* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, June 3, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်
(၅)
ပစ္စုပ္ပန်ဇာတ်လမ်းပြန်စပြီ

ဗုဒ္ဓမြတ်စွာက အထက်ပါအတိုင်း ဟောကြားတော်မူသော် ထိုပုဏ္ဏားတို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ (ဤသို့) ပြောဆိုကြကုန်၏ - ''သြော် အံ့ဖွယ်ကောင်းသော ယဇ်ပွဲပါပေတကား၊ သြော် အံ့ဖွယ်ကောင်းသည့် ပြည့်စုံသော ယဇ်ပွဲပါပေတကား''ဟု ပြောဆိုကြကုန်၏။

ကူဋဒန္တပုဏ္ဏားသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေ၏၊ ထိုအခါ ထိုပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားကို ''အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ်ကြောင့် ကောင်းချီးမခေါ်သနည်း''ဟု ဆိုကြကုန်၏။
အသျှင်တို့ ငါသည် ရဟန်းဂေါတမ၏ ကောင်းသောစကားကို ကောင်းသော စကားအနေဖြင့်ကောင်းချီးမခေါ်သည် မဟုတ်ပါ၊ အကြင်သူသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချီးမခေါ်ငြားအံ၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်ကျလေရာ၏၊ အသျှင်တို့ စင်စစ်သော်ကား ငါသည် ဤသို့ စဉ်းစားနေပါ၏ -ရဟန်းဂေါတမသည် ''ဤသို့ ငါကြားဖူး၏'' ဟူ၍သော်လည်းကောင်း ''ဤသို့ ဖြစ်ထိုက်၏'' ဟူ၍သော်လည်းကောင်း မဆိုမူ၍ ''ထိုအခါ၌ ဤသို့ ဖြစ်ဖူး၏၊ ဤသို့သော အခြင်းအရာအားဖြင့်ဖြစ်ဖူး၏'' ဟူ၍သာလျှင် ဆိုချေ၏။ အချင်းတို့ ထို့ကြောင့် ငါသည် ဤသို့ တွေးထင်မိ၏။

''ရဟန်းဂေါတမသည် ထိုစဉ်အခါ၌ ယဇ်၏အရှင်ဖြစ်သော မဟာဝိဇိတမင်းသော်လည်းကောင်း၊ ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား သော်လည်းကောင်း မချွတ်ဖြစ်တန်ရာ၏ဟူ၍ ငါထင်မိ၏''ဟု (ပြန်ပြောပြီးလျှင်) -
အသျှင်ဂေါတမသည် ဤသို့သောယဇ်ကို ပူဇော်၍သော်လည်းကောင်း၊ ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို အမှတ်ရပါသလောဟု (မြတ်စွာဘုရားအား မေးလျှောက်၏)။
ပုဏ္ဏား ဤသို့သော ယဇ်ကို ပူဇော်၍သော်လည်းကောင်း ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို ငါ အမှတ်ရပါ၏၊ ထိုစဉ်အခါ၌ ငါသည် ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ပေ၏။

(၆)
အဆင့်ဆင့် မြင့်မြတ်သောအလှူ
`အသျှင်ဂေါတမ သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော သာ၍ များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား သီလရှိသော ရဟန်းတို့အား ရည်ညွှန်း၍ အမြဲတမ်းလှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် ယင်းယဇ်ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်းရှိ၏´
`အဘယ့်ကြောင့် သာ၍ အကျိုးအာနိသင် ကြီးပါသနည်း´
`ပုဏ္ဏား ဤသို့ သဘောရှိသော (သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော) ယဇ်ပွဲသို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်၊ ထို (သို့ မချဉ်းကပ်ခြင်း) သည် အဘယ်ကြောင့်နည်းဆိုသော့့် ပုဏ္ဏားယင်းယဇ် (ပွဲ) ၌ တုတ်ဖြင့် ပုတ်ခတ်ခြင်းတို့သည်လည်းကောင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည်လည်းကောင်း ထင်ကုန်၏၊ ထို့ကြောင့် ဤသို့ သဘောရှိသော ယဇ်ပွဲသို့ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်´
`ထိုယဇ်ထက် အလုပ်လည်းနည်း၊ အကျိုးလည်း ကြီးသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်လှူဒါန်ခြင်းပင် ဖြစ်၏´
`ထိုထက် ပိုပြီး ဗာဟိရနည်းပြီး အကျိုးကြီးသော အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ 'ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏'၊ ဤရတနာသုံးပါးကို ဆည်းကပ်ခြင်းသည် အလုပ်လည်းနည်း၏၊ အကျိုးလည်း ကြီး၏´
`အသျှင်ဂေါတမ အခြားယဇ် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မူးယစ်မေ့လျော့စေတတ် သော သေရည်သေရက်မှ ရှောင်ကြဉ်ကြောင်းဖြစ်သောသိက္ခာပုဒ်ကိုလည်းကောင်း ဆောက်တည်ခြင်းပင် ဖြစ်၏။ ဤငါးပါးသီလစောင့်ထိန်းခြင်းမှာ အလုပ်လည်းနည်း၏။ အကျိုးလည်းကြီး၏´
`အသျှင်ဂေါတမ အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ အဘယ်ပါနည်း´……စသည်ဖြင့် ကူဋဒန္တပုဏ္ဏားသည် တစ်ဆင့်ချင်း မေးမြန်းလာရာ ဗုဒ္ဓမြတ်စွာကလည်း တစ်ဆင့်ချင်း ဖြေဆိုရှင်းပြသွားခဲ့သည်။ အောက်ပါအစဉ်တို့မှာ နောက်ကျသောအချက်များသည် ရှေ့ကျသောအချက်များထက် ပို၍အလုပ်နည်းသကဲ့သို့ ပို၍လည်း အကျိုးကြီးပါသည်။ (စာရှည်မည်စိုး၍ အစဉ်မျှသာ ဖော်ပြပါမည်။) ၎င်းတို့မှာ…..
-သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံစေခြင်း
-ပထမဈာန်ရအောင် အားထုတ်ခြင်း
-ဒုတိယဈာန်ရအောင် အားထုတ်ခြင်း
-တတိယဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်မှ ၀ိပဿနာသို့ကူး၍ ၀ိပဿနာဉာဏ်အမြင်နှင့်ပြည့်စုံအောင် အားထုတ်ခြင်း
-မဂ်ဉာဏ်ဖိုလ်ဉာဏ်ရအောင် အားထုတ်ခြင်း တို့ဖြစ်ပါသည်။
နောက်ဆုံးတွင် ဗုဒ္ဓမြတ်စွာက `ပုဏ္ဏား ဤပြည့်စုံသော ယဇ် (အာသဝက္ခယဉာဏ်)ထက် သာ၍လွန်ကဲသည်လည်းဖြစ်သော သာ၍မွန်မြတ်သည်လည်းဖြစ်သော အခြားတစ်ပါးသော ပြည့်စုံသော ယဇ်သည် မရှိတော့ပြီ´ဟု ဟောတော်မူခဲ့သည်။
ဤအခန်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်သတိပြုဖွယ်ဖြစ်ပါသည်။ ပထမ ကြီးကျယ်သောအလှူဒါနပြုလုပ်ခြင်းသည် ကောင်းမွန်၏၊ အကျိုးကြီး၏ဟု မိန့်တော်မူသည်။

ထို့ထက်အလုပ်နည်းရုံသာမက အကျိုးလည်းကြီးသော အလှူရှိပါသေးသလောဟုဆိုသော်အခါ `မျိုးရိုးစဉ်ဆက်အလှူ´ တစ်နည်းအားဖြင့် နေ့စဉ်ကြွရောက်လာသော သံဃာတော်တို့အား နိစ္စဘတ်လှူဒါန်းခြင်းဖြစ်၏ဟု မိန့်တော်မူသည်။ ထို့ထက်အကျိုးကြီးသည်ကား သံဃိကကျောင်းအလှူ ဖြစ်သည်။ ထို့ထက်အကျိုးကြီးသည့် အလုပ်မှာ ရတနာသုံးပါးကို ဆည်းကပ်ခြင်း၊ ထို့ထက်ပို၍ အကျိုးကြီးသည်မှာ ငါးပါးသီလစောင့်ထိန်းခြင်း၊ ထို့ထက်ပို၍ အလုပ်နည်းပြီး အကျိုးကြီးသောအလုပ်မှာ သမထ၊ ၀ိပဿနာအလုပ်တို့ ဖြစ်၏ဟု မိန့်တော်မူသွားပါသည်။

ဆက်လက်ဖော်ပြပါမည်....



Read more...

မိဘကျေးဇူးအကျေဆပ်နည်း

ဤကမ္ဘာလောကတွင်မိဘကျေးဇူးကိုအထူးသိ၊အထူးဆပ်လိုတဲ့သူတော်ကောင်းတိုင်းအတွက်အတုယူအားကျစရာပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကတော့မြတ်စွာဘုရားရှင်ဘဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကဘ၀တစ်ပါးပြောင်းသွားပြီဖြစ်တဲ့မယ်တော်(သန္တုဿိတနတ်သား)ကိုဘ၀သံသရာဝဋ်ဒုက္ခကလွတ်မြောက်အောင်ကယ်တင်တော်မူပြီး၊မယ်တော်နတ်ရွာစံပြီးမိမိကိုနို့ချိုတိုက်ကျွေးခဲ့တဲ့မိထွေးတော်မဟာပဇာပတိဂေါတမီထေရီမကြီးကိုလည်းရဟန္တာဖြစ်တဲ့အထိ“ဓမ္မနို့ရည်”တိုက်ကျွေးခြင်းဖြင့်မိခင်ကျေးဇူးကို“နို့နှစ်လုံးဖိုးကျေအောင်”ဆပ်နိုင်ခဲ့ပါတယ်။တို့ပြင်ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကိုလည်းလူဝတ်ကြောင်ဘ၀နဲ့ရဟန္တာဖြစ်ပြီးကျွတ်တမ်းဝင်အောင်လမ်းညွန်ပေးပြီးဖခင်ကျေးဇူးကိုလည်း“လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်”ဆပ်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်က“ချစ်သား၊ချစ်သမီးတို့..၊မွေးမိခင်နှင့်မွေးဖခင်တို့ကျေးဇူးကိုအလွယ်တကူဆပ်ရုံနဲ့မကျေနိုင်ဘူး၊ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့ငါဘုရားပြောချင်ပါတယ်။“ချစ်သား၊ချစ်သမီးတို့၊အနှစ်တရာသက်တမ်းမှာအနှစ်တရာအသက်ရှည်တဲ့သားသမီးကအမေကိုလက်ယာပခုံးတင်၊အဖေကိုလက်ဝဲပခုံးတင်ပြီးအမျိုးမျိုးပြုစုလုပ်ကျွေးပြီးပခုံးထက်မှာဘဲကျင်ကြီးကျင်ငယ်စွန့်စေပြီးရာသက်ပန်ပြုစုလုပ်ကျွေးသော်လည်းမိဘကျေးဇူးကိုအကျေဆပ်ပြီးသားမဖြစ်သေးပါဘူး”၊ “ချစ်သား၊ချစ်သမီးတို့..၊စကားကုန်ပြောရရင်မိဘနှစ်ပါးကိုနှစ်သက်ဖွယ်ရာရတနာတွေအများကြီးရှိတဲ့တလောကလုံးကိုစိုးမိုးအုပ်ချုပ်အကြီးအကဲလုပ်နိုင်တဲ့စကြ၀တေးမင်းရာထူးမှာထားပြီးကျေးဇူးဆပ်သော်လည်းကျေအောင်ဆပ်နိုင်မည်မဟုတ်ပါ”၊ “ချစ်သား၊ချစ်သမီးတို့…၊ဒီလောက်ကျေးဇူးဆပ်ရက်သားနဲ့ဘာလို့ကျေးဇူးမကျေနိုင်တာလဲဆိုရင်မိဘတွေဟာသားသမီးတွေအပေါ်သိပ်ကိုကျေးဇူးများကြီးလို့၊သားသမီးတွေကိုကြီးပြင်းအရွယ်ရောက်လူလားမြောက်အောင်ဂရုတစိုက်စောင့်ရှောက်ကြလို့၊နို့ချိုတိုက်ကျွေးမွေးမြူပြီးလောကကြီးရဲ့အကောင်းအဆိုးအမျိုးမျိုးကိုသိမြင်အောင်သေချာညွန်ကြားပြသလို့ ပဲ” ဖြစ်ပါတယ်။မိဘကိုကျေးဇူးဆပ်ရာမှာလောကနည်းနဲ့ဆပ်ခြင်း၊ဓမ္မနည်းနဲ့ဆပ်ခြင်းဟူ၍နှစ်မျိုးရှိပါသည်။မိဘအတွက်စားဝတ်နေရေးကျန်းမာရေးအတွက်ကိုယ်တတ်စွမ်းသမျှရုပ်ဝတ္ထုပစ္စည်းတွေနဲ့ကျေးဇူးဆပ်တာကိုလောကနည်းနဲ့ကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်။လောကနည်းနဲ့ကျေးဇူးဆပ်လို့မကျေနိုင်ပေမယ့် မိဘသက်ရှိထင်ရှားရှိစဉ်နေ့စဉ်၊လစဉ်အရိပ်တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်သင့်ပါတယ်။မိဘသေခါမှ“ကျေးဇူးမဆပ်လိုက်ရလေခြင်း”ဟု အကျိုးမရှိအော်ငိုနေခြင်းဖြင့်နောင်မှနောင်တရမနေသင့်ပါ။စိတ်ထားမတတ်တဲ့မိဘကိုစိတ်ထားတတ်အောင်၊ကုသိုလ်နည်းပါးတဲ့မိဘကိုကုသိုလ်တိုးပွားအောင်ကူညီပံ့ပိုးပေးတာကိုဓမ္မနည်းနဲ့ကျေးဇူးဆပ်တယ်လို့ခေါ်ပါတယ်။“သဒ္ဓါတရားမရှိတဲ့မိဘကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊နတ်တွေ၊ဘိုးတော်တွေအထင်ကြီးကိုးကွယ်နေတဲ့မိဘတွေကိုဘုရား၊တရား၊သံဃာရတနာသုံးပါးသာကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊သေရင်ပြီးပြီလို့ယူဆနေတဲ့မိဘကိုသေရင်မပြီးသေးဘဲကိုယ်ပြုတဲ့ကောင်းကံ၊မကောင်းကံအားလျော်စွာဘ၀သစ်ထပ်ဖြစ်ရအုံးမယ်ဖြစ်ကြောင်း၊ကံကိုမယုံတဲ့မိဘကိုယုံကြည်အောင်၊သီလမရှိတဲ့မိဘကိုသီလနဲ့ပြည့်စုံအောင်၊နှမြောတွန့်တိုတဲ့မိဘကိုအလှူဒါနနဲ့ပြည့်စုံအောင်၊စိတ်ထားမမှန်တဲ့မိဘကိုစိတ်ထားမှန်အောင်၊၀ိပဿနာအလုပ်အားမထုတ်ချင်တဲ့မိဘကိုပစ္စုန်စိတ်အေးချမ်းဖို့အတွက်ရော၊သံသရာဘ၀လွတ်မြောက်ဖို့အတွက်ပါဝိပဿနာဟာမလုပ်မဖြစ်အရေးကြီးကြောင်းအိမ်မှာတရားအားထုတ်ဖြစ်အောင်၊လိုအပ်ရင်ရိပ်သာသွားပြီးတရားအားထုတ်ဖြစ်အောင်အစွမ်းကုန်ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ကိုယ်ရဲ့စွမ်းဆောင်မှုကြောင့်မိဘမှာတစ်မဂ်တစ်ဖိုလ်ကျွတ်တန်းဝင်ခွင့်ရရင်မိဘကျေးဇူးအကြွင်းမဲ့ကျေသွားပြီဖြစ်ပါတယ်။ကိုယ်ကိုယ်တိုင်မဂ်ဖိုလ်နိဗ္ဗာန်ရအောင်စွမ်းဆောင်နိုင်ရင်လဲမိဘကျေးဇူးအကြွင်းမဲ့ကျေပါတယ်။နိဗ္ဗာန်ကိုထာဝရစံဝင်သွားကြတဲ့ရဟန္တာယောက်ျား၊ရဟန္တာမိန်းမတွေအားလုံးမိဘအပေါ်မှာရော၊တခြားပုဂ္ဂိုလ်တွေအပေါ်မှာရောဘာကျေးဇူး၊ဘာအကုသိုလ်ကြွေးမှမကျန်တော့ပါ။ထို့ကြောင့်မြတ်စွာဘုရားရှင်က“ချစ်သား၊ချစ်သမီးတို့…၊မိဘကျေးဇူးအကျေဆပ်နိုင်တဲ့နည်းလမ်းတွေကိုငါဘုရားညွန်ပြပါမည်၊သဒ္ဓါတရားမရှိတဲ့မိဘကိုသဒ္ဓါတရားနဲ့ပြည့်စုံအောင်၊သီလမရှိတဲ့မိဘကိုသီလလုံနဲ့ပြည့်စုံအောင်၊မပေးရက်မလှူရက်နှမြောဝန်တိုတဲ့မိဘကိုစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနဲ့ပြည့်စုံအောင်၊ပညာဥာဏ်မရှိတဲ့မိဘကိုပညာဥာဏ်နဲ့ပြည့်စုံအောင်ကောင်းစွာနာယူဆောက်တည်စေမယ်၊လေးလေးနက်နက်သက်ဝင်စေမယ်၊ခိုင်ခိုင်ခံ့ခံ့တည်တံ့မြဲမြံစေမယ်ဆိုရင်မိဘကျေးဇူးကိုတုံ့ပြန်ပြီးသား၊အကျေဆပ်ပြီးသားဖြစ်သွားပါတယ်လို့”ဟောကြားတော်မူခဲ့ပါသည်။ကျွန်တော်တို့သည်မိဘကျေးဇူးကျေတာမကျေတာကိုအဓိကမထားဘဲလောကနည်းနဲ့ရော၊ဓမ္မနည်းနဲ့ရောမိဘကိုအမြဲကျေးဇူးဆပ်နေဖို့အရေးကြီးပါတယ်။မိဘကျေးဇူးသိတတ်သောသားသမီးများသည်အိုတောင်မဆင်းရဲဘဲကံကောင်းခြင်းလက်ဆောင်တွေမိမိထံမှောက်သို့အလုံးအရင်းနဲ့ဝင်ရောက်လာပြီးဘ၀ကိုပျော်ရွင်ချမ်းမြေ့စွာဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မိဘကျေးဇူးကိုသိပြီးမိဘသက်ရှိထင်ရှားရှိစဉ်မိဘကျေးဇူးကိုဆပ်နိုင်သောသားကောင်းသမီးကောင်းလေးများဖြစ်ြကပါစေ။



Read more...

The Real Buddha By Ajahn Brahmali



Read more...

Who is Buddha ?

Born near Nepal on the full moon of May in 623 BC, Buddha was first named Prince Siddhartha Gautama, meaning 'wish-fulfilled'. Following a series of profound signs and prophecies about his important spiritual future, Prince Siddhartha was well-educated, married and lived a wealthy and happy life until four great omens changed his views about existence.

Outside his palace one day he came across first a decrepit old man, then a diseased man, a corpse and a hermit — these encounters, known as The Four Sights, were the Prince's first awakening to deeper truths about life.

At 29, he left the royal court to wander the country as a monk searching for a way to end suffering. There are many stories about Prince Siddhartha's journeys and how they led him finally to Enlightenment, which Buddhists describe as true insight into the meaning of life and perfect peace. At 35, Prince Siddhartha achieved this state of Enlightenment, also known as Buddhahood and Nirvana, and lived from then on as the Buddha; teaching, serving humanity and offering an example of a way of life and a state of mind that we still know as Buddhism.



Read more...

အကယ်၍ မြည်းတစ်ကောင်၏ သတ္တိဖြင့်....


ဒီရက်ပိုင်း အဆိုးလောကဓံတွေရဲ့  ရိုက်ခတ်မှုအကြောင်း စဉ်းစားဖြစ်ရင်းက ပုံပြင်တစ်ပုဒ်နှင့် ကဗျာတစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။

လောကီကြီးပွားရေးအတွက်ပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအတွက်ပဲ ဖြစ်ဖြစ် ကြိုးစားနေကြသူတွေ အားလုံးအတွက် ဒီပုံပြင်နှင့် ကဗျာလေးမှ အနှစ်သာရတစ်ခုခု မိမိအတွက် ထုတ်ယူနိုင်လျင် အကျိုးများနိုင်လိမ့်မယ်လို့  ယူဆမိလို့  ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်။

အထူးသဖြင့်တော့ မိမိက စိတ်ထားမှန်မှန်ဖြင့် ရပ်တည်လုပ်ကိုင်နေပါလျက် အကြောင်းကြောင်းကြောင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေကြရသူတွေ၊ ဘ၀ရဲ့ မထင်မှတ်တဲ့ အပြောင်းအလဲများကြောင့် ပိုင်ဆိုင်သမျှပြိုလဲပျက်ဆီးပြီး ဘ၀ကို အသစ်တစ်ဖန် သုညမှ ပြန်စနေရသူများအားလုံအတွက် စိတ်အားသစ်များ ဖြစ်စေဖို့  ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျား။

ပထမ ပုံပြင်လေးက ဆရာတော် ဦးဇောတိက ရဲ့  “စိတ်ချမ်းသာဖို့ က လိုရင်းပါ” စာအုပ်ထဲကပါ။ မြည်းတစ်ကောင်ရဲ့ သတ္တိ တဲ့။


လယ်သမားတစ်ယောက်ရဲ့  မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကို ခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်း မသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး။ ဖို့ ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့ မထူးဘူး။ အဲဒီလို တွေးပြီးတော့ သူ့ သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်။ တစ်ယောက်ပေါက်ပြားတစ်လက်ဆီ ယူလာကြတယ်။ မြေကြီးတွေတူးပြီး ရေတွင်းကို ဖို့ ကြတယ်။

မြည်းလေးဟာ သူ့ ကို မြေဖို့ နေပြီဆိုတာ သိတော့ ကြောက်ပြီး အသံကုန်အော်တယ်။ နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။

တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ ကြည့်တယ်။ သူမြင်ရတာကို သူအံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့ လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။ လယ်သမားတွေက မြေကြီးကို ဆက်ဖို့ တိုင်း မြည်းလေးက မြေကြီးတွေခါချလိုက်ပြီး မြေကြီးပေါ်လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီးပြေးတော့တယ်။

ကိုယ့်ဘ၀အခြေအနေက ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ ပဲ။ ဖို့ လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ ဘဲလိုတယ်။ ဖို့ သမျှမြေကြီးဟာ ခြေထောက်အောက်ကို ရောက်သွားရမယ်။

--------------------

ဒုတိယ ကဗျာကတော့ The Jungle Book စာအုပ်နှင့် နာမည်ကျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံဖွား ဗြိတိန်နိုင်ငံသား စာရေးဆရာနှင့် ကဗျာဆရာ Rudyard Kipling (1865-1936) ရဲ့  “IF” ဆိုတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးရဲ့  မြန်မာပြန်ကိုတော့ ဗမာတွေ တော်တော်များများ သိကြပါလိမ့်မယ်။


IF
‘အကယ်၍’

If you can keep your head when all about you, Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all men doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies, Or being hated, don’t give way to hating, And yet don’t look too good, nor talk too wise,

အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်…. ဒါမှမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်…. ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်… အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster,
And treat those two impostors just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ တူညီသော လောကဓံ တရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools, Or watch the things you gave your life to, broken,. And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss. And lose, and start again at your beginnings, And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…. ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်…. ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone, And so hold on when there is nothing in you Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်….. အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue, Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်….. ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,


အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;


အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။ အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

Rudyard Kipling

(Translated by Daw Aung San Su Kyi)



လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ






Read more...

ဘာဖြစ်လို့လဲ

ခုတလော အလုပ်တွေ ပိနေလို့ ပိုစ့်အသစ်အတွက် ဘယ်လိုမှ မစဉ်းစားနိုင်ပါဘူး။ ဒါပေမယ့် Active ဖြစ်နေဖို့ ပိုစ့် တစ်ခုက တော်တော်လေး လိုအပ်လာနေပြီ။ ဒီတော့ ခုတလော ကျွန်တော် ကြုံလိုက်ရတဲ့ အဖြစ်အပျက်လေးကိုပဲ စုပြီး တင်လိုက်ပါတယ်။

ပထမ ပြဿနာက ကျွန်တော့် http://friendsdaygroup.ning.com ၀က်ဆိုက်မှာ ကလေး အမည်ရှိ ကောင်မလေး တစ်ယောက်က တင်တဲ့ပိုစ့်ရဲ့ ပြဿနာ။ သူက ဆရာမ ဖြစ်ပုံရပါတယ်။ စာပြရင်း ဘာသာခြား ကလေးလေး တစ်ယောက်နဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ငြင်းခဲ့ရတယ်။ သူက လူကြီးမို့လို့ နိုင်ခဲ့ပေမယ့် ဗုဒ္ဓဘာသာကလေးတွေဆိုရင်ကော အဲဒီအရွယ်နဲ့ ဘာသာခြားလူကြီးကို ငြင်းရဲမလား။ နောက် ဗုဒ္ဓဘာသာကလေးတွေဟာ ဘာသာရေး အသိစိတ်ဓာတ်တွေ ဘာသာခြားကလေးတွေလို တကယ်သိ တကယ်ရှိကြရဲ့လား ဆိုပြီး သူ့ပိုစ့်ကို အဆုံးသတ် သွားပါတယ်။ အဲနောက်ထပ် ပြဿနာက ကလေး အမည်ရှိ ကောင်မလေး ပြောတဲ့ ပြဿနာ နဲ့ ပတ်သက်ပါတယ်။ ကျွန်တော်နဲ့ တပြေးတည်း တစ်ကြမ်းပြင်တည်း အိပ်နေတဲ့ ကျွန်တော့်လုပ်ဖော် ကိုင်ဖက်က ကျွန်တော့်ကို မေးခဲ့တဲ့ မေးခွန်းလေးကိုပဲ ကျွန်တော် ပြောပြပါရစေ။

“သီလယူတဲ့ အခါ ဘုန်းကြီးတွေက ဘာတွေ ရွတ်နေတာလဲ” ပါတဲ့။

ကျွန်တော့် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့ အသက်က ၂၆ နှစ်ပါခင်ဗျာ။ နောက်မေးခွန်းတွေက အဲဒါနဲ့ နည်းနည်း နီးစပ်ပါတယ်။ သြကာသလို့ ဘာလို့ ရွတ်ဆိုရလဲ ၊ သြာကာသအဓိပ္ပါယ်နှင့် ထိခြင်းငါးပါးနဲ့ ဘာကြောင့်ရှိခိုးရလဲ ဆိုတာပါပဲ။ သြကာသ ကိုမေးလာတဲ့ သူက ဘာဆက်ပြောလာလည်းဆိုတော့ ကြာတော့ သြကာသ ဆိုတာ ဘာကို ဆိုလိုလို့ ဆိုလိုမှန်း မသိတာနဲ့ ဘုရားတောင် ရှိခိုင်းချင်စိတ် မရှိတော့ဘူး တဲ့။ ကြည့်စမ်းပါဦး။ သြကာသ ကိုဘာမှန်းမသိကြဘူးတဲ့။ သီလယူတဲ့အခါ ဘုန်းကြီးတွေ ဘာရွတ်မှန်း မသိဘူးတဲ့ဗျာ။ ဘယ်လို လုပ်ကြမလဲ။

ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးရတာက မာန်မာန ကျစိမ့်သောငှါ။

သြကာသ ဆိုတာက “ကန်တော့ခွင့်ပြုပါ”

(မသိဘူး ထင်တာလေးကိုပဲ ဆက်ပြောမယ်)

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ဆိုတာက “အရှင်ဘုရား တပည့်တော်ကို သရဏဂုံ သုံးပါးနဲ့ ငါးပါးသီလကို တောင်းပါတယ်။ သနားသဖြင့် တပည့်တော်ကို သရဏဂုံနှင့် ငါးပါးသီလကို ပေးတော်မူပါ” လို့ပြောတာဖြစ်ပါတယ်။

နမော တဿ မဆိုခင်လေးမှာ ဘုန်းကြီးက ဒီလိုဆိုတယ်။

“ယ မဟံ ၀ဒါမိ၊ တံ ၀ဒေထ” တဲ့။ အဓိပ္ပါယ်က “ငါဆိုတဲ့အတိုင်း လိုက်ဆို” လို့ဖြစ်ပါတယ်။

ဗုဒ္ဓံ သရဏံ စတဲ့ သရဏံဂုံ ဆိုပြီးနောက် ဘုန်းကြီးက ဒီလိုဆိုတယ်။

“တိသရဏ ဂမဏ ပရိပုဏ္ဏံ” တဲ့။ ဆိုလိုတာက “သရဏဂုံ သုံးပါးနဲ့ ပြည့်စုံပြီလား“ မေးတာ။

နောက်ဆုံး ဘုန်းကြီးဆိုတာက “တိသရဏ သဟ ပဉ္စ သီလံ ဓမ္မံ သာဓုကံ ကတွာ အပမ္ပာဒေန သမ္ပာဒေထ” လို့ဆိုလိုက်တယ်။

အဓိပ္ပါယ်က “သရဏဂုဏ် သုံးပါးနဲ့ ငါးပါးသီလကို ကောင်းကောင်းမွန်မွန်စောင့်ထိန်းကြ၊ မမေ့လျှော့ကြနဲ့” လို့ ဆိုလိုက်တာဖြစ်ပါတယ်။

ဒီလို အသေးအမွှားလေးက စတဲ့ ပြဿနာတွေတောင် တော်တော်ကြီးကျယ်နေပြီဆိုတော့ အဓမ္မ၀ါဒီတွေက ကောင်းကောင်းမြူဆွယ်လိုက်ရင် ဘုရားဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။ တရား ဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။ သံဃာ ဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။

တစ်ခု ကြုံဖူးသေးတယ်။ ဆရာဝန်တစ်ယောက် ပြောတာပါ။ ဘာပြောလဲ ဆိုတော့ “ကျွန်တော်ကတော့ သရဏဂုံ ဆိုရာမှာ ဘုန်းကြီးတွေကို ကြည်ညိုလို့ မရတာနဲ့ သရဏဂုံ နှစ်ပါးတည်း ယူတယ်ဗျ” တဲ့။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်တစ်ယောက်ပါ။ သံဃာဆိုတာကို သူ့ကို အတော်လေး ရှင်းပြလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်လို ပါးမွှားပြောတဲ့ “သံဃာတွေဆိုတာ လက်ရှိ တစ်ပါးတည်း သို့မဟုတ် တစ်စုတည်း သင်မြင်နေရတဲ့ ပုဂ္ဂိုလ်ဟာ သံဃာ မဟုတ်ဘူး၊ သံဃာ လို့ဆိုလိုက်ရင် ဘုရားရှင်လက်ထက် ရှင်သာရိပုတ္တရာကစပြီး ဒီလက်ရှိ သင်္ကန်းဝတ်ထားတဲ့ သံဃာအားလုံးကို စိတ်ထဲ မှတ်ထင်ရမယ်၊ ရှိရှိသမျှ ဘုန်းကြီးတွေရဲ့ဂုဏ်တွေကို ရည်မှန်းရမယ်” လို့ပြောတာကို သိပ်သဘောကျ သွားပုံ မရဘူး။

ကဲ. . . . ကျွန်တော်လည်း ဘာဖြစ်လို့လဲ လို့သာ မေးတတ်ပါတော့တယ်။ ဘာဖြစ်လို့ မြန်မာ ဗုဒ္ဓဘာသာ လူငယ်တွေ ဘာသာရေး အသိပညာ ပိုပိုပြီး ခေါင်းပါးလာကြတာလဲ????????? …. (အများကြီး ရိုက်ပစ်ချင်တယ် ? တွေကို )

Read more...

အရှိမှာသတိကပ်ခြင်း၊ သတိပဋ္ဌာန်အကြောင်း

အရှိမှာသတိကပ်ခြင်း၊ သတိပဋ္ဌာန်အကြောင်း

ဓမ္မဓရ-သမထအကြောင်းကိုမေးတာနှင့် သမာဓိ(၃)မျိုးကိုပါသိခွင့်ရတဲ့အတွက် ကြောင့်တပည့်တော် ဝမ်းသာပါတယ်။ သတိပဋ္ဌာန်အကြောင်းကိုလည်း ဆက်လက်ရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ- သတိပဋ္ဌာန်အကြောင်းကို ကိုယ်တွေ့ဉာဏ်တွေ့သိချင်ရင် တော့တပည့်တော်ပြောပြတဲ့ တရားစည်းကမ်းချက်အတိုင်း လုပ်နိုင်မှ နားလည်သဘောပေါက်နိုင်ပါတယ်။ ကိုယ်ထင်သလို လုပ်ရင် သဘောမပေါက်ပါဘူး။အလုပ်မပါဘဲ ပြောပြရင်လည်း ပုံပြင်ပြောတာ နားထောင်ရသလို ဖြစ်နေမယ်။ ကိုယ်တွေ့မခံစားနိုင်ပါဘူး။ ဥပမာအားဖြင့် ပန်းသီးကို ဘေးမှာချပြီး ပန်းသီးမစားဘူးတဲ့သူကို ပန်းသီးရဲ့ အရသာရှင်းပြနေသလို ဖြစ်နေ လိမ့်မယ် ဘုရား။

ဓမ္မဓရ- အရှင်ဘုရား- လောကီကိစ္စတွေကိုတောင်-အသက်နဲ့လဲပြီး လုပ်ကြရသေးတာ ချမ်းသာမျိုးစုံပေးနိုင်သော သတိပဋ္ဌာန်တရားကို တပည့်တော်လုပ်နိုင်ပါတယ်ဘုရား။ ဘယ်လောက်ပဲခက်ခက်လုပ်ပါ့မယ်။လုပ်ရမဲ့တရားကိုသာမိန့်ကြားတော်မူပါဘုရား။

ဦးဝိဇယ- ဒီလိုဆိုရင်အရှင်ဘုရား ။သမ္မာသမာဓိကိုထူထောင်ရမယ်ဘုရား။ အရှင်ဘုရား နားလည်ပြီးသားပဲ ထူထောင်လိုက်ပါဘုရား။ ထူထောင်လို့ဖြစ်ပေါ်လာတဲ့ အခက်အခဲကို တပည့်တော်ကိုပြောပါဘုရား။

ဓမ္မဓရ-တပည့်တော်အတွေ့အကြုံကိုလျှောက်ထားပါမယ်ဘုရား။ အရှင်ဘုရားနှင့်မတွေ့ခင်မှာ တပည့်တော်အာနာပါန ကိုအားထုတ်ဘူးပါတယ်။ ရိုးရိုးသမာဓိအခန်းမှာ အရှင်ဘုရားပြောပြသလို အာရုံကို မှီရုံသာမှီပြီး ပရိယုဋ္ဌယနကိလေသာ ငြိမ်းအေးအောင် အဓိကထားပြီးအား ထုတ်ခဲ့တာမဟုတ်ဘူးဘုရား။ အာရုံကိုအဓိကထားပြီး နင်လားငါလားဇောချွေးတွေပြန်အောင် အာရုံတွေကိုလိုက်ပြီးအားထုတ်ခဲ့ ဘူးပါတယ်။ ပရိယုဋ္ဌာနကိလေသာ-ငြိမ်းအေးသွားလို့ အဆင်ပြေတဲ့အခါလည်းရှိပါတယ်။ အာရုံကိုအဓိကထားလို့အဆင်မပြေတဲ့အခါလည်းရှိပါတယ်။ အဆင်မပြေတာကပိုများပါတယ်။

ဘာကြောင့်အဆင် မပြေတာလဲဆိုတာ ကို တွေးလို့မရခဲ့ဘူး။အရှင်ဘုရားကျေးဇူးကြောင့်အာရုံကို အဓိကထားမိလို့အဆင်မပြေတာ ဆိုတာသိလာပါတယ်။ တော် တော်ကြာကြာ နင်လားငါလားအားထုတ်ခဲ့ ဘူးတော့ ကိုယ့်ကိုကို အထင်ကြီးမှန်းမသိ ကြီးလာပါတယ်။ အထင်ကြီးလာတယ်ဆိုတာလည်း အရှင်ဘုရားနဲ့ဆွေးနွေးလိုက်မှ ပိုပြီးသိသာလာပါတယ်။

ရိုးရိုးသမာဓိသော်မှ ပီပြင်စွာမဖြစ်ဘဲ ကိုယ်ထင်ရာလုပ်ခဲ့တဲ့အပေါ်မှာ အထင်ကြီးမှုကြောင့် သက်သာသော သမ္မာသမာဓိ အားထုတ်နည်းဖြင့် အားထုတ်လိုက်တဲ့အခါ ဟုတ်မှဟုတ်ပါ့မလား လို့ သံသယ ဝင်လာပါတယ်။ ဒါပေမဲ့ အရှင်ဘုရားကိုလုပ်ပါ့မယ်လို့ ကတိခံထားတော့ ကိုယ်ထင်သလိုမလုပ်သင့်ဘူး။ ခိုင်းတဲ့ အတိုင်းလုပ်သင့်တယ်လို့တွေးကာ အားထုတ်ပါတယ်ဘုရား။ တရားအားထုတ်ရင်း (တိမ်မလိုနဲ့ နက်၊ လွယ်မလိုနဲ့ခက်) ဟူသောမြန်မာစကားပုံကိုသတိရမိပါတယ်။

ဘာကြောင့်လည်းဆိုတော့ တပည့်တော်အားထုတ်တဲ့အခါမှာ- ခန္ဓာကိုယ်ကိုလည်း သက်သာအောင်ထားပါတယ်။ စိတ်ကိုလည်း သိချင်ရာသိဆိုပြီး လွတ်လွတ်လပ်လပ်ထားပါတယ်။ လိုချင်စိတ်ပေါ်ခွင့်မရအောင်၊ဖြစ်ချင်စိတ်ပေါ်ခွင့်မရအောင် ၊ရချင်စိတ်ပေါ်ခွင့်မရအောင် ၊(ပျက်နေတယ်)လို့အေးအေးဆေးဆေး ရွတ်ပါတယ်။ တစ်ခါတစ်ခါမှာ ပျက်နေတယ်ရွတ်ရာက (ဝင်တယ်၊ထွက်တယ်) ဆီရောက်သွားပါတယ်။

တစ်ခါတစ်ခါမှာတော့ လိုချင်၊ဖြစ်ချင်၊ရချင်လို့ ရွတ်တာဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်ခါမှာတော့ အာရုံတွေမဝင်အောင်ဆိုပြီး အာရုံတွေကိုမုန်းတဲ့စိတ်နဲ့ ရွတ်မိနေပြန်ပါတယ်။ တစ်ခါတစ်ခါမှာတော့ ဘာမသိညာမသိ ကြက်တူရွေးသင်ထားသလို ရွတ်နေပြန်ပါတယ်။

လိုချင်၊ဖြစ်ချင်၊ရချင်မှု ပရိယုဋ္ဌာန ကိလေသာ ပေါ်ခွင့်မရအောင် (ပျက်နေတယ်-ပျက်နေတယ်) လို့အဓိပ္ပါယ်ရှိရှိ ရွတ်မိတာ ကနည်းပါတယ်ဘုရား။ လုပ်နည်းလွယ်သလောက် သတိရှိရှိ ရွတ်သိကြဘို့ ကျတော့အလွန်ခက်ခဲပါတယ်။ သတိရှိရှိရွတ်နေတဲ့အချိန်မှာ ပရိယုဋ္ဌာနကိလေသာ-မပေါ်တဲ့အတွက် ကြောင့်ငြိမ်းချမ်းပါတယ်ဘုရား။ ဘာဆက်လုပ်ရမယ်ဆိုတာ နည်းလမ်းညွှန်ပေးတော်မူ ပါဘုရား။



Read more...

အနိစ္စ

အနိစ္စ(မမြဲမရှိခြင်း)၊ ဒုက္ခ(ဆင်းရဲခြင်း)၊ အနတ္တ(ငါမဟုတ်)

အနိစ္စဆိုတာ ပရမတ္ထ (တကယ့်အမှန်တရား)တရား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ ဒေသနာဖြစ်နေတော့ နားလည်ဖို့ ခက်ပေမယ့် နားလည်အောင် ကြိုးစားရမယ့် တရားလည်းဖြစ်ပါတယ်။ ဒီတရားကို နားလည် သဘောပေါက်တယ်ဆိုရင် နားလည်တဲ့ အတိုင်းအတာနဲ့ အညီအမျှ ချမ်းသာသုခ ရရှိနိုင်ပါတယ်။ အနိစ္စဆိုတဲ့ စကားဟာ အဓိပ္ပာယ် လေးနက်ပေမယ့် မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အနိစ္စရဲ့ အခြေခံကျတဲ့ အဓိပ္ပာယ်ကို သက်ရှိသက်မဲ့ အရာအားလုံး အမြဲမပြတ် ဖြစ်လိုက်ချုပ်လိုက် တရွေ့ရွေ့ ပြောင်းလဲနေခြင်းလို့ ဖွင့်ဆိုနိုင်ပါတယ်။ ဖောက်ပြန် ပြောင်းလဲ တတ်တဲ့သဘော၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး အကြောင်း မညီညွတ်တော့ ပျက်သုဉ်းသွားတဲ့အခါ ဘာရယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာမရှိတဲ့သဘော၊ အခိုက်အတန့်သာ တည်မြဲနေနိုင်တဲ့သဘော၊ ဖြစ်ပြီးပျက်တတ်တဲ့ သဘော၊ အချိန်ကြာကြာ ဖြစ်တည်မနေနိုင်တဲ့သဘောတွေကို အနိစ္စလို့ ခေါ်ပါတယ်။ အသက်ရှင်ရာကနေ သေဆုံးသွားတာမျိုး၊ ပစ္စည်းတစ်ခု အကောင်းပကတိကနေ ကွဲပျက်သွားတာမျိုး အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလဲသွားတာ တစ်ခုတည်းကိုပဲ အနိစ္စလို့ခေါ်ရတာ မဟုတ်ပါဘူး။ ဘ၀သစ် တစ်ခု မွေးဖွားဖြစ်တည်လာတာမျိုး၊ အပျက် အစီးကို ပြန်လည်ပြင်ဆင်နိုင်တာမျိုး တွေဟာလည်း ရွေ့ရှားပြောင်းလဲမှု အမျိုးအစားတွေ ဖြစ်နေတော့ အနိစ္စသဘောတွေပါပဲ။ အရှင်းဆုံး ပြောရရင် သက်ရှိသက်မဲ့ အရာရာဟာ အနိစ္စပါပဲ။ ဒီသဘောကိုပဲ ဘုရားရှင်က သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ဟောတော်မူခဲ့ပါတယ်။ သင်္ခါရတရား အားလုံးဟာ အနိစ္စ သဘောတွေဖြစ်တယ်လို့ ဆိုလိုတာပါ။


သင်္ခါရဆိုတာကတော့ အပြုပြင်ခံတရားတွေ၊ ဖန်တီးထားတဲ့ အရာတွေဖြစ်ပါတယ်။ ကံတရားက ဖန်တီးလိုက်တဲ့ ဘ၀အမျိုးမျိုးနဲ့ လူဖန်တီးတဲ့အရာ၊ ဥတုကြောင့်ဖြစ်ပေါ်လာတဲ့ အရာတွေဟာ သင်္ခါရတရားတွေဖြစ်ပါတယ်။ ဒါတွေဟာ အနိစ္စတရားတွေသာဖြစ်ပါတယ်။ ကံဖန်တီးတဲ့ ဘ၀ဟာ အမြဲမပြတ် ပြောင်လဲရွေ့ ရှားနေပါတယ်။ နုပျိုရာကနေအိုမင်းလာပါတယ်။ အဆင်ပြေရာကနေ အဆင်မပြေတဲ့ဘက် ပြောင်းလဲတာလဲ ရှိပါတယ်။ ငိုရာကနေ ပြုံးရတာလဲ ရှိပါတယ်။ ဆုံလိုက်ကွဲလိုက်၊ ပျော်လိုက်ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပဲပြောင်းလဲနေပါတယ်။ ဒါပေမယ့် မြန်မာစကားမှာတော့ ကွယ်လွန်အနိစ္စရောက်တယ်ဆိုပြီး အနိစ္စကို သေခြင်းတရား အဖြစ်ပဲ အများအားဖြင့် ရည်ညွန်းလေ့ရှိကြပါတယ်။ (အားလုံကိုမ ပြောဆိုပါဘူး)။ အနိစ္စသဘော ကိစ္စချောလို့လည်း နဘေကာရံနဲ့ စာသံပါပါပြော လေ့ရှိကြပါတယ်။ တကယ်တော့ အနိစ္စဆိုတာ သေခြင်းတရား တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ဘူးလို့ နားလည်ကြရပါမယ်။ မတည်မြဲတဲ့ အနိစ္စ သဘောကို သိထားတယ်ဆိုရင် ကိုယ်ရောစိတ်ပါ သက်သာရာ ရနိုင်ပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်ရတာဟာ အဆိုးလောကဓံ (သို့) အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ အဆိုးလောကဓံ ဆိုတာဟာလည်း ဘ၀ဖွဲ့စည်းမှု အစိတ်အပိုင်းများစွာထဲက တစ်စိတ် တစ်ပိုင်းသာ ဖြစ်နေတော့ သူလည်းအနိစ္စပဲ၊ ကြာရှည် မတည်နိုင်ဘူးလို့ သဘောပိုက်လိုက်နိုင်ရင် သက်သာရာ ရနိုင်ပါတယ်။ တစ်မျိုးပြောရရင် ဒုက္ခရောက်ရတယ်၊ ကိုယ်စိတ် ဆင်းရဲရတယ်ဆိုတဲ့ (ဒုက္ခသစ္စာ)ဟာ မသိမှု (အ၀ိဇ္ဇာ)ကြောင့် ဖြစ်ပေါ်လာရတာပါ။

ထို့ကြောင့် သိမှု(၀ိဇ္ဇာ) ဖြစ်အောင်နေထိုင်ကျင့်ကြံသွားရပါမယ်။ ယခုစာရေး နေသောသူ သည် အမြဲတမ်း မပြတ်ရေးနိုင်နေမည် မဟုတ်ပါ။ စာဖတ်နေသောသူသည်လည်း အမြဲဖတ်နေနိုင် မည်မဟုတ်ပေ။ ထိုသို့မမြဲသော သဘောကိုပင် သိနေရပါမည်။ ထိုသဘောသည်ပင် အနိစ္စဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို တင်ပြပါရစေ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရသော အရာများ၊ သတ္တ၀ါများသည်လည်း အနိစ္စတရားပင် ဖြစ်ပါတယ်။ ယခုအချိန်မှာ မပျက်စီးနိုင်ဘူးဟု ထင်ထားသော်လည်း ပျက်စီးသွားကြသောအခါ များစွာပူးဆွေးသောက ရောက်ကြရပါတယ်။ (မိမိတို့သည်လည်း အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည်ကို သတိသံဝေဂရကြပါစေ)။ တကယ်တော့ မိမိသည် ဖြစ်ပေါ်လာသော တရားတို့ပေါ် တွင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် သိပြီး၊ ပျက်စီးသွားသော အရာများပေါ်တွင် တဏှာနှင့် ယှဉ်သောစိတ်နှင့် ပူဆွေးသောက မဖြစ်ရန် အနိစ္စတရားကို သိနေဖို့လို အပ်ပါတယ်။

ဤသို့ဖြင့် အနိစ္စသဘာဝကို ဘာမှမသိလိုက်ဘဲ အနိစ္စဒဏ်ချက်ကို ဘုမသိဘမ သိခေါင်းငုံ့ခံနေရတာမျိုး၊ ဘ၀အဆက်ဆက် ဒုက္ခသံသရာ လည်နေရတာမျိုး မဖြစ်ရအောင် ဒုက္ခဇာတ်သိမ်းသည်အထိ အနိစ္စသဘာဝကို ကိုယ့်ဥာဏ်အလျောက် သုံးသပ်ဆင်ခြင်သင့်ပါတယ်။

စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာကို ရနိုင်၊ ရောက်နိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ…




Read more...

မကောင်းသောအလေ့အကျင့်ကို သေးငယ်သည်ဟု မယူဆနဲ့

ရှင်တော်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုဆုံးမခက်သော ရဟန်းတပါးရှိ၏။ သူသည် ကျောင်းတော်ရှိ ခုတင်, ညောင်စောင်း, စားပွဲ စသည်တို့ကို သူကြိုက်ရာနေရာသို့ ယူ၍ အသုံးပြုလေ့ ရှိ၏။ ထို့နောက် ထိုနေရာ၌ပင် ပစ်ထားခဲ့လေ့ရှိ၏။ ဖုန်မှုန့်များ ပေကျံသည်ကို ဂရုမထား၊ မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေသည်ကို အရေးမစိုက်။ တခါတရံ မတော်သောနေရာ ပစ်ထားသဖြင့် ခြစားသည်လည်းရှိ၏။ အမြင်မတော်သော ရဟန်းအဖော်များက သိမ်းဆည်းပေးရ၏။ ဤသို့ သံဃိကပစ္စည်းများကို ဂရုမစိုက် ပစ်စလက်ခတ်မသုံးရန် အဖော်ရဟန်းများက သတိပေးသောအခါ -ဒါလောက်လေးနှင့် အပြစ်မကြီးပါဘူး၊ မဖြစ်စလောက်ကလေးကို ရေးကြီးခွင်ကျယ် ပြောမနေစမ်းပါနဲ့-ဆိုကာ ပြုလုပ်မြဲတိုင်း ပြုလုပ်လေ့ရှိသည်။ အချို့ပရိဘောဂပစ္စည်းများ ပျက်စီးကုန်၏။ မြတ်ဗုဒ္ဓ ကြားသိတော်မူသောအခါ ထိုရဟန်းအား ရှေ့တော်သို့ ခေါ်ယူ၍ ဆုံးမစကားပြောဆို၏။ ထို့နောက် တဆက်တည်းပင်-သံဃိက ညောင်စောင်း အင်းပျဉ် ခုတင် စသည်များကို အကာအကွယ်မရှိသော လွင်တီးခေါင်၌ ယူငင်သုံးစွဲပြီးလျှင် ပြန်၍မသိမ်းဆည်းသော ရဟန်းအား ပါစိတ်အာပတ် သင့်စေ-ဟု ပထမ သေနာသနသိက္ခုာပုဒ်ကို ပညတ်တော်မူလေသည်။

( ပါဠိဂါထာ )
မာဝ မညေထ ပါပဿ ၊ န မန္ဒံ အာဂမိဿတိ ။
ဥဒ ဗိန္ဒု နိပါတေန ၊ ဥဒ ကုမ္ဘောပိ ပူရတိ ။
ဗာလော ပူရတိ ပါပဿ ၊ ထောကံ ထောကမ္ပိ အာစိနံ ။

( မြန်မာပြန် )
အနည်းငယ်သော မကောင်းမှုသည် ငါ့အား အကျိုးရောက်လိမ့်မည် မဟုတ်ဟု
မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။
သေးငယ်သော မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးပြည့်ဘိသကဲ့သို့
သူမိုက်သည် အနည်းငယ်သော မကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် မကောင်းမှုဖြင့် ပြည့်၏။

( ဆောင်ပုဒ် )
မကောင်းမှုကို၊ မဆိုစလောက်၊ မဖြစ်လောက်ဟု၊ စိတ်ရောက်အတွေး၊ ထင်မသေးနဲ့၊
နှေးကွေးကျလျက်၊ မိုးရေစက်သည်၊ စဉ်ဆက်ထပ်ပွား၊ ကျဖန်များသော်၊ ခံထားအိုးခွက်၊ ကြီးပါလျက်လည်း၊ ပြည့်တက်အနား၊ လျှံတက်သွားသို့၊
ဆိုးဝါးညစ်ကျု၊ နည်းငယ်စုကို၊ ပြုလုပ်ထပ်ပွား၊ အကြိမ်များသော်၊ ကြီးမားအပြစ်၊ ထင်စွာဖြစ်၏။

( ပါပ၀ဂ်၊ အသံယတပရိက္ခာရ၀တ္ထု )


Read more...

ဂုဏ်ကိုးပါးရှင် သံဃာတော်ကို ရည်မှန်းလှူပါ

ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်တွင် ရဟန်းသံဃာတော်မျာအတွက် စာသင်တိုက်ကြီးများ များစွာရှိသည်။ ထိုစာသင်တိုက်ကြီးများစွာတို့တွင် ရဟန်းသံဃာတော်များ ရာနှင့် ထောင်နှင့်ချီင ပရိယတ္တိစာပေ သင်ယူလျက်ရှိကြသည်။ ကံ ကံ၏အကျိုးကို အကြွင်းမဲ့ ယုံကြည်သက်ဝင်ကြသော ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာတော်များအား ဆွမ်း သင်္ကန်း ကျောင်း ဆေး-ဟူသော ပစ္စည်းလေးပါးတို့ကို တာဝန်ယူ လှူဒါန်းနေကြသည်။

ဗုဒ္ဓဘာသာဝင်တိုင်း အမြဲပြုလေ့ရှိသော ဒါနမှုတခုမှာ ဆွမ်းအလှူဖြစ်၏။ အိမ်တိုင်းလိုလိုပင် နံနက်တိုင်း ဆွမ်းလောင်လှူကြ၏။မိမိအိမ် မိမိအရပ်ထဲတွင် နိစ္စဘတ် လှူဒါန်းကြသည့်အပြင် ကျောင်းတိုက်သို့သွား၍ သံဃာကုန် ဆွမ်းကပ်ကြသည်လည်း အများအပြားပင် ရှိသည်။ ထိုသို့ ဆွမ်းကပ်လှူဒါန်းရာ၌ ဆရာတော်ကြီးများက ဆွမ်းကပ်လှူသူများအား( သံဃဿ ဒေမ ) ဟု ရွတ်ဆိုအာရုံပြုရန် သင်ပေးလေ့ရှိကြ ပါသည်။ အဓိပ္ပါယ်မှာ-ယခု လောင်းလှူနေသော ဆွမ်းသည် ပုဂ္ဂလဓိဋ္ဌာန် ပေးလှူခြင်းထက်လွန်၍ ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်က စတင်ဖွဲ့စည်းလာခဲ့သော သံဃာတော်အရှင်မြတ်များအား လှူဒါန်းနေခြင်းဖြစ်သည်။ အရှင်မဟာကဿပ, အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်, အရှင်အာနန္ဒာ စသော မထေရ်ကြီးများမှ ဆင်းသက်လာခဲ့သော အရိယာနွယ်ဝင် သံဃာတော်များအား သံဃိကလှူဒါန်းပါ၏-ဟု စိတ်တွင်းက ရည်မှန်းအာရုံပြုရန် ဖြစ်သည်။

ဝိမာန၀တ္ထု အဋ္ဌကထာတွင် အမဘဒ္ဒါနှင့် ညီမသုဘဒ္ဒါတို့ ဆွမ်းလှူပုံကို ဤသို့ဖော်ပြထား၏။ အမဘဒ္ဒါသည် သူနှင့်ခင်မင်ရင်းနှီးသော သံဃာတော်များအား မကြာမကြာပင့်၍ ဆွမ်းကပ်လှူလေ့ရှိ၏။ ညီမ သုဘဒ္ဒါသည်ကား ဘယ်ပုဂ္ဂိုလ်ဟူ၍ မရည်ရွယ်။ အလွယ်တကူ ပင့်ဖိတ်၍ရသော ရဟန်းငါးပါးကို ပင့်၍ အရိယာသံဃာတော် များအား ရည်မှန်းကာ သံဃိကဒါနဆွမ်း တကြိမ်လှူ၏။ ဆင်းရဲနွမ်းပါးသူ ဖြစ်သောကြောင့် ထိုသံဃိက ဆွမ်းတကြိမ်သာ မှတ်မှတ်ရရ လှူဖူး၏။ ညီအမနှစ်ယောက် ကွယ်လွန်ကြသောအခါ အမက နတ်ပြည်ခြောက်ထပ်တွင် တာဝတိံသာနတ်ဘုံသို့ ရောက်သည်။ ညီမ သုဘဒ္ဒါသည် နိမ္မာနရတီဘုံသို့ ရောက်၍ နတ်စည်းစိမ် အဆင့်အတန်းမြင့်မြင့်ကို ခံစားရလေသည်။

ဗုဒ္ဓလက်ထက်တော်က အခါကြီးရက်ကြီးတခုတွင် မြို့သူမြို့သားတို့သည် ဗုဒ္ဓကျောင်းတော်သို့ သွားကြသည်။ မိမိတို့ကျောင်းတော်တွင် နိုင်သလောက် သံဃာများအား ဆွမ်းပင့်ကျွေးကြသည်။ ဦးစွာရောက်သူတို့က တန်ခိုးကြီးမထေရ်ကြီးတို့အား ပင့်ဖိတ်၍ သွားကြသည်။ ထိုအခါတွင် စိတ္တသူကြွယ် ရောက်သောအချိန်၌ အနေအထိုင်မကောင်းသော ရဟန်းတပါးသာ ကျန်တော့သည်။ ထိုရဟန်းကိုပင် ပင့်သွားပြီး နောက်တနေ့၌ ရိုသေစွာ ခင်းကျင်းပြင်ဆင်၍ ကောင်းမွန်စွာ လုပ်ကျွေးပြုစု၏။ ထိုရဟန်းသည်လည်း သူဋ္ဌေးဒါယကာတယောက် ရပြီ-ဟု ၀မ်းသာသွား၏။ ညနေချိန်၌ ထိုရဟန်းလာရောက်၍ စိတ္တသူကြွယ်ထံ ကျောင်းတွင် သုံးလို၍ ပေါက်တူးလာငှါးသည်။ ထိုအခါ ( ဟိုမှာ သွားယူချေ )ဟု သာမညပြောပြီး ပေးလွှတ်လိုက်၏။ မြင်သူများက နံနက်ခင်းက ပြုစုပုံနှင့် ညနေ ဆက်ဆံပုံ ကွာခြားလှသဖြင့် အံ့သြစွာ မေးမြန်းကြသည်။ နံနက်အခါက သံဃာအမှတ်နှင့် ပင့်ပြီး အရိယာသံဃာတော်အနေဖြင့် ကပ်လှူကြောင်း၊ ယခု အလုပ်လုပ်လို၍ ပေါက်တူး ငှါးလာရာတွင် သာမည်ပုဂ္ဂိုလ်အနေဖြင့် ပေးငှါးလိုက်ကြောင်း-ရှင်းပြလိုက်သည်။ စိတ္တသူကြွယ်သည် သံဃိက အလှူ မွန်မြတ်ကြောင်းကို သိနားလည်ထားသူ ဖြစ်သည်။ ထိုသို့သိသည့်အတိုင်း ဆက်ဆံပြုမူလိုက်ကြောင်းကို နားလည်မှတ်သားရပေသည်။


Read more...

သက်တော်ရှည် ဘေးမဲ့ကန်တော်မင်းကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုသလ

ဆရာတော်ကြီး ဘဒ္ဒန္တကုသလသည် ရေနံချောင်းမြို့နယ် ညောင်ပင်အိုင်ကျေးရွာ ဇာတိဖြစ်သည်။ ခမည်းတော် ဦးစံပြည့်+မယ်တော် ဒေါ်မိုးတို့၏ တတိယမြောက် သားရတနာဖြစ်သည်။ ၁၂၆၅-ခုနှစ် ပထမ၀ါဆိုလပြည့်ကျော် ၁၂-ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ ယခု သက်တော် ၉၄-နှစ်ရှိပြီ။

ဆရာတော်ကြီးသည် ၁၂၈၂-ခုနှစ်တွင် သာမဏေပြုပြီး ၁၂၈၄-ခုနှစ်တွင် ရဟန်းပြုသည်။ ဆရာတော်ကြီးများထံတွင် ပိဋကတ်စာပေများ ကျနစွာ သင်ယူခဲ့သည်။ ဆရာတော်ကြီးသည် မြန်မာ ပါဠိဘာသာတို့တွင်မက ဟင်ဒီ, ဘင်္ဂါလီ, မာဂဓနှင့် သင်္သကရိုက်ဘာသာတို့ကိုလည်း တတ်ကျွမ်းသည်။ ထို့နောက် မန္တလေးမြို့ အနောက်ခင်မကန်တိုက် ဘုရားကြီးကျောင်းတိုက်တို့တွင် စာချတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၂၉၁-ခုနှစ်တွင် ရေနံချောင်းမြို့ စိန်ပန်းကျောင်းတိုက်သို့ ပြန်လည်ကြွရောက် သီးတင်းသုံးသည်။ ၁-၀ါဆိုပြီးနောက် ရေနံချောင်းမြို့ အရှေ့ဘက်ရှိ သမိုင်းဝင် မင်းလင့်တောင်တော်ရှိ တောရကျောင်းတွင် အရည၀ါသီ တောမှီခဲ့သည်။

၁၃၁၁-ခုနှစ်တွင် ညောင်ပင်အိုင်ကျေးရွာကျောင်းသို့ ပြောင်းရွှေ့၍ ၁-၀ါဆိုခဲ့သည်။ ထို့နောက် ကျောက်ကုန်းရွာ တနေရာရှိ ဂူအတွင်း၌ သီတင်းသုံး၍ တရားဓမ္မ ကျင့်ကြံအားထုတ်ခဲ့သည်။ ထိုစဉ် ဒကာ ဒကာမများက ဘေးမဲ့ဂတ်အနီးကျောင်း-ဟု အမည်တွင်ခဲ့ရာမှ နောင်အခါတွင် ကန်တော်မင်းကျောင်း-ဟု အမည်တွင်ခဲ့သည်။

ဆရာတော်ကြီးသည် ထိုကျောင်းတွင် သီတင်းသုံး၍ ကိုယ်တိုင်လည်း တရားဓမ္မကို ကျင့်ကြံအားထုတ်သည်။ တပည့် ဒကာ ဒကာမများကိုလည်း ဟောကြားသွန်သင်လျက်ရှိသည်။ နှစ်ပေါင်း ၄၇-နှစ်တိုင်ပြီ။ ၁၃၅၉-ခုနှစ် နယုန်လဆန်း ၂-ရက်နေ့မှစ၍ ဆရာတော်ကြီးအား အနယ်အရပ်ရပ်မှ လာရောက်ဖူးမြော်လျက် ရှိကြသည်။


Read more...

သြ၀ါဒ

မေတ္တာဆိုတာ သူတပါးကို ကြီးပွားချမ်းသာစေလိုသောစိတ်။
တရားကိုယ်က အဒေါသ, အပြစ်ကင်း၍ သန့်ရှင်းကြည်လင်သောစိတ်။
တရားကိုယ်က အရိုးခံတရားကြီး။

ပုဂ္ဂိုလ် သတ္တ၀ါ မျက်နှာမလိုက်။ လေးလေးနက်နက် ပို့ရန်သာ အဓိက။
သတ္တ၀ါအားလုံး၏ လိုတရ ဆေး။
တလောကလုံး၏ ငြိမ်းချမ်းရေး လက်နက်။
ဗုဒ္ဓ၀ါဒ၏ အနှစ်သာရ။
ပိဋကတ်သုံးပုံ၏ အမတ။

အရာရာတွင် လိုသလို အသုံးချ၍ရသော သဘာဝအင်အားကြီး ဖြစ်သည်။

( ဆရာတော်ကြီး ဘဒ္ဒန္တကုသလ )


Read more...

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ၀င် ခုနစ်နေ့ ဘုရားရှိခိုး

၁။ သန္ဓေယူသောနေ့
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့---ကိန်းပါကို။
( မ )။

၂။ ဖွားမြင်တော်မူသောနေ့
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့ စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့---လမ်းပါကို။ ( သိ )။

၃။ တောဖွက်တော်မူသောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်--ခန်းမှာကို။ ( ကြ )။

၎။ ဘုရားဖြစ်တော်မူသောနေ့
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက် သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ---ငြိမ်းပါကို။ ( လျှင် )

၅။ ဓမ္မစကြာ ဟောတော်မူသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်---ရွမ်းတယ်ကို။ ( တွေး )။

၆။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှမ်းဆူသောင်းလုံး---ကျော်တယ်ကို။ ( ဆ )။

၇။ တေဇောဓာတ် လောင်တော်မူသောနေ့
နိဗ္ဗာန်စံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်---ကြွင်းတယ်ကို။ ( ဦး )။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း---ကြွယ်စေသော်။ ။

၁။ သန္ဓေ-တောထွက်၊-ဓမ္မစက်၊-မိန့်မြွက်သံချို-လ၀ါဆို။
၂။ ဆု-ဖွား-ပွင့်-စံ၊-ဤလေးတန်၊-မှတ်ရန် ကဆုန်လ။


Read more...

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၁၂)

From Sin Phyu Kyaun

ဆင်ဖြူကျွန်းကို ပြန်ရောက်ပြီဆိုသည်နှင့် ညနေ ၆-နာရီကားဖြင့် စစ်ကိုင်းကို ပြန်ဖို့ပြင်ဆင်ရသည်။ လေးနာရီ ထိုးမှ ဆင်ဖြူကျွန်းကို ပြန်ရောက်သည်မို့ အေးဆေးတော့ နားခွင့်ရသည်။ ခေါင်းကိုက်သဖြင့် ဆရာဝန်ခေါ် ဆေးထိုး ဆေးစားလုပ်ရသည်။ ခရီးသွားများသွားသောကြောင့် ဆရာဝန်မှ စိုးရိမ်စိတ်ဖြစ် ကာ အကြောဆေး ထိုးလိုက်ရင် ပိုကောင်းမယ်ဆိုတာနဲ့ ဆေးသွင်းလိုက်ရသည်။ ညနေ ၆ နာရီမထိုး ခင်ကားဂိတ်ဆင်းလိုက်သည်။ မြန်မာပြည်၏ ထုံးစံအတိုင်း စောင့်ရသည့်လုပ်ငန်းကို စိတ်ညစ်ညစ်နှင့် ထိုင်စောင့်ရသည်။ ၆နာရီကားသည် ၈နာရီမှထွက်ဖြစ်သည်။ မြန်မာပြည်မှာ သွားလာရေးနှင့် ဆက်သွယ်ရေးသည် လူထုအားလုံး အရမ်းပင် စိတ်ပင် ပန်းရသည့် အနေထားရှိနေသည်မှာ ယခုချိန်ထိ ပင်။ ဘယ်တော့များမှ အဆင်ပြေချော့မွေ့မည်မသိ။

မြန်မာကျပ်ငွေ ၂သောင်းတန် ကာဒ်ဖုန်းကလည်း မင်းဘူးဝင်လာကတည်းက ပြတ်တောက်သွားသည်မှာ မိတ္ထီလာဝင်မှပဲ အဆက်သွယ်ပြန်ရတော့သည်။ ကမ္ဘာတ၀ှမ်းလုံး တိုးတက်သော ခေတ်ဆီသို့ သွားနေပါလျက် ခေတ်နောက်ပြန်ဆွဲနေသည့် မြန်မာ နိုင်ငံတော်ကြီးကို ဘယ်လိုနားလည်ရမည်ကိုမသိတော့ပေ။

နေရာတကာဆိုင်းဘုတ်များမှာတော့ စံပြကျေးရွာတွေရော ခေတ်မီဖွံ့ဖြိုးသောမြို့တော်ကြီးဆီသို့ တွေရော စုံနေတာပါပဲ။ အော်မြန်မာပြည်၏ တိုးတက်သော ဖွံ့ဖြိုးသောဆိုတာ ဆိုင်းဘုတ်သက်သက် ပါလားလို့ အောက်မေ့မိလိုက်သည်။ လူထုကို သက်သက်များ ဆင်းရဲအောင် တမင်ဖန်တီးထားလေ ရောသလား ဟုတွေးမိသည်။

၈-နာရီကားဖြင့် ဆင်ဖြူကျွန်းကထွက်လာလိုက်တာ မနက်မိုးလင်းမှပဲ မန္တလေး ကျွဲဆည်ကန်ကားဂိတ်သို့ ရောက်သည်။ သူငယ်ချင်းဖြစ်သူ အရှင်ဝဏ္ဏသာရက ကားဖြင့်အဆင်သင့်လာကြိုသည်။ ကာဝင်းမှ စစ်ကိုင်းသို့ ချီတက်သည်။ မနက်ခင်း ၇နာရီလောက် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင်ရောက် သည်။

စစ်ကိုင်းပြန်ရောက်ပြီဆိုတာနှင့် အဝေးရောက် ပြည်ပရောက် နောင်တော်ကြီးများ အသီးသီးပြန်ရောက် သည်ကိုတွေ့ရသည်။ သီတဂူဆရာတော်၏ အောင်မြင်မှုအတွက် တပည့်အသီးသီး အဝေးကပြန်လာ ကြသည်။ တကယ်ပင်ပျော်စရာကောင်းပါသည်။ အထူးသဖြင့် ညီအကိုလို ခင်မင်ရတဲ့ ယူကေမှ အရှင် သီဟဥာဏလည်း ရောက်နေသည်။ အားမနာပါးမနား လုပ်ချင်တာလုပ် နားလည်ပေးတက် ကူညီပေး တက်သည့် ဒေါက်တာ အရှင် ဝေဠုဆီမှာ အမေရိကနဲ့ယူကေဘုန်းကြီးတွေစခန်း ချရသည်။

သီတဂူဆရာတော်၏ ကြီးကျယ်ခန်းနားသည့် အစည်းဝေးပွဲနှင့် တက္ကသိုလ်ဖွင့်ပွဲအတွက် အားလုံး စည်းစည်းရုံးရုံး ပျော်ပျော်ပါးပါး ကျရာတာဝန်ထမ်းကာ ဆောင်ရွက်ကြသည်။ ကြီးကျယ်သည့် နိုင်ငံတကာ ပွဲဖြစ်သည်မို့ ကြီးကျယ်စွာ ပင်ပန်းလောက်အောင်ပင် ပြေးလွားလုပ်ဆောင်ခွင့်ရခဲ့သည်။

အထူးသဖြင့် အစည်းဝေးပွဲကြီးအတွက် ဆွေးနွေးပွဲဆိုင်ရာကဏ္ဍတွင် ပါဝင်ကူညီလုပ်ဆောင်ခွင့်ရခဲ့ သည်။ Panel Discussion တွင် Section ပေါင်းများစွာရှိရာ ပါဠိစာပေနှင့်ပတ်သတ်သော အခန်းပိုင်း တွင် နှစ်ပိုင်းရှိသဖြင့် အရှင်သီဟနှင့် မနက်ဖြန်တို့ Pannel ၏ Workshop Assistance အဖြစ်လုပ်ရ သည်။ စာတမ်းဖတ်မည့် စာတမ်း ရှင်တို့၏ Bio Data short နှင့် Paper တို့ကို ဆွေးနွေးပွဲမတိုင်ခင် စုစည်းကာ Moderator ဆီသို့ Report လုပ်ရ သည်။ ဒေါက်တာဝေဠုကတော့ ကြီးကျယ်ခမ်းနာတဲ့ ပွဲကြီးမှာ ကြီးကျယ်ခမ်းနားတဲ့ ပြာတာအလုပ်တော့ ဒီကောင် တွေရသွားပြီတဲ့။ ဒေါက်တာသီဟ ကလည်း ဒီအစည်းဝေးပွဲကြီး ဒီလောက်ကြီးကျယ်မယ်မထင်မိဘူးတဲ့ ကိုယ် တိုင်းလုပ်ကြည့်မှပဲ အတော်ကို ကြီးကျယ်နေပါလားဟတဲ့။ တဦးနဲ့တဦး စနောက်ကာ ပင်ပန်းသမျှ အနားယူ ကြသည်။

အစည်းဝေးပွဲကြီးအတွက် အင်္ဂလန်မှ ဒေါက်တာဓမ္မသာမိဦးဆောင်ကာ သီတဂူမှ ကျောင်းသားများ သီတဂူ ပြည်ပရောက် ကျောင်းသားများ ၀ိုင်းဝန်းလုပ်ဆောင်ကြသည်။ ဒေါက်တာဓမ္မသာမိမှလည်း အားတက်သရော ၀င်နေသောအသံကို ညစ်ထုတ်ကာ လုပ်သင့်လုပ်ထိုက်သည့် တာဝန်များကို မည်သို့ မည်ပုံလုပ်ရမည်ကို ညစဉ် လိုလို ခေါ်ယူပြောကြားပေသည်။

Justice Delay is injustice. ဒေါက်တာဓမ္မသာမိပြောသည့် စာသားတခုကို ယခုထိအမှတ်ရသည်။ တာဝန်ကျ သည့်လုပ်ငန်းနဲ့ ပတ်သက်၍ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ဖို့မလုပ်နိုင်လျှင် တရား မမျှတမှုဖြစ်လာနိုင် ကြောင်းကို ရည်ရွယ်ပြောဆိုသည့် စကားဖြစ်သည်။


Read more...

သမထ နှင့် ၀ိပဿနာ...။

လောက၌ ဆင်းရဲချမ်းသာ ခံစားမူ့ကို အလယ်အလတ်ထားသော နည်းအား လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအား မဟာဂရုဏာတော်နှင့် ဆုံးမလမ်းညွန်ပြခဲ့ပါသည်။ တကယ်လုပ်ပါက အမှန်ချမ်းသာမည်ဖြစ်ကြောင်းလဲ ကိုယ်တော်တိုင် အာမခံတော်မူခဲ့ပါတယ် အဲ့ဒီနည်းလမ်းကတော့ ၀ိပဿနာကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်သူများသည် မိမိတို့ကိုယ်တိုင်ရဲ့ ကံ၊ ညဏ်၊ ၀ိရိယ စွမ်းအားနဲ့ အချိုးညီစွာ အကျိုးကို ခံစားရမှာဖြစ်ပြီး မျက်မှောက်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ စတဲ့ အပူမီးတွေကို ငြိမ်အေးစေကာ နောင်သံသရာမှာလဲပဲ ကောင်းကျိုးကိုသာ ဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သလို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေနိုင်သော တစ်ခုတည်းသော နည်းလမ်းလဲ ဖြစ်ပါတယ် သံသရာ ပြတ်မပြတ် ဘ၀ချုပ်မချုပ်ကိုတော့ အားထုတ်သူကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါသည်။
ဝိပဿနာသည် ရုပ်နမ်ဓမ္မ၌ အမြဲမပျက် ပြောင်းလဲ ဖောက်ပြန် ဖြစ်ပေါ် ချုပ်ပျောက်နေသော သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာ အားဖြင့် ညဏ်တွင်ထင်ရှာလာအောင် ရှူ့ပွားဆင်ခြင် ခြင်းပင်ဖြစ်ပါတယ်။ အကျဉ်းအားဖြင့် ဆိုရသော ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ပရမတ်ဆိုက်အောင် ရှူ့ပွားပြီး ဒီရုပ်နာတွေရဲ့ ဖြစ်၊ တည်၊ ပျက်၊ ခြင်းသဘောဖြစ်သော သင်္ခတလက္ခဏာကို ရှူု့ပွား ဆင်ခြင်ရခြင်းပါပဲ။ ဒီလိုရုပ်နာမ်သင်္ခါရတို့ရဲ့ အနိစ္စတွေကို အကြိမ်ကြိမ်အဖန်ဖန် ရှူ့ပွားဆင်ခြင်ပါက ရုပ်နာမ်ဓမ္မတို့သည် မိမိတို့အလိုကို မလိုက် အစိုးမရမူ့ဖြစ်သော အနတ္တလက္ခဏာ ပေါ်ပေါက်လာပါသည်။ သတိထားသင့်သည်မှာ မိမိတို့အလိုကို မလိုက်သည့်အပြင် မိမိကသာ ယင်းတို့၏ ကျေးကျွှန်ဖြစ်ကာ ယင်းတို့၏ အလိုကို လိုက်ပါ ဆောင်ရွက်နေရပါသည်။ ဖော်ပြပါ ရုပ်နမ်ဓမ္မတို့၏ အနိစ္စအား ရှူ့ပွားဆင်ခြင်ခြင်းအားဖြင့် အနိစ္စညဏ်ရင့်သန်လာသောအခါ အနတ္တလက္ခဏာ ပေါ်ပေါက်လာကာ ဘာဝနာညဏ်သက်ဝင်လာခြင်းကို သာမည လက္ခဏာ ဖြစ်ပါသည် ဤကဲ့သို့ ပရမတ္ထကျကျ သဘာဝပေါ်လွင်လာပြီး မကြာခင်မှာပင် သင်္ခတလက္ခဏာထင်မြင်ပြီး သာမညညဏ်သက်ဝင်ပါက ၀ိပဿနာဖြစ်ပါတော့သည်။ ၀ိပဿနာကမ္မဋ္ဌာန်းကို ကျင့်ကြံပြီး နိဗ္ဗာန်ကို လျှောက်လှမ်းနေသော ဘာဝနာခရီးတွင် သတိ၊ သမာဓိ ဦးစီးသော သတိပဋ္ဌာန်နယ်နှင့် သတိ၊ ပညာ(သမ္ပဇဉ်) ဦးစီးသည့် ၀ိပဿနာနယ် ရှိပါသည် ခြောက်ပါးသော အာရုံနှင့် ဒွါရ တိုက်ဆုံသော အခါ မြင်မှန်းသိ၊ ကြားမှန်းသိ၊ နံမှန်းသိ၊ ရသာမှန်းသိ၊ တွေ့ထိမှန်းသိ၊ ကြံတွေးမှန်းသိ စသည်တို့သည် သိရုံမျှသိသည့် သတိပဋ္ဌာန်နယ် ဖြစ်ပါတယ် ၀ိပဿနာနယ်ကို မရောက်သေးပါဘူး။ ၀ိပဿနာနယ်တွင် မြတ်စွာဘုရားဟေားကြားထားသော နည်းနာနိဿရ အတိုင်း တိတိကျကျ ကျင့်ကြံပြီး ရူ့ပွားသည့် အနုပဿနာနှင့် အရှူ့ခံတရားတို့ ကိုက်ညီရမည် အရှူ့ခံတရားသည် ပရမတ်ဖြစ်ရပြီး အဖြစ်နှင့်အပျက်ကို ဘာဝနာညဏ်ဖြင့် မြင်ရပါမည်။ အဖြစ်နှင့်အပျက် သင်္ခါရတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အချက်များ ညဏ်သက်ဝင်လာရပါမည်။ ဤကဲ့သို့ ပြည့်စုံ ညီညွတ်ပါမှ ၀ိပဿနာနယ်ကို ရောက်ရှိပါမည်။ တနည်းဆိုရသော သတိ၊ပညာ(သမ္ပဇဉ်) ညဏ်သက်ဝင်ရပါမည်။ အရှူ့ခံတရားလဲမှန် ရှူ့နည်းလဲ မှန်ကန်ပြီး ကံ၊ ညဏ်၊ ၀ိရိယလည်း ပြည်စုံမည်ဆိုပါက ၀ိပဿနာ ညဏ်စဉ်များ တစ်ဆင့်တစ်ဆင့်တက်ကာ မဂ်ဖိုလ် သို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။ ရုပ်နာမ် ပရမတ်တို့၏ အဖြစ်အပျက်ကို ဘာဝနာမယညဏ်ဖြင့် မမြင်နိုင်သေးသမျှ ၀ိပဿနာသို့ မရောက်သေးပါ ၀ိပဿနာနယ်သို့ မရောက်သေးပါက လောကုတ္တရာမဂ်နှင့်ဝေးနေအုံးမည် ဖြစ်ပါသည်။
အလျှင်သင့်တုန်း ၀ိပဿနာနှင့် သမထ ကွဲပြားပုံကို မှတ်သားထားသမျှ အနည်းငယ်တင်ပြပါအုံးမည်။ တရားကို အလေးအနက်ထား အားထုတ်နေကြသူများသည် သမထနှင့် ၀ိပဿနာကို ကွဲပြားစွာ နားလည်းထားဖို့လိုပါသည်။ သမထနှင့် ၀ိပဿနာ မကွဲပြားပါက ၀ိပဿနာ အားထုတ်နေသောလည်း သမထ လမ်းကြောင်းပေါ် ရောက်နေတတ်ပြီး မဂ်ဖိုလ်နှင့် သီသီကလေး လွဲနေတတ်ပါသည် နှစ်နာလွန်းလှပါသည်။ ၀ိပဿနာလမ်း မဖြောင့်ဖြူးသော အားထုတ်မူ့သည် ကုသိုလ်ရသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင့်က ဝေကွားပါသည်။ ထို့ကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်းမှန်းအားထုတ်သူများသည် သထမနှင့် ၀ိပဿနာ ကွဲပြားမူ့ကို ကောင်းစွာ နားလည်ထးသင့်ပါသည်။

၁။ သမထသည် နိဝါရဏ (၅)ပါးနှင့် ပရိယဌာန ကိလေသာအား ၀ိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာပယ်ခွာနိုင်ပြီး စိတ်တည်ကြည် ငြိမ်သက်မူ့ဟူသော သမာဓိလုပ်ငန်းဖြစ်ပါသည်။ ၀ိပဿနာသည် နိဝါရဏ(၅)ပါးနှင့် အနုသယကိလေသာ တိုင်အောင် သမုဒ္ဆေဒပဟာန်အားဖြင့် အမြစ်ပြတ်ပယ်သက်ပါသည်။

၂။ သမထတွင် ကမ္မဋ္ဌာန်းနည်းလေးဆယ် ရှိပြီး ၀ိပဿနာတွင် သတိပဋ္ဌာန်လေးမျိုး ရှိပါသည်။

၃။ သမထသည် ကမ္မဋ္ဌာန်း၏ ဆိုင်ရာ ပညတ်အာရုံကို ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်၊ အဆင့်ဆင့် ရှူ့ပွားရသည်။ သမထသည် ပညတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စား မိုက်မားမိပါက ရူးကြောင်ကြောင်ဖြစ်တတ်ပါသည်။ ၀ိပသာနာသည် အရှူ့ခံ ရုပ်နာမ်တို့တို့၏ သဘာဝလက္ခဏာ၊ သင်္ခတ လက္ခဏာ၊ သာမညလက္ခဏာ ဖြစ်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ ဖြစ်၊ တည်၊ ပျက် ခြင်းသဘော၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာများအား ဘာဝနာမယညဏ် သက်ဝင်ကာ ရုပ်နာမ်ပရမတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စားစရာ မရှိကာ မရူးနိုင်ပေ။ ရူးသွပ်သူများပင် ၀ိပဿနာအား နည်းမှန်လမ်းမှန် အားထုတ်ပါက ရောဂါ ဝေဒနာ သက်သာလာပါသည်။

၎။ သမထ၏ လိုရင်းမှာ ဈာဉ်ဖြစ်သည်။ ပဋိဘာဂနိမိတ် ပေါ်ပြီးနောက် ဥပစာရဈာဉ်၊ ပထမဈာဉ်၊ ဒုတိယဈာဉ်၊ တိတယဈာဉ်၊ စတုတ္ထဈာဉ် တိုင်အောင် အပ္ပနာဈာဉ်ကို ရူ့ပွား၏။ အပ္ပနာဈာဉ်နှင့် အာရုပ္ပဈာဉ်ဟူ၍ ရှိရာ ယင်းအောက်ဈာဉ်လေးပါးနှင့် အထက်ဈာဉ်လေးပါးသည် သမပတ် ရှစ်ပါးပင် ဖြစ်ပါသည်။ ၀ိပဿနာ၏ လိုရင်းမှာ မဂ်ဖိုလ် နိဗ္ဗာန် ဖြစ်ပါသည် ။ မဂ်လေးဆင့် ဖိုလ်လေးဆင့်ရှိရာ ယင်းကိုလောကုတ္တရာစိတ် ရှစ်ပါးဟု ဆိုသည်။ မဂ်အကြောင်းကြောင့် အကျိုးတရာဖြစ်သော ဖိုလ်သည် ဖလသမာပက် ဖြစ်ပါသည်။ ၀ိပသာနာသည် သာမညလက္ခဏာဖြင့် ညဏ်သက်ဝင်ပြီး ညဏ်စဉ်ဆယ်းပါး အဆင့်ဆင့် ရှူ့ပွား၏။

၅။ သမထ ရှူ့ပွားရာ၍ အပ္ပနာဈာဉ်ရပါက ရူပကုသိုလ်၊ အရုပ္ပဈာဉ်ရပါက အရူပကုသိုလ် ဖြစ်ပြီျးဆိုင်ရာ ဗြဟ္မာဘုံသို့ လောရောက်သည် သမထ၏ အမြင့်ဆုံးပန်းတိုင်သည် ဗြဟ္မာဘုံဖြစ်သည်။ ၀ိပဿနာသည် သောတပတ္တိရလျှင် အပယ်တံခါးပိတ်ကာ အများဆုံး (၇) ဘ၀သာ သံသရာ ကျန်ပါတော့သည်။ ထိုမှ တစ်ဆင့် အထက်မဂ်များ ဖြစ်သော သကာဒါမိမဂ်၊ အနာဂါမိမဂ် များအဆင့်ဆင့်ရရှိကာ (၃)ဘ၀(၁)ဘ၀သာ သံသရာကျန်ရှိကာ အရဟတ္တမဂ်ရလျှင် ကံပြတ်၍ ဘ၀ချုပ်ငြိမ်ကာ သံသရာပြတ်ပါတော့သည်။ ၀ိပဿနာ၏ အမြင့်ဆုံးပန်းတိုင်းသည် နိဗ္ဗာန်ဖြစ်သည်။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP