* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, May 14, 2009

ကျမ်းဂန်လာ သတ္တ၀ါအချို့၏ ရုပ်ပုံလွှာ... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ)

ကျမ်းဂန်လာ သတ္တ၀ါအချို့၏ ရုပ်ပုံလွှာ...




















Read more...

Brahmavihara – four divine abodes, four divine emotions, four immeasurables, four sublime attitudes

Source: wikipedia

The four Brahmaviharas are a series of virtues and Buddhist meditation practices designed to cultivate those virtues. Brahmavihara is a term in Pali and Sanskrit meaning “Brahma abidings”, or "Sublime attitudes." They are also known as the Four Immeasurables.


According to the Metta Sutta, Shakyamuni Buddha held that cultivation of the Brahmavihāras has the power to cause the practitioner to be re-born into a Brahma realm (Pali: Brahmaloka). The meditator is instructed to radiate out to all beings in all directions the mental states of:
1) loving-kindness or benevolence,
2) compassion,
3) sympathetic joy, and,
4) equanimity.

These virtues are also highly regarded by Buddhists as powerful antidotes to those negative mental states (non-virtues) like avarice, anger, pride and so on.

Brahmavihara may be parsed into "Brahma" and vihara; which is often rendered into English as "sublime" or "divine abodes". They are also called the "Four Immeasurables," or "the four sublime attitudes (loving-kindness, compassion, sympathetic joy and equanimity)", and are Buddhist virtues that followers can cultivate endlessly, that are without limits, as good qualities for any Buddhist to possess in good measure. They form a sequence of Buddhist virtues recommended in the Brahmavihara Sutta.

When developed to a high degree in meditation, they are said to make the mind "immeasurable" and like the mind of the loving Brahma gods.

Metta/Maitri:
loving-kindness towards all; the hope that a person will be well; loving kindness is "the wish that all sentient beings, without any exception, be happy."

Karuna:
compassion; the hope that a person's sufferings will diminish; compassion is the "wish for all sentient beings to be free from suffering."

Mudita:
altruistic joy in the accomplishments of a person, oneself or other; sympathetic joy, "is the wholesome attitude of rejoicing in the happiness and virtues of all sentient beings."

Upekkha/Upeksha:
equanimity, or learning to accept both loss and gain, praise and blame, success and failure with detachment, equally, for oneself and for others; equanimity means "not to distinguish between friend, enemy or stranger, but regard every sentient being as equal. It is a clear-minded tranquil state of mind - not being overpowered by delusions, mental dullness or agitation."

Metta and Karuna are both hopes for the future (leading, where possible, to action aimed at realizing those hopes), while Mudita and Upekkha are attitudes to what has already happened, but also having consequences for future action. While these four might be delineated as attitudes of the future or past, they contain the seed of the "present" within their core (as a living embodied practice). This is the essence of the spiritual laws of karma, self-responsibility, and samma sankkalpa - right thoughts. A dedicated intention that all beings are in the "here and now" tranquil, happy, in touch with their gifted talents/accomplishments, and feel interconnected by that synergy to eschew suffering by abdication.



Read more...

တန်ခိုးပြာဋိဟာ...

မဟကပါဋိဟာရိယသုတ် ...

အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ် ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မထေရ်ရဟန်းတို့အား ''အသျှင်ဘုရားတို့ မထေရ် ရဟန်းတို့သည် နက်ဖြန် အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော် မူပါကုန်လော့'' ဟု လျှောက်၏။ မထေရ် ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထကာ မထေရ်ရဟန်း တို့ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဥ့်လွန်ပြီးနောက် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ်၏ နွားခြံရှိရာသို့ ချဉ်းကပ်ကုန်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေကုန်၏။ ထိုအခါ စိတ္တသူကြွယ် သည် မထေရ်ရဟန်းတို့ကို မွန်မြတ်သော ထောပတ် နို့ဃနာဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ မထေရ် ရဟန်းတို့ သည် နေရာမှ ထလျက် ဖဲကြွကုန်၏။

စိတ္တသူကြွယ်သည်လည်း ''အကြွင်းကို စွန့်ကုန်လော့'' ဟု မှာကြားပြောဆိုပြီးလျှင် မထေရ်ရဟန်းတို့သို့ နောက်မှ နောက်မှ အစဉ်လိုက်၏။ ထိုအခါ နေ ခြစ်ခြစ် တောက် ပူ၏။ ထိုမထေရ်ရဟန်းတို့သည်လည်း ဘောဇဉ်ကို စားပြီးခါစ သူတို့ကဲ့ သို့ တွန့်ဆုတ်လေးလံဘိ သကဲ့သို့သော ကိုယ်ဖြင့် ကြွသွားကြရကုန်၏။

ထိုအခါ ...
အသျှင်မဟကသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့ အောက်ငယ်သူ ဖြစ်၏၊ အသျှင်မဟကသည် အသျှင်မထေရ်ကြီးကို ''အသျှင်မထေရ်ဘုရား လေအေး လည်းတိုက် မိုးလည်းအုံ့ မိုးလည်း တစ်ပေါက်ချင်း ရွာခဲ့ပါမူ ကောင်းပါမည်လော'' ဟု လျှောက်၏၊

ငါ့သျှင်မဟက လေအေးလည်းတိုက် မိုးလည်းအုံ့ မိုးလည်း တစ်ပေါက်ချင်း ရွာခဲ့မူ ကောင်းပေရာ၏ဟု မိန့်ဆို၏၊

ထိုအခါ ...
အသျှင်မဟကသည် လေအေးလည်းတိုက် မိုးလည်းအုံ့ မိုးလည်း တစ်ပေါက်ချင်း ကျနိုင်လောက်သော သဘောရှိသော တန်ခိုးကို ဖန်ဆင်း၏၊

ထိုအခါ စိတ္တသူကြွယ်အား ''ဤရဟန်းသံဃာ၌ အလုံးစုံတို့အောက် ငယ်သော ရဟန်း၏ တန်ခိုး အာနုဘော်သည် ဤသို့ သဘောရှိ၏'' ဟူသော ဤအကြံသည် ဖြစ်၏။

ထို့နောက် အသျှင်မဟကသည် အရံသို့ ရောက်သော် အသျှင်မထေရ်ကို ''အသျှင် မထေရ်ဘုရား ဤမျှဖြင့် သင့်တော်ပြီလော'' ဟူသော ဤစကားကို လျှောက်၏။

ငါ့သျှင်မဟက ဤမျှဖြင့် သင့်တော်ပြီ၊ ငါ့သျှင်မဟက ဤမျှဖြင့် ပြုအပ်ပြီ၊ ငါ့သျှင် မဟက ဤမျှဖြင့် ပူဇော်အပ်ပြီဟုဆို၏။ ထိုအခါ မထေရ်ရဟန်းတို့သည် နေမြဲ တိုင်းသော ကျောင်းသို့ ကြွကုန်၏၊ အသျှင်မဟကသည်လည်း မိမိကျောင်းသို့ ကြွ၏။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်မဟကထံသို့ ချဉ်းကပ်၍ အသျှင်မဟကကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်မဟကအား ''အသျှင် ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား အသျှင်မဟကသည် လူတို့၏ တရားထက် လွန်သော တန်ခိုးပြာဋိဟာကို ပြပါလော့'' ဟု လျှောက်၏။

သူကြွယ် သို့ဖြစ်လျှင် သင်သည် အဝင်ဝ၌ အပေါ်ရုံကိုခင်း၍ မြက်စည်းကို ကြဲဖြန့် လော့ဟု မိန့်ဆို၏၊

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု စိတ္တသူကြွယ်သည် အသျှင်မဟကအား ဝန်ခံ၍ အဝင်ဝ၌ အပေါ်ရုံကိုခင်း၍ မြက်စည်းကို ကြဲဖြန့်၏။ ထိုအခါ အသျှင်မဟကသည် ကျောင်းသို့ ဝင်ပြီးလျှင် တံခါးကျင် (မင်းတုပ်) ချ၍ သံကောက်ပေါက်မှ လည်း ကောင်း၊ တံခါးရွက်ကြားမှ လည်းကောင်း အလျှံထွက်ပြီးလျှင် မြက်တို့ကို လောင်၍ အပေါ်ရုံကို မလောင်စေနိုင်သော သဘောရှိသော တန်ခိုးကို ဖန်ဆင်း၏၊

ထိုအခါ...
စိတ္တသူကြွယ်သည် အပေါ်ရုံကို ခါ၍ ထိတ်လန့်လျက် ကြက်သီးမွေးညင်း ထခြင်း ရှိသည် ဖြစ်၍ တစ်ခုသော နေရာ၌ ရပ်၏။

ထိုအခါ ...
အသျှင်မဟကသည် ကျောင်းမှ ထွက်ပြီးလျှင် စိတ္တသူကြွယ်ကို ''သူကြွယ် ဤမျှ ဖြင့် သင့်တော်ပြီလော'' ဟူသော ဤစကားကို ဆို၏။ အသျှင်မဟက ဤမျှဖြင့် သင့်တော်ပါပြီ၊ အသျှင်မဟက ဤမျှဖြင့် ပြုအပ်ပါပြီ၊ အသျှင်မဟက ဤမျှဖြင့် ပူဇော်အပ်ပါပြီ၊ အသျှင်မဟကသည် မစ္ဆိကာသဏ္ဍ၌ မွေ့လျော်ပါလော့၊ ဝှေးပင် တောသည် မွေ့လျော်ဖွယ်ရှိပါ၏၊

အကျွန်ုပ်သည် အသျှင်မဟကအား သင်္ကန်းဆွမ်း ကျောင်း သူနာ၏ အထောက် အပံ့ ဆေးအသုံးအဆောင် တို့ဖြင့် ကြောင့်ကြပြုပါအံ့။ သူကြွယ် ကောင်းသည်ကို ဆိုအပ်၏ဟု မိန့်ဆို၏။ ထိုနောက် အသျှင်မဟကသည် ကျောင်း အိပ်ရာကို သိုမှီး သိမ်းဆည်း၍ သပိတ် သင်္ကန်းကို ဆောင်ယူလျက် တစ်ဖန် ပြန်မလာသော ဖဲသွားခြင်းဖြင့် မစ္ဆိကာသဏ္ဍမှ ဖဲသွားလေ၏။346

၎ - မဟကပါဋိဟာရိယသုတ်၊ စိတ္တသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




Read more...

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၅)

နီးခြင်း - ဝေးခြင်း

လူတိုင်းအတွက်မသွားဘဲ နီးနီးလာတာကသေခြင်းတရား၊ သွားပါလျှက် ဝေးနေတာက နိဗ္ဗာန်ရွှေပြည်။

မြား နဲ့ စိတ်

မြားလုပ်သောသူသည် အသက်မရှိသည့် ကောက်နေသောမြားတို့ ကို ဖြောင့်အောင်ပြုနိုင်သေးရင် အသက်ရှိသောလူသားက ( ဘုန်းကြီးတို့ ၊ သူတော်စင်တွေက )
ဟိုဒီသွားနေတဲ့ မိမိစိတ်ကလေးကိုထိန်းပြီး
ဝိပဿနာတရားကြိုးစားအားထုတ်ထိုက်တယ်။


ဝေဒနာနုပဿနာကမ္မဋ္ဌာန်း

တရားရှုမှတ်နေတုန်း ဝေဒနာ ဖြစ်ပေါ်လာရင်သည်းခံပြီးတော့ ကြိုးစားမှတ်ရတယ်၊
အဲဒီ ဝေဒနာကိုပင် သြော် - ကံကောင်းထောက်မလို့  တွေ့ လာရတဲ့ ငါရဲ့ မိတ်ဆွေကြီးပဲလို့  သဘောထားပြီး ဝေဒနာရဲ့  သဘောကိုသိအောင်ရှုမှတ်ရတယ်။
အဲဒါကိုပဲ ဝေဒနာနုပဿနာကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။


မသိ မသာ လွန်နစ်နာ

တရားသဘောကိုမသိဘဲနဲ့  သေသွားတဲ့သူများတယ်၊
မသိမသာဆိုတာ အဲဒါပြောတာပေါ့၊
သစ္စာလေးပါးမြတ်တရားကိုမသိတော့ သံသရာမှာ ထပ်ပြန်တလဲလဲ မသာတွေဖြစ်ကြရတယ်။ မသိ=သစ္စာလေးပါးမြတ်တရားကိုမသိ။ မသာ=အဖန်တလဲလဲသေကြေ ပျက်စီးရခြင်း၊
အဲဒါ အနစ်နာဆုံးပဲ။




Read more...

စာရွတ်ပုံ လမ်းမမှန်သဖြင့်... သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်... ၉၄-၉၈

သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်... ၉၄-၉၈

၉၄... စာရွတ်ပုံ လမ်းမမှန်သဖြင့် ကျမ်းဂန်က အကြောင်း ပြသော်လည်း ချောင်းခွသား နှုတ်ခွန်းဆက်သလို...

၉၅... မင်းတို့ငရုတ်သီး ရွတ်ရှပ်က လွှတ်စပ်ပုံ အဟုတ်ကြမ်း၍ နှုတ်ခမ်းမှာ သွားရည်မြူးလျက် ငရွှေထူး ၀မ်းသွားသလို...


၉၆... ပုဂံတောင်က မာန်အောင်အသင်းသားတို့ ယွင်းမှားကာ အခြေမသင့်သဖြင့် ငတေနှင့် ပမာထား၍...

၉၇... ကံဒွါရ အမေးထုတ်လျက် ထွေးရှုပ်သည့်စပ်ကြားတွင် ဓာတ်သမားရောစွက်သဖြင့် သဘောမနှစ်သက်၍ နောင်မှတ်စရာ ညွှန်းပြီးလျှင် မောင်မြတ်သာထွန်း ယိုးဒယားကသလို...

၉၈... ဒေသနာကြားပုံဆန်းသဖြင့် ရဟန်းရူးနှင့် သဘောကိုက်အောင် ရောလိုက်ရသည်ဟူသော...



Read more...

ဒုတိယသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...

သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး...

မြောင်းမြမြို့ ပဇ္ဇောတာရုံ စာသင်တိုက် မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက်
နာယကဆရာတော် အရှင်ကုမာရ

သိမှတ်ဖွယ်ရာ ထေရ၀ါဒသာသနာ ဒုတိယသံဂါယနာတင် ပုံပြင်မဟုတ်ပါ သမိုင်း...









ရွှေငွေ အပ်စပ်သည်ဆိုသော အကြောင်းတရား တစ်ခုသည် ဒုတိယ သံဂါယနာတင်ရသည်ထိ ဖြစ်ခဲ့လေသည်...
ထိုရွှေငွေဖြင့်ပင် ယခု ကျွန်ုပ်တို့ ဘုန်းတော်ကြီးတချို့ကို ထိုးနှက်ခံနေပေသည်...
ညီအကို မောင်နှမခြင်း အမွေလု ရန်ဖြစ်ကြရသည်ဆိုက မှားအံ့မထင်ပါပေ...
လင်မယားခြင်း ကွဲပြဲနိုင်သည်ဆိုပါက မှားအံ့မထင်ပါပေ...
ကမ္ဘာ့စစ်ကြီးများ ဖြစ်ပေါ်ရခြင်းသည် ရွှေငွေကြောင့်ဟု ဆိုက မှားအံ့မထင်ပါပေ...

ကျွန်ုပ်စိတ်မကောင်းပါ... ဒါဘေမဲ့ ကျွန်ုပ်က ပမွှားပဲ...

ဗုဒ္ဓဘာသာ အမည်ခံသူတချို့ကလဲ ဘုန်းကြီးလက်ထဲ ငွေထဲ့မှ ကုသိုလ်ရသည်ဟု ထင်နေကြပေသေးသည်...

မိမိမှာမှ သာသနာ မတည်ပါက သူများကို ဆုံးမရ ခက်ပေလိမ့်မည်...

မတွေ့သေးသူများအတွက် ဒီနေရာမှာ ထပ်တင်ပေးလိုက်ပါသည် ...




ထေရ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံသူများ မှားယွင်းနေသော လှူဒါန်းနည်းကို ပြုပြင်သင့်ပါပြီ။

ရဟန်းဝိနည်း ၂၂၇-သွယ် သော စည်းကမ်းများ…
ရွှေ, ငွေ အပ်စပ်လျှင် သားမယားလည်း အပ်တော့မည်သာ...
ငွေ, ရွှေသည် ရဟန်း၏သီလ ညစ်နွမ်းခြင်းပင်...
ရူပိယသိက္ခာပုဒ်- (ရွှေ, ငွေ အလှူခံမှု)...
သိမှတ်ဖွယ်ရာ မကျဥ်းမကျယ် ၀ိနည်း ၂၂၇-သွယ်...


Read more...

ဝေးသောသူ နဲ့ နီးသောသူ ...

သင်္ဃာဋိကဏ္ဏသုတ်

ဤဒေသနာကို ...
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် အဘိဇ္ဈာများသူ ကာမတို့၌ အားကြီးသော ရာဂရှိသူ ဖောက်ပြန်သောစိတ်ရှိသူ ပြစ်မှားလို သော စိတ်အကြံရှိသူ လွတ်သော သတိရှိသူ ဆင်ခြင်ဉာဏ် မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ မစောင့်စည်းသော ဣနြေ္ဒရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရား ခြေရာ၌ ခြေကို ချနင်းလျက် နောက်မှ နောက်မှ လိုက်ပင် လိုက်သော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးသည်သာတည်း၊ ငါဘုရားသည်လည်း ထိုရဟန်းမှ ဝေးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့် ပင်တည်း။

ရဟန်းတို့ ရဟန်းသည်လည်း အဘိဇ္ဈာမများသူ ကာမတို့၌ အားကြီးသော ရာဂမရှိသူ ဖောက်ပြန်သော စိတ်မရှိသူ ပြစ်မှားလိုသောစိတ် အကြံမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူ မတုန်လှုပ်သော စိတ်ရှိသူ စောင့်စည်းသော ဣနြေ္ဒရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာ ဝေးသောအရပ်၌ နေပင်နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း၊ ငါဘုရား သည်လည်း ထိုရဟန်းနှင့် နီးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကိုမြင်၏၊ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့်ပင်တည်း၊
ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -

((အနေနီး၍ ဝေးနေသောသူ))

''အလိုကြီး၍ ညှဉ်းဆဲတတ်သော တဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန်လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာ ငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရား သို့ အစဉ်လိုက်နေသော် လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း ထိုမြတ်စွာဘုရားနှင့် အလွန့် အလွန်ဝေးသည်သာတည်း၊
(ထိုအခြင်းအရာကို) ရှုပါလော့။

((အနေဝေး၍ နီးနေသောသူ))

အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ် အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင် ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ ငြိမ်သက်၏။ တဏှာ ကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာ ကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေ ငြားသော် လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) အလွန့် အလွန် နီးသည်သာတည်း။
(ထိုအခြင်းအရာကို) ရှုပါလော့'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။92

၃ - သင်္ဃာဋိကဏ္ဏသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဧည့်သည်

ဧည့်သည်ခန်း … တဲ့။

ဆရာမ ဒေါ်တူးတူးမြင့်သိန်းက မည်သို့အဓိပ္ပါယ် ဖွင့်ဆို၍ နာမည်ပေးထားသည်မသိ။ ကျွန်တော့်ဘက်ကမူ ထိုဝေါဟာရ စကားလုံး သုံးခုတွဲ၏ နောက်ကွယ်၌ အဓိပ္ပါယ်တွေ အများကြီးရှိနေသည်ဟု ထင်မြင်မိပါသည်။ ပထမဦးစွာ လောကအ ကြောင်းအရာဘက်မှ၊ လောကီလူမှု ဆက်ဆံရေးနယ်ပယ်မှ ကြည့်ကြပါစို့။ ဧည့်သည်နှင့် အိမ်ရှင်။ အိမ်ရှင်ရှိ၍ ဧည့်သည် ရှိရသည်။ တစ်ဖန်ဧည့်သည်ရှိ၍ အိမ်ရှင်ဆိုတာလည်း သတ်မှတ်ထားရသည်။ ဧည့်သည်ဟူသည် အိမ်ရှင်တစ်ဦးပိုင် ဆိုင်သော နယ်မြေ၊ ၀င်းခြံ၊ အိမ်အတွင်းသို့ အိမ်ရှင်၏ခွင့်ပြုချက်ဖြင့်သာ ၀င်ရမည်။

ထို့အပြင် ဧည့်သည်ဘက်က ဧည့်သည် စည်းကမ်းတွေ လိုက်နာရမည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရ။ အိမ်တွင်းကိစ္စတွေ ၀င်ရောက်မစွက်ဖက်ရ။ ယုတ်စွအဆုံးအိမ်ထဲဝင်၍ ကြည့်ရှုလိုပါလျှင် အိမ်ရှင်ကို ခွင့်တောင်းရမည်။ အိမ်ရှင်၏ ခွင့်ပြုချက် သို့မဟုတ် အိမ်ရှင် ကိုယ်တိုင် လိုက်လံပြသခြင်းဖြင့်သျာာအိမ်တွင်းကိစ္စအချို့တစ်ဝက်ကို သိခွင့်ရမည်။ ဒါတောင်မှ အိမ်ရှင်နှင့် နှစ်ပေါင်း အတော်ကြာ ရင်းနှီးခင်မင်ခွင့်ရပါမှ။ သို့မဟုတ်လျှင် ဧည့်သည်သည် အိမ်တစ်အိမ်၏ သတ်မှတ်ထားသော ဧည့်ခန်း သို့မဟုတ် ဧည့်သည်ခန်း၌သာ ထိုင်နေပေရော့။

အိမ်ရှင်က ဧည့်သည်ခန်း၌ ထိုင်နေသော ဧည့်သည်ကို ထွက်တွေ့မည်။ လာရင်းအကြောင်း ကိစ္စကို မေးမြန်းမည်။ လုပ်ငန်းကိစ္စတွေ ဆွေးနွေးမည်။ ၀တ္တရားကျေပွန်သော အိမ်ရှင်ဆိုပါက ဧည့်သည် သည် အိမ်ရှင်ဧည့်ခံကျွေးမွေးသမျှကိုလည်း ဧည့်သည်ခန်း အတွင်း၌ စားသောက်နိုင်သည်။ အိမ်ရှင့်ဘက် ကလည်း အိမ်ရှင့်စည်းကမ်းတွေ ရှိရမည်။ဧည့်သည်ကို ကောင်းမွန်စွာ ဧည့်ခံမည်၊ ချိုသာယဉ်ကျေးစွာ ဆက်ဆံမည်၊ တစ်ကြိမ်မျှ မထိတွေ့သေးသော ဧည့်စိမ်းဖြစ်နေလျှင် လာရင်းကိစ္စအကျိုးအကြောင်းကို စိတ်ပါဝင် စားစွာမေးမြန်းမည်။ မရှိဘူး၊ မသိဘူး၊ နောက်မှလာဟု ရေးကြီးသုတ်ပျာ နှင်ထုတ်ခြင်းမျိုး မရှိစေရ။ ယုတ်စွအဆုံး ဧည့်သည်ဘက်မှရော၊ အိမ်ရှင်ဘက်မှရော အပြန်အလှန် မေတ္တာတွေထား၊ မေတ္တာတွေ ပွားလေလျှင် အိမ်ရှင်နှင့်ဧည့်သည် ဆက်ဆံရေးနယ်ပယ်သည် ညီညွတ်လှပသော သင်္ကေတကလေးတစ်ခု ဖြစ်ထွန်းလာပေမည်။

ဤသည်မှာ လူမှုပတ်ဝန်းကျင်သို့ လှမ်းကြည့်ဖြစ်သော ဧည့်သည်နှင့်အိမ်ရှင်တို့၏ အနေ အထား။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ်ရေးရာ၊ ပုဂ္ဂိုလ်တို့၏ကိစ္စ။ ဓမ္မဘက်မှ လှမ်းကြည့် သောအခါ သဘာဝတရားကြီးသည် အိမ်ရှင်ဖြစ်သည်။သုံးဆယ့်တစ်ဘုံသား သတ္တ၀ါ အနန္တတို့ကား ဧည့်သည်တွေ ဖြစ်သည်။ သုံးဆယ့်တစ်ဘုံ သားတို့တွင် လူသည် အသိဉာဏ်အရှိဆုံး၊ စွမ်းရည် အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ လူ့ဘ၀ကို အရင်းတည်၍သာလျှင် စကြ၀ဠာအနန္တ၏ အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်သော မြတ်ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်နိုင်သည်။ ဤသည့်အနှိုင်းအဆမှာ ကျယ်ပြန့်လွန်းလှသဖြင့် မြင်ကွင်းကို အနည်း ငယ်ချုံ့ကြည့်ချင်ပါသည်။


ကမ္ဘာမြေကြီးနှင့် လူသား။


ကမ္ဘာမြေကြီးကား အိမ်ရှင်၊ လူသားများကား ဧည့်သည်။လွန်ခဲ့သော နှစ်သန်းပေါင်းများ စွာကပင် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးသည် ရေ၊ မြေ၊လေ၊ မီး၊ ဓာတ်ကြီးလေးပါး ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် စကြ၀ဠာအတွင်း၌ ဂြိုဟ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဤကမ္ဘာကို ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာဟု သဗ္ဗညုတဘုရားရှင်တို့က သဗ္ဗညုတ ဉာဏ်တော်စွမ်းအားဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော ဘုရားရှင်လေးဆူတို့သည် ဤကမ္ဘာမြေကြီးပေါ်၌ ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပြီး ဖြစ်သည်။

နောက်ထပ်ဘုရားတစ်ဆူပွင့်ရန် ကျန်ရှိနေသေးသည်။ အရိမေတ္တေယျမြတ်စွာဘုရား။ ကျွန်တော်တို့သည် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀) ကျော်က ပွင့်ထွန်း ပေါ်ပေါက်ခဲ့သော ဂေါတမမြတ်စွာဘုရား၏ ဓမ္မအမွေအဖြစ် ချန်ထားရစ်ခဲ့သော ဓမ္မက္ခန္ဓာ(၈၄၀၀၀) မှတစ်ဆင့် သဘာဝဓမ္မများကို သိခွင့်ရနေသည်။ သည့်မတိုင်မီ ပွင့်တော်မူပြီးခဲ့သော ဘုရားသုံးဆူတို့နှင့် ပတ်သက်သမျှမှာမူ အလှမ်း ဝေးခဲ့ပြီ ဖြစ်သဖြင့် အသေးစိတ်သိခွင့် မရနိုင်တော့။

သာသာနာနှစ် (၅၀၀၀)ကုန်ဆုံး၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်လွန်လေလျှင် ဘာတွေဆက်ဖြစ်မည်ကို ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ထွက်စကားများအရ သိထား ရပြီးဖြစ်သဖြင့် နောင်နှစ်ပေါင်း (၂၅၀၀)ကျော်၏ အနာဂတ် အရေးသည် ...။ ထားတော့။ နောင်အရေးသည် နောင်ကာလတွင် အိမ်ရှင်ကမ္ဘာမြေကြီးပေါ်၌ ဖြစ်ပေါ်လာကြဦးမည့် ဧည့်သည် ပုဂ္ဂိုလ်အသီးသီး၏ အရေးကိစ္စ။ ကျွန်တော်တို့၏ အရေးကိစ္စကား ယခုပစ္စုပ္ပန်တည့်တည့်နှင့်သာ တိုက်ရိုက်တိုက်ဆိုင်နေခြင်းကိစ္စ။ ဤနေရာတွင် မွေးခွန်းတစ်ခု မေးလိုစိတ် ဖြစ်လာမိသည်။ ဘ၀သံသရာ ရေယဉ်ကြော၌ ခန္ဓာပုံစံ တစ်မျိုးပြီးတစ်မျိုးရယူ လျက်ပေါ် ချည်မြုပ်ချည်ဖြင့် တမျောတည်း မျောခဲ့ကြသော ဧည့်သည်ပုဂ္ဂိုလ် ကျွန်တော်တို့သည် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်၌ ဧည့်သည်ဝတ္တရားတွေ ကျေပွန်ခဲ့ကြပြီလော ...။

ဦးစွာ အိမ်ရှင်ကမ္ဘာမြေကြီးဘက်သို့ ကြည့်-ကြည့်မည်။ သူကား သဘာဝတရားသက်သက် ဖြစ်၍ သူ့ဘက်၌ ပြောစရာစကား ဘာဆိုဘာမျှမရှိ၊ ဘာသာစကားမရှိ၊ စကားလုံးမရှိ၊ နိုင်ငံမရှိ၊လူမျိုးမရှိ၊ အယူဝါဒမရှိ၊ သူကား အကောင်အထည်ဒြပ်အဖြစ် ကိုင်တွယ်၍ရသော ပထ၀ီ၊ လှုပ်ရှားရုန်းကန် ထောက်ကန်တတ်သော ၀ါယော၊ ယိုစီးဖွဲ့စည်းတတ်သောအာပေါ၊ ပူတတ်အေးတတ်သော တေဇောတို့ဖြင့် အဓိက ပေါင်းစပ်ဖွဲ့စည်းပေးထားခြင်းမျှသာ။ တနည်းအားဖြင့် မြေဓာတ်၊ လေဓာတ်၊ ရေဓာတ်၊ မီးဓာတ်စသော ဦးဆောင်ဓာတ်ကြီး လေးပါးတို့၏ အစုအဝေးမျှသာ။ သူတို့လေးခုအနက် တစ်ခုခုလွန်ကဲလျှင် ကမ္ဘာမြေကြီး၌ တစ်မျိုးမဟုတ် တစ်မျိုး ဖောက်ပြန်လာမည်။ လေဓာတ်လွန်ကဲလာလျှင် မုန်တိုင်းများ၊ ရေဓာတ်လွန်ကဲလာလျှင် လှိုင်းလုံးများ၊ မိုးသီးမိုးပေါက်များ၊ မီးဓာတ်လွန်ကဲလာလျှင် မီးတောင် ချော်ရည်များ စသည်ဖြင့် ဗဟိဒ္ဓရုပ်အစုအဖွဲ့တို့၏ ဖောက်ပြန်မှုပြယုဂ်တွေကို တွေ့ရ မည်။ ဒါကလည်း သူ့အလုပ် သူလုပ်နေခြင်းမျှသာ။ ထိုဓာတ်တို့၏ သဘာဝကား အာကာသထဲတွင် အရှိတရားအဖြစ် တည်ရှိနေသကဲ့သို့ ခန္ဓာရ ထားသော သံသရာသားကောင် (ကမ္ဘာမြေကြီး၏ဧည့်သည် ပုဂ္ဂိုလ်) တို့၏ ခန္ဓာအတွင်း၌လည်း သဘာဝတရားအဖြစ် ကိန်းဝပ်နေသည်။တစ်နည်းအားဖြင့် ခန္ဓာပိုင်ရှင် ဧည့်သည်ပုဂ္ဂိုလ်တို့သည်လည်း ဓာတ်ကြီး လေးပါးဦး ဆောင်၍ ဖွဲ့စည်းထားသော သဘာဝအစုအဖွဲ့မျှသာ ...။


သို့ဆိုလျှင် ဘယ်က ဘယ်လိုလုပ်၍ ငါ တွေ ရောက်လာရပါသနည်း။ မရှိကို အရှိလုပ်၍ အိမ်ရှင်ကမ္ဘာမြေကြီးကို ကျူးကျူး ကျော်ကျော် စော်စော်ကားကားလုပ်ကာ အဘယ့်ကြောင့် အစိတ်စိတ်ပိုင်းလုပ်နေကြပါသနည်း။ ဒါ ငါ့နေရာ၊ ဒါ ငါ့နယ် နိမိတ်၊ ဒါ ငါ့ရဲ့တံတိုင်းအကာအရံ၊ ဒါ ငါ့ရဲ့မြေ။ အိမ်ရှင်ကမ္ဘာမြေကြီးကား ဧည့်သည်စည်းနားမလည်သော ဧည့်သည် ပုဂ္ဂိုလ်တို့ကို မော့ကြည့် သက်ပြင်းချရုံမှတစ်ပါး ဘာမျှမတတ်နိုင်တော့ပြီ။


မရှိကို အရှိဟု ထင်မှားကာ ထိုအထင်မှားကိုပင် မျက်ကန်းတွေဖြစ်သဖြင့် မရှိ ငါ ကို အရှိ ငါ လုပ်ကာ အရာရာ၌ စွဲလမ်းတပ်မက် တွယ်တာ မက်မောလိုချင်ခြင်းတည်းဟူသော တဏှာ။ ဟော-မူလနှစ်ဖြာ အ၀ိဇ္ဇာ တဏှာ တို့ကား သံသရာသားကောင်တို့၏ ထာဝရမိတ်ဆွေအဖြစ် နေရာယူလျက်သံသရာစက်ဝိုင်းကို လည်ပတ် စေလေပြီ။ မိတ်ဆွေအဖြစ် အယောင်ဆောင် ချဉ်းကပ်လာသော တဏှာနှင့် အ၀ိဇ္ဇာကို နေရာပေးမိသောအခါ သံသရာသားကောင် တို့သည်ကား မြေကြီးပေါ် ရောက်လာလိုက် မြေကြီးထဲပြန်ရောက်သွားလိုက်နှင့် လုံးလည်ချာလည်ဖြစ်နေတော့သည်။ မြေကြီးပေါ် ရောက်လာသည့်အခိုက် ကိုယ်ရပ်တည် နေထိုင်အသက်ရှင်သန်ရာ ကမ္ဘာမြေကြီးအပေါ် ကောင်းကျိုးပြုသူ အရေအတွက်ကား တစ်နေ့တခြား နည်းပါးလာသည်။

တစ်နည်းအားဖြင့် ဧည့်သည်ခန်း အတွင်း၌ လာရောက်ထိုင်နားစဉ် ဧည့်သည်ဝတ္တရားကို မသိ။ ဧည့်သည်စည်းကမ်းကို နားမလည်၊ အိမ်ရှင်ခွင့်မပေးဘဲ အိမ်ထဲအတင်းဝင်သည်။ မီးဖိုချောင်ထဲ ၀င်ချင်ဝင်သည်။ ထမင်းနှိုက်စားချင်စားသည်။ အိမ်ထဲက ပစ္စည်းတွေကို အိမ်ရှင်ခွင့် ပြုချက်မရဘဲကိုင်သည်။ ကြိုက်လျှင်ယူသည်။ မကြိုက်လျှင် ဖျက်ဆီးသည်။ တစ်အိမ်လုံး မွမွခြေပစ်သည်။ တစ်အိမ်လုံး ကြေမွပျက်စီးသွားသောအခါ အိမ်ထဲမှ ပြန်ထွက်သွားသည်။ အိမ်ရှင်ကား ဘာမျှမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ သည်လိုဧည့်သည်မျိုးတွေများ လာသောအခါ အိမ်ရှင်ကမ္ဘာမြေကြီးသည် ချိုင့်ခွက် အပေါက်ရာဗရပွနှင့် ထုံးဂေါ်လီ လေးတစ်လုံးလို ဖြစ်သွားတော့သည်။ သည်လိုပုံစံနှင့် ဆိုလျှင် ပွင့်ရန်ကျန်ရှိနေသေးသော အရိမေတ္တေယျဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ပြီးပါက ဘုရားငါးဆူ ပွင့်ထွန်းပေါ် ပေါက်ခဲ့ဖူးသည်ဟူသော ဤဘဒ္ဒကမ္ဘာကြီးသည် စကြ၀ဠာကြီးအတွင်းမှ အပြီးတိုင် ပျောက်ကွယ်သွားမည့် အလားအလာမှာ သေချာနေတော့သည်။ သဗ္ဗညုတဘုရားရှင်တို့၏ နှုတ်ထွက်စကား ဟောတရားများ ဖြစ်သဖြင့်လည်း မည်သည့်အခါမျှ ယွင်းမှားတိမ်းချော်ခြင်း မရှိနိုင်ပေ။

ကျွန်တော်တို့ ကျူးလွန်ခဲ့သမျှ ပြစ်မှုတို့ကို ပြန်ကြည့်ကြဦးစို့။ကျွန်တော်တို့ ကိုယ်ခန္ဓာ အသီးသီးမှထွက်သော အညစ်အကြေးမှန်သမျှကို ဤမြေကြီးပေါ်မှာ စွန့်ပစ်သည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ တံတွေး၊ နှပ်၊ မစင်၊ ဆီး၊ နောက်ဆုံး အလောင်းကောင်၊ အပုပ် ကောင်စသည်ဖြင့် စွန့်ပစ်သမျှအားလုံးကို ကမ္ဘာမြေကြီးက လက်ခံခဲ့သည်သာ။ လူသားအချင်းချင်း သေကြေပျက်စီးစေနိုင်မည့် ရေမြုပ်ဗုံး၊အဏုမြူဗုံး စသည်တို့ကို လူနေနည်းပါးရာ ဒေသများ၌ စမ်းသပ်ဖောက်ခွဲကြသည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ သူ့အိမ်၊ ကိုယ့်အိမ်၊ သူ့ခြံ၊ ကိုယ့်ခြံမှသည် သူ့အုပ်စု၊ သူ့အဖွဲ့အစည်းဖြင့် ကမ္ဘာမြေကြီးကို ကိုယ်ပိုင်ပစ္စည်းသဖွယ် အသုံးချ၍ အချင်းများရန်ဖြစ် စကားများနေ သမျှတို့ကိုလည်း ကမ္ဘာမြေကြီးကား ဘာမျှမပြော။


ကမ္ဘာမြေကြီးဘက်မှ အိမ်ရှင်ဝတ္တရားကျေပွန်သလောက် ကျွန်တော်တို့ကား ကမ္ဘာမြေကြီးပေါ်၌ မထီမဲ့မြင်ပြုနိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်ဝတ္တရားကို ကျူးလွန်ဖောက်ဖျက် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ် ရက်စက်နိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်အချင်းချင်း ဧည့်သည်ခန်း အတွင်း ခေတ္တခဏ ရောက်လာခိုက် အရှက် အကြောက်ကင်းမဲ့စွာ ရန်ဖြစ်နေသည်နှင့် တူလှသည်။ သူများအိမ်ထဲအားမနာ လျှာမကျိုး ထိုးထိုးထောင်ထောင် ပြုမူသူ တွေနှင့် တူလှသည်။ ဧည့်သည်ဟူသည့် အဓိပ္ပါယ်ကိုက ခေတ္တခဏသာ လာရောက်နားနေခွင့်ရသည်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ ဤသည်ကို နားမလည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရဆိုသော သဘာဝစည်းကမ်းကို ကျွန်တော်တို့ မလိုက်နာ။ ဧည့်သည်အချင်းချင်းကိုလည်း သူလည်း ဧည့်သည်၊ ကိုယ်လည်း ဧည့်သည်ပါလားဟု မမြင်။ အိမ်ရှင်ကို အားနာရမှန်း၊ အိမ်ရှင်အပေါ် အလိုက်သိတတ်ဖို့လိုမှန်း ကျွန်တော်တို့ မဆင်ခြင်၊ ဧည့်သည် ခန်းအတွင်း၌ ဧည့်သည်အချင်းချင်း ဖြစ်နေသောရန်ပွဲသည် အိမ်ရှင်ကို မည်မျှအထိ ဂုဏ်သိက္ခာကျဆင်းစေသည်ကိုလည်း ထည့်မတွက်။

ကျွန်တော်တို့သည် ဧည့်သည်ခန်းအတွင်း၌ ဧည့်သည်ကောင်း တစ်ယောက်လို နေတတ်ထိုင်တတ်ဖို့ အများကြီး ကြိုးစားအားထုတ်ရဦးမည်။သဘာဝတရားကြီးထဲမှ သင်ယူစရာရှိသည်များကို အများကြီးသင်ယူရ ဦးမည်။ မိတ်ဆွေ ယောင်ဆောင်၍ အနားကပ် နှိပ်စက်နေသော အ၀ိဇ္ဇာနှင့် တဏှာကို အမြစ်ပြုတ်အောင် ဉာဏ်စွမ်းဖြင့် ဖယ်ရှား ဆွဲနုတ်ရဦးမည်။ လုပ်စရာတွေ အများကြီးရှိနေသည်။ ယူတတ်လျှင် တာဝန်တွေချည်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို တာဝန်ယူ တတ်ဖို့ လိုသလို အိမ်ရှင်ကမ္ဘာ မြေကြီး လှပသာယာဖို့ အများကြီးတာဝန်ယူ စွမ်းဆောင်ရဦးမည်။ ကမ္ဘာမြေကြီးအတွက် တာဝန်ယူခြင်း၊ ဧည့်သည်အချင်းချင်း ကိုယ်ချင်းစာ နားလည်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ကျေးဇူးပြန်ဆပ်ရဦးမည်။

တစ်ချိန်က ရယူလိုခြင်းတည်းဟူသော တစ်ဖက်သတ်သဘောထားများဖြင့် ကမ္ဘာမြေကြီး အပေါ်၌ အကြွေးတင်ခဲ့သော ကျွန်တော်တို့သည် ကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာ ရေးအတွက် ကျွန်တော်တို့၏ ပြုစုစောင့်ရှောက်ထိန်းသိမ်း ဆောင်ရွက်ကူညီလိုသော ပေးဆပ်ခြင်း စိတ်အသစ်များဖြင့် ပြန်၍ကျေးဇူးဆပ်ရပေဦးမည်။ သဗ္ဗညုတဗုဒ္ဓမြတ်စွာဘုရားတို့၏ သဘာဝဓမ္မ အဆုံးအမ များအားခန္ဓာဉာဏ်ရောက် လေ့လာမှတ်သား၊ သင်ကြားနာယူ၊ ဆည်းပူးအားထုတ်ခဲ့ခြင်း အကြောင်းကြောင့်ပင်လျှင် ကျွန်တော့်တွင် ကြီးစွာသောအကျိုး ကျေးဇူးရခဲ့ပေပြီ။

၎င်းမှာသည်ဘ၀၊ သည်ခန္ဓာဖြင့် သည်တစ်ခေါက် ဧည့်သည် ခန်းအတွင်းသို့ လူသားတစ်ဦး အဖြစ် ရောက်ခဲ့ရသည့် ကျွန်တော်သည် အိမ်ရှင်ဖြစ်သူ ကမ္ဘာမြေကြီးအတွက်လာခြင်း ကောင်းသောဧည့်သည် တစ်ဦးအဖြစ် ကြိုးစားနေထိုင်လိုစိတ်များ ဖြစ်ပေါ်လာ ခြင်းတည်းဟူသော အကျိုးတရားများ ရရှိလာခဲ့ခြင်း ဖြစ်ပါတော့သည်။


၁၄-၁-၂၀၀၂

(ဆရာမြသန်းစံ၏ ဧည့်သည်ခန်းရောက် ဧည့်သည်တစ်ဦးဆိုသည်ကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။)

အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။


Read more...

မိုးသို့ .....တိုင်တည်ခြင်း

(ဒီခေါင်းစဉ်ကို ဖတ်ပြီး ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေကတော့ ပြုံးကြပါလိမ့်မယ်။)

ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်မိတာပါ။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘ၀ကို ပြန်သတိရမိပါတယ်။ ကျောင်းက ဆရာမပေးလိုက်တဲ့ အိမ်စာတွေကို အိမ်ပြန်ရောက်ရင် ချက်ချင်းပြီးအောင်လုပ်၊ ကျက်စရာရှိတဲ့စာတွေကျက်။ အားလုံးပြီးသွားတဲ့အချိန်ဆိုရင် ကျွန်တော်စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေခဲ့ဖူးပါတယ်။ ငါလုပ်ရမယ့် တာဝန်တွေအားလုံး ပြီးသွားပြီပေါ့။ တာဝန်ကျေပြီပေါ့။

ကျောင်းသားဘ၀ စာမေးပွဲတွေအများကြီးဖြေခဲ့ဘူး

ပါတယ်။ စာအကုန်ရထားတဲ့ဘာသာမျိုး သွားဖြေရမယ့်နေ့ ဆိုရင် စိတ်ထဲမှာ ဘာထိတ်လန့် စိုးရိမ်စိတ်မှ မရှိဘဲ ပေါ့ပေါ့ပါးပါးဘဲ စာမေးပွဲခန်းထဲဝင်၊ မေးခွန်းလွှာကို ကောက်ကိုင်ပြီး မေးထားသမျှတွေဖြေပြီး အိမ်ပြန်ခဲ့တဲ့ အကြောင်းကိုလည်း ပြန်လည် သတိရမိပါတယ်။

ကျောင်းတွေပြီးလို့  လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်ကျပြန်တော့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားပိုင်းကို ကျွမ်းကျင်လာပြီးတဲ့နောက် အမှားအယွင်းမရှိလုပ်နိုင်လာတော့လည်း စိတ်ထဲမှာ လွတ်လပ်မှုတစ်မျိုးကို ခံစားရပြန်တာပါဘဲ။ အလုပ်အပေါ်မှာ စိတ်တင်းကျပ်မှုမရှိ လုပ်နိုင်သွားခဲ့ပြန်တာကိုး။

ဒီလိုနဲ့ အချိန်ကျလို့  အိမ်ထောင်ပြု၊ စီးပွားဥစ္စာရှာပြီး လောက ၀တ္တရားတွေ ထမ်းဆောင်ရတဲ့ အလှည့်ရောက်လာ ပြန်တော့လည်း ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ပေးလိုက်နိုင်လို့  အစစအဆင်ပြေသွားတာ မျိုးတွေနှင့် တခါတလေ တွေ့ ကြုံရတဲ့အခါမျိုးတွေမှာ စိတ်ကျေနပ်မှုတွေခံစားခဲ့ရဖူးပါတယ်။

လောကလူသားတစ်ယောက်အတွက် ဘ၀ရဲ့ ပြီးပြည့်စုံမှုလို့ ဆိုလာရင် ဇနီး၊ မယား၊ သမီး၊ သား၊ ဥစ္စာစီးပွား၊ အခြံအရံ နှင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်နိုင်မှုကိုဘဲ တန်ဖိုးထား ပြောကြမှာ ကမ္ဘာ့လူသားတိုင်းရဲ့  (၉၀) ရာခိုင်နှုန်းကျော်လောက်ဖြစ်နေလိမ့်မယ် လို့  ကျွန်တော်ထင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်းဘဲ ဒီပန်းတိုင်တွေအတွက်ပဲ ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းအသုံးချ ခဲ့ပြီးပါပြီ။ အတိုင်းအတာတစ်ခုထိလည်း ကျေနပ်စရာ ကောင်းတဲ့ အခြေအနေတွေကို ရရှိ ပိုင်ဆိုင်ဖြတ်သန်းဖူး ခဲ့ပါပြီ။

တစ်နေ့ ကနာလိုက်ရတဲ့ တရားတစ်ပုဒ်ထဲမှာ ဆရာတော်က “မကျေနပ်ရင် အောက်ကြည့်၊ ကျေနပ်ရင် အထက်ကြည့်” တဲ့။ ဆိုလိုတာက ကိုယ့်ဘ၀ကို အလိုမကျ၊ စိတ်တိုင်းမကျ၊ အားမရ တွေဖြစ်တဲ့ အချိန်အခါမျိုးမှာ ကိုယ့်လောက် အဆင်မပြေ၊ အခြေအနေမလှကြတဲ့ သူတွေကို သတိရပါပေါ့၊ ဒါဆိုရင် ဒေါသထွက် မကျေမနပ်ဖြစ်နေတာတွေ လျော့သွားပါလိမ့်မယ်တဲ့။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အကျေနပ်ကြီး ကျေနပ်နေတဲ့ အချိန်တွေမှာဆိုရင်တော့ ကိုယ့်ထက် အစစသာသူတွေကို သတိရလိုက်ပါပေါ့။ ဒါဆိုရင် သွေးနားထင်ရောက်နေတာ လျော့သွားပါလိမ့်မယ်တဲ့။

ဒီရက်ပိုင်း ကျွန်တော် ဗုဒ္ဓတရားတော်တွေကို အွန်လိုင်းမှာရှာဖတ်ရင်းနှင့် ဘုရားလက်ထက်ကလည်း ကိုယ့်ကိုယ်ကို လောကီဝတ္တရားတွေကျေပွန်လို့  အားရကျေနပ်ပြီး ပါးစပ်ကကို ထုတ်ဖော်ပြောရလောက်အောင် ၀မ်းသာလုံးစို့ နေတဲ့ ပုဏ္ဏားတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရပါတယ်။ သူက ဘယ်လိုတွေ ထုတ်ဖော် ပြောသလဲဆိုတော့

၁။ “ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွ နေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။”


မိုးကို တိုင်တည်ပြီး ပြောလိုက်ပုံလေးပါ....

နောက် သူက ဆက်ပြောပါသေးတယ်

၂။ “(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည် ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


သူက နွားကျောင်းသား သူဌေးတစ်ဦးပါ။

၃။ “(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာက ပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ် တစ်စုံတစ်ရာကိုမျှ့ ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ကဲ....သူ့ မိန်းမကောင်းကြောင်းလေးကို ကြွားကြွားလေးပြောထားတာပါ။

၎။ “ငါသည် ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူတကွ နေထိုင်ကြကုန်၏၊ အနာရောဂါ မရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ် တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”


ဒါကျတော့ သူ့ အလုပ်နှင့် သားသမီးတွေ ကောင်းကြောင်းဗျ။

၅။ “ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့ နွားငယ်တို့လည်း ရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ် ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏ အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက် ပါလော့။”


ဒါကတော့ သူ့ ပိုင်ဆိုင်မှုကို ကြွားတာပေါ့ဗျာ။

၆။ “နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာ စိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက် ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုး တို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါ မတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ဒါကကျတော့ သူ့ အလုပ်ကိစ္စတွေမှာ ပြုလုပ်စရာတာဝန်တွေကို လုပ်ပြီးပြီဆိုတာ ပြောပြန်ရော။


သူပြောလိုက်တာလေးတွေကို ဖတ်ကြည့်လိုက်တော့ ပုဏ္ဏားကို တော်တော်အားကျဖို့ ကောင်းနေပါတယ်။ တယ်ဟုတ်တဲ့ လူဘဲ။ ဇနီးကောင်းလည်း ရှိတယ်။ သားသမီးတွေနှင့် တပျော်တပါး။ ဥစ္စာပစ္စည်းကလည်း ကြွှယ်ဝချမ်းသာတယ်။ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေလည်း အကုန်လုပ်ပြီးနေတဲ့သူတစ်ယောက်။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။ ကိုယ်တွေများ သူ့ လိုပြောချင်လိုက်တာ ဖြစ်ချင်လိုက်တာ။

အဲဒီမှာဘဲ သူထက်သာတဲ့သူတစ်ဦးက ပေါ်လာပါရောဗျား။ ဘယ်သူများလည်းဆိုတော့.........ဗုဒ္ဓ” ပေါ့။

ပုဏ္ဏားက တစ်ခွန်းထုတ်ပြောလိုက်တာနှင့် မြတ်စွာဘုရားကလည်း ချက်ချင်း တစ်ခွန်းပြန်ပြီးပြောတယ်။ မသိရင် (ခေတ်စကားနှင့်ပြောရရင်တော့) ဗုဒ္ဓက ပုဏ္ဏားကို ဖဲ့ နေသလိုပါဘဲ။

၁။ “ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ တစ်ညဥ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေး လေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


မြတ်စွာဘုရားရဲ့ မိုးသို့ တိုင်တည်ပုံလေးပါ။


ပုဏ္ဏားက နွားတွေအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုလေး ပြန်ပြောတယ်။

၂။ “ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်းစွာ စီရင်ထားပြီး ဖြစ်ခဲ့၏၊ (ငါသည်) သြဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီး ဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုး မရှိတော့ပေ၊ (ကိလေသာဟူ သော) မိုးနတ်မင်း သင်သည် ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ မိန်းမအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုပြန်ဆိုပြန်ရော။

၃။ “ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာ ထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှု မရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ အလုပ်အကြောင်း၊ သားသမီးတွေအကြောင်းပြောတော့ မြတ်စွာဘုရားကလည်း အခုလို

၎။ “ငါသည် တစ်စုံတစ်ယောက်သော သူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ် လောကုတ္တရာ သမာဓိ ချမ်းသာဖြင့် လှည့်လည်နိုင်သူ ဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ ပိုင်ဆိုင်မှုတွေကို ကြွားတော့ မြတ်စွာဘုရားက ဒီလိုဆိုပါတယ်။

၅။ “ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယု-ဋ္ဌာနကိလေသာ) တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ) တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင် နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည် လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ) တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက နောက်ဆုံး သူ့ တာဝန် လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အကြောင်းပြောချိန်မှာတော့ မြတ်စွာဘုရား ကလည်း ဒီလိုအဆုံးသတ်လိုက်ပါတယ်။


၆။ “နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း၊ ဆင်ပြောင်ကြီးသည် ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန် ကပ်ရောက်တော့မည် မဟုတ်၊ (ကိလေ သာ ဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”



ဒီတရားတော်ကို ဖတ်နေရင်း ကျွန်တော့် စိတ်နှလုံးတွေ တကယ်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တွေမှာ လောကီပြည့်စုံမှုတွေအတွက် အသည်းအသန်ကြိုးစားရုန်းကန်နေရချိန်မှာ ပုဏ္ဏားလိုမျိုးလည်း မကြုံးဝါးနိုင်။ မြတ်စွာဘုရားလိုမျိုး ဥဒါန်းကျူးဖို့ ကတော့ ဝေးလိုက်သည်များ။

နောက် ကျွန်တော်တို့ တွေ အချိန်ပေးလုပ်ကိုင်ရှာဖွေနေကြတာတွေကရော။ တကယ်ကိုယ့်အတွက် ဘာများ အာမခံချက်ပေးနိုင်မှာလဲ။ သေကြပြီဟေ့ဆိုရင် ဘာတွေက၊ ဘယ်သူတွေက ကိုယ့်နောက်ကို ပါလာမှာလဲ။

ဒါဆို တစ်ဘ၀လုံး တာဝန်ဝတ္တရားတွေကျေအောင်လုပ်နေတာတွေ၊ တော်တော်များများကိစ္စတွေမှာ တာဝန် ကျေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမှုတွေဟာ တကယ်ဟုတ်လို့ လား။ ကိုယ့်အတွက် တကယ်အသုံးတည့်တဲ့ အရာတွေလား။ ကိုယ့် သံသရာခရီးအတွက် ကိုယ်ဘာများတာဝန်ကျေအောင် လုပ်ထားပြီးခဲ့ပြီလဲ။

မြတ်စွာဘုရားက အဲဒီသုတ်တော်မှာ ဆက်လက်ပြီး ဟောထားတာက-

“သားသမီးရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ မှန်၏- ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။”


ကျွန်တော်တို့  ပိုင်ဆိုင်ထားကြတာတွေက အချိန်တော်တော်များများမှာ ကျွန်တော်တို့ အတွက် စိုးရိမ်မှုကိုဘဲ ဖြစ်စေတာ တကယ်အမှန်ပါ။ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာ ငြိတွယ်မှုကြောင့် ပူလောင်မှုတွေဘဲ ဖြစ်စေခဲ့တာပါ။ ဒါတွေကြောင့် ချမ်းသာတယ်ဆိုတာ တဒင်္ဂ၊ ခဏ အချိန်လေးမျှပါ။ ကိုယ်တွေက မငြိအောင်လည်းဘဲ နေမှ မနေနိုင်ကြတာကိုး။ ဒီတော့လည်း “သမုဒယကြောင့် ဒုက္ခဖြစ်တယ်” ဆိုတဲ့ တရားစကားနှင့်က ကွက်တိကိုကျလို့ ။

ကျွန်တော်တို့ ရဲ့ တကယ်ကျေရမယ့်တာဝန်က ကျွန်တော်တို့ တွေနှင့် တစ်သံသရာလုံး အမြဲလိုက်ပါနေတဲ့ ကိလေသာတွေကို ကုန်အောင်လုပ်ကြဖို့ ပါ။ ဒီဟာတွေကြောင့်ဘဲ ကျွန်တော်တို့ တွေဟာ ဘ၀ဇာတ်ခုံ အဖုံဖုံကို ပုံစံအမျိုးမျိုးနှင့် ကနေကြရတာပါ။

ဒီကိလေသာတွေက ဆွဲချခဲ့လို့ စုတ်ပြတ်စွာ ကျခဲ့ရတဲ့ ဘ၀အခြေအနေတွေ ကြိမ်ဖန်များစွာရှိခဲ့ပါပြီ။ နောင်လည်း သူတို့ တွေက ကိုယ့်ကို ကြုံရင်ကြုံသလို အနေနိမ့်အောင် လုပ်နေကြအုံးမှာပါ။ ဒုက္ခပေါင်းစုံခံစားခိုင်းကြအုံးမှာပါ။

ဒါတွေကို ဘာလို့ ကျွန်တော်သိရက်နဲ့  သံဝေဂ မရနိုင်ရတာလဲ။ ဘာတွေများကောင်းနေလို့ သာယာနေရတာလဲ။ မေးခွန်းများစွာ ကိုယ့်ကိုယ်ကို မေးမိပါတယ်။

“ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင်အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….။”


မြတ်စွာဘုရားရှင်ရဲ့  ရင်ထဲကထွက်လာတဲ့ ဒီနှုတ်ထွက်စကား။ ကျွန်တော် လိုက်ပြီး ရေရွတ်မိပါတယ်။


သြော်...ငါ ဘယ်အချိန်များ ဒီလိုမျိုး ပြောနိုင်မှာပါလိမ့် မိုးရယ်...။


ကျွန်တော့်အာရုံမြင်ကွင်းထဲကို ညပိုင်းတာဝန်ပြီးဆုံးလို့  ခရီးသည်မတင်တော့ဘဲ ဒီအတိုင်းမောင်းသွားတဲ့ ဘက်စ် ကား တစ်စီးဝင်လာပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကားရဲ့ အရှေ့ ဘက်အပေါ် Display Screen မှာ “OUT OF SERVICE” တဲ့။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


(ဘုန်းဘုန်း ဦး တိက္ခဉာဏရဲ့ ဘလော့ဂ်က
မဟီမြစ်ကမ်းမှ ကျူးရင့်သံ ကိုဖတ်ပြီး မူရင်း တရားတော် ဓနိယသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ် ကို ဦးလောကနာထ၏ အကူအညီဖြင့် ထပ်ဆင့်ရှာဖွေဖတ်ရင်းက ဒီဆောင်းပါးကို ရေးဖြစ်ပါသည်။)


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP