* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Wednesday, June 10, 2009
ပိုင်းလော့ဆရာတော်ဘုရားရှိခိုး-ဦးအောင်ကိုး၊ဒေါ်မြင့်မြင့်သူမိသားစုဓမ္မဒါန
Prayer for All (PDF) Prayer for All (PDF) thitsaralin
Read more...
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
ပတ်ဝန်းကျင် လူအပေါင်းနှင့်ဆက်ဆံ၍ စုဝေးနေထိုင်ကြသော ရဟန်း-ရှင်-လူ ယောက်ျား မိန်းမတိုင်း အသိုင်းအ၀န်းနှင့် သင့်တင့်လျောက်ပတ်စွာ တွေ့ဆုံပြောဆိုမှု ပြုမူနေထိုင်တတ်ရန် အရေးကြီးသည်ကို အထူးဖော်ပြရန် မလိုတော့ပါ။ တောထဲတွင် နိဗ္ဗာန်ကို ရှေးရှု၍ ဧကစာကျင့်သောသူတော်စင် မဟုတ်လျှင် လူအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုး၊ စရိုက်အမျိုးမျိုးနှင့် တွေ့ဆုံဆက်ဆံရမည်ဖြစ်ရာ လူကဲခတ်တတ်ရန်နှင့် မှန်ကန်သော မေတ္တာစိတ်၊ သည်းခံခွင့်လွှတ်သောစိတ် ထားတတ်ရန် လိုအပ်လှပါသည်။
ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူသော မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးသည် မေတ္တာစိတ်ထား၍ ချမ်းမြေ့ပုံ မြင့်မြတ်ပုံ အကျိုးများပုံတို့ကို မကြာခဏ ဟောကြားသွန်သင်တော်မူခဲ့ပါသည်။ ဆရာတော်ကြီးသည် ပဋိသမ္ဘိမဂ် ပါဠိတော်လာ ဒိသာဖရဏမေတ္တာပွားနည်း ၁၀-နည်းနှင့်၊ မေတ္တသုတ်ပရိတ်တော်လာ မေတ္တာပွားနည်း၊ ၁၁-နည်းကို မကြာခဏ ဟောကြားတော်မူလေ့ရှိပါသည်။ အကျယ်ကို ဤနေရာတွင် မဖော်ပြနိုင်၍ အဓိကကျသောအချက်ကို အနည်းငယ်သာ ဖော်ပြလိုက်ပါသည်။
ဆရာတော်ကြီး၏ ဆုံးမချက်မှာ-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။လှည့်ပတ်ခြင်း၊ အထင်သေးခြင်း၊ ဆင်းရဲရောက်စေခြင်းတို့၏ မြစ်ဖျားခံရာမှာ မာယာ သာဌေယျတရားတို့ ဖြစ်သည်။
မာယာဟူသည်မှာ မိမိမှာ အပြစ်ရှိနေပါလျက် မရှိသလို ဟန်ဆောင်ဖုံးကွယ်ခြင်း၊တဖက်သားကို မျက်နှာချိုသွေးကာ လှည့်ပတ်ဖုံးကွယ်ခြင်း၊မျက်နှာပြောင်တိုက်ကာ အရေးမစိုက်သလို ဟန်ဆောင်ဖုံးကွယ်ခြင်း၊ခြိမ်းခြောက်ဖုံးကွယ်ခြင်း စသည်ဖြင့် လှည့်ကွက်များလှပေသည်။
သာဌေယျဟူသည် ကောက်ကျစ်စဉ်းလဲမှုဖြစ်၏။အခြားသူများ အထင်ကြီးအောင် ကိုယ့်မှာမရှိသော ဂုဏ်ကို ရှိဟန်ဆောင်ခြင်း၊စာပေမတတ်သော်လည်း တတ်ယောင်ကား ဟန်ဆောင်ခြင်း၊ကိုယ်ကျင့်သီလမရှိဘဲ ရှိလေဟန်ဆောင်ခြင်း၊နည်းအမျိုးမျိုးနှင့် သွေးဆောင်စည်းရုံပြီး မမှန်ကန်သော အယူဝါဒများကို သိလျက်နှင့် ကိုယ်ကျိုးအတွက် လှည့်ပတ်ဖြားယောင်းခြင်းများ ပါဝင်သည်။
မာယာမျိုးစုံနှင့် အပြစ်ကို ဖုံးကွယ်ပြီး၊ သာဌေယျမျိုးစုံနှင့် အခြားသူအထင်ကြီးအောင် မရှိသောဂုဏ်၊ မရှိသော အရည်အချင်း၊ မရှိသော စွမ်းရည်များကို သုံး၍ လှည့်ပတ်သူများသည် သူကိုယ်တိုင် အကုသိုလ်ပွားရုံသာမက သူတပါးကိုပါ လမ်းလွဲသို့ ရောက်စေနိုင်သောကြောင့် ဤဘ၀တွင်သာမက နောင်သံသရာတလျှောက်လုံး များစွာ အကျိုးမဲ့ကို ဖြစ်စေပါလိမ့်မည်။
ထို့ကြောင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၏ အဆုံးအမအတိုင်း-
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
Read more...
ဘာသာရေးဆိုင်ရာ မှတ်ဖွယ်မှတ်ရာ အဖြာဖြာ-(၄)
ပစ္စည်းရှိလျှက် မသုံးရသူ
လောက၌ အချို့သူတို့သည် ပစ္စည်းကောင်းရှိလျှက် မသုံးဘဲ ပစ္စည်းညံ့ကိုသာ အကြောင်းအမျိုးမျိုးပြ၍ သုံးခြင်း၊ ဤသို့ပစ္စည်းရှိလျှက်နှင့် မသုံးစွဲရခြင်းတို့ကို တွေ့မြင်ကြရပါသည်။ ပစ္စည်းကောင်းရှိလျှက် အညံ့ကိုသုံးသူ၊ ပစ္စည်းရှိလျှက် မသုံးမစွဲ (တွန့်တိုသူ)၊ နှမြှောစေးနှဲသူတို့သည် အတိတ်ဘဝက အလှူပေးခဲ့သော်လည်း အပရစေတနာပျောက်ကွယ်ခဲ့သူ (လှူပြီးသည့်နောက် မိမိလှူမိသည်ကို တွေး၍နှမြောမိသူ)များ ဖြစ်ကြောင်း ဆိုပါသည်။ ယင်းသို့စေတနာ သုံးတန်ပျက်၍ မကောင်းကျိုးဖြစ်ရပုံကို မန်လည်ဆရာတော်က မဃဒေဝလကာင်္ (ပိုဒ်-၂၈၅)တွင် ဤသို့စပ်ဆိုခဲ့ပါသည်။
ဒါနဟူသည်၊ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံ့က၊ ပထမအရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တက်စွာ၏။ နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိရ်နိမ့်ကျ၊ ဖြစ်တက်ကြ၏။ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့် ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္တု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွ၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အဂါင်္ချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရ၊ မည်ကိုကား။
ယင်း၌ အပုတ္တက သူဌေးဟူသည် ဘုရားရှင်လက်ထက်က သာဝတ္တိပြည်တွင် ကုဋေပေါင်းများစွာ ချမ်းသာသော်လည်း မသုံးရက်၊ မစားရက်၊ ဆင်းဆင်းရဲရဲနေသွားရကား၊ သားသမီးလည်း မရှိသဖြင့် သူသေသော် ကုဋေပေါင်းများစွာ ဥစ္စာဘဏ္ဍာတို့သည် မင်းဘဏ္ဍာဖြစ်သွားရသည်။ ထိုအပုတ္တက သူဌေးသည် အပရစေတနာပျက်ကွက်ခဲ့၍ ဖြစ်ရကြောင်းကို ဘုရားဟောတော်မူခဲ့သည်။
မိဘကျေးဇူးဆပ်ပုံများ
လောက၌ မိဘတို့ကျေးဇူးတို့သည် အလွန်တရာမှ ကြီးမားလှပါသည်။ မိဘကျေးဇူး ကြီးမားလွန်းသဖြင့် သာမာန်လူတစ်ဦးအဖို့ မိကိုလက်ယာ၊ ဖကိုလက်ဝဲ ပခုံးထက်၌တင်၍ ထိုပခုံးထက်မှာပင် အညစ်အကြေးတို့ကို သုတ်သင်၍ တစ်သက်တာပတ်လုံး ကျွေးမွေးပြုစု ကျေးဇူးဆပ်သော်လည်း မကျေနိုင်။ ထိုမိဘတို့အား ရတနာသုံးပါးတို့၌ မကြည်ညိုလျှင် ကြည်ညိုလာအောင်၊ သဒ္ဓါတရားမရှိလျှင် ရှိလာအောင်၊ မိစ္ဆာဒိဋ္ဌိဖြစ်နေက ထိုအယူကိုစွန့်၍ သမ္မာနွယ်ဝင် သူတော်စင်ဖြစ်လာအောင်၊ ရတနာသုံးပါး ကံ၊ကံ၏အကျိုးတရားကို ယုံကြည်လာအောင်၊ တက်နိုင်လျှင် မဂ်တရား၊ ဖိုလ်တရားများ ရရှိနိုင်သော လမ်းမှန်သို့ရောက်အောင် ဟောဖော်ညွှန်ပြ ဓမ္မတရားဖြင့် ကျေးဇူးဆပ်နိုင်မှသာ ကျေးဇူးတရားကို ဆပ်ရာရောက်ကြောင်း၊ ပြေကုန်နိုင်ကြောင်း မာတုပေါသကသုတ်၌ လာရှိပါသည်။
မြတ်စွာဘုရားသည် မယ်တော် သန္တုဿိတနတ်သားကို တရားဟော၍ သောတာပန် တည်စေခဲ့သည်။ ယင်းကိုထောက်၍ နို့တစ်လုံးဖိုးသာ ကျေသည်ဟူသော မှားယွင်းသောစကားကို အလွယ်မပြောမိအောင် စောင့်ထိန်းသင့်ပါသည်။
မိဘများ အသက်ထင်ရှားရှိစဉ်က အခြေအနေမပေး၍သော်လည်းကောင်း၊ မလိမ္မာ၍သော်လည်းကောင်း၊ ကျေးဇူးမဆပ်မိဘဲ မိဘများကွယ်လွန်သွားခဲ့လျှင် သတိရ၍ လိမ္မာလာသည့်အခါ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ကွယ်လွန်သွားသော မိဘများအား ရည်ညွှန်းအမျှပေးဝေခြင်းဖြင့် တနည်းအားဖြင့်ကျေးဇူးဆပ်နိုင်ပါသည်။
သားသမီးဝတ္တရားတွင် မွေခံထိုက်စေ လှူမျှဝေ၍ဟု ပါရှိသည့်အတိုင်း တမလွန်ဘဝသို့ ပြောင်းသွားသော မိဘများအတွက် အလှူဒါနပြုလုပ်၍ အမျှပေးဝေရခြင်းမှာ သားသမီးတို့၏ ကျေးဇူးဆပ်နည်းပင်ဖြစ်ပါသည်။ အမျှပေး၍ ရ၊မရမှာ တမလွန်ဘဝသို့ ရောက်ရှိနေသူက အမျှရယူ သာဓုခေါ်ဆိုနိုင်သော ဘဝ(ပရဒတ္တူပ ဇီဝိက ပေတဘဝမျိုးစသည်)ဖြစ်လျှင် သာဓုခေါ်၍ ကုသိုလ်အဖို့ကို ရနိုင်ပါသည်။ ၎င်းတို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျန်ရစ်သူမိသားစုတို့၏ တာဝန်မှာ ကုသိုလ်ပြု အမျှဝေရမည်သာဖြစ်၍ မပြုမနေ ပြုလုပ်ရမည့် ဝတ္တရား ရှိပါသည်။ တစ်ကြိမ်တစ်ခါသာမဟုတ်၊ ရာသက်ပန် ကုသိုလ်ပြု၊ အမျှဝေနေရမည်ကို အသိပေးတင်ပြ လိုက်ရပါသည်။
(ဘာသာရေးပြဿနာများ) ဘဒ္ဒန္တတိလောကသာရ
Read more...
သံသရာ,ကဇာတ်
အေးချမ်းတည်ကြည်သော အရုဏ်ဦးဖြစ်သည်။ လေညင်းတို့သာ မမြူးထူးကြမူ သုမနာ ပျင်းဖို့ရှိသည်။ မောင်တော် သည်လည်း ခါတိုင်းလို စကားမဆိုဘဲ တည်ကြည်လွန်း နေသည်။ အိုကွယ်..တည်ကြည်လွန်းရန် ကောလေ။ မောင်တော့်အကြောင်း ကို စံပယ်ရုံတောမှ ပန်းကလေးနှင့် စကားတင်းဆိုမိသည်။ စံပယ်ပန်းကလေးက လေပြည်ဖြန်းဖြန်းမှာ ခေါင်းခါခါရမ်းတော့
"မင်းကမင်းတို့သခင်ဘက်ကလား သခင်မဘက်ကလားကွယ့်"ဟု ငြူစူမိပြန်ပါသည်။
စံပယ်ကို အလိုမကျသဖြင့် မူနွဲ့သော သုမနာ၏ မျက်စောင်းသည် ကျောက်တိုင်နှင့်တူစွာ ရပ်နေသော တိမ္ဘရအမတ်ကြီး၏ ရင်ဘတ်ပေါ် ကျရောက်သွားသည်။
"မောင်မောင် စာဝါလေး တေးကြူတာကို နားမဆင်ဘဲ .. ဘဇာကို မျှော်တွေးနေပါဘိ.. ငယ်ကကျွမ်းကို ပြန်ပြောင်း အောက်မေ့ကာ လွမ်းနေရော့သလား" ဟုစကားနာထိုးမိသည်။
'ဆရာသခင်ကို စောင့်နေတယ် မိမိငယ်..'
"ဆရာသခင်.."
"မှန်တယ် မိမိငယ်..အရှင်အနုရုဒ္ဓါ မထေရ်ကြီး နှင့် သံဃာတော် အရှင်မြတ်များ ဆွမ်းဘုဉ်းပေးဖို့ရန် မောင်မောင်တို့ အိမ်ကို ကြွလာကြလိမ့်မယ်.."
"ယနေ့နံနက်ခင်းဝယ်လား"
"ယနေ့နံနက်ခင်းပေါ့"
"အို မိမိလည်း မသိရပါလား"
"မိမိကသိတော့ရော ဘာလုပ်မလို့လည်း ကွယ့်"
"အို..ဘာဖြစ်ဖြစ်ပေါ့"
ဟု စကားရှာ၍ နံနက်ခင်းကို စီညံလဲ့အောင် ဒေါသံသဲ့သဲ့ ထည့်ကာ ပြောဆိုရန်ပြင်နေဆဲ နေ၀န်းကြီးနှင့်တူသော အရှင်အနုရုဒ္ဓါ မထေရ်ကြီးနှင့်တကွ နောက်ပါသံဃာတော်များကို ရုတ်ချည်းဖူးမြင်လိုက်ရသည်။ ဤတွင် မောင်တော်လည်း က္ကနြေ္ဒဆယ် နှုတ်ဆိတ်ပြီး မထေရ်ကြီးလက်တော်မှ သပိတ်ကိုလှမ်းယူလိုက်သဖြင့် သုမနာလည်း အိမ်သားများကို ပြေးခေါ်ကာ ဆော်သြလိုက်ရသည်။ အိမ်သည်လည်း စည်ကားသိုက်မြိုက်သွားလေသည်။
(၁)
သုမနာသည် မထေရ်မြတ်တို့ကို အကဲခတ်၍သာ နေ၏။ မထေရ်မြတ်တို့ ဆွမ်းဘုဉ်းပေးပုံသည် အင်မတန် အံ့သြဖို့ ကောင်းပါတကား။ မိမိတို့နှင့် မတူပါတကား။ ဆွမ်းရသာဘောဇဉ် တို့၌လည်း တပ်မက်ဟန်မရှိ။ မိမိကဲ့သို့ သတိကင်းလွတ် စိတ်ပျံ့လွင့်လျက် ဆွမ်းဘုဉ်းပေးကြ ဟန်လည်း မတူ။ ကိုယ်စိတ်အမူအရာတိုင်း၌ သတိကပ်လျက် ပြုမူကြဟန်တူသည်။ အပိုဖြစ်သော အမူအရာတို့ ပြုမူသည်ကို တစိုးတစိမျှရယ် မတွေ့ရ။ လိုအပ်သော အမူအရာတို့ကို သာလျှင် ကြည်ညိုဖွယ် ပြုမူကြသည်ကို တွေ့ရသည်။
အမတ်ကြီးနှင့် အိမ်သားများသည်ကား ပြုအပ်သော ဝေယျာဝိစ္စအစီ အစဉ်များကို အစီအစဉ်တကျ ပြုကြသည်။သုမနာ တစ်ဦးသာလျှင် အရည်လဲ့သော မျက်လုံးများကို ကလည်လည် ပြု၍ ကျုံ့ကျုံ့ပြုထိုင်ရင်း လူပိုမကလေး ဖြစ်နေချေသည်။ အိမ်သားများနှင့် အမတ်ကြီးတို့ လက်ဆေးရေ စသည်ကိုယူရန် အိမ်နောက်ဘက် အတွင်းပိုင်းသို့ ၀င်သွားသော အခါတွင်ကား သုမနာတစ်ဦးသာ အိမ်ထောင့်၌ ကပ်လျက် ကျန်ခဲ့သည်။
"ငါ့ရှင်တို့...အသို့ထင်သနည်း...ဤ သုမနာအမည်တွင်သော အမတ်ကြီးကတော် သည်ကား ငါတို့ဂေါတမဘုရား ရွှေလက်ထက်တော်အခါက ၀က်မကလေး ဖြစ်ချေ၏။ အသို့ထင်သနည်း။ သံသရာသည်လည်းကောင်း ကံတို့သည်လည်းကောင်း ဖောက်လွဲဖောက်ပြန် မကြံကောင်း မစည်ရာ ထူးထွေ အံ့သြဖွယ်ကောင်းသည်မှာ မမှန်သလော။ မျက်မြင် မဟုတ်ကုန်လော ငါ့ရှင်တို့"
အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ သံဝေဂနှင့် စပ်သော စကားတော်သံသည် ညင်သာစွာ ထွက်ပေါ်လာသည်။
သုမနာသည် မိုက်ကနဲဖြစ်သွားသည်။ မျက်တောင်ရှည်များ ကာရံထားသော မျက်လုံးဝိုင်း ထဲတွင်မတော့ သဘင်အရိပ်ကားများကို တစွန်းတစ မြင်နေရသည်။ ရင်သည်တလှပ်လှပ်ခုန်၍ အသိမဲ့သလို ဖြစ်နေသည်။ မြင်သော ကားချပ်များကို အာရုံစိုက်၍ ဇာတ်လမ်းအစဉ်ကို ဖမ်းယူမိသည်။ သံဃာတော်အရှင်မြတ်များ ပြန်ကြွသွားသည်ကို ဦးနှိမ်ကန်တော့ မိခဲ့ရဲ့လား မမိခဲ့ဘူးလားရယ် မသိ။ မောင်တော်အမတ်ကြီးက မိမိငဲ့ မိမိငဲ့ ဟု တဖွဖွ ခေါ်ကာ လှုပ်နှိုးနေသည်ကိုတော့ ခံစားရသလို ရှိ၏။ မောင်တော်ကို မော်ကြည့်သော်လည်း မျက်နှာတော်ကို ရှင်းရှင်းမမြင်။ စိတ်ဝင်စားဖွယ် အရိပ်ကားချပ် များကိုသာ မြင်နေရသည်။ အရိပ်ကားချပ်များ ထဲတွင် ထူးခြားသည်ကား အရံဇာတ်ဆောင်များ သည်သာ ပြောင်းပြောင်းသွားကြသည်။ အဓိကဇာတ်ဆောင် သည်ကား မပြောင်း။ တစ်ဦးတည်းသာ။
ထိုတစ်ဦးတည်းသောဇာတ်ဆောင်သည်ကား
မိမိ
မိမိသာလျှင်ဖြစ်ချေသည်တကား...
(၂)
ညောင်စောင်းတွင် လဲနေသော အဘွားအိုကို မြင်ရသည်။ အဘွားအိုသည် အသက်ကို ခက်ခဲပင်ပန်းစွာ ရှုနေသည်။ ညောင်စောင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် စိုးရိမ်မကင်းသော မျက်နှာများဖြင့် ၀ိုင်းထိုင်နေကြသော ဆွေမျိုးသားချင်းများ။ အဘွားအို၏ ရင်ဘတ်ကြီးသည် ဖားစည်ကဲ့သို့ ဖောင်းဖောင်းလာခဲ့ပြီး ပါးစပ်သည် ငါးပါးစပ်ကဲ့သို့ ဟစိဟစိ ဖြစ်နေရာမှ သက်ပြင်းတစ်ချက်ကို အပြင်းအထန်ချ၍ ငြိမ်ကျသွားတော့သည်။ ထိုအခါ စီကနဲသော ငိုသံသည် အသုဘအိမ်မှ လျှံကျ၍ ပတ်ဝန်းကျင်ကို ပျံ့နှံ့ကုန်သည်။ လမ်းသွားလမ်းလာများလည်း ထိုအိမ်ရှေ့မှ ခပ်သုတ်သုတ် သွားကြကုန်၏။
အဘွားအို၏ နောက်ဆုံးထွက်သက်ချသည်နှင့် ကမ္မဋ္ဌာန်းကျောင်းအနီးရှိ ကြက်မငယ် တစ်ကောင်သည် ပဋ္ဋိသန္ဓေ လွယ်လေသည်။ ရက်အတန်ကြာသော် ထိုကြက်မမှ မွေးဖွားသော ကြက်မငယ် ပေါက်စနလေး တစ်ကောင်ကို ရဟန်းဆွမ်းစားကျောင်း၏ အနီးတွင် မြင်နေကြရပေသည်။ ဆန်စေ့ ထမင်းစေ့ တီကောင်ငယ်များကို တူးဖော်ရှာဖွေလျက် နေသော သနားဖွယ် ကြက်မငယ်ကလေး။ တနည်းတော့ မိမိ။ သုမနာ အမည်တွင်သော အမတ်ကြီးကတော် တဖြစ်လဲ မိမိ။ အို ..အလွန်ထိတ်လန့်ဖွယ်သော သိန်းငှက် တောင်ပံခတ်သံ။ ကျောကုန်းမှ ပြင်းစွာသော ဝေဒနာနှင့်အတူ အေးစက်ပြင်းထန်သော လေပြင်းတို့ နှင့် ထိခိုက်မိသော ဝေဒနာ ကြမ်းကြမ်း။ ကူသူကယ်သူမဲ့သော ရင်နင့်ဖွယ် ဇာတ်လမ်း။ ဤဇာတ်လမ်းကို ဆက်မကြည့်ရဲသဖြင့် စိတ်ကိုညွှတ်၍ ပြီးဆုံးစေရသော်လည်း သံသရာကကြိုးကား မဆုံးသေး။ နောက်တစ်ခန်းကို ကူး၍သာ ထင်လာတော့ပြန်သည်။
ရာဇဂြိုဟ်မြို့က မင်းသမီး။ အာဏာပိုင်စိုးသော မင်းမျိုးထဲက မင်းသမီးဖြစ်၍ မငိုရတော့ဘူးထင်သော် မှားခြိမ့်မည်။ ရွှေဘုံစံရသော မင်းသမီးဘ၀ဖြစ်လျက်လည်း မိမိ ငိုရသည်။ ပို၍ပင် ငိုခဲ့ရပါသည်။ ဒါနှင့်ဆက်စပ်၍..ပရဗိုဇ်တို့၏ ကျောင်းသင်္ခန်းကို မြင်ရတော့သည်။ ဖန်ရည်စွန်းသော သင်္ကန်းနှင့် တရွေရွေ့လှမ်းနေသော မိမိကိုယ်ကိုလည်း မြင်ရသည်။ ကုဋ္ဋီရေအိမ်တွင်တွေ့ရသော ပိုးလောက်ကောင်တို့ကို ကသိုဏ်းရှုပွား၍ ပထမဈာန်ရသည်ကိုလည်း တွေ့ရသည်။ ပထမဈာန်သည် အဘယ်သို့နည်း။ ကသိုဏ်းဝန်း၌ စိုက်ကျနေသော သုံးသပ်နေသော တညိမ့်ညိမ့်ဖြစ်နေသော မပျံ့လွှင့်နေသော ချမ်းသာနေသော စိတ်ကလေးတည်း။ ဈာန်ချမ်းသာသည် ဆင်းရဲကို အထိုက်အလျောက် ပယ်ခွာနိုင်သည်။ တစ်ခုသာ ရှိသည်။ ဈာန်ကို မပျောက်ပျက်အောင် ကြောင့်ကြစိုက်နေရမှုသာ။ သို့ရာတွင် နာခြင်းဆင်းရဲကိုကား ကြုံရသေးသည်သာတည်း။ ချစ်ခင်သူများ ခွဲခွာသွားသည်ကိုလည်း ကြုံတွေ့ ထိတ်လန့်ခဲ့သေးသည်သာတည်း။ နောက်ဆုံးမတော့ သေခြင်း.. သြော် သေခြင်းဆီသို့...
သုမနာသည် သုံးဘ၀မျှကို တွေ့ရပြီး ဖြစ်၍ တည်တည်ငြိမ်ငြိမ်ဖြစ်လာသည်။ အမတ်ကြီး၏ ရင်ခွင်မှ ရုန်းထကာ ကိုယ်ကို မတ်မတ်ထိုင်၍ သံသရာ ကကြိုးကို ဆက်ကြည့်နေလိုက်သည်။ ပထမဈာန်ဖြင့် ကွယ်လွန်ရသဖြင့် ပထမဈာန်ဗြဟ္မာဘုံ၌ ဖြစ်ရပြန်ချေသည်။ ဗြဟ္မာဘ၀ကား သက်သာရာရသည် မှန်၏။ သို့သော် မပြည့်စုံသော ဘ၀ဖြစ်၏။ ဒါနသီလဘာဝနာ ဖြည့်ဆည်းရန် အခွင့်မရသော ဘ၀ဖြစ်ချေ၏။ ကကုသန်ဘုရား သာသနာတွင် ဗြဟ္မာဖြစ်သော မိမိသည် ကောဏာဂုံဘုရား ကဿပဘုရားတို့ ပွင့်ထွန်းတော်မူသည်ကိုပင် မသိမြင်ခဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သည်လည်း ပါသည်။ စင်စစ်တော့ ဗြဟ္မာဘ၀သည်လည်း အမြဲတည်သော သဘောမရှိ။ မမြဲသော သဘောကိုဆောင်၍သာ စုတေရခြင်း ဖြစ်ပေ၏။
နောက်တစ်ခန်းသည်ကား သူဋ္ဌေးမကလေး။ သူဋ္ဌေးမကလေး ဖြစ်သဖြင့် မိမိသည် ယခုသုမနာအမတ်ကတော် ဘ၀ကဲ့သို့ လိုသမျှ တ၍ ရခဲ့ပေသည်။ ချစ်စဖွယ်ကောင်းအောင်လည်း ပြုခဲ့ပေသည်။ မူလည်း မူခဲ့ ငြူလည်း ငြူစူခဲ့ပေသည်။ တစ်အိမ်လုံးက အရေးပေးသဖြင့် မိမိဘ၀ကို အားရခဲ့ပေသည်။ အလွမ်းဇာတ်များကို မကြုံတွေ့ခဲ့ရသည် မဟုတ်။ ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် မိမိ၏ အလွမ်းဇာတ်များကို ကျေနပ်ခဲ့သည်။ နန်းဆောင်ဘုံဖျား ရဝေနွယ်ဖွား ထားနှမသက်လျာ ဆိုသည်မျိုးကို သဘောအကျကြီး ကျခဲ့ပေသည်။ မိမိသည် ယောကျာ်းသားများနှင့် တစ်လောကလုံးက နှစ်လိုသော အဆင်းလှ ဥစ္စာပြည့်စုံသော ဥာဏ်လျင်မြန် လိမ္မာပါးနပ်သော သူဋ္ဌေးသမီး မဟုတ်လား။ သို့ရာတွင်...
တအစ်အစ်မြည်သော အသံနှင့် မြေကြီးကို နှာခေါင်းနှင့်ထိုးနေပါတကား။ အဘယ်သူပါလိမ့်။ အို..မိမိ မိမိကိုယ်တိုင်ပါတကား။ အင့်ဟင်..ရှက်စဖွယ်။ တမြန်နေ့ကပင်လျင် ဆင်စွယ်နန်းထက်က သတို့သမီး။ ယနေ့တွင်ကား ၀စ်လစ်စားလစ်နှင့် မိုးကိုကျောပေး မစင်တို့ကို တူးဆွစားနေရသော အဟိတ်တိရိစ္ဆာန်။ ၀က်မကလေးဘ၀။ ဂေါတမ မြတ်စွာဘုရားသည် မိမိဘ၀ကို အကြောင်းပြုကာ တရားဟောတော်မူသဖြင့် နောင်မထေရ်ကြီများက သံဂါယနာမှာပါ တင်သဖြင့် မိမိ၏အမိုက်ဇာတ် သည် လောကအလုံးစုံ၌ ကျော်ကြားသော သံဝေဂ တရားတစ်ပုဒ်ပင် ဖြစ်လို့ နေပါပကော။ ကာယကံရှင် မိမိမှာကား မိမိကို အကြောင်းပြု၍ တရားဟောသည်ကိုပင် နားမလည်ခဲ့။ နားရွက်ကို ခတ်ကာခတ်ကာ တစ်အစ်အစ်နှင့် တူးကာ ဆွတုန်း။ အိုစက်ဆုပ်ဖွယ်သော ဘ၀။ ရယ်ဖွယ်သော ဘ၀။ ဘာတဲ့။ ဗြဟ္မာ့ပြည်မှာတ၀င်းဝင်း ၀က်စားကျင်းမှာ တမြုံ့မြုံ့ ဟူသော စကားပုံပင်လျှင် ပေါ်လာခဲ့သေးသည်။ သြော် တင့်တယ်သော ဗြဟ္မာကြီးသည် မစင်စားနေသော ၀က်မကလေး ဖြစ်နေရပြန်ပါတကား။
ရှက်လှချည်ရဲ့ မောင်မောင်ရယ်။ သုမနာ ရှက်လှချည်ရဲ့။ သူတော်ကောင်းများကတော့ ဖောက်လွှဲဖောက်ပြန်သော သံသရာကို သံဝေဂယူသွားကြကုန်သည်။ သုမနာရဲ့ အမတ်ကြီးကတော်ဘ၀ ကို ပညာမရှိသူများက အားကျချီးကျူးကြပေမင့် ပညာရှိသူများကတော့ ကဲ့ရဲ့သံဝေ ယူကုန်ကြပါပြီ။
ရှေ့ဆက်တဲ့ ဘ၀တွေကလည်း ဒီပုတ်ထဲက ပဲမျိုး။ ဒီအဖြစ်ဆိုးမျိုးသာ။ ဇာတ်သာပြောင်းသည်။ ကကြိုးကားမပြောင်း။ ဇာတ်လမ်းသဘောသွား သည်လည်း မပြောင်း။ အပူသည်ဇာတ်သာ။ သို့မဟုတ် အပါယ်သူဇာတ်သာလျှင်တကား...။
"မောင်မောင်ကြားချင်သေးလျှင် နှမလျှောက်ပါမည်..စိတ်ကို ခိုင်မာအောင်ပြု၍ နားဆင်တော်မူပါ မောင်မောင်ဘုရား.."
ဆက်ရန်...
Read more...
A Tree In A Forest (English Language)
"People have asked me about my practice. How do I prepare my mind for meditation? There is nothing special. I just keep it where it always is. They ask. "Then are you an Arahant? Do I know?
I am like a tree in the forest, full of leaves, blossoms and fruit. Birds come to eat and nest, and animals seek rest in the shade. Yet the tree does not know itself. It follows its own nature. It is as it is".
- Ajahn Chah.
Attachment: download ebook(TreeInForest).pdf
Read more...
Ajahn Brahm at Hua Hin, June 21
Ajahn Brahm should need no introduction, and he has proved popular in many countries including Bangkok. It is appreciated that he stops here to lead some dhamma events in English.
Sunday June 21st he will be giving a morning dhamma talk at the beech in Hua Hin. Received information is as follows:
Sunday English Dhamma Talk
On the Beach in Hua Hin
by Ajahn Brahm
Abbot of Bodhinyana Monastery, Western Australia (www.bswa.org)
‘Opening the Door of Your Heart’
“Modern guidelines of hope, forgiveness, freedom from fear and overcoming pain that relate to the
timelessness of the Buddha’s teaching and the path to true happiness.”
Sunday 21st June 2009
09.00-10.00 Registration. Refreshment and light snack will be served
10.30-12.30 Dhamma Talk and Questions and answers
Venue:
Dusit Thani, Hua-Hin
1349 Petchkasem Road, Cha-am, Petchburi 76120
Reservation:
Kindly confirm your participant via e-mail at wfb.huahin@gmail.com
Background
Born in London in 1951, Ajahn Brahm (Phra Visutisangvornthera) was educated in Theoretical Physics at
Cambridge University. After completing his degree he traveled to Thailand to become a monk, trained in a Thai
forest tradition by renowed Ajahn Chah of Wat Nongpapong, Ubon Rachathani. In 1983 he was invited to
Australia to set up the Bodhinyana Monastery in Serpentine.
Ajahn Brahm true-to-life story telling style of speech is thoughtful, funny and enlightening. These tales are told
with wit and wisdom, which reveal the quality of devotion, humility and diligence. He has taught the timeless
Buddhist philosophy around the world to all walks of life, inspired millions by his teaching, conduct and practice.
For more information please contact Khun Lomdao Tel: 085 705 1177
FREE admission. ALL are welcome.
Read more...
Map of The Journey ebook (English Language)
The Author describes the levels of Insights (wisdoms) of understanding (contemplating) upon the natures of minds & matters (energies). This books is intened especially for those who are interested in Sprituality or meditators..
It is a transcript of a series of eleven preparatory talks given by Sayadaw U Jotika of Myanmar prior to a meditation retreat held in Australia.
Although born and bred in Myanmar, Sayadaw U Jotika has a great understanding of many other cultures as he has also read widely in Western literature and has spent extented periods in other countries.
This book gives a thorough background to the Path with much detail about the various insight stages. The Sayadaw illustrates this with many stories from his own practice and from his many teachers.
Attachment: Download-ebook(SnowInSummer).pdf
Read more...
စိတ်ကိုပြေးတယ် ထင်လို့ဖြစ်တတ်တဲ့ အစွဲမျိုးစုံ
ဓမ္မဓရ—စိတ်ကထွက်ပြေးအတွက် လိုက်ဖမ်းနေရပါတယ်ဘုရား။
ဦးဝိဇယ—စိတ်ကမပြေးပါဘူး။ အာရုံကိုသိပြီး ပျက်တဲ့ သဘော ကို အရှင်ဘုရားကိုရှင်းပြပြီးပါပြီ။ စိတ်ကိုသာပြေးတယ်ထင်ပြီး ဖမ်းနေမယ်၊ချုပ်နေမယ်၊ ဆိုရင် အစွဲမျိုးစုံဝင်လာတော့မှာပါပဲဘုရား။
အစွဲမျိုးစုံ ဆိုတာကတော့—
(၁) ခန္ဓာကိုယ်ငြိမ်နေမှတရားဖြစ်တယ်– ဟုထင်လျှင် ငြိမ်ငြိမ်နေနိုင်သောအခါ ကျေနပ်ခြင်းလောဘဖြစ်ပြီး ငြိမ်ငြိမ်မနေနိုင်သောအခါ မကျေနပ်သောဒေါသဖြစ်ပါတယ်။
(၂) စိတ်ကိုကိုယ်ထားတဲ့နေရာနေမှတရားဖြစ်တယ်။—-ဟုထင်လျှင် စိတ်ကို ကိုယ်ထားတဲ့ အာရုံမှာ နေသောအခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး ထားရာမှာမနေသောအခါ မကျေနပ်ခြင်းဒေါသဖြစ်ပါတယ်။
(၃) စိတ်က အာရုံ တစ်မျိုးတည်း သိတာမှတရားဖြစ်တယ်—-ဟုထင်လျှင် စိတ်ကအာရုံတစ်မျိုးတည်း သိသောအခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး တစ်မျိုးတည်း မသိသောအခါ မကျေနပ်ခြင်း ဒေါသ ဖြစ်တယ်။
(၄) တစ်နာရီ၊ နှစ်နာရီ စသည်ဖြင့် ကိုယ်တိုင်အချိန် သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း —သိခိုင်းတာ သိမှတရားဖြစ်တယ်-– ဟုထင်လျှင် ထင်တိုင်းဖြစ်သောခါ ကျေနပ်ခြင်း လောဘဖြစ်ပြီး ၊ထင်တိုင်းမဖြစ်လျှင် မကျေနပ်ခြင်းဒေါသ ဖြစ်ပါတယ်။
(၅) နံနက်၊ညစသည်ဖြင့် ကိုယ်တိုင်အချိန်သတ်မှတ်ပြီး -သတ်မှတ်ချိန်မှ တရားဖြစ်တယ်--ဟုထင်လျှင်ထင်တိုင်း လုပ်ဖြစ်သောအခါ ကျေနပ်ခြင်းလောဘ ဖြစ်ပြီး မလုပ်ဖြစ်သောအခါ မကျေနပ်ခြင်း ဒေါသဖြစ်ပါတယ်။
(၆) ဘုရား၊ကျောင်း၊ရိပ်သာ စသောနေရာမှာ လုပ်ရမှတရားဖြစ်တယ်—ဟုထင်လျှင် အထင်အတိုင်း လုပ်နိုင်လျှင် ကျေနပ်ခြင်းလောဘဖြစ်ပြီး အထင်အတိုင်း မလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ် ပါတယ်။
(၇) ဣရိယာပုတ်လေးပါးမှာ—ထိုင်မှတရား၊ ရပ်မှတရား၊ သွားမှတရား၊အိပ်မှတရားဖြစ်တယ်၊ ဟုထင်လျှင် ထင်တိုင်းလုပ်နိုင်လျှင် ကျေနပ်ခြင်း၊လောဘဖြစ်ပြီး ထင်တိုင်းမလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ်စေပါတယ်။
(၈) အလုပ်မျိုးစုံထဲတွင် တရားသက်သက်လုပ်မှ တရားဖြစ်တယ်-—ဟုထင်လျှင် ထင်တိုင်း လုပ်နိုင်လျှင် ကျေနပ်ခြင်း လောဘဖြစ်ပြီး ထင်တိုင်းမလုပ်နိုင်လျှင် မကျေနပ်ခြင်း ဒေါသဖြစ်စေပါတယ်။
(၉) ရောဂါကိုအစွဲပြုပြီး နေကောင်းမှတရားလုပ်လို့ရမယ်—-ဟုထင်လျှင် ထင်တိုင်းလုပ်ရလျှင် ကျေနပ်ခြင်း လောဘဖြစ်ပြီး ထင်တိုင်းမလုပ်ရလျှင် မကျေနပ်ခြင်းဒေါသဖြစ်ပါတယ်။
(၁၀) ငါတို့တရားနည်းမှတရားဖြစ်တယ်—- ဟုထင်ပြီးကျေနပ်လျှင်လောဘဖြစ်ပြီး အခြားနည်းကိုမကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၁) ငါတို့ပြတဲ့ဆရာမှမှန်တယ် —-ဟုထင်ပြီးကျေနပ်လျှင် လောဘဖြစ်ပြီး အခြားဆရာကို မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၂) အတိတ်အကြောင်းအရာကို အဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၃) ပစ္စုပ္ပန် အကြောင်းအရာကို အဟုတ်ထင်ပြီး— ကျေနပ်လျှင်လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၄) အနာဂတ်အကြောင်းအရာကိုအဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၅) အတွင်း-ဟူသောသတ်မှတ်ချက်ကကိုအဟုတ်ထင်ပြီး ——-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။
(၁၆) အပြင်-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—— ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။
(၁၇) အကြမ်း-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး-—ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
(၁၈) အနု-ဟူသော သတ်မှတ်ချက် ကို အဟုတ်ထင်ပြီး——ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။
(၁၉) အယုတ်-ဟူသောသတ်မှတ်ချက် ကို အဟုတ်ထင်ပြီး——ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။
(၂၀) အမြတ်-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—-ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်တတ်ပါတယ်။
(၂၁) အဝေး-ဟူသောသတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—–ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင်ဒေါသဖြစ်ပါတယ်။
(၂၂) အနီး-ဟူသော သတ်မှတ်ချက်ကို အဟုတ်ထင်ပြီး—–ကျေနပ်လျှင် လောဘဖြစ်ပြီး မကျေနပ်လျှင် ဒေါသဖြစ်ပါတယ်။
ယခုပြောတဲ့အစွဲတွေကို တပည့်တော် သိသလောက်သာပြောတာပါ ဘုရား။အစွဲတွေ ဘယ်လောက်များအုံး မယ်ဆိုတာ မသိသေးပါဘူး။ စိတ်ကိုပြေးတယ်လို့— အဟုတ်ထင်ခြင်းကိုအမှီပြုပြီး ဖြစ်လာတဲ့ အစွဲမျိုးစုံဖြစ်ပါတယ်။
စိတ်ကို—သိပြီးပျက်တဲ့သဘောပဲ—ဟုနားလည်ထားရင် စိတ်ကိုချုပ်မှာလည်းမဟုတ်ပါဘူး။ အချိန်၊နေရာ၊နာရီ နှင့် စိတ်ကိုဖိထားတော့မှာ မဟုတ်ပါဘူး။စိတ်သဘောကို မသိသောကြောင့်သာ စိတ်ကိုချုပ်တာ ဆွဲတာ ဖိတာတွေ ဖြစ်လာတာပါ။
Read more...
Meditation and Compassion
At the outset, I must be very frank with you. I have no knowledge of Christianity except as a person in the street. Nor am I a scholar in the theory of Buddhism. My approach to Buddhism is more by practice than by theoretical means. I have practiced Buddhist meditation for over twenty years. I have a great field of practical research. Therefore, it is my sincere intention to present to you my papers aiming at practice only.
As it expounded in the Pali Canon, Buddhist meditation is based primarily upon the experience of the Buddha himself and upon the method adopted by him in the attainment of enlightenment. Meditation has, therefore, come to occupy the central position in Buddha’s teaching, and it is to be regarded as the essential factor in religious culture.
Its practice has been developed into two complex systems known as Samadhi and Vipassana. An examination of the whole subject, considering its fundamental principles, reveals it as a process of developing a higher form of consciousness as the only means of winning the goal of Nibbana.
The system of Buddhist training consists of three sections: Sila, Samadhi and Panna (morality, concentration and wisdom).
Thus the Buddhist system of training from beginning to ends is consistent with the Noble Eightfold Path leading to Vimutti, the final release. This is the system which Buddha himself found and used to achieve the Buddhahood of perfect enlightenment.
It is on this system that Buddhist meditation is based, and its practice has developed into two methods: Samadhi and Vipassana.
Of these, Samadhi meditation consists in achieving the utmost one-pointedness of thought upon a given subject of salutary nature, and then raising one’s conception of the subject to an abstraction.
In this form of meditation, consciousness is raised from a lower to a greater plane with the elimination of interior tendencies, called nivarana(hindrances), while concentration is developed to its highest form, that is to say, the jhana state where the mind gradually becomes absorbed in the abstract conception of the subject.The practice of this system of meditation is called Samadhi bhavana.
There are 40- Kamathana subjects as objects of concentration which prescribed in the text. In my dhamma workshop, anapansati (watching over in-and- out breathing) is the major subject practiced by Yogis.
After achieving the highest Samadhi, they have to observe the nature of all conditioned things, i.e.,anicca (impermanence), dukkha (unsatisfactoriness), and anatta ( absence of a permanent personal entity such as an ego, self or soul). This form of meditation is called vipassana.
After completing anapanasati meditation, all yogis have to practice brahma vihara bhavana.I intend to present the method of developing metta bhavana because it is the moral foundation of every form of religious life and is considered to be indispensible to spiritual development.
Before presenting Buddha’s method, may I express how Lord Jesus Christ talked about love: (Love your enimies and pray for those who persecute you, never curse them, bless them.Do not be overcome by evil, but conquer it with good.) (Romans 12:21).Jesus taught : (Love thy neighbor as thyself)-Mark 12:31-
In the metta sutta, the Buddha said : “ just as mother, even at the risk of her life, loves and protects her child, the only child, so let a man cultivate this universal loving kindness towards the whole universe…Below, above, above, around, unstinted , unmixed with any feeling od opposite interest.
Let him remain steadfast in the state of mind, all the while from the time he awakes, whether he be standing, walking, sitting or lying down. This state of heart is the best in the world.
Read more...
ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)
(နိဂုံး)
ကူဋဒန္တသုတ်လေ့လာသုံးသပ်ခြင်း သို့မဟုတ် မြတ်ဗုဒ္ဓ၏ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးဟု ခေါင်းစဉ်တပ်ထားသော စာတမ်းမှာ ပြီးဆုံးခြင်းသို့ ရောက်လေပြီ။ စာဖတ်သူတို့အတွက် တစ်ခုခု ကျန်ခဲ့လိမ့်မည်ဟု ယူဆပါသည်။ ဤစာတမ်းကို မြတ်ဗုဒ္ဓ၏ တရားတော်အစစ်အမှန်များကို ဝေငှလိုခြင်း၊ တရားတော်များကို ဖတ်ရှုရင်း ဖြစ်ပေါ်လာသော ခံစားချက်အတွေးစများကို မျှဝေလိုခြင်းဟူသော အကြောင်းနှစ်ချက်ဖြင့် စာတမ်းငယ်အသွင် ဖန်တီးခဲ့ရခြင်းဖြစ်ပေသည်။
စာရေးသူသည် ဒီမိုကရေစီသဘောတရားနှင့် မြတ်ဗုဒ္ဓအယူအဆများ နှီးနွယ်နေပုံ၊ တစ်နည်းအားဖြင့် ကွဲလွဲမှုများရှိနေစေကာမူ မြတ်ဗုဒ္ဓ၏ ထုတ်ဖော်ဟောကြားချက်များမှာ တရားမျှတမှုနှင့် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ လူပုဂ္ဂိုလ်သတ္တ၀ါတို့၏ တစ်ကိုယ်ရေ စီမံပိုင်ခွင့်များမှာ လက်ရှိကမ္ဘာမှာ ရေပန်းစားနေသော ဒီမိုကရေစီသဘောတရားများနှင့် ထင်ဟပ်၍ ရနိုင်စရာများ ဖြစ်ပါသည်။
ပထမဦးစွာ ကူဋဒန္တပုဏ္ဏားသည် သတ္တ၀ါများစွာကို သတ်ဖြတ်ပြီး အလှူကြီးပေးလှူဖို့ ဆန္ဒဖြစ်ခဲ့၏။ ထိုအချိန်တွင် မြတ်ဗုဒ္ဓနှင့် တွေ့ဆုံခွင့်ရခဲ့၏။ ဗုဒ္ဓမြတ်စွာက မဟာဝိဇိတမင်းနှင့် တိုင်းပြည်ငြိမ်းချမ်းရေးမှသည် အမြတ်ဆုံးအလှူပေးခြင်းအထိ လမ်းညွှန်ဟောကြားခဲ့သည်။ မဟာဝိဇိတမင်းက အလှူကြီးပေးလိုသည်ဟု ဆိုသောအခါ သူ၏ ပုရောဟိတ်ပုဏ္ဏားက တိုင်းပြည်မှာ ဆူပူသောင်းကျန်းမှုများ ရှိနေလျှင် အလှူမပေးသင့်ကြောင်း ဆိုခဲ့၏။ ဆူပူမှု၏ အကြောင်းရင်းကို ရှာပြ၏။ ဆူပူရခြင်းမှာ စားဝတ်နေရေးမပြည့်စုံမှုကြောင့် ဖြစ်၏။ သို့ဖြစ်၍ စားဝတ်နေရေး ပြေလည်အောင် ဘုရင်က ဆောင်ရွက်ပေးခဲ့၏။
နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းပေးခဲ့၍ တိုင်းသူပြည်သားများမှာ စီးပွားဥစ္စာများ ဖွံ့ဖြိုးတိုးတက်ခဲ့ရ၏။ ပြည်သူများမှာ စီးပွားရေးကောင်းမွန်သဖြင့် စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်ခဲ့ကြရ၏။ နည်းမှန်လမ်းမှန်ဖြင့် မဖြေရှင်းဘဲ လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် ဆူပူရကောင်းလားဟု အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်းခဲ့လျှင် ဤအခြေအနေမျိုးကို ရနိုင်လိမ့်မည် မဟုတ်ပေ။
ပြည်သူအများ စီးပွားရေးပြေလည်ကြ၍ စိတ်ချမ်းသာဖြစ်ကြသောအခါ မဟာဝိဇိတမင်းက အလှူကြီးပူဇော်လိုကြောင်း၊ မည်သို့မည်ပုံ လှူဒါန်းရမည်ကို ညွန်ကြားပါမည့်အကြောင်း ပုရောဟိတ်ပုဏ္ဏားအား ဆိုခဲ့၏။ ပုရောဟိတ်က မြို့စားနယ်စားများနှင့် သူဌေးသူကြွယ်တို့ကို တိုင်ပင်ဖို့ အကြံပြု၏။
ဤအခန်းက အာဏာရှိတိုင်း `ငါတကော မကောမိစေဖို့´ ညွှန်ကြားသည်ဟု ယူဆမိသည်။ မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် ခေါင်းဆောင်နှင့် အောက်လက်ငယ်သားများဟူ၍ ရှိစမြဲဖြစ်၏။ ခေါင်းဆောင်ပုဂ္ဂိုလ်က `ငါခေါင်းဆောင်ပဲ´ဟူသော စိတ်ထားဖြင့် တိုင်ပင်ညှိနှိုင်းမှု မပြုဘဲ လုပ်ဆောင်လျှင် အောင်မြင်နှင့် ဝေးကွာတတ်သည်ကို မီးမောင်းထိုးပြလျှက်ရှိ၏။ တိုင်ပင်ညှိနှိုင်းမှုမပြုသော အဖွဲ့အစည်းသည် ရေရှည်တည်မြဲလိမ့်မည်မဟုတ်သည်မှာ သေချာသော နိယာမတစ်ခုဖြစ်၏။
အလှူအတန်းပြုရာတွင် လာရောက်အလှူခံသူများမှာ လူတန်းစားပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ အယူဝါဒပေါင်းစုံမှ လာရောက်နိုင်သည်ဖြစ်သောကြောင့် ကိုယ့်ကျင့်သိက္ခာရှိသူ၊ ကိုယ်ကျင့်တရားမရှိသူ..စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ ယင်းအခြေအနေကို တွေ့မြင်သောအခါ ကိုယ့်ကျင့်သိက္ခာရှိသော အလှူခံများကိုသာ အာရုံပြုပြီး လှူဒါန်းဖို့ ညွန်ကြားထားသည်မှာ မှတ်သားဖွယ်ရာ ဖြစ်ပါသည်။
နောက်ဆုံးတွင် ဗုဒ္ဓမြတ်စွာက အလှူအတန်းအဆင့်ဆင့် မြင့်မြတ်ပုံတို့ကို အစီအစဉ်ကျကျ ဟောပြထားသည်မှာ ဗုဒ္ဓဘာသာဝင်တို့ အင်မတန် သတိထားသင့်သောအချက်ဖြစ်ပါသည်။ ထိုအစဉ်များအနက်မှ အဓိကမှတ်သင့်သော အချက်တို့ကို အနည်းငယ် ပြန်တင်ပြလိုပါသည်။ အလှူပစ္စည်းများကို မိုးလုံးပြည့်လှူဒါန်းခြင်းထက် အများသူရတနာသုံးပါးကို ဆည်းကပ်ခြင်းက အလုပ်လည်းနည်းပြီး အကျိုးကြီး၏။ ရတနာသုံးပါးကို နေ့စဉ်နှင့်အမျှ နဖူးပွန်းအောင် ကြည်ညိုကိုးကွယ်ဆည်းကပ်နေလျှင်လည်း ငါးပါးသီလမှ မလုံခြုံလျှင် အကျိုးမကြီးနိုင်။ အထက်ပါ အလုပ်များကို ပြည့်စုံအောင် အားထုတ်နိုင်သည်ဆိုသော်လည်း သမထ၊ ၀ိပဿနာမှ အားမထုတ်လျှင် ဗုဒ္ဓဘာသာ၏ ပန်းတိုင် သို့မဟုတ် အနှစ်သာရကို ရရှိနိုင်ဖို့ မလွယ်ကူ။ နောက်ဆုံး ဗုဒ္ဓ၀ါဒ၏ အမြင့်မြတ်ဆုံး အနှစ်သာရမှာ မဂ်၊ ဖိုလ်နိဗ္ဗာန်ရရှိခြင်းပင် ဖြစ်၏။ သို့ဖြစ်၍ ဤကူဋဒန္တသုတ်တော်မှာ လောကအရေးငြိမ်းချမ်းသာယာမှုမှသည် အဆုံးနိဗ္ဗာန်ရောက်သည်အထိ မီးမောင်းထိုးပြထားသော ဟောကြားချက်များဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဂရုတစိုက် လေ့လာဖတ်ရှုသင့်ကြောင်း တင်ပြလိုက်ရပါသည်။
မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်နှင့်အညီ ငြိမ်းချမ်းသာယာသော တိုင်းပြည်တွင် ရှင်သန်နိုင်ခွင့်ရကြပါစေ၊ လောကီအရေး ကြီးပွားတိုးတက်မှုမှသည် အမြတ်ဆုံးနိဗ္ဗာန်သို့ အရောက်လှမ်းနိုင်သော ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြပါစေဟု ဆုမွန်ချွေလိုက်ပါသည်။
ပြီးပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။
Read more...
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း
From Sin Phyu Kyaun
စစ်ကိုင်းတောင်ရိုး သီတဂူဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည့် ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ ပညာရှင်များ မြန်မာပြည်တွင်းမှ ပညာရှင်များ အသီးသီးဆွေးနွေးဖြစ်ခဲ့ကြသည်။ ဒုတိယနေ့ မနက်ပိုင်းတွင် ပါဠိစာပေများနှင့်ပတ်သတ်၍ မြန်မာပြည်တွင်းမှ ရဟန်းပညာရှင်များပါဝင် ဆွေနွေး စာတမ်းများ ဖတ်ကြပါသည်။ ထိုဆွေးနွေးပွဲတွင် အမေရိကန်နိုင်မှ ဒေါက်တာဓမ္မပိယ (သင်္ဃန်းကျွန်းငါးကျမ်းပြန်ဆရာတော်) နှင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဒေလီတက္ကသိုလ်မှ ဒေါက်တာ ဆတျပါလ မဟာထေရ် (Head of Department, Department of Buddhist Studies) တို့မှ Moderator အဖြစ်ဆောင်ရွက်ကြသည်။ မနက်ဖြန်လည်း ထိုမနက် ပိုင်းဆွေးနွေးပွဲအတွက် Information Presentation Paper စသည်တို့လိုအပ်သည်များကို လုပ်ပေးရန် တာဝန် ယူရသည့် ပြာတာလုပ်ငန်း (Workshop Assistance) အဖြစ်ပါဝင်ခွင့်ရခဲ့သည်။
မြန်မာပြည်မှ မြန်မာပညာရှင်ရဟန်းတော်များ၏ ဆွေးနွေးချက်များကို ကြည့်ရှုနိုင်ရန် မျှဝေခံစားလိုက်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၁)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၂)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဒုတိယနေ့ မနက်ပိုင်း အစည်းအဝေး ဗွီဒီယိုမှတ်တမ်း (၃)
Read more...
၎။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်
သံတော်စေတီ
ဣန္ဒြိယပရောပရိယတ္တိဉာဏော အနန္တော ဧတေန သစ္စဝဇေန သောတ္ထိ မေ ဟောတု ဇယမင်္ဂလံ။
  • ဝီသဋ္ဌံ မဉ္စု ဝိညေယျံ သဝနိယာ ဝိသာရဏာ ဂမီရော ဗိန္ဒုနိန္နာဒေါ တိဋ္ဌင်္ဂီတံ သရံနမေ။
  • ဣတိပိသော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပူရိသ ဒမ္မသာရထိ သတ္ထာဒေဝမနုဿနံ ဗုဒ္ဓေါ ဘဂဝါတိ။
  • အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံပရူပက္ကမေန တထာကတံ ဇီဝိတာ ဝေါရောပေယျ အနုပက္ကမေန ဘိက္ခဝေ တထာဂတာပရိနိဗ္ဗာယန္တိ။
  • နညတြ ဗောဇ္ဈာတပသာ နညတြိန္ဒြိယ သံဝရာ နညတြ သဗနိဿဂ္ဂါ သောတ္တိံ ပဿာမိ ပါဏိနံ။
  • ဒိဋ္ဌေ ဒိဋ္ဌမတံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။
  • သုဒ္ဓါဇီဝံ သုခဖလံ အနဝဇ္ဇံ နပရဒုက္ခာဝဟနံ အဘယံ အသမ္ပီဠနံ ဧကန္တဝဍ္ဎကိံ အပရိဟာနိယံ အမာယံ အရက္ခာ ပတ္ထိတဒဒံ သဗ္ဗသတ္တဒမနံ သံဝရဟိတံ ပဋိရူပံ အနိဿတံ ဝိပ္ပမုတ္တံ ရာဂက္ခယံ ဒေါသက္ခယံ မောဟက္ခယံ မာနပ္ပဟာနံ ကုဝိတက္ကစ္ဆေဒနံ ကင်္ခါဝိတရဏံ ကောသဇ္ဇဝိဒ္ဓံသနံ အရတိပ္ပဟာနံ ခမနံ အတုလံ အပ္ပမာဏံ သဗ္ဗဒုက္ခက္ခယ ဂမနန္တိ။
  • (အဒ္ဓါယဣမာယ ပဋိပတ္တိယာ ဇာတိဇရာ ဗျာဓိမရဏမှာ ပရိမုဉ္စိဿာမိ)
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ဣနြေ္ဒ နုရင့် အသင့်ဒေသနာ ဆင့်ဆင့်ဖြာ၍ သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိ ရွှေဉာဏ်တော်ကို ရေတွက်၍ မကုန်နိုင်ပါတကား။
(ဣနြေ္ဒစောင့်၍ အောင်ပါသည်။)
မြန်မာပြန်
ဣန္ဒြိယပရောပရိယတိဉာဏော အနန္တော
(က) ဝိသဋ္ဌံ မဉ္စု ဝိညေယျံ ... သရံနမေ။
ထွေးရှုပ်လွတ်ကင်း သန့်ရှင်းသော အသ့တော်လည်းကောင်း၊ ချိုမြိန်လှစွာ သာယာသောအသံတော်လည်းကောင်း၊ ဝိညေယျံ ထင်ရှားလှစွာ သိသာခြားနားသော အသံတော်လည်းကောင်း၊ ပရိသတ်မှ အပသို့ မထွက်သော အသံတော်လည်းကောင်း၊ မလျှပ်မလဲ နက်နဲသော အသံတော်လည်းကောင်း၊ မပြိုမကွဲ တစ်ခဲနက်သော အသံတော်လည်းကောင်း၊ ရွက်စပ်ထင်ထင် ပဲ့တင်ထက်သော အသံတော်လည်းကောင်း၊ ဤသို့ အင်္ဂါရှစ်စုံ သံတော်ဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။
(ခ) အဋ္ဌာနံ မေတံ ....... ပရိနိဗ္ဗာယန္တိ။
အကြင်အကြောင်းကြောင့် သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် သင်တို့၏ဆရာ ငါဘုရားကို ဇီဝိတိနြေ္ဒမှ ဤသို့ရုပ်နာမ်ပျက်ခွင်း ချသတ်နိုင်ခြင်းသည် အကြောင်းချင်းရာ မဟုတ်သည်သာလျှင်တည်း။ ရဟန်းတို့၊ မြတ်စွာဘုရားတို့သည် လက်နက်လုံ့လပရောဂတို့ လုံးဝမရှိဘဲသာလျှင် ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းတော်မူကြကုန်၏။
(ဂ) နညတြ ဗောဇ္ဈာ ......... ကဿာနိပါဏိနံ။
ဗောဇ္ဈင် ရ-ပါး၊ ဓုတင် ၁၃-ပါး၊ အကျင့်မြတ်များကို ကြဉ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမြင်တော်မမူ၊ ဣနြေ္ဒမစောင့်ရှောက်ခြင်းကို ကြဉ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမြင်တော်မမူ၊ အလုံးစုံသော ဘုံဘဝသင်္ခါရတို့မှ စွန့်လွှတ် လွန်မြောက် နိဗ္ဗာန်ရောက်ခြင်းကို ကြဉ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမြင်တော်မမူ။
(မိမိ၊ သူတစ်ပါး ကိုယ်စိတ်နှစ်ပါးကို ဆုံးမနိုင်၍ ကောင်းသောအသံထွက်သည်။ မြင်ကာမျှ ကြားကာမျှ ထားပါ။)
Read more...
သိလား...? (ဦးသုမင်္ဂလ) vcd
ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...
နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...
သိလား...? (ဦးသုမင်္ဂလ) vcd
တရားတော်ယူရန်--->
Read more...
ဂျပန်နိုင်ငံ ကဆုက ဘုရားကျောင်းတော်မှ... (မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း)
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း ၆-မှ...
ဂျပန်နိုင်ငံ ကဆုက ဘုရားကျောင်းတော်မှ...
တိုတိုင်းရီဘုရားကျောင်းတော်နှင့် ရှင်တိုဘုရားကျောင်း...
ကျိုတိုမြို့တော် ပတ်ဝန်းကျင်မှ တင်ဒိုင်းဂိုဏ်း ဌာနချုပ်...
Read more...
တို့တော့ အောက်ကြည့်ပြီး ပြေးနေရတုန်းပဲ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))
ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၄-မှ...
တို့တော့ အောက်ကြည့်ပြီး ပြေးနေရတုန်းပဲ...
Read more...
*ဆရာတော် ဦးသုမင်္ဂလ၏ တရားတော်များ*
http://www.dhammaransi.net/UThuMingala.html
PART 1-8 http://www.mediafire.com/download.php?2imyyhzldyl
PART 9-16 http://www.mediafire.com/download.php?z3zeywwyqdm
PART 17-24 http://www.mediafire.com/download.php?xwtzdmzuiey
PART 25-32 http://www.mediafire.com/download.php?itm0ee5j5gj
PART 33- 40 http://www.mediafire.com/download.php?2nnr02jtao5
PART 41- 48 http://www.mediafire.com/download.php?zyzikqnbygd
PART 49-55 http://www.mediafire.com/download.php?f4nhogjyuy5
စင်ကြယ်ခြင်းနှင့် ညစ်နွမ်းခြင်း http://www.mediafire.com/download.php?yqnmrojmmwb
U Thu Mingala's teaching
ဆရာတော် ဦးသုမင်္ဂလ၏ တရားတော်များ
လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
Read more...
ကံ ကံ၏အကျိုး ( ၆၁ )
( ကံတူ အကျိုးပေး )
ဦးကျည်းတန်သည် နာမည်နှင့်လိုက်အောင် ရုပ်ဆိုးသကဲ့သို့ စရိုက်လည်းဆိုးသူ ဖြစ်သည်။ အရက်သေစာ သောက်စားတတ်သူ တဦးလည်းဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း မူးလာတိုင်း ရန်လုပ်တတ်သည်။ ရပ်ကွက်ထဲရှိ ကလေးများ ငိုယိုနေလျှင် ဦးကျည်းတန်ကြီး လာပြီဆိုရုံမျှဖြင့် ကြောက်ရွံ့ကာ အငိုရပ်သွားကြသည်။
တနေ့တွင် ဦးကျည်းတန်သည် အရက်နှင့်မြည်းရန် အမဲခြောက်တချောင်းကို ဖုတ်၍ ပန်းကန်ထဲတွင် ထည့်ပြီး ထားခဲ့သည်။ ထို့နောက် အနီးရှိ အရက်ဆိုင်သို့ အရက်ဝယ် ထွက်သွားပါသည်။ ဦးကျည်းတန် ပြန်လာသောအခါ ပန်းကန်ထဲမှ အမဲခြောက်ဖုတ်ကို ကြောင်တကောင် စားနေသည်ကို မြင်ရသဖြင့် ဒေါသထွက်ပြီး ကြောင်ကို ဟိန်းဟောက်လိုက်ရာ ကြောင်မှာ ထွက်ပြေးသွားသည်။ ထိုအခါ လေးခွကို ယူ၍ လိုက်ထုနေပါသည်။
တနေရာအရောက်တွင် ကြောင်ကြီး၏မျက်နှာကို လောက်စာလုံး ထိမှန်၍ မျက်လုံးတဖက် ထွက်ကျကာ တန်းလန်းကြီး ဖြစ်နေသည်။ ကြောင်ကြီးမှာ နာကျင်လွန်း၍ အော်ဟစ်လူးလွန့်နေသည်ကို မြင်ရသူအပေါင်း စိတ်မချမ်းသာ ဖြစ်ကြသည်။ သို့သော်လည်း ဦးကျည်းတန်ကို မပြောဝံ့ကြပါ။ သူ့ကို အကြင်နာတရား မရှိသူဟု ရွံရှာမုန်းတီးကြသည်။ ကြောင်ကြီးမှာ မသေသော်လည်း ဒဏ်ရာကို ပြင်းထန်စွာ ခံစားလိုက်ရရှာသည်။
ထိုအဖြစ်အပျက်များ မေ့မေ့ပျောက်ပျောက် ဖြစ်ချိန်တွင် ရပ်ကွက်အတွင်း သတင်းဆိုးတခုကို ကြားရသည်။ ထိုသတင်းမှာ ဦးကျည်းတန်တယောက် သစ်ပင်ပေါ်မှ လိမ့်ကျရာ ဒဏ်ရာပြင်းထန်သည်-ဟူသော သတင်းဖြစ်သည်။
ဖြစ်ပုံမှာ ဦးကျည်းတန်သည် အိမ်အနီးရှိ သရက်ပင်မှ သရက်သီးနုနုလေးများကို အရက်အမြည်းလုပ်ရန် သရက်ပင်ပေါ်တက်ပြီး ခူးရာမှ ခြေချော်ကျသွားသည်။ သရက်ပင်ပေါ်မှ လိမ့်ကျပြီး သရက်ပင်ဘေးရှိ ၀င်းထရံမှ ၀ါးချွန်နှင့်မျက်လုံးကိုထိုးမိရာ မျက်လုံးပေါက်ထွက်သွားသည်။ အိမ်နီးချင်းများက ၀ိုင်းဝန်း၍ ဆေးရုံပို့ပေး သော်လည်း မျက်လုံးကိုတော့ ထုတ်ပစ်လိုက်ရပါသည်။
အံ့သြစရာကောင်းသည်မှာ ဦးကျည်းတန်၏ မျက်လုံး ထွက်သွားသည့်ဘက်မှာ ကြောင်ကြီး၏မျက်လုံး ထွက်သွားသည့်ဘက်နှင့် ညာဘက်ချင်း တူညီကြပုံကို တွေ့ရ၍ မြင်ရသူတိုင်း သံဝေဂ-ရကြပါသည်။
( ချယ်ရီ-ရွှေခြံ )
********************************************************************************
( စိတ်ကောင်းရှိ၍ ကံကောင်းသော မောင်နှံနှစ်ဦး )
ကျွန်မတွင် အကိုငါးယောက်ရှိရာ စတုတ္ထမြောက် အကိုမှာ ကိုမြင့်ဖေဖြစ်ပါသည်။ ကျွန်မ၏အကိုလေးသည် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းပြီး မိဘ ဆရာသမားကျေးဇူးကိုလည်း အထူးသိနားလည်သူဖြစ်ပါသည်။ မိဘများ စိတ်ချမ်းသာရေးအတွက် မိမိကိုယ်မိမိ အနစ်နာခံကာ လုပ်ဆောင်ပေးလေ့ရှိသူ ဖြစ်ပါသည်။ ကျွန်မ၏အကိုသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အလုပ်လုပ်ကိုင်ရာတွင် သူ၏ချွေးနှဲစာဖြစ်သော လစာအားလုံး တပြားမကျန် မိခင်(မေမေ)ကို အကုန်အပ်ပါသည်။
ကျွန်မ၏ အကိုလေးသည် အသက် ၂၇-နှစ် အရွယ်တွင် ကချင်ပြည်နယ်မှ ရှမ်းဗမာ အမျိုးသမီးလေးနှင့် အိမ်ထောင်ကျပါသည်။ ယင်းအမျိုးသမီးမှာလည်း အကိုလေးနည်းတူ စိတ်ရင်းစိတ်ထား ကောင်းလှသည်။ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သည်။ နှစ်ဖက်မိဘများကို မိဘအရင်းသဖွယ် သဘောထားသည်။ အကိုလေးသည် ယင်းအမျိုးသမီးနှင့် လက်ထပ်ပြီးနောက် အလုပ်မှထွက်ကာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ပြီး လယ်ယာလုပ်ကိုင်နေပါသည်။
ကျွန်မ၏အကိုလေးတို့ ဇနီးမောင်နှံသည် ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း။ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ် ကိုးကွယ်ခြင်း၊ မိဘ ဆရာသမားများအပေါ် ကျေးဇူးသိတတ်ခြင်း၊ ရိုးသား၍ ကြိုစားကြခြင်း စသော အကြောင်းတရားတို့ကြောင့် လုပ်ငန်း ကိုင်ငန်းများ အဆင်ပြေချောမွေ့နေခဲ့ပါသည်။
ကျွန်မအကိုလေး၏ ဇနီးသည် ကလေးသုံးယောက် မိခင်ဖြစ်သော်လည်း ဘုရားဆွမ်းတော်၊ ရေချမ်းတော်များ နံနက်တိုင်း ကပ်လှူခြင်း၊ ဘုရားပန်း မညှိုးရအောင် ဂရုတစိုက် လဲပေးခြင်း၊ အလှူခံမှန်သမျှ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခြင်း၊ ညစဉ် ဘုရားရှင်အား ဆီမီး ရေချမ်း ပန်းများ ကပ်လှူခြင်းတို့ကို ၀တ်မပျက် ပြုမူလေ့ ရှိသည်။ ထို့ပြင် ဓမ္မစကြာဝတ်အသင်းတွင် ပါဝင်ပြီး မိမိတို့ ဓမ္မစကြာဝတ်အသင်းအား ပင့်ဖိတ်သောအိမ်များသို့ သွားရောက်ကာ ဓမ္မစကြာတရားတော်များကို ရွတ်ဆိုပူဇော်ပေးလေ့ရှိပါသည်။
တောင်သူလယ်သမား ပီပီ နေ့လယ်နေ့ခင်း အိပ်စက်အနားယူဖို့ အချိန်မရသော်လည်း အိမ်ထောင့်တာဝန် ကျေပွန်ရုံမျှမက ရပ်ရွာတာဝန်နှင့် ဘာသာရေး ကျင့်ဝတ်များကို မပျက်မကွက် ထမ်းဆောင်လျက် ရှိပါသည်။
ယင်းအကိုလေးတို့ ဇနီးမောင်နှံသည် နှစ်ဖက် မိဘများကို ကိုယ့်မိဘအရင်းများသဖွယ် မခွဲမခြား ဆက်ဆံလေ့ရှိပါသည်။ ကျွန်မ၏အကိုလေးက ဘာမျှမပြောရခင်မှာပင် ကျွန်မ၏ ယောက်မသည် ယောက္ခမများထံ ငွေများကို လူကြုံဖြင့် ပေးပို့ပါသည်။ စားသောက်ဖွယ်ရာများ ပေးပို့ပါသည်။
ဤသို့ စိတ်ရင်းစိတ်ထားကောင်းသော အကိုလေးတို့ ဇနီးမောင်နှံသည် လုပ်ငန်း ကိုင်ငန်းများ အထူးပြေလည်တိုးတက်လာခဲ့ပါသည်။ ထို့ပြင် ကျွန်မ၏ ယောက်မတွင် ထူးခြားချက်တခုကို အံ့သြဖွယ်တွေ့ခဲ့ရပါသည်။ ယင်းမှာ အခြားမဟုတ်။ သူမသည် ဘုရားရှိခိုး အမျှဝေပြီးတိုင်း သူမ၏မိဘနှစ်ပါးနှင့် အမရင်းများကိုသာမက သူမ၏ ယောက္ခမ (ကျွန်မ၏ဖခင်) ကျန်းမာ ချမ်းသာစေရန် မေတ္တာပို့ခြင်း၊ ကျွန်မတို့ မောင်နှမများဖြစ်ကြသော အခြားရွာနေ သူမ၏ခဲအို ယောက်မကြီး၊ မတ်၊ ယောက်မလေးများကို တယောက်စီ နာမည်ရွတ်ဆိုကာ ကျန်းမာချမ်းသာ ရွှင်လန်းစေကြောင်း ဆုတောင်းမေတ္တာပို့သခြင်း ပြုလေ့ရှိသည်။
ကျွန်မ၏မိခင် (ကွယ်လွန်သူ) အတွက်လည်း ပြုပြုသမျှ ကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်း ပြုလေ့ရှိပါသည်။ အတုယူဖွယ် မိန်းမမြတ်ပင် ဖြစ်သည်။ သူတို့မောင်နှံသည် စိတ်ကောင်းရှိ၍ စေတနာ မှန်ကြသဖြင့်လည်း ကံကောင်းလျက် ရှိကြသည်ကို တွေ့ရပါသည်။
( ညီမထွေး )
( မြတ်မင်္ဂလာ ၁၉၉၇-ခု ဒီဇင်ဘာလ )
Read more...
ဘာသာရေး ပြဿနာ ( ၆၆ )
( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )
( မေး ) ( ကားပေါ် ရထားပေါ်ဝယ် )
အရှင်ဘုရား၊ တပည့်တော်တို့သည် ကားပေါ် ရထားပေါ်တို့တွင် ရဟန်းသံဃာများနှင့် တခုံတည်းတွဲ၍ စီးကြရသည့်အခါမျိုးရှိပါသည်။ ရဟန်းသံဃာများသည် မိမိထက် သုံးဝါကြီးသော ရဟန်းနှင့်ပင် တခုံတည်း မထိုင်ရ-ဟု ကြားဘူးပါသည်၊ လူနှင့် ရဟန်း ဤသို့ တွဲ၍ထိုင်သဖြင့် ရဟန်းမှာ အပြစ်ရှိလျှင် လူမှာလည်း အပြစ်ရှိနိုင်ပါသည်။ မည်သို့အပြစ်ရှိ၍ မည်သို့ ဖြေဖျောက်သင့်ကြောင်း ရှင်းလင်းဖြေကြားတော်မူပါဘုရား။
( ဒကာတင်လှ-ဘုန်းကြီးလမ်း၊ ရန်ကုန် )
( ဖြေ )
ရဟန်းအချင်းချင်း နေရာတူ ထိုင်နိုင်ခွင့်ရှိသည့် သုံးနှစ်သုံးဝါအတွင်းရှိသူ ( နှစ်နှစ်နှင့် ဆယ်လ၊ ဆယ့်တလကွာ ကြီးသူ၊ ငယ်သူ ) သာ တခုံတည်း ထိုင်နိုင်သည်ဟု ခွင့်ပြုချက်ရှိသည်မှာ မှန်ပါသည်။ သို့သော် တခုံတည်း ဟူသည်မှာ ရွှေ့နိုင်၊ ပြောင်းနိုင်သော ခုံမျိုး (သံဟာရိမ) မျိုးကိုသာ ဆိုပါသည်။
မြေစိုက်ခုံမျိုး၊ အသေရိုက်ထားသော ကား-ရထား ခုံမျိုး (အသံဟာရိမ) ကို မဆို။ ထိုအသေရိုက် တပ်ဆင်သော (အသံဟာရိမ) ခုံမျိုးမှာ ကျောက်တုံး၊ ကျောက်ဖျာ၊ သစ်ပင်အောက်များတွင် တိုင်စိုက်၍ ပြုလုပ်ထားသော ကွပ်ပျစ်၊ အိမ်ကြမ်းပြင်၊ ဇရပ်ကတုံးများနှင့် အလားတူသဖြင့် တထာရူပေ အပိ ဖလကက္ခဏ္ဍေ အနုပသမ္ပန္နေနာပိ သဒ္ဓိံ နိသီဒိတုံ ၀ဋ္ဋတိ (၀ိနယသင်္ဂဟ-ဋ္ဌ၊ ၄၂၆) အခြေအနေအရ (သွားရင်း လာရင်း) ရဟန်းနှင့် လူတကာတို့မှာ အာပတ်မသင့်ပါ။ မာတုဂါမများနှင့်သာ အတူမထိုင်ကောင်းသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
*********************************************************************************
( မေး ) ( ကထိန်ဒါယကာ နှစ်ဦးရှိနေလျှင် )
အရှင်ဘုရား၊ ကထိန်သင်္ကန်း ကပ်လှူရာတွင် ရှေးဦးစွာ ကထိန်လာရောက်လျှောက်ထားသူနှင့် နောက်မှ လာရောက်လျှောက်ထားသူ ဤနှစ်ဦးတို့အား မည်သူ၏ ကထိန်အလှူကို လက်ခံရပါမည်နည်း။ နောက်မှ လာရောက်လျှောက်သူ၏ ပစ္စည်းတန်ဖိုးသည် ဦးစွာလျှောက်သူ၏ ပစ္စည်းတန်ဖိုးထက် များနေလျှင် တန်ဖိုးနည်းသော ပထမလျှောက်ထားသူ၏ ကထိန်ကို လက်မခံဘဲ တန်ဖိုးများသော နောက်မှလျှောက်ထားသူ၏ ကထိန်ကိုသာ လက်ခံရမည်ဟု ကြားဖူးပါသည်။ အဘယ်ကြောင့် ပထမ လာရောက်လျှောက်ထားသည့် ကထိန်ကို လက်မခံရပါသနည်း။ ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။
( ဦးသိန်းဆောင်-လယ်ကြီးရွာ၊ စစ်ကိုင်းမြို့နယ် )
( ဖြေ )
ရှေးဦးစွာ လျှောက်ထားလာသူထက် နောက်မှ လာရောက် လျှောက်ထားသူက သံဃာအား လာဘ်လာဘ ပိုမိုများပြားစွာ လှူဒါန်းနိုင်လျှင် နောက်လျှောက်ထားသူ၏ ကထိန်ကို အလှူခံနိုင်ကြောင်း အဋ္ဌကထာက ညွှန်ပါသည်။
သို့သော် ဦးစွာလျှောက်ထားသူအား ခေါ်ယူညှိနိုင်း၍ ပူးပေါင်းပေးခြင်း၊ ကထိန်သင်္ကန်းအဖြစ် မဟုတ်သော်လည်း ရိုးရိုးသင်္ကန်းအလှူဖြစ်စေခြင်း စသည်ဖြင့် ကျေနပ်စေသင့်သည်ဟု ဆိုပါသည်။ သစေ တသ္မိံ အနတ္ထတေယေ၀ အညံ ကထိနဒုဿံ အာဟရတိ။ ပ ။ ဣတရော ယထာ ယထာ သြ၀ဒိတွာ သညာပေတဗ္ဗော။( ၀ိ-ဋ္ဌ၊ ၃-၃၈၉)
ဆိုလိုသည်မှာ ကထိန်မခင်းမီ အခြားတဦးက လာ၍လျှောက်ထားလာလျှင် ထိုလျှောက်ထားလာသူက အာနိသင်များလျှင် ထိုနောက်လျှောက်ထားသူ၏ သင်္ကန်းဖြင့် ကထိန်ခင်းရမည်။
အာနိသင်လာဘ်နည်းသော ပထမဒါယကာကို ကထိန်မခင်းရသော်လည်း သံဃိကသင်္ကန်းလှူမှု အကျိုးကြီးလှပါသည်-ဟု ဆုံးမ သိစေအပ်ပါသည်-ဟု အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။
********************************************************************************
( မေး ) ( ဒက္ခိဏသာခါ )
အရှင်ဘုရား၊ ဒက္ခိဏသာခါသည် ဘုရား။ (သို့မဟုတ်) ရဟန္တာ ဖြစ်ပါသလား။ (သို့မဟုတ်) ရဟန္တာဖြစ်လျှင် မည်သည့်မျိုးရိုးမှ ဆင်းသက်ပြီး မယ်တော်၊ ခမည်းတော်တို့သည် မည်သူတို့ဖြစ်ကြပြီး ဘုရား။ (သို့မဟုတ်) ရဟန္တာဖြစ်လာပုံကို သိလိုပါသည်ဘုရား။
ဒက္ခိဏသာခါသည် အဘယ်ကြောင့် မီးကွင်းပါသနည်း။ မိမိအိမ်၌ မြတ်စွာဘုရားနှင့် အတူယှဉ်တွဲ ကိုးကွယ်သင့်ပါသလား။ မီးကွင်းဂါထာ နှင့် ဒက္ခိဏသာခါ ထုလုပ်ကိုးကွယ်ပုံ အင်္ဂါအလုံးစုံကို သိလိုပါသည်ဘုရား။
( မောင်မင်းမင်းထွန်း-လေးမျက်နှာမြို့၊ မြစ်ကျိုးရွာ၊ ဧရာဝတီတိုင်း )
( ဖြေ )
ဒက္ခိဏသာခါ ဟူသည် ဒက္ခိဏ-လက်ျာ (သို့မဟုတ်)တောင်ဘက်။ သာခါ-အကိုင်း။ ဗောဓိညောင်ပင်၏ တောင်ဘက်ကိုင်းကိုဖြတ်၍ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်သည်။
ထိုဗောဓိပင်၏ အခက်အရွက်များကို သရိုးပြု၍ ထုလုပ်ထားသော (သို့မဟုတ်) ထိုညောင်ပင်၏ အပွား ညောင်သားများကို ထုလုပ်ထားသော (သို့မဟုတ်) ထိုထုပ်လုပ်ထားသည့် ဘုရားပုံအတိုင်း ပုံတူပြု၍ ထုလုပ်ထားသော ဘုရားရုပ်ပွားတော်ဖြစ်သည်။
ရဟန္တာပုံ မဟုတ်။ ဘုရားရုပ်ပွား ဥဒ္ဒိဿစေတီတော်ပင် ဖြစ်၍ မယ်တော် ခမည်းတော်သည် ဗုဒ္ဓ၀င်ပါအတိုင်း မှတ်ပါ။ ဘုရားပုံတော်ဖြစ်၍ သီးခြားထား ကိုးကွယ်စရာ မလိုပါ။ မီးကွင်းခြင်း၊ အန္တရာယ်ကင်းခြင်းတို့မှာ ကိုးကွယ်သူတို့၏ စေတနာ သဒ္ဓါတရားပေါ်မှာ တည်ပါသည်။ ကိုးကွယ်သူတို့ စေတနာ သဒ္ဓါတရား ကောင်းမွန်လျှင် မည်သည့်ရုပ်ပွား ဥဒ္ဒိဿစေတီတော်မဆို မီး ရေ စသော ဘေးအန္တရာယ်တို့မှ ကင်းရှင်းနိုင်ပါသည်။ မီးကွင်းဂါထာဟူ၍ အထူးမရှိပါ။ ကိုးကွယ်ထုလုပ်ပုံ အင်္ဂါအလုံးစုံတို့ကို သိလိုလျှင် ဒက္ခိဏသာခါအကြောင်း စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုစေလိုပါသည်။ ဤတွင် အကျယ်မရေးသာပါ။
********************************************************************************
( မေး ) ( ဂုဏ်တော် ပရိတ်တော် ပွားများမှု )
အရှင်ဘုရား၊ ဘုရားရှင်၏ ဂုဏ်တော်၊ ပရိတ်တော်နှင့် မေတ္တာပွားများခြင်းတို့ကို အချိန်အခါအားလျော်စွာ အသံမထွက်ရဘဲ နှုတ်ခမ်းလှုပ်ရုံ၊ စိတ်အာရုံဖြင့် ရွတ်ဆိုပွားများခြင်းအတွက် အကျိုး ရှိ-မရှိနှင့် စေတီပုထိုးများရှေ့တွင် သီလခံယူခြင်းအတွက် ရ-မရ တို့ကို သိလိုလှပါသည်ဘုရား။
( ငှက်ပြာ-ချောက် )
( ဖြေ )
မြတ်စွာဘုရား၏ ဂုဏ်တော်နှင့် မေတ္တာဘာဝနာတို့မှာ သမထကမ္မဋ္ဌာန်းများ၌ ပါဝင်သဖြင့် စိတ်နှလုံးထဲ၌ အဖန်ဖန်ပွားများ စီးဖြန်းသင့်သော တရားများ ဖြစ်ပါသည်။
ပရိတ်တော်များကား ပွားများစီးဖြန်းရသော ဘာဝနာကမ္မဋ္ဌာန်းမျိုး မဟုတ်ဘဲ ရွတ်ဆိုသရဇ္ဈာယ်ရသော တရားမျိုး ဖြစ်ပါသည်။ ထို့ကြောင့် ပရိတ်တော်၊ ဂါထာတော်များကို ပုဒ် ပါဌ် မှန်ကန်အောင် သင်ယူလေ့လာ၍ အသံထွက်ကာ ရွတ်ဆိုရပါကြောင်းနှင့် ငါးပါးသီလ ရှစ်ပါးသီလ တို့ကိုလည်း ဘုရားရှေ့တော်၌ အသံထွက်၍ မိမိကိုယ်တိုင် ရွတ်ဆိုခံယူမှသာ ရနိုင်ပါကြောင်း ဖြေကြားအပ်ပါသည်။
********************************************************************************
( မေး ) ( ပါရာဇိကရဟန်းအတွက် ကံပျက်-မပျက် )
အရှင်ဘုရား၊ ပါရာဇိကကျနေသော အလဇ္ဇီရဟန်းသည် ဥပသမ္ပဒကံဆောင်ရာ၌
(၁) ကာရကသံဃာ၌ ပါဝင်ခြင်း
(၂) ဥပသမ္ပဒကမ္မ၀ါစာ ရွတ်ဖတ်ခြင်း
(၃) အနုသာသက ပုဂ္ဂိုလ်ပြုလုပ်၍ ဆုံးမခြင်း
သိမ်သမုတ်ရာ၌-
(၁) သံဃာ၌ ပါဝင်ရောနှော၍ နေထိုင်ခြင်း
(၂) သိမ်နုတ် သိမ်သမုတ် ကမ္မ၀ါစာများ ရွတ်ဖတ်ခြင်း စသည်များ၌ ပါဝင်ပြုလုပ်နေခဲ့ပါလျှင်
ထိုကံများ ပျက်-မပျက် ဖြေကြားချီးမြှင့်တော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
( အရှင်ဝိသောဓန-ကျောက်မြောင်းကျောင်းတိုက်၊ တာမွေ၊ ရန်ကုန် )
( ဖြေ )
သိမ်အတွင်း ဥပသမ္ပဒ ကံဆောင်ရာ၌ ဖြစ်စေ၊ သိမ်သမုတ်၊ သိမ်နုတ်ရာ၌ဖြစ်စေ ပါရာဇိကကျနေသော ရဟန်းမှတပါး သံဃာပြည့်လျှင် ငါးပါးထက်ပိုလျှင် ပါရာဇိကကျနေသော ရဟန်းကိုယ်တိုင် ကမ္မ၀ါစာဖတ်သည် ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ ကံအောင်ပါသည်။ ၄င်းအဆုံးအဖြတ်ကို ၀ိနယာလင်္ကာရဋီကာ ၁-၂၇၂ ၌ ကြည့်ရှု နိုင်ပါသည်။
ထို့အတူ ၀ဇိရဗုဒ္ဓိဋီကာ၌လည်း ဥပသမ္ပန္နပုဗ္ဗောဧ၀ စေ ကမ္မ၀ါစံ သာဝေတိ၊ သံဃော စ တသ္မိံ ဥပသမ္ပန္နသညီ ဧ၀ဉ္စေ ကမ္မံ ရုဟတိ။ (၀ဇိရ-ဋီ ၁၀၉ ) စသည်ဖြင့် ဆိုပါသည်။ ပါရာဇိကကျသောရဟန်းသည် ငါ-ပါရာဇိက ကျပြီဟု ၀န်ခံ၍ လူထွက်သွားသော်မှသာ ရဟန်းကိစ္စတို့ကို မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ၀န်မခံ လူမထွက်သော် ရဟန်းခံ စသော ကံများ၌ ပါဝင်နိုင်ပါသေးသည်။
( မြတ်မင်္ဂလာ ၁၉၉၇-ခု ဒီဇင်ဘာလ )
Read more...
ဂမ္ဘီရ ( ၂၀၀၄-၅ )
Ganbhira ( 2004-5 )
Read more...
သဗ္ဗသိဒ္ဓိ ဂါထာတော်
ဗုဒ္ဓဂုဏော အနန္တော
ဓမ္မဂုဏော အနန္တော
သံဃဂုဏော အနန္တော
မာတာပိတုဂုဏော အနန္တော
အာစရိယဂုဏော အနန္တော
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ
ဓမ္မော မေ သရဏံ အညံ နတ္ထိ
သံဃော မေ သရဏံ အညံ နတ္ထိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဧသာ ဉတ္တိ သဗ္ဗအတ္တန္တရာယော
သဗ္ဗရောဂန္တရာယော
သဗ္ဗဒုဗ္ဘိက္ခန္တရာယော
ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ ။
နေ့စဉ် ၄၅-ခေါက်မျှ မှန်မှန် ရွတ်ပွားပါက အကျိုးထူးများ ရရှိနိုင်ပါကြောင်း။
( ညောင်ပင်အိုင် ဆရာတော် အရှင်နန္ဒောဘာသ )
Read more...
အများအားဖြင့် ကာမဂုဏ်တို့၌...
ပဌမသတ္တသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာဝတ္ထိ ပြည်သူ ပြည်သားတို့သည် အများအားဖြင့် ကာမဂုဏ်တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထား သကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြကုန်၏။
ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ကုန်၍ ဆွမ်းစား ပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား ...
''အသျှင်ဘုရား ဤသာဝတ္ထိပြည်သူ ပြည်သားတို့သည် အများအားဖြင့် ကာမဂုဏ် တို့၌ အလွန့်အလွန် ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာယစ်ခြင်းသို့ ရောက်ကာ နေကြပါကုန်၏'' ဟု လျှောက်ကုန်၏။
ထိုအခါ မြတ်စွာဘုရားသည်...
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-
''ကာမဂုဏ်တို့၌ ကပ်ငြိကုန်သော ကာမဂုဏ်တို့၌ ငြိတွယ်ခြင်းတို့ဖြင့် ငြိတွယ် ကုန်သော သံယောဇဉ်တို့၌ အပြစ်ကို မမြင်ကုန်သော သံယောဇဉ် ငြိတွယ်ခြင်းဖြင့် ငြိတွယ်ကုန်သော သတ္တဝါတို့သည် ပြန့်ပြော ကြီးကျယ် လှစွာသော သြဃကို မကူးနိုင် ကုန်ရာ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 63
၃ - ပဌမသတ္တသုတ်၊ စူဠ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Read more...
မြတ်စွာဘုရား၏ အဆုံးအမတော်...
သတ္ထုသာသနသုတ် - (မြတ်စွာဘုရား၏ အဆုံးအမတော်)
ထိုအခါ၌ အသျှင်ဥပါလိမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
အသျှင်ဘုရား တောင်းပန်ပါ၏...
မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာရ၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် တည်ကြည်သောစိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ ဟု လျှောက်၏။
ဥပါလိ ''ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာ ချုပ်ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးကို ထိုးထွင်း၍ သိရန် မဖြစ်ကုန်၊ နိဗ္ဗာန် အလို့ငှါ မဖြစ်ကုန်''ဟူ၍ သင်သည် အကြင် တရားတို့ကို သိရာ၏။
ဥပါလိ ''ဤသို့သော တရားသည် ဓမ္မမမည်၊ ဤသို့သောတရားသည် ဝိနယ မမည်၊ ဤသို့သော တရားသည် မြတ်စွာဘုရား အဆုံးအမတော် မဟုတ်'' ဟု သင်သည် စင်စစ် မှတ်သားရာ၏။
ဥပါလိ ''ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာ ချုပ်ငြိမ်းရန် ထူးသော ဉာဏ်ဖြင့် သိရန် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိရန် ဖြစ်ကုန်၏၊ နိဗ္ဗာန် အလို့ငှါ ဖြစ်ကုန်၏'' ဟူ၍ သင်သည် အကြင် တရားတို့ကို သိရာ၏။
ဥပါလိ ''ဤသို့သော တရားသည် ဓမ္မမည်၏၊ ဤသို့သော တရားသည် ဝိနယ မည်၏၊ ဤသို့သော တရားသည် မြတ်စွာဘုရား၏ အဆုံးအမ တော်ပင်တည်း'' ဟု သင်သည် စင်စစ် မှတ်သား ရာ၏ ဟု မိန့်တော်မူ၏။ 83
၉ - သတ္ထုသာသနသုတ်၊ ၀ိနယ၀ဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Read more...
သက်သတ်လွတ်အရေးကြီးလား....။
သက်သတ်လွတ် စားခြင်းအကြောင်းသည် လျော်၏ မလျော်၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ တင်ပြလိုက်ပါတယ်.....။
(၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါသလား...။
သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ် အကျင့်ဟုတ်ခဲ့လျှင် သက်သတ်လွတ် စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။
(၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။
သက်သတ်လွတ်စားရုံသက်သက်နှင့် အပြစ်ကျူးလွန်ရာမေ၇ာက်ပါ။ သို့သော် သက်သတ်လွတ်စားခြင်းကို အကျင့်ကောင်း အကျင့်မှန်လို့ ယူဆပြီး ကုသိုလ်တရားဖြစ်စေတယ်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါသည်။
(၃) သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ မေတ္တာစက်၊ မေတ္တာအာနိသင်ကို ဆန့်ကျင်သော သဘော ရှိမရှိ၊ အထောက်အကူပြုမပြု။
သက်သတ်လွတ်စားခြင်းသည် မေတ္တာစိတ်၊ မေတ္တာအာနိသင်ကို ဆန့်ကျင့်သော သဘောမရှိပါ။ သက်သက်လွတ်စားရုံသက်သက်နှင့်လဲ မေတ္တာစိတ်ကို အထောက်အကူမပြုပါ။
(၄) သက်သတ်လွတ်စားခြင်းသည် ရတနာသုံးပါးနှင့် ဗုဒ္ဓ၏တရားဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်း ဖြစ် မဖြစ်၊ ဓမ္မန္တရာယ်နှင့် ငြိမငြိ။
သက်သတ်လွတ်စားရုံသက်သက်နှင့် ရတနာသုံးပါး ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်းမဖြစ်ပါ။ ဓမ္မန္တရာယ်နှင့် မငြိပါ။ သို့သော် သက်သက်လွတ်စားမှ တရားရမယ်၊ မေတ္တာစိတ်ဖြစ်မယ် သက်သတ်လွတ်မစားပဲ မေတ္တာပွားများရင် အလကားပဲ စသော သက်သတ်လွတ်သမားများ၏ စကားများသည် ခလုတ်ကန်းသင်း ဖြစ်ပါတယ် ဓမ္မန္တရာယ် ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ မစားသင့်တဲ့ အသားကို ပညတ်ထားကတော့ ဒိဠသဒ္ဒါ၊ သုတသဒ္ဒါ၊ ပရိသင်္ကတသဒ္ဒါ၊ ဒိဠသဒ္ဒါဆို တာ မျက်စိနဲ့မြင်တဲ့ မြင်သား၊ သုတသဒ္ဒါဆိုတာ နားနဲ့ကြားတဲ့ ကြားသား၊ ပရိသင်္ကတသဒ္ဒါ ဆိုတာ ရည်ရွယ်ပြီးသက်တဲ့သားလို့ယုံမှားသံသယရှိတဲ့သား၊ ဒီအသားတွေသာ မစားအပ်တာပါ။ ဒီသဒ္ဒါ သုံးမျိုးကလွတ်ရင် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ ဘုန်းပေးပါတယ်။ နောက်ပြီး သားကြီးဖြစ်တဲ့ (၁)လူသား(၂)ဆင်သား၊(၃)မြင်းသား၊(၄)ခြင်္သေ့သား၊ (၅)ကျားသား၊(၆) ကျားသစ်သား၊(၇) ၀က်ဝံသား၊(၈) ၀ံပုလွေသား ၊ (၉) ခွေးသား၊ (၁၀)မြွေသား၊ ဆိုတဲ့ ဆယ်မျိုးလဲမစားအပ်ပါဘူးလို့ ဘုရားဟောပညတ်ရှိပါတယ်။
ဒီပညတ်ချက်တွေကို ထောက်ကြည့်ရင် မြတ်စွာဘုရားသည် သက်သတ်လွတ်မစားပါဟု သိနိုင်ပါသည်။ ဒေသာနာတော်အရ သက်သတ်လွတ်စားပါသည်ဆိုလျင် ကျန်းမာရေးအတွက် စားခြင်းသာဖြစ်ပါသည် စားနိုင်ပါသည် အပြစ်မရှိပါ သို့သော် သက်သတ်လွတ်စားခြင်းအား အကျင့်ကောင်း အကျင့်မြတ် ကုသိုလ်ဖြစ်သည်ဟု ခံယူ၍သာ မစားသင့်ပါ။ ဘာကြောင့်လဲဆိုတော့ အစားအစာသည် ရုပ်တရားမျှသာဖြစ်ပြီး လူတစ်ယောက်ကို အထက်ဘုံနှင့်တကွ နိဗ္ဗာန်လည်း မပို့နိုင်သလို အပါယ်လဲ မကျနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာသုတ်တွင် မေတ္တာရှင်သည် ရသမျှနှင့် ရောင့်ရဲရမည် ကိစ္စနည်းရမည် ပေါ့ပါးသော အသက်မွေးမြူမူ့ ရှိရမည်ဟု ဟောခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းအား မေတ္တာပွားများရန် စားသည်ဟုလည်း ခံယူပြီးမစားသင့်ပါ ဘာကြောင့်လဲဆိုတော့ မေတ္တာဟူသည် သက်ရှိသတ္တ၀ါတွေ အပေါ်မှာသာ ပွားများ ပို့ရမည်သာဖြစ်သည် သက်မဲ့ဖြစ်သော ထမင်း၊ ဟင်းများပေါ် မေတ္တာပွားများရမည်ဟု မြတ်စွာဘုရားရှင် မဟေားကြားခဲ့ပါ။ သေကြေပျက်စီး၍ ဟင်းအဖြစ်သို့ရောက်နေသော ဟင်းကို မြင်မှ သေလေပြီးသော သတ္တ၀ါအား သနားခြင်းကို ရှေ့ရှူ့၍ မစားပါဟု ရှောင်ကြဉ်ခြင်းမျိုးသည် တိတ္တိတက္ကဒွန်းတို့၏ ရှောင်ကြဉ်မူ့မျိုးသာဖြစ်သောကြောင့် အယူမှားသော မိစ္ဆာဒိဋ္ဌိသာ ဖြစ်ပါတယ်။ ယခု ကျနောတို့ မြင်တွေ့နေရသည်မှာ သက်မဲ့အပေါ်တွင် မေတ္တာပွားများပြီး သက်ရှိသတ္တ၀ါများအပေါ်တွင် ညှင်းပန်း နိုပ်စက် မတရားပြုနေသည်ကိုသာဖြစ်သည်။
သက်သတ်လွတ်စားသုံးသူများသည် အကြောင်းအမျိုးမျိုးရှိပါသည် အကျင့်ကောင်း အကျင့်မြတ်ထင်၍စားခြင်း၊ အလိုနည်းခြင်၍စားခြင်း၊ ရွ့ရှာစက်ဆုပ်ဖွယ်ဟု ယူဆ၍စားခြင်း၊ ရောဂါနှင့်မတည့်၍ မိမိကျန်းမာရေးကြောင့်စားခြင်း၊ မျိုးရိုးအလိုက်စားခြင်း သတ္တ၀ါများအား သနား၍စားခြင်း၊ နတ်ချစ်စေလိုသောကြောင့် နတ်မကြိုက်သောကြောင့်သော်လည်ကောင်း၊ အထက်နတ်များ အကူအညီလိုသောကြောင့်သောလည်ကောင်း စသဖြင့် အကြောင်းများကြောင့် စားပါသည်။ ပြသာနာမရှိပါ လူအမျိုးမျိုးစိတ်အဖုံဖုံ ဖြစ်ပါသည် ပြသာနာရှိနေသည်မှာ သက်သတ်လွတ်စားသမားများသည် မိမိတို့စားခြင်းအပေါ် ဂုဏ်ယူဝါကြွား၍ မစားသူများအာ ပြစ်တင်ရှုံ့ချခြင်း၊ မိမိတို့ စားနေသည်မှာ မြတ်သော အကျင့် ဖြစ်သည် ကုသိုလ်တရားဖြစ်သည်ဟု ခံယူထားခြင်းသာ ဖြစ်သည်။ ယင်းမှာ မှားသော အယူမျှသာ ဖြစ်ပါသည်။
Read more...
လာလည်ကြသူများ
ဤဘလော့ဂ်၏ ရည်ရွယ်ချက်
ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
မြန်မာပြက္ခဒိန်
မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
  © Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP