* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 25, 2009

Tefl Characters: Frank

My second post in this series, and I'm breaking the rules already. Frank was a Tefl teacher for only the briefest of periods (though he does admit to being "a failed everything") before becoming a regular teacher working in a series of High Schools. And though fully a character, he's not fictional either. This is Frank McCourt, author of Angela's Ashes and 'Tis, in Teacher Man, his superb account of thirty years in the classrooms of New York.

It starts with a classroom confrontation over a sandwich, written with humour and lively pace. We see how McCourt, following his instincts more than any manual or advice, learns how to master and eventually move beyond crowd control to inspire and help the learners in his classes. I couldn't have done his job. I've had the odd spot of classroom conflict, but no one, in all my years of Tefl, has ever flung their lunch across the room.

Yet McCourt has all the qualities so common to the Tefl lifer; lack of self-esteem, constant self-questioning, self-accusation, self-doubt, conflict with bosses, relationship troubles, drinking. But the best qualities too; creativity, independence, humour, and an instinctual feel for the needs, backgrounds, and learning styles of his students. Qualities that push the teacher way beyond the stifling confines of book and curriculum.

"If a principal had ever said, The class is yours, teacher. Do with it what you like, I would have said to my students, Push the chairs aside. Sit on the floor. Go to sleep.
What?
I said, Go to sleep.
Why?
Figure it out for yourself while you're lying there on the floor.
They'd lie on the floor and some would drift off. There would be giggling as boy wriggled closer to girl. Sleepers would snore sweetly. I'd stretch out with them on the floor and ask if anyone knew a lullaby. I know a girl would start and others would join. A boy might say, Man, what if the principal walked in. Yeah. The lullaby continues, a murmur round the room. Mr McCourt, when are we getting up? He's told, Shush, man, and he shushes. The bell rings and they're slow off the floor. They leave the room, relaxed and puzzled. Please don't ask me why I'd have such a session. It must be the spirit that moves."

Read more...

အလှည့်အပြောင်း... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

အလှည့် အပြောင်း...


Read more...

မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ် ၁၀...

ရာဇန္တေပုရပ္ပဝေသနသုတ်

ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ မင်းနှင့် မိဖုရား အတူနေရာသို့ ရဟန်း ဝင်သောအခါ မိဖုရားကသော် လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား ''ဤရဟန်းနှင့် မိဖုရားတို့ သည် လွန်ကျူးပြီးသော် လည်းကောင်း၊ လွန်ကျူးလတ္တံ့သော် လည်းကောင်း မချွတ်ဖြစ်ရာ၏'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်း နန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းမည်သည်ကား များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ မိန်းမ(မိဖုရားငယ်) တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်းကြောင့် ကိုယ်ဝန် စွဲယူရာ၌ မင်းကြီးအား ''ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ နန်းတော်တွင်းသို့ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာ ပျောက် သောအခါ မင်းကြီးအား ''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ် ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ တတိယ အပြစ်တည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ လျှို့ဝှက်ထားသော တိုင်ပင်ချက် (နန်းတွင်းရေး)တို့သည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ မင်းကြီးအား ''ဤအရပ် ၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလို ရှိတတ်၏၊ ''ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် နိမ့်သော ရာထူးရှိသူကို မြင့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် မြင့်သော ရာထူး ရှိသူကို နိမ့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ် လိုက်တတ်၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုအခါမဲ့ စစ်တပ် လွှတ်ခြင်းကို မနှစ်သက်သူတို့ အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။

၉...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် လွှတ်သင့်သော အခါ၌ စစ်တပ်ကို လွှတ်လိုက်ပြီးနောက် ခရီးအကြားမှ တစ်ဖန် ပြန်လာစေတတ်၏။ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုစစ် ပြန်လာစေခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။

၁၀...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကျပ်တည်း၏။ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက် ပတ်ကုန်။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ဝင်ခြင်း၌ ဒသမ အပြစ်တည်း။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

၅ - ရာဇန္တေပုရပ္ပဝေသနသုတ်၊ အက္ကောသ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

၂၇-နှစ်မြောက် မွေးနေ့မှ...


လေကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ.....
တကယ်ကိုမသိနိုင်ခဲ့....
ဒီ ၂၇ နှစ်မြောက်ငါ့မွေးနေ့မှာ
ရရှိခဲ့တဲ့ဆုမွန်တွေထဲ
တချို့ကဖေန်မှုတွေလွန်ကဲလို့
တချို့ကချီးမြှောက်မှုများစွာနဲ့
ဘယ်သူတွေကမှန်နေခဲ့လို့
ဘယ်သူတွေကမှားယွင်းနေခဲ့တာလဲ
ငါ.......
တကယ်ကိုမတွေးတတ်နိုင်ခဲ့တော
့ဖြတ်သန်းလာခဲ့ရပြီးတဲ့ငါ့သက်တမ်းတစ်လျှောက်
ရေးမှတ်ထားခဲ့တဲ့ဒိုင်ယာရီတွေထဲ
မူပိုင်မဲ့ခဲ့တဲ့ရင်ခုန်သံတွေနဲ့
တည်ငြိမ်မှုမဲ့နေခဲ့တဲ့ခံစားမှုများစွာက
အချိန်ကာလတွေနဲ့ထပ်တူကျစွာ
ပြောင်းလဲတတ်ခြင်းသဘောကိုဆောင်နေလို့
မှန်ခြင်း မှားခြင်းအရာ
ငါ့ထံပါးမှာပင် ငါ........
ရှာမရနိုင်ခဲ့တော့ ....
လောကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ..........
တကယ်ကိုမတွေးချင်မိတော့........။

Read more...

*အံ့ချီးဖွယ်ပါလား မောင်ထွန်းမောင်*

ဦးဖိုးကျား ရေးသားတဲ့ ဘုရားဖူး သွားခြင်းဆိုတဲ့ အကြောင်းအရာ လေးကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အရေးအသား အတွေး အခေါ်တွေ အရမ်း ကောင်းတဲ့ အတွက် ဦးဖိုးကျား၏ မူရင်းစာသားကိုပဲ ဖော်ပြပေး လိုက်ပါတယ်။ ဖော်ပြပေးတဲ့ ရည်ရွယ်ချက် ကတော့ မောင်ထွန်းမောင်လို စိတ်ဓါတ်မျိုးနဲ့ လူတွေများများ ပေါ်ပေါက် လာဖို့နဲ့ ဘုရား ဖူးတတ်ဖို့ ပါပဲ။ အားကျမိပါရဲ့ မောင်ထွန်းမောင်ရယ်…

ဘုရားဖူးသွားခြင်း

ကျွန်ုပ်သည် ကောလိပ်ကျောင်း ဘီအေ အောက်တန်း၌ ရှိစဉ်က ကျွန်ုပ်နှင့် အတန်းတူ၊ အတန် ခင်မင်သော မိတ်ဆွေ တစ်ယောက် ရှိဖူး၏၊ ၄င်းကား မောင်ထွန်းမောင် ဖြစ်၏။

ထွန်းမောင်မှာ အလွန် အေးဆေးစွာ နေလေ့ရှိ၏၊ စကားနည်း၏၊ မဟုတ်မမှန် မဟားတရား မပြောတတ်၊ ဣနြေ္ဒကြီး၏၊ စကား နည်းသူတို့၏ စကားသည် လေးနက် တတ်သည် ဖြစ်ရာ ထွန်းမောင် စကားပြောလျှင် ကျွန်ုပ်တို့ ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ ရှိ၏၊ ဝါကြွား ပြောတတ် သူသည် ထွန်းမောင် ရှေ့တွင် စကားပြောခဲ၏၊ အကြောင်းကား ထွန်းမောင်က တစ်ချက် တစ်ချက် ဝင်ထောက် လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်း ပေါ်တတ်၏၊ အပေါင်း အဖေါ်နှင့် အချိန်ဖြုန်း မနေတတ်၊ တစ်ယောက်တည်း တွေးတော၍ သော်လည်းကောင်း၊ စာဖတ်၍ သော်လည်းကောင်း နေတတ်၏၊ သို့ရာတွင် အလွန်ရိုးသား ဖြောင့်မတ်သူ ဖြစ်လေရကား၊ ကျောင်းသား များက ဝိုင်း၍ ရိုသေ ခင်မင်ကြ၏၊ ကျွန်ုပ်နှင့်ကား အခြား သူတို့ထက် ပို၍ ခင်မင်ကြ၏။

ထိုနှစ် အင်္ဂလိပ် ဒီဇင်ဘာလ (နတ်တော်- ပြာသို)၌ ကျောင်း ၁၂-ရက်မျှ ပိတ်၏၊ ထိုအချိန် အခါ၌ ကျောင်းသားများ ကျိုက်ထီးရိုး ဘုရားသို့ အစုအစု ပြု၍ သွားလေ့ ရှိကြရာ ကျွန်ုပ်လည်း သွားလိုသည်နှင့် ထွန်းမောင်၏ အခန်းသို့ လာခဲ့၍-

“ဟေ့ထွန်းမောင်၊ ကျိုက်ထီးရိုး ဘုရားကို သွားရ အောင်ကွာ၊ ဒို့ ၁၂-ရက်တောင် ရက်အား ရ တယ်”

“ဘုရားဖူး သွားတာ ကျိုက်ထီးရိုးတောင် သွားရ မလားကွဲ့၊ ရွှေတိဂုံ ဘုရားကို သွားပါ တော့လား၊ အတူတူပေါ့”

“မတူဘူး ဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် ဒို့မြန်မာ ပြည်ကို ကြွလာပြီး ရသေ့ကြီး တစ်ပါးကို ဆံတော် ပေးသတဲ့၊ အဲဒီဆံတော် အစစ်ကို ဌာပနာပြီး တည်တာ မောင်ရဲ့ နားလည် ရဲ့လား”

“ထိုအခါ အလွန် ပြုံးခဲသော ထွန်းမောင်သည် ပြုံး၍ “ဘုရား ဒီကို ကြွလာတယ်လို့ မင်းကို ဘယ်သူ ပြောလဲ”

“မင်းလဲ အတော် ဂွကျတဲ့ အကောင်ပဲ၊ ဘယ်သူ ပြောရမလဲကွဲ့၊ သမိုင်းထဲမှာ သေသေချာချာ ကိုရေးထားတယ် သိရဲ့လား”

“အဲဒီသမိုင်းက ဘယ်သူက ဘယ်တုန်းက ရေးခဲ့သလဲ”

“ဘယ်သူ ရေးတယ်လို့တော့ မင်းကို သေသေချာချာ သံတော်ဦး မတင်နိုင်ဘူး၊ ရှေးပညာရှိတွေ လူကြီးတွေ ရေးခဲ့တာပေါ့ကွဲ့” (ခပ်ကျယ်ကျယ် ပြောသည်)

“ဟာ ဟာ မင်းမှတ်မိ သေးရဲ့လား၊ မင်းနဲ့ ငါနဲ့ ပြည်မြို့ကို သွားလည်ကြ တုန်းက ဘုန်းကြီး တစ်ပါးက ဒတ္တပေါင်မင်းကြီးရဲ့ ယတ်လဲတော် အစစ်ကို ပြာချ သစ်ဆေးသရိုး ကိုင်ပြီး လုပ်ထားတယ် ဆိုတဲ့ ကမ္မဝါစာကို ထုတ်ပြတော့ မင်းက ကိုယ်တော် ဘယ့်နှယ် သိသလဲ… ဘာလဲ… ညာလဲနဲ့ စစ်စစ် ပေါက်ပေါက် မေးတော့ ဘုန်းကြီးက စိတ်ဆိုးပြီး မင်းကို မောင်းချတာ မှတ်မိ သေးရဲ့လား၊ အခုလည်း မင်းကငါ့ကို ငေါက်ပြန်ပြီလား၊ မင်းက ရာဇဝင် ဆရာမို့ သေသေချာချာ သိမလားလို့ မေးတာပါဗျာ၊ မကြိုက်ရင်လည်း မမေးပါဘူး”

“ဟေ့အကောင်၊ တော်ပါကွယ်၊ မင်းဟာ တစ်ခါတစ်ခါ အင်မတန် လျှာရှည်တယ်၊ မင်းလိုက် ချင်လဲလိုက်၊ မလိုက်ရင်လည်း ငါတစ်ယောက်ထဲ တော်သလို ကြည့်သွားမှာပဲ” (ခပ်ဆတ်ဆတ် ပြောသည်)

“ဟင် ဘုရား တရား ကြည်ညိုတဲ့ သူကလည်း စိတ်တို လိုက်တာ၊ ကိုင်းကွယ် ငါကပဲ လျှော့ပါ့မယ်၊ ငါလိုက်ပါမယ်”

ထိုအခါမှ ကျွန်ုပ်က ပြုံး၍ “အဲဒီလို မှပေါ့ကွယ်၊ ငါ့မှာငွေ ၅၀-ကျပ် လောက်တော့ စုထားတယ်၊ မင်းမှာကော”

“ငါ့မှာလည်း ၅၀-ကျပ် လောက်ပါပဲ”

“အေး နေရာကျပြီ၊ စရိတ်စက စားဖို့သောက်ဖို့ ၁၅-ကျပ် လောက်ပဲ ကုန်မယ် ထင်တယ်၊ လှူဖို့ တန်းဖို့ အပုံ ကြီးပိုတာပဲ၊ ကိုင်း အခုညပဲ သွားကြစို့ကွယ်”

♠♠♠

ကျိုက်ထို ဘူတာသို့ ရောက်လျှင် ထိုအခါက မော်တော်ကားများ မသွားသေး သဖြင့် လှည်းငှား၍ သွားကြ၏၊ ကျိုက်ထီးရိုး တောင်ခြေ ကင်ပွန်းစခန်း မရောက်မီ ခရီးတစ်ဝက် သာသာ၌ အင်းဝစခန်းသို့ ရောက်ရာ ခရီးနားကြ၏၊ ထမင်းဟင်း၊ လက်ဖက်ရည်၊ ဘူးသီးကြော် စသည်ဖြင့် အစား အသောက်လည်း ပြည့်စုံ၏၊ ထိုစခန်းမှာ ရွာနီးချုပ်စပ်က လာရောက်၍ ဆိုင်တည် ခင်းသော နေရာ စခန်းကြီး တစ်ခုဖြစ်၏။

ထိုအင်းဝ စခန်း ဆိုင်စု၏ မြောက်ဘက် အတန်ကွာရှိ သရက်ပင်ကြီး တစ်ပင်အောက်တွင် တဲငယ်ငယ် တစ်ခုရှိ၏၊ ထိုတဲ ငယ်ဘက်သို့ ထွန်းမောင်သည် လျှောက်၍ သွားသည်ကို မြင်လိုက်၏၊ မကြာမီပင် တဲပေါက်တွင် ရပ်၍ အတန်ကြာကြာ ကြည့်နေ သည်ကို မြင်ရ၏။

နာရီဝက်ခန့် ကြာလျှင် ကျွန်ုပ်တို့သွားချိန် ကျသည်နှင့် ထွန်းမောင်ကို ဟစ်၍ခေါ်ရ၏၊ ထွန်းမောင်သည် သုတ်လာခဲ့၍-

“ဟေ့- ဟိုတဲထဲမှာ အဘိုးကြီး လင်မယား နှစ်ယောက်နှင့် မြေးနှစ်ယောက် ဖျားပြီး လဲနေကြတယ်၊ ငါအစား အသောက် ကလေး ၀ယ်ပေးခဲ့ ချင်တယ်၊ မင်းသွားနှင့်ကွယ်၊ ကင်ပွန်းစခန်းကို ငါမီအောင် လိုက်လာခဲ့မယ်”

“ဟောဗျား၊ မင်းဗွေ ဖောက်ပြီ၊ မင်းအကျင့် ဒီလိုပဲ၊ စိတ်တစူး စားကြီးနဲ့၊ ကဲ-မောင် သဘောရှိ၊ ငါတော့ မင်းကို စောင့်မနေ နိုင်ဘူး၊ ကင်ပွန်း စခန်းကို မီအောင် လိုက်ခဲ့ ပေတော့၊ မမီရင်တော့ ငါဆက် သွားမှာပဲ”

“အေးပါကွယ်၊ ငါမီအောင် လိုက်ခဲ့ ပါမယ်” ဆို၍ လှည်းပေါ်က သူ့ လွယ်အိတ်ကို ယူ၍ တဲငယ် ဘက်သို့ စိုက်စိုက် စိုက်စိုက်နှင့် သွားပြန်လေ၏။ ကျွန်ုပ်မှာကား ဘုရားသို့သာ ရောက်လို၍ ကျွန်ုပ်တို့ ကျောင်းက ကျောင်းသား တစ်စုလည်း ထပ်ရောက် လာသည်နှင့် ထိုလူစုနှင့် ရော၍ လိုက်သွား၏၊ ကင်ပွန်း စခန်းသို့ ရောက်သော်လည်း ထွန်းမောင် မပေါ်လာချေ၊ ရေမြောင်ကလေး၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ စသည်ဖြင့် စခန်း အစဉ်တိုင်း နောက်ဆံ တငင်ငင်နှင့်ပင် လာခဲ့ရာ ဘုရားသို့သာ တိုင်တော့၏၊ ထွန်းမောင် မပေါ်လာချေ။

ကျွန်ုပ်တို့ တစ်စုလည်း တပျော်တပါးကြီး ပြော-ဆို-က နှင့် လာခဲ့ကြရာ ဘုရားအနီး နတ်ရုပ် နတ်စင်နှင့် မိန်းမကြီး တစ်ယောက် ပိုက်ဆံ ခံနေသည်ကို တွေ့ရ၏၊ နတ်ရုပ်မှာ ပါးတစ်ခြမ်း- နားတခြမ်း ပဲ့နေ၏၊ ၎င်းအပဲ့တို့ ကိုပြ၍ ပြင်ဆင်ရန် ဆိုကာ ပိုက်ဆံ ခံနေခြင်းဖြစ်၏၊ ထိုအခါ ကျွန်ုပ်သည် ရုပ်တရက် သတိရမိ သည်ကား လွန်ခဲ့သော နှစ်က ကျွန်ုပ်တို့ အခန်းက ကျောင်းသား တစ်စု ကျိုက်ထီးရိုးက ပြန်လာ ကြသောအခါ ထိုပါးပဲ့ နားပဲ့နေသော နတ်စင်က နတ်ကတော် ကြီးအား နတ်မေး ကြကြောင်း ပြန်ပြော သည်ကို သတိရသည်နှင့် ကျွန်ုပ်တို့၏ အဖော်အလှော် ခေါ်ခဲ့သော လှည်းသမားကို မေးကြည့်ရာ လှည်းသမားက ပြုံးရယ်၍ “ဒီအပဲ့ တွေဟာ ကြာလှပြီဗျ၊ ပြင်လိုက်ရင် နောက်ထပ် ပိုက်ဆံ ဘယ့်နှယ့်လုပ် အလှူခံမလဲဗျ” ဟုပြောလိုက်မှ ကောလိပ် ကျောင်းသားထက် သာသော လှည်းသမား များလည်း ရှိသေးကြောင်း သိရသည်။

“နို့ကွယ်၊ ရသေ့တွေ၊ ရသေ့မတွေ၊ ဖိုးသူတော်တွေ၊ မယ်သီလတွေ ပေါလှချည် ကလားကွဲ”့

“အဲဒီအထဲမှာ ခါတော်မီတွေ အများကြီး ပါတယ်ဗျ” ကျွန်ုပ်တို့ ဘုရားရှိခိုး နေစဉ် ပန်းသည်၊ ရွှေသည်၊ ရေသည်တို့၏ အနှောက် အယှက်ကို များစွာခံရ၏၊ ဘုရားရှိခိုး နေစဉ် ရေ ပန်း ရွှေ ၀ယ်ပါ ၀ယ်ပါဟု တစာစာ လိုက်၍ ပူစာနေ၏၊ ကျွန်ုပ်သည် ကလဲ့စား ချေလိုသည်နှင့် ရေ ပန်း ရွှေတို့ကို ဣနြေ္ဒနှင့် ရောင်းသော ဆိုင်တို့ တွင်သာ ၀ယ်ယူ လိုက်၏။

ကျောက်ကျီးကန်း ပါးစပ်ဘက်သို့ လာခဲ့ရာ လမ်းတွင် တောင်စောင်း တစ်ခု ဂူအတွင်း၌ ရသေ့ တစ်ပါးထံတွင် ဘုရားသွားတော် အစစ် ရှိသည်ဆို၍ ဂူအတွင်းသို့ ကျဉ်းကျဉ်း ကျပ်ကျပ်နှင့် ၀င်ခဲ့၏၊ ရသေ့က “သွားတော်”ကို လက်ဖြင့် ကိုင်၍ ခပ်လှမ်းလှမ်းက ပြ၏၊ သေသေချာချာ ကိုယ်တိုင် ကိုင်၍ ဖူးပါရစေဟု တောင်းသော အခါ-

“ဟဲ့-ဒကာရဲ့၊ လက်နဲ့ မကိုင် ကောင်းဘူး၊ ငရဲကြီး တတ်တယ်၊ ခပ်ဝေးဝေးကပဲ ဖူးတာပေါ့”

“နို့- ရသေ့တော့ ငရဲမကြီး ဘူးလား”

“ဟဲ့- ရသေ့ ဆိုတာ စင်ကြယ်တဲ့ သူတော်ကောင်း ဖြစ်တယ်၊ ဘယ်တော့မှ ငရဲမကြီးဘူး၊ မင်းတို့ လူလို မဟုတ်ဘူး”

ထိုအခါ ကျွန်ုပ်သည် ဘာမျှ ပြန်မပြောဘဲ အခွင့်ရသမျှ သေချာစွာ စူးစိုက်၍ ကြည့်ရာ သွားတော်၏ အတွင်းက ဘာရှိသည်ကို ကားမသိရ၊ အပြင်က မူကား စီးကရက် ဘူးထဲက ငွေရောင်ပြားကို ကပ်ထား သည်ကို မြင်တွေ့ ရ၏၊ သို့ကြောင့်လည်း ရသေ့ရှေ့က အလှူခံ ပိုက်ဆံခွက် ထဲသို့  တစ်ပြား တစ်ချပ်မျှ မထည့်ခဲ့ဘဲ ခပ်သုတ်သုတ် ပြန်၍ထွက်ခဲ့၏။

ဤသို့လျှင် ကျိုက်ထီးရိုးတော်၊ မုဆိုးတောင် တို့၌ အေးချမ်း ပျော်မြူးစွာ ခုနစ်ည ကြာကြ၏၊ ပြီးမှ ဆင်းခဲ့ကြ၏။

အပြန်လမ်းတွင် အင်းဝ စခန်းသို့ ရောက်ကြသော် ထွန်းမောင်၏ အဖြစ်ကို မေးမြန်း လိုသည်နှင့် ကျွန်ုပ်သည် အဖော်များနှင့် ခွဲ၍ ယခင် တဲငယ်ဘက်သို့ လာခဲ့၏။

တဲငယ်မှာ ကျွန်ုပ် ပထမ မြင်စဉ်က ကဲ့သို့ စုတ်ချာ ပျက်စီးနေသည် မဟုတ်ဘဲ အမိုးအကာနှင့် အတန်ပင် သပ်ရပ် ကောင်းမွန် နေသည်ကို တွေ့ရ၏၊ ခေါင်းရင်း ခန်းကလေး၌ အတန် အိုမင်းပြီး ဖြစ်သော အဘိုးအို၊ အဘွားအို နှစ်ယောက် ပုတီးစိတ်၍ နေကြ၏၊ ခြေရင်းပိုင်း မြေကွက်တွင် မီးဖိုတစ်ခု၌ လက်ဖက်ရည် ကရားနှင့် ရေနွေးအိုး ကျိုနေသော ၁၃-နှစ် ၁၄-နှစ် မိန်းကလေးကို မြင်ရ၏၊ ၎င်း အနီး၌ ၃-နှစ် ၄-နှစ်သား ခန့်ရှိ ယောက်ျား သူငယ်ကလေး တစ်ယောက် ဘူးသီးကြော် တစ်ခုကို စားနေ၏။

ကျွန်ုပ်ကို မြင်ကြလျှင် အဘွားအိုက “အလို-မောင်၊ လာပါ လာပါ၊ ဘယ်အရပ်က ပါလဲမောင်၊ ဘုရားဖူး အသွားလား၊ အပြန်လား၊ လာပါလာပါ ထိုင်ပါ” ဆို၍ နေရာ ပေးခြင်း၊ ကွမ်းအစ် ချခြင်းတို့ကို ပျာပျာသလဲ ပြု၏၊ “ဟဲ့-ဖွားမေ၊ ရေနွေးဆူပြီ မဟုတ်လား၊ လက်ဖတ်ခြောက် ခတ်ပြီး ယူခဲ့ဟေ့၊ သြော်-ဖွားမေ၊ ဟဲ့ဟို ထန်းလျက် ကလေး ရှိသေး မဟုတ်လား၊ တခါတည်း ထည့်ခဲ့ဟေ့၊ သောက်ပါ စားပါ မောင်ရယ်…” ဟု အလွန် ကြီးစွာသော စေတနာဖြင့် ဧည့်ခံလင့်၏။

အဘိုးကြီးက တစ်ဖန် “ငါ့မြေးက ဘုရားဖူး မဟုတ်လား”

“ဟုတ်ပါတယ် အဘိုးရယ်၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးရက် လောက်က တက်သွားပါတယ်၊ အခု ပြန်ခဲ့တာပါ၊ အဲဒီ တက်သွားတဲ့ နေ့က ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဒီတဲမှာ ကျန်ရစ်တယ်။ အဲဒါ အခု သူဘယ်သွား လေသလဲလို့ မေးချင်လို့ ၀င်လာတာပါ အဘိုးရဲ့”

ထိုအခါ အဘိုးကြီးနှင့် အမယ်ကြီးသည် ငေါက်ခနဲ တစ်ပြိုင်တည်း ဆန့်၍ “မောင်ထွန်းမောင်ကို မေးတာ မဟုတ်လား”ဟု သံပြိုင် မေးကြ၏။

“ဟုတ်ပါတယ်ခင်ဗျာ”

အမယ်ကြီးက ဆက်၍ “သြော်-မောင်က မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းလား၊ ဒါဖြင့် မောင်လလည်း သူတော်ကောင်းပေါ့၊ အေး အေး၊ မောင်ထွန်းမောင်ရယ်၊ ခုမနက်ပဲ ရန်ကုန်ကို ပြန်သွားပြီ၊ သူတို့ ကျောင်းတက် ရမယ် ဆိုကိုးကွဲ့၊ ပြောလိုက် ပါရစေဦး မောင်ရယ်၊ ဒီလို သူတော် ကောင်းမျိုး ရှိတာ အဘွားတို့ အခု အသက်-၇၀ ရှိပြီ ကြားပဲ မကြားဖူးပေါင် မောင်ရယ်”

“မောင်ထွန်းမောင်ဟာ ဘုရားကို လိုက်မလာဘဲ ဒီကပဲ ပြန်သွားပုံကို ပြောပါဦး အဘွားရဲ့”

“ပြောပါပြီလား မောင်ရယ်၊ ဒီလိုကွဲ့၊ ငါတို့က အဲလို ကျိုက်ထိုကို သွားတဲ့ လမ်းနားမှာ ရှိတဲ့ မီးသွေးကုန်း ရွာကပါ၊ အဘွားတို့မှာ သမီး တစ်ယောက်ထဲ ရှိတယ်၊ သူအိမ်ထောင် ကျလို့ သားသမီး လေးယောက် ရပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ် လောက်ကပဲ သူ့ခင်ပွန်း အနိစ္စ ရောက်တယ်၊ သူ ကိုယ်တိုင်လည်း မနှစ်က ဆုံးပြန်ပါရော့၊ သား သမီး လေးယောက် အနက်က နှစ်ယောက်သာ အဖတ်တင်တယ်၊ ဟော- အခု မြင်တာ အကြီးဆုံးနဲ့ အငယ်ဆုံးပေါ့၊ ဒီကလေး နှစ်ယောက်ကို ငါတို့ပဲ မွေးရတော့ တာပေါ့၊

ငါတို့ကလည်း အိုအိုမင်းမင်း သူတို့ ကလည်း လူသား မမြောက်သေး၊ ပိုက်ဆံ ကြေးငွေ ကလည်း မပြည့်စုံ၊ တိုတို ပြောကြစို့ မြေးရယ်၊ ငါတို့ ထမင်း ရက်မှန်မှန် မစားရတာ ကြာပြီ၊ အဲဒါအခု ဘုရားဖူးများ လာတဲ့အချိန် ဒီအင်းဝ စခန်းမှာ တဲကလေး ထိုးပြီး ဖွားမေကိုပဲ ဘူးသီးကြော် ကလေး ကြော်ပြီး ရောင်းစေရ တာပဲ။

အဲ့ဒါနဲလည်း ထမင်း ရက်မှန်မှန် မစားရပါဘူး၊ ကံများ ဆိုးချင်တော့ လွန်ခဲ့တဲ့ နှစ်လ သုံးလက စပြီး ဟော- မောင့်အဘိုး ကြီးဟာ လူကလည်းအို၊ အစာရေစာ ၀လင် အောင်လည်း မစားရတော့ လဲပါရော မောင်ရေ၊ နောက် ဆယ်ရက် လောက်က အဖျား ၀င်လာပြီး သတိမရ တစ်ချက် ရတစ်ချက် နေပါရော၊ အဲဟို မောင်ထွန်းမောင် ရောက်တဲ့ နေ့က မြော့မြော့ပဲ ရှိတော့တယ်။

အဘွား ကိုယ်တိုင်လည်း မောင့်အဖိုး လိုပဲ အားနည်းပြီး လဲနေရာက နွေးနွေးမှ ခြုံစရာ မရှိ၊ အဲဒီအထဲ တဲကလေး ကလည်း မိုးမလုံတော့ အအေးမိပြီး အဘွားလည်း လဲပါရော မောင်ရေ့။

အဲဒီလို အဘွားတို့ အကျိုးအကန်း နှစ်ယောက်ကို မြေးမကလေး ဖွားမေက ချက်ပြုတ်ကျွေး နေရာက ဟော- ထင်းချိုးရာမှာ သံစူးလို့တဲ့၊ တစ်ခါထဲ ငန်းတွေ မန်းတွေ လိုက်ပြီး ပြည်တယ်လို့ မောင်ထွန်းမောင် ရောက်တဲ့ နေ့က ခြေထောက် မြှောက်ပြီး အော်နေရတာပဲ။

အဲဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာ မစားရတာ နှစ်ရက်တိတိ ရှိနေပြီ မောင်ရဲ့၊ သေဖို့ အဆင့်သင့်ပဲ ဆိုပါတော့၊ ဟော ဟိုမြေး အငယ်ကို အဲဟို ဆိုင်စုမှာ သွားပြီး တောင်းရမ်း စားသတဲ့။

အဲဒီလို ငါတို့သေဖို့ အနေမှာ မောင့်သူငယ်ချင်း မြင်တော့ မေးသံကို ကြားပါရဲ့၊ ငါတို့ လူအိုနှစ် ယောက်ကတော့ စကား မပြန်နိုင် တော့ဘူး၊ ဖွားမေကသာ အအော် အငိုရပ်ပြီး ပြန်ပြောသံကို ကြား လိုက်ရတယ်။

အဲဒါနဲ့ မောင်ထွန်းမောင်ဟာ ပထမ အဘိုးကြီး ပါးစပ်ထဲကို ရေချပေးတယ်၊ နောက် နည်းနည်း လှုပ်လာတော့ ဟိုဆိုင်စုမှာ လက်ဖက်ရည်၊ ကော်ဖီရည်၊ ရေနွေး၊ စားစရာတွေ ၀ယ်လာပြီး ကော်ဖီ နွေးနွေး ကလေးကို အစက်ချပြီး တိုက်ပေး ရှာတယ်၊ အဘွားကိုလည်း ဒီလိုပဲ။
ဖွားမေကိုလည်း အနာကိုရေဆေး၊ ပြည်ဖောက်၊ ဆေးထည့် လုပ်တာနဲ့ မောင်ရယ် တစ်နာရီလောက် မှာပဲ သက်သာ သွားပါတယ်။

အမှန်ကတော့ ငါတို့ တစ်စုလုံး အစား အသောက် ချို့တဲ့လို့ ငတ်လို့ ဖြစ်ရတာ ကလားကွယ်၊ ငါတို့တော့ အရည် လောက်သာ သောက်နိုင် ကြပါတယ်၊ ဖွားမေတို့ မောင်နှမ နှစ်ယောက် ကတော့ ဖျားတာ မဟုတ်ဘူး၊ အဲဒါကို မောင်ထွန်းမောင်ရယ် သူ့လွယ်အိတ် ထဲက ပေါင်မုန့်၊ ငါးသေတ္တာတွေ တစ်ခါတည်း ထုတ်ကျွေးတယ်၊ ငတ်ငတ်နဲ့ စားလိုက် ကြတာ မောင်ရယ်၊ အဘွား တို့လည်း ဘေးက ကြည့်ရတာ အားရ ၀မ်းသာ တာနဲ့ အားပြည့် လာကြတာပဲ။

အဲဒါ သူကိုယ်တိုင် ငါတို့ကို ဆေးတိုက် ပြုစုတဲ့အပြင် သူကိုယ်တိုင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်၊ အစုံ ၀ယ်ပြီး ချက်ကျွေး ရှာတယ်။ ဖွားမေကို အညှော် မိမှာ စိုးလို့တဲ့ မီးဖို နားတောင် မလာစေ ရဘူး၊ ပြီးတော့ ဟော… တဲကလေးကို ကြည့်ပါဦး၊ အခုတော့ သပ်သပ် ရပ်ရပ်ပေါ့၊ မောင်ထွန်းမောင် ရောက်စက အမိုးမလုံ၊ အကာတွေလည်း ပျက်ကျနေတယ်၊ လေပြင်းပြင်း တိုက်ရင် မခံနိုင်ဘူး၊ အဲဒီလို အနေမှာ မောင်ထွန်းမောင် ပါမကျန် ငါတို့ အကုန်လုံး ရွှဲရော ဆိုပါတော့၊ မောင်ထွန်းမောင် ဘာလုပ် သလဲသိလား၊ အနီးအနားက ဆိုင်စု အိမ်စုမှာ သက်ကယ်တို့၊ ထရံတို့ သူကိုယ်တိုင် သွားဝယ်ပြီး ကိုယ်တိုင် မိုးကာပေး ခဲ့တယ် မောင်ရယ်”

အဘွားအိုသည် စကားကို ဖြတ်၍ လက်အုပ် အထက်သို့ မြှောက်ချီကာ “ဘုရား သိကြားတော်၊ တပည့်တော် မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျမ်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိ ပါစေနဲ့၊ ရေလိုအေးလို့ ပန်းလို မွှေးပါစေ…” ဆို၍ မျက်ရည် စမ်းစမ်းနှင့် ရှိခိုး ဆုတောင်း လေ၏၊ ကျွန်ုပ်တို့ ပတ်လည်ရှိ လူများကိုပင် မေ့နေဟန် ရှိ၏၊ အတန်ကြာမှ ဆက်ပြန်၍-

“ငါတို့ မိုးတွေစိုလို့ အေးကြ ချမ်းကြတော့၊ မောင့် သူငယ်ချင်း ဘုရားလောင်း ကြီးက ဟော- သူ့မှာ ပါတဲ့ အကျီတွေ၊ ပုဆိုးတွေ၊ မျက်နှာသုတ် ပ၀ါတောင် မကျန်ဘူး၊ အဲဒါတွေနဲ့ တစ်ခါထဲ ငါတို့ လေးယောက်ကို ပတ်ရံ ခြုံပေးတာပဲ၊ မိဘက သားသမီးကို ပြုစု သလိုပါပဲ မောင်ရယ်၊ သူကိုယ်တိုင်က တော့ စွပ်ကျယ် ကလေးနဲ့သာ နေတယ်၊ အောင်မယ် ဟော- မောင့် သူငယ်ချင်းက သတ္တိ ကောင်းက လားကွဲ့ ၊ မိုးကြီးပေမယ့် သူမချမ်း ဘူးတဲ့၊ ပြီးတော့ လူကြည့်တော့ လုံးရပ် တန်တန်ရယ်၊ နို့ပေမယ့် သူ့အသား တွေက သံခဲလို ပါကလားကွဲ့၊ ဟော-နေ့ခင်း နေ့ခင်းမှာ ဖွားမေတို့ မောင်နှမ နှစ်ယောက်ကို သူ့ လက်မောင်း သားကြီးတွေ ကြွက်သား ကြီးတွေကို ထုတ်ထုတ် ပြတယ်၊ မောင်နှမ နှစ်ယောက် သူ့လက်မောင်း ကြီးကို စီးစီးပြီး ကစားကြ တာပဲ၊ အင်မတန် ပျော်ကြတာပေါ့၊ ဒီသူငယ်ဟာ လူထူးပါကွယ်၊ သန်က သန်မာပါ ဘိနဲ့၊ ဘုရား လောင်းများ ဆင်ပြောင်ငါးစီး ဆယ်စီးအား ဆောင်နိုင်တယ် ဆိုတာပဲ ထင်ပါရဲ့ကွယ်။

နောက်တစ်နေ့ မနက် စောစော ဟိုအနား ခဏ သွားဦးမယ် ဆိုပြီး ထွက်သွား လိုက်တာ ညနေမှ ပြန်လာတယ်၊ တို့်တွေ ဆိုတာ တစ်နေ့ ခင်းလုံး သူ့ကို ထမင်းစား စောင့်နေ ကြတယ်၊ အနီးအနား လိုက်ရှာ ကြတယ်၊ အဲဒီမနက် ငါတို့ ထမင်း မစားဖြစ်ဘူး၊ ညနေကျလို့ ပြန်လာတော့မှ သိရတာက လက်စ သတ်တော့ သူ ဟို ကျိုက်ထိုကို သွားတာကိုး မောင်ရဲ့၊ ဟဲ့ ဖွားမေ၊ နင့်အစ်ကိုကြီး ၀ယ်ပေးခဲ့ တဲ့ အ၀တ် အစားတွေ ယူခဲ့စမ်း၊ ကိုင်း- မောင်ရင် ကြည့်တော့ ငါတို့ဖို့ သူဝယ် လာတာတွေ”

ထိုအခါ အဘိုး ကြီးသည် အထုပ် ခပ်ကြီးကြီး တစ်ခုကို ကောက်ယူ၍ “ဟောဒါက ကျုပ်အထုပ် မောင်ရဲ့၊ မောင့်ကို ပြရဦးမယ်” ဆိုကာ အထုပ်ကို ဖြေရသည်၊ အထုပ် အပေါ်က ကြိုးစေ့အောင် အပတ် ပေါင်း များစွာ ရစ်ပတ် ထား၏၊ ကြိုးတွေ ကုန်သောအခါ ပုဆိုးဟောင်း တစ်ထပ်၊ နောက် ပိတ်ဖြူ တစ်ထပ်၊ နောက် စက္ကူ သုံးလေးထပ် အလွန် သေချာစွာ ထုပ်ထား သည်ကို တွေ့ရ၏၊ နောက်ဆုံး အထပ် ကုန်လေမှ လုံချည် အညိုရောင် တစ်ထည်၊ အတွင်းခံ အကျီတစ်ထည်၊ အပေါ်အကျီ တစ်ထည်၊ ခေါင်းပေါင်း ပ၀ါ တစ်ထည်၊ ပခုံးတင် ပိတ်ဖြူစ တစ်ထည်တို့ ထွက်လာ လေ၏။

ထိုလေးထည်သော အ၀တ်တို့ကို အဘိုးကြီးသည် ယုယ မြတ်နိုးစွာ ကိုင်တွယ်၍ “အဲဒါ ကျုပ်မြေးရဲ့ ကုသိုလ် တွေပဲ မောင်ရယ်၊ ကျုပ်အဘိုး အဘ ဒီလို မပေးခဲ့ ဖူးပါဘူး၊ ကျုပ် သားသမီး တွေလည်း မပေးခဲ့ဖူးဘူး၊ ကိုယ်တိုင်လည်း ၀ယ်ပြီး မ၀တ်နိုင် ခဲ့ဖူးဘူး၊ ဒီအ၀တ် လေးထည်ကို ကျုပ် ဘာလုပ်မလဲ သိလား၊ ဥပုသ် နေ့တိုင်း ၀တ်ဆင်ပြီး ဥပုသ် စောင့်မယ်၊ အခု စိတ်ကူး တာကတော့ ကျုပ်မြေး ကုသိုလ် ပွားအောင် နေ့တိုင်းပဲ ရှစ်ပါးသီလ စောင့်ပြီး သူ့အ၀တ် တွေနဲ့ အရိုးထုတ် တော့မယ်၊ ကျုပ် သေတဲ့ အခါ ဒီအ၀တ်တွေ ကျုပ်တို့ဆရာ ဘုန်းကြီးကို လှူလိုက်ဖို့ မှာပြီးပြီ မောင်ရဲ့”

ဖွားမေ ကလည်း မိမိအထုပ်ကို အားပါးတရ ဖြေကာပြ၏၊ ပိုးသား လုံချည်၊ အကျီ၊ ဘီး၊ မှန် စသည်ဖြင့် မိန်းမ အသုံးအဆောင် အတန် များများ တွေ့ရ၏၊ “အဲဒါတွေ ကျွန်မရဲ့ အစ်ကိုကြီး ၀ယ်ပေးခဲ့ တာရှင့်၊ ကျေးဇူး တင်လိုက်တာ အစ်ကိုကြီးရယ်၊ ကျွန်မလေ ညတိုင်း ညတိုင်း အိပ်ခါနီးကို ဦးသုံး ကြိမ် ချပါတယ်၊ အစ်ကို ကြီးလည်း ပြန်သွားပြီ၊ သိပ် အောက်မေ့ တာပဲ” ဆို၍ မျက်ရည် လည်လာ လေ၏၊ အနားတွင် အစ်မ၏ မျက်နှာကို စိုက်ကြည့် နေသော မောင်ကလေး မှာလည်း မဲ့တဲ့တဲ့ ဖြစ်၍ လာလေ၏။

အဘွားကြီးက ဆက်၍ “အဲဒါ သူအပြုအစု ကောင်းတာနဲ့ ငါတို့ အတော် အတန် ထူထောင် လာကြတာ ပါပဲ၊ သူနေလို့ လေးငါးရက် ရှိတော့ ငါတို့လည်း မာပါပြီ၊ မင်း ဘုရားကို သွားဖို့ဟာ သွားတော့ လေလို့ ပြောတော့၊ အဘွားရယ်တဲ့၊ ဘုရားကို သွားဖူး တာထက် ဘုရားစကား နားထောင်တာ ပိုပြီး ကုသိုလ်ရ တယ်တဲ့၊ ပြီးတော့လည်း ဘုရားသွားဖို့ အချိန်မရှိ တော့ဘူး၊ ကျောင်းဖွင့် မီအောင် ပြန်ရမယ်တဲ့၊ သူဘုရားမှာ ရွှေချဖို့ ပန်းလှူဖို့ မှန်းခဲ့တဲ့ အတွက် ငွေကိုလည်း အဘွားတို့ ကိုပဲ လှူခဲ့မယ် ဆိုပြီး ငွေဒင်္ဂါး ပြားရေ ၃၀-ကျပ် တိတိ ငါတို့ကို ပေးသွားတယ်၊ အခု ငါတို့ အသက် ၇၀-ရှိပြီ၊ ကိုယ်ပိုင် အဖြစ်နဲ့ တစ်ခါမှ ငွေ-၃၀ ကျပ်ပြည့်အောင် မကိုင်ခဲ့ ရဘူး၊ ဒီလိုလူမျိုး တွေ့ဖူးဖို့ ထားလို့ ကြားတောင် မကြားဖူး ပါဘူးကွယ်၊ ဟော မောင့်အဘိုး ကဖြင့် လူမဟုတ်ဘူး၊ နတ်သိကြားများ လူယောင် ဆောင်လာ တာလို့ အခုထက်ထိ အတပ်စွဲ နေတုန်းပဲ”

ထိုအခါ အဘိုးကြီးက ၀င်တဲ့၍ “ဟဲ့- မယ်တုတ်ကဲ့၊ အခု ဒီမောင်ရင်က သူ့သူငယ်ချင်း ဆိုလို့သာ နေလိုက် ရတယ်၊ ငါတော့ ဧကန္တ နတ်သိကြား ပဲလို့ စွဲလမ်း နေတုန်းပဲ၊ ကြည့်လေ၊ ငါအလကား ပြောတာ မဟုတ်ဘူး၊ ငါတို့ ဆရာဘုန်းကြီး ဟောဖူးတယ်၊ ဟဲ့-ဒကာကြီး ဖိုးခွေးတဲ့၊ ငါးပါးသီလ မြဲပြီး မေတ္တာပို့ပြီး ဣတိပိသော ဂုဏ်တော်ကို တစ်နေ့ကို အနည်းဆုံး ၁၀-ပတ် ရအောင် စိပ်တဲ့၊ အကျဉ်း အကျပ် တွေ့ရင် နတ်သိကြားများ လာပြီး ကယ်မတတ် တယ်တဲ့၊ အဲဒါ လွန်ခဲ့တဲ့ ၁၅-နှစ် လောက်စပြီး ဘုန်းကြီး စကားအတိုင်း စောင့်ထိန်းပြီး ပုတီးမှန်မှန် စိပ်ခဲ့တာ ညည်းအသိပဲ မဟုတ်လား၊

အဲ-ဟိုနေ့ ငါပက်လက် ကလေး မြော့နေတော့ ဆရာ ဘုန်းကြီးရဲ့ အဆုံးအမနဲ့ ဂုဏ်တော်ကို သတိရပြီး ဂုဏ်တော်ကို နှလုံးသွင်း နေတယ်၊ တော်တော်ကြာ ပါးစပ်ပေါ် ရေစက် ကျလာတော့၊ အင်း-သိကြားမင်း ရေစင် ဖျန်းလာ ပေါ့လို့ ငါယုံကြည် လိုက်တယ်၊ လူပုံ သဏ္ဌာန်နဲ့ တောက်ပြောင် အေးကြည် နေတဲ့ မျက်နှာကို ငါမြင်ရတယ်၊ ဟဲ့- မယ်တုတ်ကဲ့၊ လူရိုးရိုးဟာ ဒီလောက် ကောင်းနိုင်ပါ့ မလားဟဲ့၊ လူမမာ လေးယောက်ကို ဆေးကု၊ ပြုစု၊ ကျွေးမွေး၊ ၀တ်ဆင်၊ အိမ်ကို မိုးကာ ပေးပြီးတော့ ငွေ ၃၀-ကျပ် င့်မကြီးကို ပေးတာဟာ လူရိုးရိုး ဟုတ်နိုင့်ပါ့ မလားဟဲ့၊ ဒို့ဆရာ ဘုန်းကြီး ပြောဖူးတယ်၊ နတ် သိကြားများ လူယောင်ဆောင် လာရင် အရိပ် မထွက်ဘူး၊ မျက်တောင် မခတ်ဘူးတဲ့၊ ငါဖြင့် မောင်ထွန်း မောင်ရဲ့ အရိပ်ထွက်တာ၊ မျက်တောင် ခတ်တာ မမြင်မိဘူးဟဲ့၊ ပြီးတော့ ရုပ်ရည်ကလည်း သန့်ပါဘိ သနဲ့၊ ငါဖြင့် ဒီလို ချောတဲ့လှတဲ့ ယောက်ျား ကလေး မြင်ဖူး ပေါင်ဗျာ”

“အို-ကိုဖိုးခွေး ကလည်း လူတော့ လူအစစ် ပါတော့၊ လူရိုးရိုး မဟုတ်တာတော့ အမှန်ပဲ၊ ဧကန္တ အလောင်း အလျာ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ကိုင်း- မောင်ရယ်၊ မောင်ထွန်းမောင်ရဲ့ သူငယ်ချင်း ဆိုရင်ဖြင့် အဘွားတို့ တဲမှာ တစ်ည လောက်တော့ တည်းပါဦး မောင်ရယ်၊ သူ့ငွေထဲက အလှူဦး ပြုပြီး ထမင်း တစ်နပ်တော့ ကျွေးလိုက် ပါရစေ၊ သံဃာတော် ဆွမ်းကျွေး ဖို့တော့ ငွေ ၅-ကျပ် ဦးချပြီး ဖယ်ထား ပြီးပါပြီ”

ထိုအခါ ကျွန်ုပ်မှာ အလွန် ပီတိဖြစ်၍ တစ်ည တည်းရန် ၀န်ခံလိုက်၏။ ညအိပ်ရာ ၀င်သောအခါ ကျွန်ုပ်၏ စဉ်းစားခန်း ပေါ်လာလေ၏။

“အင်း- ထွန်းမောင် ကြီးဖြင့် ဘုရားဖူး လာရကျိုး နပ်လေပြီ၊ ထွန်းမောင်ရဲ့ ကုသိုလ်ကို ငါအားကျ လှသည်၊ ငါကြားဖူး သည်ကား မြတ်စွာဘုရား ရှိစဉ်က တောနယ်မှ ရဟန်းနှစ်ပါး ဘုရားကို ဖူးမြော်ရန် လာကြသတဲ့၊ လမ်းခရီးမှာ ရေငတ်ကြ သဖြင့် ရေသောက် ကြမည် ရှိရာ ရေစစ် မပါကြ သည်နှင့် တစ်ပါးသော ရဟန်းက မြတ်စွာ ဘုရားသည် ရေစစ်နှင့်မှ ရေသောက် ရမည် ပညတ်ချက် ထားသည်၊ ယခုရေစစ် မရှိခဲ့၊ ဘုရားကို ကြည်ညိုသည် ဆိုသည်မှာ ဘုရား စကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်၊ ထို့ကြောင့် ရေမသောက်ဘဲ အသက် သေစေတော့ဟု ဆုံးဖြတ် လိုက်၏။

တစ်ပါးသော်ကား ဘုရား ဆိုသည်မှာ အလွန် ဖူးမြင်ရခဲ၏၊ ပထမ ရဟန်းသည် လမ်းတွင် ပျံလွန်ခဲ့၏။ ဒုတိယ ရဟန်းကား ဘုရားထံ ရောက်၍ အဖြစ်အပျက်ကို ပြန်လှန် လျှောက်ထားသော အခါ မြတ်စွာ ဘုရားက ဘုရားစကား နားထောင်၍ လမ်းတွင် အသေခံသော ရဟန်းကိုသာ ချီးမွမ်းတော် မူသတဲ့၊

ယခုလည်း ငါတို့ နှစ်ယောက်နှင့် တူလေစွ။ငါ့မှာ ကျိုက်ထီးရိုး ဘုရား ကိုတော့ ရောက်ပါရဲ့၊ ရောက်တော့ ဘာလုပ် သလဲ၊ ဘုရားကို ပုဆိန်ပေါက် ရှိခိုးတယ်၊ အနား ပတ်လည်က ဆူဆူ ညံညံနှင့် အာရုံစူးစိုက်၍ ရှိမခိုး ခဲ့ရ၊ ၎င်းနောက် သူငယ်ချင်း တို့နှင့် လျှောက်၍ ပျော်ခဲ့တယ်၊ ဟားတိုက် သီချင်းဆို၊ ဖဲကစား… အဲဒါတွေနဲ့ အချိန် ကုန်တာပဲ၊ အခု ထွန်းမောင်ကို အားကျလို့ အဘိုးကြီး၊ အဘွားကြီး တို့ကို ပိုက်ဆံ ပေးချင်လို့ ကြည့်တော့ လှည်းခနဲ့ ရထားခသာ ကျန်တော့တယ်၊ ပိုက်ဆံ တစ်ပြားမှ မပို တော့ဘူး၊ ဟို ကုန်းတော်များ တုန်းက တို့လူစု မြေလတ်က အပျို တစ်စုနဲ့တွေ့လို့ အလွမ်းသင့် ပိုးပမ်းပြီး ဟိုဆိုင် ဧည့်ခံလိုက်၊ ဒီဆိုင် ဧည့်ခံလိုက်နဲ့၊ သုံးလေးရက် တို့လူစု ပိုက်ဆံဖြုန်း လိုက်ကြတာ၊ ဘုရားလှူဘို့ မှန်းထားတဲ့ အထဲက သုံးပုံ နှစ်ပုံလောက် ပါသွားတာပဲ၊ အဲဒီ ပိုက်ဆံတွေ အခုငါ နှမြောလိုက် လှတယ်။

ငါဘုရားဖူး ရတာ မယ်မယ်ရရ အကျိုး ဘာမျှ မထင်ပါတကား။ နတ်ကတော်၊ ရသေ့၊ ရသေ့မ၊ ဖိုးသူတော်၊ မယ်သီလ၊ ပန်းသည်၊ ရေသည် အချို့တို့ကို စိတ်မကျေနပ်၊ လည်ပတ်၊ ပျော်ရွှင် ဒါတွေနဲ့သာ အချိန်ကုန် ခဲ့တယ်၊ အင်း-အခု ငါတို့ပြည်မှာ ရတနာ သုံးပါးကို အကြောင်းပြပြီး လုပ်ကြတဲ့ ပွဲအမျိုးမျိုး တွေကို သတိရလိုက် ပါဘိတယ်၊ ငါဘုရားကို ရောက်သော်လည်း ဘုရား စကားကို နားထောင်တဲ့ မောင်ထွန်းမောင်ရဲ့ ကုသိုလ်မျိုးကို ဘယ်မှာ မီနိုင်မလဲ” စသည်ဖြင့် စိတ်ကူး တွေးတောကာ မပျော် တစ်ချက် ပျော်တစ်ချက်နှင့် မိုးလင်းရ လေ၏။

♠♠♠

နံနက်တွင် ကျွန်ုပ် ပြန်တော့ မည်ဟု နှုတ်ဆက်လေရာ အဘိုးကြီးက “အေး အေး- ပြန်ဦးတော့ မောင်ရယ်၊ မောင်တို့ ကျန်းမာ ချမ်းသာ ကြပါစေ ဆိုတာ အဘိုး ဆုတောင်းပါတယ်၊ မောင်ထွန်းမောင် ကိုပြောပါ၊ သူဝယ် ပေးခဲ့တဲ့ အ၀တ် အစားတို့ကို အဘိုး ဘယ်လို စီမံထားတယ် ဆိုတာ၊ အေးအေး-သွားတော့ မောင်ရေ၊ ဘုန်းကြီးပါစေ၊ သက်ရှည် ပါစေကွယ်” အဘွားကြီးက “သွားတော့ မောင်ရေ၊ သွားတော့၊ အဘွားတို့ မသေခင် မောင်ထွန်းမောင်ကို တစ်ခါတော့ တွေ့ချင် သေးသကွယ်၊ မိုးမကျခင် အဘွားတို့ ကျမ်းမာ ရင်ဖြင့် ရန်ကုန်ကို ဘုရားဖူး လာခဲ့မယ်လို့ ပြောလိုက်ပါ မောင်ရယ်၊ အခု အဘွားတို့ နှစ်ယောက် သေသည် အထိ ရှစ်ပါးသီလ စောင့်ဖို့ အဓိဋ္ဌာန် ပြုပြီးတဲ့ အကြောင်း ပြောပါလေကွယ်၊ အေးအေး- သွားတော့ မြေးရေ သွားတော့”

ဖွားမေက “အစ်ကိုကြီး ထွန်းမောင်ဖို့ လက်ဆောင် ပေးလိုက် ပါရစေ၊ ဟောဒါက ကျိုက်ထီးရိုး တောင်ဖြစ် ၀ါးဆေးတံ၊ ဒါက သစ်ခွ ပန်းခြောက် တစ်ခု၊ ဟောဒါက ကျွန်မ အရင် ဖျားတုန်းက ဖြတ်ထားတဲ့ ဆံစု၊ အဲဒီဆံစုကို တစ်ဝက်ခွဲပြီး ဘုရားကို တစ်ဝက်လှူပါ။ တစ်ဝက်ကို အစ်ကိုကြီး ထွန်းမောင် သိမ်းယူထား ပါလို့ပြောပါ၊ ကျွန်မ မသေခင် တစ်ခါတော့ ရောက်အောင် လာမယ်လို့ လည်းပြောပါ၊ သူ့လိပ်စာကို ကျွန်မ တောင်းထား လိုက်တယ်၊ ပြီးတော့ ရှိခိုး လက်ဆောင်လည်း ပေးလိုက် ပါရစေ၊ သြော်- အစ်ကိုကြီး၊ အခုနေ ရန်ကုန် ဘယ်ဆီမှာလဲ”

ကျွန်ုပ်က ရန်ကုန် ရှိရာသို့ ညွှန်ပြ လိုက်သော အခါ ဖွားမေသည် တစ်ပတ်နွမ်း တစ်ထည်ကို တင်၍ ရန်ကုန် (ထွန်းမောင် ရှိရာသို့) ဘက်သို့ ရိုသေ လေးမြတ်စွာ လှည့်၍ ဦးသုံးကြိမ် ချကာ “အစ်ကိုကြီးကို ဦးသုံးကြိမ် ကန်တော့ လိုက်ပါတယ်” ဆို၍ ဦးသုံးကြိမ် ချလေသည်၊ ထိုအခါ ကလေးမ၏ မျက်ရည် တို့သည် ကျပြန် လေ၏။

ကျွန်ုပ်သည် ခြေလေးလေးဖြင့် ထွက်ခဲ့ရာ ဖွားမေတို့ မောင်နှမသည် ကျွန်ုပ်၏ လွယ်အိပ်ကို ယူဆောင်၍ လှည်းဆိပ် အထိ ပို့ကြ၏၊ လှည်းသည် တအိအိနှင့် လိမ့်သွားရာ ဖွားမေတို့ မောင်နှမသည် မျက်နှာ ငယ်ငယ်ဖြင့် ငေးမျှော်၍ ကျန်ရစ်ကြ ရှာလေ သတည်း။

ကျွန်ုပ်သည် ထွန်းမောင် အခန်းသို့ ၀င်ခဲ့၏၊ ထွန်းမောင်က “အလို- မင်းပြန်လာ ပြီလား၊ မင်းဘုရားဖူး ခဲ့ရတာ အမျှဝေ ပါဦးကွဲ့”

“မသရော်ပါနဲ့ကွယ်၊ ငါ့မှာ အမျှဝေစရာ ကျကျနန တစ်ခုမှ မပါခဲ့ဘူး၊ (မျက်နှာ ငယ်ငယ်နှင့် ပြောသည်) ဟေ့- မင့်အကြောင်းတွေ ငါကြားခဲ့ သိခဲ့ပြီ၊ မင်းကုသိုလ် အင်မတန် ထူးမြတ်တာပဲ၊ ငါ့ကို အမျှဝေ စမ်းပါကွယ်၊ သူငယ်ချင်းရယ်”

“ဟင်- ဘုရား ရောက်တဲ့ လူက လမ်းက ပြန်လာတဲ့ လူကို အမျှဝေခိုင်း နေသလားကွဲ့၊ မင်းကလည်း ရူးကြောင်ကြောင်နဲ့”

“ငါမရူးဘူး၊ ငါတကယ် ပြောနေတာ၊ ငါဟာ ကျိုက်ထီးရိုး ဆိုတဲ့ စေတီနားတော့ ရောက်ခဲ့တာ မှန်တယ်၊ နို့ပေမဲ့ မင်းကတော့ သမ္မာ သမ္ဗုဒ္ဓ ဘုရားအစစ် ဆီကို ရောက်ခဲ့ တယ်လို့ ဆိုရမယ်၊ ဒါကြောင့် ငါ့ကို အမျှဝေ ပါကွယ်”

“ဟေ့- မင်းစာကလေး ဘာကလေး အကြည့်ဖူးသား မဟုတ်လား၊ ငါက အမျှဝေမှမင်းရနိုင်တာ မဟုတ်ဘူး၊ မင်း ၀မ်းမြောက်ပြီး ကိုယ့်ဘာသာ ကိုယ် သာဓု ခေါ်နိုင်သလောက် ကုသိုလ်ရတာ ပဲကွဲ့”

“အဲဒါ ငါသိတယ်၊ ဘာဖြစ်ဖြစ် မင်းပါးစပ်က မြွတ်ဆိုပြီး ပေးတာကို ငါကြား ချင်တယ်၊ ငါသာဓု ခေါ်ချင်တယ်၊ ဆင်ခြေ ဆင်လက်တွေ လုပ်မနေနဲ့ကွယ်၊ ငါကြည်ညို လွန်းလို့ပါ၊ မင့်ပါးစပ်နဲ အမျှဝေ စမ်းပါ”

“ကိုင်းဒါဖြင့်လည်း အမျှဆိုတာ အဖို့ဘာဂ ဆိုလိုတယ်၊ ငါကတော့ အဖို့တွေ အဖဲ့တွေ လုပ်မနေ ပါဘူး၊ ငါ့ကုသိုလ် အကုန်လုံး ကိုပဲ ပေးပါတယ်ဗျာ၊ အကုန်လုံး ယူပါလေတော့”

ထိုအခါ ကျွန်ုပ်သည် သာဓု လေးလေး နက်နက် ခေါ်ပြီးမှ

“မင်းကိုငါ ကျေးဇူး တင်တာ တစ်ခု ရှိသေးတယ်”

“ဘာလဲ ”

“မင်းကငါ့ကို ဘုရားဖူးနည်း နည်းကောင်း နည်းမွန် တစ်ခု သင်ပေးတဲ့ အတွက်ပေါ့”

(မှတ်ချက်။ ။ဤ၀တ္ထုတွင် ဘုရား ကြည်ညို နည်း၌ ဗုဒ္ဓဘာသာကို အရင်းတည်၍ ပြခြင်းမှာ မြန်မာ နိုင်ငံတွင် အများ အားဖြင့် ကိုးကွယ်သော ဘာသာကြီး ဖြစ်၍ ပုံစံ အနေ ဖြင့်သာ ပြုခြင်း ဖြစ်သည်၊ အခြား ဘာသာဝင် တို့အတွက်ကား သဘော တရားမျှသာ ယူရန်ဖြစ်၏)

*********************************************

ဓမ္မမေတ္တာ ဘလော့မှ ကူးယူမျှဝေ ကုသိုလ်ခြွေသည်။ ဓမ္မမိတ်ဆွေများ အားလုံး သာဓု ခေါ်နိုင် ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

4/25/2009, SAT:, 12:00:21 PM

Read more...

ဟိုဒကာမကြီးအကြောင်းလေးပါ...

ဟိုဒကာမကြီးအကြောင်းလေးပါ...

ဒကာဒကာမတို့ မှတ်မိမယ်ထင်ပါတယ်...

ဒကာလေး နှစ်ယောက်အကြောင်းရေးတော့ အဲဒီထဲမှာက ဒကာမကြီးတယောက်လေ၊ သူ့အမျိုးသား မြန်မာပြည်ကို ပြန်ပြီး တရားအားထုတ်တော့ လိုက်ခေါ်တယ်ဆိုတဲ့ ဒကာမကြီးပါ၊ ခုလေယာဉ်ပေါ်ကို ရောက်နေပြီဆိုတော့ သူတို့နဲ့ပြန်တွေ့ကြရဦးမှာပေါ့...။

မတွေ့ခင်ကထဲက G Talk မှာ ရန်လုပ်ပါတယ်၊ အရှင်ဘုရားတို့က အလွန်မျက်နှာလိုက်တာပဲတဲ့ တပည့်တော်တို့ဆို ဒကာမကြီး ဒကာမကြီးနဲ့တဲ့ လူပိုပြီး အိုစာသွားသလိုပဲတဲ့ အမျိုးသားတွေနဲ့ကြတော့ ဒကာလေးပဲခေါ်တယ်ဆိုပြီး ပထမရန်လုပ်တယ်...။ ခုစာရေးပြန်တော့လဲကြည့်၊ အရှင်ဘုရား ဒကာလေးကြတော့ကောင်းကြောင်း တပည့်တော်ကြတော့ လူဆိုးကြီးကျနေတာပဲတဲ့။ မသိတဲ့လူတွေက တပည့်တော်ကို လူဆိုးကြီး ထင်သွားတော့မှာပေါ့ဘုရား။

ဟုတ်တော့ ဟုတ်တာပဲ ဒကာဒကာမတို့...
အင်တာနက်စာမျက်နှာမှာ သာသနာရေး စာရေးစာဖတ်နေကြတဲ့ ဒကာဒကာမတွေရဲ့ စိတ်ကလေးတွေဟာ ဘာပဲပြောပြော သူတော်ကောင်းတရားတွေနဲ့ နေ့စဉ်ထိတွေ့နေရတော့ အရမ်းကို နူးညံ့သိမ်မွေ့ကြပါတယ်၊ သူတို့တွေရဲ့စိတ်က သူတော်ကောင်းဓါတ်ဘက်ကို ညွတ်နေကြတယ်လေ။ ဒီအပိုဒ်မှာ ဒကာဒကာမလို့သာ ဆိုရတာပါ ဒကာလေးတွေဘက်ကပဲ ရဟန်းဝတ်လိုကြောင်း၊ ဖြစ်အောင်ဝတ်မယ် ဆိုတာမျိုးပေါ့ ကြားနေရတယ်။ ဒကာမကြီးတွေဘက်ကတော့ တခါမှကို ဖွားသီလ လုပ်မယ် မကြားဘူးပါဘူး။ ဒကာလေးတွေဘက်က ဒီလိုတွေကြားနေရတော့ ဘုန်းကြီးတွေ့ကြုံရတဲ့ထဲက ဒကာလေးအကြောင်းကို ဦးစားပေးရတာပဲပေါ့ စာဖတ်သူများထဲက တကယ်များ ၀တ်ဖြစ်ကြမလားလို့ မျှော်လင့်တကြီးနဲ့ ရေးလိုက်တာပါ...။ တချိန်မှာတော့ ဖြစ်လာနိုင်ကြပါလိမ့်မယ်လေ...။ (ဟုတ်ပါသလား ဒကာလေးတို့)

ရေးမှာကတော့ ဒကာမကြီးကရေးခိုင်းလို့ မဟုတ်ပါ၊ သူကတော့ ဘုန်းကြီးနဲ့ခင်လို့ ရွှတ်နောက်တဲ့ သဘောနဲ့ပြောတာပါ၊ ((6:56 AM ဒကာမကြီးရဲ့ သနားစရာ ကလားမသား ဘ၀အကြောင်း မကြာခင်လာဦးမှာပေါ့။ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်း၍ မဟုတ်ပေမဲ့ သိခဲ့ပါပြီ။ ဘာသိလဲတော့ မသိဘူးပေါ့။)) ဒီလိုခင်ကြပါတယ် ဒါ့ကြောင့်လည်း သူတို့အကြောင်းတွေ သိနေခဲ့ရတာပါ။

ခု ဒကာမကြီးအကြောင်း ရေးပါ့မယ် စာဖတ်သူများမှာလည်း အဖြစ်အပျက် တူတာတွေ ရှိနိုင်ပါတယ်၊ ဆင်ခြင်နိုင်ပါစေ၊ ငါတို့မှာ ဖြစ်လာရင်ကော ဘယ်လိုလဲ? ဒီလိုလဲ နှလုံးသွင်းနိုင်ကြပါစေ...။ ကောင်းတာပဲ ရေးရသည်ဖြစ်စေ မကောင်းတာပဲ ရေးရသည်ဖြစ်စေပေါ့ အမည်တွေတော့ မရေးပါဘူး...။

သူ usa-ကိုရောက်ပြီး မကြာခင်မှာပဲ နှလုံးရောဂါဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့အချိန်မှာ တရားဆိုလို့ သြကာသတောင် နားမလည်၊ ဖြောင့်အောင် မဆိုတတ်ဘူးလို့ သိရပါတယ်၊ တရားမရှိတဲ့ပုဂ္ဂိုလ်များ ရောဂါဝေနာ ခံစားလာရပြီဆို ဒဏ်မခံနိုင်ကြပါဘူး၊ ဒီလိုဒဏ်မခံနိုင်ရင်လည်း ဒီစိတ်ကြောင့်ပဲ ရောဂါက ပိုတိုးမယ်ထင်ပါတယ်၊ (သင်တို့တတွေ တရားမရှိခင်များ ဒီလိုရောဂါဆိုး ဖြစ်ရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်လိုက်ပါ၊ ဖြစ်နေသူများကော ဘယ်လိုခံစားနေရပါသလဲ)။ ဒီနိုင်ငံမှာ ပျော်ပျော်ပါးပါး ချမ်းချမ်းသာသာနဲ့ နေရမဲ့အချိန်မှာ မျှော်လင့်ချက် ကင်းမဲ့လောက်တဲ့ ရောဂါကြီးဖြစ်ရတယ်။ ဖြစ်ပြီး ကုန်ကျမဲ့ငွေကလည်း နဲနဲနောနော မဟုတ်လောက်ဘူး၊ မိသားစု စားဝတ်နေရေးကလည်း တစ်ဖက်က ရှိနေသေးတယ်လေ။ အရွယ်ကလဲ မကြီးသေး။ အရမ်းကို စိတ်ညစ်ပူပန်နေရမဲ့ အချိန်လို့တွေးမိတယ်။

ဒီလိုနဲ့တစ်နေ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ညွှန်ပြမှုကြောင့် မိုးကုတ်ဆရာတော်ကြီးရဲ့ တရားခွေတချို့ကို ရရှိခဲ့ပါတယ်၊ ငါ့ရောဂါတွေ ပျောက်တော့မှာပဲပေါ့ ဆိုပြီး၊ ၀မ်းသာအားရနဲ့ စတင်နာကြားလိုက်ပါတယ်၊ ဒကာဒကာမတို့ စဉ်းစားကြည့်ပါ သြကာသတောင်မရတဲ့သူ ဆရာတော်ကြီးရဲ့ သစ္စာတရားတော် ပဋိစ္စသမုပ္ပါဒ်တရားတော် သူ့ခမျာ ဘာတွေမှန်းတောင်မသိဘူး၊ စိတ်ကိုရှုပ်ရော၊ တဖက်ကလဲ သေလောက်တဲ့ရောဂါ၊ တဖက်ကလဲ ဘာမှန်းကိုမသိတဲ့စကားတွေ (ဆရာတော်ကြီး တရားတော် မကောင်းဟု မဆိုလိုပါ)။ အကြောက်တရားကြီးကို အခြေခံလို့ နားမလည်တဲ့တရားခွေကို အကြိမ်ကြိမ် အထပ်ထပ်နာကြားပြီးနောက် တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။ ဒါ့ကြောင့် ဘုန်းကြီးက ဒကာမကြီးကို စသလိုပြောခဲ့တာပါ၊ (ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်း၍ မဟုတ်ပေမဲ့ သိခဲ့ပါပြီ) လို့။ ဒီလို ဆရာတော်ကြီးရဲ့ တရားခွေတွေ သူလေ့လာတာ ၁၀-ပုဒ် ၁၅-ပုဒ် မဟုတ်ပါဘူး အပုဒ်ပေါင်း အစက အဆုံး ၁၂၀၀-ကျော်ပါတယ်၊ အကြိမ်ကြိမ်နာကြားပါတယ်။ ဘာထူးလာသလဲ ဆိုတော့ ရောဂါက ပိုလို့ ဆိုးဆိုးလာပါတယ်။ ဒါဘေမဲ့ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ကောင်းမွန်လာပါတယ်။ တရားအမှန် အမှန်တရားကို သိလာကြတဲ့သူများဟာ ကြောက်ရွှံ့မှုတွေ နည်းလာတတ်ပါတယ်။ (ကိလေသာအားကြီးလွန်းပြီး ကြောက်ရွှံ့မှုမရှိသလို ဖြစ်တတ်တာမျိုးကိုတော့ မပြောလိုပါ) ဒီအချိန်မှာ ဘုန်းကြီးနဲ့စတွေ့ပါပြီ၊ သူနာတဲ့တရား သူခံစားရတဲ့ လက်ရှိ တရားအနေ အထားတွေ ရောဂါအပေါ်မှာ ခံစားနေရတာတွေ ပြောပြပါတယ်၊ ကိုယ်လည်း သိသလောက်ပြန်ရှင်းပြ၊ မသိသေးတာ လေ့လာပြီး ပြောပြပေါ့။ ကျောင်းလာပြီဆို ပြန်သည့် အချိန်ထိ တရားစကားပဲ ပြောတာများပါတယ်။

တနေ့မှာတော့ ရောဂါကလည်းဆိုးလာတော့ မေးကြည့်ပါတယ်၊ ဒီမှာကလည်း ခေတ်စားတာ၊ လိုအပ်လာရင် ၀က်အရှင်က နှလုံးသော်လည်းကောင်း၊ လူလုပ်ထားသော နှလုံးသော်လည်းကောင်း လဲကြတယ်လို့ သိရပါတယ်။ ဟုတ်မဟုတ်တော့ နားမလည်ပါ။ ပြောလိုသည်ကတော့ ဒကာမကြီးကို မေးပါတယ်၊ ဒကာမကြီး ရောဂါကလည်းဆိုးတော့ သေနိုင်တယ်၊ ၀က်အရှင်ရဲ့ နှလုံးနဲ့ လဲရမယ်ဆို လဲမှာလားလို့ မေးကြည့်ပါတယ်။ ဒီတော့ တပည့်တော်ကြောင့် သေသေချာချာ မွေးမြူထားတဲ့ သတ္တ၀ါလေးတကောင် သေပြီးတော့မှ လဲရမှာမို့ မလဲတော့ပါဘူး အရှင်ဘုရားတဲ့။ (ဒီမှာလဲ ဘုန်းကြီး အမြတ်ထုတ်ပါတယ် လူသားတစ်ဦးကတောင် ဒီလိုခံယူနိုင်သေးတယ် ငါတို့က ဘုန်းကြီးတွေ ကြိုးစားရမှာပါလားလို့) (ဘုန်းတော်ကြီးများ ရွှေငွေ မကိုင်ရတာကတော့ သိကြပြီးသားပါ၊ ခန္ဓာကိုယ်တွင်း ကျန်းမာရေးအရ ထည့်၍ ရမရတော့ မသေချာသေးပါ သေချာလေ့လာရပါဦးမယ်၊ မရလျှင်တော့ မသုံးဘူးလို့ ဆုံးဖြတ်ထားပါတယ်၊ ဘ၀ဆိုတာ ပြောနိုင်ခက်လှပါတယ် ဟတ်လား...။ ဒကာမတွေက သတ္ထုပါဘုရားဆိုပြီး လိမ်ပြောကြရင်တော့ သူတို့အပိုင်းပေါ့၊ စကားပြစ်တာမဟုတ်ပါနော်...။)

ဒီဒကာမကြီးအကြောင်း အသာထားလို့ ဒို့တတွေမှာများ ဒီလိုဖြစ်လာရင်?
အရေးကြီးပါတယ်၊ ဘယ်အချိန်ကြမှများ ...
သူတော်ကောင်းအမည်ခံပြီး သီလ သမာဓိ ပညာတွေကို ကျင့်ကြမှာပါလဲ...။
နေကြရမဲ့ အချိန်တွေက သိပ်နည်းကြပါတယ်...။
စိတ်ကလေး တစ်စိတ် ဖြစ်တည်ပြီး ပျက်တာ တစ်ဘ၀ပါ...။
ရုပ်ကလေး တစ်ခု ဖြစ်တည်ပြီး ပျက်တာ တစ်ဘ၀ပါ...။
ဒီလို တစ်ဘ၀လေးတွေတိုင်း တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေ...။

ယှဉ်ပြပါ့မယ်လေ...
တခါတရံ ယှဉ်ပြမှ မြင်တတ်ကြပါတယ်...၊
တစ်ဦးကတော့ လဲလိုက်တယ်လို့ သိရပါတယ်...။

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၎.၂၄.၂၀၀၉

ဒါကနောက်ရေးဖို့ စိတ်ကူးပါ...

တစ်နေရာမှာ အမျိုးသမီးတစ်ဦး ခွေခွေခေါက်ခေါက်ပုံလေး တွေ့လိုက်ရတော့...
ဒကာဒကာမတို့မြင်ရင် ဘယ်လိုနှလုံးသွင်းမလဲတော့ မသိပါ... တိုက်ကြည့်ပေါ့...
ဘုန်းကြီးရဲ့အတွေးနဲ့...

အကြောင်းအရာ စာမဖတ်ရသေး... ပုံကြည့်ပြီးစဉ်းစားတာက
ဘုန်းကြီးစိတ်ထဲမှာ သြ... ပဋိသန္ဓေနေရဦးမယ်ဆို မိခင်ဝမ်းခေါင်း ကျဉ်းကျဉ်းလေးထဲ ဒီလို ကြပ်ကြပ်သပ်သပ်နဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်ဦးမှာပါလားလို့ တွေးမိပြီး ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲ၏... ဒီလိုရေးချင်စိတ်ပေါ်သွားတာပါ...

ဒါကနမူနာပါလေ... ရေးဖြစ်တဲ့အခါ ဖတ်ကြဦးပေါ့...

အဲဆိုဒ်မှာရေးတဲ့စာတွေက မိဘက သမီးအပေါ်ထားတဲ့ မေတ္တာ...
နောက်တဆင့် သမီးဖြစ်သူက မွေးဖွားလာမဲ့ ရင်သွေးလေးအပေါ်ထားတဲ့မေတ္တာ...
မိခင်မေတ္တာ ခံစားချက်တွေပါ အရေးကောင်းလို့လားတော့ မပြောတတ်ပါ...

နောက်တဆိုဒ်ကတော့...
ပရွက်ဆိတ်ကလေးထံမှ ရယူရမဲ့ ကောင်းသောအလေ့အထလေးတွေ ဖတ်ရတော့ ကျောင်းရှေ့မှာ အာ့ အာ့ နဲ့ အော်နေတဲ့ ကျီးကန်းထံက အတုယူရမယ့် အကြောင်းတွေ သတိရစေတယ်၊ တရားတော်မှာ အများကြီးပါဘဲ ခေါင်းထဲမှာ တန်းစီပေါ်လာတဲ့တရားတွေ...

ရေးချင်တာတွေ များလာသလိုပဲနော်...၊
ကြားဖူးတာတစ်ခုကတော့၊ ပျက်ကာနီးကားက မောင်းလို့ပိုကောင်းတယ်တဲ့...။

တခါတရံမှာ ဘာမှန်းမသိတဲ့စာတွေ နည်းနည်းစီ ပါနိုင်ပါတယ်။ ဖြတ်တောက်ပြီးသိမ်းထားပါ၊ တချိန်ကြမှ အားလုံးပြန်ဆက် အဓိပ္ပါယ်ရှိချင်ရှိလာမှာလေ...။ အလုပ်ပေးလိုက်ဦးမယ်။

ည ၁၁-နာရီ ၂၂-မိနစ်ရှိပါပြီ...။

Read more...

ခွက်လက်စွဲလျက် အသက်မွေးရခြင်းကား...

ဇီဝိကသုတ်- (အသက်ရှည်ခြင်း၊ အသက်မွေးခြင်း)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏၊ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် ''ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏'' ဟု အဆဲရေး ခံရတတ်၏၊ ထိုသို့ပင် ဆဲရေး ခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသားတို့သည် အကျိုး ရှိမှုကို စွဲ၍ ထိုဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏၊

မင်းအနှောင်အဖွဲ့ ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
သူခိုးတို့ ဖမ်းယူ နှောင်ဖွဲ့ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ကြွေးမြီ နှိပ်စက်ခံရသည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ဘေးနှိပ်စက်ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
အသက်မွေးခက်သည် ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...။

စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာ ယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာ ဝဋ်တွင်းသို့ သက်ဆင်း ကျရောက်ကုန်၏၊ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်း သည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာ ဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက် ခဲ့ကြကုန်၏၊ ရဟန်းတို့ အမျိုးကောင်းသားသည် ဤသို့ နှလုံးသွင်း၍ ရဟန်းပြုခဲ့၏၊ သို့ပင် ဖြစ်ငြားသော်လည်း ဤအမျိုးကောင်း သားသည် အဘိဇ္ဈာများ၏၊ ကာမဂုဏ်တို့၌ အားကြီးသော ရာဂရှိ၏၊ ဖောက်ပြန် သော စိတ်ရှိ၏၊ ပြစ်မှား လိုသော စိတ်အကြံရှိ၏၊ လွတ်သော သတိရှိ၏၊ ဆင်ခြင် ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ မစောင့်စည်းသော ဣနြေ္ဒရှိ၏၊ ရဟန်းတို့ (အရင်းအဖျား) နှစ်ဖက်၌ မီးလျှံစွဲငြိ၍ အလယ်၌ မစင်လိမ်းသော သူကောင် ဖုတ်ကြွင်း ထင်းမီးစသည် ရွာ၌လည်း ထင်းအဖြစ်သို့ မရောက် တော၌ လည်း အသုံးမကျ သကဲ့သို့ ရဟန်းတို့ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးလည်း မပြည့်စုံသည် ဖြစ်ရကား ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါဘုရား ဟော၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။

ယုတ်မာသော သဘော ရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန် သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့ သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင် သော သံတွေခဲကို စားရခြင်းကသာ၍ ကောင်းမြတ်သေး၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ ၉၁

၂ - ဇီဝိကသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အတွေ့ ချင်ဆုံး လူ(၁၀)ယောက်


အခုတလော စာရေးချင်ပေမဲ့ မအားလွန်း ကံဇတ်ဆရာစီရင်ဖန်ဆင်းအပ်သော၊ ဘ၀ဇာတ်ခုံပေါ် တွင်၊ ကျနော်သည် ခုနှစ်ထွေအကကို ပိုင်နိုင်အောင် ကနေရသည်မို့၊ ခုဘီလူး တော်ကြာရသေ့ နောက်တဖန် ဇော်ဂျီ… စသည့်ဇတ်ရုပ်များကို ကျရာအရုပ်အဟုတ်တူအောင် ကနေရင်း နဲ့ ပဲ၊ ဘလော့မလည်ြုဖစ်၊ စာမဖတ်ဖြစ်…ပိုဆိုးတာက မြန်မာ ပြည်ကြီး၏ မဟာကွန်နက်ရှင်၊ …ထား ပါတော့လေ.. သည်မျှသုံးနေရသည်ကိုပဲ.. ကျေးဇူးတင်နေရပါသည်။

မကလျာက(မေတ္တာရောင်ပြန်)က တက်ဂ်ထားတဲ့ အတွေ့ ချင်ဆုံးလူ…အဲ(၁၀) ယောက်ထဲ ဆိုတော့ ရေးရကျပ်နေပြန်သည်၊ တကယ်တွေ့ ချင်နေတာက အား လုံးကိုပါ၊ ရေးဖေါ်ရေးဖက် အား လုံးကိုတွေ့ ချင် ပါသည်၊ ကျနော့် စိတ်ထဲမှာ အား လုံး ကို တကယ့် မောင် နှမလို ပဲတွေ့ ချင်ပါသည်၊ မောင်နှမတွေ မိတ်ဆွေတွေ..ကလျာဏမိတ်တ္တတွေ.. ထိုထက်ပိုပြီးပြောရလျှင် အတူတကွ သံသရာ ခရီးသွားဖေါ်များ ဟုဆိုသော်… ဆိုကောင်းပါ၏။

ကလျာဏမိတ္တ..ရှင်တော်ဗုဒ္ဓက ..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု ဆို၏

ထိုမလွဲသောစကားဖြင့် မိတ္တဂုဏ်ကိုချီးမွမ်း၏.. သို့သော်ကလျာဏမိတတသာလျင်… ကလျာဏကို၊ ပါဠိအဘိဓာန်တွေ ထဲမှာ နာမ၀ိသေသနအဖြစ်(၈)မျိုး၊ နာမ်အဖြစ်(၄)မျိုး ဖွင့်ကြောင်းကိုဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က ရေး ထား ဖူး သဖြင့် မှတ်မိနေသည်၊

ကလျာဏမိတ္တကို အဆွေ ခင်ပွန်းကောင်းဟု ပြန်၏၊ ထို ခင်ပွန်းကောင်တွေကို ကျနော် တွေ့ ချင် ပါသည်၊ မ်တ်ဆွေကောင်းတွေ နဲ့ ပက်သက် လို့ ပိဋကတ်တော်တွေ ထဲမှာ ဖတ်ဖူး ပါသည် လက်လှမ်း မှီသလောက် ပေါ့လေ။ ကျနော်ကိုယ်တိုင် ကလာည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေသည်။ သို့သော် မဖြစ် သေးဟုထင်၏၊ မိတ်ဆွေကောင်း မဟုတ် တောင်မှ။

အညဒတ္ထုဒရ မည်သော အပေးမရှိသည့် မိတ်ဆွေတု။

ဝစီပရမ မည်သော နုတ်ဖြစ်သာပေးလေ့ရှိသော မိတ်ဆွေတု

အနုပီယဘာဏီ မည်သော အကြိုက်လိုက်ပြီးမြှေက်ပစ်ပြောဆိုတတ်သော မိတ်ဆွေတု။

အပါယသဟာယ မည်သော ပျက်စီးရာ ပျက်စီးကြောင်းတို့ တွင်သာ ပေါင်း ဖေါ်တတ်သော
မိတ်ဆွေတု..တော့ မဖြစ်လို။

ကျနော့်အတွက်တော့ ကျနော်မိတ်ဆွေများအာ လုံးသည်၊
ဥပကာရ မည်သော အကျိုးပြုမိတ်ဆွေများ

သမာနသုခ ဒုက္ခမည်သော အေးအတူပူအမျှနေတတ်ကြသည့် မိတ်ဆွေ

အတ္ထက္ခာယီ မည်သော အကျိုးစီးပွားရှိရာအကြောင်း ကို သာပြောတတ်သော မိတ်ဆွေ

အနုကမ္ပကမည်သော အစဉ်သနာ စောင့်ရှောက်တတ်သော မိတ်ဆွေ များ ဟု ကျနော်ဆို ပါသည်။

ထိုမိတ်ဆွေများအား လုံးကို ကျနော်တွေ့ ချင် ပါသည်… သို့သော် မူလ တဂ်သော ဆရာက (၁၀) ယောက်သာ ဟုဆိုချေသောကြောင့်……..။

အစ်ကိုကြီးမင်ဒင်

ကိုလူလှ
ကိုသင်ကာ

ညီလေးအလှတရား
ညီလေးဖိုးသား

မသက်ဇင်
တူမတော်မက်မက်
ညီမတော် ပင့်ဂိုးလ်
မသဇင်ဏီနဲ့

ကျနော်က နတ်သမီး လို ခေါ်တတ်တဲ့ နတ်သမီး ဘလော့ ပိုင် ရှင် ၀င်း ၀င်း တို့ ပါ

အရမ်းစာရေးကောင်းတဲ့ အကိုတွေ ညီတွေ ညီမတွေ အမ တွေရှိသေးတယ် နော် နောက် လာ မယ် ပေါ့ပေါ့လေးတွေ ကို ရင် ထဲရောက် အောင်ရေးတတ် ကျ သူတွေရေ….

ငြိမ်းချမ်းကြ ပါစေ။

Read more...

သင်္ဂါယနာတင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာ

သင်္ဂါယနာဆိုသည်မှာ (သံ+ဂါယနာ၊ သံ=စုပေါင်း၍၊ ဂါယနာ=ရွက်ဆိုခြင်း) အားလုံး စုပေါင်း၍ ရွက်ဆိုကြခြင်း ကိုဆိုလိုပါသည်။

-ပထမသင်္ဂါယနာကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီး(၇) ရက်အကြာ၌ အာတုမရွာသား ဆတ္တာသည်မျိုး သုဘဒ္ဒါတောထွက် ရဟန်းကြီးတစ်ပါးက မြတ်စွာ ဘုရားရှင်အား ထိပါးစော်ကားစွာ ပြောဆိုသည်ကို ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ကြားတော်မူသည်။ ထို့ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီး (၄) လအကြာမြန်မာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ)တွင်ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းလက်ထက်၌ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း (၅၀၀)နှင့်အတူ နှုတ်တိုက်ရွက်ဆို၍ ပထမသင်္ဂါယနာတင်ခဲ့ပါသည်။

- ဒုတိယသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၁၀၀ (၄၄၄ဘီစီ)တွင်ရဟန်းအချို့ငွေအလှူခံမှုကြောင့် ဝေသာလီပြည် ကာလာသောကမင်း လက်ထက်၌ ရှင်မဟာယသ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း (၇၀၀)နှင့် နှုတ်တိုက်ရွက်ဆိုပြီး သင်္ဂါယနာတင်ခဲ့ပါသည်။

- တတိယသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၂၃၅ ခုနှစ် (၃၀၉)ဘီစီတွင် သာသနာတော်ကို တိတ္တိတို့ဝင်ရောက် နှောက်ယှက်မှုကြောင့် ပါဋ္ဋလိပုတ်ပြည် အသောက မင်းကြီးလက်ထက်၌ အရှင်မောဂ္ဂလိ ပုတ္တတိဿ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာအရှင်မြတ်ကြီးပေါင်း( ၁၀၀၀)နှင့်နှုတ်တိုက်ရွက်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။

- စတုတ္ထသင်္ဂါယနာကို မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ် (၉၄ဘီစီ)တွင် သီဟိုဠ်ကျွန်း ၀ဋ္ဋုဂါမဏိမင်း လက်ထက်၌ ရှင်မဟာဓမ္မရက္ခိတ ကိုယ်တော်မြတ်ကြီးဦးဆောင်၍ ရဟန္တာတော်အရှင်မြတ်ကြီး (၅၀၀)ဖြင့် ပိဋ္ဋကတ်တော်များကို ပေရွက်တွင် ရေးသား၍စ တုတ္ထသင်္ဂါယနာ တင်ခဲ့ပါသည်။ ပေရွက်ပေါ်တွင် ရေးသားရခြင်းမှာ သီဟိုဠ်ကျွန်းတွင်“ဗြဟ္မဏတိဿ” သူပုန်ဘေးကြီးကြောင့် လူအများလည်းတောထဲ၌ ပုန်းအောင်းနေရသောကြောင့် ဆွမ်းဘောဇဉ်ကို မဆိုထားနဲ့ စားကောင်းစားရာ သစ်သီးသစ်ရွက်ကိုမျှ မှန်မှန် လှူနိုင်သူမရှိသဖြင့် ကျမ်းတတ်အကျော်ဆရာတော်တို့သည်အစာအဟာရကိုမျှမျှတတ မရကြသဖြင့် နှုတ်တိုက်ဆောင်ထားသော ကျမ်းဂန်များ မေ့မည်စိုးသောကြောင့် ရေစိုသောသဲပေါ်တွင် လဲလျောင်း၍ ရင်မပူအောင် ရင်ဘတ်ပေါ်တွင် သဲတင်၍ပိဋ္ဋကတ်တော်များကို ရွတ်အံသရဇ္ဇျာယ် ခဲ့ကြသည်။ နောင်အခါ ဤဘေးဆိုးမျိုး ပေါ်ပေါက်လျှင် နှုတ်တက်ဆောင်ရန် ခဲယဉ်းမည်စိုးသဖြင့် ပေရွက်ပေါ်တွင် ရေးသားခဲ့ရခြင်းဖြစ်ပါသည်။

- ပဉ္စမသင်္ဂါယနာကို ပေပုရပိုက်တို့ထက် ပိုမိုတည်တံ့ခိုင်မြဲရေး၊ မူကွဲအမျိုးမျိုး ရှိသည်ကိုစည်းလုံးညီညွတ်စွာ ရှိရေးကိုရည်ရွယ်၍ မြန်မာသက္ကရာဇ် ၂၄၁၂-၂၄၁၅ မြန်မာနိုင်ငံ မန္တလေးမြို့ မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဆရာတော်ကြီး သုံးပါးနှင့် လူပုဂ္ဂိုလ် ခြောက်ဦးတို့ဦးဆောင်၍ သံဃာတော်၂၄၀၀ဖြင့် ကျောက်ပြားရေ (၇၂၉)ချပ်ပေါ်၌ ပိဋ္ဋကတ်သုံးပုံကို ရေးတင်၍ ကျောက်ထက်အက္ခရာ တင်ခဲ့ပါသည်။ ဦးဆောင်ဆရာတော်ကြီးသုံးပါးမှာ (၁)တောင်ဆောင်မိဖုရားကြီး၏ဆရာ-ဇာဂရာဘိဝံသ တိပိဋ္ဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု (၂) မြတောင်မြို့စား သေနက်ဝန်ကြီးဆရာ-နရိန္ဒာဘိဓဇသိရိ သဒ္ဓမ္မဇောတိပါလ ဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင်ဝန်တိုက် ဆရာတော်သုမင်္ဂလ သာမိသီရိပ၀ရမဏိဓဇ မဟာဓမ္မရာဇဓိရာဇဂုရု အရှင်မြတ်ကြီးများဖြစ်ပါသည်။
- ဆဋ္ဌမသင်္ဂါယနာကိုမြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် (၁၉၅၄)တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဒေါက်တာဘဦးနှင့် ၀န်ကြီးချုပ်ဦးနု အမှူးပြုသော ဒါယကာတို့၏ အထောက်အပံ့ဖြင့် ရန်ကုန်မြို့ရေကူးရပ် သိရိမင်္ဂလာကုန်းမြေအတွင်း ရာဇဂြိုဟ်ပြည်တွင် ပထမသင်္ဂါယနာတင်စဉ်က စရည်းပင်ပေါက်ရာ လိုဏ်ကြီးကိုရည်ရွယ် ဆောက်လုပ်သည့် ဆဋ္ဌသံဂီတိမဟာပါသာဏဂုဟာခေါ်-လိုဏ်ဂူတော်ကြီးတွင် ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဆဋ္ဌသံဂါယနာ သြ၀ါဒစရိယ သံဃနာယကအဖွဲ့ကြီးနှင့် ဆဋ္ဌသံဂါယနာဝန်ဆောင် သံဃာအဖွဲ့ကြီးများ၏ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တော်ရ ညောင်ရမ်းဆရာတော် ဘုရားကြီးဦးဆောင်၍ ပြည်တွင်းမှသံဃာတော်ပေါင်း ၂၄၇၃ ပါး၊ ပြည်ပမှ ၁၄၄ ပါးနှင့် မြန်မာ၊သီဟိုဠ်၊ယိုးဒယား၊ကမ္ဗောဒီးယား၊လော ငါးနိုင်ငံစုပေါင်းတည်းဖြတ်၍ စက္ကူစာအုပ်များအဖြစ်ရိုက်နှိပ်ပြီး ကမ္ဘာအရပ်ရပ်သို့ မြတ်စွာဘုရားရှင် ဟောကြားတောမူခဲ့သော တရားတော်များကို ပျံ့နှံ့စေလိုသော ရည်ရွယ်ချက်ဖြင့် ပုံနှိပ်ရိုက်ပြီး ဆဋ္ဌသင်္ဂါယနာကိုတင်ခဲ့ပါသည်။

Read more...

လူလေးမျိုး...

လူလေးမျိုးတဲ့.. ။ လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။ လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့.. အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ လူ(၄)မျိုးက ဘာတွေလဲဆိုတော့…
(၁) လူ့ငရဲသား
(၂) လူ့တိရစ္ဆာန်
(၃) လူ့ပြိတ္တာ
(၄) လူ့ ပရမတ္တ ပါပဲ။


လူ့ငရဲသား ဆိုတာကတော့…။ တချို့ လူတွေဟာ လူတော့ ဖြစ်လာကြပါတယ်။ ဒါပေမယ့် ဘသာရေးနဲ့ ပါတ်သတ်ရင် ဘာဆိုဘာမှ မသိ.. စိတ်လည်းမ၀င်စား.. ကိုယ့်အဘိုး၊ အဘွား၊ အဖေ၊ အမေတွေက ဗုဒ္ဓဘာသာတွေ ဖြစ်လို့သာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။ တရားစာပေလည်းမဖတ်၊ တရားလည်းမနာ၊ သံဃာတော် မြတ်တွေဆီ တရားတွေ မေးမြန်းရမှန်းလည်းမသိ၊ ကုသိုလ်ဆိုတာကို ဘယ်လိုမှ စိတ်မ၀င်စားပါဘူး။ လူ့ဘ၀ရဲ့ အနှစ်သာရကို လုံးဝနားမလည်ပဲနဲ့ စီးပွားတွေ မတရားတဲ့နည်းနဲ့ ရအောင်ရှာပါတယ်။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ကောင်းစားရင်ပြီးရော လိမ်ညာပြီးတော့ စီးပွားတွေ ရှာပါတယ်.. ရလာတဲ့ ဥစ္စာပစ္စည်းကိုလည်း ကုသိုလ်ဖြစ်စေမယ့် နေရာတွေမှာ အသုံးမပြုဘဲ အကုသိုလ် ဖြစ်မယ့် နေရာတွေမှာသာ သုံးဖြုန်းပြစ်ပါတယ်။ နောက်ဆုံး မကောင်းတဲ့ အသက်မွေးဝမ်းကြောင်း နဲ့ လုပ်ကိုင်တဲ့အတွက် ရာဇ၀တ်မူသင့်ပြီး ထောင်ကျတဲ့ဘ၀ကို ရောက်ရပါတယ်။ ထောင်ကျတော့လည်း ကျွန်လို တိရိစ္ဆာန်လို အခိုင်းခံရ..။ ထောင်ကျသွားပြီဆိုတော့.. သူတို့တွေဟာ ငရဲပြည်မှာ ငရဲကျတဲ့သူတွေလိုပါပဲ.. ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ ကုသိုလ်တရားတွေ ဘယ်လိုမှ လုပ်ခွင့် မရကြပါဘူး။ လူ့ဘ၀ကိုသာ ရလာတယ်.. လူ့ဘ၀ရဲ့ အနှစ်သာရကို ဘာတစ်ခုမှ သိမသွားလိုက်ရဘဲ.. ငရဲသားအဖြစ်မျိုးနဲ့ ဘ၀ကို ဆင်းရဲပင်ပန်းစွာ ပေးဆပ်ပြီး နေထိုင်သွားပါတယ်။ ဒီလိုလူမျိုးကိုတော့ ဘုရားရှင်က လူ့ငရဲသားလို့ ဟောကြားခဲ့ပါတယ်။

လူ့တိရိစ္ဆာန် ဆိုတာကတော့..။ ဒီအချက်ကတော့ ရှင်းပါတယ်..။ တိရစ္ဆာန်လိုပါပဲ.. အိပ်တယ် စားတယ် ကာမဂုဏ် ခံစားတယ်.. ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေ ဘာမှမလုပ်ပါဘူး။ စီးပွားတွေတော့ ကြီးပွားအောင်ရှာပါရဲ့..။ ဒါပေမယ့် ရရှိလာတဲ့ ငွေကြေးကို အိပ်၊ စား၊ ကာမ ဆိုတဲ့ သုံးခုအတွက်ပဲ အသုံးချတယ်။ ဒီသုံးခုကလွဲရင် ကုသိုလ်အလုပ် ဘာမှ မလုပ်ပါဘူး။ အဲ့လို လူစားမျိုးကိုတော့ ဘုရားရှင်က လူအစစ် မဟုတ်ပါဘူးတဲ့.. လူ့တိရစ္ဆာန်လို့ ဟောကြားခဲ့ပါတယ်။ ဆရာတော် အရှင်ဇ၀န ဟောပြဆုံးမထားတဲ့ စာသားလေးနဲ့ လူနဲ့တိရစ္ဆာန် ခွဲခြားတာလေးကို ဖော်ပြလိုပါတယ်..

လူနဲ့တိရစ္ဆာန် ခြားနားဟန် နှစ်တန်သိရမည်
အိပ၊် စား၊ ကာမ သိရုံမျှ မှတ်ကြလူမပီ
အကုသိုလ်ပါယ် ကုသိုလ်ဆွယ် တကယ်လူပီသည်
လူမပီက အပါယ်ကျ ဒုက္ခမလွတ်ပြီ
လူပီနေက ချမ်းသာရ ရောက်ရနိဗ္ဗာန်ဆီ တဲ့။

လူ့ပြိတ္တာ ဆိုတာကတော့..။ ပြိတ္တာလို့ ဆိုလိုက်ပြီဆိုရင်ကို တစ္ဆေ၊ သရဲ၊ မှင်စာ၊ ဥစ္စာစောင့် အားလုံးဟာ ပြိတ္တာထဲမှာ ပါပါတယ်။ ပြိတ္တာတွေဟာ သူတို့ဝမ်းရေးကို တစ်သက်လုံး ပင်ပန်းဆင်းရဲစွာနဲ့ ရှာစားကြရတာပါ။ နောက်ပြီး ဘယ်တော့မှလည်း အစားဝတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ သူတို့ဟာ ကောင်းကောင်းမွန်မွန် မစားရဘဲနဲ့ လူတွေထွေးတဲ့ တံတွေးတွေ နှပ်တွေ သလိပ်တွေ ကောက်စားရတာပါ။ ၀မ်းရေးတစ်ခုကိုပဲ ရှာစားကြရင်းနဲ့ သေသွားကြရတာပါ။ ဘာကုသိုလ်မှလည်း လုပ်သွားလို့ မရလိုက်ပါဘူး။ ဒီလိုပါပဲ.. တချို့ လူသားအချို့ဟာလည်း ဆင်းရဲပင်ပန်းစွာ ဘ၀ကို ဖြတ်သန်း ရပါတယ်။ ဆင်းရဲပင်ပန်းတာနဲ့ အမျှ ကုသိုလ်တရားတွေမေ့ပြီး ၀မ်းရေးတစ်ခု အတွက်ပဲ လုံးပန်းကြပါတယ်။ ၀မ်းဝရုံတမယ် စားရတဲ့အတွက်လည်း ဘာဒါနမှ လုပ်မသွားနိုင်ပါဘူး.. ဘာကုသိုလ်မှလည်း လုပ်မသွားနိုင်ပါဘူး။ ဆင်းရဲဒုက္ခတွေ များတဲ့အတွက် ၀မ်းရေးရှာပြီး ဘ၀ကို နိဂုံးချုပ် သွားကြရပါတယ်။ ဒီလိုမျိုး.. ဆင်းရဲဒုက္ခပေါင်း များစွာနဲ့ ၀မ်းရေးတစ်ခုပဲရှာပြီး ကုသိုလ်အလုပ် လုပ်မသွားတဲ့ လူမျိုးကျတော့ ဘုရားရှင်က ဟောကြား ထားခဲ့ပါတယ်။ လူ့ပြိတ္တာပါတဲ့။

နောက်ဆုံး လူစစ်စစ်ကတော့ လူ့ ပရမတ္တပါ။ လူ့ပရမတ္ထ ဆိုတာကတော့ စီးပွားရေးကို သမာအာဇီဝ ကျကျရှာတယ်။ မတရားတာဆို ဘာတစ်ခုမှ မလုပ်ပါဘူး။ ကောင်းတဲ့ သမာအာဇီဝလုပ်ငန်းနဲ့ စီးပွားကို သမာသမက်ကျကျ ရှာဖွေတယ်။ ဒီအချက်ထဲမှာ သမာအာဇီဝအကြောင်း ပြောမယ်ဆိုတော့ မိစ္ဆာအာဇီဝဆိုတာလေး ပြောပြလိုပါတယ်။ မိစ္ဆာအာဇီဝ (၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း၊ (၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း၊ (၃) သားငါးများ ကုန်ကူးခြင်း၊ (၄) အရက်သေစာများ ကုန်ကူးခြင်း၊ (၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန်လူများ ကုန်ကူးခြင်း ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအထဲက လွတ်သွားပြီ ဆိုပြီးလည်း သမာအာဇီဝကျပြီလို့ ယူစလို့ မရပါဘူး။ မိမိသူတစ်ပါး နှစ်ဦးစလုံး နစ်နာစေမယ့် စီးပွားမျိုးဆိုရင်လည်း မိစ္ဆာအာဇီဝ ဖြစ်ပါတယ်။ ဥပမာ.. စားသောက် ကုန်ဆိုင်ဖွင့်ပြီး ပစ္စည်းဈေးတွေ မတန်တဆ ဈေးတင်တာတွေ.. ပစ္စည်းအတုကို အစစ်ဆိုပြီးတော့ ရောင်းတာတွေ.. နောက်ပြီး သူတစ်ပါးတွေကို လိမ်ညာပြီး မကောင်းတာကို အကောင်းပါလို့ ပြောပြီး ရောင်းတဲ့ဟာတွေ.. ဒါတွေ အားလုံးဟာ ဒီမိစ္ဆာအာဇီဝထဲမှာ အကျုံးဝင်ပါတယ်။ ဒီလောက်ဆို အားလုံးကို ချဲ့တွေးလို့ ရလောက်ပါပြီ။ ကဲ.. လူ့ပရမတ္တ အကြောင်းလေး ဆက်ရအောင်။ လူ့ပရမတ္တကတော့ စီးပွားရှာရတဲ့ အကြောင်းကို သေချာနားလည်တယ်လို့ ပြောလို့ရပါတယ်။ သူကတော့ စီးပွားရှာရတာကို ဘယ်လို နားလည်လည်းဆိုတော့.. ဒီစီးပွားရှာရတဲ့ အကြောင်းကိုက ဒါနပြုဖို့.. သာသနာကို အကျိုးပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်.. နောက်ပြီး… ဒီဥစ္စာတွေဟာ တစ်ဘ၀ပဲ သုံးရတာဆိုတာ သိပြီးတော့ သံသရာထိပါအောင် ယူသွားတတ်တဲ့သူပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကို နားလည်ပြီးတော့ မိမိသူတစ်ပါး အကျိုးရှိအောင် လုပ်ဆောင် သွားတဲ့လူ…။ အဲ့လိုမျိုး စီးပွားရော ကုသိုလ်ရော နှစ်မျိုးလုံးတိုးပွားအောင် ကြိုးစားပြီး ဘ၀ကိုအကျိုးရှိရှိ အသုံးချတဲ့ လူကိုတော့ … ဘုရားရှင်က လူ့ပရမတ္ထလို့ ဟောပြ ဆုံးမထားပါတယ်။

ဒီလောက်ဆိုရင် ကျနော်တို့တွေဟာ လူလေးမျိုးအကြောင်း သိသွားပါပြီ။ သိသွားပြီဆိုရင် ကိုယ်ဟာ ဘယ်လိုလူထဲမှာ ပါတယ်ဆိုတာကို စဉ်းစားဆင်ခြင်လိုက်ပါ။ စဉ်းစားပြီးပြီ ဆိုတာနဲ့.. လူလေးမျိုးထဲမှာ ဘုရားရှင် သာဓုခေါ်တဲ့ လူ့ပရမတ္ထစစ်စစ် ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ လူ့ဘ၀ရဲ့ အနှစ်သာရကို တကယ်နားလည်ပြီးတော့… လူ့ပရမတ္ထစစ်စစ်ဖြစ်အောင် ကြိုးစားရင်း.. တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် ကြိုစားကျင့်ကြံရင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ဆုံး တက်လှမ်းနိုင်ကြပါစေ…။။။

Read more...

လှတဲ့ဘ၀လေး မသေစေနဲ့... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...


နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

လှတဲ့ဘ၀လေး မသေစေနဲ့...



ဒီတရားနှစ်ပုဒ်က တခြားစီပါ...

ယူနိုင်သူများအတွက် ဆုံးမစကားလေး ဖြစ်သွားနိုင်လို့ တွဲပေးလိုက်တာပါ...


Read more...

အမိ အဖကို ရိုက်နှက်သောသူသည်

ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက် သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်*၁*သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်း မှုကိုလည်း ဖြစ်ပွါးစေ၏။


အဘယ် နှစ်မျိုး တို့နည်း ဟူမူ–

အမိ လည်းကောင်း၊ အဖ လည်းကောင်း တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (ရိုက်နှက် သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ် နှစ်မျိုးတို့၌ (လုပ်ကျွေး ပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း*၂*သည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ် မရှိသူ လည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ–

အမိ လည်းကောင်း၊ အဖလည်းကောင်း တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (လုပ်ကျွေး ပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့် ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ် မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကို လည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။137-7

အာယာစန၀ဂ်-မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*၁* မိတ္တဝိန္ဒကနှင့် အဇာတသတ် စသည်။
*၂* သုဝဏ္ဏသာမနှင့် ဃဋိကာရ စသည်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း

အကျိုးကိုဆင်ခြင်ပါ

ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် ကိုရ၏. အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏။ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့ရော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။

လောက၌ ငွေတရာ တစ်ထောင် ရဖို့ဆိုလျှင်ပင် ခဲယဉ်းစွာ အားထုတ်ရသည် မဟုတ်ပါလော။ ၇- ရက် ၁၅- ရက် တစ်လ စသည်ဖြင့် ပြည့်စုံစွာ အားထုတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည့် လုပ်ငန်းကို အဘယ်ကြောင့် အားတက်သရော မလုပ်နိုင်ပါအံ့နည်း။

တစ်နေ့ အပင်ပန်းခံ၍ လုပ်သည့်အတွက် တစ်သက်လုံးချမ်းသာမည်ဆိုလျှင် သာ၍ပင် စိတ်ပါလက်ပါ လုပ်ထိုက်၏။၁၅ ရက် တစ်လ စသည် အပင်ပန်းခံ၍ အားထုတ်ခြင်းဖြင့် သံသရာတလျှောက်လုံးတွင် တွေ့ကြုံသွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီအလုပ်ထက် အပင်ပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။

အိုသူတော်ကောင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။



အကျင့်လမ်းကိုဆင်ခြင်ပါ

ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။

ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။

အို...သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းကျမ်း- အကျဉ်းချုပ်)


သတိပဋ္ဌာန်လေးပိုင်းနှင့်ပတ်သက်၍အထူးမှာထားချက်(မဟာစည်-၀ိပဿနာရှုနည်းကျမ်း)


Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၉

ဒီကလေးကို ကြည့်ထားလိုက်ကြစမ်းကွာ၊ ငါတော့ မမီတော့ဘူး
“ဟေ့….၀က်သားနဲ့ချက်တဲ့ ပဲဟင်းကို ကလေးမကျွေးပါနဲ့ကွာ…..၊ ကလေး ၀မ်းပျက် နေပါအုံးမယ်”
“၀မ်းမပျက်အောင် ဖြစ်ပျက်ရှုပီး စားမှာပေါ့”
“ဘယ်လို ဖြစ်ပျက်ရှုပြီးစားမှာလဲကွဲ့”
“စားတာလေးကို သိပြီးပျက်သွားတယ်၊ သိပြီးပျက်သွားတယ်လို့ ရှုပီး စားမယ်”
………………………………………………….
“ကဲ…..သမီး၊ ကျောင်းကို တရားနာသွားကြမယ်၊ ရှူးရှူးပေါက်လိုက်အုံး၊ ပီးတော့လာခဲ့၊ သမီးကို ဖေဖေချီမယ်”
“သမီး-သမီး မခေါ်စမ်းပါနဲ့”
“ဒါ ဖေဖေ့သမီးပဲ မဟုတ်လား၊ သမီးမို့လို့ သမီးခေါ်တာ၊ ဘာဖြစ်လဲ”
“သမီး မဟုတ်ပါဘူး၊ ရုပ်နာမ်လေးပါ၊ ရုပ်နာမ်အစုလေး- လို့ မှတ်လိုက်ပါ၊ ဘဘဘုန်းကြီးက ပြောတယ်….. အနိစ္စဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ပြောတာ၊ ဒုက္ခဆိုတာလည်း ဒီခန္ဓာကိုယ်ကြီး ပြောတာ၊ ဖြစ်ပြီး ပျက်သွားတာပဲ”
…………………………………………………

……………………………………………………..
အချိန်ကား ညနေပိုင်းကာလ။ နေရာကား စစ်ကိုင်းတံတားကြီးနှင့်မနီးမဝေးတစ်နေရာ။ မိုးကုတ်ဆရာတော်ကြီးသည် နောက်ပါဒကာတစ်ဦးနှင့်အတူ လမ်းလျှောက်ခြင်းအမှုကို အေးဆေးစွာ ပြုနေတော်မူသည်။ ဆရာတော်ကြီးသည် သက်တော်က ၆၀-နှစ်ကို အစွန်းထွက်၍သာ လာသည်- လမ်းလျှောက်ဟန်ကဖြင့် လူရွယ်တစ်ဦးပမာ သွက်လက်မြန်ဆန် နေဆဲပင်ဖြစ်သည်။ ဆရာတော်ကြီး၏ အတွေးစဉ်တွင် ရန်ကုန်အကြောင်းပါလာဟန်တူသည်၊ လမ်းလျှောက်နေရင်းမှ နောက်တော်ကပါလာသူ (ဘေးကအတူလည်း ဖြစ်နိုင်ပါသည်) ဦးစောမောင်အား “ရန်ကုန်က ဒကာ ဒကာမတွေ ငါ့ဆီအရောက်နောက်ကျသကွာ….”ဟု ရုတ်တရက် လှမ်း၍ မိန့်တော်မူလိုက်လေသည်။ ဦးစောမောင်လည်း “မှန်ပါဘုရား….ဒီတော့ လာမယ့်နှစ် အရှင်ဘုရား…..ရန်ကုန်ကို ကြွဦးမလားဘုရား…” စသည်ဖြင့် စကားခင်းလိုက်ရာ၊ “ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ” ဆိုရုံမျှသာ မိန့်ပြီး ငြိမ်သက်သွားသဖြင့် စကားအစဉ် ပြတ်သွားကြလေသည်။

…………………………………..
မိုးကုတ်ဆရာတော်ကြီးသည် ကွယ်ကာနေသော အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိဟန်တူပါသည်။ တစ်ညတွင် ဆရာတော်ကြီးသည် ထေရာသနစံကျောင်းတော် အိပ်ခန်းတွင် ဒကာများ၏ နှိပ်နယ်ပေးမှုကို ခံယူနေရင်း အဆိပ်ရှိသော သတ္တ၀ါများကို နိုင်နင်းသည်ဟု ဆိုရသူ ဦးလှဘူးအား-“မောင်လှဘူး၊ ငါ့အိပ်ခန်းတံခါးမှာ မြွေတစ်ကောင်ရှိတယ်ကွ၊ မင်းသွားဖမ်း၊ ဘေးကင်းရာကို သွားလွှတ်ချေစမ်း”ဟူ၍ စေခိုင်းလေသည်။ ဦးလှဘူးလည်း စေသည့်အတိုင်း မြွေကိုရှာရာ လုံးဝမတွေ့သဖြင့်၊ လှည့်ပတ်ရှာနေရလေသည်၊ ဆရာတော်ကြီးကား ဦးလှဘူးနှင့် ကျောပေးအနေအထားဖြစ်ပါသည်- သို့သော် ဦးလှဘူး မြွေကို ရှာမတွေ့မှန်းသိသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ မိန့်တော်မူလိုက်လေသည်“မင်းဒီမြွေမှ မမြင်ဘူးလားကွာ၊ အဲဒီ တံခါးလက်ကိုင်ကွင်းမှာ ရှိတယ်ကွ” ။ ထိုအခါတွင်မှ လက်ကိုင်ကွင်းတွင် မာန်ဖီနေသော မြွေနီလေးကို မြင်ရတော့သည်။ (သာမန်အတွေးဖြင့် ဆိုလျှင် ထိုအဖြစ်အပျက်သည် သာမာန်ဟူ၍သာ ထင်မြင်စရာရှိပါသည်၊ သေချာဆန်းစစ်ကြည့်လျှင် အိပ်ခန်းတံခါးဟု ဆိုသဖြင့် ဆရာတော်ကြီးကို ၀တ်ဖြည့်မည့် ဒကာများအားလုံး ထိုအပေါက်မှသာ ၀င်နိုင်စရာအကြောင်းရှိသည်၊ မြွေရှိနေသော လက်ကိုင်ကွင်းသည် အတွင်းဖက်ကဖြစ်ရာ အ၀င်တွင် ပြဿနာမရှိသော်ငြား- အကယ်၍ မြွေသာ စောစီးစွာကတည်းက ရှိနေသည်ဆိုက တံခါးပြန်အပိတ်တွင် မြွေကိုက်ခံကြရပေလိမ့်မည်၊ ထို့ကြောင့် မြွေသည် ပြီးမှ ရောက်လာသည်ဟုမှတ်ရပေမည်၊ တံခါးတစ်နေရာထဲတွင် လှည့်ပတ်ရှာနေသော်လည်း မတွေ့ဟု ဆိုရာ မြွေမှာ အလွန်သေးငယ်သောကြောင့်သာ ဖြစ်ရမည်၊ တဖန် မြွေရှိနေကြောင်း ရုတ်တရက် မိန့်လိုက်စဉ်ကလည်း ဆရာတော်ကြီးမှာ မြွေရှိရာနှင့် ကျောပေးလျက်ဖြစ်သဖြင့်၊ စေ့စေ့တွေးလေမှ သူတော်ကောင်း၏ အမှုမဲ့မနေတတ်သည့်သဘောနှင့် အမြင်ပေါက်မြောက်သည့် သဘောမှာ ထင်းထင်းကြီး ပေါ်လာပါသည်)။

………………………………………
၁၃၂၄-ခု၊ တော်သလင်းလသို့ပင် ရောက်လာခဲ့ပေပြီ။ အချိန်ကား နီးကပ်မှုတစ်ခုသို့ ဦးတည်လျက် ရှိချေသည်။ ဆရာတော်ကြီးကလည်း ယခင်ကထက်ပိုမို၍ အရိပ်အမြွက်စကားများ မိန့်ကြားလာသည်။ မင်္ဂလာတိုက်မှသည် အမရပူရမြို့တောင်ဘက် အထွက်၊ စစ်ကိုင်းဘက်သို့ အချိုးအထိ လမ်းသွယ်တစ်ခု ရှိရာ ဆရာတော်ကြီးကိုယ်တိုင် ရှေးကပြုပြင်ထားသော လမ်းသွယ်ဟု ဆိုပါသည်။ ယခုအခါ ပြန်လည် ပျက်စီးနေသဖြင့် ဆရာတော်ကြီးက ဦးဘတုပ်ကို ခေါ်၍ - “မောင်ဘတုပ်…ဒီလမ်းကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် ထပ်ပြင်ကွာ၊ ဂရုစိုက်ပြီး မြန်မြန် ပြီးအောင်လုပ်၊ ငါ…………….မြင်သွားချင်တယ်” ဟု မိန့်ရာ၊ ဦးဘတုပ်၏ ရင်ထဲတွင် သြော်…….ဒို့ဆရာတော်ကြီး ၀ါကျွတ်ရင် ရန်ကုန်ကြွမို့ ဒီလို မိန့်တယ် ထင်ပါရဲ့ဟူ၍သာ အောက်မေ့မိလေသည်။ မိုးကုတ်ဆရာတော်ကြီးသည် မည်သည့်အခါတွင်မျှ ရိပ်သာအတွင်းရှိ အဆောက်အအုံတို့ကို လှည့်လည် ကြည့်ရှုလေ့ မရှိပါ၊ အဆောက်အအုံနှင့် ပက်သက်၍လည်း ကြောင့်ကြစွာ မိန့်တော်မူဖူးသည်လည်း မရှိပါ။ ယခုအခါတွင်ကား မန္တလေးမှ ဦးကျော်သိန်းကို အခေါ်ခိုင်း၍- ဦးကျော်သိန်း ရောက်သော်- ရိပ်သာအတွင်းရှိ အဆောက်အအုံများကို အတူတကွ လျှောက်ကြည့်ကြရအောင်ဟု လောဆော်လေသည်။ ဆောက်လက်စတို့ကို ကြည့်ရင်း- “လုပ်ငန်းကိစ္စတွေ အမြန်ပြီးအောင် လုပ်ပစေကွာ၊ ငါကြည့်သွားချင်တယ်” ဟူ၍ ထူးထူးခြားခြား မိန့်တော်မူသည်။ လှည့်ပတ်ကြည့်ရှုပြီး ဓမ္မာရုံကြီးပေါ်သို့ ပြန်အရောက်တွင်လည်း ဒုတိယအကြိမ်- “ငါ ကြည့်သွားချင်တယ်…” ဟူ၍သာ ထပ်မံမိန့်ကြားနေပြန်ပါသည်။ မိန့်နေသော စကားအသွားအလာကြောင့် ဦးကျော်သိန်းမှာ ဆရာတော့်ကို အကဲခတ်ကြည့်ရာ ရုပ်လက္ခဏာတို့ လန်းဆန်းကြည်လင်နေသည်ကိုသာ တွေ့နေရသည်။ ဦးကျော်သိန်း၏စိတ်တွင် ဝေခွဲမရ ဖြစ်နေမိသည်။ ၁၃၂၄-ခု သီတင်းကျွတ်လဆန်းပိုင်းတွင် ဦးကျော်သိန်းသည် စားသောက်ဆောင်နှင့် ဘုရားကျောင်းဆောင်- တို့ကို ဆောက်လှူရန်အတွက် စီစဉ်နေလေသည်။ လက်သမားတို့မှာ သစ်များကို တိုင်းထွာဖြတ်တောက်နေချိန်၊ ဦးကျော်သိန်းနှင့် လက်သမားဆရာကြီးတို့ ဘုရားစင်အတွက် စီစဉ်နေချိန်တွင် ဆရာတော်ကြီး မကြွစဖူး ကြွလာပြီး-“မောင်ကျော်သိန်း၊ မင်း……ဒီအဆောက်အအုံအတွက် ဆက်မလုပ်နဲ့ဦး၊ ဒီသစ်သားတွေ ငါ့အတွက် အသုံးချစရာ ဖြစ်လာမယ်” ဟု မိန့်တော်မူရာ၊ ဦးကျော်သိန်းခမျာ ရင်တွင်း၌ ဆို့နင့်စွာ ခံစားလိုက်ရလေသည်။


Read more...

*ဘုရားအထက် ပစ္စယံပေါ် မိန်းမတွေတက်ရင် ငရဲကြီးသလား...*


(burmeseclassic.com ရဲ့ ဓမ္မ အမေးအဖြေ ကဏ္ဍမှာ မိန်းကလေးတွေ ရွှေတိဂုံ ဘုရား အထက် ပစ္စယံပေါ် တက်ခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာမှာ ဘာလို့ခုလို အမျိုးသမီး တွေကို ခွဲခြား ဆက်ဆံရ သလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးထားတာကို ဆရာတော် တစ်ပါးက ပြန်ဖြေ ထားတာကို ပြန်ဝေငှ ပေးလိုက်ပါတယ်။ တခြား အမေးအဖြေ တွေကို ဖတ်ချင်ရင် http://www.burmeseclassic.com/dammaQA.php မှာ တိုက်ရိုက် ဖတ်ရှု နိုင်ပါတယ်။)

မထူးပေမယ့် ခြားနားခြင်း

(ဆရာတော် ဦးကေလာသ- အလိုတော်ပြည့်ကျောင်း၊ အေရီဇိုးနား)

ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း

ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာ အဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ် ဆိုရင် ယောက်ျားတွေ တက်လည်း ငရဲကြီးရ မှာပေါ့။ အထက် ပစ္စယံ ပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိ ကျိန်းအောင် လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာပေါ့။ အမျိုးသမီး တွေကို ရဟန်းပြုခွင့် ပေးတာ၊ ရဟန်း မိန်းမတွေ ကိုလည်း အဂ္ဂသာဝိကာ အမြတ်ဆုံး ဧတဒဂ် ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသား ရဟန္တာနဲ့ တန်းတူ လောကရဲ့ ပူဇော် အထူးကို ခံထိုက်တာ တွေဟာ ဘာသာရေးမှာ မိန်းမ ယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓ ဒေသနာအရ အယုတ်အမြတ် ဆိုတာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အသားအရောင်၊ ဇာတ်ဆိုတာ တွေနဲ့ မပတ်သက်ဘူး။ မြတ်စွာ ဘုရားဟာ သေပြီး ပုပ်ဆွေး နေပြီဖြစ်တဲ့ ပုဏ္ဏာ အမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ်ဆိုး ၀တ်ရုံတော် မူပါတယ်။ ပိတ်စကို အလောင်းကောင် ကိုယ်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့ အနေနဲ့ ငလျင်တောင် လှုပ်သတဲ့။ ဒီသင်္ကန်းဟာ အမွန်မြတ် ဆုံးလည်း ဖြစ်ပါသတဲ့။

ပုဏ္ဏာဟာ ကျွန်လည်း ဖြစ်တယ်။ မိန်းမလည်း ဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောက လုံးရဲ့ အမြတ်ဆုံး ပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္ထ ၀ါဒီ (အရှိကို အရှိအတိုင်း မြင်တဲ့ပုဂ္ဂိုလ်) စစ်စစ်ပါ။ ဒါကို သတိပြုမိရင် အမျိုးသမီးတွေ ဘုရားငြမ်း ပေါ်ကို မတက်ရဆိုရင် ဆီလျောင်တဲ့ အကြောင်းပြချက် ရှိနိုင်ပေမယ့် “အမျိုးသမီး ရွှေတိဂုံဘုရား အထက် ပစ္စယံ ပေါ်ကို မတက်ရ” ဆိုတာမျိုး အတွက်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။

ခြားနားချက်တော့ရှိမယ်

ယောက်ျား မိန်းမလို့ ကွဲပြား နေရတာ ကိုက ခြားနားတဲ့ သဘာဝကြောင့် မဟုတ်လား။ ကမ္ဘာအေးမှာ နေတုန်းက ညနေ လမ်းလျှောက်တော့ ခုနစ်နှစ် ရှစ်နှစ် အရွယ် ကောင်လေးနဲ့ ကောင်မလေး (မောင်နှမ ဖြစ်နိုင်တယ်) နှစ်ယောက် ဂေါက်ကွင်း ဖက်ကနေ ဘဲဥကန် ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့ သံဆန်ကာ ခြံစည်းရိုးကို ခုန်တက်ပြီး ဒီဘက်ကို လွယ်လွယ်လေး ခုန်ချနိုင်တယ်။ ကောင်မလေး ကလည်း ကောင်လေးကို တုပြီး အားကျမခံ ခုန်တက်တယ်။ ဒါပေမဲ့ သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိပြီး မှောက်လျက် လဲကျတယ်။ ဂါဝန်လည်း ပြဲတယ်။

ပင်လယ်ကွေ့ စစ်ပွဲတုန်းက အမေရိကန် လေတပ်က ဗုံးကြဲ လေထီးမယ်တွေ ရန်သူ့ လက်ထဲ ရောက်သွားတော့ မိန်းမဟာ မိန်းမပဲ။ ကြောင်ထီးဟာ ပြိုင်ဖက် အခြား ကြောင်ထီး တွေနဲ့ တိုက်ခိုက်တဲ့ အခါ သူသေ ကိုယ်သေပဲ။ ဒါပေမဲ့ ချစ်သူကြောင်မ ကုတ်ဖဲ့တာ ကိုတော့ ဘာမှ မတုံ့ပြန်ဘူး။ ဒီသဘာဝကို မြင်နိုင်ရင် ပရမတ္ထ တရားရဲ့ အခြား တစ်ဖက်မှာ အဖိုနဲ့အမ နက်နဲတဲ့ ခြားနားချက်တွေ ရှိနေတာ သေချာတယ်။ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း ဖြစ်ဖို့ ဘယ်လောက်ပဲ အရေးဆိုစေ အားလုံး ထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး အမျိုးသား တွေရဲ့ အကျင့် စရိုက်လို ဖြစ်ကုန်ပြီ ဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွား နိုင်တယ်။ အမျိုးသမီး တစ်ယောက် လမ်းပေါ်မှာ ၀တ်လစ်စလစ် အိပ်နေလို့ သင့်တော်နိုင် ပါ့မလား။ ယောက်ျားက တစ်ပြိုင်နက် မိန်းမနှစ်ယောက် ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျား နှစ်ယောက် ယူတာ ဘယ်ဟာက အခြေအနေ ပိုဆိုးမလဲ။

ဒီ ခြားနားချက် တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော် မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီ လောက အထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမ) တွေအတွက် သီးခြား စည်းကမ်းလေးတွေ ပညတ်ပါတယ်။ ရဟန်းမတွေ ရဟန်း မပြုခင် အထူး လိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်း မိန်းမတွေ သိက္ခာ ဘယ်နှဝါရရ (၀ါဘယ်လောက် ကြီးကြီး) ယနေ့ပြုတဲ့ ရဟန်း ပေါက်စကို ရှိခိုးရမယ် ဆိုတာပါတယ်။ ဒါလည်း အမျိုးသမီး တွေကို နှိမ်တဲ့ သဘောမျိုး မဟုတ်နိုင်ဘူး။ ဂုဏ်ရည်တူရင် ယောက်ျား တွေထက် ဘ၀င်မြင့် တတ်တဲ့ အမျိုးသမီး သဘာဝ (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး မိန်းမတွေ) ကြောင့် မဂ်ဖိုလ်ကို တကယ်ရ ချင်တဲ့ အမျိုးသမီး တွေကို ဦးစွာ မာန်မာန ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ (သကျမင်းသား ခြောက်ယောက် ရဟန်းပြုစဉ်က) ဆံသလုလင် ဥပါလိကို အရင် ရဟန်းပြုခိုင်းတာ ကလည်း ကိုယ့်ရဲ့ အမျိုးမာန် ပညာမာန် ရာဇမာန် တွေကို ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့ တာပဲ။

ခြားနားတဲ့ယဉ်ကျေးမှုတွေ

သီရိလင်္ကာ ဘုန်းကြီးနဲ့ အတူ သီရိလင်္ကာ အိမ်ကို ဆွမ်းစား လိုက်သွား ဖူးတယ်။ ဆွမ်းစား ပြီးလို့ ပရိတ်ရွတ်မယ် လုပ်တော့ အိမ်ရှင် မိန်းကလေးက ဇတ်ကနဲဆို ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချ လိုက်တယ်။ ၀တ်ထားတဲ့ ဂါဝန်က ဒူးခေါင်း ဖုံးရုံလေး။ လက်အုပ်တော့ ချီထားပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။ မြန်မာ မိန်းကလေး ဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ် ဆိုမှာပေါ့။

လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ ဖျော်ရင် လူနာလပ်ကီး ဆေးထိမယ် ဆိုတဲ့ သဘောလို့ မြန်မာ ဗိန္ဓော ဆရာတွေက ယူဆတယ်။ အမေရိက မှာတော့ လူတစ်ယောက်ကို ကျန်လက်ချောင်း တွေကို စုကွေးပြီး လက်ခလယ် တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့လူ သေနတ် နဲ့တောင် ပစ်သတ် ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျား အင်္ဂါပုံကို လုပ်ပြသလို မျိုးတဲ့။

ဖိနစ်စ်မြို့ ရုက္ခဗေဒ ဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာ ကိုရီးယား အဘိုးကြီး တစ်ယောက်နဲ့ တွေ့တယ်။ ဘာသာရေး တော်တော် ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို ခြေထောက်နဲ့ ထိုးပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာ ရှုထောင့်နဲ့ ကြည့်ရင် အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထား ကိုပဲ ဘုန်းကြီး ညွှန်းတာပေါ့။ အဲဒီလို ခြားနားတဲ့ ရှေးရိုး ယုံကြည် စွဲလမ်းမှု တွေကို အခြေပြုတဲ့ ကျားမ ခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ ရောထွေးသွားပြီး ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာမျိုးတွေ ဖြစ်လာပုံ ရတယ်။

အယူအဆပြောင်းလဲခြင်း

ဝိနည်း မသင်ဖူးတဲ့ တောထွက် ကိုယ်တော် တစ်ပါးနဲ့ အတူ နေဖူးပါတယ်။ ဆွမ်းစား နေတုန်း အကပ်ခံ ပြီးသား ဆွမ်းဟင်းခွက်ကို လူတွေ မမီအောင်လို့ ဘုန်းကြီးနားကို တိုးပေးရင် ငယ်ပါကို သံစူး သလောက် စိတ်ဆိုးတာပဲ။ သူက ဆရာကြီး ဆိုတော့လည်း ကြည့်နေရ တာပေါ့။ ပတ်သက်သူ ဒကာ ဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်း ဘူးလို့ပဲ နားလည် နေကြပြီ။ ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်း အစစ်လိုဖြစ်သွားနိုင်တယ်။ (“စွန့်ချပေးလု ပစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း”တဲ့။ တော်ပြီ လို့စွန့်လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလုခံရရင်၊ ဘုန်းကြီးသေရင်၊ ဘိက္ခုကနေ ဘိက္ခုနီ ပြောင်းသွားရင် ဒီ၆-မျိုး ကြောင့်ပဲ အကပ် ပျက်တာပါ။)

ယိုးဒယားမှာ အမျိုးသမီး လက်ထဲက အလှူ ပစ္စည်းကို ဘုန်းကြီးက လက်နဲ့ထိပြီး အလှူမခံဘူး။ သင်္ကန်းရောင် ပိတ်စ ရှည်လေးနဲ့ ထိပြီး ခံယူရတယ်။ ဒါပေမဲ့ ၀ိနည်း အမှန်မှာ အဲလို လုပ်စရာ မလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး ၀ိနည်းကို လေးစားပြ ရာကနေ ပြောင်းလဲ သွားတဲ့ အယူအဆ ဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီး အနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ ထိစပ်နေတဲ့ ပစ္စည်းဆို ခံယူ ကောင်းပါတယ်။)

တစ်ခုတော့ ရှိတယ်။ လေးစား လွန်းလို့ ဆရာတော် ကြီးတွေ ဘုဉ်းပေး နေတုန်း ဆွမ်းခွက်ကို ဟိုကိုင် ဒီရွှေ့ မလုပ်ဘူး၊ ဘုန်းကြီးကို ကြည်ညိုလွန်းလို့ ဒကာမ တွေက ဘုန်းကြီး လက်ထဲကို အလှူပစ္စည်းကို မထည့် ဘူးဆိုရင်တော့ ကိုယ့်သဘောပဲ။ ၀ိနည်းနဲ့တော့ မဆိုင်ဘူး။ ရတနာ သုံးပါးကို အထွတ်အမြတ် ထားလွန်း ရာကနေ တည်ရှိပြီး ရိုးရာ ယုံကြည်မှု တွေနဲ့ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ မ၀င်ရ ဆိုတဲ့အထိ ယုံကြည်မှု ပြောင်းလဲသွား ခဲ့တာလည်း ဖြစ်နိုင်တယ်။

အ၀ိရောဓိ (မဆန့်ကျင်တဲ့)အမြင်

ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ယောက်ျား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့ ငရဲ မကြီးဘူးလို့ မှတ်ဖို့ပါ။ မိန်းမ မတက်ရ ကန့်သတ်ချက်ဟာ ရိုးရာစွဲကို အခြေခံနိုင်သလို ရတနာသုံးပါးကို လေးစားလွန်း ရာကနေ ပြောင်းလဲ သွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီ ဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊ မိန်းမမ၀င်ရ ဆိုတာဟာ ရှိပြီးသား ယုံကြည် စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေ ချီပြီး ကြာနေပြီ ဖြစ်တဲ့ တားမြစ်ချက် ဖြစ်နိုင်ပါတယ်။ မိန်းမတွေ တက်လို့ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ်ဖွဲ့ ကြမှာပဲ။ ဒါကြောင့် မိန်းမတွေ တက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင် လူတွေ နားလည် လက်ခံအောင် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးရ ပါလိမ့်ဦးမယ်။

ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိက မှာတောင် အမျိုးသမီး သမ္မတဖြစ်ဖို့ မလွယ်သေးဘူး။ အမေရိကန် ပြည်တွင်း လေယာဉ် တွေကို ဘုန်းကြီးတို့ စီးရင် များသော အားဖြင့် အထူးစစ်ခန်းကို သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မတူလို့ ယောက်ျား ဖြစ်လျက်နဲ့ အဲဒီလို ခွဲခြား ဆက်ဆံခံရ သေးတာပဲ။ အချိန်ကို စောင့်ပါဦး။ လူငယ် မျိုးဆက်သစ်တွေ ဂေါပက လူကြီး ဖြစ်လာချိန်မှာ ရွှေတိဂုံဘုရား အထက် ပစ္စယံမှာ အမျိုးသမီးတွေ ပုတီးစိပ်ခွင့် ရကောင်း ရပါလိမ့်မယ်။

*********************************

လေးစားစွာဖြင့်
ဖိုးသား

24.04.2009, FRI:, 06:13:51 PM

Read more...

အရှင်မဟာကဿပအား ဆွမ်းလှူခြင်း... (ဓမ္မပဒဝတ္ထု (မာဏဝ))

၅၆-၅၉ ပုပ္ဖ၀ဂ်၊ ဓမ္မပဒဝတ္ထု (မာဏဝ)

၅၆။ အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။ ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။

၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။

၅၆... အရှင်မဟာကဿပအား ဆွမ်းလှူခြင်း...

၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒ၀ိဟာရိနံ။ သမ္မဒညာ ၀ိမုတ္တာနံ၊ မာရော မဂ္ဂံ န ၀ိန္ဒတိ။

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။

၅၇... အရှင်ဂေါဓိက ပရိနိဗ္ဗာန်စံဝင်ခြင်း...

၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။ ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

၅၉။ ဧ၀ံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တ၀ါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။

၅၉... ဂရဟဒိန္နသူကြွယ်





Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP