* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, June 12, 2009

သံဃာတော်များအား ပြည်ပထွက်ခွါခွင့်ပိတ်

သံဃာတော်များအား ပြည်ပထွက်ခွါခွင့်ပိတ်.
မင်းနိုင်သူ / ၁၂ ဇွန် ၂၀၀၉


ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေးဝန်ကြီးဌာနက ထောက်ခံချက်ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်းနေကြရကြောင်း ရန်ကုန်သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်သည်။“ဘယ်နေ့ကစပြီးတော့ ထောက်ခံချက် မပေးတာလဲဆိုတာ မပြောဘူး။

ဘာကြောင့်လဲလို့မေးတော့ အထက်အမိန့် အရပါလို့ပဲ ပြည်ပသာသနာရေး ဒု-ညွှန်မှူး ဦးအောင်သိန်းညွန့်က ပြောတယ်” ဟု သံဃာတော်က မိန့်ဆိုသည်။သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။ထိုကဲ့သို့ ထောက်ခံချက် ထုတ်မပေးရသည့်အကြောင်းကို ကမ္ဘာအေးရှိ ပြည်ပသာသနာရေးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ “ဆရာဦးအောင်သိန်းညွန့် မရှိပါဘူး။ ထောက်ခံချက်ထုတ်မပေးတာ ဟုတ်ပါတယ်။

ဘယ်နေ့ အထိ ဆိုင်းငံ့ထားမယ်ဆိုတာ မသိပါဘူး။ ဘာ့ကြောင့်ဆိုတာလည်း မသိပါဘူး။ အထက်က ညွှန်ကြားချက်အရပါ” ဟု ၀န်ထမ်းတဦးက ဖြေသည်။ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့်ဆိုသည်။ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွဲ့၊ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွဲ့များက ထွက်ခွာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်



Read more...

ခရီးသွားမှတ်တမ်း(၄)

တည်းခိုတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဦးအာသဘဖြစ်ပြီး သက်တော်မှာ (၉၀)ကျော် ရှိပါပြီ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရောက်နေသည် မှာ အသက် ၂၀ ကတည်းကဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီလို့ သိရပါတယ်။နေ့လည်ဖက်မှာ (Doi Su htep ) ဒွိုင်ဆူထက်ပ် တောင်ဘုရားသို့ ဘလော့ဂါ မခွန်မြလှိုင်ရဲ့ ခင်ပွန်းက ကားနဲ့ လိုက်ပို့ပါတယ်။ချင်းမိုင်မြို့လေးဟာ ဘန်ကောက်ရဲ့ မြောက်ဖက် ၇၀၀ ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။

ဒီမြို့ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် တစ်မြို့ဖြစ်ပါတယ်။ချင်းမိုင်ရဲ့ အနောက်ဖက်တွင် ၁၆၇၆ ကီလိုမီတာ အမြင့်ရှိ(Doi su htep) ဒွိုင်ဆူထက်ပ် တောင် ဘုရားသို့ blogger တစ်ယောက်ဖြစ်သူ မသူဇာရဲ့ခင်ပွန်း ကိုအောင်မျိုးကျော်က ကားဖြင့် လိုက်ပါပို့ဆောင်ကာ ကုသိုလ်ယူခဲ့ပါတယ်။ ချင်းမိုင်မြို့အတွင်း ဗဟုသုတဖြစ်ဖွယ်တွေကို ဘလော့ဂါ ခွန်မြလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးကျော်က ကားမောင်းရင်း ရှင်းပြခဲ့ပါတယ်။ ခွန်မြလှိုင်ကတော့ ကလေးနဲ့မို့လို့ မလိုက်နိုင်ခဲ့ပါ။ချင်းမိုင်မြို့(ဇင်းမယ်)အကြောင်းချင်းမိုင်ဟာ အလွန်ကောင်းတဲ့ ရာသီဥတု ရှိပြီး၊ ချင်းမိုင်မြို့ကို တောင်များနဲ့ ၀န်းရံထားတယ်။ ဒါကြောင့်လားမသိ ရာသီဥတုက အလွန်သာ ယာတယ်။ချင်းမိုင်မြို့ဟာ ထိုင်းနိင်ငံ မြောက်ပိုင်းဒေသတွင် ရှိပြီး ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပါတယ်။

ယခုအခါ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ချင်းမိုင်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသ၊ ချင်ရိုင်းဒေသ၊ လန်ပန်း၊ မယ့်စလင်း၊ မယ့်ဟောင်ဆောင်တို့ အကြောင်းကို ကားမောင်းရင်း ပြောပြခဲ့တယ်။ချင်းမိုင်ဒေသ၊ ယိုးဒယားမြောက်ပိုင်းဟာ ရှေးကာလက မြန်မာ၊ ရှမ်းကြီး (Tail)၊ မွန်၊ ခမာ (ကမ္ဘောဒီးယား) လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ စီးမျောဝင်ရောက်ရာဒေသဖြစ်ခဲ့တယ်။ လောနှင့် တရုတ် (ယူနန်) အငွေအသက်လည်း ရှိသော ဒေသဖြစ်သည်။ သမိုင်းအဆိုအရ မူလက လန်ပွန်း (Lamphun) သည် ယိုးဒယားမြောက်ပိုင်း၌ စတင်ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဟာရီပွန်ချိုင်း (Haripunchai) ဟု အစဉ်အလာကြီးခဲ့သော မင်းနေပြည်ဒေသဖြစ်သည်။

ချင်းမိုင်အကြောင်းနဲ့ပတ်သက်ပြီး ဒီဝက်ဘ်ဆိုဒ်လင့်ခ်မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။၁၈.၅.၂၀၀၉နံနက် ၉ နာရီခန့် ချင်းမိုင်မြို့ တိရစ္ဆာန်ရုံ (Chingmai zoo) ကို သွားရောက်ခဲ့တယ်။ တိရစ္ဆာန်ရုံအတွင်း ၀င်လျှင် foreigner နိုင်ငံခြားသားဆိုလျှင် b 350 ပေးရပါတယ်။ သံဃာတော်များဆိုလျှင် Free ပိုက်ဆံမပေးရပါ။သို့နှင့် ဦဣန္ဒာဝံသနဲ့နှင့်အတူ chingmai zoo အတွင်း ကားဖြင့်လည်ပတ်ခဲ့ကြတယ်။ ကားခမှာ တစ်ယောက်လျှင် B 20 ပေးရပါတယ်။ တစ်ပတ် ပတ်ပြီးသောအခါ ငါးပြတိုက်ကို သွားရန်အတွက် သီးသန့် ကားပြန်စီးရသည် အဲဒီအခါမှာလည်း တစ်ယောက်လျှင် B 20 ပေးရပါသည်။ ငါးပြတိုက်ရောက်တဲ့အခါ ငါးပြတိုက်အတွင်း ၀င်ကြေးပေးရသည်။ forainer တစ်ယောက်လျှင် B 380 ဖြစ်ပါတယ်။

သံဃာတော်များဆိုလျှင် တစ်ဝက်နှုံးဖြင့် B ၁၆၀ ပေး ရပါသည်။ ချင်းမိုင်မြို့သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ ရဟန်းတော်များအား အထူးဦးစားပေး ဆက်ဆံကြသည်ကို တွေ့ရသည်။ငါးပြတိုက်အတွင်း ၀င်ကြည့်ကြသောအခါ ပင်လယ်ထဲသို့ တကယ်ရောက်နေသကဲ့ သို့ ထင်ရပေသည်။ ငါးတွေကို ရေငုတ်ဝတ်စုံနဲ့ ငါးစာကျွေးနေတဲ့ ၀န်ထမ်းတွေကိုလည်း မြင်ခဲ့ရပါတယ်။ ငါးပြတိုက်ရဲ့ လုပ်ဆောင်နေတဲ့ အနေအထားအရ အလွန်အဆင့်မြင့်တဲ့ အတွက် ၀င်ကြေးခကို မြင့်မြင့် ယူထားခဲ့သည်ထင့်။

တန်လည်းတန်ပါသည်။ ငါးပြတိုက်ထဲက ပင့်ကွင်းငှက်တို့ရဲ့နေထိုင်ကျက်စားတဲ့နေရာဆိုလျှင် ၂၄ နာရီပတ်လုံး ပင့်ကွင်းငှက်များ နေနိုင်တဲ့ အအေးဓါတ်များကို လွတ်ပေးထားရတဲ့အတွက် ကုန်ကျငွေ အလွန်များမှာ သေချာပါသည်။ငါးပြတိုက် မှ အထွက် နာရီကြည့်သောအခါ ထိုင်းစံတော်ချိန် ၁၁ နာရီထိုးနေပြီဖြစ်တဲ့အတွက် နေ့ဆွမ်းစားရန်အတွက် (Burmese Food ) မြန်မာထမင်း ဆိုင် မှာ ဆွမ်းစားကြပါသည်။ နေ့လည်စာ စားပီးသောအခါ မနောနော အမည်ရှိ အမျိုးသမီးပျိုတစ်ဦးက ဆွမ်းကပ်ပါသည်။ မနောနောသည် လွယ်လင်သူဖြစ်ပြီး ချင်းမိုင်မြို့ အလှ ပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပြီဟု သူပြောပြချက်အရ သိရပါသည်။

ခရီးသွားဟန်လွဲ ကြုံတုန်း သံဃာတော်များအား ဆွမ်းကပ် ရသည်မှာ သူမအတွက် ထူးလှတဲ့ ကာလဒါန ဖြစ်ခဲ့တယ် လို့ ဆိုရပေမပေါ့။နေ့လည်ဖက် imgration တွင် reentry လုပ်ဖို့အတွက် ဦးကုမာရနဲ့ ဦးဣန္ဒ၀ံသတို့ နှစ်ပါး သွားကြတယ်။ အဲဒီမှာ ကိုယ်တိုင်လာရမယ်လို့ ပြောတဲ့အတွက် စာရေးသူတို့ကို လာခေါ်ရဦးမည်ဖြစ်ရာ ဒီနေ့အဖို့ reentry လုပ်ဖို့ အချိန်မရတော့၊ ဒါနဲ့ ရတာတွေကိုပဲ လုပ်မယ် ဆိုပြီး လေယာဉ်လက်မှတ် date ပြောင်းရန် သွားခဲ့တယ်။ လေယာဉ် date က ၂၄.၅.၂၀၀၉ အထိသာဖြစ်တော့ date ကို ၁၄.၆.၂၀၀၉ အထိ ရက်ရွေ့ခဲ့တယ်။
လေယာဉ် DATEနဲ့ပတ်သက်ပြီး power full ယူခဲ့တယ်ပေါ့။ညနေဖက်မှာ ချင်းမိုင်ကနေ ကီလိုမီတာ ၃၀ ခန့်ဝေးကွာတဲ့ ယိုးဒယားလို လန်းဖွန် မြန်မာလို လန်ဖုန်းဆိုတဲ့ တော မြို့လေးသို့ ဘတ်စ်ကားဖြင့် လာခဲ့ကြရာ လမ်းဘေးဝဲယာတစ်လျှောက် လူလေးယောက် ပိုက်ခန့်ရှိတဲ့ အပင်များကို တွေ့ခဲ့ရတော့ အမြင်ဆန်းနေပါတယ်။ ဒါနဲ့ ပါလာတဲ့ ဦးဣန္ဒ၀ံသ ကိုမေးကြည့်တော့ ဒါဟာ တစ်ချိန်က မြန်မာ -ဇင်းမယ် ချစ်ကြည်ရေးအနေဖြင့် ဒီသစ်ပင်တွေ ကို စိုက်ခဲ့တာလို့ ပြောပါတယ်။

မြို့ပြအနေအထာားကောင်းမွန်လှပေမယ့် ဒိလို ရှေးဟောင်းသစ်ပင်များကို မခုတ်လှဲဘဲ ရှေးဟောင်းအမွေအနှစ်အနေဖြင့် အမြတ်တနိုးထိန်းသိမ်းထားတာကို တွေ့မြင်ရပါတယ်။ ထိုနည်းတူ တစ်ခြားခြားသော နိုင်ငံများမှာလည်း ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များကို လက်ရာမပျက် ထိန်းသိမ်းထားကြတာကို လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေမှာလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့်လည်း လောနိင်ငံက longprabong လောဘရာဘွန်မြို့လေးကို (the world hari tage city ) ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့ ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း internet တွင် နာမည်ကြီးကာ ကမ္ဘာလှည့်ခရီးသည်များ များပြားစွာ လာရောက်ကြပါတယ်။

ပြည်ပနိုင်ငံများမှာ ရှေးဟောင်းအမွေအနှစ်များ ရှိသလို အမိမြန်မာနိုင်ငံမှာလည်း ရှေးဟောင်းအမွေအနှစ်များစွာပင် ရှိပါတယ်။သို့သော် ပြည်ပနိုင်ငံ(လာအိုနိုင်ငံ လောဘရာဘွန်၊ ကမ္ဘောဒီးယား အန်ကောဝပ်)များမှာလို အဘယ့်ကြောင့် the world heri tage လို့ သတ်မှတ် မခံရပါသလဲ ဆိုတာကို တွေးမိပါတယ်။ အမှန်ကား မြန်မာနိုင်ငံမှာလည်း ရှေးဟောင်း အမွေအနှစ်များစွာ ရှိတာပါ။

ထိုအမွေအနှစ်များကို (modify)ပြုပြင်ပြောင်းလဲမှုမရှိဘဲ ထိန်းသိမ်းရုံမျှ (protection) ကာကွယ်ထိန်းသိမ်းထားကြမယ်ဆိုရင် မြန်မာနိုင်ငံ နေရာအနှံအပြားရှိ ရှေးဟောင်းအမွေအနှစ်များကို world heri tage လို့ ကမ္ဘာက အသိအမှတ်ပြုခံရမှာ သေချာတယ် လို့ တွေးမိပါတယ်။ အဲဒီအခါ ကမ္ဘာလှည့်ခရီးသည်များ အများအပြား ရောက်လာနိုင်စရာ အကြောင်းရှိပါတယ်။စကားစပ်လို့ ပြောမိတာ လမ်းကြောင်း အပြင်ထွက်သွားတယ်၊ ခုနင်က ချင်းမိုင်အကြောင်းကို ဆက်ပြောကြရ အောင်ပါ။အဲဒီမှာ စာရေးသူတို့ တည်းခိုတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှ အသက်အားဖြင့် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဦးအာသဘရဲ့ ပြောပြချက်အရ….. ချင်းမိုင်မြို့မှ လန်းဖွန်မြို့သို့ သွားရာလမ်းတစ်လျှောက် နံဘေး ၀ဲယာတွေမှာ စိုက်ထားတဲ့ လူငါးယောက်ဒီသစ်ပင်တွေကို ကညင်ပင်လို့ ခေါ်ပါတယ်။

ကညင်ပင်များရဲ့အသက်ဟာ သက်တမ်း လေးရာကျော်ခန့် ရှိပြီ လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ “ဆရာတ်ာဘုရား…၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းကိုကြီးကို ဘယ်နှစ်ခုနှစ်က စတင် တည်ထောင်ခဲ့ပါသလဲ ဘုရား” လို့ မေးလျှောက်သောအခါ ဆရာတော်က “ ဒီကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၅ နှစ်ကတည်းက တည်ထောင်ခဲ့တယ်။ တည်ထောင်တဲ့သူများက မြန်မာစစ်တပ်များ ဖြစ်တယ်လို့ ပြောကြတယ်။ ဆရာတော်က ဆက်လက်ပြီး….တစ်ခါက မြန်မာနိုင်ငံက စာရေးကြီးတစ်ယောက်က တပည့်တော်ကို မေးဖူးပါတယ်။ “ဘုန်းတော်ကြီးများ ကားမောင်းသင့်သလားဘုရား” တဲ့၊ ဆရာတော်က “ ဒကာက ဘယ်အမြင်နဲ့ မေးတာလဲ၊ အမြင်နှစ်မျိုးရှိတယ်၊ မြန်မာ့အမြင်နဲ့ ကမ္ဘာ့အမြင် နှစ် မျိုးမှာ ဘယ်အမြင်နဲ့ မေးတာလဲ” လို့ မေးတော့ ဒကာက “ မြန်မာ့အမြင်နဲ့ မေးတာပါ” တဲ့ အဲဒီမှာ ဆရာတော်က “ မြန်မာ့အမြင်ဆိုရင်တော့ မမောင်းသင့်ဘူး” ကမ္ဘာ့အမြင်ဆိုရင် မောင်းသင့်ပါတယ်။ ဒကာ….မင်းကိုးကွယ်တဲ့ ဆရာတော်ကို ပြန်မေးကြည့်ဦး၊ ဘုရားဟော တဲ့ မဟာပဒေသလေးပါး ဆိုတာ ရှိလား၊ တကယ်လို့ ရှိတယ်ဆိုရင်တော့ မင်းတို့ရဲ့ အမေး ရှုံးပြီသာ မှတ်တော့၊ ဆက်မမေးနဲ့တော့” ဆရာတော်က အမိန့်ရှိပါတယ်။ဆက်လက်ပြီး…… သြစတေးလျား ဆစ်ဒနီကို တပည့်တော် ရောက်ခဲ့ဖူးပါတယ်။

သူတို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်ပေမယ့် မေတ္တာ၊ကရုဏာ။မုဒိတာ ဗြဟ္မစိုရ်တရားလေးပါး ရှိကြတယ်။ ဥပမာ ငှက်မပစ်ရ ပစ်လို့ သေရင် ဒါဏ်ဆောင်ရတယ်။ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မမာမကျန်းဖြစ်ရင် ဆေးခန်းသွားပြီးပြရတယ်။ တကယ်လို့ ဆေးမကုပေးဘူးဆိုရင်တော့ မွေးထားတဲ့ တိရစ္ဆာန် ပိုင်ရှင်က ဒါဏ်ငွေဆောင်ကြရတယ် လို့ ဆရာတော်က အမြွက်မျှ ပြောကြားကြပါတယ်။နေ့ခင်းဖက်မှာချင်းမိုင်ကနေ ကီလိုမီတာ ၃၀ကျော်ခန့်ဝေးသော လန်းဖွန် တောမြို့လေးကို ၁နာရီကျော်ကျော်ခန့် ကားစီးပြီးနောက် (hariphu chai temple)ယိုးဒယားလို (ဟရီဖူချိုင်း)မြန်မာလို ဟရိ ဘုဇ္ဇ ဘုရားကို ရောက်ခဲ့တယ်၊ ဒီဘုရားသမိုင်းက အခါတစ်ပါး မြတ်စွာဘုရားရှင် ဒေသစာရီ ကြွချီတော်မူတဲ့အခါ ဒကာများလာရောက်ဆက်ကပ်တဲ့ ကြစုသီးကို ဘုဉ်းပေးပြီး တစ်ည ကျိန်းစက်တော်မူတဲ့ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ဟရိဘုဇ္ဇ ဘုရားရယ်လို့ တည်ခဲ့တာ ဖြစ်တယ် အကြောင်းစုံသိချင်ရင်တော့ hariphuchaitemple.org ၀က်ဘ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ်။ ဘုရားကပြန်အလာမှာတော့ ချင်းမိုင်မြို့ထဲက ညဈေးနှင့် (pamtap)ပန်တက်ပ် ကုန်တိုက်ကြီးတို့ကို ဗဟုသုတအနေဖြင့် ဦးဣန္ဒ၀ံသက လိုက်ပို့ပါတယ်။၁၉.၅.၂၀၀၉နံနက် ၈း၃၀ မှာ စာရေးသူတို့သုံးပါး အင်မ်ဂေးရှင်း(လူဝင်မှုကြီးကြပ်ရေး)ရုံးသို့ သွားကြပါတယ်။ မနေ့က လူကိုယ်တိုင်မပါလို့ ဆိုပြီး re-entry မလုပ်ခဲ့ရဘူး။ ဒီနေ့ကျမှ သုံးယောက်သား အင်မ်ဂေးရှင်းရုံးသို့ ကျောင်းအရှေ့က ယိုးဒယားသူရဲ့ကားနဲ့ လိုက်ပါပို့ပေး ပါတယ်။ အင်မ်ဂေးရှင်း ရုံးရောက်တော့ ပါစ်ပို့ မိတ္တူကူးစရာရှိတာ ကူးပြီး re-entry လုပ်ကြပါတယ်။ ဒီမှာ re-entry ကိုဘာကြောင့်လုပ်ရသလဲဆိုတာကို ပြောချင်တယ်။ယိုးဒယားနိုင်ငံကနေ တစ်ခြားနိုင်ငံထွက်သွားမယ် ၊ ပြီးလျှင် ထိုင်းနိုင်ငံ ပြန်ဝင်ချင်တယ်ဆိုရင် ပြန်ဝင်ရအောင်လို့ re-entry လုပ်ရပါတယ်။ ဒီမှာ re-entry က နှစ်မျိုး ရှိပါတယ်။ single နဲ့ multiply ပါ။ single က ဘတ် ၁၀၀၀ ပဲပေးရပြီး multiply ကတော့ ဘတ် ၃၅၀၀ ကျပါတယ်။

အဲဒီမှာ ထိုင်းနိုင်ငံအတွင်း အကြိမ်များ စွာထွက်ပြိး အကြိမ်ကြိမ်ပြန်ဝင်ချင်တယ်ဆိုရင်တော့ multiply re-entry လုပ်ရတယ်။ တကယ်လို့ တစ်ကြိမ်လောက်သာ ထွက်ပြီး တစ်ကြိမ်သာ ပြန်ဝင်ချင်တယ်ဆိုရင်တော့ single re-entry လုပ်ရပါတယ်။ဒါနဲ့ စာရေးသူတို့လဲ ကိုယ့်အခြေအနေအရ တစ်ယောက်ကို ဘတ် ၁၀၀၀ ပေးပြီး single re-entry လုပ်ခဲ့ကြပါတယ်။ ဒီမှာ ထိုင်းနိုင်ငံ အင်မဂေးရှင်းရုံးဝင်တဲ့အခါမှာ အတွေ့ကြုံတစ်ခုတော့ ပြောချင်တယ် ၊ အဲဒါက re-entry နှစ်မျိုးရှိတယ်လို့ အထက်မှာ ပြောခဲ့တယ်။ ဒီနှစ်ခုအနက် ကိုရွှေမြန်မာများအတွက်တော့ single ပဲရတယ်၊ multiply တော့ လုံးဝမရနိုင် လို့ သိခဲ့ရပါတယ်။ ဒါလည်း စာရေးသူတို့အတွက် အားငယ်စရာတစ်ခုဖြစ်သလို မခံချင်စရာတစ်ခုလည်း ဖြစ်ခဲ့တယ်။

ဘာကြောင့်ရယ်တော့မသိပါ။သို့သော်လည်း ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဘုန်းကြီးများ ကို အကူအညီပေးတာ များပါတယ်။ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခုညနေ မိုး ရွာချပြီး၊ မကြာမီ မိုးတိတ်သွားတယ်။ဒါနဲ့ညနေဖက်တွင် ချင်းမိုင်မြို့အတွင်း BIG C SUPER CENTER ကုန်တိုက်ကြီး သို့ ဦးဣန္ဒ၀ံသနှုင့်အတူ ဦးကုမာရ ၊ စာရေးသူတို့ သွားရောက်လည်ပတ်ခဲ့တယ်။

ကုန်တိုက်ကြီးမှာ အလွန်သပ်ရပ်ပြီး စနစ်ကျနစွာ ရောင်းချနေကြတာကိုလည်း မြင်ကြရပါ တယ်။ ကျောင်းပြန်ရောက်တော့ ည ၈ နာရီ ရှိနေပြီ။ ဦးဣန္ဒ၀ံသက Golden Triangle ကို သူကိုယ်တိုင် လိုက်ပို့ပါမည့်အကြောင်း ပြောလာတော့လည်း ၀မ်းသာရပြန်ပါတယ်။သို့နှင့် မနက်ဖန် သွားမဲ့ခရီးအတွက် ခရီးစဉ်ဆွဲကာ ည ၁၁ နာရီမှာ အိပ်ရာဝင်ခဲ့ကြပါတယ်။ (ဆက်လက်ဖေါ်ပြပါဦးမည်)


Read more...

ဖတ်သင့်တယ် (၁)

ဖတ်သင့်တယ်လို့ ယူဆလို့ မဖတ်မိကြမှာ စိုးသောကြောင့် ဖတ်သင့်တယ်လို့ ခေါင်းစဉ် တင်လိုက်ရတာပါ။ စိတ်ဝင်စားမယ့်ထင်တဲ့ မေးခွန်းလေးနဲ့လဲ ခေါင်းစဉ် တင်မလိုပါပဲ ခေါင်းစဉ်ကမေးခွန်းက ရှည်လွန်းသည် ထင်၍ ဖတ်သင့်တယ် လို့ ခေါင်းစဉ် တင်လိုက်ရပါသည်။

ဖတ်ရှု ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါသည်။ ကျွန်တော်၏ ကျေးဇူးနဲ့အတူ အသိတရားများလဲ ရအောင်ဖတ်ရှုနိုင်ပါစေ။ စိဝင်စားစရာ မေးခွန်းကတော့ လူတွေ ပြုလုပ်နေတဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေကို ဘယ်သူတွေ ဘယ်လို ခံစားရသလဲ? စာဖတ်သူ ဘယ်သူတွေခံစားသည် ထင်သနည်း။

ဖြေကြမယ် ကိုယ်ပဲခံစားရမယ်ပေါ့။ ဟုတ်တော့ဟုတ်တယ် ဘယ်လိုခံစားသလဲ? အောက်က ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။သက်တော ၉၉ နှစ၊် ၉ လ၊ ၉ ရက် နေတော်မူ သွားသော ဓါတ်တော်ကျ ရဟန္တာဘုန်းတော်ကြီး ဦးသာရွှန်း၏ ဩ၀ါဒ ထဲမှ ထုတ်နုတ် ဖော်ပြချင်းဖြစ်ပါသည်။

၎င်းဩ၀ါဒမှာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ကိုခွဲခြား သိအောင် ရေးသားထားသော ဆောင်းပါ နှစ်ပုဒ် ဖြစ်ပါသည်။၂၀၀၀ ခုနှစ်၏ မိုးတွင်းကာလပင်ဖြစ်၏။ ကျွန်ုပ်နေထိုင်ရာ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းရှေ့တွင် ကုက္ကိုပင်ကြီး နှစ်ပင်ရှိ၏။ အရိပ်အာဝါသကောင်းသဖြင့် လမ်းသွားလမ်းလာများ မကြာခဏ နားခိုကြ၏။ ခုံတန်းရှည်များနှင့် သောက်ရေအိုးစင် တစ်ခုကို စီမံပေးထားခြင်းကြောင့်လည်း လူပုဂ္ဂိုလ်များသာမက ရဟန်းသာမဏေများပင် ၀င်ရောက်နားနေ တတ်ကြ၏။ ဤအမှတ်(၆) ရပ်ကွက်အတွင်းတွင် ဘုန်းကြီးကျောင်းပေါင်း (၇၀) ခန့်ရှိ၏။ ရန်ကုန်ဘုန်းကြီးလမ်းရှိ သရက်တောတိုက် ကဲ့သို့ ဘုန်းကြီးကျောင်း ရပ်ကွက်ကြီးတစ်ခုပင်ဖြစ်၏။

ဤ တစ်ရပ်ကွက်လုံးတွင် ကျွန်ုပ်ကျောင်းမှ ရေသည် အကောင်းဆုံးအလေးပင်ဆုံး ဖြစ်နေခြင်းပင်။ ရန်ကုန်မြို့ပေါ်မှ ဒကာများပင် ဂျိုးဖြူ ရေထက်ပင်ကောင်းသည် ဟု ချီးမွမ်းကြ၏။ ကျွန်ပ် စာချဘုန်းကြီးဘ၀က စာသင်သား သံဃာ (၃၀) ကျော်အတွက် တစ်နေ့လျှင် ရေစည် ၂၀ ခန့် သုံးနှစ်ကြာ တုံကင်နှိပ်လှူခဲ့သော ကုသိုလ်ကြောင့်ဟု ထင်မိ၏။ ထိုသို့ ရေကောင်းသဖြင့်လည်း လူရော ရှင်ရဟန်းပါ နားနားနေနေ ရေ၀င်သောက် ကြခြင်းဖြစ်၏။ ထိုရက်က ကျွန်ုပ်တို့ နေ့ဆွမ်းစားပြီးစအချိန်တွင် ဖြစ်၏။

ကျောင်းရှေ့ ကုက္ကိုပင်အောက်တွက် အသက် အစိတ် သုံးဆယ် ၀န်းကျင်ရှိ မိန်းကလေးသုံးယောက် မယောင်မလည် ရပ်နေသည်ကို တွေ့ရ၏။ သုတို့ အမူအရာမှာ တစုံတခုကို မဆုံးဖြတ်နိုင် ဖြစ်နေဟန်ကို တွေ့ရသဖြင့် ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်၏။ မိန်းကလေး သုံးယောက် မယောင်မလည်နှင့် လိုက်ပါလာကြ၏။ ရောက်လာသော နှစ်ယောက်က ကျွန်ုပ်ကို ဦးချသော်လည်း ကျန်တစ်ယောက်က ဦးမချနိုင်ဘဲ သူ့လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ပ၀ါနှင့် စပယ်ပန်း တစ်ကုံးကိုသာ မျက်လုံးအ၀ိုင်းသာနှင့် စိုက်ကြည့်နေ၏။ ဘယ်လိုသဘောပါလိမ့်ဟု ကျွန်ုပ်ပင် တွေးမရအောင် ဖြစ်သွားသဖြင့် ထုတ်မေးလိုက်ရ၏။ “ ဒါယိကာမလေး အဲဒီလက်ကိုင်ပ၀ါနဲ့ ပန်းမှာ ဘာထူးခြား ချက်ရှိနေလို့လဲပြောပါဦး ” သူက ကျန်နှစ်ယောက်ကို မေးဆက်ပြပြီး ပြောလိုက်ရမလားဟု ခွင့်ပြုချက်တောင်း၏။

ကျန်နှစ်ယောက်က ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်၏။ ထိုအခါ ကျမှသူမသည် လက်ကိုင်ပုဝါနှင့် စံပယ်ပန်းကုံးကို ဘေးကိုချထားပြီး လျှင်ကျွန်ုပ်ကို ဦးချ၏။ ပြီးလျှင် လက်ကိုင်ပုဝါနှင့် စံပယ်ကုံးကို လက်ညှိုးထိုးပြပြီး ပြော၏။အဲထဲမှာ တပည့်တော်တို့အဖွားရဲ့ ၀ိညာဉ်ကောင်လေးရှိတယ်ဘုရား ”“ဟေ”ကျွန်ုပ်ပါးစပ်မှ ထိုအာမေဋိတ်တစ်ခု သာထွက်နိုင်တော့သည်။“ အစအဆုံးရှင်းပြစမ်းပါဦး၊ မင်းတို့ အဖွား ၀ိညာဉ်ကဘယ်လိုလုပ်ပြီး ဒီလက်ကိုင်ပုဝါထဲ ရောက်နေရတာလဲ ”“ ဒီလိုပါဘုရား လွန်ခဲ့တဲ့ တစ်ပတ်က တပည့်တော်တို့ အဖွားဆုံးပါတယ်။ ဒီလက်ကိုင်ပုဝါနဲ့ ပန်းကုံးလေးက အဖွားသုံးခဲ့တာပါ။

သုဿန်မှာသဂြိုဟ်ပြီးတဲ့အခါ ရက်လည်ဆွမ်းကျွေးပြီး အဖွားကို အမျှပေးဦးမယ်။ အခု အိမ်ကိုလိုက်ခဲ့ပါလို့ ပြောပြီး အဖွား ၀ိညာဉ်ကို ခေါ်ခဲ့ကြပါတယ်။ ကျွန်ုပ်မှာ သူတို့ စကားကို ရယ်ချင်သော်လည်း သူတို့ကို အားနာသဖြင့် မရယ်မိပါ။ အလိုက်တသင့်လှမ်းမေးရင်း စိတ်ဝင်တစား နားထောင်နေရသည်။ ဒါနဲ့ မင်းတို့ အဖွား ၀ိညာဉ်က အခုရက်လည်ဆွမ်းကျွေးပြီး အမျှလည်း ဝေပြီးလို့ အဖွားဝိညာဉ်လေးကို အရိပ်အာဝါသကောင်းတဲ့ သစ်ပင်နားမှာ သွားထားပေးပါလို့ မိဘများက ခိုင်းလို့ တပည့်တော် တို့လာထားတာပါ။ အဲဒါ ဆရာတော်က ကျောင်းထဲကို ခေါ်လိုက်တော့ လက်ကိုင်ပုဝါကို ကြမ်းပြင်ပေါ်မှာ ချမိသွားပြီး ”“ အဲဒီတော့ ဘာဖြစ်လဲ ”“ အဖွားဝိညာဉ်လေးက လက်ကိုင်ပုဝါချတဲ့နေရာမှာ နေမှာတဲ့ ဘုရား ၊ အဲဒါဆိုရင် အဖွားဟာ ဆရာတော် ကျောင်းထဲမှာပဲ နေတော့မယ်ထင်တယ် ”“ သြော် လက်စသတ်တော့ မင်းတို့က သရဲလာအပ်တာကိုး။ ရပါတယ်။ ငါ့ကျောင်းက ကျောင်းသား ကိုရင်တင် လက်ခံတာမဟုတ်ဘူး သရဲလဲ လက်ခံတယ် ” ကျွန်ုပ်စကားကြောင့် သူတို့သောကများ တဒင်္ဂပျောက်သွားပြီး ရယ်မောကြသည်။

သူတို့နေထိုင်ရာရပ်ကွက် နှင့် လမ်းကို မေးမြန်းကြည့်သောအခါတွင်မှာ ကျောင်းမှ ဦးပဉ္ဇင်းတစ်ပါး၏ ဆွမ်းခံအိမ်ဖြစ်နေသည်ကို သိ၏။ သူတို့သုံးယောက်တွင် နှစ်ယောက်က ဘွဲ့ရကျောင်းဆရာမများ ဖြစ်ကြ၏။ ထိုနှစ်ယောက်တွင် တစ်ယောက်က စိတ်ဝင်တစား မေးခွန်းတစ်ခုကို မေးလာ၏။ “ဆရာတော် ၀ိညာဉ်ဆိုတာ ဒီလိုခေါ်လို့ရသလား ”“အင်း လောကီရေးမှာသာ ဘွဲ့ရကြတာ။ ဘာသာရေးမှာတော့ မူလတန်းအဆင့်တောင်မရောက်သေးပါလား ” ဟု ယခုခေတ် လူငယ်များအတွက် အားမလို အားမရဖြစ်မိ၏။

ဝိညာဉ် ဆိုတာကိုက မရှိပါဘူး။ လူတစ်ယောက်မှာ အာရုံကို မသိတတ်တဲ့ ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိပါတယ်။မြင်တာကရုပ်၊ သိတာကနာမ်ကြားတာကရုပ်၊ သိတာကနာမ်နံတာကရုပ်၊ သိတာကနာမ်စားတာကရုပ်၊ သိတာကနာမ်ထိတာကရုပ်၊ သိတာကနာမ်တွေးတာကရုပ်၊ သိတာကနာမ်လို့မှတ်ထားပေါ့။ ဒီထဲက အာရုံကို သိစိတ် နာမ်တရားကိုပဲ ၀ိညာဉ် ကောင်လို့ ထင်ပြီး မှန်းဆပြောနေကြတာပါ။ ခုလို ကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်ပေါ့။ ရုပ်အနိစ္စ အမြဲမရှိလို့ ၀ိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အလုံးအခဲ အရည်အဖတ် အမှုန်အမွှား ရယ်လို့ မရှိဘူး။

သဘောတရားမျှပဲရှိတယ်။ ရုပ်ရဲ့ အဓိပ္ပါယ်ကတော့ ဖေါက်ပြန် တတ်တဲ့သဘောတရား လို့ ဖြစ်တယ်။ တစ်ခုခြင်းပြောရရင် ပထ၀ီဓါတ်ဟာ မာတဲ့သဘော ပျော့တဲ့သဘောလေး ပဲပေါ့။ အာပေါဓါတ်ဟာ ဖွဲ့စည်း တဲ့သဘော ယိုစီးတဲ့ သဘောလေး ပဲပေါ့။ ဒီပရမတ်ရုပ်တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ (၅၈၈၀) ကျော်ဖြစ်ပျက်နေကြတယ်။ သိတတ်တဲ့ နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေတစ်သိန်းဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲ ပျက်နေတာပဲ ရပ်နားနေကြတယ် လို့မရှိပါဘူး။

သံဃာ ဆိုတဲ့ စကားနှစ်လုံးကို ပြောလိုက်တဲ့အခါ “သံ ”ကိုပြောသခိုက်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ် တရားတွေဟာ “ ဃာ ” ဆိုတဲ့ ဒုတိယမြောက် စကားလုံးရောက်ချိန်ထိ မခံကြတော့ဘူး။ “ သံ ” ဆိုတဲ့ စကားလုံးပြောပြီးအချိန်မှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီး၊ “ ဃာ ” ဆိုတဲ့ နောက်စကားလုံးကို နောက်ထပ် ရုပ်သစ် နာမ်သစ်နဲ့ ပြောနေရတာပေါ့။ ဒါကြောင့် အမြဲတမ်းမရပ်မနား ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ မပျက်မစီး အမြဲတည်နေတဲ့ ၀ိညာဉ်ကောင် အဖြစ် ဘယ်မှာ ရှိနိုင်ပါ့မလဲ။ ”“ ဒါဆိုရင် သေသွားတဲ့ သူဟာ (၇) ရက်အတွင်း ဘယ်မှ မသွားပဲ အိမ်ဝိုင်းထဲမှာ ပဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား ”“ ဘယ်ဟုတ်တော့မှာလဲ၊ အရင်းလဲ အဖျားထင် ဖြစ်ပေါ့။ ၀ိညာဉ်ကောင်လို့ မှ မရှိပါဘူး ဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇) ရက် လာနေလို့ရပါ့မလဲ ”ယခုလို ရှင်းပြတော့လည်း သူတို့ ထိုက်သင့်သလောက် သဘောပေါက်သွာဟန်တူသည်။

စိတ်ဝင်တစား ရှိလာကြသည်။ တစ်ယောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးခွန်း တစ်ခု မေးလာ၏။ “ ဒီလို အမြဲတမ်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ နောက်ဘ၀ကို ဘယ်လို ကူးသွားသလဲဘုရား၊ ဒီမှာ ၀ိညာဉ်ကောင် မရှိဘူးဆိုရင် အခုဘ၀ပြုခဲ့တဲ့ ကုသိုလ်, အကုသိုလ် ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုး ကို ဘယ်သူတွေက ခံစားသလဲဘုရား ။ ”ယင်းကဲ့သို့သော မေးခွန်းမျိုးကို ကျွန်ုပ် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရ၏။ ဆရာကြီး ဦးဗဂျီငို ရေးသားသော ဂမ္ဘီရ၀ိပဿနာရှုပွားကျမ်း ဒုတိယအတွဲတွင် ဖြစ်၏။ ဆရာကြီး အမေရိကန် ရောက်စဉ်က မေးမြန်းကြသော မေးခွန်းများအနက် တစ်ခုဖြစ်၏။ ယင်းစာအုပ် ၌မေးခွန်းကိုသာ ဖော်ပြထားသော်လည်း အဖြေကိုကား ရေးမထားပါ။ စာပေဗဟုသုတ် ရှိသောသူများအတွက် အဖြေမှာ မခဲယဉ်းဟု ရေးထား၏။ စာပေဗဟုသုတ် မရှိသော သူများအတွက်ကား ခဲယဉ်းသော မေးခွန်းတစ်ခုပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း အသေအချာသိသင့်၏။ ထို့ကြောင့် စိတ်ရှည်ရှည်ပင် ရှင်းပြရ၏။ ပုထုဇဉ်တွေသေရင် ရောက်နိုင်တဲ့ ဘုံငါးမျိုး ရှိတယ်။ လူဘုံရောက်နိုင်တယ်နတ်ဘုံရောက်နိုင်တယ်ငရဲဘုံရောက်နိုင်တယ်ပြိတ္တာဘုံရောက်နိုင်တယ်တိရစ္ဆာန်ဘုံရောက်နိုင်တယ်“ အသူရကာယ်နဲ့ ဗြဟ္မာဘုံရော မရောက်နိုင်ဘူးလား ဘုရား ”“ ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလို ဒေ၀သဒ္ဒါဟာ ဗြဟ္မာကိုလည်း ဟောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါကြောင့် ပြိတ္တာထဲမှာ ထည့်ထားတာ ”ဟိုဘက်ဘုံ အသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်က ဘ၀က ရုပ်တရား နာမ်တရားတွေ တစ်ခုမှ ပါမသွားကြဘူး။ ဒါပေမယ့် ဒီဘ၀က နာမ်နဲ့ ကင်းတော့ မဖြစ်ကြဘူး။ အသစ်ထပ်ထပ်ဖြစ်ကြရတာ။

ဒီဘက်ဘ၀ နေခင်း (၁၂) နာရီက သေမယ်ဆိုရင် ဟိုဘက်ဘ၀ မိခင်ဝမ်းထဲမှာ (၁၂) နာရီတိတိမှာ သွားဖြစ်တယ်။ ရုပ်သစ် နာမ်သစ် အသစ်ဖြစ်တာကို ပြောတာနော်။ ဒီဘက်ဘ၀က ၀ိညာဉ်ကောင်လေးက ဟိုဘက်ဘ၀ မိခင်ဝမ်းထဲဝင်သွားတာလို့ ထင်မနေနဲ့။ သေသွားတဲ့ အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ ဝေတဲ့ အမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ ဘုရား ”“ ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါပေမယ့် ဒီကုသိုလ်တွေက အလကား ဖြစ်မသွားပါဘူး။ ဒီကုသိုလ်ရဲ့ ကောင်းကျိုး, ဆိုးကျိုးကို ပြုတဲ့သူ ခံစားရမယ်။ ဘ၀အဆက်ဆက်တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးဟောင်းတွေ အများကြီးရှိတယ်။

သူတို့တစ်တွေလဲ သာဓုခေါ်နိုင်တယ်။ ”“ ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသူကို ရည်မှန်းပြီး လှူတဲ့ အလှူကိုတော့ ဧကန် မုချပြုသင့်ပါတယ်။ သေပြီး နတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ ပဋိသန္ဓေ ဟာ တစ်ဆက်တည်း နေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ဆိုတာ နောက်ဘ၀မှာ အသစ်ဖြစ်တဲ့ စိတ်။ သူတို့ နှစ်ခု အကြားထဲမှာ ဘာမှမရှိဘူး။ ချက်ချင်းပဲ။ သဂြိုဟ်မှာတော့ အနန္တရမေ၀ဆိုတဲ့ ပါဠိနဲ့ပြတယ်။ မြန်မာလိုတော့ ချက်ခြင်းပေါ့။

ကျန်တဲ့ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်း သွားဖြစ်တာပဲ။ အိမ်နားမှာ (၇) ရက်နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲ ရှိတယ်။ ဒီပြိတ္တာဘုံဘ၀ရောက်ခဲ့လျှင် ကျွတ်လွတ်ပါစေဆိုတဲ့ စေတနာနဲ့ ဆွမ်းသွတ်တဲ့ ကုသိုလ်ကို ပြုကြတာဖြစ်တယ်။ “ ဒီဘက်ဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်လည်းပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာကို ဆက်ရှင်းပါဦးဘုရား ”“ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ပြုတဲ့အခါ ဇောစေတနာတွေ ဖြစ်တယ်။

ဒီဇောစေတနာတွေဟာ နာမ်တရား ဖြစ်လို့၊ ဖြစ်ပြီး ပျက်သွားတာမှန်ပေမယ် နောက်ဘ၀မှာ ကောင်းကျိုး ဆိုးကျိုး ဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ ခေါ်တဲ့ ကံနဲ့ ခန္ဓာ ဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀သစ် ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ ”“ ပုံစံနဲ့ ပြောကြည့်မယ်၊ ကျောင်းဒကာ အနာထပိဏ် သေတယ်။ ကျောင်းလှူတဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားလာဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓအလိုကျ ယူရမှာက နတ်သားလာ ဖြစ်တဲ့အခါမှာ အနာထပိဏ်ဘ၀က ရုပ်တရား နာမ်တရားတွေ နတ်ပြည်ကို တစ်ခုမှ ပါမလာဘူး။ ”“ ဒါပေမယ့် အနာထပိဏ် ရဲ့သေခြင်းနဲ့ ကင်းပြီးတော့ လည်း နတ်သားလာ မဖြစ်နိုင်ပြန်ဘူး ”“ သိပ်ခက်တယ် ဘုရား တပည့်တော် တို့ဉာဏ် နဲ့ မလိုက်နိုင်တော့ဘူး။ ”“ ဒီလိုဆိုရင်လဲ ဥပမာ ပေးပြီး တစ်မျိုးကြိုးစားကြည့်မယ် ဋီကာကျော်ကျမ်းမှာတော့ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုး ပေးထားတယ် ”မီးတိုင်ရယ်တံဆိပ်တုံးရယ်ပဲ့တင်သံရယ်ပဲ။ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။

နောက်တစ်တိုင် ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့ မီးဟာ ပထမအတိုင်က ကူးလာတဲ့ မီးတွေလား။? ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့ မီးတွေလား ? ဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေက ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မီးနဲ့ ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင်ဟာ မီးမတောက်နိုင်ပါဘူး။ ထို့အတူ ကျောင်းဒကာအနာထပိဏ်ဘ၀က ရုပ်နာမ် တရာတွေဟာ နတ်ပြည်ကို တစ်ခုမှ ကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ ကင်းပြီးတော့လည်း နတ်ပြည်မှာ နတ်သား လာမဖြစ်နိုင်ပါဘူး။

အကြောင်းအကျိုး ဆက်သွယ်မှုလောက်ပဲရှိတယ် လို့ယူရမှာပေါ့။တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်းခေါင် ပေါ် ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့ နေရာမှာ သင်္ကန်းမှာ ထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ် မဟုတ်ဘူး။ ဒါပေမယ့် သံပြားက ဂဠုန်ရုပ်နဲ့ ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့ အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်ကကျောင်းဒကာ အနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ် နာမ်သစ် ထပ်ဖြစ်တာပါး ဒါပေမယ် လူ့ပြည်က အနာထပိဏ်နဲကလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါကတံဆိပ်တုံး ဥပမာပေါ့။ပဲ့တင်သံ ဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ “ဟေး”်ကနဲ တစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ၊ တတိယ ပဲ့တင်သံများပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့ အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့ လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။

အကြောင်းအကျိုး ဆက်စပ်မှုကတော့ ရှိနေပါတယ်။ ထို့ အတူ နတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲ့ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာထပိဏ်ရဲ့ ရုပ်နာမ်နဲလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင် ၀ိညာဉ်ကောင်ပါမသွားပဲ ဘ၀သစ်ဖြစ်ပုံကို မင်းတို့ နားလည်လောက်ပြီး ထင်တယ် ”“ မှန်ပါ နားလည်ပါပြီးဘုရား ”“ တကယ်နားလည်သွားတယ် ဆိုရင်တော့ သိပ်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်နာမ် တစ်ပါးပါးကို မပျက်မစီး အမြဲတည်တယ်လို့ အယူမှားတဲ့ သဿတဒိဋ္ဌိ ခံနေရင် ၀ိပဿနာ အားထုတ်တေင် တရားမရဘူး ဖြစ်တတ်တယ်။

အခုလို ရှင်းရှင်းလင်း လင်း နားလည်သွာတယ်ဆိုရင် မဂ်လမ်း ဖိုလ် လမ်း ပွင့်သွားတာပေါ့။”ကောက်နုတ်ချက်လေးကတော့ ဒါပါပဲ။ စာဖတ်သူ သူငယ်ချင်းများလဲ မိမိသန္တာန်မှာ စွဲထင်နေသော အယူမှား အသိမှားများကို ပယ်သတ်နိုင်သော အကြောင်းအကျိုး နှစ်ပါးကို ဝေဖန်ပိုင်းခြားနိုင်သော, လူတော်လူကောင်း များဖြစ်နိုင်ကြပါစေ။ ဥပမာများနဲ့ ရေးသား ဖော်ပြှရှင်းပြထားသော ဆရာတော်ကြီးများကိုလဲ အစဉ်ဦးခိုက်ရိုသေလျှက်-
မှတ်ချက်။ ။
အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ “ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ” စာအုပ်မှ


Read more...

သာသနာတော်အရေးတွေးပေး ပါ


ပထမတော့စာရေးချင်တဲ့စိတ်ပျောက်သွားသလိုခံစားလိုက်ရတယ်ပြီးတော့ဘလော့ကိုဖျက်ပစ်မယ်လို့စဉ်းစားမိ တိုင်း၊နှမျှောမိနေတယ်၊
ဘာရုပ်မှပေါက်တဲ့ဘလော့ဆိုပေမဲ့သုံးနှစ်နီးပါးတွယ်ဖက်မိခဲ့သောစာမျက်နာလေးကိုတော့၊ ဖက်တွယ်နေမိတယ်လေ၊ညကစဉ်းစားရင်းစာပြန်ရေးမယ်လို့၊ဆုံးဖြတ်မိပြန်တယ်။
ကျနော်ရေးနေကြအတိုင်းပေါ့ လေ ဘာသာရေးကိုဇောင်းပေးပြီးတော့ပဲဘလော့အသစ်ပြန်လုပ်မယ်ပေါ့။

ကျနော်ဘာသာရေးကိုဇောင်းပေးရတဲ့ အကြောင်းကတော့၊တရားတော်ရဲ့သိမ်မွေ့နက်နဲမှုကို၊၀ိုင်းပြီးမျှဝေခံစားဖို့၊နောက်ပြီးတော့သာသနာတော်ဟာ ကျ နော်တို့တိုင်းပြည်ရဲ့အသက်၊ ကျနော်တို့လူမျိုးတွေရဲ့ဂုဏ်သိက္ခာ၊ပြီးတော့ကမ္ဘာ့ငြမ်းချမ်းရေးကိုတည်းဆောက်နိုင် စွမ်းရှိတဲ့တစ်ခုတည်းသောဘာသာတရားလေ၊သာသနာတော်လို့ဆို လိုက်တာနဲ့၊သာသနာတော်နဲ့ဆက်စပ် နေတဲ့၊သာသနာတော်ကိုစတင်တည်ထောင်သူ၊မြတ်စွာဘုရား။
ပြီးတော့မြတ်စွာဘုရားရဲ့သင်ကြားချက်တွေဖြစ်တဲ့ဓမ္မ၊နောက်တော့သံဃာတော်တွေ၊ကနေ့ထိသာသနာတော်အတွက်အသက်ပေးခဲ့ကြကုန်သော၊အသက်ပေးနေကကုန်သော၊ဘ၀တစ်ခုလုံးပုံပြီးသာသနာ့တော် အတွက်တာဝန်ထမ်းရွက်နေကြကုန်သော..သံဃာတော်တွေပါတယ်

ပြီးတော့ဥပသကာတွေ၊ဥပသကီတွေရှိနေတယ်၊နောင်လာမဲ့မျိုးဆက်တွေလက်ထဲကို၊ဘုရားအလိုတော်ကြဘုရားဝါဒကို ၊ကျနော်တို့ချပေးနိုင်အောင်ဝိုင်းပြီးလုပ်ရပါ့မယ်၊ရင်ထဲကိန်းအောင်ပျိုးထောင်ပေး၇ပါလိမ့်မယ်၊ဗုဒ္ဓဘာသာ လို့အမည်ခံထားသူတိုင်းမှာ၊ဒီတာဝန်ဟာသမိုင်းပေးတာဝန်ပါ၊မသိသလိုနေကြရင်..မသိသလိုပြဲဖစ်သွားလိမ့်မယ်။

သာသနာတော်ကို၊ဘုရားကို၊တရားတော်ကို၊သံဃာတော်ကိုရင်မှာမရှိပဲ၊နုတ်ဖျားလုပ်ယုံလေးနဲ့တော့လူကြား ကောင်းယုံလေးမချစ်ကြပါနဲ့လို့တောင်းပန်လိုပါတယ်၊တစ်ခြားဘယ်သူ့ကိုမှ လည်းအဲ လိုရင်ထဲမရှိပဲနဲ့ ချစ်ကြရင် ဒုက္ခပေးသလိုဖြစ် တတ်တယ် လေ၊။

ချစ်ခြင်းရဲ့တခြားသောမျက်နာစာမှာ၊ကိုယ်ချစ်တဲ့သက်ရှိ၊သက်မဲ့အရာအားလုံးအတွက်အနစ်နာခံစွန့်လွတ်မှု၊၀မ်း မြောက်ဝမ်းသာပေးဆပ်လိုမှုနဲ့ပေးဆပ်မှုဟာ၊
မိုးကောင်းကင်နဲ့တိမ်တိုက်တွေ လို၊
မီးနဲ့ မီးရောင်လို၊ခွဲခြားလို့ မရ ဘူး၊ဒီတော့ ချစ်ရင်အနစ်နာခံပါ၊
အနစ်နာခံမှုမရှိတဲ့ချစ်ခြင်းဟာ၊
ရနံ့ကင်းတဲ့ပန်း၊ဆားမပါတဲ့ဟင်းလိုပဲ..ဘာမှလုပ် လို့မရ ဘူးလေ။

ကျနော်ကတော့အဲလိုပဲမြင်တယ်၊နားလည်တယ်၊ကျင့်တယ်၊သာသနာတော်ဟာကျနော်တို့အတွက်အဖိုးမဖြတ်နိုင်မှန်း၊သိနေရက်နဲ့၊ဘရမ်းဗတာဖြစ်ခွင့်ပေးထားရင်၊သာသနာတော်ကိုလုပ်ချင်သလိုလုပ်၊ငါမလုပ်ရင်ရပြီလို့သဘောပိုက်ပြီးနေကြရင်နောင်အနှစ်တရာ၊ဗမာပြည်မှာစစ်မှန်တဲ့သာသနာတော်ရှိနေပါဦးမလား?
ဘူတန်လို၊အန္ဒိယလို၊တိဗက်လို၊တခြားဗုဒ္ဓဘာသာရောက်ခဲ့ဖူးတဲ့နိုင်ငံတွေလိုဖြစ်မသွားနိုင်ဘူးလား?ဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ်က၊မဟာသတိပဋ္ဌာနသုတ်ကိုဟောတော်မူခဲ့တဲ့ကုရုတိုင်းဟာ၊ယခုတိဘက်ပြည်နေရာပါလို့ကန္နီဆရာတော်ကြီးပြုစုတော်မူတဲ့သစ္စာပါရဂူ၊ယောဂီပါရဂူကျမ်းတွေမှာအတိအလင်းတွေ့ရတယ်၊ဒီလောက်သာ သနာတော်အတွက်အရေးကြီးတဲ့ မဟာသတိပဋ္ဌာနသုတ်ကိုဟောခဲ့တဲ့ တိဗက်မှာ သာသနာတော်ရဲ့အနစ်အသား
ဖြစ်တဲ့ဝိပဿနာတရားတော်မကျန်ခဲ့ဘူးလို့ ထင်ရပါတယ်၊ဘာကြောင့်လည်းဆိုတာကိုတော့ သမိုင်းပညာရှင်နဲ့ သုတေသီတွေ ပိုပြီးသိမှာပါ၊။

အခုအွန်လိုင်းပေါ်မှာ..တချိန်တုံးက၀ိနိစ္ဆယချထားပြီးဖြစ်တဲ့ဗာလဓမ္မတွေပြန်ပြီးအသက်ဝင်လာနေသလို၊ဘုရားတောင်မှမှားနေတယ်လို့ပြောတဲ့အသံတချို့လည်းကြားနေရပါတယ်၊

ဒါသာသနာတော်အတွက်မကောင်းတဲ့ဟာတွေပါ၊ ပြီးတော့ရါပ်သာတောင် ခြေတစ် လှမ်း မထိုး ဘူးတဲ့သူများက သောတာပန်ဖြစ် နေကြတာကို ကျနော့်မိတ်ဆွေဆရာဝန်ကြီးပြောတာ သိရတယ်၊ရင်မောပါတယ်၊ ။

တကယ်တမ်းတရားတော်ကို သိချင်တတ်ချင်နားလည်ချင်ရင်ဆရာရှာပါ၊ သေသေချာ ချာ သင်ပါ၊ အားထုတ်ပါ လို့မေတ္တာရပ်ခံခြင်ပါတယ်၊ လက်ထပ်သင်မှရတာပါ၊

ဥပသကာတို့ညံ့တယ်ပြော လည်းရပါတယ်၊စာဖတ်တာ နဲ့ လက်တွေ့ လုပ်တာဟာတစ်ခြားစီပါ၊ ရိပ်သာတစ်ခု တည်းမှာတင် အချိန်ယူပြီး (၁) လ (၂) လလောက် လုပ်ကြည့်စေချင်ပါတယ်၊ ဘယ်နည်း ကောင်းတယ်ဆိုတာကိုတော့ ကိုယ့် တိုင်ရွေးချယ်ရမှာပါ။

ရမ်းလုပ်ရမ်းပြောတာနဲ့လုပ်ကြည့်ပြီးပြောတာကွာပါတယ်စာဖတ်ရုံသက်သက်၊တွေးတောကြံစည်နေရုံသက်သက်နဲ့ ဘုရားဆို လိုတဲ့သစ္စာတရားကို ဘယ် တော့မှ မသိပါ ဘူး၊ ဆရာဆိုတဲ့နေရာမှာလည်း လူဆရာ၊ရဟန်းဆရာ၊စာဆရာ အား လုံး လို ပါတယ်၊

ကျနော်ကိုတိုင်လည်းအမှားမကင်းခဲ့ပါ၊ရိပ်သာကထွက်ပြေးဖူးသလို၊စိတ်ကြီးဝင်ပြီးဓုတင်ဆောင်တာသေးမှတ်တတ်လူး အောင် ကြောက်လှန့်ထွက်ပြေးခဲ့ဘူး ပါတယ်။

ထိုင်ရက်အိပ်ပျော်နေတာကို ဈာန်ဝင်စားတေယ်လို့ ထင်ဘူး သလို၊ဟို ပဲရောက်နေသလို ထင်ခဲ့ ဖူးပါတယ်၊ နောက်ဆုံးတော့ ဘာမှ မဟုတ်သေးမှန်သိလာ တယ်၊

အခု လည်း ဘာမှ မဟုတ်သေးပါလိုပြော လိုပါတယ်၊။ သာသနာတော်ရဲ့တကယ့် အနှစ်ကို တွေ့ ချင်ရင်ဆရာကောင်းကိုရှာကြပါ လို့မေတ္တာရပ်ခံလိုက်ပါတယ်။
လိပ်စာလည်းပြောင်းပါတယ်ခင် ဗျ
http://upasaka969.wordpress.com/ ပါ



Read more...

ဆင်းရဲသားပပျောက်ရေးတရားတော်.....၆

သီရိဓမ္မာ သောက မင်းကြီးရဲ့ အဘိုးထင်ပါရဲ့၊ တိုင်းရေးပြည်ရေး ကိစ္စ မအောင်မမြင် အခက်အခဲဖြစ်နေ တုန်း စနည်းနာ ထွက်တဲ့အခါ သာမန်အမျိုးတစ်ယောက်က သူ့သားကို ပြောလိုက်တဲ့စကား အားလုံးသိကြပြီးသားပါ။ မုန့်ဆီကြော်လို ၊ မုန့်အိုးကင်းပူလို မုန့်မျိုး အလယ်ကောင်က နှိုက်စားလို့ အပူလောင်ပြီး မစားနိုင်တဲ့ သားကို မုန့်အနားစွန်းက စပြီး ဖဲ့စားဖို့ ပြောလိုက်တဲ့ စကား။

ဒါဟာ သာမန်အမျိုးသမီး တစ်ယောက် က ပြောလိုက်တဲ့ စကားပါ။ တကယ့် တိုင်းရေးပြည်ရေး လုပ်နေတုန်း အခက်အခဲ အကျပ်အတည်း တွေ့နေတဲ့သူ ကြားလိုက်ရတော့ သဘောပေါက်ပြီး လိုက်သွားနိုင်လိုက်တာ ဘယ်လောက်ထိ အောင်မြင်သလဲ မမေးနှင့် သီရိဓမ္မာ သောက မင်းကြီးတို့ ဆွေစဉ် မျိုးဆက်ကြီးတစ်ခုလုံး တည်ထောင်နိုင်တာ အဲဒီစကားရဲ့ ကျေးဇူးပါပဲ။ ဒါကြောင့် နိုင်ငံကောင်းစားရေး၊ အများအကျိုးရှိရေး၊ ပြုလုပ်ကြရာမှာ စည်းရုံးရေးနှင့် နည်းပညာဟာ အဓိက အကျဆုံးပါပဲ။

အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ သတိပြုရမှာက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာများကို ဖြန့်ဝေ အကူအညီပေးကြတဲ့ အခါ သက်ဆိုင်ရာ အလုပ်လုပ်သူတွေ အနီးမှာ သက်ဆိုင်ရာ နည်းပညာ ဖြန့်ဝေတဲ့ ဋ္ဌာနရှိနေဖို့ပါပဲ။ အလုပ်မလုပ်သူတွေထံမှာ နည်းပညာဟာ အသုံးမ၀င်ပါဘူး။ အလုပ်လုပ်သူတွေ ထံမှာတော့ နည်းပညာဟာ အရေးကြီးဆုံးလိုအပ်ချက်ပါပဲ။

ဒါကြောင့် အလုပ်လုပ်သူတွေ အနားမှာ သက်ဆိုင်ရာ အလုပ်နှင့်ပတ်သက်တဲ့ နည်းပညာ အကူအညီ ပေးရေးဋ္ဌာနတွေ ရှိနေဖို့ လိုပါတယ်။ သာမန် အလုပ်လုပ်သူ တစ်ယောက် အသုံးချ တတ်အောင် သင်ပြပေးနိုင်တဲ့ အကူအညီပေးနိုင်တဲ့ အမျိုးအစားမျိုးလည်း ဖြစ်စေရပါမယ်။ နည်းစဉ် - ၃ မဟာဝိဇိတာဝီ ဘုရင်ကြီးနှင့် သူ့ပုရောဟိတ် နောက်တစ်ခု ပြောကြရအောင်၊ ရှေးတုန်းက မဟာဝိဇိတာဝီ ဆိုတဲ့ ရှင်ဘုရင်တစ်ပါး ရှိတယ်။ သူ့ပုရောဟိတ် ကြီးက ဘုရားအလောင်းတော်ကြီးပါ။

မဟာဝိဇိတာဝီ မင်းကြီးက ပစ္စည်း ဥစ္စာ အလွန်ကြွယ်ဝ ချမ်းသာတယ်။ တစ်နေ့တော့ ပုရောဟိတ်ကြီးကို ခေါ်ပြီး တိုင်ပင်တယ်။ `ပုရောဟိတ် ကြီး ……….. အလှူဒါနကြီးပြုချင်တယ်။ စီစဉ်ပေးပါလို့ တိုင်ပင်တယ်။ ဒီတော့ `ပုရောဟိတ်ကြီးက စဉ်းစားတယ်။ ရှင်ဘုရင်က ချမ်းသာနေပေမယ့်လို့ တိုင်းပြည်က ဆင်းရဲနေတယ်။

ရှင်ဘုရင်ခမျာလည်း အလှူဒါန ပြုရပေမယ့်လို့ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက ရှင်ဘုရင်က သာ ပေါလို့ လှူပေမဲ့ တိုင်းပြည်က ဆင်းရဲလိုက်တာ လွန်ပါရော လို့ ပြောကြတဲ့ အသံကို ကြားရလျှင် စိတ်မချမ်းသာဖြစ်ပြီး ပရစေတနာ ချို့တဲ့ နိုင်တယ်။ ဒါန ကုသိုလ်အတွက် အနှောက်အယှက်ဖြစ်မှာ စိုးရတယ်။

ဒါနကုသိုလ် အားလုံး အပြည့်အ၀ ရရှာမှာ မဟုတ်ဘူး။ ဒါကြောင့် တစ်တိုင်းပြည်လုံးချမ်းသာအောင် အရင်လုပ်ပေးဖို့ တိုက်တွန်းမယ် ဆိုတဲ့ စိတ်ထားနှင့် ရှင်ဘုရင်ကို လျှောက်တင်သတဲ့။ အရှင်မင်းကြီး……… အရှင်မင်းကြီးက အလှူဒါန ပြုသော်လည်း တိုင်းပြည်မှာ သူခိုး ဓားပြသူပုန်တွေ ရှိနေပါတယ်။ အရှင်မင်းကြီးရဲ့ အလှူဒါနပွဲကို စိတ်ချလက်ချ စိတ်အေးချမ်းသာစွာ တိုင်းသူပြည်သားတွေ လာနိုင်ကြမှာ မဟုတ်ပါဘူး။ သူခိုး ဓားပြသူပုန်တွေ ကင်းဝေးအောင် အရင်လုပ်ပေးသင့်ပါတယ်။

ဒီတော့ ဘုရင်ကြီးက ပြောတယ်။ သူခိုးဓားပြသူပုန် ကင်းဝေးအောင် စိတ်ဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေးပြီး ဖမ်းခိုင်းလိုက်ပါလားတဲ့။ အရှင်မင်းကြီး သူခိုး ဓားပြ သူပုန်တွေ ကို ဖမ်းဆီး အပြစ်ပေးရုံနှင့် မငြိမ်းအေး နိုင်ပါဘူး။ နောက်ထပ် နောက်ထပ် သူခိုး ဓားပြ သူပုန်တွေ ထပ်ထပ်ပြီး ပေါ်လာအုံးမှာ ပါပဲ။

လာကြောင့်လဲဆိုတော့ ဆင်းရဲမွဲတေလို့ သူခိုး ဓားပြ သူပုန်တွေ ဖြစ်လာကြလို့ပါပဲ။ ဆင်းရဲမွဲတေ မှု ကို မတိုက်ဖျက်နိုင်သမျှ သူခိုး ဓားပြ သူပုန်တွေ ကင်းဝေးအောင် လုပ်နိုင်မယ် မဟုတ်ပါဘူး။ `ဒါဆိုလျှင် ဘာလုပ်ကြမလဲ´

Read more...

Mon 22nd June – A. Brahm


Monday June 22nd popular Dhamma teacher Ajahn Brahm will be leading a one day workshop at the WFB headquarters on Sukhumvit. There will be an evening dhamma talk open also to those who did not manage to attend the whole day.

English Mediation Retreat & Dhamma Talk
by Ajahn Brahm
Abbot of Bodhinyana Monastery, Western Australia

Date: Monday 22nd June 2009
Venue: World Fellowship of Buddhist Headquarters
Benjasiri Park, between Sukhumvit 22 & 24
‘Loving Kindness Meditation’Day Retreat:
Time:09.00-10.00 Registration
10.30-12.30 Dhamma talk and meditation – Morning Session
12.30-13.30 Lunch break (Lunch will be provided)
13.30-15.30 Dhamma talk and meditation – Afternoon Session
15.30-16.30 Questions & Answers
End of program250 seats are available in the main meditation hall.For floor sitting, please bring your own cushionsReservation is required for day retreat program at wfb.bkk@gmail.com
You will receive the confirmation code which is required for registration.For all confirmed meditators, kindly come and register before 10 am.After 10 am, all the no show confirmed seats will be allocated to the walk inmeditators.
Evening Talk:
‘Not MEEvening Talk:Not MINENot A SELF’
Time: 18.00 – 18.45
Registration: Drink and light meal will be provided
19.00 – 20.00 Dhamma talk
20.00 – 21.00 Questions & Answers
End of program
No reservation is required for the evening talkFor more information please contact Khun Lomdao Tel: 085 705 1177Listening to Ajahn Brahm talks please check http://www.bswa.org/FREE admission. ALL are welcome
click images for larger versions….
click images for larger versions….






Read more...

THE LIFE OF THE BUDDHA


THE LIFE OF THE BUDDHA
Part-(1)
The Shakya clansmen dwelled along the Rohini River that flows among the southern foothills of the Himalayas. Their king, Shuddhodana Gautama, had settled his capital at Kapilavastu and there had a great castle built and ruled wisely, winning the joyful acclaim of his people.
The Queen’s name was Maya. She was the daughter of the King’s uncle who was also the king of a neighboring district of the same Shakya clan.For twenty years they had no children. But, one night, dreaming a strange dream, in which she saw a white elephant entering into her womb through the right side of her chest, Queen Maya became pregnant.
The King and the people looked forward with joyful anticipation to the birth of a royal child. According to their custom, the Queen returned to her parents’ home for the birth, and on her way, in the beautiful spring sunshine, she took a rest in Lumbini Garden.All about her were Ashoka blossoms and in delight. Since she reached out and pluck a branch withe her right arm, as she did so, a prince was born. All expressed their heart-felt delight with the glory of the Queen and her princely child: Heaven and Earth rejoiced. This memorable day was the eight day of April.When the king saw the child he felt as if all his wishes had been fulfilled and he named the young prince, Siddhartha, which means, “Every wish fulfilled.”In the palace of the King, however, delight was quickly followed by sorrow, for after several days the lovely Queen Maya suddenly died. Her younger sister, Mahaprajapati, became the child’s foster mother and brought him up with loving care.A hermit, called Asita, who lived in the mountains not far away, noticed a radiance about the castle and, interpreting it as a good omen. He came down to the palace and was shown the child.
He predicted: "This prince, if he remains in the palace, when he grown up, will become a great king and subjugate the whole world. But if he forsakes the court life to embrace a religious life, he will become a Buddha, the Saviour of the world."At first the King was pleased hearing this prophecy, but later he started to worry about the possibility of his only one son leaving the palace to become a homeless recluse.
At the age of seven, the Prince began his lessons in the civil and military arts, but his thoughts more naturally tended to other things. One spring day, he went out of the castle with his father and they were watching together to the farmer at his plowing. He noticed that a bird descending to the ground and carrying off a small worm which had been turned up from the earth by the farmer's plough. He sat down in the shade of a tree and thought about it, whispering to himself:"Alas..! Do all living creatures kill each other.
"He, who had lost his mother so soon after his birth, was deeply affected by the tragedy of these little creatures.This spiritual wound deepened day be day as he grew up; like a little scar on a young tree, the suffering of human life became more and more deeply engrained in his mind.
The King was increasingly worried as he recalled the hermit's prophecy and tried in every possible way to cheer the Prince and to turn his thoughts toward other directions. The King arranged the marriage of the Prince at the age of nineteen to the Princess Yashodhara who was the daughter of Suprabuddha, the Lord of Devadaha Castle and a brother of the late Queen Maya.
ကိုးကားရန် Eng_ Dictionary

Read more...

ဘာသာရေး ပြဿနာ ( ၂ )

( လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည် )

လယ်တီဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ် ၁၉၂၀-ပြည့်နှစ်၌ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်ကြီးအချို့က လယ်တီဆရာတော်ဘုရားကြီးအား မိမိတို့ နားလည်လိုသည့် ဗုဒ္ဓတရားတော်ဆိုင်ရာ ပုစ္ဆာများကို မေးမြန်းကြပါသည်။ ယင်းပုစ္ဆာများကို ၁၉၂၀-ပြည့်နှစ် နိုဝင်ဘာလထုတ် ကိုလံဘိုမြို့ ဗုဒ္ဓဘာသာသတင်းစာတွင် ဖော်ပြထားပါသည်။

( မေး )ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခွဲခြားခြင်း မရှိလျှင် ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်ပါမည်နည်း။ရှေးဦးစွာ ဗုဒ္ဓဘာသာ၌ ဒေသနာအပြား, သာသနာအပြားကို ပြဆိုရာ၏။ဒေသနာသည် ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာ-ဟူ၍ နှစ်ပါးအပြားရှိ၏။

ထိုတွင်-၁။ ဝေါဟာရဒေသနာ-ဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ရှိသည်၊ သတ္တ၀ါရှိသည်၊ အတ္တရှိသည်၊ ဇီဝ ရှိသည်-ဟု လောကီဘုံသား လူအများတို့ မှတ်ယူပြောဆိုကြသော စကားမျိုးသည် ဝေါဟာရမည်၏။ ထိုဝေါဟာရ ရှိကြသည့်အတိုင်း ဟောတော်မူသော ၀ိနည်းဒေသနာ၊ သုတ္တန်ဒေသနာများသည် ဝေါဟာရဒေသနာမည်၏။

၂။ ပရမတ္ထ ဒေသနာ ဆိုသည်ကား-လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တ၀ါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာရှိသည်-ဟု ဟောတော်မူသော အဘိဓမ္မာဒေသနာတော်သည် ပရမတ္ထဒေသနာ မည်၏။အဓိသီလ သာသနာ, အဓိစိတ္တ သာသနာ, အဓိပညာ သာသနာ-ဟူ၍ သာသနာအပြား သုံးပါးရှိ၏။

ထိုတွင်-၁။ သူ၏အသက်ကို မသတ်အပ်၊ သူ၏ဥစ္စာကို မခိုးအပ်-အစရှိသည်ဖြင့် ဆုံးမတော်မူသော သာသနာသည် အဓိသီလ သာသနာမည်၏။

၂။ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အစရှိသည်ဖြင့် ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိစိတ္တ သာသနာမည်၏။

၃။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ အတ္တ၊ ဇီဝ၊ ဟူ၍ မရှိ၊ ရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစုမျှသာ ရှိ၏။ ထိုရုပ်ဓာတ်အစု၊ နာမ်ဓာတ်အစု သည်လည်း အနိစ္စသာဖြစ်၏။ ဒုက္ခသာဖြစ်၏၊ အနတ္တသာဖြစ်၏၊-ဟု ပွားများကြစေရန် ဆုံးမတော်မူသော သာသနာသည် အဓိပညာ သာသနာမည်၏။ထိုတွင် အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ၊ နှစ်ပါးသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာဖြစ်၏။

အဓိပညာ သာသနာသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာဖြစ်၏။( ဖြေ )ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းမရှိ-ဟူသော စကားသည် ပရမတ္ထဒေသနာ၏ ဆိုင်ရာပေတည်း။ ဒုစရိုက်အတွက် မည်သို့တာဝန်ရှိနိုင်မည်နည်း-ဟူသော စကားသည် ဝေါဟာရဒေသနာ၏ ဆိုင်ရာပေတည်း။အဓိသီလ သာသနာ၊ အဓိစိတ္တ သာသနာ-ဟူသော သီလ၀ိသုဒ္ဓိ စိတ္တ၀ိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာကို လွှန်၍ဆိုခြင်းငှါ မတတ်ကောင်း၊အဓိပညာ သာသနာဟူသော ဒိဋ္ဌိဝိသုဒ္ဓိကို ပြဆိုရာ၌ ဝေါဟာရဒေသနာနှင့် ပြဆိုခြင်းငှါ မတတ်ကောင်း၊ ပရမတ္ထဒေသနာ၏ ဆိုင်ရာသာဖြစ်၏။ပုစ္ဆာ၌မူကား ဝေါဟာရဒေသနာအရာနှင့် ပရမတ္ထဒေသနာအရာ ထွေးယှက်လျက်ရှိ၏။ အထက်က ပြောဆိုခဲ့သော ဒေသနာအပြား၊ သာသနာအပြား နှင့် ထောက်ထား၍ ယူလေ။*******************************************************************************( မေး )ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ ခြားနားခြင်းရှိလျှင် ၄င်းသဘောတရားသည် အနိစ္စ သဘောတရားနှင့် ညီညွတ်ပါ၏လား။

( ဖြေ )ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး မည်သည် တဘ၀မှာ တခါသာ သေမြဲဖြစ်၏။ တဘ၀မှာ အခါခါ သေသည်ဟူ၍ မရှိ။ အနိစ္စမျိုး မည်၏။ ဗုဒ္ဓဘာသာ၌ အနိစ္စဆိုသည်ကား ရုပ်တရား၊ နာမ်တရားတို့၏ ချုပ်ခြင်းကို ဆိုလိုသည်။ ထိုရုပ်တရား နာမ်တရားတို့၏ ချုပ်ခြင်းမည်သည် မျက်တောင်တခတ်၊ လျှပ်တပြက် ခဏအတွင်းမှာ အကြိမ်များစွာ ချုပ်၏ ပျက်၏။
ထို့ကြောင့် ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး-ဟူ၍ အမှန် မရှိပါ။ဧကန်ရှိ ယူခဲ့လျှင် အနိစ္စ၀ိပဿနာဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။အနိစ္စ၀ိပဿနာဉာဏ်ကို ပေါက်ရောက်လျှင် ထိုအယူသည် ပျက်၏။ ထိုအယူပျက်မှပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်နိုင်၏။********************************************************************************


Read more...

ဈာန်မဂ်ဖိုလ်တရားကို မျက်မှောက်ပြုရန်မထိုက်...

ဥတ္တရိမနုဿဓမ္မသုတ် ... (ဈန်မဂ်ဖိုလ်တရား)

ရဟန်းတို့ တရား ခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးရန် စွမ်းနိုင်သောမြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။အဘယ်ခြောက်မျိုးတို့နည်းဟူမူ...သတိလွတ်ကင်းမှု၊ဆင်ခြင်ဉာဏ် မရှိမှု၊ဣနြေ္ဒတို့၌ တံခါးကို ပိတ်မထားမှု၊စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ပလွှား ကြွားဝါမှု၊မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့ကို မပယ်မူ၍ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် မထိုက်။ရဟန်းတို့ တရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...သတိ လွတ်ကင်းမှု၊ဆင်ခြင်ဉာဏ် မရှိမှု၊ဣနြေ္ဒတို့၌ တံခါးကို ပိတ်မထားမှု၊စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ ပလွှားကြွားဝါမှု၊မြှောက်ပင့် ရှုတ်ချ၍ ဟောပြောမှုတို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ကိလေသာကို ဖျက်ဆီး ခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော၊ လူတို့၏ (ကုသိုလ်ကမ္မပထ) တရားထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မျက်မှောက်ပြုရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

77၃ - ဥတ္တရိမနုဿဓမ္မသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အဂုင်္တ္တိုရ်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။


သာဓု... သာဓု... သာဓု...။

Read more...

သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…

``သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့`` ဤစာသားလေးကား မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ် စာအုပ်တွင် ပါရှိသည့် စာသားလေးဖြစ်၏။ ဗုဒ္ဓဓမ္မကို အခြေခံ စပ်ဆိုထားသည့် စာစုလေးလည်း ဖြစ်၏။

ဤစာစုအပြည့်အစုံမှာ ``သဒ္ဓါ ပညာ၊ သမာ ၀ီရိ၊ စောင်းနှယ်ညှိလော့၊ လောကီဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါမဆွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန်နှင့်၊ သားမွန်လိမ္မာ၊ ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀င်္ကံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီး၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စွရှင်၊ ၀ီရိဆိုး၊ ညဉ့်ကိုနိုးမူ၊ သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ်စိတ်က၊ သတိမလော့၊ ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့`` (မဃဒေ၀လင်္ကာသစ်၊ ပိုဒ်၊ ၁၉၂၊ နှာ ၁၂၃) ဟူ၍ဖြစ်၏။

ဆရာတော်ကြီး၏ ဤလင်္ကာလေးကား ဘုရားဟောတရားကို ကဗျာလင်္ကာအဖြစ် ပြန်လည်တင်ပြထားခြင်း ဖြစ်၏။ လောကသားတို့၏ ပစ္စုပ္ပန် ကောင်းကျိုး၊ သံသရာကောင်းကျိုးကို ရည်ညွန်းဟောကြားထားသည့် မြတ်ဗုဒ္ဓ၏ ဤဓမ္မသည် မည်သည့်အရာမဆို အစွန်းမရောက်ကြရန် သတိပေးစကား ပြောကြားနေသကဲ့သို့ ဖြစ်၏။ တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ တစ်ခုတည်းကိုသာ စွဲကိုင်ပြီး မလုပ်မိကြရန်နှင့် မျှမျှတတဖြစ်စေရန်၊ တစ်ဘက်က အားကောင်းပြီး တစ်ဘက်မှာ အားနည်းနေမှု မဖြစ်စေဘဲ နှစ်ဘက်ညီမျှစေရန် ဆင်ခြင်လုပ်ကိုင်သင့်ကြောင်း ညွှန်ကြားမှုပေးထား၏။

ဤဓမ္မတွင် နှစ်ဘက်ညီနေရမည့် တရားနှစ်စုံရှိကြောင်း ဖော်ပြထား၏။ သဒ္ဓါ ပညာ ညီညွတ်မျှတစေမှုနှင့် သမာဓိ ၀ီရိယ ညီမျှနေမှုဟူသော နှစ်ဘက်ညီတရား နှစ်စုံကို ဟောကြားပေးထား၏။ ထိုတရားများကို ညီမျှစေရန် သတိတရားသည် အချုပ်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြသတော်မူ၏။ဤသဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သတိ၊ သမာဓိဟူသော တရားငါးကို အဘိဓမ္မာတွင် ဣနြေ္ဒငါးပါးအဖြစ်ဖြင့်လည်းကောင်း၊ ဗလ (ဗိုလ်)ငါးပါး အဖြစ်ဖြင့်လည်းကောင်း ဖော်ပြကာ ဗောဓိပက္ခိယတရားများတွင် ထည့်သွင်းထား၏။

ဗောဓိဉာဏ်ကို ရရာရကြောင်း အထောက်အကူပြု တရားများအဖြစ် ဖွင့်ပြထား၏။ ဗောဓိဉာဏ်ဟူသည် သစ္စာလေးပါးကို သိကြောင်းတရားဖြစ်သဖြင့် ဤတရားများကို လက်ကိုင်ထားပြီး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ပါလျှင် လောကီအကျိုးများသာမက လောကုတ္တရာအကျိုးများအထိ ရရှိနိုင်စေမည်သာ ဖြစ်ပါ၏။ သို့သော် တစ်ခုခုလွန်ကဲသွားပါကလည်း အစွန်းရောက်ကာ လမ်းလွဲသွားတတ်ကြောင်း သတိပြုသင့်၏။ ထို့ကြောင့် ထိုတရားများကို ညီမျှစေရန် အားထုတ်ရမည်ဖြစ်၏။

မည်မျှအထိ ညီမျှရန်လိုသနည်းဆိုသော် စောင်းကြိုးကဲ့သို့ ညီရန်လို၏ဟုဆို၏။ စောင်းကြိုးမညီပါက စောင်းသံသည်လည်း ကောင်းမွန်စွာ ထွက်ပေါ်မလာနိုင်သကဲ့သို့ သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရယအတွဲများ မညီပါကလည်း ကောင်းကျိုးများ အပြည့်အ၀ အစစ်အမှန် မရှိနိုင်ဘဲ ရှိတတ်၏။ ထို့ကြောင့် စောင်းကြိုးကို ညီအောင်ညှိသကဲ့သို့ သဒ္ဓါပညာ၊ သမာဓိဝီရိယတို့ကိုလည်း ညီအောင်ညှိပေးရ၏။

ထိုတရားများညီမျှစေရန် သတိတရားဖြင့် ညှိပေးရ၏။ ထိမ်းပေးရ၏။ တည့်ပေးရ၏။ သတိဟူသည်ကား ပိုသည်မရှိ လိုသည်သာ ဖြစ်၍ သတိမရှိဘဲ မည်သည့်အရာမျှ မှန်ကန်တည့်မတ်နိုင်မည် မဟုတ်ပေ။မှန်၏။ အတွဲညီမှ အကျိုးရ၏ဆိုသကဲ့သို့ သဒ္ဓါနှင့် ပညာအတွဲသည်လည်း ညီမျှရ၏။ ညီမျှမှသာ မှန်ကန်သည့် အကျိုးကိုဖြစ်စေမည် ဖြစ်၏။ ဤ၌ သဒ္ဓါသည် ယုံကြည်မှုဖြစ်ပြီး ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုဖြစ်၏။ ပညာသည်ကား စူးစမ်းဆင်ခြင်ခြင်း ဖြစ်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန် စိစစ်ပေး၏။ ဤနှစ်ပါးတွင် တပါးပါးက အားကောင်းသွားလျှင် အစွန်းရောက်သွားတတ်၏။

သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ဆင်ခြင်တတ်သည့် ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်၏။ ကိုးကွယ်သင့် မကိုးကွယ်သင့် မစဉ်းစားဘဲ သူများယောင်သည့်အတိုင်း လိုက်ယောင်မိတတ်၏။ မည်သူက မည်ကဲ့သို့ဖြစ်သည်၊ မည်ကဲ့သို့ စွမ်းသည်စသည်ဖြင့် ပြောလာလျှင် မှန်မမှန် မစဉ်းစားတော့ဘဲ အပြည့်အ၀ ယုံကြည်ကိုးကွယ်မိတတ်၏။ နောင်မှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရသည့် အဖြစ်များလည်း တွေ့ကြုံကြဖူးမည် ဖြစ်၏။ ပညာမပါဘဲ သဒ္ဓါချည်းအားကောင်းသွားလျှင် ထိုသို့ဖြစ်တတ်၏။ယုံကြည်မှုဟူသည်ကလည်း အခက်သားပင်။

ယုံမိပြီဆိုလျှင် ဇွတ်မှိတ်ပြီး ယုံမိတတ်ကြ၏။ ပညာဉာဏ်အားနည်းပြီး အစွဲတရားကြီးသူများဖြစ်လျှင် ပို၍ပင် ယုံကြည်မှု အားကောင်းတတ်၏။ ထိုသူများသည် ယုံကြည်မိလျှင် အပြည့်အ၀ ယုံကြည်မိတတ်ကြသဖြင့် မျက်ကန်းယုံကြည်မှုဟုပင် ပြောရလောက်အောင် ဖြစ်တတ်၏။ မျက်မှောက်ခေတ်တွင် ထိုသို့ ပညာအားနည်းပြီး သဒ္ဓါအားကောင်းသူများကို အမြောက်အများ တွေ့နေရ၏။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေ၏။ အားကိုးရာအစစ်ကို ပယ်ပြီး ရေလိုက်လွဲနေကြသည်ကို တွေ့ရ၏။

ဘုရားကအောက် မျောက်ကအထက်ဆိုသကဲ့သို့ အိမ်တွင် ဘုရားစင်ထက် နတ်စင်က တောက်ပနေ၏။ ပန်းသစ်သီး အရက်တို့ဖြင့် ဝေဆာနေ၏။ ရတနာသုံးပါးထက် အတွင်းအပြင်နတ်များကို ပို၍ယုံကြည်မှု၊ အားကိုးမှုဖြစ်နေကြ၏။ သဒ္ဓါတရားသည် တစ်လွဲအားကောင်းနေကြ၏။ မိမိတို့လုပ်ရပ်သည် သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန် မစဉ်းစားမိကြဘဲ ဇွတ်အတင်း ယုံကြည်နေမိကြတော့၏။

ပညာအားနည်းပြီး သဒ္ဓါအားကောင်းနေမှုက အလွဲတွေကို ကိုးကွယ်မိစေလေတော့၏။ အချို့ဆိုလျှင် ရတနာသုံးပါးထက် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ အသေထွက်၊ အရှင်ထွက်၊ ဗေဒင်ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် ဂိုဏ်းဆရာများအထိ ကိုးကွယ်အားကိုးရာများ အဖြစ် အားကိုးတကြီး ယုံကြည်လာနေကြ၏။ တစ်ဘ၀တစ်နှစ်စာ အဆင်ပြေစေရန် ဘုရားပစ်၊ တရားပစ်၊ သံဃာပစ်ပြီး သံသရာနှစ်စေမည့် အရာများနောက်ကို ပညာမပါသည့် ယုံကြည်မှုဖြင့် အားကိုးတကြီး လိုက်နေကြ၏။

ထိုသို့ အလွဲကိုးကွယ်မိကြသဖြင့်လည်း နောင်ဘ၀မဆိုထားဘိ ယခုဘ၀တွင်ပင် အမှားများ၊ ဒုက္ခများနှင့် ကြုံတွေ့နေကြသည်ကိုလည်း တွေ့နေရ၏။ နတ်ကတော်ရိုက်လို့၊ ဘိုးတော်ကိုင်လို့၊ ဗေဒင်ဆရာ မွှေလို့စသည်ဖြင့် ဒုက္ခရောက်ခဲ့ကြသူများလည်း အများအပြားပင်ဖြစ်၏။ ပညာအားနည်းပြီး ယုံကြည်မှုအားကောင်းကြသဖြင့် ဆရာအလွဲကို ကိုးကွယ်မိကြ၏။ ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏ဟု ဆိုသကဲ့သို့ ဆရာအမှားကြောင့် သံသရာအထိ ဒုက္ခတွေဖြစ်ခဲ့ကြ၏။

ဤသည်မှာ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ပညာအားနည်းသောကြောင့်ဖြစ်၏။အချို့ကား ပညာအားကောင်းကြ၏။ ပညာအားကောင်းသဖြင့် အရာရာမှာ တွေးတောဆင်ခြင်နေသည်သာ များနေ၏။ ဝေဖန်ပြောဆိုမှုများနှင့်သာ အချိန်ကုန်နေ၏။ လက်တွေ့မလုပ်ဖြစ်ဘဲ ဒဿနဆန်ဆန် အတွေးများဖြင့်သာ ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``ကုသိုလ်ကောင်းမှုဆိုတာ လုပ်စရာမလိုပါဘူး၊ စိတ်ထဲရှိရင် ပြီးတာပဲ``ဟု ပြောတတ်ကြ၊ ဆင်ခြင်ပေးတတ်ကြ၏။

ပညာအားကောင်းသဖြင့် ကောက်ကျစ်စဉ်းလဲမှုများလည်း ဖြစ်စေကြ၏။ သဒ္ဓါအားနည်းပြီး ပညာအားကောင်းသဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကို ကြည့်ကြည့် ဝေဖန်အကြည့်၊ အဆိုးမြင် အကြည့်များကသာ ဦးဆောင်နေကာ မကောင်းသည့်ဘက်ကိုသာ ဦးတည်နေမိတတ်ကြ၏။ ထို့ကြောင့် သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျင်လည်း စဉ်းလဲကောက်ကျစ်တတ်၏ဟု ဆိုခြင်းဖြစ်၏။ နွားနို့ပို့သည့်ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်မိတတ်ကြ၏။ ကုလားကြီးသည် နွားနို့ပို့သွားစဉ် စက်ဘီးမှောက်ပြီး နွားနို့အိုးကြီးပါ မြေပြင်ပေါ်ကျမှောက်သွား၏။

ထိုအခါမှ နွားနို့ပို့ကုလားကြီးက ``မှောက်သွားသည့် နွားနို့အိုး ရွှေတိဂုံဘုရားအား လှူပါ၏``ဟု ဆိုကာ လှူလိုက်လေသတဲ့..။ စဉ်းစားကြည့်စေချင်၏။ ကုလား၏ နွားနို့အလှူသည် ကုသိုလ်ဖြစ်မဖြစ်။ တစ်ခါတစ်ရံ ယုံကြည်မှုအားနည်းပြီး စူးစမ်းဆင်ခြင်မှု အားကောင်းလျှင် ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်တတ်၏။

ဆိုလိုသည်မှာ သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျှင်လည်း လမ်းလွဲပြီး အစွန်းရောက်တတ်ကြောင်း ဆိုလိုရင်းဖြစ်၏။ထို့ကြောင့် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးအမှန်ဖြစ်လိုလျှင် သဒ္ဓါနှင့်ပညာ ညီမျှရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ တစ်ခုခုအားကောင်းသွားလျှင် အစွန်းရောက်တတ်သဖြင့် နှစ်ဘက်ညီရန် လိုကြောင်း ဟောတော်မူခြင်းဖြစ်၏။ ထိုတရားနှစ်ခု ညီမျှရန်အတွက်ကား ကြားမှသတိတရားက ထိန်းပေးရ၏။ သဒ္ဓါအားကောင်းပြီး ပညာအားနည်းနေလျှင် ပညာအားကောင်းလာစေရန်၊ ပညာအားကောင်းပြီး သဒ္ဓါအားနည်းနေလျှင် သဒ္ဓါအားကောင်းလာစေရန် သတိတရားဖြင့်ချိန်ကာ ထိုတရားနှစ်ခု ညီမျှအောင် ပြုလုပ်ပေးရ၏။ ဤကား သဒ္ဓါပညာ နှစ်ပါးညီရာညီကြောင်း နှစ်ဘက်ညီတရား တစ်ခုဖြစ်၏။ထို့အတူပင်။ သမာဓိနှင့် ၀ီရိယအတွဲလည်း ညီရန်လိုအပ်လှ၏။ သမာဓိဟူသည် တည်ကြည်ခြင်းဖြစ်ပြီး ၀ိရီယကား လုံ့လအားထုတ်မှုဖြစ်၏။ သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် သမာဓိအားကောင်းပြီး ၀ီရိယ အားနည်းနေလျှင် စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်၏။

ဤအတူ ၀ီရိယသည်လည်း စိတ်ပျံ့လွင်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သားဖြစ်သဖြင့် ၀ီရိယ အားကောင်းပြီး သမာဓိအားနည်းနေလျှင် စိတ်အစဉ်ကို ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်၏။ ထို့ကြောင့် ``သမာဓိလွန်သော် ကောသဇ္ဇ၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ``ဟု ဆိုခြင်းဖြစ်၏။ သမာဓိကို ၀ီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇသို့ ကျရောက်ရန် အခွင့်မရနိုင်၊ ၀ီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စုသို့ ကျရောက်ရန် အခွင့်မရနိုင်တော့ပေ။

ထိုသို့ သမာဓိ ၀ီရိယ ညီမျှနေပါက အစွန်းရောက်မှု မရှိတော့ဘဲ ကောင်းကျိုးကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုတရားများညီမျှရန်အတွက် သတိကပင် ထိန်းသိမ်းပေးရမည်ဖြစ်၏။စင်စစ် ဤသဒ္ဓါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယဟူသော ဣနြေ္ဒငါးပါးသည် ဘာဝနာတရားအားထုတ် နေသည့်သူများအတွက် မဖြစ်မနေ ညီညွတ်နေရမည့် တရားများဖြစ်၏။ တရားအားထုတ်စဉ်သာ မဟုတ် လောကီအလုပ်များတွင် အမှားနည်းပြီး အကျိုးဖြစ်ထွန်းကာ အစွန်းမရောက်စေရန် အတွက်လည်း ဤတရားများ၏ ညီညွတ်မှုက အထောက်အပံ့ပြုပေးနေ၏။

သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ၀ီရိယကို အတွဲညီစွာ မျှမျှတတ ကျင့်သုံးနိုင်လျှင် မိမိတို့ အလိုရှိသည့် လောကီလောကုတ် ကောင်းကျိုးများကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုအတွဲများ ညီညွတ်မှု၏ အချုပ်ကား သတိတရားပင်ဖြစ်ပါ၏။ သတိသည်ကား သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ ညီမျှရေးအတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ သတိတရားသည် အခါခပ်သိမ်း နေရာတိုင်းတွင် အားကောင်းမှသာလျှင် သင့်မြတ်လှပေ၏။

အချုပ်အားဖြင့် လောကတွင် အစွန်းရောက်ပြီး တစ်ခုတည်းကိုသာ လွန်လွန်ကဲကဲဖြစ်နေပါက လမ်းလွဲနေမည်ဖြစ်သဖြင့် မည်သည့်အရာမျှ အစွမ်းမရောက်စေရန် သတိပြုကြရမည်ဖြစ်၏။ အထူးသဖြင့် လောကီကိစ္စများ၊ လောကုတ္တရာ အလုပ်များတွင် သဒ္ဓါဟူသည့် ယုံကြည်မှု၊ ပညာဟူသည့် စူးစမ်းဆင်ခြင်မှုကို ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် ပျင်းရိခြင်း၏ ဘက်တော်သား တည်ကြည်မှုဟူသော သမာဓိနှင့် ပျံ့လွင်ခြင်း၏ ဘက်တော်သား ဥဒ္ဓစ္စဟူသော ၀ီရိယတို့ကို ညီမျှစွာ ဆောင်ရွက်ကြရန် အထူးလိုအပ်လှ၏။

အတွဲမညီဘဲ သဒ္ဓါဟူသည့် ယုံကြည့်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်ခြင်း ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်ပြီး ပညာအားကောင်းပြီး သဒ္ဓါအားနည်းပါက စဉ်းလဲကောက်ကျစ်တတ်၏။ ထို့အတူ တည်ကြည်မှု သမာဓိအားကောင်းပြီး ကြိုးစားအားထုတ်မှု ၀ီရိယ အားနည်းပါက ပျင်းရိတတ်ပြီး ၀ီရိယအားကောင်းပြီး သမာဓိ အားနည်းပါကလည်း ပျံ့လွင့်တတ်၏။ ထို့ကြောင့် ထိုအတွဲများညီမျှစေရန် ညှိပေးသည့် အရာကား သတိတရားသာဖြစ်သောကြောင့် ``စောင်းကြိုးပမာ ညီမျှရမည့် သဒ္ဓါ ပညာ သမာ ၀ီရိ ယ`` တရား များကို သတိတရားလက်ကိုင်းထားပြီး ညီမျှအောင် ကြိုးစားသင့်လှပေသည်သာ ဖြစ်ပါကြောင်း….။

Read more...

*ကျွန်တော်ထံမှ ခေတ္တထွက်ပြေးသွားသော ဒေါသ*

ကျွန်တော် ကိုယ့်ဟာကိုယ် စာမရေးတာ တော်တော်လေး ကြာခဲ့ပါပြီ။ ကဗျာလေးတွေ လောက်ပဲ ရေးဖြစ်ပါတယ်။ ရေးရတာ ပျင်းတာလည်း ပါသလို နောက်တစ်ခုက “ကိုယ့်ဆီမှာ ရှိမှ သူတစ်ပါးကို ပေးလို့ ကောင်းတယ်” ဆိုတဲ့ စကားလေး ကိုလည်း နှလုံးသွင်းမိ နေလို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော့်ဆီမှာ ဘာမှ မရှိတော့ သူတစ်ပါးကိုလည်း ပေးချင်စိတ်၊ ရေးချင်စိတ် မရှိတော့ပါဘူး။

ဒါပေမယ့်လည်း ခုတော့ ရေးစရာ အကြောင်းလေး တစ်ခုက ပေါ်လာပြန်ပါတယ်။ ဘာလဲ ဆိုတော့ ဖြစ်ပုံက ဒီလို…ကျွန်တော် ဒီနေ့ (11.06.2009-THUR) ညပိုင်း ၁၁-နာရီလောက် အိပ်ပျော်သွားတယ်။ နောက် ၂-နာရီ ကျော်လောက် ပြန်နိုးလာတယ်။ အဲတော့ အခန်း တံခါးလေးဖွင့်၊ အပေါ့အပါးလေး သွားမယ် ဆိုပြီး ခြေလှမ်းရုံ ရှိသေး မြင်ကွင်းက ဒေါသ ထွက်ချင်စရာ။ ဒေါသလည်း ထွက်သွား ခဲ့ပါတယ်။

ဘာမြင်ကွင်းလဲ ဆိုတော့… ကျွန်တော် လျှော်ပြီး ကြိုးတန်းပေါ် လှမ်းထားတဲ့ အ၀တ်တွေ… အောက်မှာ တစ်ထည်စီ၊ တစ်စစီ ပြန့်ကျဲလို့။ ပထမတော့ ကျွန်တော် ကြိုးတန်းများ ပြတ်ကျတာလား ဆိုပြီး ကြိုးတန်းကို ကြည့်မိသေးတယ်။ ကြိုးတန်းက မပြတ်ကျ။ နောက်တစ်ခုက ချိတ်နဲ့ ချိတ်လှမ်းထားတဲ့ အင်္ကျီတောင် အောက်ကျနေပြီး ချိတ်ကတော့ ကြိုးတန်း ပေါ်မှာ တန်းလန်းလေး ကျန်နေတယ် ဆိုတော့…။ကျွန်တော် သိလိုက်ပါပြီ။ တစ်ယောက်ယောက်က ဒီအ၀တ်တွေကို အောက်ကို ဆွဲချသွားတယ် ဆိုတာ။ နောက်ပြီး ကျွန်တော်တို့ သူငယ်ချင်း အချင်းချင်း ဘယ်သူနဲ့မှ ကျွန်တော်နဲ့ ရန်ငြှိုး ရန်စ မရှိသလို ဒီလို ကိစ္စကိုလည်း ဘယ်သူမှ မလုပ်ပါဘူး။ အားလုံးဟာ ချစ်ချစ် ခင်ခင်ပါပဲ။

ဒီတော့ ဒီလိုလုပ်တဲ့ လက်သည်,သည် ရုရှားတွေမှ တစ်ပါး အခြား မရှိဘူးဆိုတာ သိလိုက်ပါပြီ။ နောက်တစ်ချက်က ကျွန်တော့် အခန်းက အစွန်ဆုံး။ ကျွန်တော်တို့ နေတဲ့ အထပ်မှာက နှစ်ခြမ်းရှိတယ်။ တစ်ခြမ်းက မြန်မာ ကျောင်းသားတွေ နေတာ၊ နောက် တစ်ခြမ်းက ရုရှား ကျောင်းသားတွေ နေကြတာ။ ကျွန်တော့် အခန်းပြီးရင် ဂန်းဝေး (gangway) ကိုထွက်တဲ့ တံခါးပေါက်ပဲ ရှိတော့တယ်။ ဒီတံခါး ဖွင့်ထားတုန်း အ၀တ်အစားတွေ ဆွဲချသွားတာ။ ဒီ ရုရှား ကျောင်းသားတွေ ထဲမှာလည်း ကောင်းတဲ့သူတွေ ပါသလို၊ တော်တော် ဆိုးဆိုးရွားရွား ကျောင်းသား တွေလည်း ပါတယ်။ ထားပါ။

ဆိုးတာတွေတော့ မပြော တော့ပါဘူး။ သူများ မကောင်းကြောင်း ဖြစ်နေလို့။အဲ.. ကျွန်တော့်စကား ဆက်လိုက်ဦးမယ်။ အဲလို အ၀တ်အစားတွေ အောက်မှာ ပြန့်ကျဲ နေတာလည်း ကျွန်တော် တွေ့ရော ဒေါသ စိတ်ကလေးက ထောင်းခနဲဆို ထွက်သွားတယ်။ ဒါပေမယ့် ထူးထူး ခြားခြား ချက်ချင်း ဆိုသလို ဒီဒေါသ စိတ်ကလေး ပျောက်သွားတယ်။ ဒီတော့ ဒီဒေါသစိတ် ပျောက်သွားတဲ့ နေရာမှာ ဘာက အစားထိုး ၀င်ရောက် လာလည်း ဆိုတော့ သည်းခံချင်တဲ့ စိတ်၊ သည်းခံရမယ် ဆိုတဲ့ အသိ… ဒါတွေ အစားထိုး သွားပါတယ်။

ဘာကြောင့်ပါလဲ… ဘာ့ကြောင့်လို့ ထင်ပါသလဲ ဓမ္မ မောင်နှမတို့…ဟောဗျာ… ပြောနေတုန်း ရှိသေး။ မူးပြီး မီးဖို ခန်းထဲက မှန်ကို လာခွဲသွား ပြန်ပြီ…။ အော်… ဒုက္ခ… ဒုက္ခ… ဘာသာရေး အသိတရား ထိန်းချုပ်မှု မရှိတော့လည်း တော်တော့်ကို ထိန်းရခက် ပြောရ ခက်ပါကလား။ကျွန်တော် ပြောချင် ရေးချင်တာ လေးတောင် ပျောက်သွားပြီ။ သည်းခံချင်တဲ့ စိတ်တွေ ၀င်လာတဲ့ အကြောင်းလေး။ ဟုတ်ပါတယ်။ အဲဒီ အချိန် တကယ့်ကို ဒေါသ စိတ်ကလေး ခဏတာ ကျွန်တော့် ဆီကနေ ထွက်ပြေး သွားခဲ့ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့… ကျွန်တော် ညနေကမှ ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ဟောတဲ့ တရားလေး နာဖြစ်လိုက် တယ်လေ။ လက်စသတ်တော့ ကျွန်တော် ဒီတရားလေး နှလုံး သွင်းဖြစ် သွားတာကိုး။ဆရာတော် ဟောသွားတာက ၀ိပဿနာ တရားကို ဘာကြောင့် အားထုတ် သင့်သလဲ ဆိုတဲ့ အကြောင်းပါ။ ဒီ အကြောင်းကို အချက် သုံးချက်နဲ့ ရှင်းပြ ဟောကြား သွားခဲ့ပါတယ်။ အဲဒီ သုံးချက်ထဲ မှာမှ ကျွန်တော် နှလုံး သွင်းဖြစ် သွားတာက မြတ်စွာ ဘုရားရှင်ကို ကြည်ညိုသမှု၊ ကျေးဇူး တင်မှု အနေနဲ့လည်း ဒီ ၀ိပဿနာ တရားကို အားထုတ် သင့်ပါတယ် ဆိုတဲ့ အကြောင်းပါ။

ဒီအကြောင်းမှာ ဆရာတော်က မြတ်စွာဘုရားရှင်ကို ကြည်ညိုတတ် လာအောင်၊ ကျေးဇူး တင်တတ် လာအောင် ဘုရားရှင်ရဲ့ မေတ္တာတော်၊ ကရုဏာတော် တွေနဲ့ ဘုရားရှင် ဘ၀ အဆက်ဆက် ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော် အကြောင်းတွေ ဟောကြား သွားပါတယ်။မြတ်စွာ ဘုရားရှင်သည် သုမေဓါ ရှင်ရသေ့ဘ၀နဲ့ နိဗ္ဗာန်ကို ကူးမြောက် ချင်ရင် ကူးမြောက်လို့ ရရဲ့သားနဲ့ သတ္တ၀ါတွေ အကျိုးကို မျှော်ကိုးပြီး ဘုရားဆု ပန်ခဲ့တဲ့ အကြောင်း၊ နောက် ခန္တီပါရမီ၊ ဥပေက္ခာ ပါရမီ စသဖြင့် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ဆည်း ခဲ့ရကြောင်း… စတာတွေကို ဆရာတော် ဟောကြား သွားခဲ့ပါတယ်။

ဒီ ပါရမီတွေ ထဲမှာမှ ဥပေက္ခာ ပါရမီနဲ့ ခန္တီ ပါရမီကို ပူးပေါင်း ဖြည့်ဆည်းခဲ့တဲ့ ဘုရားရှင်ရဲ့ ဘ၀တစ်ခု အကြောင်းကို ကျွန်တော် ဒေါသစိတ် ကလေး ထွက်နေတုန်း သွားပြီး သတိရမိ လိုက်ပါတယ်။ ပါရမီ ဖြည့်ဆည်း ပုံက ဒီလိုပါ။ ဆရာတော် ဟောတာလေးကို ကျွန်တော် ပြောပြပါရစေ။ဘ၀တစ်ခုက… ရသေ့ဘ၀… သုဿာန် ထဲမှာပဲ နေပါတယ်။ အဲမှာ နွားကျောင်းသားတွေ တွေ့တော့… ရသေ့ဆိုတော့ ကိလေသာ အညစ် အကြေးတွေ ရှိတဲ့ အထဲမှာ ဒီ… စိတ်ရဲ့ ကိလေသာ အညစ် အကြေးကို အဓိကထား ပယ်တာ… ခန္ဓာကိုယ်ရှိတဲ့ အညစ်အကြေး အဓိက မထားဘူး။

ဒီတော့ အပေါ်ယံ ကြည့်မယ် ဆိုရင်တော့ မုတ်ဆိတ်၊ ပသိုင်းမွှေးတွေက ရှည်လို့၊ ကြေး(ဂျီး) တွေကလည်း ပေပေါ့… အဲဒါကို နွားကျောင်းသား တွေက အရူးလို့ ထင်သွားတယ်။ အရူးလို့ ထင်ပြီးတော့လေ ဘုရား အလောင်းကို ခြေထောက်တွေနဲ့ ၀ိုင်းကန် ကြတယ်။ အဲဒါ အောက် မြေကြီးပေါ် လဲပေါ့။ လဲလည်း ကန်ကြ၊ ရိုက်ကြပေါ့... အရူး ထင်ပြီးတော့… ဘာမှ မပြောဘူး၊ လုံးဝ ဒေါသ မထွက်ဘူး၊ ဘုရား အလောင်းက မလှုပ်မယှက် ခံတော့ သူတို့ ရိုက်တာ၊ ကန်တာ၊ နှက်တာကို မလုပ်တော့ ဘဲနဲ့ သူတို့ဟာ ဘုရား အလောင်းရဲ့ ပါးစပ်တွေထဲ၊ နှာခေါင်းတွေထဲ၊ နားတွေထဲကို ကျင်ငယ်ရည်တွေ ပန်းထည့်ကြတယ်။

အဲဒါလည်း ယောဂီတို့… လုံးဝ ဒေါသ မဖြစ်ပါဘူး။ လှုပ်တောင် မလှုပ်ဘူး၊ ကြိုက်သလောက် လုပ်စမ်းတဲ့…၊ ကြည့်စမ်း ဘုရား အလောင်းရဲ့ စိတ်ဓါတ်…။ကျွန်တော်လေး ဒီအကြောင်းလေး သွားသတိ ရမိလိုက်တော့ ခုန ဒေါသစိတ် ကလေးဟာ အလိုလို ပျောက်ကွယ် သွားသလို၊ ဘုရားရှင် အပေါ် ကြည်ညိုတဲ့ သဒ္ဓါတရား တွေကလည်း ပြောမပြ တတ်အောင် တိုးပွားသွား တယ်ဗျာ… တကယ်ပါ။ ဒီအကြောင်း လေးကို ပြန်ဆင်ခြင်ရင်း ဘုရားရှင်အပေါ် ကျေးဇူးတွေလည်း အထပ်ထပ် တင်မိပါရဲ့။

နောက်တစ်ချက်က ဒီလို တရားတွေကို မေတ္တာ ကရုဏာ ရှေ့ထားပြီး ဟောကြား ပေးတဲ့ ဆရာတော်တွေ ရှိလို့လည်း ကျွန်တော် ဒီလို နာကြားခွင့် ရတာပါလားလို့ အခု စာရိုက်နေရင်း တွေးမိပြန်တော့ ဆရာတော့် ကိုလည်း အကြိမ်ကြိမ် ဦးတိုက်လို့ ရှိခိုးမိပါတယ်။အင်း… ဒီလို စာရိုက်ရင်း နဲ့လည်း ဆရာတော် ပြောသွားတဲ့ စကားတစ်ခွန်းကို ထပ်ပြီး အမှတ်ရလိုက် ပြန်ပါတယ်။

ဆရာတော်က “ရဟန်း ဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ၀ိပဿနာ တရားကို ကိုယ်တိုင် အားထုတ်မှ ရတာ၊ ရဟန်းဘ၀ ရောက်နေလည်း ၀ိပဿနာ တရားကို စာသိသာသိပြီး ကိုယ်တိုင် အားမထုတ်ရင် အမြင့်ဆုံး ကလျာဏ ပုထုဇဉ်ပါပဲ” တဲ့လေ။ ဒီစကားလေး ကြားမိပြန်တော့ ရဟန်း ၀တ်ချင်စိတ် တအား ပြင်းပြခဲ့တဲ့ ကျွန်တော့်အတွက် ထပ်ပြီး ဆင်ခြင်စရာ ရသွားခဲ့ ပါတယ်။ ရဟန်းဘ၀ မရသေးလည်း ဘုရား ရှင်ကို ကျေးဇူး ဆပ်တဲ့ အနေနဲ့ ခုလက်ရှိ လူ့ဘ၀မှာ ၀ိပဿနာ တရားကို ကြိုးစား အားထုတ်သွားရ မှာပါလား ဆိုပြီး…။

++++++++++++++++++++++++++++++++++++++
ဓမ္မမောင်နှမများ အားလုံး မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြ ပါစေ။ ၀ိပဿနာ တရားတွေကိုလည်း အချိန်ရှိခိုက် လုံ့လစိုက်လို့ ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်ဖိုးသား


Read more...

သမ္မာသမာဓိ-ဖြစ်အောင်အားထုတ်နည်း

ဓမ္မဓရ—စိတ်ကိုပြေးတယ်ဆိုတဲ့အထင်ကြောင့် ဖြစ်တတ်တဲ့ အစွဲတွေကိုဆင်ခြင်ပါ့မယ်ဘုရား။
ဦးဝိဇယ—ဟုတ်ပါတယ်။ စိတ်သဘောကိုမသိတဲ့ အတွက်ကြောင့်သာ စိတ်ကိုချုပ်တာ၊ ဆွဲတာ၊ဖိတာ တွေဖြစ်လာရတာပါ။


စိတ်သဘောကိုသိထားရင် စိတ်သိတာကိုမတားပဲ လိုချင်မှုနဲ့ မသိအောင်၊(ပျက်နေတယ်) ဟုသိနေ အောင် ကြိုးစားမှာဖြစ်ပါတယ်။ သိပြီးပျက်တဲ့ စိတ်ကို မသိအောင်လုံးဝ မထိန်းချုပ်ရ ပါ ဘူး။

ထိုစိတ်ကို မှီပြီး ဖြစ်တဲ့ လိုချင်၊ဖြစ်ချင်၊ရချင် မှု ပရိယုဋ္ဌာနကိလေသာ ကိုသာ ပယ်ရမှာဖြစ် ပါတယ်။ ပယ်လိုလျှင် (ပျက်နေတယ်) ဟုခဏခဏ သိနေအောင်လုပ်ပြီး ပယ်ရမှာ ဖြစ်ပါတယ်။

(ဝင်လေ၊ ထွက်လေ)နှင့် (ပျက်နေတယ်) ဟု ရွတ်တာနှင့်ရောနေတာဟာ အပြစ်မရှိပါဘူး။ ကိုယ်က တမင်တကာ ဖန်တီးပြီး အချီအချ တူအောင်တော့ မလုပ်ရပါဘူး။ တူအောင် တမင်လုပ်ရင်တော့ ဝင်လေကိုပျက်နေတယ် ဟုနာမည်တပ်သလိုဖြစ်သွားလိမ့်မယ်။ သမာဓိရလည်း ဝင်လေထွက်လေ ကိုမှီနေလိမ့်မယ်။

ဝင်လေထွက်လေကိုမှီနေရင် သမ္မာသမာဓိ မဖြစ်ပဲ ရိုးရိုးသမာဓိ ဖြစ်သွားပါလိမ့်မယ်။ သမ္မာသမာဓိ ကိုအားထုတ်တဲ့အခါမှာ အလုပ်တစ်ခုတည်း ထားသင့်တယ်။

ဟိုလိုလုပ်မှဖြစ်မယ်၊ ဒီလိုလုပ်မှဖြစ်မယ်၊ ဟု အလုပ်မရှုပ်သင့်ပါဘူး။ပျက်နေတယ်-ပျက်နေတယ် ဟု စိတ်ရောနှုတ်ပါ ရွတ်နေတဲ့ အလုပ်လေးကို လုပ်နေရတာကို ကျေကျေနပ်နပ် လုပ်နေသင့်တယ်။

တရားအားထုတ်တယ် ဆိုတာ ပျက်နေတယ်-ပျက်နေတယ်ဟု ကျေနပ်စွာ အေးအေးဆေးဆေး စိတ်ရော၊နှုတ်ပါရွတ်ခြင်း၊အလုပ်ကလွဲပြီး တစ်ခြားအလုပ်မရှိဟုနားလည်ကာ အားထုတ်သင့်တယ်။
ပျက်နေတယ်-ဟုမရွတ်မိလိုက်သော လွန်သွားသောအချိန်ကို ပြန်တွေးပြီး နှမျောပူပန်ပြီး မနေရပါဘူး။


အနာဂတ်ကိုကျော်ပြီး-ဘယ်နှစ်နာရီအထိရွတ်မယ်၊ဟုလည်းတွေးပြီး မရွတ်ရပါဘူး။ သတိရတိုင်း လိုချင်၊ဖြစ်ချင်ရချင် မပေါ်နိုင်အောင် ပျက်နေတယ်-ပျက်နေတယ်လို့အေးအေးဆေးဆေးလေး ရွတ်သင့်ပါတယ်။

ခန္ဓာကိုယ်ကိုအသက်သာဆုံးထားရမယ်၊ စိတ်ကိုလည်းချုပ်ခြင်း၊ ဆွဲခြင်း၊ဖိခြင်း လုံးဝမလုပ်ပဲ အသက် သာဆုံး၊အလွတ်လပ်ဆုံး အဖြစ်ထားရမယ်။ ပျက်နေတယ်-ပျက်နေတယ်ဟုလည်း အအေး ဆေး ဆုံးရွတ်နိုင်ရမယ်။

သမာဓိရမှု၊မရမှု၊ တရားရမှု၊မရမှု လုံးဝကျော်မတွေးရပါဘူး။
ထိုရခြင်း၊ မရခြင်း သည်လည်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အလုပ်လုံးဝမဟုတ်-ကြောင်းကို နားလည် သဘောပေါက် ထား ရပါမယ်ဘုရား။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP