* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 13, 2009

*ကျွန်တော့်ကို Heart ထိစေသော ရိုက်ချက်များ*

ဓမ္မမောင်နှမတို့ ရေ

ဒီနေ့ အွန်လိုင်း တက်လိုက်တော့ ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်) ကလည်း လိုင်းပေါ်မှာ ရှိနေတာနှင့် ဘုန်းဘုန်းကို နှုတ်ဆက်ရင်း ရောက်တက် ရာရာ ပြောဖြစ်ပါတယ်။ ဒါပေမယ့် ဗဟုသုတ ဖြစ်စရာ မှတ်သား စရာတွေ ဘုန်းဘုန်း ပြောတဲ့အထဲမှာ တော်တော် များများ ပါနေတာမို့  အားလုံးကို ပြန်လည် ဝေငှလိုက် ပါတယ်။

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

***********************************************************

1:06 PM me: ဘုန်းဘုန်း၊ မင်္ဂလာပါ။ နေကောင်းပါရဲ့ လားဘုရား

bhikkhu.tikkhanana: မင်္ဂလာပါ ကိုဝိမုတ္တိ
နေကောင်းပါတယ်
1:07 PM ကိုဝိမုတ္တိကော နေကောင်းလား

me: ဘုန်းဘုန်း ဆွမ်းဘုန်းပြီးပြီလားဘုရား

bhikkhu.tikkhanana: မပြီးသေးဘူး ဒကာ

me: အချိန်တော့ နီးပြီထင်တယ်

bhikkhu.tikkhanana: ဟုတ်

1:08 PM me: တပည့်တော် ဒီရက်ပိုင်း အွန်လိုင်း သိပ်မတက်ဖြစ်တာနဲ့ ဘုရား

bhikkhu.tikkhanana: ဟုတ်လား
အလုပ်တွေ ရှုပ်နေတယ်နဲ့ တူတယ်

1:09 PM me: အလုပ်မရှုပ်ဘူး ဘုရား။ နားနေရတာ။ အဲဒါနှင့် ကိုယ့်ဖာသာ တရားလေးနှင့် နေနေလို့ဘုရား
1:10 PM Mind Tuning ပြန်လုပ်နေတာပါ ဘုရား။ :)

bhikkhu.tikkhanana: ဟား.. ကောင်းတယ်လေ.. ဘာဖြစ်ဖြစ် လုပ်ဖြစ်ဖို့လိုတာပါ

1:11 PM me: တင်ပါ့ ဘုရား
1:12 PM ဘုန်းဘုန်း ဆိုက်ဒ်အသစ် တော်တော်လေး ပြီးနေပြီလားဘုရား

bhikkhu.tikkhanana: ပြီးနေပါပြီ
ဘုန်းဘုန်း လုပ်နေတာတော့ မဟုတ်ပါဘူးလေ
ကိုဝင်းမြင့် တို့ လုပ်နေတာပါ

1:13 PM me: တင်ပါ့။
ကောင်းပါတယ် ဘုရား

1:14 PM bhikkhu.tikkhanana: အခု အဲဒီမှာ ဘယ်အချိန်ရှိပြီလဲ
me: ၁နာရီ ၁၅ ပါဘုရား

1:15 PM တပည့်တော် ဘုန်းဘုန်း ဘလော့ဂ်က ဓနိယသုတ် ကို ပြန်ရေး ထားတာ လေးကို ဖတ်သွားတယ် ဘုရား။

bhikkhu.tikkhanana: အော် ပြောရအုံမယ်... ကိုဝိမုတ္တိပို့တဲ့ အီးမေးလ်တွေကို ဘုန်းဘုန်းဆိုက် သတင်းလွှာ ကဏ္ဍရယ် တရားကဏ္ဍ ရယ်မှာ တင်ထား လိုက်တယ်

me: တင်ပါ့ ရပါတယ် ဘုရား

bhikkhu.tikkhanana: ဘုရားဒကာလေး မို့ပါ

me: ဘုန်းဘုန်း အသုံးဝင်တယ်ဆို တပည့်တော် ၀မ်းသာပါတယ် ဘုရား
1:16 PM ဟားဟား
မနေ့ ကတော့ ဦးလောက သူ့ ဆိုက်မှာ တပည့်တော် ရိုက်ထားတဲ့ ဘုရားပုံ တင်ထားတယ်

bhikkhu.tikkhanana: အော်

1:17 PM me: ခုန စကား ဆက်လိုက်အုံးမယ်။ မြတ်စွာဘုရား ဥဒါန်းတော်ကို ဖတ်ပြီး တပည့်တော် ပီတိတွေဖြစ် မျက်ရည်တွေ ကျလာတယ် ဘုရား

တကိုယ်လုံး တုန်တက်ပြီးတော့။ တော်တော်ကို ထူးဆန်းတယ်
1:18 PM ဒီတခါတော့ တပည့်တော် Heart ထိတဲ့အလှည့်လားမသိဘူး

bhikkhu.tikkhanana: ဟုတ်လား

me: တင်ပါ့။

bhikkhu.tikkhanana: သဒ္ဓါတရားတွေ အရမ်းမြင့်နေတဲ့ ကာလတွေပါလေ

1:19 PM me: တင်ပါ့။ ဘုန်းဘုန်းဆီက ပို့စ်ကိုဖတ်ပြီး မူရင်း ဖတ်ချင်တာနှင့် ဦးလောကနာထ ဆီကို လှမ်းတောင်းတော့ မူရင်းသုတ် မြန်မာပြန် ဖတ်ရတယ်ဘုရား

1:20 PM bhikkhu.tikkhanana: ဦးလောက က ဘယ်မှာ သီတင်းသုံးတာလဲ

me: ဆန်ဖရန်စစ္စကို ထင်တယ်ဘုရား

1:21 PM bhikkhu.tikkhanana: အော်

me: အဲဒါ ဖတ်နေရင်း မျက်ရည် တွေကျလာလို့ ။ ဦးလောကကို ချက်ချင်း လှမ်းပြောမိတယ်။ အဲဒါ သူက ပီတိကို ပြန်မှတ်၊ ပြန်မှတ်ဆိုပြီး သတိလှမ်းပေးတယ်

bhikkhu.tikkhanana: အင်း ဟုတ်ပါတယ်

1:22 PM me: တပည့်တော် အဲဒီဥဒါန်းလေးနှင့်စပ်ပြီး ဆောင်းပါးလေး တစ်ပုဒ်တော့ ရေးဖြစ်မယ် ထင်ပါတယ်ဘုရား

1:23 PM မနေ့က တပည့်တော်ပို့ လိုက်တဲ့ အယောင်ဆောင်ခြင်း (၃၇)ပါး ကလည်း တပည့်တော် ဖတ်ဖြစ်တော့ တော်တော်လေး လန့်သွားတယ်ဘုရား။

bhikkhu.tikkhanana: ကောင်းတယ် ရေးဖြစ်အောင်ရေးပါ

1:24 PM me: တင်ပါ့

bhikkhu.tikkhanana: အေးဗျာ ဒါ သတိထားစရာတွေချည်းပဲ
အယောင်ဆောင်ခြင်း ၃၇ ပါးကလေ

me: တင်ပါ့။ အဲဒါ ဘုန်းဘုန်းတို့ အားလုံးကိုလည်း သတိရသွားတာနှင့်
တရားမလုပ် တဲ့သူမှာ ဒါတွေ ဖြစ်စရာမရှိဘူး ဘုရား။ လုပ်နေတဲ့ သူတွေမှာ ဖြစ်မှာလေ
1:25 PM သူတော်ကောင်း တရားလုပ်နေရင်းနှင့် အကုသိုလ် ဖြစ်ကြရတာဆိုတော့

bhikkhu.tikkhanana: ဟုတ်ပါတယ်
တကယ့်ကို သတိပြုစရာတွေပါ

me: ဘုန်းဘုန်းတို့ သိပြီးသားလို့ တော့ထင်ပါတယ်ဘုရား

1:26 PM bhikkhu.tikkhanana: ဘုရားရှင်ဟောတဲ့ ဟိုနေရာ ဒီနေရာကနေ ဆရာကြီးက ကောက်နုတ် စုပေါင်း ထားတာပါ.. သိထားတာတော့ များပါတယ်

me: တင်ပါ့

bhikkhu.tikkhanana: ပြန်ဖတ် လိုက်တော့ ပြန်သတိ ပေးပြီးသား ဖြစ်သွားတာပေါ့

me: တင်ပါ့ဘုရား

1:28 PM အထူးသဖြင့် တရားအားထုတ်ပြီးခါစ အချိန်တွေမှာ ယောဂီတွေ သဒ္ဓါတရား တက်ပြီး ဖြစ်တတ်ကြတဲ့ ပြဿနာတွေ ရှိတာကိုးဘုရား

bhikkhu.tikkhanana: ဟုတ်တယ်
1:29 PM အဲဒီ အယောင်ဆောင်ခြင်း ၃၇ ပါးကိုလဲ ဆိုက်သစ်မှာ တင်ထားလိုက်သေးတယ်

me: တင်ပါ့ဘုရား။ ၀မ်းသာပါတယ်ဘုရား

1:31 PM တပည့်တော် တစ်ခု သတိထားမိတာက တရား အားထုတ်တဲ့ သူတွေက တရားအပြင် ကိုယ့်ထက် ၀ါရင့်တဲ့ ဓမ္မမိတ်ဆွေဖြစ်ဖြစ်၊ ဆရာသမား တစ်ဦးဦးဘဲ ဖြစ်ဖြစ် သူတို့ရဲ့ နေပုံထိုင်ပုံ ပြောဆို ဆက်ဆံပုံတွေကို ပါ အတုယူ လေ့လာသင့် တယ်လို့ ထင်ပါတယ် ဘုရား

မဟုတ်ရင် လူတွေကြားထဲ သိပ်အချိုး မကျ ဖြစ်ဖြစ်နေတတ် ကြလို့ 

1:32 PM bhikkhu.tikkhanana: ဟုတ်ပ ကိုဝိမုတ္တိ
ဒီလိုတွေ အများကြီး တွေ့ရတယ်
သတိထား သင့်တဲ့အရာပါ

me: ဟုတ်တယ်ဘုရား။ တပည့်တော် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ခဲ့ဖူးလို့ ဘုရား
1:33 PM တရား အားထုတ်ပြီး ခါစမှာ တွေ့ရာလူကို တရားစကားဘဲ ပြောချင်နေ။
ကိုယ်က နားထောင်ဖို့ ကို အားမသန်

bhikkhu.tikkhanana: အဲဒါ သတိပြုစရာပါ

me: အဲလိုဖြစ်တာဘုရား

bhikkhu.tikkhanana: ဦးဇင်းတို့ကတော့ တော်တော်တွေ့ရတယ်

1:35 PM me: အဲဒါ တပည့်တော် သူငယ်ချင်း တစ်ယောက်က သူလည်း တရား လုပ်ထားတာပါ။ တပည့်တော်ကို နောက်သလို ပြောင်သလို နှင့် တစ်ခွန်း ပြောလိုက်တော့ တပည့်တော် တော်တော်လေး သတိထားလိုက်ရ တော့တယ်

သူက “တရားဝါနုတဲ့ သူတွေက တအား ပြောချင် ကြတယ်တဲ့။ ၀ါရင့်တဲ့ သူတွေက နားဘဲ ထောင်တော့တယ်” တဲ့

1:36 PM သူက လူတွေကြားထဲ ဘယ်တော့မှ တရားအကြောင်း မပြောဘူးဘုရား

bhikkhu.tikkhanana: တရားအလုပ် လုပ်စမှာ ငြိမ်းအေးမှု လေးတွေ့တယ် ကျန်တဲ့ လူတွေကိုလည်း ခံစားစေချင် တွေ့စေချင်တယ်.. သူရဲ့ စေတနာ သဒ္ဓါတွေကို ပညာနဲ့ ထိန်းပေးမှ နေရ ထိုင်ရတာ အဆင်ပြေတယ်

me: အဲဒါ တပည့်တော်ကို တစ်ခွန်းတည်း ထည့်လိုက်တာ တပည့်တော် တခါတည်း နင်သွားတယ်။

bhikkhu.tikkhanana: အင်းပေါ့

1:37 PM me: နောင်တပည့်တော် အဲဒါ ဆင်ခြင် ဖြစ်သွားရော
1:38 PM နောက်ပြီး ဆရာတော် ကြီးတွေရဲ့ ထေရုပတ္တိတွေ လိုက်ဖတ်ဖြစ်တော့ သူတို့ရဲ့ နေပုံ ထိုင်ပုံ ပြောဆိုပုံတွေ အတုယူဖြစ်တယ်
အဲဒီကျမှ တော်တော် ဟန်ကျသွားတာ။

1:39 PM bhikkhu.tikkhanana: ဟုတ်တယ်
ဆရာတော်ကြီးတွေက သိပ်ပြီး သိုသို သိပ်သိပ်နေတော် မူကြတာ

1:40 PM ရေပြည့်သွားရင် ဘောင်ဘင် သိပ်မခတ် တော့ဘူးလို့ ပြောရမယ် ထင်ပါတယ်
လိုအပ်ရင်တော့လဲ ပြောရတာပေါ့လေ


1:41 PM me: ဟုတ်ပါတယ်ဘုရား။ တီးမှမြည်တယ်ဆိုတာ

bhikkhu.tikkhanana: ဟုတ်တယ် စည်ကြီးနဲ့တူသွားတယ်

1:42 PM me: နောက်ပြီး ဖြစ်တတ်ကြတာ ကိုယ်သိတာ တွေကဘဲ အမှန်ဆိုပြီး သူများက ထပ်ပြောလာရင် စဉ်းစားတောင် မကြည့်တော့ဘဲ လက်မခံကြ တာမျိုးဘုရား

1:43 PM bhikkhu.tikkhanana: အလယ် အလတ်ကို ရှာတယ် လျှောက်တယ်ဆိုပြီး ဘေးကိုတော့ မရောက် သင့်ပေဘူး ပေါ့

1:45 PM me: တင်ပါ့ဘုရား။ ဇင်ပုံပြင်ထဲက ဥပမာလို့ ကိုယ့်ရေခွက်ကို ဖုံးထားမယ် (သို့) အပြည့်ကြီး ထားထားတော့ တခြားသူက ကိုယ့်ခွက်ထဲကို လာထည့်ပေးလို့ မရဘူး ဖြစ်ကြတာ ဘုရား

bhikkhu.tikkhanana: ကောင်းလိုက်တဲ့ စကား

me: အဲဒါ နစ်နာမှုလို့ ထင်ပါတယ်ဘုရား

bhikkhu.tikkhanana: သေချာတာပေါ့
ရင်ကို အမြဲဖွင့် ကြိုဆိုရမယ်

1:46 PM me: တင်ပါ့။

1:47 PM တပည့်တော် သတိထားမိတာ တရားသမားတွေ ကိုယ်အားထုတ်တဲ့ တရားကို ပြန်သွားစွဲတဲ့ အစွဲဖြစ်တာကိုပါ ဘုရား

1:48 PM bhikkhu.tikkhanana: အစွဲကတော့ ဘာမှ မကောင်းပါဘူး. ဒါပေမယ့် ပျော့ပြောင်းတဲ့ အစွဲဆို တော်သေးရဲ့...

ပြင်းထန်လွန်းရင် မကောင်းတော့ဘူး

1:49 PM me: ဟုတ်တယ်ဘုရား။ တပည့်တော် သေသေချာချာ မမှတ်မိတော့လို့ ။ ဘယ် ဆရာတော်လည်း မသိဘူး ဆုံးမထားတာ။ အစွဲကင်းချင်လို့ တရား အားထုတ်ပါတယ် ဆိုကာမှ တရားကို ပြန်စွဲ၊ ရိပ်သာပြန်စွဲ၊ နည်းစနစ်ကို ပြန်စွဲ မဖြစ်သင့်ဘူးလို့ ပြောထားတာ

1:50 PM bhikkhu.tikkhanana: ဦးဇင်းလဲ ဘယ်ဆရာတော်လို့ မသိဘူး ကြားဖူးပါတယ်.. ဖောင်ဆိုတာ သုံးပြီးရင် ထားခဲ့ရတာ လို့ နားလည်မိပါတယ်
1:51 PM me: ဟုတ်တယ်ဘုရား။ ဘုန်းဘုန်း အချိန်ရရင် တပည့်တော်ကို အဲဒီတရား မူရင်းလေး ရှာပေးလို့ ရမလားဘုရား

bhikkhu.tikkhanana: ညပိုင်းလောက် ပို့ထားပေးလိုက်မယ်လေ
1:52 PM ခုတော့ နည်းနည်း လုပ်စရာတွေရှိနေသေးလို့

me: တင်ပါ့ဘုရား။ ချက်ချင်းကြီး မဟုတ်ပါဘူးဘုရား
ဘုန်းဘုန်းအားမှပါ

1:53 PM ဘုန်းဘုန်းဆွမ်းချိန်နီးနေပြီလားဘုရား

1:54 PM bhikkhu.tikkhanana: ဟုတ် ၁၅ မိနစ်လောက် ကျန်ပါသေးတယ်

1:56 PM me: တပည့်တော် ကို ဆရာတော်ကြီး တစ်ပါးက ပြောဖူးတယ်ဘုရား။ တချို့ ရိပ်သာ ဆရာတော်တွေက ကိုယ့်ကိုယ်ကို ရဟန္တာ ကြီးတွေလို နေနေကြတယ်တဲ့။ အဲဒါ ဟန်ဆောင်မှု ဘဲလို့ သူကပြောတယ်။ အဲဒါကို ဘုန်းဘုန်း ဘယ်လို သဘောရလဲ ဘုရား

1:57 PM bhikkhu.tikkhanana: အဲလိုတော့ အရမ်းမပြောသင့်ဘူး

1:58 PM ဦးဇင်းတို့ဆရာ တိပိဋကဆရာတော် ဦးသုမင်္ဂလ ကမိန့်ဖူးတယ်

me: တပည့်တော်က စဉ်းစားကြည့်တာ သူတို့က ၀ိနည်း တအားထိန်း တာရယ်။ သတိကို အချိန်တိုင်း ထိန်းနေတာ ရယ်ကြောင့်လို့ ထင်တာဘဲဘုရား

bhikkhu.tikkhanana: တချို့က မဟာစည် ဆရာတော် တရားထူးမရဘူး လိမ်ပြောတာနဲ့ စွပ်စွဲကြတာကိုး

me: တင်ပါ့

1:59 PM bhikkhu.tikkhanana: စာပေ သုံးသပ်ချက်နဲ့ ပြောရ ရင်တော့ အဓိမာန သူ့ဟာသူ ရပြီလို့ထင်ပြီး နေတာအပြစ်မရှိဘူး

me: တင်ပါ့

bhikkhu.tikkhanana: အဲဒီ သိက္ခာပုဒ်မှာ အပြစ်လွတ်သူ စာရင်းထဲပါတယ်

me: တင်ပါ့

bhikkhu.tikkhanana: ဆိုလိုတာက လိမ်ညာ ဖြီးဖြန်းတာ မဟုတ်ပဲ
သူ့ဟာသူ နေတတ်တဲ့ ပုံစံနဲ့နေတာကို အပြစ်လို့ မပြောသင့်ဘူး

2:00 PM me: တင်ပါ့
မှတ်သားစရာပါဘုရား

bhikkhu.tikkhanana: ပြောရင် ပြောတဲ့သူရဲ့ အနေအထားကို ဖော်ပြတာပါပဲ

me: ခုန ဆရာတော် ကတော့ သူက ဒါ သာဌေယျ လို့ ပြောချင်တဲ့ပုံဘဲဘုရား

2:01 PM bhikkhu.tikkhanana: “မာယာ ပြစ်ဖုံး ဟိတ်ဟန်သုံး ခေါ်ထုံး သာဌေယျ”
သေချာတာ ကတော့ဗျာ သူတော်ကောင်း ဆိုတာ လူများအပြစ်ကို မပြောဘူး

2:02 PM မေးခဲ့ရင်တော့ နည်းနည်းပဲ ပြောတယ်

me: တင်ပါ့။ ဒါလည်း တိုင်းဖို့ ပေတံတစ်ခုပါဘဲဘုရား

bhikkhu.tikkhanana: သပ္ပုရိသ သုတ္တန်တဲ့
2:03 PM အဂုင်္တ္တရနိကာယ်
စတုက္ကနိပတ်မှာ ရှာကြည့်လို့ဖတ်နိုင်တယ်
တိုင်းတာစရာ ပေတံလေးတွေပေါ့လေ

me: တင်ပါ့ဘုရား
တင်ပါ့ဘုရား

bhikkhu.tikkhanana: ကိုယ်က ဘယ်အရာကိုမှ လွယ်လွယ် မပြောမိဖို့လိုတယ်
2:04 PM တကယ်လို့ ကိုယ်ပြောတဲ့ လူ သို့ ကိုယ်တော်က အရိယာအစစ် ဖြစ်နေရင်
အလကားနေရင်း အပြစ်တွေကြီးကုန်ရော

me: တင်ပါ့။ သတိထားရမှာပါ ဘုရား။

bhikkhu.tikkhanana: အရိယာအစစ် အတုကလဲ အနေအထိုင်နဲ့ ဆုံးဖြတ်လို့မရဘူး
2:05 PM ဆိုပါစို့ စွန်းလွန်း ဆရာတော် ကြီးတို့ ပုံစံက ရဟန်း အချင်းချင်း ကြည်ညို စရာမှ မရှိတာ
ဝတ်ပုံ စားပုံပြောပါတယ်

me: တင်ပါ့။ ဟုတ်ပါတယ်ဘုရား

bhikkhu.tikkhanana: ဒါပေမယ့် သူက တကယ့်ကို ဘ၀လွတ်မြောက်သူပဲ

me: ဟုတ်ပါတယ်ဘုရား

bhikkhu.tikkhanana: ဘုရားဟော တွေလည်း ရှိပါသေးတယ်

2:06 PM ဒီလိုဆိုတော့ လိမ်ညာနေတာ မဟုတ်ဘူး....ပြီးတော့ သာသနာကို နှောက်ယှက် နေတာ မဟုတ်ဘူးဆိုရင်..
သိပ်ပြောစရာ မလိုပါဘူး

2:07 PM me: “သာသနာကို နှောက်ယှက်နေတာ မဟုတ်ဘူး ဆိုရင်” ဆိုတာ လေးက တော်တော်လေး မှတ်သား ထိုက်တယ် ဘုရား

2:08 PM bhikkhu.tikkhanana: ဆရာတော် တွေထဲမှာလည်း ရိပ်သာမုန်း
ပြီးတော့ စာသင်တိုက်မုန်း တွေကလည်း ရှိတတ်လို့
သတိနဲ့ ချိန်နိုင်အောင် ထောက်ပြတာပါ

တကယ်ဆို ဦးဇင်းတို့လဲ ပရိယတ်ကို အားသန်ခဲ့သူပါ

2:09 PM me: တပည့်တော် ကောင်းကောင်း သိတယ်ဘုရား။ ဘုန်းဘုန်း တော်တော်များများနှင့် ရင်းရင်းနှီးနှီး နေဖူးတယ်

2:10 PM တခါတလေ ဘုန်းဘုန်းတွေ ပြောထည့်လိုက်တဲ့ စကားတွေက တပည့်တော်ကို တွန့်သွားစေတယ်။

2:12 PM bhikkhu.tikkhanana: မျိုးစုံ နားလည်နိုင် ပါတယ်.. နားလည်ထားသင့် ပါတယ်..ဒါပေမယ့် ကိုယ်လုပ်ရမယ့် အလုပ်... ပြီးတော့ ဆည်းကပ် သင့်တဲ့ သူ....ပြီးတော့ လောကထဲ နေသမျှ လောက၀တ် ကျေပွန်မှုတွေ ရှိအောင် ကြိုးစား နေနိုင်အောင် အားထုတ် သင့်တယ်လို့ မြင်မိပါတယ်

လောက၀တ် မကျေရင် အနေခက်တယ်. ဓမ္မ၀တ်မကျေရင် အသေခက်တယ်” လို့ ဆရာများ ဆုံးမတာကို နာခံဖူးပါတယ်

2:13 PM me: တင်ပါ့။ မှတ်သားစရာပါဘုရား

2:14 PM ဘုန်းဘုန်း ဆွမ်းဘုန်းရအုံးမယ်။ တပည့်တော် နောက်မှ ဆက်ပါတော့မယ်ဘုရား။
2:15 PM ဒီနေ့ ဘုန်းဘုန်းနှင့် ပြောရတာ အင်မတန် အကျိုးများ ပါတယ်ဘုရား

bhikkhu.tikkhanana: တွေ့ရတာ ၀မ်းသာပါတယ် ကိုဝိမုတ္တိ
နောက်မှ ဆက်ပြောကျမယ်လေ
ဟန်ချက်ညီညီ လျှောက်နိုင်ပါစေ လို့တော့ ဆန္ဒပြုချင်ပါတယ်

me: တပည့်တော် ရိုသေစွာ ဦးတင်ကန်တော့ပါတယ်ဘုရား
2:16 PM တင်ပါ့ဘုရား။ တပည့်တော် ကြိုးစားပါ့မယ်ဘုရား

==============================

ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရနှင့် ကိုဝိမုတ္တိသုခ တို့အား ခွင့်ပန်ပြီး ဤပို့စ်ကို မျှဝေပါသည်။ အကျိုး တစ်စုံတစ်ရာ ရနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

5/13/2009, WED:, 3:51:56 PM



Read more...

တနှစ်ပြည့် အလှူ

ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့…

ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ဦးဆောင်၍ လစဉ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ၂၀၀၉ ခုနှစ် ဧပြီလတွင် တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဧပြီလတွင် “ဈေးဝင်းမင်း” ပရိယတ္တိစာသင်တိုက်သို့ န၀ကမ္မအလှူငွေ (၃)သိန်းနှင့် AIDS ကူးဆက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအသင်း (HHHP- Happy Haven Humanitarian Project) သို့ တန်ဖိုးငွေ(၂)သိန်းခန့် စားစရာနှင့် လိုအပ်သောပစ္စည်းများ ၀ယ်ယူ လှူဒါန်းခဲ့ပါတယ်။ ထို့အပြင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ် အုပ်စု၊ တလင်းကြီးရွာ၊ တွဲဘက် အလယ်တန်းကျောင်းတွင် ရေတွင်း၊ ရေကန်၊ ရေစက်များ လှူဒါန်းလျက်ရှိပါတယ်။ ထိုအတွက်လိုအပ်သော အလှူငွေများကို ယခုလ(မေလ)တွင် ကောက်ခံရရှိသော အလှူငွေ များနှင့်ပေါင်းပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ယခုလတွင် ပရဟိတရွှေကျောင်း၊ မြန်အောင်မြို့နှင့် ကျောင်းသစ်ပရိယတ္တိ စာသင်တိုက်၊ ရမ်းဗြဲမြို့၊ ရခိုင်ပြည်နယ်သို့ လှူဒါန်းရန် ရည်ရွယ်ထားပါတယ်။
ဧပြီလတွင် ကျောင်းများအလိုက် ပါဝင်လှူဒါန်းခဲ့သော အလှူငွေများမှာ-


၁။ MEPhI …………….. ၁၁၈၀၃
၂။ MAI …..…………….. ၉၄၀၀
၃။ BMSTU (Kaluga) … ၆၂၅၀
၃။ MIET ………………… ၅၇၈၃
၎။ BMSTU ……………… ၄၇၅၅
၅။ MATI ………………… ၄၃၅၀
၆။ MISA ………………… ၂၀၅၀
၇။ MSTU ……………….. ၁၅၇၀
၈။ MPEI ………….……… ၁၅၀၀
………………………………………….
စုစုပေါင်း ……………….. ၄၇၄၆၁
ကျွန်တော်တို့ ညီအကိုတွေ အနေနဲ့ မိမိတို့အလှူဒါန တစ်ခုကိုပြုပြီးသောအခါ စေတနာအလျောက် ပြုလုပ်ခဲ့ပြီးသော ထိုအလှူအား မေ့မေ့ပျောက်ပျောက် မထားစေချင်ပါဘူး။ ကိုယ်ပြုခဲ့ပြီးသော အလှူဒါနတို့အား အဖန်ဖန်အထပ်ထပ် ပွားများခြင်းကို စာဂါနုဿတိ လို့ခေါ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ လှူစဉ်အခါက ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတရားတွေ ထက်ထက်သန်သန်ဖြင့် လှူဒါန်းထားခဲ့ပြီးသော အလှူဒါနတို့ကို မေ့ပျောက် မသွားအောင် အထပ်ထပ်အမှတ်ရ နေရပါမယ်။ အဲဒီလို စာဂါနုဿတိကို ပွားများရင် ရာဂ၊ ဒေါသ၊ မောဟ ကိလေသာများနဲ့ယှဉ်တဲ့ စိတ်တွေဟာ ဖြစ်မလာတော့ပဲ မိမိတို့လှူဒါန်းထား ခဲ့ပြီးသော အလှူဝတ္ထု အာရုံအပေါ်မှာပဲ ဖြောင့်တန်းသွားပါလိမ့်မယ်။ ထိုကဲ့သို့ မိမိစိတ်ကလေး ဖြောင့်တန်းသွားပြီဆိုရင် အလှူနဲ့ပတ်သတ်လို့ (ပါမောဇ္ဇ) ဝမ်းမြောက်မှု၊ ထို့နောက် အလှူကို ဝမ်းမြောက်ကြည် နူးမှု (ပီတိ)တွေဖြစ်တည် လာပါတော့တယ်။ အဲဒီလို ပီတိပါမောဇ္ဇ တွေဖြစ် လာရင် ပီတိကဿ ကာယော ပဿမ္ဘိ ဆိုတဲ့ မိမိစိတ်ဟာ ကိလေသာ အပူတွေငြိမ်းပြီး (ပဿဒ္ဓိ) ဖြစ်လာပါတော့တယ်။ စိတ်တွေ ကိလေသာတွေ အေးငြိမ်းလို့ ပဿဒ္ဓိ ဖြစ်လာရင် စိတ်စေတသိက်တွေရဲ့ မှီရာဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာလဲ အေးချမ်းလို့လာပါတယ်။ အဲဒီလို အေးချမ်းလာရင် ပဿဒ္ဓဿကာယော သုခံဝေ ဒိယတိ ဟုဆိုသော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများကို ခံစားလာရပါတော့တယ်။ အဲဒီလို စိတ်ရောကိုယ်ရော ချမ်းသာလာပြီဆိုရင် သုခိတော စိတ္တံ သမာဓိယတိ ဆိုတဲ့အတိုင်း စိတ်တည်ကြည်မှု သမာဓိတရား ကိုရလာပါ တော့တယ်။ အဲဒီအချိန်မှာ မိမိရဲ့စိတ်မှာ ကာမစ္ဆန္ဒ အစရှိတဲ့ နီဝရဏတရားဆိုး တွေမဝင်နိုင်လို့ စိတ်အစဉ် ဟာကြည်လင်းသန့်ရှင်း နေပါတယ်။ အဲဒါကို ဒါနဝေါဿဂ္ဂူပတ္တ ဆိုက်တယ်လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ လှူဒါန်းမှု၊ စွန့်ကြဲမှု အခြင်းအရာကို ထင်ပြီးတော့ ကိလေသာမဝင်ပဲ စိတ်တစ်မျိုးတည်း ဖြစ်နေတာ ကိုပြောတာပါ။ အဲဒီပုဂ္ဂိုလ်ကို ဝိပဿနာတရား သို့ ဆိုက်ရောက်ပြီး စာဂါနုဿတိပွားနေသူလို့ ဆိုထိုက်ပါတယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။

ထိုကဲ့သို့ စာဂါနုဿတိကိုပွားများလို့ စိတ်တည်ကြည်မှု သမာဓိကို အခြေခံပြီး ဥပါဒါနာက္ခန္ဓာ ငါးပါးကို ဝိပဿနာရှုပွားလိုက်မယ်ဆိုရင် မဂ်တရား၊ ဖိုလ်တရားတွေကို အဆင့်ဆင့်ရရှိနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ပြု လုပ်ခဲ့ပြီးဖြစ်သော ဒါနအမှုကိုအခြေခံပြီး ပြန်လည်ဝမ်းမြောက် ပွားများမယ် ဆိုရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ဧကန်မျက် မှောက်ပြုနိုင်ပါလိမ့်မယ်။ ဤသို့ဆိုလျှင် ဒါနမှုဟာ ဉာဏ်မရှိတဲ့သူတွေ လုပ်တဲ့အလုပ်၊ သံသရာကို ရှည်စေတယ်ဆိုသော အရပ်စကားသည် မှားယွင်းနေသည်မှာ အထင်အရှားပင် ဖြစ်ပါတယ်။

စာဂါနုဿတိပွားလို့ သမာဓိရလာတဲ့ အလှူ့ရှင်ကို မြတ်စွာဘုရားရှင်က ဤကဲ့သို့ ချီးကျူးတော်မူထားပါတယ်။
“ချစ်သား… မဟာနာမ် မိမိရဲ့အလှူကို အာရုံပြုပြီး စာဂါနုဿတိကို ပွားများလို့ သမာဓိရနေတဲ့ အရိယာပုဂ္ဂိုလ်ကို ရာဂ၊ ဒေါသ၊ မောဟတွေ မငြိမ်းအေး မငြိမ်သက်တဲ့ သတ္တဝါတွေထဲမှာ ငြိမ်းအေးငြိမ်သက်စွာ နေနိုင်သူ၊ ဆင်းရဲခြင်းရှိတဲ့ သတ္တဝါတွေထဲမှာ ဆင်းရဲခြင်းကင်းပြီးတော့ နေနိုင်တယ်လို့၊ ဆိုသင့်ဆိုထိုက်တယ်” လို့ ဘုရားရှင်ကိုယ်တော်တိုင် ချီးကျူးတော်မူခဲ့ပါတယ်။

ထို့ကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများ၊ ညီအကိုများ အနေနဲ့ မိမိတို့ ပြုလုပ်နေကျဖြစ်တဲ့ ဗုဒ္ဓအလိုကျ အလှူဒါနကို ပွားမျာင်းဆင်ခြင်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ တိုင်အောင်ရရှိခံစား စံစားနိုင်ကြပါစေ။

ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များအသင်း

မှတ်ချက်။ ။၂၀၀၉ခုနှစ်၊ ဇန်န၀ါရီလတွင် စစ်ကိုင်းတောင်ရှိ ပရဟိတ စာသင်ကျောင်းကို အသစ် ဆောက်လုပ်ရန် အတွက် လှူဒါန်းကြသော အလှူငွေများဖြင့် ယခုအချိန်အတွင် စတင်ဆောက်လုပ် လျက်ရှိပါတယ်။ ကျောင်းအလှူတော်ကို အသစ်ပြုလုပ် ထားသော www.mmtheravada.org တွင် သီးသန့် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခုပြီးစီးသည် အခြေအနေကို ဖော်ပြထားပါတယ်။ ထိုဆိုဒ်တွင် ထေရ၀ါဒအသင်း သားများဖြစ်သည့် ၀င်းမြင့်(သစ္စာတရား)၊ ထွန်းထွန်းလှိုင်၊ အောင်ဦး(ဓမ္မရသ)၊ သုခရိပ်၊ အမောင် (ရေနံသာ)၊ တို့ ရေးသားသော ဓမ္မဆောင်းပါး များကိုလည်း တင်ပြထားပါတယ်။






Read more...

ဒါနကုသိုလ်နဲ့ပတ်သက်၍..

အရှင်ဓမ္မဓရ—ယခုခေတ်မှာ ဒါနတွေ အလွန်ပြုကြတယ်ဘုရား။ဒါနနှင့်ပတ်သက်ပြီး–အကျယ်ညွှန်ကြား တော်မူပါဘုရား။

ဦးဝိဇယ—ဒါနကုသိုလ်နဲ့ပတ်သက်ပြီးအင်္ဂါ(၃)ချက်ရှိပါတယ်..။(၁)အလှူခံပုဂ္ဂိုလ်(၂) လှူဖွယ်ပစ္စည်း(၃)လှူသောသူ၏စေတနာ ဟုသုံးမျိုး ရှိပါတယ်။

(၁) အလှူခံပုဂ္ဂိုလ်ဆိုသည်မှာ–

(၁)မြတ်စွာဘုရား၊

(၂)ပစ္စေကဗုဒ္ဓါ

(၃) ရဟန္တာ

(၄)ရဟန္တာဖြစ်အောင်ကျင့်သူ

(၅)အနာဂါမ်

(၆) အနာဂါမ်ဖြစ်အောင်ကျင့်သူ

(၇) သကဒါဂါမ်

(၈) သကဒါဂါမ် ဖြစ်အောင်ကျင့်သူ

(၉) သောတာပန်

(၁၀) သောတာပန်ဖြစ်အောင်ကျင့်သူ

(၁၁) သာသနာပဈာန်ရပုဂ္ဂိုလ်

(၁၂) သီလရှိသူ

(၁၃) သီလမရှိသူ

(၁၄) တိရိစ္ဆာန်အားဖြင့် အလှူခံပုဂ္ဂိုလ် (၁၄)ပါးရှိပါတယ်..။

ဤ အလှူခံပုဂ္ဂိုလ်(၁၄)ယောက်တို့သည် အဆင့်ဆင့်မွန်မြတ်ကြပါတယ်။ အကျိုးပေးရာမှာလည်း အဆင့်ဆင့်အကျိုးကြီးကြပါတယ်.ပုဂ္ဂလိက အလှူခံထဲတွင် ဘုရားအမြတ်ဆုံးဖြစ်ပါတယ်..။မြတ်စွာဘုရားထက် သံဃိကအလှူ ကပိုပြီးမြတ်ပါတယ်။ အလှူခံပုဂ္ဂိုလ်အမြဲတမ်းရှိနေကြောင်း ကိုနားလည်ပါစေ။

(၂)လှူဖွယ်ဝတ္ထုဆိုသည်မှာ-သက်ရှိသက်မဲ့ပစ္စည်းအားလုံးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အလှူခံပုဂ္ဂိုလ် အတွက်အကျိုးရှိမရှိ ကြည့်ရမယ်။အကျိုးရှိသော်လည်း သင့်တော်-မသင့်တော်ကိုလည်းကြည့်ရမည်။အလှူခံပုဂ္ဂိုလ်များ၏အလိုအပ်ဆုံးကို ရွေးလှူနိုင်လျှင် ပိုကောင်းပါတယ်။

(၃)လှူသော ပုဂ္ဂိုလ်၏စေတနာ ဟူသည်မှာ–(စွန့်လွှတ်မယ်၊စွန့်လွှတ်တယ်၊ စွန့်ပြီးတာကို ဝမ်းသာတယ်)ဟူသော စေတနာသုံးတန်ပြည့်စုံလေလေ ကောင်းလေဖြစ်ပါတယ်..။

ကုသိုလ်ဆိုတာ လောကကြီးမှာ သတ်မှတ်ထားတဲ့ ဘာလုပ်ရင်ကုသိုလ်၊ ဘယ်လိုလုပ်ရင် ကုသိုလ်ဆိုတာမျိုး မဟုတ်ပါဘူး။ (စွန့်လျှင်+ချမ်းသာ) ဟူသော သဘောတရားသာဖြစ်ပါတယ်။

အကုသိုလ်ဆိုတာလည်း လောကကြီးမှာ သတ်မှတ်ထားတဲ့ ဘာလုပ်ရင် အကုသိုလ်၊ ဘယ်လိုလုပ်ရင် အကုသိုလ်ဆိုတာမျိုးမဟုတ်ပါဘူး။(စွဲလျှင်+ဆင်းရဲ)ဆိုသော သဘောတရားများသာ ဖြစ်ပါတယ်။ အိပ် ပျော်နေဆဲဘဝင်စိတ်မှလွဲပြီး ပုထုဇဉ်နှင့် သေက္ခ ပုဂ္ဂိုလ် တို့စိတ်မှာ ကုသိုလ်နှင့် အကုသိုလ်မှလွဲပြီး ကျန်တာဖြစ်ခွင့်မရှိပါဘူး။

စွန့်လွှတ်ခြင်း ကုသိုလ်မဖြစ်ရင်၊စွဲလန်းခြင်း အကုသိုလ်ဖြစ်မှာတော့သေချာ နေပါတယ်။လောကကြီးမှာ တော့ ကုသိုလ်အကုသိုလ် ဘဝင်စိတ် များမဖြစ်ပဲ စိတ်တွေဖြစ်နေသေးတယ်လို့ ထင်နေပါတယ်။ထိုအထင်ကပဲ ကုသိုလ်၊အကုသိုလ်ရဲ့ အမှန်သဘောကို သိခွင့်မ ပေးပဲ တားမြစ်နေပါတယ်..။စိစစ်ကြည့်ပါ။

ဥပမာ—ဈေးရောင်းဈေးဝယ်လုပ်ကြရာမှာ ရောင်းသူသည် ပစ္စည်းကို စွန့်ရတယ်၊ စွန့်လွှတ်တဲ့စိတ်ထည့်လျှင်၊ ကုသိုလ်ဖြစ်တယ်။ စွဲလန်းတဲ့စိတ်ဖြစ်လျှင် အကုသိုလ်ဖြစ်ပါတယ်။ ဝယ်သူသည်လည်းငွေကိုစွန့်ရတယ်..။စွန့်လွှတ်တဲ့စိတ်ထည်နိုင်လျှင် ကုသိုလ်ဖြစ်ပြီး စွဲလန်းတဲ့စိတ်ဖြစ်လျှင်အကုသိုလ်ဖြစ်ပါတယ်။

မိမိစိတ်ထဲမှာထင်နေတာက ကုသိုလ်၊အကုသိုလ်မဖြစ် ဘူးဟုထင်နေပါတယ်။ ထိုအထင်ကြောင့် ဈေးဆစ်ခြင်းစသည်ဖြင့် ခိုးခြင်း၊အကုသိုလ် မြောက်မြားစွာ ဖြစ်နေကြပါတယ်။သတိထားပြီးစဉ်းစားကြည့်ပါဘုရား။ကျန်တဲ့နေရာမျာကိုလည်းချဲ့ထွင်ပြီးသိပါဘုရား။လှူစရာမရှားပါဘူး၊ စေတနာရှားနေကြပါတယ်။



Read more...

သစ္စာလေးပါးရှင်းလင်းချက်

ကျွန်တော်ယခုတင်ပြမယ့်အကြောင်းအရာကတော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏သစ္စာလေးပါးဖြစ်ပေါ်ပုံ
လက်တွေ့ရှင်းလင်းချက်ကိုစာဖတ်သူများလေ့လာကျင့်ကြံအားထုတ်နိုင်စေရန်ရည်ရွယ်၍ပြန်လည်ဖော်ပြလိုက်ပါ
သည်။
“မင်းတို့တွေက သစ္စာ၊ သစ္စာနှင့်သစ္စာကို တခြားမှာသွားရှာရမှာမဟုတ်ဘူးကွ၊ ကိုယ့်ခန္ဓာထဲမှာပဲရှာရမှာ” ဟုမိန့်ကာသစ္စာပေါ်ပုံကိုအောက်ပါအတိုင်းရှင်းပြတော်မူပါသည်။
ဥပမာ- ထမင်းဆာလာတယ်ဆိုပါဆို့။ ဆာလာတာဟာသုခလား၊ ဒုက္ခလား (ဒုက္ခပါဘုရား) အေး-ဆာလာတာဟာဒုက္ခပေါ့၊ဒုက္ခသစ္စာကိုပြတာ။ရုပ်ပါညှိုးလာတယ်။ အဲဒီဆာတာကို“ဒုက္ခသစ္စာ”ပဲလို့နောက်ကနေ ဥာဏ်လိုက်ပေး၊ဥာဏ်နှင့်သိလိုက်ပါ။
အဲဒီတော့ဆာတာကဒုက္ခသစ္စာ၊(ဆာလောင်တဲ့သဘောကို၊ဆာလောင်လို့ဒုက္ခရောက်တဲ့ သဘောကို) ပြောတာနော်၊ ဒုက္ခသစ္စာပဲလို့သိတာကမဂ္ဂသစ္စာ။ဆာတာကဘာတဲ့၊(ဒုက္ခသစ္စာပါဘုရား)။ သိတာက (မဂ္ဂသစ္စာပါဘုရား)။
အေး-အဲဒီလိုဆာလောင်မွတ်သိပ်တော့“ကျွေးဦးမှပဲ”ဆိုတဲ့ခန္ဓာကို ခင်တဲ့သမုဒယသစ္စာလာတယ်။အဲဒါကိုလည်းသိအောင်လုပ်ရမယ်။(မှန်ပါ)။
ငါ့မှာသမုဒယသစ္စာလာနေပြီလို့သိပေး။ မဂ်ကသိပေး၊သမုဒယက သမုဒယသစ္စာ၊သိတာကဘာလဲ။(မဂ္ဂသစ္စာ)။အေး-အဲဒီလိုသိနေတဲ့အခိုက်အတန့်အချိန်ကလေးမှာဆာလောင်မွတ်သိပ်တဲ့စိတ်ရှိသေးလား။(မရှိတော့ပါဘုရား)။နာမ်တရားတို့မည်သည်တစ်ချိန်တည်းမှာနှစ်ခုပြိုင်ဖြစ်ရိုးမရှိကြဘူး။တစ်ခုစီဖြစ်ကြရတာ။
ဒါကြောင့်သိတဲ့နာမ်တရားပေါ်တဲ့အခိုက်မှာဆာလောင်တဲ့စိတ်ကလေးပျောက်ကွယ်ပေးရတယ်။
ဟာ-အဲဒီပျောက်ကွယ်တာလေးကဘာပါလိမ့်။ (နိရောဓပါဘုရား)။အေး-ဟုတ်တယ်။နိရောဓသစ္စာပေါ့။
အဲဒီနိရောဓသစ္စာကိုလည်းသိပေးရမှာပဲ။ချုပ်ပျောက်သွားတာနိရောဓသစ္စာ၊သိတာက၊(မဂ္ဂသစ္စာ)။အေး၊မင်းတို့တွေ၊ဣရိယာပုတ်တစ်ခုပေါ်တိုင်း ပေါ်တိုင်းသိနေမယ်ဆိုလို့ရှိရင်သစ္စာ(၄)ချက်ဖြစ်နေတော့တာပါပဲ။ဟူ၍ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့သစ္စာလေးပါးကိုရှင်းလင်းလွယ်ကူစွာနား
လည်သဘောပေါက်စေရန်ဆရာတော်ဘုရားကြီးကဟောကြားတော်မူခဲ့ပါသည်။


Read more...

ကျောင်းနေရဟန်း...



သူကတော...






စာပူဇော်လိုပါလျှင်


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာဘ်ချူမှု...

လာဘ်ချူမှု...

ထိုတွင် အဘယ်သည် လာဘ်ချူခြင်း 'လပနာ' မည်သနည်း။

လာဘ်သပ်ပကာ, ပူဇော်သက္ကာရ, အကျော်အစောကို မှီ၍
ယုတ်မာသော အလိုရှိသော အလိုကြီးသူရဟန်း၏ တစ်ပါးသူတို့အား အကြင်
မိမိကိုယ်ကို မြှောက်ပင့်ကြွားဝါမှု 'အာလပနာ'၊
မေး၍ ဝါကြွားဖြေဆိုခြင်း 'လပနာ'၊
လာဘ်ကို လို၍ ချိုချိုသာသာ ကောင်းစွာ ပြောဆိုမှု 'သလ္လပနာ'၊
မြှောက်ပင့်၍ ပြောဆိုမှု 'ဥလ္လပနာ'၊
အထပ်ထပ် မြှောက်ပင့်၍ ပြောဆိုမှု 'သမုလ္လပနာ'၊
ရရာရကြောင်း စကားတောင်း၍ ပြောဆိုမှု 'ဥန္နဟနာ'၊
ရရာရကြောင်း စကားတောင်း၍ အထပ်ထပ် ပြောဆိုမှု 'သမုန္နဟနာ'၊
ချီးမွမ်း၍ပြောဆိုမှု 'ဥက္ကာစနာ'၊ အထပ်ထပ် ချီးမွမ်း၍ ပြောဆိုမှု 'သမုက္ကာစနာ'၊
ချစ်ဖွယ်စကားကို ပြောဆိုမှု 'အနုပ္ပိယဘာဏိတာ'၊
မိမိကိုယ်ကို နှိမ့်ချပြောဆိုမှု 'စာဋုကမျတာ'၊
အစိမ်းနီးပါး အကျက်များသော ပဲနောက်ဟင်းကဲ့သို့ -
အမှန်နည်းပါး အမှားများသော စကားပြောဆိုမှု 'မုဂ္ဂသူပျတာ'၊
ရွာသူသားငယ်ကို ချီပိုးခြင်း 'ပါရိဘဋျတာ' သည် ရှိ၏။
ဤသဘောကို လာဘ်ချူခြင်း (ဝါကြွား) 'လပနာ' ဟု ဆိုအပ်၏။862

လာဘ်ချူမှု 'လပနာ'၊ ခုဒ္ဒကဝတ္ထုဝိဘင်္ဂ၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် ဓာတ်ပုံသတင်း

ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းက ၂၀၀၉ ခု မေလ ၁၀ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

လောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး







သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကာ







အနုမောဒနာတရား နာကြားကြ၍













ရေစက်သွန်းချ ကုသိုလ်အမျှ ပေးဝေကြ၏



Read more...

တရားနာရခြင်းအကျိုး... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

တရားနာရခြင်းအကျိုး... (ဦးသုမင်္ဂလ) vcd
video


Read more...

မာဂဓတိုင်း... ရာဇဂြိုဟ်မြို့... (တောင်ပေါက်ဆရာတော်)

ဗုဒ္ဓသာသနိက ပဌ၀ီဝင်ကျမ်းကြီး (တောင်ပေါက်ဆရာတော်)

မာဂဓတိုင်း... ရာဇဂြိုဟ်မြို့...







Read more...

ထိုင်ပြတယ်တဲ့ဘုရား... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၃-မှ...

ထိုင်ပြတယ်တဲ့ဘုရား...














Read more...

၂။ ရာဇဂြိုဟ်မြို့  ဇီဝကသရက် ဥယျာဉ်၌ ဇီဝကနှင့်အတူ အဇာတသတ်မင်းအား ဘုရား ဟောသော ရဟန်းပြုကျိုးတရား

“မြတ်စွာ ဗုဒ္ဓအသျှင်- ခွင့်ပြုလျင် တပည့်တော် ရှည်ရှည်ဝေးဝေး မေးမြန်းလျှောက်ထား ပါရစေ ဘုရား”
“အလိုရှိတဲ့ အတိုင်းလျှောက်- မဟာရာဇာ”

“မျက်မှောက်အကျိုးရှိတဲ့ လူ့  အလုပ်အမျိုးမျိုးကို ရဟန်းအလုပ်ရဲ့ မျက်မှောက် အကျိုးရှိပုံ ကို အထင်အရှား အသိပေး ဟောကြား နိုင်ပါသလား ဘုရား”
“မဟာရာဇာ- သည်ပြဿနာကို တခြားရဟန်း သူတော်စင်တွေဆီ မေးဖူးပြီးပြီလား”

“မေးဖူး ပြီးပါပြီ”
“မေးဘူးလျင် သူတို့  ဖြေတာတွေကို ပြန်ပြောပြဖို့  တတ်နိုင်မလား- မဟာရာဇာ”

“ပြောပြနိုင်ပါတယ် အသျှင်”
“ဘယ်သူ့ တွေဆီ မေးဖူးပါသလဲ”

“ကဿပနွယ်ဘွား ပုရာဏဆီလည်း မေးဖူးပါတယ်။ မက္ခလိဂေါသာလ၊ အဇိတ (ကေသကမ္ဗလ)၊ ပကုဓ(ကစ္စယန)၊ နိဂဏ္ဌ (နာဋပုတ္တ)၊ သဉ္ဇယ (ဗေလဌပုတ္တ) တို့ ပါပဲ ဗုဒ္ဓ အသျှင်”
“သင့်အမေးကို ပုရာဏက ဘယ်လို ဖြေပါသလဲ မဟာရာဇာ”

“ကောင်းမှု၊ မကောင်းမှု ဆိုတာ မရှိဘူး-လို့  ဖြေပါတယ် ဗုဒ္ဓအသျှင်”
“သည်လို ဖြေတော့ မဟာရာဇာရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ”

“သည်အဖြေဟာ တပည့်တော်ရဲ့ အမေးမဟုတ်ဘူး။ အသာလေး ပြန်မှဘဲ- လို့  ခံစားရပါ တယ် ဗုဒ္ဓအသျှင်”
“မက္ခလိဂေါသာလက ဘယ်လို ဖြေပါသလဲ မဟာရာဇာ”

“မက္ခလိဂေါသာလက သတ္တဝါတွေမှာ တစုံတခု ပြုနိုင်စွမ်း မရှိကြဘူး၊ ဖြစ်သမျှ ကောင်း၊ မကောင်းအမှုတွေဟာ အကြောင်းမဲ့ပဲ ဖြစ်ကြတယ်- လို့  ဖြေပါတယ် အသျှင်”
“မက္ခလိဂေါသာလရဲ့ အဖြေကို ဘယ်လို ခံစားရပါသလဲ”

“မက္ခလိဂေါသာလရဲ့ အဖြေဟာ တပည့်တော် အမေးနဲ့  တခြားစီပဲ၊ ပြန်မှပဲ- လို့ ခံစားရတာ ပါ အသျှင်”
“အဇိတကော ဘယ်လို ဖြေပါသလဲ”

“အဇိတက ကောင်း၊ မကောင်း အမှုတွေဟာ ဘာအကျိုးမှ ဖြစ်စေတာ မဟုတ်ဘူး မဟာ ရာဇာလို့  ဖြေပါတယ် ဗုဒ္ဓအသျှင်”
“သူ့  အဖြေအပေါ်ခံစားချက် ပြောပါဦး မဟာရာဇာ”

“သူ့ အဖြေကလည်း တပည့်တော် အမေးနဲ့  တခြားစီပဲ၊ ပြန်မှပဲ- လို့  ဖြစ်ပါတယ်”
“ပကုဓ (ကစ္စာယန) ရဲ့ အဖြေကကော မဟာရာဇာ”

“ပကုဓက ကောင်းမှု၊ မကောင်းမှု ပြုခဲ့လို့  ဖြစ်တာလည်း မဟုတ်ဘူး။ ကောင်းမှု၊ မကောင်း မှု ပြုနိုင်သူလည်း မရှိဘူး မဟာရာဇာ- လို့  ဖြေပါတယ် အသျှင်”
“သူ့ အဖြေကို ဘယ်လို ခံစားရပါသလဲ မဟာရာဇာ”

“သူလည်း အမေးအတွက် အဖြေမဟုတ်ဘူး၊ ပြန်မှပဲ- လို့ ပဲ ခံစားရပါတယ် အသျှင်”
“နိဂဏ္ဌ (နာဋပုတ္တ) ကကော ဘယ်လိုဖြေလဲ မဟာရာဇာ”

“နိဂဏ္ဌက သူ့ ရဲ့ စတုယာမသံဝရ စောင့်စည်းမှု လေးပါးရှိလို့  သူ့ ကိုမြတ်တယ် ဆိုရတယ် - လို့  ဖြေပါတယ် အသျှင်”
“သူ့ ကိုကော ဘယ်လို ခံစားရသလဲ မဟာရာဇာ”

“ အမေးနဲ့  တခြားစီ လို့ ပဲ ခံစားရပါတယ် အသျှင်၊ ပြန်မှ လို့ ပါပဲ”
“သဉ္ဇယ (ဗေလဌပုတ္တ) ကကော ဘယ်လို ဖြေတာမျိုး ရခဲ့သလဲ မဟာရာဇာ”

“သဉ္ဇယက ဘာမှ မယူဘူး- ဆိုတဲ့အယူကို ယူကြောင်း ဖြေပါတယ် အသျှင်”
“သူ့ အဖြေကို ကော မဟာရာဇာ ဘယ်လို ခံစားရသလဲ”

“သူ့ အဖြေကိုလည်း အမေးနဲ့  တခြားပဲ၊ ပြန်မှပဲလို့  ခံစားရပါတယ် အသျှင်။ ဒါတွေဟာ သူတို့  အဖြေတွေနဲ့  တပည့်တော် ခံစားချက်တွေ ပါပဲ။ သည်အမေးအတွက် အသျှင် ဘုရား ဘယ်လို ဖြေမယ် ဆိုတာ နာကြားလိုပါတယ်။ ၀န်မလေးပါလျင် သည်အမေးကို အရှင်ဘုရား ဖြေကြားပေးပါ အသျှင်”
“ကောင်းပြီ မဟာရာဇ။ ငါတို့  ဖြေကြားချက် အဖြစ် မဟာရာဇာကို မေးခွန်း တချို့  မေးမယ်။ အဲဒါကို ကြိုက်သလို ဖြေစမ်းပါ”

“ကောင်းပါပြီ ဗုဒ္ဓအသျှင်”
“မဟာရာဇာ- သင့်အစေအပါး ကျေးကျွန်တစ်ယောက်ဟာ သံဝေဂ တရားပွားများပြီး ကောင်းမှု ပြုဖို့  လူ့ ဘောင်ကထွက်ခါ ရဟန်းပြုပြီး ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းပြီး တရား အားထုတ်နေတယ် ဆိုပါတော့၊ အဲသည်သူ အဲသည်လို ဖြစ်သွားတာကို အခွင့်မပြုနိုင်ဘူး။ သူ့ နဂို အတိုင်းပဲ အမှုတွေလာပြီး ထမ်းပါစေ- လို့  မဟာရာဇာဆိုဖို့  စိတ်ဖြစ်မလား မဟာရာဇာ”

“အဲသည်လို စိတ် မဖြစ်ပါဘူး အသျှင်၊ သူ့ ကိုတောင် တတ်အားသမျှ ကူညီအားပေးပြီး၊ ရိုသေသမှု ပြုမှာ ဖြစ်ပါတယ်”
“မဟာရာဇာ- ဘယ်လိုလဲ၊ မဟာရာဇာရဲ့ အဖြေတွေဟာ မဟာရာဇာမေးတဲ့ အမေးရဲ့ အဖြေ မဖြစ်ဘူးလား”

“ရဟန်း ပြုရခြင်းရဲ့ မျက်မှောက်အကျိုးကို မြင်ရပါပြီ အသျှင်၊ တခြားဖြစ်တဲ့ ရဟန်းပြုရကျိုး များ မျက်မှောက်ထင်တာကို ပြနိုင်ပါသေးသလား အသျှင်”
“မဟာရာဇာရဲ့ လယ်သမား တစ်ယောက်ယောက် ရဟန်း ပြုသွာတယ် ဆိုလည်း မဟာ ရာဇာ အနေနဲ့ ဘယ်လို သဘောထားမလဲ ဖြေပါ။ ရဟန်းရဲ့ မျက်မှောက်အကျိုး ပြမယ်”

“သည်သူ ရဟန်းပြုသွားလျင် ပစ္စည်းလေးပါးနဲ့  ထောက်ပံ့ရုံပေါ့ အသျှင်”
“ဒါလည်း ရဟန်းပြုတာရဲ့ မျက်မှောက် အကျိုးပဲနော်”

“တခြားကော ဘုရား”
“တခြားလည်း ပြရတာပေါ့”

“နာကြားပါရစေ အသျှင်”
“ရဟန်းပြုသူ တစ်ယောက်ဟာ သီလအမျိုးမျိုးတွေ ဖြည့်ကျင့်ပြီး၊ဣနြေ္ဒစောင့်၊ ပစ္စည်းကို ဆင်ခြင်သုံးဆောင်၊ အသက်မွေးမှန်ကန်တဲ့ ရဟန်းဟာ စိတ်မှာ အပိတ်အဆို့ တွေ ပွင့်ပြီး ပဌမဈာန် ၀င်စားပြီး ချမ်းသာသုခနဲ့  နေရတယ်။ ဒါလည်း ရဟန်းရဲ့ မျက်မှောက်ကျိုး အဖြစ် မြင်ရရဲ့လား မဟာရာဇာ”

“မြင်ရပါတယ် အသျှင်။ တခြားကော မရှိဘူးလား ဘုရား”
“ဒုတိယဈာန် ချမ်းသာကိုလည်း ရောက်ပြီး နေရတယ်။ ဒါလည်း ရဟန်းရဲ့ မျက်မှောက် အကျိုးပဲ မဟုတ်ဘူးလား မဟာရာဇာ”

“ဟုတ်ပါတယ် ဘုရား”
“တတိယဈာန် ရတော့လည်း မျက်မှောက်အကျိုးပဲ”

“ဟုတ်ပါတယ် ဘုရား”
“စတုတ္ထဈာန် ခံစားလို့  စိတ်တည်ကြည်ဖြူစင်တဲ့ ရဟန်းဟာ ၀ိညာဏ်၊ နာမ်-ရုပ် စတဲ့ တရားတွေ အပေါ်မှာ သင်္ခါရပြုကျိုးအဖြစ် မြင်ပြီး၊ သင်္ခါရမှုတွေ မဖြစ်အောင် ၊ လှတယ် ထင်တာတွေ မလှဘူးထင်အောင်၊ မလှဘူးထင်တာတွေ လှတယ်ထင်အောင် အကျိုးပြီးစေ မှု ဣဒ္ဓိဝိဓ အဘိညာဏ်ကို ပွားပါတယ်။ မဟာရာဇာ- သည်လို ဣဒ္ဓိဝိဓအဘိညာဏ်နဲ့  ဖန်ဆင်းနိုင်တာလည်း ရဟန်းပြုကျိုးပဲ မဟုတ်လား”
“ဟုတ်ပါတယ် အသျှင်”
“ဒါတွေတင် မကသေးဘူး မဟာရာဇာ- ရဟန်းရဲ့ စိတ်ဓါတ်ဟာ ကိလေသာကင်းစင်လာ တော့ နားနဲ့  မကြားရတဲ့ ဦးနှောက်သာကြားရတဲ့ အသံတွေလည်း ကြားလာတယ်။ ဒါလည်း ရဟန်းပြုရခြင်းရဲ့ လွန်မြတ်တဲ့ မျက်မှောက် အကျိုးပဲ မဟုတ်လား”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“သူများ ရုပ်ရည်မြင်တာနဲ့  သူများစိတ်လည်း သိတယ်၊ ဒါလည်း ရဟန်းပြုကျိုးပဲ မဟာရာဇာ”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ရှေးဖြစ်ဟောင်း အောက်မေ့နိုင်မှုတွေလည်း ဖြစ်လာတယ်။ ဒါလည်း မျက်မှောက် ရဟန်း ပြုကျိုးပဲ”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ဒါလူကောင်းပဲ၊ လူဆိုးပဲ- လို့ လူတွေရဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ခွဲခြားသိမြင်မှု နတ် မျက်စေ့တွေ ရလာတယ်။ ဒါလည်း ရဟန်းပြုတာရဲ့ မျက်မှောက် အကျိုးပဲနော်”

“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“သည်တော့ ရဟန်းဟာ အာသဝေါတရားတွေရဲ့ ဖြစ်ပုံနဲ့ ၊ ဖြစ်ကြောင်းကိုရော၊ ချုပ်ပုံနဲ့  ချုပ်ကြောင်းကိုရော သိပြီး၊ အာသ၀လေးဖြာက လွတ်တယ်။ ဒါလည်း ရဟန်းပြုခြင်းရဲ့ မျက်မှောက် အထွက်အထိပ်အရောက်ဆုံး အကျိုးပဲ မဟာရာဇာ”

“မှန်လှပါတယ် အသျှင်ဘုရား။ တပည့်တော် အရှင်ဘုရားရဲ့ ဟောပြောချက်ကို အလွန်ပဲ နှစ်သက်လှပါတယ်။ တပည့်တော်အား အသျှင်ဘုရားကို ဆည်းကပ်ခွင့်ပြုပါ။ အရှင်ဘုရား ကို ဆည်းကပ်သူလို့  အသိအမှတ်ပြုပါ အသျှင်။ တပည့်တော် အလေးအနက် လျှောက် ထား တောင်းပန်ပါရစေ ဆရာသခင် အသျှင်မြတ် ဗုဒ္ဓဘုရား။ တပည့်တော်ဟာ မိုက်မဲတဲ့ အလျောက် တပည့်တော် ခမည်းတော်ကို အသက်မှ ချမိခဲ့ပါတယ်။ သည်အပြစ်ကို နောင် အခါ မပြုဘဲ စောင့်စည်းနိုင်ဖို့  တပည့်တော်အား အခွင့်ပေးပါ အသျှင်ဆရာဘုရား”

“မဟာရာဇာ- အပြစ်ကို အလျော်အတိုင်းမြင်ပြီး ကုစားစောင့်စည်းခြင်းဟာ အရိယာတို့  အဆုံးအမမှာ တိုးတက်ရေးပဲ ဖြစ်တယ်။ ငါတို့  လက်ခံပါတယ် မဟာရာဇာ”


Read more...

Let us examine the process

Let us examine this process with the simile of the saw. A person places a tree trunk on level ground and cuts it with a saw. The person’s mindfulness is where the saw’s teeth touch the tree trunk but he/she pays no attention to the teeth as the saw cuts. The tree trunk represents the in-breaths and out-breaths.

Although the person pays attention to the moving saw’s teeth, this mindfulness is established where the teeth touch the trunk. Thus she/he manifests effort, carries out a task, and achieves an effect. This effort is where perceived imperfections are abandoned and applied thoughts are stilled. The effect is where fetters become abandoned.

As jhana factors are achieved, in this type of in-breath and out-breath meditation, it is not long before signs arise in the practitioner. As bodily disturbances are stilled by gradual cessation of gross in-breaths and out-breaths, the mind and the physical body become light. The physical body, at times, may feel that it could leap into the air.

As the practitioner continues with this type of meditation, a stage will occur when his gross in-breaths and out-breaths have ceased, and a state of consciousness occurs with the sign of subtle in-breaths and out-breaths. The breathing will become successively more subtle.

The practitioner must then fix his/her mind on the place normally touched by the breaths, and fix the sign as thus:”This is the place where they strike.” The sign described here differs with individuals. For some, it may be a light touch like cotton, or silk- cotton, or a draught. For others, it appears like a star or a cluster of gems or pearls.

Still yet for others, it may have a rough touch like silk cotton seeds, a peg made of hard wood, a long bright string, a wreath of flowers, a film of cloud, a lotus flower, a chariot wheel, or a moon or sun disk.

When such sign appear, the practitioner should fix his/her mind on the sign and anchor his/her mind upon breathing in and out.

When the sign appears, the five hindrances are suppressed, mindfulness is established, and consciousness becomes concentrated.

As the practitioner continues fixing upon the sign, four –fold jhana may be achieved. The fourth jhana is supreme because mental energy can be unveiled to benefit humankind.



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP