နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၂)
ပညတ်ပရမတ်မကွဲ၊ အန္ဓပုထုဇဉ်ဘဲ။
Read more...
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
ပါရမီရှင် သူတော်စင်အပေါင်းတို့ခင်ဗျား-
ပညာပါရမီ ပညာရေးကူညီမှုအသင်းက စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပန်လှရွာ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ ၅-၆-၇-၈ တန်း ကျောင်းသား/ ကျောင်းသူများကို အခမဲ့ပညာဒါန ပြုလုပ်နေပြီဖြစ်ပါ၍ မိမိတို့တတ်စွမ်းသမျှ ပညာပါရမီ ပညာဒါန ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်
အရှင်ဓမ္မသာမိ
Panpa Parami
အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။
(မြတ်ဗုဒ္ဓ)
Ajjeva kiccam atappam.
Ko janna maranam suve.
Na hi no sangaran tena.
Mahasenena maccuna.
(Lord Buddha)
သုဝေ= မနက်ဖြန်အခါ၌..
ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...
မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...
ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...
ဣတိ= ဤသို့နှလုံးသွင်း၍...
အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...
အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ယနေ့ပင်လျှင်...
ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...
ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...
မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော.
တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...
နော= ငါတို့အား...
သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...
နအတ္ထိ= မရှိချေ...
တသ္မာ= ထို့ကြောင့်...
သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...
ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။
(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)
Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.
Today, now, do what should be done, try to accomplish.
လေးမြတ်ရိုကျိုးစွာ ဦးခိုက်လျက်
ဖိုးသား
09.05.2009, SAT:, 09:23:56 AM
မေး–အရှင်ဓမ္မဓရ— ကုသိုလ်နှင့်အကုသိုလ်ကိုတည်ပြီးဝိဇ္ဇာဉာဏ်ဖြစ်ပုံကို တွဲပြီးရှင်းပေးတော်မူပါဘုရား။
ဖြေ–ဦးဝိဇယ—- ဝိဇ္ဇာဉာဏ်၏အသိသည် ခိုင်မာပါတယ်။ အဝိဇ္ဇာ၏အသိသည် မခိုင်မာပါဘူး။ဘာကြောင့်လည်း ဆိုရင် စီးပွားဥစ္စာ၊ အလုပ်၊အာရုံ၊ခန္ဓာဟူသော ဤသုံးစရာ(၄)မျိုးတို့သည် အမြဲတမ်းစွန့်နေရပါတယ်။ စွန့်ရမဲ့သဘော တွေ ပါနေတယ်။
စွန့်ရမဲ့သဘောနဲ့ အမြဲတမ်း စွန့်နေရတဲ့သဘော တွေပါဝင်နေတဲ့လောက ကြီးကို(စွန့်လျင်+ချမ်းသာ)တယ်လို့ အမှန်အတိုင်း သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။စွန့်ရမဲ့သဘော ရှိသောလောကကြီးကို ပြောင်းပြန်ဆန့်ကျင်ပြီး (စွန့်လျှင်+ဆင်းရဲတယ်) ဟုအမှားကို အမှန်ထင်ခြင်းသည် အဝိဇ္ဇာဖြစ်ပါတယ်။လောကသဘောကို ဆန့်ကျင်ပြီး (စွဲလျှင်+ချမ်းသာ)ဟုငြင်းဆန်စွာဖြစ်ခြင်း သဘောကို အကုသိုလ်လို့ခေါ်ပါတယ်..။
(စွန့်လျှင်+ချမ်းသာ)ဟူသောကုသိုလ်ကို အမှန်အတိုင်း သိမြင်သောဝိဇ္ဇာဉာဏ်က ရှေ့ဆောင် လမ်းပြပြု လုပ်လျှင်၊(ငါချမ်းသာချင်တယ်၊စွန့်လွှတ်တဲ့စိတ်ကို ပွားများမယ်၊စွဲလန်းတဲ့စိတ်ကို ကုန်အောင် လုပ်မယ်၊ စွန့်လွှတ်သောစိတ်ကိုပွားများမယ်)ဟုလိုက်နာကုန်သော သတ္တဝါတိုင်း စွန့်လွှတ်စိတ်ဖြစ်ကာချမ်းသာ ကြပါ တယ်။
စွန့်လျှင်+ဆင်းရဲလိမ့်မယ်–စွဲလျှင်+ချမ်းသာလိမ့်မယ်—ဟုအထင်မှားသော အဝိဇ္ဇာက ရှေ့ဆောင်လမ်းပြပြုလုပ် ခံရသောသတ္တဝါတွေမှာ (ငါချမ်းသာချင်တယ်။ စွဲလန်းတဲ့စိတ်ကိုပွားများမယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး။) (ငါဆင်းရဲမှာကြောက်တယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး၊ စွဲလန်းတဲ့စိတ်ကိုပဲပွားများမယ်)ဟုလိုက်ကြ သောကြောင့်၊ စွဲလန်းစိတ်ဖြစ်ကာ၊ ဆင်းရဲမှုမျိုးစုံကိုခံစားကြရပါတယ်ဘုရား။
ဝိဇ္ဇာဉာဏ်သည် လောက အမှန်တရားအပေါ်ကို အမှန်အတိုင်း သိရသောကြောင့် အင်အားကြီးမားပါတယ်။ ရပ်တည်ရာရပါတယ်။
အဝိဇ္ဇာသည် အထင်ပေါ်မှာသိရသောကြောင့် အင်အားသေးပါတယ်။ရပ်တည်ရာမရနိုင်ပါဘူး။
ဝိဇ္ဇာဉာဏ်နှင့်ပေါင်းခွင့်ရသောစိတ်သည် အင်အားကြီးသောကြောင့် ရပ်တည်ရာရကြပါတယ်။မတုန်လှုပ်ပါဘူး။
အဝိဇ္ဇာနှင့်ပေါင်းနေရသောစိတ်သည် အင်အားသေးသောကြောင့် ရပ်တည်ရာလုံးဝမရနိုင်ပါဘူး။အမြဲတမ်းတုန်လှုပ်နေတယ်။
ဥပမာ-အမှောင်များသည်၊ အလင်းမရောက်ခင်မှာလွှမ်းမိုးသောလည်း၊ အလင်းရောက်သော အခါ အမှောင် များ ပျောက်ကွယ်သွားရပါတယ်။
ထို့အတူအဝိဇ္ဇာတည်းဟူသော အထင်မှားခြင်း၊ အမှောင်များလွှမ်းမိုးခံရသောသတ္တဝါတို့သည်၊ ဝိဇ္ဇာဉာဏ်တည်းဟူသော အမှန်မြင်ခြင်း၊အလင်းမရခင်မှာမိုက်မဲတွေဝေနေကြသော်လည်း၊အမှန်မြင်ခြင်း အလင်းဝိဇ္ဇာဉာဏ်ရသောအခါမှာ-ပညာရှိသူတော်ကောင်းဖြစ်လာနိုင်ပါတယ်။အထင်မှားခြင်း အဝိဇ္ဇာသမားဘဝမှ အမြင်မှန်ခြင်း၊ဝိဇ္ဇာဉာဏ်သမားဘဝကိုရောက်ခွင့်ကြုံတုံး ကြိုးစားသင့်ပါတယ်ဘုရား။
(ယခင်က သစ္စာအလင်းBlog တွင်ဆရာတော် ဟောကြားချက်ကို -ကိုးကားရေးသားခဲ့ပါတယ်။ဤ Post မှစတင်၍ ၊ဆရာတော်၏စာအုပ်မှ မူရင်းအတိုင်းကူးယူဖော်ပြသွားမှာဖြစ်ပါတယ်။)
“အမ္ဗဌ- အခုသည်မှာရပ်ပြီး စကား ပြောသလို ဗြာဟ္မဏ ဆရာကြီးတွေ နဲ့  ပြောတဲ့ အခါလည်း သည်လိုပဲ ရပ်ပြီး စကားပြောတာပဲလား”
“ မဟုတ်ဘူး ဂေါတမ။ ထိုင်နေတဲ့ ဗြာဟ္မဏ ဆရာကို ရပ်ပြီး မပြောရဘူး။ ဒါပေမယ့် ဗြာဟ္မဏ တွေဟာ ကိုယ့်ထက် အမျိုး ယုတ်သူကိုတော့ ထိုင်ပြီး မပြောရဘူး။ ခေါင်းတုံး ရဟန်းဟာ ဗြာဟ္မာ ခြေထောက်က ဖွားတဲ့ ကိုယ့်အောက်က လူပဲ”
“အမ္ဗဌ- မင့်ကို ငါတစ်ခု ပြောမယ်။ မင်း အလုပ်ကိစ္စရှိလို့  လာတာဆိုလျင် ထိုင်ပါ။ ဒါမှ မဟုတ် ရင်တော့ မင့် သဘောပဲ။ မင်းကို ဆရာကောင်းတပည့် ဆိုပြီး အထင်ကြီးမိတာ။ ဆရာကောင်း တပည့်ဟာ စကားကြမ်း ပြောတတ်သလား”
“သူငယ်ချင်းတို့ - ငါနဲ့  ရဟန်း ဂေါတမ ဘယ်သူ ညံ့သလဲ၊ ယုတ်သလဲ၊ သာကီနွယ်တွေဟာ ခက်ထန်ကြတယ်။ စကားများတယ်။ ပေါ့ရွှတ်ရွှတ် နိုင်တယ်။ ရိုသေရမယ့် သူလည်း မရိုသေကြဘူး မဟုတ်လား။ သူငယ်ချင်းတို့  သာကီနွယ်တွေဟာ ကြွယ်ဝ ချမ်းသာကြသူတွေ ဖြစ်လျက် ဗြာဟ္မဏကို ရိုသေရမှာ မကြိုက်ကြဘူး။ တကယ်က သာကီနွယ်တွေဟာ ဗြာဟ္မဏ ကို ရိုသေရမယ့် အမျိုးပဲ”
“အမ္ဗဌ- သာကီနွယ်တွေက မင်ကို ဘယ်လို ထိခိုက်အောင် လုပ်တာ ခံရဘူးသလဲ”
“ခံရဘူးတယ် ဂေါတမ။ ကပိလ၀တ် သာကီနွယ်တို့  မင်းကွန်းကို တစ်ခါ ရောက်သွားပါတယ်။ ဘယ်သူကမှ အရေး မလုပ်ကြဘူး။ မြင့်မြတ်တဲ့ နေရာတွေမှာ သူတို့ ဟာ သူတို့  ကလိထိုး ရယ်မောနေကြတာပဲ လုပ်တယ်။ ဒါ သရော်တာပဲ”
“အမ္ဗဌ- ကပိလ၀တ်ဟာ သာကီနွယ်တွေရဲ့ နယ်မြေပဲ။ ဘီလုံးငှက်မငယ်လေးတွေတောင် သူ့  အသိုက်မှာ သူကြိုက်သလို မြည်တွန်ကြုံးဝါးနိုင်တယ် မဟုတ်လား။ သည်လောက်ကလေး နဲ့  တော့ စိတ်ဆိုးစရာ မရှိသင့်ဘူး။”
“အမျိုး လေးပါးမှာ ဗြာဟ္မဏဟာ ကျန်သုံးပါးရဲ့ အလုပ်အကျွေးခံပဲ။ လုပ်ကျွေး လေးစားရမယ့် ဣဗ္ဘမျိုးဖြစ်တဲ့ သာကီနွယ်တွေရဲ့ သည်လို လုပ်ပုံဟာ သင့်သလား ရှင်ဂေါတမ”
“သည်လိုလား အမ္ဗဌ၊ သည်လိုဆိုတော့ အနွယ်စိစစ်ဖို့  ငါတွေးမိတယ်။ အမ္ဗဌဟာ ဘာအမျိုး အနွယ် ဖြစ်သလဲ”
“ကဏှာယန အနွယ် ဖြစ်တယ် ဂေါတမ”
“သည်လိုဆိုလျင် အမ္ဗဌကို ပြောရမယ်။ အမ္ဗဌ- မင်းဟာ သာကီနွယ်တွေရဲ့ အရိုအသေကို ခံထိုက်တယ်လို့  မမှတ်ထိုက်ဘူး။ အမ္ဗဌ သာကီနွယ်တွေရဲ့ အဘိုးဟာ သြက္ကာကမင်းကြီး ဖြစ်တယ်”
“ သာကီနွယ်နဲ့  သြက္ကာကမင်း ဘယ်လို ပတ်သက်လဲ ရှင်ဂေါတမ”
“ပတ်သက်ပုံ ငါပြောမယ်။ အမ္ဗဌ ရှေးအခါက သြက္ကာကမင်းကြီး ဆိုတာ ရှိတယ်။ သည်မင်း ကြီးမှာ မိဖုရားတစ်ပါးရဲ့ သားတော်ကို ထီးနန်း လွှဲရဖို့  ရှိလို့  ကျန်တဲ့ သားသမီးတွေကို တိုင်းပြည်က နှင်ထုတ်ရတယ်။ သားသမီး တွေက ဟိမ၀န္တာက ရေကန်ကြီး တစ်ခုအနား ကျွန်း တောထဲမှာ နေကြတယ်။ သားသမီးတွေဟာ အမျိုးပျက်မှာ စိုးပြီး တခြားသူတွေနဲ့  အိမ်ထောင် မပြုဘဲ။ မောင်နှမချင်းတွေပဲ အိမ်ထောင်ပြုနေကြတယ်။ သည်အကြောင်းကို သြက္ကာက မင်းကြီး ကြားတော့ သကျ၊ သကျ (စွမ်းနိုင်ပါပေ့၊ စွမ်းနိုင်ပါပေ့) - လို့  ငြီးတယ်။ သည်ငြီးတာ ကို စွဲပြီး သကျနွယ် ဖြစ်လာတာ။ ဒါကြောင့် သကျ- တို့ ရဲ့ ပဌမလူဟာ သြက္ကာကပဲ။ အမ္ဗဌ - ကဏှာယန အနွယ်ရဲ့ အစကို မင်းသိရဲ့လား”
“ဆိုပါဦး ဂေါတမ”
“ ကဏှာယန အနွယ်ဟာလည်း သြက္ကာကမင်းနဲ့  ပတ်သက်တယ်။ သြက္ကာကမင်းကြီးမှာ ဒိသာ ဆိုတဲ့ ကျွန်မတစ်ယောက်ရှိတယ်။ သူကမွေးတဲ့ ကလေးဟာ စပြောတဲ့ စကားက ရေချိုး ပေး၊ သင်တို့ ကို လွှတ်မယ်- လို့ ဖြစ်တာကြောင့် အမှောင့် ပယောဂ ဖုတ်တစ္ဆေကလေးလို့  သည်ကလေးကို ယူဆကြတယ်။ ဒါကြောင့် သည်ကလေး နာမည်ကို အမှောင်ကလေး (ကာဏှ) လို့  မှည့်ခေါ်ကြတယ်။ သည်ကလေးဟာ ကဏှာယနအနွယ်ရဲ့ ပဌမလူပဲ”
လူငယ်များ။ ။ “ရှင်ဂေါတမ- ကျွန်တော်တို့  သူငယ်ချင်း အမ္ဗဌကို ကျွန်မသားအနွယ် ဆိုပြီး မနှိမ်ပါနဲ့ ။ အမ္ဗဌဟာ ဗေဒင်နှံ့ စပ်တယ်၊ စကားတတ်တယ်၊ အမျိုးလည်း ကောင်းတယ်၊ အနွယ်လည်း သန့် တယ်”
“လူငယ်တို့  - မင်းတို့ က အမ္ဗဌထက် ပိုတော်လျင် အမ္ဗဌကို ထားလိုက်။ လူငယ်တို့ ထဲက တစ်ယောက်၊ စကားပြောဖို့  ထွက်ခဲ့ပါ။ သည်လို မဟုတ်လို့  အမ္ဗဌက လူငယ်တို့ ထက် ပိုတော်လျင် အမ္ဗဌနဲ့  ပြောနေတဲ့ အခါမှာ လူငယ်တို့ က အသာနေကြပါ”
လူငယ်များ။ ။ “အမ္ဗဌနဲ့ ပဲ ဆက်ပြောပါ ဂေါတမ”
“အမ္ဗဌ - မင့်သူငယ်ချင်းတွေရဲ့ အလယ်မှာ မင်းကိုငါမေးမယ်။ မင်းမဖြေလျင် မင်းဦးနှောက်တွေ ဆန်ကွဲကျဲကုန်ဖို့  ရှိတယ်။ ဖြေပေတော့။ မင့် အနွယ် ကဏှာယနရဲ့ ပဌမလူ ဘယ်သူလဲ၊ မင်းကြားဖူးသလို အမှန်အတိုင်း ဖြေပါ။ အခုအချိန်ဟာ တိတ်တိတ်နေရမယ့် အချိန်လည်း မဟုတ်ဘူး။ မမှန်မကန် ပြောလို့ လည်း ပြီးမသွားဘူး။ ပြီးမသွားရုံမကဘဲ မမှန် မကန်ဟာ ဗြာဟ္မဏ ပညာရှင်တွေဆီမှာ ဗူးပေါ်သလို ပေါ်သွားပြီး၊ ပြောသူမှာသာ ပြောဖက် တင်ကျန်ခဲ့မယ်။ သုံးမရတဲ့ သိက္ခာမရှိသူ ဖြစ်သွားမယ်။ ကဏှာယနနွယ်ရဲ့ အစလူကို မင်း ဘယ်လို ကြားဖူးသလဲ”
“ဖြေပါ့မယ် ဂေါတမ”
“ကောင်းပြီ ပြော”
“ရှင်ဂေါတမ ပြောတဲ့ အတိုင်း ကြားဖူးပါတယ်”
“ဟာ- တို့  သူငယ်ချင်း အမ္ဗဌဟာ ကျွန့် သား ဆိုပါလား”
“လူငယ်တို့  အမ္ဗဌကို ကျွန့် သားလို့ ပြောပြီး မနှိမ်ကြပါနဲ့ ။ မနှိမ်ထိုက်ပုံကို မင်းတို့ ကို ငါ ပြော ပြမယ်”
“ပြောပြပါ ဂေါတမ”
“လူငယ်တို့ - ကဏှာဟာ အရွယ်ရောက်တဲ့ အခါ ရသေ့လုပ်ပြီး ဒက္ခိဏာပထသွားပြီး မန္တာန် သင်တယ်။ တတ်တော့ သြက္ကာကမင်းကြီးထံ ပြန်လာတယ်။ သမီးတော် မဒ္ဒရူပီကို တောင်းတယ်။ မင်းကြီးစိတ်မှာ မတန်မရာ အောက်မေ့ပြီး ဒေါသထွက်လို့  လေးကောက်တင် တယ်။ ကဏှက သြက္ကာကမင်းကြီးကို မလှုပ်နိုင်အောင် လုပ်ထားလိုက်တယ်။ နောက်တော့ သမီးတော်ကို ပေးလိုက်ရတာပဲ။ လူငယ်တို့  - ကဏှာရသေ့ဟာ ယုတ်ညံ့သူ မဟုတ်ဘူး။ မြင့် မြတ်သူ ဖြစ်တယ်။ ဒါကြောင့် ကဏှာယန အနွယ် အမ္ဗဌကို မနှိမ်သင့်ကြဘူး”
“ နားလည်ပါပြီ သျှင်ဂေါတမ”
“အမ္ဗဌ- မင်းကို ငါမေးမယ်၊ မင်းသိသလို ဖြေစမ်း။ မင်း- သမီးနဲ့  ပုဏ္ဏားသား၊ မင်း- သားနဲ့  ပုဏ္ဏားသမီးတို့ က ပေါက်ဖွားတဲ့ သားကို ပုဏ္ဏားတွေက ပုဏ္ဏားအရာ သွင်းကြသလား၊ မသွင်းကြဘူးလား”
“ပုဏ္ဏား အရာသွင်းကြပါတယ်၊ ပုဏ္ဏားအရာ ၀င်ပါတယ် ဂေါတမ”
“အဲသည် ကလေးကို မင်းတွေက မင်းအဘိသိက်ကော သွန်းသလား မသွန်းဘူးလား”
“မသွန်းပါဘူး အရှင်ဂေါတမ”
“ဘာဖြစ်လို့  အဘိသိက် မသွန်းကြတာတဲ့လဲ အမ္ဗဌ”
“အမိဖက် ဒါမှ မဟုတ် အဖဖက်က အမျိုး မပြည့်စုံလို့  - လို့  မင်းတွေက ပြောကြတယ် အရှင် ဂေါတမ”
“အမ္ဗဌ- ခေါင်းတုံးတုံးပြီး ခေါင်းထက် ပြာဖြူးပြီး နှင်ထုတ်ခံရတဲ့ အပြစ်ရှိသူ မင်းသားကို ပုဏ္ဏား တွေက ဦးစားပေးကြ သေးလား”
“ပေးပါတယ် ရှင်ဂေါတမ”
“အမ္ဗဌ - မင်းဖြေခဲ့တာတွေဟာ မင်းမျိုးက ပုဏ္ဏားမျိုးထက် မြတ်တာတွေ ချည်းပဲ။ အမျိုး လေးမျိုးမှာ ပုဏ္ဏားအမြတ်ဆုံး ဆိုတာ စကားအဖြစ်ပဲ ဖြစ်နေတယ်။ ဘာမှ သက်သေ မပြနိုင်ဘူး သနင်္ကုမာရ ပြောခဲ့တဲ့ စကား ပုဏ္ဏားကျမ်းတွေမှာ ရှိတယ်။ အနွယ်အားဖြင့် မင်း- ဟာ အမြတ်ဆုံးပဲ။ ဒါပေမယ့် ၀ိဇ္ဇာ၊ စရဏ ရှိသူဟာ သည့်ထက် အမြတ်ဆုံး”
“၀ိဇ္ဇာ စရဏပြည့်စုံသူက ဘယ်လိုဖြစ်တာလဲ ဂေါတမ”
“၀ိဇ္ဇာ စရဏနဲ့  ပြည့်စုံသူဟာ ငါနဲ့ မတန်ဘူး၊ တန်တယ် စတဲ့ အမျိုးအနွယ် မာန်မူပြီး စကား ပြောမှု၊ သမီးပေး၊ သမီးယူ ငြင်းဆိုမှု၊ အနှောင်အဖွဲ့ တွေ ဖြတ်နိုင်ဖို့ ပဲ။ ဒါကြောင့် ဒါကို ဟောတာပဲ”
“ရှင်ဂေါတမ- ၀ိဇ္ဇာနဲ့  စရဏဆိုတာ ဘယ်လိုဟာတွေပါလဲ”
“အမ္ဗဌ ဘယ်အမျိုးသားမဆို အမှန်အကန်ကို ကိုယ်တိုင်သိသူ ထံက တရားနာရပြီး၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပနဲ့  ပြည့်စုံပြီး ရဟန်းပြုလို့ ၊ ပါတိမောက်သီလ၊ ဣန္ဒြိယသီလ၊ အာဇီဝသီလ၊ ပစ္စယသန္နိဿိတသီလတွေ ဖြည့်ဆီးပြီး၊ ၀ိတတ်၊ ၀ိစာရတွေနဲ့  လက္ခဏာတရားကို ကြံစည် သုံးသပ် နေတဲ့ အတွက် ကာမဆိတ်တဲ့ ပဌမဈာန်၊ ၀ိတတ် ၀ိစာရ ဆိတ်တဲ့ ဒုတိယဈာန်၊ ပီတိဆိတ်တဲ့ တတိယဈာန်၊ သုခပါဆိတ်တဲ့ စတုတ္ထဈာန်နဲ့  နေတယ်။ သည်ဟာ စရဏနဲ့  ပြည့်စုံခြင်းပဲ။ သည်လို ဈာန်တွေ ပွားတာကြောင့် ဘ၀ဟောင်းအောက်မေ့ နိုင်မှု၊ ဘ၀ပုံဟန် အမှန်သိမြင်နိုင်မှု၊ ဘ၀စိတ်ကူးယဉ်အားလုံး ကုန်ဆုံးမှုတွေ ဖြစ်တယ်။ အဲဒါ ၀ိဇ္ဇာနဲ့  ပြည့်စုံတာပဲ”
“သည့်အပြင် ၀ိဇ္ဇာစရဏနဲ့  ပြည့်စုံတယ်ဆိုတာ မရှိဘူးလား ရှင်ဂေါတမ”
“မရှိဘူး အမ္ဗဌ”
“တချို့  ရသေ့တွေ သစ်သီးကြွေ ရှာစာနေတော့မယ် ဆိုပြီး ကျင့်ပါတယ်။ အဲသည်သူတွေ ဝိဇ္ဇာ စရဏ မဖြစ်ဘူးလား”
“ဝိဇ္ဇာစရဏ မဖြစ်ရုံတင်မက ဝိဇ္ဇာစရဏ ဖျက်တာပဲ”
“ပေါက်တူး၊ ချင်းတောင်းနဲ့  သစ်ဥ၊ သစ်သီး ရှာစားနေသူတွေကော ရှင်ဂေါတမ”
“အဲဒါလည်း ၀ိဇ္ဇာစရဏ အဖျက် နံပါတ်နှစ် ပုဂ္ဂိုလ်ပဲ”
“မီးတင်းကုပ် ဆောက်ပြီး မီးလုပ်ကျွေးနေသူတွေကော”
“သူတို့ က ဝိဇ္ဇာစရဏ အဖျက် နံပါတ်သုံး ပုဂ္ဂိုလ်တွေပဲ”
“ရေချမ်းစင်တည်ပြီး လူတွေပြုစု ကျင့်ကြံနေသူကော ရှင်ဂေါတမ”
“သူလည်း ဝိဇ္ဇာစရဏ အဖျက်နံပါတ်လေးပဲ။ သည်သူတွေဟာ ၀ိဇ္ဇာစရဏ ပြည့်စုံသူတွေရဲ့ အလုပ်အကျွေးမျှပဲ ဖြစ်ကြတယ် အမ္ဗဌ”
“သည်လိုလား ရှင်ဂေါတမ”
“အမ္ဗဌ- မင်းနဲ့  မင့်ဆရာပေါက္ခရသာတိတို့  ၀ိဇ္ဇာစရဏနဲ့ ရော၊ ဝိဇ္ဇာစရဏနဲ့  ပြည့်စုံသူရဲ့ အလုပ်အကျွေး ကျင့်ဝတ်နဲ့ ရော ပြည့်စုံအောင် နေကြသလား”
“ဝေးပါသေးရဲ့ ရှင်ဂေါတမ”
“သည်လို ဖြစ်လျက်နဲ့  မင့်ဆရာကြီးဟာ ရဟန်းတွေကို အယုတ်တမာ ပြောတယ်။ ဗြာဟ္မာ ခြေတောက်ကဖွားတဲ့ ပုဏ္ဏားကို ရိုသေရမယ့် အမည်းခေါင်းတုံးတွေနဲ့  ဗေဒင်တတ်တဲ့ ငါတို့ နဲ့  ဆွေးနွေးလို့  အလကားပဲဆို။ မင်းစဉ်းစားကြည့်စမ်း။ မင့်ဆရာကြီး အမှား။ ပေါက္ခရသာတိဟာ ကောသလနဲ့  မျက်နှာချင်း ဆိုင်ခွင့်တောင် ရဘူးတာ မရှိဘူး။ သည်လို ဖြစ်လျက်နဲ့  မှားယွင်း ချက် ကြည့်စမ်း။ အမ္ဗဌ- ရှေးအခါက ဗေဒင်သုံးပုံကို ပြုစုခဲ့ကြတဲ့ အဌက- စတဲ့ ရသေ့တွေ ရှိတယ်။ သူတို့  ဗေဒတွေကို ရွက်အံ သရဇ္ဈာယ်နေတာနဲ့  ရသေ့ဖြစ်ပြီလား၊ ဘုရင့်စကား ကြားဖူးတာနဲ့  မှတ်ပြီး လိုက်ပြောရုံနဲ့  ဘုရင်ဖြစ်မှာလား အမ္ဗဌ”
“မဖြစ်ပါဘူး အရှင်ဂေါတမ”
“အမ္ဗဌ - မင်းကြားဘူးသလို ပြောစမ်းပါ။ ရှေးက ဝေဒပြုစုခဲ့ကြတဲ့ အဌက- စတဲ့ ရသေ့တွေ ဟာ အခုမင်းတို့  ဆရာ၊ တပည့်တွေလို ကာမဂုဏ်တွေနဲ့  အ၀တ်ဖြူဝတ်၊ ပတ္တမြားနားတောင်း ပန်။ ထမင်းဟင်း အကောင်းစားတွေစား။ ကလေးမလေးတွေ အစေအပါးထား ပျော်ပါး။ မြင်း ရထားတွေနဲ့  သွားလာ၊ ကျုံး၊ မြို့ ရိုး၊ ဓား၊ လှံသမား အစောင့်တွေ ကာရံချထားတဲ့ အဆောက် အဦမှာနေ။ သည်လိုတွေလို့  မင်းကြားရဖူးသလား”
“သည်လို မကြားဖူးပါဘူး ရှင်ဂေါတမ”
“သည်လိုဆိုလျင် အမ္ဗဌ။ မင်းနဲ့  မင့်ဆရာ ပေါက္ခရသာတိတို့ ဟာ ရသေ့လည်း မဟုတ်ဘူး ရသေ့ဖြစ်ဖို့  ကျင့်နေတာလည်း မဟုတ်ဘူး။ သည်လိုသူက ငါ့ယုံမှားတယ် ဆိုလျင် ယုံမှား တာမေးစမ်း။ တခါတည်း ရှင်းသွားအောင် ငါသုတ်သင်မယ်။ ကဲ- ငါညောင်းတယ်၊ စင်္ကြသွားရင်း စကားပြောမယ်၊ မင်း မေးချင်တာမေး- အမ္ဗဌ”
“အရှင် ဂေါတမ- အရှင်ဂေါတမဟာ ကြားဖူးတာနဲ့  မခြား မှန်ကန်ပါတယ်။ အရှင်ဂေါမတရဲ့ လက္ခဏာတွေဟာလည်း ယောက်ျားမြတ် လက္ခဏာ သုံးဆယ့် နှစ်ပါးနဲ့  ညီညွတ်ပါတယ်။ အလုပ်ကိစ္စ များတဲ့ အတွက် ပြန်ပါမယ်။ သည်က ပြန်ရောက်လျင် ဆရာကြီး ပေါက္ခရသာတိဟာ သည်ကို ရောက်လာစရာ ရှိပါတယ်။ အချိန် မနှောင်းရအောင် အခွင့်ပြု ပါ အရှင် ဂေါတမ”
“ပြန်ဖို့ အချိန်ဟာ မင့်အလိုအတိုင်းပဲ အမ္ဗဌ”
x x x x x x x x x x
“အသျှင်ဂေါတမ- စင်္ကြကြွတာ ကြာလှပါလား။ တပည့်တော်ဟာ အမ္ဗဌရဲ့ ဆရာ ပေါက္ခရသာတိပါ။ အမ္ဗဌက သူပြန်လာတော့ အသျှင်ဂေါတမ စင်္ကြကြွနေတယ်- လို့  ပြော ပါတယ်။ အမ္ဗဌကပြောလို့  လာခဲ့တာပါ။ တပည့်တော်ရဲ့ တပည့်ကြီး ပြောမှား၊ ပြုမှား တွေကို အခွင့်ပေးတော်မူပါ။ သူ့ ကိုမေးမြန်းပြီး ခြေနဲ့  ရင်ပတ်ကန်ကာ သည်ကို လာခဲ့တာ ပါပဲ”
“ထိုင်တာ ညောင်းသွားလို့  စင်္ကြ ကြာကြာပဲ လျှောက်နေတယ် ပုဏ္ဏားကြီး။ ပုဏ္ဏားကြီးရဲ့ တပည့်အတွက် အရေးမကြီးပါဘူး။”
“အသျှင်ဂေါတမ- တပည့်တော်ကိုလည်း တရားဟောပါဦး”
“ပုဏ္ဏားကြီး- ကာမ၊ ရူပ၊ အရူပဖြစ်တဲ့ ကံတွေဟာ ဆင်းရဲတွေပဲ။ သည်ကံတွေဟာ တဏှာ ကြောင့် ဖြစ်တာ။ သည်တဏှာကို အမြင်မှန်နဲ့  သတ်လျင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ရောက်တယ်”
“သဘောပေါက်ပါပြီ ဗုဒ္ဓအသျှင်။ တပည့်တော်တို့  ဗေဒင်သုံးပုံဟာ ပညာလည်း မဟုတ်ပါ ဘူး။ အကြာကြီး သင်ပေးပေမယ့် အလုပ်မဖြစ်ပါဘူး။ အခုကြားရတာ အနည်း အပါးပေမယ့် တရားတော်ကို အမှန်အကန် သိပါပြီ။ တပည့်တော်ကို ဥပါသကာ- လို့ မှတ် ပါ။ တပည့်တော် အိမ်လည်း ဆွမ်းအလှူခံ ကြွပေးတော်မူပါ အသျှင်။ တပည့်တော်လိုပဲ တပည့်တော်နဲ့  စပ်သူ အားလုံးကိုလည်း ဥပါသကာ အဖြစ် ခံယူနိုင်ဖို့  ဖြစ်ပါတယ် အသျှင်။ ဒါမှလည်း သူတို့ တတွေ အကျိုးများကြမှာ ဖြစ်ပါတယ် အသျှင်”
“ပုဏ္ဏားကြီး- သင့်စကားတွေဟာ ကောင်းလှပေတယ်”
၃။ ကောသလတိုင်း၊ ဣစ္ဆာနင်္ဂလရွာ တောအုပ်၌ ပေါက္ခရသာတိ ပုဏ္ဏားကြီး၏ စေလွှတ်ချက် အရ တပည့် အမ္ဗဌနှင့် တပည့်များအား ဘုရားဟောသော တရား

Vesak Day is the greatest day for Buddhists. It actually encompasses the birth, enlightenment, and passing-away (Parinirvana) of Gautama, the Buddha. But sometimes it is informally called "Buddha's birthday".
Vesak Day is an annual holiday observed traditionally by practicing Buddhists in many Asian countries like Nepal, Hong Kong, Singapore, Vietnam, Thailand, Cambodia, Malaysia, Sri Lanka, Myanmar, Indonesia,Pakistan, India, and Taiwan.
What enlightenment Buddha got on Vesak Day
On fullmoon day of Kason, BC 103, Buddha got his great enlightenment which is totally different from other religions and is nobly true by all aspects. The Buddha's enlightenment in brief is as follow:
I. The four noble truths, namely
>>(1)suffering,
>>(2)original of suffering,
>>(3)cessation of suffering and
>>(4)the way to cessation of suffering
II. The eight-fold path comprised of three main parts, called
>>(1) moral conduct
>>>>a. Right Speech,
>>>>b. Right Action and
>>>>c. Right Livelihood
>>(2) concentration
>>>>a. Right Effort,
>>>>b. Right Mindfulness and
>>>>c. Right Concentration
>>(3) wisdom
>>>>a. Right View and
>>>>b. Right Intention
III. Buddha’s Middle Way – The Path of Moderation, including the two Extremes to avoid namely
>>(1) sensual indulgence and
>>(2) self-mortification
How Buddhists celebrate Vesak Day
On Vesak day, devout Buddhists and followers alike are expected and requested to assemble in their various temples before dawn for the ceremonial, and honorable, hoisting of the Buddhist flag and the singing of hymns in praise of the holy triple gem: The Buddha, The Dharma (his teachings), and The Sangha (his disciples). Devotees may bring simple offerings of flowers, candles and joss-sticks to lay at the feet of their teacher. These symbolic offerings are to remind followers that just as the beautiful flowers would wither away after a short while and the candles and joss-sticks would soon burn out, so too is life subject to decay and destruction. Devotees are enjoined to make a special effort to refrain from killing of any kind. They are encouraged to partake of vegetarian food for the day. In some countries, notably Sri Lanka, two days are set aside for the celebration of Vesak and all liquor shops and slaughter houses are closed by government decree during the two days. Also birds, insects and animals are released by the thousands in what is known as a 'symbolic act to liberation'; of giving freedom to those who are in captivity, imprisoned, or tortured against their will. Some devout Buddhists will wear a simple white dress and spend the whole day in temples with renewed determination to observe the observance of the Ten Precepts (Sila).
Devout Buddhists undertake to lead a noble life according to the teaching by making daily affirmations to observe the Five Precepts. However, on special days, notably new moon and full moon days, they observe the Ten Percepts to train themselves to practice morality, simplicity and humility.
Some temples also display a small image of the baby Buddha in front of the altar in a small basin filled with water and decorated with flowers, allowing devotees to pour water over the statue; it is symbolic of the cleansing of a practitioners bad karma, and to reenact the events following the Buddha's birth, when devas and spirits made heavenly offerings to him.
Devotees are expected to listen to talks given by monks. On this day monks will recite verses uttered by the Buddha twenty-five centuries ago, to invoke peace and happiness for the Government and the people. Buddhists are reminded to live in harmony with people of other faiths and to respect the beliefs of other people as the Buddha had taught.
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP