* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, June 13, 2009

မေတ္တာရှင်ရွှေပြည်သာဆရာတော် ဦးဇ၀နမှ စစ်ကိုင်းသင်တန်းကျောင်းကုဋီဆောက်လုပ်ရန်ကြွရောက်လှူဒါန်း

၁၁.၆.၂၀၀၉ ရက်နေ့ နံနက်ခင်း ၇း၀၀ နာရီကနေ ၉း၀၀ နာရီသင်တန်းအချိန်ပေါ့ တယ်လီဖုန်းလာ ခေါ်တဲ့အိမ်ကဦးဇင်းတယ်လီဖုန်းလာတယ်ဆိုပြီးလာခေါ်ပါတယ်။ မေတ္တာရှင်ရွှေပြည်သာဆရာတော်ဆီကတဲ့။

အဲဒါနဲ့သင်တန်းကို တပည့်တစ်ဦးကို ခဏလွှဲထားခဲ့ပြီး တယ်လီဖုန်းအိမ်ရောက်တော့ ပြန်ဆက်ဖို့မှာသွားတယ်ဆိုလို့ဆရာတော်ရဲ့ ဖုန်းကိုပြန်ဆက်လိုက်ပါတယ်။

အဲဒီမှာ ဆရာတော်ရဲ့ကပ္ပိယ နဲ့တွေ့တော့ ဒီနေ့နေ့လည်၂း၀၀ နာရီထိုးကို ဆရာတော်စစ်ကိုင်းက ဦးဇင်းသင်တန်းကိုကြွမယ်လို့ဆိုတာနဲ့ ဆရာတော်ကို စစ်ကိုင်းတံတားပေါ်ကနေ လာကြိုဖို့ လျှောက်ပါတယ်.။

အဲဒါနဲ့ နီးစပ်ရာ ဒါယကာတွေဆီကဆိုင်ကယ်လိုက်ဌားရတာပေါ့။ ဆိုင်ကယ်ရတော့ဆိုင်ကယ်စီး တဲ့သူရှာရပြန်တော့...။ အဆင်သင့်ဖြစ်ချင်တော့ ဆိုင်ကယ်စီးမည့်သူတွေအဆင်သင့်ရပါတယ်။

သင်တန်းကတပည့် တွေကောပါတယ်..။ အဲဒါနဲ့ဆရာတော်ကိုသွားကြိုဖို့တပည့်တွေကိုဆိုင်ကယ်မှာ သာသနာ့အလံလေးတွေတပ်ပြီး ဆရာတော်ကိုသွားကြိုဖို့ အဆင်သင့်ဖြစ်အောင်ပြင်ရတာပေါ့...။

နေ့လည်၁း၁၅လောက်မှာ ဖုန်းအိမ်ကတစ်ခေါက် လာပြန်ရော...။ ဆရာတော်ဆီကဖုန်းပြန်လာတယ်... ။ ဒီနေ့မကြွဖြစ်တော့ဘူး...။ မနက်ဖြန်မှကြွဖြစ်မယ်ဆိုတာနဲ့ ဦးဇင်းလည်းသေချာအောင်ချက် ချင်းလိုက်သွားတာပေါ့...။ အချိန်ကနီးနေပြီလေ...။

ဖုန်းအိမ်ရောက်တော့ ဆရာတော်ဖုန်းကို အဆင်သင့်ခေါ်လို့ရလိုက်တော့ ကပ္ပိယကဆရာတော်မနက်ဖြန်နံနက် ၇း၀၀ နာရီမှကြွဖြစ် မယ်လို့မိန့်တတယ်ဆိုပြီးကပ္ပိယ ကလျှောက်ပါတယ်။

အဲဒါနဲ့ဦးဇင်းလည်း ဆရာတော်မကြွဖြစ်တော့ဘူးဆိုတော့ ဌားထားတဲ့ဆိုင်ကယ်တွေ ပြန်ပြီးတော့ပို့ဖို့စီစဉ်ရတာပေါ့..။ပြီးတာနဲ့နေ့လည်သင်တန်းကိုဆက်ပြီးသင်ပါတယ်။ မန္တလေးသင်တန်းကိုတော့ဖုန်းဆက်ပြီး ဦးပညာဝံသနဲ့ ဘလော့ကာဂျေဂျူဝိုင်တို့အား သင်ကြားပေးဖို့ အကူအညီ တောင်းရတာပေါ့..။ အဲဒီမှာ မန္တလေးသင်တန်းကိစ္စလည်းအဆင်ပြေသွားတယ်...။

ညနေပိုင်းသင်တန်းတစ်ချိန်ပဲကျန်တဲ့အချိန်မှာတော့ဆရာတော်ကိုသွားဝတ်ပြုဦးမယ်ဆိုပြီး...စစ်ကိုင်းသင်တန်းမှာတပည့်တွေကိုထားခဲ့ပြီး မန္တလေးကိုဒါယကာကိုအောင်ကိုခေါ်ပြီးတော့ဆိုင်ကယ်နဲ့ မန္တလေးကဆရာတော်သီတင်း သုံးတဲ့တောင်မြို့က အိမ်ကိုရောက်သွားခဲ့ပါတယ်။

ရောက်သွားတော့မ၀င်ရဲတာနဲ့ ဆရာတော်ရဲ့ကပ္ပိယကိုဖုန်း ဆက်ရပြန်ပါတယ်..ဘာဖြစ်လို့လဲဆိုတော ညနေ၆း၀၀နာရီထိုးနေပြီလေ..ဆရာတော်က ၇း၃၀ မှာ အမရပူရ မှာ တရားပွဲရှိတယ်ဆိုတာကို သိထားတာကိုး..။

အဲဒါနဲ့ကိပ္ပယက ၀င်ဖူးလို့ရပါတယ်ဆိုတော့ ဆရာတော်ဆီကိုဝင် သွားခဲ့တယ် အဆင်သင့်ပါပဲဆရာတော်ညောင်းလို့ လမ်းလျှောက်တာနဲ့ကြုံတော့ဆရာတော်က ထိုင်ခုံပေါ်မှာ ထိုင်ပါတယ်.။ အဲဒီအချိန်မှာဆရာတော်ကို ၀တ်ချပြီးတော့ဆရာတော်နဲ့စကားခဏတာပြောဖြစ်ပါတယ်..။

နာရီဝက်လောက်ဆရာတော်ကိုလျှောက်တင်စရာရှိတာများလျှောက်ထားခဲ့ပြီးတော့..ဆရာတော်ကညတရားပွဲကို လာနာဖို့မိန့်တာနဲ့..။ စစ်ကိုင်းကိုခဏပြန်ပြီးသင်တန်းလေးကို အပြီးသတ်သင်ပြီးဒါယကာကို အောင်ကိုခေါ်ပြီးအမရပူရကဆရာတော်ရဲ့တရားပွဲကိုသွားကြပြန်တော့စစ်ကိုင်းကနေတရားပွဲကိုပြန်အလာလမ်းမှာဆရာတော်တရားပွဲကြွှတဲ့ကားနဲ့တွေ့တော့တခါတည်းလိုက်သွားခဲ့ပါတယ်.။

တရားပွဲမှာဆရာတော်ဟောတဲ့တရားကတော့... အရှုံးမရှိတဲ့ဒဿန.... ဆိုတဲ့တရားလေးပါပဲ.. တရားကိုတော့ဆရာတော်ရဲ့တရားတော်မျာ့းမှာသာ ဖတ်ကြည့်ကြပါ ... ဆရာတော်နဲ့ဆက်သွယ်ပေးတဲ့ ဒါယကာကတော့ဓမ္မရံသီမှAdmin ဖြစ်သူကိုမျိုးပဲဖြစ်ပါတယ်...။

၁၂.၆.၂၀၀၉ ရက်နေ့ နံနက်ခင်းမှာတော့ဦးဇင်းလုပ်စရာ ရှိတာလေးတွေဆောင်ရွက်ပြီး..ဆိုင်ကယ်ကိုကြိုပြော ထားတော့ ဆိုင်ကယ်တွေတပည့်တွေကို သွားယူခိုင်းပြီးတော့ ကြိုဖို့စီစဉ်ရတာပေါ့ .. နံနက်၈း၃၀လောက်မှာတော့ ဆရာတော်ကြွလာခဲ့ပြီး ဦးဇင်းလည်း ဆရာတော်ကိုဝတ်ချ ဆရာတော်ကိုဖူးမည့်သူတွေကိုတခါတည်းဖူးဖို့စီစဉ်ခဲ့ပါတယ်..။

အဲဒီနောက်မှာတော့ ဆရာတော်ဦးဆောင်သော အဖွဲ့ဝင်များအား သင်တန်းနှင့်ပါက်သက်၍ လျှောက်ထားစရာရှိသည်များကို လျှောက်ထားခဲ့ပြီးဆရာတော်မှ လှူဒါန်းသည့်ကုဋီအားကြည့်ရှုခဲ့ပြီး ကျောင်းဝိုင်းအတွင်း လှည့်လည်ကြည့်ကြည့်ရှုရင်း ဒါယကာဖိုသား လှူဒါန်းသည့် ထိုင်ခုံအနီးတွင် သြ၀ါဒများထပ်မံမိန့်ကြားခဲ့ပါသည်။

ဆရာတော်မှ သင်တန်းကုဋီအတွက်အလှူငွေ ၂၅ သိန်းကျပ်အား လှူဒါန်းခဲ့ပြီးတော့ "သင်တန်းကလိုအပ်ချက်ကများတော့ လှူစရာချည်းပါပဲ ဈေးဆိုင်တစ်ဆိုင်မှာ သီလ၊သမာဓိရှိတဲ့သူတစ်ဦးလာဝယ်ရင်အဲဒီဈေးဆိုင်ကတစ်နေကုန်ရောင်းရတော့တာပဲ၊
အခုလည်းဦးဇင်းကျောင်းကိုဆရာတော်ကိုတိုင်လာလှူခဲ့ပြီးပြီပဲ နောက်အလှူရှင်ပေါ်လာမှာ ပါအားမငယ်ပါနဲ့ ကြိုးစားပါ"

ဆိုတဲ့သြ၀ါဒလေးမိန်ကြား ကျောင်းအနီးမှသီလရှင်များအားလည်း အလှူငွေများလှူဒါန်းခဲ့ပြီးတော့ နောက်ထပ်လှူဒါန်းမည့်စာ သင်ကျောင်းကိုကြွသွားပါတော့တယ်.. ဦးဇင်းလည်း ဆရာတော်ကိုယ်တိုင် အခုလိုဦးဇင်းသင်တန်းတွေကိုကြွရောက် အားပေးလှူ ဒါန်းခဲ့လို့အလွန်ဝမ်းသာပြီး ကြိုးစားဖို့အားတွေပိုရှိလာတာပေါ့..။


Read more...

L’Bang now on Facebook

L’Bang now on Facebook
13 June, 2009 by Cittasamvaro
It had to happen – so many people have been recommending a facebook presence that finally, Rubby set one up for us. It is up to you facebook users to keep updating and using it – it is a little out of my internet zone right now, at least until I get more time.
Some nice things about the facebook presence – handy for notifications of upcoming events. Good for connecting the Littlebang members laready using it. Very nice for adding photo albums (wordpress is a little weak in this regard).
Click here to jump to the Little Bang Facebook group.

Dr Will and Rubby will be managing the facebook presence, but other volunteers are welcome.
It is up to individuals to join – we won’t be searching through emails as facebook then sends emails out to new addresses – it should not take long for the word to get around.
Regualar users of facebook - please advise on the best way to use it.

Read more...

ရင်ထဲမှာရွာတဲ့မိုး... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ရင်ထဲမှာရွာတဲ့မိုး... (ဦးသုမင်္ဂလ) vcd

လောလောဆယ် ဒီလိုပဲ ဖွင့်ဦးမယ်လေ...



Read more...

မေတ္တာရှင်ဆရာတော်ရဲ့ အကူအညီ

ကျွန်တော် ဒီနေ့ ဦးကောဝိဒဆီ ရောက်ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ အလှူခံလို့ ရရှိတဲ့ ငွေလေးနဲ့ ဘာလှူပေးရရင် ကောင်းမလဲလို့ သွားမေးမလို့ပါ။ ကျွန်တော် တစ်ရက် နောက်ကျသွားပါတယ်။ တကယ်လို့ မနေ့က သူငယ်ချင်းတွေနဲ့ အချိန် မဖြုန်းလိုက်ဘူးဆိုရင် မေတ္တာရှင်ဆရာတော်ရယ် ၊ ဆရာ ချစ်စံဝင်းရယ်ကို ကျွန်တော် တွေ့ဆုံနိုင်ခဲ့မှာပါ။ ခုတော့ ဓာတ်ပုံတွေပဲ ရခဲ့ပါတယ်။


မေတ္တာရှင်ဆရာတော်ဆိုတာ တကယ်အလုပ်လုပ်တဲ့ တကယ်လိုအပ်တဲ့ နေရာတွေမှာ တကယ်လည်း လိုက်လှူနေတဲ့ ဆရာတော်ပါ။ ပြီးတော့ ဆရာတော်က ရှိလို့ လှူတာ မဟုတ်ဘဲ သိလို့ လှူတဲ့ ဆရာတော်ပါ။ ခုလို ဆရာတော်ကြီးက ဦးကောဝိဒအတွက် အခက်အခဲ အနည်းငယ်ရှိနေတဲ့ ကုဋီအတွက် ၂၅ သိန်းလှူသွားပါတယ်။ နောက် အခက်အခဲရှိရင်လည်း အကူအညီလှမ်းတောင်းနိုင်ကြောင်း လမ်းဖွင့်ပေးသွားတဲ့အပြင် အခြားလိုအပ်တာတွေကိုလည်း ကြည့်ရှုပြီး ဖြည့်ဆီးလှူဒါန်းသွားပါတယ်။
ကျွန်တော် ဓာတ်ပုံကို ကြိုးစားပြီး တင်နေတာ တစ်နာရီကျော်လာပြီခင်ဗျ။ မရဘူးဖြစ်နေတယ် ထားပါ။ ပထမအကြိမ် ကျွန်တော် ဒီဓာတ်ပုံကို ကြိုးစားတင်စဉ်က ဆရာတော် ဦးကောဝိဒနှင့် စစ်ကိုင်းမှာ အတူတူပါ။ မီးစက်နဲ့ ဟုတ်နေတာကို မီးက ငါးမိနစ်လောက် ဖျတ်ခနဲ ကြည်စယ်သွားလို့ ရေးထားတာတွေ ပျက်သွားတယ်။ ဆရာတော် ဦးကောဝိဒလည်း တင်ရမယ့် ရေးလက်စ ပိုစ့်တွေ ပျက်သွားပါတယ်။ အဲဒီအတွက် ကုသိုလ်ရှင်စာရင်းကို မတင်နိုင်သေးကြောင်း ပြောပါတယ်။ ဆရာတော်ကတော့ အလုပ်ရှိလို့ ဒီနေ့ သူ ပိုစ့်တွေ မတင်နိုင်သေးကြောင်း သူရဲ့ http://kovida.cbox.ws/ ထဲက ငွေလှူထားသူအတွက် ပိုစ့် မတင်နိုင်သေးကြောင်း အဲဒီအတွက် ဒီမှာလည်း အသိပေးထားပါဦး ဆိုတဲ့အကြောင်း စကားပါးပါတယ်။


ဓာတ်ပုံကတော့ ဘယ်လောက်ပဲ သည်းခံ သည်းခံ မရဘူး။ ခုမန္တလေးမှာ တစ်နာရီလောက် ပြန်သည်းခံပြီးတင်ပါတယ်။ ပိုစ့်ရဲ့ အတွေးကတော့ နည်းနည်းပျက်သွားပါတယ်။ မကောင်းရင် သည်းခံပေးပါ။ ဓာတ်ပုံကတော့ ပျက်ပျက်သွားလို့ ရတုန်းလေး တစ်ပုံတည်းတင်ပေးလိုက်ပါယ်။
ဦးကောဝိဒမှလည်း ထပ်ပြီး ဒီထက်မက လုပ်ငန်းကို တိုးချဲ့သွားမည်ဖြစ်ကြောင်း အထူးသဖြင့် နည်းပညာမဖွံ့ဖြိုးသော နယ်မြို့များသို့ အခမဲ့ သင်တန်းကို တိုးချဲ့လိုကြောင်း ပြောပါသေးတယ်။

မေတ္တာရှင်ဆရာတော်
ဆရာတော် ဦးကောဝိဒမှ မေတ္တာရှင်ဆရာတော်နှင့် တပည့်တကာမများလှုပ်ရှားမှုဓာတ်ပုံကို တင်ခိုင်းပါသော်လည်း (ကျွန်တော် ဘာမှ သိပ်မတတ်လို့လည်း ဖြစ်နိုင်ပါတယ်) အခက်အခဲများကြောင့် တင်ပေးနိုင်ခြင်းမရှိပါဘူး။
မေတ္တာရှင်ဆရာတော်နှင့်အတူ ဦးကောဝိဒကိုရော အခြားသူများကိုပါ တောင်းပန်ပါတယ်။ http://friendsdaygroup.ning.com ကလည်း MPT ဆိုင်မှာ ဖွင့်လို့မရလေတော့ ဓာတ်ပုံကို မတင်နိုင်သေးပါဘူး။ သည်းခံပေးပါရန်

Read more...

Life

*Life*
LifeWhen life is an opportunity, benefit from it.


When life is a beauty, appreciate it.

When life is a dream, realize it.

When life a challenge, meet it.

When life is a duty, perform it.

When life is a journey, complete it.

When life is a mystery, unfold it.

When life is a problem, solve it.

When life is a milestone, keep it in view.

When life is a bliss, taste it.

When life is a game, play it.

When life is a promise, fulfill it.

When life is a sorrow, overcome it.

When life is a song, sing it.

When life is a struggle, accept it.

When life is a tragedy, confront it.

When life is an adventure, dare it.

When life is luck, make it.

When life is life, fight for it.

မေးကနေ ရရှိလာတဲ့ ကဗျာလေးကို ကိုလေလွှင့်သူ ဘလော့မှာ ဖော်ပြထားတဲ့ ကဗျာလေးနဲ့ ပေါင်းစပ်လို့ ထပ်လောင်း မျှဝေအပ်ပါတယ် ခင်ဗျာ…။


လေးစားစွာဖြင့်ဖိုးသား


Read more...

ဆင်းရဲသားပပျောက်ရေးတရားတော်.... ၇

အရှင်မင်းကြီး ………….

အလှူဒါနပြုမယ်ဆိုတဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်မျိုးကြီးကို ခေတ္တ ခဏ ပေးပါ။ တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးပါရစေဦး။ အို ပုရောဟိတ်ကြီး၊ အစကတည်းက အလှူဒါန ပေးဖို့ ရည်မှန်းထားပြီးသားပါ။ ဒါတွေနှင့် တိုင်းပြည်ချမ်းသာအောင် လုပ်မယ် ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ ဒီလိုနဲ့ ပုရောဟိတ်ကြီးက ဘုရင်လှူမယ့် ပစ္စည်းဥစ္စာ တွေကို အသုံးပြုပြီးတော့ တစ်တိုင်းပြည်လုံး ဆင်းရဲသား ပပျောက်အောင် စီမံ တယ်။

စီမံပုံက- ဥပမာ- လယ်ယာလုပ်ငန်း လုပ်နိုင်စွမ်းပါလျက် လယ်ယာ မလုပ်တဲ့သူတွေကို ဘာကြောင့် လယ်မလုပ် သလဲလို့ စစ်ဆေးမေးမြန်းကြည့်တယ်။ အကြောင်းစုံ သိရတဲ့အခါ လယ်ယာ လုပ်ငန်းလုပ်နိုင်အောင် လိုအပ်သမျှ အကုန်ဖြည့်ဆည်း ကူညီပေးတယ်။ ကုန်သွယ်တတ်ပါလျက် ကုန်မကူးနိုင်တဲ့ ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းပြီးတော့ ကုန်ပြန်ကူးနိုင်အောင် လိုသမျှ အားလုံး ဖြည့်ဆည်းကူညီပေးတယ်။

ဆိုကြပါစို့ ၊ ဘယ်ဟာတော့ လုပ်နိုင်တယ်၊ လုပ်ချင်တယ်၊ ဘယ်ဟာ မပြည့်စုံလို့ဆိုတာ မဖြစ်ရလေအောင် လိုအပ်သမျှ အလုံးစုံ ဖြည့်ဆည်း အကူအညီ ပေးတယ်။ အဲဒီလို ပေးတဲ့ အခါမှာလည်း စိတ်ဝင်စား စရာ ကောင်းတာလေးတစ်ခုရှိတယ်။ ဟိုတုန်းက လည်း ခုခေတ်လိုပါပဲ။ ချေးကြ/ ငှားကြ/ အတိုးအပွါး ပေးကြ / အပေါင်းအနှံ ခံကြတာတွေရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ပေရွက်လို ဟာမျိုးပေါ်မှာ လက်မှတ်ထိုးပြီးတော့ ချေးကြ ငှားကြတာ။ ဒါပေမယ့် ပုရောဟိတ်ကြီးက တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချမှု ကို အလေးထားတဲ့ အနေနှင့် လက်မှတ်ထိုးဖို့ မလိုဘူး။ ကြီးပွါးချမ်းသာ အောင်သာ လုပ်ပါ။

ကြီးပွါးချမ်းသာစေချင်လို့ အကူအညီပေးတာပါ။ အလုပ်ကိုသာ အောင်မြင်အောင် လုပ်ဖြစ်အောင် လုပ်ပါ။ မအောင်မမြင်ချင်း အထပ်ထပ် အခါခါ လုပ်ပါ လို့ မေတ္တာ ကရုဏာအပြည့်နှင့် ပြောဆိုပေးဝေ လေ့ရှိသတဲ့။ ဒီလိုနှင့် မကြာမီ မှာပဲ တစ်တိုင်းပြည်လုံး ကြွယ်ဝ ချမ်းသာ တဲ့အဆင့် ရောက်သွားပါတယ်။ ဆင်းရဲသားမရှိတော့ပါဘူး။ အခွန်အကောက်တွေကို အတင်းအကြပ် လုံးဝ ကောက်ခံရခြင်း မရှိတော့ ပါဘူး။

အလိုအလျောက်အခွန်တွေ ကျေပွန်အောင် ဆောင်ရွက်ရုံမျှ မကဘဲ အပိုလက်ဆောင်ပဏ္ဏာတွေ ဆက်သနေကြလို့ ရှင်ဘုရင်က တားယူရတဲ့ အနေအထားမျိုး ရောက်သွားပါတယ်။ ငါက အလှူဒါန ပြုလုပ်ဖို့ စီမံနေတာ၊ မင်းတို့ဆီက ဘာမျှ မယူချင်ဘူး၊ ပြန်ယူသွားကြပါလို့ တောင်းတောင်းပန်ပန် ပြောယူရတဲ့ အဆင့်ထိ ရောက်သွားပါတယ်။ ဒီလိုနဲ့ ခုနစ်ရက်သာ ပြုလုပ်မဲ့ အလှူဒါနကြီးကိုခုနစ် နှစ် ခုနစ်လ ကြာအောင် အကြီးအကျယ် ပြုလုပ်သွားနိုင်ခဲ့ပါတယ်။

ဒီဝတ္ထုထဲမှာ လယ်ယာ ကိုင်းကျွန်းလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ ကုန်သွယ်မှု လုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ မွေးမြူရေးလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ လခစား၊ မင်းမှု ထမ်း လုပ်နိုင်သူတွေကိုလည်း သူ့နေရာနှင့် သူ့ဌာန အသီးသီး သင့်လျော်အောင် အလုပ်ခန့်ပေးခြင်း၊ လစာအပြည့်အ၀ ထုတ်ဝေပေးခြင်းတွေ ပြုလုပ်စေပါတယ်။ ဒီတော့ တစ်တိုင်းပြည်လုံး အလုပ်လက်မဲ့ မရှိတော့ပါဘူး။

ကိုယ်ကျွမ်းကျင်ရာ၊ ကိုယ်စွမ်းနိုင်ရာ ကိုယ်လုပ်ချင်တာ အလုပ်တွေ လုပ်နိုင် သွားကြပါတယ်။ ရှင်ဘုရင် အကူအညီ ပုရောဟိတ် အကူအညီတွေနှင့် လုပ်နိုင်သွားကြတာပါ။ ကိုယ့် အလုပ်နှင့် ကိုယ် အလုပ်လုပ်နေကြရတာဖြစ်တော့ ခုခေတ်စကားနှင့် ပြောမယ် ဆိုလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာပါတယ်။ သူခိုး ဓားပြ သူပုန်တွေကို နှိပ်စက်တာမျိုးလည်း မရှိတော့ပါဘူး။


သူခိုး ဓားပြ သူပုန်တွေ ကို မရှိတော့တာပါ။ ဘုရင်နှင့် တကွ တစ်တိုင်းပြည်လုံးကြွယ်ဝ ချမ်းသာပါတယ်။ ဒါကို သုံးသပ် ကြည့်မယ် ဆိုလျှင် စာထဲမှာ လယ်ယာ လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လခစား လုပ်ငန်း စွမ်းနိုင် သူတွေလို့ ပါပါတယ်။ ဒါကြောင့် ပထမ ဦးစားပေး လုပ်သင့်တာက တော့ အရင်းအနှီး နည်းပညာ ဖြန့်ဝေပေးမယ် ဆိုလျှင် စွမ်းဆောင်နိုင်မည့် သူ လုပ်ချင်စိတ်ရှိသူ ၀ါသနာ ပါ ရှိသူများ ကို ဦးစားပေးသင့်ပါတယ်။ ဒါမှ ဖြန့်ချိ ထိုက်တဲ့ အရင်းအနှီး တွေ အဆုံးအရှုံး နည်းပါးပြီး အလျင်အမြန်တိုးပွါးလာမှာ ဖြစ်ပါတယ်။

နောက်မှ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး၊ စသည်ဖြင့် မိသားစုမကျန် စီမံနိုင်ပါတယ်။ ဒါကတော့ စီမံ ခန့်ခွဲ ပုံပြောတာပါ။ အဲဒီလို စီမံ ခန့်ခွဲတဲ့နေရာမှာ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဘုရားဟော ဇာတ်တော်တွေထဲက ထုတ်နုတ်ပြီးတော့ ပြောပါအုံးမယ်။
Posted by Ashin Kumara at
7:53:00 AM

Read more...

ဘ၀အတွေ့ ဘ၀အမြင် ဆောင်းပါးရှင်နှင့် မိတ်ဆက်ပေးခြင်း

ယခုအခါ စစ်ကိုင်းမင်းရှိန်၏ ဆောင်းပါးများကို စာဖတ်သူတို့အတွက် တင်ပေးပါတော့မည်။ ဆောင်းပါးမဖတ် ခင်စစ်ကိုင်းမင်းရှိ၏ ဘ၀ဖြစ်စဉ်ကို ဖေါ်ပြခွင့်ပြုပါ။ဆရာတော်ငယ်ရွယ်စဉ် ရဟန်းငယ်ဘ၀က ရေးသားထားသည် အတွေ့အသစ်အမြင် စာအုပ်မှ လူငယ် လူရွယ်အများစု ဖတ်သင့်ဖတ်ထိုက်သည့် ဆောင်ပါးများကို မျှဝေ သိရှိစေဖို့ မနက်ဖြန်မှ ဘလော့တွင် တင်ထားရေးထားခွင့်ပြုပါဟု လျှောက်ထားခဲ့သည် မှာ အမိမြန်မာပြည် မပြန်ဖြစ်ခင်ကတည်းကဖြစ်သည်။

ထို့ကြောင့်လည်း မနက်ဖြန်သည် မြန်မာပြည်ပြန်မည်အကြောင်း ဘလော့မှမိတ်ဆွေများ ကို နှုတ်ဆက်စာ သ၀ဏ်လွှာနှင့် စစ်ကိုင်းမင်းရှိန်၏ ဆောင်းပါးများကို မျှဝေတင်ပေမည်ဖြစ် ကြောင်းကြေညာဖူးပါသည်။ မှတ်မိမည်ဟုထင်ပါသည်။အရှင်မဟောသဓပဏ္ဍိတသည် ၁၃၀၃-ခု တပိုတွဲလပြည့်ကျော် (၆)ရက်၊ ကြာသာပ တေးနေ့တွင် ဘုတလင်မြို့နယ် ဗသျှူးကျေးရွာ၌ ဦးထွေး+ဒေါ်ငွေယုန်တို့မှ ဖွားမြင်သည်။ သားသမီး (၆)ဦးအနက် အထွေးဆုံးသားရတနာဖြစ်သည်။
၁၃၁၄-ခုနှစ်တွင် နောင်တော်ဖြစ်သူ အရှင်ဣန္ဒာစရိယ၊ အရှင်က၀ိသာရ တို့၏ခေါ် ဆောင်မှုကြောင့် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အရှင်ဇနကာဘိဝံ သထံသို့ရောက်ရှိခဲ့သည်။ဆရာတော်ထံတွင် (၁၃)နှစ်တိုင်တိုင် အခြေခံနှင့် အထက် တန်းစာပေများကို သင်ကြားခဲ့သည်။ သက်တော် ၁၇-နှစ်အရွယ်မှာပင် သာမဏေကျော် စာမွေးပွဲကိုအောင်မြင်ကာ ဓမ္မာစရိယစာပေများကို သင်ယူကာ ကိုရင်ဘ၀ဖြင့်ပင် စာချဘုန်းကြီးဖြစ်ခဲ့သည်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားသည့် စာအုပ်များသည် ဆရာတော်၏ လက်ရေးမူများ အများပြားပါဝင်ပေသည်။ ဆရာတော်နှုတ်ကပြောသွားသည်ကို နောက်ကနေလိုက်ရေးရခြင်းဖြစ်သည်။ အရှင်မဟောသဓပဏ္ဍိတသည် ယခုအခါ စစ်ကိုင်းတောင်ရိုးရှိ ဝေဇယန္တာစာသင်တိုက်၊ မုံရွာမြို့ရှိ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် ပညာသင်ယူနိုင်ရန် ဘုန်းတော် ကြီးပညာသင်ကျောင်း၊ ရန်ကုန်မြို့ရှိ လူငယ်ပရဟိတကျောင်း၊ ဧရာဝတီတိုင်း ချောင်းသာတွင်ရှိသည့် ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများဖွင့်လစ်ကာ လူငယ်လူ ရွယ်များအတွက် ပညာများ ဖြန့်ဝေခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိပါသည်။
ဆရာတော်၏ လုပ်ငန်းများအောင်မြင်မှုသည် ယခုအခါ တက္ကသိုလ်ဘွဲ့ရကျောင်းသား ကျောင်းသူပေါင်း (၃၀၀)ကျော်ကို မုံရွာနှင့် ရန်ကုန်ရှိ ဘုန်းတော်ကြီးသင်ပညာကျောင်းများ မှ မွေးထုတ်ပေးနိုင်ခဲ့သည်မှာ အထူးပင် ပီတိဖြစ်စရာကောင်းပေသည်။
လက်ရှိပညာရည်နို့သောက်စို့နေသည့် နွမ်းပါးသည့် ကလေးများသည် အရှင်မဟော သဓပဏ္ဍိတ၏ မေတ္တာအရိပ်အောက်တွင် အခမဲ့ပညာသင်ကြားခွင့်နေသည်မှာ အထူးပင် ကံကောင်းကြပါသည်။ လိမ်မာယဉ်ကျေး၍ အသိပညာတိုးတက်သော သားရတနာ သမီးရတနာလေးများ ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်လာမည် မုချဧကန်ပင် ဖြစ်ပေသည်။ ယခုအခါ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်တီမိုးမြို့ ဝေဇယန္တာကျောင်းတွင် သီတင်သုံးနေထိုင်ကာ မဃဒေ၀ကျမ်းကြီး၏ နားလည်ရခက်သည့် ဝေါဟာရများကို ဖတ်ရသူတိုင်းနားလည် စေဖို့အတွက် ခက်စစ်ဝေါ ဟာရအနေဖြင့် မြန်မာပြန်ရေးသားနေပါသည်။အရှင်မဟောသဓပဏ္ဍိတ (စစ်ကိုင်းမင်းရှိန်)၏ သာသနာအတွက် လူမျိုးအတွက် လုပ်ဆောင်မှုများကို သိရှိပြီးနောက် ဘ၀အသစ်ဘ၀အမြင် စာပေကိုဖတ်ခြင်းဖြင့်လည်း စစ်ကိုင်းမင်းရှိန်၏ အသိပညာ မေတ္တာဓာတ်များကို စာပေပရိသတ်များ ရယူခံစားနိုင်ပါသည်ဟု…..ပြောပါရစေ။ အရှင်မဟောသဓပဏ္ဍိတ (စစ်ကိုင်းမင်းရှိန်)၏ ဘ၀အတွေ့ ဘ၀အမြင်စာအုပ်သည် ဓမ္မဗျူဟာမဂ္ဂဇင်း အစရှိသော ဘာသာရေးမဂ္ဂဇင်းတို့၌ အခွင့်ခါသင့်သလိုရေးသားခဲ့ သည့် ဆောင်းပါးများကို စုစည်းကာ ထုတ်ဝေသည့် စာအုပ်ဖြစ်ပါသည်။ ဖတ်ရှု့နိုင်ရန် ဆောင်းပါးတစ်ခုခြင်း ဖေါ်ပြပေးသွားပါမည် စောင့်မျှော်ကြပါ…….မနက်ဖြန်၁၂-၀၆-၂၀၀၉သောကြာနေ့
Posted by အရှင်နာယကာလင်္ကာရ at 6/12/2009 03:40:00 PM

Read more...

အမေနှင့် မစားဘဲ စွန့်ရဲတဲ့ သတ္တိရှင်ကြီးများအကြောင်း... (အရှင်အာစာရာလင်္ကာရ)


အရှင်အာစာရာလင်္ကာရ၏... အမေ့အတွက် ရတနာလက်ဆောင် မှ...

အမေနှင့် မစားဘဲ စွန့်ရဲတဲ့ သတ္တိရှင်ကြီးများအကြောင်း...




















Read more...

*မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသ၏ ပုံတော်များအား ဂုဏ်ရည်မှန်း၍ ကြည်ညိုခြင်း*

***********************************
***********************************
***********************************
***********************************
***********************************
***********************************
***********************************
***********************************
++++++++++++++++++++++++++++++++++++++++++++++

ဦးဇင်းတစ်ပါး ပို့ပေးလိုက်တာကို ထပ်ဆင့် မျှဝေလိုက်တာပါ။ ဓမ္မမောင်နှမတို့ ဘေးရန် ကြောင့်ကြကင်း၍ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။


လေးမြတ်ရိုကျိုးစွာ ဦးခိုက်လျက်
ဖိုးသား

12.06.2009, FRI:, 09:48:33 PM

Read more...

Good Questions & Good Answers

SN. Goenka, the Insight (Vipassana) meditation teacher answered some questions about insight meditation after his dhamma talks Seminar in Berkelay.

Read more...

THE LIFE OF THE BUDDHA Part-(1)


THE LIFE OF THE BUDDHA Part-(1)


T
he Shakya clansmen dwelled along the Rohini River that flows among the southern foothills of the Himalayas. Their king, Shuddhodana Gautama, had settled his capital at Kapilavastu and there had a great castle built and ruled wisely, winning the joyful acclaim of his people.The Queen’s name was Maya. She was the daughter of the King’s uncle who was also the king of a neighboring district of the same Shakya clan.

For twenty years they had no children. But, one night, dreaming a strange dream, in which she saw a white elephant entering into her womb through the right side of her chest, Queen Maya became pregnant. The King and the people looked forward with joyful anticipation to the birth of a royal child. According to their custom, the Queen returned to her parents’ home for the birth, and on her way, in the beautiful spring sunshine, she took a rest in Lumbini Garden.

All about her were Ashoka blossoms and in delight. Since she reached out and pluck a branch withe her right arm, as she did so, a prince was born. All expressed their heart-felt delight with the glory of the Queen and her princely child: Heaven and Earth rejoiced. This memorable day was the eight day of April.

When the king saw the child he felt as if all his wishes had been fulfilled and he named the young prince, Siddhartha, which means, “Every wish fulfilled.

In the palace of the King, however, delight was quickly followed by sorrow, for after several days the lovely Queen Maya suddenly died. Her younger sister, Mahaprajapati, became the child’s foster mother and brought him up with loving care.

A hermit, called Asita, who lived in the mountains not far away, noticed a radiance about the castle and, interpreting it as a good omen. He came down to the palace and was shown the child. He predicted: "This prince, if he remains in the palace, when he grown up, will become a great king and subjugate the whole world. But if he forsakes the court life to embrace a religious life, he will become a Buddha, the Saviour of the world."

At first the King was pleased hearing this prophecy, but later he started to worry about the possibility of his only one son leaving the palace to become a homeless recluse.

At the age of seven, the Prince began his lessons in the civil and military arts, but his thoughts more naturally tended to other things. One spring day, he went out of the castle with his father and they were watching together to the farmer at his plowing. He noticed that a bird descending to the ground and carrying off a small worm which had been turned up from the earth by the farmer's plough. He sat down in the shade of a tree and thought about it, whispering to himself:

"Alas..! Do all living creatures kill each other."

He, who had lost his mother so soon after his birth, was deeply affected by the tragedy of these little creatures.

This spiritual wound deepened day be day as he grew up; like a little scar on a young tree, the suffering of human life became more and more deeply engrained in his mind.

The King was increasingly worried as he recalled the hermit's prophecy and tried in every possible way to cheer the Prince and to turn his thoughts toward other directions. The King arranged the marriage of the Prince at the age of nineteen to the Princess Yashodhara who was the daughter of Suprabuddha, the Lord of Devadaha Castle and a brother of the late Queen Maya.

ကိုးကားရန် Eng_ Dictionary

Coming Soon...
Best regards (burma born)

Read more...

သိလား...? (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သိလား...? (ဦးသုမင်္ဂလ) vcd



တရားတော်ယူရန်--->


Read more...

ပဏ္ဍိတသာမဏေ...(၈၀-၈၃ ဓမ္မပဒဝတ္ထု (မာဏဝ))

ပဏ္ဍိတ၀ဂ် ဓမ္မပဒဝတ္ထု (မာဏဝ) ၈၀-၈၃

ပဏ္ဍိတသာမဏေ...








အရှင်လကုဏ္ဍက ဘဒ္ဒိယ...

ကာဏာတို့သားအမိ...








ဓမ္မပဒ ပဏ္ဍိတ၀ဂ်


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP