* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 30, 2009

Ajahn Tiradhammo June 10

June 9 and 10, 2009, Canadian Bhikkhu Ajahn Tiradhammo will be giving two public talks, one in Thai and one in English, at Baan Aree Library.

Ajahn Tiradhammo is the current abbot of the Luang Phor Chah temple near Wellington, New Zealand. He has been teaching dhamma and leading retreats for many years in his friendly and incisive way.

atira1

  • Tuesday June 9th, Dhamma Talk at Baan Aree Library, 6-8 pm in THAI
  • Wednesday June 10th, Dhamma Talk at Baan Aree Library 6-8pm in ENGLISH only

Now 60 years old, he became interested in Dhamma in his student years while travelling through Sri Lanka. Coming to Thailand and meditating at Wat Umong, he took ordination at Wat MMeung Man in Chiang Mai with Venerable Tong in 1974.

In 1975 he moved to study with Ajahn Cha at Wat Pa Pong and Wat Pa Nanachat. He went on several tudong journeys through the northeast of Thailand and the mountains of Chiang Mai, visiting many famous forest meditation masters.
Venerable Tiradhammo was invited to England in 1982 to help with developments there. He spent two years at Chithurst Monastery, and three years in charge of Harnham Vihara in Northumberland. In 1988 he helped establish Dhammapala Monastery near Bern, Switzerland and also later at its new location in the Bernese Alpine village of Kandersteg where he was the senior monk until 2005. In July 2005 he assumed the position of senior monk at Bodhinyanarama, Wellington, NZ

Location:

Baan Aree Library is a thriving dhamma site with library, meeting hall, and lots of events organised in Thai. The Library itself is open daily from 9 am - 7 pm and has a few books in English. The new Dhamma Hall is airconditioned and set in the attractive grounds, with many very reasonably priced vegetarian food stalls.

Baan Aree has regular Dhamma meetings in Thai which are listed at their Thai website: http://baanaree.net/ .

The Library is right on the Skytrain line, close to Ari Station. Baan Aree car park is accessible from the rear (Soi Ari 1) where you see the sign for ‘ BANANA FAMILY PARK ‘. Bus routes 8, 28, 29, 38, 54, 63, 74, 77, 108, 157, 177, 502, 503, 509, and 510 all pass by. Get out at Ari BTS Station.


Wide area Skytrain map

Baan Aree, Bahn Aree, Bahn Ari, Baan Ari are all the same thing - just various transliterations from the Thai. The Skytrain station is usually written ‘Ari’, while the Library compound usually writes it as ‘Baan Aree’ .

Read more...

အမေ့ရဲ့ အချစ်ကို ဥပေက္ခာပြုရက်တဲ့ သားငယ်



30.04.2009

လူသားတိုင်း သတ္တ၀ါတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ လူသားတွေက ချစ်ခြင်းအကြောင်းအရာတွေကို ပြောပြီးရင်းပြော ချစ်ပြီးရင် ဆက်ချစ်နေကြအုံးမှာပါ။ သားချစ် အမေချစ် ၊ ဆရာချစ် တပည့်ချစ် ၊မောင်ချစ် နှမချစ် သူငယ်ချင်းအချစ် ချစ်သူများအချစ် ဆိုပြီး အချစ်ကလဲ ပုံစံမျိုးစုံနဲ့ လောကကြီးထဲရှိနေတာပါ။

သမုတိသစ္စာနယ်ပယ်က ချစ်ခြင်းတရားတွေကတော့ အရောင်ခြယ်ထားတဲ့ စွဲလမ်းမှုပေါ်မှာ ရှိနေကြတာ များတယ်လို့ ထင်ပါတယ်။ ဓမ္မရှုဒေါင့် သို့မဟုတ် ပရမတ္ထရှုဒေါင့်ကနေ ကြည့်ရင်တော့ အချစ်မှန်သမျှ ဖြတ်တောက်နိုင်အောင် ကြိုးစားကြရမှာပါ။ သမုတိသစ္စာနယ်ကနေ အချစ်ကြောင့် တရားထူးရခဲ့တဲ့ အမေတယောက်အကြောင်း ပြောပြချင်ပါတယ် …………..

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က …. အိန္ဒိယနိုင်ငံ .. ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတယောက်. အရွယ်ရောက်လာပေမယ့် ချစ်ခြင်းတွေကို စိတ်မ၀င်စားခဲ့ဘူး ၊သာသနာဘောင်ဝင်ဖို့သာ စိတ်ထက်သန်ခဲ့သူ ဒါပေမယ့် မိဘတွေခွင့်မပြုလို့ သာသနာဘောင်ဝင်ခွင့်မရခဲ့ပါဘူး . လောကအလယ် ရှင်သန်ရင်း မိဘတွေဆန္ဒကို လိုက်လျော လက်ထပ်ခဲ့ရပေမယ့် စိတ်ဝင်စားမှုမရှိခဲ့ဘူး….. လက်ထပ်ပြီးမကြာခင်မှာ အမျိုးသားကို ခွင့်ပန်ပြီး သာသနာ့ဘောင်အပြီး ၀င်လာခဲ့တယ်။

ဒါပေမယ့် သူ့မှာကိုယ်ဝန်ရလာခဲ့တာကို သူမကိုယ်တိုင် သတိမထားခဲ့မိဘူး .ဘိက္ခုနီကျောင်းရောက်မှ ကိုယ်ဝန်က ရင့်လာခဲ့တယ်… ပတ်ဝန်ကျင်အမြင်မှာ ထူးဆန်းလို့ပေါ့ … ဒီလိုသတင်းတွေကြားတော့ ကျောင်းအမကြီး ၀ိသာခါကိုယ်တိုင် ကျောင်းကိုရောက်လာပြီး အကျိုးအကြောင်းကုန်စင် သိရတော့ ဒီကိုယ်ဝန်ကို မွေးဖွားဖို့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့ သားလေးတယောက်မွေးဖွားခဲ့တယ် ဘိက္ခုနီကျောင်းမှာပဲပေါ့။ အရွယ်ရောက်လာတော့ သားဖြစ်သူလဲ သာသနာဘောင်ဝင် …… နောက်ပိုင်းမှာ ဘုရားရှင်ထံက ကမ္မဋ္ဌာန်းအားထုတ်နည်း သင်ယူပြီး တောထွက်ခဲ့ပါတယ် . တောထဲမှာ (၁၂ ) နှစ်ပတ်လုံး တရားအားထုတ်နေခဲ့တယ်…

သားရဟန်းတောထွက်တဲ့နေ့က စပြီး အမေဖြစ်သူ ဘိက္ခုနီမမှာ သားစိတ်ကြောင့် အမြဲငိုနေခဲ့တယ်၊ သားကိုတွေ့ချင် သားအသံကိုကြားချင်တဲ့ အမေရဲ့ အရောင်ခြတယ်တဲ့ချစ်ခြင်းတွေက စိတ်ကို ပင်ပန်းစေခဲ့တယ်၊ သားရဟန်းလဲ တရားထူးရလို့ ကျောင်းကိုပြန်ကြွအလာ သားကိုမြင်တော့ မျက်ဝန်းက ထွက်ကျနေတဲ့ မျက်ရည်တွေကို ဂရုမစိုက်နိုင်ဘဲ သားရေ သားရေ လို့ အော်ခေါ်ရင်း သားနောက်က ပြေးလိုက်သွားခဲ့တယ်…

သားဖြစ်သူ ရဟန္တာအရှင်မြတ်က .အင်း ငါ့ရဲ့ချိုသာတဲ့ စကားသံကို ကြားရင် ငါ့အမေတော့ ဒီချစ်ခြင်းသံသရာက လွတ်နိုင်မှာ မဟုတ်တော့ဘူး- လို့တွေးမိပြီး လေသံပြတ်ပြတ်နဲ့ ပြောထည့်လိုက်တယ်… အမေ..ဘာလို့ သားနောက်ကို လိုက်နေတာလဲ… ချစ်ခြင်းတရားကို မဖြတ်တောက်နိုင်ဘူးလား..လို့ပြောပစ်လိုက်တော့.. အော် ငါကတော့ သူတောထွက်တဲ့နေ့ကစလို့ ၁၂ နှစ်လုံးလုံး မျက်ရည်နဲ့မျက်ခွက် ငိုနေခဲ့ရတာ…သူကတော့ ငါ့အပေါ် ပြောရက်တယ် …ရက်စက်လိုက်တာ သားငယ်… အမေ့ရဲ့ချစ်ခြင်းကို ဥပေက္ခာပြုရက်တဲ့ သားငယ်.. ဆိုပြီး အရောင်ခြယ်ချစ်ခြင်းကို ဖြတ်ပြီး တရားအားထုတ်လိုက်တာ အဲဒီနေ့မှာပဲ တရားထူးတရားမြတ်ကို ရခဲ့ပါတယ်… သူ့နာမည်ကတော့ ကုမာရကဿပမာတုထေရီတဲ့. သားရဲ့စိမ်းကားခြင်းက အမေ့အတွက် တရားထူးရသလို အရောင်ခြယ်အချစ်ကို စနစ်တကျသုံးလိုက်တော့ သစ္စာတရားဆိုတာကို တွေ့သွားခဲ့ပါတယ်။ အမေရဲ့ အချစ်ကို ဥပေက္ခာပြုရက်တဲ့ သားငယ်ရေ.. ကျေးဇူးအနန္တပါကွယ်...


Read more...

Invitation to celebrate Buddha's Birthday at Bangkok Hanmaum



Buddha's Birthday

Buddha's Birthday falls on May the 2nd this year in Korea, but will be celebrated by many Korean Buddhists in Bangkok at the Hanmaum Seon Centre on May 8th to co-incide with the Thai Vesak celebrations, and anyone interested in Korean Buddhism is warmly invited to attend - a magnificent chance here in Bangkok to participate in a Zen Buddhist temple during the most important ceremony of the year.

On Friday the 8th of May there will be a Ceremony of Offerings in the morning from 10am to 12, and a Lotus Lantern Festival in the evening at six. Both the ceremony and the festival are colourful events that celebrate and express the dynamism of Korean Buddhism and our wish to light the lantern of our Mind. Do come along if interested. Scroll down for full details.

Background:

The Bangkok Hanmaum Seon Center is an overseas branch of Hanmaum Seon, established by Seon Master Daehaeng Sunim (a female Seon master widely respected throughout Korea) in 1972, and part of the Jogye Order of Korean Buddhism - the largest Buddhist Order in Korea with a history stretching back over 1,200 years.

'Seon' is the Korean word for 'Zen', and Master Daehaeng's teaching is to realize and awaken to our inherent nature, sometimes called Buddha-nature, inherent mind, or Juingong.

Daehaeng Kun Sunim teaches people to “Believe in your foundation, Juingong, and entrust it with everything that confronts you. Then go forward while observing and
experimenting with what you experience."

The Bangkok branch of Hanmaum Seon was established ten years ago and serves the spiritual needs of Korean residents and visitors in the city. It is very much a centre of the Korean Buddhist community, and many families attend regularly with children of all ages.

The centre is run by two resident female sunims (monks) and hold regular weekly ceremonies and teachings. Although at present all activities are carried out in the Korean language only, the centre hopes to have some activities in English in the future if there is any demand for such.

The details:

Date: Friday May 8th

Time:
9am onwards - Arrival
10am to 12 - Ceremony
6pm to 8pm - Lotus Lantern Festival

Location:
The Bangkok Hanmaum Seon Centre
86-1 Soi 4 Sukhumvit 63
BTS - Ekamai

A few points to note:

* There are no bare feet in Korean temples, it would be much appreciated if those wishing to come will remember to bring socks!

* The ceremony will be in Korean, some transcribed versions will be available for some parts of the ceremony. However, all the chants are in Korean.

* Korean bowing is very different to Thai bowing, and there will be a lot of it in the temple. No need to worry though, someone will show you how to perform a Korean bow, and you can just follow along!

* This is a good chance here in Bangkok to participate in a Zen Buddhist temple performing the most important ceremony of the year. See you on the 8th.

Links:

  • Hanmaum
  • Jogye Order
  • Bangkok Hanmaum


  • Read more...

    ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

    ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင် အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း သူတို့လိုအခြေအနေဖြစ်နေတဲ့ မရှိဆင်းရဲသားများ ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို စာပေမှာလာတဲ့ အတိုင်းရှင်းလင်း ဟောကြားပေးလိုက်ရဖူးပါတယ်။

    တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
    ၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
    ၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
    ၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
    ၄။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
    ၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
    ၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
    ၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
    ၈။ ဓမ္မဿဝန- တရားနာခြင်း၊
    ၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
    ၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

    ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်းစိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြမယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံလို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ပြောနိုင်ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီးရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရိုအသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။

    ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံးကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူတွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေစုက်ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ်လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူတတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေမယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါဘူး။

    ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေးမတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထားကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ်ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။



    Read more...

    မွေးအိုသေကို ရင်မဆိုင်လို ဒီလိုလူကို ဘာလို့ ခေါ်မယ်...?

    မွေးအိုသေကို ရင်မဆိုင်လို ဒီလိုလူကို ဘာလို့ ခေါ်မယ်...?

    မွေးအိုသေဟာ သဘာဝပါ...
    သေပြီးရင်လဲ မွေးဦးမှာ...
    စက္ကန့်လေးတောင် မခြားပါ...
    ရင်ဆိုင်ရမယ် သဘာဝပဲကွယ်...

    သေလို့ သေမှန်းတော့ မသိကြတယ်...
    ဒို့တတွေရဲ့ ရုပ်နာမ်တရားရယ်...
    အမြဲတန်းကွယ် သေနေတယ်...
    တစ်စက္ကန့်ဝယ် ရုပ်ပေါင်းရယ် ...
    ကုဋေငါးထောင်ကျော် သေနေတယ်...
    နာမ်ပေါင်းကတော့ ကုဋေသိန်းချီကွယ်...
    သေတာရှိရင် မွေးတာရှိမယ် ...
    သူကတော့ အလွတ်ပေါ့ကွယ်... (ရဟန္တာ)
    ဖြစ်ပြီးရင် ပျက်ကြရမှာ...
    ပျက်ပြီးရင် အသစ်ဖြစ်ဦးမှာ...
    မွေးတာသေတာ သဘာဝပါ၊ မဆန်းကြယ်လှပါ...

    ဆန်းနေတာက သံသရာ တစ်လျှောက်မှာ...
    ဓါတ်ကောင်းလေးတွေ မကိန်းကြတာ...
    သူကလည်း ကိုယ့်ကို မနာလို...
    ကိုယ်ကလည်း သူ့ကိုနည်းတူ...
    ငြိမ်းချမ်းမှုရယ် ရဖို့မလွယ်တယ်...
    ဒီကမ္ဘာကြီး စစ်ဖြစ်နေတယ်...
    သံသရာမှာ ပြန်ဆုံရင်တောင် ...
    ညှိုးသူရန်ဘက် ဖြစ်ကြဦးမယ်...

    ပါရမီဆိုတာ ဖြည့်ကြရတယ် ...
    ဖြည့်တဲ့သူကို သာဓုခေါ်မယ်...
    ဖြည့်တယ်ဆိုတာ ကိုယ့်အတွက်ရယ်...
    သူ့အတွက်ကတော့ အနည်းငယ်...
    ဒီလို ဒီလို သိထားရမယ်...
    ပေးတဲ့သူက အသစ်ရမယ်...
    ယူတဲ့သူက အဟောင်းစားတယ်...

    ကျုပ်ကတော့ အဟောင်းလည်းစားတယ်...
    အသစ်ကိုလည်း ယူဦးမယ်...
    သင်ကကော ဘာတွေကြံမယ်...
    မှန်မှန်ပြောပါ....။

    ကဲ မှန်မှန်ပြောပါတဲ့ ဒကာဒကာမတို့ ကိုယ့်ဟာကို တိုးတိုးသာပြောကြပေါ့လေ...။
    (မသိသေးသူတွေအတွက်ပါ) အဟောင်းစားတယ်ဆိုလို့ ဒီဘုန်းကြီးတမျိုးကြီးတော့ မလုပ်လိုက်ပါနဲ့ဦးနော်... ကုသိုလ်ကံ အကျိုးတရားတွေကို ခံစားတာ ပြောတာပါ... အသစ်ဆိုတာကတော့ ကုသိုလ်အသစ်တွေကို ဆိုလိုတာလေ...။ ဆက်ပြောရမယ်ဆိုရင်တော့ အဟောင်းက မစားချင်လည်းစားရမှာပါ၊ အသစ်ကတော့ ကြိုးစားပြီး လုပ်ယူကြရပါတယ်။ နေ့စဉ်နေ့တိုင်း လေ ဘာတွေလုပ်နေကြလဲ၊ ရှာမယ် ဖွေမယ် စားမယ် ပျော်မယ် ပါးမယ် အိပ်မယ် ကာမဂုဏ်မှီဝဲမယ်လေ။ ဒါဘဲလား ဒါလောက်နဲ့ဆိုရင်တော့ ဘုန်းကြီးတို့ သာသနာနဲ့ တွေရကျိုး ဘယ်လိုနပ်ပါ့မလဲ။ ကျောင်းရှေ့လာနေတဲ့ ကျီးကန်းရယ် စာကလေးရယ် ရှဥ့်ရယ် သူတို့တတွေကော တစ်နေ့ တစ်နေ့ ဘာတွေလုပ်ကြသလဲ။ ဘုန်းကြီးဖြေစရာတောင် မလိုလောက်ပါဘူးလေ အားလုံးအားလုံး သိကြပြီးသားတွေပါ။ ဒါဆို အတူတူဖြစ်နေပြီ သူတို့နဲ့များ အကုန်တူမယ်ဆိုရင်လေ ကိုယ့်မှာ လူဖြစ်ရကျိုး သာသနာနဲ့တွေ့ရကျိုး ဘယ်လိုနပ်ပါ့မလဲ။

    ဒကာဒကာမတို့ ပြုလိုက်ကြပါ ...
    ဒါန သီလ ဘာဝနာ...
    သူ့ထက် တဆင့်မြှင့် ပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...
    သူ့ထက် တဆင့်မြှင့် ဥပပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...
    သူ့ထက် တဆင့်မြှင့် ပရမတ္ထပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...

    ကဲ ဒီကနေ့ အဆုံးအမကတော့...
    ပေးနေတဲ့ ကုသိုလ်တွေကို...
    လက်ကလေး ...
    တစ်ချောင်းပါတဲ့သူ တစ်ချောင်းနဲ့ကောက်...
    နှစ်ချောင်းပါတဲ့သူ နှစ်ချောင်းနဲ့ကောက်...
    တဖက်ပါတဲ့သူ တဖက်နဲ့ကောက်...
    နှစ်ဖက်ပါတဲ့သူ နှစ်ဖက်နဲ့ကောက်ပေါ့...။

    ကျောပိုးအိတ်နဲ့ပါဘုရား ဆိုတဲ့သူကိုတော့ အားရပါးရ သာဓုခေါ်ပါတယ်။

    ကြားဖြတ်ပေါ့...။ ပြောစရာတစ်ခုကျံတာက တခြားတော့ မဟုတ်ပါ၊ ဘုန်းကြီးရဲ့ မကောင်းတဲ့အကျင့်ကလေး ကြွားမလို့ပါ၊ ဓါတ်ပုံရိုက်တာ နဲနဲ ၀ါသနာပါတယ်။ ကျောင်းလာတဲ့သူတွေဆို ဓါတ်ပုံတန်းရိုက်တာဘဲ၊ ခုတော့ ဘုန်းကြီး ၀တ်လည်တယ်ထင်တယ်၊ ခဏခဏ ဓါတ်ပုံ အရိုက်ခံနေရတယ်။ ၄.၃၀.၀၉ ဓါတ်ပုံရိုက် သွားပါဦးမယ်လို့...။

    စာအသစ်နဲနဲလေး နောက်ကျမှာမို့...


    ဒကာဒကာမအားလုံး စိတ်ချမ်းသာကြပါစေ...
    ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...။
    ဦးလောကနာထ
    ၄.၃၀.၂၀၀၉

    ကဗျာမဟုတ်ဘာမဟုတ်ဆိုတော့ ပြင်ချင်တဲ့သူ ပြင်ချင်သလို ပြင်နိုင်ပါတယ် ပြင်ပေးလို့ရပါတယ်။
    အကုန်လုံးပါလေ ပုံကော စာတွေကော ဘုန်းကြီးစိတ်ဓါတ်ကောပေါ့...။


    Read more...

    မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၇)


    သာသနာပြုခရီးစတင်ကြွခြင်း

    ဆရာတော်ဘုရား သက်တော် (၄၅) သိက္ခာတော်(၂၅)ဝါမှစ၍ အခြားမြို့ရွာများသို့စတင်၍ သာသနာပြုခရီးကြွတော်မူခဲ့၏။ ပထမဆုံးတရားပြသော မြို့များမှာ ဥက္ကံ၊ မင်းရွာ၊ ကဝ၊ ဘုရားပျိုနှင့် ဘုရားကြီးတို့ဖြစ်ပါသည်။ ဆရာတော်ဘုရားထံသို့ တရားပြရန် ပင့်ဖိတ်မှုကြောင့် ကြွရောက်ခဲ့သော မြို့ရွာများမှာ ခရမ်း၊ သုံးခွ၊ ပဲနွယ်ကုန်း၊ ရန်ကုန်၊ ပဲခူး၊ သနပ်ပင်၊ မင်းရွာ၊ ဝေါ၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ပိန်းဇလုပ်၊ တောင်ငူ၊ သာဝတ္ထိမြို့၊ စစ်တောင်း၊ မော်လမြိုင်၊ ကျိုက်ထို၊ မြိတ်၊ ဘုရားပျိုရွာ၊ ရွှေပေါက်ပင်ရွာ၊ သရပ်ကုန်းရွာ၊ အုန်းနှဲရွာ၊ တံတားရွာ၊ ဆယ်ရွာ၊ မြစ်ကျိုးရွာ၊ ညောင်ခါးရှည်ရွာ၊ ပန်းညိုရွာ၊ အုပ်ဖိုရွာ၊ ထိန်တပင်ရွာ၊ ဖိုးစပါယ်ရွာ၊ ပါတူကုန်းရွာ စသည်တို့ဖြစ်၏။ ဆရာတော်ဘုရားသည် အနှစ်နှစ်ဆယ်ပတ်လုံး နေ့ညဥ့်မပြတ် ဝိပဿနာဓူရ တရားပြလုပ်ငန်းကို အားကြိုးမာန်တတ် ဆောင်ရွက်တော်မူခဲ့၏။ တရားပြလုပ်ငန်းဆောင်ရွက်ရန် တရားရိပ်သာဌာနများကို ကြွရောက်ရာတွင် မထင်မရှားသာမန်ပုဂ္ဂိုလ်ကဲ့သို့သာ သွားလာလေ့ရှိသည်။ ကျော်စောမှုကို စိုးရွံ့တော်မူ၏၊ “မဟာ ပုညော မဟာဒုက္ခော” ဟူ၍ မိန့်ဆိုတတ်မူ၏။ ဆရာတော်ဘုရားသည် နယ်မြို့များတွင်တရားပြသဆုံးမချိန်ပိုများ၍ ဆရာတော်၏ ကသစ်ဝိုင် ဝိပဿနာလုပ်ငန်းစဉ်တရားများသည် နယ်သူနယ်သားများ နားလည်လွယ်စေရန် အထူးအဓိကထားတော်မူ၏။ စာချသံဃာဘဝတွင် နယ်သို့ပြန်၍ သာသနာပြု၏။ ပဋိပတ္တိလုပ်ငန်းစဉ်နှင့် သာသနာပြုရာတွင်လည်း တောသူတောင်သားများ၊ ကျေးလက်ဒေသများသို့သာ ဦးတည်လျှက် သာသနာပြုတော်မူခဲ့၏။ ဆရာတော်ဘုရား၏ သာသနာပြုရည်ရွယ်ချက်များသည် လေးနက်၏ များစွာအဓိပ္ပါယ်ရှိတော်မူ၏၊ အမြှော်အမြင်ရှိ၏၊ မေတ္တာ စေတနာများများဖြင့် စွမ်းနိုင်သမျှ သာသနာပြုခဲ့တော်မူ၏။ အလွန်ပင်ကြည်ညိုဖွယ်ကောင်းလှ၏။


    ကိုယ်ကျိုးမငှဲ့သော ကျေးဇူးရှင်ဆရာတော်

    ဆရာတော်ဘုရားသည် ခြေဆစ်နာဒူးနာသော မထနိုင်အောင် ဝေဒနာပြင်းထန်နေချိန်၌ ညောင် လေးပင်တရားပတ်ဖွင့်ချိန်ဖြစ်၏။ တပည့်အကြီးဆုံးဖြစ်သော အလွန်အားထားရသည့် မုက္ခမူ ဘုန်းတော်ကြီး ဦးအာစိဏ္ဏနှင့် တပည့်ငယ်များကို စေလွှတ်ခဲ့၏။ သို့သော် ဆရာတော် သည် ဆရာဝန်ကြီး ဦးမြတ်ကျော်နှင့်အတူ ညောင်လေးပင်သို့ကြွရောက်၍ ပလ္လင်ပေါ်သို့ မတက်နိုင် သော်လည်း တည်းကျောင်း၌ပင် ပက်လက်ကုလားထိုင်ပေါ်မှ သီတင်းသုံးရင်း အားပါးတရ တရားဓမ္မများကို ဟောကြားပေးခဲ့၏။ ဆရာတော်ဘုရားသည် တရားနိဂုံးဆုံးတိုင်း (မေတ္တာ စေတနာများများဖြင့် ဟောကြားလိုက်ရသော တရားတော်များကို) ဟူ၍ အမြဲပင်မိန့်ဆိုကာ စေတနာထက်သန်စွာဖြင့် ဟောကြားတော်မူလေ့ရှိ၏။ အထူးသဖြင့် ဆရာတော်တွင် သွေးတိုး၊ အဆစ်နာကျင်ခြင်း၊ လိပ်ခေါင်းရောဂါများသည် ပျံလွန်တော်မူသည်အထိ နှိပ်စက်မှုကို ပဓာန မထားဘဲ သည်းခံ၍ သာသနာပြုလုပ်ငန်းကို ထမ်းဆောင်သွားခဲ့၏။ ဆရာတော်ဘုရား သည် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများနှင့် နှလုံးသွင်းကာ ပြင်းထန်သော ဝေဒနာများကို သည်းခံနိုင် ၏။ ဆရာတော်ဘုရားသည် မည်သည့်ကိစ္စမှာမဆို သည်းခံမှုကိုသာ လက်ကိုင် ထား၏။ သည်းခံမှုနှင့် ပတ်သက်၍ မည်သည့်ကိစ္စကိုမဆို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သည်းခံကြ အရှုံးဘက်ကသာနေကြရန် အမြဲဆုံးမတော်မူလေ့ရှိ၏။ တရားပြ သွားရာနေရာ ဒေသတွင် ရာသီပူပြင်း၍ ဖုန်ထောင်းထောင်းထနေသော နေရာများကို လည်း ကြွရောက်ရ၏၊ သီတင်းသုံး သောနေရာများရှိ အခက်ခဲများကို သည်းခံတော်မူ၏။ ဆရာတော်သည် ပင်ပန်းဆင်းရဲမှု တို့ကို တရားနှလုံးသွင်း၍ သည်းခံ၏၊ သတ္တဝါများအတွက် ယောဂီများအတွက် သာသနာ အတွက် မလျော့သောလုံ့လ၊ ဇွဲ၊ ဝီရိယတို့နှင့် မေတ္တာ၊ ဂရုဏာ၊ စေတနာထားကာ ဆောင်ရွက် တော်မူခဲ့၏။ ဆရာတော်ဘုရားမိန့်ဆိုလေ့ရှိတတ်သည်မှာ
    “သာသနာ့အလုပ် ငါ့အလုပ်၊ သာသနာ့တာဝန်သည် ငါ့တာဝန်၊ သာသနာ့ကိစ္စသည် ငါ့ကိစ္စ၊ သာသနာတော်နှင့် စပ်သမျှ လိုတာ ငါ့တာဝန်”

    Read more...

    ပါရမီထိုက်သည့်ဒါန... (အရှင်ဇ၀န) vcd

    မေတ္တာရှင် ဆရာတော် အရှင်ဇ၀န...

    နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

    ပါရမီထိုက်သည့်ဒါန... (အရှင်ဇ၀န) vcd


    Read more...

    ကာဠုဒါယီအမတ်၏ မြတ်စွာဘုရားအား ပင့်လျှောက်သော ဂါထာများ...

    မင်းကွန်းတိပိဋကဆရာတော်၏ မဟာဗုဒ္ဓ၀င် ၃- မှ...

    ကာဠုဒါယီအမတ်၏ မြတ်စွာဘုရားအား ပင့်လျှောက်သော ဂါထာများ...

    ဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရှိတော်မူပြီးနောက်...
    ခမည်းတော် သုဒ္ဓေါဒနမင်းကြီးမှ မြတ်စွာဘုရားအား ဖူးမျှော်လို၍၊ အမတ်တစ်ဦးကို အခြံအရံ တစ်ထောင်နှင့် စေလွှတ်ပါသော်လဲ၊ အမတ်ပေါင်း ကိုးဦးနှင့် အခြံအရံ ကိုးထောင်သာ ရှင်ရဟန်းဖြစ်သွားသည်။ မြတ်စွာဘုရားက ကြွတော်မမူလာ ထိုအခါ ဖွားဘက်တော် ကာဠုဒါယီအမတ်နှင့် အခြံအရံတို့ကို လွှတ်တော်မူသည့်အခါ၊ ကာဠုဒါယီမှ ဂါထာပေါင်း ခြောက်ဆယ်ကို ရွတ်ဆိုပူဇော် ပင့်ဖိတ်မှ မြတ်စွာဘုရား ကြွတော်မူလာလေသည်။

    ဒီဂါထာခြောက်ဆယ်က တန်ဖိုးရှိလှပါတယ်၊ ကာဠုဒါယီအမတ်ဟာ ကဗျာ ဂါထာ စီကုံးတဲ့အရာမှာ အလွန်တော်ပါတယ်။ ဘုန်းကြီး အသံနဲ့သွင်းပြီးတော့တောင် တင်ပေးချင်ပါသေးတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်း အသံကလဲမရ အဆိုကလဲမပိုင်ဆိုတော့ ဒကာဒကာမတို့အတွက် ခြောက်ခြောက်သွေ့သွေ့ကြီးပေါ့၊ စာဖတ်တဲ့အခါ ကိုယ်တစ်ယောက်ထဲဆိုတော့ အသံထွက်ပြီး ကဗျာဆိုသလိုလေးသာဆိုပါ ပိုပြီးကောင်းပါတယ်။
    ကဗျာဆရာတွေပါခဲ့ရင် မြန်မာကဗျာလေး စီလိုက်ပါ ခေတ်လူငယ်တွေအတွက် ပိုကောင်းသွားတာပေါ့...။
    dj လက်ထဲရောက်သွားရင်တော့ ဒုက္ခ...။ (dj ဆိုတာ သေသေချာချာတော့မသိပါ ခေတ်ကကွာသွားပြီလေ)

    စိတ်ဝင်စားခဲ့ကြရင် ဆက်ပြီးတင်ကြတာပေါ့...
    ခုတော့ ၁၁-မီးငြိမ်းအောင် ၁၂-ပိုဒ်တင်ပေးလိုက်ပါတယ်...။











    Read more...

    ဖြည့်ဆည်းရန်... (ဦးသုမင်္ဂလ) vcd

    ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

    နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

    ဖြည့်ဆည်းရန်...
    video


    Read more...

    ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည်...

    တိကပုဂ္ဂလပညတ်-မှ...

    မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
    ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် တူမျှ၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲ အပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ် အပ်၏။

    ထိုသို့ မှီဝဲအပ် မှီဝဲထိုက်သည်၏ အဖြစ်သည် အဘယ့်ကြောင့်နည်း၊ သီလ သီတင်း တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သီလစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသီလစကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသီလစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ သမာဓိ တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သမာဓိစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ပညာတူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ ပညာစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုပညာစကားသည်ကား ငါတို့ အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုပညာစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။
    122

    ၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။




    Read more...

    မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်..

    တိကပုဂ္ဂလပညတ်-မှ...

    မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် ယုတ်ညံ့၏၊ သနားခြင်း စောင့်ရှောက်ခြင်း မှတစ်ပါး ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။121

    ၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။


    Links to this post



    Read more...

    နှိုင်းဆရန် ခဲယဉ်းသော ပုဂ္ဂိုလ်...

    တိကပုဂ္ဂလပညတ်-မှ...

    နှိုင်းဆရန် ခဲယဉ်းသော 'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
    ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပျံ့လွင့်ခြင်းကင်း၏၊ တက်ကြွခြင်းကင်း၏၊ လျှပ်ပေါ်ခြင်းကင်း၏၊ နှုတ်ကြမ်းခြင်း ကင်း၏၊ ပရမ်းပတာ ပြောခြင်းကင်း၏၊ ထင်သော သတိရှိ၏၊ ပညာအဆင်အခြင်ရှိ၏၊ စိတ်တည်ကြည်၏၊ စိတ်တုန်လှုပ် ခြင်း ကင်း၏၊ စောင့်စည်းသော ဣနြေ္ဒရှိ၏၊ ဤပုဂ္ဂိုလ်ကို နှိုင်းဆရန် ခဲယဉ်းသော 'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

    ၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။



    Read more...

    ပဌမ ကဏှသပ္ပသုတ်- (မြွေဟောက်)

    ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

    အဘယ်ငါးမျိုးတို့နည်းဟူမူ -

    ၁။ မစင်ကြယ်၊
    ၂။ မကောင်းသော အနံ့ရှိ၏၊
    ၃။ အအိပ်ကြီး၏၊
    ၄။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊
    ၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

    ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

    ဒကာမကြီးတွေ ဆက်မကြည့်သင့် ထင်ပါသည်...


    ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

    အဘယ်ငါးမျိုးတို့နည်းဟူမူ...

    ၁။ မစင်ကြယ်၊
    ၂။ မကောင်းသော အနံ့ရှိ၏၊
    ၃။ အအိပ်ကြီး၏၊
    ၄။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊
    ၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

    ရဟန်းတို့ မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။229

    ၉ - ပဌမ ကဏှသပ္ပသုတ်၊ အရည၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။



    Read more...

    'လောကသည် မြဲ၏' 'လောကသည်မမြဲ'

    သင်္ခါရအညာဏသုတ်...

    သာဝတ္ထိနိဒါန်း...

    တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
    ''အသျှင်ဂေါတမ 'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်းကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ် ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက် အပံ့ကား အဘယ်ပါနည်း'' ဟု (လျှောက်၏)။

    ပြုပြင်မှု 'သင်္ခါရ' တို့၌ မသိခြင်းကြောင့်,
    ပြုပြင်မှု 'သင်္ခါရ' တို့ ဖြစ်ကြောင်း၌ မသိခြင်းကြောင့်,
    ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ၌ မသိခြင်းကြောင့်,
    ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်၌ မသိခြင်းကြောင့်
    'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်း ကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ် သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။

    'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊
    'လောကသည် မမြဲ' ဟူ၍ လည်းကောင်း။ပ။
    'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤ သည် ပင်တည်း ဟု (မိန့်တော်မူ၏)။ 610

    ၄ - သင်္ခါရအညာဏသုတ်၊ ဝစ္ဆဂေါတ္တသံယုတ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။


    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။



    Read more...

    သီလဝန္တသုတ်- (သီလရှိသောသူ)



    အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီ ပြည် ဣသိပတန မိဂဒါဝုန် တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာ ကောဋ္ဌိကသည် ညချမ်း အခါတစ်ပါးတည်း ကိန်းအောင်း နေရာမှ ထပြီးလျှင် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ ။ပ။

    ငါ့သျှင်သာရိပုတြာ သီလရှိသော ရဟန်းသည် ...
    အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်း အပ်ပါသနည်းဟု ပြောဆို၏။

    ငါ့သျှင်ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တ အနှစ် သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။

    အဘယ်ငါးမျိုးတို့နည်း ဟူမူ-

    ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊
    ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊
    သညာဟူသော ဥပါဒါ နက္ခန္ဓာ၊
    သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊
    ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။

    ငါ့သျှင် ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရား ဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တအနှစ် သာရ မရှိဟူ၍ အသင့် အားဖြင့် နှလုံးသွင်း အပ်ကုန်၏။ ငါ့သျှင် သီလရှိသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် သောတာပတ္တိ ဖိုလ်ကို မျက်မှောက်ပြု နိုင်ရာသော အကြောင်းသည် ရှိ၏။

    ငါ့သျှင်သာရိပုတြာ သောတာပန်ရဟန်းသည် ...
    အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်သနည်း။

    ငါ့သျှင်ကောဋ္ဌိက သောတာပန် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိ ဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သောတာပန်အဖြစ်သို့ ရောက်သော ရဟန်းသည် ဤဥပါဒါ နက္ခန္ဓာငါးမျိုး တို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

    ငါ့သျှင် သာရိပုတြာ သကဒါဂါမ်ရဟန်းသည် ...
    အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

    ငါ့သျှင်ကောဋ္ဌိက သကဒါဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သကဒါဂါမ်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တ အနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

    ငါ့သျှင်သာရိပုတြာ အနာဂါမ်ရဟန်းသည် ...
    အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

    ငါ့သျှင် ကောဋ္ဌိက အနာဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ် ကုန်၏။ ငါ့သျှင် အနာဂါမ် ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တ အနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

    ငါ့သျှင်သာရိပုတြာ ရဟန္တာသည် ...
    အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်း အပ်ပါကုန်သနည်း။

    ငါ့သျှင်ကောဋ္ဌိက ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပ ဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တ အနှစ် သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် ရဟန္တာအား တစ်စုံ တစ်ခုသော ရဟန်းကိစ္စကို နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရား ကိုလည်း ထပ်၍ ပွားများဖွယ် မရှိတော့ပြီ၊ စင်စစ်သော်ကား ဤတရားတို့ကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း အကျိုးငှါ လည်းကောင်း၊ သတိ, သမ္ပဇဉ် အလို့ငှါ လည်းကောင်း ဖြစ် ကုန်၏ ဟု (မိန့်တော်မူ၏)။ 122

    ၁ဝ - သီလဝန္တသုတ်၊ ဓမ္မကထိက၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။


    Read more...

    မိုးကုတ်ဆရာတော်ဘုရားကြီး-၂၂

    ကျောင်းဒကာဦးကျော်သိန်းသည် ထေရာသနစံကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းလာပြီး မြန်အောင်ဦးတင်၊ ကျားပျံဦးသန်းမောင်၊ အမရပူရဦးကြွယ်တို့ရှိရာ ဇရပ်ဆီသို့ ဦးတည်လှမ်းသွားလေသည်။ ဒကာရင်းများစုစည်းမိပြီး ဆရာတော့်ကျန်းမာရေးအခြေအနေ ဆွေးနွေးကြရာ ဆရာဝန်အမြန်ပင့်ရေးအတွက် သဘောညီကြသည်။ သို့ဖြင့် ဦးကျော်သိန်းမှာ ဆရာတော့်အား အကျိုးအကြောင်း လျှောက်တင်ရန် စံကျောင်းတော်ဖက်ဆီ ပြန်၍ လှမ်းခဲ့ရပြန်သည်၊ ကျောင်းပေါ်တက်သော် ဇနီးသည် ဒေါ်တင်လှ ဆက်ကပ်သော စွပ်ပြုတ်ဘုဉ်းပေးနေသည်ကို တွေ့ရသဖြင့် အသာပြန်ထွက်ခဲ့သည်။ ထို့နောက် အဖော်နှစ်ယောက်ကိုခေါ်၍ ဆရာဝန်ပင့်ရန် မန္တလေးသို့ အလျင်အမြန် သွားလေတော့သည်။
    …………………………………………………
    Get Your Own Player!
    ………………………………………………….
    စွပ်ပြုတ်ဘုဉ်းပေးပြီးနောက် အနီးသို့ရောက်လာကြသော ကျောင်းအမဒေါ်တင်လှနှင့် ယောဂီတစ်စုတို့အား တရားနှင့်စပ်သော သြ၀ါဒစကား မြွက်ကြားနေစဉ်၊ ဆရာတော်ကြီးမှာ ဖိစီးနှိပ်စက်သောဝေဒနာ ရုတ်တရက်ပေါ်လာလေသည်၊ မသက်သာသော အမူအရာများ ပြနေသည်။ ဒေါ်တင်လှက ကျောင်းပေါ်မှ ခပ်သုတ်သုတ်ဆင်းပြေးပြီး အကြောင်းကြားသဖြင့် ဦးသန်းမောင်တို့အပါအ၀င် ချက်ချင်းရောက်လာကြသည်။ ဆရာတော်က ဦးသန်းမောင်ကို လှမ်းကြည့်ပြီး- “ဦးသန်းမောင်….၀မ်းချူပေးစမ်းဗျာ၊ ခန္ဓာဝန်ကြီးက တယ်……လေးတာပဲ” ဟူ၍ မိန့်တော်မူကာ အိပ်ခန်းတွင်းသို့ ၀င်သွားသည်။ ၀မ်းချူပြီးသွားသောအခါ ကိုယ်တိုင်ထ၍ ကုဋီခန်းသို့ ဆင်းသည်၊ ဘေးမှဝိုင်းဝန်း ကူညီ ဖေးမကြသည်ကို လက်မခံပေ၊ ဆရာတော်၏ အနေအထားမှာ မသက်သာသော အမူအရာများ ပေါ်နေသော်လည်း အသွားအလာမှာပုံမှန်၊ စကားပြောလည်း ပုံမှန်သာ ဖြစ်လေသည်။

    ……………………………………..
    အားလုံး၏ ရင်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်စွာ လေးလံနေကြသည်၊ ဖိစီးမှုတစ်ခုခုကို ခံစားနေရသည်ကဲ့သို့ရှိချေသည်။ “ဆရာဝန်ကြီး ရောက်လာပြီတဲ့” ၊ ငြိမ်သက် ငေးမှိုင်နေသူများ တက်ကြွ လှုပ်ရှားလာကြတော့သည်။ ဒေါက်တာဆိုနီသည် ရောက်လျှင်ရောက်ချင်း ရောဂါကို စမ်းသပ်ပြီး လိုအပ်သော ဆေးတို့ကို ထိုးနှံပေးသည်၊ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်၍ ဒေါက်တာဆိုနီက- ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဆရာဝန်ကြီး စောမြအောင် ကိုထပ်မံအပင့်ခိုင်းလေသည်။ မကြာမီပင် ဆရာဝန်ကြီး စောမြအောင်ရောက်လာ၍ ဒေါက်တာဆိုနီနှင့်တိုင်ပင်ကြကာ ဆက်လက်ကုသကြသည်။ အချိန်ကား နေ့ခင်း ၁-နာရီခန့် ရှိသွားပေပြီ။

    ………………………………………….
    စိုးရိမ်တကြီးဖြင့် သံဃာတော်များပါ အနီးသို့ ရောက်လာကြသည်။ မိုးကုတ်ဆရာတော်ကြီးမှာ ဝေဒနာ၏ ပြင်းစွာ နှိပ်စက်မှုကို ခံနေရလေသည်၊ ဘေးမှ ၀ိုင်းဝန်းကြည့်ရှုနေသော ရဟန်းသံဃာတော်များနှင့် ဒကာ ဒကာမ များမှာ မျက်နှာလေးများ ငယ်ငယ်ဖြင့် နွမ်းနေကြသည်။ ဆရာတော်ကြီးသည် ဝေဒနာကြားမှ ခေတ္တရုန်းထွက်ပြီး အနီးရှိ ပရိတ်သတ်အား-“ခန္ဓာရတဲ့သူတိုင်း ခံစားရတဲ့ဝေဒနာကို ကြည့်ထားလိုက်ကြ” ဟူ၍ မိန့်တော်မူကာ အနီး၌ရှိသော ဦးသစ်အား “တရားဟောဖို့ ပြင်ဆင်ပြီးပြီလား” ဟု မေးတော်မူလိုက်ရာ အားလုံးရင်ထဲ နင့်ခနဲ ဖြစ်သွားကြသည်။

    ……………………………………………
    အချိန်သည် တစ်ချက်ချက်နှင့် စက္ကန့်တိုင်း တရွေ့ရွေ့ ပြောင်းလွဲနေပေသည်။ ဆရာတော်ဘုရားကြီး၏ အခြေအနေမှာ မသေချာမရေရာတော့ချေ။ ကြပ်ကြပ်မတ်မတ်ကုသပေးနေသည့်ကြားက ဝေဒနာတို့မှာ တိုး၍သာနေသည်။ ထို့ကြောင့် ဆရာဝန်ကြီး နှစ်ယောက်၏ ဆန္ဒမှာ မည်သူ့ကိုမျှ ဆရာတော့်အခန်းထဲသို့ ထပ်မံပေးမ၀င်လိုတော့ပေ။ အချိန်တွေကြာလေ အားလုံးရင်မှာ ပူလောင်လာလေဖြစ်သော်လည်း၊ ဆရာတော်ကြီးကား ယခုမှပင် ပို၍ တည်ငြိမ်လာသည်ကဲ့သို့ ရှိသည်။ ဤသို့ရှိစဉ် ဦးချစ်ဆွေနှင့်ဒေါ်မမတို့မှာ ဆရာတော်ကြီးအား ကန်တော့လိုသဖြင့် လူအုပ်ထဲတိုးဝင်ပြီး အနားသို့ရောက်လာကြရာ- “မောင်ချစ်ဆွေ……..ဒီတစ်ခါတော့ မရတော့ဘူးကွ၊ ဟဲ့…..မမ ကြည့်ထား၊ ခန္ဓာရတဲ့သူတိုင်း ဒီလိုပဲ ဝေဒနာတွေနဲ့ တွေ့ရမယ်” စသည်ဖြင့် မိန့်တော်မူကာ၊ အနီးတွင် ၀ိုင်းအုံ ကန်တော့နေကြသော ရဟန်း သံဃာတော်များနှင့် ဒကာဒကာမ များအား- “ခန္ဓာရှိတဲ့သူတိုင်း ခံစားရမည့် ဝေဒနာတွေကို ကျော်လွန်အောင် (ဝေဒနာဖြစ်ပျက်တို့ရဲ့ အဆုံးကို တွေ့အောင်) ရှုကြ၊ မမေ့မလျော့ နေရစ်ကြ……” ဟူ၍ နောက်ဆုံးအနေဖြင့် သြ၀ါဒပေးတော်မူသည်။ ထို့နောက် လက်ယာဘက် နံတောင်းဖြင့် စောင်းလျက် သီတင်းသုံးတော်မူပြီးလျှင် တရားနှလုံးသွင်းတော်မူနေသည်၊ ပရိတ်သတ်လည်း လက်အုပ်များ ကိုယ်စီချီပြီး ငြိမ်ကျသွားသည်။ မကြာမီပင် ဆရာတော်ဘုရား၏ ထွက်သက်ဝင်သက်တို့သည် တဖြည်းဖြည်းနှင့် နူးညံ့သိမ်မွေ့သွားကြသည်၊ ခန္ဓာကိုယ်လှုပ်ရှားမှုလည်း ညင်သာသွားသည်။ ဤသို့လျှင် တဖြည်းဖြည်း တရွေ့ရွေ့နှင့် နူးညံ့သိမ်မွေ့သွားကြရာမှ နောက်ဆုံးတွင် လုံးဝလှုပ်ရှားမှုမရှိတော့ဘဲ အပြီးတိုင် ငြိမ်သက်ငြိမ်းအေးသွားတော်မူသည်။
    ………………………….
    ကောဇာသက္ကရာဇ် ၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄-ရက် (ခရစ် ၁၉၆၂-ခု၊ အောက်တိုဘာလ ၁၇-ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁-နာရီ၊ မိနစ် ၂၀



    Read more...

    *အချစ်မှာ အပြစ်မရှိပါ*

    စာရှုသူတို့တော့ ထင်မှာပဲ.. ဒီ ဖိုးသား ကတော့ ဘာသာရေး ဘလော့လည်း ရေးသေး အချစ် အကြောင်း တွေလည်း ပြောသေးလို့။ ထင်ချင်သလို ထင်နိုင်ပါသည်။ ပြဿနာ မရှိပါ။ ဆရာတော် အရှင် ဆန္ဒာဓိက တို့၊ ဆရာတော် အရှင် ရာဇိန္ဒ (ရဝေနွယ်- အင်းမ) တို့ကို အားကျပါသည်။ အချစ် အကြောင်းမှ တရား လမ်းကြောင်း ပေါ်သို့ ဆွဲခေါ် သွားတတ်၍ ဖြစ်ပါသည်။ ဥပမာ အားဖြင့် ဆရာတော် အရှင်ဆန္ဒာ ဓိက၏ *အချစ်ကံ ခေပေမယ့် အနှစ်ကျန် စေရမယ်*၊ ဆရာတော် ရဝေနွယ်၏ *အချစ်နှင့် ၀ိပဿနာ* ဟူသည့် စာအုပ်မျိုးကို တော်တော် သဘော ကျပါသည်။

    ဖြစ်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤလောကီ လူသားတိုင်း အချစ်နှင့် မကင်းနိုင် ကြပါ။ ချစ်ပုံ ချစ်နည်းတွေ ကွာကောင်း ကွာနိုင် သော်လည်း လူတိုင်း ချစ်တတ် ကြသည်။ အမိအဖ၊ ဆွေမျိုး သားချင်း၊ ရောင်းရင်း သူငယ်ချင်း ကဲ့သို့ လူအချင်း ချင်းလည်း ချစ်ကြသည်။ ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကဲ့သို့သော သတ္တ၀ါတွေ အပေါ်မှာလည်း ချစ်သည်။ ချစ်နည်း ချစ်ဟန် တွေကလည်း မျိုးစုံပါသည်။

    ဤသို့ ချစ်သည်ကား ကျွန်တော် မပြောလိုပါ။ ကျွန်တော်လည်း ချစ်တတ် ပါသည်။ သို့သော် ကျွန်တော် ပြောလို သည်ကား…

    လူသားတို့သည် ကိုယ်ချစ်သော သူနှင့် အတူနေရ၊ ပေါင်းဖက် ရသောအခါ ရရှိလာသည့် ပျော်ရွှင်မှု ရသကိုတော့ ကြိုက်ကြသည်။ ကိုယ်ချစ်သော သူနှင့် အတူတကွ မနေရသော အခါမျိုး၊ ကိုယ့်ကို ခွဲခွါ သွားသော အခါမျိုးတွင် မပူဆွေး မ၀မ်းနည်း မကြေကွဲသူ ကတော့ တော်တော် ရှားမည် ထင်ပါသည်။ ပျော်ရွှင် ၀မ်းနည်း၊ တွေ့ဆုံ ကြုံကွဲ ဤသည်မှာ လောကနိယာမ၊ ဖြစ်မြဲ ဓမ္မာတာပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဤသည်ကိုလည်း ကျွန်တော် မပြောလိုပါ။ သို့သော် ဤသို့ အချစ်နှင့် ပတ်သတ်၍ ထိတွေ့ ခံစား လာကြရင်းဖြင့် ကိုယ့်စိတ်နှင့် မကိုက်သည့် အခါ မျိုးတွင် အချစ်ကို ဝေဖန် လာကြသည်။ အချစ် ၀င်ရာမှ အပြစ် မြင်လာကြသည်။ အပြစ်တင် လာကြသည်။

    ကျွန်တော် စဉ်းစား ကြည့်မိသည်။ အချစ်မှာ အပြစ် ရှိပါသလား.. ဟူ၍။ ထားပါ။ ဤသည်ကို အရင် မပြောခင် ကျွန်တော် ချစ်သော သူများ အကြောင်း နည်းနည်း ပြောချင်ပါသည်။ ကျွန်တော် အမေ့ကိုလည်း ချစ်သည်။ အဖေ့ကို လည်းချစ်သည်။ ကြောင်လေး တွေ၊ ခွေးလေးတွေ ကဲ့သို့သော သတ္တ၀ါ တွေကိုလည်း ချစ်သည်။ အွန်စော ကဲ့သို့ အချော အလှလေးတွေ မြင်လျင်လည်း ချစ်သည်။ အမျိုးသမီး တွေကိုလည်း ချစ်သည်။ အမျိုးသားတွေ ကိုလည်း ချစ်သည်။ (တစ်မျိုး မထင်ပါနှင့်ဦး၊ ထပ်ရှင်း ပါမည်။) ချစ်စရာ ကောင်းသော အရာလေးများ မြင်လျင်လည်း ချစ်ပါသည်။

    အချစ်မှာ အပြစ်ရှိ သလား ဟူသည့် မေးခွန်း၏ အဖြေကို အမေးလေး တွေနှင့် ကျွန်တော် မေးကြည့် ချင်ပါသည်။ စာရှုသူများ ယင်း မေးခွန်းလေး များကို ဖတ်ရင်း အဖြေကို အနည်းငယ် စဉ်းစားကြည့် စေချင်ပါသည်။

    ၁) အဖေ အမေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
    ၂) သတ္တ၀ါတွေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
    ၃) ဆန့်ကျင်ဘက် လိင်ကို ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။
    ၄) လိင်တူချင်း ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။

    မေးခွန်းတွေ ကတော့ မေးချင်လျှင် မေးချင် သလောက် ထွက်လာ ပါဦးမည်။ ဒီလောက်ကိုပဲ အရင်ဆုံး စဉ်းစား ဆင်ခြင်ရင်း အဖြေ ညှိကြည့် ရအောင်။

    နံပါတ် တစ်ကို မဖြေခင် နောက်ထပ် အမေးတစ်ခု မေးချင် ပါသေးသည်။ သင်သည် ယခု မိဘနှင့် အဝေး တစ်နေရာတွင် ရောက်ရှိနေပါက သင့်မိတို့အား လွမ်းဆွတ် သတိရနေ မည်လားဆိုလျှင် သင်မည်သို့ အဖြေ ပေးမည်နည်း။ ကျွန်တော် ဖြေရလျှင်တော့ မိဘတို့အား သတိ ရသင့်ပါသည်။ သတိ ရရပါမည်။ ကျွန်တော်လည်း သတိရပါသည်။ သို့သော် စွဲလမ်းမှု ကင်းသော၊ တမ်းတမှု မပါသော ချစ်ခြင်း မျိုးဖြင့် သတိရခြင်းမျိုး ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်ရပါမည်။ အဘယ် ကြောင့်ပါနည်း။

    ဤနေရာတွင် ဘာသာရေး အသိ အနည်းငယ် ရှိပြီး သူများ အဖို့ အချစ်တွင် အပြစ် မရှိကြောင်း ရိပ်ဖမ်း သံဖမ်း သိလောက်ပြီ ထင်ပါသည်။ ထပ်ရှင်း ပါဦးမည်။

    ကျွန်တော်၏ အမေသည် တစ်ဦး တည်းသော သားဖြစ်သော ကျွန်တော့်ကို ချစ်ပါသည်။ မျက်စေ့ အောက်မှ အပျောက် မခံချင် လောက်အောင် ချစ်ပါသည်။ ကျွန်တော် ယခုလို အမိမြေနှင့် အဝေး တစ်နေရာ ရောက်နေ သော်လည်း ကျွန်တော့် အမေသည် ကျွန်တော့် အသံအား နေ့စဉ် မပြတ် ကြားချင် နေပါလိမ့်မည်။ ကျွန်တော့် ရုပ်ရည်ကိုလည်း နေ့စဉ် နီးပါး မြင်ချင် နေပါလိမ့်မည်။ စားကောင်း သောက်ကောင်းများ စားရသော အခါတွင်လည်း ကျွေးချင် နေပါလိမ့်မည်။ ဤသည်ကို မိဘ မေတ္တာဟု ဆိုလျှင် ကျွန်တော် မငြင်းပါ။ သို့သော်…

    ကျွန်တော့် အမေအကြောင်း ကျွန်တော် သိပါသည်။ သားကို ချစ်သော အချစ်တွင် တွေ့ချင် မြင်ချင်သော၊ အသံကြား ချင်သော တဏှာ စွဲလမ်းမှုများ ရောပြွမ်း နေပါသည်။ ဤနေရာတွင် တဏှာ ဟူ၍ စကားလုံး ကြီးသွားသည်ဟု စာရှုသူတို့ ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိ စရာ၊ ကြံတွေးစရာ တို့ အပေါ် နှစ်သက်ခြင်း ကို တဏှာဟု ဆိုထားလေရာ ကျွန်တော့်အား အမေ မြင်ချင် တွေ့ချင်နေမှု၊ ကျွန်တော်က အမေ့အား တွေ့ချင် မြင်ချင်နေမှု ဤသည်တို့သည် တဏှာပင် ဖြစ်၍ ကျွန်တော် သုံးနှုန်း လိုက်ပါသည်။ ဆိုလိုသည်မှာ စွဲလမ်းမှု မကင်းသော ချစ်ခြင်းဖြင့် ကျွန်တော့်အား ချစ်နေ ခြင်းပင် ဖြစ်ပါသည်။

    ဤသို့ ဆိုလျှင် အမေ ကျွန်တော့် အပေါ်ချစ်သော အချစ်သည် အပြစ်ရှိသလား၊ မရှိပါ။ အချစ်မှာ ရာနှုန်းပြည့် အပြစ် မရှိပါ။ ထိုအချစ် အပေါ် စိုးမိုး ထားသည့်၊ အရောင်ခြယ် ထားသည့် စွဲလမ်းမှု တွင်သာ အပြစ် ရှိပါသည်။ ဤတွင် နံပါတ်တစ် အဖြေ ပြေလည် လောက်ပါပြီ။ နံပါတ် နှစ် သတ္တ၀ါ တွေအပေါ် ချစ်ခြင်း တွင်လည်း အပြစ်မရှိကြောင်း နံပါတ်တစ်ကို ကြည့်၍ လုံလောက်ပြီ ထင်ပါသည်။

    နံပါတ် သုံးနှင့် နံပါတ်လေး လိင်တူ လိင်ကွဲ ချစ်ခြင်းတွင်လည်း အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ်ရှိကြောင်း ပေါ်လွင်လောက် ပါပြီ။ လိင်တူ လိင်ကွဲ ချစ်ခြင်းဟု ကျွန်တော် ဆိုခဲ့၍ အဓိပ္ပါယ်ကောက် လွဲနိုင်ပါသည်။ အနည်းငယ် ထပ်ရှင်းပါမည်။

    ကျွန်တော်က လိင်တူ ဖြစ်သော အဖေ့ကို ချစ်သည်။ ပြဿနာ မရှိ။ မောင်လှက လိင်တူ ဖြစ်သော သူ့အစ်ကိုကို ချစ်သည်။ ဒါလည်း ပြဿနာ မရှိ။ ကျွန်တော်က ကိုဝင်းမြင့်ကို ချစ်သည်။ ကိုဝိမုတ္တိ သုခကို ချစ်သည်။ ကိုဥပါ သကာကို ချစ်သည်။ ဤနေရာ တွင်လည်း တကယ်တန်း သေသေ ချာချာ စဉ်းစားလျှင် ပြဿနာ မရှိပါ။ သို့သော် ငြားလည်း ချစ်သည် ဆိုသော စကားလုံး၏ ရှေ့တွင် ကြိယာ ၀ိသေသနပုဒ် တစ်ခု ထပ်ပေါင်းဖို့ လိုလာပါပြီ။ အဘယ်ကဲ့သို့ ချစ်သနည်း ဆိုသည့် ကြိယာပုဒ်။

    ထိုသူ သုံးယောက် လုံးအား ကျွန်တော် အစ်ကို သဖွယ် ချစ်ပါသည်။ မိတ်ဆွေ ကဲ့သို့ တန်ဖိုးထား ချစ်ခင်ပါသည်။ သွန်သင် ဆုံးမ လမ်းညွှန် ပြသသော ဆရာတွေ လိုလည်း ချစ်ပါသည်။ သို့သော် ကျေးဇူးတရား၊ သွန်သင် ဆုံးမခဲ့မှု တို့အား သတိရ မိတိုင်း၊ ထိုသူတို့အား မြင်ချင် တွေ့ချင် နေသော စွဲလမ်းမှု ကင်းပျောက်အောင်၊ တမ်းတမှု မပါသည့် ချစ်ခြင်း မျိုးဖြင့် ချစ်တတ် အောင်တော့ တော်တော် အားထုတ် ရပါသည်။ ဘာကြောင့် လည်းဟု မေးလာလျှင် အဖြေ အဆင်သင့် ရှိပါသည်။ ယင်း အဖြေမှာ *ကျွန်တော်သည် ပုထုဇဉ် တစ်ယောက် ဖြစ်သောကြောင့်*။ သည်တွင်လည်း လိင်တူ ချစ်ခြင်း ပြဿနာ ပြေလည်သလို အချစ်မှာ အပြစ် မရှိကြောင်းလည်း ပေါ်လွင် ပါပြီ။ မစွဲ လမ်းသော ချစ်ခြင်း ဖြစ်ဖို့သာ လိုပါသည်။

    ဆန့်ကျင်ဘက် လိင်တို့အား ချစ်ခြင်းဟူသော နံပါတ် လေးတွင်လည်း.. ကျွန်တော် ပြောခဲ့ပါသည်။ အွန်စောကဲ့သို့ ချစ်စရာ လေးများ မြင်လျှင် ကျွန်တော် ချစ်ပါသည်။ သို့သော် စွဲလမ်းမှု တဏှာ ပါမပါ ကိုတော့ ကျွန်တော့်ကိုယ် ကျွန်တော်သာ အသိဆုံး ဖြစ်ပါ၍ ထည့်မရေး တော့ပါ။ စာရှုသူလည်း ယောက်ျား လေးဖြစ်လျှင် ထိုသို့ ချစ်စရာ ကောင်းသော မိန်းမပျိုလေး များအား မြင်ပါက ချစ်မိ သွားနိုင်ပါသည်။ သို့သော် ထိုသို့ ချစ်မိသည့် အခါမျိုးတွင် လိုချင် တပ်မက်သည့် လောဘ၊ လိုချင်တာ မရ၍ အလို မကျသည့် ဒေါသများ ရောယှက် လာပါက အချစ်ကို အပြစ် မတင်ပါနှင့်။ အချစ်မှာ အပြစ် မရှိပါ။ ထိုအချစ်ကို အသုံးချ၍ ဖြစ်တည် နေသော စွဲလမ်းမှု တဏှာ၊ ဥပါဒါန် တို့ အပေါ်တွင်သာ အပြစ် ရှိပါသည်။

    ချစ်စရာ လေးများ မြင်၍ ချစ်ခြင်းသည် အပြစ် မရှိကြောင်း၊ ထို အရာလေး များကို စွဲလမ်းနေသော တဏှာ၊ ဥပါဒါန် အပေါ်တွင်သာ အပြစ် ရှိကြောင်း ကိုလည်း ဘုန်းဘုန်း ဦးကောသလ္လ တရား တစ်ပုဒ်မှာ ဟောကြား ဖူးပါသည်။ ထိုတရားထဲမှာပင် ထင်ပါသည်။ ဘုန်းဘုန်းက သုံးစွဲ ဟူသည့် စကား လုံးလေးအား ခွဲခြား ပြသွားခဲ့ပါသည်။ သုံး တော့သုံးပါ၊ မစွဲပါနှင့်.. ဟူ၍။

    မှန်ပါသည်။ ကျွန်တော် တို့တတွေသည် လူ သတ္တ၀ါ၊ အသုံးကျမည့် အရာတွေ အပေါ် ချစ်ခင်မှု၊ တပ်မက်မှု၊ စွဲလမ်းမှုတို့ ဖြင့် အသုံးချနေ၊ အသုံးပြု နေကြသည်။ ထိုသို့ သုံးနေရင်းမှလည်း စွဲလမ်း သွားတတ် ကြပါသည်။

    ဥပမာ ဆောင်ပါဦးမည်။ ယခု ကျွန်တော်သည် http://sonesiyar.blogspot.com/ (အဖြူရောင် မေတ္တာ) ဟူသော အမည်ဖြင့် ဘာသာရေး ဆန်ဆန် ရေးခဲ့သည်မှာ ၇-လ ကျော်ခဲ့ ပါပြီ။ ကျွန်တော့် ဘလော့ လေးအား ကျွန်တော် ချစ်ပါသည်။ တန်ဖိုး ထားပါသည်။ ထိုသို့ တန်ဖိုးထား ချစ်ခင်ရာမှ ထိုဘလော့ လေးအား တစ်နေ့ တစ်ခေါက်မှ မမြင်ရလျှင် မနေ နိုင်အောင် ကျွန်တော် စွဲလမ်း နေမိ ပါသည်။ ဤသည် ကိုလည်း ကျွန်တော် သိပါသည်။ သိသိကြီးနှင့် ထိုစွဲလမ်းမှု အသိသည် ပုထုဇဉ် ပီပီ ဖျောက်ရ ခက်နေပါသည်။ ဖျောက်ရ ပါဦးမည်။ ထိုသို့ ဘလော့ လေးအား စွဲလမ်း ချစ်ခင်ရာတွင် အချစ်မှာ အပြစ် မရှိကြောင်း ကိုတော့ ကျွန်တော် ကောင်းကောင်း သဘော ပေါက်ပါသည်။

    စာရှုသူတို့လည်း အချစ်မှာ အပြစ် မရှိကြောင်း သဘော ပေါက်လောက် ပြီဟု ယုံကြည် ပါသည်။ ထို့ပြင် ကျွန်တော့်လို ချစ်ရာမှ စွဲလမ်းမှု ဘက်သို့ ကူးသွား သူများလည်း ရှိမည်မှာ မြေကြီး လက်ခတ် မလွဲပါ။ သို့သော် ကျွန်တော်တို့ တတွေသည် ထိုကဲ့သို့ အချစ်မှ တဆင့် စွဲလမ်းလာ မှုတို့အား တဖြေးဖြေးနှင့် ပျောက်အောင် ဖျောက်ရပါမည်။ ပြတ်အောင် ပယ်သတ် ရပါမည်။

    ကျွန်တော်က ဤကဲ့သို့ ပယ်သတ် ရမည် ပြော၍ စာရှုသူတို့က ပယ်သတ်ဖို့ ခက်သည်ဟု ဆိုကောင်း ဆိုနိုင် ပါသည်။ ကျွန်တော် မငြင်းပါ။ ဘ၀ အဆက်ဆက်မှ အထုံ ပါလာသော ထို စွဲလမ်းမှုသည် ပျောက်အောင် ဖျောက်ဖို့ ပယ်သတ်ဖို့တော့ အကျင့် မရှိသေး သူများ အဖို့ တော်တော် ခက်ပါမည်။ သို့သော် သံသရာ လည်ကြောင်း ဖြစ်သော ထို စွဲလမ်းမှုအား ကျွန်တော်တို့ တတွေ ခက်ခက် နှင့်ပင် တဖြေးဖြေး ပယ်သတ် သွားရပါမည်။ မဖြစ်နိုင်သည့် ကြားကပင် ဖြစ်အောင် လုပ်သွား ရပါမည်။ ကိုဝင်းမြင့်က ကျွန်တော့်အား “မဖြစ်နိုင်သည့် ကြားက ဖြစ်အောင် လုပ်နိုင်တာလည်း အရည်အချင်း တစ်ရပ်ပ” ဟူ၍လည်း ပြောဖူးပါသည်။

    ကျွန်တော်လည်း ဟိုလျှောက်ရေး၊ ဒီလျှောက်ရေးနှင့် များသွားပြီ ထင်ပါသည်။ အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ် ရှိကြောင်းလည်း ပေါ်လွင် လောက်ပါပြီ။ ထို စွဲလမ်း တမ်းတမှုအား ပယ်သတ်ခြင်းနှင့် စပ်လျဉ်း၍ ဆရာတော် ဦးကောသလ္လ၏ ဆုံးမစကား တစ်ခွန်းဖြင့် ကျွန်တော့် ရေးသားမှုအား အဆုံးသတ်ပါမည်။

    လုပ်မိဖို့ ခက်ပါသည်၊ လုပ်ကြည့်ရင် လွယ်ပါသည်။

    ****************************************
    လေးစားစွာဖြင့်
    ဖိုးသား


    Read more...

    အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၃)

    From Myanmar trip 01


    မနက်ဖြန်နှင့် ဆရာတော် ဦးမဟောတို့ သွားရောက်ခဲ့သော ခန့်ဝင်တောရကျောင်း၏ တည် နေရာသည် ရန်ကင်းတောင်ခြေ၏ တောင်ဘက်အစွန်းနှင့် ဥယျာဉ်စာသင်တိုက်၏ အရှေ့တောင်ဘက် အစွန်းတွင်တည်ရှိသည်။ မြစကြာဆရာတော်သည် နိုင်ငံကျော် ဓမ္မကထိဖြစ်သော်လည်း ယခုအခါ တစ်ပါးတည်း ဧကစာရီကျင့်သုံးလျက် မန္တလေးမြို့ ပေါ်သာ တရားရေအေး တိုက်ကြွေးလျက်ရှိသည်။

    မြစကြာဆရာတော်သည် နှစ်ပေါင်း ၁၅-နှစ်ကျော် မလွန်ဓမ္မကထိကအဖြစ် သီတဂူဆရာတော်၊ မိုးတာဆရာတော် ဦးသူရိယာဘိဝံသ၊ ဆရာတော်ဦးမဟောတို့နှင့်အတူ မင်းကွန်းဆရာတော်၏ သြ၀ါဒကို ခံယူလျက် စစ်ကိုင်းတောင်နှင့် မင်းဝံတောင်ရှိ ရဟန်း သာမဏေ သီလရှင်တို့ကို ပြုစုလုပ်ကြွေးခဲ့သည်။

    စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းကို တည်ထောင်ကာ ယခုလက်ရှိ ဆရာတော် ဦးဣန္ဒကာ ဘိဝံသကို အပ်နှံခဲ့သည်။ ဆရာတော်သည် နှစ်ပေါင်းများစွာ တပါးသူတို့အတွက် တက်စွမ်းသမျှ လုပ်ဆောင်ခဲ့ဖြစ်၍ ယခုအခါ ကိုယ့်အတွက် လုပ်ဖို့လိုအပ်သေးသည်ဟု ခံယူထားသောကြောင့် ဧကစာရီကျင့်နေသည်ဟု သိရှိရသည်။

    ‘’မောင်နာယကရေ…ရဟန်း ဘ၀ဆိုတာ ဘာလဲ? ရဟန်းအလုပ်ဆိုတာ ဘာလဲ? မေးခဲ့ရင် စာအုပ်ထဲကအတိုင်းတော့ လာမပြောနဲ့ကွ၊ အဲဒါတော့ ငါလည်း စာသင်လာတာဘဲ၊ သိတာပေါ့ကွ။ လက်တွေ့ကျကျ ကိုယ်တိုင်း ရဟန်းဘ၀နဲ့ ရဟန်းအလုပ်ကို ဘယ်လောက် လုပ်ဘူးသလဲဆိုတာ သိဖို့အရေးကြီးတယ်”ဟု မိန့်ကြားခဲ့သည်။

    ဆရာတော်ဦးမဟောနှင့် မြစကြာဆရာတော်တို့သည် သီတဂူအာယုဒါနဆေးရုံတော်ကြီးတည် ဆောက်မည့်နေရာကို ဘိုးဘွားရိပ်သာအဖြစ် တည်ထောင်ဖို့ ရွယ်ရည်ထားသူများဖြစ်ခဲ့ကြ သည်။ နေရာကိုပိုင်ဆိုင်သူသည် မြစကြာဆရာတော်ဖြစ်သည်။ ဘိုးဘွာရိပ်သာတည်ထောင်လို သူသည် ဆရာတော် ဦးမဟောဖြစ်သည်။ ထိုသို့ရည်ရွယ်စဉ် သီတဂူဆရာတော်နှင့် တိုင်ပင်သောအခါ သီတဂူဆရာတော်မှ ငါတော့ စစ်ကိုင်းမှာလိုအပ်နေတဲ့ သံဃာ့ဆေးရုံတည် ထောင်ချင်တယ်ကွာဟု ပြောသောကြောင့် ပထမအကြံအစည်ကို အကောင်အထည်မဖေါ်ပဲ သီတဂူဆရာတော်ဖြစ်ချင်သည့် ဆေးရုံလုပ်ငန်းကို အကောင်ထည်ဖေါ်ခဲ့ကြသည်။

    ထို့ကြောင့် ယခုလက်ရှိ သီတဂူအာယုဒါနဆေးရုံနေရာကို လှူသူသည် မြစကြာဆရာတော်ဖြစ် ကြောင်း သိရှိခဲ့ရသည်။ ထိုဆေးရုံကြီး တည်ဆောက်နိုင်ဖို့အတွက် နေရာသည် သုဿာန် နေရာဖြစ်သောကြောင့် မြစကြာဆရာတော်ဦးဆောင်ကာ အုတ်ဂူသန်ရှင်းရေနှင့် သုဿာန် ပြောင်းရွေ့ခြင်းများကို အစအဆုံး လုပ်ဆောင်ခဲ့သည်ကိုလည်း သိရှိခဲ့ရသည်။


    မြစကြာဆရာတော် ငယ်ရွယ်စဉ် ဓမ္မကထိကဘ၀က ပုံတော်


    ဆရာတော် ဦးမဟောနှင့် မြစကြာဆရာတော်တို့စကားလက်ဆုံကြနေစဉ်


    Read more...

    I Love You


    When somebody says, "I love you", we feel very happy, but we don't really believe it. We always have this fear in our minds, "When he/she knows more about me he/she will not love me any more. I have to be prepared for that. I have to be prepared for being rejected." We don't have complete trust; we are always uncertain. Are we really sure when we say, "I love you"? Very rarely. It seems rare to know somebody who can really understand you. When you have nobody who understands you (or at least tries to understand or empathise with you), you feel very lonely. How many lonely people are there in this world of five billion people? Is there real contact between one person and another? Can we really touch another human being? Will you let another person touch you?


    You want someone to love you. Yet when you love someone you don't feel that you're worthy of their love. To make you feel worthy of his love you must sacrifice yourself, but that kind of relationship is never secure and satisfying. Security in relationships: it's possible only for those who are mature and secure in themselves. Those who have feelings of insecurity and unworthiness will never feel secure in any relationship.


    People usually don't love someone who has sacrificed for them; they don't want to be indebted to anybody. And even more so if you remind them of how much you have sacrificed for them. Strange? Yes, people are strange. If you have helped someone it's best for you if you then forget about it. If they remember, it's nice of them, but if you remind them of how much you have done for them, they'll hate you for it.


    "If I sacrifice for him he'll love me forever." No! Don't deceive yourself.


    "I love you not for what you've done for me, but for who you are."


    "I'll forgive him and he'll forgive me, and we'll love each other." No! That's a kind of bargaining.


    People want to be loved, including you and me, but what we do to be loved is different.


    To be loved unconditionally, that is what we really want. But can we love ourselves unconditionally?


    Do you love yourself? Strange question. We don't think about it.


    It is easier to love than to understand, it is better still if the two go together.



    We must learn to love without becoming dependent or possessive. Pure love doesn't cause pain.



    Real metta is necessary in relationships; without it relationships don't mean much. With metta comes acceptance, understanding and tolerance. We are not perfect and nobody is perfect. To see our own imperfection and to feel OK about it is very important to our happiness and even to the progress in our practice. If we cannot accept our imperfection how can we accept somebody else's?



    People could live in harmony if they were willing to give each other as much freedom as possible, if they were not so manipulative or bossy.



    (Quoted from the book, "Snow In The Summer" by Sayadaw U Jotika.)



    Read more...

    မိုးကုတ်ဆရာတော်ဘုရားကြီး-၂၁

    ရုပ်နာမ်နှစ်ပါးနှင့် လမ်းခွဲသည့်နေ့ (နံနက်ပိုင်း အခြေအနေ)

    နံနက်စောစော ၅-နာရီအချိန်။ မိုးကုတ်ဆရာတော်ကြီးသည် ထေရာသန စံကျောင်းတော်ပေါ်တွင် ကျောင်းအမဒေါ်တင်လှလာရောက်ကပ်လှူသော ကွေကာအုပ်ကို အေးအေးလူလူ ဘုဉ်းပေးနေသည်။ ယနေ့နံနက်တွင် မင်္ဂလာတိုက်ဟောင်း၌ သံဃာတော် အပါး(၂၀၀)ကျော် ဆွမ်းကပ်ပွဲရှိရာ၊ ဆရာတော်ကြီးလည်း ဧည့်ခံရန်ကိစ္စရှိသဖြင့် ကွေကာအုပ် ဘုဉ်းပေးပြီးသည်နှင့် မင်္ဂလာတိုက်ဟောင်းဘက်ဆီသို့ ကြိုကြိုတင်တင် ကြွသွားတော်မူသည်။ နံနက် ၆-နာရီအချိန်တွင် ကျောင်းကြီးပေါ်၌ နယ်ပေါင်းစုံ ကျောင်းပေါင်းစုံမှ ကြွလာကြသော သံဃာတော်များအား ဆွမ်းဘောဇဉ်များ ဆက်ကပ်ကြလေသည်။ ဆရာတော်ကြီးသည် ဆွမ်းဝိုင်းများကို လှည့်ပတ်ကြည့်ရှု ကြည်ညိုနေရင်း၊ ဟင်းနည်းနေသော ဆွမ်းပွဲကိုမြင်သဖြင့် ကိုယ်တိုင်ပင် ဟင်းလိုက်ပေးတော်မူသည်။ ရင်းနှီးသော ဆရာတော်များ၊ လေးစားကြည်ညိုသောဆရာတော်များပွဲသို့သွားပြီး နှုတ်ဆက်ဧည့်ခံတော်မူနေရာမှ- အောင်ခြင်းရှစ်ပါးကျောင်းတိုက် ဆရာတော်ကြီး ဦးနာဂ၀ံသကို တွေ့လိုက်ရသောအခါတွင်ကား ထိုဝိုင်းဆီသို့ ချက်ချင်း လှမ်းသွားတော့သည်။ ပြီးနောက် ၀င်ထိုင်ပြီး ဆရာတော်ကြီးများနှင့် အလ္လာပ သလ္လာပ စကားများ ပြောနေတော်မူသည်။ ဆရာတော်ကြီး ဦးနာဂ၀ံသသည် ဘုဉ်းပေးပြီးသောအခါ လက်ဖက်ရည်အချိုပွဲမှ ထရန်ပြင်သည်။ သို့ရှိစဉ် မိုးကုတ်ဆရာတော်ကြီး ဦးဝိမလက ငယ်စဉ်မှစ၍ တစ်ဘ၀လုံး ဆုံးမသွန်သင်လာခဲ့သော အောင်ခြင်းရှစ်ပါး ဆရာတော်ဘုရားကြီး၏ ခြေဖမိုးကို နဖူးဖြင့် တိုက်ပြီး ပျပ်ပျပ်ဝပ်ဝပ် ကန်တော့ကာ- “အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးကန်တော့ခြင်း ဖြစ်ပါလိမ့်မယ် ဘုရား” ဟူ၍ လျှောက်တင်လေသည်။

    ……………………………………………………………

    ခန္ဓာဝန်ကြီးကဖြင့် လေးလှပြီ (နေမြင့်ပိုင်းအခြေအနေ)

    ဧည့်ခံမှုကိစ္စများပြီးစီးသည်နှင့် ဆရာတော်ကြီးလည်း ဦးလှဘူးကို ခေါ်၍ မင်္ဂလာမဂ္ဂင်ရိပ်သာဘက်သို့ ပြန်လာခဲ့သည်။ ရိပ်သာထဲသို့ ၀င်ခါနီးတွင် “ငါ့ခန္ဓာဝန်ထုပ်ကြီးကဖြင့် လေးလှပြီ”ဟူ၍ ညည်းတွားတော်မူသည်။ ဦးလှဘူးခမျာ ဆရာတော်ကြီး၏ ညည်းတွားမှုကို မသိရှာ၍ အကြောင်းကို မေးလျှောက်ရာ-ဆရာတော်က “မင်း တယ်….အ-တဲ့ ကောင်ပဲ” ဆိုရုံမျှ မိန့်တော်မူပြီး ထေရာသနကျောင်းပေါ်သို့ တက်သွားတော့သည်။ ကျောင်းပေါ်ရောက်မှ ပြန်လှည့်ပြီး “မောင်လှဘူး၊ သွား- တင်လှ ခေါ်ချေစမ်း၊ ကော်ဖီလည်း တစ်ခါတည်း ဖျော်ခဲ့-လို့” ဟူ၍ မိန့်လေသည်။ ဒေါ်တင်လှသည် ယခုတစ်လောတွင် ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပက်သက်၍ အမြဲ စိတ်ထင့်နေရာ၊ ယခုလည်း ဆရာတော်ကြီး ကော်ဖီဘုဉ်းပေးပြီး ရုပ်လက္ခဏာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရသဖြင့်- “နေမကောင်းဘူးလား ဘုရား” ဟု မေးကြည့်ရာ ဧည့်ခံစဉ်က ဟင်းနံ့များကြောင့် ငြီးစီစီဖြစ်နေကြောင်းသာ အဖြေရလေသည်။ ထို့နောက် ဆရာတော်ကြီးက ကျောင်းအမ ဒေါ်တင်လှကို မေးသည်- “တင်လှ နင်အိပ်မက်များ ဘာထူးထူးထွေထွေ မက်သလဲ”။ မမေးစဖူး မေးခွန်းမျိုးကို မေးတော်မူနေပါသည်။ ဒေါ်တင်လှကလည်း ကောက်ကာငင်ကာ မက်သည့်အတိုင်း လျှောက်လိုက်သည်- “ဒီရိပ်သာထဲမှာ မြေပေါက်စေတီကြီးတစ်ဆူ ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတယ်ဘုရား၊ စေတီတော်ကြီးအခြေမှာ ဆရာတော် တရားအားထုတ်နေတာလည်း တွေ့ရတယ်ဘုရား၊ နောက်တော့ ဒီစေတီကြီးရဲ့ အထက်နားဖောင်းရစ်က တဖြည်းဖြည်း အက်-အက်လာပြီး မီးခိုးအဖြူတွေ ထွက်လာတယ်ဘုရား၊ အဲ့ဒီ့မီးခိုးတွေဟာ များ-များလာပြီး စေတီကြီးက ဆရာတော့်အပေါ် ပြိုကျသွားပါတယ်၊ ဒါပေမယ့်ဆရာတော့်ကို ဘာမျှ မထိခိုက်ဘဲ စောစောက ပုံအတိုင်း ထိုင်လျက်သား တရားအားထုတ်နေတာကိုပဲ တွေ့ရတယ်ဘုရား”။ ထိုအခါ ဆရာတော်က ပြုံးပြုံးကြီးနှင့်- “ဟ- တင်လှရ၊ နင့်အိပ်မက်က တယ်စင်းလှပါလား၊ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲ၊ ငါလိုခံနိုင်ရည်ရှိအောင် တရားကိုသာ နာနာအားထုတ်ကြ” ဟူ၍ မိန့်တော်မူလိုက်လေသည်။

    ဆရာဝန်ပင့်ရတော့မည်လော

    အစောပိုင်းက ဆရာတော်ကြီးအနားတွင် ယောဂီများ လာရောက်ပြီး တရားစကား နာယူနေကြရာ၊ “ကဲ သွားကြ သွားကြ၊ ကိုယ့်တရားကိုယ် အားထုတ်ကြ” ဟူ၍ ဖယ်ရှားတော်မူလိုက်သဖြင့် ဆရာတော်၏ အနီးတွင် ဦးကျော်သိန်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ထိုအခါ ဆရာတော်က “မောင်ကျော်သိန်း……….မင်း ငါမရှိတဲ့နောက် တရားကို ဆက်လက်အားထုတ်ပါ၊ အရောင်းအ၀ယ်ကို လုံးဝမလုပ်ပါနဲ့တော့၊ စားလောက်ရုံတော့ ရှိကြတာပဲ”ဟု မိန့်သဖြင့် ဦးကျော်သိန်းလည်း ရန်ကုန်ကြွမည်လားဟူ၍ အရဲစွန့် လျှောက်လေသည်။ “ငါ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ငါ့ခန္ဓာက ပြောပါလိမ့်မယ်ကွာ၊ မင်း ငါပြောတာသာ နားထောင်၊ ငါအခု တယ် နေမကောင်းဘူး”၊ မိန့်ပြီးသည့်နောက် ဆရာတော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်ကိုမှီ၍ မှေးနေတော့သည်။



    Read more...

    အနာ နှိပ်စက်သည် ဖြစ်၍ ...

    ဖဂ္ဂုနသုတ်-

    ထိုအခါ အသျှင်ဖဂ္ဂုနသည် အနာ နှိပ်စက်သည် ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာဖြစ်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား-

    ''အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် အနာ နှိပ်စက်သည် ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားတော်မူသည်ကို အကြောင်းပြု၍ အသျှင်ဖဂ္ဂုန အထံသို့ ကြွတော် မူစေချင် ပါသည်'' ဟု လျှောက်၏။

    မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

    ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော် မူရာမှ ထလျက် အသျှင်ဖဂ္ဂုန အထံသို့ ချဉ်းကပ်တော်မူ၏၊ အသျှင်ဖဂ္ဂုနသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်၍ ညောင်စောင်းမှ ထအံ့သော အမူအရာကို ပြု၏။

    ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဖဂ္ဂုနအား -

    ''ဖဂ္ဂုန မသင့်၊ သင်သည် ညောင်စောင်းမှ မရွှေ့မပြောင်းနှင့်၊ သူတစ်ပါး ပြင်ပြီး နေရာတို့ ရှိရာ ထိုနေရာ၌ ထိုင်တော်မူမည်'' ဟု (မိန့်တော်မူ၏)။

    မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် အသျှင်ဖဂ္ဂုနအား
    ဖဂ္ဂုန အသို့နည်း သင့်အား ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲ ဝေဒနာတို့ ဆုတ်ယုတ်ကုန်၏လော၊ မတိုးဘဲ ရှိ၏လော၊ ဆုတ်ယုတ်သော အခြေအနေသည် ထင်၏လော၊ တိုးတက်သော အခြေအနေသည် မထင်ဘဲ ရှိ၏လော ဟု မေးတော်မူ၏။

    အသျှင်ဘုရား ...
    အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းပြသော ဆင်းရဲ ဝေဒနာ တို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

    အသျှင်ဘုရား ...
    ခွန်အားရှိသော ယောက်ျားသည် ထက်လှစွာသော စူးဖြင့် ထိပ်၌ နှက်ဘိ သကဲ့သို့
    ဤအတူ သာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဦးထိပ်၌ နှိပ်စက်ပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေ သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

    အသျှင်ဘုရား ...
    ခွန်အားရှိသော ယောက်ျားသည် မြဲမြံလှစွာသော ကြိုးလွန်းပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်သကဲ့သို့ ထို့အတူသာလျှင် အကျွန်ုပ်အား ဦးခေါင်း၌ ခေါင်းကိုက် ဝေဒနာ တို့ ဖြစ်ပါကုန်၏၊

    အသျှင်ဘုရား ...
    အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲ ဝေဒနာတို့ တိုးတက် ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ် ယုတ်သော အခြေအနေသည် မထင်ပါ။

    အသျှင်ဘုရား ...
    ကျွမ်းကျင်သော နွားသတ် ယောက်ျားသည် လည်းကောင်း၊ နွားသတ် ယောက်ျား ၏ တပည့်သည် လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို မွှမ်းဘိ သကဲ့သို့ ဤအတူသာလျှင် ပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးကျင့်ပါကုန်၏။

    အသျှင်ဘုရား ...
    အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေ သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

    အသျှင်ဘုရား ...
    အားကြီးသော ယောက်ျား နှစ်ယောက်တို့သည် အားနည်းလှသော ယောက်ျားကို အသီးသီးသော လက်မောင်းတို့၌ ဆွဲကိုင်၍ မီးကျီး၌ ကင်ကြကုန်သကဲ့သို့ ဤ အတူသာလျှင် ကိုယ်၌ အလွန် ပူပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ ဟု (လျှောက်၏)။

    ထိုအခါ မြတ်စွာဘုရားသည် ...
    အသျှင်ဖဂ္ဂုနအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန် ရွှင်လန်း စေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

    ထို့နောက် အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ကွယ်လွန် လေ၏၊ ထိုဖဂ္ဂုန မထေရ်၏ ထိုသေခါနီး ကာလ၌ ဣနြေ္ဒတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ကွယ်လွန်ပါသည်၊ ထိုဖဂ္ဂုန၏ ထိုသေခါနီး အခါ၌ ဣနြေ္ဒတို့သည် အထူးသဖြင့် ကြည်လင်ပါကုန်၏'' ဟု (လျှောက်၏)။

    အာနန္ဒာ ဖဂ္ဂုနရဟန်း၏ ဣနြေ္ဒတို့သည် အဘယ့်ကြောင့် အထူးသဖြင့် မကြည်လင် ဘဲ ရှိကုန်လိမ့်မည်နည်း၊ အာနန္ဒာ ဖဂ္ဂုနရဟန်း၏ စိတ်သည် အောက်ပိုင်း သံယော ဇဉ် ငါးပါးတို့မှ မလွတ်သေးသည်သာ ဖြစ်၏၊ ထိုဖဂ္ဂုနရဟန်း၏ စိတ်သည် ထိုတရား ဒေသနာကို ကြားနာရ၍ အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်၏။

    အာနန္ဒာ ...
    သင့်လျော် လျောက်ပတ်သောအခါ တရားကို နာခြင်းနှင့်...
    သင့်လျော် လျောက်ပတ်သောအခါ အကျိုးအကြောင်းကို ဆင်ခြင်ခြင်း၌ ...
    အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း...။

    အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

    ၁...
    အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရား ကို ဖူးမြော်ခွင့်ရ၏၊ ထိုရဟန်းအား မြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြား နာရ၍ ထိုရဟန်း၏စိတ်သည် အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက် ၏။ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ပဌမ အကျိုးတည်း။

    အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရား ကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား မြတ်စွာဘုရား၏ တပည့်သာဝကကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်း ကျင် စင်ကြယ်သော မြတ်သော အကျင့်ကိုပြ၏၊ ထိုတရား ဒေသနာကို ကြားနာ ရ၍ ထိုရဟန်း၏ စိတ်သည် အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ဒုတိယ အကျိုးတည်း။

    ၃...
    အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီး အခါ၌ မြတ်စွာဘုရား ကိုလည်း ဖူးမြော်ခွင့်မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်း ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့် အတိုင်း တရားကို အဖန်ဖန် စိတ်ဖြင့် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အောက် ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ အကြောင်း အကျိုးကို ဆင်ခြင်ခြင်း၌ တတိယ အကျိုး တည်း။

    ၄...
    အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် (အရဟတ္တဖိုလ်) ဖြင့် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိ၏ ကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်) ဖြင့် လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရားကို နာရခြင်း၌ စတုတ္ထ အကျိုးတည်း။

    ၅...
    အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီး အခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား မြတ်စွာဘုရား တပည့်သာဝကကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်)ဖြင့် လွတ် မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ပဉ္စမ အကျိုးတည်း။

    ၆...
    အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကိုလည်း ဖူးမြော်ခွင့် မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်း ဖူးမြော်ခွင့် မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့် အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာနိဗ္ဗာန်၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်၏။ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ၌ အကြောင်းအကျိုးကို ဆင်ခြင် ခြင်း၌ ဆဋ္ဌအကျိုးတည်း။

    အာနန္ဒာ သင့်လျော် လျောက်ပတ်သောအခါ တရားနာခြင်းနှင့် သင့်လျော် လျောက်ပတ်သောအခါ အကြောင်း အကျိုးကို ဆင်ခြင်ခြင်း၌ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။56

    ၂ - ဖဂ္ဂုနသုတ်၊ မဟာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


    ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
    သာဓု... သာဓု... သာဓု...။

    Links to this post



    Read more...

    (တောင်ပေါက်ဆရာတော်)

    ဗုဒ္ဓသာသနိက ပဌ၀ီဝင်ကျမ်းကြီး (တောင်ပေါက်ဆရာတော်)

    ကောသလတိုင်း...







    Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP