မြိုက်ခံနေရတော့ပိုလို့ ညှိုးနွမ်းနေမှာပါတကား။ ဆိုတဲ့ သံဝေဂဉာဏ် ဖြစ်တည်လာခဲ့ရပါတယ်။
ထေရိကာကတော့ သံဝေဂဉာဏ်ပွားနေရင်းနဲ့ ကို ဟင်းရွက်တွေကိုယောင်းမနဲ့ မွှေ ရတာ…မွှေရင်းနဲ့လည်း ဆက်ပြီးသတိရလာတာကတော့ သူအပျိုဘဝတုံး ကနာယူမှတ်သားခဲ့ဘူးတဲ့ တရားတော်တွေ---ပေါ့ကလေးတို့ရေ..။

(ယောဂီတို့--- ပုဂ္ဂိုလ်တစ်ဦး သွား၊လာ၊ထိုင်၊ရပ်၊လှုပ်ရှားမှုပြုမူရာမှာ စိတ္တဇဝါယောဓာတ်က အဓိက ကဏ္ဍမှ ဆောင်ရွက်နေပါတယ်။ ဥပမာ--- ပုဂ္ဂိုလ်တစ်ဦးထိုင်မယ်ဆိုပါက ဦးစွာ ငါထိုင်မယ်ဆိုတဲ့စိတ်ကလေးအရင်ဖြစ်
တယ်။ ထိုစိတ်မှ ဝါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ ဖြစ်လာတယ်။ ထိုရုပ်ကလာပ်များ က ထိုင်သောအမူအရာ ကာယဝိညတ်ကိုဖြစ်စေတယ်။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ် ကြီးထိုင်ဘို့အတွက် ရုပ်ကလာပ်တွေ သိသိသာသာ တုန်လှုပ်လာတယ်။ ထိုထို တုန်လှုပ်ခြင်းဖြင့် အောက်ပိုင်းကိုခွေတယ်၊ ကွေးတယ်၊ အထက်ပိုင်းကို မတ်မတ်ထားတယ်၊ ထိုအမူအရာသည်ပင် ထိုင်သည် မည်တယ်။ထို့ကြောင့် ထိုင်ခြင်းသည် စိတ္တဇ ဝါယောဓာတ်ကြောင့် ကာယဝိညတ်၏ အမူအရာသာ ဖြစ်တယ်ယောဂီတို့)..မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာကို ပြန်လည်းဆင်ခြင်မိတဲ့ ထေရိကာ ရဲ့ ဉာဏ်အတွင်းကို ဝိပဿနာ အသိကထိုးဖောက်ဝင်ရောက်လာပါတော့တယ်။

(အသီးအရွက်တွေကိုယောင်းမ ကမွှေပေးနေသည် ဆိုပေမဲ့ တကယ်တမ်း မွှေပေးနေသည်က ယောက်မ မဟုတ်၊ ယောက်မကိုကိုင်ထားသောလက်သာ၊ ယောက်မသည် လက်မပူရေး အကူပေး သည့်ကြားခံ ပစ္စည်းမျှသာ၊ ယောက်မ ကမွှေခြင်းဟုတ်၊ မဟုတ် သိလိုသော် လက်ကိုမလှုပ်ပဲထားကြည့် ၊ယောက်မသည် မွှေခြင်းအလုပ် ကိုမလုပ်နိုင်တော့ပေ။ သို့ကြောင့်ယောက်မ မမွှေ လက်ကသာမွှေ နေခြင်း ဖြစ်သည်။ လက်က မွှေနေခြင်းမှာလည်း အမှတ်ရသော ဒေသနာကဆိုလျှင်မွှေလိုသည့်စိတ်မှ ဖြစ်ပေါ်လာ သောစိတ္တဇဝါယော ဓာတ်ကြောင့် ကာယဝိညတ်ဟုခေါ်သော အမူအရာဖြစ်ခြင်းသာ----) ရယ်လို့ ထေရိကာ သုံးသပ်နေမိတာ ပေါ့ကလေးတို့ရေ…။

လက်သည် တစ်ကြိမ်လည်းမွှေသည်မဟုတ်၊ အကြိမ်ကြိမ်---ထိုအကြိမ်ကြိမ်ကို တရားရှင်းစေရန် ပထမအကြိမ်၊ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် စသည်ဖြင့်မှတ်ယူလိုက်တာပေါ့ ကွယ်။ အကြိမ်ကြိမ်မွှေ တဲ့အခါမှာ ပထမအကြိမ်မွှေပေးနေသော ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည် ဒုတိယအကြိမ် မွှေဆဲခဏ သို့ပါမလာကြကုန်၊ ပထမအကြိမ်မွှေဆဲခဏ ၌ ပင်လျှင် ချုပ်ပျောက်ပျက်စီးကုန်ကြလေပြီ။ထို့အတူပင် ဒုတိယအကြိမ်မြောက် မွှေဆဲခဏမှာဖြစ်သော ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည်လည်း တတိယအကြိမ်မြောက်မွှေဆဲခဏသို့ ပါမလာ၊ ဒုတိယအကြိမ်မြောက် မွှေဆဲခဏ၌ ပင်လျှင် ချုပ်ပျောက်ပျက်စီးကြကုန်သာတည်း။ တတိယ၊စတုတ္ထ အကြိမ်တို့သည်လည်း ထို့အတူသာပင်လျှင်တည်း။

အဲလိုနဲ့ ထေရိကာ ဟာ ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့ရဲ့ ခုဖြစ်ပြီး ခုပျက်နေကြတဲ့ မမြဲတဲ့ အနိစ္စတွေပါလားဆိုတာ ရှုပွားလိုက်တဲ့အခါ မှာ ..သူမရဲ့ အသိတရားသည်…ခန္ဓာသိ၊ဉာဏ်သိ ဖြစ်ခဲ့ရပါတော့တယ်..။
မဲမြဲတဲ့ အနိစ္စကို ပိုင်ပိုင်သိတဲ့ ထေရိကာ ဟာ အဲဒီနေရာမှာရပ်တန့်မနေပဲ ဆက်ရှုပါတယ်။ ဖြစ်ပြီးတည်မနေပဲ ချက်ချင်းပျက်ရသည်မှာ သင်္ခါရဒုက္ခဖြစ်သည်ကို ဆက် ဆင်ခြင်လိုက်ပါတယ်။ အဲဒီတော့ ထေရိကာ က ဒုက္ခ-ဆင်းရဲခြင်း သက်သက် ပါလားဆိုတဲ့ လက္ခဏာရေးတစ်ပါးကို ထပ်ပြီးဉာဏ်မှာထင်သွားပြန်ပါပြီ..။

မတည်မြဲသော အနိစ္စ၊ ဆင်းရဲသော ဒုက္ခ၊ လက္ခဏာရေးနှစ်ပါးထင်ပြီး ….
သြော်----- ငါ၏ ခန္ဓာငါးပါး၊ရုပ်နာမ်တရားတို့သည် ငါအရင်ကထင်ထားသလို မပျက်မစီး အမြဲတည်နေတဲ့ အတ္တ သဘော မဟုတ်ပါလား၊ ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည် နေ့ည မစဲ၊ တသည်းသည်း ဖြစ်ပျက်လျှက်---- သူဖြစ်ချင်သလိုဖြစ်၊ သူပျက်ချင်သလိုပျက်နေတဲ့ အစိုးမရတဲ့ အနတ္တကြီးပါကလားရယ်လို့ ဆုံးဖြစ်ချက်ပိုင်ပိုင်ချ ကာကိုယ်တွေ့ ဉာဏ်တွေ့ တရားရသွားခဲ့ပါပြီ..။

မီးဖိုချောင်ထဲမှာ ဟင်းရွက်ကျော်နေဆဲလေးအတွင်းမှာ….ထေရိကာ သည် သာမာန် ပုထုဇဉ်ဘဝကနေ လက္ခဏာရေးသုံးပါးယာဉ် မြန်ကြီးကိုစီးပြီးတော့ သောတာပတ္တိ ဖိုလ်၊သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ဆီသို့ ဆိုက်ရောက်ခဲ့ရပါတော့တယ်…။
ခုတော့ဖြင့် မီးဖိုချောင်ထဲက ထေရိကာ ဟာမေမေ့ အတွက်တော့ အတုယူ လေ့ကျင့်စရာ ပြဋ္ဌာန်းစာအုပ်၊ ဆရာတစ်ဆူဖြစ်ခဲ့ရပါပြီ..။မိုးလင်းလို့ ရေနွေး စတည်တာနဲ့ သည်တရားကိုလေ့ကျင့်နေဖြစ်ခဲ့ပါတယ် သားသားနဲ့မီးမီးရေ..။

သံပုရာသီး ရလာရင် တော့ ချဉ်တော့ မှာပဲတွေးတာထက် သံပုရာရည် ဖြစ်အောင် ဖျော်တတ်ရမှမဟုတ်လား။ မီးဆိုတာ ကတော့ ပူတတ်လို့ ပူပြ လောင်ပြမှာပါပဲ…။
ကိုယ် က စီမံ တတ်ရင်တော့ ထမင်းလည်းဖြစ်၊အလင်းလည်းရ၊ နောက်ဆုံး မဂ်တရားဖိုလ်တရား ကိုပါဆောင်ယူပြသွားတဲ့ ထေရိကာ ကိုတော့ မီးဖိုချောင်တံခါးတွေရိုက်ချိုးစရာမလို ပဲလွတ်မြောက်ခဲ့ သူ လွတ်မြောက်ရေးနှင်းဆီနီ အဖြစ် မေမေ ဂုဏ်တင် ဦးညွတ်နေမိပါတော့တယ်။


ကျမ်းကိုး
၁။ထေရာ ထေရီ အပါဒါန်
၂။ သုတေသန သရုပ်ပြအဘိဓာန်( ဖျာပုံတိုက်သစ်ဆရာတော်-ဦးသြဘာသာဘိဝံသ)
၃။မဂ်တား၊ဖိုလ်တား အန္တရာယ်များ( အရှင်ဇဝန-မေတ္တာရှင်)
၎။ အစိမ်းကြော် ကြော်ရင်းအနာဂါမ်တည်သူ (ကြူရတနာ -မောင်ရဲဦး)

သစ္စာအလင်း

Read more...

Science Study On Meditation!!!


Meditation sharpens our attention so that we notice details we might otherwise have missed, according to a new study, one among a number of recent studies that reveal that, yes, Buddhists have been right all along.
The article, published in LiveScience, says:In recent years, scientists have found meditation affects brain functions. For instance, research into Tibetan monks trained in focusing their attention on a single object or thought revealed they could concentrate on one image significantly longer than normal when shown two different images at each eye.
Another study of people who on average meditated 40 minutes daily found that areas of their brains linked with attention and sensory processing became thicker."One of the fundamental mysteries that is now becoming better understood as we go along but which is still a breakthrough area of research is neuroplasticity, the idea that we can literally change our brains through mental training," Davidson told LiveScience. "Certain kinds of mental characteristics such as attention or certain emotions such as happiness can best be regarded as skills that can be trained."
Indeed, meditation has recently been a hot topic, and research suggests it does more than just increase our mental acuity.Science writer Sharon Begley recently published a book (The Mind and the Brain) about brain plasticity in which meditation was featured prominently. (You can also read an excerpt from her book in a recent article of hers in Time.) In it, she discusses how Davidson's research challenges the long-held hypothesis that a person's happiness set-point is unmovable. Davidson (with the help of the Dalai Lama) recruited Buddhist Monks--who had spent more than 10,000 hours meditating--for tests in which they meditated under fMRI scans.
The scans showed "dramatic changes in the parts of the brain associated with happiness" as compared to the scans from a group of students who had recently undergone a crash course in meditation.Who knows what else science will reveal about meditation--I am reviewing a book for the upcoming issue of Scientific American Mind that suggests science will soon have a lot more to say about meditation's power to heal and improve our lives.But many people have proof enough already, I suppose.

Read more...

*ပေးဆပ်သူတို့ နှလုံးသား*

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသူများ ဖြစ်သည်။ အဖေနှင့်အမေ ကွယ်လွန်သွားချိန်မှစ၍ အစ်ကိုကြီးသည် ကျွန်တော့်အပေါ်တွင် အဖေလိုတစ်မျိုး အမေလိုတစ်သွယ် ပြုစု စောင့်ရှောက်ပေးခဲ့သည်။ အဖေနှင့်အမေ ချန်ထားခဲ့သော စီးပွားရေး လုပ်ငန်းများကို ပို၍တိုးပွားအောင် အစ်ကိုကြီးက ကြိုးစား လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အား လူ့လောကတွင် လိုလေးသေးမရှိ မျက်နှာ မငယ်ရအောင် ပြုစု စောင့်ရှောက်ပေးခဲ့သည်။

အစ်ကိုကြီးသည် ပတ်ဝန်းကျင်က ချီးမွမ်း အားကျ ရလောက်အောင် ကျွန်တော့်အပေါ် တာဝန်ကျေခဲ့သည်။ ကျွန်တော်နှင့် အသက် ဆယ်နှစ်ခန့်ကွာသော အစ်ကိုကြီးသည် ကျွန်တော် ကျောင်းပြီးဘွဲ့ရ၍ အိမ်ထောင်ပြုချိန်ထိ လုံးဝအိမ်ထောင်မပြုဘဲ လူပျိုကြီးဘ၀နှင့် ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ယခုကျွန်တော်၏ မင်္ဂလာပွဲတွင် လက်ဖွဲ့အနေဖြင့် အစ်ကိုကြီးသည် နောက်ဆုံးပေါ် ကားအသစ်စက်စက် တစ်စီးကို လက်ဖွဲ့၍ ဟန်းနီးမွန်းခရီး ထွက်စေခဲ့သည်။

ကျွန်တော်နှင့် ဇနီးသည်လည်း ဟန်းနီးမွန်းခရီး ထွက်လာရင်း ကားပေါ်တွင် ကျွန်တော်၏ ဇနီးသည်က ကျွန်တော့်အား`မောင်ရဲ့အစ်ကိုကြီးက မောင့်အပေါ်မှာ တကယ်ကောင်းတာပဲနော်´`အင်း ဟုတ်တယ် အမေနဲ့ အဖေမဆုံးခင်ကတည်းက ပဲခင်ရဲ့´`ခင်ဖြင့် မောင့်အစ်ကိုကြီးက ဒီလောက်ကောင်းတဲ့ ကားကြီးကို လက်ဖွဲ့လိမ့်မယ်လို့ ယုံတောင်မယုံ နိုင်ဘူး´`ခုယုံပြီမို့လား´ ဟုပြော၍ချစ်ဇနီး၏ မျက်နှာကို အစ်ကိုကြီးအတွက် ဂုဏ်ယူဝင့်ကြွားစွာ အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး`ခင် ဗိုက်ဆာနေပြီလား ရှေ့မှာမောင်ဒီဘက်ကို ခရီးထွက်တိုင်း စားနေကျ ဆိုင်ကောင်းကောင်းလေး ရှိတယ်၊ အဲဒီမှာပဲ စားလိုက်တော့မယ်နော်´`အင်း မောင်ကောင်းသလိုစီစဉ်ပါ´ ဟုဆိုသောကြောင့် ကျွန်တော်တို့ လင်မယားလည်း ထမင်းဆိုင်လေးတွင် ကားရပ်ကာ ၀င်ရောက် စားသောက်ကြ လေသည်။

ထမင်းစားပြီး ဆယ်မိနစ်ခန့် ထမင်းလုံးစီကာ နားပြီးနောက် ဆက်လက် ခရီးထွက်ရန် ကျွန်တော်တို့လင်မယား ဆိုင်အပြင် ကားဆီသို့ လျှောက်လှမ်းလာရာ ကျွန်တော် တို့ကားအနီးတွင် ကလေးငယ် တစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုကလေးငယ်သည် အနည်းငယ် ဆင်းဆင်းရဲရဲ ပုံစံ ၀တ်ဆင်ထားပြီး ကျွန်တော်တို့ ကားလေးအား တအံတသြ အငမ်းမရ လှည့်ပတ်ငေးမော ကြည့်ရှုနေလေ သည်။ ကျွန်တော်လည်း ကလေးငယ်အား တရင်းတနှီး နှုတ်ဆက် မေးမြန်းလိုက်လေသည်။

`ဟေ့ချာတိတ် မင်းက ဒီကားကိုသဘောကျလို့လားကွ´`ဟုတ် ဒီကားက အစ်ကို့ကားလားဗျ ကျွန်တော် အရမ်းစီးကြည့်ချင်လိုက်တာဗျာ´ ဟုမျက်နှာငယ်လေးနှင့် ဆိုရှာလေသည်။`အေးကွ ဒီကားက အစ်ကို့ကို အစ်ကို့ရဲ့ အစ်ကိုကြီးက မင်္ဂလာ လက်ဖွဲ့အနေနဲ့ ၀ယ်ပေးတာကွ´ လို့ဆိုတော့ ကလေးငယ်က အံသြသော အားကျသော မျက်လုံးများနှင့် ကျွန်တော့်အား`ဒါဆို အစ်ကိုကြီးက ဒီကားကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ရထားတာ ပေါ့နော်၊ အရမ်းအားကျဖို့ ကောင်းတာပဲဗျာ´`အေးပေါ့ကွ´ ဟု ကျွန်တော်က ဆိုလိုက်လေရာ ကလေးငယ်သည် `အင်း´ ဟုသက်ပြင်းရှည်ကြီးချ၍ ကျွန်တော် မထင်မှတ် ထားသော စကားအား ပြောချလိုက်လေရာ ဒီတစ်ခါ အံသြသွားရသူမှာ ကျွန်တော် ဖြစ်သွား လေသည်။

ကလေးငယ် ပြောလိုက်သောစကားမှာ`ကျွန်တော်လည်း အဲဒီလို အစ်ကိုကြီးမျိုး ဖြစ်ချင်လိုက်တာဗျာ´ တဲ့။ကျွန်တော် လည်းကလေးငယ်၏ မျက်နှာကို စေ့စေ့ကြည့်၍ သနားသွားပြီး သူ့အား`ချာတိတ် မင်းဒီကားကို မြို့တစ်ပတ်လောက်မစီးကြည့်ချင်ဘူးလား´ကလေးငယ်လည်းဝမ်းသာအား ရဖြင့်`အစ်ကို တစ်ကယ်ပြောတာလား ဒါဆို ကျွန်တော့်အိမ်ကို အရင်မောင်းပေးပါလား အိမ်ခဏ၀င်ပြီး ညီလေး ကိုလည်း ပေးစီးချင်လို့ပါ´ဟု ဆိုသောကြောင့် ကျွန်တော်လည်း ကလေးငယ်အား တင်ဆောင်၍ ထိုကလေးငယ်၏ လမ်းပြမှုဖြင့် သူ့အိမ်သို့ အရောက်တွင် ကလေးငယ်သည် ကားပေါ်မှ ဆင်းကာ ညီလေးရေ ညီလေးရေဟု တကြော်ကြော် အော်ခေါ်ကာ အိမ်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။

ထို့နောက် အိမ်ပေါ်မှပြန်ဆင်း အလာတွင် သူသည် ခြေထောက် မသန်စွမ်းသော ကလေးတစ်ဦးအား ချီကာ ကျွန်တော်တို့ ကားဆီသို့လျှောက် လာပြီး သူ၏ညီငယ်အား`ညီလေးရေ ဒီကားက ဟောဒီ အစ်ကိုရဲ့အစ်ကိုကြီးက ၀ယ်ပေးတာတဲ့ ကိုကြီးလည်း တစ်နေ့ကျရင် ဒီလိုကားမျိုး ညီလေးစီးဖို့ ၀ယ်ပေးမယ်လို့ ကတိပေးတယ်နော် ကိုကြီး ကြိုးစားမယ်သိလား´ဟု စိတ်အား ထက်သန်စွာပြောဆိုပြီး ကျွန်တော်လည်း သူတို့ ညီအစ်ကိုနှစ်ယောက်နှင့် အတူ မြို့တစ်ပါတ် လျှောက်လည်အပြီး ဟန်းနီးမွန်း ခရီးတစ်လျှောက်လုံးတွင် ကျွန်တော့် အစ်ကိုကြီး၏ ကျေးဇူးမျက်နှာကို မြင်ယောင်ပြီး ရယူခြင်းမှရရှိသော ပီတိထက် ပေးဆပ်ခြင်းမှ ရရှိသော ပိတိသည် ပို၍ချိုမြိန် အရသာ ရှိကြောင်းကို နားလည်ခံစား သိရှိလိုက်ရ ပါတော့သည်။

+++++++++++++++++++++++++++++++++++++

ဒီ အကြောင်းအရာ လေးကိုတော့ ကျွန်တော် ဖတ်ဖူးခဲ့တာ ကြာပါပြီ။ ဆရာဖေမြင့်ရေးတဲ့ စာအုပ် တစ်အုပ်ကပါ။ စာအုပ်နာမည်တော့ မမှတ်မိတော့ ပါဘူး။ “နှလုံးသား အာဟာရ” ပဲထင်ပါတယ်။ နံပါတ်စဉ်လည်း မေ့သွားပါပြီ။ အခု အကြောင်း အရာလေးက ဆရာဖေမြင့်ရေးတဲ့ စာအုပ်နဲ့ အရေးအသား အနည်းငယ် ကွဲပေမယ့် သဘောတရား ကတော့ အတူတူပါပဲ။

မေးကနေ ရလာတဲ့ ဒီအကြောင်းလေးကို ပြန်ဖတ်မိတော့ အစ်ကို အရင်းနဲ့ မခြား ကျွန်တော့်အပေါ် ကောင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ဖအေတူ မအေကွဲ အစ်ကိုရဲ့ ကျေးဇူးတွေကို ပြန်ပြောင်း သတိရမိသွားတယ်။ အကြိမ်ကြိမ်လည်း ကျေးဇူးတင်လို့ ဦးခိုက်မိပါရဲ့ဗျာ…။ဓမ္မမောင်နှမတို့ကိုလည်း ပေးဆပ်ခြင်းရဲ့ အရာသာကို ခံစားနိုင်စေခြင်းငှာ ဒီပို့စ်လေးကို မျှဝေလိုက်ပါတယ်။

ဓမ္မမောင်နှမတို့ မိမိတို့ရဲ့ ဆွေမျိုး သားချင်း အတွက်သာမက လောကကြီးအတွက်ပါ ပေးဆပ်တတ်သူများ ဖြစ်နိုင်ကြပါစေ။ ဖြစ်အောင်လည်း အားထုတ်နိုင်ပါစေ။

စာရှုသူ ဓမ္မမိတ်ဆွေတို့ အကျိုးကို အစဉ်မျှော်ကိုးလျက်
်လေးစားစွာဖြင့်ဖိုးသာ6း/15/2009, MON:, 1:00:00 AM
Posted by ဖိုးသား

Read more...

အရိယဥယျာဉ် (၇-၆-၂၀၀၉)

၁၃၇၁ ခု၊ နယုန်လပြည့်၊အရိယဥယျာဉ်အလယ်ရိုးမတောစခန်းမှ ပေးစာအား ကောက်နုတ်ဖော်ပြချက်အရိယဓမ္မ တည်ဆောက်ရေးအရိယာတွေယာ သာမန်လူတွေ မဟုတ်ကြပါဘူး။ သာမန်လူတွေ မြင်တွေး သလိုလဲ မမြင်တွေးဘူး။ သာမန်လူတွေ ပြောသလိုလဲ မပြောဘူး။ သာမန်လူ တွေ ပြုလုပ်ကြသလိုလဲ မပြုလုပ်ကြပါဘူး။ ဟုတ်မှန်တဲ့ အကြောင်း အရာ ရှိရှိ မြင်တွေး ကြပါတယ်။

အရိယာတွေဟာ ဟုတ်မှန်တဲ့ အတိုင်း တွေးကြ ပြောကြ လုပ်ကြလို့ ပဲ။ အဲဒီလို တွေးကြ ပြောကြ လုပ်ကြတာ လောက်လဲ မကပါဘူး။ မဟုတ် မမှန်တာကို မဟုတ်မမှန်ဘူးလို့  မသိသေးလို့  ဟုတ်မှန်တယ် ထင်ပြီး တွေးမိ ပြောမိ ပြုမိဦးတော့တောင်မှ ဟုတ်မှန်တာကို သိကြတဲ့ တခြား အရိယာတွေက ဟုတ်မှန်တာဟာ ဒီလိုဖြစ်တယ်လို့  ပြောပြတာခံရရင်လည်း မဟုတ်မမှန်တာကနေ ဟုတ်မှန်ရာ ရောက်အောင် ပြင်ဆင်တတ်တဲ့ အနေ အထားလဲ ရှိသူတွေ ဖြစ်ကြပါတယ်။

ပြီးတော့လည်း အရိယာဟာ ဟုတ်မှန်တဲ့ တွေးခေါ်ပြောဆို ပြုမူတာတွေကို မဟုတ်မမှန်ဘူးလို့  ပြောလာတာ ခေါင်းငုံ့  ခံပြီးမနေဘဲ ဟုတ်မှန်တဲ့ အတွေးနဲ့  အပြောအပြု ဖြစ်ပုံကို ဖြေရှင်းပေးတဲ့ သူလဲ ဖြစ်ပါတယ်။ ဒါကြောင့် အရိယာဟာ ယဉ်ကျေးသူ ဖြစ်ပါတယ်။အရိယာနဲ့  သာမန်သူတွေရဲ့ ထူးခြားချက်ဟာ အချက် ၃ ချက်ရှိပါတယ်။ ပထမက- ဟုတ်မှန်တဲ့ အတွေး အပြော အပြု အမူအရာတွေ ရှိတာပဲ။

ဒုတိယက- အဲဒါတွေ မဟုတ်ကြောင်း ပြောတာခံရလို့  မဟုတ်မှန်းသိရင် ဟုတ်မှန်တဲ့ အမှုအရာအရောက် ပြန်ပြင်တာတွေပဲ။တတိယက- ဟုတ်မှန်တဲ့ အမူအရာတွေ ဖြစ်လျှက် မဟုတ်မှန်ကြောင်း ပြောတာ ခံရရင် ငုံ့ ခံ မနေပဲ ဖြေရှင်းတာ ပြန်လုပ်တာပဲ။သာမန်လူတွေမှာ ဒီအချက်တွေ မရှိကြဘူး။ သူ့ စိတ် (ဦးနှောက်) ထဲရှိတာကို တွေးခေါ် ပြောဆိုပြုမှု တာပါပဲ။ အဲဒါကို မှားနေကြောင်း ပြောတာ ခံရရင်လဲ သူ့ စိတ် (ဦးနှောက်) ထဲရှိတာအပြင် မတွေးတတ်တာ ဖြစ်လို့  စိတ် (ဦးနှောက်) ရှုပ်ပြီး စိတ်တို စိတ်ဖောက်တာတွေ ဖြစ်တာပါပဲ။

ဒီတော့ ပြင်ဆင် တာကို သာမန်လူတွေ မလုပ်နိုင်ကြပါဘူး။ သာမန်လူရဲ့ အတွေး အပြောနဲ့  အပြုတွေက မှန်နေဦးတော့ တောင်မှ တခြားတွေက မှားတယ်ထင်ပြီး ထောက်ပြတာ ခံရပြန်ရင်လည်း ကိုယ့်အမူအရာက မှန်ပေမယ့် ဘယ်လိုမှန်နေ တယ် မသိတာဆိုတော့ အမှားလို့  အပြစ်တင်သူကို အပြစ်တင်ရကောင်းလား လို့  ဒေါသပဲ ထွက်တော့တာပါပဲ။ဒါကြောင့် သာမန်လူတွေရဲ့ အဖြစ်တွေဟာ မယဉ်ကျေးကြပါဘူး။ ရိုင်းစိုင်းမှု အပြည့်နဲ့  နေကြသူတွေ ဖြစ်ပါတယ်။

သာမန်လူတွေဟာ ဒီလို ရိုင်းစိုင်းကြတာ ဖြစ်လို့  သူတို့ မှာ ပြဿနာဖြစ်ရင် အဲဒီပြဿနာကို ဖြေရှင်းဖို့  အာဏာရှိတဲ့ အဆုံးအဖြတ်ပေးသူဆီမှာ အဆုံးအဖြတ် ခံကြရပါတယ်။ အာဏာရှိသူကလဲ အဆုံးအဖြတ် ခံလာသူထဲက မှားယွင်းတယ်လို့  ရှေးက လူအများက သတ်မှတ် ပေးထားတာနဲ့  ကိုက်ကြည့်ပြီး ညီသူကို မှားတယ်လို့  ဆုံးဖြတ်ပြီး အပြစ်ပေးတာပါပဲ။အပြစ်ပေးတာကလည်း သာမန်လူတွေရဲ့ ရိုင်းစိုင်းတဲ့ ဓလေ့ဖြစ်တော့ ကြောက် စရာကြီးပဲ။

ရှေးကဆိုရင် ကိုယ့်လက်ကို ချိုးသူဆိုရင် သူ့ လက်ကို ဖြစ်စေလို့  ပေါ့။ အခုတော့ ဒီလောက် မရိုင်းစိုင်းတော့ ပါဘူး။ ဒါပေမယ့် ဘယ်လို မှားတဲ့ အလုပ်လုပ်သူကို အဲဒီ သူ့  ဝန်းကျင်ဟောင်းနဲ့  ကင်းတဲ့ အကျဉ်းစခန်းထဲမှာ ဘယ်ရက် ဘယ်လ ဘယ်နှစ် ထားရမယ်လို့  ဖြစ်တယ်။ ဒီလို အာဏာရှိသူ တွေက အပြစ်ပေးတာ ခံရလို့  ဒီလူကောင်းလာမှာ မဟုတ်ပေမယ့် ဒီလို အပြစ် ပေးမှ သူ အပြစ်ကျူးလွန်းတာကို ခံရသူက ကျေနပ်မှာ ဖြစ်လို့  ဒီလိုပဲ အပြစ် ပေးနေရတာပါပဲ။ ဒီလို အပြစ်ပေးတာ ခံရလို့  အပြစ်ပြုချင်စိတ် ပျောက်တာ မဖြစ်ပဲ ပိုဆိုးလာတာနဲ့ ၊ အပြစ်ကျူးလွန်ဖို့  မလုပ်ဝံ့တော့အောင် စိတ်ကျ သွားတာတွေပဲ ဖြစ်ပါမယ်။ဒီလို စိတ်ကြွတဲ့ လူတွေနဲ့  စိတ်ကျတဲ့ လူတွေဟာ လူ့ လောက အကျိုးအတွက် မသယ်ပိုးနိုင်တဲ့ သူတွေပဲ။

ဒါကြောင့် အာဏာနဲ့  တရားစီရင်မှု ဟာ လူ့ လောကအတွက် ကောင်းကျိုးကို မဖြစ်စေနိုင်တဲ့ တရားစီရင်မှု ဖြစ်လို့  သာမန် လူတွေရဲ့ အရိုင်းအစိုင်း စီရင်မှု ဖြစ်ပါတယ်။အရိယာဟာ ဒီလို အရိုင်းအစိုင်း တရားစီရင်မှုမျိုး ခံရဖို့  မဟုတ်ပါဘူး။ ဒီိလို မခံ ရဖို့  ဆိုရင် အရိယာက အမှုမဖြစ်စေရတော့ ဘူးလား မေးစရာရှိပါတယ်။ လူ့  လောကကို အလုပ်အကျွေးပြုတဲ့ အလုပ်ကို လုပ်နေသူတွေ ဆိုရင် အမှုကတော့ ရှိရမှာပါပဲ။ အရိယာလဲ လူ့ လောကကို အလုပ်အကျွေး ပြုနေသူ ဖြစ်လို့  အမှုရှိမှာပါပဲ။ အမှုဆိုတာ လူ့ လောကကို အလုပ်အကျွေး ပြုတဲ့ အခါ လူသားချင်း ဆက်ဆံကြရတာပဲ။

ဟုတ်တာနဲ့  ဆက်ဆံတာမှာ မဟုတ်တာနဲ့  ဆက်ဆံတယ်လဲ ဆံခံရသူက ထင်ချင် ထင်နိုင်ကြတာပဲ။ မဟုတ်တာနဲ့  ဆက်ဆံ ခံရတာကို ဟုတ်တာနဲ့  ဆက်ဆံတယ်လဲ ထင်ချင်ထင်နိုင်ကြတာပဲ။အမြင် အကြား အတွေး မှောက်တာတွေနဲ့  မှောက်အောင် အနှောက်ခံရတာ တွေကလည်း ပေါများတာပဲ။ ဒီတော့ အရိယာတွေလဲ အမှုတွေ ရှိနိုင်တာပဲ။ မရှိတော့ တောင်မှ ရှိတယ်လို့  အထင်ခံရတာတွေလဲ ရှိနိုင်ကြတာတွေပါပဲ။ ဒီလို အမှုတွေ ရှိနိုင်ကြပေမယ့် အာဏာနဲ့  တရားစီရင်သူတွေရဲ့ အစီအရင် မခံ ရဖို့ တော့ ရှိပါတယ်။ ဒီလို မခံရဖို့  အကြောင်းကတော့ အရိယာတွေဟာ မရိုင်း စိုင်းကြတော့သူတွေ ဖြစ်လို့ ပါပဲ။သူများ မျက်စိကန်းအောင် လုပ်တာကြောင့် ကန်းအောင်လုပ်သူရဲ့ မျက်စိကို ဖေါက်ပစ်တာဟာ ကန်းအောင် အလုပ်ခံရသူက ကျေနပ်မှာ ဖြစ်ပေမယ့် လူ့  လောက ကတော့ မျက်စိ ဆုံးရှုံးသူ တစ်ယောက်တိုးပြီး ဆုံးရူံးစေတာ ပါပဲ။ တရားလို ကျေနပ်ဖို့  တရားစီရင်သူက တရားလိုကိုယ်စား တရားခံကို နစ်နာ အောင် လုပ်တာပါပဲ။

တရားလိုကိုယ်တိုင်က ပြန်လုပ်တာကို ခံရတာ မဟုတ်တဲ့ အတွက် အာဃာတ ထားတာ အဖြစ်နည်းစရာတော့ ရှိလာမှာပါပဲ။ တရားဟာ ဒီလိုကလေး ရန်ငြိမ်းရုံလောက်နဲ့ တော့ မပြီးသင့်ပါ့ဘူး။ လောက အဆုံး အရူံးတွေ ငြိမ်းသွားဖို့  ဖြစ်ရမှာပါ။ဒီလို ဖြစ်ပေမယ့် သာမန်လူတွေဟာ ရိုင်းကြသေးတာဖြစ်တော့ ဒီလို အပြစ်ပေးတဲ့ တရားစီရင်နည်းကိုပဲ ကျင့်သုံးနေကြရတာ ဖြစ်ပါတယ်။ပစ္စုပ္ပန်ကံကို သိမြင်ကြလို့  လူကို မွှေနှောက်ခြယ်လှယ်နေတဲ့ လက်သည်ဟာ လူမဟုတ်ဘဲ ဝဋ်သုံးပါး ကံတရားတွေ အဖြစ် အသိရောက်နေကြတဲ့ အရိယာ တွေဟာ ဒီလို ရိုင်းစိုင်းတဲ့ အပြစ်ပေးစနစ်နဲ့  စီရင်ဆုံးဖြတ်တဲ့ တရားရုံးကို လူ့  အမှုတွေ အတွက် အားကိုးအပ်နှံကြဖို့  မဟုတ်တော့တာပဲ။

ဒီလိုဆိုတော့ ဘာကို ဗဟို မဏ္ဍိုင်ထားပြီး စီရင်ဆုံးဖြတ်စေရမလဲလို့  ပြဿနာ ပေါ်ပါတယ်။ အရိယာဖြစ်လဲ အရိယာအချင်းချင်း အတွင်းမှာဖြစ်ဖြစ် တခြားမှာ ပဲ ဖြစ်ဖြစ် အမှုက ပေါ်နိုင်တာပါပဲ။ အဲဒါတွေကို ဘယ်သူ့ စီရင်ဆုံးဖြတ်မှုမှ မခံဘဲ ကိုယ်မှန်တယ် ထင်သလို ကိုယ်နေမယ်လို့  လုပ်မလား။ ဒီလိုနေရင် သိပ်ကျဉ်းမြောင်းသွားပြီး လူတွေရဲ့ နားအလည် မခံရစရာ ဖြစ်ပါမယ်။ အရိယာ ဖြစ်လဲ လူတွေရဲ့ နားအလည် မခံရတာဟာ မသင့်ပါဘူး။ သူ့ အနေနဲ့  အဲဒီ လူတွေကို ကူညီပြီး အဲဒီလူတွေရဲ့ အကူအညီကိုလဲ ယူရဦးမှာ ဖြစ်လို့ ပါပဲ။အရိယာဟာ တောရွာကလေး တစ်ခုက ငပြူးလို မဖြစ်ဖို့  လိုမှာပါ။ ငပြူးဟာ သူများ ခုတ်တဲ့ ခုံဖိနပ်လဲ မကြိုက်ဘူး။ ငပြူးလဲ ခုံဖိနပ် မခုတ်တတ်ဘူးဆိုပဲ။

ရိုင်းစိုင်းတဲ့ တရားစီရင် ဆုံးဖြတ်တာ မကြိုက်ရင် ဘယ်စီရင်ဆုံးဖြတ်တာမှ မခံဘဲ နေဖို့  မသင့်ပါဘူး။ ယဉ်ကျေးတဲ့ စီရင်ဆုံးဖြတ်တဲ့ အဝန်းအဝိုင်းတစ်ခု တည်ဆောက်ရမှာပါ။ အရိယာ ယဉ်ကျေးမှု ဝိနည်းအတွက် အစီအရင် အဆုံး အဖြတ်ပြုဖို့  အရိယာတွေက အရိယ ဓမ္မမဏ္ဍလ တစ်ခု တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။နာမည်ကို အဓိပ္ပါယ် ရှင်းပါဦးမယ်။ အရိယာတွေနဲ့  ဒီဓမ္မဏ္ဍလကို တည်ဆောက်မှာ ဖြစ်လို့  အရိယလို့  ခေါ်တာပါ။ လူဆောင်ရွက်ရမှာ အကြောင်း စီရင်ဆုံးဖြတ်မှာ ဖြစ်လို့  အရိယဓမ္မ ခေါ်ရတာပါ။ တစ်ဦးတည်းက ဒါကို စီရင်ဆုံးဖြတ်မှာ မဟုတ်ဘဲ အရိယာ အဝန်းအဝိုင်းနဲ့  စီရင် ဆုံးဖြတ်မှာ ဖြစ်လို့  အရိယဓမ္မမဏ္ဍလ လို့  ခေါ်တာပါပဲ။တရားဓမ္မ ဖြစ်တည်ရခြင်းအကြောင်းဒါကို နားလည်ဖို့  အထောက်အကူပြုမယ့် အသိအမြင်ပြ အကြောင်းအရာလေး ကို ဆက်ရေးလိုက်ပါတယ်။

အဲဒါက တရားဓမ္မရဲ့ အကြောင်းပါပဲ။ တရားဓမ္မရဲ့ အကြောင်းဆိုလို့ တရားဓမ္မရဲ့ အဖြစ်တွေကို လူတိုင်း ပြောနေကြတာပဲ။ ခရစ်ယာန်ကလဲ ပြောတာပဲ။ မူဆလင် ဟိန္ဒူတွေလဲ ပြောတာပဲ။ ရိုးရာ ဗုဒ္ဓ ဘာသာတွေလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ။ လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ မတော်မတဲ့တာတွေ မပြုကြဘို့ နဲ့  တတ်နိုင်ရင် လူ တစ်ယောက်အပေါ်မှာ လူတစ်ယောက်က ကူညီ စောင့်ရှောက်တာတွေ လုပ်ကြဖို့ တွေပဲ။ဒီအဆိုတွေဟာ တရားနဲ့  အတော်နီးစပ်တာ ဖြစ်လို့  ဘယ်သူကမှ ဒါတွေ တရား မဟုတ်ဘူးလို့  မပြောနိုင် ဖြစ်ကြတာပဲ။

ဒါကြောင့်လဲ ဒါတွေဟာ တရား တွေပဲလို့  တစ်ကမ္ဘာလုံးက လက်ခံကြတာပဲ။ တကယ်တော့ ဒါတွေဟာ လူတွေ လိုက်နာရမှာတွေလဲ အမှန်ဖြစ်ပါတယ်။ ဒီလို ဖြစ်ပေမယ့် ဒါတွေ လိုက်နာတာမှာ တရားနဲ့  လွဲချော်နေတယ် ဆိုရင် မအံ့သြဘဲ နေနိုင်မှာ မဟုတ်ဘူး။ဒီအံ့သြစရာလေး နဲနဲလင်းသွားအောင် ရှင်းခဲ့ရအောင်။ သားက အဖေတားတာ ကို လုပ်တော့ အဖေက နောင်မလုပ်ဝံ့အောင် အပြစ်ဒဏ်ပေးတယ်။ သားက အဖေပေးတဲ့ အပြစ်ဒဏ်ကြောက်လို့  နောင်မှာ အဖေတားတာကို မလုပ်ဘဲ ရှောင်တာပေါ့။

ဒီလို ရှောင်တဲ့သားကို လိမ္မာတယ်လို့  ချီးမွမ်းရတာပဲ။ နောက် တစ်မျိုးလဲ ရှိသေးတယ်။ အဖေတားတာကို သားကလိုက်နာတော့ သားကို အဖေက ချီးမွမ်းတယ်။ အဲဒီ ချီးမွမ်းခံရဖို့  အတွက် သားက အဖေတားတာကို လိုက်နာတာပဲ။ ဒါလဲ လိမ္မာတဲ့ သားလို့  ချီးမွမ်းရတာပဲ။ဒါတွေဟာ တကယ် လိမ္မာကြတာလား၊ အဖေ ဆိုတာကို ကျော်နိုင်ရင် အဖေ တားထားတာတွေ အတိုင်း ရှိနိုင်ပါ့မလား။ ဒါကြောင့် ဒီလိမ္မာတာတွေဟာ တကယ့် လိမ္မာစရာ တွေနဲ့  လိမ္မာနေကြတာ မဟုတ်ဘူးလို့  အံ့သြစရာ ဖြစ်ရ တာပါပဲ။

ပြောစရာတော့ ရှိပါတယ်။ အဖေ့ရဲ့ ခြိမ်းခြောက် မြှောက်ပင့်ပြီး လိမ္မာ စေတာက အပိုးကျိုးသွားပြီး သေတပန် လိမ္မာသွားသူတွေလဲ ရှိနိုင်ကြတယ် မဟုတ်ပါလား လို့ ပဲ။အဲဒီလို တွေလည်း အများကြီး ရှိတာပါပဲ။ ဒါပေမယ့် ဒီသူတွေဟာ လူ့ လောက ကို အမှောင်တွေပဲ လွှမ်းစေကြပါတယ်။ သြဇာရှိတဲ့ အဖေမျိုး ဆရာမျိုး ဘုရား သခင်မျိုး အားကိုးတဲ့ ပုဂ္ဂိုလ်ကိုးကွယ်မှုဘက်ကို ဆွဲခေါ်သွားကြလို့  ပါပဲ။ ဒါကြောင့် ဘာသာရေး ကိုးကွယ်မှုတွေမှာ ဘာသာရေး လမ်းညွှန် ပုဂ္ဂိုလ်တွေကို မြတ်ထက်မြတ် သာထက်သာ ရှာပြီး အပျပ်ဝပ်ဆုံး ညွှတ်ကျိုး ကိုးကွယ် ကြတာပါပဲ။ အဲဒီလို အကိုးကွယ်ခံနိုင်အောင်လဲ ဘာသာရေး ပုဂ္ဂိုလ် ဘုရားကျောင်းကန်တွေက ရပ်တည်ပြကြရပါတယ်။

ကိုးကွယ်တဲ့သူတွေ အကျင့် ကောင်းနိုင်ဖို့  သြဇာဓါတ်တွေ ရှိအောင် လုပ်တာပါပဲ။တကယ်တော့ ဘုရားကျောင်းကန်နဲ့  ဘာသာရေး ပုဂ္ဂိုလ်တွေဟာ လူတွေ အမှန်အကန် သိဖို့  ညွှန်ပြရာနဲ့  ညွှန်ပြသူတွေပါပဲ။ အမှန်အကန် ညွှန်ပြနိုင်တာ ကလွဲလို့  ဘာသြဇာမှ ရှိဖို့  မလိုတာပဲ။ ဒါပေမယ့် တရား တည်ဆောက်ကြသူတွေဟာ အဲဒီသြဇာတွေနဲ့  တည်ဆောက်နေကြတာပါပဲ။ဒါကြောင့် တရားဟာ မမှားပေမယ့် အဖေအပြစ်ပေးမှာ ကြောက်ပြီး တရားလိုက်နာတာလို လိုက်နာတာမျိုးဟာ တကယ်တရား လိုက်နာတာနဲ့  ပါးပါးကလေး ဖြစ်ပေမယ့် ကွဲလွဲနေတာ အမှန်ပါပဲ။အခု ပြောခဲ့တာဟာ တရားဓမ္မရဲ့ အဖြစ်တွေ ပြောနေတာထက် တရားဓမ္မ လိုက်နာရခြင်းရဲ့ အကြောင်း အရာတွေ ပြောနေတာပါပဲ။ အခုတရား ဓမ္မ ကျင့်ကြံသူတွေက တရားဓမ္မကျင့်ကြံရခြင်းရဲ့ အကြောင်းကို မကြည့်ကြဘဲ တရားဓမ္မကျင့်ကြံဖို့  ညွန်ပြသူကိုပဲ မြင်နေကြတာပါပဲ။ တစ်စုံ တစ်ခုကို ညွှန်ပြ ခံရသူဟာ ညွှန်ပြခံရတဲ့ အရာကို မကြည့်ဘဲ ညွှန်ပြသူကိုပဲ ကြည့်မယ်ဆိုရင် ညွှန်ပြခံရတာ အချည်းနှီးပဲ ဖြစ်ပါမယ်။

အခုလဲ တရားညွှန်ပြခံနေပေမယ့် တရား အသိ မဖြစ်ကြတာတွေ ဖြစ်နေကြတာပဲ။တရားရဲ့ အကြောင်းဟာ လူ့ လောကကြီး ငြိမ်းချမ်းတိုးတက်ဖို့ ပဲ ဖြစ်ပါတယ်။ လူ့ လောကက လူသားတွေနဲ့  ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းရဲ့ နာမည်ပါပဲ။ လူ့  အဖွဲ့ အစည်းဟာ ဘယ်သူက ဘယ်အချိန် ဘယ်နေရာမှာ ဖွဲ့ စည်းခဲ့တယ်လို့  သမိုင်းမသိရပေမယ့် အမှန်တကယ် ရှိတဲ့ အရာပါပဲ။ အမှန်တကယ် ရှိတာ လောက်မကပဲ ကိုယ်ကိုယ်တိုင်း အဲဒီ လူ့ အဖွဲ့ ထဲမှာ ပါနေတဲ့ အဖွဲ့ အစည်းလဲ ဖြစ်ပါတယ်။ဒီ လူ့ အဖွဲ့ အစည်းထဲ ဝင်တာမှာ ဘာမှ မပေးရဘဲ မိဘက ပစ်ထည့်လိုက်တာ ခံရပြီး အဖွဲ့ ဝင် ဖြစ်နေတာတောင် မဟုတ်ပါဘူး။ အဖွဲ့ အစည်းကို အလုပ် အကျွေးပြုမှု တစ်ခုခု ပြုလုပ်မှုနဲ့  အဖွဲ့ ဝင်အဖြစ် ရယူတာပဲ။ ဘာမှာ အလုပ် အကျွေး မပြုနိုင်သေးတဲ့ အရွယ်ရှိတဲ့ လူကို လူ့ အဖွဲ့ အစည်းက အဖွဲ့ ဝင်အဖြစ် မသတ်မှတ်ဘဲ လူမမယ်တို့  လူလားမမြောက်သေးဘူးတို့ နဲ့  သတ်မှတ် တာပါပဲ။ဒီလို လူ့ အဖွဲ့ သား ဖြစ်တော့လဲ အဖွဲ့ စည်းကမ်း ဘာမှ မရှိတာ မဟုတ်ဘဲ စည်းကမ်း ဖောက်ဖျက်သူကို လူပျက်လို့  မှတ်ကြတယ် မဟုတ်လား။

တကယ်တော့ လူ့ တရားဓမ္မတွေဟာ လူ့ အဖွဲ့ ရဲ့ မဖောက်ဖျက်ရမယ့် စည်းကမ်းတွေရဲ့ နာမည်တွေပါပဲ။လူ့ အဖွဲ့ သား ဖြစ်ကြတဲ့ လူသားတွေဟာ တစ်ခုမဟုတ် တစ်ခုဖြစ်တဲ့ အလုပ် တွေနဲ့  လူ့ အဖွဲ့ အစည်းကို အလုပ်အကျွေး ပြုနေကြတာပဲ။ ဒီလို အလုပ်အကျွေး ပြုနေကြတာကို မမြင်ဘဲ ကိုယ်တတ်တာနဲ့  ကိုယ်ဝမ်းကျောင်းနေကြတာလို့  ပဲ မြင်တတ်ကြပါတယ်။ တကယ်မှာ ကိုယ် ဝမ်းကျောင်းတာလဲ ဟုတ်ပေမယ့် ကိုယ် အလုပ်အကျွေး ပြုရတာက ပထမ ဖြစ်ပြီး အဲဒီကရတဲ့ အခနဲ့  ကိုယ်ဝမ်းကျောင်းတာက နောက်ကပါ။ဒါကြောင့် ဒါကို ဝမ်းကျောင်းလုပ်ငန်းလို့  မမြင်ဘဲ လူ့ လောက အလုပ်အကျွေး ပြုလုပ်ငန်းလို့  မြင်ရမှာ ဖြစ်ပါတယ်။ ဒီလို အလုပ်အကျွေးပြုနေကြတဲ့ လူသား အချင်းချင်း တိုးမိ တိုက်မိ နင်းချေမိတာတွေ မဖြစ်ဖို့  စည်းကမ်း လိုက်နာ ရတာဟာ ဒီစည်းကမ်းကို လူသားက ဆောင်စရာ အဖြစ်ဆောင်ထားရလို့  ဒါကို တရားဓမ္မလို့  ခေါ်တာပါပဲ။

ဒီဆောင်စရာ တရားဓမ္မကို မဆောင်ရင် လူ့  အဖွဲ့ အစည်း ယိမ်းယိုင်ပြိုလဲမှာပါပဲ။ဒီလို မဖြစ်အောင် တရားဓမ္မကို ကျင့်ကြံရတာ ဖြစ်ပါတယ်။ ဒါကို အောင်မြင် အောင် ကျင့်ကြံနိုင်ဖို့  ကျင့်ကြံသူဟာ ကျင့်ကြံရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လူ့ လောကကြီး တည်ငြိမ်အေးချမ်းဖို့  ကို သိမြင် ရှေးရှုရမှာပါပဲ။တရားဓမ္မရဲ့ အကြောင်းဟာ လူ့ လောကကြီး တည်ငြိမ်အေးချမ်းဖို့ ပဲ ဖြစ်ပြီး ငါကောင်းစားဖို့  သူကောင်းစားဖို့ လို့  အမြင်မမှားကြဖို့ ပါပဲ။ဒီမျှနဲ့  စာမျက်နှာ ကုန်ပြီဖြစ်လို့  ရပ်နားလိုက်ပါတယ်။

ဓမ္မဝိဟာရီ
Posted by yatanar at
12:42 AM

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၆)

မနောဝိညာဉ် စိတ်

ဒုတိယအချက်၌ အတွင်းနှင့် အပြင် တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်ကလေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် သိမြင်လာပါတော့သည်။ ယခင်က ထင်မှတ်ခဲ့သည်မှာကား (အသိ) စိတ်သည် မိမိ၏ ကိုယ်အတွင်း၌ အခါခပ်သိမ်း အမြဲတစေ တည်လျက်ရှိသည်ဟုထင်ခဲ့၏ ။ ယခုသော် တိုက်ခတ်မှုဖြစ်ပေါ်လာသော ( ၀ိညာဉ် ) အသိစိတ်ကလေးတွေ တစ်ခုပြီး တစ်ခု ဖြစ်ချည်ပျက်ချည် နေကြသည် ဟု မြင်ကာ၊ သိတတ်သော ‘‘မနောဓာတ် ’’ သည် ကိုယ်တွင်း၌ အမြဲတစေရှိနေခြင်း ကားမှန်ပါ၏ ။ သို့ သော် အာရုံနှင့် တိုက်ခတ်သောအခါမှ ( အကြောင်းဆုံဆည်း၍ ) ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်း ဖြစ်ပါသည်။ စာထဲ၌ ဖော်ပြထား၍ နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်ကြည့်၍ သဘောပေါက်လာခြင်းတို့ သည် ကြီးစွာသော ခြားနားခြင်း ရှိပါသည်။ ထိုအခါမှ မနောဓာတ်နှင့် ( ၀ိညာဉ် ) အသိစိတ်၏ ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။

သဘောပေါက်ပုံ တစ်မျိုး

ထိုကဲ့သို့  သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့  ထူးခြားသွားခြင်းကို ဥပမာဆောင်၍ ဖော်ပြပါဦးမည်။ယခင်က ထင်မှတ်ခဲ့ပုံမှာ ‘‘ ငါ၌ မယားရှိ၏ ။ သားသမီးရှိ၏ ။ ဤပစ္စည်း ထိုပစ္စည်းရှိ၏ ။ ၎င်းတို့ မသေဆုံးသမျှ ကာလပတ်လုံး၊ သို့ မစဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့  အမြဲတစေ ရှိနေ၏ ’’ ဟူ၍ မှတ်ထင်ခဲ့မိသည်။ ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင်၎င်းတို့ ခေတ္တခဏ ရှိလိုက်ကြသည်။ ပြီးနောက် ချုပ်ပျောက် သွားကြသည်ဟု သဘောပေါက်လာသည် ။ ဆိုလိုရင်းမှာဓာတ်ပုံရိုက်ကူးထားသော အရုပ်ကား၏ ရှိခြင်း မျိုးမဟုတ် ။ မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် ‘‘ အရိပ် ’’ ၏ ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည် ဟူလို။ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှ အပေါ်တွင် တွယ်တာမှု အပုံကြီး လျော့ပါးသွားခဲ့ပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါ အခြင်းအရာကို ဆင်ခြင် သုံးသပ်လိုက်သည်နှင့် တစ်ပြိုင်နက် ‘‘ ရေ ’’ ဖြစ်၍ လျှောဆင်းသွားလေတော့သည်။

အာရုံပြုမှ ရှိခြင်း

ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့် အဖြစ်ကို လုံးဝ သတိမေ့နေ မိသည် ဆိုအံ့။ ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူ့ အဖို့ ၌ ငွေထုပ် မရှိတော့ချေ။တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက်သောသူက တိတ်တဆိတ် တူးဖော်၍ ယူသွားရာ၊ ထိုသူကမူ ထိုအကြောင်းကို မသိသောကြောင့် သူ့ မှာ ငွေထုပ်ရှိသည်ဟူ၍ပင် မှတ်ထင်လျက် ရှိနေ၏ ။ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြမှု ဖြစ်နေ၍ လုံးဝသတိမရလျှင် မရှိသကဲ့သို့  ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော်ကား ငွေထုပ်ကို သတိရခြင်း ဟူသည်မှာ ထိုသူ၏ မနော ( အကြည် ) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၎င်းအခိုက်အတန့် တွင်သာ ထိုလူ၌ ငွေထုပ်ရှိနေ၏ ။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်းသွား၍ ငွေထုပ် မရှိတော့ချေ။ဤသည်ကား ကျွန်ုပ်တွေ့ ရသော စိတ်သဘာဝ တစ်ခုပေတည်း။ ကျွန်ုပ်၏ ပစ္စည်းများသည် ကျွန်ုပ်အဖို့  တစ်ပြိုင်တည်း အပြွတ်လိုက် ရှိနေကြသည်မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့် အရ တစ်လှည့်စီ ရှိနေကြခြင်း ဖြစ်လေမည်။ ငါ့ပစ္စည်းတွေ ပေါများလှသည်ဟု ဘာများကြွားဝါစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။

ရင့်ကျက်လာခြင်း

တတိယအချက်၌ ( ဒိဋ္ဌေဒိဋ္ဌမတံ္တ ) ကြားကာမတ္တ၊ မြင်ကာမတ္တ ထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက် လာသောအခါ သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊ မြင်ခြင်း၊ နံခြင်း စသည်တို့ သည်သာလျှင် တကယ်လက်တွေ့  ( actuality ) ဖြစ်သည်။ အသံ တစ်ခုကြားပြီးသည့်နောက် ‘‘ ငါ့ကို ဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ’’ စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည် စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာငြိမ်းချမ်းပါပေသည်တကား ဟူ၍ သဘောပေါက်လာတော့သည်။ဤတွင် ဒွါရနှင့် တိုက်ခိုက်ခြင်းသည်သာလျှင် မလွှဲမရှောင်နိုင်သော အခြင်းအရာဖြစ်၍ ဆက်လက်ပြီး အရှည်ကြီး စဉ်းစားခြင်းသည် စိတ်ကူးခြင်း ( အိပ်မက်သဖွယ် ) ရှိပါဘိတော့သည် ဟု ထင်မြင်လာတော့သည်။လူတစ်ယောက်က မိမိအား ဆဲရေးနေသော်လည်း ‘‘ အသံ ’’ ဟုသိခြင်းအဖြစ်၌သာ ရပ်တန့် ထားနိုင်ပါမူ၊ နာတတ် သောစိတ် ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သို့ သော် တစ်လောကလုံးသည် အရှည်ကြီးလိုက်၍ စဉ်းစားမှု (အိပ်မက်မက်မှု)ကြောင့် ချစ်ခြင်း၊ မုန်းခြင်း စသော အခြင်းအရာများ ဖြစ်ပေါ် လျက်ရှိသည်ဟု သိမြင်လာတော့သည်။ ထိုအခါတွင် ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် အချိန်အတန်ကြာအောင် နေနိုင်သောအဖြစ်သို့  ရောက်လာခဲ့လေပြီ။

သတိနှင့် သမ္မာသတိ

ဤနေရာ၌ သတိနှင့် သမ္မာသတိ ခြားနားပုံကို ရှင်းပြလို၏ ။ လမ်းလျှောက်သွားရာ၌ ခါးပိုက်နှိုက်မခံရအောင်၊ ခလုတ်မတိုက်မိအောင်၊ ကားမတိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည် ‘‘ သတိ ’’ မည်၏။ သို့ သော် ၎င်းသတိသည် မဂ္ဂင်ရှစ်ပါးထဲမှ သတိမဟုတ်ချေ။ မဂ္ဂင်ထိုက်သော သတိဟူသည်ကား မိမိ၏ နာမ်ရုပ်ကို စောင့်၍ကြည့်သော သတ္တိမျိုးဖြစ်၏ ။ (ဤနေရာ၌ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာ နေနိုင်အောင် စောင့်ထိန်းထားသော သတိကို ဆိုလိုသည် ) အလေ့အကျင့်ရ၍ နိုင်နင်းလာသောအခါ မိမိ၏ စိတ်ကို အလိုမရှိအပ်သော အာရုံမျိုးတို့ ၌ မမျောမပါစေဘဲ၊ အကျိုးရှိစေမည့် အာရုံမျိုးတို့ ၌သာ ထားနိုင်လောက်အောင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာသည်။ ထိုနောက်တွင်ကား ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်အောင် အထူးတလည် မကြိုးစားရတော့ဘဲ ထိုကဲ့သို့  နေရသော အဖြစ်သာလျှင် ငြိမ်းချမ်းသည်ဟု ကြာလေ သဘောကျလေ ဖြစ်လာတော့သည်။ ထိုအခါ၌ စိတ်သည် မြင်ရုံကြားရုံကလေးများ အပေါ်တွင်သာ တည်ငြိမ်လျက်ရှိရာ ထိုအခြင်းအရာကို ‘‘ သမ္မာသမာဓိ ’’ ဟူ၍ ကျွန်ုပ် နားလည်သည်။

စိတ်က ဖန်ဆင်းခြင်း

၎င်းအခြေအနေသို့  ရောက်လာသောအခါ၌ အပြင်ပသို့  မလိုက်တော့ဘဲ အတွင်းဘက်သို့ သာ လှည့်ကာအာရုံပြုတတ်သော အလေ့အကျင့် ဖြစ်ပေါ်လာ၏ ။ ဥပမာ အသံတစ်ခု ကြားလိုက်ရသောအခါ ဘယ်ဆီမှလာသော အသံဟူ၍ ဂရုမပြုတော့ဘဲ မိမိအတွင်း၌ ( သောတ၀ိညာဉ် ) ကြားစိတ်ကလေး ဖြစ်ပေါ်လာသည်ဟူ၍ အမှတ်ပြုလိုက်တော့သည်။ တိုး၍ ရင့်ကျက်လာပြန်သောအခါ လောကဟူသည် တခြား၌ ရှိခြင်းမဟုတ်၊ မိမိအတွင်း၌သာ ဖြစ်ချည် ပျက်ချည် လုပ်နေခြင်း ဖြစ်သည်ဟု ထင်မြင်လာတော့သည်။ စိတ်သည် လောကကို ဖန်ဆင်းသည် ဟူသော ဗုဒ္ဓ၏ စကားတော် မှန်ကန်လှခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ သဘောကျလာတော့သည်။ သဘောကျပုံမှာ ဤသို့ တည်း။အခန်းတစ်ခန်းထဲ၌ လူလေးငါးယောက် ထိုင်လျက်ရှိကြသည် ဆိုပါစို့ ။ စကားမပြောဘဲ တိတ်ဆိတ်စွာ ငြိမ်နေခိုက်တွင် တစ်ယောက်သည် သားကလေးသေဆုံးမှုကို စဉ်းစားမိ၍ ပူလောင်လျက်ရှိ၏။ ဒုတိယ တစ်ယောက်သည် ထီပေါက်၍ ၀ယ်ဖို့ ခြမ်းဖို့  စိတ်ကူးနှင့် ပျော်လျက်ရှိ၏ ။ တတိယတစ်ယောက်သည် ကြွေးပူ၍ စိတ်ညစ်လျက် ရှိ၏ ။ စတုတ္ထလူသည် သားတစ်ယောက် ဘီအေအောင်၍ ၀မ်းသာလျက်ရှိ၏ ။ဤလူလေးယောက်တို့ သည် ကိုယ့်လောကကို ကိုယ်ဖန်ဆင်းလျက်ရှိကြသည် မဟုတ်လော။ အမှန်မှာ ထိုလူလေးယောက်လုံးသည် တစ်ခန်းတည်းတွင် တစ်ချိန်တည်း အတူထိုင်လျက်ရှိကြသောကြောင့် အခန်းတွင်းရှိ စားပွဲ ကုလားထိုင်စသော အိမ်ထောင်မှုပစ္စည်းများကို အတူတူပင် မြင်နိုင်ကြ၏ ။ လမ်းပေါ်မှ ကားမောင်းသံကိုလည်း အတူတူပင် ကြားကြ၏ ။ အကြော်ဆိုင်မှ အညေုာ်နံ့ ကိုလည်း အတူတူပင် နံကြ၏ ။ သောက်နေကြသော ကော်ဖီကိုလည်း အတူတူပင် ချိုကြ၏။ ထိုင်ကြသော ဆိုဖာများ၏ နူးညံ့ခြင်းကိုလည်း အတူတူပင် ခံစားကြ၏ ။ သို့ ပါလျက် စိတ်ကူးတစ်မျိုးစီရှိကြသည့်အတွက်ကြောင့် ပူသူကပူ၊ ၀မ်းသာသူက ၀မ်းသာ၊ စိတ်ညစ်သူကညစ်၊ ပျော်သူကပျော် ဖြစ်ကြရခြင်းမှာ ကိုယ့်လောကကို ကိုယ့်စိတ်က ဖန်ဆင်းခြင်းပင် မဟုတ်ပါလော။အကယ်၍ ထိုလူလေးယောက် တို့ သည် မြင်မှု ကြားမှုများနှင့် ပတ်သက်၍ ပစ္စုန်ပ္ပန်တည့်တည့်ကိုသာ အာရုံပြုကာ ရှုကြည့်နေကြမည် ဆိုပါက စိတ်ကူးလောကထဲတွင် မနေဘဲ လက်တွေ့ လောကထဲတွင် အတူတူရှိနေကြမည် မဟုတ်ပါလော။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတ္တံ ’‘ ကျင့်စဉ်၏ တန်ဖိုးမှာ စိတ်ကူး ( အိပ်မက် ) လောကသို့ မရောက်စေဘဲ လက်တွေ့ လောကထဲ၌သာ စိတ်ကို ထားစေခြင်းအားဖြင့် တစ်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္တ သဘောတရားကို ထိုးထွင်းသိမြင်နိုင်စေရန် ဖြစ်လေသည်။

Posted by The Bliss Of Emancipation at 9:47 AM

Read more...

Wat Prathum

Wat Prathum

Wat Prathum is the temple squeezed between the huge new Siam Paragon and the recently developed Central World. In fact, going into either of these shopping complexes and marvelling at the roofs and trees dizzyingly far below makes a wonderful prelude to a visit, and gives a good first idea of just how beautiful the place is.


The first section of Wat Prathum is very much like any other Thai temple with its red tiles, stupas, stray dogs and washing lines of orange robes drying in the glare. Everything's being renovated at the moment, there's bare concrete and unpainted plaster and very little access, but what progress you can see looks stunning.But behind this section, set further back from Phloenchit Road, the spacious hall area usually set aside for meditation is still open.

Today a popular monk was preaching, the place was full of people, and the TV screens and loud-speakers were turned to maximum, but at other times this is a deeply quiet and lovely place to sit.There are mats on the floor marking out meditation areas, chairs for those who prefer them around the edges of the hall, and quiet ceiling fans above.

I've sat there a few times over the years and have never felt uncomfortable doing so. There's always someone there with a smile, with kind unspoken encouragement to practice.


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP