* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 2, 2009

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး...



ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော် တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ် သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာ တည်တံ့ရာ ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေ ရာ၏။

ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည် ရှိသော် ဤမြတ်သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ ၏ဟု ဆိုရာ၌ ထူးသောဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ် နည်း။

ယင်းတရားတို့ကား ...

၁... သတိပဋ္ဌာန်လေးပါး
၂... သမ္မပ္ပဓာန်လေးပါး
၃... ဣဒ္ဓိပါဒ်လေးပါး
၎... ဣနြေ္ဒငါးပါး
၅... ဗိုလ်ငါးပါး
၆... ဗောဇ္ဈင်ခုနစ်ပါး
၇... အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း...။

ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤ တရားတော်တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ် ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊

ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့ ၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူပြန်သည်မှာ-

ရဟန်းတို့ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊
ပြုပြင်ပေးရသော 'သင်္ခါရ' တရားတို့သည် ပျက်စီးခြင်း သဘော ရှိကုန်၏၊
မမေ့သော သတိတရားဖြင့်* ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့၊
မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊
ဤနေ့မှ သုံးလလွန်သောအခါ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုချေတော့မည်
ဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူပြန်၏။

ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တစ်ပါးသော ဤစကားကိုလည်း မိန့်တော်မူပြန်၏ -


ရဟန်းတို့ ငါ၏ အရွယ်သည် ရင့်ရော်လှလေပြီ...
ငါ၏ အသက်ကြွင်းသည် နည်းလှလေပြီ...
သင်တို့ကို စွန့်၍ သွားရတော့အံ့...
ငါသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ...။

ရဟန်းတို့ ...
မမေ့မလျော့ဘဲ သတိရှိလျက် စင်ကြယ်သော သီလနှင့် ပြည့်စုံကြစေ ကုန်လော့၊
ကောင်းစွာ တည်ကြည်၍ ကောင်းစွာ ကြံစည်ခြင်းရှိလျက်
မိမိတို့၏ စိတ်ကို စောင့်ရှောက်ကြကုန်လော့။

ရဟန်းတို့ ဤတရားဝိနည်း 'သာသနာတော်' ၌ မမေ့မလျော့ နေသောသူသည် အဖန်ဖန် ဖြစ်လျက် ပြောင်းရွှေ့ ကျင်လည်ရာ 'ဘဝသံသရာ' ကို စွန့်ပယ်၍ ဒုက္ခ၏ အဆုံးကို ပြုနိုင်ပေ လတ္တံ့ဟု (မိန့်တော်မူပြန်၏)။158

သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊
မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။

* အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ-
ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက် ပြန်ဆိုထားသည်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

တန်ခိုးဆိုသည်မှာ... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

တန်ခိုးဆိုသည်မှာ...
video


Read more...

တဖက်သတ်အချစ်ဟာ ဆိုးပါသည်...

pyaesoneaung2007: ဘုန်းဘုန်း.. တပည့်တော် သူငယ်ချင်း တစ်ယောက်က တစ်ဘက်သတ် အချစ်အကြောင်းလေး သိချင် လို့ပါတဲ့ ဘုန်းဘုန်း။

၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်းတရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာရှိနေပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
(ဒီနေရာမှာ ကိုယ်က မေတ္တာရှိကြောင်းကို တဘက်လူက သိနေပါတယ်တဲ့ ဘုန်းဘုန်း။)

၂။ နောက် ဒီဘ၀မှာ အတူမပေါင်းရပေမယ့် နောက်ဘ၀မှာ ပေါင်းချင်သူများအတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့်ပါသလဲ ဘုန်းဘုန်း။
(ဒီမေးခွန်းကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့်ပါဘူး၊ ဒါပေမယ့် သိချင်သူများအတွက် ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါဦး ဘုန်းဘုန်း။)

ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

သိစေအပ်ပါသည် ဘုန်းကြီး၏အသဲအကြောင်း တစေ့တစောင်း...
ဆိုပြီးစာရေးမယ်... ပြီးရင် ဆိုဒ်မှာတင်မယ်...
အဲဒီနေ့ ဘုန်းကြီးဆိုဒ်မှာ လူကြပ်လို့ ရုံဖွင့်ပေးရလိမ့်မယ်...။

စဉ်းစားလိုက်ပါဦးမယ်နော်...

စိတ်ချမ်းသာပါစေ...။
ဒုက္ခဆင်းရဲကင်းဝေးပါစေ...။
ဦးလောကနာထ
၎.၂၄.၂၀၀၉

(ဒါကတော့ ဒီကလေးကို စတဲ့သဘောနဲ့ စာပြန်ပေးလိုက်တာပါ G Talk မှာ...)

ဒီလိုစာပြန်ပြီးနောက် တပည့်တော်ကလည်း
တပည့်တော်: အရှင်ဘုရားရေးမဲ့ "အသဲအကြောင်းတစေ့တစောင်းကို စောင့်မျှော်နေပါတယ်" တပည့်တော်က ဒုတိယမေးခွန်းကိုမေးချင်တာ အရှင်ဘုရား အဆူခံရမှာစိုးလို့ မမေးတာပါ။ အခုသူများမေးတော့ အတော်ဖြစ်သွားတယ်။ အမှားပါရင်ခွင့်လွှတ်ပါဘုရား။

အသည်းအကြောင်းဆိုတော့ ပုံလေးကလဲ ရှာရသေး...



လူတွေပြောတဲ့အသဲ နှင့် ခန္ဓာထဲရှိတဲ့အသည်း
တူလည်းမတူဘူး ဘာတွေကို ဘယ်လို နှိုင်းမှန်တော့ မသိတော့ပါ...

အမေးခံရသူကတော့ ဘုန်းကြီးဖြစ်တဲ့အတွက် အချစ်အကြောင်းဖြေဖို့ ခပ်ခက်ခက် မေးလာတော့လည်း ခံစားဘူးတဲ့ အသည်းအကြောင်း ရေးမှဘဲလေလို့ စဉ်းစားမိသား။ ဒါဘေမဲ့ မသိသူများက ၀ိုင်းပြီးကဲ့ရဲ့ကြလိမ့်မယ်၊ ဒီလို မသိဘဲ ကဲ့ရဲ့တတ်ကြတဲ့ လူ့သဘာဝအရ အပြစ်များကလည်း သံသရာ တလျှောက်မှာ ဘယ်နည်းလိမ့်မလဲ...။ ဒီတော့ တဘ၀တုံးက တဖက်သတ်အချစ်အကြောင်း။ သူတော်ကောင်းကြီးရဲ့ တစ်ဘ၀တုံးက တဖက်သတ် အချစ်အကြောင်း။ ဒီလိုလေးစဉ်းစားပြီး ရေးပါ့မယ်။

((ဒါကတော့ ဒီစာနဲ့ မသက်ဆိုင်သေးပါဘူး၊ အမှားမတွေ့ မပြင်နိုင်ကြလို့ သံသရာလည်ကြရပါတယ်၊ အမှားဆိုတာကတော့ အမျိုးမျိုးပေါ့၊ ခုအမှားလို့ ထင်မိတာက ( အသဲ - အသည်း ) ဘယ်ဟာမှန်တယ် ပြောရတော့ ခက်ပါလိမ့်မယ်၊ ရှာကြည့်တော့ နှစ်မျိုးလုံး အသုံးများပါတယ်၊ အသည်း အသုံးကတော့ စာကြီးပေကြီးတွေမှာ အတွေ့ရများပါတယ်။) တချို့အမှားလေးတွေက မသိသာ အဓိပ္ပါယ်မပြောင်းသွားပါဘူး တချို့စာကြတော့ အဓိပ္ပါယ် ပြောင်းသွားနိုင်ပါတယ်။ (ဥပမာ= ဆင်းတုတော် အလှူခံဖို့ male ပို့လိုက်ပါ ဆိုပြီးသုံးလိုက်မိတယ်။ ကဲဒကာဒကာမတို့ အဓိပ္ပါယ် ဘယ်လောက်ပြောင်းသွားပြီလဲ။ သိတတ်သူတစ်ဦးက အကြောင်းကြားပေးလို့ သိရတာ၊ ကျေးဇူးတင်ပါတယ်။ တော်ကြာ ဒီအတိုင်းသာဆက်ထားရင် လူတွေက ဘုန်းကြီးကို တမျိုးကြီးလို့ ထင်နိုင်တယ်နော်...။)) တကယ်မှားခဲ့ရင် ပြင်ရပါတယ်။

တဖက်သတ်အချစ်ဆိုတော့ ၂-မျိုးလောက်တော့ စဉ်းစားမိပါတယ်၊ သူ မနှစ်သက် ကိုယ်ကနှစ်သက်တာကို တစ်မျိုးထား၊ အိမ်ထောင်ရှိသူကို ကိုယ်ကတဖက်သတ် နှစ်သက်တာ တစ်မျိုးထား၊ ဘာ့ကြောင့်လဲဆိုတော့ ဒီနှစ်ဦးရဲ့ အဖြေက ဘယ်လိုမှ အကျိုးပေး မတူနိုင်တော့လို့ပါ...။ (မေးသူကို မဆိုလိုဘူးနော် တရားသဘောပြောတာပါ)။ ကောသလမင်းကြီးရဲ့ အိမ်ထောင်ရှိသူကို တစ်ဖက်သတ် နှစ်သက်ခဲ့လို့ ဒု,သ,န,သော ခေါ်ဆိုရတဲ့ တရားတော်ကြီးတစ်ပုဒ် ဖြစ်သွားတယ် မဟုတ်လား။

အချစ်ဆိုတာ တကယ်ကြတော့ အပူလောင်ဆုံး အရာဖြစ်တဲ့ တဏှာလေးပါ၊
တဖက်သတ်ချစ်ချစ် နှစ်ဘက်လုံးချစ်ချစ် ပူတော့မှာပါပဲ။

မေတ္တာကတော့ အအေးမြဆုံးတရားပါ၊ ဖြစ်ပေါ်ခဲပါတယ်။ မရှိဘူး မရဘူး မပြောပါ ဒကာဒကာမတို့ မကြာခင်မှာလည်း မေတ္တာတရားဆိုတာကို တွေ့မြင်နိုင်တာပါဘဲ။ ကိုယ့်ထံမှာကော ကိုယ့်ပတ်ဝန်းကျင်မှာပါ တွေ့ရနိုင်ပါတယ်...။

၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်းတရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာရှိနေပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
(ဒီနေရာမှာ ကိုယ်က မေတ္တာရှိကြောင်းကို တဘက်လူက သိနေပါတယ်တဲ့ ဘုန်းဘုန်း။)
မေးခွန်းကလွဲနေပါတယ် (မေးသူကတော့ မလွဲပါ လူတွေအမြဲ လွဲခြင်းကို ဆိုလိုတာပါ) မေတ္တာရှိရက်နဲ့တဲ့ မေတ္တာဆိုတာက တုံ့ပြန်မှုတွေကို မမြှော်လင့်ပါဘူး။ မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန်တော့ ရှိပါသေးတယ် ဆိုတာက။ ရှိကြောင်းကိုသာ ပြောတာပါ မျှော်လင့်နေတယ်လို့ မဆိုလိုပါ။ မေတ္တာ မမျှော်လင့်ကြောင်းကိုတော့ တောတွင်းတနေရာမှာ မေတ္တာဘာဝနာ ပွားများနေသော ဈာန်ရပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ထားကြည့်လိုက်ပါ... သူ့ဟာသူ တစ်နေကုန် ထိုင်ပြီး မေတ္တာပွားနေတာပဲ သတ္တ၀ါတွေ ငါ့ကိုပြန်ချစ်ပါစေ ငါ့ကိုစောင့်ရှောက်ပါစေ မပါဘူးလေ...။ ခုပြန်ပြီး မျှော်လင့်နေတယ်ဆိုတော့ မေတ္တာမဟုတ်ဘူးလေ နံပါတ်တော့ ကိုယ့်ဟာကိုတတ်ကြပေါ့နော်...။ လူတွေက တွဲချင်တာဆိုတွဲ ခွဲချင်တာဆို ခွဲပလိုက်ကြတယ်လေ။ ဥပမာ အသည်းနဲ့နှလုံး လိုပေါ့ ဘာမှဆိုင်တာလည်း မတွေ့ရဘူး၊ ဘုန်းကြီးဆိုတော့ ဒါတွေမသိလို့လည်း ပါမှာပေါ့လေ...။ ဘယ်သူကများ အချစ်ကို အသည်းနဲ့ တင်စားလိုက်တယ် မသိပါဘူးနော်...။ ဒကာဒကာမတို့ စဉ်းစားကြည့်စမ်းပါဦး၊ ဘုန်းကြီးတစ်ပါးမှာများ အသည်းရောဂါ ရှိတယ်ဆိုရင် လူတွေက ဘယ်လိုပြောကြမလဲ၊ ဟိုဘုန်းကြီးလေ အသည်းကျွမ်းလို့ အသည်းတွေ တစစီပဲ့နေပြီ၊ ဟေ ဟုတ်လား... ဘယ်သူနဲ့တုန်း ငါထင်တော့ ထင်သားဘဲအေ့။ ဒီလိုကြီးလာကုန်မှာ။ ဘုန်းကြီးတချို့ Aids ဖြစ်လို့တဲ့ ဖြစ်မှာပေါ့တော် ဆိုတာက လာကြတယ်မဟုတ်လား။ တကယ်ဖြစ်တာက ယာယီလာဝတ်ကြတဲ့ လူတွေဆီက ကူးတယ်လေ။ ခေါင်းရိတ်ဓားကမပါ၊ ၀ယ်လာကြတာက ပလက်စတစ်ဓား ဒါဘဲပါတယ်ဆိုတော့ ကျောင်းဘုန်းကြီးတွေကပဲ ကိုယ်သုံးတဲ့ဓားနဲ့ ရိတ်ပေးရတော့ ကူးကုန်ကြတာပေါ့။ ဘုန်းတော်ကြီးတွေမှာ ဒီရောဂါ ဖြစ်စရာ အကြောင်းကို မရှိဘူးလေ။ ကဲထားတော့...။

ဘာ့ကြောင့် ကိုယ်ကချစ်ပြီး သူကပြန်မချစ်တာလည်းဆို လွယ်လွယ်ဘဲ တွေးကြည့်ရအောင် သူမကြိုက်တာတွေ ကိုယ့်မှာရှိနေတယ်လေ။ သူမနှစ်သက်တာတွေ ကိုယ်လုပ်တယ်။ တစ်ခါမဟုတ်ဘူးလေ အခါခါပေါ့...။ (မြှောက်ပေးတာမဟုတ် သူနှစ်သက်တာတွေများများလုပ်)

ဘ၀အဆက်ဆက်က ပြုခဲ့ဘူးတဲ့ ရေစက်ကနည်းမယ်။ ကုသိုလ်တွေ အတူတူပြု၊ အတူတူပြုဆိုတာက နှစ်ဦးကပ်ကပ်လေးကို မပြောပါဘူး။ စေတနာတူ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, တူတာကို ပြောတာပါ၊ သီလတွေ ဆောက်တည်၊ ဘာဝနာတွေပွား တူညီတဲ့ ဆုတွေ တောင်းခဲ့ဘူးကြရင်တော့ နီးစပ်နိုင်ကြပါတယ်။
ကျောင်းလာတဲ့ ဒကာဒကာမတွေထဲက မေးလို့သင့်တော်တဲ့သူ အထင်မလွဲတတ်တဲ့ သူတွေကို မေးကြည့်ဘူးပါတယ်။ သူချစ်နဲ့ ကိုယ်ချစ် ဘယ်ဟာကောင်းသလဲလို့၊ ဒီတော့ တချို့ကနှစ်ဦးလုံးချစ်တာ ကောင်းပါတယ်၊ တချို့က သူက ကိုယ့်ကို ချစ်တာ ကောင်းပါတယ်၊ တချို့က ကိုယ်ကချစ်တာ ကောင်းပါတယ်တဲ့။ အကြိုက်တွေက အမျိုးမျိုးကိုး၊ နောက်ဆုံး ကိုယ်ကချစ်တာ ကောင်းပါတယ် ဆိုတဲ့သူကတော့ ဒီလိုဆက်ပြောပါတယ်၊ ကိုယ်ကချစ်တော့ သူဘာလုပ်လုပ် အပြစ်မမြင်တော့ဘူးတဲ့။ ခွင့်လွှတ်တယ်တဲ့။ မိမိတို့ နှစ်သက်သလိုသာပြုကြပေါ့လေ...။ အချစ်ဆိုတာကတော့ ပူတာပါဘဲ...။ လောကကြီး ရတာမလို လိုတာမရတွေ များပေတာကိုး...။

၂။ နောက် ဒီဘ၀မှာ အတူမပေါင်းရပေမယ့် နောက်ဘ၀မှာ ပေါင်းချင်သူများအတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့်ပါသလဲ ဘုန်းဘုန်း။
(ဒီမေးခွန်းကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့်ပါဘူး၊ ဒါပေမယ့် သိချင်သူများအတွက် ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါဦး ဘုန်းဘုန်း။)

ဒီအဖြေကို ဖြေရမယ်ဆိုရင်တော့၊ မစွန်လို့..... ဒီလိုလည်းမသင့်တော်...။
ဘယ်လို ဖြေရမှာလည်းဆိုတော့ကာ ဒကာမတွေ စိတ်မဆိုးကြနဲ့နော်... နှက်တော့မယ်။

တပည့်တော်မရဲ့လက်မှာ ကြာပန်းရှစ်ပွင့် ရှိပါတယ်... (ရှစ်စည်း)(သုမိတ္တာ)
ဟောဒီ ချောချောလှလှ ရှင်ရသေ့ကလေးကို ပန်းငါးပွင့် လှူမယ်... (သုမေဓာ)
ဒီပင်္ကရာ မြတ်စွာဘုရားကိုကြတော့ ကျန် ပန်းသုံးပွင့် လှူပါတယ်...
ပြီးတော့ကာ ပန်းသုံးပွင့်နဲ့ ဆုက တောင်းသေးတယ်...
အရှင်ဘုရား... ပန်းသုံးပွင့် လှူဒါန်းရသော ကောင်းမှု ကုသိုလ်ကံ စေတနာတို့ကြောင့်...
ဟောဒီ ရှင်ရသေ့ကလေးနဲ့ တဖ၀ါးမခွါ သံသရာတစ်လျှောက် လက်တွဲရပါလို... (ပါရမီဖြည်ဘက်)
ဒီဘ၀လေးကစလို့ နှစ်ဦးသား ပါရမီတွေ ဖြည့်ခဲ့ကြပါတယ်...။

ဒကာမများ တခါတရံ မျက်နှာလိုက်တတ်ပါတယ်၊ ဘုရားအစစ်နဲ့တွေ့တာတောင် ရသေ့ကလေးကို မျက်နှာလိုက်တယ်။ ဘေးမှာရှိတဲ့ ပုထုဇဉ်တွေကကော ဘယ်လိုများ ပြောကြမှာပါလိမ့်...? ခုခေတ် လူသားများလောက်တော့ အနည်းဆုံး ရှိကြမှာပေါ့။ ဒီလိုပါရမီတွေ ဖြည့်ခဲ့ကြတာတောင် စိတ်မချရသေး၊ ဥပမာ မာဒင်္ဂဇာတ်တို့ မင်းကုသဇာတ်တို့မှာဆို ဘုရားအလောင်း ပယ်ပယ်နယ်နယ် အပြောခံရတယ် မဟုတ်လား။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီးတဲ့နောက်တော့ ဘ၀တွေ ပြီးပြည့်စုံသွားပါပြီ။ ခုတော့။

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, အစရှိတဲ့ တရားတွေ ဖြည့်ဆည်းလို့ ကြမ်းတမ်းတဲ့ လောဘတရား၊ ကြမ်းတမ်းတဲ့ ဒေါသတရား၊ ကြမ်းတမ်းတဲ့ မောဟတရားတွေ၊ အားနည်းအောင် ကျင့်ကြမယ်ဆိုပါရင် စိတ်ဆင်းရဲမှုတွေ နည်းပါးသင့်သလောက် နည်းပါးသွားပါလိမ့်မယ်...။


ရေးတတ်သလောက် သိသလောက်နဲ့ ဆုံးမရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့သင့်လျှော်တဲ့ တရားလေးကို နှလုံးသွင်းနိုင်ကြပါစေ...။

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၅.၁.၂၀၀၉


Read more...

နီပေါနိုင်ငံမှ... (မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း)

မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း ၈-မှ...

နီပေါနိုင်ငံမှ...






Read more...

ရှင်သာမဏေပြုနည်း... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ)

ရှင်သာမဏေပြုနည်း...




Read more...

ခုတော့ဟုတ်တယ်... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ခုတော့ဟုတ်တယ်...
video


Read more...

The Noble Eight-fold Path

The Eightfold Path (Ariyo Attthangiko Maggo) is the means by which enlightenment may be realized. The historical Buddha first explained the Eightfold Path in his first sermon after his enlightenment, preserved in the Dhammacakkappavattana Sutta.

The Eightfold Path is:

1. Right View (Samma Ditthi)
2. Right Intention (Samma Sankappa)
3. Right Speech (Samma vaca)
4. Right Action (Samma Kammanta)
5. Right Livelihood (Samma Ajiva)
6. Right Effort (Samma vayama)
7. Right Mindfulness (Samma Sati)
8. Right Concentration (Samma Samadhi)


The Path is divided into three main sections: (1) wisdom (Panna), (2) ethical conduct (Sila) and (3) mental discipline (Samadhi).

1. Wisdom (Panna):
Right View and Right Intention are the wisdom path. Right View is not about believing in doctrine, but in perceiving the true nature of ourselves and the world around us. Right Intention refers to the energy and commitment one needs to be fully engaged in Buddhist practice.

2. Ethical Conduct (Sila):
Right Speech, Right Action and Right Livelihood are the ethical conduct path. This calls us to take care in our speech, our actions, and our daily lives to do no harm to others and to cultivate wholesomeness in ourselves. This part of the path ties into the Precepts.

3. Mental Discipline (Samadhi):
Through Right Effort, Right Mindfulness, and Right Concentration we develop the mental discipline to cut through delusion. Many schools of Buddhism encourage seekers to meditate to achieve clarity and focus of mind.


Read more...

အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…
အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။
မျိုးဝေ

A. မေးခွန်းများကို တိုက်ရိုက်မဖြေခင် အရှင်အာနန္ဒာမထေရ်ရဲ့ ကြည်ညိုဖွယ်ဂုဏ်လေးကို ပြောပြလိုပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးရဟန်းတော် ဖြစ်တဲ့အပြင် ဘုရားရှင်နဲ့ တစ်ပြိုင်တည်း ဖွားတော်မူတဲ့ ပါရမီရှင် ဖွားဖက်တော်လည်း ဖြစ်ပါတယ်။ အလုပ်အကျွေးဆိုပေမယ့် ဘုရားရှင် ဘုရားဖြစ်ဖြစ်ချင်း အလုပ်အကျွေးဖြစ်လာတာ မဟုတ်ပါဘူး။ ၀ါတော်နှစ်ဆယ်နောက်ပိုင်းမှ ပရိနိဗ္ဗာန်ပြုတော်မူတဲ့အထိ လုပ်ကျွေးတော်မူခဲ့တာပါ။ အရှင်အာနန္ဒာရဲ့ ထူးခြားကြည်ညိုဖွယ်ကောင်းတဲ့ အချက်က အလုပ်အကျွေးမဖြစ်ခင် မြတ်စွာဘုရားရှင်ကို အချက်လေးချက်စီ တောင်းဆိုပါတယ်။ အဲဒါတွေက လက်မခံဘဲ ပယ်တဲ့ဆုလေးဆုနဲ့ ယူတဲ့ဆုလေးဆုပဲ ဖြစ်ပါတယ်။ အရှင်အာနန္ဒာမထေရ် ပယ်တဲ့ဆုလေးဆုမှာ
၁။ မြတ်စွာဘုရားရှင် ရရှိတော်မူထားသည့် မွန်မြတ်သော ဆွမ်းကွမ်းပစ္စည်းများဖြင့် မိမိအား မချီးမြောက်ရန် (ထိုချီးမြောက်မှုကို လက်မခဲဘဲပယ်တော်မူခြင်း)
၂။ မွန်မြတ်သော သင်္ကန်းပစ္စည်းတို့ဖြင့် မချီးမြောက်ရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၃။ ဘုရားရှင် ကျိန်းတော်မူသော ဂန္ဓကုဋီတိုက်သို့ဝင်၍ မိမိကိုလည်း အိပ်ခွင့်မပြုရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၎။ ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ မိမိအား အမြဲခေါ်၍ ကြွတော်မမူရန် (ထိုအချက်ကိုလည်း လက်ခမံဘဲ ပယ်တော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒာမထေရ် ပယ်တော်မူတဲ့ ဆုလေးဆုပါ။ အရှင်အာနန္ဒာပယ်တော်မူတဲ့ အချက်တွေကို ကြည့်ပါက အရှင်မြတ်ရဲ့ဂုဏ်တွေကို ပိုပြီးကြည်ညိုစရာ တွေ့ရပါတယ်။ သာမန်သူများဆိုရင် အခွင်အရေးကိုပင် တကူးတက တောင်းဆိုနေကြတာပါ။

နောက် ယူတဲ့ဆုက
၁။ အရှင်အာနန္ဒာက မိမိကိုယ်တိုင် ၀န်ခံပြီး ဖိတ်မာန်ထားတဲ့ ဆွမ်းကို မြတ်စွာဘုရားရှင်မှ ခံယူတော်မူပေးရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူရယူတော်မူခြင်း)
၂။ အနီးအဝေး အရပ်အသီးသီးမှ ဘုရားဖူးရန် ရောက်လာသူများ ဘုရားဖူးဖို့အတွက် အရှင်အာနန္ဒာကို ချည်းကပ်အကူတောင်းလို့ အရှင်အာနန္ဒာမှ လျှောက်ထားတဲ့အခါ ဘုရားရှင်က လက်ခံဖူးမြင်ခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၃။ အရှင်အာနန္ဒာအနေဖြင့် တစ်စုံတစ်ခုသော တရားမှာ ယုံမှားသံသယရှိလို့ ဘုရားရှင်ကို ဆည်းကပ်မေးလျှောက်သည့်အခါ ဘုရားရှင်မှ ဆည်းကပ်လျှောက်ထားခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၎။ အရှင်အာနန္ဒာမပါဘဲ ဘုရားရှင်အနေဖြင့် တစ်ခြားတစ်နေရာရာသို့ ကြွရောက် တရားဟောတော်မူတဲ့အခါ မိမိအားတစ်ဖန် ပြန်ပြီးဟောကြားပေးရန် (ဒီအချက်ကိုလည်း ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒမထေရ် ယူတော်မူတဲ့ ဆုလေးပါးပါ။ အလုပ်အကျွေးမဖြစ်ခင် ပယ်တဲ့ဆု၊ ယူတဲ့ဆုတွေကို တောင်းဆိုပြီးဘုရားရှင်က ခွင့်ပြုတဲ့အချိန်မှ စ၍ တစ်စက်လေးမျှ ချို့ယွင်းချက်မရှိအောင် ပြုစုလုပ်ကျွေးတော်မူပါတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာ မထေရ်အား ထူးချွန်ဆု ဧတဒဂ် ငါးတန်နဲ့ သံဃာ့ပရိတ်သတ်အလယ်မှာ ချီးမြှောက်တော်မူပါတယ်။ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်ငါးမျိုးကို ပါဠိတော်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဘိက္ခူနံ၊ သတိမန္တာနံ ဘိက္ခူနံ၊ ဂတိမန္တာနံ ဘိက္ခူနံ၊ ဓိတိမန္တာနံ ဘိက္ခူနံ၊ ဥပဋ္ဌာပကာနံ ယဒိဒံ အာနန္ဒော`` ဒီစကားရပ်ကို တိုက်ရိုက်ပြန်ပြရရင်…
၁။ ရဟန်းတို့ အကြားအမြင် ဗဟုသုတများခြင်း ရှိကုန်သော ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံးပေးတည်း။ (ဗဟုသုတအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၂။ သတိရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေးတည်း။ (သတိအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၃။ သိစွမ်းနိုင်သည့် ပညာရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (ပညာအရာ ဧတဒဂ်ရတော်မူခြင်း)
၎။ လုံ့လရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (၀ိရယအရာ ဧတဒဂ် ရတော်မူခြင်း)
၅။ အလုပ်အကျွေးရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (အလုပ်အကျွေးအရာတွင် ဧတဒဂ် ရတော်မူခြင်း)။

(၁) ဒီငါးချက်ဟာ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်များဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ ပညာအရာ ဧတဒဂ်ရတော်မူတယ်ဆိုတာ အရှင်သာရိပုတ္တရာရရှိတော်မူတဲ့ ပညာဉာဏ်ကြီးမားမှုမှာ အသာဆုံးဆိုတဲ့ ဧတဒဂ်မျိုးမဟုတ်ပါဘူး။ အရှင်အာနန္ဒာရဲ့ ပညာအရာ ဧတဒဂ်က ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အလုံးစုံသော ပုဒ်တို့ကို သိစွမ်းနိုင်တဲ့ ပညာကို ပြောတာပါ။ ဒီလိုပညာမျိုးမှာသာ အသာဆုံးလို့ ဆိုလိုတာပါ။ အရှင်သာရိပုတ္တရာရဲ့ ပညာဉာဏ်ကြီးမားမှုကတော့ အလုံးစုံသောအရာတွေမှာ ဉာဏ်ပညာကြီးမားမှုလို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာရတဲ့ ပညာအရာ ဧတဒဂ်နှင့် အရှင်သာရိပုတ္တရာရဲ့ ဧတဒဂ်မတူပါဘူး။

နောက် အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်ကလည်း အရှင်သောဏရတဲ့ ဧတဒဂ်နဲ့ မတူပါဘူး။ အရှင်သောဏက ထက်သန်ပြင်းပြသော လုံ့လအရာမှာ ဧတဒဂ်ရတာဖြစ်ပြီး အရှင်အာနန္ဒာကတော့ ဘုရားရှင်၏ စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ဘုရားရှင်ကို ဆည်းကပ်လုပ်ကျွေးခြင်း ဆိုတဲ့ လုံ့လအရာတို့မှာ အသာဆုံးအမြတ်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် အရှင်သောဏရဲ့ လုံ့လအရာ ဧတဒဂ်နဲ့ အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်တို့ဟာလည်း တူသလိုလိုနဲ့ မတူပါဘူး။

(၂) မှန်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ချိန်မှ ရဟန္တာအဖြစ်ကို ရောက်တော်မူပါတယ်။ ပညာဉာဏ်ကြီးပါလျက်နဲ့ ဘာကြောင့် ဘုရားရှင် သက်တော်ထင်ရှား ရှိချိန်မှာ ရဟန္တာမဖြစ်တာလဲဆိုတဲ့ အချက်ကတော့ ပါဠိတော်စာပေမှာ တိုက်ရိုက်မလာဘဲ ရဟန္တာဖြစ်တဲ့ အချိန်တွင် ဣရိယာပုတ်လေးပါးမှလွတ်ပြီး ရဟန္တာ ဖြစ်တော်မူကြောင်းပဲ တိုက်ရိုက်တွေ့ရပါတယ်။ ဘုန်းဘုန်းအမြင်ကတော့ အချိန်မတန်သေးတဲ့ အတွက်ကြောင့်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ဒကာပြောသလို ဘုရားရှင်ကို အားရပါးရနဲ့ အချိန်ပြည့်လုပ်ကျွေးလိုတဲ့အတွက် ဆက်ပြီး တရားအားမထုတ်ဘဲ ရပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မြတ်ရဲ့ အလုပ်အကျွေးဖြစ်ပြီး အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် အလွန်အမတန် အလုပ်ရှုပ်တာကို တွေ့ရပါတယ်။ ဘုရားရှင်ထံကိုပဲ တစ်နေ့၁၈ကြိမ် အခစားရောက်တယ်လို့ဆိုပါတယ်။ ရောက်တိုင်းရောက်တိုင်းလည်း သူကိုယ်တိုင်မေးတဲ့ မေးခွန်းတွေရော တစ်ခြားသူများကတစ်ဆင့် မေးစေတဲ့မေးခွန်းတွေရော ပါပါသွားတယ်လို့ ဆိုပါတယ်။ ဒီလိုဘုရားရှင်အကျိုး အများအကျိုးတွေကို ပြင်းထန်စွာလုပ်နေရတဲ့ အတွက်တရားအားထုတ်မှုမှာ အချိန်နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အချိန်မတန်သေးလို့ပဲ ဖြစ်ပါတယ်။ အချိန်တန်တော့လည်း ထူးခြားစွာ ရဟန္တာဖြစ်သွားတော်မူတာပါပဲ။



Read more...

သံသရာရထား

02-05-2009

မနှစ်က ဒီနေ့ ဒီရက် ဒီအချိန်ဟာ မြန်မာပြည်သူ ပြည်သားများအတွက် ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခဲ့ရတဲ့အချိန်, ၀မ်းနည်းဖွယ်အဖြစ်ဆိုးတွေ ရင်ဆိုင်ခဲ့ရတဲ့ကာလ,ဘ၀တကွေ့မှာ ခဏတွေ့ရသူတို့ သေကွဲ ရှင်ကွဲ ကွဲခဲ့ ခွဲခဲ့ရတဲ့နေ့ရက်တွေပါ၊ ဓမ္မရှုဒေါင့်က ကြည့်ရင်တော့ သံဝေဂ ရစရာကောင်းလှပါတယ်၊

မနှစ်က ဒီအချိန် မေလ ( ၂ ) ရက်မှာ စာရေးသူ နဲ့ သူငယ်ချင်း အရှင်မာနိတ တို့ဟာ မလေးရှားနိုင်ငံ ပီနန်းမြို့ကို ဒေသန္တရ ဗဟုသုတလည်ပတ်ဖို့ ရောက်နေကြပါတယ်၊ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်ရောက်သွားပြီဆိုတာ မီဒီယာတွေက-ှတဆင့် သိရတော့ သူငယ်ချင်းဖြစ်သူ ငပုတောမြို့နယ်သား အရှင်မာနိတက အိမ်ကိုလှမ်းပြီး ဖုန်းဆက်သွယ်ခဲ့တယ်၊ တယ်လီဖုန်းထဲမှာ နားထောင်လိုက်ရတာက ဆရာဖြစ်သူ ရွာဦးကျောင်း ဘုန်းတော်ကြီးရယ် ရဟန်းဒကာ ရယ် ပြီးတော့ ရဟန်းဒကာ သားရယ်က နာဂစ်မုန်တိုင်းထဲမှာ ပါသွားခဲ့သလို သူငယ်ချင်းရဲ့ မိဘတွေနေတဲ့ အိမ်ကလေးလည်း ရေထဲနစ်မြုပ်သွားပြီ ဆိုတဲ့သတင်းက တကယ့်ကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

သူငယ်ချင်းလဲ ရေထဲမှာ နစ်မြုပ်နေတဲ့ ဇာတိရွာလေးရယ် ပျံတော်မူသွားတဲ့ ဆရာဘုန်းကြီးရယ် စတာတွေကို ကူညီပေးဖို့ မြန်မာပြည်ကို ချက်ချင်းပြန်သွားခဲ့ပါတယ် ၊ သူမပြန်ခင် တက္ကသိုလ်ကိစ္စတွေ စာတမ်းကိစ္စတွေ ဆောင်ရွက်ပေးဖို့ စာရေးသူကို တဖွဖွမှာနေခဲ့တယ်၊ ဒီတွေ့ဆုံခြင်းဟာ သူနဲ့ စာရေးသူတို့ နောက်ဆုံးတွေ့ဆုံခြင်းလို့ မထင်မိခဲ့တာအမှန်ပါ၊ သေခြင်းတရားဟာ ကိုယ်နဲ့ ဘာမှမဆိုင်သလို တွေးထင်နေခဲ့တယ်၊

သူရွာကို ပြန်ရောက်နေပြီ ရွာပြန်လည်ထူထောင်ရေး ကိစ္စတွေ တတ်နိုင်သလောက် လုပ်ဆောင်နေပြီဆိုတာ သိရတော့ အဆိုးထဲက အကောင်းတခုအနေနဲ့ ၀မ်းသာခဲ့ရပါတယ်၊ ရပ်ရွာကိစ္စကို ၃ လ လောက်လုပ်လိုက်တဲ့ သူငယ်ချင်းဟာ အအိပ်မမှန် အစားမမှန် သန့်ရှင်းတဲ့ရေမရနဲ့ ရောဂါတွေ စတင်ဝင်ရောက်ခဲ့တဲ့အကြောင်း ကြားရတော့ သူငယ်ချင်းအတွက် စိတ်မောမိခဲ့တယ် ၊ နောက်ဆုံးတော့ ဆေးရုံပေါင်းများစွာ တက်ရောက်ကုသပြီး ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားနောက်ကို လိုက်ခဲ့ရတယ်၊သူငယ်ချင်းကောင်း တယောက်ဆုံးရှုံးမှုအတွက် တကယ့်ကို ၀မ်းနည်းခဲ့ရတယ်၊ သူပျံတော်မူချိန်မှာ သူ့အသက်က ၃၁ ပဲ ရှိသေးတာပါ၊

သူလိုပဲ နာဂစ်ကြောင့် သို့မဟုတ် နာဂစ်အကျိုးဆက်ကြောင့် သေဆုံးခဲ့ရတဲ့ အဖိုးတန်လူသားတွေ, ဆုံရှုံးခဲ့ရတာတွေဟာ တကယ့်ကို ကြေကွဲဖွယ်ရာတွေပါ၊ သေခြင်းတရားဆိုတာ လူတိုင်းနီးပါး မကြားချင်ကြပါဘူး ၊မကြားချင်ဆုံးအရာက လူတွေဆီကို အမြအဲရောက်လာနေတာ ကိုတော့ မိမိတို့တတွေ သတိထားဖို့ မေ့နေကြပြန်တယ်၊
ဗုဒ္ဓ မိန့်မှာတဲ့ စကားတော်တခုက ‘ နွားကျောင်းသားက နွားတွေကို စားကျက်ဆီ အရောက်မောင်းနှင် နေသလို အိုခြင်း သေခြင်းတရားတွေက လူတို့ရဲ့အသက်ကို အမြဲမောင်းနှင်နေတယ်’’ လို့ မိန့်တော်မူပါတယ်၊ မွေးဖွားခြင်း က အိုးမင်းရင့်ရော်ခြင်းဆီ အိုးမင်းခြင်းက သေခြင်းတရားဆီအရောက်ပို့နေပါတယ်၊ ဒီသဘာဝ သဘောတရားတွေကို ရင်ဆိုင်နိုင်အောင် မိမိတို့တတွေက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်၊

စာရေးသူတို့တတွေဟာ သံသရထားကို စီးပြီး ခရီးသွားနေကြရပါတယ် ၊ တစ်ဘူတာဝင် တစ်ဘူတာထွက် ကိုယ့်ကိစ္စတွေ မပြီးသေးခင် ကိုယ်ချစ်ရတဲ့သူတွေကို လမ်းခွဲနှုတ်ဆက် ဩအော်ဆွဲပြီး ခရီးဆက်ကြရပြန်ပါတယ်၊ အချိန်စေ့ရင်တော့ သံသရာရထားကြီးက မောင်းနှင်မြဲ မောင်းနှင်နေအုံးမှာ သေချာလှသလို တစ်ဘူတာဝင် တစ်ဘူတာထွက် သွားနေအုံးမှာလဲ သေချာတယ်၊

ရထားမထွက်ခင် ရထားပေါ်မှာ ယူသင့်တာ ဆောင်ထားသင့်တာတွေကို ပါအောင်ယူနိုင်မှ ခရီးသွားတဲ့အခါ ရောက်တဲ့ဘူတာ ရပ်မယ့်ဘူတာမှာ စိတ်ချမ်းချမ်းသာသာနေရမှာပါ၊ အခုလဲ စာရေးသူ စာဖတ်သူတို့ဟာ သံသရာရထားစီးပြီး လူ့ဘ၀ဘူတာမှာ ခဏရပ်နားနေကြပါတယ်၊ ဒါဟာ ကိုယ့်ရဲ့ ဂိတ်ဆုံးဘူတာမဟုတ်သေးပါဘူး အချိန်စေ့ရင်တော့ ဩအော်ဆွဲပြီး လူ့ဘ၀ဘူတာကနေ ဆက်လက်ထွက်ခွါပါလိမ့်မယ် ၊ ကျွန်တော်ကိစ္စလေးတွေ မပြီးသေးလို့ ခဏလောက်ရပ်ပါအုံးဗျာ လို့တောင်းပန်လို့ မရနိုင်ပါဘူး အချိန်စေ့ရင်တော့ သံသရာရထားကြီးက ထွက်မှာပါပဲ၊

မရပ်မနား ခုတ်မောင်းနေတဲ့ ဒီသံသရာ ရထားကြီးနဲ့ သံသရာရထားကြီးပေါ်က သံသရာခရီးသွား ဧည့်သည်တွေ အချင်းချင်းတွေ့ခိုက် စိတ်ကောင်းထား ရိုင်းပင်းကူညီပြီး တယောက်ကို တယောက်ဖေးမ ကိုယ်ရပ်နားခွင့်ရတဲ့ ဘူတာသန့်ရှင်းရေးလေး တတ်နိုင်သလောက်လုပ်ကြရမှာပါ၊ နောက်ဆုံးတော့ အားလုံးရဲ့ ဂိတ်ဆုံးဘူတာ သေခြင်းတရားမရှိရာ သစ္စာနယ်ဆီကို ရောက်အောင် ၀ိပဿနာကြိုးစား အားထုတ်ခြင်းနဲ့ ပြင်ဆင်ထားမယ်ဆိုရင်တော့ ပန်းတိုင်မရောက်ခင် ရောက်လေရာဘူတာတိုင်းမှာလဲ မျက်နှာပန်းလှလှ ပြုံးပြနိုင်ကြပါလိမ့်မယ်။

( လူ့ဘ၀ဘူတာမှ နာဂစ်ကြောင့် ထွက်ခွါခဲ့သူ သွေးချင်းညီအကို မောင်နှမများ တနှစ်ပြည့် သံဝေဂ နဲ့ သူငယ်ချင်း အရှင်မာနိတ သို့ )

Read more...

နှစ်သက်မိသော ဇင် ပုံပြင်များ (၈)

Destiny



During a momentous battle, a Japanese general decided to attack even though his army was greatly outnumbered. He was confident they would win, but his men were filled with doubt. On the way to the battle, they stopped at a religious shrine. After praying with the men, the general took out a coin and said, "I shall now toss this coin. If it is heads, we shall win. If tails, we shall lose. Destiny will now reveal itself."

He threw the coin into the air and all watched intently as it landed. It was heads. The soldiers were so overjoyed and filled with confidence that they vigorously attacked the enemy and were victorious. After the battle, a lieutenant remarked to the general, "No one can change destiny."

"Quite right," the general replied as he showed the lieutenant the coin, which had heads on both sides.


Read more...

အံ့သြဖွယ်ရာ ရှင်ဘုရင် တစ်ဦး၏ ဆန္ဒ...

ပဗ္ဗဇ္ဇာသုတ်- (ရှင်အဖြစ်၊ ရဟန်းအဖြစ်)

၁...
စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ရဟန်း ပြု၏၊ အကြင် အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ်သက် တော်မူ၏၊ ထိုအခြင်းအရာ အားဖြင့် (မြတ်စွာဘုရား၏) ရဟန်းအဖြစ်ကို ပြောကြား ပေအံ့။408

၂...
ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ရာဂစ သော မြူ၏ဖြစ်ရာ အာရုံတည်းဟူ၍ လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်းလင်း ပြင်ကဲ့သို့ (ကျယ်ပြန့်သည်)သာ တည်းဟူ၍ လည်းကောင်း ဤသို့ မြင်သော ကြောင့် ရဟန်း ပြုတော်မူ၏။409

၃...
ရဟန်းပြုပြီးလျှင် ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍ အသက်မွေးမြူမှု ကို သုတ်သင်၏။410

၎...
မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့သို့
ကြွတော်မူ၏၊ ကိုယ်တော် အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာ ရှိသည်ဖြစ်၍ (ထိုရာဇဂြိုဟ်မြို့၌) ဆွမ်းခံကြွတော်မူ၏။ 411

၅...
ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံ သော ထိုဘုရားအလောင်းတော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာ ကို မိန့်ကြား၏။ 412

၆...
အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်း စင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာ ကြည့်ရှု၏။ 413

၇...
အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူ ဟုတ်ဟန် မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်းစေတမန်တို့ လျင်လျင်မြန်မြန် လိုက်ကြကုန်လော့။ 414

၈...
စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း ဟု နှလုံး သွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ 415

၉...
အိမ်စဉ် မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣနြေ္ဒတို့၌ လုံခြုံ သော တံခါးရှိသည် ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာ လျင်စွာ သပိတ်ကို ပြည့်စေတော် မူ၏။ 416

၁၀...
မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံ လှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှုကြွတော်မူ၏။417

၁၁...
မင်းစေတမန် သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရားလောင်းကို မြင်၍ ဘုရားလောင်းအနီးသို့ ချဉ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ် ယောက်သော သူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။418

၁၂...
မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေ့ကမျက်နှာ တောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့် နွားလားဥသဘ ကဲ့သို့ လည်းကောင်း၊ ခြင်္သေ့ကဲ့သို့ လည်းကောင်း နေ တော်မူ၏။ 419

၁၃...
ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့်
လျင်မြန်သော သဘော ရှိသည် ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ 420

၁၄...
ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီးလျှင် ယာဉ်မှ သက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်း အနီးသို့ ချဉ်းကပ်ထိုင်နေ၏။421

၁၅...
မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကား ကို ဝမ်းမြောက်ဝမ်းသာ ပြောဆို ပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။422

၁၆...
အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်းပျို၏၊ ငယ်လည်းငယ်၏၊ ပဌမ အရွယ် လည်းဖြစ်၏၊ နုလည်း နု၏၊ လုံးရပ် သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ် နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။423


၁၇...
အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍ စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံ လျက် တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရ ကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ 424

၁၈...
မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါ အဝင်ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောက်ျားကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည် ငါ၏ အမြဲနေရာတည်း။ 425

၁၉...
ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့် တတော့ပေ။ 428

၂၀...
ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသော အားဖြင့် ရှုပြီးလျှင် (နိဗ္ဗာန်ကိုတောင့်တလျက်) တရားအားထုတ်ရန် သွားအံ့၊ ဤ တရားအားထုတ်မှု၌ ငါ၏ စိတ်သည် နှစ်သက်၏ ဟု (မိန့်တော် မူ၏)။ 429

၁ - ပဗ္ဗဇ္ဇာသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP