“ဗုဒ္ဓသည် လူ.လောကအစကို မဟောပြနိုင်ခဲ့၊ လောကဓာတ်ဆရာကြီးတို.သာ လူ၏အစကို ပြနိုင်သည်” ဟု ဗုဒ္ဓရှင်တော်နှင့် မတန်မရာသော စွပ်စွဲသံကို “ဗုဒ္ဓသာသနာ ထွန်းကားပါပေသည်” ဟု ချီးကျူးခံရသော မြန်မာနိုင်ငံ၌ (အချို.လူများထံမှ) ကြားနေရစဉ် ဗုဒ္ဓဘာသာမထွန်းကားသော အိန္ဒိယနိုင်ငံဝယ်(၁၄.၁.၄၉) ပြာသိုလဆုတ်(၁)ရက်နေ.က အဂ္ဂသာဝကနှစ်ပါး၏ ဓာတ်တော်များကို မဟာဗောဓိအသင်းသို. အပ်နှင်းပွဲအခမ်းအနား၌ ဗုဒ္ဓဂုဏ်တော်များကို ထုတ်ဖော်ချီးကျူးသံ ကြားရသောအခါ “အင်း ပညာရှိမှ ပညာရှိအကြောင်းကို ကောင်းကောင်းသိနိုင်ပေတာပဲ” ဟု (ကျမ်းလာအတိုင်း) စဉ်းစားမိပါသည်။ ထိုအပ်နှင်းပွဲ၌ ပရိတ်သတ်ငါးသိန်းခန်.တက်ရောက်ကြ၍ နိုင်ငံကျော်ပဏ္ဍိတ်ကြီးတွေ အများအပြားပင် ဗုဒ္ဓဂုဏ်တော်ကို ထုတ်ဖော်ချီးကျူးကြပါသတဲ့။
ပဏ္ဍိတ်နေရူးချီးကျူးပုံ။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ပဏ္ဍိတ်နေရူးကိုယ်တိုင်ထိုအခမ်းအနားကြီးကို ဖွင့်လှစ်၍ ဓာတ်တော်များ၏ ကိန်းဝပ်ရာ ရွှေကြုပ်ကို မဟာဗောဓိအသင်းဥက္ကဋ္ဌအား အပ်နှင်းစဉ် မိန်.ခွန်းစကား ပြောသည်မှာ- အဂ္ဂသာဝက ရဟန္တာနှစ်ပါး၏ ဓာတ်တော်များကို လွန်ခဲ့သော အနှစ်တစ်ရာကျော်လောက်ကပင် စံချီမြို.မှ လန်ဒန်မြို. ဗီတိုးရီးယား အဲလဘတ်မြူစီယံ ပြတိုက်တွင် ထားရှိခဲ့ကြောင်း၊ ဗုဒ္ဓရှင်တော်၏၀ါဒမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ညွှန်ပြတော်မူသောဝါဒဖြစ်ကြောင်း၊ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည်လည်း ထိုဗုဒ္ဓ၀ါဒ၏ (မေတ္တာဝါဒကို) လက်ကိုင်ပြုကာ ညွှန်ကြားလေ့ရှိကြောင်း၊ ယခု ကမ္ဘာ့အခြေအနေအရ ငြိမ်းချမ်းရေး ပြန်လည်ရစေနိုင်သောဝါဒမှာ ဗုဒ္ဓဘာသာဖြစ်ကြောင်း စသည်ဖြင့် အကျယ်တ၀င့် မိန်.မြွတ်ပါသည်။
ဘုရင်ခံတစ်ဦးချီးကျူးပုံ။ ဘင်္ဂလားအနောက်ပိုင်း ဘုရင်ခံဖြစ်သော ဒေါက်တာကက်ဂျူးက ချီးကျူးပြန်သည်မှာ- အိန္ဒိယသည် လွန်လေပြီးသောအခါ ရှေးပဝေသဏီကာလ၌ တရုတ်ပြည်နှင့်လည်းကောင်း၊ အာရှအရှေ.တောင်ပိုင်းရှိ အခြားတိုင်းပြည်များနှင့် လည်းကောင်း ရင်းနှီးစွာ ဆက်ဆံခဲ့ဖူးရာ ထိုဆက်ဆံခဲ့ရခြင်းသည် အရှင်ဂေါတမဗုဒ္ဓကြောင့်ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန်.အချိန်၌ အိန္ဒိယသည် ဂေါတမဗုဒ္ဓ၏ အယူဝါဒကို စွန်.လွှတ်လိုက်သည်မှစ,၍ ထိုတိုင်းပြည်များနှင့် ရင်းနှီးခြင်းကင်းဝေးကာ လွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရတော့၏ အိန္ဒိယတိုင်းသားများသည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်မှစ၍ ဂေါတမဗုဒ္ဓ၏ အတုမရှိသော ကိုယ်တော်အဖြစ်နှင့် ပြိုင်ဖက်မရှိအောင် ဖြူစင်သန်.ရှင်းသော တရားတော်ကို တဖြည်းဖြည်းတိုး၍ အသိအမှတ်ပြုခဲ့ကြသည်မှာ လေးနက်သော အဓိပ္ပယ်ရှိပါသည်။ ဂေါတမဗုဒ္ဓသည် အိန္ဒိယပြည်နှင့် တရုတ်ပြည် အာရှ အရှေ.တောင်ပိုင်းရှိ တိုင်းသူပြည်သားတို.ကို တစ်လုံးတစ်စည်းတည်းဖြစ်အောင် စည်းရုံးနိုင်သော သတ္တိထူးရှိပါသည်။
မိမိတို.သည် ဂေါတမဗုဒ္ဓနှင့် ထိုဗုဒ္ဓ၏ တရားတော်များစွာကို လေးစားရမှန်းနားလည်ရလေ လွတ်လပ်ရေးကို ပိုမိုခိုင်မြဲအောင် ထိန်းသိမ်းနိုင်လေဖြစ်၏။ ဆင်းရဲဒုက္ခကြုံတွေ.ရ၍ စိတ်နှလုံး တုန်လှုပ်ချောက်ချားခြင်းဖြစ်ရတိုင်း ဂေါတမဗုဒ္ဓ၏ တရားတော်ကို ပိုမို၍ ဆည်းကပ်သင့်ကြပါသည်။ ဤသို.စသည်ဖြင့် ချီးကျူးကြပါသည်။
အသင်းဥက္ကဋ္ဌချီးကျူးပုံ။ မဟာဗောဓိအသင်းဥက္ကဋ္ဌ ဒေါက်တာမူကာဂျီက မိန်.မြွတ်ပြန်သည်မှာ ဗုဒ္ဓ၏သာသနာတော်သည် ကမ္ဘာအနှံ.ပျံ.လျက်ရှိသော်လည်း ဗုဒ္ဓ၏ ဇာတိချက်ကြွေရာဌာနဖြစ်သော အိန္ဒိယပြည်၌ ထိပ်တန်းအဖြစ် တည်လျက်မရှိသည်မှာ သတ္တ၀ါတို.ကံကြမ္မာ၏ ပျက်ရယ်ပြုခြင်းကို ခံနေရခိုက်ဖြစ်သည်ဟု ဆိုထိုက်ပါပေသည်။ စင်စစ်မှာ အိန္ဒိယတိုင်းသားထဲမှ အနည်းငယ်တို.သာ ဗုဒ္ဓဘာသာဝင်ဟု အသိအမှတ်ပြုကြသော်လည်း သတ္တ၀ါအချင်းချင်း မေတ္တာပွားမှုဟူသော ဗုဒ္ဓတရားတော်ကား အိန္ဒိယတိုင်းသားတို.၏ သွေးသားအတွင်းသို. နှစ်ပေါင်းများစွာကပင် တဖြည်းဖြည်း စိမ့်ဝင်နေပါပေသည်။ သာ၍ကြီးကျယ်သော အိန္ဒိယပြည်ကြီးတည်ထောင်၍ ပတ်ဝန်းကျင်တိုင်းပြည်များ၏ လေးစားခြင်းကို ခံယူရရှိခဲ့ခြင်းမှာ အခြားအကြောင်းများထက် ဗုဒ္ဓရှင်တော်ဖွားတော်မူရာ ဖြစ်ခြင်းသည် အဓိကအကြောင်းအရင်းဖြစ်ပါကြောင်း၊ ဤသို.စသည်ဖြင့် မိန်.မြွတ်လေသည်။
မှတ်ချက်။ အထက်ပါ ပညာရှိကြီးများ၏ မိန်.ခွန်းကို ကောက်ချက်ချလိုက်သောအခါ ဗုဒ္ဓ၏၀ါဒသည် မေတ္တာ (တစ်ယောက်နှင့်တစ်ယောက် တစ်ပြည်နှင့်တစ်ပြည် သွေးမခွဲဘဲကောင်းကျိုးကို အစစ်အမှန်လိုလားသော) တရားပင်ဖြစ်၏ ။ ထိုဝါဒသည် ယနေ.ကမ္ဘာကို ပျံ.နှံ.နိုင်လျှင် ယနေ.ပင် ငြိမ်းချမ်းရေးရပြီဟု မုချ မှတ်ထိုက်၏ ။ (စစ်အတွင်းက ဂျပန်နန်းရင်းဝန်တိုဂျိုသည် စစ်တရားခံဖြစ်မှ ဗုဒ္ဓ၏တရားတော်ကို လေ့လာကြည့်ရာ “ဤတရားကို စောစောကလေ့လာခဲ့ရလျှင် သူကိုယ်တိုင် စစ်တိုက်ချင်မည် မဟုတ်ပါ” ဟု ပြောဆိုသွားပါသည်) ကြီးနိုင်ငယ်ညှဉ်း၊ မေတ္တာကင်းမဲ့ ကိုယ်ကျိုးကိုသာငဲ့သောဝါဒကား “မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်” လှည့်ကာ သူတစ်ပြန် ငါတစ်ပြန်နှင့် ဧကန်မငြိမ်းချမ်းနိုင်သော ၀ါဒသာဖြစ်၏ ။ ကမ္ဘာကိုထားဘိဦး၊ မြန်မာနိုင်ငံ၌ပင် ဆင်းရဲသားဝါဒ၊ ဓနရှင်ဝါဒ ဟု စ,ကတည်းက မေတ္တာနှင့် ပြောင်းပြန်ဖြစ်နေသောဝါဒ ရန်တိုက်သောဝါဒကို စတည်ကြ၏ ။ ဤနည်းသည် မြန်မာနိုင်ငံတော်ကို ငြိမ်းချှမ်းသာယာစေရန် ဧကန်မဖြစ်နိုင်ဟု ဆိုလို၏။ အမှန်မှာ ဓနရှင်တို.သည် ဆင်းရဲသားတို.အပေါ်၌ သနားညှာတာမှု ကရုဏာ၊ ထိုသူတို.ကို ချမ်းသာစေလိုသော မေတ္တာဖြင့် အရာရာဆက်ဆံ၍ ဆင်းရဲသားတို.ကလည်း “ငါတို.အပေါ် ညှာတာပါပေသည်” ဟု ပြန်၍ အကျိုးကိုလိုလားသော မေတ္တာဖြင့်ဆက်ဆံကြမှသာ ပြည်ထောင်စုမြန်မာနိုင်ငံတော် သာယာပေလိမ့်မည်။
ထို.ပြင် “ဂေါတမဗုဒ္ဓသည် အိန္ဒိယပြည်၊ တရုတ်ပြည်၊ အာရှအရှေ.တောင်ပိုင်း တိုင်းသူပြည်သားတို.ကို တစ်လုံးတစ်စည်းတည်း ဖြစ်စေနိုင်သော သတ္တိထူးရှိပါပေသည်” ဟု ချီးကျူးကြခြင်းသည် စစ်ဖြစ်စဉ်က မြန်မာလူမျိုးအများပင် ဂျပန်ကို အားထားခဲ့ပုံကို သတိရစေတော့၏ ဘာ့ကြောင့် အားထားခဲ့ကြသနည်း။ ဗုဒ္ဓဘာသာဝင်များဟု ဆိုသောကြောင့်ပင်တည်း။ ဘုန်းကြီး၏ ကျောင်းတိုက်သို. ဂျပန်ဘုန်းကြီးခေါ် စစ်သားတစ်ချို. ရောက်လာရာ သူတို.က ဘုန်းကြီးကို (ဘုန်းကြီးဖြစ်၍) အထူးလေးစားပုံရ၏ ။ ဘုန်းကြီးကလည်း အထူးသနားမိတော့၏ ။ ဘာသာတူမှုသည် တစ်ဦးနှင့်တစ်ဦး ဤမျှလောက် သက်ညှာလေးစား မေတ္တာပွားစေနိုင်၍ ဘာသာကွဲပြားမှုလည်း ထိုမျှလောက်ပင် စိတ်ဝမ်းကွဲစေနိုင်ရကား ယခုအချိန်မှာ တိုင်းရင်းသားအချင်းချင်း မသင့်မမြတ် ဖြစ်နေရာ၌လည်း ဘာသာကွဲပြားမှုသည် အကြောင်းတစ်ခုဖြစ်နိုင်ရကား တိုင်းပြည်၏ခေါင်းဆောင်တိုင်း ဘာသာရေးကို လစ်လျူမရှုထိုက်ကြောင်း လက်တွေ.ပြယုဂ်တစ်ခုဟု သတိပြုသင့်ကြပေသည်။ ဤအချက်များကို စဉ်းစားလိုက်သောအခါ ယခုအချိန်၌ တောင်တန်းသာသနာပြုအရှင်များနှင့် လူကြီးလူကောင်းများကို ပြည်ထောင်စုမြန်မာနိုင်ငံ သွေးစည်းအောင် စီမံရာ၌ (၁)နံပါတ် ကျေးဇူးရှင်များဟု မှတ်သားထိုက်ပါပေသည်။
(မှတ်ချက်။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ရေးသားပြုစုတော်မူသည့် အနာဂတ်သာသနာရေး စာအုပ်မှ ကူးယူဖော်ပြပါသည
Read more...