* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 16, 2009

အမှားသံသရာ…

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘုန်းဘုန်းအနေနဲ့ မြန်မာပြည်က ဆရာတော်တစ်ပါးကြွလို့ ဆရာတော်တရားပွဲလုပ်မယ့် နေရာကိုကြွပြီး ဘာသာပြန်လုပ်ပေးရပါတယ်။ ဘာသာပြန်ပေးရတာက တရားဟောတာရော၊ စကားပြောတာတွေရောပါ။ တရားပွဲပြီးတော့ စကားပြောတဲ့အချိန်မှာလည်း စကားပြန်လုပ်ပေးရပါတယ်။ စကားက ရိုးရိုးစကားမဟုတ်ပါဘူး။ ပြဿနာ စကားတွေပါ။ ပြဿနာက တစ်ခြားမဟုတ်ဘူး။ ဘုန်းကြီးကိုပင့်လာပြီး သူ့နေရာမှာ တရားစခန်းလုပ်မယ်၊ ကိုယ့်နေရာမှာ တရားစခန်းလုပ်မယ်ဆိုတဲ့ ပြဿနာပါ။ တရားစခန်းလုပ်တာ ဘာပြဿနာရှိလဲလို့ တွေးစရာရှိပါတယ်။ တရားစခန်းက ပြဿနာမဟုတ်ပါဘူး။ ဘုန်းကြီးကို အမှီပြုပြီး သူတို့အချင်းချင်း မာနပြိုင်ကြတာက ပြဿနာပါ။ ဘုန်းကြီးကို ပင့်ဖို့လုပ်တုန်းက သူတို့တွေ အတူတူ တိုင်ပင်ညှိနှိုင်းလုပ်ကြတာပါ။ ဒါပေမယ့် နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလွဲပြီး အကြီးအကျယ် အညှိုးအတေး ဖြစ်ကြရာက သူမှားတယ်၊ ကိုယ်မှန်တယ် ဖြစ်ကုန်ကြတာပါ။ ဒီတော့ တာဝန်ခံပြီး ပင့်လာတဲ့ ပုဂ္ဂိုလ်ကလည်း သူစပွန်စာ ပေးထားတာ ဖြစ်တဲ့အတွက် သူ့ဆီကိုခွင့်ပန်ပြီး သူခွင့်ပြုမှ ပင့်လို့ရမယ်လို့ ဖြစ်ကုန်ကြသလို တစ်ဘက်ကသူတွေကလည်း ဆရာတော်က ခွင့်ပြုတဲ့အတွက် စပွန်စာပေးတဲ့သူ ခွင့်မပြုလည်း ဆရာတော်ကို ပင့်ပြီးလုပ်ကြမယ်ဆိုကာ လုပ်ကြပါတယ်။ ဆရာတော်အနေနဲ့ကလည်း တရားဟောဖို့ လာတာဖြစ်တဲ့အတွက် ဘယ်သူပင့်ပင့်ကြွမယ်ဆိုပြီး ပင့်တဲ့နေရာ ကြွပါတယ်။ အဲဒီမှာပဲ စပွန်စာပေး ပင့်ထားတဲ့သူက သူနဲ့ပြဿနာ ဖြစ်တဲ့သူတွေပင့်ရင် မကြွရဘူး ဖြစ်ပြန်ပါတယ်။ ဆရာတော်က သူတို့ဘာသာစကားလည်း မရတော့ ဘုန်းဘုန်းကို အကူအညီတောင်းပြီး ပြဿနာကို အတတ်နိုင်ဆုံး ပြေလည်သွားအောင် ညှိနှိုင်းပေးပါတယ်။ ဒါပေမယ့်လည်း မာနတွေ ခံနေကြတဲ့ သူတို့တွေဟာ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ဖြစ်နေကြတဲ့အတွက် ညှိမရဖြစ်ကာ နောက်ဆုံးစပွန်စာ ပေးတဲ့သူက ခွင့်မပြုတဲ့အတွက် တရားစခန်းပျက်သွားခဲ့ရပါတယ်။ စပွန်စာပေးတဲ့သူက သူ့နည်းသူ့ဟန်နဲ့ တစ်ခြားနေရာတွေမှာ လုပ်ဖို့စီစဉ်ပါတော့တယ်။ အမှားတစ်ခုနဲ့ နားလည်မှုလွဲမှုကို အခြေခံပြီး ဖြစ်ကြတဲ့ ပြဿနာဟာ မာနတွေကြောင့် မပြေလည်ဘဲ သူတို့တွေကြားမှာ ပိုလို့သာ အညှိုးအတေးတွေ ဖြစ်ကုန်ကြပါတယ်။ အမှားများနဲ့ မပြီးနိုင်တဲ့ ပြိုင်ဆိုင်မှုတွေသာ ဆက်ပြီးတိုးပွားကာ အမှားသံသရာသာ ရှည်ကုန်ကြပါတော့တယ်။

မှန်ပါတယ်။ လောကမှာ အမှားဆိုတာ ဘယ်သူမှ မကင်းကြပါဘူး။ ပုထုဇင်ပုဂ္ဂိုလ်များဖြစ်၍လည်း ပိုလို့တောင် အမှားရှိတတ်ကြပါတယ်။ ဒီလိုအမှားတွေကိုသာ လိုက်ပြီးတစ်ခုချင်း အပြစ်ပုံချနေကြမယ်ဆိုရင် အမှားဟာ အမှန်ဖြစ်လာမှာ မဟုတ်တော့ဘဲ အငြိုးအတေးတွေပဲများလာကာ အဆုံးမသတ်နိုင် ဖြစ်တတ်ကြပါတယ်။ မာနတွေပြိုင်ကာ အနိုင်ပြုလာတတ်ပါတယ်။ အမှားတစ်ခုကို အကြောင်းပြုပြီး မကောင်းမှုတွေ လုပ်ဖြစ်လာတတ်ကြပါတယ်။ ဒီလို မကောင်းမှုတွေအထိ လုပ်လာတတ်ပြီဆိုရင်တော့ ဒီဘ၀မှာတင်မဟုတ်ဘဲ နောင်သံသရာအထိ အကျိုးဆက်တွေ ဖြစ်ကုန်ပါတယ်။ နောင်ဘ၀အထိ ပါလာပြီဆိုရင်တော့ သံသရာက ရှည်လာလေပြီပေါ့။ ဒီဘ၀မှာတောင် ဒီလိုဒုက္ခတွေနဲ့ ကျင်လည်နေကြရတာ နောင်သံသရာအထိ ပါသွားပြီဆိုရင်တော့ ဘ၀အဆက်ဆက် ဒုက္ခတွေက ပြောမပြနိုင်အောင်ပါပဲ။ ရှည်လိုက်မယ့် သံသရာကလည်း ခံပေတော့လို့ပဲ ဆိုရတော့မလို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် အမှားမကင်းတဲ့ ပုထုဇင်လူသားတွေ ဖြစ်နေကြတဲ့အတွက် ဒီအမှားကို အကြောင်းပြုပြီး သံသရာ မရှည်ကြဖို့၊ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး မာနတွေ မပြိုင်မိကြဖို့၊ အတတ်နိုင်ဆုံး ခွင့်လွှတ်ပြီး သီးခံခ၀ါချနိုင်ဖို့ သတိပြုသင့်ကြပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ဘ၀သံသရာတစ်လျှောက် အမှားများနောက်ကိုလိုက်ပြီး ခံလိုက်ရမယ့် ဒုက္ခတွေသာ တိုးပွားလာနေကြပါလိမ့်မယ်။

ဒီနေရာမှ အမှားတွေကို အကြောင်းပြု မာနပြိုင်ကြရာက ဘ၀သံသရာမှာ တစ်လှည်ဆီ ခံလိုက်ရတဲ့ ၀တ္ထုသာဓကလေးတစ်ခုကို ဗဟုသုတအဖြစ် တင်ပြလိုပါတယ်။ ဒီဝတ္ထုက ဓမ္မပဒမှာလာတဲ့ ကာဠယက္ခီနီဝတ္ထုပါ။ ဒီဝတ္ထုကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်အချိန်က သားသမီးမရနိုင်တဲ့ တစ်စုံတစ်ယောက်သော အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ပြိုင်ဘက် တစ်ဦးကို အကြောင်းပြုပြီး ဟောတော်မူပါတယ်။ ပြိုင်ဘက်ဖြစ်လာရတဲ့ အကြောင်းရင်းက ရှေးလွန်ခဲ့တဲ့ အတိတ်ဘ၀တစ်ခုက စခဲ့တာပါ။

တစ်ချိန်တုန်းက အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ရှိခဲ့ပါတယ်။ သူမဟာ အိမ်ထောင်သက် တော်တော်ကြာတဲ့အထိ သားသမီးမထွန်းကားတဲ့အတွက် သူ့မအမျိုးသားနဲ့ ယောက္ခမများရဲ့ ငြိုငြင်မှုကို ခံရမှာစိုးပြီး သူမသဘောကျတဲ့ အမျိုးသမီးငယ်တစ်ဦးကို ရှာဖွေပြီး သူ့ယောက်ျားနဲ့ ပေးစားလိုက်ပါတယ်။ အဲဒီတော့ အလွယ်နားလည်အောင် ပြောရရင် သူမဟာ မယားကြီးဖြစ်လာပြီး သူမပေးစားတဲ့ နောက်အမျိုးသမီးဟာ မယားငယ်ဖြစ်လာပါတယ်။ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ မယားငယ်မှာ ကိုယ်ဝန်ရှိလာပါတယ်။ ကိုယ်ဝန်ရတယ်ဆိုတာသိတော့ အမျိုးသားနဲ့ ယောက္ခမများဟာ မယားငယ်ကို ဂရုစိုက်ကြ၊ ဦးစားပေးကြတာပေါ့။ ဒါတွေကို မြင်နေရတော့ သူကိုယ်တိုင် ပေးစားခဲ့တဲ့ မယားငယ်ကိုကြည့်ပြီး မယားကြီးဟာ မနာလို မရှုစိမ့်တွေ ဖြစ်လာပါတော့တယ်။ ပြီးတော့ မယားငယ်ရဲ့ ကိုယ်ဝန်ပျက်ကျအောင်လည်း လုပ်ပါတော့တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်ခံထားရတာ သိလာတေ့ တတိယအကြိမ် ကိုယ်ဝန်ရလာတဲ့အခါ မယားငယ်ဟာ မယားကြီးမသိအောင် ကိုယ်ဝန်ဆောင်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ မယားကြီးက သိသွားပြီး အဲဒီကိုယ်ဝန်ကို ပျက်အောင်လုပ်ပြန်ပါတယ်။ ဒီလိုနဲ့ မယားငယ်ဟာ ကလေးမီးဖွားနေတုန်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ မသေခင်မှာ မယားငယ်ဟာ မယားကြီးအပေါ် အလွန်စိတ်နာပြီး အငြိုးအတေးတွေနဲ့ ပြန်လည်ဂလဲ့စားခြေဖို့ ဆုတောင်းကာ သေသွားခဲ့တဲ့အတွက် အဲဒီအိမ်မှာပဲ ကြောင်မကြီးအဖြစ် ပြန်ဖြစ်ပါတယ်။ မယားကြီးသေတော့လည်း အဲဒီအိမ်မှာပဲ ကြက်မအဖြစ် ပြန်ဖြစ်ပါတယ်။ ဒီတော့ ကြက်မကြီး ဥသမျှ ကြောင်မကြီးက စားပါတော့တယ်။ အဲဒီလိုနဲ့ ဘ၀ပေါင်းများစွာ အပြန်အလှန် အငြိုးအတေးတွေနဲ့ အပြိုင်တစ်လှည့်စီ ဖြစ်လိုက်ကြတာ ကြက်နဲ့ကြောင်၊ သမင်နဲ့ ကျားသစ် စတဲ့ဘ၀ပေါင်းများစွာမှာ ဖြစ်ခဲ့ကြပြီး နောက်ဆုံး ဘုန်းဘုန်းတို့မြတ်စွာဘုရားရှင် လက်ထက်မှာ တစ်ယောက်က သာဝတ္ထိမှာရှိတဲ့ အမျိုးကောင်းမိသားစုရဲ့ သမီးအဖြစ်နဲ့ တစ်ယောက်ကတော့ ကာဠီအမည်ရှိတဲ့ ဘီလူးမအဖြစ် ပြန်လည်ဖြစ်ကြပါတယ်။ ဒီဘ၀မှာလည်း အတိတ်ရဲ့ အငြိုးအတေး အမှားအာဂတတွေကြောင့် ဘီလူးမဟာ အမျိုးကောင်းသမီးရဲ့ ကလေးကို ဖမ်းယူစားသောက်ဖို့ အပူတပြင်း ကြိုးစားပါတော့တယ်။ ဒါကိုသိပြီး အမျိုးကောင်းသမီးဟာ သူ့မကလေးကို မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာထားပြီး ထွက်ပြေးပါတယ်။ ဘီလူးမလည်း ဘုရားရှင်ရှေ့မှာဖြစ်တဲ့အတွက် ကလေးကို စားလို့မရဖြစ်ပြီး ကျောင်းအပြင်ကပဲ စောင့်ကြည့်နေရပါတယ်။ နောက်ဆုံးမြတ်စွာဘုရားရှင်က သူတို့နှစ်ဦးကို ခေါ်ပြီး အတိတ်ဘ၀ရဲ့ အကြောင်းကိုပြန်လည် ဟောပြောကာ အောက်ပါတရား စကားကို ဟောတော်မူပါတယ်။

ဘုရားရှင်က ``ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာ ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာဓမ္မတာ သဘောပင်တည်း။`` (ဓမ္မ၊ ၅၊ ကာဠယက္ခိနီဝတ္ထု) ဟုဟော်တော်မူပါတယ်။ တရားတော်ကိုနာပြီး သူတို့နှစ်ဦးဟာ တရားရကာ အမှားတစ်ခုကို အခြေခံခဲ့တဲ့ သံသရာအငြိုးလည်း ပြေငြိမ်းသွားခဲ့ပါတယ်။

ဒီဝတ္ထုသာဓကကိုကြည့်ရင် ဘုန်းဘုန်းတို့ပရိတ်သတ်များ သံသရာမှာ ကျင်လည်ရတဲ့ ဒုက္ခကို ကောင်းကောင်းသဘောပေါက်မိကြမှာပါ။ အမှားတစ်ခုက စခဲ့တဲ့ အငြိုးအာဂတဟာ သံသရာမှာ မပြီးနိုင်အောင်ကို ခံကြရတယ်ဆိုတာ ထင်းရှားလှပါတယ်။ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။ ဘုရားရှင် ဟောတော်မူသလို ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ သူတင်းရင် ကိုယ်လျှော့၊ ကိုယ်တင်းရင် သူလျှော့တဲ့ သဘောမျိုးနဲ့ ဆက်ဆံတတ်ကြမယ်ဆိုရင် ရန်လိုမှုငြိမ်းပြီး သံသရာဝဋ်လည်မှုလည်း ငြိမ်းစေပါတယ်၊ အမှားများရှင်းပြီး အမှန်များလင်းစေပါတယ်၊ အမုန်းမ၀င်ဘဲ အပြုံးတွေထင်စေပါတယ်။ ဒါကြောင့် အမှားမကင်းတဲ့ လောကကြီးမှာ မှားတတ်တဲ့သူတွေ ဖြစ်နေတဲ့ ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့် အမှားသံသရာ မရှည်ကြရအောင် သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ မာနကိုခ၀ါချပြီး ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်လေးများဖြင့် တစ်ဦးအပေါ်တစ်ဦး မေတ္တာထား ဆက်ဆံကြဖို့၊ ဒီဘ၀သံသရာ ဒီမှာပဲပြီးအောင် ကြိုးစားလေ့ကျင့်နိုင်ကြဖို့ အသိပေးတင်ပြလိုက်ရပါတယ်…။

Read more...

အဖြေမဲ့ ဘ၀ပုစ္ဆာ

ဘ၀.....
ဘ၀ရဲ့ပြီးပြည့်စုံခြင်းအဓိပ္ပာယ် ဘာကိုရည်ညွှန်းနေခဲ့လဲ
ငါ တကယ်ကိုတွေးသိနားမလည်နိုင်ခဲ့။
လူတွေရဲ့ ထင်မြင်သတ်မှတ်ထားချက်များစွာတွေထဲ
ငါ...ဖွေရှာသိရှိနေခဲ့တာက
ဘ၀ဟာ ငါတို့တွေးထင်ထားတာထက်ပိုလို့ရှုပ်ထွေးနေ
ဘာတစ်ခုမျှမသိခဲ့သူကအရာရာကိုသံသယပွားနေတတ်ခဲ့လို့
ပဋိပက္ခများစွာကိုဖြစ်ပေါ်စေခဲ့
အရာရာကိုသိနေခဲ့သူကျပြန်တော့
ပြုံးရုံသာပြုံးနေတတ်ခဲ့ပြန်
ဘ၀ဟာတကယ်ပဲဒီလိုသမကျနေခဲ့ပြီလား
ငါ....တကယ်ကိုနားမလည်နိုင်ခဲ့တော့........
ကြုံဆုံဖြတ်သန်းလာရခဲ့ပြီးတဲ့ငါ့သက်တမ်းတွေထဲ
ငါတွေ့ရှိခဲ့ပြန်တာက
လိုအပ်မှုကဒုက္ခကိုဖြစ်တည်စေလို့
လိုချင်တောင့်တနေရမှုကဒုက္ခအားလုံးရဲ့အရင်းမြစ်ဖြစ်လို့နေပြန်
ဘ၀ဟာတကယ်ပဲရီမောနေခြင်းဖြင့်
ငိုကြွေးရခြင်းတစ်ခုပေါ်ဖုံးကွယ်လွှာချထားခဲ့တာလား
နေထိုင်မှုသက်တမ်းရင့်ရော်လာခဲ့တာနဲ့အမျှ
ဘ၀နေနည်းတစ်ခုကို မှန်ကန်စွာဖွေရှာနိုင်ခဲ့ပြီလား
ကျင်လည်နေဆဲဒီသက်တမ်းထဲမှာ
အမှန်ကန်ဆုံးလို့ ငါတွေ့ရှိထားတာက
ရင့်ကျက်လာခဲ့တဲ့အချိန်ကာလတွေနဲ့အတူ
အမှားအယွင်းများစွာကို ဟန်ဆောင်ဖုံးလွှာထားတာဖြစ်လို့နေခဲ့ပြန်
ဒါဟာ...ဘ၀ရဲ့ ဖောက်ပြန်တတ်မှု ဓမ္မာတာတစ်ခုပေပဲလား
ငါ....တကယ်ကိုမတွေးတတ်နိုင်ခဲ့တော့....
ပြောင်းလဲတတ်ခြင်းက သစ္စာရှိစွာလည်ပတ်နေဆဲ
ရွေ့လျားနေဆဲအရာများစွာထဲမှာ
ရွေးချယ်မှုမဲ့ဘ၀တစ်ခုက
အဖြေမဲ့ ယန္တားရားထဲမှာ ယောင်နစွာ ကျင်လည် လှည့်ပတ်
လိုက်ပါလို့နေရဆဲ....။
******************
ရေးသားသူ
ယဉ်ကျေးငယ်


Read more...

အလုပ်ဖြစ်မှာလား ၊ အဖြစ်လုပ်မှာလား

ဝီရိယကိုမှီ၍ အသက်ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကိုမှီ၍အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမှီ၍ အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမမှီဘဲ အသက်ရှင်ရသူဟု ပုဂ္ဂိုလ်လေးမျိုးရှိကြောင်းဘုရားရှင် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။
အထက်ပါသုတ္တန်ကို ကြည့်ကသာမန်လူအများစုက လက်လှုပ်မှ ပါးစပ်လုပ်ဆိုသည့်အတိုင်း ပါးစပ်လုပ်နိုင်ဖို့အတွက် လက်ကအမြဲလှုပ်နေရသောသဘောရှိပါသည်။ ဒါကိုထောက်ကဘ၀ဆိုတာ ရုံးကန်လှုပ်ရှားခြင်းဟူသောအဆိုက မှန်ကန်ပေသည်. သာမန်လူအများစုမှာဝီရိယမရှိ၍မရ၊ ၀ီရိယမစိုက်၍မရ ၊မရုန်း၍မရ မလှုပ်ရှား၍မရ၊ မကြိုးစား၍မရ၊ သူ့အရွှယ်နဲ့သူ ၀ီရိယစိုက်ထုတ်ကာရုန်းကန်နေရ၊ လှုပ်ရှားနေရ၊ ကြိုးစားနေရသည်သာ၊ မိမိတို့ဘ၀အနေအထားကိုက ၀ီရိယကိုမှီ၍အသက်ရှင်နေရသည်မဟုတ်ပါလား။
လူ၏တန်ဖိုးကား အလုပ်သာဖြစ်သည်၊ လူ၏အရည်အသွေးကိုတောက်ပြောင်စေသည်ကား အလုပ်သာဖြစ်သည် လူ၏အရည်အသေးကိုတောင်ပြောင်စေသည်ကား အလုပ်သာဖြစ်သည်၊လူ၏တန်ဖိုးကိုမြင့်တင်ပေးနိုင်သည်ကား အလုပ်သာဖြစ်သည်၊ အလုပ်လုပ်သူတို့ ကြီးပွားကြသည်၊ အလုပ်လုပ်သူတို့အထက်ရောက်ကြသည်။ ထိပ်မှာရောက်နေသူအများစုကိုကြည့်လျှင် အလုပ်ကြိုးစားသူတို့သာဖြစ်သည်ကို တွေ့ရပါမည်။
ကိုယ်တက်ထားသည့် အတက်ပညာပေါ်မှုတည်၍ လုပ်ငန်းခွင်ကိုဝင်ကြရသည်၊ အသက်ရှိသူတိုင်းအသက်မွေးဖို့၊၀မ်းရှိသူတိုင်းဝမ်းကျောင်းဖို့အလုပ်တစ်ခုခု
ကတော့လုပ်နေကြရသည်၊ တစ်ချို့ကတစ်ကိုယ်ရေ တစ်ကာယအတွက်၊ တချို့ကမိသားစုအတွက်၊ တစ်ချို့ကမိသားစုအတွက်၊ တစ်ချို့ကမြို့ရွာအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်၊ ဘာသာသာသနာအတွက် ကိုယ်နီးစပ်ရာ၊ကိုယ်သန်ရာ လုပ်နေကြရသည်။
ထိုကဲ့သို့အလုပ်လုပ်ရာတွင် အလုပ်ဖြစ်ခြင်းနှင့်အဖြစ်လုပ်ခြင်းဟုနှစ်မျိုးတွေ့ရသည်၊ အလုပ်ဖြစ်ခြင်းဟူသည် စံချိန်စံညွှန်းမီခြင်း၊ မမှီသော်မှ လက်ခံနိုင်လောက်သည့်အနေအထား၊ တူတူတန်တန်ဖြစ်ခြင်းဖြစ်သည်၊ အဖြစ်လုပ်ခြင်းဟူသည် မည်ကာမတ္တအဖြစ်မျှသာလုပ်ခြင်း
ဖြစ်သည်၊ တစ်ချို့လည်းအလုပ်ဖြစ်ကြသည်၊ တစ်ချို့လည်းအလုပ်မဖြစ်ကြ၊ တစ်ချို့အလုပ်မဖြစ်
သဖြင့်အဖြစ်လုပ်နေကြရသည်။အလုပ်မဖြစ်မှန်းသိပါလျက်ပေတေစွာလုပ်နေသောအခါပို၍
ပင်အလုပ်မဖြစ်ဘဲရှိတော့သည်။အဖြစ်လုပ်သူတွေပို၍များများလာသည်၊တစ်ချို့ကိုယ်ကိုယ်ကိုယ်“
အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား”ဟုပင်စဉ်းစားမည့်ပုံမပေါ်၊ လုပ်မြဲတိုင်းသာ ပေ၍သာလုပ်နေကြသည်။
လူဟူသည်လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်၊ လုပ်တက်ကိုင်တက်ရှိရမည်၊အလုပ်လုပ်နေရမည်
အလုပ်ပေါ်စေတနာထက်သန်ရမည့်၊ အလုပ်နှင့်ဆက်စပ်ပြီး လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေဖြစ်ပေါ်လာပေမည်၊ ရပိုင်ခွင့်ဟူသည် ခံစားခွင့်ပင်စြဖ်သည်။ ထိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်တို့သည် မိမိတို့၏ လုပ်တက်ကိုင်တက်ဟူသော အရည်အသွးပေါ်၌သာတည်ရမည်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ခံစားခွင့်တို့ကတို့က အကျိုးဖြစ်သည်၊ လုပ်တက်ကိုင်တက်ဟူသော အရည်အသွေးကအကြောင်းဖြစ်သည်၊ အကျိုးသည်အကြောင်းပေါ်၍သာ မှီတည်သည် “အကြောင်းရှိမှ အကျိုးဖြစ်မည်”.။အကြောင်းကောင်းကောင်းတည်ဆောက်ပြီးမှသာ အကျိုးကောင်းကောင်းမျှော်လင့်ရမည်၊ လက်ခံ၇မည်ဖြစ်သည်။
မေတ္တသုတ်နိဒါန်း၌ သကော- စွမ်းနိုင်သူသည်၊အဿ-ဖြစ်ရမည်ဟုဆိုသည်။ကိုယ်လုပ်သည့်အလုပ်ကိုစွမ်းရမည်၊ ကျွမ်းရမည်။စွမ်းဆောင်ဟုဆိုသဖြင့် စွမ်းမှသာဆောင်နိုင်လိမ့်မည်၊ ကျွမ်းကျင်မှလိမ္မာဟူသောအဆိုရှိ၏ ကိုယ်လုပ်တဲ့အလုပ်ကိုကျွမ်းကျင်မှသာ လိမ္မာသူဖြစ်လိမ့်မည်၊ လိမ္မာရာရောက်လိမ့်မည် အသိအမှတ်ပြုခြင်းခံရပေမည်။အလုပ်လုပ်ကြပြီဆိုလျှင်တော့ သို့မဟုတ် အလုပ်တစ်ခုလုပ်ကြတော့မည်ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာကိုတော့ မဖြစ်မနေကိုစဉ်းစားရမည်။မိမိကိုယ်ပိုင် ပုဂ္ဂလိကအလုပ်က မြေခရမ်းပျိုး၍ ရနိုင်သော်လည်းအများနှင့်သက်ဆိုင်သော အလုပ်ကမြေခရမ်းပျိုးလုပ်၍မရ။ လုပ်ပြီဆိုလျှင်အလုပ်နှင့်တူအောင် လုပ်ပေးရတော့မည်၊ အဖြစ်လုပ်၍မရ၊ အလုပ်ဖြစ်ရတော့မည် ၊အလုပ်ဖြစ်အောင်လုပ်ပေးရတော့မည်။ ထိုအလုပ်အတွက် မိမိ၌ကျွမ်းကျင်မှုအရည်အချင်းမရှိမဖြစ်လိုအပ်လာသည်။
ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလို ထိုအလုပ်ကို တာဝန်ခံလုပ်တော့မည်ဆိုလျှင်တော့ ထိုအလုပ်နှင့်စပ်၍ မိမိမှာတက်မှု၊ သိမှု၊ ကျွမ်းကျင်မှုအရည်အချင်းတွေ ရှေးဦးစွာဖြည့်ဆည်းထားမှတော်ကာာကျမည်၊။ အလှူဒါနပြုလုပ်ရာတွင်လည်း လှူမည့်ကြံ၊ မလှူခင်ကစဉ်းစား၊ မပြတ်သားလျှင် မလှူနဲ့ဆိုသလိုမစွမ်းလျှင် မဆောင်တာဘဲကောင်းသည်။
အလုပ်ဖြစ်အောင်မလုပ်တက်လျှင် ၊မဆောင်ရွှက်တက်လျှင်မလုပ်တာပဲကောင်းသည်၊ အဖြစ်ကိုတော့မလုပ်သင့်၊ အလုပ်တစ်ခုကိုလုပ်တော့မည်ကြံလျှင် “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”ဆိုတာတော့ မိမိကိုယ်ကိုမေးဖြစ်အောင်မေးကြရလိမ့်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ရေးသားဆုံးမတော်မှုတဲ့ “အလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”တရားဆောင်းပါးမှ ကောက်နှုတ်မှီးငြမ်းရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်လည်း စာဖတ်သူများကို
ခုလက်ရှိလျှောက်လမ်းနေရတော့ လမ်းကြောင်း၊ လုပ်ငန်းအသွယ်သွယ်တွင် အမှန်တကယ်
လက်ခံယုံကြည်ရသော အလုပ်ကြိုးစားသူ အလုပ်ဖြစ်ကြသူတွေများဖြစ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ ပတ်ဝန်းကျင် ကဒီကောင် “အဖြစ်ဘဲလုပ်တက်ပါလား”ဆိုတဲ့မှတ်ချက်မျိုးမထင်ကျန်ရစ်အောင် ကြိုးစားဖို့နှင့်
ရည်မှန်းချက်ပန်းတိုင်ကို နိုးနိုးကြားကြား ကြိုးကြိုးစားစားရင်ဆိုင်ဖြတ်သန်းနိုင်ကြစေဖို့
နိုးဆော်တိုက်တွန်းလိုက်ရပေတော့သည်။
ငြိမ်းအေးထွန်း
(၁၆.၀၅.၂၀၀၉)

Read more...

ဆဲရေးသူ၊ ရေရွတ်သူ၊ စွပ်စွဲသူ အက္ကောသကသုတ်


အက္ကောသကသုတ် - (ဆဲရေးတတ်သည်)

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည် သာတည်း။ (အန္တိမ=အဆုံးစွန်)

အဘယ်ဆယ်မျိုးတို့နည်းဟူမူ...

၁။ မရသေးသည့် တရားထူးကို မရ၊
၂။ ရပြီးသော တရားထူးမှ ဆုတ်ယုတ်၏၊
၃။ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊
၎။ သူတော်ကောင်းတရားတို့၌သော်လည်း (မရဘဲရပြီဟု) အထင်ကြီးသူ ဖြစ်၏၊
၅။ မမွေ့လျော်ဘဲသော်လည်းမြတ်သော အကျင့်ကို ကျင့်သုံးရ၏၊
၆။ ညစ်နွမ်းသော အာပတ် တစ်ခုခုသို့သော်လည်း ရောက်ရ၏၊
၇။ ပြင်းပြသော ဆေးကုခက်သော ရောဂါသို့သော်လည်း ရောက်ရ၏၊
၈။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊
၉။ တွေတွေဝေဝေ သေရ၏၊
၁၀။ ကိုယ် (ခန္ဓာ) ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်း သော သူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာ တည်း ဟု (မိန့်တော်မူ၏)။88

၈ - အက္ကောသကသုတ်၊ ထေရ၀ဂ်၊ ဒသကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




Read more...

ချစ်တတ်မှ ဖြစ်မယ်…

လူတိုင်းလူတိုင်း အချစ်နဲ့ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်းအကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့ အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။ (၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ ယောက်ျား အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ် ဆိုတာကတော့ မိဘနဲ့ သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့ နှမ စသည်တို့ မိသားစု အချင်းအချင်း ချစ်ကြတဲ့ အချစ်ပါ။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။ ပါဋ္ဌိလိုဆိုရင်တော့ တဏှာပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာပေမရယ်ပါ။

အခု ကျနော်ပြောမယ့် ချစ်တတ်မှ ဖြစ်မယ် ဆိုတာကတော့ ပါရမီအချစ်နဲ့ ချစ်မှ ဖြစ်မယ်ဆိုတာကို ဆိုလိုရင်း ဖြစ်ပါတယ်။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါး အကျိုးကိုပဲ ငဲ့ပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို တကယ့် ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် သူ့ကို ကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင် စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။ သူ့ဆီကတော့ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါကတော့ ပါရမီအချစ်ရဲ့ သဘောတွေပါ။ ဘယ်လောက် အေးချမ်းလိုက်တဲ့ ပါရမီ အချစ်ပါလည်းနော်..။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ်ကိုပါရမီ အချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်မူဟာ အစဉ် ခိုင်မြဲနေမှာ မလွဲပါဘူး။ နောက် တစ်ဆင့်ထက် တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူး ပြုနေတော့မှာပါ။ တစ်စုံတစ်ယောက်ကို ကိုယ်က တကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်ပံ့တွေ အခါအားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါ့မယ်။

ဒီလိုပါပဲ..။ သတ္တ၀ါတွေ အားလုံး အပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု အချင်းချင်း မှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေနဲ့ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူအချင်းချင်း တဏှာရာဂကို အခြေခံပြီး ချစ်တယ် ဆိုပေမယ့်လည်း သူကုသိုလ်ဖြစ်ဖို့ ကိုယ်က ဖန်တီးပေးမယ်၊ ကိုယ်ကုသိုလ်ဖြစ်ဖို့ သူက ဖန်တီးပေးမယ် ဆိုရင် ချစ်သူနှစ်ယောက် အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိမ်မက်ထဲမှာတောင် ရှာတွေ့ ရတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ အိမ်ထောင်ကျပြီးတယ် ဆိုရင်လည်း ပါရမီ အချစ်လေးနဲ့သာ ဆက်ပြီး ချစ်သွားမယ်ဆိုရင် နိဗ္ဗာန်ထိတောင် အတူတူတက်လှမ်း နိုင်မှာ မလွဲပါဘူး။ ကိုယ့်ရဲ့ မိသားစု ဘ၀လေးဟာလည်း ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကဘဲ တရားထူး တရားမြတ်ရဖို့ အတွက်လည်း အထောက်အပံ့တွေ ဖြစ်တော့မှာပါ။

တချို့ မိသားစုအတွင်းမှာ အဆင်မပြေ ဖြစ်ကြတယ် ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာရှိနေရင် တစ်ဖက်က မသိလို့မှားတဲ့ အမူအရာကိုပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ဘဲ “သြော်.. သူမသိလို့ဘဲလေ” ဆိုပြီး ခွင့်လွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တရားသဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက်သားကိုလည်း တရားနဲ့ ပြန်ဖေးမ ပေးတတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်း ရပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းလိုက်ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။

တချို့ မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဖက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့ အဆင်ပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ်ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။ ဘ၀မှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေ့ရဲ့ သဘောက ကိုယ့်ရဲ့အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ချစ်သူ၊ ဒါမှမဟုတ် မိတ်ကောင်းဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကိုမြင်ပြီး ပြုပြင်ပေးတဲ့အခါ ပြုပြင်ပေးတဲ့အတိုင်း လက်ခံကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပေက္ခာပြုသွားအောင် ပြုပြင်ဖေးမမှုကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။ ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။

ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အချစ်နဲ့မှ မကင်းနိုင်သေးတာ။ အချစ်နဲ့ကင်းပြီး လောကုတ္တရာဘက်ကို ကူးပြောင်း သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကိုယ်က မကူးနိုင်သေးဘူး.. လောကီထဲမှာပဲ သားရေး သမီးရေးတွေနဲ့ စီးပွားရှာရင်း.. လောကီ လောကုတ္တရာ နှစ်ခု မျှတအောင် လုပ်ချင်တယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပါရမီအချစ်နဲ့ ချစ်တတ်ဖို့ဟာ အဓိက ကျပါတယ်။ ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒါဆို ပါရမီအချစ် ဆိုတာလည်း မြင့်မြတ်သူတို့ရဲ့ အချစ်ပေါ့။ တော်ရုံစိတ်မျိုးနဲ့ ပါရမီအချစ် ချစ်တတ်ဖို့ မလွယ်ကူပါဘူး..။ ချစ်တတ်ဖို့ အတွက်တော့ အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါ့ကြောင့် စာဖတ်သူလည်း ပါရမီအချစ်နဲ့ မချစ်သေးဘူးဆိုရင် ချစ်တတ်အောင် ကြိုးစားပါ…။ ချစ်တတ်အောင် ကြိုးစားရင်း.. မြင့်မြတ်သော ပါရမီအချစ်နဲ့အတူ.. မြင့်မြတ်သော အရိယာအဖြစ်သို့ ဆိုက်ရောက်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏ ပါရမီအချစ် စာအုပ်ကို မှီးညမ်းကိုးကား၍ ရေးသားထားပါသည်။



Read more...

သြော်...ဓမ္မကထိက... (ဦးသုမင်္ဂလ) vcd


ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

သြော်...ဓမ္မကထိက... (ဦးသုမင်္ဂလ) vcd

video


Read more...

အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာလမ်းညွန် ဘုရာ့တရား ကူးယူရခြင်းအကြောင်း အကျွန်ုပ်တို့ ၏ ပန်ကြားလွှာ



“ဗုဒ္ဓေါ ဓမ္မော စ သံဃော စ မေ သရဏံ အညံ နတ္တိ၊
ဗုဒ္ဓံ ဓမ္မံ စ သံဃံ စ သရဏံ ဂစ္ဆာမိ။”
“ကျွန်ုပ်သည် ဘုရား တရား သံဃာကို ကိုးကွယ်ပါသည်။
တခြား ကိုးကွယ်ရာ မရှိပါ။”

သို့ သော် ဘုရား တရား သံဃာမရွေးကို မကိုးကွယ်ပါ။

ကမ္ဘာလောက၌ ဘုရား တရား သံဃာ သည် အမျိုးမျိုး အစားစား များပါသည်။ မဟာယန ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်း အမျိုးမျိုး ရှိကြောင်း အများသိကြပါသည်။
“ဂိုဏ်း” ဟူသည် “ဒဿနတူသူများ စုပေါင်းမှု၏ အမည်” ဖြစ်ပါသည်။
“ဒဿန” သည် “ဓမ္မ၏ မုခ်ဦး အင်္ဂါ” ဖြစ်ပါသည်။


ထို့ ကြောင့် ဒဿနပြားက ဓမ္မခြားပြီး၊ ထိုဓမ္မကို ဟောသော ဘုရားနှင့် တပည့် သံဃာလည်း ခြားပါသည်။ ဤသို့ ပင် ဘုရား တရား သံဃာများ အမျိုးမျိုး များပါသည်။ ဤ အမျိုးမျိုးသော မဟာယနနှင့် ထေရ၀ါဒ ဂိုဏ်းအပြင် အခြားဂိုဏ်းတို့ ရှိ အောက်ပါ ဒဿန ရှိသူ ဘုရား တရား သံဃာများကို-
“ကျွန်ုပ် အလျဉ်းမကိုးကွယ်ပါ။”

• လူမဖြစ်မီကံက လူနှင့် လူဆင်းရဲ ချမ်းသာအပြင် လူ့ အဖြစ် အထွေထွေများကို ဖြစ်စေ သည်- ဟူသော “ ပုဗ္ဗေကတဟေတုက ဒဿန”
• အုပ်စိုးသူနှင့် ဖန်ဆင်းသူတို့ က လူနှင့် လူဆင်းရဲ ချမ်းသာ အပြင် လူ့ အဖြစ် အထွေထွေများကို ဖြစ်စေသည်- ဟူသော “ ဣဿရ နိမ္မနဟေတုက ဒဿန”
• အကြောင်းတရား မရှိဘဲ လူနှင့် လူဆင်းရဲ ချမ်းသာ အပြင် လူ့ အဖြစ် အထွေထွေ များ ဖြစ်ကြပြီး “ ပြုသူနှင့် ဖြစ်သူပင် မရ၊ ဓါတ်သဘောမျှ” - ဟူသော“ အဟေတုက ဒဿန”။

ကျွန်ုပ်သည်-
ဤဒဿနများ အလျဉ်းကင်း၍ ဗျာမပ္ပမတ္တ တစ်လံမျှကိုယ် တည်ဆဲဆဲ ပစ္စုပ္ပန်၌-

လူ့ ကိုယ် နှုတ် နှလုံး အမှုကံနှင့်၊ ထိုကံတို့ ၏ အကျိုး၊ အကြောင်း၊ ဖြစ်ပျက်မှု၊ ထိုကံတို့ ၏ လက္ခဏာမှန်ကို သိရှိ ငြီးငွေ့  ငြိမ်းအေးမှု ဒဿနရှိသူ ဘုရား တရား သံဃာ ရတနာမွန် များကိုသာ အလေးအနက် ကိုးကွယ်ပါသည်။



ဤရတနာမွန်များသည် ရှိသော်လည်း ရှားလှပါသည်။
အတိတ်နှစ်ပေါင်း နှစ်ထောင်သုံးရာ ကျော်ကျော် ဤမှာဘက်၌ ဤရတနာများသည် ပုံပြင် တွင်းမှ ရတနာများအလား ဖြစ်ပါသည်။ ဤရတနာများ ပုံပြင်အတွင်း သက်ဆင်းသွားရခြင်း သည် လူ့ လောက နေ၀င်ခြင်းပင် ဖြစ်ပါသည်။ များစွာ မလိုလားအပ်သော အဖြစ်ပင် ဖြစ်ပါသည်။

ဤရတနာများ ပုံပြင်အတွင်း သက်ဆင်းမသွားရန် ကျွန်ုပ်တို့ ၏ ဆရာတော် ဗုဒ္ဓသာသန ပစ္စုပ္ပန်ကမ္မဒဿန အာဒိကမ္မိက-
“ ဓမ္မဝိဟာရီ ဉာဏ ” -သည်
“ အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာလမ်းညွန် ဘုရားတရား - များ ဟောပြောညွန်ပြပြီး ကြိုးစား နေပါသည်။

ကျွန်ုပ်သည် ဆရာတော်၏ ရည်ရွယ်ချက်တော်နှင့် လုံ့ လတော်ကို မမှိတ်မသုန် ယုံကြည်ပြီး စာမျက်နှာတစ်ထောင် ၀န်းကျင်ရှိ ဤမူတော်-
“ မဟာပေါဌက ”
စာအုပ်ငါးစုမှ ပဌမအစုကို ကျွန်ုပ်၏ အသိဉာဏ်အကျိုး၊ ဆွေမျိုးတို့  အကျိုး၊ လူသား အားလုံးတို့  အကျိုးငှာ ကျွန်ုပ်အမြဲ လေ့လာရန် ခက်ခဲပင်ပန်းစွာ ကျွန်ုပ် ကိုယ်တိုင် ကူးယူ အပ်ပါသတည်း။ ။


Read more...

Anatta and moral responsibility




While the Buddha attacked the assumptions of existence of an eternal Self, he would refer to the existence of a conventional self-subject to conditional phenomena and responsible, in the causal-moral sense, for karma.
“It can thus be said that, while an empirical self exists - or rather consists of a changing flow of mental and physical states which neither unchangingly exists nor does not exist - no metaphysical Self can be apprehended.”

There are many statements in the suttas to the effect that a person acts, and then reaps the consequences. These statements are made to rebut the various theories circulating among philosophers of the Buddha's time that denied the efficacy of moral action, attributing all change to fate; these were forms of determinism. The Buddha's statements are not metaphysical in nature, and do not imply an unchanging subject of experience. Instead, continuity is maintained not by positing an extra-empirical entity such as a Self, but by a theory of causality.


The Buddha criticized two main theories of moral responsibility; the doctrine that posited an unchanging Self as a subject, which came to be known as "atthikavaada", and the doctrine that did not do so, and instead denied moral responsibility, which came to be known as "natthikavaada". He rejected them both on empirical grounds. The following interaction of the Buddha pertains to the latter theory: The Buddha was silent to the questions of the paribbajako (wandering ascetic) Vacchagotta of “Is there a self?” or “Is there not a self?” [SN.5:44,10]. When Ananda later asked about his silence, the Buddha said that to affirm or deny the existence of an eternal self would have sided with sectarian theories and have disturbed Vacchagotta even more. The early Suttas see even Annihilationism, which the Buddha equated with denial of a Self, as tied up with belief in a Self. It is seen as arising due to conceiving a Self in some sort of relationship to the personality-factors. It is thus rooted in the 'I am' attitude; even the attitude 'I do not exist' arises from a preoccupation with 'I'. The Buddha appealed to experience in his refutation of natthikavaada, saying: "To one who sees, with proper understanding, the arising of the things in the world, the belief in nonexistence would not occur."

The Buddha was also careful not to allow an atthikavaadin interpretation of his doctrine of causality. In response to the question from a man named Acela Kassapa as to whether or not suffering is self-caused, the Buddha gave a negative reply; "A person acts and the same person experiences [the result] — this, Kassapa, which you emphatically call 'suffering self-wrought', amounts to the eternalist theory." In responding in this way, the Buddha indicated the connection between the problem of personal identity and moral responsibility.

This process-view of a person does not see personality as a chaotic flux, but as a law-governed moving pattern which only changes in so far as supporting conditions change. In spite of the changes taking place in a person, some character-patterns are repeated, even over many lives, before they are worn out or replaced by others in accordance with the law of dependent origination. The complex of conditions arises out of an interaction of those processes internal to a person's own stream of psychological processes, that is, past or present karma, with those from the external world. Some of the external conditions will in turn be influenced or generated by internal processes. Thus the person-process both changes and is changed by its environment.

The principles of causality are key to the Buddha's teachings; they provide a vital perspective on his doctrine as a whole and show how to see it integrated positively in the causal relationships of the mental-physical factors of the experience of life. Causal relationships were detailed in the Buddha’s analysis of dependent origination and idappaccayata (lit. “This is founded on that”).

All processes are impermanent … All processes are afflicted … All phenomena are not ‘Self’; when this is seen with knowledge, one is freed from the illusion of affliction. This is the pathway to purity.

– Dhp. 20. 277 – 279

This analysis is applied to knowing the interplay of senses within the mental-physical factors just as they are. It is a careful analysis of these realities in terms of their changefulness, instability or un-satisfactoriness and that these lack inherent personal identification. And this leads to wisdom (panna), cessation of craving (nirodha), and to liberation (nirvana) of the will/mind (citta).

The goal of the Buddhist contemplative is to develop freedom of the will/mind (citta) from entanglement with things as they seem; through the delusions of desire and consequential self-identity with events, resultant fear, aversion and projected hopes—to awaken to things as they are; coming home to a natural understanding of reality with one's given abilities at work in an ever changing evolution of experience. “The mind (citta) is cleansed of the five skandhas (pancakkhandha)” [Nettippakarana 44]

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP