ရန်ကုန်၊ မေ၈- ထေရ၀ါဒဗုဒ္ဓဘာသာ၏ အနှစ်သာရ အကြောင်းအရာများကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ(၆)နိုင်ငံတွင် လှည့်လည်ရိုက်ကူးထားသော ဒါရိုက်တာစင်ရော်မောင်မောင်၏ မဇ္ဈိမအလင်းဇတ်ကားကြီး ပြီးစီးပါက ပြသလိုသောနိုင်ငံများသို့ အခမဲ့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇတ်ကားကြီးမှာ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများတွင် လှည့်လည်ရိုက်ကူးထားသော ဇတ်ကားကြီးဖြစ်ကာ အထူးခြားဆုံးအဖြစ် မည်သည့်သရုပ်ဆောင်မှ မပါဝင်ထားဘဲ သာမန်လူများဖြင့်သာ ရိုက်ကူးထားကြောင်း သိရသည်။

“ဒီဇတ်ကားကြီးဟာ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံးနဲ့ အထူးခြားဆုံး မှတ်တိုင်တစ်ခုဖြစ်ပါသည်၊ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကြိုးစားပြီး ရိုက်လာတာပါ၊ နောက်သုံးလဆို အပြီးရိုက်ကူးဖို. အစီအစဉ်ရှိပါတယ်၊ ဒီကားမပြီးမချင်း တစ်ကားမှ ဆက်မရိုက်ပါဘူး၊ ဒီကားပြီးမှ ရိုက်ပါမယ်၊ ကျပ်သိန်း(၁၀၀၀) ကုန်ကျမယ်လို့ မှန်းထားပါတယ်၊ ဒီနေ့အထိ သိန်း(၇၀၀)ကျော် ကုန်ကျပြီးပါပြီ၊ ဒီဇတ်ကားကြီးအတွက် မဟာစည်၊ မင်းကွန်း၊ လယ်တီဆရာတော်ကြီးတွေနဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာအဖွဲ့ချုပ် တိပိဋကယောဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီးစတဲ့ Ph.D ဆရာတော်ကြီးတော်တော်များများ လမ်းညွှန်ပေးထားပါတယ်၊ ဘုရားရှင်ရဲ. ဂုဏ်ကျေးဇူးတွေကို ရည်စူးပြီး လုပ်တာပါ၊ ဘ၀အတွက် အရေးအကြီးဆုံး ဇတ်ကားပါပဲ”ဟု ဒါရိုက်တာ ဦးစင်ရော်မောင်မောင်က ပြောပါသည်။
(မှတ်ချက်။ Flowers News ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)