* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, April 28, 2009

မူလကသစ်ဝိုင် ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိအကျဉ်း (၆)

ပဋိပတ္တိကာလ

ဆရာတော်စတင် တရားပြချိန်တွင် အသံချဲ့ စက်မပါ နေပူပူ၌ ကိုယ်တော်တရားဟောရ၏။ နေ့စဉ် မနက်ပိုင်းတွင် (၂)နာရီကျော်တရားဟောရ၏။ တဖန် ညနေပိုင်းတွင် (၃)နာရီကျော်
ဟောရပြန်၏။ နေ့လည်ကြားချိန်နှင့် ညပိုင်းတို့တွင် ယောဂီများလျှင် များသလို ကိုယ်တိုင် တရားစစ်ရ၏။ တစ်နေ့နှင့်မပြီးပြတ်သောအခါလည်းရှိ၏။ အကူတပည့်များ မရှိသေးသဖြင့် တစ်ပါးတည်းပင် ကိစ္စအားလုံးကိုဆောင်ရွက်ရလေ၏။

ထိုအချိန်က ကသစ်ဝိုင်ကျောင်းတိုက်ကြီး၏ အခြေအနေ

ကျောင်းဝိုင်းသည် ခန့်မှန်းခြေတစ်ဧကမျှကျယ်ဝန်း၍ အဆောက်အဦးများမှာ လေးပင်သစ်သား ကျောင်းနှစ်လုံး၊ အိုမင်းလှသော ဓမ္မာရုံ၊ ဗုံးမှန်၍ပျက်စီးနေသော သိမ်အဆောက်အဦးပျက်လေး တစ်လုံးနှင့် သုံးပင်ပတ်လည် သက်ငယ်မိုးထားသော ဆွမ်းစားဇရပ်လေးတစ်လုံးသာရှိ၏။ ဆွမ်းစားဇရပ်လေးသည် ကျောင်းရှိသံဃာများနှင့်ပင် ပြည့်နေ၏။ တရားဝင်သောယောဂီများအတွက် ထမင်းဟင်းမကျွေးမွေးလောက်သည့်အပြင် နေထိုင်ရန်ကျောင်း အဖြစ် သိမ်နှင့်ဓမ္မာရုံပျက်များ သာရှိ၏။ နေရာမရသော ယောဂီများသည် မြေကြီးများပေါ်၌ ကန့်လန့်ကာများ ကာ၍ ချို့တဲ့ စွာနေထိုင်ကြရ၏။ တစ်နှစ်ထက်တစ်နှစ် အထွက်တရားဟော မည့်နေ့ညနေချိန်တွင် တရားနာ လာကြသော ယောဂီပရိသတ်နှင့် လူပရိသတ်တို့သည်ပြည့်နှက် စည်ကားလာ၏။

သာသနာပြုရဟန်းဒါယကာ ဒါယိကာမများ

ထိုအရေးကို ဆရာတော်၏ ရဟန်းဒါယကာ ဒါယိကာမများဖြစ်သော ဘုရားပျိုရွာဇာတိဖြစ်၍ ပဲခူးမြို့၊ ကျုံးရိုးတန်းနေ ဦးမောင်ကြွယ်၊ ဒေါ်မြညွှန့်တို့က စေတနာဖြင့် ကျောင်း၏မြောက် ဘက်တွင် သောက်ရေကန်ကြီးတစ်ခု တူး၍လည်းကောင်း၊ ဆွမ်းစားကျောင်းကို အသစ်ပြင် ဆောက်၍လည်းကောင်း၊ ကမ္မဋ္ဌာန်းကျောင်းလေးလုံးကိုပါ ဆောက်လုပ်လှူဒါန်းခဲ့၏။ နောက် ပိုင်းတွင် ဒါယကာကြီး ဦးမောင်ကြွယ်ဦးစီးသော ဒကာဒကာမများက ဓမ္မာရုံဟောင်းကို အများ စုပေါင်း၍ဆောက်လုပ်လှူဒါန်းခဲ့ကြ၏။ ထိုမှတဖန် အဗျားအလယ်စုရွာနေ ဦးဘညွှန့်နှင့် ဇနီး ဒေါ်စိန်ညွှန့်၊ ဦးရွှေအေး၊ ဒေါ်ငွေရှင်မိသားစုတို့က ကျောင်းဝိုင်းကို အရှေ့ဘက်သို့ ချဲ့နိုင် ရန် လှူဒါန်းခဲ့၏။ ဆရာတော်ဘုရားသီတင်းသုံးရန်အတွက် ငွေကျပ် (၆၈၀ဝ၀)ဖြင့် ကျောင်းတိုက် ကို ဆောက်လုပ်လှူဒါန်းသော ဒါယိကာမသည် ညောင်လေးပင်မြို့နေ မချိုချိုဖြစ်၏။ စေတနာရှင်သည် ကျောင်းတိုက်အပြင် ကျောင်းတိုက်အတွင်း လိုအပ်သော ပရိဘောဂမှန်သမျှ အားလုံးကိုပါ လှူဒါန်းခဲ့၏။ စေတနာရှင်မချိုချိုသည် ဆရာတော်ဘုရားအား သိမ်ထပ်ခြင်းဖြင့် ရဟန်းအမအဖြစ်ခံယူပြီး ပစ္စည်းလေးပါးဖြင့် လိုလေသေးမရှိအောင် ထောက်ပံ့လှူဒါန်း၏။ ထိုသို့ စေတနာရှင်များက လှူဒါန်းကြသောကြောင့် ဆရာတော်ပျံလွန်တော်မူချိန်တွင် (၁၂) ဧက ကျယ်ဝန်းသောမြေနှင့် အဆောက်အဦးပေါင်းလေးဆယ်ကျော်၊ စောင်းတန်းကြီးငယ် အသွယ်သွယ်တို့ဖြင့် ပဋိပတ္တိ ဗဟိုဌာန ကသစ်ဝိုင်ကမ္မဋ္ဌာန်းတိုက်ကြီးအဖြစ် သာသနာ့အလယ် တွင် တင့်တယ်စွာထွန်းကားခဲ့ပါ၏။

Read more...

ပဋိသန္ဓေ တည်ရခြင်းသည်လည်း ဆင်းရဲ၏...

တစ်နေရာမှာ အမျိုးသမီးတစ်ဦး ခွေခွေခေါက်ခေါက်ပုံလေး တွေ့လိုက်ရတော့...
ဒကာဒကာမတို့မြင်ရင် ဘယ်လိုနှလုံးသွင်းမလဲတော့ မသိပါ... တိုက်ကြည့်ပေါ့...
ဘုန်းကြီးရဲ့အတွေးနဲ့...

အကြောင်းအရာ စာမဖတ်ရသေး... ပုံကြည့်ပြီးစဉ်းစားတာက
ဘုန်းကြီးစိတ်ထဲမှာ သြ... ပဋိသန္ဓေနေရဦးမယ်ဆို မိခင်ဝမ်းခေါင်း ကျဉ်းကျဉ်းလေးထဲ ဒီလို ကြပ်ကြပ်သပ်သပ်နဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်ဦးမှာပါလားလို့ တွေးမိပြီး ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲ၏... ဒီလိုရေးချင်စိတ်ပေါ်သွားတာပါ...

အဲဆိုဒ်မှာရေးတဲ့စာတွေက မိဘက သမီးအပေါ်ထားတဲ့ မေတ္တာ...
နောက်တဆင့် သမီးဖြစ်သူက မွေးဖွားလာမဲ့ ရင်သွေးလေးအပေါ်ထားတဲ့မေတ္တာ...
မိခင်မေတ္တာ ခံစားချက်တွေပါ အရေးကောင်းလို့လားတော့ မပြောတတ်ပါ...


ဒါကတော့ ကျွန်ုပ်စိတ်ထဲ ဖြစ်ပေါ်လာတဲ့ပုံရိပ်လေးပါ...

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ ((ဓမ္မစကြာ))

ဒီပါဠိတော်လေး စိတ်အာရုံမှာ ချက်ခြင်းပေါ်လာတယ်...

ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။
ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊
အိုရခြင်းသည်လည်း ဆင်းရဲ၏၊
နာရခြင်းသည်လည်း ဆင်းရဲ၏၊
သေရခြင်းသည်လည်း ဆင်းရဲ၏၊
မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊
လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊
အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း ဆင်းရဲကုန်၏။

သူတော်ကောင်းတွေဟာ ကောင်းတဲ့တရားတော်တွေကို သဒ္ဓါနှင့်သော် လည်းကောင်း၊ မိမိမှာ တကယ်ရှိသော ဆင်ခြင်ဉာဏ်(ပညာ)ဖြင့်သော် လည်းကောင်း လက္ခံတတ်ကြပါတယ်။ (စိတ္တသူကြွယ်ကို နမူနာရှု)

ကျွနုပ်တို့တတွေ ကိလေသာခပ်သိမ်း ချုပ်ငြိမ်း၊ ရုပ်နာမ်တွေ ချုပ်ငြိမ်းမှသာ ပဋိသန္ဓေနေခြင်းက ကင်းကြမှာပါ၊ ပဋိသန္ဓေနေခြင်းကင်းမှသာ နောက်ဆက်တွဲတွေ ကင်းသွားမှာ...။ ဒီနေရာမှာ ကျွန်ုပ်အတွေးတွေ ၀င်မိတယ်၊ တကယ်လို့များ သူတော်ကောင်းတွေ အနေနဲ့ လူ့ပြည်မှာ ပဋိသန္ဓေ နေကြရဦးမယ်ဆိုရင် ဘယ်လိုနေရာ ဘယ်လိုမိဘ အသိုင်းအ၀ိုင်းမှာ ဖြစ်ခြင်ကြမလဲပေါ့...။ သူတော်ကောင်းဓါတ်ကိန်းသော မိခင်ဝမ်းမှာ ပဋိသန္ဓေ နေချင်ကြလိမ့်မယ်...။ သူယုတ်မာဆို နီးနီးတောင် မနေလိုကြပါဘူး...။

သူတော်ကောင်းဓါတ်ကိန်းတဲ့ မိခင်လောင်းဆိုရင်တော့ အနဲဆုံး ၅-ပါးသီလ ခါးဝတ်ပုဆိုးလောက်တော့ မြဲသင့်တယ်ပေါ့၊ ခါးဝတ်ပုဆိုးလို့ ဘာကြောင့် ပြောရသလဲဆိုတော့ ပုထုစဉ်တွေမှာက ထာဝရမကျွတ်တော့ဘူး ဆိုတဲ့သဘော မရှိသေးဘူးလေ။ လူရှေ့သူရှေ့မှာတော့ ခါးဝတ်ပုဆိုးလေးက မြဲနေသေးတယ်ပေါ့၊ ဆိတ်ကွယ်ရာ မမြင်ကွယ်ရာမှာ ဆိုရင်တော့ ခြင်ကလေးလဲ သတ်လိုက်နိုင်တယ်၊ စိတ်မချရဘူးဆိုတဲ့ သဘောလေးတွေကြောင့် ခါးဝတ်ပုဆိုးလောက်နဲ့ နှိုင်းလိုက်ရတာပါ...။

ဒီလိုစဉ်းစားရင်းနဲ့ တွေ့ဘူးကြုံဘူး ကြားဘူးသိဘူးတဲ့ မိခင်လောင်းတွေ စဉ်းစားကြည့်လိုက်တာ အတော်ခက်တာပဲကိုး ရှာမတွေ့သလောက်ပါပဲ...။ ဒီလိုရေးလို့ ဒကာဒကာမတွေက ငါတို့ကိုတော့ ဆော်ပြီ၊ ဒီလိုမတွေးကြပါနဲ့ သေသေချာချာ ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်ကြည့်သင့်ပါတယ်၊ တကယ်လို့များ ဒို့ကတော့ ဒီလိုမဟုတ်ဘူးဟေ့ ဆိုခဲ့ရင်တော့ ဒကာဒကာမတို့ရဲ့ အနီးနားမှာ သူတော်ကောင်းမျိုးဆက်တွေ တိုးပွါးလာမှာပါ။ ဘုရားလောင်း ပဋိသန္ဓေယူခါနီး မိခင်လောင်းဖြစ်ထိုက်သူကို ဆင်ခြင်တာတွေ သတိပြုလိုက်ကြပါ...။

တွေ့ပြီပဲထားလိုက်တော့ မိခင်လောင်းရဲ့ ကျဉ်းမြောင်းလှတဲ့ ၀မ်းခေါင်းလေးထဲမှာ ဆရာဝန်များကတော့ ဒါလောက်ပြောရင်ပေါ်ပါပြီ၊ မိခင်ဝမ်းဘိုက်ကို ကျောပြု၍ မိခင်ကျောက်ကုန်းဘက်လှည့်ကာ ခွေခွေခေါက်ခေါက်ကလေး၊ ခုနှစ်လကျော် ရှစ်လကြာအောင် နေထိုင်ခဲ့ရတဲ့ဒုက္ခတွေ၊ မသိတတ်တဲ့ မိခင်လောင်းတွေကများ ရေနွေးပူပူသောက်လိုက်ရင် မိမိရင်ထဲမှ ကလေးမှာ ပူလောင်နေတဲ့ဒုက္ခကို ခံစားရတော့မယ်။ အလွန်အေးတဲ့ ရေခဲရေ သောက်လိုက်ရင်လည်း တစ်ဒုက္ခဖြစ်ပြန်တယ်။ မနေတတ် မထိုင်တတ် မိခင်လောင်းဆို အထဲက ကလေးမှာ ဂျွန်းထိုးမှောက်ခုံ ဆင်းရဲစွာ နေရမှာပဲ။ ပြန်လည်းမပြောနိုင် မိခင်လောင်း လုပ်သမျှ အတွင်းက ကလေးမှာ ပင်ပန်းကြီးစွာ ခံစားနေရမယ့်ဒုက္ခ။

ထို့ကြောင့် မြတ်ဗုဒ္ဓက ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏တဲ့၊ ပဋိသန္ဓေ တည်ပြီဆိုရင် အိုရမည်, နာရမည်, သေရဦးမည်, ဤသည်တို့သည်လည်း ဆင်းရဲကြကုန်၏...။

မချစ်သောသူတို့နှင့် အတူ နေရခြင်းသည်လည်း ဆင်းရဲလှပေ၏...။

ချစ်ခင်သူတို့နှင့် ကွဲကွာရခြင်းသည်လည်း ဆင်းရဲ၏...။

လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲလှပေ၏...။

စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်လည်း ဆင်းရဲကုန်၏...။


ဒီအကြောင်းလေး နည်းနည်းတော့ ထည့်ရေးလိုက်ပါဦးမယ်...
အရှင်သီဝလိ ဆရာတော်ဘုရားကြီး အကြောင်းပါ၊ အားလုံးနည်းပါး သိကြပြီးသားပါ မိခင်ဝမ်းမှာ ၇-နှစ် ၇-လ ၇-ရက် ပင်ပန်းဆင်းရဲစွာ နေထိုင်ခဲ့ရတယ် မဟုတ်လား အတိတ်ဘ၀တစ်ခု ၀တ်ကြွေးကြောင့်၊ ၀တ်ကြွေးရှိရင် ပေးဆပ်ကြရမှာပေါ့၊ ဒီဘ၀ ရဟန္တာဖြစ်မဲ့ သူတောင် ထူးထူးကဲကဲကြီးကို ပဋိသန္ဓေဒုက္ခကို ခံစားခဲ့ရပါတယ်။ မိခင်ဖြစ်သူမှာကော ဘယ်လောက် ခံစားလိုက်ရမလဲ စဉ်းစားကြည့်ပါ၊ အင်မတန်ကို ပင်ပန်းဆင်းရဲပါလိမ့်မယ်။ ဒီလောက်ပင်ပန်းဆင်းရဲနေတဲ့ကြားက သားလေးမျက်နှာ မြင်လိုက်ရတော့ သားအပေါ်မှာ ချစ်မိတဲ့ ဇောတွေကြောင့် ပင်ပန်းသမျှတွေ သဲရေကျသလို ပိန်းကြာဖက် ရေမတင်လို ပင်ပန်းဆင်းရဲတွေ ကင်းစင်လွင့်ပြောက်သွားပါတယ်။ ဒါဟာမိဘမေတ္တာပါ...။

အရှင်ဘုရား ဟုတ်လောက်ပါ့မလား ပိန်းကြာဖက် ရေမတင်သလိုဆိုတာ...။

ဒီလိုများဆိုခဲ့ရင် ...
ဘုရားရှင်နဲ့ မိခင်ဖြစ်သူ မေးတာဖြေတာလေး နားထောင်ကြည့်ရင် သိရမှာပါ...
ချစ်သမီး သုပ္ပ၀ါသာ သင်ဒီလိုသားမျိုး ရဦးမယ်ဆိုရင် ယူဦးမှာလားတဲ့...
အရှင်မြတ်ဘုရား ဒီလိုသားမျိုးသာ ရဦးမယ်ဆိုရင် တပည့်တော်မ (ဒီလောက်ကို--) ယူပါဦးမည်...ဘုရား တဲ့။

ပဋိသန္ဓေဆင်းရဲကလည်း ဒီလောက်ပင်ပန်းဆင်းရဲတယ်...
မိခင်မေတ္တာကလည်း ဒီလောက်ထိအောင်ကိုပါပဲ...

သူတော်ကောင်းတို့ အိုနာသေ ဆင်းရဲတို့က လွတ်ကင်းနိုင်ကြပါစေ...


စိတ်ချမ်းသာပါစေ...
ဒုက္ခဆင်းရဲကင်းဝေးပါစေ...
ဦးလောကနာထ
၎.၂၇.၂၀၀၉

ကြော်ငြာမဟုတ်သော ကြေငြာချက်...

**: ဘုန်းဘုန်း.. တပည့်တော် သူငယ်ချင်း တစ်ယောက်က တစ်ဘက်သတ် အချစ်အကြောင်းလေး သိချင် လို့ပါတဲ့ ဘုန်းဘုန်း။

၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်းတရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာရှိနေပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
(ဒီနေရာမှာ ကိုယ်က မေတ္တာရှိကြောင်းကို တဘက်လူက သိနေပါတယ်တဲ့ ဘုန်းဘုန်း။)

၂။ နောက် ဒီဘ၀မှာ အတူမပေါင်းရပေမယ့် နောက်ဘ၀မှာ ပေါင်းချင်သူများအတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့်ပါသလဲ ဘုန်းဘုန်း။
(ဒီမေးခွန်းကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့်ပါဘူး၊ ဒါပေမယ့် သိချင်သူများအတွက် ကရုဏာရှေ့ထားလို့ ဖြေကြားပေးပါဦး ဘုန်းဘုန်း။)

ရိုသေစွာ ဦးခိုက်လျက်
**
((ဤမေးခွန်းမေးခြင်းသည် အများအကျိုးရှိစေလို၍ ဖြစ်ပါတယ်))

သိစေအပ်ပါသည် ဘုန်းကြီး၏ အသဲအကြောင်း တစေ့တစောင်း...
ဆိုပြီးစာရေးမယ်... ပြီးရင် ဆိုဒ်မှာတင်မယ်...
အဲဒီနေ့ ဘုန်းကြီးဆိုဒ်မှာ လူကြပ်လို့ ရုံဖွင့်ပေးရလိမ့်မယ်...။

စဉ်းစားလိုက်ပါဦးမယ်နော်...

စိတ်ချမ်းသာပါစေ...။
ဒုက္ခဆင်းရဲကင်းဝေးပါစေ...။
ဦးလောကနာထ
၎.၂၄.၂၀၀၉

(ဒါကတော့ ဒီကလေးကို စတဲ့သဘောနဲ့ စာပြန်ပေးလိုက်တာပါ G Talk မှာ...)

ဒီလိုပြန်ပြီးပြီဆိုတော့ ဗုဒ္ဓတရားတော်ထဲက အသဲကွဲတဲ့အကြောင်း အသဲပဲ့တဲ့အကြောင်း ရှာဖွေတင်ပြ ဆုံးမပေးရဦးမှာပေါ့လေ... တနေ့...






Read more...

အဟောင်းစိစစ် အသစ်ရှာဖွေ

နွားမတစ်ယောက်သည် မိမိ ကျက်စားနေကျ စားကျက်နယ်မြေမှ လွန်၍ အခြား စားကျက်နယ်မြေသို့ ကူးသွား၏။ "ငါသည် မရောက်ဖူး သေးသော နေရာသို့ ရောက်ရပါမူ ကောင်းလေစွ၊ မစားဖူး သေးသော မြက်များကို စားရမူ ကောင်းလေစွ၊ မသောက်ဖူး သေးသော ရေအိုင် ရေကန်တို့၌ သောက်ရပါမူ ကောင်းလေစွ" ဟူ၍ နွားမ စိတ်ကူး ကြံစည်မိ၏။ ထိုနွားမသည် နယ်မြေကို မကျွမ်းကျင်၊ ခရီးလမ်း ကိုလည်း မကျွမ်းကျင်ပေ။

ချိုင့်ဝှမ်း ကုန်းမြင့် မညီညွတ်သည့် အရပ်၌ ရှေ့ခြေနှစ်ချောင်းကို မည်သို့ အခိုင်အမာ စွဲမြဲ၍ နောက်ခြေ နှစ်ချောင်းကို မည်သို့ လှမ်းကြွ ရမည်ဟူသော ဒေသအလိုက် သွားလာမှုကိုလည်း ထိုနွားမ မသိတတ်။ ထို့ကြောင့် ထိုနွားမသည် စားကျက်သစ် နယ်မြေသို့လည်း မရောက်နိုင်။ စားကျက်ဟောင်း နယ်မြေသို့လည်း ပြန်မရောက်နိုင်။ မျက်စိလည် လမ်းမှားကာ ဆင်းရဲ ပင်ပန်းရလေ၏။

ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ ထားပြီးဖြစ်သော ကောင်းကျိုး ချမ်းသာထက် ပိုလွန်၍ တစ်ဆင့်တက်ကာ အလိုရှိ၏။ ထိုသူတို့သည် ရရှိထားပြီး ဖြစ်သော လက်ရှိ အခြေအနေနှင့် ကောင်းကျိုးချမ်းသာကို မယိုယွင်းစေဘဲ ခိုင်မြဲအောင် ဆောက်တည် ထိန်းသိမ်းနိုင်စွမ်း မရှိငြားအံ့၊ လက်ရှိထက် တစ်ဆင့် ပိုလွန်သော ကောင်းကျိုးချမ်းသာကို ရရှိနိုင်ကြောင်း နည်းလမ်း ကောင်းကိုလည်း သိမြင်ကျွမ်းကျင်မှု မရှိငြားအံ့။ ထိုသူတို့၏ အလိုဆန္ဒသည် ပျက်စီးရပေလိမ့်မည်။ ကောင်းကျိုးချမ်းသာ အသစ်ကိုလည်း ရမည်မဟုတ်။ ကောင်းကျိုးချမ်းသာ အဟောင်း သည်လည်း ယိုယွင်း ဆုတ်ယုတ်မည်သာ ဖြစ်၏။

( န၀ကနိပါတ်၊ မဟာဝဂ်၊ ဂါဝီဥပမာသုတ် )


Read more...

စွန့်လွှတ်သူတို့ နှလုံးသား။

စွန့်လွှတ်သူတို့ နှလုံးသား။

ဘုရားရှင်၏ အလောင်းတော်ဘ၀ ပါရမီဖြည့်ခဲ့စဉ် ကြည်ညိုဖွယ်ကောင်းသော ဘ၀ဖြစ်စဉ်နှစ်ခုကို စာရေး
သူတွေးနေမိပါသည်။ထိုဘ၀နှစ်ခုစလုံမှာလည်းမျောက်ဘ၀များ သာဖြစ်နေပါသည်။ဤသို့တွေးမိခြင်းမှာမလေး
ရှားနိုင်ငံပီနန်းမြို့ရှိ မြန်မာ ဗုဒ္ဓဘာသာ ကျောင်းတိုက်အတွင်း ရေးဆွဲထားသောနံရံဆေးရေး ပန်ချီပုံ တစ်ခုကို
တွေ့လိုက် ရခြင်း ကြောင့်ဖြစ်ပါသည်။ကြိုးတစ်စကို ခါးမှချည် အခြားကြိုးစတစ်စကို တစ်ဘက်ကမ်း သစ်ပင်မှာ ချည်ထားပြီး လက်နှစ်ဖက်က သစ်ကိုင်း သစ်ခက်များကို ဆွဲလျှက် အားမာန်တင်းထားသော ပုံကိုကြည့်နေမိရင်း
ငယ်စဉ်က သင်ကြားဖတ်ရှုခဲ့ရသော အထက်ပါဖြစ်ရပ် အကြောင်းအရာများကို ပုံဖော် ခံစားတွေးတောနေမိ
ပါသည်။ ခေါင်းဆောင်ကောင်း ပီသစွာ ဖြစ်ပေါ်လာမည့် အန္တရာယ် ရန်စွယ်တို့ကိုကြိုတင် တွက်ဆမိသည်။ မြစ်ကမ်းဘက် ထွက်ကျနေသော သရက်ကိုင်း တွင် သရက်သီး အဖြစ် မရောက်မည် သရက်ဖူး သရက်ပွင့် အဖြစ်ရှိစဉ်ကပင် လက်အောက်ငယ်သားများကို ချိုးယူ ချေမွ ဖျက်ဆီးခိုင်းခဲ့သည်။သို့သော် ကံကြမ္မာက သူတို့ကိုမျက်နှာသာမပေး ခဲ့ပါ။ခါချဉ်အုံ အတွင်းရောက်နေသော သရက်သီးတစ်လုံးကိုသူတို့ မတွေ့မမြင်ခဲ့သော ကြောင့် အချိန်တန်၍ သရက်သီးရင့်မှည့်လာသောအခါမြစ်ကမ်းနားသို့ ကြွေကျ၍ တစ် ယောက်သော သူက ဆယ်ယူရရှိခဲ့လေသည်။

သရက်သီး၏ အရသာ လွန်စွာချိုမြိန်လှသောကြောင့် ဆုလာဘ်ရရှိရန်ဘုရင့်ထံသို့ သွားရောက်ဆက်ကပ်
လေသည်။ချိုအေးမွှေးလှသော သရက်သီး၏ အရသာကိုသိရ ပြီးနောက် ဘုရင်လည်း မုဆိုးတို့၏ အကူအညီဖြင့် သရက်သီးရှိရာကို သွားရောက်ဖို့ ဆုံးဖြတ်လိုက်လေသည်။မျောက်မင်းတို့ နေသော တောအုပ်သို့ ဘုရင်နှင့် အဖွဲ့သားများ ၊မုဆိုးများ ရောက်လာသည်ကို သိလိုက်ရသောအခါ သူတို့ မျောက်မျိုးနွယ်စုတစ်ခုလုံးကြီး
စွာသော ဒုက္ခ ရောက်တော့မည်ကို သူသိလိုက်ပြီ။ခေါင်းဆောင်တစ်ဦး၏ စိတ်ဓာတ် သည် သာမာန်အချိန်မှာ ထူခြားမှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း အရေးအကြောင်းကြုံ လာသောအခါ ခေါင်းဆောင်ပီသသူတို့၏
စိတ်ဓာတ်ကို ထင်ရှားစွာသိမြင်ခွင့်ရကြလေ သည်။ ဘုရင်နှင့် မှူးမတ်များ ပထမနေ့ရောက်လာသောအချိန်
သည် မိုးချုပ်နေ၀င်ကာနီး အချိန်ဖြစ်သောကြောင့် သရက်သီးခူးချိန်မရ၊ သရက်ပင်တွင်မျောက်များကို တွေ့မြင် သွားသောကြောင့် သရက်သီလည်းခူး မျောက်များကိုလည်း သတ်ဖြတ်ရန် သူတို့စီစဉ် ကြလေသည်။လူအများ
ရောက်လာလျှင် သူတို့ မျောက်အပေါင်း အန္တရာယ်ကျရောက် တော့မည်ကို သိသော မျောက်များသည် ဘုရား
လောင်းမျောက်မင်းထံ သွားရောက် အ ကူအညီတောင်းခံကြလေသည်။

“သင်တို့တတွေ ဘာမှ မစိုးရိမ်နဲ့ ငါအသက် ရှင် နေသရွေ့ သင်တို့ အသက်ကို ကယ် တင်ဖို့ ငါအစွမ်းကုန် ကြိုးစားကယ်တင်မယ် ”

သူ့နှလုံသား သူ့စိတ်ဓာတ် သူ့ အတွေးအာရုံ အားလုံးသည် သူတို့မျိုးနွယ်များလွတ်မြောက်စေရန်အတွက်
ဖြစ်သည်။သူ့အသက်ခန္ဓာတို့၏ ဖြစ်တည်နေမှုသည် သူတို့ မျိုး နွယ်စုတို့၏ ဖြစ်တည်မှုနှင့် တသားတည်း ဟု
သူခံယူထားသည်။ကြီးစွာသော အဟုန် ဖြင့် တဘက်ကမ်းသို့ သူခုန်ကူးလိုက်သည်။သူတို့မျိုးနွယ်တစုလုံးမှာ ထိုသို့ ခုန်ကူးနိုင် သည်မှာ သူတစ်ဦးတည်းသာဖြစ်သည်။အကွာအဝေးကိုတခါတည်း မှန်းဆလိုက်ပြီး တဘက်
ကမ်းရှိ ခြုံတစ်ခုမှ နွယ်ကြိုးတစ်ချောင်းကို ဖြတ်လိုက်သည်။ ယင်းနောက် နွယ်ကြိုးကိုခါးမှာ ချည်၍ သူတို့နေ
ထိုင်ရာ ဘက်ကမ်းဆီသို့ ပြန်လည် ခုန်ကူးလိုက်သည်။ မျိုးနွယ်စုတို့ ကယ်တင်ဖို့အရး သူ့စိတ်က စောနေသော
ကြောင့် လား၊ကံကြမ္မာက ထိုသို့ဖြစ်ရန် အကြောင်းဖန်ပေးလိုက်သည်လား မသိ ခါးတွင်ချည် မည့် နွယ်ကြိုး အတိုင်းတာကိုမေ့လျော့ခဲ့သောကြောင့် တဘက်ကမ်းသို့ လွတ်လွတ် ကျွတ်ကျွတ် ရောက်မလာနိုင်ပဲ ကမ်းစပ်
တွင်ရှိသော သစ်ပင်ကိုင်းကိုသာ ဆွဲကိုင်နိုင် လိုက်လေသည်။ထို့ကြောင့် ခါးကို ချည်လျက်ဖြင့် ကြိုးတန်းလန်း ဖြစ်လျက်ရှိ လေ သည်။အချိန်ကလည်း မရှိတော့ပြီမို့ ထိုသို့ ပင်ပန်းသော အနေအထားဖြင့်ပင် မျောက် အပေါင်း ကို စကားဆိုလိုက်သည်။

“ အို ငါ၏ ဆွေမျိုးအပေါင်းတို့ သင်တို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် ငါ၏ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်းပြီး ကြိုးတန်းပေါ်မှ ဆက်လက်လျှောက်လှမ်း သွားကြပါ တော့ သင်တို့ အသက် ရှင်သန်ရေးအတွက် တစုံတရာ တုံ့ဆိုင်းတွေဝေမနေလင့်ကြ နှင့်”

မျောက်အပေါင်းတို့သည် မျောက်မင်းကို ရှိခိုး၍ အတတ်နိုင်ဆုံး သာယာဖြေးညှင်းစွာနင်းလျှောက်ဖြတ်
ကူးကြလေသည်။သို့သော် အရေအတွက်ကလည်းများ ပင်ပန်းဆင်းရဲ သော အနေအထားဖြင့် အချိန်ကြာမြင့်စွာ နေခဲ့ရသောဒဏ်ကြောင့် မျောက်မင်းမှာ ပြင်းပြ နာကျင်သော ဝေဒနာများကို ကြိတ်မှိတ်ခံစားနေရရှာလေ
သည်။ ယင်းသို့ အခိုက်အတန့် အတွင်း မှာပင် မျောက်မင်း အပေါ် အငြိုးထားသော ဒေ၀ဒတ်အလောင်း မျောက်သည် ငါ့ရန်သူ၏ သေကျေပျက်စီးရမည့် ဘေးကို ငါယနေ့ မြင်တွေ့ရပြီဟူသော ၀မ်းသာ အားရ
အကြံအစည်ဖြင့် အလွန်မြင့်သော သစ်ပင်ခေါင်ထိပ်သို့တက်၍ မျောက် မင်း၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်
ပြင်းစွာခုန်ချလိုက်လေသည်။ မျောက်မင်းမှာ မချိမဆန့်ဝေဒနာကို ခံစားရင်းနွယ်ကြိုးတန်လန်းဖြင့်တကောင်
တည်းကျန်ရစ်ခဲ့လေသည်။ထိုအခြင်းအရာကို ဗာရာဏသီမင်းနှင့် ပရိတ်သတ်အပေါင်း တို့ တွေ့မြင်ကြသော
ကြောင့်မျောက်မင်းကို အန္တရယ်မပြုစေပဲ အသာအယာအောက် ကိုချ၍ ဆီ နံ့သာတို့ဖြင့်လိမ်းနယ်ပေးကြ
လေသည်။ဘုရင်ကလည်း ကရုဏာသက်စွာ ဖြင့် သင်နှင့် ဘယ်လို ဆွေမျိုးတော်စပ်သောကြောင့် ထိုမျောက်
အပေါင်းကို ကယ်တင် ရသလဲဟု မေး မြန်းလေသည်။ဘုရားလောင်းမျောက်မင်းကြီးက ပြန်ဖြေလိုက်သည်။

“ထိုမျောက်အပေါင်းသည် ငါ၏ဆွေမျိုးများမဟုတ်ကြပါ သို့သော်ငါသည် ထိုမျောက် အပေါင်း၏ အကြီးအကဲ ခေါင်းဆောင်ဖြစ်သည်။ခေါင်းဆောင်ဟူသည် အရေးကိစ္စ ကြုံ လာခဲ့သော လက်အောက်ငယ်သားတို့ကို ထားရစ်ခဲ့၍ ကိုယ်လွတ်ရုံးကာ ထွက်ခွါမ သွားသင့်၊ ကိုယ့်အသက်ကိုပေး၍ လက်အောက်ငယ်သားတို့၏ အသက်ကိုကာကွယ် ရမည်။ဒါမှ သာ ခေါင်းဆောင်ပီသမည်။ သင်မင်းကြီးလည်း တိုင်းသူပြည်သားတို့ကို ခေါင်းဆောင်ပီသစွာ အုပ်ချုပ်နေရစ်ပါ”ဟု ဆုံမစကားပြောရင်း အသက်ကုန်လေသည်။ စာရေးသူသည် အထက်ပါ သာဓက ကို ပြန်ပြောင်းတွေးတောမိရင်းမိမိ ကိုယ်ကို ပြန်လည် သုံးသပ်နေမိသည်။မိမိ နိုငံတော်နှင့် အမျိုးဘာသာ သာသနာတော်အတွက် ဘယ်လောက် အလုပ်လုပ်ပြီးပြီလဲ ဘာတွေ အပင်ပန်းခံဆောင်ရွက်ခဲ့
တာရှိသလဲ အခု ရော ဘာတွေ လုပ်နေသလဲ ၊နောင်ကိုရော ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသလဲ ပြန်မေး
ကြည့်သောအခါ မျောက်မင်းကြီး၏ စွန့်လွှတ်တတ်သောနှလုံသားကို အားကျနေသော အခြေအနေမှာသာ ရှိနေပါသည်။ စာဖတ်သူရော ဘယ်အခြေအနေရှိနေပြီလဲ စာရေးသူ သိခြင်ပါသည်။

ဒုတိယ စာရေးသူအားကျကြည်ညိုမိသော နှလုံသားမှာလည်း ဘုရားလောင်း မျောက်မင်း၏စွန့်လွှတ်တတ်သော အခြားဘ၀တစ်ခုဖြစ်ပါသည်။လူသား(ပုဏ္ဏား) တစ်ယောက် တောထဲကို ဖြတ်သန်းလာရင်း ချောက်ထဲကို ကျနေသည်မှာ ရက် အ တော်ကြာခဲ့ပြီ။ကယ်တင်မည့်သူမရှိ အစာရေစာကလည်း ပြတ်လတ်သောကြောင့်
ထိုအတိုင်း ဆက်လက်သွားလျှင် အသက်ဆုံးဖို့ ပင်ရှိလေသည်။ထိုအချိန်ဘုရားလောင်း မျောက်မင်းက သူ့ကို
တွေ့လိုက်သည။်ကယ်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ နွယ်ကြိုးတစ်ချောင်းရှာပြီး နွယ်ကြိုးကို ချောက်ကမ်းပါးထိပ်က သစ်ပင်မှာ ချည်၍ အောက်ကို တွဲလောင်းခိုဆင်းလာခဲ့သည်။ထို့နောက်လူသားကို သူ့ကျောမှာပိုးစေလျက် ချောက်ကမ်းပါး ထိပ်သို့ရောက်အောင်သယ်ဆောင်လာခဲ့သည်။ဤသို့ဖြင့်လူသား၏ အ သက်ကိုကယ်တင်လိုက်
နိုင်သည်။မျောက်တစ်ကောင်အနေဖြင့် လူတစ်ယောက်ကို မတ်စောက်သောချောက်ကမ်းပါးမှာထမ်းပိုးလာ
ခဲ့ရသောကြောင့် လွန်စွာမောဟိုက် သွားသည်။ထို့ကြောင့်လူသား၏ပေါင်ပေါ်မှာ အနားယူအပန်းဖြေမှေးစက်ရန် ခွင့်တောင်း လိုက်သည်။မလေးလံသော မိမိ၏ ဦးခေါင်းလေး တင်ရုံမျှဖြင့် လူသားအတွက် မပင်ပန်းတန်ကောင်း
ဘူးဟု အထင်ရှိခြင်းနှင့် လူသားတစ်ယောက်အတွက် ကျေးဇူးဆပ်ခွင့်ရရန် ဖန်တီးလိုက်ခြင်းလည်း ဖြစ်တန်
ကောင်းပါသည်။ သို့သော်သူကယ်တင်ကယ်ခဲ့သော လူသားသည် လူသားမဆန်သည့် ကျေးဇူးမသိ တတ်သူ
ဖြစ်နေခဲ့ပါသည်။ဘုရားလောင်းမျောက်ကို ပေါင်ပေါ်မှာတင်ထားရင်း အိမ်ပြန် ရန် အစီအစဉ်ကိုတွေးနေမိ
သည်။အိမ်ပြန်ခရီးတွင် ဘာတစ်ခုမျှ မပါပဲ သွားခဲ့သော အိမ် က ဇနီးမယားငြိုငြင်မည်ကို စိုးသောကြောင့် တစ်ခုခု ပါသွားရန်စဉ်းစားနေခိုက်ပေါင်ပေါ် တွင် အိပ်နေသော ဘုရားလောင်းမျောက်ကို ချက်ချင်းသတိရ
လိုက်သည်။ကျေးဇူးရှင် ကို ဟင်းလျာလုပ်စားရန် ဆိုးရွားသော အတွေးတို့ သူ့မှာဝင်လာခဲ့သည်။ထို့ကြောင့် အနီးမှာရှိသော ကျောက်တုံးဖြင့် မျောက်မင်း၏ ဦးခေါင်းကို မညှာမတာ ထုလိုက်သည်။ မျောက်မင်းလန့်နိုးလာ
ရင်း ဦးခေါင်းမှာ သွေးစိမ်းရှင်တို့ စီးကျလျက်ဖြင့် အနီးရှိသစ်ပင် ပေါ်သို့ ခုန်တက်လိုက်သည်။ သူအလွန်အံ့
သြသွားသည်။ စိတ်အစဉ်မှာ မယုံကြည်ခြင်းနှင့် အတူ လူသားကို သ နားမိ သွားသည်။ဤလူသားသည် အိမ်ပြန်လမ်းကို ယခုတိုင်မသိသေး သူသာ လမ်းမပြ လျှင် တောထဲမှာ အစာရေစာ ပြတ်ပြီးသေဆုံးနိုင်သည်။

ထို့ကြောင့် လမ်းဆက်ပြနိုင်ရန် သူကြိုးစားရလေသည်။သူက သစ်ပင်ပေါ်ကသွားမည်။ သူ၏သွေးစက်ကျရာ
လမ်းကို ကြည့်၍ နောက်က လိုက်ခဲ့ရန် ပြောလိုက်သည်။လူသား၏ အနီးကိုတော့ သူမကပ်နိုင်တော့ လူသားကို
သူမယုံတော့ခြင်းကြောင့် ဖြစ်သည်။ မယုံကြည်သည့်တိုင် နောက်ဆုံး အခြေနေထိ ကယ်တယ်ရန် သူဆုံးဖြတ်ခဲ့
လေသည်။

ဤနေရာ၌ စာရေးသူ စဉ်းစားနေမိပါသည်။ကိုယ်ကယ်တင် ကူညီခဲ့သူတစ်ယောက် က ကိုယ့်ကိုယခုလို
ဆိုးရွားစွာ တုံ့ပြန်ခဲ့သော် ဘယ်လိုခံစားကြမလဲ ဘယ်လိုတုန့်ပြန် ပြောဆိုကြမလဲ ကျေးဇူးမသိတတ်လိုက်တာ၊
လုပ်ရက်လိုက်တာ ၊ကျေးဇူးရှိမှကျေးစွပ် တယ်ဆိုတာ ဒါမျိုးပေါ့ စသည်ဖြင့် လွန်စွာ ထိခိုက်ပေါက်ကွဲကြပေ
မည်။တနုံ့နုံ့ခံစား ရင်း အကြိမ်ကြိမ် ရေရွတ် မြည်တမ်း ကြပေမည်။ယခု ဘုရားလောင်းမျောက်မင်းက တော့ ကရုဏာသက်စွာဖြင့် အိမ်ပြန်လမ်းကို ရောက်အောင် လိုက်ပို့နိုင်ခဲ့လေသည်။ ဘုရားလောင်းမျောက်မင်းကဲ့သို့ စွန့်လွှတ်တတ်သော ခွင့်လွှတ်သော နှလုံသား ပိုင်ရှင်လူသားများလည်း ခေတ်အဆက်ဆက် ၌ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ပေါ်ပေါက် ခဲ့ပါသည်။ထိုပုဂ္ဂိုလ်များအနက် စာရးသူလေးစား အားကျမိခ့သော ပုဂ္ဂိုလ်များမှာ မာသာထရီစာ ။ဗိုလ်ချုပ်အောင်ဆန်း၊အေဗရာဟန်လင်ကွန်း ၊ မာတင်လူသာ ကင်း စသောပုဂ္ဂိုလ်တို့
ဖြစ်ပါသည်။ ထိုသို့သော ပုဂ္ဂိုများသည် ယခုလည်း ပေါ်ပေါက်နေဆဲ နောင်လည်း ပေါ်ပေါက် ဦးမည်ဖြစ်ပါသည်။ ထိုသူတို့၏နှလုံသားသည် လောက ကို သာယာလှပစေပါသည်။ငြိမ်းချမ်းအေးမြစေ ပါသည်။ထိုထိုသို့သော စွန့် လွှတ် နှလုံး သားပိုင်ရှင်များကို အားကျလေးစားမိရင် မိမိတို့ လည်း သူတို့ကဲ့သို့ ဖြစ်လာနိုင်စေရန် ကြိုးစား
ကြပါစို့ဟု တိုက်တွန်း အားပေးရင်း------

ဂန္ထလုလင် (ဘိုကလေး)


Read more...

ကြောင့်ကြကုသိုလ်... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ကြောင့်ကြကုသိုလ်...


Read more...

ဗုဒ္ဓ၀င်အကြောင်း... ရွှေမင်းဝန်...

ရွှေမင်းဝန် ဗုဒ္ဓ၀င် အင်္ဂလိပ်စကားပြော...

ဗုဒ္ဓ၀င်အကြောင်း...



သုမေဓာနှင့် သုမိတ္တာတို့ ဗျာဓိတ်ခံယူခြင်း...




Read more...

အနှစ်ရှိသော ကြီးရင့်ခြင်း…

ကီးရင့်ခြင်းဟူသည် ငယ်ရာမှ ကြီးလာခြင်း၊ နုရာမှ ရင့်လာခြင်းစသည်ကို ဆိုလို၏။ ထိုကြီးရင့်ခြင်းသည် သတ္တ၀ါများ၌ ဖြစ်သကဲ့သို့ သစ်ပင်များ၌လည်း ဖြစ်ပေါ်လေ့ရှိ၏။ လူသားတို့အပါအ၀င် သတ္တ၀ါအပေါင်းတို့သည် ငယ်ရာမှ ကြီးလာလေ့ရှိကြပြီး သစ်ပင်ပန်းမာလ်တို့သည်လည်း ငယ်ရာမှကြီးလာ၊ နုရာမှ ရင့်လာလေ့ရှိကြ၏။ ထိုသို့ ကြီးရင့်ခြင်းများ အသီးသီး ရှိကြသော်လည်း ကြီးရင့်သွားပုံခြင်း မတူညီကြပေ။ အချို့အနှစ်ရှိသော ကြီးရင့်ခြင်းဖြင့် ကြီးရင့်နေကြသော်လည်း အချို့မှာ အနှစ်မရှိ အချည်းနှီး ကြီးရင့်ခြင်းများဖြင့် ကြီးရင့်နေကြသည်ကို တွေ့နိုင်၏။ သစ်ပင်များတွင် လဲပင်၊ ငှက်ပျောပင်စသည်များသည် အပင်ကြီးသာ ကြီးရင့်သွားသော်လည်း အထဲတွင် အနှစ်သာရမရှိ ပျော့ပွပွကြီး ဖြစ်နေလေ့ရှိပြီး ဆီးပင်၊ မန်ကျီးးပင်၊ မာလကာပင် စသည်များသည် ငယ်ပင်ငယ်သော်လည်း အနှစ်အပြည့်ဖြင့် မာမာကျစ်ကျစ် ဖြစ်နေသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့အတူ လူသတ္တ၀ါများတွင်လည်း အချို့ပုဂ္ဂိုလ် သတ္တ၀ါများသည် အသက်အရွယ်သာ ကြီးရင့်သွားကြသော်လည်း အနှစ်မရှိ တန်ဘိုးမဲ့စွာ ဘ၀ကိုကျင်လည်နေကြပြီး အချို့ပုဂ္ဂိုလ် သတ္တ၀ါများသည်ကား ငယ်ပင်ငယ်သော်လည်း အနှစ်အပြည့်ဖြင့် တန်ဘိုးရှိစွာ ဘ၀ကိုကျင်လည် ဖြတ်သန်း ကြိုးစားနေကြသည်ကို တွေ့ရ၏။ ထို့ကြောင့် ကြီးရင့်သွားသည်ခြင်း တူကြသော်လည်း အနှစ်ရှိသော ကြီးရင့်ခြင်းနှင့် အနှစ်မရှိသော ကြီးရင့်ခြင်းဟူ၍ နှစ်မျိုးကွဲပြားနေခြင်း ဖြစ်၏။

မှန်၏။ ထိုသဘောတရားသည် လူသားများတွင် ထင်ရှားစွာ တွေ့မြင်နေရ၏။ အချို့သူများသည် အသက် ၅၀ ကျော် ၆၀၀န်းကျင် ရှိနေကြသော်လည်း လုပ်နေကြသည့် လုပ်ရပ်များမှာ မိမိအတွက် အများအတွက် မည်သည့်ကောင်းကျိုးမျှ မဖြစ်နိုင်သည် လုပ်ရပ်များဖြစ်နေကြ၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်လည်း မည်သည့်နေရာတွင်မျှ အသုံးမတည့်ဖြစ်နေ၏။ ထိုသူ့တို့ထံမှ ရယူစရာ၊ အတုယူကျင့်သုံးဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိဖြစ်နေ၏။ စင်စစ် အသက်ကြီးတိုင်း အနှစ်ရှိသည်မဟုတ်။ ပညာတတ်တိုင်း အနှစ်ရှိသည်မဟုတ်။ ရာထူးကြီးတိုင်း အနှစ်ရှိသည်မဟုတ်။ အနှစ်ရှိခြင်း၊ မရှိခြင်းကို အကျင့်သိက္ခာ ရှိခြင်းမရှိခြင်း၊ ကုသိုလ်တရားရှိခြင်း၊ မရှိခြင်းနှင့်သာ တိုင်းတာ၍ ရရှိ၏။ အချို့သူများသည် အသက်ပင် ငယ်ငြားသော်လည်း ကုသိုလ်ကောင်းမှု၌ ပျော်မွေ့၏။ အကျင့်သီလကို လုံခြုံအောင် စောင့်ထိမ်း၏။ မိဘဆရာသမားများအပေါ်တွင် တာဝန်ကျေ၏။ လူကြီးသူမများကို ရိုသေလေးစား၏။ ထိုသူတို့သည် မိမိသန္တာန်တွင် ကောင်းမှုတရားများဖြင့် ပြည့်စုံထုံလွှမ်းနေသဖြင့် အသက်ပင်ငယ်သော်လည်း အနှစ်အားဖြင့် ကြီးရင့်၏။ ငယ်ရာမှ တဖြည်းဖြည်းကြီးရင့် လာနေကြသော်လည်း ထိုသူတို့၏ ကြီးရင့်ခြင်းသည် အနှစ်ရှိသော ကြီးရင့်ခြင်းဖြစ်၏။ အချို့ကား ငယ်စဉ်သိတတ်စ အရွယ်မှစပြီး မကောင်းမှုများ၌ ပျော်မွေ့၏။ အပျော်အပါးလိုက်စား၏။ ကိုယ်ကျင့်သီလ ဖောက်ပြန်၏။ မိဘဆရာသမားများ အပေါ်တွင်လည်း သိတတ်မှုမရှိ၊ လူကြီးသူမများအပေါ်တွင်လည်း ရိုသေကိုင်းရှိုင်းမှုမရှိ။ ဤသို့ဖြင့် အသက်များ တစ်စတစ်စ ကြီးရင့်လာသော်လည်း နောင်တရမှုမရှိ၊ ငယ်စဉ်ကတည်းက ပျော်မွေ့ခဲ့သည့် မကောင်းမှုဒုစရိုက်များဖြင့်သာ ပျော်နေဆဲဖြစ်၏။ ထိုသူများသည် အသက်အရွယ်အရ ကြီးရင့်နေသော်လည်း အနှစ်သာရအားဖြင့် မွေးကင်းစသာသာမျှသာရှိ၏။ ထိုသူတို့၏ ကြီးရင့်ခြင်းသည် အနှစ်မရှိသော ကြီးရင့်ခြင်းသာ ဖြစ်၏။

လွန်ခဲ့သည့် သုံးလေးရက်ခန့်က ဖြစ်၏။ ည ၁၁နာရီခန့် စာရေးသူနေထိုင်ရာ ကျောင်းအတွင်းသို့ အရက် အလွန် အကျွံသောက်ထားသည့် အမူသမားတစ်ယောက် တံခါးဖွင့်ပြီး အတင်းဝင်ရောက်လာ၏။ မြန်မာလူမျိုးမဟုတ်။ စာရေးသူ နေထိုင်သီတင်းသုံးနေသည့် နိုင်ငံ၏နိုင်ငံသားဖြစ်၏။ အသက်အရွယ်အားဖြင့် ၅၀ကျော် ၆၀ခန့် ရှိမည်ထင်ရ၏။ အနံ့တစ်ထောင်းထောင်းထနေသော အရက်နံ့ကြောင့် စာရေးသူခေါင်းပင် ကိုက်လာ၏။ သို့သော် သီးခံပြီး အဘယ့်ကြောင့် ဤကဲ့သို့ အရက်အလွန်အကျွန်သောက်ပြီး ဘုန်းကြီးကျောင်းထဲ ၀င်လာရသနည်းဟု စာရေးသူက မေးသဖြင့် သူ့နိုင်ငံ စီးပွားရေများအကြောင်း၊ လူတွေကို မုန်းနေသည့်အကြောင်း၊ သူ့ကိုသူ သတ်သေချင်ကြောင်း စသည်ဖြင့် ပြောပါတော့၏။ စာရေးသူလည်း စိတ်ဖြေရာ တရားစကားများပြောဆိုပြီး ပြန်ခိုင်းလိုက်ရလေ၏။ ပြောချင်သည်မှာ ထိုအမူးသမားအကြောင်းမဟုတ်။ ထိုသူ၏ အသက်အရွယ်နှင့် ကျင်လည်နေရသည့်ဘ၀၊ ဖြစ်ပျက်နေသည့် အခြေအနေကို ပြောလိုရင်းဖြစ်၏။ အသက်အရွယ် ကြီးနေသော်လည်း သူ၏ ဘ၀သည် အနှစ်မရှိဖြစ်နေ၏။ မိမိအတွက်လည်း အကျိုးမရှိ၊ မိသားစုအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်လူမျိုးအတွက်လည်း အကျိုးမရှိဖြစ်နေသည့် အနေအထားတွင် ရှိ၏။ ပို၍ဆိုးသည်မှာ ကုသိုလ်အကုသိုလ်ကို မသိဘဲဖြစ်နေခြင်း ဖြစ်၏။ သို့ဖြစ်၍လည်း အကောင်းကို အဆိုးထင်၊ အဆိုးကို အကောင်းထင်ပြီး ထင်ရာလုပ်နေကြခြင်းဖြစ်၏။ လွဲမှားနေသည့် လမ်းကိုလျှောက်နေကြသဖြင့် လုပ်သမျှအမှားဖြစ်ကာ အောင်မြင်မှုမရဘဲ ဘ၀ကိုအရှုံးပေး၍ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းနေမိကြခြင်း ဖြစ်၏။

စင်စစ် အသက်အရွယ်ကြီး၍ အနှစ်ရှိသည် မဟုတ်။ အသက်ရှင်ဆဲအခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်၏။ အနှစ်သာရရှိစွာ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်၏။ စာလိုပြောပါက ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းကြာရှည်စွာ နေရခြင်းထက် ကိုယ်ကျင့်သိက္ခာပြည့်စုံစွာဖြင့် တစ်နေ့တစ်ရက် တစ်မနက်မျှ နေထိုင်သွားရခြင်းက ပို၍အနှစ်သာရရှိ၏။ ကုသိုလ်ကောင်းမှုများဖြင့် တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများဖြင့် နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင်နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်၏။ အဘယ့်ကြောင့်ဆိုသော် မွေးလာပြီးနောက် သေကြရမည်မှာ သတ္တ၀ါများ ရှောင်တိမ်း၍ မရသည့် အရာဖြစ်သဖြင့် အသက်တိုသည် အသက်ရှည်သည်တို့ထက် အသက်ရှင်ဆဲအခိုက်မှာ အနှစ်သာရပြည့်စုံစွာ နေထိုင်သွားနိုင်ခြင်းက အဓိကကျသောကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြသည့် မိမိတို့သည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မိမိတို့သန္တာန်တွင်လည်း အနှစ်သာရများ တိုးပွားစေရန် ကြိုးစားနိုင်ကြရမည်ဖြစ်၏။ သေရမည့်အချိန်ကို တဖြည်းဖြည်းကူးသွားနေသည့် မိမိတို့၏ ကြီးရင့်ခြင်းသည် အနှစ်ရှိသော ကြီးရင့်ခြင်းများဖြစ်ရန် လိုအပ်လှ၏။

ခေတ်ကာလအခြေအနေအရ စားဝတ်နေရေး ကျန်းမာရေးများ အဆင်ပြေစေရန် ကြိုးစားနေကြရသည့် စာဖတ်သူများအနေဖြင့် အထူးသတိပြုဆင်ခြင်သင့်သည်မှာ ထိုစားဝတ်နေရေး စသည်များသည် ယခုဘ၀အဆင်ပြေစေရန်သာ အထောက်အကူဖြစ်စေနိုင်သည့် အရာများဖြစ်ပြီး ထိုအရာများ အလွန်များပြား ပြည့်စုံနေသော်လည်း နောင်ဘ၀သံသရာနှင့် ယှဉ်ကြည့်လျှင် အနှစ်မရှိ အချည်းနှီးများသာဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။ သေလျှင် အားလုံးထားခဲ့ရမည့် အရာများသာဖြစ်၏။ ဘ၀သံသရာအတွက် ကြည့်မည်ဆိုလျှင် ထိုလောကီအရာများသည် အနှစ်မရှိသော အရာများသာဖြစ်၏။ ထိုအရာများပြည့်စုံ၍လည်း အနှစ်သာရရှိလာမည် မဟုတ်ပေ။ ထို့အရာများနောက်သို့ အပတ်တစ်ကုတ် ကြိုးစားလိုက်နေသော်လည်း မိမိတို့၏ အသက်များသာ တဖြည်းဖြည်းကြီးရင့်လာစေပြီး အနှစ်သာရအားဖြင့်ကား တိုးပွားလာမည်မဟုတ်ပေ။ ကုသိုလ်ရေးမပါဘဲ ထိုလောကီအရာများတွင်သာ အချိန်ကုန်နေသော မိမိတို့သည်လည်း အနှစ်မရှိ အချည်းနှီးသာ အချိန်ကုန်နေသူများ ဖြစ်နေပေ၏။ သို့သော် ထိုလောကီအရာများမှ အနှစ်ထုတ်ယူတတ်လျှင်ကား အနှစ်ရှိသည့်အရာများ ဖြစ်လာနိုင်ပေ၏။ အနှစ်ရှိသည့် အသက်ရှင်နေမှုများ ဖြစ်လာနိုင်ပေ၏။ လောကီအရာများကို အသုံးချ၍ ကုသိုလ်ဖြစ်အောင် ပြုလုပ်နေထိုင်တတ်ခြင်းကိုပင် အနှစ်ထုတ်သည်ဟု ဆိုနိုင်၏။ လောကီနယ်အတွင်းမှာ ဖြစ်နေသည့်အတွက် လောကီကိစ္စများနှင့် မကင်းနိုင်သေးသော်လည်း လောကီအလုပ်များလုပ်ရင်း အနှစ်သာရရှိသည့်ဘ၀များ ဖြစ်စေရန် ကြိုးစားနိုင်၏။ မျက်မှောက်ဘ၀တွင် အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားများ တိုးပွားအောင်ကြိုးစားနေစဉ် တစ်ဘက်မှလည်း သံသရာကြီးပွားကြောင်း ကုသိုလ်တရားများကိုလည်း တစ်ပြိုင်တည်း လုပ်နိုင်အောင် ကြိုးစားသင့်၏။ တစ်ပြိုင်တည်းဟူသည့် စကားကို အထူးသတိပြုသင့်၏။ အကယ်၍ ကုသိုလ်ရေးကတော့ အချိန်ရှိပါသေးတယ် နောင်အေးအေးဆေးဆေးမှလုပ်တာပေါ့ ဟုတွေးပြီး အခြားအရေးများတွင်သာ အာရုံထားလုပ်ဆောင်မိပါက မိမိတို့တွက်ထားသည့် နောင်အေးအေးဆေးဆေးဟူသော အချိန်သို့ မရောက်မီ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် အနှစ်မရှိသော ဘ၀ဖြင့်သာ သံသရာလည်သွားနိုင်၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာဒေသမရွေး လာနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘ၀ကို အနှစ်သာရရှိရှိ ဖြစ်သန်းလိုသူများသည် ပစ္စုပ္ပန် သံသရာ အနှစ်သာရရှိစေရန် လောကီအရေးများသာမက သံသရာအရေးဖြစ်သည့် ကုသိုလ်ရေးကိုလည်း တစ်ပြိုင်းတည်း ကြိုးစားလုပ်ရန် လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။

အနှစ်ရှိသော ကြီးရင့်ခြင်းဟူသည် ထိုသို့သော ကြီးရင့်ခြင်းကို ဆိုလို၏။ လောကီကောင်းကျိုး သံသရာကောင်းကျိုးများဖြင့် အချိန်ကုန်ဆုံးမှု၊ အသက်အရွယ်ကြီးရင့်မှုကို ဆိုလို၏။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကုသိုလ်ရေးများဖြင့် အချိန်ကုန်ဆုံးနေမှုကို ဆိုလို၏။ အသက်အရွယ် တစ်ရက် တစ်မနက် ကြီးလာသည်နှင့်အမျှ မိမိသန္တာန်တွင်လည်း လောကီအနှစ်သာရ၊ ကုသိုလ်အနှစ်သာရများ ပိုပိုတိုးပွား များပြားလာမှုကို ဆိုလို၏။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားသည့် အချိန်များကို မပြတ်ဆင်ခြင်တတ်ရန် လိုအပ်၏။ ညအိပ်ရာဝင်ချိန်တွင် မိမိကိုယ်ကိုပြန်ပြီး ကုန်ဆုံးသွားသည့် တစ်နေ့တာအချိန်ကို အနှစ်ရှိရှိ ကုန်ဆုံးသွားခဲ့ခြင်းလော၊ သို့တည်းမဟုတ် အနှစ်မရှိ အချည်းနှီး ကုန်ဆုံးသွားခဲ့ခြင်းလောဟု ပြန်လည်မေးခွန်းထုတ် ဆင်ခြင်ကြည့်သည့် အကျင့်ကို လုပ်ပေးသင့်၏။ အနှစ်မရှိ အချည်းနှီးကုန်ဆုံးသွားမှုများသာ များနေသည်ဟု သတိပြုမိသည့်အချိန် ချက်ချက်ပြင်နိုင်အောင် ကြိုးစားသင့်၏။ သတိရသည့်အချိန်တွင် ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။ သို့မဟုတ်လျှင် လွန်မှ၊ ဘာမျှမလုပ်နိုင်သည့်အခါမှ ဆင်ခြင်မိတတ်ပြီး ထိုအချိန်ကား နောက်ကျသွားချိန်ဖြစ်တတ်၏။ ထို့ကြောင့် မိမိတို့ နောင်တရသည့်အချိန်သည် နှောင်းသွားသည့်အချိန် မဖြစ်စေရန် နေ့စဉ်နေ့စဉ် မိမိကိုယ်ကိုပြန်လည် ဆင်ခြင်သတိပြုကာ အနှစ်သာရများဖြင့် ကုန်ဆုံးကြီးရင့်နိုင်အောင် ကြိုးစားသင့်၏။

အချုပ်အားဖြင့်ဆိုရသော် အနှစ်ရှိသော ကြီးရင့်ခြင်းဟူသည် လောကီပညာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရများဖြင့် နေထိုင်တိုးပွား ကြီးပွားချမ်းသာခြင်းကို ဆိုသည်မဟုတ်၊ ကုသိုလ်တရားများဖြင့် ဘ၀ကို နေထိုင်ဖြတ်သန်းသွားလာနိုင်ခြင်းကို ဆို၏။ ကုသိုလ်တရားဟူသည် ပေးကမ်းလှူဒါန်းစွန့်ကြဲခြင်း ဒါနကုသိုလ်၊ ကိုယ်ကျင့်သီလလုံခြုံခြင်း သီလကုသိုလ်၊ တရားဘာဝနာ နာကြားအားထုတ်ခြင်း ဘ၀နာကုသိုလ်များကို ဆိုခြင်းဖြစ်၏။ လောကီနယ်ပယ်မှ မလွတ်မြောက်သေးသူများဖြစ်သဖြင့် လောကီကာမဂုဏ်အာရုံများ တိုးပွားများပြားအောင် ကြိုးစားရန်လိုအပ်သော်လည်း ထိုလောကီအာရုံများဖြင့်သာ အချိန်မကုန်စေဘဲ သံသရာကောင်းစေမည့် ကုသိုလ်အနှစ်သာရများကိုပါ တစ်ပြိုင်တည်းလုပ်ရန်လည်း လိုအပ်လှ၏။ ဘာမှမမြဲသည့် လောကကြီးတွင် လောကီအာရုံများနောက်သို့ လိုက်ရင်းအသက်အရွယ် ကြီးရင့်မှုမျိုး မဖြစ်စေရန် ကုသိုလ်အနှစ်သာရများလည်း ကြိုးစားအားထုတ်လျှက် အနှစ်ရှိသော ကြီးရင့်မှုမျိုးဖြစ်စေရန် လိုအပ်လှ၏။ ထိုသို့ လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးများကို ရရှိအောင်ကြိုးစားခြင်းဖြင့် အသက်အရွယ် ကြီးရင့်နေမှုမျိုးကိုသာ အနှစ်ရှိသော ကြီးရင့်မှုဟု ဆိုခြင်းဖြစ်ပါသဖြင့် မိမိကိုယ်ကို အကြိမ်ကြိမ်အခါခါ ဆင်ခြင်စဉ်းစား သတိထား၍ အနှစ်ရှိသော ကြီးရင့်ခြင်းမျိုးဖြင့် ဘ၀နိဂုံးအဆုံးသတ်နိုင်အောင် ကြိုးစားနိုင်ရန် လိုအပ်ပါကြောင်း…



Read more...

ပုံပြင်လေးတစ်ပုဒ်… (သို့)…

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။ တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူ စိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဘုရားကို သူ့ရဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီ ဖြေရှင်း ပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကိုတစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀ သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရားလေးယောက် ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား" လို့တွေးမိတော့တယ်။ နောက်တော့ သူကသူ့ရဲ့စတုတ္ထမြောက်မိဘုရားကိုခေါ်ပြီးမေးလိုက်တယ်..။

"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်.. မင်းကိုကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့ အတူတူ လိုက်သေနိုင်မလား" ။ မိဘုရားက "လုံးဝပဲ" လို့ ပြန်ပြောလိုက်တယ်။ နောက်ထပ် စကား တစ်လုံး တလေမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့ အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစား ရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။ "ငါဟာမင်းကို ငါ့ဘ၀နဲ့ ချီပြီး ချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ.. ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက် တောင့်တင်း သွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူ ရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ လိုက်သေနိုင်မလား အချစ်ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး.. အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်"လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်.. ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူ တွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါ ပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ဇနီးလေးယောက် ရှိပါတယ်..။ စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။ တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တစ်ပါးသူ လက်ထဲ ရောက်သွားတာပဲလေ။ ဒုတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ လိုက်ပို့မယ်.. နောက်တော့ အုတ်ဂူလေးဆီ လာကြမယ်.. ဆုတောင်းပေးကြမယ်။ အဲ. ပထမဆုံး ဇနီးကတော့ ကျွန်တော်တို့တွေရဲ့ .. စိတ်(ကုသိုလ်စိတ်-အကုသိုလ်စိတ်) ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာ နောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။

အဲဒီတော့ ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊ စိတ်အင်အားကို ခုကတည်းက တောင့်တင်း ခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင် ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိကဖြစ်ပါတယ်။ ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံး ဖြစ်နေမှာပဲပေါ့။

ရဲရင့်သူများဖိုရမ် မှ ဤစာသားကို ကူးယူဖော်ပြပါသည်..။ (မှတ်ချက်- အနည်းအကျဉ်း ပြင်ဆင်ဖြည့်စွက် ထားပါသည်..။)

………….

ဒါကတော့ ကျနော့ရဲ့ အမြင်လေးပါ.. အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးလေးဟာ တကယ် တွေးကြည့်မယ်ဆိုရင် အရမ်းကို သံဝေဂရဖို့ ကောင်းပါတယ်။ သူ ဖော်ပြပေးသွားတဲ့ အကြောင်းအရာလေးကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပြန်တိုက်ကြည့်တော့ တကယ်ကို ဟုတ်နေတာပါ။ ကျနော်တို့တွေ အချစ်ဆုံးလို့ ထင်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ တကယ်တော့ သေရင် ကိုယ်နဲ့ ပါမလာပါဘူး.. မီးရှို့ပြီး ပြာ ဖြစ်သွားရတာပါ။ ဒီလိုပါပဲ.. ဥစ္စာ ပစ္စည်းဆိုတာလည်း အသက်ရှင်နေတုန်းမှာသာ ဒါငါ့ဟာ.. ဒါင့ါပစ္စည်း.. ဒါငါ့ပိုက်ဆံနဲ့ ပြောနေကြရတာပါ။ သေသွားရင်တော့ ကိုယ်နဲ့ ပါသွားတာဆိုလို့ ဘာဆိုဘာမှ မရှိပါဘူး။ ကိုယ်မရှိတဲ့ အချိနှ်မှာ တခြားသူတွေ ဝေမျှ သုံးစွဲ သွားကြရတာပဲ မဟုတ်ပါလား။ နောက်တစ်ခုကတော့.. အရင်းနှီးဆုံးလို့ ပြောလို့ရတဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစုတွေပါပဲ.. သူတို့လည်း သေခါနီးအချိန်မှာ ကိုယ့်အတွက် ဘာမှ မတတ်နိုင်ပါဘူး။ ဘေးနားကနေ အသာလေးကြည့်ပြီး.. သူတော့ သွားရှာပြီ.. သနားလိုက်တာ.. မခွဲနိုင်ပါဘူး.. ဒီလောက်ပဲ ပြောနိုင်ကြပါတယ်။ အတူတူ လိုက်မလားဆိုတော့ နိုး လို့ပဲ ပြောကြမှာပါ။

တကယ်တော့.. ကျနော်တို့တွေနဲ့ အတူတူ လိုက်လာတာဟာ ကျနော်တို့တွေ လုပ်ခဲ့တဲ့ ကုသိုလ်တွေ အကုသိုလ်တွေပါပဲ။ ရေဗူးနဲ့ ဖိနပ်မပါရင် နွေအခါမှသိ.. ဒါနနဲ့ သီလမပါရင် သေခါမှသိ… တဲ့။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ လုပ်ဖို့မေ့နေတာဟာ စိတ်ကို ပြစ်ထားတာပါ။ စိတ်ကို ပြစ်ထားတယ် ဆိုရင်တော့ သေခါနီးကျမှ သိပါလိမ့်မယ်။ သေခါနီးမှာ ကိုယ်နဲ့ နှဖူးတွေ ဒူးတွေရင်ဆိုင်ရမှာက သေမင်းပါ.. ဒါ့ကြောင့် ကျနော်တို့တွေဟာ သေဖို့အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ?.. နောက် နေ့စဉ်နဲ့အမျှ စိတ်ကိုပြစ်မထားပဲနဲ့.. ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘယ်လောက် စုဆောင်းမိပြီိလဲ?.. ဒီအချက်တွေကို အမြဲတမ်းမေးပြီး စိတ်ကို ပြုပြင်ထိန်းသိမ်း စောင့်ရှောက် နေရပါမယ်။ ဒါမှလည်း.. ပုံပြင်ထဲက ဘုရင်ကြီးလို သေခါနီးကျမှ အားကိုးစရာ လိုက်ရှာရတဲ့ အဖြစ်က လွတ်မှာပါ။ သေခါနီးအချိန် ကိုယ့်မှာ အားကိုးစရာ မရှိရင် စွဲမိစွဲရာစွဲပြီး ရောက်ချင်တဲ့ ဘ၀ကို ရောက်သွား နိုင်ပါတယ်။ ကုသိုလ်တရား မေ့ပြီး စိတ်ကို ပြစ်ထားတယ် ဆိုရင်တော့.. အများဆုံး ရောက်မှာကတော့ အပါယ်လေးဘုံပေါ့။ ဒါ့ကြောင့် ကျနော်တို့တွေဟာ သေခါနီးမှာ ဘယ်သူ့ကိုမှ အားကိုးစရာမလိုအောင် ကုသိုလ်တရားတွေ များသထက် များအောင်ပြုပြင်ပြီး စိတ်ကို ပြုပြင်ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ သေခါနီးအချိန်မှာ ပုံပြင်ထဲကဘုရင်ကြီးလို နောက်တမရမိအောင်.. ဘုရားရှင် ဟောပြဆုံးမတဲ့ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့ စကားလေးကို လက်ကိုင်ထားပြီး စိတ်ကိုပြစ်မထားပဲနဲ့.. အမြင့်ဆုံး ကုသိုလ်ဖြစ်တဲ့ ၀ိပဿနာ ကုသိုလ်စိတ်နဲ့ သေနိုင်အောင် ကြိုးစား ကြပါလို့ ဆန္ဒပြု ရေးသားလိုက်ရပါတယ်။ ကျနော်လည်း ကြိုးစား နေတုန်းပေါ့...။။။


Read more...

စဉ်းစားဆင်ခြင်ခြင်းကို စဉ်းစားခြင်း

ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ တွေးတတ်သူ မိတ်ဆွေတစ်ဦးနဲ့ အခြေအတင် ပြောခဲ့ရဖူးတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး သူနဲ့အမြင်မတူတာတွေရှိတယ်။ မတူတဲ့ အမြင်တွေကို တိုက်ရိုက် ဆွေးနွေးကြဖို့ သဘောတူကြတယ်။ အနည်းငယ်လည်း ပြောခဲ့ဖူးတယ်။

လက်တွေ့မှာနည်းနည်းပြောကြရုံနဲ့

"ဦးအေးမောင်ဟာ အနောက်တိုင်းက ပညာရှင်တွေရဲ့ အမြင်တွေကို သုံးသပ်ပြတာ၊ ကောက်ချက်ဆွဲပြတာ" ဆိုတာမှာ တစ်ချက် "ဦးအေးမောင်ရဲ့ စာအုပ်မှာ ဆင်ဆာတွေများလွန်းလို့ စာရေးဆရာရဲ့ အဆိုများမှာ ဆိုလိုရင်းအတိုင်း ဖြစ်ချင်မှဖြစ်မယ်" ဆိုတဲ့ နေရာမှာတစ်ချက် သဘောတူမိသွားပြီး ဆွေးနွေးလိုတဲ့ ဆန္ဒများ နည်းနည်းစီ လျော့သွားကြတယ်။

စာအုပ်တစ်အုပ်လုံး ကိုယ်စီရတဲ့အထိ စောင့်ကြမယ်ဆိုပြီး ဆိုင်းငံ့အနေနဲ့ ထားထားကြတယ်။ အမှန်ကတော့ ဒီလောက်မကွဲလွဲပါ။ ညှိနှိုင်းလက်ခံပြီး တူသင့်သမျှတူ၍ လွတ်လပ်စွာကွဲလွဲနိုင်သော ဘောင်အတွင်းမှာပဲ ရှိနေတာကို တွေ့ရတယ်။ ၀မ်းသာစရာပါပဲ။

ဒါပေမဲ့ ဦးအေးမောင် ပြောဖူးတဲ့ အချက်တွေထဲက တချို့ကို လူအများ အလွန်အကျွံ လက်ခံ ပြောဆိုနေကြတာတွေ့ရတယ်။ သူတို့ကတော့ တကယ်ကို ယုံကြည်ပြီး ပြောဆိုနေကြတယ်။ ဒါကြောင့် အဲဒီစကားတွေက အချို့ကိုတော့ စောဒကတက်ပါမယ်။

လောလောဆယ် "အခန်း(၁)မှာ ပါတဲ့ ဗုဒ္ဓ၀ါဒနဲ့စဉ်းစားဆင်ခြင်မှု" ဆိုတဲ့ အပိုင်းက စကားရပ်အချို့ကိုတော့ ဆွဲထုတ်ပြီး ပြထားချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစကားကို အခြေခံပြီး တွေးခေါ်စဉ်းစားတတ်သူတွေက သူတို့ရဲ့ တွေးခေါ်စဉ်းစားနိုင်တဲ့ဥာဏ်ကို အလွန်အမင်းအားကိုးပြီး ခေတ်ပညာ သိပ်မတတ်တဲ့ ရှေးလူကြီးအချို့နဲ့ စာပေသိပ်မလိုက်စားဘဲ ရိုးရိုးသားသား ဘာသာတရားကို ကြည်ညိုတဲ့ သာမန်လူအချို့ကို အထင်သေး စကားပြောကြတာ တွေ့ရတယ်။


ဦးအေးမောင်ရဲ့စကား


(၁)"ကမ္ဘာ.ဘာသာ အယူဝါဒများ တွင် မည်သည်. ဘာသာဝါဒ သည် စဉ်းစားဝေဖန် မှု ကိုအများဆုံးအားပေးပါသနည်း။ မည်သည်.ဘာသာတရားသည် လူတို.အား အစစအရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အလေးအနက် ဟောကြားခဲ.ပါသနည်းဟု မေးပါက ဗုဒ္ဓဝါဒကို ကျွန်ုပ်တို.ညွန်ပြရပေလိမ်.မည်။

ဗုဒ္ဓဝါဒသည် ‘ပစ္စတ္တံ ဝေဒိတဗ္ဘော ‘ ဟူသော တရားတော်၏ ဂုဏ်နှင်.အညီ မိမိပညာဉာဏ်ဖြင်. သိမြင်နားလည်ပြီးမှ လက်ခံယုံကြည်ရမည်. ဝါဒဖြစ်၏။

အဂုင်္တ္တရနိကာယ်၌ ဗုဒ္ဓသည် ကာလာမ အမျိုးသားတို.အား အကြင်စကားသည် ရှေးအစဉ်အလာစကားဖြစ်သောကြောင်. သော်လည်း ကောင်း၊ မိမိတို. ကြည်ညိုလေးစားသော ဆရာရဟန်းပုဏ္ဏားတို.၏ စကားဖြစ်သောကြောင်.လည်းကောင်းထိုစကားကို မျက်စိမှိတ်လက်ခံခြင်းမပြုဘဲ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်ပြီးမှ လက်ခံယုံကြည်ကြရန် ဟောတော်မူ၏။

ဘဒ္ဒိယ မင်းသားအား လည်း ထိုနည်းအတူ ဟောတော်မူ၏ (အဂုင်္တ္တရနိကာယ် စတုက္ကနိပါတ် ဘဒ္ဒိယလိစ္ဆဝီသုတ် )။ စင်စစ် ဗုဒ္ဓသည် တပည်.ရဟန်းတို.က မိမိအား ကြည်ညိုသောကြောင်. မိမိတရားကို လက်ခံယုံကြည်ခြင်း ကိုမလိုလားချေ။

“ရဟန်းတို. သင်တို.သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင်.ငါ၏ တရားကို လက်ခံယုံကြည်ခြင်းသည် မသင်.။ သင်တို.သည် ကိုယ်တိုင်ဉာဏ်ဖြင်. ထိုးထွင်းသိမြင်သော တရားကိုသာလျှင် ယုံကြည်ကြသည် မဟုတ်လော။”

(မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)"

(၂)" ပညာဉာဏ်ဖြင်. ဆင် ခြင်သုံးသပ်ပြီးမှ လက် ခံ ယုံကြည်သော မြန်မာ ဗုဒ္ဓ၀ါဒီတို. မှာ. အလွန် နည်းပါး လှကြောင်း ယုံမှား ဖွယ် ရာ မရှိချေ။"


အဲဒီ စကားနှစ်ရပ်ပါပဲ။ ဦးအေးမောင်ဟာ အနောက်တိုင်းသားများရဲ့ သုတေသနပြုချက် သက်သက်များကို ဆွဲထုတ်ပြီး သုံးသပ်ပြတယ် ဆိုတာကိုလေးလေးနက်နက် မှတ်ထားစေလိုပါတယ်။( အနောက်တိုင်းသား များဟာ ကမ္မ၀ါဒ ရဟန္တာ မဂ်ဖိုလ်ပညာ စတာတွေကို ဖယ်ပြီးမှ သုတေသန ပြုထားပါတယ်။) ဒါကြောင့် ဒီစာအုပ်ထဲပါသမျှဟာ ဦးအေးမောင်ရဲ့ အမြင်ရယ်လို့ချည်း တစ်ဖက်သတ် ယူဆလို့ မဖြစ်ပါဘူး။ ဒါဟာ လွတ်လပ်စွာတွေးသူ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကိုသတိပေးပြီး ကျွန်တော်ကလည်း အဲဒီစကားကို အမြဲ သတိထားပါတယ်။


ကျွန်တော့်အယူအဆ

ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ ပညာရှိပုဂ္ဂိုလ်လို့ ဆိုရတယ်။ ဒါကြောင့် ၀ိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာမရတဲ့ မြန်မာဗုဒ္ဓ၀ါဒီများ အလွန်နည်းပါးတယ် ဆိုတဲ့ အမှတ်(၂) စကားရပ်ကတော့ (သာမန်အဓိပ္ပါယ် အနေနဲ့တော့) မှန်မှာပါပဲ။

ဒါပေမဲ့ အမှတ်(၁) စကားကိုကြည့်ရင် ပညာဥာဏ်ဆိုတာဟာ တွေးခေါ်စဉ်းစားခြင်းကို ဦးအေးမောင်က ရည်ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားပါတယ်။ ကြည့်ပါ။

"မည်သည်.ဘာသာတရားသည် လူတို.အား အစစအရာရာကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အလေးအနက် ဟောကြားခဲ.ပါသနည်းဟု မေးပါက ဗုဒ္ဓဝါဒကို ကျွန်ုပ်တို.ညွန်ပြရပေလိမ်.မည်။ "

ဆိုတဲ့ စကားကိုကြည့်ပြီးသိနိုင်တယ်။ ကာလဒေသအလိုက် သင့်လျော်အောင် သုံးစွဲရင် ဒီစကား ရပ်တွေဟာ သင့်ပါတယ်။ ဒါပေမဲ့ ဒီ စကားရပ်တွေကို လူအချို့ ရေလိုက်လွဲ သုံးစွဲသလို မြန်မာဗုဒ္ဒ၀ါဒီ တွေကို ရည်ရွယ်ပြီးတော့ အလွန်အကျွံ သုံးစွဲရင် မသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီစကားဟာ အပြည့်အစုံ မမှန်သေးလို့ပဲ။


ရိုးရိုးတွေးကြည့်ခြင်း

စဉ်းစားတယ်ဆိုတဲ့ ကိစ္စဟာ မလွယ်ပါဘူး။ ဒီလိုစဉ်းစားနိုင်ဖို့ကိုပဲ ငယ်ငယ်တည်းက သင်လာကြပေမဲ့ တွေးခေါ် စဉ်းစားနိုင်စွမ်းဟာ သေတဲ့အထိ ပြည့်စုံသွားတယ်လို့ မရှိဘူး။ ရှေးကလူတွေ တွေးခေါ်တာနဲ့ နောက်လူတွေ တွေးခေါ်တာနဲ့လည်း မတူနိုင်ဘူး။ တခြားစီပဲ။ ဗဟုသုတပြည့်စုံသူ တွေးတာနဲ့ ဗဟုသုတမရှိသူ တွေးတာလည်း မတူနိုင်ဘူး။ ကြီးသူငယ်သူ တွေးခေါ်တာတွေ စဉ်းစားဆင်ခြင်တာတွေ မတူနိုင်ဘူး။ ဒါကြောင့် စဉ်းစားဆင်ခြင်ဥာဏ် ကို အလွန်အကျွံ အထင်ကြီးတာ အားပြုတာဟာ သိပ်မမှန်ပါဘူး။

မြတ်စွာဘုရားဟာ ဘယ်လိုမှ မတွေးခေါ် မစဉ်းစားနိုင်တဲ့ အလွန်ညံ့တဲ့ ပုဂ္ဂိုလ်တွေကို ချေချွတ်လာခဲ့တယ်။ ဒါကို သတိပြုသင့်တယ်။ သံသယမေးခွန်းနဲ့ လာတဲ့ ပုဂ္ဂိုလ်အချို့ရဲ့ မေးခွန်းကိုမဖြေဘဲ တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်း ပေးတာကိုကြည့်ရင် မြတ်စွာဘုရား အမှန်တကယ် အလေးထားတာက တရားအားထုတ်စေလိုခြင်း ဖြစ်ကြောင်း သိသင့်တယ်။ တချို့က မြတ်စွာဘုရားကို ပုဂ္ဂိုလ်ရေးအရ ခင်မင်ကြည်ညိုလို့ တရားအားထုတ်ကြတယ်။ တချို့ကတော့ အတင်းတိုက်တွန်းလို့ အားထုတ်ရတယ်။ တချို့က ရောဂါပျောက်ချင်လို့ အားထုတ်တယ်။ ဘာကြောင့် အားထုတ် အားထုတ် တရားအားထုတ်ဖြစ်ဖို့က အဓိကပါပဲ။

တရားအားထုတ်ပြီး သောတာပတ္တိမဂ် ရတဲ့ အခါ ဘုရားတရားသံဃာနဲ့ စပ်တဲ့ ယုံမှားတဲ့ မေးခွန်းတွေ အလိုလိုပြေပျောက်ပြီး ဖြစ်ပါတယ်။ (အဲဒီ မဂ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပရိယာယ်အားဖြင့် စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ပြည့်စုံသူလို့ ခေါ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ )

တွေးခေါ်ဥာဏ်နဲ့ မတွေးခေါ် မသုံးသပ်နိုင်ပေမဲ့လည်း တရားအားထုတ်ဖို့ သဒ္ဓါဆန္ဒ၀ီရိယ ရှိရင် လုံလောက်ပါတယ်။

ဒါကြောင့်ဦးအေးမောင်ကိုးကားတဲ့

“ရဟန်းတို. သင်တို.သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင်.ငါ၏ တရားကို လက်ခံယုံကြည်ခြင်းသည် မသင်.။ သင်တို.သည် ကိုယ်တိုင်ဉာဏ်ဖြင်. ထိုးထွင်းသိမြင်သော တရားကိုသာလျှင် ယုံကြည်ကြသည် မဟုတ်လော။”

(မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)"

ဆိုတဲ့ ဘုရားစကားဟာ စဉ်းစားဥာဏ်ကို ဆိုလိုတာမဟုတ်။ တရားအားထုတ်ပြီး မဂ်ပညာ ဖိုလ်ပညာနဲ့ ထိုးထွင်းသိမြင်တာကို ဆိုလိုတာပါ ဆိုတာ ရှင်းလင်း သိသာနေပါတယ်။

တွေးခေါ်စဉ်းစားရုံနဲ့ တရားအမှန်ကို မသိနိုင်ကြောင်း၊ စာပေဖတ်ရှုရုံနှင့်လည်း အနက်မှန်ကို မသိနိုင်ကြောင်း (ဆရာကောင်းရဲ့ အယူအဆနဲ့ တရားအားထုတ်မှု မပါရင် အနက်မှန်ကို သိဖို့ခက်ပါတယ်) အရိယာ သူတော်ကောင်းများ အကြိမ်ကြိမ် ဖော်ပြခဲ့တာကို သတိပြုရပါမယ်။

တွေးခေါ်ဆင်ခြင်အားနည်းတဲ့ သဒ္ဓါများတဲ့ မြန်မာဗုဒ္ဓ၀ါဒီ အချို့တွေလည်းပဲ သေဘေးကိုကြောက်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် တရားအားထုတ်ရင်း တရားများကို သိမြင်သွားကြတာ ရှိပါတယ်။


ဒါကြောင့်

"ပညာဉာဏ်ဖြင်. ဆင် ခြင်သုံးသပ်ပြီးမှ လက် ခံ ယုံကြည်သော မြန်မာ ဗုဒ္ဓ၀ါဒီတို. မှာ. အလွန် နည်းပါး လှကြောင်း ယုံမှား ဖွယ် ရာ မရှိချေ။"

ဆိုတဲ့ စကားရပ် မှန်သည့်တိုင်အောင် ဒီစကားရပ်ဟာ ဆင်ခြင်သုံးသပ်ခြင်း ဥာဏ်ထက်သူများက ဆင်ခြင်ဥာဏ်နည်းသူများ ကို အရာရာ အသုံးမကျသူများဟု နှိပ်နယ် ပြစ်မှားရာတွင် သုံးစွဲရမည့် စကားရပ်မဟုတ်ပေ။

မိမိတို့သည် အတိတ်ကံနှင့် ပစ္စုပ္ပန် ကာလ ဒေသ ပယောဂများအရ စဉ်းစားဆင်ခြင်ဥာဏ် ထက်သော်လည်း ၀ိပဿနာဥာဏ် မရခြင်းအရာ၌ ဆင်ခြင်ဥာဏ်နည်းသူအချို့နှင့် အတူတူပင်ဖြစ်ကြောင်း အန္ဓပုထုဇဉ်ချည်း သာလျင်ဖြစ်ကြောင်း အမှန်အတိုင်း သိထားရပါမယ်။

"ရုပ်တရား နာမ်တရားမျှသာရှိသည်၊ အတ္တကောင်မရှိ ဟူမျှ ဗဟုသုတ ပြည့်စုံရုံမျှနှင့် တရားအားထုတ်၍လည်း ဖြစ်သည် တရားအားထုတ်၍ သောတာပတ္တိမဂ်ရလျှင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းသဖြင့် ဗုဒ္ဓ၀ါဒအပေါ်ခိုင်မြဲသော ယုံကြည်မှုသဒ္ဓါတရား ဖြစ်သည်" စသည်ဖြင့် ဆုံးဖြတ်ထားသော မဟာစည်ဆရာတော်၏ အဆုံးအဖြတ်တစ်ခုကို အလျင်းသင့်သောအခါ တင်ပြပါမယ်။

အထက်က ဆိုခဲ့တဲ့ မိမိ၏ အတွေးအခေါ် စကားရပ်များဟာ အလွန်အကျွံ မဖြစ်အောင် သတိပေးသော စကားရပ်မျှဖြစ်ပြီး ကုသိုလ်ဖြစ်အောင် အသင့်အတင့် နှလုံးသွင်းတတ်သော သူများအတွက် သံဝေဂများ ဖြစ်ပွားနိုင်ပါတယ်။ စိတ်နှလုံးသိမ်မွေ့သူများ ကြားတွင် အငြင်းပွားမှု တစ်စုံတစ်ရာလည်း ဖြစ်ဖွယ်မရှိလောက်ဟု ယူဆသဖြင့် ထိုက်သင့်သလောက် ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။


ဦးအေးမောင်ရဲ့ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်ကြောင့် ဗုဒ္ဓ၀ါဒီမဟုတ်သူများ သဒ္ဓါတရား မရှိသေးသူများ စိတ်ဝင်စားသွားတာ အကျိုးရှိသွားတာကတော့ အမှန်ပါပဲ။ ဗုဒ္ဓ၀ါဒီများ သဒ္ဓါတရား ရှိပြီးသူများ အတွက်ကတော့ လယ်တီဆရာတော် မဟာစည်ဆရာတော် စတဲ့ ပရိယတ် ပဋ္ဋိပတ်ခိုင်မာတဲ့ ဆရာတော်များရဲ့ သုံးသပ်ချက်များက ပိုမို အကျိုးရှိပါလိမ့်မယ်လို့ ထင်မြင်ပါတယ်။

နှစ်ခြိုက်တွေးထိုက်ဖွယ်တစ်စုံတစ်ရာ ရကြပါစေ။

Read more...

*သင်အပိုဖြုန်းတီးနေပါသလား*


မေးကနေ ရလာတာလေးပါပဲ။ အားလုံးပဲ ဒါလေးကို ကြည့်ပြီး အသိဉာဏ် သစ်တွေ တိုးပွားနိုင်ပါစေ။ မေတ္တာဓါတ်တွေ ကိန်းအောင်း နိုင်ပါစေ။ အပိုဖြုန်းတီးခြင်းမှ ရှောင်ရှားနိုင်ကြ ပါစေဗျာ။


လေးစားစွာဖြင့်
ဖိုးသား

27.04.2009, MON:, 10:36:40 PM

Read more...

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....(ဗဟုသုတ)

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။

သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး
နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။
ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေ နှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။
ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။
ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုသတ်သေခဲ့ကြတယ်..။
ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ
ကာကွယ်ချုပ်ကိုင် ထားခဲ့လို...။ ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..။ ဘယ်က စရမှန်းမသိ ဖြစ်နေချိန်...နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊
ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်ဘာတယ်..။


“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”

ဘယ်လောက်ခက်ခဲနေပါစေ...

ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။
ရှစ်ခါလဲရင် ကိုးခါထမယ်..။
အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက် ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး
သူတို့ရဲ့ အင်အားခွန်အားတွေအားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို
စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့လာနိုင်ခဲ့တယ်..။
ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....

သူငယ်ချင်းတို့ရေ....

ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ..။
ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေ
စိတ်ပျက်အားငယ်စိတ်ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။
ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။


“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ ”


Read more...

အမိမြေသို့ အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း



ဟူစတင် လေဆိပ်

ဟူစတင်လေဆိပ်တွင် ရောက်ရှိစဉ်


စင်ကာပူ ချန်ဂီလေဆိပ်အတွင်း

မနက်ဖြန် ရွှေပြည်တော် အမိမြေသို့ ၂၀၀၉၊ ဖေဖ၀ါရလီ (၄)ရက်နေ့မှာ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ, ဘီအေဘွဲ့ရသော သီတဂူကျောင်းသားများအား ဘီအေဘွဲ့အပ်နှင်း သည့်ပွဲ,ဗုဒ္ဓဘာသာ ပညာရပ်ဆိုင်ရာ အစည်းအဝေးပွဲကြီးနှင့် ရွှေကျင်နိကာယဆိုင်ရာ ၁၇ကြိမ် မြှောက် အစည်းအဝေးပွဲကြီးများ တက်ရောက်ရန် ဝေဇယန္တာဆရာတော် ဦးမဟောသဓပဏ္ဍိတ ဦးဆောင်သော Myanmar Trip Group နှင့်အတူ အလည်အပတ် အဖြစ် ခြေချခွင့် ရရှိခဲ့သည်။ ခရီးစဉ်သည် တက္ကဆက်ပြည်နယ် ဟူစတမ်မြို့ မှ ရရှားနိုင်ငံ မော်စကို၊ ထိုမှ တစ်ဆင့် စင်ကာပူ ချန်ဂီလေဆိပ်တွင် တစ်ထောက်နားကာ အမိမြေသို့ Silk Air Line ဖြင့် ချောမောစွာ ဆင်းသက် နိုင်ခဲ့သည်။

လေဆိပ်တွင် သီတဂူဦးဇင်းများနှင့် သီတဂူ ဒကာဒကာမများ၊ မနက်ဖြန်၏ ဆွေမျိုးမိတ်ဆွေ များအားလုံး ပျော်ပျော်ပါးပါး လာရောက်ကြိုဆိုကြသည်။ ခရီးစဉ်သည် အရမ်းပင် ပျော်ရွှင်စရာ ကောင်းသည့် ခရီးစဉ်ကြီး တစ်ခုဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကြီးက လည်း ချန်ဂီလေဆိပ်အလား တစ်ချိန်က လေဆိပ်နှင့်မတူခမ်းနားသည်ကို တွေ့ ရသည်။

၂၀၀၉- ဖေဖ၀ါရီ (၅)ရက်နေ့မှာပင် မနက်ဖြန်တို့ အဖွဲ့သည် နေ့လယ်စာ စားပြီး ခဏနားကာ မန္တလေးသို့ နေ့လယ် ၁နာရီလေယဉ်ဖြင့် ခရီးဆက်ခဲ့ကြသည်။ စစ်ကိုင်း သီတဂူဗုဒ္ဓ တက္ကသိုလ်မှ လာရောက်ကြိုဆိုကြ သဖြင့် မန္တလေးတောင်ခြေရှိ ပထမရွှေကျင်ဆရာတော် ဘုရားကျောင်းသို့ (ဓမ္မိကာရာရွှေကျင်ကျောင်းတိုက်)သို့ ရောက်ရှိခဲ့ကြပြန်သည်။

ထိုကျောင်းတိုက်မှာပင် မနက်ဖြန်တို့အဖွဲ့သည် ၃ရက်တိတိ နားခိုးကာ ရွှေကျင်အစည်းဝေကြီး ကိုပါဝင်တက် ရောက်ခွင့် ရရှိခဲ့သည်။ ထိုအစည်းဝေးကြီးကို သီတဂူဆရာတော်နှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒတို့မှ အဓိကတာဝန်ယူ ထောက်ပံ့ပေးခြင်းဖြစ်သည်။ သုံးနှစ်တစ်ခါ ကျင်းပမြဲဖြစ်သော ရွှေကျင်အစည်းဝေးကြီးကို နှစ်စဉ်လိုလို တာဝန်ယူ အကုန်ကျခံကာ ရွှေကျင်ဂိုဏ်းကြီးအတွက် အားထားရသော သီတဂူဆရာတော် ဘုရားကြီးကို လက်ရှိ ရွှေကျင်နိကာယ သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးမှ ယခု ၁၇ကြိမ်မြောက် အစည်းဝေးကြီး တွင် သကလရဋ္ဌ သာသနောပကာရ ၀ိသိဋ္ဌပုဂ္ဂလဘွဲ့ တံဆိပ်တော်ကို ချီးမြှောက်တော်မူခဲ့ ပေသည်။



‘’ဦးအဂ္ဃိယက ဒီဦးဇင်းလေး(သီတဂူဆရာတော်)ကို မျက်နှာလိုက်ပြီး ဒီဘွဲ့ကို ပေးတာလို့ အများက ထင်ကြမယ်၊ ငါကပေးတာမဟုတ်ဘူးကွ။ တိုင်ပြည်နဲ့ သာသနာက ဒီဦးဇင်းလေးကို ပေးတာ။ မင်းတို့ သူလိုရချင်ရင် သူလိုလုပ်ကြ၊ ဒါပဲ’’ ဟု ၀ါဆိုဆရာတော်ကြီးမှ မိန့်တော်မူကာ သီတဂူဆရာတော်ဘုရားအား အထက်ပါဘွဲ့ကို အပ်နှင်း ချီးမြင့်တော်မူခဲ့သည်။ ဘွဲ့တံဆိပ်၏ အမည်နာမကို စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရ၀ါတက္ကသိုလ်ကြီး၏ ပါမောက္ခချုပ်ဖြစ်တော်မူသော ဒေါက်တာ နန္ဒမာလာဘိဝံသမှ ရွှေကျင်ဂိုဏ်းအစည်းဝေးကြီးတွင် ရွေးချယ်ကာ ဂိုဏ်းသံဃာအားလုံးက သဘောတူလက်ခံ ဆုံးဖြတ် သတ်မှတ်ပေးသည့် အမည်ဖြစ်ပေသည်။

အဓိပ္ပါယ်အနေဖြင့် သကလရဋ္ဌံစ သာသနံစ ဥပကာရော ဟုတွာ ၀ိသိဋ္ဌပုဂ္ဂလော- မြန်မာပြည် တစ်ခုလုံးနှင့် သာသနာတော်ကြီးအတွက် အကျိုးကျေးဇူးများလုပ်ဆောင်ပေးနိုင်သည့်အတွက် တကယ့်ပင် ထူးခြားသည် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးဖြစ်သည်။







အစည်းအဝေးသို့ ကြွရောက်လာသည့် ဆရာတော်များကို တစ်စုတဝေးတည်း ဖူးမျှော်တွေ့ ဆုံခွင့် ရရှိသည့် အခွင့်ရေးတစ်ရပ်ကို မနက်ဖြန်တို့ အဖွဲ့သားများ အားလုံး ရရှိခဲ့သည်။ မနက်ဖြန်၏ ဆရာသမားများအားလုံး နီးပါးကိုလည်း ထိုအစည်းအဝေးကြီးတွင် ပြန်လည် ဖူးတွေ့ခွင့် ရခဲ့သည်။



သိရိလင်္ကာမှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်

ရွှေကျင်အစည်းအဝေးကျင်းပသည် ကျောင်းတော်

ပထမရွှေကျင်ဆရာတော်ကြီး၏ ကျောင်းတော်ကို စတင်ခြေချမိသည်နှင့် သာသနာအတွက် လေးလေးနက်နက် သာသနာပြု လုပ်ဆောင်သွားကြသည့် ရွှေကျင်သာသနာပိုင်အဆက်ဆက် ဆရာတော်များ၏ ရုပ်တုတော်များကို ပထမရွှေကျင်ဆရာတော် ဘုရားကြီးအတွက်ရည်စူး၍ မင်းတုန်းမင်းရှင်ဘုရင် လှူဒါန်း ထားသည့် ကျွန်းကျောင်းကြီးပေါ်တွင် ဖူးမျှော်ခဲ့ရသည်။







အစည်းအဝေး၏ နောက်ဆုံးနေ့ တပိုတွဲလပြည့်နေ့တွင် ဓမ္မိကာရာမတိုက်အတွင်းရှိ ပထမရွှေကျင် ဆရာတော် ဘုရားကြီး သမုတ်ထားသည် သိမ်တော်မြတ်တွင် သံဃာဥပုဒ်ကို ပြုခွင့်ရသည်မှာ မနက်ဖြန်၏ ရဟန်းဘ၀တွင် အထူးမြတ်ဆုံး အသာဆုံးသော အခွင့်ရေးကြီး တစ်ခုပင်ဖြစ်ပေသည်။

သံဃာ့ဥပုသ်ပြုတော်မူကြစဉ်

Read more...

ဒု သ န သော... (ဓမ္မပဒဝတ္ထု (မာဏဝ))

ဗာလ၀ဂ်၊ ဓမ္မပဒဝတ္ထု (မာဏဝ) ၆၀-၆၅...


၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။ ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

၆၀... ယောက်ျားတစ်ယောက် ဒု သ န သော...




၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။ ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက် သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

၆၁... အရှင်မဟာကဿပ၏ အတူနေတပည့်...



၆၂။ ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ။ အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု စွဲလမ်းမှု တဏှာဖြင့် ဆင်းရဲ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာလျှင် ဥစ္စာရှိအံ့နည်း။

၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။ ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ၀ုစ္စတိ။

၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကိုသိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

၆၂... အာနန္ဒာသေဌေး...
၆၃... ခါးပိုက်နှိုက်နှစ်ယောက်...

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။ န သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

၆၄။ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။

၆၅။ မုဟုတ္တမပိ စေ ၀ိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။ ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။

၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း)တရားကို လျင်မြန်စွာ သိနိုင်၏။

၆၄... အရှင်လာဠုဒါယီ...
၆၅... ပါဝါမြို့နေ ရဟန်းသုံးကျိပ်...




Read more...

The Chant of Metta

Lyrics by Imee Ooi, Music by Woon Yoke Fun

Aham avero homi
May I be free from enmity and danger

abyapajjho homi
May I be free from mental suffering

anigha homi
May I be free from physical suffering

sukhi - attanam pariharami
May I take care of myself happily

Mama matapitu
May my parents

acariya ca natimitta ca
teacher relatives and friends

sabrahma - carino ca
fellow Dhamma farers

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Imasmim arame sabbe yogino
May all meditators in this compound

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily

Imasmim arame sabbe bhikkhu
May all monks in this compound

samanera ca
novice monks

upasaka - upasikaya ca
laymen and laywomen disciples

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily

Amhakam catupaccaya - dayaka
May our donors of the four supports: clothing, food, medicine and lodging

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
May they take care of themselves happily

Amhakam arakkha devata
May our guardian devas

Ismasmim vihare
in this monastery

Ismasmim avase
in this dwelling

Ismasmim arame
in this compound

arakkha devata
May the guardian devas

avera hontu
be free from enmity and danger

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Sabbe satta
May all beings

sabbe pana
all breathing things

sabbe bhutta
all creatures

sabbe puggala
all individuals (all beings)

sabbe attabhava - pariyapanna
all personalities (all beings with mind and body)

sabbe itthoyo
may all females

sabbe purisa
all males

sabbe ariya
all noble ones (saints)

sabbe anariya
all worldlings (those yet to attain sainthood)

sabbe deva
all devas (deities)

sabbe manussa
all humans

sabbe vinipatika
all those in the four woeful planes

avera hontu
be free from enmity and dangers

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering
sukhi - attanam pariharantu
may they take care of themselves happily

Dukkha muccantu
May all being be free from suffering

Yattha-laddha-sampattito mavigacchantu
May whatever they have gained not be lost

Kammassaka
All beings are owners of their own Kamma

Purathimaya disaya
in the eastern direction

pacchimaya disaya
in the western direction

uttara disaya
in the northern direction

dakkhinaya disaya
in the southern direction

purathimaya anudisaya
in the southeast direction

pacchimaya anudisaya
in the northwest direction

uttara anudisaya
in the northeast direction

dakkhinaya anudisaya
in the southwest direction

hetthimaya disaya
in the direction below

uparimaya disaya
in the direction above

Sabbe satta
May all beings

sabbe pana
all breathing things

sabbe bhutta
all creatures

sabbe puggala
all individuals (all beings)

sabbe attabhava - pariyapanna
all personalities (all beings with mind and body)

sabbe itthoyo
may all females

sabbe purisa
all males

sabbe ariya
all noble ones (saints)

sabbe anariya
(those yet to attain sainthood)

sabbe deva
all devas (deities)

sabbe manussa
all humans

sabbe vinipatika
all those in the 4 woeful planes

avera hontu
be free from enmity and dangers

abyapajjha hontu
be free from mental suffering

anigha hontu
be free from physical suffering

sukhi - attanam pariharantu
may they take care of themselves happily

Dukkha muccantu
May all beings be free from suffering

Yattha-laddha-sampattito mavigacchantu
May whatever they have gained not be lost

Kammassaka
All beings are owners of their own kamma

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta pathavicara
whatever beings that move on earth

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta udakecara
whatever beings that move on water

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger

Uddham yava bhavagga ca
As far as the highest plane of existence

adho yava aviccito
to as far down as the lowest plane

samanta cakkavalesu
in the entire universe

ye satta akasecara
whatever beings that move in air

abyapajjha nivera ca
may they are free of mental suffering and enmity

nidukkha ca nupaddava
and from physical suffering and danger.

Source: http://www.buddhanet.net/chant-metta.htm
Video Source: Youtube

Acknowledgment: I would like to show my gratitude for this post to my friend, Oakkyaw Za, who sent it to me.



Read more...

စိတ္တသုခ ကျောင်းတော်မှပါဝင် ဆင်နွဲပူဇော်သည့် ဒယ်ဂုမြို့၏ ဗုဒ္ဓနေ့အကြို လှည့်လည်ပူဇော်ပွဲ အောင်မြင်စွာပြီးဆုံး..








Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP