* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, April 24, 2009

အကြောက်တရားနှင့်လူ


လူတိုင်း ကြောက်ကြ၏။ လူမျိုးစုံသကဲ့သို့ အကြောက်တရားများကလဲ မျိုးစုံ၏။ လူဟာ တစ်ဦးနှင့်တစ်ဦး မတူသလို အကြောက်တရားများကလဲ တစ်ခုနှင့်တစ်ခု မတူ။ အလွန်ကွဲပြား၏။ လူတွေရဲ့အမြင်တွေကို ပေါင်းခြုံကြည့်လျှင် လောကမှာ ရှိရှိသမျှအရာအားလုံးသည် ကြောက်စရာချည်းဖြစ်၏။

သူတော်စင်များက တောထဲမှာ တစ်ယောက်ထဲနေပြီး ကျား၊ ခြင်္သေ့၊ ဆင်ရိုင်းစသော သတ္တ၀ါများကို မကြောက်။ အချို့က တီကောင်လေး၊ ဖားလေးများကို ကြောက်ကြ၏။ အချို့က လှေကလေးဖြင့် မြစ်ကျဉ်းကို ကူးရမှာကြောက်၏။ သို့ရာတွင် လေယာဉ်ခပ်စုတ်စုတ်ဖြင့် ခရီးရှည်သွားရဲ၏။ အချို့က တစ်ယောက်ထဲနေရမှာကို ကြောက်၏။ အချို့က အများနှင့်နေရမှာကို ကြောက်၏။

“ကြောက်လို့ တောထဲ သွားနေတာ”ဟုဆိုသော တောင်ဖီလာဆရာတော်ကြီး၏ စကားကို မှတ်သားသင့်၏။ တစ်နေ့ တောင်ဖီလာ ဆရာတော်ဘုရားကြီး ……ဘက်မှာ တောရဆောက်တည်နေစဉ် …….မင်းဆရာ လုပ်နေသော ရွှေဥမင်ဆရာတော် တောရကျောင်းလေးသို့ ရောက်လာ၏။ ထိုအခါ ရွှေဥမင်ဆရာတော်က “အရှင်ဘုရား တောထဲမှာ တစ်ပါးတည်းနေတာ မကြောက်ဘူးလား”ဟု မေး၏။ ထိုအခါ တောင်ဖီလာဆရာတော်က အထက်ပါအတိုင်း ဖြေလိုက်ပုံမှာ ရာဇ၀င်တွင်သွားခဲ့၏။ ရာဇ၀င်တွင်မည်ဆိုလည်း တွင်စရာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဓမ္မဘက်ကကြည့်လျှင် လောကီလူ့ဘောင်ဟူသည် အတော်ကို ရှုပ်ထွေးပွေလီ၍ ကြောက်စရာကောင်းနေ၏။

စိတ္တလတောင်မှာ တရားအားထုတ်စဉ်ကလည်း လေးစားကြည်ညိုဖွယ်ရာ သီရိလင်္ကာ ကိုယ်တော်လေးတစ်ပါးနှင့် တွေ့ဆုံခွင့်ရ၏။ သူသည် တစ်ဝါမျှ ရသေး၍ ငယ်ရွယ်သူပင်ဖြစ်သော်လဲ မကြောက်မရွံ့ တောထဲမှ မလုံမခြုံ ဂူလေးတွင် တစ်ပါးတည်း နေ၏။ စာရေးသူမှာ လူသူဝေးသောအရပ်မပြောနှင့် နီးသောအရပ်မှ ဂူထဲမှာပင် အစပိုင်းတွင် အတော်ကြောက်ကြောက်နှင့် နေခဲ့ရ၏။ ကြောက်သည်ဆိုရာမှာလည်း သံသရာကို ကြောက်နေခြင်းမဟုတ် သားရဲ၊ တိရစ္ဆာန်များကို ကြောက်နေခြင်းဖြစ်၏။

အရာရာတိုင်း အရှက်အကြောက်တရားကို မကောင်းဟု၊ သူရဲဘောနည်းခြင်းဟု မယူဆသင့်။ အနောက်တိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြော၏။ “အကြောက်တရားက လူကို ဘုရားသခင်နဲ့ နီးစပ်စေတယ်”ဟူ၍တည်း။ သူကတော့ ဘာသာခြားဖြစ်၍ သူတို့ကိုးကွယ်သော စိတ်ကူးဘုရားများကို ချစ်လဲ ချစ်ရမှာဖြစ်သလို ကြောက်လဲ ကြောက်ရမှာဟု ပြောလိုရင်းဖြစ်၏။ အဆိုပါ သူတို့ဘုရားများကို ကြောက်လျှင် မဟုတ်တာ၊ မကောင်းတာ မလုပ်ရဲတော့။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ကောင်း၏ဟု ဆိုခြင်းဖြစ်၏။ သို့ရာတွင် အဆိုပါ ဘာသာခြားဘုရားကိုယ်တိုင် သူ့လူမျိုးတွေ ဒုက္ခရောက်မှာကြောက်၍ အခြားလူမျိုး သူ့မကိုးကွယ်သူ ထောင်သောင်းများစွာကို သတ်ဖြတ်ခြင်းအကြောင်းကို မေးတော့ သူမဖြေတော့။ အတ္တကို ဗဟိုပြုထားသော အကြောက်တရားဟာ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်တယ်။


အကြောက်တရားက အကောင်းတွေကို လုပ်ဖြစ်စေသည်မှာ မှန်ပါ၏။ မီးကို တီထွင်ခဲ့တာဟာလဲ အမှောင်ကို ကြောက်လို့၊ အလိုမရှိလို့ တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်၏။ ထို့ထက် ပိုသေချာစေခဲ့တာကတော့ စာရေးသူ စိတ္တလပဗ္ဗတမှာ ရှိစဉ်က ကျောက်ဂူလေးတစ်လုံးထဲမှာ တစ်ပါးတည်း နေတယ်။ ညညဆိုရင် ဂူရဲ့အပြင်ဘက်မှာ ခြေသံလိုလို အသံများ၊ သစ်ပင်တိုးသံ၊ နှာဆပ်သံ၊ အသံမျိုးစုံ ကြားရတယ်။ အစရက်ပိုင်းတွေမှာ ကြောက်စိတ်တွေ ၀င်ခဲ့ရတယ်။ အဲဒီအခါမျိုးမှာ ဂူတံခါးကို သေချာပိတ်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ၊ ပရိတ်တွေရွတ်၊ မေတ္တာတွေပို့…စသည်ဖြင့် အလုပ်တွေ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဒါဟာ အကြောက်တရားက ကောင်းတာတွေ လုပ်ဖြစ်ဖို့ တွန်းအားပေးတာပါပဲ။ နောက်ပိုင်းကျတော့လဲ နေသားကျသွားပြီး ကြောက်စိတ်မဖြစ်တော့ပါဘူး။ ကောင်းတာလုပ်တဲ့ အလေ့အကျင့်လေးတော့ ကျန်သွားခဲ့တယ်။ ဗုဒ္ဓမြတ်စွာကလဲ ဓဇဂ္ဂသုတ်တော်မှာ ကြောက်ရင် ငါ့ကို သတိရလိုက်လို့ မိန့်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ အကြောက်တရားကတော့ အတ္တ၊ ပရ မျှထား၏။ ဗုဒ္ဓမြတ်စွာ ညွှန်ပြသော အကြောက်တရား၌ မည်သည့် သြဇာလွှမ်းမိုးမှုမျှ မရှိ။ မိမိပြုလိုက်သောကိစ္စတစ်ခုဟာ မိမိ၊ သူတစ်ပါးအတွက် အကျိုးမရှိလျှင် ထိုအလုပ်မျိုးကို ကြောက်ရမည်ဟု ညွှန်ပြ၏။ ကောင်းကျိုးဖြစ်ထွန်းမည်ဆိုက မကြောက်သင့်။ ဆက်လက်လုပ်ဆောင်ရမည်ဟု ဆို၏။ ဘယ်အကြောင်းတရားနဲ့မှ ချေဖြတ်၍ မပျက်နိုင်သော ဓမ္မဓိဋ္ဌာန်ကျသော လမ်းညွှန်ချက်ဖြစ်ပါ၏။

ကြောက်တယ်ဆိုတာ တုန်လှုပ်တာ၊ တုန်ခါတာ။ တုန်လှုပ်မှု၊ တုန်ခါမှုဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။ အနေတော်ဆိုရင် အံဝင်ခွင်ကျဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်က အမေ ဆန်ပြာနေပုံကို မြင်ယောင်မိပါတယ်။ များသောအားဖြင့် တောအရပ်က စားရတဲ့ ဆန်တွေမှာ စပါးလုံးတွေ ပါတတ်ပါတယ်။ အဲဒါတွေကို စကောထဲမှာထည့်ပြီး ခါထုတ်၊ ရွေးထုတ်ရပါတယ်။ အဲဒါကို ဆန်ပြာတယ်လို့ တောမှာ ခေါ်ပါတယ်။ စကောကို ရှေ့တိုးနောက်ငင်လုပ်ပြီး ခပ်ဆတ်ဆတ်ခါထုတ်ရပါတယ်။ ဆိုလိုတာက အဲဒီလို လုပ်တဲ့နေရာမှာ အချိန်အဆလိုပါတယ်။ အရမ်းလှုပ်ခါလိုက်ရင် ဆန်စေ့တွေပါ လွင့်စင်ကုန်မှာ သေချာတယ်။ အောက်ကိုလဲ မကျအောင်၊ စပါးလုံးတွေလဲ ပေါ်လာအောင် အနေတော်ကလေး လှုပ်ခါရပါတယ်။ အဲဒီလိုပဲ စိတ်ရဲ့ တုန်ခါမှုတွေဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။

ဝိပဿနာတရား အားထုတ်တဲ့နေရာမှာလဲ ကြောက်စိတ်ဝင်လာတယ်ဆိုရင် တရားအဆင့်က မနည်းတော့ပါဘူး။ ဆိုလိုတဲ့ကြောက်စိတ်ကတော့ သာမန်ကြောက်စိတ်နဲ့ မတူတော့ပါဘူး။ ဘ၀သံသရာကို ကြောက်လာတဲ့စိတ်ပါပဲ။ ဘ၀သံသရာကို ကြောက်လာပြီဆိုရင် ရှေ့ဆက်ပြီး တရားအဆင့်ဆင့် တိုးတက်အောင် အားထုတ်လိုစိတ်တွေ ဖြစ်လာပါတော့မယ်။ သို့အတွက်ကြောင့် ကြောက်စိတ်ဟာ ဘ၀လွတ်မြောက်ရေး အတွက်ပါ အကျိုးများပါတယ်။

ဓမ္မပဒတွင် ပိပ္ပလိနှင့် မယ်ဘဒ္ဒတို့အကြောင်းကို ဖတ်ရ၏။ သူတို့သည် စည်းစိမ်ဥစ္စာအားဖြင့်လည်း တစ်သက်စားမကုန်အောင် ပြည့်စုံ၏။ ကြီးကျယ်ခမ်းနားသော အိမ်ကြီးဖြင့်လည်း နေရ၏။ စားစရာသောက်စရာများကလည်း အလျှံပယ် ရရှိနေ၏။ အခြွေရံသင်းပင်းများလည်း ပြည့်စုံလှပါ၏။ သာမန်အမြင်အားဖြင့်ဆိုလျှင် သူတို့နှစ်ဦးသားအတွက် ဘာမျှ လိုလေးသေးမရှိ။ ပြည့်စုံနေပြီ ဖြစ်၏။ တစ်နေ့ သူတို့ပိုင်ဆိုင်သော လယ်ယာများသို့ သွားရောက်သောအခါ လယ်ယာထွန်ခြင်းကြောင့် ပိုးကောင်လေးများ သေသည်ကို တွေ့ရ၏။ ပိုးကောင်လေးများ သေသည်မှာ သူ့အပြစ်မကင်းဟု ယုံကြည်ပြီး လောကီလူ့ဘ၀ကို ကြောက်လာ၏။ ကြောက်လာခြင်းကြောင့် ဇနီးမောင်နှံတိုင်ပင်ပြီး ရသေ့ရဟန်းဝတ်လိုက်ကြ၏။ ဇနီးမောင်နှံနှစ်ဦးလုံး ဘ၀လွတ်မြောက်မှု ရသွားခဲ့ကြ၏။ ကြောက်တဲ့အကြောက်တွေထဲမှာ သံဝေဂဉာဏ်နှင့်ယှဉ်သော အကြောက်တရားက လူကို ဘ၀အမြင်သစ်တွေ ရရှိစေပါတယ်။

တစ်ခါတစ်လေတော့ မကြောက်သင့်တဲ့နေရာမှာ ကြောက်လို့ ပျော်ရွှင်မှုနဲ့ဝေးနေသူများလဲ ရှိပါသည်။ အချို့က နေရင်းထိုင်ရင် သူများအထင်သေးမှာကို၊ သူများတွေ သူ့ကိုအထင်မကြီးမှာကို ကြောက်နေတတ်ကြပါတယ်။ နေရင်းထိုင်ရင်း သူများရဲ့ အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတတ်ကြပါတယ်။ ဒီဗူးဗွားရဲ့ ရေပွက်ပမာ(မြသန်းတင့် ဘာသာပြန်)၀တ္ထုထဲမှာ ထင်ပါတယ်။ ဇာတ်လိုက်အမျိုးသမီးရဲ့မိခင်ဟာ သူများအထင်သေးမှာကို အရမ်းကြောက်ပြီး အထင်ကြီးခံရအောင်၊ ချစ်ခင်လေးစားခံရအောင် တမင်သက်သက် လိုက်လုပ်နေပါတယ်။ ဒါကြောင့် သမီးဖြစ်သူက “အမေဟာ သူများရဲ့ ချစ်ခင်လေးစားမှု၊ အထင်ကြီးမှုကို အမြဲတမ်းလိုချင်နေပါတယ်။ အဲဒီလို လိုချင်နေတဲ့စိတ်ကြောင့်ပင်လျှင် အများက သူ့ကို အထင်မကြီးကြခြင်း ဖြစ်လေသည်”လို့ ကောက်ချက်ချထားပါတယ်။ (မူရင်းနဲ့ ကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ်။ မှတ်မိသမျှ ချရေးလိုက်ခြင်း ဖြစ်ပါတယ်။) ရေပွက်ပမာထဲက အဲဒီအမျိုးသမီးကြီးလိုပဲ စာရေးသူတို့ နေ့စဉ်လောကမှာ အချောင်သက်သက် သူများရဲ့ အထင်ကြီး၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့သူတွေ တွေ့ရတတ်ပါတယ်။

တကယ်တော့ အများရဲ့ အထင်ကြီးမှုဆိုတာ နေရင်းထိုင်ရင်း ဖြစ်ပေါ်လာတတ်တဲ့ အရာမဟုတ်ဘူးလေ။ သူများတွေ အထင်ကြီးနိုင်တဲ့၊ လေးစားချစ်ခင်မှုကို ဖြစ်စေတဲ့ မိမိတို့ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အတွေးအကြံတွေကို တည်ဆောက်ဖို့ လိုပါတယ်။ သူများကိုလိုက်ပြီး “ငါ့ကို အထင်ကြီးကြစမ်းပါကွာ”လို့ လိုက်ပြောနေဖို့ မလိုအပ်ပါဘူး။ သူများအထင်ကြီးအောင် လူရှေ့သူရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်ကလေးလို့ သေသေ၀ပ်ဝပ်လေးနေပြီး ကွယ်ရာမှာ ထင်တိုင်းကြဲနေတဲ့သူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ထိုသူတွေဟာလဲ အများရဲ့ အထင်ကြီးမှုကို ရနိုင်ပေမယ့် အခိုက်အတံ့ပဲ ဖြစ်ပါလိမ့်မယ်။ ကြာရှည်တည်တံ့တဲ့သဘော မရှိပါဘူး။ သူ့ရဲ့စိတ်ဓာတ်ကို ပတ်ဝန်းကျင်က သိသွားတဲ့နေ့ အဲဒီပတ်ဝန်းကျင်မှာ သူ မျက်နှာငယ်ရမယ့်နေ့ပါပဲ။

စာသင်သားဘ၀တုန်းက ဘုန်းကြီးတစ်ပါး တွေ့ဖူးတယ်။ သူက စာသင်သားတွေရဲ့ အချစ်ကို အရမ်းလိုချင်တဲ့ ဘုန်းကြီးပေါ့။ နေတာထိုင်တာ၊ စားတာသောက်တာ အရမ်းကို သေသေ၀ပ်ဝပ်နဲ့ နေပါတယ်။ ဒါပေမယ့် သူ့မှာ ရောဂါတစ်ခုက စွဲကပ်နေတယ်။ သူများတွေ ငါ့ကို ဘာလို့ အထင်မကြီးတာပါလိမ့်ပေါ့။ သူ့ ဒကာ၊ ဒကာမတွေ လာရင်အမြဲတမ်း ရင်ဖွင့်နေတတ်တယ်။ “ဘုန်းကြီး သူတို့အပေါ် ဒီလောက်ကောင်းတာ သူတို့က ဘာလို့ ဘုန်းကြီးကို နားမလည်ကြလဲ မသိပါဘူး”တဲ့။ စာသင်သားတွေ မကြိုက်တာက သူဟာ သူများရဲ့အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့ သူ့စိတ်ဓာတ်ကိုပဲ။ သူကလဲ သူများရဲ့ အထင်ကြီးမှုကို လိုချင်နေရုံ မဟုတ်ဘူး။ စာသင်သားတွေက သူ့ကို ဆရာကြီးတစ်ဆူလို ရိုရိုသေသေ၊ ပျပ်ပျပ်ဝပ်ဝပ်ဖြစ်နေတာကို သူ လိုချင်နေတယ်။

နောက်ဆုံး ဘယ်လောက်ထိဖြစ်ကုန်သလဲဆိုတော့ စာသင်သားတွေနဲ့ တစ်ဆောင်ထဲ အတူနေကြရပေမယ့် စာသင်သားတွေဟာ သူ့မျက်နှာကို တွေ့ရင် ကျက်သရေတုံးတယ်လို့ကို ပြောနေကြတော့တာ။ အခုဆိုရင် စာသင်သားတွေကလဲ သူ့မျက်နှာမကြည့်ချင်၊ သူကလဲ ကြည့်မရနဲ့ တစ်သီးတစ်ခြားစီကြီး ဖြစ်သွားကြတယ်။ စာသင်သားဝန်းကျင်ရဲ့အမြင်မှာ သူဟာ ရွံစရာပုဂ္ဂိုလ်ကြီး ဖြစ်သွားတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀င်ရောဂါနဲ့ပြောတဲ့စကားလုံးတွေက လူတွေကိုတော့ ဆွဲဆောင်သိမ်းသွင်းနိုင်လိုက်တယ်။ ဒါက စာရေးသူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ ဆိုလိုတာက လူဆိုတာ ပတ်ဝန်းကျင်နဲ့မကင်းပေမယ့် ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုကို အရမ်းကာရော လိုချင်နေလို့ မရဘူး။ ပြောရရင် လုပ်ယူစရာ မလိုဘူး။ ဗုဒ္ဓမြတ်စွာဟာ လူအထင်ကြီးအောင်ဆိုပြီး ဘာမှ မလုပ်ခဲ့ပေမယ့် လုပ်လိုက်သမျှကတော့ အထင်ကြီးစရာ၊ လေးစားစရာ၊ ချစ်ခင်ကြည်ညိုစရာတွေ ဖြစ်သွားခဲ့ရတာပဲ မဟုတ်ပါလား။

အကြောက်တရားမှာ အစွန်းနှစ်ပါးရှိတယ်လို့ မှတ်သားရဖူးပါတယ်။ စိန်ခေါ်ခြင်းအစွန်းနဲ့ ဒူးထောက်ခြင်းအစွန်းတို့ ဖြစ်ပါတယ်။ လူတွေပဲဖြစ်ဖြစ် တိရစ္ဆာန်တွေပဲဖြစ်ဖြစ် အကြောက်တရား ၀င်လာပြီဆိုရင် ဒီအစွန်းနှစ်ပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတတ်ကြတယ်။ အချို့က စောကြောချင်ကြလိမ့်မယ်။ ကြောက်လို့ ဒူးထောက်တာတော့ ဟုတ်ပါပြီ။ ကြောက်လို့ စိန်ခေါ်တယ်ဆိုတာ ဘယ်လိုကြီးလဲလို့။ စိတ်ပိုင်းဆိုင်ရာကို သေချာကြည့်ပြီး လက်ရှိအဖြစ်အပျက်တွေကို သေချာကြည့်ရင် စိန်ခေါ်တယ်ဆိုတာ အကြောက်တရားနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။ စိန်ခေါ်ခြင်းဟာ အကြောက်တရားတို့ရဲ့ ထိုးထွက်လာတဲ့ အစွန်းဖြစ်ပြီး ဒူးထောက်ခြင်းကတော့ အကြောက်တရားတို့ရဲ့ ငုပ်လျိုးညွတ်ခွေ သွားသောအစွန်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓမြတ်စွာက သဘာဝကျကျ ရှက်တတ်အောင်၊ သဘာဝကျကျ ကြောက်တတ်အောင် ဟိရိ၊ သြတ္တပ္ပဟူသော လောကပါလတရားနှစ်ပါးကို သင်ပြခဲ့ပါတယ်။ လောကပါလဟူသည်မှာ လောကကို စောင့်ရှောက်တတ်သော တရားများဟု အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓမြတ်စွာက ရှက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ မရှက်ဖို့၊ ကြောက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ ကြောက်မနေဖို့ ညွှန်ပြ၏။ ရှက်သင့်တဲ့နေရာမှာ ရှက်၊ ကြောက်သင့်တဲ့နေရာမှာ ကြောက်ဖို့ ဆုံးမ၏။ ဘာက ရှက်သင့်ကြောက်သင့်ပြီး ဘာကတော့ မရှက်မကြောက် လုပ်သင့်တာလဲ။

ဗုဒ္ဓမြတ်စွာ၏ သတ်မှတ်ချက်က ရှင်းပါတယ်။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား ဆုတ်ယုတ်စေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကို ရှက်သင့်၊ ကြောက်သင့်တယ်”။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကိုတော့ မရှက်သင့်၊ မကြောက်သင့်”လို့ သတ်မှတ်ညွှန်ပြ ပေးတော်မူထားပါတယ်။ ဗုဒ္ဓညွှန်ပြတဲ့ အရှက်၊ အကြောက် ဖွင့်ဆိုချက်ကတော့ ဓမ္မဓိဋ္ဌာန်လဲကျသလို ရှင်းလဲရှင်းနေပါတယ်။

ကဲ..ဒီစာလေးကို ဖတ်ပြီးတာနဲ့ စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့။ ငါဟာ ရှက်သင့်၊ ကြောက်သင့်တဲ့နေရာမှာ ရှက်စိတ်၊ ကြောက်စိတ်ရှိနေရဲ့လား။ မရှက်၊ မကြောက်သင့်တဲ့နေရာတွေမှာရော ရှက်နေ၊ ကြောက်နေခဲ့လား။ အရှက်တရား၊ အကြောက်တရားမရှိဘဲ လူ့လောကပျက်စီးရေးကို ဦးတည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေမှာ ငါ ပါဝင်မိနေပြီလား။ စာရေးသူလဲ ရေးရင်းနဲ့ မရှက်မကြောက်သင့်ပါပဲ ရှက်ခဲ့ကြောက်ခဲ့မိတဲ့ အဖြစ်အပျက်လေးတွေကို ပြန်တွေးမိပြီး မလုံမလဲ ဖြစ်နေမိပါတယ်။


Read more...

.............3


လေးကျွန်း တစ်မြင်းမိုရ် ပိုင်ပါတယ်။ ဘယ်လူသားမှ ဆန့်ကျင်ဘက်အဖြစ် မရပ်တည်နိုင်ပါဘူး။ ဒါလောက် ဘုန်းတန်ခိုးအာနုဘော် ကြီးပါတယ်။ စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကဟာ နတ်ပြည်ကြီးအတိုင်းပါပဲ။ လုံးဝအေးချမ်းသာယာပါတယ်။ ရတနာမျိုးစုံ ပေါများကြွယ်ဝ သလို အစာရေစာ ဆိုတာလည်း ပြောစရာမလိုအောင် ပြည့်စုံပါတယ်။ စကြာရတနာ ကြီးရဲ့ တန်ခိုးနဲ့ တစ်ဆယ့်နှစ်ယူဇနာ အ၀န်းအ၀ိုင်းလောက်ရှိတဲ့ လူအုပ်ကြီးတွေတောင် ကောင်းကင်ပျံတက်၍ လေးကျွန်းတစ်မြင်းမိုရ် လှည့်ပတ်သွားလာ နိုင်ပါတယ်။ လူ့လောက ကြီးရဲ့ အသာယာဆုံး အကောင်းဆုံး ခေတ်ဆိုတာ စကြာမင်းကြီးတွေရဲ့ ခေတ်ပါ။ ဆင်းရဲသား ဆိုတာလည်း (လုံးဝ)၂ မရှိပါဘူး။ ဆင်းရဲနိုင်တဲ့ ကံပါလာတဲ့ သူတွေတောင် အကောင်းဆုံး ခေတ်ကာလ ဆိုတဲ့ စကြာမင်း ခေတ်ကာလက တားမြစ်လိုက်တဲ့ အတွက်ကြောင့် အဲဒီ အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်သွားလို့ လုံးဝ အကျိုးမပေး နိုင်တော့ပါဘူး။ ဆင်းရဲမွဲတေ နိုင်တဲ့ ကံ ကို တောင် တားမြစ်နိုင်တဲ့ ခေတ်ကြီးဖြစ်ပါတယ်။ အဲဒီလောက်ကို ပြည့်စုံပါတယ်။
စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကရဲ့ အမြင့်ဆုံး ခေတ်ကြီးဖြစ်ပါတယ်။
ပြောကြပါစို့ရဲ့။
စောစောက ပြောခဲ့တဲ့ ခုနစ်ဆက်မြောက် စကြာမင်းကြီးဟာ အသက်ကြီးလာတော့ သားကြီးရတနာကို နန်းလွှဲပြီး တောထွက်ရသေ့ ၀တ်လို့ ခုနစ်ရက်မြောက်တဲ့ နေ့မှာ ထုံးစံအတိုင်း စကြာရတနာကြီး ကွယ်ပျောက်သွားပါတယ်။ ဒီလို စကြာရတနာကြီး ကွယ်ပျောက်သွားတဲ့ အခါမျိုးမှာ သူ့ဖခင်ကြီးနှင့် တကွ အဘိုးအဘေး တို့လုပ်ခဲ့ကြပုံက ဖခင်ရသေ့ကြီးဆီ သွားပြီးတော့ စကြာရတနာကြီး ကွယ်ပျောက်သွားကြောင်း ဘယ်လို လုပ်သင့်ကြောင်း မေးမြန်းလျှောက်ထားလေ့ ရှိကြပါတယ်။
စကြာမင်းလုပ်ခဲ့တဲ့ ဖခင်ရသေ့ကြီးကလည်း `` ငါ့သား စကြာ ရတနာ ဆိုတာ အဖေ အမွေ ပေးလို့ရတဲ့ ပစ္စည်း မျိုး မဟုတ်ဘူး။ စကြာမင်း ဖြစ်နိုင်လောက်တဲ့ ဘုန်းကံ ပါရမီ ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို ကျင့်မယ်ဆိုလျှင် စကြာရတနာ ကြီး ဆိုက်ရောက်လာမှာ အမှန်ပဲ။ ငါ့သားလည်း စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ ပါရမီ ပါပြီးဖြစ်တယ်။ စကြာမင်း ကျင့်ဝတ်တွေကိုသာ ပြည့်ပြည့်စုံစုံ ကျင့်ပါ ´´ လို့ နှစ်လည်း နှစ်သိမ့်၊ တိုက်လည်း တိုက်တွန်းပြီး စကြာမင်း ကျင့်ဝတ်တွေ ဘယ်လိုပြုကျင့်ရမည်ဆိုတာ မိမိအတွေ့အကြုံ အဖ အဘိုးအဘေး တို့ အတွေ့အကြုံ တွေ ပေါင်းစပ်ပြီးတော့ သင်ပြ ပေးလိုက်သတဲ့။
ဒီလိုနဲ့ စကြာမင်း ကျင့်ဝတ်တွေ ပြည့်ပြည့်စုံစုံ ကျင့်လိုက်တော့ စကြာရတနာ ဆိုက်ရောက်လာပြီး စကြာမင်း ဖြစ်ရပြန်တယ်။ ဒါက သူ့အဖေ သူ့အဘိုး သူ့အဘေး တို့ အဆက်ဆက် လုပ်ခဲ့ကြပုံပေါ့။
ဒီနောက်ဆုံး စကြာမင်း ကြီးရဲ့ သားကြီးရတနာ ကတော့ ဒီလိုမဟုတ်ဘူး။ သူလွှဲမှားစွာ လုပ်ခဲ့မိပုံက ဒီလိုပါ။
စကြာရတနာ ကြီး ကွယ်ပျောက်သွားတဲ့အခါ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထား တိုင်ပင်မှု မပြုဘဲ မှူးမတ်တွေကို သာ ညီလာခံ ခေါ်ပြီးတော့ တိုင်ပင်တယ်။ မှူးမတ်တွေကလည်း ကိုယ်တိုင် စကြာမင်း လုပ်ခဲ့တဲ့ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက် အကြံဥာဏ် တောင်းဖို့ မတိုက်တွန်းကြဘူး။ မိမိ တို့ သိသမျှ တွေကိုသာ တင်ပြခဲ့ကြတယ်။
သူတို့တင်ပြပုံက အရှင်မင်းကြီး စကြာရတနာ ဆိုတာ မိဘ အမွေပေးလို့ ရတဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး။ စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ လည်း ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို လည်း ကျင့်မည် ဆိုပါလျှင် စကြာရတနာ ဆိုက်လာနိုင်ပါတယ်။
ဒီအခါမှာ ဘယ်လိုကျင့်ရမှာလဲ လို့ သားတော်ကြီး ဘုရင်က မေးတော့ ဆင်းရဲသား ပပျောက်ရေး ကျင့်ဝတ်မှ တစ်ပါး ကျန်ကိုးပါးကို အသေအချာ ပြောပြနိုင်ကြပါတယ်။ တစ်ပါး လိုနေတယ် ဆိုပါတော့၊ စကြာမင်း ကျင့်ဝတ်က (၁၀) ပါးရှိတာကိုး။
ဒီလိုနှင့် သားတော်ကြီး ဘုရင်ကလေးလည်း မှူးမတ်တွေ တင်ပြတဲ့ စကြာမင်း ကျင့်ဝတ်တွေ ကျင့်လိုက်တာ တစ်ပါးလိုနေတော့ မပြည့်စုံပါဘူး။ ဒီတော့ စကြာ ရတနာ လည်း မဆိုက်ရောက်လာသလို စကြာမင်းကြီးလည်း မဖြစ်လိုက်ရရှာပါဘူး။ စကြာမင်း မျိုးဆက်လည်း ပြတ်ကရော့ ဆိုပါတော့။
ဒီနေရာမှာ ဘုန်းကြီး စဉ်းစားမိတာလေး ထည့်ပြောကြရအောင်၊ ဒီဘုရင်လေးနှင့် သူ့ပညာရှိ မှူးမတ်များက ဘာကြောင့် ဆင်းရဲသား ပပျောက်ရေး ကို ချန်လှပ်ထားခဲ့ကြတာလဲ ?
လွယ်လွယ်ပြောရရင် တော့ မလိုအပ်ဘူး ထင်လို့ နေမှာ ပေါ့ ဟုတ်တယ်လေ သူတို့ခေတ်မှာ ဆင်းရဲသားမှ မရှိဘဲ။ သူ့အဖေ သူ့အဘိုး သူ့အဘေး သူတို့ ဘိုးစဉ် ဘောင်ဆက် လက်ထက် အဆက်ဆက်မှာ ဆင်းရဲသားမှ မရှိဘဲ။ ဆင်းရဲသားမရှိတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ကိုလည်း မလိုအပ်ဘူးလို့ ထင်ကြမှာပေါ့။ မသိတာထက် အလေးမထားတာ က ပိုပြီး ဖြစ်နိုင်လောက်မယ် ထင်ပါတယ်။
ဒီတင်မှ သူ့တိုင်းပြည်မှာ ဆင်းရဲသား ပေါ်လာတယ် (ခဏနှင့်တော့ မဟုတ်ဘူး ကြာလာတော့ပေါ့) တစ်စ တစ်စ ဆင်းရဲသားတွေ များလာတယ်။ အဲဒီ ထဲမှာ ဆင်းရဲသား တစ်ယောက်က ထဖောက်လာတယ်။ ဒီ့အရင်က လုံးဝ မပေါ်ခဲ့ဘူးတဲ့ လုံးဝ မလုပ်ခဲ့ကြဘူးတဲ့ သူတစ်ပါး ပစ္စည်း မသိအောင် ခိုးယူမှု ဆိုတာ ထလုပ်လိုက်တယ်။ ပထမဦးဆုံး ခိုးမှု ပေါ်လာတယ် ဆိုပါတော့။ (တက်ကပ်တစ်ခု နှင့် ဆုတ်ကပ် တစ်ခု အတွင်းမှာ ပထမ ဆုံးပေါ်လာတဲ့ ခိုးမှု ဖြစ်တယ်)။
ဒီတော့ သိရှိကြသူတွေအားလုံးဟာ အထိတ်အလန့် ဖြစ်ကုန်ပြီး ထူးထူးဆန်းဆန်း မဖြစ်ပေါ်ဘူးသေးတဲ့ အမှု ကိစ္စမို့ ဘုရင့်ဆီ ခေါ်သွားပြီးတော့ တင်ပြ တိုင်တန်းကြတာပေါ့။ ဘုရင်ကလေးက အမှု ကို စစ်ဆေးမေးမြန်းတယ်။ မောင်မင်း ခိုးတာ မှန်သလား၊ မှန်ပါတယ် (အဲဒီတုန်းက ဘယ်သူမှ လိမ်မပြောကြဖူးသေးဘူးတဲ့။) ဘာကြောင့် ခိုးရသလဲ။ ကျွန်တော်မျိုးကြီးစားသုံးစရာ မရှိလို့ သား မယား ကျွေးမွေးစရာ မရှိလို့ မိအို ဘအိုတွေ မပြုစု မလုပ်ကျွေးနိုင်တော့လို့ သူတစ်ပါး ပစ္စည်း ယူရတာပါလို့ သနားစရာကောင်းလောက်အောင် လျှောက်တင်လိုက်တယ်။ ဒီတော့ ဘုရင်ကလေးက သနားသွားပုံ ပေါက်ပါတယ်။ နောက် ဘယ်တော့မှ မခိုးနှင့် စားသုံးစရာ မရှိလျှင် ငါ့ဆီ လာယူ။ ရော့ ယူသွား ဒီပစ္စည်းတွေနှင့် ၀၀လင်လင် စားသုံးပြီး သားမယား ကိုလည်း ကျွေး၊ မိဘ ကိုလည်း ပြုစု လို့ ပြောဆိုပြီး ပစ္စည်းတွေ ပေးလိုက်သတဲ့။
ပိုဆိုးသွားတာပေါ့။ သူပေးပုံက သူခိုး ``အားပေး´´ ဖြစ်သွားတယ်လေ။ ဆင်းရဲသားက လည်း တစ်ယောက်ထဲမှ မဟုတ်တာဘဲ အတော်ကလေးများနေပြီကိုး။ ဒီတော့ ဘုရင်လေးက ခိုးတဲ့သူ ပစ္စည်းပေး လွှတ်သတဲ့ ဆိုပြီး ခိုးတာမှ တမင် မိအောင်ကို ခိုးကြတာ။ ဒါမှ ဘုရင်ကလေးဆီ ဖမ်းပို့ မှာကိုး။ ဒီလိုနှင့် ခိုးလို့ ဘုရင်ကလေးဆီ ဖမ်းပို့တိုင်း နောက် (မခိုးနှင့်)၂ လို့ ပစ္စည်းတွေ ပေးပေးလွှတ်နေရတာ များလွန်းလာတော့ ဘုရင်ကလေး စိတ်ပျက်လာဟန် တူပါတယ်။ တယ် ဒီကောင်တွေ မခိုးနှင့် ပြောရက်သားနှင့် ပိုဆိုးလာတယ်။ နောက်ခိုးတဲ့ကောင် ခေါင်းဖြတ်လို့ အမိန့်ချ လိုက်တယ်။ ပထမ အဒိန္နာ ဒါန ကနေ ပါဏာတိပါတ ကူးလာတာပါပဲ။ အဲဒီတုန်းက သူ့အသက်သတ်ခြင်း ဆိုတာ လုံးဝ မရှိသေးဘူးတဲ့။ အဲဒီနောက်တော့ ခိုးတာမိလို့ ဖမ်းပို့လျှင် မောင်မင်း ခိုးသလား လို့ မေးလျှင် မခိုးဘူးလို့ လိမ်ပြောတယ်။ သေမှာ ကြောက်တာကိုး။ ဒီတင် ပါဏာတိပါတ ကံက ဆက်ပြီး မုသာဝါဒ ကူးလာပြန်တယ်။ အဲဒီနောက်တော့ ဒုစရိုက်တွေ တစ်ခုပြီး တစ်ခု တိုးလာလိုက်တာ နောက်တော့ ကိုယ်တွင်း သြဇာတွေညံ့၊ ပတ်ဝန်းကျင် မြေဆီ မြေလွှာတွေညံ့၊ အစားအသောက် အသီးအနှံတွေ အဆီ သြဇာ ဓာတ်နည်း၊ ကိုယ်တွင်း သြဇာဓာတ်ညံ့တာတွေ ပေါင်းမိပြီး ပိုဆိုး၊ ရောဂါတွေ အမျိုးမျိုးတိုးပြီး အသက်တွေတိုကြ၊ သက်တမ်းတွေ ဆုတ်လာ လိုက်ကြတာ ယခုတိုင်အောင်ပဲ ဆိုပါတော့။
ဒါဟာ စက္က၀တ္တိ သုတ္တန်မှာ မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ လူ့လောကကြီးရဲ့ ဖြစ်ရပ်မှန် သမိုင်း ဖြစ်စဉ်ပါပဲ။

Read more...

ဆိုဖာပေါ်မှာအိပ်ခြင်းသည် ဥပုသ်ကျိုး၊ မကျိုး…

Q. အရှင်ဘုရား
အရင်က တပည့်တော် ၈ ပါးသီလစောင့်ရင် ကြမ်းပေါ်မှာပဲ အိပ်ပါတယ်။ အခု လက်ရှိ နေတဲ့အိမ်မှာ အပျင်းထူပြီး အိပ်ခါနီး အိပ်ရာ မခင်းချင်တာနဲ့ အသင့်ရှိနေတဲ့ ဆိုဖာပေါ် တက်အိပ်ပါတယ်။ ဆိုဖာ ဝယ်တုန်းကလဲ ဥပုသ်စောင့်တဲ့အခါ ထိုင်လို့နေလို့ရအောင် သားရေဆိုဖာမဝယ်၊ မွှေးပွဆိုဖာ မဝယ်ပဲ ရိုးရိုးဆိုဖာထဲက အခင်း သိပ်မနူးညံ့ မပျော့ပျောင်းတာကို ရွေးဝယ်ပါတယ်။ ဒါပေမယ့် ဆိုဖာက ဆိုဖာပဲဆိုတော့ ကြမ်းပြင်ထက်တော့ နူးညံ့နေပါတယ်။ တပည့်တော် အိပ်ရတာ ဇိမ်ရှိလိုက်တာ ဆိုတာမျိုးလဲ မဖြစ်မိပါဘူး။ ရေရှည်မှာ ခါးနာမှာစိုးလို့ ရိုးရိုးခုံတို့ ကွပ်ပျစ်တို့လို အခင်းမာမာကို ပိုကြိုက်ပါတယ်။ အိမ်ခန်းမှာ အဲဒါတွေ မရှိလို့ အိပ်ခါနီး အခင်းတွေ ဘာတွေ ထခင်းစရာ မလိုတဲ့ ဆိုဖာပေါ် အလွယ်အိပ်တာပါ။ ဥပုသ်ကျိုးပါသလားဘုရား။
ဝင်းမောင်

A. ဒီနေရာမှာ ဥပုသ်ကျိုး မကျိုးသိချင်တဲ့ မေးခွန်းရှင်အမေးအရ ဥစ္စာသယန၊ မဟာသယန သီလသိက္ခာပုဒ်ကို ရည်ရွယ်တယ်လို့ ထင်ပါတယ်။ ဒီသိက္ခာပုဒ်မှာပါတဲ့ ဥစ္စာသယနအရ မြင့်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းကို ယူရပါမယ်။ မြင့်သောနေရာဆိုတာ အခြေတစ်တောင့်ထွာထက်ရှည်သော အိပ်ရာခုတင် ကုလားထိုင်ကြီးများကို ဆိုပါတယ်။ မြင့်သောနေရာဆိုလို့ လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်မှာ မနေကောင်းဆိုတဲ့ အမြင့်မျိုးမဟုတ်ပါ။ မဟာသယနအရကိုလည်း မြတ်သောနေရာ၌ အိပ်စက်၊ နေထိုင်ခြင်းကို ဆိုပါတယ်။ မြတ်သောနေရာဆိုတာ စည်းစိမ်အားလျော်စွာ ခံစား၊ စံစားလေ့ရှိကြတဲ့ စည်းစိမ်ရှင်ကြီးများ အိမ်မှာရှိတဲ့ လက်လေးသစ်အထက် ရှည်သောအမွေးရှိတဲ့ သားမွေးအခင်း၊ ခြင်္သေ့၊သစ် ကျားစတဲ့ အရုပ်များနဲ့ ခမ်းနာဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်ထားတဲ့ ပိုးအခင်း၊ လဲဝါဂွမ်းများသွတ်ထားတဲ့ မွေ့ရာမျိုးကို ဆိုပါတယ်။ ဒီလိုအခင်းမွေ့ရာမျိုးကို ယခုကာလ ဥပုသ်သည်များ အသုံးပြုနေခြင်းဟာ မသင့်တော်ကြောင်း၊ သို့သော် အုန်းဆံသွတ်မွေ့ရာ အ၀တ်အဆာပိုးချည် အဆာပါသော မွေ့ရာကိုကား သုံးကောင်းကြောင်း ဆရာတော် အရှင်ဇနကာဘိဝံသမှ ဖွင့်ဆိုပါတယ်။ အထက်ပါ နေရာမျိုး၊ အခင်းမျိုးကိုသာ မြတ်သောနေရာလို့ဆိုနိုင်ပြီး သင်ဖြူးချောချော၊ ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့ရဲ့ နေရာစသည်များကို ဒီသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုထိုက်ကြောင်းလည်း မိန့်တော်မူပါတယ်။ဒါကြောင့် ဒီအဖွင့်များကို သေချာနားလည် သဘောက်ပေါက်အောင် မှတ်သားပြီး ကိုယ်အသုံးပြုနေမှုများသည် သင့်မသင့် ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်ပါတယ်။

ဆရာတော် အရှင်ဇနကာဘိဝံသ ဖွင့်ဆိုမှာကြားချက်အရ ပြောရရင် ဥပုသ်စောင့်တဲ့အခါ ရိုးရိုးငါးပါးသီလထက် အပိုယူကာ ကာမေသုမိစ္ဆာစာရအစား အဗြဟ္မာစရိယကို ဆောက်တည်ပြီး ၀ိကာလဘောဇန၊ နစ္စဂီတ၊ ဥစ္စာသယန သိက္ခာပုဒ်များကို ဆောက်တည်ခြင်းဖြစ်ကြောင်း၊ ဒီလေးပါးလုံးကို ခြုံ၍စဉ်းစားလျှင် တဏှာကိလေသာ အကုသိုလ်စိတ်များ မဖြစ်အောင်ကြိုးစားခြင်း ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ခမ်းနားသော အိပ်ရာနေရာ၌ အိပ်စက်နေထိုင်ခြင်း၊ ဖြီးလိမ်းပန်ဆင်ခြင်း၊ ကပြသီဆိုတီးမှုတ်ခြင်း၊ ညစာထမင်းစားခြင်းတို့သည် ကိလေသာ တဏှာလောဘစိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုကိလေသာများကို တားမြစ်ပိတ်ဆို့နိုင်ရန်အတွက် ဒီအပိုသိက္ခာပုဒ်များကို စောင့်ထိမ်းစေခြင်းဖြစ်ကြေင်း နားလည်သဘောပေါက်နိုင်ပါတယ်။ အဓိကကတော့ တစ်စုံတစ်ခု တစ်စုံတစ်ရာကို အမှီပြုပြီး ကိလေသာတဏှာ မဖြစ်စေဖို့ပါ။ အကောင်းဆုံးကတော့ အထက်ပါ အဖွင့်များနဲ့လည်းညီစေ၊ မိမိကိုယ်ကိုညှင်းဆဲမှုလည်း မဖြစ်စေဘဲ ကိလေသာတဏှာ နည်းနိုင်သည့် အိပ်ရာနေရာများကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါကြောင်း… အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်လာ ဥစ္စာသယန၊ မဟာသယနသီလ အဖွင့်ကို ကိုးကားဖြေကြားပေးထားပါသည်။


Read more...

ရေးဖို့ စိတ်ကူးတာက ပဋိသန္ဓေနေခြင်း ...

ရေးဖို့ စိတ်ကူးကောင်းမိတာက ပဋိသန္ဓေနေခြင်း (မွေးဖွားခြင်း)... ခုရေးဖို့ ကြုံလာတာက ရှင်သန်ထမြောက်ခြင်း...
မမျှော်လင့်တာတွေ ဖြစ်တတ်ပါတယ်လေ...

23 Apr 09, 12:28
တိုးလေး: အရှင်ဘုရားတပြည့်တော်ကတော့ ခရစ်ယာန်အသိုင်အ၀ိုင်းမှာ နေထိုင်နေရသူ ဖြစ်ပါတယ်ဘုရား အမျိုးမျိုးသိမ်းသွင်းခြင်းကိုလဲ ခံနေရသူဖြစ်ပါတယ်၊ ဒါပေမဲ့ တပည့်တော်မကတော့ ဗုဒ္ဓဘာသာကိုသာ အသံစွဲနေသူမို့ ဘယ်လိုမှကိုသိမ်းသွင်းလို့ မရတဲ့အပြင် အသက်ကိုသာပေးမဲ့သူသာဖြစ်ပါတယ်ဘုရား နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်သူမို့လည်း ဗုဒ္ဓရဲ့စာပေတွေ ရှာဖို့ခက်ခဲပါတယ်ဘုရား အခုတပည့်တော်မ သိချင်တာက သူတို့ဘုရားသာလျှင် သေလွန်ပြီးသော် ၃ရက်မြောက်သောနေ့တွင် ရှင်သန်ထမြောက်တယ်လို့ ငြင်းကြပါတယ်ဘုရား တပြည့်တော်ကလဲ တပြည့်တော်တို့ဘုရားဟာလဲ အသက်ရှင်သော ၃ရက်မြောက်သောနေ့တွင် ပြန်လည်ရှင်သန်သော ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား ဒါကြောင့်တပြည့်တော်မကို အရှင်ဘုရားအသိညာဏ် ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား ဒါကြောင့် တပြည့်တော်မကို အရှင်ဘုရားအသိညာဏ် အရှင်ဘုရားရဲ့စာကို တပြည့်တော် မျှော်နေပါ့မယ်ဘုရား ရိုသေနှိမ့်ချခြင်းများစွာဖြင့် တကာမတိုးလေး။

ဒီစာလေးဖတ်ပြီး
အိုး... မိုင်... လောက...
ဒီလိုလေးသာ ဆိုလိုက်ချင်ပါတော့တယ် ဒကာမကြီး...

သူတို့တတွေ သာသနာပြုတာ သိပ်တော်တာ၊ ဒကာမကြီးမို့ ဒီလောက်တောင့်ခံနိုင်တာ။ ဘုန်းကြီးထံတောင် သူတို့ကလာပြီး ခရစ်ယာန်ဘာသာ လာဟောသေးတာ သိလား။ ငါမင်းတို့ပြောတာတွေ နားမလည်ဘူးဆိုပြီး တောပြောတောင်ပြော ပြောတာတောင် ပြီးမသွားသေး ဇွဲကောင်းကြပေတယ်။ စာအုပ်လေးထုတ်လာတယ် myanmar-burma ဆိုတာလေးရှာပြီး စာမျက်နှာထောက်ပြတယ် ပြီးဖတ်ခိုင်းတယ်။ အဲဒီလောက် စိတ်ရှည်တဲ့ သူတို့ကို ချီးကျူးဂုဏ်ပြုပါတယ်။ ဂုဏ်ပြုသောအားဖြင့်လဲ ရအောင် အမြတ်ထုတ်ပါတယ်၊ သူတို့လို ငါစိတ်ရှည်ရမယ်လို့။ (သတိထား ဘုန်းကြီးက အမြတ်ထုတ်တတ်ပါတယ်)

((တပြည့်တော်ကလဲ တပြည့်တော်တို့ဘုရားဟာလဲ အသက်ရှင်သော ၃ရက်မြောက်သောနေ့တွင် ပြန်လည်ရှင်သန်သော ဘုရားဖြစ်ကြောင်းကို သက်သေနှင့်တကွ ပြန်ရှင်းချင်လှပါတယ်ဘုရား)) ဒကာမကြီးက ဗုဒ္ဓအဆုံးအမရဲ့ ဘာကိုဘယ်လို အဓိပ္ပါယ်ကောက်လို့ ရှင်သန်ချင်သလဲတော့ မသိပါ။ နားမလည်ပါ။

ဘုန်းကြီးရဲ့ ရှင်သန်မှုကိုတော့ ဘုန်းကြီးပြောပါ့မယ်...

အယူမတူရင် အပြစ်တင်တတ်ကြပါသလား...
လောကကြီး ဒါ့ကြောင့် ငြင်းခုံနေကြပါတယ်...
သတ္တ၀ါတွေ ငြင်းခုံနေကြရပါတယ်... ဒီလိုပဲ သုံးပါ့မယ်။

ဘုန်းကြီးက ငြင်းခုံနေတာကိုတော့ မလုပ်ပါ၊ သိသလောက်ကလေး ရှင်းပြ ပြောပြတာလောက်တော့ လုပ်ပါ့မယ်။ ဒါလဲ လက္ခံ သဘောတူလောက်သူများကိုသာပါ...။

ဦးလောကအတွက် ...
အမြဲရှင်သန်နေသော ဂေါတမဗုဒ္ဓ...
ယခုအချိန်ထိ မြတ်စွာဘုရားအပေါ် ပရိနိဗ္ဗာန်စံ(သေဆုံး)ပြီဟု စိတ်ထဲမှာ မယူနိုင်သေးပါ...
ဒါ့ကြောင့် ရှင်သန်ဆဲပါ...

ချစ်သားအာနန္ဒာ ငါ့အဆုံးအမ ဓမ္မ တရားတော်တွေ တည်နေသ၍ သင်တို့ဆရာငါဘုရား ရှိနေသေးတယ်တဲ့...။

ခုဘုန်းကြီးမှာ မြတ်ဗုဒ္ဓရဲ့တရားတော်တွေ တည်နေပါတယ်၊ ဒီအကြောင်းကိုဆို၍ ကျွန်ုပ်အတွက် ရှင်သန်နေဆဲပါ... တရားတော်များ များများလေ့လာလေ များများတည်လေ ယုံကြည်လေပါဘဲ...။ ကျွန်ုပ်အတွက် မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံသေးပါ...။

ဒါ့ကြောင့် အမြဲရှင်သန်နေပါတယ်...
ဓမ္မ မရှိသူ၊ ဓမ္မ-တရား မရှိသူတွေဟာ သေသူတွေသာဖြစ်ပါတယ်။ အသက်ရှင်လျှက် သေနေသူသာတဲ့...။ သင်တို့မှာ ဓမ္မရှိပါသလား တရားရှိပါသလား ရှိခဲ့ရင် သင်တို့တတွေလည်း ရှင်သန်နေသူများသာ ဖြစ်ကြပါတယ်။ ဓမ္မကိုတော့ ကုသလကမ္မပထ တရား ၁၀-ပါးနဲ့ပဲ ချိန်ထိုးကြည့်လိုက်ပါ..။

ဒကာမကြီး မိမိကိုယ်ကိုမိမိ ဗုဒ္ဓသာသနာဝင်မှ တခြားဘာသာသို့ ပြောင်းမသွားလိုပါရင် ဗုဒ္ဓရဲ့ အဆုံးအမတွေကို သေချာလေ့လာရပါမယ်၊ တရားခွေတွေနာကြား တရားစာတွေဖတ် မရှင်းတာလေးတွေ၊ တစ်ကြိမ် မဟုတ်ဖူးနော် ထပ်ခါထပ်ခါမေး ဒီလိုလုပ်ပါများမှ တရားအသိဉာဏ်လေးတွေ တိုးတက်လာမှာပါ၊ အွန်လိုင်းမှာ ဆရာတော်တွေ အများကြီးဖြစ်လာပါပြီ၊ ဆရာတော်များထံမှာလည်း မေးမြန်းနိုင်ပါတယ်။ မေးသည့် အခါမှာတော့။ ဘာသာရေး ပြဿနာဖြစ်မဲ့မေးခွန်းတွေ သတိထားကြရပါမယ်။ ပါခဲ့ရင်တော့ ရှောင်ပြီး ဖြေကြလိမ့်မယ် ထင်ပါတယ်၊ ဘာကြောင့်လဲ မြတ်ဗုဒ္ဓကိုယ်တိုင် လောကကြီးကို မငြင်းခုံပါဘူးတဲ့ လောကကြီးကသာ ငါ့ကို ငြင်းခုံနေပါတယ်တဲ့ ဒကာမကြီး...။



သူတော်ကောင်းတရားများကို လွယ်ကူစွာ သိမြင်နိုင်ပါစေ...။
မိမိကိုယ်ကိုမိမိ ကာကွယ်နိုင်ပါစေ...။

ဦးလောကနာထ
၎.၂၃.၂၀၀၉

Read more...

ပန်း... လောကကသာ ငါနှင့် ငြင်းခုံ၏...

ပုပ္ဖသုတ် - ပန်း

သာဝတ္ထိနိဒါန်း။
ရဟန်းတို့ ငါသည် လောကနှင့် မငြင်းခုံ၊ လောကကသာ ငါနှင့် ငြင်းခုံ၏။
ရဟန်းတို့ တရားအတိုင်း ပြောတတ်သူသည် လောက၌ တစ်စုံတစ်ယောက်နှင့်မျှ မငြင်းခုံ၊

ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆို၏၊

ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင် ဆို၏။

ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့ သော ဖောက်ပြန်ခြင်း သဘောမရှိသောရုပ်ကို လောက၌ မရှိဟု ပညာရှိ တို့ သမုတ်အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း ''မရှိ'' ဟုပင်ဆို၏။

ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက် ပြန်ခြင်း သဘောမရှိသော ဝိညာဏ်ကို လောက၌ မရှိဟု ပညာရှိတို့ သမုတ် အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆို၏။ ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါကလည်း ''မရှိ'' ဟုပင်ဆိုသော အရာကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း ''ရှိ၏'' ဟု ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်း သဘောရှိသော ရုပ်မျိုးကို လောက၌ ရှိ၏ ဟု ပညာရှိတို့ သမုတ် အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင်ဆို၏။ မမြဲသော ဝေဒနာ။ပ။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်း သဘောရှိသော ဝိညာဏ်ကို လောက၌ ရှိ၏ဟု ပညာရှိတို့ သမုတ်အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင် ဆို ၏၊ ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း ''ရှိ၏'' ဟု ဆိုသော အရာကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပျက်စီးတတ်သော တရားဟူ၍ ရှိ၏၊ ထိုတရားကို ငါဘုရား သည် ကိုယ်တိုင်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိပြီးလျှင် ထိုးထွင်း၍ သိပြီး လျှင် ထိုတရားကို ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြောအပ် ဟောအပ် ပညတ်အပ် တည်ထားအပ် ဖွင့်ပြအပ် ဝေဖန်အပ် ပေါ်လွင်အောင် ပြုအပ်သော လောက၌ ပျက်စီးတတ်သော တရားဟူသည် အဘယ်နည်း၊ ရဟန်း တို့ ရုပ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရား သည် ကိုယ်တိုင်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ ငါဘုရားက ပြောသော်လည်း ဟော သော်လည်း ပညတ်သော်လည်း တည်ထားသော်လည်း ဖွင့်ပြသော်လည်း ဝေဖန် သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်, ဉာဏ်မျက်စိ မပါသည်ဖြစ်၍ မသိမမြင်သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ ပြုနိုင်မည်နည်း။

ရဟန်းတို့ ဝေဒနာသည် လောက၌ ပျက်စီးတတ်သော တရားတည်း။ပ။ သညာ သည်။ သင်္ခါရတို့သည်။ ရဟန်းတို့ ဝိညာဏ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရားသည် ကိုယ်တိုင် သိ၏၊ ထိုထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ ငါဘုရားက ပြောသော်လည်း ဟောသော်လည်း ပညတ်သော်လည်း တည်ထား သော်လည်း ဖွင့်ပြသော်လည်း ဝေဖန်သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်, ဉာဏ်မျက်စိ မပါသည် ဖြစ်၍ မသိမမြင်သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ ပြုနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား ကြာညိုဖြစ်စေ၊ ကြာပဒုမ္မာဖြစ်စေ၊ ကြာပုဏ္ဍရိက် ဖြစ်စေ ရေ၌ ပေါက်၏၊ ရေ၌ ကြီးပွါး၏၊ ရေမှ တက်၍ တည်၏၊ ရေနှင့် မလိမ်းကျံ။ ရဟန်းတို့ ဤအတူ မြတ်စွာဘုရားသည် လောက၌ ဖြစ်၏၊ လောက၌ ကြီးပွါး၏၊ လောကကို လွှမ်းမိုး၍ နေ၏၊ လောကနှင့် မလိမ်းကျံဟု (ဟောတော်မူ၏)။

၂ - ပုပ္ဖသုတ်၊ ပုပ္ဖ၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

လှပါတယ်မေရယ်... (ဦးသုမင်္ဂလ) vcd

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

လှပါတယ်မေရယ်...


Read more...

ကဆုကဘုရားကျောင်းတော်... (မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း-)

မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း- ၆-မှ...

ဂျပန်နိုင်ငံ... နာရာမြို့မှ ကျော်ကြားသော ကဆုကဘုရားကျောင်းတော်...



ကဆုကကျောင်းတော်မှ ရဟန်းတော်များ သီလရှင်များ...



ကဆုကကျောင်းတော် အတွင်းပြတိုက်...



Read more...

အဖန်ငါးရာ ငါးကမ္ဘာ... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...

၁... အဖန်ငါးရာ ငါးကမ္ဘာ...
၂... မြင်းမိုရ်တောင်...
၃... ဘုရားလက်ထက် သင်္ကြန်ပွဲ...


















Read more...

Awakening Presence(Nuns' Community in USA)

Awakening Presence Awakening Presence thitsaralin American Nuns' Community



Read more...

ကိုယ်တွင်းတိုက်ပွဲ အောင်နိုင်သူ

သာဝတ္ထိမြို့တော်မှ ပုဏ္ဏားလင်မယားနှစ်ယောက်သည် အလွန်ဆင်းရဲ၏။ ခါးဝတ်ပုဆိုး တထည်စီသာရှိပြီး အပေါ်ရုံပုဆိုးကား တထည်သာရှိသည်။ အပြင်သွားရန်ရှိလျှင် တလှည့်စီ ၀တ်ရုံပြီး သွးရ၏။ ဇေတ၀န်ကျောင်းတော်သို့ တရားနာ သွားချင်ရာ ပုဏ္ဏေးမက နေ့ခင်းတွင်သွား၍ ပုဏ္ဏားက ညအချိန်ကျမှ သွားနိုင်၏။ တညသောအခါ ပုဏ္ဏားသည် တရားနာယူရင်း စေတနာပေါက်လာ၍ တထည်တည်းသော အပေါ်ရုံပုဆိုးကို လှူရန် ကြံ၏။ သို့သော် အမျိုးမျိုး စဉ်းစားကာ မလှူရက်နိုင် ဖြစ်လာသည်။ ညဥ့်ဦးယံ ကျော်ခဲ့၏။

ဆက်လက် တရားနာယူရင်း လှူချင်စိတ် ပေါ်လာပြန်၏။ သို့သော် မလှူဖြစ်။ ချီတုံချတုံနှင့်ပင် သန်းခေါင်းကျော် ရောက်လာ၏။
သို့နှင့် ပစ္ဆိမယံ ရောက်လာရာ ဖြစ်လိုရာ ဖြစ်စေ၊ လှူလိုက်တော့မည်-ဟု ဆုံးဖြတ်ကာ မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ချပြီး လှူဒါန်းလိုက်လေသည်။လှူပြီးသောအခါ အလွန်ကျေနပ် ၀မ်းမြောက်သွားပြီး
ငါ-အောင်ပြီ၊ ငါ-အောင်ပြီ-ဟု အော်လိုက်မိသည်။

ထိုတရားပွဲတွင် ကောသလမင်းကြီးလည်း တရားနာယူလျက်ရှိရာ ပုဏ္ဏားအား အကြောင်းကိုမေးလေသည်။ ပုဏ္ဏားကြီးသည် သူတညခင်းလုံး အတွင်းစိတ် ဖောက်ပြန်နေ၍ လှူရန်တွန့်ဆုတ်နေခဲ့ပါသည်။ ယခုမှ အောင်မြင်သဖြင့် ၀မ်းမြောက်စွာ ကြွေးကြော်မိကြောင်း ပြော၏။ ဘုရင်ကြီးက နှစ်သက်ချီးကျူးပြီး ပုဆိုးတစုံ ဆုချသည်။ ပုဏ္ဏားကြီးက ဘုရားရှင်အား လှူပြန်၏။
ဘုရင်ကြီးက တိုး၍ တိုး၍ ဆုချရာ ပုဏ္ဏားကြီးက ဘုရားရှင်အားချည်း လှူ၏။
နောက်ဆုံး ဆင်လေးစီး၊
မြင်းလေးစီး၊
ကျွန်မ လေးယောက်-စသော လေး ခုနစ်လီ ဆုတော်များ ပေးကမ်း၏။

တရားသဘင်၌ ရဟန်းတော်တို့သည် ပုဏ္ဏားကြီး၏ လက်ငင်းအကျိုးရပုံကို ပြောနေကြ၏။
ဘုရားရှင်က ပုဏ္ဏားသည် အကယ်၍သာ ပထမယံက လှူပါမူ ဤမျှသာမက အကျိုးရမည်။
ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာ၌ စေတနာသန်သန်နှင့် အမြန်ပြုလုပ်သင့်သည်။ နှောင့်နှေး အချိန်ဆွဲနေလျှင် အကျိုးပေးလည်း နည်းတတ်သည်-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
အဘိတ္ထရေထ ကလျာဏေ ၊ ပါပါ စိတ္တံ နိဝါရယေ ။
ဒန္ဓံ ဟိ ကရောတော ပုညံ ၊ ပါပသ္မိံ ရမတီ မနော ။

( မြန်မာပြန် )
ကုသိုလ်ကောင်းမှုကို အလျင်အမြန် ပြုရာ၏။
စိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။
ကောင်းမှုပြုရန် နှေးသောစိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏။

( ဆောင်ပုဒ် )
ကုသိုလ်ကောင်းမှု၊ အမြန်ပြုလော့၊
ညစ်ကျုထိုထို၊ အကုသိုလ်မှ၊ စိတ်ကိုဝေးစွာ၊ တားမြစ်ရာ၏၊
နှေးစွာကုသိုလ်၊ ပြုလုပ်လိုသူ၊ ထိုထိုလူ၏၊ စိတ်မူ အ,ကု၊ မွေ့လျော်ပြု၏။

( ပါပ၀ဂ်-စူဠေကသာဋက ၀တ္ထု )

Read more...

အောင်ခြင်းရှစ်ပါး ဂါထာတော်


အောင်ခြင်းရှစ်ပါး ဂါထာတော်ကို ရွတ်ဖတ်သရဇ္ဈာယ်လျှင် အကုန်လုံး အောင်မြင်နိုင်သည်။ ဒါကြောင့် သူ့ကို သိဒ္ဓိရှင်-ဟု ခေါ်သည်။
အောင်ခြင်းရှစ်ပါးကို ဗုဒ္ဓဘာသာဝင်တိုင်း သိနားလည်ပြီး ဖြစ်မည်။ အောင်ခြင်းရှစ်ပါးဇာစ်မြစ် အခြေအနေကို လေ့လာကြည့်လျှင် လူမှုရေး ထိုးနှက်ချက်များ ပါဝင်နေသည်။ မလိုတမာ ဣဿာ မစ္ဆေရများ ပါဝင်နေသည်ကို တွေ့ရမည်။
မာရ်နတ်မင်းသည် ဘုရားရှင်အား သုံးလောက၏ ညွှတ်ရုံးဦးခိုက်မည့် အဖြစ်ကို မလိုလား၍ အနှောက်အယှက် ပြုသည်မှာ အထင်အရှား ရှိပါသည်။
နာဠာဂိရိဆင်မင်း၏ ရန်မူခြင်း နောက်ကွယ်မှာ အရှင်ဒေ၀ဒတ်က မလိုတမာ ဣဿာ မစ္ဆေရ ထားသည်မှာလည်း အထင်အရှား ပါရှိသည်။
စိဉ္စမာဏ၏နောက်ကွယ်တွင် တိတ္ထိတို့၏ လူမှုရေး ထိုးနှက်ချက်ကို ပြက်ပြက်ထင်ထင် မြင်သာလှပါသည်။
အာဠာဝက ဘီလူး၊ သစ္စက ပရိဗိုဇ်၊ နန္ဒောပနန္ဒ နဂါးမင်း၊ ဗကဗြဟ္မာတို့မှာမူ ငါသာ အတတ်၊ ငါ အမြတ်-ဟု ငါဇာတ်ခင်း နေကြသူတွေ ဖြစ်ပေသည်။
နှယ်နှယ်ရရ မဟုတ်သော သည်လိုပုဂ္ဂိုလ်မျိုးတွေကို သဗ္ဗညုတဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ မေတ္တာစွမ်းအားဖြင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤသို့သော ရန်ပြုမှုများကို သဗ္ဗညုတဘုရားရှင်သော်မှ တွေ့ရ ကြုံရသေးလျှင် သာမန်ပုဂ္ဂိုလ်ဆိုလျှင် ဆိုဖွယ်၇ာ မရှိတော့ပေ။ ဤတွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး အောင်မြင်ခြင်းကို ပူဇော် သစ္စာပြုခြင်းဖြင့် မိမိတို့လည်း ဘုရားရှင်နည်းတူ အောင်မြင်သော အကျိုးအများကို ထပ်တူခံစားရရှိကြမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင် အောင်မြင်ခဲ့သည့် အောင်ခြင်းရှစ်ပါးကို ဖွဲ့ဆိုထားသော အောက်ဖော်ပြပါ ဂါထာကို ရွတ်ဆိုလျှင် အကုန်လုံး အောင်မြင်နိုင်သည်။

ထို့ပြင် လုပ်ငန်းများ၊ ရာထူးများ၊ တိုးတက်လိုလျှင်၊ အလုပ်အကိုင်တွင် နှောင့်ယှက်သူများ ပေါ်ပေါက်လာလျှင် သူခိုး ဓားပြ အန္တရာယ်နှင့် ကြုံတွေ့ရလျှင်၊ ခရီးသွားလျှင် ဤဂါထာကို ရွတ်ဆိုပါက အခက်အခဲဟူသမျှကို ကျော်လွှားနိုင်ပြီး အောင်မြင်မှုကို ရရှိမည် ဖြစ်ပါသည်။

မြတ်စွာဘုရား၏ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့ကို အာရုံပြု၍ ယုံကြည်စွာ ရွတ်ဆိုပါက အကျိုးထူး ခံစားရမည် ဖြစ်ပါသည်။

( အောင်ခြင်းရှစ်ပါး ဂါထာတော် )
မာရံ ယက္ခံ ဂဇံ စောရံ ၊
စိဉ္စမာဏဉ္စ သစ္စကံ ။
နာဂံ ဗကံ ဇိနော ဇိနိ ၊
ဟောတု မေ ဇယမင်္ဂလံ ။

ဇိနော-အောင်သူတကာတို့၏ အထွတ်၊ တမွတ်ဥသျှောင်၊ ဘုန်းခေါင်းဘုန်းဖျား၊ မြတ်ဘုရားသည်။
မာရဉ္စ-ဂိရိမေခလာ, ဆင်မဟာကို, လျင်စွာတက်စီး, ပလ္လင်နီးဝယ်, လေကြီး မိုးကြီး, ပြာပူမီးနှင့်, မှောင်ကြီး တတန်, ဓားလှံ မကြွင်း, ပစ်ခတ်ခွင်းလျက်, အချင်းသိဒ္ဓတ်, ပလ္လင်မြတ်မှ, အမြန်ထလော့, စိမ်းမြညိုလွင်, ဗောဓိပင်နှင့်, ပလ္လင်တော်ကား, ထင်အရှားပင်, သင်ကားမဆိုင်, ငါသာပိုင်ဟု, စွဲကိုင်လက်နက်, ရဲစစ်မက်ဖြင့်, အောက်ထက်ဝန်းရံ, သောသောညံအောင်, အသံဟစ်ကြွေး, မယဉ်ကျေးသည့်, ရန်ဘေးတသင်း, မာရ်နတ်မင်းကို၎င်း။

ယက္ခဉ္စ-ဓားမိုး လှံမိုး, မီးကျီး မိုးကို, ရွာဖြိုးသွန်ချ, ယမ်းမီးကျသို့, ကောဓပြင်းထန်, ငါ့ဗိမာန်မှ, အမြန်ထွက်သွား, နှင်ရက်အားသည့်, တရားကင်းကွာ, ကြမ်းကြုတ်စွာသား, အာဠာဝက, တေဇထန်ုပြင်း, ဘီလူးမင်းကို၎င်း။

ဂဇဉ္စ-အစွယ်ထက်ချွန်, အရက်မွန်လျက်, အလွန်ဆိုးညစ်, အမုန်ယစ်၍, ရှင်ချစ်သေဌ်နင်း, သုံးလူ့မင်းကို, အတင်းအကျပ်, ၀ိညာဉ်ပြတ်အောင်, ထိုးသတ်အံ့ငှါ, ရှေးရှုလာသည့်, နာဠာဂီရိ, တောင်ရှိနီးနီး, ဆင်ပြောင်ကြီးကို၎င်း။

စောရဉ္စ-ခရီးဝေးကွာ, ယူဇနာကို, လျင်စွာပြေးစွမ်း, တောမြိုင်တန်းက, လူဖမ်းလက်ဖြတ်, သေအောင်သတ်၍, နန်းရပ်ကကျော်, မွေးမယ်တော်ကို, မြင်သော်စိုက်စိုက်, ဓားဖြင့်လိုက်၍, မကိုဋ်ထွတ်တင်, ဘုရားရှင်ကို, အသင်ရှောင်ဝေး, ဘယ်ကြောင့်ပြေးဟု, ဓားရေးပြကာ, သတ်မည်လာသား, လွန်စွာဆိုးဘိ, အင်္ဂုလိခေါ်, သူခိုးကျော်ကို၎င်း။

စိဉ္စမာဏဉ္စ-အလွန်ကောက်ကျစ်, တိတ္ထိညစ်တို့, အပြစ်ရှာကြံ, မကောင်းဉာဏ်ဖြင့်, စီမံဆုံးဖြတ်, စေလွှတ်လတ်၍, ပရိသတ်ထဲ, အရှက်ကွဲအောင်, စွပ်စွဲတတ်စွာ, စိဉ္စမာဟု, သညာဖော်ထုတ်, မိန်းမယုတ်ကို၎င်း။

သစ္စကံ-မစင်မဖြူ, မိစ္ဆာယူဖြင့်, မည်သူ့ကိုမျှ, မာန်မချဘဲ, ၀ါဒချင်းပြိုင်, သူကပိုင်အောင်, အနိုင်လွှမ်းမိုး, အယူဆိုးသည့်, တိတ္ထိမျိုးမိုက်, သစ္စကပရိဗိုဇ်ကို၎င်း။

နာဂဉ္စ-ဒေါသလွှမ်းမိုး, မျက်စောင်းထိုးက, အရိုးကြေမွ, ဖွဲပြာကျသို့, တေဇ ထန်ပြင်း, နန္ဒောပနန္ဒ နဂါးမင်းကို၎င်း။

ဗကဉ္စ-ဉာဏ်မြင်ကင်းကွာ, နိစ္စသာဟု, မိစ္ဆာလွှမ်းမိုး, အယူဆိုးသည့်, တန်ခိုးအရောင်, ထိန်ပြောင်ညီးညီး, ဗကဗြဟ္မာကြီးကို၎င်း။

အဇိနိ-ဒိဋ္ဌိကိုချ, ဒေါသကိုပယ်, မာန်စွယ်ကိုချိုး, သဒ္ဓါဖြိုးလျက်, ရှိခိုးတုပ်ကွ, ပြားပြားကျအောင်, ဆုံးမသွန်သင်, အောင်ပွဲတော် ဆင်ခဲ့လေပြီ။

ဧတေနသစ္စ၀ဇ္ဇေန-အောင်ခြင်းရှစ်ချက်, ဂုဏ်တော်နက်ကို, နှုတ်မြွက်ဖော်ကြား, ဤသစ္စာစကားကြောင့်, မေ-မအောင်သေးခင်, အောင်ကြွေးတင်၍, အောင်မြင်ရန်မျှော်, တပည့်တော်၏၊ ဇယမင်္ဂလံ-အောင်ရန်အတိတ်, အောင်နိမိတ်နှင့်, အောင်ဘိသိက်သွန်း, အောင်ဟိတ်ကျင်းလျက်, အောင်ခြင်းစဉ်ကာ, မင်္ဂလာသည်၊ ဟောတု-တက်သစ် နေ၀န်း, ထွန်းသစ် လစန်း, ပွင့်သစ် ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန်မသွေ, ဖြစ်ပေါ်ပါစေသတည်း။

Read more...

ရတယ်၊ သိတယ်၊ ထိုက်တန်တယ်...

အဓိဂမသုတ်- (ရတယ်၊ သိတယ်၊ ထိုက်တန်တယ်)

၇၉။ ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း မလိမ္မာ၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း မလိမ္မာ၊
၃... ဥပါယ်၌လည်း မလိမ္မာ၊
၎... မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလို 'ဆန္ဒ' ကို မဖြစ်စေ၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်နိုင်၊
၆... အမြဲ ပြုခြင်းဖြင့် မပြီးစေတတ်။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

ထိုက်တန်တာကအောက်မှာ...



ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း လိမ္မာ၏၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း လိမ္မာ၏၊
၃... ဥပါယ်၌လည်း လိမ္မာ၏၊
၎... မရသေးသော ကုသိုလ်တရားတို့ ရရန် အလို 'ဆန္ဒ' ကို ဖြစ်စေ၏၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို စောင့်ရှောက်၏၊
၆... အမြဲပြုခြင်းဖြင့် ပြီးစေတတ်၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏ ဟု (မိန့်တော်မူ၏)။

၅ - အဓိဂမသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၈

ဘ၀ဆည်းဆာ မိုးချုပ်၍လာ

-
-အများမုန်းစရာပ၊ ခါးကုန်းလို့ ဆံကေဖြူ။
-အသက်ကြီးပြန်တော့၊ ပျက်စီး ကိုယ်ခန္ဓာက၊ အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်၊ ခွေယိုင်ကာ နေထိုင်ခက်လှတယ်၊ နှောက်ယှက် ဘေးထူ။
-မကြားပါ နားမှာ လေးတဲ့ပြင်၊ အားမပါ သွားလာနှေးပါဘိ၊ ၀ါးတောင်ဝှေး ဖေးတွယ်ကူ၊ ရှေးငယ်မူနှင့် လွန်ကွာဝေး။
-အရိုးပဒေသာ့…………..အဘိုးဝေဒနာက၊ လေအလာ ကြွေကာသက်ရှာမယ့်၊ နွေအခါ ရွှေဝါရွက်လိုပ၊ မြေအလွှာ ခွေကာစက်တော့မည်ထင့်၊ ချောင်းတဟက်ဟက်ကယ်နှင့်၊ အပြောင်းခက်ပါဘိ၊ (အိုကွယ်…………) စောင်းလျက်မှိတ်မှေး။ ။
………………………….. လှသိန်းဝင်း(ကနီ)

………………………
မိုးကုတ်ဆရာတော်ကြီး၏ တရားဟောဟန်မှာ ရိုးရိုးပင်ကိုယ် ပြောဟန်အတိုင်း ဟောပြောခြင်းမျိုးဖြစ်ပါသည်၊ အသံဝါကြီးနှင့် အားရပါးရ ဟောလေ့ရှိသည်၊ သက်တော် ၄၀-ကျော်က ဟောသော တရားသံများဆိုလျှင် လွန်စွာ အသံမာတော်မူသည်။ သက်တော် ၆၀-နားသို့ ရောက်လာသောအခါတွင်ကား အသံအားများ လျော့လာပြီး၊ တစ်ခါတစ်ရံ တရားဟောရင်း သလိပ်သံများ ပါလာတတ်သည်။ မိုးကုတ်ဆရာတော်ကြီး တရားဟောပြီဆိုလျှင် ရှေ့ပိုင်းက သံဝေဂတရားကို ခင်းပြသည်၊ မိနစ် အနည်းငယ်ကြာသည်အထိ သံဝေဂဖြစ်ဖွယ် စကားတို့ကို ဟောနေရင်းမှ၊ ထိုသံဝေဂအပေါ်အခြေခံ၍ တရားအားထုတ်နည်း လုပ်ငန်းခွင်ကို ဖြည့်စွက်လာတတ်သည်။ လုပ်ငန်းခွင်သဘောများသို့ ရောက်လာပြီဆိုသည်နှင့် ကျယ်ကျယ်ပြန့်ပြန့် တွန်း၍ ပြောတော့သည်၊ အရေးကြီးသည့် အပိုင်းများတွင် ထပ်ကာ-ထပ်ကာ ပြန်၍ ဟောကြားသည်။ ၀တ္ထုသာဓကများ ထုတ်ပြတော့မည်ဆိုလျှင်လည်း ဒိဋ္ဌိဖြုတ်ရန် ကောင်းမွန်သော သာဓကများ၊ တရားရှုခင်း ရှုကွက် နမူနာပြရန် ကောင်းမွန်သည်များကို ထုတ်ပြတော်မူလေ့ရှိသည်။ တရားတစ်ပုဒ်ကို အကြောင်းအရာများစွာဖြင့် တန်ဆာဆင်လေ့မရှိချေ၊ အရေးကြီးသည့် တစ်ချက်နှစ်ချက်မျှကို ထပ်ပြန်တလဲလဲနှင့် စွဲသွားအောင် ဟောကြားနည်းကို အစဉ် အသုံးပြုတော်မူသည်။ “အင်း………မြတ်စွာဘုရားသာ ရှိမယ်ဆိုရင် မြန်မာဘာသာနဲ့ မြန်မာလူမျိုးတွေကို နားလည်အောင် ဟောတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးပေးလောက်ပါပေတယ်၊ မြန်မာအဋ္ဌကထာဆရာကြီးလို့ ဧတဒဂ်ဘွဲ့ထူးရလောက်ပါပေတယ်”-ဟူ၍ပင် မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသက သက္ကရာဇ် ၁၃၄၆-ခုနှစ် မလွန်ဆန်လှူအသင်းအတွက် ရေစက်ချပေးပွဲတွင် မိန့်တော်မူလေသည်။

…………………………………
တစ်နေ့တွင် ဆရာတော်၏ ညီတစ်ဝမ်းကွဲ ဦးဘရင်သည် ဆရာတော့်ထံသို့ ရောက်လာသဖြင့် စပ်မိစပ်ရာ စကားများ ပြောဆိုနေကြလေသည်။ စကားလမ်းကြောင်းသင့်သွားသောအခါတွင် ဦးဘရင်က ဆရာတော်ကြီးကို (အရှင်ဘုရားဟာ နာမည်သိပ်ကြီးကြောင်း၊ ပရိတ်သတ်ကလည်း စည်မှစည်ဖြစ်ကြောင်း၊ သို့သော် အားလုံးက တရားရချင်လို့ လာသူချည်းဖြစ်မယ်တော့ မထင်ကြောင်း) လျှောက်ထားမိသည်။ ဤတွင် ဆရာတော်ကြီးက ပြုံးတော်မူပြီး (မင့်အထင် ပြောစမ်းပါအုံးကွာ)ဟု လမ်းဖွင့်ပေးသဖြင့်၊ ဦးဘရင်လည်း (တရားပွဲကို ၄-ပုံ-ပုံမည်ဆိုလျှင် ၁-ပုံက သူဋ္ဌေးတွေလာလို့ နွှယ်ရာတွေ ပါလာခြင်းဖြစ်ကြောင်း၊ နောက် ၁-ပုံက မိုးကုတ်ဆရာတော်ကြီး နာမည်ကြီးတယ်ဆိုရုံမျှနှင့် လာခြင်းဖြစ်ကြောင်း၊ နောက် ၁-ပုံက သာမန်ခံယူချက်မျှနှင့်ဖြစ်ကြောင်း၊ နောက်ဆုံး ၁-ပုံမျှသာလျှင် အမှန်တစ်ကယ် လာရောက်နာယူသူများ ဖြစ်မည်ထင်ကြောင်း) စသည်ဖြင့် ထင်မြင်မိသမျှ လျှောက်တင်ရာ- “အေး…မင်း မဆိုးဘူးကွ၊ ခန့်မှန်းတတ်တယ်၊ အဲဒီတစ်ပုံထဲကရော တစ်နေ့မှာ ဘယ်နှစ်ယောက်လောက် တရားရမယ်ထင်တုံး” ဟူ၍ ဆက်လက်မေးမြန်းနေလေသည်။ (တရားတစ်ပွဲ ၃-ယောက် ပေါ့ဘုရား) ခန့်မှန်းလျှောက်တင်သောအခါ- “အင်း…မင်းက ပိုပိုမိုမိုတွက်တာကိုးကွ၊ တကယ်တော့ တရားတစ်ပွဲမှာ ကျွတ်ရင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ပေါ့ကွာ….” မိန့်တော်မူသဖြင့်-ကျွတ်တမ်းဝင်အုံးမည့် ဆရာတော်ကြီး၏ သာဝကများစွာ ရှိနေနိုင်သေးကြောင်း၊ ထို့ကြောင့် ပျံတော်မမူသေးပါရန် လျှောက်ထားတောင်းပန်လေသည်။ ထိုအခါ မိုးကုတ်ဆရာတော်ကြီးသည် “မင်းပြောတာ နောက်ကျသွားပြီကွာ……”ဟု တိုးတိတ်စွာ ရေရွတ်ပြောဆိုရင်း တစ်နေရာသို့ ငေးမောနေလေသည်(ခန္ဓာဝန်မချမီ ၂-လခန့် အလိုက ဖြစ်ပါသည်)။

…………………………………..
ဆရာတော်ဘုရားကြီးသည် မိုးကုတ်မြို့သို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့စဉ်က ထပ်မံမလာနိုင်တော့မည်ကို ကြိုတင်သိမြင်၍ တရားသိမ်းသည့် နောက်ဆုံးရက်တွင် “မြေပေါက်စေတီဘုရားများတည်တဲ့အခါ၊ ဘုရားပြီးလျှင် ထီးတင်ရမြဲဖြစ်တယ်၊ ထို့အတူပဲ ဒီမှာလည်း ဒီမြို့မှာ တရားပွဲတွေ အကုန်လုံးသိမ်းပြီ ဖြစ်လို့ ဒီကနေ့ တရားထီးတင်ရမယ်” စသည်ဖြင့် မိန့်တော်မူပြီးမှ မိုးကုတ်မြို့အတွက် နောက်ဆုံးအနေဖြင့် သောတာပန်စိတ်ထား အင်္ဂါ ၇-ပါးကို အထွတ်အထိပ်တင်ကာ ဟောကြားတော်မူခဲ့သည်။ တရားပွဲအပြီးတွင်လည်း “ကဲ နာရီလည်း စေ့ပြီ၊ တရားပွဲလည်း သိမ်းပြီ” ဟူ၍ မိုးကုတ်တရားနာပရိတ်သတ်ကို အပြီးအပြတ် နှုတ်ဆက်တော်မူလေသည်။ သို့သော် နှုတ်ဆက်တော်မူသွားခြင်းဖြစ်ကြောင်း မည်သူမျှ မရိပ်မိလိုက်ကြပေ။ တစ်ခါသော် ကျောင်းအမကြီး ဒေါ်ဒေါ်ဖုံသည် မိုးကုတ်ဆရာတော်ကြီးအား- ပြည်မြို့တွင် ရဟန္တာပေါ်နေကြောင်း သတင်းကြားသဖြင့် သူမတို့တစ်တွေ သွားဖူးကြမည့်အကြောင်း လျှောက်ထားရာ၊ ဆရာတော်ကြီးက “အေး…ရဟန္တာဖူးတာ ကောင်းပါတယ်၊ ကုသိုလ်ရတာပေါ့၊ ဒါပေမယ့် ခင်များတို့က ရဟန္တာကို သိလို့လား၊ ဘယ့်နှယ့်လုပ် ခွဲခြားမလဲ”ဟူ၍ မေးမြန်းရာ အဖြေမရသဖြင့် “ခင်များတို့က အင်မတန်နုံတဲ့သူတွေ၊ ကဲ…ပြောစမ်းပါဦး၊ ရဟန္တာကြီး ရှေ့ကထိုင်ပြတာတောင် သိနိုင်မလား” ဟု မိန့်တော်မူရလေသည်။ ဤသို့ မိန့်တော်မူသော်ငြား ကျောင်းအမကြီးခမျာ မိမိများစွာ ချစ်ခင်ကြည်ညို ကိုးကွယ်နေသော အနီးဆုံးက အရင်းဆုံးဆရာတော်ကြီးသည် ကိလေသာမာရ်ကို အမြစ်ပြတ်အောင်ပြီးခဲ့သော အရိယာကြီးတစ်ဦးဖြစ်နေမှန်း နည်းနည်းမှ မရိပ်စားမိလိုက်ပါပေ။



Read more...

Talks with U Vamsa

Speaker U VamsaCanadian monk U Vamsa (pictured above) will be coming to Bangkok at the end of April ‘09.

ariyasom-dhamma-talk

While he is here leading a series of weekend retreats for the YBAT organisation, he has happily agreed to two dhamma talks on Tuesday 21st and Tuesday 28thApril which will be kindly hosted by the beautiful Ariyasom Villa (Ploen Chit BTS)

U Vansa has done three dhamma talks for us in the past, which were very well received. Formerly a financial consultant, he took ordination with Burmese master Sayadaw U Janaka several times during sabbaticals from the work scene. Finally he decided to stay for good, and has been a monk now for a number of years. This will be our own Little Bangkok Sangha event, so expect the regular crowd.

Tuesday 21st and Tuesday 28th

Ariyasom Villa, sukhumvit soi 1 (map below)

Meet between 6 and 6:30 pm (coffee in the Library)ariyasom-facilities

Dhamma talk approx 45 mins

Meditation 35 mins

End 8:15 (people can stay

longer for Q&A)

The two topics will be:

Tue 21st -

“The Paradox of Self: From Somebody to Nobody”

Tue 28th -

” The Dhamma Of Wealth: Taking care of Business”

Though each topic is complete in itself, they are interrelated, so try to make both occasions.

The paradox of ’self’- that is the need to be a ’somebody’ before you can understand non-self (anatta) - leads to some interesting paradoxes such as ‘the paradox of wealth’.

How does a good Buddhist justify the time, effort and ambition needed to be financially successful?

What is financial success anyway?

How does one balance spiritual wealth with material wealth?

And finally, is the very economic model under which we all labour sustainably sound??…In these financially and environmentally charged times, ‘taking care of business’ demands in depth reflection on these and other dukkha riddled issues…

Map to Ariyasom

Click for larger view-

ariyasom-villa



Read more...

Ven. U Vamsarakkhita on The Paradox of Self



Last night Venerable U Vamsarakkhita, known as U Vamsa for short, an eloquent and incisive Canadian monk in the Burmese Theravadan tradition, spoke at the beautiful Ariyasom Villa in Sukhumvit Soi 1 on The Paradox of Self. To a room packed full of people he opened, naturally enough, with the two elements that sit alongside the Buddhist concept of non-self, that of impermanence and unsatisfactoriness.

Impermanence, he said, was easy enough to intellectually agree on, but at a deeper level everyone hopes it's not really true, something exacerbated by our tendency not to be in the present. And yet, the more one can accept impermanence, the more one can relax and really live. Likewise with unsatisfactoriness, despite an easy intellectual agreement, our tendency is to invest in activities we continue to hope will bring happiness.

Moving onto the concept of self, U Vamsa said that in relative terms there obviously is a self and, furthermore, that you need a thorough grounding in this relative self before you can see through to the non-self of absolute truth. He was clear that you need to get the self before you can give it up, and to explain this he talked about what the Buddha did not teach.

The Buddha did not teach detachment. He did not tell people to cast aside their bodies and thoughts and feelings. Rather, the Buddha taught people to examine them. To see them and how they arise and pass. And then, through this investigation, the practitioner will see that permanent happiness is just a fantasy and will be better able to live in the moment, experiencing a richer more fulfilling life.

The alternative is what most of us do most of the time. U Vamsa's example was of someone driving home thinking about the shower he'll have when he arrives. Then showering while thinking about the food he's going to eat. Eating while thinking about something else, and so on. The result is that the entire experience is missed. Life like this is basically unlived.

But we don't see it because everyone is doing it. The answer, according to U Vamsa, is a meditation practice which will allow you to investigate the true nature of things in the moment. He then gave the example of anger, how a practitioner can watch it arise and watch it go and so not invest a false "I" into any of its stages or component parts.

When we meditate, he said, we break the chain of arising, see that nothing really exists, and once we've done that "a few million times" we get to Nirvana. Until then, what the practice gives us is a series of insights, each one making samsara progressively less sticky. We see, at a fundamental level, how wholesome choices lead to wholesome results and how unwholesome choices lead to chaos and suffering.

Venerable U Vamsarakkhita finished by talking about how, through practice, we see both the relative and the absolute, and can hold the paradox of self and non-self, and thus make better choices. But, he emphasised, this can only be done through meditation. "What Buddha was doing under the tree" he said, "is what you should also be doing. Practice."

The talk ended with twenty minutes of meditation and a few minutes of questions and answers. I asked about people who don't have the time or inclination to meditate. Is there another route, a shortcut perhaps, for them? U Vamsa made it clear that, for him, there are no shortcuts at all, meditation practice is the only way. "What about the paths of devotion or ethics" I asked.

Again, U Vamsa said that the only way to reach the absolute, the full understanding of no-self and thus Nirvana, was through meditation. "Even" he said, " if it does take a million lifetimes".

Yes, who knows how many lifetimes it took to get here, who really knows how many more lifetimes of practice it might take to get to the end of this journey? But though I agree that meditation is an incredible tool, I know that even the seemingly simple practice of wholeheartedly keeping precepts, or of devotion, is enough to carry one a good way along the path.

I'm also sure that insight into non-self, impermanence, and unsatisfactoriness entails insight into the interconnectedness of all things. 'No-self' means no separation from the lives and existence of every other thing in the universe, an insight that can't help but give rise to compassion and gratitude. Something U Vamsa will undoubtedly address next week in his talk on 'The Dhamma Of Wealth'.

Links:

  • Littlebang: Talks with U Vamsa
  • Ariyasom Villa boutique hotel Bangkok


  • Read more...

    လာလည်ကြသူများ

    ဤဘလော့ဂ်၏ ရည်ရွယ်ချက်

    ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

    ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

    ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

    ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

    မြန်မာပြက္ခဒိန်

    မြန်မာပြက္ခဒိန်
    www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

      © Blogger templates The Professional Template by Ourblogtemplates.com 2008

    Back to TOP