* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, April 22, 2009

Contemplation of the Mind

Contemplation of the Mind
By
SAYADAW U JOTIKA

In all human activities, this meditation practice is the most important. (But note that when we say ‘without thinking about it’ we don’t mean absent minded.)

Let’s see why we don’t even use noting:

For example when we hear something and try to label: This is a ‘dog bark.’ To come to this conclusion we need a very complicated process in the mind.

First you hear the sound and recall from the past similar sounds that you heard, you put the two together, then the mind works very fast like a computer.

Recognises: This is the same as that, and then you recall what it was called in the past, and you remember that, that was a dog barking in the past and you bring that past to the present: This sound is a ‘dog barking’.

You go through four different processes, four steps, in order to get to that.
In this meditation you stop at the first step, no more.

Even to name something you go through many-many steps like when we hear one word, if the sound is one syllable you go four full steps, if it has two syllables we go though more than four, maybe six or eight sometimes and if the sound has three or four syllables we have to go through many-many steps to get to the conclusion. The mind works very fast very hard. In this meditation practice we stop all that process we stay with the first step. That simple.
But it’s not easy to do that because we have a habit of going through the whole process.
But as I said before if you practise it, you don’t find it very difficult either.

It is just the act of being, when you see there is just ‘seeing’ when you hear there is just ‘hearing’ when you have any sensations in the body, there is just sensations, when you taste there is just ‘tasting’ when you smell there is just ‘smelling’, when you think there is just ‘thinking.’
Not even ‘I’ experiencing that. Because that ‘I’ can make things become very complicated. Of all human activity, body and mind, this is the simplest.

The act of just ‘being’ in all it’s simplicity and naturalness with nothing added at all.
That is the most important point: nothing added at all.

It’s just the experience of simple ‘being’, experience of simple process. So in practicing this meditation do not expect anything to happen.

That is also another important thing.

Especially for those of you who have been meditating for quite a while, a long time and who have had good experiences before; whenever they meditate again they always want to get to that state as quickly as possible. They expect that.

‘I have been into that peaceful state before. Now I am going to sit and get there as quickly as possible’. The harder we try the harder it becomes. So don’t try, don’t expect. This is another paradox.

If you really don’t try anything at all you will find that you are there.
To be as simple as possible — nothing added — sit as comfortable as possible, without overlapping anything.

The most important thing is to be balanced and to be at ease. If you can sit full lotus it’s ok. I used to sit like that before but I don’t try it any more. It’s not necessary.


(From - Buddhist Meditation - Contemplation of the Mind)

Read more...

ဘုန်းတော်ကြီး ဦးသီလနှင့် ညွှတ်ကွင်း

၁၂၄၄-ခုနှစ်ခန့်တွင် ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင် ဆိတ်ကလေး တောကျောင်း၌ သီတင်းသုံးနေတော် မူသည်။ ထိုစဉ် ၀မ်းခနိမ်ရွာသို့ နံနက်စောစော ဆွမ်းခံကြွသွားရာ တောလမ်းအတွင်း ခြေတော်သည် ညွှတ်ကွင်းတခုတွင် မိသွားသည်၊ ထိုအခါ ဘုန်းတော်ကြီးသည် ထိုနေရာမှ မကြွဘဲ ရပ်တန့်နေသည်။ ညွှတ်ကွင်းရှင် မြင်သောအခါ အကြောက်လွန်၍ အနီးမကပ်ဘဲ ရှောင်တိမ်းနေ၏၊ အတန်ကြာ၍ တဖန် လာကြည့်သောအခါ၌လည်း ဘုန်းတော်ကြီးကို ရပ်တော်မူလျက်သာ တွေ့ရ၏။ ဤနည်းဖြင့် သုံးလေးကြိမ် လာကြည့်ပြီးလျှင် အလွန်ပူပန်စိုးရိမ်မိသဖြင့် အခြားသူတယောက်ကို အကျိုးအကြောင်း ပြောပြ၍ ညွှတ်ကွင်း သွားဖြုတ်ပေးပါ-ဟု တောင်းပန်၏။

ထိုသူလည်း လျင်မြန်စွာ သွား၍ ဖြုတ်သောအခါ ဘုန်းတော်ကြီးက
ဒါယကာ၊ သင်၏ ညွှတ်ကွင်းလား-ဟု မေး၏။
မဟုတ်ပါ-ဟု လျှောက်သော် သူတပါး၏ ညွှတ်ကွင်းကို မဖြုတ်နဲ့-ဟု ဆို၏။

ထိုသူလည်း ပြန်သွား၍ ညွှတ်ကွင်းရှင်အား ကိုယ်တိုင်သွားဖြုတ်ရန် ပြောသည်၊ ညွှတ်ကွင်းရှင်သည် မသွားဝံ့၊ မကြာမီ နေမွန်းတည့်လုနီးအချိန်သို့ ရောက်လာ၏။ အဖော်ဖြစ်သူက ညွှတ်ကွင်းရှင်အား ဘုန်းတော်ကြီးသည် ညွှတ်ကွင်းကို ကိုယ်တိုင်လည်း မဖြုတ်၊ ညွှတ်ကွင်းရှင် မဟုတ်သူကိုလည်း အဖြုတ်မခံ၊ မွန်းတည့်ချိန်လည်း နီးပြီ၊ ဆွမ်းမစားရ၍ ပျံတော်မူသွားလျှင် မင်း အ၀ီစိလောက်တော့ သေချာပြီ-ဟု သတိပေးသည်။

ဤတွင်မှ ညွှတ်ကွင်းရှင်သည် ဘုန်းတော်ကြီးထံ စွန့်စား၍ သွားသည်။ အနီးသို့ရောက်သောအခါ တပည့်တော် တောကြက်ထောင်တဲ့ ညွှတ်ကွင်းပါ၊ နောက် တသက်လုံး ဤအမှုကို ရှောင်ကြဉ်ပါတော့မယ်-ဟု ငိုယိုလျှောက်ထား၍ ညွှတ်ကွင်းကို ဖြုတ်သည်။ ညွှတ်ကွင်းအနီးရှိ တည်ကြက်နှင့် ညွှတ်ကွင်းကိုလည်း လှူလိုက်သည်။ ထိုအချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ ဘုန်းတော်ကြီးသည် ဆွမ်းမဘုဉ်းပေးရတော့ပေ။

ဘုန်းတော်ကြီး ဦးသီလသည် ရဟန္တာ-ဟု ကျော်စောခဲ့သော ရဟန်းမြတ်ကြီး ဖြစ်သည်။ ဒကာ-ဒကာမများက ဆရာတော်-ဟု ခေါ်သည်ကို လက်မခံပေ။ သည်လိုမခေါ်နဲ့ ငါဟာ မင်းဆရာမဟုတ်ဘူး-ဟု မိန့်တော်မူလေ့ရှိသည်။ ထို့ကြောင့် ဆရာတော် ဦးသီလ-ဟု မတွင်ဘဲ ဘုန်းတော်ကြီး ဦးသီလ-ဟု တွင်ပေသည်။

( ၀င်းဝင်းမြတ် )
( ညောင်လေးပင်တောရ ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးအရိယ-ရေး
ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ-မှ )


Read more...

*သပိတ်အကြောင်း သိကောင်းစရာ*


အမေး။ ။ဘုန်းဘုန်းဘုရား… သံဃာတော်တွေ အတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူ သတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့ အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော် သိလိုပါတယ်ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်း ရောင်တွေ ပေါ်လာတာ လေးလည်း တပည့်တော် သိလိုပါတယ်ဘုရား။

မောင်ပြည့်စုံအောင်
စိန့်ပီတာစဘတ်၊ ရုရားဖက်ဒရေးရှင်း

အဖြေ။ ။သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရား အလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရ ဗြဟ္မာကြီး က ပရိက္ခရာ လှူဒါန်းပါတယ်။ ဒီပရိက္ခရာ ထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့ သပိတ်ဟာ ဘာနဲ့ လုပ်ထားတယ် ဆိုတာ တိတိပပ မဖေါ်ပြပေမဲ့ သုဇာတာ သဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းတဲ့ ကာလမှာ (ဃဋိကာရ မဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပ တ္တော) ဗြဟ္မာကြီး လှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ် (မြေသပိတ်) လို့ ဆိုပါတယ်။ ဘုရား အလောင်းတော်ဟာ ဒုက္ကရ စရိယာအကျင့် ကျင့်နေတဲ့ ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာ သူဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက် သွားခဲ့တယ်။

ဘုရား အလောင်းတော်ဟာ မဟာ သက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် နေ့မှာ ဘုရား အဖြစ်သို့ ရောက်တော် မူပါတယ်။ အဲဒီကနေ သတ္တာသတ္တဟ စံတော်မူကာ နောက်ဆုံး ရာဇာယတန သတ္တာဟ စံနေတော် မူတဲ့ အချိန်မှာ နတ်မင်းကြီး လေးပါးက (ဣန္ဒနီလ မဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သပိတ် (မြသပိတ်)ကို ကပ်လှူကြ ပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တဖန် ပဲနောက် အဆင်းရှိတဲ့ ကျောက်နဲ့ လုပ်ထားတဲ့ သပိတ် လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော် မူပါတယ်။ ဘုရားရှင်က ထိုပဲနောက် အဆင်းရှိတဲ့ သပိတ် လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ် လေးလုံးကနေ အနားရစ် လေးရစ်ပါတဲ့ သပိတ် တစ်လုံးတည်း မြင်တွေ့ရ ပါတယ်။

ဒါကြောင့် ဘုရားရဲ့ သပိတ်တော် အရောင်ဟာ ပဲနောက် အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။ တဖန် ပါတိမောက် ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံသပိတ် နှစ်မျိုးသာ အပ်ပါတယ် လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်ပြီး သံသပိတ်ကို ၅-ကြိမ် မီးဖုတ်ရမယ် လို့ အဋ္ဌကထာက ဆိုထား ပါတယ်။ ဒီလို မီးဖုတ် ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်း ရှိစေလိုရင်း ဖြစ်တယ်။

သပိတ် အမဲရောင် ဖြစ်အောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ-

(သမဏသာ ရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ- ကျက်ပြီးသော) ဟုဆိုထားတဲ့ အတွက် သမဏ သာရုပ္ပ ဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ

ဘုရား အလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော် မူတာက မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့် နေ့ဖြစ်ပြီး၊ သတ္တာ သတ္တာဟ ၄၉-ရက်အကြာ ၀ါဆို လဆန်း (၄)ရက်နေ့ခန့်မှာ နတ်မင်းကြီး လေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော် မူတဲ့အတွက် သပိတ် သတ်မှတ်ရာ ကာလကို မဟာ သက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆို လဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါ တယ်။

မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကို ပြောရမယ်ဆိုရင်-

ဘုရား ဖြစ်တော်မူပြီး ၄၉-ရက်ခန့် အကြာမှာ နတ်မင်းကြီး လေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ် လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရား ရုပ်ပွားတော် မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ ခေါ်ကြတဲ့ ဖန်သပိတ် တွေပါ။ အဲဒီသပိတ် တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော် ဘူးလို့ ထင်ပါတယ်။

ဘုန်းဘုန်းဦးကောဝိဒ(မြိတ်) ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

22.04.2009, WED:, 04:54:25 PM

Read more...

Paradox of Self


Marcus’ blogged report and reflections on the talk last night with Canadian monk U Vamsa, where about 45 of us gathered at the lovely Ariyasom Boutique Hotel in Bangkok:

Last night Venerable U Vamsarakkhita, known as U Vamsa for short, an eloquent and incisive Canadian monk in the Burmese Theravadan tradition, spoke at the beautiful Ariyasom Villa in Sukhumvit Soi 1 on The Paradox of Self. To a room packed full of people he opened, naturally enough, with the two elements that sit alongside the Buddhist concept of non-self, that of impermanence and unsatisfactoriness.

Impermanence, he said, was easy enough to intellectually agree on, but at a deeper level everyone hopes it’s not really true, something exacerbated by our tendency not to be in the present. And yet, the more one can accept impermanence, the more one can relax and really live. Likewise with unsatisfactoriness, despite an easy intellectual agreement, our tendency is to invest in activities we continue to hope will bring happiness.

Moving onto the concept of self, U Vamsa said that in relative terms there obviously is a self and, furthermore, that you need a thorough grounding in this relative self before you can see through to the non-self of absolute truth. He was clear that you need to get the self before you can give it up, and to explain this he talked about what the Buddha did not teach.

The Buddha did not teach detachment. He did not tell people to cast aside their bodies and thoughts and feelings. Rather, the Buddha taught people to examine them. To see them and how they arise and pass. And then, through this investigation, the practitioner will see that permanent happiness is just a fantasy and will be better able to live in the moment, experiencing a richer more fulfilling life.

The alternative is what most of us do most of the time. U Vamsa’s example was of someone driving home thinking about the shower he’ll have when he arrives. Then showering while thinking about the food he’s going to eat. Eating while thinking about something else, and so on. The result is that the entire experience is missed. Life like this is basically unlived.

But we don’t see it because everyone is doing it. The answer, according to U Vamsa, is a meditation practice which will allow you to investigate the true nature of things in the moment. He then gave the example of anger, how a practitioner can watch it arise and watch it go and so not invest a false “I” into any of its stages or component parts.

When we meditate, he said, we break the chain of arising, see that nothing really exists, and once we’ve done that “a few million times” we get to Nirvana. Until then, what the practice gives us is a series of insights, each one making samsara progressively less sticky. We see, at a fundamental level, how wholesome choices lead to wholesome results and how unwholesome choices lead to chaos and suffering.

Venerable U Vamsarakkhita finished by talking about how, through practice, we see both the relative and the absolute, and can hold the paradox of self and non-self, and thus make better choices. But, he emphasised, this can only be done through meditation. “What Buddha was doing under the tree” he said, “is what you should also be doing. Practice.”

The talk ended with twenty minutes of meditation and a few minutes of questions and answers. I asked about people who don’t have the time or inclination to meditate. Is there another route, a shortcut perhaps, for them? U Vamsa made it clear that, for him, there are no shortcuts at all, meditation practice is the only way. “What about the paths of devotion or ethics” I asked.

Again, U Vamsa said that the only way to reach the absolute, the full understanding of no-self and thus Nirvana, was through meditation. “Even” he said, ” if it does take a million lifetimes”.

Yes, who knows how many lifetimes it took to get here, who really knows how many more lifetimes of practice it might take to get to the end of this journey? But though I agree that meditation is an incredible tool, I know that even the seemingly simple practice of wholeheartedly keeping precepts, or of devotion, is enough to carry one a good way along the path.

I’m also sure that insight into non-self, impermanence, and unsatisfactoriness entails insight into the interconnectedness of all things. ‘No-self’ means no separation from the lives and existence of every other thing in the universe, an insight that can’t help but give rise to compassion and gratitude. Something U Vamsa will undoubtedly address next week in his talk on ‘The Dhamma Of Wealth’.


Read more...

၂၀၀၉ ခုနှစ်၊ နှစ်သစ်ကူး အထူးတရားစခန်း ပုံရိပ်များ

















Read more...

ဗော်လဂါမြစ်နားကတိမ်

ငါဖျားနေတုန်း

ငါ့စိတ်ဟာအိမ်ကိုလွင့်တယ်.
ဒီအချိန်ဆို
ဘွားဟာငါ့ကိုလွမ်းလို့
ငိုနေရောပေါ့
လယ်ကန်သင်းမှာ
ဆံပင်ကိုဆွဲလိမ်ရင်း
အငယ်မ
ပန်းချီဆွဲနေလိမ့်မယ်
မာလကာသီးကို
ပြတင်းဝကဆွတ်ပြီး
အဖေ
လေးစိတ်စိတ်နေလိမ့်မယ်.

ငါကအမေ့ဈေးခြင်းတောင်းကိုစူးစမ်း
ပဲသီးရယ်နံနံပင်ရယ်ကိုကြည့်ပြီး
ကဗျာဖွဲ့ရင်
အမေရယ်မှာအသေအချာပဲ
အမေက
ဘယ်တုန်းကမှ
ငိုခဲ့ဘူးတာမဟုတ်ဘူး
ဒါပေမဲ့ ခု
အမေငိုမှာကို ငါ
အကြောက်ကြီးကြောက်နေတော့တယ်.

ရေခဲမြစ်ရဲ့ညဥ့်လေက
ငါ့အခန်းထဲတွန်းတိုက်ဝင်လာတယ်
ငါ့အရိုးတွေကိုတဂျွတ်ဂျွတ်ချိုးချင်ဟန်တူရဲ့
စာရွက်ကြမ်းပေါ်
ငါလက်မှတ်ဖိထိုးချလိုက်တုန်း
ဘောပင်ပြုတ်ကျသွားတာ
ကြွက်အိုကြီးပေါ်တည့်တည့်.

ဒါနဲ့ပဲ
အိပ်မက်ဆိုးမက်တော့တယ်
ကြွက်အိုကြီးကိုအပြုတ်နှံကြစို့ရဲ့
ကြွေးကြော်သံအဆုံးမှာ
ကြွက်တစ်သိုက်ဟာ
နံရံကိုပြိုင်တူကိုက်လိုက်ကြတယ်
ခလွပ်ခလွပ်...
သြဘာပေးတဲ့အသံပေါ့
အဲဒီနောက်သူတို့
ဒစ်စကိုအက,ကကြတယ်.

ဦးခေါင်းဟာ
နိုးတစ်ဝက်အိပ်တစ်ဝက်တိမ်
ငါ့ဦးနှောက်တွေနားထဲကလွင့်ထွက်သွားလို့
လိုက်ဖမ်းနေရတယ်
လက်ထဲကဘောပင်ကိုတော့ငါမလွှတ်ဘူး
သူကငါပိုင်ဆိုင်တဲ့နောက်ဆုံးသောအရာ.

ငါကျောကိုဒီဘက်လှည့်တော့
အမေရောက်နေတာတွေ့တယ်
မိုးပေါ်ကကျလာသလိုကိုပေါ်လာတာ
သားကြီးအတွက်ပင်လောင်းလက်ဖက်ခြောက်
စွပ်ပြုတ်ပူပူနဲ့ကော်ဖီခါးခါး.

အမေက
ငါ့အရိုးတွေကိုလက်ဖျားနဲ့မတို့မထိဘဲ
ပြန်ဆက်ပေးလိုက်တယ်
ငါ့မှာဖြင့်အံ့သြလိုက်ရတာ
နဂိုကကွဲနေတဲ့
ရင်ဘတ်ဟာ
အခုတော့အကောင်းပကတိ.

အငယ်မကလေ
ငါ့နှာခေါင်းကို
နံနံပင်နဲ့ကလိတယ်
ငါ နှာချေလိုက်တော့
လှိုင်းပုတ်သံတ၀ုန်းဝုန်းကြားရတယ်.

ဘွားကပြောတယ်..
ငါ့မြေးကိုမလုပ်နဲ့
ငါ့မြေးကနုနုနယ်နယ်လေး
သူ့အသားလေးကရွှေလိုဝင်းနေတာတဲ့.

အငယ်မက
ကြိတ်ရယ်တယ်
အဖေက
ရေပုံးယူလာတယ်.

ဟိုကောင်တွေပေါ်လာ
ငါ့ပုခုံးကိုလှုပ်ပြီး
တစ်ခုခုပြောတယ်
ဘာ
ဘယ့်နှယ်
ယောင်အော်ရအောင်
ငါကအိပ်ခဲ့လို့လား
ငါရှင်းပြပါတယ် သူတို့ကို
အမေလာသွားတဲ့အကြောင်း
ဒင်းတို့ကမှမယုံတာ

ဒါနဲ့ငါ
မီးမှိတ်ပစ်လိုက်ရတယ်
အဲသည်ညက
ငါငိုတယ်...။ ။
4 comments

Read more...

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)ဗုဒ္ဓ၊ ဗုဒ္ဓနှင်.လောကီလူသား

(ဃ) ဗုဒ္ဓနှင်. လောကီလူသား

ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ.ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို.က အနာထပိဏ်သူဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဌေးကြီးက ဘုရားရှင်တို.၏ အလုံးစုံသောအယူကို မိမိမသိပါဟုဝန်ခံ၏ (အင်္ဂုတ္တရနိကာယ်- ဒသကနိပါတ်-ကိံဒိဌိကသုတ်)။ စင်စစ် သူဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဌေးကြီးက မိမိသည် ထိုသို.သောတရားစကားကို ရှေးကမကြားနာခဲ.ရသဖြင်. ဝမ်းနည်းမိပါကြောင်းလျှောက်ထား၏။ အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို.သာလျှင် နားလည်နိုင်ကြောင်း မိန်.ကြားရာ သူဌေးကြီးက ပညာဥာဏ်ရင်.ကျက်သော လူပုဂ္ဂိုလ် တို.အားလည်း ဟောကြားသင်.ပါကြောင်း ပြန်လည်လျှောက်ထား၏။ (မဇ္ဈိမ နိကာယ် ၊ အနာထပိဏ္ဍိကောဝါဒသုတ်)

ဗုဒ္ဓ၏အမြင်အားဖြင်. ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင်.ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင်.စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင်. အမည်ဝေါဟာရတို.မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင်.ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင်. လူ.ဘဝတွင် မည်သည်.ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင်.မြတ်ကြောင်း မိန်.ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)

သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို.မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန်.ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင်.မြဲ၏။ အလုံးစုံသော သတ္တဝါတို.၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင်. အညီအမျှကျင်.၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင်. နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက်ပြုခဲ.သော လူပုဂ္ဂိုလ်များ အကြောင်း ပိဋကတ် အထောက်အထားကို ' နိဗ္ဗာန်' အခန်း၌ ဖော်ပြပါအံ.။ (၁)

( ၁= မဟာစည်ဆရာတော်က ရှေးအဌကထာဆရာတို. အလိုအားဖြင်. သုတ္ထဘိက္ခူနှင်. ဝိနယဘိက္ခူဟူ၍ ဘိက္ခူနှစ်မျိုးရှိသည်။ သုတ္တဘိက္ခူမှာ ဗုဒ္ဓ၏အရိယာလမ်းစဉ်ကို ကျင်.သုံးသော လူနှင်.နတ်တို.ကိုလည်း ရည်ညွန်း၍ ဝိနယဘိက္ခူမှာ ဝိနည်းတရားနှင်.အညီ ကျင်.ကြံသော ရဟန်းတို.ကို ဆိုလိုသည်ဟု " အရိယာဝါသသုတ် တရားတော် " စာအုပ်၌ ရေးသားထား၏။)

မည်သို.ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို.သည် အားလုံးဒါနသီလ တရားများဖြင်.သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မျှော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို.ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိသတ်တွင် လူတို. အတော်များများ ပါရှိမည် အမှန်ဖြစ်၏။ ထို.ကြောင်. အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံနေသောအခါ မိမိတို.အား ပင်.ဖိတ်ပါက ရဟန်းတို.သည် ဝါတွင်း၌ပင်ဖြစ်စေ သွားရောက်ကြားနာကြရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။

ထိုခေတ်က စိတ္တသူကြွယ်၊ မဟာနာမ်မင်းသား၊ မလ္လိကာမိဖုရား အစရှိသော အချို.ဥပါသကာ ဥပါသကာမတို.သည် အချို.ရဟန်းတို.ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင်. ဓမ္မဒိန္နာထေရီတို. ဆွေးနွေးသော တရားများ၊ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။

ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား " လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော၊ မြတ်သောအကျင်.ကို ကျင်.ကုန်သော သူတို.တွင် အောက်ကာမဘုံအဖို.ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ. ပယ်ဖြတ်ခြင်းကြောင်. ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ.သော တစ်ယောက်သော ဥပါသကာ၊ ဥပါသကာမသည် ရှိပါသလေ" ဟုမေးရာ ဗုဒ္ဓက " ငါ၏ တပည်.ယောက်ျားမိန်းမများတွင် ထိုကဲ.သို.သောသူမျိုးမှာ တစ်ရာမက၊ ငါးရာလည်းမက မြောက်မြားစွာ ရှိကြပေသည်" ဟုမိန်.ကြား၏ (မဇ္ဈိမနိကာယ်၊ မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင်. ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျားမိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် ဒါနသီလတရားများနှင်. တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို.၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ.ချေ။ မင်္ဂလသုတ်၊ သင်္ဂါလောဝါဒသုတ်ကဲ.သို. လောကီကြီးပွားချမ်းသာရေး အတွက် လူတို.အား ဟောကြားထားသော သုတ္တန်ဒေသနာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ.ကျင်.ဝတ်များ၏ ဝိသေသလက္ခဏာများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု၊ အချင်းချင်းကူညီမှု၊ ကျေးဇူးသိတတ်မှု စသည်တို.ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ၊ သို.မဟုတ် လင်ယောက်ျား၊ သို.မဟုတ်ဆရာဖြစ်သူက ဆိုင်ရာ သားသမီး၊ ဇနီးမယားနှင်. တပည်.များအား ဖိနှိပ်ချုပ်ချယ်မှု၊ အမိန်.ပေးမှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှံ.နှံ.စပ်စပ် လေ.လာခဲ.သော အချို.အနောက်နိုင်ငံ ပညာရှင်တို.၏ အဆိုအားဖြင်.မူ မျက်စိမှိတ် အမိန်.နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကားမရှိချေ။

အင်္ဂုတ္တရနိကာယ်၌ လက်နက်၊ လူသတ္တဝါ၊ အမဲတိရစ္ဆာန်၊ သေအရက်နှင်. အဆိပ်ကို ဥပါသကာတို. ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စနိပါတ်- ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင်. စိုးရိမ်ပူပန်နေကြရသော ယနေ. ကမ္ဘာ.လူသားတို.နှင်. အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဒသည် သည် ကမ္ဘာ.သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမဆန်.ကျင်ခဲ.သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင်. ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှင်ကြီး အလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ.ချေ။

လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ.သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ.ရ၏။ " တရားငါးမျိုးနှင်. ပြည်.စုံသော ဥပါသကာသည် ဥပါသက ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ်၊ ဥပါသကာညံ.လည်း မည်၏။ ထိုတရားငါးမျိုးကား သဒ္ဓတရားမရှိ၊ သီလမရှိ၊ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံ ကို မယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။ (အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်- စဏ္ဍာလသုတ်)။ " ကောတူဟလ" ကို မြန်မာပါဠိဆရာတို.က " အုတ်အုတ်ကျက်ကျက်" ဟူ၍ ပြန်ဆိုကြ၏။ " ရဟန်းတို.၊ သင်တို.သည် အုတ်အုတ်ကျက်က်ျ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်နိမိတ်တို.ကို အနှစ်သာရအားဖြင်. စွဲယူကုန်ဦးအံ.လော" ။ (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)

ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင်. ဆန်.ကျင်သော လောကီ အယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင်.၏။ ဗုဒ္ဓသည် လူတို.၏ အစဉ်အလာ၊ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို.၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင်. ရဟန်းတို.စောင်.ထိန်းရန် လိုအပ်သော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ.၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည်.၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြဟ္မဏတစ်ဦးက ခတ္တိယတို.သည် ဗြာဟ္မဏတို.ကို၊ သူကြွယ်တို.သည် ခတ္တိယတို.ကို၊ ဆင်းရဲသားတို.သည် သူကြွယ်များကို လုပ်ကျွေးသင်.သည်ဟု ဗြာဟ္မဏတို.က ဆိုပါသည်။ ရဟန်းဂေါတမက မည်သို.ထင်မြင်ပါသနည်း မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူ.အား လုပ်ကျွေးသင်.သည်ဟု မိမိမပြောလိုကြောင်း၊ လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင်. မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင်.၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင်.ကြောင်း မိန်.တော်မူ၏။ (မဇ္ဈိမနိကာယ်၊ ဧသုကာရီသုတ်)

သီလ၊ သမာဓိ ပညာ၊ ဝီရိယ စသည်တို.ကိုသာလျှင် အဓိကထားသော ဗုဒ္ဓကျင်.စဉ်၌ ရဟန်းနှင်. လူ၊ ဗြာဟ္မဏနှင်. အခြားဇာတ်ခွဲခြားမှု မရှိသည်.နည်းတူ ယောက်ျားနှင်. မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင်.ယောက်ျားထက် ယုတ်ညံ.သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ.ရဘဲ အဌကထာနှင်. ဇာတ်နိပါတ်များ၌ တွေ.ရသည်ကများ၏

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက " အရှင်ဘုရား၊ ကျွန်ုပ်တို.သည် မာတုဂါမတို.နှင်. စပ်လျင်း၍ အဘယ်သို. ကျင်.သုံးရပါမည်နည်း" ဟု မေးလျှောက်၏။

" အာနန္ဒာ၊ မတွေ.မမြင်အောင် ကျင်.သုံးရမည်"

" အရှင်ဘုရား၊ မလွှဲသာ၍ တွေ.မြင်ခဲ.သော် အဘယ်သို. ကျင်.သုံးရပါမည်နည်း"

"အာနန္ဒာ၊ စကားမပြောဘဲ နေရမည်"

"အရှင်ဘုရား၊ မလွှဲသာ၍ စကားပြောရသော် အဘယ်သို. ကျင်.သုံးရပါမည်နည်း။"

"အာနန္ဒာ၊ အမိရင်းစသည်ကဲ.သို. အမှတ်ထား၍ ပြောဆိုရမည်"

ဤသို. မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန်.ကြားချက်၌ မိန်းမများကို ကဲ.ရဲ.ပုတ်ခတ်သော စကားတစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို.ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ " မိန်းမများအား စကားမပြောဘဲနေရမည်" ဟူသောစကားကို "အာနန္ဒာ၊ ထက်စွာသော သန်လျက်ကို ကိုင်၍ ငါနှင်.စကားဆိုမူကား သင်၏ ဦးခေါင်းကို ဖြတ်အံ.ဟုဆိုသော ယောက်ျားနှင်. စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို.အား စကားပြောခြင်းသည် မမြတ်" စသည်ဖြင်. ချဲ.ထွင်ရေးသားထား၏။

ဇိနတ္ထပကာသနီကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကား မဟုတ်။ သို.ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင်.၍ ဗုဒ္ဓစာပေထဲသို. မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို.၏ စာပေ၌ ထိုစကားမျိုးအနည်းအများ တွေ.ရှိရခြင်းမှာ အံ.ဩဖွယ်ရာ မရှိချေ။

ဗုဒ္ဓ၏ အလိုအားဖြင်. မိန်းမသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီမအား "မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို.သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ်" ဟုဆို၏။ ထိုအခါထေရီမက " အိုမာရ်နတ်၊ သင်၏စကားသည် တဏှာ မာန ဒိဌိ ဖုံးလွှမ်းသော ယောက်ျားမိန်းမအဖို. မှန်၏။ ဖလသမာပတ္တိညဏ်ဖြင်. သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို.ပြုရတော.အံ.နည်း" ဟု ပြန်ပြော၏။ (ထေရီဂါထာနှင်. ဘိက္ခနီသံယုတ် သောမာဘိက္ခုနီသုတ်)

အမှန်ဆိုသော် ဇာတ်အဌကထာများ၌ပင် မိန်းမများကို ချီးကျုးသောစကားများကို တစ်ခါတစ်ရံ တွေ.ရ၏။ "ခပ်သိမ်းသောအရာတို.၌ ယောက်ျားသည်သာလျှင် ပညာရှိမဟုတ်၊ မိန်းမသည်လည်း ပညာရှိ၏။ ထိုထိုအရာတို.၌ အထူးသဖြင်. မြင်တတ်၏။လျင်မြန်စွာကြံတတ်၏" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- သုလဇာတ်)

သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန်.ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ "မင်းကြီး၊ ပညာသီလနှင်. ပြည်.စုံ၍ လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးသော၊ အချို.သော သမီးမိန်းမသည် ပညာနုံ.သော သားယောက်ျားထက်မြက်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်၏" (ကောသလသံယုတ်၊ မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို.ကိုသာ ချီးမွမ်းသည် ဆိုသောစကားမှာ အခြေအမြစ်မရှိချေ။ " အိုသူကြွယ်၊ သင်.အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင်.ရှောက်ပေ၏ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။သင်.အားအရတော်လေစွတကား။ သင်.အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။ သီလနှင်.ပြည်.စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏တပည်. ဥပါသကာမများတွင် နကုလမာတာသည် တစ်ယောက်အပါအဝင်ဖြစ်ပေ၏။" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- နကုလပိတုသုတ်) ဟူသောစကာဖြင်. ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် လူတို. အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ.သို. သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏။ (သုတ္တနိပါတ်၊ ဗြာဟ္မဏ ဓမ္မိကသုတ်)။ " သက်ကြီးယောက်ျားသည် မိန်းမငယ်ကို ယူမိပါက ပူပန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။" (သုတ္တနိပါတ် ပရာဘဝသုတ်) သိင်္ဂါလသုတ်လာ လင်ကျင်.ဝတ် ငါးပါးအရ တစ်လင်တစ်မယားစနစ်သည် သာလျှင် ဗုဒ္ဓဩဝါဒနှင်. ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင်. တန်းတူအခွင်.အရေးပေးထားကြောင်းထင်ရှား၏။ ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ.လာခဲ.သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင်. " ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို.သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာရှိလာကြ၏။ သမီးမိန်းမနှင်. မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများမဟုတ်တော.ချေ။ သူတို.နှင်.တကွ ဇနီးမိန်းမများသည် ပိုမိုလွပ်လပ်၍ လေးစားခြင်းခံလာကြရ၏။" (၁. I.B.Horner: Women under Primitive Buddhism, pp.82)

ဗုဒ္ဓသည် မိဘများကို ပြုစုစောင်.ရှောက်မှု၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ.မှုနှင်. သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ.လောက၌ မိသားစု စိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ.ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင်. ထင်ရှား၏။

ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို.သည် အနီးသို.ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို.က " သခင်မ၊ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော" ဟု တိုက်တွန်းကြသော်လည်း ယသော်ဓရာမင်းသမီးသည် " အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကို ထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို. ကြွလာပါလိမ်.မည်။ ထိုအခါမှ ပူဇော်ပါတော.မည်" ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင် ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင်.အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို. ဝင်တော်မူပြီးလျှင် " ယနေ. ယသော်ဓရာ မင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်းဖူးမြော်စေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင်." ဟုမိန်.တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို.လာ၍ ခြေဖဝါးကို ဆံပင်ဖြင်.ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။

အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဌကထာ၌သာ တွေ.ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင်.မြတ်မှု၊ မိသားစု စိတ်ဓာတ် တန်ဖိုးကို နားလည်မှု စသည်တို.ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။

အချုပ်အားဖြင်. ဗုဒ္ဓ၏သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင်.သီလရှိသော လူတို.အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို.ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ အောက်ပါပိဋကတ်ဒေသနာဖြစ်၏။

" အို ရဟန်းတို.၊ နတ်တို.ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာဿဒ် ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို.ကို လက်အုပ်ချီလျက်ရှိခိုး၏။ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်း မေးမြန်းရာ သိကြားမင်းက ဤသို.ဆို၏။ " အို မာတလိ၊ ခပ်သိမ်းကုန်သော လူတို.သည် လည်းကောင်း၊ နတ်မင်းကြီးနှင်. တာဝတိံသာနတ်တို.သည် လည်းကောင်း ငါ.ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင်. မြတ်သောအကျင်.ကို ကျင်.သုံးသော ရဟန်းတို.ကို ကောင်းစွာ ရှိခိုး၏။ အိမ်၌နေသူ လူဖြစ်ကုန်လျက် ကောင်းမှုကုသိုလ်ကို ပြုလေ.ရှိကုန်သော၊ သီလရှိကုန်သော အကြင်ဥပါသကာတို.သည် တရားနှင်.အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို.ကိုလည်း ငါသည်ရှိခိုး၏။" (သံယုတ္တနိကာယ်၊ သက္ကသံသုတ်၊ သက္ကနမဿသုတ်)

" ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်.ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ.သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်ပေါက်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။" (1. C.Eliot: Hinduism and Buddhism Vol I, pp.131)

ဤသို.ဖြင်. အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားအဲလိယော.သည် ဗုဒ္ဓကို ချီးကျူးခဲ.၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်တွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ ထူးခြားသော ဝိသေသဂုဏ်ဖြစ်၏။ ဗုဒ္ဓကို မီလိုက်သောသူတို.ကသော်လည်းကောင်း၊ မမှီလိုက်သော်လည်း ရှေးအစဉ်အဆက် စကားများကို ကြားဖူးသော သူတို.ကသော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ်အံ.ဩစရာမရှိချေ။ အဘယ်ကြောင်.ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ.ဖတ်ရှုလေ.လာကြသော အနောက်နိုင်ငံ ပညာရှင်တို.သည်ပင် ဗုဒ္ဓကို ကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို သစ္စကပရိဗိုဇ်ကဲ.သို. ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို.ပညာရှင်တို.၏ ထင်မြင်ချက်များကို သာ ဖော်ပြပါအံ.။

အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို.ရာတွင် သူက " ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ၊ ရှေ.နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ.သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည်" ဟု ရေးသားခဲ.၏။ (2. A.B.Keith: Buddhist Philosophy, pp. 147)

ပြင်သစ်ပညာရှင် ဗာသီလီမိ စိန်. ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်သောသူဖြစ်၏။ သို.ရာတွင် သူက" ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏။ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ.ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင်. စိတ်နှလုံး နူးညံ.သိမ်မွေ.မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်" ဟုရေးသားထား၏။( 3. B. Saint. Hilaire: The Buddha and His Religion,pp.11)

ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ.လာခဲ.သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သော ဝါဒမဟုတ်။ သို.ရာတွင် သူသည် ဗုဒ္ဓကို ကြည်ညိုလေးစား၏။ သူက " ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျူးရေးသားကြသော ခရစ်ယာန် သာသနာပြု ဆရာတို.၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို.မှာ ကိုယ်.မျက်စိကိုပင် ယုံနိုင်စရာမရှိပါ" ဟုဆိုလေသည်။ (4. Max Muller: Studies in Buddhism.pp.50-51)

အဒေါ.ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို.ကြီးများသို. လှည်.လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကို ကဲ.ရဲ.ရှုတ်ချ၏။ သို.ရာတွင် ဗုဒ္ဓကိုကား အောက်ပါအတိုင်းချီးကျုးဟောပြောခဲ.ပေသည်။

"ဗုဒ္ဓသည် စိတ်နှလုံးမြင်.မြတ်၍ သိမ်မွေ.နူးညံ.၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန်.ရဲသော ယောက်ျားအာဇာနည်တို.၏ နှလုံးရည်နှင်. ပြည်.စုံ၏။ သီလသမာဓိနှင်. ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင်.မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွက်ခဲ.သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို. တွေ.ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ.၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလသိပ္ပံပညာရှင်တို.ကဲ.သို. လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။

"ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကို လူတို.မမေ.ကြသေးချေ။ ဗုဒ္ဓ၏ အမည်သတင်းသည် ဥရောပနှင်. အမေရိကတိုက်များသို.ပင် ပျံ.နှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို.၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ.၏။ ရှိုပင်ဟွာ နှင်. ကင်ကယ် (Schopenhauer and Kinkel) အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင်. ကဗျာစာဆိုတို.သည် ဗုဒ္ဓကို ရှိခိုးပူဇော်ကြ၏။"( Paul Carus: Buddhism and its Christian Critics, pp. 279-282)



Read more...

*ယောက်ျားသားတို့ မှောက်မှားမသွားဖို့*

(ဤပို့စ် ရေးသားရာတွင် စာဖတ်သူတို့ အတွက် စကားအသုံး အနှုန်းများ ရိုင်းသလို ဖြစ်သွားရင် ကြိုတင်လို့ တောင်းပန်ထား ပါရစေ။ နောက်ပြီး မှားယွင်းသွားတဲ့ အချက်အလက်များ ရှိခဲ့ရင်လည်း မထောက်မညှာ သွန်သင်ပေး ကြပါဦး။)

တစ်ခုသော ညမှာပေါ့ဗျာ… ကျွန်တော် အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် စကားစမြည် ပြောရင်းက ကာမေသု မိစ္ဆာစာရ ကံအကြောင်း ရောက်သွားတယ်။ ပြောရင်းကနေ တစ်ယောက်က ကိုယ့်ရည်းစားနဲ့ အလိုတူ ကာမအမှုကို ပြုရင် အပြစ်ဖြစ်လား လို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ကလည်း အများကြီးတော့ မသိပါဘူး၊ ဒါပေမယ့် အနည်းငယ် သိထားတာ လေးနဲ့ ပြန်ဖြေ လိုက်တယ်၊ မိန်းကလေးမှာ အုပ်ထိန်းသူ မိဘ သော်လည်းကောင်း၊ ဆွေမျိုးသော် လည်းကောင်း၊ ညီအစ်ကို မောင်နှမ သော်လည်းကောင်း ရှိရင် ယောက်ျားလေးမှာ အပြစ်ဖြစ်တယ်လို့။ မိန်းကလေးမှာတော့ အပြစ် မဖြစ်ဘူးလို့။

အဲဒါကို အဲဒီသူငယ်ချင်းက ဘာဖြစ်လို့ မိန်းကလေးမှာ အပြစ် မဖြစ်တာလဲဆိုပြီး ထပ်မေးတယ်။ ကျွန်တော် ကလည်း ယောက်ျားသားတို့ မသွားလာ၊ ကာမအမှု မပြုအပ်တဲ့ အမျိုးသမီး ၂၀-ရှိကြောင်း၊ အဲဒီမှာမှ အပေါ်က အမျိုးသမီး ၈-ဦးနဲ့ ကာမအမှု ပြုမိရင်တော့ ယောက်ျားလေး မှာသာ အပြစ်ဖြစ်ပြီး မိန်းကလေး မှာတော့ အပြစ် မဖြစ်ကြောင်း ပြောပြတယ်။ အကျယ်တော့ မဟုတ်ဘူး ပေါ့ဗျာ။ အကျဉ်းချုံးလေး ပြောလိုက်တာ။

ကျွန်တော့် သူငယ်ချင်း သိပ်သဘော မပေါက်လို့ ထင်တယ် ထပ်မေးတယ်။ ပိုက်ဆံပေး ပျော်ပါးတာကော အပြစ် ဖြစ်လားတဲ့။ ကျွန်တော်က ဖြစ်တယ်၊ ယောက်ျားလေးကော မိန်းကလေးပါ အပြစ်ဖြစ်တယ် လို့ ဖြေတော့…

မင်းပြောပုံနဲ့ဆို ကာမေသုကံ မထိုက်တဲ့ ယောက်ျားသားက ဘယ်ရှိတော့ မလဲကွာတဲ့၊ သေရင် အကုန် အပါယ် ကျကုန်မှာပေါ့တဲ့။

နောက် ပြောသေးတယ်၊ ငါတော့ မထိုက်ဘူး ထင်တယ် ကွာတဲ့၊ အကုန်သာ အပါယ်ကျရင် နောက်ဘ၀မှာ ယောက်ျားသား ဘယ်ရှိတော့ မလဲတဲ့၊ စသဖြင့်ပေါ့ဗျာ ငြင်းလိုက်တာ၊ ငြင်းလိုက်တာ ပြောရတဲ့သူတောင် တော်တော်လေး စိတ်ကုန်သွားတယ်။ ဘုရားဟော ပါလို့ ပြောတာတောင် သိပ်မယုံချင်ဘူး။

ကျွန်တော်ကလည်း သဘောပေါက် လိုက်ပါတယ်။ ဒီကောင်တော့ အခပေး ပျော်ပါးတဲ့ အမှု ကျူးလွန် ထားပြီလို့။ ဒါကြောင့် သူ့အပြစ် လွတ်အောင် ခါးခါးသီးသီးကို ငြင်းနေ ပါလားလို့။

ဒါနဲ့ နောက် သူငယ်ချင်း တစ်ယောက်က မသွားလာ အပ်တဲ့ မိန်းမ ၂၀-မှာ မင်းပြောတာ ယောက်ျားတွေ ချည်း အပြစ်ဖြစ်ပြီး မိန်းမတွေ အပြစ်မဖြစ်တာ ၈-မျိုးရှိတော့ မိန်းမချည်း သက်သက် အပြစ် ဖြစ်တာကော မရှိဘူး လားတဲ့။

ကျွန်တော်က မရှိဘူးလို့ ဖြေတော့.. အားပါးပါး ငါတို့ ယောက်ျားသား တွေက လက်ရှိ ဥပဒေ မှာဆိုလည်း အလျှော့ပေးရ၊ ဘုရားဟောလည်း မလွတ်၊ တော်တော် သနားစရာ ကောင်းပါလားတဲ့။ (ဟာသ လုပ်ခြင်းပါ။) သေသေချာချာ လေး သိချင်ပါတယ် ပြောပြပါဦး ဆိုတာနဲ့ ကျွန်တော်လည်း ဘလော့မှာ တင်ပြီးဖြစ်တဲ့ (သူများဆီက ကော်ပီ လုပ်ထားတာ.. ဘုန်းဘုန်း ဦးလောက နာထ ဆီက၊ ဘုန်းဘုန်းလည်း ဘုရားဟောတာ ကော်ပီ လုပ်ထားတာ :)၊ ဘုန်းဘုန်း သိရင်တော့ ကြိမ်နဲ့ပဲ ရိုက်မလား၊ နပန်ပဲ ကျင်းမလား မသိ၊ ဒီလို ပြောရမလား ဆိုပြီး… ရှူး တိုး တိုး.. ဘုန်းဘုန်းနဲ့ သိသူများ သွားမပြော ကြပါနဲ့) ပို့စ်အဟောင်းကို ပြန်ရှာလို့ နားလည်အောင် ရှင်းပြလိုက် ရတယ်။

ကဲဗျာ မသိသေးသူတွေ ထပ်သိ သွားအောင် ဒီပို့စ်လေးကို အခြေတည်လို့ အနည်းငယ် ရှင်းပြလိုက်ပါတယ်။ သေချာ ဖတ်ကြည့်ဦးနော် ယောက်ျားသားတွေ… ကိုယ်နဲ့ ဘာတွေများ ငြိနေလဲလို့…။ (မှတ်ချက်။ သိပြီးသား သူများကို မဆိုလိုပါ။)

ခေါင်းစဉ်လေးက *မိန်းမနှစ်ကျိပ် ပျော်ကြောင်း သိပ်လည်း မအိပ်လေရာ* တဲ့။ ဒါကိုမှ အမောင် ပုရိသတို့က မိန်းကလေး ရှင်ဘက်က သဘောတူလို့ အိပ်ပါတယ်လို့ ဆင်ခြေတက် ရင်တော့ ကာမေသုကံ ထိုက်ပြီလို့သာ မှတ်ပေတော့။

ပထမဆုံးက အစောင့်အရှောက် (အုပ်ထိန်းသူ) ရှိတဲ့ အမျိုးသမီး ၁၀-ဦး တဲ့။ မှတ်လိုက်ပါဦး။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ...

၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

ဒီ ၁၀-ခုမှာ နံပါတ် ၁-ကနေ ၈-အထိက အမျိုးသမီးတွေနဲ့ ကျူးလွန် မိရင်တော့ အမောင် ပုရိသတို့ရေ… အမျိုးသမီးတွေမှာ အပြစ် မဖြစ်ပါဘူးတဲ့။ ခင်ဗျားတို့ ကျုပ်တို့ တစ်တွေမှာပဲ အပြစ် ဖြစ်ပါတယ်တဲ့။ သတိထားဗျို့၊ ကိုယ့်ရည်းစားလည်း ဖြစ်တယ်၊ အလိုတူပါတယ် ဆိုပြီး မေထုန် အမှု ပြုမယ် မကြံနဲ့။ ကွိခနဲဆို ငြိသွားမယ်။ ဒါက အလိုတူလို့ ကံပဲ ထိုက်တာ၊ အလိုများ မတူလို့ကတော့ ကံထိုက်ရုံတင် မက.. ထောင်နန်းပါ စံသွားရမယ်။

နံပါတ် ၉-နဲ့ နံပါတ် ၁၀-ကတော့ နှစ်ဦးစလုံးမှာ အပြစ်ဖြစ်တယ် နော်။ ပုရိသတွေချည်း ပြောနေလို့ ဣတ္ထိယ မမတို့က ငါတို့တော့ လွတ်ပြီ ကျွတ်ပြီ မလုပ်နဲ့ဦး။ ဒီနံပါတ် တွေကစပြီး မမတို့လည်း မှတ်ပေတော့။ ရှောင်ပေတော့။

နောက်တစ်ခုက မယား ၁၀-ဦးတဲ့…။ ဒီ မယား ၁၀-ဦးနဲ့ ကျူးလွန် မိရင်လည်း အမျိုးသားကော အမျိုးသမီးပါ ကာမေသုကံ ထိုက်တယ်တဲ့နော။ ကဲ ကိုကိုတို့ကော မမတို့ပါ ထပ်မှတ် လိုက်ပါဦး။

မယား ၁ဝ-ဦးမှာ...

၁၁။ ဥစ္စာဖြင့် ဝယ်ယူ ပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ် အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ် ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ် ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်း ဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

ကဲဗျို့ ကိုကိုပုရိသ တို့ကော၊ မမ ဣတ္ထိယ တို့ကော ကျွန်တော် ခုရေးပြီး သလောက်ထဲက ဘယ်နှစ်ယောက်များ လွတ်ကင်း ကြပါပြီလဲ။ ဒါမှမဟုတ် ဘယ်အချက် တွေနဲ့များ ငြိစွန်း နေပြီလဲ။ ထားပါ မေးတော့ပါဘူး၊ ဖြေမယ့်သူ မရှိမှာ စိုးလို့။

ကျွန်တော်လည်း ဒီအထိ ဖတ်အပြီး ငါတော့ ဒီအထိတော့ လွတ်နေ သေးတာပဲ၊ ဒီအချက်တွေ မဖြစ်အောင်တော့ မှတ်သား ရှောင်ကြဉ် ရမယ်လို့ ကိုယ့်ကိုယ်ကို သတိလေး ပေးနေတာပေါ့။ အဲ ဒါပေမယ့် ဒီတင် မပြီးသေးဘူးဗျ ကာမေသု အမှုက…၊ ဘာလို့လဲ ဆိုတော့… တစ်ရက် ကျွန်တော် ညီလေး မောင်ကောင်းရဲ့ ဘလော့ (ဓမ္မမေတ္တာ)မှာ ကာမေသုကံ ထိုက်တဲ့ အချက် အလက်တွေကို ထပ်ဖတ်လိုက် ရတယ်။ အပေါ်က အချက် ၂၀-အပြင် နောက်ထပ် အချက်တွေ ပါသေးတယ်ဗျ။ ကျွန်တော်လည်း အဲဒီ အချက်တွေကို ဖတ်ပြီး စိတ်ထဲ သိပ်မယုံတာနဲ့ ဘုန်းဘုန်း ဦးလောက နာထကို မေးကြည့်တော့.. ဘုန်းဘုန်းက ဟုတ်တယ်တဲ့၊ အဲဒီ အချက်တွေကလည်း ကာမေသုကံ ထိုက်တယ်တဲ့၊ ဘုရား ဟောထား တာပါတဲ့။

ဘာဖြစ်လို့ ကျွန်တော် မေးရလဲ ဆိုတော့ ဒီနေ့ ခေတ်မှာ ဒီအချက် တွေကို ကျူးလွန်တဲ့ သူတွေကို တွေ့နေရလို့ ပါပဲ။ ကျွန်တော့် အနေနဲ့ ငြိစွန်း နေလို့တော့ မဟုတ်ပါဘူး။ မငြိစွန်းသေးပေမယ့် ကျွန်တော့် အတွက် မှတ်စရာ အချက်တွေ တိုးသွားသလို၊ အသိတွေလည်း တိုးသွား ခဲ့ပါတယ်။ (ကျေးဇူးပါပဲ ညီလေး မောင်ကောင်းရေ…)။ ကဲဗျာ မိတ်ဆွေတို့လည်း ဆက်လက် ဖတ်ရှုလို့ မှတ်သား ရှောင်ရှား လိုက်ပါဦး။

ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန် သင့်သော လမ်းကြောင်း သုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာ ပြုလုပ်လျှင်လည်း ကာမေသု မိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေ ကတော့…

(၁)ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂)ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃)စကားပြောရာ လမ်းကြောင်းတို့ ဖြစ်ပါတယ်။

နောက်ပြီး မိမိကာမပိုင် မိန်းမပင် ဖြစ်လင့်ကစား ကာမေသု မိစ္ဆာစာရကံ ထိုက်သော အချက် လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာ သိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေ ကတော့...

(၁)မိမိမိန်းမ ကိုယ်ဝန် အလွန်ရင့်သော အခါ၊
(၂)မိဘဆရာ လူအများတို့ မြင်သဖြင့် မသင့်တော်သော နေရာ၊
(၃)ကျင့်ရိုး မဟုတ်ခြင်းနှင့် လွဲမှားစွာ ပြုကျင့်ခြင်း၊
(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။

စကားလေးတွေ လွန်သွားရင်၊ ရိုင်းသွားရင် ထပ်ပြီး တောင်းပန်ပါတယ် ခင်ဗျာ။ သိသင့် သိထိုက်တဲ့ အချက်တွေ ဖြစ်နေလို့ပါ။ မူရင်းဘလော့ (ဓမ္မမေတ္တာ) မှာလည်း ဒီအတိုင်းပဲ သုံးနှုန်း ထားလို့ပါ။

ကဲ အချက် ၂၀-က လွတ်ပြီဆိုပြီး ပြုံးပျော်နေတဲ့ ကိုကို ပုရိသတို့ တွေ့ပြီနော်၊ ဒီအချက် တွေကိုလည်း သေချာမှတ်ဦးဗျို့။ တော်ကြာ ငြိနေဦးမယ်။

အဲ.. နောက်တစ်ခု ရှိသေးတယ်ဗျ။ ဟိုတစ်နေ့က တရားထဲက နာလိုက်ရတာ၊ ဘာတဲ့ တိရစ္ဆာန်နဲ့ (ငယ်ငယ်က ကြားဖူးတာတော့ ခွေးပဲ) ကျူးလွန်မိတဲ့ ဘုရင့် မိဖုရားကြီး.. သေခါနီး အဲဒီ နိမိတ် ၀င်လာလို့ အပါယ် ကျသွားတဲ့ အကြောင်း။ ကဲဗျာ မှတ်လက်စနဲ့ မထူးတော့ပါဘူး ဆက်သာ မှတ်လိုက်ပါတော့.. တိရစ္ဆာန်နဲ့ ကျူးလွန်ရင်လည်း ကာမေသုကံ ထိုက်တဲ့ အကြောင်းလေး။

ကျွန်တော် အခုထိ ဖော်ပြခဲ့တာ တွေကတော့ ဘယ်လို ကျူးလွန်ရင်တော့ ကာမေသုကံ ထိုက်တယ်ဆိုတဲ့ အကြောင်း၊ အခု ထပ်ဖော်ပြမှာက ကာမေသုကံ ထိုက်တဲ့ အင်္ဂါရပ် ၄-ချက်နဲ့ ကာမေသုကံကို ရှောင်ကြဉ်ရင် ရရှိမယ့် အကျိုးတွေ… မှတ်ပါလို့တော့ ပြောတော့ ဘူးဗျာ… မှတ်ချင်တဲ့ သူသာ မှတ်ပေတော့။ ကျွန်တော် ကတော့ ပြောရမှာပဲ.. မတတ်နိုင် တော့ဘူး…။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ...

၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသု မိစ္ဆာစာရကံ မြောက်သည်။


ကာမေသု မိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ

၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင် နှစ်သက်သူ တို့နှင့် နေရခြင်း စသော အကျိုး တရားတို့ကို ရရှိပါသည်။

အားလုံးပဲ နားလည် လောက်မှာပါ၊ ထပ်ရှင်းဖို့တော့ မလိုတော့ဘူး ထင်ပါတယ်။ အဲ… ကျွန်တော်လည်း ရေးကောင်းကောင်းနဲ့ အပြစ်တွေပဲ ရေးနေလိုက်တာ.. စာရှုသူသာ ဒီအချက် တွေထဲက တစ်ခု မဟုတ် တစ်ခု ငြိနေရင် တော်တော် စိတ်ညစ် နေလောက်ပြီ ထင်တယ်နော်…။

မညစ်ပါနဲ့ဗျာ.. ဘယ်တတ်နိုင် ပါ့မလဲ… ဒီအမှုက၊ ဒီ အကုသိုလ်က ကိုယ်ကျူးလွန် ပြီးသွားပြီပဲ…၊ နောင်ကိုသာ ဒီလို အမှုမျိုး နောက်ထပ် မကျူးလွန် မိအောင် အသိမမှားပဲ သတိ တရားလေးနဲ့ စောင့်ထိန်းရင်း အကုသိုလ် တွေပယ်၊ ကုသိုလ်တွေ ကြွယ်အောင်၊ အကုသိုလ် တွေပါး၊ ကုသိုလ်တွေ များအောင် ကျင့်ပွား ကြိုးကုတ် အားထုတ်ဖို့ပဲ ရှိတော့တာပေါ့။

အဲ.. စာရှုသူရေ စိတ်မရှိပါနဲ့ဦး၊ ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်းရဲ့ အပြစ်တွေ ကျန်သွားလို့… တောင်းပန်ပါတယ်.. အားနာ ပါးနာနဲ့ ဆက်ဖတ် ပေးပါဦး…။

ကာမေသု မိစ္ဆာစာရကံ ကျူးလွန်ခြင်း၏ အပြစ်များ

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်း သိပ်လည်း၊ မအိပ်လေရာ'' ဟူသော ရှေးပညာရှိတို့ ဆုံးမ စကားအရ အမျိုးကောင်း သားများသည် အုပ်ထိန်းခြင်း မကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန် ကျူးလွန်လျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်သည်။ ဤကံကား အလွန် ကြောက်ဖွယ် ကောင်း၏။ သေလွန်၍ ငရဲသို့ ကျခံရပြီးနောက် လူ့ဘဝ ပြန်ရ စေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက် ဖြစ်ရခြင်း၊ ချစ်သူနှင့် ကွဲရခြင်း စသော မကောင်းကျိုးများ များလှကုန်၏။

ကဲ တွေ့တယ်နော် နပုန်း ပဏ္ဍုက်တဲ့…၊ အရှင် အာနန္ဒာ အလောင်း အလျာတောင် ဘ၀တစ်ခုမှာ ကာမေသုကံ ကျူးလွန်ခဲ့လို့ အပါယ်ကျ၊ မိန်းမ ဘ၀တွေ အလီလီ ဖြစ်ပြီး၊ နပုန်းပဏ္ဍုက် ဘ၀တွေ ဖြစ်သေးတယ် ဆိုပဲ…။

ကျွန်တော် ကတော့ ကုသိုလ်ကံ ကောင်းလို့ပဲလား မသိဘူး.. ငယ်ငယ် ကတည်းက သူများလုပ်တိုင်း လိုက်မလုပ် တတ်တော့ တစ်ချို့ အရာတွေ သူများ သိသလို မသိပေမယ့် ဒီကံကတော့ ခုထိ လွတ်နေသေးတယ်…။ ကိုယ့်ဂုဏ် ကိုယ်ဖော် တာတော့ မဟုတ်ပါဘူး မိတ်ဆွေတို့ရေ.. ကာမေသုကံ ထိုက်တဲ့ အကြောင်းလေးတွေ ဖတ်ရတော့ ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်ရင်း နောင်လည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ သတိ ပေးမိနေလို့ပါ။

ကဲဗျာ ရေးတာလည်း များသွားပြီ၊ မိတ်ဆွေတို့လည်း မှတ်ရတာ တော်တော် များသွားတယ် ထင်တယ်…။ ကျွန်တော်လည်း စာရိုက်ရလို့ လက်တွေလည်း ညောင်း၊ ဇက်ကြော တွေလည်း တော်တော် တက်သွားတယ်။ သူများ တကာကို သိစေချင်တော့လည်း ဒီလောက်တော့ ရင်းရမှာပေါ့ဗျာ.. ဒါက ထားပါ.. နောက်ဆုံး လေးစားသမှုနဲ့ အကြံပေးချင် တာကတော့…

ဒီ ကာမေသုကံကို ယနေ့ အချိန်ထိ မကျူးလွန် မိသေးတဲ့ သူများ နောင်လည်း မကျူးလွန် မိအောင် ဆက်လက် ထိန်းသိမ်းကြပါ၊ ကျူးလွန်မိပြီး သူများလည်း စိတ်ပျက် မနေဘဲ.. ကုသိုလ် တရားတွေ တိုးသထက် တိုးအောင် လုပ်ဆောင်ပါ။ ဒါန၊ သီလ၊ သမထ ဘာဝနာ မှသည် ၀ိပဿနာ ဘာဝနာ အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ။ ဘာလို့လဲ ဆိုတော့ ၀ိပဿနာ ဘာဝနာ အားထုတ်လို့ မဂ်တစ်ချက် မြင်ပြီ ဆိုတာနဲ့ ဒီ ကာမေသုအမှု အကုသိုလ်ကံဟာ အဟောသိကံ (အကျိုးမပေးတဲ့ ကံ) ဖြစ်သွားစေလို့ပါပဲ။

***********************************************

အားလုံးသော ဓမ္မ မိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံနိုင်ပြီး ၀ိပဿနာ အလုပ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဖတ်တဲ့ အတိုင်းလည်း သိ၊ သိတဲ့ အတိုင်းလည်း ကျင့်၊ ကျင့်တဲ့ အတိုင်းလည်း ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…


လေးစားစွာဖြင့်
ဖိုးသား

Read more...

ဝိသာခါကျောင်းအမကြီး... (ဓမ္မပဒဝတ္ထု (မာဏဝ))


ပုပ္ဖ၀ဂ္ဂ၊ ဓမ္မပဒဝတ္ထု (မာဏဝ)

၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

၅၃။ ပန်းစုပန်းပုံအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

ဝိသာခါကျောင်းအမကြီး...












Read more...

ဒကာလေး ကျော် ရေ... အထီးကျန် မဖြစ်ချင်ရင်

19 Apr 09, 18:49
ကျော်: အရှင်ဘုရား။ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းဆိုက ကိုယ်က တည့်အောင်ပေါင်းလိုပေမယ့်၊ အားလုံးကို ခင်မင်စိတ် ထားပေမယ့် ဝါသနာ စရိုက် မတူတာနဲ့ တစ်ချို့က အမြဲ ပုတ်ခတ်တိုက်ခိုက်နေရင် ဘယ်လိုလုပ်ရမလဲဘုရား။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက တပည့်တော်ဥပုသ်စောင့်ထားတော့ ပျော်ပွဲရွှင်ပွဲအတွက်ခေါ်တဲ့အခါ မလိုက်လိုကြောင်း ကောင်းကောင်းပဲ ပြောငြင်းပါတယ်။ ပျော်ပွဲကခုန်ပွဲကို လိုက်ရင် ဥပုသ်ကျိုးမှာစိုးလို့ နေရပ်မှာသာ တတ်နိုင်သမျှ ပြုမြဲ ဒါနမှုတွေ ပြုပြီး နေခဲ့ပါတယ်။ တပည့်တော်ကို လူတောမတိုးဘူး၊ အများနဲ့ မရောဘူး၊ သင်္ကြန်လို ရိုးရာယဉ်ကျေးမှု ကို မထိန်းသိမ်းသူ ဆိုတာမျိုးတွေနဲ့ ပုတ်ခတ်လာတာ ဒီနေ့ပဲ ပြန်ကြားရတော့ သီလစောင့်ရင်းသီလနဲ့အတူ အထီးကျန်ဖြစ်ရပါလားလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အထီးကျန် မဖြစ်ချင်ရင် ခုန ပုတ်ခတ်သူတွေနဲ့ ရောနှောပြီး သောက်စားရင်း သူတို့လို သူတစ်ပါးအတင်းပြော ဒီလို ရောရောနှောနှော နေရင် သူတို့ကြားမှာ အထီးကျန် မဖြစ်နိုင်ပါ။ ဘယ်လို လုပ်ရမလဲဘုရား။ မှတ်ဖွယ်ရာတွေ ရေးတတ်ပါပေတယ် ဘုရား။ မှတ်ယူသွားပါသည်။

ဒကာလေး ကျော် ရေ...

{{အသေ၀နာ စ ဗာလာနံ}}

လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့်၊ ကင်းအောင်နေ။
ပညာရှိကို၊ အရှည်တွဲလို့၊ မှီဝဲဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်၊ ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ {{ဗုဒ္ဓ၀ါဒ}} ကမ္ဘာ့ မင်္ဂလာတွေ။

ဘုန်းကြီးတို့တတွေ သေသေချာချာ နှလုံးသွင်းနိုင်မယ်၊ ဘုရားစကားတော်ကို ယုံကြည်ကြမယ် ဆိုခဲ့ရင် ဒီမင်္ဂလာကဗျာလေးနဲ့တင် ပွဲပြီးသွားပါပြီ။

လူမိုက်ဆိုမပေါင်းနှင့် ကင်းအောင်နေရမယ်တဲ့၊ ဘယ်ဟာလဲ လူမိုက်... လူဆိုး...
မိမိကိုယ်ကို ပျက်စီးအောင်ပြုသူကို လူမိုက်...
သူတစ်ပါး ပျက်စီးအောင် ပြုသူကို လူဆိုး....
ဒါ့ကြောင့် မိမိသူတစ်ပါး အကျိုးပျက်အောင် ပြုနေသူကိုတော့ လူဆိုးလူမိုက်တဲ့။
ဒါကတော့ ကြားဘူးထားတဲ့ လူဆိုးလူမိုက် ခွဲပုံအကြောင်း။

ဒါဆို ဒကာလေးဘေးမှာရှိတဲ့သူတွေက ဘာလဲ ဒကာလေး ကိုယ့်ဟာကို ဆုံးဖြတ်ကြည့်ပါ။ ဘုန်းကြီးကတော့ ဘုရားဟောလေးတွေ ပြောပြရုံပေါ့။
ဆရာတော်တပါးနဲ့ စကားပြောဘူးတယ်၊ ကိုယ်တော်.... ဟိုကိုယ်တော်တွေ မကောင်းဘူးကိုယ်တော်၊ အရှင်ဘုရား ဘာတွေများ မကောင်းလို့လဲဘုရား အမိန့်ရှိပါဆိုတော့။ သူတို့ မပြောရဲတဲ့စကားဆိုရင် တပည့်တော်ကို မြှောက်ပေးပြီ တပည့်တော်ကလဲ သိရဲ့သားနဲ့ချတာပဲ တကယ်လဲ ခဏခဏ ပြဿနာ လိုက်ရှင်းနေရတာပဲ ကိုယ်တော်...။ ဆိုပြီးတော့ ပြောဘူးပါတယ်။ တရားဟောကြ စာရေးကြရတာလေးတွေကလည်း မလွယ်ဘူးလေ၊ တရားသဘောလို ကြည့်နိုင်ကြရင် ပိုကောင်းကြတာပေါ့။ ကြည့်နိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ဘုန်းကြီးအနေနဲ့ကတော့ ဘုရားတရားတော်အတိုင်း ပြောပြဖို့ ၀န်မလေးပါဘူး ပြောပြမှာပါပဲ။ ဘုန်းတော်ကြီးများ တာဝန်ကိုး။

မြတ်ဗုဒ္ဓက ဒီလိုပြပါတယ်...
ငါးပါးသီလမကျင့်သုံး၊ ဒုစရိုက် ၁၀-ပါး၊ ကျင့်သုံးရင် လူဆိုးလူမိုက်လို့ ခေါ်ပါတယ်၊

ရှေးသူတော်ကောင်းများရဲ့ ဆုတောင်းလေးတွေ ဘယ်လောက် ကောင်းလိုက်ပါသလဲ လူမိုက်ကို မတွေ့မမြင်ရပါလိုတဲ့။

တဲ့အောင်ပေါင်း ဆိုတဲ့နေရာမှာ အနည်းငယ်ခက်နေကြတာက လူဆိုးကိုလဲ တဲ့အောင် သူ့အကြိုက်ကို လိုက်လုပ်ပြီး ပေါင်းရမှာလို့ ထင်နေတတ်ကြပါတယ်၊ မင်းဘာ့ကြောင့် ဖဲရိုက်နေတာလဲ၊ တပည့်တော် သူ့ကိုအားနာလို့ပါဘုရား။ ဒီလိုတဲ့အောင်ပေါင်းခြင်းကို ပြောဆိုနေတာ မဟုတ်ပါ။ မိမိပေါင်းတဲ့သူဟာ မိမိကိုပျက်စီးအောင် ပြုမူနေရင် လူဆိုး လူမိုက်လို့ခေါ်ပါမယ်။ လူမိုက်မှန်းသိရင် သူ့ကို ဝေးဝေးကတောင် ရှောင်ရမှာ ဖြစ်ပါတယ်။ မကောင်းမှုကို မပြုလို ကောင်းမှုကိုသာ ပြုနေလိုသူဟာ ကိုယ့်ဘေးမှာ လူမိုက်တွေမရှိလေ ၀မ်းသာစရာကောင်းလေ ဖြစ်ရမှာပါ။ အဖေါ်ကွဲတယ်လို့မဆိုနိုင်ပါ၊ အဖေါ်ကွဲတယ်လို့ ထင်နေရင် ကိုယ့်စိတ်ထဲမှာ ဘာကို မျှော်နေသလဲ၊

သင်္ကြန်လို ရိုးရာယဉ်ကျေးမှုကို မထိန်းသိမ်းသူလို့ ဆိုကြတယ်ဆိုတာကလည်း တဖက်ကတော့ စေတနာနဲ့ နေမှာပါ။

ဘုန်းကြီးစိတ်ကူးတခု တချိန်တုန်းက ဒီလိုပေါ်ဖူးပါတယ်၊ တချို့ပညာရှင်တွေက အနော်ရထာမင်းကြီးကြောင့် ငါဒို့တိုင်းပြည်မှာ မဟာယာန အရည်းကြီးတို့ရဲ့ ရှေးဟောင်းသမိုင်း ကျင့်စဉ်တွေ ပျောက်ဆုံးရတယ်လို့ ပြောတာ ရေးတာတွေ တွေ့ဘူးကြားဘူးခဲ့ပါတယ်၊ သူတို့အနေနဲ့ သူတို့အတွေးဘက်က မှန်သည်မှားသည် မပြောလိုပါ သမိုင်းသဘောကိုး။ ဘုန်းကြီးက ဒီလိုတွေးမိတယ် အရည်းကြီးတို့ရဲ့ ပညာတွေသာ အကုန်ကျန်ခဲ့မယ် ဆိုရင်တော့ ငါ့ အမျိုးတွေတော့ မလွယ်ဘူးလို့ တွေးမိပါတယ်။ (ဒီဘုန်းကြီးတောင် ခုဆို အရည်းကြီးဦးလောက ဖြစ်ချင်ဖြစ်နေမှာ) ဒီအတွေးမျိုးတွေက သာသနာကို စောင့်ရှောက်နေကြကုန်သော ထေရ၀ါဒ ဘုန်းတော်ကြီးများရဲ့ စိတ်ထဲမှာ တူညီသော အတွေးအခေါ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပြောလိုတာက ရှေးဟောင်း ရိုးရာယဉ်ကျေးမှုများကို ဗုဒ္ဓ အဆုံးအမနဲ့ ကိုက်ညီရင် ထိန်းသိမ်းကြရပါမယ်။ အကုသိုလ် မဖြစ်ဖူးဆိုရင် ထိန်းသိမ်းကြရပါ့မယ်။ အခါတရံ အကုသိုလ်ဖြစ်ခဲ့ပေမဲ့ ကုသုလ်ဘက်ကိုပြောင်းလို့ ရခဲ့ရင် ဒီလို ရှေးဟောင်းရိုးရာမျိုးကိုလည်း ထိန်းသိမ်းသင့်ပါတယ်။ ဥပမာ သင်္ကြန်မှာ မူးရူးပြီး ရမ်းမနေဘဲ လူကြီးသူမများကို ကန်တော့မယ် ရေချိုးပေးမယ် သတ္တ၀ါတွေ ဘေးမဲ့ပေးမယ် တရားပွဲတွေလုပ်ကြမယ်၊ ရေပက်ရင်လည်း ငြိမ်းချမ်းစေဖို့ မေတ္တာလေးပွားပြီး ဖြည်းဖြည်းလေး လောင်းမယ်ပေါ့။ ရှေးတုန်းက ရှိခဲ့ဘူးပြီးသားလေးပါ ဘယ်လောက်ကောင်းကြမလဲ ရှေးဟောင်း အမွေလေးလည်းထိန်းရင်းနဲ့။ ရေးရင်းနဲ့ ငယ်ငယ်က... သတိရလာတယ် မရေးတော့ပါလေ။ ဒီလို ဘေးကင်းတဲ့ သင်္ကြန်မျိုးကတော့ မတွေ့ရတော့ဘူး အောင်းမေ့ခဲ့တာ တော်ပါသေးရဲ့ တွေ့ရသေးလို့၊ စီဘောက်တကာမှာ ဗွမ်းနေကြတာ... ဗွမ်းးးး ဒါမျိုးလဲပါသေး အားမရကြဘူးလေ...၊ ကလေးတွေဆိုတော့ ပျော်စရာလဲကောင်း အန္တရာယ်လဲမရှိကြ၊ စာရေးတာတောင် ယဉ်ယဉ်လေးတွေချည့်ပါဘဲ။ ဒီလို ယဉ်ကျေးသော အင်တာနက်ပေါ်မှ ရေ... သင်္ကြန်လေးတွေ ဘယ်နနှစ်ခံမယ်တော့ မသိဘူးပေါ့လေ...။ ထိန်းနိုင်ကြပါစေ အွန်လိုင်းပေါ်မှ ရေ...သင်္ကြန်။

သူတော်ကောင်းတရားနဲ့ ပေါင်း၍ရလျှင်ပေါင်း မရလျှင်ခွါ။
ကောင်းမှုနဲ့ယှဉ်သော ရိုးရာကို မပျက်ဆီးအောင်ထိန်းသိမ်း။
ကိုယ့်ထံမှာ သူတော်ကောင်းတရားမရှိလျှင် ကောင်းသောအဖော် ကွဲနေသူ။

ဘုန်းကြီးလဲ တစ်ပါးတည်းဆိုတော့ အဖော်ကွဲပါသကွယ်...
ဒီလို စဉ်းစားကြည့်ဘူးပါတယ်...
အရက်ပုလင်းထောင်...
မာကျောက်ဝိုင်းလေးတည်...
ဂျောက်ဂျက် စက်ကလေး ထားမယ်ဆိုရင်တော့ ...
ကျောင်းမှာ လူမစဲဖြစ်မှာဘဲလို့...

မလုပ်ပရစေနဲ့ကွယ်...
တစ်ယောက်ထဲဘဲ အဖေါ်ကွဲလို့ သီတင်းသုံးကာ တရားနဲ့ဘဲ ပျော်ပါတော့မယ်...။

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၎.၂၁.၂၀၀၉

Read more...

ကာလဒါနတို့သည် ငါးမျိုး...

ကာလဒါနသုတ်

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ဧည့်သည် 'အာဂန္တုက' အား အလှူကို ပေးလှူ၏။
၂။ ခရီးသည်အား အလှူကို ပေးလှူ၏။
၃။ လူနာအား အလှူကို ပေးလှူ၏။
၎။ ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
အလှူခံ၏ စကားကို သိတတ်ကုန်သော နှမြော ဝန်တိုမှု ကင်းသော ပညာရှိတို့ သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊ ဖြူစင် ဖြောင့်မတ်သည့် တာဒိ ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌ အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ ၌ ပေးလှူ၏၊ ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြော၏။ အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊ အမှုကြီးငယ် 'ဝေယျာဝစ္စ' ကိုပြုလည်း ပြုလုပ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်မလျော့နိုင်၊ ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ် ၏ အဖို့အစုကို ရကြကုန်၏။ ထို့ကြောင့်တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည် အ လှူ ပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊ ကောင်းမှု ကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ် ကုန်၏။36


၆ - ကာလဒါနသုတ်၊ သုမန၀ဂ်၊ ပဉ္စက၀ဂ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

တရားငါးမျိုးတို့နှင့် ပြည့်စုံသော...


ဗဟူပကာရသုတ်၊

ရဟန်းတို့ ...
တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ...
ကျောင်းအား ကျေးဇူးများ၏ ...။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကိုဆောက်တည်၍ ကျင့်၏။

၂...
အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွဖြစ်၍ အလုံးစုံ ပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

၃...
ကျိုးပျက်သည်ကို တစ်ဖန် ပြုပြင်တတ်၏။

၎...
အထူးထူးသော မြို့ရွာနေ ရဟန်းတို့ ကြွရောက်လာသည် ဖြစ်၍ ရဟန်းသံဃာ များပြားသည်ရှိသော် လူဒါယကာတို့ထံသို့ ချဉ်းကပ်၍ ''ဒါယကာတို့ ကြွရောက် လာသော ရဟန်း သံဃာများသည် အထူးထူးသော မြို့ရွာနေ ရဟန်းတို့ ဖြစ်ကုန် ၏၊ ကုသိုလ် ကောင်းမှုတို့ကို ပြုကြကုန်လော့၊ ကုသိုလ်ကောင်းမှုပြုရန် အချိန်အခါ ပင်တည်း'' ဟု ပြောကြားတတ်၏။

၅...
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ် သော (ရူပါဝစရ)ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်း ရ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ...
ကျောင်းထိုင်ရဟန်းသည် နေရာကျောင်းအား ကျေးဇူးများ၏ဟု (မိန့်တော်မူ၏)။
234

၎ - ဗဟူပကာရသုတ်၊ အာဝါသိက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ခါးကြိုးကို လှူဒါန်းခဲ့ရသော အခါမှစ၍...



မေခလာ


မေခလာဒါယိကာထေရီအပဒါန်

သိဒ္ဓတ္ထမြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ထား ဆောက်လုပ်အပ်ကုန်၏၊ ငါသည် မြတ်စွာဘုရား၏ အမှုသစ် အကျိုးငှါ ခါးကြိုးတန်ဆာကို လှူခဲ့၏။

ပုထိုးစေတီတော်ကြီး ပြီးစီးလတ်သော် ငါသည် လောက၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ခါးကြိုးတန်ဆာကို တစ်ဖန်လှူခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ခါးကြိုးကို လှူဒါန်းခဲ့ရသော အခါမှစ ၍ မကောင်းမှု ပြုသူတို့၏ လားရာ 'ဒုဂ္ဂတိ' ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် ပုထိုး စေတီတော်ကိုတည်ထား ဆောက်လုပ်ရခြင်း၏ အကျိုးပေတည်း။

ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝ မရှိဘဲ နေရ၏။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။ လေးပါးသောပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ ။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် မေခလာဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ 20-25

၂ - မေခလာဒါယိကာထေရီအပဒါန်၊ သုမေဓာဝဂ်၊ ထေရီအပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ဆင်းရဲ သား ပပျောက်ရေးတရားတော်

ဆင်းရဲသား ပပျောက်ရေး

အရှင်သုဒဿနာဘိဝံသ

ဗိုလ်တောင်ဆရာတော်(မြိတ်)

အမှာစကား

(၀ါ)

ဆင်းရဲသားပပျောက်ရေး

ဒီတရားတော်ကို နာကြားဖတ်ရှုပြီးတဲ့အခါမှာ ``ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ မဖြစ်မနေ အကောင်အထည် ဖော်ရမည့်အလုပ် ´´ လို့သဘောပေါက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာတော့ ခေတ်ကာလ. ပတ်ဝန်းကျင်. လူတို့၏ စိတ်နေစိတ်ထား. လူတို့၏ စရိုက်အခြေအနေ. တွေကို ထည့်သွင်းစဉ်းစားပြီး အဖြစ်နိုင်ဆုံး၊ အထိရောက်ဆုံး၊ အလွယ်ကူဆုံး၊ အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် နည်းအမျိုးမျိုးနှင့် အကောင်အထည်ဖေါ်ဖို့ လိုပါလိမ့်မယ်။

ဘုန်းကြီးတို့ နားလည်သဘောပေါက်တာကတော့ ဘယ်အရာမဆို အကျဉ်းမှ စ၍ အကျယ်ချဲ့ယူခြင်း၊ အထပ်ထပ် အခါအခါ လေ့ကျင့်ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတွေ ပြုလုပ်ပေးပြီးတော့မှ ပွါးများယူခြင်းတွေဟာ အလုပ်ကြီးတွေအတွက် အသင့်လျော်ဆုံး လို့ယူဆပါတယ်။

`` ဘာကြောင့် အဲဒီလို ပြောရသလဲ´´

ဖြစ်စေသတည်း ဆိုလျှင် အရာရာဖြစ်စေနိုင်တဲ့၊ ဖန်ဆင်းလိုသမျှ ဖန်ဆင်းနိုင်တဲ့၊ အလွန်တန်ခိုးကြီးမားတဲ့၊ ဈာန်အဘိဥာဉ် ရတဲ့ သမာဓိ စွမ်းအားရှင်ကြီးတွေတောင် လိုအပ်တဲ့ သမာဓိ စွမ်းအား၊ လိုအပ်တဲ့ တန်ခိုးဈာန်အဘိဥာဉ် တွေ အပြည့်အစုံ ရရှိပြီးတာတောင်မှ စောစောက ပြောခဲ့သလို အကျဉ်းမှ အကျယ်၊ အနီးမှ အဝေး၊ အသေးမှ အကြီး၊ အလွယ် မှ အခက်၊ တဖြည်းဖြည်းချင်း ချဲ့ယူခြင်း၊ လေ့ကျင့်ခြင်း တွေ အထပ်ထပ်အခါခါ ပြုလုပ်ပေးပါမှ လိုချင်တဲ့အတိုင်း အတာ ကို အပြည့်စုံဆုံး၊ အလျင်မြန်ဆုံး၊ ဖန်ဆင်းနိုင်တယ်လို့ ဗုဒ္ဓကျမ်းစာ တွေထဲမှာ တွေ့ရပါတယ်။

လေ့ကျင့်မှု အခါခါအထပ်ထပ် စမ်းသပ်မှုပြုစု ပျိုးထောင်မှု ၊ ဆန့်ကျင်ဘက်တွေ ဝေးသထက်ဝေးအောင် ဖယ်ရှား သန့်စင်ပေးရမှုတွေကို စွမ်းအား တကာတွေထက် စွမ်းအားအထက်ဆုံး သမာဓိ စွမ်းအားရှင်၊ တန်ခိုးရှင်ကြီးတွေသော်မှ ပြုလုပ်ရပါသေးတယ် ဆိုလျှင် အခြားအခြားသော လောက ဖန်တီးရှင်တွေအတွက် ပြောစရာတောင် လိုမည် မထင်ပါ။

ဖြစ်သင့်ဖြစ်ထိုက်တာ ဆိုလျှင် ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမှာပဲ ရှိရှိ ဘာအကြောင်းကြောင်းတွေ က ပဲ ခံနေနေ မဖြစ်ဖြစ်အောင် လုပ်နိုင်ဖို့ ဆိုတာ အရေးကြီးဆုံးပေါ့။

ဒီတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေးတရားတော် ကို နာယူပြီးတဲ့အခါမှာ ဘုရားဟောလည်း ဖြစ်ပြန်၊ အတိတ်က သာဓကတွေလည်းရှိ၊ ပစ္စုပ္ပန်မှာ လည်း လက်တွေ့ရှိနေတဲ့ သာဓကတွေကို (ဘင်္ဂလားဒေ့ရှ်မှ ပါမောက္ခ တစ်ယောက် အသေးစား ငွေချေးဘဏ် ထူထောင်ရာမှာ အောင်မြင်နေကြောင်း) ဖတ်ရှု ကြားသိနေကြရတာဖြစ်လို့ သဘောတူရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သမျှ ကြိုတင် ပြင်ဆင် ဆောင်ရွက်၍ နည်းအမျိုးမျိုး ထိုက်သင့်သလို သုံးပြီး ပြုလုပ်သင့် ကြပါတယ်။

ဒါကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး (၀ါ) ဆင်းရဲသားပယ်ဖျက်ရေး တရားတော်ကို ပြုစု ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

အရှင်သုဒဿနဘိဝံသ

ဗိုလ်တောင်ဆရာတော်(မြိတ်)

(အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ငြီးငွေ့ ၀ိပဿနာ တရားတွေချည်းတွင်တွင် ဟောပြောနေတဲ့ ခေတ်ကာလ မှာ ဗိုလ်တောင်ဆရာတော်လို လင်္ကာရအဘိဝံသ ဘွဲ့ရ ဆရာတော်ကြီးတစ်ပါးရဲ့ ဆင်းရဲ ပပျောက်ရေးတရား ကို ဖတ်ရှု ရတဲ့အခါ များစွာ ကြည်ညိုလေးစား ရပါတယ်။ လက်ရှိ မျက်မှောက် လူမှု ဒုက္ခ အ၀၀ ကို လစ်လျူရှုမထား.. ခေတ်စနစ်နဲ့ အညီ လိုအပ်ချက် ကို ဗုဒ္ဓအဆုံးမ နဲ့ အညီ လမ်ညွှန်ပေးတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ အဆိုပါဆရာတော်ကြီးဟာ ၆ ဘာသာဂုဏ်ထူးရှင် ပထမကျော် ဓမ္မာစရိယ အရှင်ဆန္ဒာဓိက ရဲ့ ဆရာတစ်ဆူလည်း ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆင်းရဲသား ပပျောက်ရေးတရားတော် စာအုပ် ပါ တရားအားလုံးကို ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရယူပြီးဆက်လက်ဖေါ်ပြပေးသွားပါ့မယ်)


Read more...

ကံ ကံ၏အကျိုး ( ၄၉ )

( သည်းခံခြင်းသည် မင်္ဂလာ )

နယ်ချဲ့ဗြိတိသျှတို့ အုပ်စိုးချိန်က ဖြစ်သည်၊ လွတ်လပ်ရေးကို အလိုရှိနေကြသော မြန်မာနိုင်ငံသားတို့ကို အင်္ဂလိပ် အစိုးရက ဒိုင်အာခီ အုပ်ချုပ်ရေးသာ ပေးလိုသည်၊ ထိုအုပ်ချုပ်ရေးကို အထက်တန်း အစိုးရအရာရှိများနှင့် ငွေကြေးချမ်းသာသော သူဋ္ဌေးများသာ အလိုရှိသည်။ ဆင်းရဲသား အများကမူ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သော ဟုမ်းမရူးကိုသာ လက်ခံချင်ကြသည်။

မော်လမြိုင်မြို့မှ ၀ံသာနုစိတ်ဓာတ် ပြင်းထန်သူ ဦးချစ်လှိုင်က ဟုမ်းမရူးအသင်းကို စတင်ဖွဲ့လိုက်သည်။ ထို့ကြောင့် ဒိုင်အာခီနှင့် ဟုမ်းမရူးအသင်း အဖွဲ့နှစ်ခု ကွဲကြသည်။ အခြားမြို့များထက် မြိတ်မြို့၌ ထိုနှစ်သင်းသည် ပို၍ ပြင်းထန်ပြီး ဆွေမျိုးရင်းချာ အချင်းချင်းပင် တဦးနှင့်တဦး မခေါ်မပြောနိုင် ရန်သူကဲ့သို့ ရှိကြသည်။

လူထုကွဲသကဲ့သို့ ဘုန်းတော်ကြီးကျောင်းများလည်း ဒကာများဘက် လိုက်ပြီး ကွဲကြရပြန်သည်။ ယခင်က ကျောင်းဝင်းအကျယ်ကြီးထဲ၌ ကျောင်းကြီး နှစ်ဆောင်ပြိုင် ဆောက်ထားကြရာ ယခုကဲ့သို့ အသင်းအဖွဲ့များ ကွဲသောအခါ ဒိုင်အာခီကျောင်းက အားကောင်းလျှင် ဟုမ်းမရူးကျောင်းကို နှင်ထုတ်လေ့ရှိသည်။ အနှင်ခံရသော ကျောင်းအဖို့ ချက်ချင်း ပြောင်းရန် မြေမရှိ။ ထို့ကြောင့် မြေအသစ် ရှာကြရသည်။

ဤကဲ့သို့သောအချိန်တွင် မြိတ်မြို့မှ ဟုမ်မရူးအသင်းဥက္ကဋ္ဌ ဦးရိုး-ကို အားကိုးကြရသည်။ ဦးရိုးသည် မြိတ်မြို့ ထားဝယ်စုရပ်၌ ပန်းတိမ်ဆရာဘ၀မှ (သူလေးစား ကိုးကွယ်သောဆရာတော်က ဆေးကျမ်းများ ပေးကမ်းပြီး မြန်မာသမားတော်ဖြစ်အောင် တိုက်တွန်းသောကြောင့်) သမားတော် ဖြစ်လာသူ ဖြစ်သည်။ နေ့စဉ်ပင် သံဃာတော်များ၊ သီလရှင်များနှင့် ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်ဆွေများကို အခလွတ် စေတနာသမားတော်အဖြစ် ကုသိုလ်ပြု ဆေးကုပေးနေသူဖြစ်သည်။ သီတင်းဝါလ ကျွတ်ချိန်၌ ကျေးဇူးသိတတ်သူများက နိုင်သမျှ ကန်တော့ကြသော ပစ္စည်းများဖြင့်သာ ရောင့်ရဲလျက် နေထိုင်လေ့ရှိသည်။

သူသည် ဗုဒ္ဓစာပေကျမ်းဂန်များကို အသင့်အတင့် တတ်သိနားလည်သည်။ ရှေးခေတ်က အသုဘအိမ်များ၌ အသုဘချပြီးလျှင် မိတ်ဆွေနှင့် ဆွေမျိုးများက အသုဘအိမ်သို့ လာကြလေ့ရှိသည်။ ထိုခေတ်က ဖဲဝိုင်းမရှိသောကြောင့် ညပိုင်း၌ ဦးရိုးက တရားဓမ္မများကို သူနားလည်သမျှ ဟောပြောလေ့ရှိသည်။

အရပ်ထဲ၌ သူ့အား ကြည်ညိုလေးစားကြသည်။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါတရား ပွားသည့်အတိုင်း ကထိန်ခင်းလျှင် ဆင်းရဲသားများလည်း ကုသိုလ်ပါဝင်နိုင်အောင် စုဘူးများလုပ်ပြီး အလှူခံ၍ ငွေစုပေးသည်။ ကထိန်ခင်းသောအခါ မမျှော်လင့်ဘဲ ငွေများစွာ ရရှိသည်။ ဆင်းရဲသား၊ ဆွေမျိုး၊ မိတ်သင်္ဂဟများလည်း ၀မ်းမြောက်ဝမ်းသာ အလှူပါဝင်နိုင်ကြသဖြင့် သူ့ကို အားကိုး၍ ကျေးဇူးတင်ကြသည်။ ရပ်ရွာ၌ ကူညီစရာရှိလျှင်လည်း မဆိုင်းမတွ ကူညီတတ်သည်။ ကိစ္စတရပ်ရပ်ပေါ်၍ ဆုံးဖြတ်စရာရှိလျှင် ကျေနပ်အောင် ဆုံးဖြတ်ပေးတတ်သည်။ ရပ်ကွက်၌ အားလုံး ရိုသေ လေးစား ခံရသည်။ သူ၏ ဖြောင့်မတ် တည်ကြည်ခြင်း၊ စိတ်နှလုံး နူးညံ့ကောင်းမွန်ခြင်း၊ သဒ္ဓါတရားကောင်းခြင်းကြောင့် သူ့ကို သိသူ များကြသည်။ ဤသို့လျှင် မြိတ်မြို့၌ ဟုမ်မရူးအသင်း ဖွဲ့သောအခါ သူ့ကို ဥက္ကဋ္ဌ မြှောက်ကြသည်။

ဦးရိုးတို့ ကိုးကွယ်သော ဆရာတော်၏ ကျောင်းမှာ ဟုမ်းမရူးကျောင်းဖြစ်သောကြောင့် ဒိုင်အာခီတပည့်များက သူတို့အား တ၀င်းတည်း မထားလို။ ကျောင်းနှင့်အတူပြောင်းရွှေ့ပေးရန် ပြောကြသည်။ ထို့ကြောင့် ဦးရိုးသည် မြိတ်ဒိစတြိတ်အရေးပိုင်ထံသို့ အကျိုးအကြောင်း ပြောပြပြီး ကျောင်းဆောက်ရန် နေရာအသစ်တောင်းခံသည်။ အရေးပိုင်ကလည်း အလွယ်တကူ မြေနေရာကို ပေးလိုက်သည်။ ယင်းနေရာကို ဒိုင်အာခီများကလည်း သူတို့အလိုရှိနေကြသဖြင့် အရေးပိုင်ထံ လျှောက်ထားကြသည်။ ဟုမ်းမရူးကျောင်းအတွက် ပေးလိုက်ပြီး ဖြစ်ကြောင်း ပြောပြသည်။ သူတို့မရတော့ပေ။

ထိုနေ့မှစ၍ ဦးရိုးကို ဒိုင်အာခီများက မကျေနပ်ကြ။ အခွင့်ကောင်းရအောင် အရေးပိုင်ထံ ၀င်လျှောက်ရသလားဟု အပြစ်တင်ကြသည်။ မနာလို ရှိကြသည်။ ထိုခေတ်က မြိတ်မြို့တွင် မော်တော်ကားများ မရှိသေး၊ လန်ချားများသာ ရှိသည်။ ဦးရိုးသည် နံနက်ပိုင်း ဆေးကုပြီး ညနေ ၄-နာရီအချိန်တွင် အိမ်မှဘုရားသို့ သွားလေ့ရှိသည်။ ဘုရားပန်းများမှာ အုန်းလက်ကြောများဖြင့် သီထားသောကြောင့် ပန်းသီများကိုင်၍ သွားရသည်။ လမ်းတလျှောက် ဘုရားဖူးသူ များသဖြင့် အိမ်တချို့က ဘုရားသွားသူများအား ဘုရားပန်းသီများ ထွက်ပေးလေ့ရှိကြသည်။

ဦးရိုးသည် ပန်းများနှင့် ဖယောင်းတိုင်များကို ဘုရား သိမ် အသီးသီး၌၀င်၍ ဆက်ကပ်ပူဇော်ပြီးမှ နောက်ဆုံး သူ၏မိခင် ပူဇော်ထားသော ဘုရားရှိရာသိမ်သို့ ၀င်၍ ရှိခိုးလေ့ရှိသည်။ ဤကဲ့သို့ ညနေတိုင်း မပျက်မကွက် ဦးရိုး ဘုရားသွားချိန်တွင် ထိုလမ်းမကြီးရှိ တိုက်အိမ်တလုံးတွင်နေသော သူဋ္ဌေးတဦးသည် တိုက်ရှေ့သို့ထွက်လာ ပြီးလျှင် ဟုမ်းမရူး ဥက္ကဋ္ဌကြီး လာပြီ၊ တန်ခိုးကြီးလို့ ချေးရေတိုက်ဖို့ ကောင်းတယ်ဟေ့-ဟူ၍ အသံကျယ်လောင်စွာ အော်ပြောလေ့ရှိသည်။

ဦးရိုးကား ဣနြေ္ဒမပျက်၊ မကြားယောင်ဆောင်ကာ သွားမြဲတိုင်း သွားလျက်ပင်။ သူ့အား ရန်သူဟူ၍ သဘောမထား၊ သည်းခံသည်။ နေ့စဉ် ဦးရိုးအား ဤကဲ့သို့ စော်ကားနေသဖြင့် အိမ်နားနီးချင်း မိတ်ဆွေများက ဦးရိုး၏ တူသားများအား သွားတိုင်ကြသည်။ လူငယ်များက ဒေါသ ထောင်းထောင်းထွက်၍ သူတို့ သွားရောက် ဆုံးမမည်ဟု ဦးရိုးအား လာပြောကြသည်။

ဦးရိုးက ရန်ရန်ချင်း မတုံ့နှင်းကြနဲ့၊ ငါ့မှာ ဘာမှမထိခိုက်၊ သူမောတဲ့အခါ တိတ်သွားလိမ့်မယ်-ဟု ဆုံးမထားလိုက်သည်။ လူငယ်များကား မကျေနပ်ကြ။ စိတ်ထဲ မခံချင် ဖြစ်ကြသည်။ ဤသို့ဖြစ်ရာမှ နှစ်ပတ်ခန့် ကြာသောအခါ သူဋ္ဌေးထွက်မလာသဖြင့် ဦးရိုးက အံ့အားသင့်မိသည်။ ထို့နောက် သူဋ္ဌေးကြီး ၀မ်းတွေသွားပြီး ရေကိုသာအငမ်းမရ တောင်းသောက်နေရကြောင်း၊ ဆရာဝန်တွေလည်း မကယ်နိုင်တော့ကြောင်း သတင်းကြားရသည်။

များမကြာမီ ထိုသူဋ္ဌေး အနိစ္စရောက်သွားကြောင်း သိရှိရသည်။ အစောကားခံရသူ ဒုက္ခမတွေ့။ စောကားသူသာ ဒုက္ခတွေ့သွားသည်။ သည်းခံခြင်းကား မင်္ဂလာပင်။

( ဒေါ်စောရင် )
*********************************************************************************

( ပဋ္ဌာန်းတရားဖြင့် ကုသခြင်း )

စာရေးသူသည် တနေ့တွင် ရွှေတောင်မြို့ ဂန္ဓာရုံဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဂ၀ံသ ( အဂ္ဂမဟာပဏ္ဍိတ ) ထံတော်သို့ ကန်တော့ဖူးမြော်ရန် ရောက်ရှိသွားပါသည်။ ဆရာတော်ကြီးက ကန်တော့ခံတော်မူ၍ ဆုများပေးပြီး စာရေးသူ၏ ကျန်းမာရေး အခြေအနေကို မေးမြန်းတော်မူသည်။ စာရေးသူက မိမိ၏ ကျန်းမာရေး ချွတ်ယွင်းချက်ကို လျှောက်ထားသည်။ ထိုအခါ ဆရာတော်ကြီးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်၍ မိမိရောဂါကို ကုသကြည့်ရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် ရွတ်ဖတ်ပုံ ရွတ်ဖတ်နည်းပါ အမိန့်ရှိပါသည်။

စာရေးသူသည် ဆရာတော် အမိန့်ရှိလိုက်သည့် နေ့မှစ၍ နေ့စဉ် ပြုလုပ်နေကျဖြစ်သော ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့ပါသည်။ ထို့နောက် ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို အာရုံစူးစိုက်၍ လေးလေးနက်နက် ရွတ်ဖတ်ပူဇော် ပါသည်။ ၅-ရက်မြောက်သောနေ့တွင် ထူးခြားသော အိပ်မက်များ မြင်မက်ပါတော့သည်။

အိပ်မက်ထဲတွင် စာရေးသူ၏ ၀မ်းဗိုက်တွင်းမှ ဆံပင်ချည်ထွေး ၅-ထွေးသည် အတွဲလိုက် ထွက်ကျသည်ဟု မြင်မက်ပါသည်။ တဆက်တည်းမှာပင် ညာဘက်နားတွင်းမှ နဖာချေးများ အလိပ်လိုက်၊ အခွေလိုက် များစွာ ထွက်ကျသွားသည်ဟု မြင်မက်ပါသည်။

ထိုကဲ့သို့ အိပ်မက်မြင်မက်ပြီးသည့် နောက်ပိုင်းမှစ၍ ကျန်းမာရေး တစတစ ကောင်းမွန်လာပါတော့သည်။ ယခင်ကဆိုလျှင် စိတ်ထိခိုက်စရာ ပေါ်ပေါက်လာသည့် အခါမျိုးနှင့် ကြုံကြိုက်လာလျှင် ပုံလျက်သားကျပြီး သတိလက်လွတ် မလှုပ်နိုင် မရှားနိုင် ဖြစ်သွားသည်။ ရင်တွင်းမှလည်း မချိအောင် ဝေဒနာခံစားရတတ်ပါသည်။

ဤကဲ့သို့ ဝေဒနာဆိုးများ ၂-ကြိမ် ၃-ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ ယခုနောက်ပိုင်းတွင် ဤလို ဝေဒနာမျိုး လုံးဝမဖြစ်တော့ပါ။ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမ၀ခြင်းတို့ပင် ပျောက်ကင်းသလောက် ဖြစ်ပါသည်။

စာရေးသူသည် နှလုံးအထူးကု ဆရာဝန်ကြီး ၂-ဦး၊ မြန်မာသမားတော်ကြီးများနှင့် နှစ်စဉ်ပြ၍ ကုသနေရသူ ဖြစ်ပါသည်။ ယခုမူ ဆရာတော်ညွှန်ကြားချက်အတိုင်း ယုံကြည်လေးနက်စွာ ကျင့်သုံး၍ ပဋ္ဌန်းတရားတော်ကြီးအား ပူဇော်ရသည့် အကျိုးကြောင့် စွဲကပ်နေသော ရောဂါဝေဒနာမှ ထမြောက် အောင်မြင်ခဲ့ရပါသည်။

ရောဂါဝေဒနာရှင်များ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေရန်၊ ရောဂါပျောက်ကင်း ချမ်းသာခြင်းဖြင့် အောင်မြင်မှု ရယူကြပါစေရန် အတုယူ၍ လိုက်နာကျင့်သုံးကြစေလိုသော စေတနာရင်းဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ရောဂါပျောက်ကင်း ချမ်းသာစေရေးအတွက် ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရှေးဦးစွာ မိမိတို့နေရာဌာနတွင် ကိုးကွယ်ပူဇော်ထားသော ရုပ်ပွားဆင်းတုတော်ရှေ့၌ မတ်မတ်ခြေစုံ ရပ်၍ လက်အုပ်ချီပြီးလျှင်-
၁။ နမော အနန္တနယ ဒေသကဿ သမ္မာသမ္ဗုဒ္ဓဿ-ဟု ၃-ခေါက် ရွတ်ပါ။
၂။ ဟေတုပစ္စယော-မှစ၍ အ၀ိဂတပစ္စယော အဆုံး ၂၄-ပစ္စည်း ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို မိမိခန္ဓာကိုယ် ဆံဖျားမှ ခြေဖျားတိုင်အောင် အထက်မှ အောက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။
၃။ တဖန် အောက်ခြေဖျားမှ အထက်ဆံဖျားတိုင် အောက်မှ အထက်သို့ စိတ်ကညွတ်၍ ရွတ်ဖတ်ပါ။
၎။ မိမိခန္ဓာကိုယ်ကို လက်ျာရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။
၅။ မိမိခန္ဓာကိုယ်ကို လက်ဝဲရစ် လှည့်၍ (စိတ်ဖြင့်) ရွတ်ဖတ်ပါ။
၆။ နောက်ဆုံး မြှောက်ချီထားသော လက်အုပ်ကို ဦးထိပ်ထက်တင်၍ မိမိရောဂါရှိရာ (နှလုံးသား) ကို စိတ်ကညွတ်၍ ရွတ်ဆိုရန် ဖြစ်ပါသည်။

မှတ်ချက်။ စာရေးသူမှာ နှလုံးသွေးကြောကျဉ်းသော ရောဂါရှင်ဖြစ်၍ နှလုံးသားကို စိတ်စိုက်၍ ရွတ်ဖတ်ခြင်း ဖြစ်သော်လည်း အခြားသော ဝေဒနာရှင်များမှာ မိမိတို့ ရောဂါရှိရာသို့ မှန်းဆ၍ ရွတ်ကြရန် ဖြစ်ပါသည်။

အမှန်မှာ မိမိခန္ဓာကိုယ် တခုလုံးအား အသည်းနှလုံးပါမကျန် ပဋ္ဌာန်းဒေသနာတော်ဖြင့် စည်းချ ကာကွယ်၍ ထုံမွှမ်းထားခြင်းပင် ဖြစ်ပါသည်။
အားလုံးသော ရောဂါဝေဒနာရှင်များ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ပျောက်ကင်း ချမ်းသာကြပါစေ။

( ရှင်ထွေး-ရွှေတောင် )

( မြတ်မင်္ဂလာ-၁၉၉၅-ခု နိုဝင်ဘာလ )


Read more...

သြ၀ါဒ

ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
ရခဲတဲ့လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
သက်တမ်းတိုတဲ့ ဘ၀ကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင်
အသေစောကာ ကိုယ်ကျိုး နည်းလိမ့်မယ်။
မနေ့ကထက် ယနေ့ သေဖို့ တရက်နီးသွားပြီ။
မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်း နာနိုင်သည်။
မမျှော်လင့်ဘဲ ဖြုန်းခနဲ သေလည်း သေနိုင်သည်။
ခန္ဓာ၏ ၀တ္တရားက အသေရှာတာ။
ဉာဏ်၏၀တ္တရားက အသေရှောင်တာ။
အသေမဦးမီ ဉာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။

( မိုးကုတ်ဆရာတော် ဘဒ္ဒန္တ ၀ိမလ )

Read more...

နေရာ

“ ၃၈ ဖြာ မင်္ဂလာ အလေးထား ကြသမို့ တကယ်မမေ့ကြပါ…နဲ့ အတည် …………”
အေးအေးငြိမ့်ငြိမ့်လေး စီးဝင်လာသော သီချင်းသံသည် နားစည်ဝမှတဆင့် နှလုံးသွေးထဲသို့ စီးဆင်းသွားသလားထင်ရ၏။ ဖတ်လက်စစာအုပ်ကို ခဏချကာ အတွေးတို့သည် ရှေးအတိတ်တို့ဆီသို့ ပြန်သွားလေသယောင်။

ညဦးယံခါ လသာသာနဲ့ အိမ်ရှေ့ကွက်ပစ်လေးပေါ်မှာ မေမေနဲ့ ဖွားဖွားတို့ လ္ဘက်ရည်ချမ်းတစ်အိုးနဲ့ စကားလက်ဆုံကြနေ တာကို အမှတ်ရမိပါသေးတယ်။ ဒါပေမယ့် ပုံရိပ်တွေက ၀ိုးတိုးဝါးတားပါပဲ။ မှတ်မိနေတာက ပုံပြင်ထဲက နတ်သားအ ကြောင်းပါပဲ။ တစ်ကိုယ်လုံး ကိုယ်ရောင် ကိုယ်ဝါတွေလင်းနေလိုက်တာ ကျောင်းတိုက်ကြီးတစ်ခုလုံး အရောင်းအ၀ါတွေနဲ့ ပြည့်နေတယ်ဆိုပဲ။ ဖွားဖွားက စိတ်ရှည်လက်ရှည်နဲ့ ဇာတ်ကြောင်းလေးကို ပြောပြရှာပါတယ်။ ပြည့်ပြည့်၀၀ သာနေတဲ့ လမင်းကြီးကို မော့ကြည့်လိုက်၊ ဖွားဖွားမျက်နှာကိုကြည့်လိုက်၊ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲလေးကိုက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး နဲ့ နားထောင်နေမိပါတယ်။ မဆီမဆိုင် ဒီနတ်သားလို ငါကိုယ်ကလည်း အရောင်တွေထွက်ရင် ကောင်းမှာပဲလို့ တွေးခဲ့မိပါ သေးတယ်။ မေမေက ကျွန်တော့်ကို သား .. ဖွားဖွားပြောတာတွေကို သေချာမှတ်ထားနော်။ လူမိုက်တွေ၊ လူရမ်းကားတွေ နဲ့ မပေါင်းရဘူး၊ လိမ္မာတဲ့သူတွေနဲ့ ပေါင်းရမယ်။ ဘုရားတရားသံဃာကို ဘယ်တော့မှ မမေ့ရဘူးနော် သား …တဲ့။


အဲ့ဒိတုန်းက ကျွန်တော်ဘာမှ ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ သို့သော် ခုလည်း ၀ိုးတ၀ါးပါပဲ။ တစ်ချိန်တုန်းက ဖွားဖွားပြောပြ ခဲ့တဲ့ပုံပြင်ဆိုတာ တစ်ကယ်ပုံပြင်မှ မဟုတ်ခဲ့တာ။ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်အကြောင်း ဆိုတာ ကိုတော့ စာတွေထဲမှာ ဖတ်မှတ်လာရပါပြီ။ ဖွားဖွားလည်း ခုအချိန်မှာ မရှိတော့ပါဘူး။ ဒါပေမယ့် ဖွားဖွားပြောပြခဲ့တဲ့ ပုံပြင် ဆိုတဲ့ ဒီဇာတ်ကြောင်းလေးကိုတော့ ရင်ထဲမှာ တသသနဲ့ အမြဲပဲ အမှတ်ရနေမိပါတယ်။ အဲ့သည့်တုန်းက တို့ရှင်တော် မြတ်ဘုရားက အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းတဲ့ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်ပေါ့။ ည သန်းခေါင်ယံ အချိန်မှာ အမျိုးအမည် မထင်ရှားတဲ့ နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်ထံကို ဂါထာတစ်ပုဒ်မေး လျှောက်ခဲ့ပါတယ်။


ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စားတာက နတ်သားက မြတ်စွာဘုရားရှင်ကို အမေးပြဿနာ မလျှောက်ထားမီ သင့်တော်ရာ နေရာတစ်ခုမှာ ရပ်နေတယ်ဆိုတာကိုပါ။ သင့်တော်ရာ နေရာဆိုတာ အပြစ်ခြောက်ပါးလွတ်တဲ့အရပ်ပေါ့။ တနည်းအားဖြင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နှင့် မနီးလွန်း၊ မဝေးလွန်းခြင်း၊ လေညာအရပ်ဖြစ်မနေခြင်း၊ မြင့်သောနေရာ ဖြစ်မနေခြင်း၊ ရှေ့တည့်တည့်မှာ ဖြစ်မနေခြင်း၊ နောက်တည့်တည့်မှာမနေခြင်း စတဲ့အရာတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ဆီရောက် တာနဲ့ နေရာတန်းရွေးပြီး နေဖို့ သတိတရားဖြစ်နေတဲ့ နတ်သားရဲ့ စိတ်အမူအရာကို မလေးစားပဲ၊ စိတ်မ၀င်စားပဲ မနေနိုင်ပါ ဘူး။ လောကမှာ နေရာဟာ အလွန်တရာမှ အရေးပါပါတယ်။ ဒီအခြင်းအရာကို ဘုရားရှင်လက်ထက်က ဤနတ်သားက နေထိုင်ကျင့်သုံးခြင်းဖြင့် နေပြသွား တာကိုတွေ့မြင်ရမှာပါ။


နေရာရွေးချယ်တတ်မှုဟာ ကိုယ့်ဘ၀ရဲ့တစ်စိတ်တစ်ဒေသ (သို့မဟုတ်) ဘ၀တစ်ခုလုံးကို သရုပ်ပေါ်စေပါတယ်။ တစ်ခါတုန်းက အသောကဘုရင်ကြီးက သူ့နန်းတော်ကို တိတ္ထိဆရာကြီးတွေကိုပင့်ပြီး ဆွမ်းကျွေးတဲ့ပွဲမှာ ဘုရင်မင်းမြတ်က “ အရှင်တို့ … အရှင်တို့နှင့် သင့်တော်မယ့် နေရာမှာ ၀င်ရောက်နေထိုင်ကြပါကုန် ” လို့ဆိုတဲ့အခါမှာ တိတ္ထိဆရာကြီးတွေက တစ်ချို့က တမန်သလင်းပေါ်မှာ၊ တစ်ချို့ကဖျာပေါ်မှာ၊ တစ်ချို့က ကွက်ပစ်ပေါ်မှာ နေကြတယ်လို့ ကြားဖူးပါတယ်။ ဘာကြောင့် ဒိလိုအဆင့်နိမ့်တဲ့နေရာတွေမှာ နေရတာလဲဆိုတော့ သူတို့ကိုယ်တိုင်က အဆင့်အတန်း နိမ့်တဲ့သူတွေဖြစ်နေကြလို့ ပါပဲ။ မြင့်မြတ်တဲ့နေရာဟာ သူတို့နဲ့ မတန်ဘူးဆိုတာ သူတို့သိနေတယ်လေ။ မြတ်တဲ့နေရာတွေမှာ သူတို့မနေထိုင်ဝံ့ကြဘူး။


ဒါပေမယ့်တစ်နေ့တော့ ၇ နှစ်သားအရွယ် သာမဏေလေးတစ်ပါး ဣနြေ္ဒရစွာဖြင့် ဆွမ်းခံကြွတော်မူနေတာကို လေသာပြူ တင်းက မြင်တော်မူတဲ့ အသောကရှင်ဘုရင်ကြီးဟာ ကြည်ညိုလွန်းလို့ နန်းတော်ကို ပင့်ခိုင်းလိုက်ပါတယ်။ နန်းတော်ထဲသို့ ရောက်တယ်ဆိုရင်ပဲ မင်းကြီးက “ လျောက်ပတ်သောနေရာမှာ သီတင်းသုံးတော်မူပါဘုရား ” လို့လျှောက်တင်တဲ့အခါ သာမဏေငယ်သည် နန်းတော်တွင်းသို့ မျက်စေ့တစ်ချက်ဝေ့ကြည့်ပြီး မိမိထက်သိက္ခာအားဖြင့်လည်းကောင်း၊ ဂုဏ်အားဖြင့်လည်းကောင်း ကြီးမြတ်သူကို မတွေ့ရသည့်အခါ ထီးဖြူအုပ်မိုးသည့် ရာဇပလ္လင်ထက်သို့ တက်ရောက်၍ နေရာယူတော်မူလေသည်။ မြင့်မြတ်သူသည် မြင့်မြတ်သည့် နေရာကို အရယူသလို၊ နိမ့်ကျသူသည်လည်း နိမ့်ကျတဲ့နေရာကိုပင် အရယူနေတဲ့အဖြစ်ကို သတိထားမိပါတယ်။


အစည်းဝေးပွဲအခမ်းအနားတစ်ခုမှာ သဘာပတိအတွက် သူ့နေရာနှင့် သူရှိ၏။ အဖွဲ့ဝင်အတွက်လည်း သူ့နေရာနှင့်သူပင် ဖြစ်၏။ အဖွဲ့သားများအတွက်လည်း နေရာသည် ရှိနေတာပင်ဖြစ်၏။ အဖွဲ့သားသည် သဘာပတိနေရာ၌ မနေအပ်သလို၊ သဘာပတိသည်လည်း အဖွဲ့သားထိုင်ခုံ၌ မထိုင်အပ်ပေ။ ကိုယ့်နေရာ ကိုယ်သိဖို့တော့ လိုပေသည်။ နေရာဆိုသည့်အတိုင်း အစစအရာရာ နေရာတကျရှိမှ သင့်တော်ပေသည်။ မိမိထက်ကြီးသူကိုလည်း နေရာပေးတတ်ဖို့ လိုအပ်သလို၊ မိမိအောက် ငယ်သူကိုလည်း နေရာပေးတတ်ဖို့ လိုပါတယ်။ မိမိကိုယ်တိုင်လည်း နေရာသိပြီး ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ အနေအထိုင်မတတ်တော့ ရိုင်းသလို ဆိုတာမျိုးမဖြစ်အောင် သတိပြုသင့်ပေသည်။ မိမိအနေအထိုင်ကြောင့် တစ်ပါးသူ စိတ်အ နှောက်အယှက်အဖြစ်အောင် ဆင်ခြင်ပြီး နေထိုင်သင့်သည်။


မိမိရောက်ရှိနေသောနေရာကို သတိပြုဖို့သင့်လှပါတယ်။ ငါ အခု ဘယ်နေရာမှာလဲ။ ကောင်းတဲ့နေရာတွေလား၊ မကောင်း တဲ့နေရာတွေလား၊ ငါ ဘာတွေလုပ်နေလဲဆိုတာကို ဆင်ခြင်သင့်ပါတယ်။ မသင့်တော်တဲ့နေရာကို ရောက်နေခဲ့ရင်တောင် သင့်တော်တဲ့အကျင့်တွေကို ဖျောက်မပစ်ပါနဲ့လို့ မှာကြားဆုံးမတော်မူတဲ့ ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဆေကိန္ဒ၏ စကား နားထဲက မထွက်တော့ပါဘူး။ ရောမရောက်ရင် ရောမလိုကျင့် လို့ဆိုတဲ့စကားအတိုင်း ကောင်းတဲ့နေရာရောက်လို့ ကောင်းတာကို ကျင့်တာက ကောင်းတာပေါ့။ မကောင်းတဲ့နေရာကို ရောက်နေလို့ မကောင်းတာတွေ လိုက်ကျင့်ရမယ်ဆိုရင်တော့ ဘ၀တွေက ခါးသီးတော့မှာပါပဲ။ ဒီနေရာတွေကြောင့်ပဲ လူတွေရဲ့ဘ၀တွေ အမျိုးမျိုး ပြောင်းလဲနေခဲ့ကြ တာပါ။ နောက်ဆုံး တရားရဖို့အတွက်တောင် နေရာ၏ သင့်တင့်လျောက်ပတ်ခြင်းဆိုတာ အထူးပဲအရေးပါပါတယ်။ မေတ္တ သုတ်မှ ရဟန်း ၅၀၀ အကြောင်းတွင် နေရာသပ္ပါယဖြစ်မှုက ထင်ရှားပါတယ်။


နေရာအကြောင်းတွေးနေရင်းက ကိုယ်ရောက်တဲ့နေရာ ပြန်ကြည့်လိုက်တော့ ဘ၀ခရီးရဲ့ လေးချိုးတစ်ချိုးဖြစ်နေပါတယ်။ ဘ၀နေ၀င်ချိန်မှာ တို့တွေဘယ်နေရာတွေများ ရောက်ကြဦးမလဲလို့ မှန်းဆကြည့်မိတဲ့အခါတိုင်း တုန်လှုပ်မိတာတော့ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်တွေရဲ့ အမြဲနေအိမ်၊ အမြဲနေတဲ့နေရာက အပါယ်လေးပါးဖြစ်နေလို့ပါ။ ဒါတွေထားပါဦး ... တို့အဖိုးအဖွား အဖေအမေတို့ကတော့ သူ့နေရာနဲ့သူ့အ ချိန်တုန်းက တို့ကိုဒီအကြောင်းတွေ လေ့လာတတ်အောင် သင်ပေးခဲ့တယ်။ တို့လည်း တစ်နေ့ သူတို့နေရာများ ရောက်လာခဲ့ရင် မျိုးဆက်သစ်တွေကို ဘ၀ကောင်း ၊ နေရာကောင်းကို ရှာဖွေတတ်အောင်၊ တန်ဖိုးထား တတ်အောင်၊ မြတ်နိုးတတ်အောင် ညွှန်ပြနိုင်ဖို့ ကြိုးစားရမှာပါလားလို့ နှလုံးသွင်းနေမိပါ တော့တယ်။

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

(မင်္ဂလာအရေးမို့ ခပ်ဖြေးဖြေးလေး တွေးကြည့်၊ ရေးကြည့်တာပါ။ အကြောင်းမလျော် ချွတ်ချော်မှားယွင်းသွားအံ့။ မေတ္တာရှေ့ထားကာ အပြစ်ညွှန်ပြ ဆုံးမပေးဖို့ တောင်းပန်ပါတယ်။)





Read more...

နီပေါနိုင်ငံမှ တချို့... (မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း)

မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း ၈-မှ...


နီပေါနိုင်ငံမှ တရားထိုင်ရာတွင် အသုံးပြုသောမဏ္ဍလကားချပ်...






Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP