* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, May 21, 2009

သြ၀ါဒ

သီလရှိသောသူသည် မေ့မေ့လျော့လျော့ မရှိခြင်းကြောင့် စည်းစိမ် များစွာရ၏။
သတင်းကောင်း ကျော်စော၏။
ချဉ်းကပ်ရာ ပရိသတ်၌ မျက်နှာငယ်ခြင်း မရှိ။
သေသောအခါ မတွေမဝေ သေရ၏။
ကုသိုလ်ကံစသော ကောင်းသောနိမိတ် ထင်သောကြောင့် တွေဝေခြင်း စိတ်ညစ်ခြင်း မရှိ။
ကြည်လင်စွာ သေရ၏။
သေပြီးသောအခါ သုဂတိဘုံသို့ လားရ၏။

( ညောင်လေးပင်တောရဆရာတော် ဦးအရိယ မထေရ်မြတ် )


Read more...

မှတ်သားဖွယ်ရာ ဖောင်ဥပမာ

မဇ္ဈိမ နိကာယ် မူလပဏ္ဏာသပါဠိတော်.
အလဂဒ္ဒူပမသုတ္တန် ကောက်နှုတ်ချက်

ရဟန်းတို့ !! သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြားကြကုန်၊ ကောင်းစွာနှလုံးသွင်းကြကုန်။ ဟောကြားအံ့ဟု မိန့်တော်မူ၏ ၊ အရှင်ဘုရား ကောင်းပါပြီ ဟု ထိုရဟန်းတော်တို့သည် မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားကုန်၏။

မြတ်စွာဘုရား သည် ဤတရားကို ဟောကြားတော်မူ၏ ။

ရဟန်းတို့ ဥပမာသော်ကား ခရီးရှည်သွားသော ယောကျာင်္ားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤဘက် ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊

ထိုယောင်္ကျားမှာ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်းမရှိ၊ ‘ ထိုယောင်္ကျားအား ‘ ဤကား ရေပင်လယ်ကြီးတည်း။ ဤဖက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းက အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်း မရှိပေ၊ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြုလျက် လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ ကူးရမူ ကောင်းပေမည်’ ဟု အကြံအစည် ဖြစ်ပေါ်ရာ၏၊

ရဟန်းတို့ ထို့နောက် ထိုယောင်္ကျားသည် မြက်သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ကူးရာ၏၊
ကမ်းတဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘`ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း
ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲသွားရမူ ကောင်းပေမည်ဟု အကြံအစည် ဖြစ်ပြန်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောင်္ကျားသည် ဤသို့ပြုသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသလော ဟု မေးတော်မူ၏။

အရှင်ဘုရား မဖြစ်ပါ ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ထိုယောင်္ကျားသည် အဘယ်ပုံ ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း၊ ရဟန်းတို့ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘ ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးခဲ့၏၊
ငါသည် ဤဖောင်ကို ကုန်း၌ဆယ်တင်၍သော်လည်းကောင်း ရေ၌ ပေါလောမျှော၍သော်လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲသွားရမူ ကောင်းပေမည် ဟု အကြံအစည် ဖြစ်ရာ၏။

ရဟန်းတို့ ထိုယောင်္ကျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူပင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ငါဟောကြား၏၊ ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင် ဥပမာရှိသော တရားကိုသိသော သင်တို့သည် တရားမှု ( သမထ ၀ိပဿနာ၌ ဖြစ်သော ဆန္ဒရာဂ )တို့ကို ပယ်သော်လည်း ပယ်စွန့်ရမည်၊ မတရားမှု ( ကာမဂုဏ်၌ ဖြစ်သော ဆန္ဒရာဂ ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ပေ။


Read more...

(၃၂)ပါးသောကံကြမ္မာ

၃၂-ပါးသောကံ,ကြမ္မာတို့မှကင်းလွတ်ရန် လူအချို့ဘုရားရှိခိုးလျှင် ဆုတောင်းတတ်ကြ
တာ ကိုကြားဖူးပါတယ်။ ထို ၃၂ ပါးသောကံကြမ္မာဆိုတာကို အစကမကြားဖူးပါ။
တစ်ရက် ဘုရားစင် ရှိစာအုပ်အဟောင်းများကိုရှာဖွေ ရှင်းလင်းရင်းတွေ့ရှိခဲ့ရပါတယ်။
ထိုကံကြမ္မာတို့ကို၊ အချို့သောငရဲသားတို့ကို၊ ငရဲထိန်းတို့က ပြုလုပ် ညှင်းဆဲခြင်း၊ ကမ္မ
ကရဏ မှုကိုပြုလုပ်ကြ၏ ။ အချို့သောမင်းတို့လည်း၊ ရာဇ၀တ်သားတို့ကို၊ ထိုက်သည့်
အားလျော်စွာ၊ အသုံးချဆုံးမတတ်ပါတယ်။ အချို့သော ညှင်းပန်းမှုများမှာ ဂျပန်ခေတ်
က အပြစ်မဲ့ မြန်မာလူမျိုးများညှင်း ပန်းခံရပုံနှင့် ခပ်ဆင်ဆင်တူပါတယ်။ ဒီဘ၀မှာ
ကောင်းမှုကုသိုလ် မည်မျှပင် လုပ်စေကာမှုအတိတ်က ၀ဋ်ကြွေးမည်မျှ ပါလာတာကို
မည်သူမျှ မသိနိုင်ပါဘူး။ ဘုရားရှင်လက်ထက်ကော ၊ ယနေ့မျက်မှောက်ကောသာဓက
တွေအများကြီးပါ။ တန်ခိုးအရာမှာဘုရားရှင်ပြီးလျှင် အကြီးဆုံးဖြစ်တဲ့ ရှင်မောဂ္ဂလန်
ကိုယ်တော် မြတ်ကြီးဟာ ခိုးသားငါးရာရဲ့ ရိုက်နှက်ခြင်းခံတာမှာ အသားတော် အသွေး
တော်များ အမှုန့်ဖြစ်သွားတာကို ကျမ်းဂန်များမှာဖတ်ခဲ့ရဖူးပါတယ်။ ထို့အတွက်-ကံ,
အလျောက် ၊ ပြုလုပ်ညှင်းပန်းကြသောကြောင့် ကံ,ကြမ္မာ ဟုခေါ်ပါတယ်။ ၃၂-ပါးသော
ကံ, ကြမ္မာ တို့၏သရုပ်အရေအတွက် နှင့်တကွ၊ သဘောအသီးသီးတို့ကို၊ အနည်းငယ်
စီထုတ်နှုတ်တင်ပြပါ့မယ်။ ၄င်းတို့မှာ………..

၁။ အဆူးမရှိသော ကြိမ်လုံးတို့ဖြင့် သွေးယိုစီးအောင် ရိုက်နှက်ခြင်း။

၂။ အဆူးမရှိသော ကြိမ်လုံးတို့ဖြင့် အရေကွာအောင်ရိုက်နှက်ခြင်း။

၃။ (၂-၃-၄)တောင်ပမာဏရှိ ၊ တုတ် ၊ လှံတန်တို့ဖြင့်အသားစုတ်ပြတ်အောင်ရိုက်ခြင်း။

၎။ လက်နှစ်ဘက်ကို ဖြတ်ခြင်း။

၅။ ခြေနှစ်ဘက်ကို ဖြတ်ခြင်း။

၆။ နားရွက်နှစ်ဘက်ကို ဖြတ်ခြင်း။

၇။ နှာခေါင်းကိုဖြတ်ခြင်း။

၈။ နား ၊ နှာခေါင်းကိုဖြတ်ခြင်း။

၉။ လျှာကိုဖြတ်ခြင်း။

၁၀။ ဦးခေါင်းကိုခွာ၍ လောလောပူသော သံတွေခဲကို ဦးနှောက်ထဲ၌ထည့်သဖြင့်
ကျိုက်ကျိုက်ဆူသော ပုံးရေအိုးနှင့် တူသည်ကိုပြုခြင်း။

၁၁။ အထက်နှုတ်ခမ်းနားပန်းဆန်နောက်တိုင်အောင်ဦးရေ ကိုလွှာ၍ ကြမ်းလှစွာ
သောကျောက်ခဲ အိုးကြမ်းတို့နှင့်ပွတ်၍ ခရုသင်းကဲ့သို့ဖွေးဖွေးဖြူသောဦးခေါင်း
ခွံရှိသည်ကိုပြုခြင်း။

၁၂။ သံတံကျင်ဖြင့် ခံတွင်းပေါက်ကိုထောက်၍ခံတွင်း၌ မီးထွန်းလျက် မျက်နှာတစ်ပြင်
လုံးကို ဆောက်ပုဒ်တို့ဖြင့်ထွင်းဖောက်၍ သွေးတို့ကိုခံတွင်၌ စုစေပြီးနေကိုငုံသော
ရဟုခံတွင်းနှင့်တူသည်ကိုပြခြင်း။

၁၃။ တစ်ကိုယ်လုံးကို ဆီရေနံစိမ်သော အ၀တ်ဖြင့်ပတ်၍မီးရှို့လျက်မီးပန်းပဒေသာပြု
ခြင်း။

၁၄။ လက်နှစ်ဘက်၌ ဆီဆွတ် ရေနံစိမ်သောအ၀တ်ဖြင့် ပတ်၍ မီးရှူးကဲ့သို့ ထွန်းညှိ
ခြင်း။

၁၅။ ခါးမှစ၍ အရေလွှာကိုပိန်းမြက်ရွက်ကဲ့သို့ ခြေမျက်စိသို့ရောက်အောင်ခွာချ၍မြေ၌
စုပုံစေပြီးလျှင် လက်စသည်တို့၌ ကြိုးဖြင့်ချည်၍ ထိုမှဤမှဆွငင်၍ပြေးကြကုန်၏။
မိမိတို့အရေကိုနင်းမိ၍အဖန်ဖန်လဲကျစေသည်ကိုပြုခြင်း။

၁၆။ ထို့အတူ လည်ပင်းမှစ၍ခါးသို့ရောက်အောင် အရေလွှာတို့ကို ခွာချ၍ လျှော်တေ
အ၀တ်ကိုစွပ်ထားသကဲ့သို့ပြုခြင်း။

၁၇။ တတောင်ဆစ်နှစ်ဘက်၊ ပဆစ်ဒူးနှစ်ဘက်တို့၌ သံကွင်း၊သံခြေကျင်းတို့ဖြင့်လျှိခပ်
၍သံချောင်းနှက်ပြီးသော် ဧဏီမည်သောသားကောင်ကဲ့သို့ လေးဘက်တွားသွား၍
နေစေပြီးမှ မီးတို့ကိုပတ်လည်၌ ထည့်၍မြှိုက်ကုန်၏။

၁၈။ သင်္ဘောသီး၊သခွားသီးတို့ကို စဉ်းကောစဉ်းသကဲ့သို့ သံမြားချိတ်တို့ဖြင့် တစ်ကိုယ်
လုံး၌ အရအသားတို့ကို အမျှင်ချိတ်ငင်ယူခြစ်ကုန်၍ အရိုးများကျန်သည်ကိုပြခြင်း။

၁၉။ ထက်လှစွာသောဓား၊ပဲခွပ်တို့ဖြင့် ခြေဖမိုးမှစ၍ တစ်ကိုယ်လုံး၌အသားတို့ကို တစ်
ကျပ်သား တစ်ကျပ်သားခန့်လှီးဖြတ်သည်ကိုပြုခြင်း။

၂၀။ အသားကို ဓားလှံတို့ဖြင့်ထိုးဆွ၍ ဆားမံခြင်း၊ဓားမွှန်းခြင်းတို့ကိုပြုခြင်း။

၂၁။ အတစ်ဘက်စောင်းအိပ်ပျော်စေလျက်၊ အထကနားပေါက်မှအောက်နားပေါက်ကို
ဖောက်ထွင်း၍ မြေသို့ဝင်အောင် သံတံကျင်ကိုစိုက်နှက်ပြီးလျှင်ဆုံလည်အောင်
လှည့်သည်ကိုပြခြင်း။

၂၂။ အသားအရေတို့ကို မစုတ်မပဲ့စေမူ၍ တစ်ကိုယ်ရှိအရိုးတို့ကို မွမွကျေအောင်ထုချေ
၍ ဆံပင်မှကိုင်ကာခါလိုက်သည်ရှိသော် အရိုးတို့ကိုအကုန်ထွက်ကျစေလျက် အ
သားစုချည်းသက်သက်ကျန်စေပြီးမှကောက်ရိုးစုပမာ ရှိသည်ကိုပြုခြင်း။

၂၃။ ကြိုက်ကြိုက်ဆူသော ဆီဖြင့်သွန်းလောင်းခြင်း။

၂၄။ နှစ်ရက်သုံးရက်အငတ်ထားသော ခွေးဆိုးခွေးကြမ်းကြီးတို့ကို ကိုက်ခဲစေခြင်း။

၂၅။ အရှင်လတ်လတ် တံကျင်လျှိခြင်း။

၂၆။ သံလျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း။

၂၇။ လောလောပူသောသံတံသင်းဖြင့်လက်ဝဲလက်၌ စိုက်နှက်ခြင်း။

၂၈။ လောလောပူသော သံတံသင်းဖြင့်လက်ျာလက်၌စိုက်နှက်ခြင်း။

၂၉။ လောလောပူသော သံတံသင်းဖြင့်လက်ဝဲခြေ၌စိုက်နှက်ခြင်း။

၃၀။ လောလောပူသော သံတံသင်းခြင့်လက်ျာခြေ၌စိုက်နှက်ခြင်း။

၃၁။ လောလောပူသော သံတံသင်းဖြင့်ရင်လယ်၌စိုက်နှက်ခြင်း။

၃၂။ ဓားမတို့ဖြင့် ရွေခြင်း၊ ခုတ်ခြင်း၊ စင်းခြင်း၊ ပိုင်းဖြတ်ခြင်း။


စသည်တို့ဖြစ်ပါတယ်။ ပုထုဇဉ်ဘ၀နဲ့သေရင် ဒီလိုဘ၀မျိုးတွေ ရောက်နိုင်သေး
တဲ့အတွက်စိတ်မချရသေးပါဘူး။ ထို့ကြောင့် ဘုရားရှင်ရဲ့ အဆုံးအများခံယူ
လိုက်နာကျင့်သုံးခွင့်ရတဲ့တန်ဖိုးရှိသောအချိန်များကို မဖြုန်းတီးပစ်ကြဖို့ လူငယ်
များကိုတိုက်တွန်းလိုက်ရပါတယ်။


Read more...

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)......အဆက်

(၁)

စာပေကို ချဉ်းကပ်ရာတွင် နည်းအမျိုးမျိုး ရှိပါသည်။ ချဉ်းကပ်မှုအပေါ်မူတည်၍ အတွေးအမြင်များလည်း ကွဲပြားစွာ ဖြစ်တည်လာရသည်။ ချဉ်းကပ်မှုကြောင့် အတွေးအမြင်၊ အယူအဆများ ကွဲပြားသွားသော်လည်း မူရင်းအနှစ်သာရကို ဆုတ်ကိုင်မိဖို့လည်း အရေးကြီးပါသည်။ တစ်နည်းအားဖြင့် မူရင်းအနှစ်သာရကို ဆုတ်ကိုင်ပြီး သင်္ခန်းစာကိုကား မိမိရှုထောင့်အလိုက်၊ ဘ၀ဖြတ်သန်းမှုအလိုက်၊ ကိုယ်ခံအားအလိုက် အမျိုးမျိုး ထုတ်ယူကြပါလိမ့်မည်။

အမှန်အားဖြင့် ဤကူဋဒန္တသုတ်တော်ကို စာတမ်းတစ်စောင်၊ ကျမ်းတစ်စောင်အနေအားဖြင့် ရှုထောင့်ပေါင်းစုံမှ အကျယ်တ၀င့်လေ့လာတင်ပြနိုင်လျှင် ပို၍ ပြည့်စုံကောင်းမွန်သွားနိုင်စရာ ရှိပါသည်။ စာပေတစ်ခု သို့မဟုတ် အခြင်းအရာတစ်ခုကို ချဉ်းကပ်ရာတွင် Philosophical Approach, Sociological Approach, Political Approach စသည်ဖြင့် ချဉ်းကပ်ပုံအမျိုးမျိုး ရှိနိုင်ပါသည်။ ယခု စာရေးသူက ဤဆောင်းပါးရှည်ကို အဘယ်ရှုထောင့်မှ ချဉ်းကပ်သည်ဟု သတ်မှတ်ပိုင်းခြားမထားပေ။ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်ကို ဖတ်ရှုရင်း ရရှိလာသော ရိုက်ခတ်မှုကလေးမျှကို ခံစားတင်ပြထားခြင်းသာ ဖြစ်ပါသည်။

စာရေးသူက ဒုတိယခေါင်းစဉ်အဖြစ် `တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေး´ဟု အမည်ပေးထားသော်လည်း တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးသာမက ဘ၀လွတ်မြောက်ရေးကိုလည်း ဤသုတ်တော်က ကိုယ်စားပြုနေပါသည်။ သို့ရာတွင် တိုင်းပြည်က ငြိမ်းချမ်းမှု၊ တိုးတက်မှု မရှိလျှင်၊ ရှိသင့်ရှိထိုက်သော တရားမျှတမျှများ ဆိတ်သုဉ်းနေလျှင် ဘ၀လွတ်မြောက်ရေးသို့ တက်လှမ်းရာတွင် အခက်ကြုံတတ်ပုံ၊ သို့မဟုတ် တိုင်းပြည်က အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားတို့ သဟဇာတမဖြစ်လျှင်၊ သို့မဟုတ် စည်းလုံးညီညွတ်မှုမရှိလျှင် တိုင်းပြည်ငြိမ်းချမ်းတိုးတက်ဖို့ မလွယ်ကူပုံတို့ကို မီးမောင်းထိုးပြထားပါသည်။ လောကီအရေးနှင့် လောကုတ္တရာအရေးတို့မှာ ကြောင်လှောင်သံကွင်းဆက်ကဲ့သို့ အချင်းချင်း အမှီသဟဲ ဖြစ်နေပုံတို့ကို ဟောကြားထားခဲ့သည်။

မူရင်းပါဠိတော်မြန်မာပြန်တို့ကို လူသာမန်တို့အနေဖြင့် (စာပေဟန်ကြောင့်) ပြည့်ပြည့်၀၀ နားလည်ဖို့ မလွယ်ကူပေ။ အဆိုပါ အခက်အခဲတစ်ခုကို ဖြေရှင်းပေးခြင်းဖြင့် ကုသိုလ်ဖြစ်လိုသောကြောင့် ဤစာကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အစစ အရာရာ ပြည့်စုံနားလည်ပြီးသော ပညာရှင်များအတွက် စာရေးသူတင်ပြမှုကြောင့် မူရင်းအရသာပျက်သည်ဟု ဆိုလျှင်လည်း အပြုံးမပျက် နားလည်ပေးပါမည်။ စာရေးသူအတွက်မူကား မိမိကုသိုလ်နှင့်မိမိ ပီတိဖြစ်နေပါလိမ့်မည်။

(အထူးမှာချင်သည်မှာ အချို့အချက်များကို စာရေးသူက ဖြည့်စွက်တင်ပြထားမှုမရှိသော်လည်း (အချက်တိုင်းကို)လေးလေးနက်နက် တွေးဆပြီး ဖတ်ရှုစေလိုပါသည်။ တွေးတွေးဆဆ ဖတ်ရှုလေလေ မိမိ၏ စိတ်ပိုင်းဆိုင်ရာ အယူအဆများကို ဆန်းစစ်မိပြီး အစဉ်အလာမှားယွင်းမှုများကို သိမြင်လာလေလေ ဖြစ်မှာသေချာပါသည်။ `ဗုဒ္ဓ၀ါဒအစစ်အမှန်ဟာ ဘာလဲ´ဟူသည့်အမေးကိုလည်း မိမိကိုယ်တိုင် ဖြေတတ်သွားလိမ့်မည်။ ထိုသို့ သိမြင်နားလည်သည့်အလျောက် ဗုဒ္ဓမြတ်စွာအား လေးစားကြည်ညိုမှုများ တိုးပွားလေမည်။ ကြည်ညိုမှုများ တိုးပွားသည့်အလျောက် ကုသိုလ်စိတ်များ တိုးပွားလာပေလိမ့်မည်။ သို့ဖြစ်၍ ဂရုတစိုက် မှတ်သားဖတ်ရှုစေလိုကြောင်း တိုက်တွန်းမှာကြားလိုပါသည်။)

(၂)

ဗုဒ္ဓမြတ်စွာသည် ဘ၀လွတ်မြောက်မှုကို လောကတွင်း ရှင်သန်လှုပ်ရှားမှုများနှင့် မကွာမလွတ်စေရ။ လောကတွင်းမှာ နေရင်းဖြင့် သောကကင်းသော လွတ်မြောက်မှုကို ရနိုင်ဖို့ ညွှန်ပြ၏။ ကူဋဒန္တသုတ်သည် အမှန်အားဖြင့် လောကငြိမ်းချမ်းရေးမှသည် ဘ၀လွတ်မြောက်မှုသို့ ကောက်ကြောင်းပေးထားသော သုတ်ဖြစ်၏။ ဘ၀နေထိုင်ရေးလမ်းညွှန်ချက်ဖြစ်သကဲ့သို့ နိုင်ငံရေးသဘောတရားတစ်ရပ်လည်း ဖြစ်၏။ ရုပ်ဝတ္ထုကြွယ်ဝရေးတရားဖြစ်သကဲ့သို့ စိတ်အေးချမ်းမှု ရစေနိုင်သောတရားလည်း ဖြစ်၏။ နိုင်ငံတိုင်း နိုင်ငံတိုင်း ဗုဒ္ဓညွှန်ပြထားသော ဤလမ်းညွှန်ချက်နဲ့အညီ အုပ်ချုပ်နိုင်လျှင် နိုင်ငံတော်၏ ချမ်းသာကြွယ်ဝမှုနှင့် စိတ်ငြိမ်းချမ်းရေးကို ပူးတွဲပိုင်ဆိုင်နိုင်လာမည်မှာ သေချာ၏။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့် ခါဏုမတအမည်ရှိသော ပုဏ္ဏားရွာသို့ ကြွရောက်လာခဲ့၏။ ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ဗိမ္ဗိသာရမင်းက ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော `ခါဏုမတ´ရွာကို အုပ်ချုပ်နေ၏။ ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ယဇ်ကြီး(အလှူကြီး)ကို စီရင်လျက် ရှိ၏၊ (ထိုသို့စီရင်ရာ၌) ယဇ်ပူဇော်ရန်အတွက် နွားလား ခုနစ်ရာ၊ နွားထီးငယ် ခုနစ်ရာ၊ နွားမငယ် ခုနစ်ရာ၊ ဆိတ် ခုနစ်ရာ၊ သိုး ခုနစ်ရာတို့ကို ယဇ်တိုင်သို့ ပို့ဆောင်ထားကုန်၏။

သူ့ခေတ် သူ့အခါအရ လွှမ်းမိုးထားသော ဘာသာရေးအသိဉာဏ်များအရ ကုသိုလ်ကောင်းမှု၏ စံနှုန်းကား ယဇ်ပူဇော်ခြင်းပင် ဖြစ်၏။ ယနေ့ခေတ်အခါမှာ စီးပွားရေးမကောင်းလျှင်၊ ကျန်းမာရေးမကောင်းလျှင်…မိမိတို့ ကိုးကွယ်မှုအလျောက် ဘာသာရေးထုံးတမ်းများကို စီရင်ပြုလုပ်လေ့ရှိ၏။ မည်သူမျှ မသိမမြင်နိုင်သော နတ်ဘုရားများကို သတ္တ၀ါများသတ်ဖြတ်ပူဇော်ခြင်းဖြင့် ယဇ်ပူဇော်ခြင်းသည် ထိုခေတ်အခါက လုပ်ရိုးလုပ်စဉ်ဖြစ်၏။

အချို့ဘာသာကြီးများ၏ ကျမ်းစာများတွင်လည်း တိရစ္ဆာန်များ ထောင်သောင်းများစွာ သတ်ဖြတ်၍ ယဇ်ပူဇော်မှုကို ယနေ့တိုင်အောင် ယုံကြည်အားကိုးမြဲ အားကိုလျှက်ရှိ၏။ သိုးအကောင်ရေ ၅၀၀၀၊ နွားအကောင်ရေ ၁၀၀၀၀…စသည်တို့ကို သတ်ဖြတ်၍ သူတို့ကိုးကွယ်အားထားသော ဘုရားသခင်ကို သတ်ဖြတ်ပူဇော်ကြ၏။ ထိုကဲ့သို့သော ယဇ်ကြီးများကို (မြင်မကောင်းရှုမကောင်း၍) ယနေ့ကာလများတွင် မတွေ့နိုင်တော့သော်လည်း ယင်းယဇ်ပူဇော်မှုများ ရေးမှတ်ထားသောကျမ်းစာကိုကား အမြတ်တနိုး ထားမြဲထားလျှက်ရှိ၏။

ကူဋဒန္တသည်လည်း တိုင်းပြည်တွင်း ဆူပူသောင်းကျန်းသူများ ပေါများပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေသဖြင့် အထက်ပါ ယဇ်ကြီးကို ပြုလုပ်လိုခြင်း ဖြစ်၏။ သတ္တ၀ါ ၇၅၀၀-သည် တိုင်းပြည်စီးပွားရေး မကောင်းမှုကြောင့် သွေးချောင်းစီးရတော့မည့်သဘော ကြုံတွေ့နေရ၏။

ထိုအချိန်အခါတွင် ဗုဒ္ဓမြတ်စွာ ကြွရောက်လာ၏။ ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဗုဒ္ဓမြတ်စွာ ကြွလာကြောင်းကို ကြားသိရ၍ ဘုရားရှင်တည်းခိုရာ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ သွားကြ၏။ ကူဋဒန္တပုဏ္ဏားသည် ပြာသာဒ်ထက်၌ နေ့အချိန် လျောင်းစက်နေစဉ် ဗုဒ္ဓမြတ်စွာထံသို့ သွားကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့ကိုမြင်သောအခါ ''ရဟန်း ဂေါတမဟာ စိတ်ထားသုံးမျိုး၊ အရံအတား (၁၆)ပါးနှင့်ပြည့်စုံတဲ့ ယဇ်ကို သိတယ်လို့ ငါ ကြားဖူးတယ်။ ငါကတော့ မသိဘူး၊ ယဇ်ကြီးလဲ ငါ ပူဇော်ချင်တယ်၊ ရဟန်းဂေါတမထံသွားပြီး မေးရရင် ကောင်းမယ်''ဟု အကြံဖြစ်၏။

ရာပေါင်းများစွာသော ပုဏ္ဏားတို့သည် ''အရှင် ရဟန်းဂေါတမထံသို့ မသွားသင့်ပါ။ ရဟန်းဂေါတမထံသွားလျှင် အရှင်၏ ဂုဏ်သိက္ခာကျလိမ့်မည်၊ ရဟန်းဂေါတမ၏ ဂုဏ်သတင်းသည် တိုးပွါးပါလိမ့်မည်၊ ရဟန်းဂေါတမကသာ အရှင့်ကို ဖူေးမြာ်လာသင့်ပါ၏။ အရှင်သည် ဇာတ်အားဖြင့်လည်း ရဟန်းဂေါတမထက် မြင့်မြတ်၏။ ရဟန်းဂေါတမထက်လည်း စည်းစိမ်ကြွယ်ဝ၏။ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ အရှင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။ အရှင်သည် သီလလည်း ရှိ၏၊ အပြောလည်း ကောင်း၏။ လူများစွာတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာလည်း ဖြစ်၏၊ လုလင်သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏၊ အရှင်သည် အိုမင်း၏၊ (အသက်) ကြီး၏၊ (အရွယ်) ရင့်၏၊ ရှေးမီ၏၊ နောက်ဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊

ဆက်လက်ဖော်ပြပါမည်...



Read more...

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၉)

From Botimore and DC

၁၁/၀၅/၂၀၀၉ နေ့မှာ အော်စတင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းမှ မေရီလင်းပြည်နယ် ဘော်တီမိုးမြို့သို့ မနက်ဖြန် ခရီးဆက်ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်နဲ့အတူ ဆရာတော် ဦးမဟော၊ အရှင်နေမိန္ဒာစာရ (နေသစ်မှူး) တို့လည်း ပါလာပါတယ်။ ဘော်တီမိုးမြို့သို့ရောက်ပြီး နောက်တရက်မှာပဲ ဘော်တီမိုးမြို့ တွင်းနှင့် အနီးနား ရှိသည့် ၀ါရှင်တန်ဒီစီမြို့သို့လည်း သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ သုံးရက်ခန့် လောက် ဆရာတော် ဦးမဟောကျောင်းတွင် နေပြီး ၁၄/၀၅/၂၀၀၉/ နေ့တွင် မီနီဆိုးတားသို့ပြန်လာခဲ့ သည်။

သုံးလကျော်ခန့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးမရှိသဖြင့် ကျောင်းကိစ္စများဖြင့် အလုပ်ရှုပ်ကာခရီးသွားသမျှ
ပင်ပန်းခြင်း တွေကို ဖြေဖျောက်နေလိုက်တာ မနက်ဖြန်ဘလော့ ပို့စ်အသစ်မတင်မိတာပင် ၁ပတ်ကျော်ပြီထင် ပါတယ်။ စိတ်ကလည်း ဘလော့ဘက်ကို မရောက်ဖြစ်နေတာလည်း အကြောင်း တစ်ကြောင်းဖြစ်သည်။

သူငယ်ချင်းများကတော့ ပို့စ်အသစ်ဘာလို့ မတင်တာလည်း၊ မြန်မာပြည်အ လည်ပြန်တဲ့အကြောင်းဆက်ရေး ပါဦး စသည် ပြောကြဆိုကြ မေးကြပေါ့။ဒီနေ့တော့ မနက်ဖြန် ဘာဖြစ်ဖြစ် လုပ်လက်စလုပ်ငန်း ပြန်လုပ်ဦးမှပဲလို့ စိတ်အားတင်ကာ အခုပြန်လည်းကာ မနက်ဖြန်၏ မြန်မာပြည် အလည်ပြန်ခြင်း မှတ်တမ်းကို ပြန်စရေးခြင်းဖြစ် ပါတယ်။ ဒါကြောင့် ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားသောကြောင့် ဘလော့လာ မိတ်ဆွေသူငယ်ချင်း များကို တောင်းပန်ပါတယ်လို့…ပြောလိုပါတယ်။

မနက်ဖြန်တို့ ဆင်ဖြူကျွန်းကိုရောက်တဲ့အချိန်က ညဖြစ်သည့်အတွက် ပင်ပန်းသမျှတွေ ပြေစေဖို့ အနားယူ အိပ်စက် လိုက်တာ မနက် ၅နာရီ အာရုံဆွမ်းစားဖို့ ဒကာမကြီးဒေါ်ပိုက်လာနိုးမှပင် နိုးတော့ သည်။ မင်းဘူးဘက် သို့ သွားလည်မည့်ခရီးစဉ်လည်း ရှိတော့ ခပ်သုတ်သုတ်ပင် အားရုံဆွမ်းစားလိုက် သည်။ မနက် ၈ နာရီထိုးတွင် ငှားထားသည့် ဂျစ်ကားလေးတစ်စင်းဖြင့် မနက်ဖြန်တို့ ဘုရားအဖွဲ့ မင်းဘူး ရွှေစက်တော်သို့ မညီညာသော ကားလမ်းပေါ်တွင် စတင်ထွက်လာခဲ့သည်။

လမ်းကလည်းကြမ်းလိုက်သည်ဖြင့် စကာလုံးတောင်ပြောဖို့ အတော်ရှာရမည်ပင်ဖြစ်သည်။ တလမ်းလုံး ကားပေါ်ထိုင်လိုက်ရတာဆိုပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးကာ၍ နေသည်။ သက်သောင့်သက် သာ ထိုင်ရသည့်လမ်းပင် မရှိသလောက်ဖြစ်သည်။ ကားနောက်လိုက်လာသည့် ဖုန်းလုံးများကလည်း တလိမ့်လိမ့်တက်လာသည်မှာလည်း ခုထိပင် မြင်ယောင်မိဆဲပါပဲ။ စိတ်ညစ်သည်သာမက အတော်ပင် စိတ်ကုန်ခဲ့ရသည်။ မရောက်ဘူးသည့် ဒေသကို မကြုံဘူးသော အတွေ့ကြုံရသည်လို့ပင် သဘောထား ၍ ကုသိုလ်ရအောင် ဘုရားဖူးခဲ့ရသည်။
ကလေးပေါက်စအရွယ်က အောင်သူသီချင်းများနဲ့ ရင်းနှီးခဲ့သည့် တောသားလေးမို့ ဧရာဝတီမြစ်ကမ်း ဘေးက မကွေး မြသလွန်ဘုရားကို အလွန်ရောက်ဖူးချင်ပါတယ်။ ကိုအောင်သူကတော့ ဧရာဝတီမြစ် ကမ်းဘေးက ငွေသောင်ယံကမ်းရဲ့အထက်မှာ မကွေးမြသလွန်လို့ တေးဖွဲ့ထားသည့်အတိုင်း သဲဖြူဖြူ ကိုမတွေ့ရပေမဲ့ မကွေးမြသလွန်စေတီ၏ ကြည်ညိုဖွယ်ကတော့ဖြင့် ဖူးမ၀နိုင်ခဲ့ပါဘူး။

ရှင်ပင်စက္ကိန်တဲ၊ နဂါးပွက်အိုင်၊ အစရှိသည့် မကွေးမြို့  မင်းဘူးမြို့ပေါ်တွင် တည်ရှိသည့် နာမည်ကြီး စေတီပုထိုး များကို မနက်ဖြန် ရောက်ဖူးသွားခဲ့သည်ဆိုပါတော့။ ပျင်းရှရှနေအရှိန်နှင့် ရှတတ ဖုန်အလိမ်လိမ်တို့ကြောင့် အမေရိကဖြူလာသမျှ အသားရေတွေ ၀ိနဿန္တု အသေသတော-တခုမကျန် ပျောက်ကွယ် လေကုန်တော့ သတည်းပေါ့။

နေ့တ၀က်ကုန်သည်အထိ ကျောင်းတော်ရာ၊ ဘုရားစုံ မကွေးမြို့နှင့် မင်းဘူးမြို့ပေါ်တွင် ဘုရားဖူးဖြစ်သည်။ ညနေ ၄နာရီလောက်မှ မနက်ဖြန်တို့ ဘုရားဖူးအဖွဲ့ ရွှေစက်တော်သို့ ခရီးဆက်ကြသည်။

ဝါရှင်တန်ဒီစီ လွတ်လပ်ရေးကျောက်တိုင်
From Botimore and DC

လွတ်တော်ရုံး အဆောက်အဦး
From Botimore and DC

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စေတီပုထိုးများ
From Sin Phyu Kyaun

ကျောင်းတော်ရာ စေတီတော်
From Sin Phyu Kyaun


မကွေးမြသလွန်
From Sin Phyu Kyaun

From Sin Phyu Kyaun

နဂါးပွက်တောင်
From Sin Phyu Kyaun



Read more...

အကျွန်ုပ်သည် အိုမင်းပါပြီ...

ပိင်္ဂိယမာဏဝပုစ္ဆာ...

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
အကျွန်ုပ်သည် အိုမင်းပါပြီ၊ အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင် ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက် စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင် တရားကို အကျွန်ုပ် သိလိုပါ၏၊ ထိုတရား ကို ဟောကြားတော်မူပါလော့။ 1

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့်ပင် ဖောက်ပြန် ပျက်စီး ရကုန်၏၊ ထို့ကြောင့် သင်သည် မမေ့ မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါ ရုပ်ကို စွန့်ပယ်လေလော့။2

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
လောကဝယ် တူရူ အရပ်လေးမျက်နှာ အထောင့်အရပ် လေးမျက်နှာ အထက် အရပ် အောက်အရပ် မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင် ဘုရားသည် မမြင်ရ မကြားရ မရောက်ရ မသိရသော တရားတစ်စုံ တစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏၊ ထိုတရားကို ဟောကြားတော် မူပါလော့။ 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်း ရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏၊ ပိင်္ဂိယ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ 4

၁၆ - ပိင်္ဂိယမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

သပြေကန်ဆရာတော်ဘုရားကြီး၏ တရားတော်ပေါင်းချုပ်-၁+၂






Read more...

အနှစ်သာရမဲ့ဲ့စွာ . . . . .

ကမ်းခြေကျောက်ဆောင်ကို ပင်လယ်လှိုင်းတို့ ထိခိုက်ရာမှဖြစ်ပေါ်လာသော ရေမြှုပ်တို့ကို မြင်လေတိုင်း။

ရေမျက်နှာပြင်ပေါ်သို့ မိုးရေစက်တွေကျရာမှ ဖြစ်ပေါ်လာသော ရေပွက်တို့ကို မြင်လေတိုင်း၊


နွေနေ့လယ် အပူရှိန်ကြောင့် လမ်းမပေါ်၌တွေ့ ရတတ်သော အပူလှိုင်း တံလျှပ်တို့ကို မြင်လေတိုင်း၊


ငှက်ပျောပင်၊ ငှက်ပျောတုံးကို တစ်ဆင့်ပြီး တစ်ဆင့်၊ တစ်ရစ်ပြီးတစ်ရစ် အခွံနွှာကြည့်သည့်အခါ အတွင်းသားမရှိခြင်းကို မြင်လေတိုင်း၊


လမ်းဘေးမျက်လှည့်ပွဲများ၌ မျက်လှည့်အတတပညာရှင်တို့၏ လှည့်ဖြားတတ်သော အတတ် ပညာကိုမြင်လေတိုင်း၊

ဘုရားရှင်ဟောကြားတော်မူသည့် ခန္ဓာငါးပါး၏ သဘောသရုပ်ကို ကွင်းကွင်းကွက်ကွက် သတိရမိသည်။


ဖောက်ပြန်ပျက်စီး တတ်သော သဘောအစု ဖြစ်ပျက်မှုသည် ရေမြှုပ်နှင့်တူသည့် ရူပက္ခန္ဓာ။


ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှုသည် ရေပွက်နှင့်တူသည့် ဝေဒနာက္ခန္ဓာ။


မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှုသည် တံလျှပ်နှင့်တူသည့် သညာက္ခန္ဓာ။


စေ့ဆော်တိုက်တွန်းတတ်သော သဘောအစု ဖြစ်ပျက်မှုသည် ငှက်ပျောတုံးနှင့်တူသည့် သင်္ခါရက္ခန္ဓာ။


သိတတ်သော သဘောအစုဖြစ်ပျက်မှုသည် မျက်လှည့်နှင့်တူသည့် ၀ိညာဏက္ခန္ဓာ။


အားလုံးသည် သဘောအစုမျှသာ။ ဖြစ်ပျက်မှု သဘောတွေသာ။ အပေါင်းအစု၊ အဖွဲ့အစည်းတွေသာဖြစ်သည်။ ပေါင်းစုဖွဲ့စည်းနေသောအခါ အား ဆိုသည့် သဘောတစ်ခုဖြစ်ပေါ်လာ၏။ တစ်စစီဖြုတ်ကြည့်လိုက် သောအခါတွင်မူ အားတို့ ပျက်ပြယ်ပြီတည်း။ တစ်ခု ချင်း၊တစ်စချင်း၌ ပင်ကိုယ်သတ္တိတစ်ခုစီ ရှိနေသော်လည်း စုဖွဲ့၍မထားပါက ဘာမျှစွမ်းပကား မရှိတော့။ တစ်ခုချင်း၊ တစ်စချင်းစီ၏ လှုပ်ရှားသက်ဝင် ဖြစ်ပေါ်ပြောင်းလဲမှုတကား အား ဟူ၍ပင် မဆိုနိုင်၊ စွမ်းပကားဟူ၍ မပြနိုင်။ သတ္တိဟူ၍ပင် မထင်ရှား။ ပေါင်းစပ်စုဖွဲ့လေမှပင် သတ္တိတို့၊ စွမ်းပကားတို့၊ အားတို့ဟူသည် ဖြစ်ပေါ်လာစမြဲ။ ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာအိမ်အပေါင်းအစပ် အစုအဖွဲ့ကြီးကို တစ်စစီ၊ တစ်ခုစီ ခွဲခြမ်းစိတ်ဖြာကြည့်၊ ပေါင်းစပ်စုဖွဲ့နေသော သဘောကို တစ်စစီစိတ်ဖြာရင်းမှ မြင်အောင်ကြည့်။ နောက်ဆုံး အမှုန်အမွှားအဆင့်အထိ မြင်အောင်ကြည့်။ ခန္ဓာငါးပါးကိုပင်လျှင် ရုပ်နာမ်နှစ်ပါး အဆင့်အထိ မြင်အောင်ကြည့်။ ရုပ်နာမ်နှစ်ပါးကိုပင် ဖြစ်ပျက်အဆင့်အထိ မြင်အောင်ကြည့်။ ရုပ်ဖြစ်စေ၊ နာမ်ဖြစ်စေ အကြောင်းတိုက်ဆိုင်မှဖြစ်လာ။ ပြီးတော့ ပျက်သွား။ ဖြစ်ပျက်-ဖြစ်ပျက်နှင့်ကြာတော့ အနှစ်အရသာမရှိ ပါလားဆိုတာ ရိပ်မိလာမည်။ ထိုအခါ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသော ကနဦးက သဏ္ဌာန်ကွဲသည်ဟူသော အထင်သည် လုံးဝပျောက်သွားတော့မည်။ တစ်ဖန် ဖြစ်ပျက်သဘာဝ ပင်လျှင် ကြည့်ရင်းမှ ကြာတော့ အဖြစ်ကိုပင် မတွေ့နိုင်တော့။ အပျက်တွေချည်းပဲ တွေ့တော့မည်။ အနှစ်သာရမရှိသည့် သဘောသည် ပိုမိုပေါ်လွင်လာပြီ။ ထိုအခါ ဘာကိုတွယ်တာ၍ နေတော့မှာလဲဟူသော ဉာဏ်သည် ထင်ရှားလာသည်။ ဘ၀သံသရာမှာ ခန္ဓာအမျိုးမျိုးလဲ၍ ရခဲ့သမျှ ဤအနှစ်သာရမရှိသည့် သဘော သဘာဝကိုပဲ ရခဲ့တာပါလားဟု ထင်ရှားသိမြင်လာလျှင် .....။ သို့သော် ထိုနေရာအရောက်တွင် အပ္ပမာဒ သတိတရားကို အရှိန်မြှင့်၍ ဆက်ကြည့်ရန်လည်း မမေ့လိုက်ပါနှင့်ဦး။

၅-၅-၂၀၀၁

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
(ကျွန်တော်ကိုယ်တိုင်မရေးပေမယ့် ကျွန်တော့်သွေးထဲက စီးသွားတဲ့စာတစ်စောင်လို ကြိုက်တဲ့အတွက် ဆရာမြသန်းစံ၏ ဆောင်းပါးကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။)



Read more...

ကျွန်းဆိုသည်မှာ...

ကပ္ပမာဏဝပုစ္ဆာ ...

ကပ္ပသည် ဤသို့ မေးလျှောက်၏...

မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သော သူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အား မိန့်ကြားတော်မူပါလော့။ 1

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်း သည် နှိပ်စက်အပ်ကုန်သော သူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ 2

မှီခိုရာ ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြား ကျွန်းမရှိ၊ အိုခြင်း သေခြင်း၏ ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ 3

အောက်မေ့မှု 'သတိ' ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို သိခြင်းကြောင့်
တရားကို မြင်ပြီးသူ ကိလေသာ မီးငြိမ်းသူ ဖြစ်ကုန်၏၊ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ မာရ်၏ အလုပ်အကျွေး မဟုတ်တော့ကုန်။ 4

၁ဝ - ကပ္ပမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

အိပ်မက်ပြဿနာ ရှင်းတမ်း

အခုရက်ပိုင်းအတွင်း ထူးထူးဆန်းဆန်း အိပ်မက် မြင်မက်ကြသူတွေက မေးခွန်းတွေ မေးခဲ့ကြပါတယ်၊ သူတို့တတွေရဲ့ မေးခွန်းတွေကို အဖြေပေးရင်း စိတ်ဝင်စားစရာ ကောင်းတာမို့ ဘုရားရှင်ဟောကြားတော်မူတဲ့ ပါဠိတော်နဲ့ အဋ္ဌကထာဆရာများရဲ့ စာပေတွေကို လေ့လာဖတ်ရှုဖြစ်ပါတယ်၊

ဝိပလ္လာသ (၁၂ ) ပါးကို မပယ်သတ်ရသေးတဲ့ ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်များဟာ အိပ်မက် မက်ကြပြီး ရဟန္တာပုဂ္ဂိုလ်ကတော့ အိပ်မက် မမက်တော့ဘူးလို့်လို့ဆိုပါတယ်၊ အိပ်မက် မက်ရခြင်း အကြောင်းကို ပြဆိုရမှာတော့..

ဓာတုက္ခောဘ - သည်းခြေစသည်တို့ တုန်လှုပ်ခြောက်ခြားတဲ့အတွက်၊
အနုဘူတ ပုဗ္ဗ- ရှေးကခံစားခဲ့ဖူးတဲ့ အာရုံဖြစ်တဲ့အတွက်၊
ဒေ၀တောပသံဟာရ - နတ်တို့ရဲ့ တန်ခိုးနဲ့ ကောင်းကျိုး ဆိုးကျိုးကို သိစေလိုတဲ့အတွက်၊
ပုဗ္ဗနိမိတ္တ - ကိုယ်ပြုလုပ်ထားတဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို
ကို ကြိုတင် သိရှိစေတဲ့ ပုဗ္ဗနိမိတ်ကြောင့်…အိပ်မက် မြင်မက်တယ်လို့ စာပေတွေမှာ ဖော်ပြထားပါတယ်၊ ( အံ.ပဉ္စက.ပါ၊ ဋ္ဌ ) မိလိန္ဒပဥှ ပါဠိတော်မှာတော့ အိပ်မက် မက်ခြင်း အကြောင်းကို (၆) မျိုးခွဲခြားပြပါတယ်၊

အဲဒီအထဲမှာ ပုဗ္ဗနိမိတ်လို့ခေါ်တဲ့ ကိုယ်လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်သိရှိစေတဲ့ အိပ်မက် မျိုးဟာ မှန်ကန်တယ်လို့ ဆိုပါတယ်၊ ပြီးတော့ အချိန်ကာလအနေနဲ့ မနက်ပိုင်း မက်တဲ့ အိပ်မက်က ပိုမှန်တယ်လို့ စာပေတွေမှာ ဖော်ပြပါတယ်၊ ဥပမာပြောရရင် မှန်ထဲမှာ အရိပ်ပေါ်လာတာဟာ အဲဒီအရိပ်ကိုယ်တိုင်က မှန်ရှေ့ကို ရောက်လာလို့ မှန်ထဲမှာ ပေါ်လာသလို ကိုယ်လုပ်တဲ့ကံတွေက ကိုယ့်စိတ်ထဲမှာ အရိပ်လို လာပေါ်တာကို ပုဗ္ဗနိမိတ်ကြောင့် အိပ်မက် မြင်မက်တယ်လို့ ဆိုရပါတယ်၊ အိပ်မက် မက်ချိန်ဟာ နိုးတ၀က် ပျော်တ၀က် ကာလလေးမှာ မြင်မက်တတ်ပါတယ်၊

ဘုရားလောင်းကိုယ်တော်တိုင် ဘုရားမဖြစ်ခင်မှာ အိပ်မက်ကြီး ငါးမျိုးကို မြင်မက်တော်မူခဲ့ပါတယ်
( အံ.ပဉ္စက ပါဠိ ).
သဗ္ဗညုတ ဥာဏ်တော်မြတ်ကို ထိုးထွင်းသိခြင်းရဲ့ ကြိုတင်နိမိတ် အဖြစ်နဲ့ ဘုရားလောင်း မြင်မက်ခဲ့တာက ဒီမြေကြီးကို အိပ်ယာလုပ် ဟိမ၀န္တာတောင်ကို ခေါင်းအုံးလုပ်ကာ အရှေ့ အနောက် သမုဒ္ဒရာမှ လက်နှစ်ဖက်ကို ထားပြီး တောင်သမုဒ္ဒ၇ာမှာ ခြေတောက် နှစ်ဖက်ကို ထားရတယ်လို့ မြင်မက်ခဲ့ပါတယ်၊

မဂ္ဂင် ရှစ်ပါးကို ထိုးထွင်းသိပြီး လူ နတ် ဗြဟ္မာတွေကို တရား ဟောပြရမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ တိဏ မြက်က ဘုရားလောင်းရဲ့ ချက်တော်ကနေ ထိုးထွက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်လို့ မြက်မက်ခဲ့ပါတယ်။

လူနတ်ဗြဟ္မာတွေ သရဏဂုံတည်ပြီး ရတနာသုံးပါးကို ဆည်းကပ်လာကြမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ ဦးခေါင်းမှာ အမည်းရောင်ရှိတဲ့ ပိုးကောင်လေးတွေဟာ ဘုရားလောင်းရဲ့ ပုဆစ် ဒူးဝန်းတခုလုံးကို ဖုံးလွှမ်းပြီး တက်တယ်လို့ မြင်မက်ပါတယ်၊

အမျိုးလေးပါးက လူတွေ ဘုရားရှင် သာသနာတော်မှာ ရဟန်းပြုကြမယ်ဆိုတဲ့ ကြိုတင်နိမိတ်အနေနဲ့ အရပ်လေးမျက်နှာက အရောင်သွေးစုံတဲ့ ငှက်တွေဟာ ဘုရားလောင်းရဲ့ ခြေတော်ရင်းမှာ တကိုယ်လုံး အဖြူရောင် ဖြစ်သွားကြတယ်လို့ အိပ်မက်ထဲမှာ မြင်တော်မူတယ်

ပစ္စည်း လေးပါး အပေါ်မှာ ကပ်ငြိခြင်းမရှိဘဲ သုံးစွဲတော်မူမည့် အကြိုနိမိတ်အနေနဲ့ ဘုရားလောင်းမြင်မက်တာက မစင်ပုံကြီးအပေါ်မှာ မစင်တွေမလူးဘဲ လမ်းလျှောက်နေရတယ်လို့ မြင်မက်တော်မူပါတယ်…ဒါကတော့ ဘုရားလောင်း ဘ၀က ကြိုတင်နိမိတ်အနေနဲ့ မြက်မက်ခဲ့သလို တကယ်လည်း ဘုရားဖြစ်လာတဲ့အခါမှာ တကယ့်ကို ကွက်တိမှန်ကန်နေတာကို တွေ့မြင် ကြည်ညိုနိုင်ပါတယ်။
ပြီးတော့ ကောသလ အိပ်မက် ဟာလည်း ယနေ့ခေတ်မှာ မှန်ကန်နေတာကို ထောက်ချင့်သိနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်.

ဘယ်လိုပဲ ဖြစ်ဖြစ်.. မလွန်ဆန်နိုင်တဲ့ သဘာဝလောကကြီးထဲမှာ ရှင်သန်နေရသူများမို့ အိပ်မက်တွေ မြင်မက်တိုင်း ဒီတရားတော်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အကောင်း အဆိုး ကံအမျိုးမျိုးအတွက် ပြင်ဆင်နိုင်ကြပါလိမ့်မယ်၊

ကောင်းကောင်း ဆိုးဆိုး အိပ်မက်မျိုးစုံကို တွေ့ကြုံ မြင်မက်ရတိုင်း ကိုယ့်ကံတွေကို မြှင့်တင်နိုင်အောင် သို့မဟုတ် အိပ်မက်က ပြောတဲ့ သံဝေဂတွေနဲ့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြပါစို့လို့သာ စေတနာစကားနဲ့ တိုက်တွန်းပရစေလား၊။


ကျမ်းညွှန်း၊ ၊အဘိ-၂ ဋ္ဌ-၃၈၉
အံ ပဉ္စက ပါဠိ-၂၀၉
မဟာနိ ပါ-၂၉၇


Read more...

၇၀... အရှင်ဇမ္ဗုက၀တ္ထု... (ဓမ္မပဒဝတ္ထု (မာဏဝ)) ၇၀-၇၅

ဓမ္မပဒဝတ္ထု (မာဏဝ) ၇၀-၇၅

၇၀။ မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

၇၀။ မိုက်သောသူသည် လစဉ်လတိုင်း သမန်းမြက်ဖျားဖြင့် (အနှစ်တစ်ရာပတ်လုံး ခြိုးခြံသော အကျင့်ကိုကျင့်အံ့ဟု) ဘောဇဉ်ကို စားစေကာမူ ထိုမိုက်သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသောအကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ အဖိုးမထိုက်။

၇၀... အရှင်ဇမ္ဗုက၀တ္ထု...




၇၁။ န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

၇၁။ ညှစ်ပြီးစနို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

၇၁... မြွေပြိတ္တာဝတ္ထု...

၇၂။ ယာဝဒေ၀ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ၀ိပါတယံ။

၇၂။ သူမိုက်၏အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏၊ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏၊ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

၇၂... သဋ္ဌိကူဋပြိတ္တာဝတ္ထု...

၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။

၇၄။ မမေ၀ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေ၀ါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ၀ဍ္ဎုတိ။

၇၃။ မလိမ္မာသောရဟန်းသည် ရဟန်းတို့၏အလယ်၌ မိမိတွင်ထင်ရှားမရှိသောဂုဏ်ဖြင့် ချီးမွမ်းခြင်းကို လည်းကောင်း၊ ခြံရံလျက် မိမိအားရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို လည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏(ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။

၇၄။ ငါ့ကြောင့်သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူရှင်ရဟန်း နှစ်ဦးတို့ မှတ်ထင်စေကုန်သတည်း၊ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်စေကြကုန်သတည်းဟု မိုက်သောရဟန်းအား အကြံအစည် အလိုရမ္မက် မာန်မာနသည် တိုးပွားလေ၏။

၇၃... ၇၄... စိတ္တသူကြွယ်ဝတ္တု ...



၇၅။ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေကမနုဗြူဟယေ။

၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း၊ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတည်း၊ ဤသို့ ဤအကျင့်နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍ မြတ်စွာဘုရား၏ တပည့်သား ရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကသုံးပါးကိုသာ တိုးပွားစေရာ၏။

၇၅... တိဿသာမဏေ (တောကျောင်းနေ) ၀တ္ထု...








Read more...

၂၀.၅.၂၀၀၉ ရက်နေ့ ည ၉နာရီခွဲအချိန်တွင်.မန္တလေးမြို့တွင်ဘုရားရောင်ခြည်တော်လွတ်

ဒီနေ့ဦးဇင်းလည်းမန္တလေးကိုလာစရာကိစ္စလေးတစ်ခုရှိတာနဲ့ ထွက်လာရင်း လမ်း၈၀ နဲ့ ၃၆ လမ်းထောင့်

ရောက်တော့ လူတွေစုရုံးနေတာတွေ့တာနဲ့ ဦးဇင်းလည်းစပ်စုမိတာပေါ့.... အဲဒီအချိန်မှာ ဆိုင်ကယ်မောင်း

တဲ့ဒါယကာကိုခဏရပ်ခိုင်းပြီး သွားကြည့်တော့ဘုရားရောင်ခြည်တော်လွတ်တယ်ဆိုလို့ ဦးဇင်းဝင်ရောက်ဖူး

မျှော်ခဲ့ရပါတယ်.. ဦးဇင်းလည်းဦးဇင်းဖူးမျှော်သလို မန္တလေးမြို့ကမဟုတ်တဲ့ ဒါယကာဒါယိကာမတွေနဲ့

ပြည်ပရောက်ဒါယကာဒါယိကာမများဖူးမျှော်နိုင်ဖို့ အခုလိုရေးသားပြီးဓါတ်ပုံမှတ်တမ်းများဖြင့်ဖော်ပြလိုက်

ပါတယ်.....



Read more...

အရေးကြီးသောတရားနှစ်ပါး

လောကတွင်ရှိသင့်သောတရားနှင့် သိသင့်သောတရား (၂)ပါးရှိပါသည်။ ရှိသင့်သောတရားက ဟီရိသြတ္တပ္ပတရားဖြစ်ပြီး၊သိသင့်သောတရားက မဂ္ဂင်ရှစ်ပါးတရားဖြစ်ပါသည်။
ဟီရိသြတ္တပ္ပဆိုသည်မှာမကောင်းမှုဒုစရိုက်ကိုပြုရမည်မှရှက်ခြင်းသဘောသည်ဟီရိဖြစ်၍ကြောက်လန့်ခြင်းသဘောကားသြတ္တပ္ပဖြစ်သည်။ထိုကြောင့်“ဒုစရိုက်ကို-ဟီရိရှက်စွာ၊လန့်သြတ္တနှင့်”ဟုဆိုခဲ့ပါသည်။ဟီရိသြတ္တပ္ပတရား(၂)ပါးတို့တွင်မိမိ၏ဂုဏ်သိက္ခာစောင့်ရှောက်လေ့ရှိသူတို့၌ဟီရိတရားထင်ရှားသကဲ့သို့ဆရာမိဘဆွေမျိုးစသူနှင့်အခြားလူများကိုလေးစားသူ၌သြတ္တပ္ပတရားထင်ရှားပေသည်။အမျိုးကောင်းသူကလည်းမကောင်းမှုပြုနေလျှင်ရှက်စရာဖြစ်နေမည်ဟုမိမိအမျိုးဂုဏ်ကိုစောင့်ထိန်းသောအားဖြင့်မကောင်းမှုပြုရမည်ကိုရှက်ကြောက်သောအားဖြင့်လည်းကောင်း၊ပညာတတ်သူကလည်းအောက်ကျသောမကောင်းမှုပြုရမည်ကိုရှက်ကြောက်သောအားဖြင့်လည်းကောင်း၊အသက်ကြီးသူကလည်းမကောင်းမှုပြုနေလျှင်ရှက်စရာကြီးဖြစ်နေမည်ဟုရှက်ကြောက်သောအားဖြင့်လည်ကောင်းစသည်ဖြင့်မိမိမှာရှိသောဂုဏ်တခုခုကိုလေးစားသောသူ၌ဟီရိတရားထင်ရှားလေသည်။ကိုယ်မကောင်းမှုပြုလုပ်လျှင်ကိုယ့်မိဘဆွေမျိုးဆရာသမားများသူတပါးအကဲ့ရဲ့ခံရ၍“တံတွေးခွက်ပက်လက်မျော” ကာ“ငါးခုံးမတစ်ကောင်ကြောင့်တလှေလုံးပုပ်”ရလိမ့်မည်ဟုငဲ့ညှာတွေးတောတတ်သူ၌ဒုစ၇ိုက်မှကြောက်လန့်တတ်သောသြတ္တပ္ပတရားဖြစ်ပါသည်။ထို့ကြောင့်ဟီရိနှင့်သြတ္တပ္ပတရား(၂)ပါးသည်ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက်သားနှင့်အမိ၊မောင်နှင့်နှမစသည်ခြားနားအောင်စောင့်ရှောက်တတ်သောကြောင့်“လောကပါလ=ကမ္ဘာစောင့်တရား” ဟုလည်းကောင်း၊ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင်ပြုတတ်သောကြောင့် “သုက္ကဓမ္မ=ဖြူစင်သောတရား”ဟုလည်းကောင်းနာမည်ခေါ်တွင်ပါသည်။လူ့လောကတွင်ဤတရားနှစ်ပါးသာမရှိပါမူတိရိစ္ဆာန်တို့နှင့်မထူးခြားဘဲမှားချင်တိုင်းမှား၍မကြားကောင်းမနာသာတွေဖြစ်ကုန်ပါမည်။ယခုအခါတွင်ဟီရိသြတ္တပ္ပကင်းသူတို့နှင့်ပေါင်းသင်းဆက်ဆံ၍နေကြရသဖြင့်အ၀တ်အစားအနေအထိုင်အသွားအလာမှစ၍အမြင်မတော်စရာတွေဖြစ်ပေါ်လာသဖြင့်ဤအတိုင်းသာဆက်သွားနေပါကမတွေးဝံစရာတွေဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
နှိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလမ်းမှန်တရား၊လောကတွင်သိသင့်သောတရားကမဂ္ဂင်ရှစ်ပါးတရားဖြစ်ပါသည်။မဂ္ဂရှစ်ပါးတရားမှာ-
၁။ သမ္မာဒိဋ္ဌိ= ကောင်းသော အလိမ္မာဥာဏ်ပညာ။
၂။ သမ္မာသင်္ကပ္ပ=ကောင်းသော အကြံအစည်။
၃။သမ္မာဝါစာ= ကောင်းသောစကားဆိုခြင်း။
၎။ သမ္မာကမ္မန္တ= ကောင်းသော အမှုကိုပြုခြင်း။
၅။ သမ္မာအာဇီဝ= ကောင်းသော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ= ကောင်းသောအားထုတ်ခြင်း။
၇။ သမ္မာသတိ= ကောင်းသော အမှတ်ရခြင်း။
၈။ သမ္မာသမာဓိ= ကောင်းသော တည်ကြည်ခြင်း။ တို့ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်ကသစ္စာလေးပါးတရားကိုကိုယ်တော်တိုင်သိတော်မှုပြီးနောက်ဘုံသုံးပါးတွင်ရှိ သောသတ္တ၀ါ တို့ကိုလည်းကိုယ်တော်ကဲ့သို့သိတော်မူရန်ဟောကြားတော်မူခဲ့ပါသည်။သံသရာဒုက္ခမှလွတ်မြောက်ရန်အတွက်လောဘတဏှာများကိုဖယ်ရှားပြီးမဂ္ဂင်ရှစ်ပါးတည်းဟူသောလမ်းကောင်းကြီးကိုသာသတိတရားကောင်း
စွာထား၍ကျင့်ကြံအားထုတ်သွားလျှင်နိဗ္ဗာန်ချမ်းသာကိုမလွဲမသွေရောက်ရှိခံစားရမည်ဖြစ်ပါသည်။


Read more...

သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်စပ်မှု…

သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အကြောင်း စာရေးသူနှင့်တွေ့သူ အတော်များများက မေးလေ့ရှိကြသည့်အပြင် ၎င်းတို့အနေဖြင့် စာအုပ်များ ရှာဖွေဖတ်ရှုသော်လည်း နားလည်ရန် ခက်ခဲလှပါကြောင်း၊ အချိန်ရ၍ အလျဉ်းသင့်လျှင် နားလည်လွယ်စေမည့် ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားဖော်ပြပေးစေလိုကြောင်း လျှောက်ထားမှုများ ရှိလာသဖြင့် စာရေးသူလည်း မှတ်မိလွယ်စေမည့် ခေါင်းစဉ်တစ်ခုကို စဉ်းစားကာ ``သစ္စာတရား၊ ဖြောင့်ဖြူးသေားလမ်းနှင့် ကြောင်းကျိုးဆက်စပ်မှု`` ဟူသော ဤခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားဖြစ်ခဲ့ပါ၏။ သာမန်လူများအနေဖြင့် တိကျစွာသိရှိ နားလည်ရန် အလွန်ခက်ခဲသည့် ဤတရားများကို အနည်းငယ်မျှသော်လည်း သညာသိအားဖြင့် သိရှိသွားစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရန် ကြိုးစားခဲ့ခြင်းဖြစ်၏။ အရိယသစ္စာ၊ အရိယော အဋ္ဌင်္ဂီကောမဂ္ဂေါ၊ ပဋိစ္စသမုပ္ပါဒေါ စသည့် မူရင်းပါဠိစကားများကို ကြည့်ပါက အရိယာပုဂ္ဂိုလ်များ သိရှိတော်မူသည့် တရားတော်များအဖြစ် မှတ်ယူနိုင်သော်လည်း သာမန်ပုဂ္ဂိုလ်များ အနေဖြင့်လည်း ရှေးဦးစွာ သညာသိအဖြစ် နားလည်သဘောပေါက်စေလျက် ထိုမှတစ်ဆင့် ပညာသိဖြင့် သိနိုင်အောင် ကြိုးစားနိုင်သည့် တရားများဖြစ်ပါ၏။ သို့ဖြစ်၍လည်း တစ်လုံးတစ်ပါဒမျှဖြစ်စေ သညာသိဖြင့် သိသွားပါစေဟူသည် အရိုးခံ ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤစာစုကို ရေးသားဖော်ပြဖြစ်ခဲ့ပါ၏။

သစ္စာဟူသော စကားလုံးကို မှန်ကန်ခြင်းဟု ယေဘုယျအားဖြင့် နားလည်ထားနိုင်၏။ ယင်းသစ္စာသည်လည်း သမုတိသစ္စာနှင့် ပရမတ္တသစ္စာအားဖြင့် နှစ်မျိုးမှတ်ယူနိုင်၏။ သမုတိသစ္စာဟူသည် လောကလူသားတို့က ``မှန်သည်ဟု သမုတ်ထားသော အမှန်``ကို ဆိုလိုပြီး ပရမတ္တသစ္စာသည် ``မဖောက်မပြန် အမြဲမှန်ကန်သည့် အမှန်``ကို ဆိုလို၏။ သမုတိသစ္စာသည် ပညတ်သတ်မှတ်ထားသည်များ ဖြစ်သဖြင့် ပညတ်၏ သဘောမှာ အမြဲပြောင်းလဲခြင်း သဘောရှိသဖြင့် တိကျသည့် သစ္စာဟု မဆိုနိုင်ပေ။ သို့ဖြစ်၍လည်း စကားလုံးတစ်လုံး၊ အခေါ်အဝေါ် သတ်မှတ်ချက် တစ်ခုသည် အချို့ကာလ၊ အချို့ဒေသ၊ အချို့ပုဂ္ဂိုလ်များမှာ မှန်ကန်နေတတ်သော်လည်း အခြားတစ်နေရာ၊ အခြားပုဂ္ဂိုလ်၊ အခြားအချိန်များတွင် လွဲမှားနေတတ်သည်ကို တွေ့ရမည်ဖြစ်၏။ ပရမတ္ထသစ္စာသည်ကား မည်သည့်အချိန်၊ မည်သည့်ဒေသ၊ မည်သည့်ပုဂ္ဂိုလ်များတွင် မဆို မဖောက်မပြန် တစ်သမှတ်တည်း ထာဝရ မှန်ကန်နေသော သစ္စာဖြစ်၏။ သို့ဖြစ်၍လည်း မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အချိန်ဖြစ်စေ တစ်ပုံစံတည်း ထင်ရှားဖြစ်ပေါ်နေပြီး မပြောင်းမလဲ မှန်ကန်နေခြင်းဖြစ်၏။ ထိုပရမတ္တသစ္စာတရားကား ယခုဘုရားအစရှိသည့် အရိယသူတော်စင်များ မျက်မှောက်ပြု သိမြင်တော်မူသည့် အရိယသစ္စာခေါ် သစ္စာလေးပါး တရားမြတ်ပင်ဖြစ်ပါ၏။

ထိုအရိယသစ္စာသည် လေးပါးအပြားရှိ၏။ ထိုလေးပါးမှာ
၁။ ဒုက္ခသစ္စာ = ဆင်းရဲကြောင်း အမှန်တရား
၂။ သမုဒယသစ္စာ = ဆင်းရဲဖြစ်ကြောင်း အမှန်တရား
၃။ နိရောဓသစ္စာ = ဆင်းရဲချုပ်ကြောင်း အမှန်တရား နှင့်
၎။ မဂ္ဂသစ္စာ = ဆင်းရဲချုပ်ကြောင်းလမ်းစဉ် အမှန်တရား ဟူ၍ဖြစ်၏။
မဟာသတိပဋ္ဌာနသုတ်တွင် ဤသစ္စာလေးပါးနှင့် ပတ်သက်၍ ဖွင့်ဆိုရှင်းပြထား၏။ ဒုက္ခသစ္စာခေါ် ဆင်းရဲကြောင်း အမှန်တရားများမှာ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပူပန်ရခြင်း၊ မချစ်မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း၊ ချစ်ခင်နှစ်သက်ဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း၊ အလိုရှိသည်ကို မရခြင်း၊ အကျဉ်းအားဖြင့် စွဲလမ်းကြောင်း အာရုံတရားစုဖြစ်သည့် ခန္ဓာငါးပါးတို့ပင် ဖြစ်ကြောင်း၊ သမုဒယသစ္စာခေါ် ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟူသည် တစ်ဖန် ဘ၀သစ်ကို ဖြစ်စေတတ်သည့် နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော၊ ထိုထိုဘ၀အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဘုံ၌တပ်မက်ခြင်း ကာမတဏှာ၊ ရူပအရူပဘုံ၌ တပ်မက်ခြင်း ဘ၀တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သည့် ၀ိဘ၀တဏှာတို့ပင် ဖြစ်ကြောင်း၊ နိရောဓသစ္စာခေါ် ဆင်းရဲချုပ်ကြောင်း အမှန်တရားဟူသည် တဏှာ၏ အကြွင်းမရှိချုပ်ရာ တဏှာကို စွန့်ရာ တဏှာမှ လွတ်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်ပင်ဖြစ်ကြောင်း၊ မဂ္ဂသစ္စာခေါ် ဆင်းရဲချုပ်ကြောင်း လမ်းစဉ်အမှန်တရားဟူသည် မဂ္ဂင်ရှစ်ပါး အကျင့်လမ်းစဉ်ဖြစ်သည့် မှန်ကန်သည့် အမြင်၊ မှန်ကန်သည့် အတွေး၊ မှန်ကန်သည့် စကား၊ မှန်ကန်သည့် အလုပ်၊ မှန်ကန်သည့် အသက်မွေးမှု၊ မှန်ကန်သည့် အားထုတ်မှု၊ မှန်ကန်သည့် သတိရှိမှု၊ မှန်ကန်သည့် သမာဓိရှိမှုတို့ပင် ဖြစ်ကြောင်း ဖွင့်ဆိုဟောပြတော်မူ၏။

ဤသစ္စာလေးပါး အဖွင့်တရားများကို ကြည့်ပါက အရိယသစ္စာတရား၏ မဖောက်မပြန်မှန်ကန်မှု ပရမတ္တသစ္စာကို ကောင်းစွာသဘောပေါက် နားလည်နိုင်၏။ ဤသစ္စာတရား၏ မဖောက်မပြန် မှန်ကန်မှုကို မှတ်ကြောက်တင် စစ်ဆေးကြည့်နိုင်၏။ ဆင်းရဲကြောင်း အမှန်တရားများကို ကြည့်ပါက ခန္ဓာကိုယ်ရှိထားသည့် မည်သည့်ပုဂ္ဂိုလ်မဆို ဖော်ပြပါ ဒုက္ခတရားများမှ ရှောင်လွဲ၍ မရအောင် မှန်ကန်မှု ရှိနေပြီး ထိုမှန်ကန်မှုသည့် နေရာမရွေး၊ အချိန်မရွေး၊ ပုဂ္ဂိုလ်မရွေး မှန်ကန်မှု ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ ခန္ဓာကိုယ်ရှိနေသည့် မည်သည့်ပုဂ္ဂိုလ် သတ္တ၀ါမဆို ဤဒုက္ခများ ရှိနေမည်ဖြစ်သဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ မြန်မာ၊ ကိုရီးယား၊ ဆင်၊ မြင်၊ ကျွဲ၊ နွား၊ ခွေးစသည့် ပုဂ္ဂိုလ်သတ္တ၀ါ သတ်မှတ်ခွဲခြားမှုမရှိ၊ အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကစသည့် နေရာဒေသ ခွဲခြားမှုမရှိ၊ မနက် နေ့ ည စသည့် အချိန်ခွဲခြားမှု မရှိဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလသုံးမျိုးလုံးတွင် မှန်ကန်မှုရှိနေသည့် မဖောက်မပြန် မှန်ကန်သော ဆင်းရဲကြောင်း အမှန်တရားဖြစ်ကြောင်း သေချာစွာ သဘောကျလက်ခံနိုင်မည် ဖြစ်၏။ ဗုဒ္ဓဘာသာ အလိုအရ အကျိုးရှိလျင် အကြောင်းရှိစမြဲ ဖြစ်သဖြင့် ထိုဒုက္ခများရှိလျင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားလည်း ရှိ၏။ ထိုသဘောသည် အမှန်တရားဖြစ်ပြီး သမုဒယသစ္စာ ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟု ဆို၏။ ထိုဆင်းရဲများဖြစ်ခြင်းမှာ သမုဒယဟူသော တွယ်တာမှု သံယောဇဉ် တဏှာကြောင့်သာ ဖြစ်၏။ တဏှာရှိသဖြင့် ဒုက္ခရှိလာရခြင်းဖြစ်သဖြင့် တဏှာသည် အကြောင်းတရားဖြစ်ပြီး ဒုက္ခသည် အကျိုးတရားပင်ဖြစ်၏။ ထိုသဘောသည်လည်း ခန္ဓာရှိသည့်၊ တဏှာရှိသည့် ပုဂ္ဂိုလ်သတ္တ၀ါတိုင်း၊ အချိန်မရွေး၊ နေရာမရွေး မှန်ကန်မှုရှိနေမည်သာဖြစ်၏။ ထို့ကြောင့် သမုဒယသစ္စာကို မြတ်စွာဘုရားရှင်က ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟူ၍ ဖော်ထုတ်ပြသ ဟောပြောပေးခဲ့ခြင်းဖြစ်၏။ ဤသို့ ဒုက္ခ၏ အရင်းမူလသည် တဏှာကြောင့်ဖြစ်သည်ဟုသိလျှင် ထိုတဏှာ၏ ကုန်ရာလည်း ရှိရမည်ဟု အလွယ်နားလည်နိုင်၏။ မှန်၏။ ထိုတဏှာ၏ ကုန်ရာချုပ်ရာကား နိရောဓသစ္စာဟူသော ဆင်းရဲချုပ်ကြောင်း အမှန်တရားပင်ဖြစ်၏။ ထိုနိရောဓသစ္စာကိုပင် နိဗ္ဗာန်ဟုလည်း ဆိုနိုင်၏။ စင်စစ် ဆင်းရဲချုပ်ရန်မှာ ဆင်းရဲဖြစ်ကြောင်း တဏှာချုပ်မှ ဆင်းရဲချုပ်မည်ဖြစ်သဖြင့် တဏှာချုပ်ရာကို ရှာကြရခြင်းဖြစ်ပြီး ထိုတရားသည် နိရောဓသစ္စာပင်ဖြစ်၏။ ဤအမှန်တရားသည်လည်း တဏှာချုပ်သည့် မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့်ဒေသ၊ မည်သည့်ကာလမှာမဆို ဖောက်ပြန်ခြင်းမရှိ မှန်ကန်မှုရှိနေမည်သာဖြစ်၏။ ထိုကြောင့် ထိုနိရောဓသစ္စာကို ဆင်းရဲဖြစ်ကြောင်း တဏှာ၏ ချုပ်ရာ အမှန်တရားဟု ဆိုခြင်းဖြစ်၏။ ဆက်လက်၍ နားလည်နိုင်သည်မှာ တဏှာ၏ ချုပ်ရာအမှန်တရားကို သိသော်လည်း ထိုတရားကို ရရန်၊ ရောက်ရန်အတွက် နည်းလမ်းရှိရပေမည်။ မှန်ကန်ဖြောင့်ဖြူးသည့် လမ်းရှိရပေမည်။ ထို့အတွက်ကြောင့် မဂ္ဂသစ္စာဟူသော တဏှာဆင်းရဲ၏ ချုပ်ရာလမ်းစဉ် အမှန်တရားသည်လည်း မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားတစ်ခုအဖြစ် ဘုရားရှင်ထုတ်ဖော် ပြသတော်မူခဲ့ခြင်းဖြစ်၏။ စင်စစ် မှန်ကန်သည့် လမ်းဟူသည် မှန်ကန်သည့် အမြင်၊ မှန်ကန်သည့်အတွေး၊ မှန်ကန်သည့် အပြော၊ မှန်ကန်သည့် အလုပ်၊ မှန်ကန်သည့် အားထုတ်မှု၊ မှန်ကန်သည့် သတိ၊ မှန်ကန်သည့် သမာဓိဟူသော မဂ္ဂင်ရှစ်ပါး အကျင့်တရားများပင် ဖြစ်၏။ မည်သူမဆို ဤတရားရှစ်ပါး လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်လျင် တဏှာ၏ ကုန်ရာချုပ်ရာ နိရောဓသစ္စာဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်သာ ဖြစ်၏။ ဤအမှန်တရားလမ်းစဉ် သည်လည်း မည်သူမည်ဝါ၊ မည်သည့်အချိန်၊ မည်သည့်ဒေသဟူ၍ မျက်နှာလိုက်ခြင်းမရှိ ကြိုးစားအားထုတ်နိုင်သူ မှန်သမျှ လက်တွေ့ခံစားသိရှိနိုင်သည့် မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားပင်ဖြစ်၏။

ဤသို့လျင် သစ္စာလေးပါး တရားတော်မြတ်သည် တစ်ခုခုနှင့်တစ်ခု အကြောင်းအကျိုး ဆက်စပ်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ တဏှာဟူသော အကြောင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ရပြီး၊ ဆင်းရဲရှိလျင် ဆင်းရဲချုပ်ရာလည်း ရှိရမည်ဖြစ်သဖြင့် ဆင်းရဲဖြစ်ကြောင်း တဏှာချုပ်ရာ နိရောဓသစ္စာလည်း ရှိလာ၏။ ထိုနိရောဓသို့ မျက်မှောက်ပြုလိုက လမ်းဖြောင့်လမ်းမှန်လည်း ရှိရမည်ဖြစ်သဖြင့် လမ်းစဉ်အမှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ဖော်ထုတ်ပြသ ဟောပြတော်မူပြီး ထိုမဂ္ဂင်ရှစ်ပါးကိုပင် အစွန်းနှစ်ပါးလွတ်သည့် အလယ်အလတ်လမ်းစဉ်ဟု ရှင်းပြတော်မူခဲ့ခြင်း ဖြစ်၏။ သစ္စာလေးပါး မြတ်တရား၏ သဘောအနှစ်ချုပ်ကား လေးနက်ပြီး ယုတ္တိကျလှ၏။ တန်ဘိုးရှိလှပါ၏။ ပညာသိမဟုတ်သေးဘဲ သညာသိ သိရုံမျှနှင့်ပင် ပီတိဖြစ်ကာ ကျေနပ်နှစ်သက်မိလှပါ၏။

ဖြောင့်ဖြူးသောလမ်းဟု ခေါင်းစဉ်တွင် ဖော်ပြခဲ့သည့် မဂ္ဂသစ္စာခေါ် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုလည်း မဟာသတိပဋ္ဌာနသုတ်တွင် တစ်ခုချင်း ဖွင့်ဆိုရှင်းပြ၍ ဘုရားရှင်ဖော်ထုတ်ပြသ ဟောကြားတော်မူခဲ့ပါ၏။ မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ - မှန်ကန်သည့် အသိအမြင်ဟူသည် သစ္စာလေးပါး၌ မှန်ကန်စွာ သိမြင်ခြင်း (ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ(နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်း) တို့ပင် ဖြစ်ကြောင်း၊ သမ္မာသင်္ကပ္ပ- မှန်ကန်သည့် အကြံအစည်အတွေးဟူသည် ကာမအာရုံမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာဝါစာ- မှန်ကန်သည့် ပြောဆိုခြင်းဟူသည် မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြည်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာကမ္မန္တ- မှန်ကန်သည့် အလုပ်ဟူသည် သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရှင်မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာအာဇီဝ- မှန်ကန်သည့် အသက်မွေးမှုဟူသည် မိမိသူတစ်ပါး နှစ်ဦးသား ထိခိုက်စေမည့် မှားယွင်းစွာ အသက်မွေးမှုကို ပယ်စွန့်၍ အပြစ်မရှိ မှန်ကန်သော အသက်မွေးမှုပင် ဖြစ်ကြောင်း၊ သမ္မာဝါယမ- မှန်ကန်သည့် အားထုတ်ခြင်း ၀ိရိယဟူသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန်ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားစေရန် ကြိုးစားအားထုတ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာသတိ- မှန်ကန်သည့် အောက်မေ့သတိရှိခြင်းဟူသည် သတိပဋ္ဌာန်တရားလေးပါး (ရုပ်အပေါင်း၌ ရုပ်အပေါင်းကို သတိကပ်လျက် အကြိမ်ကြိမ်ရှုသည်ဖြစ်၍ နေခြင်း၊ ဝေဒနာတို့၌ ဝေဒနာတို့ကို သတိကပ်လျက် အကြိမ်ကြိမ် ရှုသည်ဖြစ်၍ နေခြင်း၊ စိတ်၌ စိတ်ကို သတိကပ်လျက် အကြိမ်ကြိမ်ရှုသည်ဖြစ်၍ နေခြင်း၊ သဘောတရားတို့၌ သဘောတရားတို့ကို သတိကပ်လျက် အကြိမ်ကြိမ် ရှုသည်ဖြစ်၍ နေခြင်း) တို့ပင် ဖြစ်ကြောင်း၊ သမ္မာသမာဓိ- မှန်ကန်သည့် တည်ကြည်ခြင်း သမာဓိဟူသည် ကာမဂုဏ်တရား၊ အကုသိုလ်တရားများကင်းလျက် ရှိသော ပထမဈန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့သို့ရောက်၍ တည်ကြည်ငြိမ်းချမ်းခြင်းတို့ပင် ဖြစ်ကြောင်း မဂ္ဂင်ရှစ်ပါးကို တစ်ခုချင်း အကျယ်တ၀င့် ရှင်းလင်းဟောကြားတော်မူ၏။

ဤမဂ္ဂင် ရှစ်ပါးတို့တွင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတို့သည် သတိဉာဏ်ကပ်လျက် မှန်ကန်စွာ ကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ ပညာဟုဆိုပြီး၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့သည် ကာယကံ ၀စီကံတို့ကို လုံခြုံစေလျက် မှန်ကန်စွာ ကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ သီလဟုဆိုကာ၊ သမ္မာဝီရိယ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့သည် လုံ့လအားထုတ်မှုဖြင့် တည်ကြည်လေးနက်စေလျက် မှန်ကန်စွာကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ သမာဓိဟုဆိုလေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ်ဟုခေါ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အချုပ်အားဖြင့် ပြောလိုက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ပင်ဖြစ်ကြောင်း မှတ်သားနားလည်နိုင်ပါ၏။ ဤလမ်းစဉ်တရားရှစ်ပါးအတိုင်းသာ မဖောက်မပြန် မှန်ကန်စွာ ကျင့်သုံးနေထိုင် လေ့ကျင့်နိုင်ပါလျှင် ဗုဒ္ဓဘာသာတို့၏ အဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ကို ဧကန်မုချ လျင်မြန်စွာ မျက်မှောက်ပြုနိုင်မည် ဖြစ်ပါ၏။

ကြောင်းကျိုးဆက်စပ်မှုကို ပါဠိအခေါ်အားဖြင့် ပဋိစ္စသမုပ္ပါဒဟု ခေါ်၏။ အရာရာတိုင်းသည် အကြောင်းရှိ၍သာ အကျိုးဖြစ်ခြင်း ဖြစ်၏။ ဘ၀တွင်လည်း ထို့အတူပင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟုပိုင်းခြားကာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးထင်ရှားဖြစ်ပြီး ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပေါ်လာ၏။ ဤသဘောကား ပဋိစ္စသမုပ္ပါဒ် သဘောပင်ဖြစ်၏။ ထိုသဘောတရားကို ပဋိသမ္ဘိဒါမဂ္ဂသံယုတ်တွင် အထင်အရှား ဘုရားရှင်ဟောတော်မူထား၏။ ထိုဟောကြားချက်ကို ယူပြီးဖားအောက်ဆရာတော်က အောက်ပါအတိုင်း ထပ်ဆင့်ရှင်းပြထား၏။

``လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ - (က) တွေဝေမှု အသိမှားမှု မောဟသည် အ၀ိဇ္ဇာမည်၏။ (ခ) အားထုတ်မှု ကံကိုပြုစုပျိုးထောင်မှုတို့သည် သင်္ခါရ မည်ကုန်၏။ (ဂ) ဘ၀ကို လိုချင်တပ်မက်မှုသည် တဏှာမည်၏။ (ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။ (င) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀မည်၏။ လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ ဖြစ်ခဲ့သော ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘ၀၌ ပဋိသန္ဓေ၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ ဤပစ္စုပ္ပန် ဘ၀၌ - (က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ၀ိညာဏ်မည်၏။ (ခ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သောတရားသည် နာမ်ရုပ်မည်၏။ (ဂ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတနမည်၏။ (ဃ) တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ (င) ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ ဤပစ္စုပ္ပန် ၀ိပါက၀ဋ်၌ အကျုံးဝင်ကုန်သော ဤတရားငါးပါးတို့သည် ရှေးအတိတ်ဘ၀၌ ကမ္မဘ၀ကို ထူထောင်စဉ်ဝယ် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်ကုန်သော အကျိုးတရားတို့တည်း။ ဤပစ္စုပ္ပန်ဘ၀၌ အာယတနတို့၏ ရင့်ကျက်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော- (က) တွေဝေမှု အသိမှားမှု မောဟသည် အ၀ိဇ္ဇာမည်၏။ (ခ) အားထုတ်မှု ကံကိုပြုစုပျိုးထောင်မှုတို့သည် သင်္ခါရ မည်ကုန်၏။ (ဂ) ဘ၀ကို လိုချင်တပ်မက်မှုသည် တဏှာမည်၏။ (ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။ (င) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀မည်၏။ ဤပစ္စုပ္ပန်ကမ္မဘ၀၌ဖြစ်သော ဤအကြောင်းတရားငါးပါးတို့သည် နောင်အနာဂတ် ပဋိသန္ဓေ၏ အကြောင်းတရားဖြစ်ကုန်၏။ နောင်အနာဂတ်၌ (က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ၀ိညာဏ်မည်၏။ (ခ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သောတရားသည် နာမ်ရုပ်မည်၏။ (ဂ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတနမည်၏။ (ဃ) တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ (င) ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ နောင်အနာဂတ် ဥပပတ္တိဘ၀၌ ဖြစ်သော ဤတရားငါးပါးတို့သည် ပစ္စုပ္ပန်ဘ၀၌ ပြုစုပျိုးထောင်အပ်သော ကံ၏အကြောင်းကြောင့် ဖြစ်ကုန်၏။``

အထက်ပါ ဖော်ပြချက်မှာ ဘ၀ကျင်လည်မှုနှင့် ပတ်သက်သည့် ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်၏။ အတိတ်ကပြုစုပျိုးထောင်ခဲ့သော အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ဤဘ၀ပစ္စုပ္ပန် အကျိုးတရားငါးပါး ထင်ရှားဖြစ်၏။ ဤဘ၀ပြုစုပျိုးထောင်လိုက်သော အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဟူသော ပစ္စုပ္ပန် အကြောင်းတရား ငါးပါးကြောင့် နောင်အနာဂတ်ဝယ် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်၏။ ဤသို့ အကြောင်းအကျိုး ဆက်စပ်မှုသဘောကိုပင် ပဋိစ္စသမုပ္ပါဒ်ဟု ဆိုခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် ဤအကျဉ်းသဘောမျှကိုပင် သညာသိဖြင့် နားလည်စေနိုင်ပေ၏။

ဤသို့ဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အကြောင်းကို သီးခြားစီအားဖြင့် တင်ပြခဲ့ပြီးဖြစ်ပါ၏။ စင်စစ် ဤတရားများသည် သီးခြားစီဟု ဆိုသော်လည်း စင်စစ် တစ်ခုတည်းသာဖြစ်၏။ သစ္စာလေးပါးကို သိလျှင်ကား အားလုံးကို သိသွားပြီးဖြစ်၏။ သစ္စာလေးပါးတွင် ဖော်ပြခဲ့သည် ဒုက္ခသစ္စာသည် တဏှာတည်းဟူသော သမုဒယသစ္စာကြောင့်ဖြစ်သဖြင့် သမုဒယသစ္စာသည် အကြောင်းတရားဖြစ်ပြီး ဒုက္ခသစ္စာသည် အကျိုးတရားပင် ဖြစ်၏။ ဤသည်ကား ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်၏။ ဤပဋိစ္စသမုပ္ပါဒ်သဘောကို မှန်ကန်သည့် ဉာဏ်ဖြင့် ကောင်းစွာသိမြင် သဘောပေါက်သွားခြင်းကိုပင် သစ္စာတရားကို သိသွားခြင်းဟုဆိုနိုင်၏။ ထို့အပြင် ဤသို့ သစ္စာတရားကို သိသွားခြင်းသည် မဂ္ဂသစ္စာခေါ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို မှန်ကုန်စွာ လိုက်နာကျင့်ကြံခြင်းကြောင့်ဖြစ်ပြီး ထိုအကျင့်ကြောင့်ပင် တဏှာ၏ ချုပ်ရာနိရောဓသစ္စာဟုခေါ်သည် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခြင်းဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်ဟူသော တရားတော်များသည် အမည်အားဖြင့် သီးခြားစီဟု ထင်ရသော်လည်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားကြသည့် အရိယာပုဂ္ဂိုလ်များ အတွက်ကား အလွန်ရှင်းလင်းလှသည့် မဖောက်မပြန် မှန်ကန်သည့် တရားများသာ ဖြစ်ကြပေ၏။

အချုပ်အားဖြင့် ဆိုရသော် သီးခြားစီဖြစ်သည်ဟု သာမန်ပုထုဇင်များ ထင်ထားသည့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်တရားများသည် ဘုရားအစရှိသည့် အရိယာပုဂ္ဂိုလ်များ အတွက်ကား သစ္စာလေးပါးကို မျက်မှောက်ပြု သိတော်မူသည်နှင့် တစ်ပြိုင်နက် ရှုတ်ထွေးမှုမရှိ ရှင်းလင်းပြီး မဖောက်မပြန် မှန်ကန်သည့် တစ်ခုတည်းသော အမှန်တရားဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်ပေသည်။ သာမန်ပုဂ္ဂိုလ်များအနေဖြင့်ကား မှတ်၍သိနိုင်သည့် သညာသိဖြင့်သာ နားလည်နိုင်သဖြင့် အလုံးစုံနားလည် သဘောပေါက်မှု မဖြစ်နိုင်ပေ။ သို့သော် ထိုသညာသိကို အခြေပြုကာ သစ္စာလေးပါးကို မျက်မှောက်ပြုသိမြင်ပြီး အလုံးစုံသိနိုင်သည့် ပညာသိအဖြစ်သို့ ရောက်အောင်ကား ကြိုးစားနိုင်ကြပေ၏။ ထို့ကြောင့် အရိယာတို့သာ အကြွင်းမဲ့သိမြင်နိုင်သည့် သစ္စာတရားများကို သညာသိမှသည် ပညသိသို့ ရောက်အောင် ပုထုဇင်ဘ၀မှ အရိယဘ၀သို့ ရောက်စေနိုင်သည့် လမ်းစဉ်များကို ကြိုးစားပွားများ အားထုတ်သင့်ပါကြောင်း တိုက်တွန်းစကားပါးလျက်…



Read more...

*မွေးနေ့ရှင် သုံးဦးအတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံ စည်းချက်များ*

ဓမ္မ မောင်နှမတို့ရေ…


အခုလာမယ့် မေ-၂၇၊ မေ-၂၈ နဲ့ မေ-၃၀ ရက်နေ့ တွေမှာ ကျရောက်မယ့် မွေးနေ့ရှင် သုံးဦး (ဆရာတော် ၂-ပါး၊ လူပုဂ္ဂိုလ် တစ်ဦး)တို့ အတွက် ရည်ရွယ်လို့ ကျွန်တော်က ကျွန်တော် ခံစားမိတဲ့ ရင်ခုန်သံ စည်းချက်လေး တွေနဲ့ ကဗျာလေးတွေ ဖွဲ့သီထား ပါတယ်။

အရှင်တိက္ခာဉာဏာလင်္ကာရ


ပထမဆုံး မေ-၂၇ ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်)ရဲ့ ၃၁-နှစ်ပြည့် မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေနဲ့ ခံစား ရေးဖွဲ့ ပူဇော်မိတဲ့ ကဗျာလေးက… “နိဒါန်းမရှိသော နိဂုံးဆီသို့”၊ တစ်နည်းအားဖြင့် “အစမရှိသော အဆုံး ဆီသို့” ပေါ့။ ကဲ… ဖတ်ရှုဆင်ခြင် ဉာဏ်သက်ဝင် ကြည့်ရအောင်…။

*နိဒါန်းမရှိသော နိဂုံးဆီသို့*

ငွေစက်ငွေပေါက်၊ ငွေရည်သောက်လို့
မိုးပေါက်ကြွေကျ၊ နယုန်လမှာ
လောကကမ္ဘာ၊ ဤမြေရွာကို
ချစ်မေတ္တာလွှမ်း၊ ချစ်သဒ္ဓါဆမ်း၍
ချစ်ပန်းကိုပျိုး၊ ချစ်စိုးမိုးလေ
စိုးပါစေဟု၊ ရည်ရွယ်ပြုလျက်
“ချစ်စိုး” ဟုတွင်၊ ငါသည်ပင်လျှင်
မွေးမိခင်၏၊ ရွှေရင်မှဖွား
လူ့ပြည်လားပြီ
ဤသို့နိဒါန်း ချီခဲ့သည်။

ဤနိဒါန်းဖြင့်၊ သက်တမ်းမြင့်၍
ဆယ်ဆင့်ကျော်သော်၊ ငါလူမော်သည်
တော်တော်တန်တန်၊ လူသာမန်တို့
ရံဖန်ရကြ၊ မြင့်မြတ်လှသော
သာသနာ့နွယ်ဝင်၊ ကိုရင်ဘဝ
“တိက္ခဉာဏ”၊ ဘွဲ့တော်ခလျက်
ဘုရာ့ရှင်ချစ်၊ သားစင်စစ်သို့
ဖြစ်ဖြစ်မြောက်မြောက်၊
ဆိုက်ရောက်ခဲ့ပြီ၊ ဆိုက်ရောက်ပြီတည့်။

ထိုဘ၀ဖြင့်၊ အနေရင့်၍
နေမြင့်ဖန်များ၊ နေဖန်များသော်
ချိန်ကားကုန်ပြန်၊ ရဟန်းခံသည်
ငါသည် ဤသို့ စာကိုယ်စီ။

အေးချမ်းသပ်ရပ်၊ ရဟန်းဝတ်ဖြင့်
မချွတ်ဝိနည်း၊ ထိန်းစောင့်စည်းရင်း
စာပေကျမ်းဂန်၊ လေ့လာအံရင်း
သာသနာ့တာဝန်၊ ထမ်းကျေပွန်ရင်း
ချိန်လွန်ကုန်ခမ်း၊ စာကိုယ်လမ်းကို
လျှောက်လှမ်းညီညီ၊ လှမ်းခဲ့သည်မှာ
ဒီနေ့ဒီခါ၊ ဒီချိန်ခါဝယ်
သုံးဆယ်လွန်မြောက်၊
သုံးဆယ့်တစ်သို့ ရောက်ချေပြီ။

လှပမြင့်မြတ်၊ ဤနေ့ရက်ဝယ်
အတွေးကြွယ်ပွား၊ ငါစဉ်းစားမိ
စဉ်စားကြည့်သော်၊
သက်ရှိငါသည်၊ နိဒါန်းကိုချီ
စာကိုယ်စီလျက်၊ မညီလမ်းထက်
လမ်းလျှောက်ထွက်၍၊ ခရီးဆက်ခါ
လှမ်းနေပါသည်၊
ထိုသို့လှမ်းရင်း၊ ဖြတ်သန်းရင်းပင်
တစ်ချိန် နိဂုံးဆုံးချေမည်။

ထပ်လောင်းစဉ်းစား၊ အတွေးပွားသော်
ထိုနိဂုံး၏၊ အဆုံးသတ်မျဉ်း
ဖြောင့်ဖြောင့်စင်းအောင်၊ စွမ်းဆောင်နိုင်သူ
ကျင့်နိုင်သူမှာ၊ ငါကိုယ်တိုင်သာ
ဖြစ်တည်ပါ၍၊ ပျက်စီးခန္ဓာ
စဉ်အလာကို၊ ကောင်းစွာနှလုံး
ငါမွေ့ထုံးလျက်၊ မပျက်သုဉ်းခင်
အဆုံးဖြစ်ပျက်၊ မြင်တွေ့အပ်အောင်
ကျင့်ဆောင်ပွားများ၊ ငါကြိုးစားမည်
အစနိဒါန်း ဆုံးဖို့ရည်။
အဆုံးနိဂုံး လှစေမည်။ ။

27.05.2009 -ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ၏ ၃၁-နှစ်မြောက် မွေးနေ့ မင်္ဂလာအတွက် စပ်ဆို သီကုံး ပူဇော်ပါသည်။ ဘုန်းဘုန်း ကျန်းမာစွာဖြင့် သာသနာ့ တာဝန်တွေ စိတ်ရှိသ၍ ဆောင်ရွက်နိုင်ပါစေ ဘုရား။

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

**************************************************

နောက်ထပ် ဆရာတော် တစ်ပါးက ဘုန်းဘုန်း ဦးနာယကာ လင်္ကာရ ပါ။ ဘုန်းဘုန်းကတော့ ခုလာမယ့် မေ-၂၈ ရက်နေ့ဆို သက်တော် ၃၂-နှစ် ပြည့်ပါပြီ။

အရှင်နာယကာလင်္ကာရ


ဘုန်းဘုန်းရဲ့ မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော် ရင်ခုန် ခံစားပြီး ရေးစပ် ပူဇော်ထားတဲ့ ကဗျာလေးက “သစ္စာရှာဖို့ မြင်းစီးသူ” တဲ့။ ဒီကဗျာလေးက ကျွန်တော် ရေးပြီးသားပါ။ ဘလော့မှာလည်း တစ်ကြိမ် ဖော်ပြ ပြီးသားပါ။ ဘုန်းဘုန်းရဲ့ မွေးနေ့မှာ ဘာလို့ အသစ်ထပ် မရေးတာလဲ ဆိုတော့ နောက်ထပ် အသစ် ထပ်ရေးလည်း ဒီကဗျာလေးရဲ့ အရသာကို မှီနိုင်စွမ်း ရှိမယ်လို့ ကျွန်တော့် အနေနဲ့ မထင်လို့ပါ။ ဘုန်းဘုန်းရဲ့ ဦးနာယက ဆိုတဲ့ ဘွဲ့တော် လေးကိုပဲ အခြေတည်လို့ ရေးဖွဲ့ထားတဲ့ ကဗျာလေးက ဒီလို…။

*သစ္စာရှာဖို့ မြင်းစီးသူ*

အလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်
အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။

အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။

ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။

အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ
အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။

ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။

မြတ်ဘုရားနှင့် ဘုန်းဘုန်းအား လေးစားကြည်ညို ရိုရိုသေသေ ရှိခိုးကန်တော့လျက်
ဖိုးသား

*************************************************************

ကဲ ဓမ္မမိတ်ဆွေတို့ မေ-၃၀ မှာ ကျရောက်မယ့် နောက်ဆုံး မွေးနေ့ရှင် လူပုဂ္ဂိုလ်က ဘယ်သူများလို့ ထင်ပါသလဲ။ အတွေးနယ် မချဲ့ပါနဲ့ မိတ်ဆွေတို့။ အဲဒီ မွေးနေ့ရှင်က ကျွန်တော် ကိုယ်တိုင်ပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ မသိခြင်းတွေကို အဖော်ပြုရင်း ခန္ဓာငါးပါး ၀န်တာကို ထမ်းဆောင်ခဲ့တာ အခု မေ-၃၀ ဆိုရင် ၂၄-နှစ် ပြည့်ပါပြီ။

ဒီနေရာကပဲ ရတနာ ၃-ပါး၊ ကျွန်တော့်ကို မွေးကျွေးခဲ့တဲ့ မိဘ ၂-ပါးနဲ့ စာတစ်လုံး စကား တစ်ခွန်းမှအစ အစစ အရာရာ သွန်သင်လမ်းပြ ဆုံးမခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို တရိုတသေ ဦးတိုက်လိုက် ပါရစေ။ အခွင့် မသင့်လို့ လူကိုယ်တိုင် လာရောက် မကန်တော့နိုင်ဘဲ အွန်လိုင်း စာမျက်နှာ ကနေ ဦးခိုက်ရှိခိုး ရခြင်းအတွက်လည်း တောင်းပန်ပါရစေ။

ဒီအွန်လိုင်း စာမျက်နှာကနေပဲ သွန်သင်သူတွေရဲ့ စကားကို ခံယူရင်း၊ ဘာသာရေး စာမျက်နှာ လေးတွေကို ဖတ်ရှုရင်းနဲ့ အနည်းငယ်သော ဘာသာရေး အသိလေးတွေ ကျွန်တော် ရခဲ့တယ်လို့ပဲ ဆိုရမပေါ့လေ။ အဲဒီ ဘာသာရေး အသိလေးတွေနဲ့ ကျွန်တော့်ရဲ့ မွေးနေ့အတွက် ဆင်ခြင် စဉ်းစားလို့ ရေးဖွဲ့မိတဲ့ ကဗျာလေးက နှစ်ပုဒ်ပါ။ ကဲ.. ဓမ္မ မောင်နှမတို့.. ကျွန်တော့်ရဲ့ ရင်ခုန်သံ စည်းချက် ကဗျာနှစ်ပုဒ်ကို ဖတ်ရှုစဉ်းစား အတွေးပွားလို့ အသိလေးတွေ တိုးအောင် ရွက်ဆောင် လိုက်ပါဦး…။

*ဘတ်ဒေးမှ ထွက်ပြေးပါရစေ*

ငါ့မွေးနေ့…
ဘာရေးရမလဲ
စဉ်းစားလေ မသိလေ။

မိုး…
မင်းရွာနေလား
ဖွဲဖွဲလေးလား
သည်းသည်းလေးလား
ဒါလည်း မသိဘူး။

ဘယ်သိပါ့မလဲ
ငါရောက်နေတာက
မင်းနဲ့ အဝေးမှာ။

ဒါပေမယ့်
နှစ်ဆယ့်သုံးကြိမ်တိုင်တိုင်
မင်းနဲ့အတူ
ဘ၀လှေကို
လှော်ခတ်ခဲ့ပြီးပြီ၊
ဘတ်ဒေးကနေ
ထွက်ပြေးခဲ့ပြီးပြီ
မရဏဆီကို ဦးတည်လျက်။

ဒီ…
နှစ်ဆယ့်လေးကြိမ်မှာတော့
မင်းးးး
တဖြောက်ဖြောက်တောင်
ကျနိုင်စွမ်းပါ့မလား…
ဒါလည်းပဲ
ငါကြို၍မသိ။

မိုးးးး
အခု သိလား
ငါ့ကိုယ်ငါ မေးမိတယ်
မွေးနေ့တွေ တရွေ့ရွေ့ကွယ်ပျောက်
ဘာလို့များ
သေမင်းဆီအရောက်လှမ်းနေရပါလိမ့်။

……
……
အော် ငါသိပြီ
ခန္ဓာ…
ဟုတ်တယ် ဒီခန္ဓာ…
ဒီကောင်ကြီး ရှိနေလို့
ဟုတ်တယ် မှတ်လား… မိုး။

ဒီခန္ဓာ ရှိနေသ၍
ဒီကိုယ်ကောင် တည်နေသ၍
အော်…
ဘတ်ဒေးရောက်တိုင်း
မိုးရယ်…
ငါ့ကို သူ
လက်ခမောင်းခတ် ဆီးကြိုနေတယ်
သေမင်းလေ။

တစ်နှစ်မှ တစ်နှစ်ကူး
၂၃-က ၂၄-ပြောင်း
အတိတ် ဘတ်ဒေးတွေ
ဟောင်းပြီးကျန်
အနာဂတ် ဘတ်ဒေးတွေကလည်း
သူ့ဆီပဲ ဦးတည်နေပါလား… မိုး။

ကြောက်တယ် မိုး
ခန္ဓာ နောက်ထပ်တည်ရမှာ။

ခုလည်း
ဆုတောင်း နေမိတယ်
ဘ၀အဆက်ဆက်ကနေ
ဒီနေ့အထိပြုခဲ့တဲ့
ကုသိုလ်တွေ သက်သေထူလို့
ဘတ်ဒေးမှ
ထွက်ပြေးပါရစေ
သေမင်းဆီမဟုတ်၊
တုနှိုင်းမမှီသော ငြိမ်းအေးမှုဆီ
မွေးနေ့တွေကနေ
လွန်မြောက်ပါရစေ
တစ်ခုတည်းသော လွတ်မြောက်မှုဆီ။

မိုး…
မင်းမကြားမှာ စိုးလို့
ထပ်ပြောလိုက်တယ်
ဘတ်ဒေးမှ ထွက်ပြေးရပါလို၏။

ဖျတ်ခနဲ ငဲ့ကြည့်မိ
အော်…
စင်မြင့်ထက်မှာ
ငြိမ်းအေးမှုသခင်
ဘုရားရှင်ပါလား…။ ။

ဤသံဝေဂ ကဗျာ၊ သံဝေဂ ဉာဏ်သည် နိဗ္ဗာန် ရောက်ကြောင်း၊ ဘတ်ဒေး ကနေ ထွက်ပြေး လွန်မြောက်ကြောင်း အထောက် အပံ့ကောင်း ဖြစ်ရပါလို၏ အရှင်ဘုရား။

(30.05.2009) စနေနေ့တွင် ကျရောက်သော ၂၄-နှစ်ပြည့် အမှတ်တရ သံဝေဂ။

လေးစားစွာဖြင့်
ဖိုးသား

===============================

နောက်တစ်ပုဒ်က...

*မွေးနေ့ရှင်ရဲ့ ဆင်ခြင်ခဏ်း*

ဘာလေးတွေလဲ
ဖြူလွလွငွေရောင်တန်းလေးတွေ
ကြယ်ကြွေတာလား… မနက်ခင်းကြီး
ငါမြင်ဘူးပါတယ်
အော်…
မသိခြင်းတွေနဲ့ မေ့လျော့နေလိုက်တာ
ချစ်စရာ့မိုးပွင့်လေးတွေပါလား
သံသရာ တစ်ကြော့
ပြန်လည်လို့ခေါင်းမော့လာပြန်ပြီ။

ဟော…
စိမ့်ကနဲ စိမ့်ကနဲနဲ့
အေးချမ်းမှုအရသာလေးတွေ
လာပြီးတို့ထိ ဆော့ကစား
ငါ့ကိုကြည်စားနေပြန်ပြီ။

အဲ…
ဘာလိုလိုနဲ့
ငါနဲ့မိုး
မိုးနဲ့ငါ
မခွဲမခွါ ပျော်ပါး
သစ္စာတွေထား
မေတ္တာတွေပွား
ကြည်နူး ပျော်ပါး
ရန်ဖြစ်
ပြန်ချစ်
… … …
… … …
နှစ်ဆယ့်လေးနှစ် ပြည့်ပြီ။

ငါ.. ဘာဖတ်နေတာပါလိမ့်
အော်.. မသိခြင်းငါးမျိုး
ဘယ်အရွယ်မှာ သေမှာလဲ…?
ဘာရောဂါနဲ့ သေမှာလဲ…?
ဘယ်အချိန်မှာ သေမလဲ…?
ဘယ်သုဿာန်မှာ စွန့်ပစ်ခံရမလဲ…?
ဘယ်ဘ၀ ရောက်မလဲ…?
မသိ
မသိ
ငါ.. လုံးဝမသိ။

ထား…
ငါဘာသိလဲ
မိုးပွင့်ကြွေကျ
အေးမြမှု အရသာ
အချိန်တန်ရင် ပျက်စီး
ဒါ.. ငါသိပြီးသား။

နောက်
ဘ၀ရေလှိုင်းထဲ
ငါကူးခတ်ခဲ့
စုန်ချည် ဆန်ချည်
မြင့်ချည် နိမ့်ချည်
ကွေ့ချည် ကောက်ချည်
ငါရောက်ခဲ့ဘူးပြီ။

စဉ်းစားစမ်း
မိုးကျေနပ်အောင်
ငါဘာလုပ်ဖို့ ကျန်သေးလဲ
ဆက်ဖတ်လိုက်တယ်
အနေတတ်ခဲ့
သေတတ်ရန်သာ ကျန်၏။ ။

ဒီကဗျာလေးက ၂၀၀၈ ခုနှစ် ၁၂ လပိုင်းအတွင်း ကျရောက်ခဲ့တဲ့ ကိုလွမ်းဝေ (အလှတရား)နဲ့ ကိုဝင်းမြင့် (သစ္စာတရား)တို့ရဲ့ မွေးနေ့ပွဲအတွက် ကျွန်တော် ရေးစပ်ပေးခဲ့တဲ့ *မေတ္တာဖြင့် စီရင်အပ်သော (သို့) မင်္ဂလာရှိသောနေ့* အမည်ရ ကဗျာလေးကို အနည်းငယ် ပြုပြင်လို့ ပြန်လည် ရေးသား ဆင်ခြင် လိုက်ခြင်းပါ။ ဤသို့ ကျွန်တော် ပြန်လည် ဆင်ခြင်မိသော သံဝေဂဉာဏ်သည် နိဗ္ဗာန် ရောက်ကြောင်း အထောက် အပံ့ကောင်း ဖြစ်ပါစေသား…။

(30.05.2009) စနေနေ့တွင် ကျရောက်သော ၂၄-နှစ်ပြည့် မွေးနေ့အတွက် ထပ်ဆင့် ဆင်ခြင်ခြင်း။

=========================================

အားလုံးသော ဓမ္မ မောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

5/20/2009, WED:, 6:26:37 PM



Read more...

စစ်မှန်သောကိုးကွယ်မှုမှတပါး

ဗုဒ္ဓဘာသာမှာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာပါ။ ထေရ၀ါဒရဲ့ အဓိပ္ပါယ်ကတော့ ထေရဆိုတာ ခိုင်မြဲခြင်း.. ၀ါဒဆိုတာတော့ အယူအဆပါ။ ဘာတွေနဲ့ ခိုင်မြဲလည်း ဆိုတော့ သရဏဂုံသုံးပါး၊ သိက္ခာသုံးရပ်၊ မဂ္ဂင်(၈)ပါးတို့နဲ့ ခိုင်မြဲပါတယ်။ အဲ့ဒီ့ သုံးရပ်တို့နဲ့ ခိုင်မြဲတဲ့ မထေရ်တို့ရဲ့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တဲ့ ၀ါဒ(အယူအဆ)ကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာကတော့ ဗုဒ္ဓဟုခေါ်သည့် သဗ္ဗညုဘုရားရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင်သူကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ခေါ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဆိုတာကတော့ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို စစ်မှန်သော သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ပြီး သရဏဂုံ ဆောက်တည်ပါမှ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ဦး စစ်စစ်ဖြစ်ဖို့ ရတနာမြတ်သုံးပါး အကြောင်းကို ကောင်းစွာ သိရှိထားရန် လိုအပ်သလို ပညာနဲ့ယှဉ်ပြီး ကိုးကွယ်ဆည်းကပ် ပူဇော်တတ်ဖို့လည်း အရေးကြီးပါတယ်။

စစ်မှန်သော ကိုးကွယ်မှု ဆိုတာကတော့ တရားနာမြတ်သုံးပါးဟု ဆိုအပ်သော ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော မည်သည့် အရာမှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုတာကို ခေါ်ပါတယ်။ ဒါဆို တခြားသော အရာတွေကို ကိုးကွယ် ဆည်းကပ်ရင် ဘာဖြစ်မလဲ? ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာတွေကို ကိုးကွယ် ဆည်းကပ်မယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ ပြောလို့ မရတော့ပါဘူး။ အဲ့လိုမျိုး ဗုဒ္ဓဘာသာကိုတော့ မျိုးမစစ် ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဘာလို့ ဒီအချက်ကို အဓိကထား ပြောရလဲဆိုတော့ ကျနော်တို့တွေရဲ့ ဗုဒ္ဓဘာသာမှာ သရဏဂုံဆိုတာ အသက်ပါ။ သရဏဂုံမှ ကောင်းစွာ တည်မထားတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တရားတွေ အားထုတ်နေပါစေ.. သရဏဂုံ ကောင်းစွာ တည်မထားတဲ့ အတွက် တရားရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဘာလို့လည်းဆိုတော့ ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာကို ကိုးကွယ်လိုက်ပြီ ဆိုတကည်းက သူ့မှာ ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်တော့ဘူး ဆိုတာ ယူဆလို့ ရပါတယ်။ နောက်ပြီး ဘုရားမှတစ်ပါး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားကိုသာမက ဘုရားရဲ့ အဆုံးအမကိုပါ မယုံကြည်ရာ ရောက်တဲ့ အတွက် ဘုရားကို စော်ကားရာ ရောက်ပါတယ်။

ကျနော်တို့မြန်မာတွေ အများဆုံး ဖြစ်နေကြတဲ့ အယူစွဲတွေ ရှိပါတယ်။ အတိတ်နမိတ်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စသည့် အယူအဆွဲတွေ တော်တော် ရှိကြပါတယ်။ နောက်ပြီး.. ဘိုးတော်၊ အမ်းကုန်း၊ သူရဿတီ၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ နတ်အမျိုးမျိုး စသည့် အရာတွေကို ကိုးကွယ်ကြတာတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ အများ ကြီးပေါ့။ သူတို့ဘာသာသူတို့ ဘာတွေပဲဖြစ်နေပါစေ.. ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော အရာတွေကို ကိုးကွယ်လိုက်ပြီဆိုရင် စစ်မှန်သော ကိုးကွယ်မှု မဟုတ်တော့ပါဘူး အဲ့လိုမျိုး ဘုရား တရား သံဃာကို မျက်နှာလွဲပြီး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားအဆုံးအမကိုပါ မျက်နှာလွဲရာ ရောက်သွားပါတယ်။

အိမ်မှာ ဘုရားဆင်းတုရှိတယ်.. ဘုရားရှင်ဆုံးမထားခဲ့တဲ့ တရားတော်တွေ ရှိတယ်။ ဒီဟာတွေကို မျက်နှာလွဲပြီးတော့ ကိုယ်က ဗေဒင်သွားမေးမယ် ဆိုပါဆို့။ ဗေဒင်သွားမေးလိုက်ပြီဆိုကတည်းက ဘုရားရှင်အဆုံးအမကို ပါယ်လိုက်ပါပြီ။ ဒီလိုလုပ်လိုက်ပြီ ဆိုကတည်းက ကံနဲ့ ကံရဲ့အကျိုးကို မယုံကြည်တော့ဘူး။ ဘုရားအဆုံးအမတွေကို မယုံကြည်တော့ဘူး..။ ဘုရားရှင် ဆုံးမခဲ့တဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုး ပေးမယ်.. မကောင်းတာ လုပ်ရင် မကောင်းကျိုး ပေးမယ် ဆိုတာကိုလည်း မယုံကြည်တော့ပါဘူး။ သူများကို အားကိုးမှ ရမယ်ဆိုတဲ့ စိတ်တွေဝင်လာတယ်.. အချောင်ရချင်တဲ့ စိတ်တွေဝင်လာတယ်..။ ဒီလိုဆိုရင် ဘုရားဟောတဲ့ မိမိကိုယ်သာ ကိုးကွယ်အားကိုးရာ ဆိုတဲ့ စကားကို ပယ်လိုက်ရာ ရောက်ပါတယ်။

နောက် ပြဿဒါး၊ ရက်ရာဇာ ဆိုတာတွေလည်း ဒီအတိုင်းပါပဲ။ ဘုရားရှင်က ဆုံးမခဲ့တယ်.. သုနက္ခတ္တံ သုမင်္ဂလံ တဲ့.. ကောင်းတာလုပ်နေတဲ့ အချိန်ဟာ ကောင်းတဲ့ နက္ခပဲတဲ့။ ဒါဆိုရင် မကောင်းတာလုပ်နေတဲ့ အချိန်ဆိုရင်တော့ မကောင်းတဲ့ နက္ခတ်ပေါ့။ ဒီအချက်ကို ပါယ်ပြီးတော့ နေ့ကောင်းရက်မြတ် ရွေးတာတို့.. ရက်ရာဇာ ရွေးတာတို့.. ဒါတွေဟာ ဘုရားဆုံးမခဲ့တဲ့ တရားကို ပါယ်ရာရောက် သွားပါတယ်။ သကြားဟာ ဘယ်နေ့စားစား ချိုသလိုပါပဲ.. ဆားဟာလည်း ဘယ်နေ့ စားစား ငန်မှာပါပဲ။ ဒါကို ရက်ကောင်းတွေ ရွေးပြီးမှ လုပ်ကြတယ်ဆိုရင်.. ဒီအချက်ဟာလည်း ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည် တော့တာပါပဲ။ ဒါဆိုရင် အဲ့ပုဂ္ဂိုလ်ဟာ ဘုရားအဆုံးအမကို ပါယ်သွားပြီ။ ဒီအချက်တွေဟာ မြင်သာအောင် အနည်းငယ် လောက်ကိုပဲ ထုတ်ပြလိုက်တာပါ။ တခြားဟာတွေကိုလည်း ဖြန့်တွေးလို့ ရလောက်ပါပြီ..။ ကိုယ့်ကိုကိုယ် တိုးတက်အောင်.. ကြီးပွားအေင်.. အောင်မြင်အောင်.. ဘယ်သူမှ မစလို့ မရနိုင်ပါဘူး။ ဘယ်နတ်၊ ဘယ်ဘိုးတော်၊ ဘယ်ဗေဒင်ဆရာ၊ ဘယ်နက္ခတ်မှလည်း အားကိုးလို့ မရပါဘူး။ မိမိကိုယ်သာလျှင် အားကိုးရမှာပါ။ ဘုရားရှင်ကလည်း သူ့ကိုတိုင်တည်.. သူ့ကိုသာ အားကိုးလို့ မမှာခဲ့ပါဘူး။ ဒါပေမယ့် ဘုရားရှင်က နည်းလမ်းတော့ ပေးခဲ့ပါတယ်။ မင်းတို့ရဲ့ ကံ၊ ဥာဏ်၊ ၀ရိယ ကိုအားကိုးပါတဲ့။ တုနှိုင်းမဲ့တဲ့ တန်ခိုးတော် အနန္တနဲ့ပြည့်စုံတဲ့ ဘုရားရှင်တောင် သူ့ကို အားမကိုးခိုင်းခဲ့ဘူးနော်။ သူများကိုအားကိုးဖို့ဆိုရင်တော့ မပြောပါနဲ့တော့။

ဒီလောက်ဆိုရင် သရဏဂုံသုံးပါးမှတပါး အခြားအရာတွေကို မကိုးကွယ်ထိုက်ဖူးဆိုတာ လက်ခံလောက်ပြီထင်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်ရင်.. စိတ်လည်းရှင်းတယ်.. ခေါင်းလည်းရှင်းပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်အားကိုယ် ကိုးတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပါတယ်။ ဟိုဗေဒင်ဆရာပြော ဟုတ်နိုးနိုး.. ဒီဘိုးတော်ပြော ဟုတ်နိုးနိုး... ပြဿးဒါးရက်ရာဇာ ရွေးရ ဟုတ်နိုးနိုးနဲ့ ကိုယ့်ကိုကိုယ် အားမကိုးပဲ သူများပြော ဟုတ်နိုးနိုး လိုက်နေရတဲ့ အရူးဘ၀ကလည်း လွတ်ကင်းပါတယ်။ အရူးဘ၀က ကင်းလွတ်တဲ့ အတွက်လည်း စိတ်ချမ်းသာပါတယ်။ စိတ်ချမ်းသာတဲ့ အတွက်လည်း တရားထူး တရားမြတ်ရဖို့ လွယ်ကူပါတယ်။ ဒါ့ကြောင့် စစ်မှန်သော ရတနာမြတ်သုံးပါး ကိုးကွယ်မှုမှတစ်ပါး.. အခြားသော မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်နက္ခ မည်သည့်အယူမှ အားမကိုးပဲ ကိုယ့်အားကိုယ်ကိုးပြီး ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒတွေကို လက်ကိုင်ထားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒတွေကတော့..

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ
စစ်မှန်သောကိုးကွယ်မှုဖြင့် ဗုဒ္ဓဘုရားရဲ့ ဆုံးမသြ၀ါဒများကို လက်ကိုင်ထား လိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP