* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, May 4, 2009

ထိရောက်အောင် ဘယ်လိုဆုတောင်းမလဲ

အမေး။ ။ဘုန်းဘုန်းဘုရား….
ထိထိရောက်ရောက် ဆုတောင်းချင်တယ် ဆိုရင် ဘယ်လို ဆုတောင်းရမလဲဆိုတာ သိချင်ပါတယ်ဘုရား။ ကြားဖူးတာကတော့ အဓိဋ္ဌာန်ပြီး ဆုတောင်းရင် ပြည့်တယ်လို့ ကြားဖူးပါတယ်။ ဥပမာ ပြောရရင်….တပည့်တော်ဟာ ဘုရားကို နေ့တိုင်းရှိခိုးပါတယ်။ ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်………….. ၏ လို့ ဆုတောင်းရင် ပိုပြီး ပြည့်တယ်လို့ ကြားဖူးပါတယ်။ အဲဒါဟာ မှန်ပါသလားဘုရား။ တကယ်လို့ မှားတယ်ဆိုရင် လဲ ဘယ်လို ဆုတောင်းရင် ပိုပြီးထိရောက်မလဲ သိချင်ပါတယ်ဘုရား။
ရိုသေလေးစားစွာဖြင့်
လမင်းလေး
စင်္ကာပူ

အဖြေ။ ။“……….လှူရတဲ့အတွက်ကြောင့်…………………….ဖြစ်ရ ရောက်ရပါလို၏” လို့ ဆိုတာက ဆုတောင်းတယ်လို့ ခေါ်ပါတယ်။ “ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်…………………ပါလို၏” လို့ ဆိုတာက ဆုတောင်းချက်ကို ခိုင်မြဲအောင် သစ္စာအဓိဋ္ဌာန်တယ်လို့ ခေါ်ပါတယ်။ ဦးစွာ ဆုတောင်းတာနဲ့ ပတ်သက်ပြီး ပြောပါ့မယ်။
ဤကောင်းမှုကံကြောင့် …………………..ဖြစ်ရပါလို၏ လို့ ကိုယ်က ဆုတောင်းတဲ့အခါ ဆုပေးတဲ့သူက “ တောင်းတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ” လို့ ဆုပေးလိုက်ရုံနဲ့ ကိုယ့်မှာ ရပြီ လို့ မမှတ်သင့်ပေ။ အမှန်မှာ ဆုတောင်းလိုက်ရုံနဲ့ ကိစ္စမပြီးပါ။ ဒီဆုတောင်းကို ကာယကံရှင်က ဖြစ်အောင် အကောင်အထည်ဖေါ်ဖို့၊ လိုချင်တဲ့အတိုင်း ရအောင်လုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ သဘောပင်ဖြစ်တယ်။ လိုချင်တဲ့အရာများကို တစ်ပါးသူက ကူလုပ်ပေးလို့လည်း မရပေ။ မိမိကိုယ်ကို အားကိုးရမှာ ဖြစ်တယ်။
ဒီနေရာမှာ ဆုတောင်းတိုင်း ထိရောက်မှုရှိအောင် ဘယ်လိုလုပ်မလဲ ၊ ဘုရားရှင်ကိုယ်တော်မြတ်က “ ဆုတောင်းတဲ့အခါ ဆုတောင်းသလောက် လိုချင်သလောက် ရနိုင်တယ်” လို့ အာမခံချက်ပေးထားပါတယ်။ ဒီနေရာမှာ လိုချင်သလောက် တောင်းသလောက်ရနိုင်အောင် အကောင်အထည်ဖေါ်နိင်အောင် လိုက်နာရမဲ့ အင်အားများအကြောင်းကို ဘုရားရှင်က နိကာယ်ပါဠိတော်ကြီးတို့မှာ ဟောတော်မူထားပါ တယ်။ အဲဒါကို အကျဉ်းချူံးပြီး ဖေါ်ပြပါဦးမယ်။
၁။ သဒ္ဓါ = ရတနာသုံးပါးနှင့်မိမိအင်အားကို ယုံကြည်မှု အပြည့်အ၀ရှိရပါ့မယ်။
၂။ သီလ = ငါးပါးသီလ စတဲ့ ကိုယ်ကျင့်တရား ရှိရပါမယ်။
၃။ သုတ = တရားစာပေ ဗဟုသုတ ရှိရပါမယ်။
၎။ စာဂ = အရာရာကို စွန့်လွတ်နိုင်မှု ရှိရပါမယ်။
၅။ ပညာ = (ကမ္မဿကတာ ဥာဏ်အမြင် ပြတ်သားမှု) ကံနှင့်ကံရဲ့အကျိုးတရားကို သိမြင်တတ်တဲ့ ပညာရှိရပါမယ်။
(ဥပရိပဏ္ဏာသ-သခါင်္ရူပပတ္တိသုတ်)
ထိုအင်အားငါးမျိုးနဲ့ ပြည်စုံတဲ့သူဟာ “ဖြစ်လေရာဘ၀ ချမ်းသာရပါလို၏” ဆုတောင်းပြီး အောက်ပါ အချက်သုံးချက် ရှိနေမယ်ဆို ပါက ဆုတောင်းတိုင်းရနိုင်ပါတယ်။ အချက်သုံးချက်က…..
(က) ဖြစ်လို ရလိုတဲီ့စိတ်ကို တစ်ကြိမ်လောက်သာ မဖြစ်စေဘဲ ဆက်လက်ဖြစ်ပွားအောင် ထားရပါမယ်(ဒဟတိ = ပဒဟတိ)။
(ခ) စွဲမြဲခိုင်မာအောင်လည်း အဓိဋ္ဌာန်ထားရပါမယ် (အဓိဋ္ဌာတိ)။
(ဂ) အကြိမ်များစွာ တိုးပွားစေဖို့အတွက် အမြဲ ကြံစည်စိတ်ကူး နေရပါမယ် (ဘာဝိတာ ၊ ဗဟုလီကတာ)။
ဒါဆိုရင် ကိုယ်အလိုရှိတဲ့အတိုင်း တောင်းတတိုင်း ဘာမဆို လိုရာ ပြည့်စုံပါ့မယ် လို့ ဘုရားရှင် အာမခံတော်မူခဲ့တယ်။ ဒါတင်မကသေး….. သုံးဆယ့်တစ်ဘုံတွင် မဖြစ်နိုင်တာ မရှိ။ နောက်ဆုံး “အာသဝေါကင်းကွာ ရဟန္တာ ဖြစ်ရပါလို၏” လို့ ဆုတောင်းရင်လည်း ရနိုင်ကြောင်းကို တစ်ခုစီ ရှင်းပြကာ အာမခံတော်မူထားတဲ့အတွက် ဆုတောင်းပြည့်ချင်သူများ အားတက်ဖွယ်ရာပါ။
ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်က သာဓကများရှိခဲ့သလို ယခုခေတ်တွင်လည်း ရှိနေပါသေးတယ်။ လူပျံတော် ပတ္တမြား ဦးမောင်မောင်ဆိုတာ ကြားဖူးကြမှာပါ။ ရတနာသုံးပါးရဲ့အကျိုးကျေးဇူးကို အကြွင်းမဲ့ယုံကြည်တဲ့အတွက် သူ့ကိုသူလည်း ယုံကြည်မှု အပြည့်အ၀ ထားပါတယ်။ ကိုယ်ကျင့်တရားဆိုရင်လည်း ငါးပါးသီလ လုံအောင်ထိန်းလို့၊ တရားစာပေနဲ့ပတ်သက်ပြီး အထိုက်အလျောက် ဗဟုသုတ ရှိပါတယ်။ အရာရာကို စွန့်လွတ်နိုင်မှုဆိုတာကလည်း သူလုပ်ရပ်က သက်သေတည်နေပါတယ်။ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံပါစေ၊ သံသယစိတ်တွေမမွေးပဲ ကံနဲ့ကံရဲ့အကျိုးကို သိမြင်တဲ့ ပညာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့လက်ထဲမှာ ငွေအမောင်းအများကြီး မရှိသော်လည်း ရလာတဲ့ပစ္စည်းအပေါ် တစ်ဝက်ကို သုံး၊တစ်ဝက်ကို သာသနာအတွက် ဆိုပြီး ရည်ရွယ်ခဲ့တယ်။ ဒါကြောင့်လည်း သူမျှော်မှန်းထားတဲ့ သိန်းရာကျော်တန် စတဲ့ သာသနာ့အဆောက်အဦများကို လှူဒါန်းနိုင်ခဲ့ပါတယ်၊ လို့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ ရတနာသုံးပါး ဂုဏ်ကျေးဇူးစာအုပ်မှာ ဖတ်မှတ်ခဲ့ရတဲ့အတွက် ၀မ်းမြောက်ကြည်နူးမှု ဖြစ်ခဲ့ရပါတယ်။
လောကဥပမာတစ်ခု…..အတန်းပညာများကို ထိပ်ဆုံးက အောင်မြင်ချင်တဲ့သူများဟာ အောင်မြင်မှုအတွက် ထိုက်တန်တဲ့ အရင်းအနှီးများကို ပေးဆပ်ရသလို ဆုတောင်းပြည့်ရန်အတွက် ဆုတောင်းနဲ့ ထိုက်တန်တဲ့ အထက်ပါဆိုခဲ့ပြီးတဲ့ အရင်းအနှီးကိုတော့ ပေးဆပ်ရစမြဲ ဖြစ်ပါကြောင်း ဆုတောင်း အမေးကို ဖြေကြားပေးလိုက်တယ်။


Read more...

*ရတနာ သုံးပါးကို ပမာတင်စားခြင်း*

ရတနာသုံးပါးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပါပဲလေ… သို့ပေမယ့်လည်း ခုလိုဥပမာ တင်စား ခိုင်းနှိုင်း ထပ်တူပြုလို့ အလင်္ကာမြောက်အောင် ဖွဲ့ထားတာလေးတွေကိုတော့ သိတဲ့သူ ရှားပါလိမ့်မယ်…။
(၁) ငွေလစန္ဒာ ဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လပြည့်ဝန်းကြီးနဲ့ ပမာတင်စားလိုက်ကြပါစို့။ ဒီအခါမှာ တရားဓမ္မတွေက အဲဒီလပြည့်ဝန်းကြီးက ဖြန့်ကျက်လိုက်တဲ့ လရောင်ပါတဲ့။ အဲဒီလရောင်ကြောင့် ထွန်းလင်းခွင့် ရရှိသွားတဲ့ ဤလောက မြေကမ္ဘာကြီးကတော့ သံဃာတော် အရှင်သူမြတ်အပေါင်းတို့ ပါတဲ့ မိတ်ဆွေတို့…။

(၂) တောက်ရွှန်းထွန်းလင်း နေမင်းဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားသခင် သုံးလောက အရှင်သူမြတ်ကို နေမင်းကြီးနဲ့ ပမာပြုလိုက်ကြပါစို့။ ဘုရားသခင်က နေမင်းကြီးဆိုရင် တရားတော်တွေက နေမင်းရဲ့ အလင်းရောင်ပါတဲ့။ သံဃာတော် အရှင်သူမြတ် တွေကတော့ နေမင်းရဲ့ အလင်းရောင်ကြောင့် အမှောင်ကင်းသွားတဲ့ လောကမြေကမ္ဘာပါတဲ့လေ…။

(၃) ရှုပ်ထွေးလှတဲ့ တောဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားကို တောရှုပ်နေတာကို ရှင်းတဲ့သူနဲ့ ပမာတင်စားရင် အဲဒီတောရှုပ်ကို ရှင်းစေဖို့ ရှို့တဲ့တောမီးက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ ရှို့လိုက်လို့ ပြောင်ရှင်းသွားတဲ့ လယ်မြေကောင်းတွေကတော့ သံဃာတော် အရှင်သူမြတ်တို့ပါတဲ့…။

(၄) ရွာသွန်းဖြိုးတဲ့ မိုးမင်းဥပမာ
ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို ရွာသွန်းဖြိုးနေတဲ့ မိုးမင်းကြီးနဲ့ ပမာတင်စားရင် အဲလိုရွာသွန်းလိုက်လို့ ရှင်သန်သွားတဲ့ ကောက်စပါးသီးနှံတွေက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ အဲဒီကောက်စပါးတွေ ရှင်သန်ကြီးထွားနေတဲ့ တောရွာ ရပ်ကွက်ကတော့ သံဃာတော် အရှင်သူမြတ်တွေပါတဲ့…။

(၅) မျက်စိအထူးကု ဆရာဝန်ဥပမာ
ကျွန်တော်တို့ရဲ့ သုံးလောက ထွဋ်ထားကို မျက်စိအထူးကု ဆရာဝန်ကြီးနဲ့ ပမာခိုင်းလို့ နှိုင်းလိုက်မယ်ဆိုရင် တရားဓမ္မတွေက မျက်စိကုတဲ့ နည်းနာနိဿယ တွေပါတဲ့။ ဒီနည်းနာ နိဿယတွေနဲ့ ကုစားလို့ ရောဂါပျောက်ကင်း အလင်းရသွားတဲ့ မျက်လုံးကတော့ သံဃာတော် အရှင်သူမြတ်တို့ပါတဲ့…။

(၆) ကျွမ်းကျင်တဲ့ ရထားထိန်း ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားကို ကျွမ်းကျင်တဲ့ ရထားထိန်း လုလင်ပျိုနဲ့ ပမာတင်စားရင် ဒီရထားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တဲ့ နည်းပညာတွေက တရားဓမ္မနဲ့ တူပါတယ်တဲ့။ သံဃာတော် အရှင်သူမြတ်တွေကတော့ အဲဒီရထားထိန်းက ဆုံးမပြီးလို့ ယဉ်ကျေးနေတဲ့ မြင်းတွေနဲ့ ပမာတူပါတယ်တဲ့…။

(၇) ခွဲစိတ်အထူးကု ဆရာဝန် ဥပမာ
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာကို ခွဲစိတ်အထူးကု ဆရာဝန်ကြီးနဲ့ ပမာတင်စားရရင် တရားဓမ္မတွေကတော့ ခွဲစိတ်တဲ့ နည်းပညာတွေပါတဲ့။ အဲဒီလို နည်းပညာတွေနဲ့ ခွဲစိတ်လို့ ပျောက်ကင်းသွားတဲ့ လူနာတွေကတော့ သံဃာတော် အရှင်သူမြတ်တွေပါတဲ့…။

(၈) ပွင့်လန်းနေတဲ့ ပန်းပွင့်ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်စွာကို ပွင့်လန်းနေတဲ့ ပန်းပွင့်လေးနဲ့ ပမာတင်စားလိုက်ရင် အဲဒီပန်းပွင့်မှာရှိတဲ့ ချိုမြိန်ကောင်းမွန်လှတဲ့ ၀တ်မှုန်ဝတ်ဆံတွေက တရားဓမ္မတွေနဲ့ တူပါတယ်တဲ့။ အဲဒီဝတ်မှုန် ၀တ်ဆံတွေကို လာရောက်စားသုံးတဲ့ ပျားပိတုန်း အပေါင်းကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့…။

(၉) အမွေပေးတဲ့ ဖခင်ဥပမာ
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရား သခင်ကို အမွေတွေ ခွဲဝေပေးတဲ့ ဖခင်ကြီးနဲ့ ပမာခိုင်းနှိုင်းလိုက်ရင် ရွှေငွေ ကျောက်သံပတ္တမြား အိမ်ယာ ကျွဲနွားစတဲ့ အမွေတွေက တရားဓမ္မတွေနဲ့ ပမာတူပါတယ်တဲ့။ ဒီအမွေတွေကို ရလိုက်တဲ့ သားသမီးတွေကတော့ သံဃာတော် အရှင်သူမြတ်အပေါင်းနဲ့ အလားသဏ္ဍာန် တူပါတယ်တဲ့…။

(၁၀) ခရီးလမ်းကို ညွှန်ပြတဲ့ ယောကျာ်းဥပမာ
ကျွန်တော်တို့ရဲ့ ဆရာသခင် မြတ်စွာဘုရားရှင်ကို ခရီးလမ်းမှန် ညွှန်ပြတတ်တဲ့ ယောကျာ်းသား လုလင်ငယ်နဲ့ ပမာတင်စားလိုက်ရင် အဲဒီ ခရီးလမ်းကြောင်းကြီးက တရားဓမ္မတွေနဲ့ အသွင်တူပါတယ်တဲ့။ ဒီခရီးလမ်းမှန် လမ်းကောင်းကို လျှောက်ပြီး ဘေးကင်းတဲ့နေရာ ရောက်သွားသူတွေကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့…။

(၁၁) ဒိဋ္ဌိဆူးကို ဆွဲနှုတ်ပေးတဲ့ ဆေးဆရာ ဥပမာ
ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်စွာ ဘုရားကို ဒိဋ္ဌိဆူးကို ဆွဲနှုတ်ပေးတတ်တဲ့ ဆေးဆရာနဲ့ ပမာပြုရရင် ဒီဒိဋ္ဌိဆူးကို အဘယ်ကဲ့သို့ ဆွဲနှုတ်ရပါ့မလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေက တရားဓမ္မတွေနဲ့ အသွင်အားဖြင့် တူပါတယ်တဲ့။ ဒီလို ဒိဋ္ဌိဆူးကို ဆွဲနှုတ်လိုက်လို့ ရောဂါပျောက်ကင်း စိတ်ထားဖြူစင် သွားတဲ့ အရိယာ သူတော်စင် အပေါင်းကတော့ သံဃာတော် အရှင်သူမြတ်တွေနဲ့ ပမာတူပါတယ်တဲ့ မိတ်ဆွေတို့…။

ကောင်းလိုက်တဲ့ ဥပမာ တင်စားချက်တွေဗျာ…။ ဒီတရား နာနေရင်းနဲ့ကို ကြည်ညိုမှုတွေက ထပ်တိုးလို့ လာရပါတယ်။ ဉာဏ်အမြော်အမြင်အရာမှာ မည်သူ တစ်ဦးတစ်ယောက်မျှ တုနှိုင်းမယှဉ်သာတဲ့ ဗုဒ္ဓ၊ ဒီဗုဒ္ဓက ချမှတ်ပေးခဲ့တဲ့ ပြည့်စုံ ကုံလုံလှတဲ့ တရားအဆုံးအမ လမ်းစဉ်တွေ၊ နောက် ဒီတရားဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက် ကျင့်သုံးလိုက်နာနေတဲ့ သံဃာတော် အရှင်သူမြတ်တွေ… တွေးလိုက်တိုင်း သဒ္ဓါပိုလို့ ကြည်ညိုမိတယ်ဗျာ.. တကယ်ပါ။

Read more...

ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပွဲနှင့် ပိဋကသုံးပုံ အလှူတော် ရေစက်ချပွဲ ဖိတ်ကြားခြင်း…

မြန်မာတို့၏ အစဉ်အလာ သတ်မှတ်ချက်ဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဘုရားရှင်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ အမျိုးမျိုးသော ပန်းသစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ခြင်း နှင့် နုန်းဂုံး ရွှေညီအစ်ကိုများ၏ ပိဋကသုံးပုံ ပါဠိတော်၊ မြန်မာပြန် စာအုပ်များ ရေစက်ချ လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ဒယ်ဂုမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာ အပေါင်းတို့အား တရားတော်နာ ကြွရောက်၍ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် အလှူရှင် နုန်းဂုံး ရွှေညီအစ်ကိုများမှ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၀- ၅- ၂၀၀၉ (တနင်္ဂနွေနေ့)
ဗုဒ္ဓါပူဇာအချိန် = နံနက် ၅နာရီ (ဘုရားရှင်အား အနေကဇာတင်ပူဇော်ခြင်း)
တရားနာ ရေစက်ချချိန် = နံနက် ၁၀နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)

မှတ်ချက်။ ။ ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကိုများအနေဖြင့် မိမိတို့ နေရာအသီးသီးတွင် ကိုးကွယ်ပူဇော်ထားသည့် ဘုရားဆင်းတုတော်များအား ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ အနေကဇာတင် ပူဇော်လိုပါက စနေနေ့ညအရောက် ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားပေးပါရန် အသိပေးအပ်ပါသည်။


Read more...

မုသာဝါဒကံ


ငါးပါးသီလကို သာမာန်ပုထုစဉ် လူသားများအတွက် စောင့်စည်း လိုက်နာအပ်သည့် အခြေခံသီလအဖြစ် ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ ငါးပါးသီလသည် သူ့အသက်သတ်ခြင်း၊ ခိုးဆိုးလုယက်ခြင်း၊ သူတပါးသားမယားနှင့် ကာယကံမြှေက် ကျူးလွန်ဖေါက်ပြန်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း ဟူသည့် ကံငါးပါးအား မကျူးလွန်ကြရန် တားမြစ်ထားခြင်း ဖြစ်ပါသည်။ ရတနာသုံးပါးကို ယုံကြည်ပြီး ထိုကံငါးပါးကို စောင့်ထိန်း သူများသည် မိမိကိုယ်တိုင် စိတ်နှလုံးငြိမ်းချမ်းခြင်း၊ တပါးသူအား မေတ္တာ၊ သနားဂရုဏာထားကာ ကူညီဖေးမတတ်ခြင်း တို့ကြောင့် လက်ရှိဘ၀တွင် သောကကင်းဝေးသူများ ဖြစ်သလို တမလွန်ဘ၀များတွင်လည်း ၎င်းတို့၏ ကောင်းသောကံအကျိုးကို သယ်ဆောင်သွားကြမည့် သူများဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပင် ဖြစ်ပါသည်။

သို့သော်လည်း ယနေ့ကာလတွင် သီလငါးပါးကို လုံခြုံသူသည် စိန်၊ ရွှေ၊ ရတနာများ ထက်ပင် ရှားပါးလွန်းလှသည်ကို တွေ့ရပေမည်။ ငါးပါးသီလ၌ မည်သည့် ကံက ပို၍အရေးကြီးသနည်း၊ မည်သည့်ကံက ပို၍ အပြစ်ကြီးသနည်းဟု မေးသော် အားလုံးအတူတူ ဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ကျူးလွန်လိုသော ဆန္ဒ၊ စေ့ဆော်ချက် စေတသိတ်နှင့် သက်ရောက်မှုပေါ်တွင် အခြေခံပြီး မည်သည့်ကံကို ကျူးလွန်သည်ဖြစ်စေ အပြစ်ရှိသည်မှာ အတူတူပင် ဖြစ်သောကြောင့် ကံငါးပါးစလုံးကို မကျူးလွန်မိစေရန် အထူး ရှောင်ရှားအပ်ပေသည်။

ကံငါးပါးကို ကျူးလွန်ရာ၌ နေ့စဉ်ဘ၀များကို လေ့လာကြည့်ပါက သီလငါးပါး၌ ခလေး၊ လူကြီး အရွယ်မရွေး၊ လူမျိုးမရွေး၊ ကျားမမရွေး ကျူးလွန်နေသည့် ကျူးလွန်မှု အများဆုံး သီလမှာ မုသားဝါဒကံ ဖြစ်သည်ကို တွေ့ရပေမည်။ ထိုကျူးလွန်မှုသည် ဘာသာခြားများအတွက် အလေးအနက်ထားစရာ မဟုတ်သော်လည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အလေးအနက်ထားပြီး ပြုပြင်သင့်ပါသည်။ မုသားဝါဒကံကို ကျူးလွန်ခြင်းသည် တခြားကံကို ကျူးလွန်ခြင်းလောက် အပြစ်မကြီးဟု မြန်မာလူမျိုးအများစု ယူဆထားပုံရပါသည်။ အမှန်စင်စစ် မုသားဝါဒကံသည် ကျူးလွန်ရာ၌ လွယ်ကူသလောက် အပြစ်ကြီးသည်ကို တွေ့ရပေသည်။ လိမ်သည်ဆိုသည်မှာ နှုတ်ဖြင့်တိုက်ရိုက်ပြောခြင်း၊ စာနှင့်ရေး၍ပြောခြင်း၊ အမူအရာဖြင့် ပြောခြင်း အားလုံးနှင့် အကျုံးဝင်ပါသည်။ လိမ်သောသူသည် မည်သည့်အခါမှ ဘ၀လုံခြုံမှုကို အပြည့်အ၀ခံစားရမည် မဟုတ်ပါ။ လူသားအချင်းချင်း ဆက်ဆံရာ၌ လိမ်ခြင်းခြောင့် ရရှိသော ဒိဋ္ဌဓမ္မမှာ မိမိလိမ်သည်ကို မိမိကိုယ်တိုင် သိနေသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ကင်းမဲ့ခြင်း၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလို တခြားသူများအပေါ်တွင်လည်း အမြဲတမ်း သံသယ ရှိနေခြင်း၊ မိမိ အလိမ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေရခြင်းနှင့် မိမိကိုယ်မိမိ လုံခြုံမှုမရှိဟု ခံစားရခြင်း စသည့် မရေတွက်နိုင်သော အကျိုးဆက်များကို လက်ရှိကာလတွင် ခံစားရမည်ဖြစ်သည်။ လိမ်ထားသော ကံ၏အကျိုးသည် မိမိနှင့်အတူ တောက်ရှောက် လိုက်ပါနေမည် ဖြစ်သောကြောင့် တမလွန်ဘ၀ ရောက်လျင်လည်း ငရဲသို့ရောက်မည်ဖြစ်ပြီး ငရဲသားအဖြစ် ခံစားရဦးမည်ဖြစ်သည်။

မုသားဝါဒကံ ကျူးလွန်ခြင်းကြောင့် ငရဲရောက်လာသော ”ငရဲသားအား ငရဲထိန်းတို့သည် ထန်းပင်လုံးပမာရှိသော မီးသျှံတောက်နေသော ငါးမျှားချိန်ဖြင့် လျှာကိုဖေါက်၍ ဆွဲငင်ကြကုန်၏၊ ငရဲသားတို့သည် မီးသျှံတောက်နေသော သံမြေပြင်ပေါ်၌ နေပူလှန်းသောအခါ သံမြေပြင်ပေါ်၌ ဆွဲငင်ကြကုန်ပြီး လဲကြကြကုန်၏။ ထိုအခါ သားရေကျက်၍ နေပူလှန်းသောအခါ သားရေကို ပတ်ပတ်လည်က စို့တံကျင်များစွာ ရိုက်နှက်သလဲ့သို့ ထိုငရဲသားကို စို့တံကျင်များစွာဖြင့် ရိုက်နှက်ကြလေသည်။ ငရဲသားသည် အော်ကာ ဟစ်ကာခံရင်းပင် ပါးစပ်မှလည်း တံတွေးတွေကို တပြစ်ပြစ် ထွေးထုတ်ရလေသည်။” (တက္ကသိုလ် အသျှင်သီရိ၏ ငရဲဟူသည် စာအုပ်တွင် တွင် စာမျက်နှာ ၈၆-၈၇ ၌ ဖေါ်ပြထားသည်ကို တိုက်ရိုက်ကူးယူ ဖေါ်ပြပါသည်)။ ငရဲမှာ ငရဲသက်တမ်းကုန်ပြီးနောက် တခြားဘ၀များတွင် ကျင်လည်ပြီး တချိန်ချိန်၌ လူ့ဘ၀ကို ပြန်ရောက်သည့် အခါတွင်လည်း ထိုလိမ်ခဲ့သော ကံအကျိုးတရားသည် မကုန်ဆုံးသေးပဲ စကားမပြောနိုင်အောင် ဆွံ့အခြင်း၊ စကားမပီခြင်း၊ စကားထစ်ခြင်း၊ ပါးစပ်နံခြင်း သွားများ မညီမညာထွက်ခြင်း စသည့် အကျိုးတရားများကို ဆက်လက်၍ ခံစားရဦးမည်ဖြစ်သည်။

အထက်ပါ သာဓကကို ကြည့်ခြင်းအားဖြင့် မျက်မှောက်ကာလတွင် လူသားများသည် အချင်းချင်း အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လျက် မဖြစ်စလောက်သော အကျိုးကျေးဇူးများအတွက် မုသားမပါ လင်္ကာမချော ဟူသည့် စကားပုံကို အကြောင်းပြု၍ လိမ်ညာခြင်းကို တင်စားအသုံးပြု နေကြသည်မှာ ကြောက်စရာကောင်းလှပါသည်။ လိမ်ညာခြင်းကို မည်သည့်အကြောင်းပြချက်နှင့် မည်သို့ပင် စာဖွဲ့၍ တင်စားစေကာမူ အနှစ်သာရမှာ လိမ်သည်ပင်ဖြစ်သည်။ လူလူချင်း ဆက်ဆံရေးတွင် လိမ်လည်မှုကို လှပအောင် တနည်းနည်းဖြင့် ဖုန်းကွယ်ပြီး အသုံးပြုသော်လည်း တနေ့အကျိုးပေးရန် မိမိနောက်မှ အရိပ်လို လိုက်နေသော မုသားဝါဒကံကြောင့် ရရှိသော အပြစ်များကိုမူ မည်သည့်နည်းနှင့်မှ ဖုန်းကွယ်၍ ရနိုင်မည်မဟုတ်သည်ကို သတိပြုသင့်ပါသည်။

လိမ်ခြင်းနှင့် ပတ်သက်၍ ဘုရားလောင်း၏ ဇာတ်နိပါတ်များကို လေ့လာကြည့်ပါက ဘုရားလောင်းသည် ဘုရားမဖြစ်ခင် ဘ၀ပေါင်းမြောက်များစွာကို ပုထုစဉ် လူ၊ နတ်၊ တိရိစ္ဆာန်များအဖြစ် ဖြတ်သန်းခဲ့ရာ၌ ကံငါးပါးအနက် တခြားကံလေးပါးကိုသာ ကျူးလွန်ခဲ့ဖူးပြီး မုသားဝါဒကံကို ဘ၀အဆက်ဆက်တွင် တခါမှ မကျူးလွန်ခဲ့ဟု လေ့လာသိရှိ ရပါသည်။ အဘယ်ကြောင့်ဆိုသော် မုသားဝါဒကံကို ကျူးလွန်ခြင်းသည် အမှန်တရားကို ဆန့်ကျင်ဘက်လုပ်လိုက်ခြင်း ဖြစ်၍ သစ္စာတရားနှင့် လွဲချော်နေတော့မည် ဖြစ်သည်။ အကယ်၍ မြတ်စွာဘုရားလောင်းသည် ဘ၀တခုခုမှာ မုသားဝါဒကို ကျူးလွန်မိပါက သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် သုံးသပ်နိုင်ပြီး အလုံးစုံကို သိတော်မူသည့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့မည် မဟုတ်သည်မှာ သေချာလောက်ပါသည်။ ဤသာဓကကို ကြည့်ခြင်းအားဖြင့် လိမ်လည်သူများသည် မည်သည့်အခါမှ အမှန်တရားနှင့် ကြုံတွေ့ခွင့် ရနိုင်မည်မဟုတ်သလို သူတော်ကောင်း တရားများနှင့်လည်း လွဲချော်၍ နေကြမည်သာ ဖြစ်သည်။

လိမ်ခြင်းကို ပြုပြင်နိုင်ပါက တခြားကံငါးပါးကို လိုက်နာရန် ခက်တော့မည်မဟုတ်ပါ။ လိမ်ခြင်းကို အကျင့်ရကာ ယဉ်ပါးနေကြပြီး ထမင်းစားရေသောက် အလုပ်နှင့် လူလူချင်း နေ့စဉ်ဘ၀ ဆက်ခံရေးမှာ မပါမနေရ ဖြစ်နေသည့် အခြေအနေကို လူတိုင်းလူတိုင်း ပြုပြင်သင့်ပါသည်။ လိမ်ခြင်းကို အကျင့်ပါနေသောကြောင့် ရှောင်အပ်သည့် စောင့်စည်းလိုက်နာစရာ သီလတခုအဖြစ် သတ်မှတ်ရန် မေ့လျော့နေကြပြီး နေ့စဉ်ဘ၀မှာ ပြုမူကျင့်ကြံရမည့် ပုံမှန် အမူအကျင့် တခုလို ဖြစ်နေပြီး မလိမ်သူ အနည်းစုက ပုံမှန်မဟုတ်သူများ အဖြစ် ရောက်နေသည့် အခြေအနေကို ဗုဒ္ဓဘာသာ မြန်မာလူမှု အသိုင်းအ၀ိုင်းတွင် အမြန်ဆုံးပြုပြင်သင့်ပါသည်။ လူလူချင်း လိမ်လည် လှည့်ဖြားခြင်း ကင်းဝေးကြပါစေ။ ။

Read more...

ယောကျာ်းများအတွက်(ဘုရားဟောသော)အိမ်ထောင်ရေး ဗဟုသုတ

ကျွန်တော်မနေ့က ဆရာတော် ဦးသုဝိစိတ္တ စုစည်းပူဇော်တဲ့ ဗဟုသုတပဒေသာ စာ
အုပ်ထဲက (မပေါင်းအပ်သော မယားခြောက်မျိုး) ကိုကူးယူဖော်ပြလိုက်ရပါတယ် ။
လာရောက် ဖတ်ရှု့သူများထဲမှတိုက်ဆိုင်သော မိန်းခလေးများရှိပါက ကြိုတင်
တောင်းပန်ပါတယ် ။ ဘုရားဟောခဲ့တဲ့အတိုင်း ရေးသားရတာပါ ။

၁။ ၀ိဝါဒသီိလိ - ငြင်းခုံတတ်သော အလေ့ရှိခြင်း ။
၂။ ဥဿုဟာ - ငြူ စူစောင်းမြောင်းတတ်ခြင်း ။
၃။ ပဿန္တဏှိကာ - မြင်တိုင်းကို လိုခြင်မက်မောခြင်း ။
၎။ ဂတာ - သူတပါးအိမ်သို့သာ သွားလာ၍ နေတတ်ခြင်း ။
၅။ အမိတာဘုဉ္ဇနာ - အခြင့်အတိုင်းမရှိံအစားလွန်ကြူးခြင်း ။
၆။ နိဒ္ဒါ - အအိပ်လွန်ကြူးခြင်း ။

စသည်တို့ဖြစ်ပါတယ် ။ မိမိရွေးချယ်လိုက်တဲ့မိန်းခလေးဟာ ဤ ခြောက်မျိုးထဲမှာ
ပါနေ ရင်အိမ်ထောင် မပြုခင်ကတည်းက ပြုပြင်နိုင်လျှင် ပိုကောင်းပါတယ် ။ ဘုရား
ရှင်ကိုယ်တော်တိုင်က သတိပေးထားတာ ဆိုတော့ ပေါ့ပေါ့မနေသင့်ပါဘူး ။ ဗုဒ္ဓ
ဘာသာဝင် အမျိုးသားများ ကောင်းမွန်သော မိန်းမကောင်းများကိုရှာဖွေနိုင်စေဖို့
ဆန္ဒပြုရင်း…….။


Read more...

Zen Wrapped in Karma Dipped in Chocolate

I'd stumbled across Brad Warner's blog a few times before, even left a short comment once, but hadn't read any of his books. I'm not really the target reader as they are aimed at a much younger audience. However, a week or so ago I came across his latest, 'Zen Wrapped in Karma Dipped in Chocolate', and must admit I wasn't very comfortable with it.

Warner calls himself a "real Zen master - as opposed" he says "to the cartoonlike figure invented by pop culture", and he describes what happened when his marriage was having problems and a woman he liked invited him to a party. After wondering if he ought to go along, he writes, "Ha! You better fucking believe I went. I woulda followed that little piece of tail anywhere."

Unlike many of Warner's young counter-culture readers who may be impressed by such stuff, I know a few Zen monks, and not one of them, even in private conversation, talks like this. Even if sexual relationships are permitted for monks in Warner's lineage, I wonder if his attitude and disgusting language is truly necessary and if it properly represents Zen practice and aspirations.

I'm happy to say that Warner has a lot of interesting and useful things to say about meditation, but I fear this is undermined not only by his language, but also the disrespect he shows for the tradition into which he ordained. In one chapter he describes how he arrived to lead a retreat dressed in a cult-movie T-shirt. He didn't put on robes until asked to by another monk the next day.

Even then he only put on the outer layers, saying "there was no way anybody was gonna get me into all that stuff". Warner describes fluffing his way through Zen ceremonies because he never took the time to learn how to perform them properly, and later, when administering precepts, he had to fight down a bout of childish giggles. "I could barely get through them" he says.

Being immature is no crime of course, but while Warner delights in permitting himself to disregard outer forms of Zen practice, he responds to a young man's request to meditate in a different sitting position by saying he'd prefer it if he didn't. Bad luck if you have a weak back, joint problems, or a lack of flexibility - it's lotus posture or you're out according to Zen Master Warner.

Of course we all make mistakes, and some of us take longer to grow up than others, but Warner is more than an individual practitioner, he chose to become a Monk. And that surely means acting with a certain amount of maturity. Warner later describes how he had sex while at a temple. Again, perfectly fine in his lineage, but I do wonder how the other people there felt about it.

It couldn't have been comfortable, attending the New Year Eve ceremonies that year with a monk who wasn't able to carry out his duties, didn't wear robes, and spent most of his time engaged in sex with a student. Warner, writing about it afterwards, glories in his activities: "friends, believe me, we misused sex in about a thousand new and exciting ways that week!"

Perhaps his foul-mouthed confessional really does help to reveal the life of a "real-life Zen Master" and so help make Buddhism more accessible to a different audience. But don't most people, even without the aid of Zen practice, stop boasting about their sexual achievements by the time they hit Warner's age? He is, after all, in his mid-forties.

Whilst I admire aspects of his openness and his teachings on meditation, especially his summary of the benefits of practice, "a bit of zazan in the morning and a bit in the evening radiates throughout the rest of the day and night and makes everything better", I wonder if Warner is doing more harm than good when he wraps it in constant bad language and dips it in disrespect.

Read more...

ကန္နီဥပနိသျခံ မြေဇင်းတောရဆရာတော်ကြီး၏ တရားရှု့မှတ်ပုံ အကျဉ်းချုပ်

မေလ ၂ ရက် ၃ ရက် နေ့ ညတွေမှာ အွန်လိုင်း စကိုက်တရားပွဲတွေ ပြောဖြစ် ဟောဖြစ်ခဲ့ပါတယ်၊ မော်စကိုက ဓမ္မညီအကိုများဖြစ်တဲ့ ကိုဝင်းမြင့် ကိုဖိုးသား ကိုနေဇင်လတ် ကိုအောင်ဆွေဦး ၊ ဂျပန်နိုင်ငံက ကိုဝိမုတ္တိသုခတို့ စီစဉ်ကြတာပါ၊ ဦးဇင်းရဲ့ ကိုယ်တွေ့သမထ ၀ိပဿနာကို နာယူချင်တယ်လို့ဆိုပါတယ်၊ ဒီလိုနဲ့ ၂ ညတာ ပြောကြ ဟောကြ မေးကြနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဘ၀အတွက် အကောင်းဆုံးဖြစ်အောင် ရယူနိုင်ခဲ့ကြပါတယ်။ တရားပွဲမှာ ပါဝင်တဲ့ ထိုင်း မော်စကို ဂျပန် နော်ဝေ စင်္ကာပူ အီတလီ ကနေဒါ စတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီး မှ ဓမ္မမိတ်ဆွေများ တရားနာယူ သူများက တရားရှုမှတ်နည်းလေးတွေ ရေးပေးပါ ပြောပြပါဆိုလို့ ဦးဇင်းတို့ လျှောက်လှမ်းခဲ့တဲ့ လမ်းအတိုင်း ရေးလိုက်ပါတယ်၊


သမထ မပွားများခင် ဗုဒ္ဓါနုဿတိ၊ မေတ္တာ ဘာဝနာ၊ မရဏဿတိ၊ အသုဘ ဘာဝနာ ကို ပွားများရ ပါတယ်. ဒီလေးမျိုးကို စတုရာ ရက္ခတရား (အစောင့် အရှောက် တရားလေးပါး လို့ ခေါ်ဆိုပါတယ်. တရား အားထုတ်တဲ့ ယောဂီများ သဒ္ဓါ တရားတွေ တိုးပွားပြီး အေးချမ်းစွာ တရား ရှုမှတ်နိုင်ဖို့ အတွက် ဒီလေးမျိုးကို ပွားများ ကြရပါတယ်)

ဗုဒ္ဓါနုဿတိပွားများပုံ…

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာဝနာပွားများပုံ…

အားလုံးသော သတ္တ၀ါတွေ ၀င်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ၀င်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်.

သမထပိုင်းပွားများပုံ

သမထ ပိုင်းကိုတော့ ဂဏနာနည်း (ရေတွက် တဲ့နည်း) နဲ့ စတင် ရှုမှတ်ပါတယ်၊ သမာဓိရ လွယ်သလို အချိန်တွေ ဘယ်လောက် ကြာကြာ ထိုင်မှတ် နိုင်တာကို တွေ့ရပါတယ်၊
ဝင်လေ ၁
ဝင်လေ ၂
ဝင်လေ ၃
ဝင်လေ ၎
ဝင်လေ ၅
ဝင်လေ ၆
ဝင်လေ ၇
ဝင်လေ ၈ ဆိုပြီး နှာသီးဖျားကို ထိပြီး ၀င်သွားတဲ့ လေကို သတိကပ်ပြီး ရှုမှတ်ပါ။ ဒီ ၀င်လေ ၈-ချက် ရရင် လက်တစ်ချောင်း ချိုးပါ။

နောက်ထပ် ၀င်လေ ၈-ချက် ရရင် ဒုတိယ တစ်ချောင်း
နောက်ထပ် ၀င်လေ ၈-ချက် ရရင် တတိယ..
စတုထ္တ ပဉ္စမ ဆဋ္ဌ သတ္တမ အဋ္ဌမ န၀မ ဒသမ.. လက်ဆယ်ချောင်း ပြည့်သွားရင် တစ်ပုံ ရတယ်လို့ သတ်မှတ်ပါတယ်၊
(၀င်လေ ၈ x လက်ဆယ်ချောင်း = ၀င်လေ ၈၀= တစ်ပုံ)

အဲဒီ တစ်ပုံရပြီဆိုရင်….
၁. ဘယ် လက်ကောက်ဝတ် မှာ စိတ်က မှတ်ပြီး ပုံထား လိုက်ပါ. နောက်ထပ် တစ်ပုံရရင်
၂. ဘယ် တံတောင်ဆစ် မှာ စိတ်က မှတ်ပြီး ပုံထားလိုက်… နောက်ထပ်
၃ ဘယ် ပုခုံး
၎ ဘယ် နားရွက်
၅ ဘယ် ဦးထိပ်စွန်း
၆ ညာ ဦးထိပ်စွန်း
၇ ညာ နားရွက်
၈ ညာ ပုခုံး
၉ ညာ တံတောင်
၁၀ ညာ လက်ကောက် ၀တ်မှာ ပုံလိုက်ပါ. ဒါဆိုရင် ခန္ဓာကိုယ် တစ်ပတ် ရပါပြီ… အစပိုင်းမှာ လုပ်ရတာ ခက်သလို ရှိပါတယ် နောက်ပိုင်း အသား ကျသွားရင် လက်တွေက သူဟာသူ ချိုးနေပါမယ်. တကယ့်ကို သမာဓိရ လွယ်တဲ့ နည်းပါပဲ။။ ဒီလို ခန္ဓာကိုယ် တစ်ပတ် ရတာကို တစ်ဝါ ရလို့ ခေါ်ပါတယ်။ ၀ါရ-ဆိုတာ ရေတွက် ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သမထ ပထမပိုင်း မှာတော့ သတိမြဲအောင် ဦးစားပေး ရှုမှတ်ရပါမယ်၊

ကန္နီနည်း သို့မဟုတ် မြေဇင်းတောရ နည်းမှာတော့ ဒီလို သမာဓိ ရအောင် အားထုတ်ချိန် ၁၀ ရက် သို့ ၁၅ ရက် ကျော်လာရင် အလင်း နိမိတ်တွေ ရရှိပါတယ်။ အဲဒီအလင်း နိမိတ်တွေကို အနီး အဝေးတွေ အတို အရှည်တွေ ပြုလုပ် စေစားပြီး ဘုရားတွေ ဖူးခိုင်းပါတယ်၊ လူ့ပြည်မှာ ရှိတဲ့ ဘုရား၊ နတ်ပြည် ဗြဟ္မာ့ ပြည်မှာ ရှိတဲ့ဘုရား တွေကို ဖူးခိုင်းပါတယ်။ ကြည်ညို သဒ္ဓါ တရားတွေ အရမ်းကို တက်လာပါတယ်၊

နောက်ထပ် တစ်ဆင့် တက်ပြီး အလင်း နိမိတ်နဲ့ ခန္ဓာကိုယ်ကို လှီးရ ဖြတ်ရပါတယ်။ ဘယ်ဖက် ပါးကနေ ညာဖက်ပါး ဖောက်စေ ဆိုပြီး အလင်း နိမိတ်ကို စေလွှတ်ရင် ပြောတဲ့ အတိုင်း သွားပါတယ်။ ဘယ်ကနေ ဘယ်ကို ထွက်စေ..လို့ စိတ်က စေစားရင် ကိုယ်ပြောသမျှ အကုန် ဖြစ်နေပါတယ် ပြီးရင် အဲဒီ အလင်းတန်း ကြီးကို ခေါင်းပေါ်မှာ ဆန်ကော ၀ိုင်းလောက် ထားပြီး ခေါင်းကနေ ပြတ်စေ ဆိုပြီး တစစီ ခန္ဓာကိုယ်ကို လှီးဖြတ် ပါတယ် နောက်ဆုံးတော့ ခန္ဓာကိုယ် တခုလုံး အလင်းတန်းကြီး အလင်းတုံးကြီး ဖြစ်ကုန်ပါတယ်။ သိပ်ဆန်း ကျယ်တဲ့ ဓမ္မပါ။

နောက်တစ်ဆင့် ကတော့ ၀င်လေ ထွက်လေကို ညှင်းညှင်းလေ ရှူသွင်း ရပါမယ်. ဒီလို ရှူသွင်းတာ များလာရင် ၀င်လေဟာ ၀င်မှန်း မသိတော့ သလိုဖြစ်ပြီး တကယ့်ကို ငြိမ်းအေး မှုကို ခံစားရ ပါတယ်။ တချို့ဆိုရင် ခန္ဓာကိုယ် ကြီးက ရှေ့ယိုင်တာ နောက်ယိုင် တာတွေ ခန္ဓာကိုယ် ကြီးက ကြမ်းပြင်နဲ့ လွတ်နေ တာတွေ ဖြစ်တတ်ပါတယ်. တတ်နိင် သလောက် ယိမ်းယိုင်ခြင်း မရှိအောင် ထိန်းထားရ ပါမယ်။

တချို့ ဆရာတော်ကြီး များက ၀ိပဿနာကို အသားပေးပြီး ဒီလို အလင်းတန်း တွေကို ဖျောက်ပစ်ဖို့ မိန့်တော်မူ ကြတာပါ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သမထ လောကီ အရာမှာ ဒီအလင်းတန်း တွေဟာ လိုတရ စေတလုံးပါ လက်တွေ့ စမ်းကြည့် ပြီးရင် သိသာပါမယ်။ ဒါကြောင့် ဒီအလင်း နိမိတ်တွေကို အသုံးချ တာပါ။ အထူးသဖြင့် ဘုရားဖူးခြင်း ကိစ္စတွေကို ဆောင်ရွက် ကြတာပါ၊ (အလင်း နိမိတ်နဲ့ ပတ်သက်ပြီး ခိုင်ခန့်တဲ့ ကျမ်းဂန် အထောက် အထားတွေ ရှိပါတယ်။)

အရှင်တိက္ခဉာဏာလင်္ကာရ (ယော)
ဆက်ရန်..........

Read more...

Buddhism and Science


This is the short video clip with the quotes of various scientists on Buddhism.
Mostly these scientists were not Buddhists but their sense in science made them to understand what Buddhism is.

So,this video is one of proofs that Buddhism is the scientific religious.

video



Read more...

ကုန်သည်ကောင်း... (ဦးသုမင်္ဂလ) vcd


ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ကုန်သည်ကောင်း...

video


Read more...

ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။ တကယ်တော့ ပညာဂုဏ်ဆိုတာထက် နောက်ကတပ်လို့ရတဲ့ ဘွဲ့ဒီဂရီတွေနဲ့ ရာထူးဂုဏ်လို့ပြောကြတဲ့ အပွင့်တွေ၊ အခက်တွေ၊ အရစ်တွေ စတာတွေကို ပိုပြီးမြင်ကြ၊ ကြည့်ကြ၊ ဆက်ဆံကြ၊ အရေးတယူပြုနေကြ တာတွေပါ။ ဒါကြောင့်လည်းပဲ လူတွေကြားမှာ အမျိုးမျိုးသော ဘွဲ့ထူးတွေ၊ ရာထူးတွေ၊ ဂုဏ်ထူးတွေ မရှိရှိတာ ရှာကြံတပ်နေကြရတာ ဖြစ်မှာပါ။ ဒီလို မရှိရှိတာ ရှာကြံတပ်ရာကနေပြီး နောက်ဆုံးတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေဟာ အကြွားသန်တဲ့ လူမျိုးတွေ ဖြစ်လာပါတော့တယ်။ ငကြွားတွေ ဖြစ်လာပါတော့တယ်။

ကြွားတာကတော့ ကမ်းကုန်အောင်ပါပဲ။ ဘာလေးပဲလုပ်လုပ်၊ ဘာပွဲလေးပဲ လုပ်လုပ် စုံနေအောင်ကို တပ်ပါတော့တယ်။ မင်္ဂလာဆောင်မှာရော၊ မွေးနေ့ပွဲမှာရော၊ ပါတီပွဲတွေမှာရော တပ်လိုက်တဲ့အမြီးတွေ စိုင်းဘုတ်တောင် မဆန့်ဖြစ်ရပါတယ်။ တစ်ချို့ဆို နိုင်ငံခြားမှာသွားပြီး သူများခိုင်းတာ အောက်ခြေသိမ်းလုပ်နေရ တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ်အလုပ်ရုံမှာ ဘာလိုလို ညာလိုလိုဖြစ်အောင် တပ်လိုက်ကြပါသေးတယ်။ ယုတ်စွအဆုံး သေတာတောင်မှ နာရေးကြောငြာတွေမှာ ရှိသမျှဟာတွေကို ရှာကြံပြီး အမြီးရှည်အောင် လုပ်ကြပါသေးတယ်။ သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက်က ကြွားပေးရဦးမှာကိုး။ ကြုံတုန်းဘုန်းဘုန်းတို့လည်း ကြွားလိုက်ရဦးမယ်။ ဘုန်းဘုန်းတို့က နိုင်ငံခြားမှာ နေတာဆိုတော့ နိုင်ငံခြားသားအသိများရဲ့ လိပ်စာကဒ်တွေ၊ မြန်မာပြည်မှာရှိတဲ့ သူတွေရဲ့ လိပ်စာကဒ်တွေ အစုံရှိပါတယ်။ ဒီလိပ်စာကဒ်တွေ ယှဉ်ကြည့်လိုက်တော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ ကဒ်တွေက ပိုပြီးစာတွေများနေတာကို တွေ့ရပါတယ်။ ရှင်းအောင်ပြောရရင် နာမည်ရဲ့နောက်မှာ ဘွဲ့၊ ဒီဂရီ၊ ရာထူးဌာနန္တရတွေ အကုန်တပ်ထားတာကို ပြောတာပါ။ နိုင်ငံခြားသားများရဲ့ ကဒ်တွေမှာတော့ အမည်လောက်ပဲတပ်ပြီး လိုအပ်မှ လက်ရှိလုပ်နေတဲ့ နေရာ၊ ရာထူးလေးကို တပ်ကြတာတွေ့ရပါတယ်။ ထားပါတော့…။

အမှန်တော့ ဒီလိုနောက်က ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ရတာကလည်း တပ်တဲ့သူတွေက တပ်ချင်လို့တပ်ကြတာ မဟုတ်ပါဘူး။ ခေတ်ကာလ အခြေအနေအရ တပ်ကြရတာပါ။ အထူးသဖြင့် အပေါ်ယံအပြင်ကိုပဲ ကြည့်တတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကြည့်တွေကြောင့် တပ်ရတာပါ။ ယနေ့ခေတ် မြန်မာလူမျိုးများဟာ အရည်အချင်းထက် အရေအတွက်ကိုပိုပြီး ဦးစားပေးနေတာကြောင့်လည်း တစ်ချို့မတပ်ချင်ပေမယ့် အရေအတွက်လေးတွေ ပြနေရတဲ့ အနေအထားပါ။ ဒါမှလည်း အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ကြတာပါ။ ကိုယ်ကိုယ်တိုင်က အရည်အချင်းတွေ တဖြည်းဖြည်း နည်းလာကြတော့ သူများကို ကြည့်တဲ့အခါမှာလည်း အဲဒီသူရဲ့ ပင်ကိုယ်အရည်အချင်းထက် နောက်ဆုံးအလွယ်တကူ သိလို့ရတဲ့ နောက်က ဘွဲ့ဒီဂရီလေးတွေကိုပဲကြည့်ပြီး အင်း… ဒီလူကတော့ ဒီလိုတော့ ဖြစ်လိမ့်မယ်လို့ ယူဆကြတော့တာပါ။ ကိုယ်ကိုယ်တိုင်က မသိထားတဲ့အခါကျတော့ ဘွဲ့ထူး၊ ဂုဏ်ထူးရှိတဲ့သူ ပြောတာကိုပဲ အမှန်လို့ မှတ်ယူကြတော့တာပါ။

လူမပြောနဲ့ ဘုန်းကြီးတွေပြောတာကိုလည်း အဲဒီလို တွက်ကြပါတယ်။ ဓမ္မာစရိယ ဘီအေ၊ အမ်မ်အေ စတဲ့ဘွဲ့ရ ဘုန်းကြီးကလည်း ခန္ဓာငါးပါးရှိကြောင်း၊ သစ္စာလေးပါးရှိကြောင်း စတာတွေပြောသလို ဘာဘွဲ့မှ မရတဲ့ ဘုန်းကြီးလည်း တစ်ထပ်တည်းစာပေအတိုင်း ပြောပါတယ်။ အဲဒီအခါမှာ မှတ်သားနာယူ၊ နားထောင်တဲ့သူက ဘယ်လိုတွေးလိုက်လဲဆိုတော့ ``အင်း… ဒီဘုန်းဘုန်းပြောတာက ပိုပြီးမှန်နိုင်တယ်၊ တိကျနိုင်တယ်… ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုန်းဘုန်းက ဓမ္မာစရိယရော လောကီဘွဲ့တွေရော ရထားတာလေ…``လို့ သူ့အမြင်နဲ့ သူသိသလောက်နဲ့၊ သူရှိတဲ့အရည်အချင်းလောက်နဲ့ တိုင်းတာ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ နှစ်ပါးလုံးတိတိကျကျ မှန်မှန်ကန်ကန် ပြောဆို ဟောပြောကြတာပါ။ ဒါပေမယ့် မြင်တဲ့သူက တရားထက် နောက်က ဂုဏ်ကိုသွားမြင်လိုက်တာပါ။ ဒီလို အခြေအနေမျိုးက မြန်မာပြည်မှာ အများကြီးပါ။ ဒါကြောင့်လည်း လူ့လောကမှာရော ဘုန်းကြီးလောကမှာပါ အရည်အချင်းထက် အရေအတွက်တွေ များအောင် လုပ်လာကြတော့တာပါ။ အဲလိုမှ မလုပ်ရင်လည်း အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေကြတော့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ ဘုရားတောင်မှ ရွှေရှိမှ ကိုးကွယ်ချင်ကြတာလေ… ရွှေမရှိတဲ့ဘုရား လူမလာကြပါဘူး။ ဒါကြောင့် လူလာအောင် လူမြင်အောင်ဆိုပြီး နောက်က မရှိရှိတာ ရှာတပ်ကြရခြင်း ဖြစ်ပါတယ်။ တပ်သူရဲ့ အပြစ်မဟုတ်ပါဘူး… မြင်သူတွေက ဒီလိုမြင်လာကြတာကိုး…။ ဒါကြောင့် တစ်ချို့ အလုပ်ကြီးလုပ်တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပထမလူအထင်ကြီးအောင် လုပ်ပြကြရတာပါ။ လူအထင်ကြီးအောင်ဆိုတော့ လူတွေမြင်တတ်တဲ့ ရာထူး၊ ဘွဲ့ထူး၊ ဘာဂုဏ်၊ ညာဂုဏ်တွေ အရင်ပြပြီး ဆွဲဆောင်ကြရတာပါ။ ခုဆိုရင် နောက်က အမြီးတပ်သူတွေများလာတော့ သာမန်အမြီးလောက်နဲ့တောင် မရတော့ဘူး… ဒေါက်တာဆိုလား… ဘာဆိုလားတာတွေတောင် ရအောင်လုပ်ပြီး တပ်လာရပြန်ပါတယ်။ သာမန်ဘွဲ့လောက်ဆို သိပ်ပြီးအထင်ကြီးမှုက မရှိကြလေတော့ ဒေါက်တာဘွဲ့ရအောင် လုပ်လာရပြန်ပါတယ်။ ဒီဘွဲ့တောင်မှ ပြည်တွင်းဘွဲ့ဆို သိပ်အထင်မကြီးလို့ ပြည်ပဘွဲ့ကို ရအောင်လုပ်ရပြန်ပါတယ်။ ဒီလိုသာ လူအထင်ကြီးအောင် လိုက်လုပ်နေရမယ် ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ လူတွေမြင့်ဖို့အတွက် ဂုဏ်တွေရှိအောင် လုပ်နေရမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။

တကယ်တော့ ဘုန်းဘုန်းတို့ လူတွေဟာ အမြင်တွေလွဲနေကြတာပါ။ မှန်ပါတယ်။ ဘာသာတရား ရှုထောင့်ကကြည့်ရင်လည်း ဂုဏ်ကိုကြည့်ရပါမယ်။ မြင်တတ်ရပါမယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုကြည့်ပြီး ကိုးကွယ်တတ်ရပါမယ်။ ဒါပေမယ့် ဒီကနေ့ လူတွေမြင်ကြတဲ့ ဘွဲ့ထူး၊ ရာထူးဂုဏ်၊ ငွေဂုဏ်ကြေးဂုဏ်၊ ကျော်ကြားမှုဂုဏ်တွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ်အထင်ကြီးခံ၊ ကိုးကွယ်ခံမယ့်သူများ ပြည့်စုံရမယ့်၊ ရှိသင့်တဲ့ဂုဏ်တွေက ကိုယ်ကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေပါ။ ဒီဂုဏ်တွေကသာ တကယ့်စစ်မှန်တဲ့ ဂုဏ်တွေပါ။ ဒေါက်တာတွေ၊ လောကသတ်မှတ်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရရှိနေပါစေ ကိုယ်ကျင့်သီလမကောင်းဘူး၊ အကျင့်စရိုက်မကောင်းဘူးဆိုရင် ရထားတဲ့ ဘွဲ့ဒီဂရီတွေဆိုတာ အလကားပါ။ ဒီလို ကိုယ်ကျင့်သီလမကောင်းဘဲ တခြားဘွဲ့တွေနဲ့ အထက်ရောက်နေခဲ့မယ်ဆိုလည်း ခဏပါပဲ။ မမြဲပါဘူး။ ကိုယ်ကျင့်သီလမြဲမှ ကိုယ်လည်းမြဲမှာပါ။ ဒီလို သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ ရှိနေမယ်၊ ပြည့်စုံနေမယ်ဆိုပါက တစ်ခြားအရာတွေဟာ တောင့်တစရာ မလိုဘဲ အလိုလိုရောက်လာမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို အကျင့်သီလဂုဏ်ရှိအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒီဂုဏ်တွေသာ ရှိထားမယ်ဆိုရင် လူအထင်ကြီးအောင်၊ ထင်ပေါ်ကျော်ကြားအောင် တကူးတက လုပ်စရာကို မလိုဘဲ သူ့အလိုလို လှူဒါန်းပေးကမ်း၊ ပူဇော်ချီးမြှောက်မယ့်သူတွေ ရရှိ၊ ရောက်ရှိလာမှာပါ။

အမှန်တော့ ဂုဏ်ရှိမှ လူရာဝင်တဲ့၊ လူအထင်ကြီးတဲ့ လောကကြီးမှာ လူတွေအထင်ကြီးဖို့အတွက် ဘွဲ့ထူးရာထူး၊ ဂုဏ်ထူးတွေ ရအောင်၊ များအောင် ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ကိုယ်ကြည့်ညိုနိုင်အောင် အရင်လုပ်ဖို့လိုပါတယ်။ လောကလူသားတွေကတော့ ကိုယ့်ရဲ့နောက်က အမြီးကိုကြည့်ပြီး အထင်ကြီးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုကတော့ ဒီဂုဏ်တွေထက် ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တဲ့ ``ငါဘယ်လောက် အကျင့်သီလကောင်းတယ်`` ဆိုတဲ့ အချက်ကသာ အထင်ကြီးနိုင်၊ ကြည်ညိုနိုင်တာပါ။ ဒါကြောင့် ``လောကလူတွေ မြင်ဖို့မလိုပါဘူး၊ ကိုယ့်ကိုယ်ကို မြင်ဖို့လိုပါတယ်။ လောကလူတွေ အထင်ကြီးဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုသာ အထင်ကြီးဖို့လိုပါတယ်။ လောကလူတွေ ကြည်ညိုအောင် ကြိုးစားဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကြည်ညိုနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။`` လို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။ အာလုံး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ကြပါစေ…

Read more...

Sunday, May 3, 2009 ဒုလ္လဘာ သမ္ပတ္တိ လေးပါး


ကျွန်ုပ်တို့သည် နေ့စဉ် ညစဉ် ရှိခိုးဝတ်ပြုကြရာ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏-ဟု အမြဲဆုတောင်းကြသည်။ ဆရာတော်များထံ သီလခံယူရာ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတို့ကို မပင်မပန်း ချမ်းသာလွယ်ကူစွာ ကြိုးစားအားထုတ်နိုင်ကြစေ-ဟုနှိုးဆော် ဆုပေးတော်မူကြသည်။ ထိုလိုလားတောင်းတသော ဆုကြီးကို ရယူရန်မှာ ယခုအချိန်သည် အကောင်းဆုံးအချိန် ဖြစ်ပါ၏။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဒုလ္လဘာ သမ္ပတ္တိလေးပါးကို ကိုယ်စီရရှိနေကြပါသည်။
ထိုလေးပါးမှာ-

၁။ ပတိရူပဒေသ၀ါသသမ္ပတ္တိ=ဗုဒ္ဓအဆုံးအမ သာသနာတော် အရှိန်အ၀ါ ထွန်းတောက်နေပြီး မိမိပြုလိုသော ဒါန သီလ ဘာဝနာ အလုပ်များကို လွယ်ကူစွာ လုပ်ကိုင်နိုင်သော အရပ်ဒေသတွင် လူဖြစ်နေရခြင်းသည် မွန်မြတ်လှသော သမ္ပတ္တိ ( ပြည့်စုံခြင်း ) ဖြစ်သည်။

၂။ အင်္ဂသမ္ပတ္တိ=မျက်စိ နား နှာ အင်္ဂါ ခြေလက် ကောင်းမွန်ကြသည်။
မြင်နိုင် ကြားနိုင် သွားနိုင် လာနိုင် ဖူးမြော်နိုင် ပူဇော်နိုင် နာယူနိုင် သင်ယူနိုင် ကျင့်ဆောင်နိုင်သော ခန္ဓာကိုယ်ကို ရရှိထားကြသည်။

၃။ သပ္ပုရိသူပနိဿယ သမ္ပတ္တိ=မိကောင်း ဖကောင်း ဆရာကောင်း သမားကောင်း အဆွေခင်ပွန်းကောင်းတို့နှင့် တွေ့ကြုံနေရသည်။ မှန်ကန်တိကျသော မြတ်ဘုရား၏ အဆုံးအမ ဒေသနာတော်များကို အချိန်မရွေး ချဉ်းကပ်နာယူနိုင်သည်။ ဆွေးနွေးနိုင်သည်။ ဖြေရှင်းနိုင်သည်။ မိမိနှင့်သပ္ပါယဖြစ်သော လူဆရာ၊ သံဃာဆရာ တော်များထံ ချဉ်းကပ်၍ အနီးကပ် နည်းနာခံယူ ကျင့်ကြံနိုင်သည်။

၎။ သဒ္ဓါသမ္ပတ္တိ=ရတနာသုံးပါးကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သစ္စာလေးပါး၊ အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ်တရား၊ မဂ္ဂင်ရှစ်ပါးတို့ကို ယုံကြည်ခြင်း သဒ္ဓါတရားများ ရှိကြသည်။

သံသရာဘ၀ အဆက်ဆက် စွဲကပ်လာခဲ့သော ကိလေသာအညစ်အကြေးများကို ဆေးကြောသုတ်သင်၍ မဂ်တရား ဖိုလ်တရားကို ကြိုးစားအားထုတ်ရန် ယခုဘ၀ထက် ကောင်းသောဘ၀ကို အချည်းနှီး လွန်မြောက်ရန် သင့်ပါမည်လား။

မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ရေတွက်မဟုတ်ပေ။
ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ပေ။

Read more...

အသက်ရှည်ဆေး... (၅၅၀-ဇာတ်တော်)

၅၅၀-ဇာတ်တော် မှ...

၄၄၇... မဟာဓမ္မပါလဇာတ်... အသက်ရှည်ဆေး...

၄၄၈... ကုက္ကုဋဇာတ်... မပေါင်းထိုက်သူ...

၄၄၉... မဋ္ဌကုဏ္ဍလီဇာတ်... မရနိုင်သည်ကို မတမ်းတသင့်...


၄၅၀... ဗီဠာရကောသိယဇာတ်... သေဌေးနှင့် သိကြားမင်း





၄၅၁... စက္က၀ါကဇာတ်...
၄၅၂... ဘူရိပညဇာတ်...
၄၅၃... မဟာမင်္ဂလဇာတ်... မင်္ဂလာတရား...

၄၅၄... ဃဋပဏ္ဍိတဇာတ်... မပြန်လမ်း...








Read more...

ဖြောင့်ဖြူးနေသော လမ်း

ညနေဆည်းဆာအချိန် ကျွန်တော်နေသောမြို့ကလေးသည် ရာသီဥတုမျှတစွာဖြင့် ပကတိနေ၍ကောင်းသော ချိန်ခါမျိုးဖြစ်သည်။ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ လမ်းလျှောက်ရင်း သူငယ်ချင်းသုခဆီ သွားခဲ့လိုက်သည်။

“ သူငယ်ချင်းလာ ထိုင်ကွာ၊ တီးသောက်ဦး “

“ တီးသောက်ဦးဆိုမှ ငါက အညာသားဆိုတော့ ချိုချိုလေးမှ ကြိုက်တာနော် “

“အေး မင်းအကြိုက်ချိုချိုလေးပါကွာ။ ဒါပေမယ့် အညာသားမလို့ အချိုကြိုက်တာလား တဏှာခိုင်းလို့ ကြိုက်တာလားကွ”

သူငယ်ချင်းသုခကအမှတ်တမဲ့ပြောလိုက်ပေမယ်လို့ ရင်ထဲမှာ အတွေးများစွား ချက်ခြင်းဝင်လာမိတယ်။ ၀င်လာသော အတွေးများဖြင့် သူငယ်ချင်းသုခကို ဖွင့်ဟမိခဲ့ပါတယ်။ ငါတို့ရဲ့အလိုဆန္ဒ တပ်မက်မှုတွေဟာ ဘယ်လိုအခြေအနေမျိုးမှ တင်းတိမ်တယ်မရှိဘူး။ ဒီအရာလေးကို လိုချင်တယ်၊ ရတော့လည်း ထပ်လိုချင်သေးတာပဲ။ ထပ်ရရင် ထပ်လိုချင်ဦးမှာပဲ။ တဏှာက အတော်ကြောက်စရာကောင်းတာပဲကွာ။ ဒါကြောင့်လည်း ဘုရားရှင် မိန့်တော်မူခဲ့တယ်။

ဦနောလောကော အတိတ္တောတဏှာ ဒါသော - လူတွေဟာ အလိုပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ အမြဲရုပ်လျော့နေတယ်။ ဘာကြောင့်လဲဆိုတော့ တဏှာရဲ့ကျေးကျွန်တွေ ဖြစ်နေလို့တဲ့။ လူတွေ လူတွေ သေသာသွားကြ တယ်။ အလိုပြည့်ပြီးမှ သေတဲ့လူလို့မရှိပါဘူး။ တစ်သံသရာလုံးက ငါတို့ကို နိုင်လာတဲ့ တဏှာကို ပြန်နိုင်အောင် ကြိုးစားနေ သင့်တယ်။ ဒါပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အလိုဆန္ဒဆိုတာတော့ ရှိနေမှာပဲ။ ဒါကို အပြစ်တစ်ခုလို့ သတ်မှတ်မရရင် တောင် ကိုယ်ရဲ့အလိုဆန္ဒက သူတစ်ပါးကို မထိခိုက်မိလို့လိုတယ်။ အလိုဆန္ဒဆိုပေမယ့် ကိုယ့်ဘ၀တိုးတက်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်တိုးတက်ဖို့၊ ကုသိုလ်တရားတွေဖြစ်ဖို့ဆိုတဲ့ အလိုဆန္ဒတွေတွေတော့ ရှိနေရမယ်။ ရှိလည်းရှိသင့်တယ်။ ဒီနေရာမှာ တဏှာနဲ့ ဆန္ဒကို ကွဲပြားစွာ သိဖို့တော့လိုတယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့တရားတွေဟာ သံသရာရှည်စေတဲ့ လည်စေတဲ့တရားတွေပဲ။ ဆရာတော်ဦးကောသလ္လရဲ့ တရားသိမ်းလင်္ကာလေးကလည်း သိပ်မှတ်သား ဖို့ကောင်းတယ်။ အရှည်တွင်သံသရာ အချည်ကတော့တဏှာ- သံသရာရှည်အောင် ချည်နှောင်ထားတာက တဏှာဆိုတဲ့ ကြိုးပဲ။ သံသရာကိုတိုအောင်ဖြတ်၊ တဏှာကိုသေအောင်သတ်ပါတဲ့။ ဒီလောဘတရားတွေကို တဏှာတွေလျော့နည်းအောင်၊ ပါးအောင်၊ သောအောင်ကလည်း တဏှာကိလောသာရဲ့အပြစ်ကို သိအောင်ကြိုးစားကြရမှာ။ တဏှာက ဘယ်လောက် တောင် ဆိုးသလဲဆိုရင်-

“ ပြင်ပဥစ္စာ၊ မဟုတ်စွာသေး

ကာယအဆင်း ကိုယ်အတွင်းဝယ်

မွေးညင်းဆံစု ရုပ်ဝတ္ထု၌

တစ်ခုခုထပ် စွဲကပ်စွန်းငြိ

ဇောဝီထိဖြင့် စုတိပုဂ္ဂိုလ်

ထိုထိုပိုးလောက် စားသောက်ပြန်ကာ

ဖြစ်တတ်စွာဟု ကျမ်းလာမုခ ဤသို့ပြ၏”

မဃဒေ၀လင်္ကာမှာ ဆိုထားတယ်။ အပြင်ပိုင်းဖြစ်တဲ့ ရတနာရွှေငွေ ဆွေမျိုးသားချင်း ပေါင်းဖော်သင်းပင်ဆိုတာကို အသာထား၊ မိမိ၏ ခန္ဓာကိုယ်ကိုကြည့်ပြီး ငါ့အသားလေးက ၀င်းနေတာပဲ၊ သွားလေးတွေက လှလိုက်တာ ညီညာဖြူဖွေးလို့ စသဖြင့် ကိုယ်ကိုယ်ကို နှစ်သက်သောသဘောနဲ့ စွဲလန်းပြီးသေသွားလျှင် ဒီခန္ဓာကိုယ်ကိုပြန်ပြီး မှီတွယ်စားသောက်ရသော ပိုးလောက်လန်းဘ၀သို့ရောက်ရလေသည်။ အရှင်ဇ၀န(မေတ္တာရှင်) စာအုပ်မှာ အဲလိုဖတ်လိုက်ရတယ်။ တော်တော်လေး ကြောက်စရာကောင်းတယ်နော်။ နောက်ပြီးဆရာတော် မိန့်နေကြစကားကို အရမ်းသဘောကျမိတယ်။ လိုချင်လျှင် ဆင်းရဲသည် မလိုချင်လျှင် ချမ်းသာသည်ဆိုတာ။ လိုချင်တယ်ဆိုတာမှာ ဘယ်အရာကိုပဲလိုချင်လိုချင် လောဘနဲ့လိုချင်ရင် သမုဒယသစ္စာဖြစ်မယ်။ သမုဒယသစ္စာရှိနေသမျှလည်း ဒုက္ခချည်းပဲ။ ဒုက္ခဖြစ်ရင် ဆင်းရဲမယ်။ ဒုက္ခသစ္စာဆိုတာကလည်း သမုဒယကို အရင်းခံတယ်။ သမုဒယကြောင့် ဒုက္ခဖြစ်ရသည်လို့ သိနားလည်သွားသည်နှင့် သမုဒယမှန်သမျှကို ပယ်သတ်ရင် ချမ်းသာသွားတာပါပဲ။ တဏှာကိုဖြစ်စေတဲ့ ကာမဂုဏ်အာရုံတွေဆိုတာလည်း အသားမကပ်တဲ့အရိုးလိုပဲ။ နှစ်ရှည်ကြာစွာ စွန့်ပစ်ထားတဲ့ ကျွဲရိုး၊ နွားရိုးတွေဟာ လဟာပြင်မှာစွန့်ပစ်ထားတာဖြစ်တော့ အသားလုံးဝမရှိတော့ဘူး။ အရသာဘယ်လိုမှ ပေးနိုင်စွမ်းမရှိတော့ဘူး။ သို့သော် ခွေးငတ်တစ်ကောင်အတွက်တော့ အဲဒီအရိုးဟာ ရွှေအိုးကြီး ကောက်ရသလိုပဲ။ အဲဒီခွေးငတ်ဟာ အရိုးကိုချီပြီး ကျကျနန၀ပ်ပြီးတော့ တအားခဲတော့တာပဲ။ အရိုးမှာ အရသာမရှိပေမယ်လို့ ခွေးငတ်ရဲ့ခံတွင်းကထွက်လာတဲ့ အာရေတွေဟာ အရိုးကထွက်လာတဲ့အရသာလို့ သူထင်နေတော့ တာပဲ။ အာရေနဲ့ထိတွေ့ပြီးထွက်လာတဲ့ ညှီဟောက်တဲ့အနံ့ကလည်း ခွေးရဲ့ရမ္မက်ကို စွဲမက်စေပြီးတော့ ဒီအရိုးခဲရတာကိုပဲ မော်တပြုံးပြုံး ပျော်မဆုံးဖြစ်နေတော့တာပဲ။ ကာမဂုဏ်တရားတွေဆိုတာလည်း ဒီအရိုးလိုပဲ။ ကာမဂုဏ်တွေရဲ့အတွင်းမှာ ကိုယ်ထင်သလို သာယာဖွယ် ဘာမျှမရှိတော့ဘူး။ မိမိတို့ ပုထုဇဉ်များဟာလည်း ကိလေသာအရေကို အကောင်းထင်ပြီး သာယာနေတော့ပဲ။ အဲဒါကြောင့် ကာမဂုဏ်တရားတွေ အထပ်ထပ်ခံစားရင် တဏှာတွေ တလိမ့်လိမ့်တိုးနေတော့တာပဲ။

အေးဟုတ်တယ်သူငယ်ချင်း။ တဏှာနဲ့ ဒိဋ္ဌိဆိုတာကလည်း သမီးယောက်ဖလိုမျိုးပဲ။ တစ်ယောက်နဲ့တစ်ယောက် အမှီသဟဲပြုနေကြတာ။ အခုပဲကြည့် ငါက အညာသား၊ ချိုချိုလေးမှဆိုတော့ ငါဆိုတဲ့ ဒိဋ္ဌိနဲ့ ချိုတာကြိုက်တဲ့တဏှာက တစ်ခဏအတွင်းမှာ အတူပူးတွဲပါသွားတယ်။ အဲတော့ ဒိဋ္ဌိကို အရင်ကင်းအောင်လုပ်ပြီး တဏှာကိုပြတ်အောင် ဖြတ်မှ တော်မယ်သူငယ်ချင်း။

သူတိုက်တဲ့ တီးကို တစ်ချက်မော့ရင်း၊ ရင်ထဲမှာတော့ အမေးတစ်ခုပေါ်လာတာနဲ့ မဆိုင်းမတွပင် မေးလိုက်မိပါတယ်။ ဒိဋ္ဌိဆိုတာ ဘာကြောင့်ဖြစ်ရတာလဲ။

ဒိဋ္ဌိဆိုတာမှာ သမ္မာဒိဋ္ဌိ(မှန်ကန်သောအမြင်)၊ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)ဆိုပြီးရှိတယ်။ ဒီနေရာမှာ ဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိကို ပြောတာပဲ။ ဒိဋ္ဌိဖြစ်ကြောင်းက ရှစ်မျိုးရှိတယ်။

ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ၊ သညာ တက္ကော အယောနိသော။

ဒုမ္မိတ္တော ပရတော ဃောသော၊ ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ။

၁။ ခန္ဓာ၏ သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။

၂။ အ၀ိဇ္ဇာ(သိသင့်တာကိုမသိတာ၊ မသိသင့်တာကို သိတာ)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၃။ ဖဿ(တွေဆုံမှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။

၅။ ၀ိတက်(ကြံစဉ်မှု)ကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၆။ နှလုံးသွင်းမှားမှုကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

၇။ မိတ်ဆွေမှားနှင့် ပေါင်းမိ၍လည်း ဒိဋ္ဌိဖြစ်သည်။

၈။ မှားယွင်းသောတရားကို နာရသောကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။

သူဋ္ဌေးသမီး ပဋာစာရီ စိတ်ဖောက်ပြန် ရူးရအောင် ဖန်တီးခဲ့တာ တစ်ခြားမဟုတ်ဘူး။ ဒိဋ္ဌိဝိပလ္လာသကြောင့်ပဲ။ ငါ့လင်၊ ငါ့သား၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို အဖြစ် အမှတ်မှားလေသောကြောင့် ငိုတောင်မငိုနိုင်တော့ပဲ ရယ်ပြီး အ၀တ်မပါ ဗလာတည်းနဲ့ အထိန်းမဲ့ စိတ်ဝေဒနာရှင်ကြီးအဖြစ်ကို ရောက်ရတာပေါ့။ ဒါကြောင့်ဘုရားရှင်က မိန့်တယ်။ ၀ဇ္ဇာနံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ ပရမာနိ - အပြစ်တကာ အပြစ်တို့တွင် မိစ္ဆာဒိဋ္ဌိ(မှားယွင်းသောအမြင်)သည် အပျက်စီးဆုံးသော ဘေးအန္တရာယ်ဖြစ်၏။ ဒီဒိဋ္ဌိနဲ့ တဏှာဆိုတဲ့ သံသရာကို လည်စေတဲ့ ရှည်စေတဲ့တရားတွေကို အပြီးသတ် ချေမှုန်းနိုင်ဆိုလို့ တစ်ခုပဲရှိတယ်သူငယ်ချင်း။ ဒါကလည်း ထာဝရ ဖြောင့်ဖြူးနေသော လမ်းပဲ။ အဲဒါကတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းပဲ။ သစ္စာတရားတော်၊ ၀ိပဿနာတရားတော်တွေကို ဟောကြားလာခဲ့သော ဘုရားရှင်ပေါင်းကလည်း ဂင်္ဂါဝါဠုသဲစုမက တော့ဘူး။ တို့တစ်တွေ ခုချိန်ထိ တဏှာရဲ့ကျေးကျွန်တွေ ဒိဋ္ဌိရဲ့အစေအပါးတွေ မဖြစ်သင့်တော့ဘူး။ လူဘ၀ရလာပြီး ဗုဒ္ဓရဲ့သစ္စာတရားတော်များကို သံဃာတွေအရှင်မြတ်များရဲ့ကျေးဇူးတော်ကြောင့် နာကြားခွင့်လည်းရနေပြီ။ ပြေးထွက်ဖို့ လမ်းကလည်း သာနေပြီ။ ပြေးထွက်ဖို့ လမ်းက သာနေလျက်နဲ့ ပြေးမထွက်ရင်တော့ တို့လောက်မိုက်တာ ရှိတော့မှာ မဟုတ်ဘူး။

အပြစ်ဖုံးတာ အ၀ိဇ္ဇာ၊ တဏှာညွှတ်စေမှု

ကံသင်္ခါရပြစ်ချမှု၊ ရလေဘ၀တစ်ခု။ လို့လယ်တီဆရာတော်ဘုရားကြီးကလည်း မိန့်ကြားခဲ့တယ်။ ကိုယ်လုပ်နေတဲ့အလုပ်က အပြစ်လို့ကလည်းမသိ၊ သိသင့်တဲ့ ဗုဒ္ဓအဆုံးအမတွေကျတော့လည်းမသိဘဲ အ၀ိဇ္ဇာတွေဖုံးလွှမ်းတယ်။ တဏှာကိလေသာ တရားတွေကိုလည်း ထန်းလှီးသလိုလဲ စဉ်ဆက်မပြတ်လှီးနေတယ်။ ဘယ်လိုလဲဆိုတော့ ထန်းလှီးသမားဟာ ထန်းရည်ရရှိဖို့ နေစဉ် ပါးပါးချင်းလှီးလိုက် ကြပ်ကလေးစီးလိုက်နဲ့ ဘ၀၀မ်းစာအတွက် ကြိုးစားနေတယ်။ ပုထုဇဉ်လူသား တွေဟာလည်း အဲလိုပဲကာမဂုဏ်တရားတွေကို နေစဉ်နဲ့အမျှခံစားပြီး တဏှာတွေ အဆက်မပြတ်ဖြစ်ပြီး အနမတဂ္ဂသံသရာ တွင်းကျင်လည်နေကြရတယ်။ အဲလိုတဏှာတွေ နေစဉ်တိုးနေတော့ ကာယကံမှု၊ ၀စီကံမှုတွေတွေ နေ့စဉ်ပြုနေတယ်။ နေ့စဉ်အမှုတွေ ပြုနေတော့ တဏှာတွေ ထပ်ခါတလည်းလည်းတိုး၊ တိုးတာအပြစ်လို့မသိအောင် အ၀ိဇ္ဇာကဖုံး မဆုံးလှတဲ့သံသရာမှာ ဘ၀အသင်္ချေတွေရနေတော့တာပဲ။ တဏှာဆိုတဲ့ ကိလေသာဝဋ်၊ ကံသင်္ခါရဆိုတဲ့ ကမ္မ၀ဋ်၊ ရလာတဲ့ ဘ၀တစ်ခုဆိုတဲ့ ၀ိပါက၀ဋ်ဆိုပြီး ၀ဋ်သုံးပါးကျင်လည်နေကြရတယ်။ ကိလေသာဝဋ်၊ ကမ္မ၀ဋ် ဆိုတဲ့ သမုဒယသစ္စာ၊ ၀ိပါက၀ဋ်ဆိုတဲ့ ဒုက္ခသစ္စာကနေ လွတ်ကင်းအောင် ဇွတ်အတင်း ရုန်းထွက်နိုင်ကြဖို့ကလည်း မဂ္ဂသစ္စာဆိုသော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်ကို ကျင့်ကြံလျှောက်လှမ်းရင်းမှသာလျှင် နိရောဓသစ္စာဆိုတဲ့ မအိုရာ၊ မနာရာ၊ မသေရာဖြစ်တဲ့၊ ကိလေသာအပေါင်းတို့ ငြိမ်းရာသိမ်းရာဖြစ်တဲ့ အမြိုက်နိဗ္ဗာန်ကို ရနိုင်ရောက်နိုင်မှာဖြစ်တယ်။

သူငယ်ချင်းနှစ်ယောက် တီးကိုယ်စီသောက်ရင်း ကျွန်တော်ရင်ထဲမှာတော့ အတွေးများစွာရိုက်ခတ်နေပါတယ်။ ကျွန်တော်၏နှလုံးသားထက်မှာလည်း ဒီလမ်းကလေးကို လျှောက်လှမ်းဖို့ ဆန္ဒတွေဖြစ်နေလား ဆိုတာထက် ဖြောင့်ဖြူးနေသော လမ်းကလေးကို လျှောက်လှမ်းဖို့ ခြေလှမ်းများစွာကို ရင်ထဲမှာ မွေးဖွားလိုက်ပါသည်။ တီးခွက်ကို အသာချရင်း ခြေစုံကိုရပ် သူငယ်ချင်းကိုနှုတ်ဆက်ခဲ့ပါသည်။ ကျွန်တော်နှလုံးသားထက်မှ အတွေးများစွာသည် ပြောင်းလဲ သည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ၊ အသိတရားများစွာ တိုးလာသည်ဖြစ်စေ၊ သေချာသည်မှာ ကျွန်တော်လျှောက်လှမ်းသော လမ်းကလေးမှာ ထာဝရ ဖြောင့်ဖြူးနေသော၊ မဖောက်မပြန်မှန်ကန်နေသာ သစ္စာတရားပင် ဖြစ်ပါသည်။



Read more...

သြ၀ါဒ


ဘာဝနာတရားကို ပွားများအားထုတ်နေသော သူမှာ ဣဒ္ဓိပါဒ်ခေါ် ပြီးမြောက်ကြောင်းတရား ၄-ပါးရှိ၏
၁။ အလိုဆန္ဒ ပြီးမြောက်ခြင်း။
၂။ အားထုတ်မှု ပြီးမြောက်ခြင်း။
၃။ ကြံစည်စိတ်ကူးမှု ပြီးမြောက်ခြင်း။
၎။ အမှန်သိမှု ပြီးမြောက်ခြင်း-ဖြစ်ပွားလျက်ရှိ၏။
ထိုဣဒ္ဓိပါဒ် လေးပါးကို ပွားများထားသော ပုဂ္ဂိုလ်မှာ တခြားအကြောင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါကိုပင် ပျောက်နိုင်ကြောင်း၊ အသက်တမ်းပြည့် ဖြစ်စေ၊ အသက်တမ်းထက် ကျော်လွန်၍ဖြစ်စေ အသက်ရှည်စွာ တည်နေနိုင်ကြောင်းများကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင်ပင် အကြိမ်ကြိမ် ဟောထားပေ၏။
ထိုဟောချက်များနှင့်အညီပင် ယခုခေတ် တရားအားထုတ်သော သူတို့ထဲမှ အချို့ပုဂ္ဂိုလ်များမှာ နှစ်ပေါင်းများစွာက ဆေးအမျိုးမျိုး၊ ဆရာအမျိုးမျိုးဖြင့် မပျောက်နိုင်သော ရောဂါများပင် တရားအားထုတ်ခြင်းဖြင့် အမြစ်ပြတ် ပျောက်ကင်းသွားသည်ကိုလည်း တွေ့ရ၏။

( မဟာစည် ဆရာတော်ကြီး-ဘဒ္ဒန္တသောဘဏ )

Read more...

*ကန္နီဆရာတော်ကြီး၏ တပည့် မြေဇင်းတောရ ဆရာတော်ကြီး၏ တရားရှုမှတ်ပုံ အကျဉ်းချုပ်-၁*

သမထ မပွားများခင် ဗုဒ္ဓါနုဿတိ၊ မေတ္တာ ဘာဝနာ၊ မရဏဿတိ၊ အသုဘ ဘာဝနာ ကို ပွားများရ ပါတယ်. ဒီလေးမျိုးကို စတုရာ ရက္ခတရား (အစောင့် အရှောက် တရားလေးပါး လို့ ခေါ်ဆိုပါတယ်. တရား အားထုတ်တဲ့ ယောဂီများ သဒ္ဓါ တရားတွေ တိုးပွားပြီး အေးချမ်းစွာ တရား ရှုမှတ်နိုင်ဖို့ အတွက် ဒီလေးမျိုးကို ပွားများ ကြရပါတယ်)

ဗုဒ္ဓါနုဿတိပွားများပုံ…

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာဝနာပွားများပုံ…

အားလုံးသော သတ္တ၀ါတွေ ၀င်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ၀င်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်.

သမထပိုင်းပွားများပုံ

သမထ ပိုင်းကိုတော့ ဂဏနာနည်း (ရေတွက် တဲ့နည်း) နဲ့ စတင် ရှုမှတ်ပါတယ်၊ သမာဓိရ လွယ်သလို အချိန်တွေ ဘယ်လောက် ကြာကြာ ထိုင်မှတ် နိုင်တာကို တွေ့ရပါတယ်၊
ဝင်လေ ၁
ဝင်လေ ၂
ဝင်လေ ၃
ဝင်လေ ၎
ဝင်လေ ၅
ဝင်လေ ၆
ဝင်လေ ၇
ဝင်လေ ၈ ဆိုပြီး နှာသီးဖျားကို ထိပြီး ၀င်သွားတဲ့ လေကို သတိကပ်ပြီး ရှုမှတ်ပါ။ ဒီ ၀င်လေ ၈-ချက် ရရင် လက်တစ်ချောင်း ချိုးပါ။

နောက်ထပ် ၀င်လေ ၈-ချက် ရရင် ဒုတိယ တစ်ချောင်း
နောက်ထပ် ၀င်လေ ၈-ချက် ရရင် တတိယ..
စတုထ္တ ပဉ္စမ ဆဋ္ဌ သတ္တမ အဋ္ဌမ န၀မ ဒသမ.. လက်ဆယ်ချောင်း ပြည့်သွားရင် တစ်ပုံ ရတယ်လို့ သတ်မှတ်ပါတယ်၊
(၀င်လေ ၈ x လက်ဆယ်ချောင်း = ၀င်လေ ၈၀= တစ်ပုံ)

အဲဒီ တစ်ပုံရပြီဆိုရင်….
၁. ဘယ် လက်ကောက်ဝတ် မှာ စိတ်က မှတ်ပြီး ပုံထား လိုက်ပါ. နောက်ထပ် တစ်ပုံရရင်
၂. ဘယ် တံတောင်ဆစ် မှာ စိတ်က မှတ်ပြီး ပုံထားလိုက်… နောက်ထပ်
၃ ဘယ် ပုခုံး
၎ ဘယ် နားရွက်
၅ ဘယ် ဦးထိပ်စွန်း
၆ ညာ ဦးထိပ်စွန်း
၇ ညာ နားရွက်
၈ ညာ ပုခုံး
၉ ညာ တံတောင်
၁၀ ညာ လက်ကောက် ၀တ်မှာ ပုံလိုက်ပါ. ဒါဆိုရင် ခန္ဓာကိုယ် တစ်ပတ် ရပါပြီ… အစပိုင်းမှာ လုပ်ရတာ ခက်သလို ရှိပါတယ် နောက်ပိုင်း အသား ကျသွားရင် လက်တွေက သူဟာသူ ချိုးနေပါမယ်. တကယ့်ကို သမာဓိရ လွယ်တဲ့ နည်းပါပဲ။။ ဒီလို ခန္ဓာကိုယ် တစ်ပတ် ရတာကို တစ်ဝါ ရလို့ ခေါ်ပါတယ်။ ၀ါရ-ဆိုတာ ရေတွက် ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သမထ ပထမပိုင်း မှာတော့ သတိမြဲအောင် ဦးစားပေး ရှုမှတ်ရပါမယ်၊

ကန္နီနည်း သို့မဟုတ် မြေဇင်းတောရ နည်းမှာတော့ ဒီလို သမာဓိ ရအောင် အားထုတ်ချိန် ၁၀ ရက် သို့ ၁၅ ရက် ကျော်လာရင် အလင်း နိမိတ်တွေ ရရှိပါတယ်။ အဲဒီအလင်း နိမိတ်တွေကို အနီး အဝေးတွေ အတို အရှည်တွေ ပြုလုပ် စေစားပြီး ဘုရားတွေ ဖူးခိုင်းပါတယ်၊ လူ့ပြည်မှာ ရှိတဲ့ ဘုရား၊ နတ်ပြည် ဗြဟ္မာ့ ပြည်မှာ ရှိတဲ့ဘုရား တွေကို ဖူးခိုင်းပါတယ်။ ကြည်ညို သဒ္ဓါ တရားတွေ အရမ်းကို တက်လာပါတယ်၊

နောက်ထပ် တစ်ဆင့် တက်ပြီး အလင်း နိမိတ်နဲ့ ခန္ဓာကိုယ်ကို လှီးရ ဖြတ်ရပါတယ်။ ဘယ်ဖက် ပါးကနေ ညာဖက်ပါး ဖောက်စေ ဆိုပြီး အလင်း နိမိတ်ကို စေလွှတ်ရင် ပြောတဲ့ အတိုင်း သွားပါတယ်။ ဘယ်ကနေ ဘယ်ကို ထွက်စေ..လို့ စိတ်က စေစားရင် ကိုယ်ပြောသမျှ အကုန် ဖြစ်နေပါတယ် ပြီးရင် အဲဒီ အလင်းတန်း ကြီးကို ခေါင်းပေါ်မှာ ဆန်ကော ၀ိုင်းလောက် ထားပြီး ခေါင်းကနေ ပြတ်စေ ဆိုပြီး တစစီ ခန္ဓာကိုယ်ကို လှီးဖြတ် ပါတယ် နောက်ဆုံးတော့ ခန္ဓာကိုယ် တခုလုံး အလင်းတန်းကြီး အလင်းတုံးကြီး ဖြစ်ကုန်ပါတယ်။ သိပ်ဆန်း ကျယ်တဲ့ ဓမ္မပါ။

နောက်တစ်ဆင့် ကတော့ ၀င်လေ ထွက်လေကို ညှင်းညှင်းလေ ရှူသွင်း ရပါမယ်. ဒီလို ရှူသွင်းတာ များလာရင် ၀င်လေဟာ ၀င်မှန်း မသိတော့ သလိုဖြစ်ပြီး တကယ့်ကို ငြိမ်းအေး မှုကို ခံစားရ ပါတယ်။ တချို့ဆိုရင် ခန္ဓာကိုယ် ကြီးက ရှေ့ယိုင်တာ နောက်ယိုင် တာတွေ ခန္ဓာကိုယ် ကြီးက ကြမ်းပြင်နဲ့ လွတ်နေ တာတွေ ဖြစ်တတ်ပါတယ်. တတ်နိင် သလောက် ယိမ်းယိုင်ခြင်း မရှိအောင် ထိန်းထားရ ပါမယ်။

တချို့ ဆရာတော်ကြီး များက ၀ိပဿနာကို အသားပေးပြီး ဒီလို အလင်းတန်း တွေကို ဖျောက်ပစ်ဖို့ မိန့်တော်မူ ကြတာပါ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သမထ လောကီ အရာမှာ ဒီအလင်းတန်း တွေဟာ လိုတရ စေတလုံးပါ လက်တွေ့ စမ်းကြည့် ပြီးရင် သိသာပါမယ်။ ဒါကြောင့် ဒီအလင်း နိမိတ်တွေကို အသုံးချ တာပါ။ အထူးသဖြင့် ဘုရားဖူးခြင်း ကိစ္စတွေကို ဆောင်ရွက် ကြတာပါ၊ (အလင်း နိမိတ်နဲ့ ပတ်သက်ပြီး ခိုင်ခန့်တဲ့ ကျမ်းဂန် အထောက် အထားတွေ ရှိပါတယ်။)

အရှင်တိက္ခဉာဏာလင်္ကာရ (ယော)


ဆက်ရန်>>>

လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP