* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, April 21, 2009

*ဖြည့်ဆည်းရန်...*

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

ဖြည့်ဆည်းရန်...







21.04.2009, TUE:, 05:02:11 PM

Read more...

လင်္ကာနှစ်သစ်ကူး၊ သမိုင်းအပိုင်းအစနှင့် မြန်မာ့သင်္ကြန်အရွေ့


သီရိလင်္ကာနိုင်ငံ၊ အလုသ၀ုရုဓု (Aluth Avurudhu)လို့ ခေါ်တဲ့ နှစ်သစ်ကူးကာလဟာ နှစ်စဉ် ဧပြီလ ၁၃-ရက်၊ ၁၄-ရက်မှာ ကျရောက်ပါတယ်။ ဆင်ဟာလ(သီရိလင်္ကာ)ဒဏ္ဍာရီအလိုအရ နေမင်း ကြီးဟာ မီးဧနရရှိယ(Meena Rashiya)ကနေ မေရှရရှိယ(Mesha Rashiya)ကို ရွှေ့ပြောင်းသွားတဲ့ အခါ သီရိလင်္ကာနှစ်သစ်ကူးတယ်လို့ ဆိုပါတယ်။ စပါးရိတ်သိမ်းပြီးချိန် နွေရာသီရဲ့ အဆုံးမှာ ကျရောက်တယ်လို့လဲ အမှတ်အသားပြုကြပါတယ်။ ဒီနှစ်သစ်ကူးကာလရောက်ရင် မိုးတွေလဲ သဲကြီးမဲ ကြီး စတင်ရွာပါတော့တယ်။ ပန်းတွေကလဲ သူ့ထက်ငါ ဦးအောင် အလုအယက်ပွင့်ကြပါတော့တယ်။ သရက်ပင်၊ ဒူးရင်းပင်၊ စွန်ပလွန်ပင် စတဲ့ အပင်များကလဲ အသီးတွေ စုပြုံသီးကြပါတော့တယ်။

သီရိလင်္ကာနှစ်သစ်ကူးကာလဟာ နော်နဂသေ(Nonagathe)လို့ခေါ်တဲ့ စောင့်ရှောက်ထိန်းသိမ်း မှုတွေနဲ့ စတင်ပါတယ်။ နှစ်သစ်ကူးကာလမှာ ဘာအလုပ်မှ မလုပ်ရပါဘူး။ တစ်ခုခုလုပ်တယ်ဆိုရင် ကျက်သရေမင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို သွားကြပြီး ဘာသာရေး ဓလေ့ထုံးစံများနှင့်အညီ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ ဆရာတော်၊ သံဃာတော်တွေရဲ့ တရားဓမ္မနဲ့ ကောင်းချီးပေးမှုကို ခံယူကြပါတယ်။ ကျေးရွာတွေမှာရှိတဲ့ အမျိုးသမီးတွေဟာ တစ်နေရာမှာ စုဝေးကြပြီး ရိုးရာနှစ်သစ်ကူးအစဉ်အလာများကို စတင်လုပ်ဆောင်ကြဖို့ ရဘန(rabana)လို့ခေါ်တဲ့ ဒရမ်များတီးပြီး ကြေငြာမောင်းခတ်ကြလေ့ရှိပါတယ်။

ပြည်သူတွေဟာ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့မှာ အခမ်းအနားနဲ့ စုပေါင်းပြီး ရေချိုးကြခြင်း အားဖြင့် ရိုးရာနှစ်သစ်ကူးကာလကို ဆင်နွှဲကြပါတယ်။ ရေမချိုးခင်မှာ နာနု(Nanu)လို့ခေါ်တဲ့ ဆေးသစ် ရွက်၊ သစ်ခေါက်တွေနဲ့ ရောထားတဲ့ အမွှေးအကြိုင်တွေကို သုတ်လိမ်းကြပါတယ်။ ဒီအမွှေးအကြိုင် တွေက သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်တွေကို စင်ကြယ်စေတယ်လို့ ယူဆကြပါတယ်။ ဆီသုတ်လိမ်း ခြင်းအခမ်းအနားပြုလုပ်ပြီး နှစ်သစ်ကူးပွဲတော်ကို အဆုံးသတ်ကြပါတယ်။ မင်္ဂလာရှိသော ဆီသုတ် လိမ်းပွဲတော်မှာ လူကြီးသူမများက လူငယ်များကို သစ်ခေါက်၊ သစ်ရွက်များဖြင့် ပြုလုပ်ထားသော အမွှေးအကြိုင်ဆီများဖြင့် သုတ်လိမ်းပေးကြပါတယ်။ ပြီးလျှင် အလုပ်သွားရမယ့် မင်္ဂလာအချိန်ကို သတ်မှတ်လေ့ရှိကြပါတယ်။
နှစ်သစ်ကူးကာလမှာ ပြုလုပ်တဲ့ ထူးခြားချက်တစ်ခုကတော့ မိဘနှစ်ပါးနှင့် အသက်အရွယ်ကြီး ရင့်သူတို့အား ကွမ်းယာပေးကမ်းကြခြင်းပါပဲ။ ဒီကွမ်းယာဟာ မေတ္တာတရားနဲ့ ကျေးဇူးတရားတွေရဲ့ အမှတ်သင်္ကေတလို့ ဆိုကြပါတယ်။ မိဘတွေနဲ့ ဘိုးဘိုး၊ ဘွားဘွားများကလဲ ကွမ်းယာကို လက်ခံပြီး ဆုမွန်ကောင်းများ ပြန်လည်ပေးကြပါတယ်။

နှစ်သစ်ကူးမှာ ကွမ်းယာပေးကမ်းတဲ့ ယဉ်ကျေးမှုမှာ အဓိပ္ပာယ်တွေအများကြီး ရှိပါတယ်။ ကွမ်း ယာမှာ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့အရာတွေ အများကြီး ရှိပါတယ်။ ကွမ်းရွက်၊ ကွမ်းသီး၊ ဖာလာ၊ လေးညှင်း စတဲ့အရာတွေဟာ ဆေးဖက်ဝင်တဲ့ အရာတွေချည်းပါပဲ။ သွားဖုံးတွေ သန်မာစေဖို့အတွက် အကောင်းဆုံးကုသနည်းကတော့ ကွမ်းဝါးခြင်းလို့ ဆိုပါတယ်။ ဒါ့အပြင် ခံတွင်းကို သန့်ရှင်းစေပြီး ခံတွင်း အနံ့အသက်တွေကိုလဲ ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ကွမ်းရွက်ဆိုတာ ဆေးဖော်စပ်မှု အတော်များများမှာ မပါမဖြစ်တဲ့ အရွက်ဖြစ်ပါတယ်။ ကွမ်းရွက်ဟာ အစာကို ကြေညက်စေသလို ခန္ဓာ ကိုယ်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ ကလာပ်စည်းတွေကိုလဲ ချေမှုန်းပစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓကျမ်းဂန် တွေမှာလဲ ကွမ်းယာရဲ့ ကောင်းကျိုးတွေကို ရှင်းပြထားချက်တွေ ရှိပါတယ်။ သို့ရာတွင် ထုံးနှင့်ဆေးတို့၏ အကျိုးတရားကိုကား ဖော်ပြထားခြင်း မရှိပေ။

အစားအသောက်ကတော့ သီရိလင်္ကာနှစ်သစ်ကူးကာလရဲ့ အဓိကအစိတ်အပိုင်းပါပဲ။ သီရိလင်္ကာ အစားအစာဟာ အာဟာရဓာတ်တွေ အတော်ကြွယ်ဝတယ်လို့ ဆိုနိုင်ပါတယ်။ ကောက်ဦးနဲ့နို့ကို ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကိရိဘတ်(Kiri Bhaat)ဆိုရင် အလွန်အာဟာရပြည့်ဝပြီး ရှေးဘိုးဘွားများ လက်ထက်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာအစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ကိရိဘတ်လို့ခေါ်တဲ့ နို့ထမင်းကို အိမ်ထောင်ဦးစီးကပဲ ချက်ပြုတ်ရတယ်လို့ ဆိုပါတယ်။ တစ်မိသားစုလုံးဟာ အလွန်အရသာရှိတဲ့ နှစ်သစ်ကူးအစားအစာကို အတူတကွ ပျော်ပျော်ကြီး စားသောက်ကြလေ့ရှိပါတယ်။

နှစ်သစ်ကူးကာလမှာ အိမ်တွေကို ဖြူဖွေးနေအောင် ထုံးသုတ်ထားလေ့ရှိပါတယ်။ အိမ်တွေမှာလဲ မီးရောင်စုံထွန်းပြီး အလှဆင်ကြပါတယ်။ ဒါကို နှစ်သစ်ကူးကာလမရောက်ခင် မပြုလုပ်ရပါဘူး။ နှစ် သစ်ကူးမတိုင်ခင် အိမ်အလှဆင်တာဟာ မင်္ဂလာမရှိဘူးလို့ ယူဆကြပါတယ်။ သီရိလင်္ကာနှစ်သစ်ကူးရဲ့ အဓိကအပြင်အဆင်ကတော့ အိမ်ကို မီးအလှဆင်ခြင်းပါပဲ။ အိမ်သူအိမ်သားတွေဟာ အ၀တ်အစား သစ်တွေ ၀တ်ဆင်ပြီး အပြန်အလှန် လက်ဆောင်တွေ ပေးကြပါတယ်။

နှစ်သစ်ကူးကာလမှာ ခရစ်ကတ် သို့မဟုတ် ဘေ့စ်ဘောလ်နဲ့အလားသဏ္ဍာန်တူတဲ့ ဂုဒ္ဒုလို့ခေါ်တဲ့ ကျော်ကြားတဲ့ကစားနည်းတစ်ခုကို ကလေးလူကြီး အားလုံး ကစားလေ့ရှိကြပါတယ်။ နောက် ထင်ရှားတဲ့ ကစားနည်းကတော့ အုန်းသီးပစ်တမ်းကစားနည်းပါပဲ။ အချို့ကတော့ ဒက်ခ်ျလူမျိုးတွေ မိတ်ဆက်ပေးခဲ့တယ်လို့ဆိုတဲ့ အပျော်ဖဲကစားကြပါတယ်။ သီရိလင်္ကာလူမျိုးတွေဟာ နှစ်သစ်ကူး ကာလမှာ မိမိတို့ရဲ့ ဆွေမျိုးများ၊ သူငယ်ချင်းများရှိရာ ရွာများသို့ သွားရောက်ပြီး ကျက်သရေရှိသော လက်ဆောင်အမျိုးမျိုး ပေးလေ့ရှိကြပါတယ်။ နှစ်သစ်ကူးပွဲတော်ပြီးတာနဲ့ အချို့သူတွေဟာ လုပ်ငန်း အသစ်တွေကို စွန့်စားလုပ်ကိုင်ကြပြီး အချို့ကတော့ မိမိတို့ရဲ့ ချစ်လှစွာသော သမီးပျိုတွေကို အိမ်ထောင်ရက်သားချပေးဖို့ ပြင်ဆင်ကြပါတယ်။

သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ကို ဘယ်နှစ်ဘယ်ကာလရယ်လို့ မဆိုနိုင်တဲ့ နှစ်ကာလပေါင်းများ စွာကတည်းက စတင်ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့ရာတွင် ရှေးအခါက နှစ်သစ်ကူးပွဲတော်ကို မတ်လမှာကျင်းပခဲ့ကြပါတယ်။ နောက်ပိုင်းနှစ်များကျမှ တမီးလ်နှစ်သစ်ကူးပွဲတော် (Pudu Varsham) နှင့် အချိန်တူအောင် ဧပြီလသို့ နယက္ကာမင်း(Nayakkar King)အမိန့်နဲ့ ပြောင်းရွှေ့ကျင်းပလိုက်ကြ တယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့လူဦးရေအများဆုံးဖြစ်တဲ့ ဆင်ဟာလနဲ့တမီးလ်တို့ကို ပူးပေါင်းပေးခြင်း အားဖြင့် နိုင်ငံ့ဝိညာဏ် သို့မဟုတ် အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးနိုင်တယ်လို့ ယူဆလိုက်ပုံရ ပါတယ်။

ရှေးယခင်က သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ကို ဆင်ဟာလဗုဒ္ဓဘာသာဝင်များနဲ့ ဟိန္ဒူတမီးလ် လူမျိုးတွေကသာ ဆင်နွဲကျင်းပခဲ့ကြတာပါ။ အခုဆိုရင် ခရစ်ယာန်ဘာသာဝင်များပါ ၀င်ရောက်ဆင်နွဲ လာကြလို့ အမျိုးသားပွဲတော်လို့ ဆိုရမလို ဖြစ်လာပါတယ်။ အီစတာပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူး ပွဲတော်တို့ဟာ ဒီကာလမှာပဲ ကျရောက်လေ့ရှိပါတယ်။ အံ့သြစရာကောင်းတာကတော့ သီရိလင်္ကာ နှစ်သစ်ကူးကာလဟာ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဂျပန်၊ တရုတ်နဲ့ အခြားသော အာရှနိုင်ငံ များနဲ့ မတိမ်းမယိမ်းကျင်းပလေ့ရှိကြတာပါပဲ။

နှစ်သစ်ကူးအစဉ်အလာလုပ်ဆောင်မှုတွေက ဂျူးလူမျိုးတွေရဲ့ အီစတာပွဲတော် သို့မဟုတ် ပဆိုဗာပွဲတော်(Pass-over)နဲ့ ဆင်တူနေပါတယ်။ ဂျူးလူမျိုးတွေဟာ နှစ်ပေါင်းလေးရာကျော် အီဂျစ် တွေရဲ့ ကျွန်အဖြစ်နဲ့ နေခဲ့ရပါတယ်။ နောက်ဆုံး မိုးဆက်ရဲ့ ဦးဆောင်မှုနဲ့ ကတိတော်နယ်မြေ (Promised Land)လို့ဆိုတဲ့ ပါလက်စတိုင်းနယ်မြေကို ဖြတ်ကျော်ပြီး လွတ်လပ်ခဲ့ကြပါတယ်။ ဂျူးတွေဟာ ဒီကာလကို ပဆိုဗာ(pass-over)ပွဲတော်အဖြစ် ဆင်ယင်ကျင်းပခဲ့ကြပါတယ်။ ပွဲတော်ကျင်းပပုံတွေက သီရိလင်္ကာနှစ်သစ်ကူးမှာ လုပ်ဆောင်တာတွေနဲ့ အတော်ကို တူလွန်းပါတယ်။ သူတို့လဲ နှစ်သစ်ကူးမှာ ဘာအလုပ်မှ မလုပ်ဘဲ ဥပုသ်စောင့်ကြပါတယ်။ အိမ်တွေကို မီးထွန်းတယ်၊ သိုးစတဲ့ သတ္တ၀ါမျိုးစုံကို သတ်ဖြတ်ပြီး ယဇ်ပူဇော်တယ်။ စားပွဲသောက်ပွဲကျင်းပတယ်။ လင်္ကာရဲ့နှစ်သစ်ကူးနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့အရာထဲက ထူးခြားမှုတစ်ခုကတော့ ပဆိုဗာပွဲတော်ရောက်ရင် အမျိုးသမီးတွေဟာ ခရစ်တော်ကို ဆီသုတ်လိမ်းပေးကြတယ်လို့ ဆိုပါတယ်။ သားကောင်တွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ကြတာကိုတော့ သီရိလင်္ကာ ဗုဒ္ဓဘာသာနှစ်သစ်ကူးနဲ့ ထပ်တူပြုလို့ မရဘူးပေါ့။ ဗုဒ္ဓဘာသာမှာက ယဇ်ပူဇော်မှုက မရှိဘူး မဟုတ်လား။

တစ်ချို့ပညာရှင်တွေကတော့ တစ်ခြားနိုင်ငံ နှစ်သစ်ကူးပွဲတော်ဆိုတာ ဂျူးတွေရဲ့ ပဆိုဗာပွဲတော် ကနေ ဆင်းသက်လာပြီး ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရောနှောသွားခဲ့ကြတယ်လို့ ကောက် ချက်ချကြတယ်။ ဘယ်လောက်ထိ သမိုင်းကြောင်းဆိုင်ရာ မှန်ကန်မှုရှိနိုင်သလဲဆိုတာကတော့ စာရေးသူလဲ လက်လှမ်းမမီပါဘူး။ တကယ်တော့ ဘယ်သမိုင်းဆရာမှလဲ ဒါကို သမိုင်းကြောင်း အထောက်အထား အပြည့်အစုံနဲ့ မတင်ပြနိုင်ကြသေးပါဘူး။ တခြားနိုင်ငံနှစ်သစ်ကူးပွဲတော်တွေဟာ ပဆိုဗာပွဲတော်ကျင်းပတဲ့ကာလနောင် နှစ်ပေါင်းများစွာကြာမှ ပေါ်ပေါက်လာကြတယ်ဆိုတာလောက်ပဲ ဆိုနိုင်ပါတယ်။

ပဆိုဗာပွဲတော်နေ့မှာ အမျိုးသမီးတွေဟာ ခရစ်တော်ကို အဆီတွေနဲ့ သုတ်လိမ်းပေးကြတာဟာ သီရိလင်္ကာနိုင်ငံ နှစ်သစ်ကူးပွဲတော်မှာ အသက်ကြီးရင့်သူတွေက လူငယ်တွေကို အမွှေးနံ့သာ ဆီသုတ်လိမ်းပေးတာနဲ့ တူနေပါတယ်။ ယုံကြည်မှုကလွဲပြီး ပွဲတော်ကျင်းပပုံတွေက သိပ်ကို တူလွန်း နေပါတယ်။ ဒါပေမယ့် ပဆိုဗာပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူးပွဲတော် ဘယ်လိုဆက်နွယ်မှုရှိသလဲ ဆိုတာကိုတော့ ဘယ်သမိုင်းပညာရှင်ကမှ သေချာမပြောနိုင်ကြပါဘူး။

ရှေးခေတ် အီဂျစ်ပြည်မှာ သြဆိရိစ်(Osiris)လို့ခေါ်တဲ့ သဘာဝထာဝရဘုရားသခင်ကို ကိုးကွယ် ကြတယ်။ အဲဒီထာဝရဘုရားသခင်ဟာ သေခြင်းတရားနဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတဲ့ အနှစ်သာရနဲ့ နေနတ်မင်းကြီး(Sun God)ကို ကိုယ်စားပြုတယ်။ ဂျူးတွေအပါအ၀င် ဆီမစ်တစ် လူမျိုးတွေ(အာရပ်၊ ဖီနီးရှင်း၊ အဆီးရီးယန်း)ဟာ နေနတ်မင်းကြီးအဖြစ် သြဆိရိစ်(Osiris) နတ်ဘုရား ကို ပြန်လည်ရှင်သန်ခြင်းကို ပေးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြတယ်။ အဲဒီကနေ အာရှဘက်ကို ပြန်ကြည့်တော့ အာရှမှာလဲပဲ နေကို ကိုးကွယ်တဲ့ လူမျိုးစုတွေ အများကြီးရှိတာကို တွေ့ရမှာပါ။ ဟိန္ဒူ နှစ်သစ်ကူးမှာလဲ နေနတ်မင်းကို ပုံစံတစ်မျိုးနဲ့ ပူဇော်ပသကြတာတွေ ရှိပါတယ်။

အာရှလူမျိုး အတော်များများကလဲ နွေရာသီ ရောက်လာပြီဆိုရင် နတ်မင်းတစ်ပါးကနေ နောက်နတ်မင်းတစ်ပါးကို တာဝန်လွှဲတဲ့ကာလ(နှစ်ကူးကာလ)လို့ ယုံကြည်ကြပါတယ်။ နှစ်သစ်ကူး အားလုံးဟာ ရှိနေတဲ့၊ တွေ့ထားတဲ့ သမိုင်းအချက်အလက်တွေအရ ဒီသမိုင်းဖြစ်စဉ်တွေအပေါ်မှာ အနည်းနဲ့အများ အခြေခံနေတယ်ဆိုတာကို တွေ့ရမှာပါ။ နောက်ပိုင်းမှာမှ တိုင်းပြည်ဒေသအမျိုးမျိုး၊ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးတို့နဲ့ ရောယှက်ပြီး အစပျောက်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်ရောရော အားလုံးလုပ်ဖြစ်နေဆဲအရာကတော့ ရေလောင်းခြင်း၊ မီးထွန်းခြင်းနဲ့ ဆီသုတ်လိမ်းကြခြင်းပါပဲ။

သီရိလင်္ကာနှစ်သစ်ကူးကာလမှာ ထူးခြားတာတစ်ခုကတော့ အဖေ၊ အမေတွေက သားသမီးတွေ နဲ့လာလည်သူတွေကို အကြွေစေ့လေးတွေ ပေးကမ်းကြတာပါပဲ။ သားသမီးတွေရော၊ ဆွေမျိုးတွေပါ အဆိုပါအကြွေစေ့ကို အတော်လိုချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်မှာရတဲ့ပထမဆုံး ငွေဖြစ်လို့ပါလို့ ဆိုပါတယ်။

ဒဏ္ဍာရီအဆိုတစ်ခုရှိပါတယ်။ ဣန္ဒြဒေ၀(Indradeva)လို့ခေါ်တဲ့ ငြိမ်းချမ်းရေးနတ်သားဟာ ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေပေးဖို့ လူ့ပြည်ကို ဆင်းသက်လာတယ်။ ငြိမ်းချမ်းရေးနတ်သားဟာ အဖြူရောင်အ၀တ်အစားတွေ ၀တ်ဆင်ပြီး ခေါင်းမှာလဲ ပန်းတွေနဲ့သရဖူခုနှစ်ခုကို ဆောင်းထားတယ်လို့ ဆိုပါတယ်။ ဝေါဟာရအနေအထားအရ “ဣန္ဒြ”ဆိုတဲ့ စကားလုံးဟာ “ဣန္ဒ”ဆိုတဲ့ပါဠိစကားနဲ့အတူတူ ပါပဲ။ သိကြားမင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာမှာလဲ သင်္ကြန်ရောက်ရင် သိကြားမင်းဆင်းတယ်လို့ ယုံကြည်ကြပါတယ်။ သိကြားမင်းစီးတဲ့ အကောင်တွေကလဲ တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ဆင်၊ မြင်း၊ နွား စသဖြင့် အတော်များပါတယ်။

သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ် ယုံကြည်မှုတစ်ခုလဲ ရှိပါတယ်။ အဲဒါကတော့ နှစ်သစ်ကူးကာလမှာ အ၀ုရုဒု ကုမာရယ (Avurudu Kumaraya)ဆိုတဲ့ နတ်အသစ်တစ်ပါး ရောက်လာတယ်ဆိုတဲ့ ယုံကြည်မှုပါပဲ။ သီရိလင်္ကာနိုင်ငံရဲ့ အချို့ဒေသတွေမှာ နှစ်သစ်မှာ ရောက်လာ မယ့်နတ်မင်းအတွက် ယဇ်ပလ္လင်များကို အုန်းလက်များဖြင့် တည်ဆောက်ထားလေ့ရှိတယ်လို့ ဆိုပါ တယ်။ ဂျူးလူမျိုးတွေရဲ့ ယဇ်ပလ္လင်လုပ်ပြီး ပူဇော်ခြင်းနဲ့ အုန်းလက်နဲ့ယဇ်ပလ္လင်လုပ်တာဟာ တူတယ် လို့ ဆိုပေမယ့် မတူတဲ့အရာတွေကတော့ အများကြီး ရှိနေပါတယ်။ ခရစ်ယာန်တွေက သိုး၊ ဆိတ်စတဲ့ သတ္တ၀ါတွေကို သတ်ဖြတ်ပြီး နတ်ဘုရားကို ယဇ်ပူဇော်ဖို့ဖြစ်ပြီး သီရိလင်္ကာသားတွေကတော့ ကောက်ပဲသီးနှံနဲ့ စတုဒိသာကျွေးမွေးဖို့ ဖြစ်ပါတယ်။ မြန်မာမှာတော့ ရေလောင်းဖို့ အုန်းလက်တွေနဲ့ မဏ္ဍပ်တွေ ဆောက်ကြပါတယ်။ အချို့ဒေသမှာတော့ အိမ်ရဲ့တောင်ဘက်အရပ်မှာ နတ်မင်းအသစ်အတွက် မီးအိမ်တစ်ခု ထားလေ့ရှိပါတယ်။ အချို့နိုင်ငံတွေမှာတော့ နှစ်သစ်ကူး ကာလဟာ ကောက်ရိတ်သိမ်းပွဲကာလနဲ့ ထပ်တူဖြစ်ပါတယ်။ အဲဒီကာလမှာ ရာသီသစ်မှာ တာဝန် အသစ်နဲ့ရောက်လာမယ့် နတ်မင်းတွေကို ပူဇော်ပသကြပါတယ်။

နှစ်သစ်ကူးပွဲတော်ရဲ့ အစဖြစ်ရာဟာ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ချစ်စရာယဉ်ကျေးမှုများနဲ့ နှစ်သစ်ကူးပွဲတော်ကျင်းပပုံတွေကတော့ ဗုဒ္ဓဘာသာက စတယ်လို့ ဆိုနိုင်ပါတယ်။ ပွဲတော်ကာလ တွေမှာ ဗုဒ္ဓတရားတော်နဲ့အညီ ကုသိုလ်တရားများ ဆည်းပူးဖို့ရန်အတွက် ဘာအလုပ်မှ မလုပ်ဘဲ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး သီတင်းသီလဆောက်တည်ခြင်း၊ ကျွေးမွေးလှူဒါန်းခြင်း များပြုလုပ်ကြပါတယ်။ စေ့စေ့စပ်စပ်ပြောကြမယ်ဆိုလျှင် ဗုဒ္ဓတရားတော်များမှာ မင်္ဂလာရှိသော အခါသမယအတွက် နေရာ၊ နေ့ သက်မှတ်ထားခြင်းမျိုးတော့ မရှိပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို မင်္ဂလာရှိအောင် လုပ်ဆောင်နိုင်ကြပါတယ်။ သီရိလင်္ကာဗုဒ္ဓဘာသာရဲ့ အဓိကပွဲတော်တွေထဲမှာ နှစ်သစ်ကူးပွဲတော် မပါဝင်ပါဘူး။ ၀ိဆက်ပွဲတော်၊ ပိုဆွန်ပွဲတော်နဲ့ ဧဆလပွဲတော်တို့ကသာ အဓိကဖြစ်ပါတယ်။
သီရိလင်္ကာရှိ ခရယာန်အချို့က နှစ်သစ်ကူးပွဲတော်ကို ခရစ်ယာန်အီစတာပွဲတော်နဲ့ ပူးပေါင်းလို ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါကို အကြီးအကျယ်ဒေါသဖြစ်နေတဲ့ သူတွေလဲ မနည်းပါဘူး။ ပူးပေါင်းချင်တဲ့ ရည်ရွယ်ချက်ကတော့ ခရစ်ယာန်တွေရဲ့ ထုံးစံအတိုင်း သူတို့ရဲ့ ခရစ်ယာန်ထုံးတမ်း စဉ်လာတွေကို ရောက်ရှိရာ အရပ်ဒေသလူမျိုးတွေ၊ ယဉ်ကျေးမှုတွေရဲ့အကြားမှာ ပူးဝင်ပြန့်နှံ့စေချင် ကြလို့ပါပဲ။ ဒီလိုနည်းနဲ့ ခရစ်ယာန်ယဉ်ကျေးမှုဟာ ရောက်ရှိရာအရပ်ဒေသတွေမှာ အနည်းနဲ့အများ ပူးဝင်ကပ်ပါနေရခြင်းဖြစ်ပါတယ်။ ပူးပေါင်းမှုကို ကန့်ကွက်ဆန့်ကျင်ကြတဲ့သူတွေကတော့ ဆန့်ကျင် ဘက်အမြင်ရှိပါတယ်။ သူတို့ကတော့ သီရိလင်္ကာနှစ်သစ်ကူးနဲ့ပူးပေါင်းခြင်းအားဖြင့် ခရစ်ယာန်ထုံး တမ်းစဉ်လာတွေ၊ စံတွေ၊ တန်ဖိုးတွေ လျော့ပါးသွားမှာကို စိုးရိမ်ကြပါတယ်။ သူတို့စိုးရိမ်မယ်ဆိုလဲ အပြစ်မဆိုသာဘူး။ သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်က 7%မျှသာ ရှိပါတယ်။ ခရစ်ယာန်တွေဟာ သူတို့ရဲ့ အီစတာပွဲတော်ကို သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ရဲ့အောက်မှာ သိမ်သိမ်ငယ်ငယ် ကျင်းပ နေရတာကို မမျှတဘူးလို့ ပြောနေကြတယ်။ ဒါ့အပြင် ခရစ်ယာန်တွေက သူတို့ရဲ့ အီစတာပွဲတော်ကို အမျိုးသားပွဲတော် (national festival)အဖြစ် သတ်မှတ်မပေးလို့ မကျေနပ်ချင်ကြပါဘူး။ ဒီလူဦးရေနဲ့ ဒီလို နှစ်ကာလပေါင်းများစွာ ဗုဒ္ဓသာသနာထွန်းကားတဲ့ဒေသမှာ ဒီလို တောင်းဆိုကြတာဟာ သင့်တော်၏၊ မတော်၏ စဉ်းစားကြဖို့တော့ ကောင်းပါတယ်။ ကိုလိုနီစိတ်ဓာတ် မကုန်ကြသေးသူများ လို့ အားနာပါးနာ ပြောလိုက်ရမလိုဖြစ်နေပါတယ်။ ခရစ်ယာန်ဘာသာထွန်းကားတဲ့ နိုင်ငံကြီးတစ်ခုမှာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို နိုင်ငံတော်ပွဲတော်(National Festival)အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုရင် ဘယ်လိုနေမလဲ။ ဘာပြောကြမလဲ။

သီရိလင်္ကာမှာ နှစ်သစ်ကူးကာလရောက်ပြီဆိုရင် ခြောက်သွေ့တဲ့ရာသီဥတုပြီးဆုံးပြီး မိုးတွေအလျှံပယ် ရွာပါ တော့မယ်။ သစ်ပင်တွေမှာ ရွက်သစ်တွေ ဖူးဝေလို့ နေရာတိုင်း စိမ်းလန်းနေတယ်။ ငှက်တွေကလဲ တေးဆိုလို့ ပန်းတွေလဲ အလုအယက်ပွင့်လာကြတယ်။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေလဲ စားလို့မကုန်အောင် ပေါများလို့ပေါ့။ ဒီအချိန်ဆို လူငယ်တွေလဲ ချစ်သူနဲ့အတူ ဘ၀တစ်သက်စာ လက်တွဲဖို့ ဆုံးဖြတ်၊ လက်ထပ်လေ့ရှိကြတယ်။

သဘာဝအားဖြင့် နှစ်သစ်ကူးကာလဆိုတာ ညသန်းခေါင်မှာ ဖြစ်လေ့ရှိပေမယ့် မြန်မာနှစ်သစ်ကူးလိုပဲ သီရိလင်္ကာနှစ်သစ်ကူးကတော့ ဝေဒပညာရှင်တွေရဲ့ အကြံပေးတဲ့အချိန် ဖြစ်ပါတယ်။ နှစ်ကူးတဲ့ရက်ကို ပုံသေသတ်မှတ်ထားခြင်းမရှိပါဘူး။ ဝေဒပညာရှင်တွေက နှစ်ဟောင်းရဲ့အဆုံးနဲ့ နှစ်သစ်ရဲ့အစကို သတ်မှတ်ပေးလေ့ရှိပါတယ်။

မြန်မာ့သင်္ကြန်ပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူးဟာ ပုံသဏ္ဌာန်အားဖြင့် တူတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ့သင်္ကြန်တွင်းမှာ ကလေး၊ လူကြီးမရွေး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဥပုသ်သတင်း ဆောက်တည်ကြပါတယ်။ အချို့ဆိုလျှင် နှစ်သစ်ကူးကာလအတွင်း ဒုလ္လဘရဟန်းဝတ်ခြင်း၊ အမျိုးသမီးများက သီလရှင်ဝတ်ခြင်းများ ပြုလုပ်ကြပါတယ်။ မိဘတွေကလဲ သူတို့ရဲ့ ရင်နင့်သည်းချာ သားသမီး အလိမ္မာများကို ကိုရင်၊ ရဟန်းဝတ်ခိုင်းခြင်း၊ သီလရှင်ဝတ်ခိုင်းခြင်းများ ပြုလုပ်စေကြသည်မှာ မည်သည့်နိုင်ငံတွင်မှ မတွေ့နိုင်တဲ့ အသည်းခိုက်စရာ ဓလေ့လေးဖြစ်ပါတယ်။ သင်္ကြန်တွင်းမှာ (အထူးသဖြင့် တောအရပ် ဒေသတွေမှာ)လူကြီးသူမများကို ရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အုန်းဆီများလိမ်းပေးခြင်း၊ မိမိတို့ တတ်နိုင်သမျှ ကြွေးမွေးထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ကြသည်မှာ ၀မ်းသာစရာမြင်ကွင်းများအဖြစ် တွေ့မြင်ရပါတယ်။ ဒါပေမယ့် လက်ရှိမြန်မာ့နှစ်သစ်ကူးပွဲတော်ကိုကြည့်ရင် အထက်ပါ ဓလေ့လေး တွေဟာ လွမ်းစရာအတိတ်တွေ ဖြစ်လို့နေခဲ့ပြီလို့ ၀မ်းနည်းစွာ ဆိုရတော့မှာပါ။

လက်ရှိ မြန်မာမှာ ဖြစ်နေတဲ့အနေအထားတွေအရတော့ အလွန့်အလွန်ကို ကွာခြားသွားပါပြီ။ သီရိလင်္ကာနှစ်သစ်ကူးမှာ အကုသိုလ်ဖြစ်စေနိုင်တဲ့ အပြုအမူမျိုးကို မတွေ့ရသလောက်ဖြစ်ပြီး မြန်မာ့သင်္ကြန်ကတော့ (အများစုကို ကြည့်ပြီး ခြုံငုံသုံးသပ်ရရင်) အကုသိုလ်တွေ မိုးမွှန်အောင်လုပ်တဲ့ ပွဲကြီးအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာနေတယ်။ အထူးသဖြင့် သင်္ကြန်ဆိုရင် အရက်သေစာ သောက်စားပွဲကြီး၊ လူငယ်လူကြီး မျာပွေပွဲကြီးလို့ ဆိုရတော့မယ့်ကိန်း ဆိုက်နေပြီဖြစ်လို့ ချစ်စရာ ယဉ်ကျေးမှုတွေ မပျက်သုဉ်းခင် တစ်ခုခု လုပ်သင့်နေတာတော့ အမှန်ပါပဲ။ ။

Ref:
1. New Year - a national festival for Sri Lanka; By W. T. A. Leslie Fernando
2. Sinhala Avurudu: Festival overlaid by legend and myth and shrouded by superstition; By Punyakante Wijenaike
3. Sinhala Avurudu: Recalling a New Year of yesteryear; By Sybil Wettasinghe
4. Avurudu Rituals: The Ayurveda system; By Dr. Upali Pilapitiya


Read more...

အထက်တန်းစားဗုဒ္ဓဘာသာဝင်

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ်ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့အား အမြတ်ဆုံးသောအကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။သို့သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊

အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက်ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့သာဖြစ်ပါတယ်…

စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့ သရဏဂုံ တင်ထားပေမဲ့လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင်သူများဆိုလျှင် ရတနာသုံးပါးကိုးကွယ်သူရယ်လို့ ဆိုရန်ပင်ခက်လှပါတယ်။ ဘုရားစင်အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊မယ်တော်၊ပြည်ပမှ ဘိုးတော်၊မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာမရှိပြီလို့ ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ မျှော်လင့်တောင့်တမှုပေါ် အခြေခံပြီး ဓါတ်ရိုက်ဓါတ်ဆင်၊ ယတြာချေ၊ဂါထာမန္တန် ရွတ်သူများဟာ(ဗုဒ္ဓဘာသာဝင်တို့အဖို့ အရေးကြီးဆုံးဖြစ်တဲ့)ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး။

အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ ၎င်းအပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့ ဖီလာဆန့်ကျင်လျှက်ရှိပြီး၊ဥုံ မဏိပဒ္မေဟုံ ကဲ့သို့ မဟာယနဂိုဏ်းရဲ့ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့မှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါးရှာသူတွေ ဖြစ်လာကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ဓမ္မမှာ လောဘ၊ဒေါသ၊မောဟတို့ကို ငြိမ်းစေသော နည်းလမ်းများညွှန်ပြထားသလို၊ သောက၊ပရိဒေဝ၊ဒုက္ခ၊ဒေါမနဿတို့မှ လွတ်မြောက်စေတဲ့ကျင့်စဉ်တွေလည်း အမြောက်အမြားရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး လောဘ၊ဒေါသ၊မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့ ပူလောင်ဆူပွက်နေပါလျှင် (အဖြေကားရှင်းပါတယ်။)ဗုဒ္ဓ၏ ဓမ္မကို လိုက်နာကျင့်သုံးမှုမှာ အားနည်းလို့သာ ဖြစ်ပါတယ်။

ဘုရားရှင်က ရတနာသုံးပါးအပေါ် ကြည်ညိုမှုသဒ္ဓါတရား အနည်းအများပေါ်အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့်အညံ့စားဗုဒ္ဓဘာသာဝင်လို့နှစ်မျိုးကွဲပြားကြောင်းနဲ့၎င်းတို့ရဲ့လက္ခဏာများကို ဟောကြားတော်မူခဲ့ပါတယ်။

အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့ရဲ့ လက္ခဏာများ

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
၃။ကောတုဟတ မင်္ဂလာကိုမယုံကြည်ခြင်း
၎။လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ မြတ်နိုးခြင်းတို့ဖြစ်၏။

ဤလက္ခဏာများနှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဓဘာသာဝင် ရတနာ၊ဗုဒ္ဓဘာသာဝင် ပဒုမာ၊ဗုဒ္ဓဘာသာဝင်
ပုဏ္ဏရိက်
လို့ဂုဏ်ပြုတော်မူပါတယ်။


အညံ့စားဗုဒ္ဓဘာသာဝင်တို့ရဲ့ လက္ခဏာများ

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလမရှိခြင်း
၃။ကောတုဟတ မင်္ဂလာကိုယုံကြည်ခြင်း
၎။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ မြတ်နိုးခြင်းတို့ဖြစ်သည်။

ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား၊ ဗုဒ္ဓဘာသာဝင်
အညစ်အကြေး၊ဗုဒ္ဓဘာသာဝင်ဒွန်းစဏ္ဍား
ဟု ဘုရားရှင်ကမိန့်ဆိုတော်မူခဲ့ပါတယ်။


ဤသို့လျင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လား ဟူသည်ကို ဘုရားရှင်၏ အထက်ပါစံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတုဟတမင်္ဂလာတို့မှာ စိတ်ညွှတ်မှုမရှိနိုင်ပါ။

ဗေဒင်၊ယတြာ၊အင်း၊လက်ဖွဲ့၊ဂါထာ၊မန္တန်တို့ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့ စီးပွားတက်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟတမင်္ဂလာကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ လောကီစီးပွား တက်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျော်ညီမှုရှိ၊မရှိ) မစစ်ဆေးဘဲ မျက်ကန်းယုံကြည်လက်ခံခြင်းတို့ဟာ အတွေးအခေါ်သူတောင်းစားတို့ရဲ့ အမူအကျင့်သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့်ကျင်ဘက် ဤအမူအလေ့မျိုးကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့မှာ မရှိသင့်၊မရှိအပ်သင့်ပါ။

စင်စစ်ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊နိမိတ်၊ ကိန်းခန်း၊တဘောင်၊ နက္ခတ်၊ဗေဒင်၊ ယတြာ၊လက္ခဏာ၊အိပ်မက်တိတ္တုံ၊ရက်ရာဇာ၊ပြဿဒါးစတဲ့ ဒိဋ္ဌ၊သုတ၊မုတ မင်္ဂလာများကို မယုံကြည်ပါ။ ၎င်းလောကီမင်္ဂလာတို့ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍးဥပသကာလို့ ခေါ်ဝေါ်ပါတယ်။ (ပဉ္စက အဂုင်္တ္တရ စဏ္ဍာလသုတ်ကို လေ့လာပါ။)

"ရဟန်းတို့၊ အကြင်သတ္တဝါတို့သည် နံနက်အခါ ကိုယ်ဖြင့်သုစရိုက်ကို ကျင့်ကြကုန်၏။
နှုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏။ စိတ်ဖြင့်သုစရိုက်ကိုကျင့်ကြကုန်၏။
ထိုသတ္တဝါတို့အား ကောင်းသောနံနက်ဖြစ်၏။ ထို့အတူမွန်းတည့် ညချမ်းအခါတို့၌ သုစရိုက်ကျင့်သူတို့အား ကောင်းသောမွန်းတည့်အခါ၊ ကောင်းသောညချမ်းအခါ ဖြစ်၏
"ဟု ဘုရားရှင်ဟာ(တိအဂုင်္တ္တရပါဠိတော်-၂၉၈)မှာ ဟောတော်မူခဲ့ပါတယ်။


ဆိုလိုရင်းမှာ သုစရိုက်တရားကျင့်သူတို့အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ခဏကောင်း အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊မင်္ဂလာမရှိ။ နက္ခတ်မင်္ဂလာ အကောင်းကြုံရန် ဓါတ်ရိုက်၊ဓါတ်ဆင်၊ယတြာ စသည်တို့ကိုပြုလုပ်ရန်မလိုပါ။ ကိုယ်ကျင့်တရားမြဲမြံရန်နှင့် သူတော်ကောင်းတရား ပွားများရန်သာလိုသည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ရဲ့ သုခ၊ဒုက္ခများကို မည်သည့်ဂါထာ၊မန္တန်၊ အင်း၊ယတြာ၊အဆောင်လက်ဖွဲ့၊ သဒ္ဓိဆိုင်ရာအစီအမံကမျှ ကပြောင်းကပြန်လုပ်လို့မရပါ။

ကိုယ်စိုက်ပျိုးသောအပင်ကို ကိုယ်ပဲရိတ်သိမ်းရပါတယ်။အဆိပ်ပင်စိုက်ပျိုးထားပါလျက် ဂါထာ၊မန္တန်၊ ယတြာအားကိုးနဲ့ ဩဇာပင်ရိတ်သိမ်းချင်၍မရပါ။ကမ္မနိယာမမြစ်ကြောင်း အတိုင်းသာ ဘဝစီးကြောင်း ရေအလျဉ်ဟာ စီးဆင်းနေပါတယ်။ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ၊ လောကီမင်္ဂလာများနှင့် အပေါ်ယံအကာအလွာ ကိုးကွယ်မှုအမျိုးမျိုးနောက်လိုက်နေသူများဟာ အညံစား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အလျဉ်းသင့်၍ သီတဂူဆရာတော် အရှင်ဉာဏိဿရ၏“ဗုဒ္ဓဝါဒ အခြေခံသဘောတရား”စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။

“ဗုဒ္ဓဟောကြားတဲ့အတိုင်း၊သင်ထားတဲ့အတိုင်း၊ဆုံးမထားတဲ့အတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်းရောက်အောင် ဘယ်သူကခေါ်ဆောင်သွားမှာလဲ၊အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓကခေါ်ဆောင်သွားမှာမဟုတ်ဘူး။ ကိုယ်ကျင့်တဲ့တရားက ကိုယ့်ကိုခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ပါဘဲ။ ဗုဒ္ဓဝါဒအရ ကိုးကွယ်ခြင်းဟာ အဲဒီအထိရောက်ရမယ်၊ ဒါမှအဆင့်အတန်းမြင့်တာ။ ကိုယ့်ကိုခေါ်သွားမယ့်ပုဂ္ဂိုလ်၊ သယ်ဆောင်သွားမယ့်ပုဂ္ဂိုလ်၊ ကယ်တင်သွာမယ့်ပုဂ္ဂိုလ်ဆိုတာ အခြားမှာမရှိပါဘူး။ ကိုယ့်ကိုအထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်းမြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုရင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါပဲ ”

ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုလျင် ဗုဒ္ဓ၏ဓမ္မနဲ့လျော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့လိုပါတယ်။ ရတနာသုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မတ်မတ်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိငုတ်စိုက်ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့လိုပါတယ်။၎င်းယုံကြည်မှုကို ထိပါးတိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီမင်္ဂလာတို့မှာ အားကိုးရှာခြင်းမျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ဝင်ရောက်ခွင့်မပြုသင့်ပါဘူး။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။သံဃံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်၏ အညစ်အကြေးဖြစ်တဲ့၊ အတွင်းရန်သူဖြစ်တဲ့ တန္တရယာန၊မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှလွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ)ဖြင့်ခံယူနိုင်ကြပါစေ။ ။

၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ ဓမ္မရံသီပေါင်းချုပ်မှ


Read more...

သိထားရမည်... (တည်တောဆရာတော် (မေး+ဖြေ))

ထီးချိုင့်မြို့ တည်တောဆရာတော် (မေး+ဖြေ) ၅-မှ...

တချို့တရားတော်များသည် အခြေနေအရ အမှန်ကိုဟောပြောနေကြပေမဲ့ အသိဉာဏ် အားနည်းသူများအတွက် အကောက်လွဲတတ်ကြပါတယ်။ ယခုတည်တောဆရာတော်၏ အမေးအဖြေများသည် မျှတ၍ မှန်ကန်မှုရှိ၍ မိမိလည်းနှစ်သက်၍ တင်ပေးနေခြင်း ဖြစ်ပါတယ်။ သင်တို့တတွေလည်း သေခြာလေ့လာ၍ တရားတော်များ အပေါ်မှာ နှလုံးသွင်းမှန်နိုင်ကြပါစေ...။ နှလုံးသွင်း မမှန်ကြ၍ သံသရာ လည်နေကြရခြင်းသာ...။

သိထားကြရမည်...
၁။ ဘုရားတည် ဗောဓိပင်စိုက်ခြင်းသည် မည်သည့်အကျိုးရှိသနည်း...
၂။ သေတာပန်ဖြစ်ပြီး ယခုဘ၀ လူဖြစ်နိုင် မဖြစ်နိုင်...
၃။ သေခါနီး လူမမာ တစ်ယောက်အတွက် ဘုရားဂုဏ်တော်ပွါးခြင်းနဲ့ ထွက်လေ ၀င်လေပွားများခြင်း ဘယ်တရားကို ပွားများခြင်းက အကျိုးသာ၍ ကြီးပါသနည်း...














Read more...

ရုပ်ဖောက်ပြန်ခြင်းကြောင့်လား… အောက်လမ်းပယောဂကြောင့်လား..

Q. ဘုန်းဘုန်း
တပည့်တော် စိုင်းစိုင်း ရိုသေစွာ လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော် မေးလိုသည်မှာ ထေရဝါဒနှင့် ဆိုင်မဆိုင် သာသနာရေး မေးခွန်း ဟုတ်မဟုတ် မပြောတတ်သဖြင့် သီးခြားစာနှင့် လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော်သည် ကျန်းကျန်းမာမာကြီး နေလာရာကနေ ... နေထိုင်မကောင်းသလိုလို၊ မိမိမှာ ရောဂါဝေဒနာ တစ်ခုခု ရှိနေ၍ အားနည်းပျော့ခွေသလို ခံစားလာရပါသည်။ အမြဲ မူးဝေ ပျော့ခွေနေခြင်း၊ အပင်ပန်း မခံနိုင်ခြင်းများကြောင့် အလုပ်နှင့် ဘဝရပ်တည်ရေးပါ ထိခိုက်လာပါသည်။ ဆရာဝန်နှင့် ပြတော့လည်း သွေးအားနည်းသလို၊ အာဟာရ ချို့တဲ့သလိုသာ အဖြေထွက်ပြီး ဤမျှ ဝေဒနာခံနေရအောင် ရောဂါကြီးကြီးမားမား မတွေ့ပါ။ တပည့်တော်မှာ ယခင်က အပင်ပန်း အကြမ်းတမ်း ခံနိုင်အောင် ကျန်းမာသန်စွမ်းပြီး လူငယ်ဘာဝ ပျော်ပျော်ပါးပါး နေခဲ့သူ ဖြစ်ပါသည်။ စာများလည်း မကျက်မှတ်နိုင်တော့ဘဲ ပညာရေးပါ ထိခိုက်လာပါသည်။ အမြဲတမ်း နုံးချိအားနည်းပြီး အိမ်ထဲက မထွက်ချင်၊ အိပ်ရာထဲက မထချင်အောင် ဖြစ်နေသဖြင့် မိတ်ဆွေများနှင့်ပါ လူမှုရေး လစ်ဟင်းပြီး ယခင်လို မဟုတ်တော့ဘဲ အပေါင်းအသင်း နည်းပါးလာပါသည်။


တပည့်တော် ယခင်က လူပြုစားခြင်းဆိုသည်ကို အယုံအကြည် မရှိပါ။ အောက်လမ်းနည်းများကိုလည်း အယုံအကြည် မရှိသူ ဖြစ်ပါသည်။ တပည့်တော်ဘဝမှာလည်း ပြန်စဉ်းစားမိသလောက် ဘယ်သူ့ကိုမှ ပျက်စီးအောင် မလုပ်ခဲ့ဖူးပါ။ မည်သူ့ကိုမှလည်း မပြိုင်ဆိုင်ပါ။ မိမိက မပြိုင်ဆိုင်သော်လည်း မိမိကို ပြိုင်ဆိုင်သူ၊ လိုသူ မလိုသူကတော့ သဘာဝအလျောက် ရှိပါသည်။ ငါ့ကို ရန်ပြုမည့်သူ မရှိ၊ မလိုသူ မရှိဟုတော့ သေချာပေါက် ပြောနိုင်သူ မဟုတ်ပါ။ ယခုမူ ဝေဒနာ ခံစားရခြင်း လမှ နှစ်ချီလာသောအခါ မပျောက်လျှင်လဲ သေသွားတာ ကောင်းမယ်ဆိုသည့်အထိ စိတ်ဓာတ်ကျလာပါသည်။ အကယ်၍ မိတ်ဆွေများ ပြောတတ်သလို မလိုသူ တစ်ဦးဦးက အောက်လမ်းနည်းဖြင့် တစ်စုံတစ်ခု လုပ်ခြင်း၊ ပျက်စီးအောင် ကြံခြင်း ဖြစ်ပါက လွန်မြောက်လိုပါသည်။ တစ်ဖက်လူကို ဘယ်သူဖြစ်ဖြစ် ပြန်ဒုက္ခပေးလိုစိတ်တော့ မရှိပါ။

ထို့ကြောင့် အောက်လမ်းနည်း ဖြစ်ခဲ့ပါက ဘယ်လို နှုတ်ရမည်ကို တပည့်တော် နားမလည် မကျွမ်းကျင်သဖြင့် ဘုန်းဘုန်းထံ မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါသည်။ တပည့်တော်မှာ စာမကျက်နိုင်၊ အလုပ်ကောင်းကောင်းမလုပ်နိုင်သဖြင့် ပညာရေးနှင့် အလုပ်အကိုင် ထိခိုက်နေခြင်း ဖြစ်ပါသည်။ မလိုသူလုပ်ရပ် ဖြစ်ပါက ပညာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်ကို ပျက်စီးစေရန် ဦးတည် ထိုးနှက်ခြင်း ဖြစ်မည်ဟု ထင်ပါသည်။
တပည့်တော်မှာ ဖခင်ကို ရှာကျွေးနေရာ မွေးချင်းမောင်နှမများက ၄င်းတို့ လိုသမျှ ငွေကို မပေးဘဲ ဖခင်ကိုသာ ဦးစားပေး လုပ်ကျွေး ဝင်ငွေအပ်နှံနေသဖြင့် မကျေနပ်ခံရခြင်းတော့ ရှိပါသည်။ အလုပ်အကိုင်တွင်လည်း မနာလိုသူ၊ အလုပ်အဆင်ပြေကြောင်း ကြားရလျှင် မကျေနပ်ဘဲ အဆင်မပြေ ဒုက္ခရောက်ကြောင်းသာ ကြားလိုသူလည်း ရှိပါသည်။ ပညာရေးမှာလည်း မည်သူ့ကိုမှ မပြိုင်ဆိုင်သော်လည်း အလားတူ မကျေနပ်သူ ရှိပါသည်။ အချို့ ပြုစားခံရသူများ ဖြစ်တတ်သလို သူများထံမှ ငွေချေးပြီး ပြန်မဆပ်ခြင်းမျိုးတော့ မရှိပါ။ ငွေလည်း အလွန် ချေးခဲပါသည်။

ဦးဇင်းတစ်ပါးက အောက်လမ်းအတတ်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊ ရဟန်းတော်များကိုပင် မလိုသူက လုပ်တတ်ကြောင်း၊ ဦးဇင်းကိုယ်တိုင်လည်း ခံရဖူးကြောင်း အမိန့်ရှိပါသည်။ ထိုဦးဇင်းမှာ အခြား သိနားလည်သည့် ဦးဇင်းတစ်ပါးက ကုပေးသဖြင့် ပျောက်ကင်းခဲ့ရကြောင်း အမိန့်ရှိပါသည်။ တပည့်တော်လည်း အလားတူ ပျောက်လိုပါသည်။ ရိုးရိုးလူကို မေးခြင်းထက် သီလသမာဓိ သာလွန်သော သံဃာတော်များကို မေးလျှောက်လျှင် ပိုကောင်းမည်ဟု ထင်သဖြင့် ဘုန်းဘုန်းထံ မေးလျှောက်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဒနည်းနှင့် ဖြစ်စေ၊ လောကီနည်းနှင့် ဖြစ်စေ ပျောက်ကင်းအောင် မည်သို့ လုပ်ရမည်ကို ဂရုဏာရှေ့ထား အမိန့်ရှိပေးပါဘုရား။
ရိုသေစွာဖြင့်
စိုင်းစိုင်း

ဘုန်းဘုန်းဘုရား
တပည့်တော် အောက်လမ်းနည်း၊ လူပြုစားခြင်း စသည်များကို ယုံတမ်းစကား အဖြစ်သာ မှတ်ယူပြီး လုံးဝ အယုံအကြည် မရှိခဲ့သူ ဖြစ်ပါတယ်ဘုရား။ ယခု တပည့်တော်ဟာ ယခင်က ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နေခဲ့ရာကနေ အမြဲ မူးဝေထိုင်းမှိုင်းလာပြီး အားကုန်ခန်းနွမ်းနယ်သလို ဖြစ်ကာ အိပ်ရာထဲပဲ အမြဲ လှဲနေလိုတာ၊ မကြာခဏ နေမကောင်း ဖြစ်လွယ်တာ၊ စာတွေ စူးစိုက်ကျက်မှတ်လို့မရ ဘာကိုမှ ယခင်လို ရည်မှန်းချက်ထား စူးစိုက်လုပ်ကိုင်လို့မရ ဖြစ်တာတွေ ကြုံတွေ့လာရပါတယ်။ ဒီလို ဖြစ်နေတာ ယခုဆို လပိုင်းမကတော့ဘဲ နှစ်ချီလာပါပြီဘုရား။ ခန္ဒာကိုယ်မှာ ရောဂါတစ်ခုခု ရှိနေလို့လားလို့ ဆရာဝန်နဲ့ ပြသတော့လဲ သွေးအားနည်းတာမျှသာ တွေ့ပါတယ်။ ယခင်က ဒီလောက်နဲ့ တပည့်တော် ဒီလို မူးဝေချိနဲ့မနေဖူးပါ။ အရင်က အပေါင်းအသင်းဆံ့ လူမှုရေး များပြားရာကနေ အခု ကိုယ်မှာ အမြဲ အားမရှိ မူးဝေချိနဲ့သလို ဖြစ်နေလို့ ယခင်လို အများနဲ့ မရောနှောဘဲ လူမမာတို့ဘာဝ မိမိအခန်းမှာသာ သက်သာသလို နေရတဲ့အတွက် မိတ်လည်း ပျက်လာပါတယ်။ တပည့်တော်မှာ ဒီလို ဖြစ်လာရတာကို အောက်လမ်း၊ ပယောဂ စတာတွေကို လက်မခံ၊ အယုံအကြည် မရှိပဲ ဒါ ရိုးရိုး ရောဂါဘယ တစ်ခုခုကြောင့်သာ ဖြစ်ရမယ် မှတ်ပြီး ဆေးစား ဆေးသောက်ပေမယ့် မရေမရာနဲ့ ပျောက်လဲ မပျောက်နိုင်ဘဲ ဆေးဝါး ဓာတ်စာဖိုးသာ ကုန်လာပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ငြင်းနေမယ့်အစား အကယ်၍ တကယ် ဖြစ်နေရင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုလာပါတယ်ဘုရား။

တပည့်တော် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဖူးပါဘူးဘုရား။ ကိုယ့်အပေါ် မနှစ်လိုတဲ့ သူတွေကိုတောင် သူတို့ ပျက်စီးနစ်နာအောင် ဘာမှ မကြံစည်တတ်ပါ။ ပညာရေး အလုပ်အကိုင် စသည်တို့မှာ တပည့်တော်က မပြိုင်ဆိုင်သော်လည်း တပည့်တော်ကို ပြိုင်ဆိုင်သူ၊ အောင်မြင်လျှင် မလိုသူများတော့ လောကသဘာဝအလျောက် ရှိပါတယ်။ ဖခင်ကို ရှာဖွေကျွေးမွေးနေတော့ သူတို့ကိုသာ ပုံချစ်ပြီး အဓိက ရှာကျွေးပံ့ပိုးစေချင်တဲ့ မအေတူ မောင်နှမများက မကြည်ဖြူခြင်းလဲ ရှိပါတယ်။ တပည့်တော် မအောင်မြင် ဒုက္ခဆင်းရဲတွေရောက် ရုန်းကန်ရစဉ်က တချိန်က ရှာကျွေးခဲ့ဖူးတဲ့ မအေတူ မောင်နှမများက မျက်နှာလွှဲနေပြီး ဖခင်ကသာ စောင့်ရှောက်ခဲ့လို့ ပြန်ကောင်းစားချိန်မှာ မအေတူ မောင်နှမများကို လှည့်မကြည့်တော့ဘဲ ဖခင်ကိုသာ ဦးထိပ်ထား လုပ်ကျွေးခြင်း ဖြစ်ပါတယ်။

အမှောင့်ပယောဂ တစ်ခုခုကြောင့် ဖြစ်ခဲ့ရင် မလိုမုန်းထား ကြံစည်သူ ဘယ်သူ ဖြစ်မလဲ တပည့်တော် မသိပါ။ သူတို့ကို တပည့်တော် ဖြစ်သလို ဖြစ်စေလိုစိတ်လဲ မရှိပါ။ ဘာမှလဲ လက်တုံ့မပြန်လိုပါ။ ခံစားနေရတဲ့ အဆင်မပြေမှုများက လွတ်ချင်တာသာ ရှိပါတယ်။ တပည့်တော် အသက် ၂၀ ကျော်ကတည်းက ငါးပါးသီလကို ကြိုးစား ထိန်းသိမ်းစောင့်ရှောက်လာတာ ယခု အသက် ၃၀ ကျော်အထိ ဖြစ်ပါတယ်ဘုရား။ တတ်နိုင်သမျှ ကိုယ်စွမ်း ရှိသမျှတော့ မြဲအောင် ကြိုးစားပါတယ်။ ဥပုသ်လဲ အလျဉ်းသင့်သလို ဆောက်တည်လေ့ရှိပါတယ်။ ဒါနမှုအနေနဲ့တော့ သံဃာတော်များကို ဆွမ်း သင်္ကန်းဆေးဝါး အသုံးအဆောင်များ လှူဒါန်းခြင်း သံဃိကဒါနနဲ့ ဆင်းရဲသားများ လူအိုလူနာများကို လှူဒါန်းခြင်း ဒါနကို အမြဲ ပုံမှန်ပြုပါတယ်။ ဘာဝနာအနေနဲ့တော့ မေတ္တာ ဘာဝနာ တတ်နိုင်သမျှ ပွားပါတယ်။

တပည့်တော် ပျက်စီးအောင် တစ်ပါးသူ တစ်ဦးဦးက လုပ်ခြင်း တကယ်ဟုတ်နေရင် ဘယ်လို ပြေပျောက်အောင် လုပ်ရမလဲ သိလိုတဲ့အတွက် ဆရာတော်ဘုရားကို မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်က ဒါတွေ မဖြစ်နိုင်ဘူး၊ မယုံဘူး နေလာရာကနေ အချိန်တွေ ကြာလာပြီး မပျောက်လို့ အားကိုးတကြီး လျှောက်ထားမေးမြန်းခြင်း ဖြစ်ပါတယ် ဘုရား။ လောကီဆရာများကို မေးမြန်းပြီး သိရမယ့် လောကီအစီအရင်များဟာ တစ်ဖက်သူ ဒဏ်ပြန်ထိစေမယ့် အမှု ဖြစ်နေပါက ဘုရားမကြိုက်မှာစိုးလို့ တပည့်တော် မလုပ်လိုပါ။ ဘုရားသားတော် သံဃာတော်ကို မေးမြန်းပြီး ဗုဒ္ဓဆေးနဲ့ ကုတာ အကောင်းဆုံး ထင်လို့ လျှောက်ထားရခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဝါဒမှာ ဒါတွေ မရှိဘူး၊ အယူမှားတွေ ဆိုရင်လဲ အားမနာတမ်း အမိန့်ရှိစေလိုပါတယ်ဘုရား။ တပည့်တော် နာခံပါ့မယ်။
ရိုသေစွာဖြင့်
မင်းမင်း


A. အီးမေးလ်မှ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ မေးခွန်းရှင်နှစ်ဦးရဲ့ မေးခွန်းဟာ တစ်ဦးတည်းလို့ ဆိုရလောက်အောင် အကြောင်းအရာ အဖြစ်အပျက်များ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နှစ်ဦးလုံးအတွက် တစ်ခါတည်း ဖြေပေးဖို့ ရည်ရွယ်လိုက်ပါတယ်။ အောက်လမ်းပယောဂများ အကြောင်းမပြောခင် ရုပ်တရားအကြောင်းကို အရင်ပြောလိုပါတယ်။ သိပြီးတဲ့အတိုင်းပဲ ခန္ဓာကိုယ်ကြီးကို ရလာပိုင်ဆိုင်လာတဲ့အတွက် ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းသဘောကတော့ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ ကာလဒေသမရွေး လာနေမှာဖြစ်ပါတယ်။ အရင်တုန်းက ဘာမှမဖြစ်ဘဲ ခုမှဖြစ်ရကောင်းလားလို့ ဟိုတွေးဒီတွေး ဟိုထင်ဒီထင်လည်း မဖြစ်စေချင်ပါ။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက် ဆိုတာမျိုးလည်း မဖြစ်စေချင်ပါ။ တကယ်တော့ ရုပ်တရားဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ရုပ္ပတီတိ ရူပံ- ဖောက်ပြန်တတ်တဲ့သဘောကြောင့် ရုပ်မည်တယ်လို့ ဆိုတဲ့အတွက်ကြောင့် ရုပ်ရဲ့သဘာဝ လက္ခဏာဟာ ဖောက်ပြန်ခြင်းသဘောရှိနေတာပါ။ ဒီလိုဖောက်ပြန်ခြင်း သဘောရှိတဲ့ ရုပ်တရားကို ပိုင်ဆိုင်ထားတဲ့သူမှန်သမျှ ရုပ်တရားရဲ့ ဖောက်ပြန်ပြောင်းလဲခြင်း သဘောကို ရင်ဆိုင်တွေ့ကြရမှာပါ။ ဘယ်သူမှ ရှောင်တိမ်းလို့ မရပါဘူး။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်နေမှာပါ။ အကြောင်းအမျိုးနဲ့ ဖောက်ပြန်နေမှာပါ။

အဘိဓမ္မာအလိုအရ ရုပ်တရားဖောက်ပြန်ခြင်းအကြောင်း လေးမျိုးရှိပါတယ်။ ၁၊ ကံကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၂၊ စိတ်ကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၃၊ ဥတုကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၄၊ အာဟာရကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ဒီလေးမျိုးထဲမှာ ကံကြောင့် ရုပ်တရားဖောက်ပြန် ပြောင်းလဲမယ်ဆိုရင် အကုသိုလ်အကျိုးဆက်များရဲ့ တန်ပြန်အကျိုးပေးမှုဖြစ်တဲ့အတွက် ကုသဖို့ ခက်ခဲပါတယ်။ စိတ်ကြောင့် ဖောက်ပြန်ရင်တော့ စိတ်နဲ့ပဲ ပြန်လည်ကုစားရပါမယ်။ ဥတုနဲ့ အာဟာရကတော့ ရာသီဥတုကို ကာကွယ်နိုင်မယ့် အ၀တ်အထည်များ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို သင့်လျော်အောင် လုပ်ပေးခြင်းဖြင့် ကုလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခြေအနေကို ကိုဆင်ခြင်ပြီး ဒီလေးမျိုးနဲ့ ညှိကြည့်ပါ။ ဘာကြောင့် ဖောက်ပြန်တယ်ဆိုတာ အတိအကျ မပြောနိုင်တဲ့အတွက် ကုလို့ရတဲ့နည်းနဲ့ ကုသကြည့်နိုင်ပါတယ်။ ဘယ်လိုမှ မရနိုင်ရင်တော့ တရားရှာ ကိုယ်မှာတွေ့ဆိုသလို တရားနဲ့သာ ဖြေနိုင်အောင်၊ ရှာနိုင်အောင် ကြိုးစားစေချင်ပါတယ်။ သေချာတာကတော့ ရုပ်တရားကြီး ရထားလို့ ဒီလိုအဖြစ်တွေနဲ့ ကြုံတွေ့နေရတာပါ။

နောက်တစ်ချက်က အောက်လမ်းပယောဂ စတာတွေပါ။ လောကီနည်းအရ ဒါတွေက ရှိပါတယ်။ တစ္ဆေ၊ အစိမ်းသရဲ စတာတွေလည်း ရှိပါတယ်။ နတ်ဆိုးများ၊ တန်ခိုးရှိတဲ့ မိစ္ဆာနတ်များ၊ ဘီးလူးသရဲများ စတာတွေဟာ လူကိုအမျိုးမျိုး ဒုက္ခပေးလေ့ရှိကြောင်း စာပေတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။ ဒီနတ်ဆိုးများရဲ့ ဖမ်းစား၊ နှောက်ယှက်ခြင်းများ ခံရတဲ့အတွက် ဒုက္ခရောက်ရတဲ့အကြောင်း၊ တစ်ခါတစ်ရံ ပရိတ်အရံအတားများ ရွတ်ဖတ်ခြင်းများဖြင့် ထိုရန်များမှ ကာကွယ်သင့်ကြောင်း ဟောကြားဖော်ပြထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနတ်ဆိုး အစိမ်းသရဲဆိုတာတွေ ရှိတယ်ဆိုတာ လက်ခံလို့ရပါတယ်။ ၀ိနည်း ပါရာဇိကဏ် အဋ္ဌကထာ၊ ပါဏာတိပါတ အဖွင့်မှာလည်း ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်းဟူသော ပယောဂတစ်ခုကို ဖွင့်ပြထားတာ ရှိပါတယ်။ ဒါတွေကို ကြည့်ပါက ဒီလောကီအစီအရင်များ ရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ဗုဒ္ဓကတော့ ဒီလောကီနည်းများဟာ ဘ၀လွတ်မြောက်ရာ အမှန်လမ်းစဉ်များ၊ အကျိုးရှိတဲ့နည်းပညာများ မဟုတ်တဲ့အတွက် အထူးတလည် မဟောပါဘူး။ အားမပေးပါဘူး။ ရဟန်းများဆိုရင် မလုပ်ဖို့ပင် တာမြစ်ပိတ်ပင်ပါတယ်။ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ဒီလိုအတတ်ပညာမျိုးနဲ့ အသက်မွေးဝမ်းကြောင်း မပြုတာကောင်းပါတယ်။ အားလည်းအားမပေးပါဘူး။ ဒါပေမယ့် ဒီရောဂါများ ကိုယ်ကိုယ်တိုင် စွဲကပ်လာရင်တော့ ကိုယ့်ရဲ့ကိုယ်ကျင့်သီလလည်း မထိခိုက်ဘူး၊ သရဏဂုံလည်း မထိခိုက်ဘူး၊ သူများတွေလည်း အကျိုးမယုတ်ဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာများနဲ့ ပြသကုသနိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင်လုပ်၊ မေတ္တာပို့အမျှဝေ၊ သစ္စာဆိုပြီး အကောင်းဆုံးဖြစ်အောင် နေထိုင်ခြင်းဟာ အကောင်းဆုံးပါ။ အမှန်တော့ ပြုစားခံရတယ်ဆိုရင်လည်း ကံနိမ့်နေတဲ့အတွက် ပြုစားခံရတာပါ။ ကောင်းတာတွေအမြဲလုပ်နေ၊ ကိုယ်ကျင့်သီလတွေ ထာဝရလုံနေပေမယ့် အဆိုးတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိတတ်ပါတယ်။ ကောင်းတာတွေလုပ်နေပေမယ့် အတိတ်ကံအကျိုးပေးချိန် ရောက်လာရင် ပြန်ပေးဆပ်ရတာ၊ ပြန်ခံရတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဘာမဆို အတိတ်ကံကိုပဲ ပုံချလို့ မရပါဘူး။ ပစ္စုပ္ပန်မှာလည်း ကောင်းနေဖို့ ကောင်းအောင်လုပ်နေဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ ကောင်းတဲ့အလုပ်တွေကိုတော့ ရပ်မပြစ်ဖို့ လိုပါတယ်။ စောင့်ထိန်းမြဲသီလကိုတော့ ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲကြုံကြုံ မဆုတ်မနစ် ထိန်းနိုင်အောင် ကြိုးစားစေချင်ပါတယ်။ နောက်ဆုံး သေတာထက်ပိုပြီး ဖြစ်စရာအကြောင်း မရှိဘူးလို့ အဆုံးအထိတွေးပြီး အသိသတိယှဉ်ကာ ကြုံလာသမျှ ဒုက္ခများကို ရင်ဆိုင်နိုင်အောင် ကြိုးစားရင်း သီလ၊ သမာဓိ၊ ပညာကုသိုလ်တရားတွေသာ များများဖိလုပ်စေချင်ပါတယ်။ အချိန်တန်ရင်တော့ အားလုံးပြီးသွားမှာ၊ ကျော်လွှားသွားမှာပါလို့ပဲ အကြံပြုပါတယ်။
ဒါကြောင့် ရုပ်ဖောက်ပြန်တာပဲဖြစ်ဖြစ်၊ အောက်လမ်းပယောဂတွေကြောင့်ပဲ ဖြစ်ဖြစ် ဖောက်ပြန်တာတော့ ဖောက်ပြန်တာပဲ ဖြစ်တဲ့အတွက် အကယ်၍ အောက်လမ်းပယောဂဖြစ်လို့ သေချာတယ် ကုလိုတယ်ဆိုရင်လည်း အရင်ဆုံးမိမိကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင် ကြိုးစားပြီး ကိုယ်စောင့်နတ်များ အပါအ၀င် သုံးဆယ့်တစ်ဘုံ ရှိရှိသမျှ နတ်အပေါင်းတို့အား အမျှအတမ်းပေးဝေကာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆို၍ သီလမကျိုး၊ သရဏဂုံမပျက်တဲ့ နည်းကိုရှာပြီး ကုကြည်ပါဟု တိုက်တွန်းလိုက်ပါတယ်။



Read more...

A. Wimoak Workshop April 09′

Sunday 26th April 2009

Note that we also have a big event with visiting Phakchok Rinpoche on the same day. You will have to choose which event you will go to - some people will be heading to A. Wimoak’s event in the morning, and heading off to the Tai Pan hotel for the afternoon with Rinpoche. Don’t be Greng Jai - we are all friends so it is perfectly ok for you to do this if you prefer.

Thai Monk Ajahn Wimoak will be leading his monthly one-day workshop in meditation based on the mindfulness of the body (Kayakatasati) on Sukhumvit Soi 1 at the Beautiful Boutique hotel Ariyasom Villa, in English.

The program, including lunch, is free of charge.

Ajahn Wimoak is a Thai monk, currently finishing a PhD in Buddhsim in English. He is also an accomplished meditator and has very good English. He is able to put dhamma into accessible words based on direct experience, which is in contrast to the formulaic approach of most Thai monks. Please call ahead of time to check on space availability (limited to about 40 people).

Note: the schedule is rarely adhered to, except for lunch which is at the correct time. However, please arrive before time rather than disturbing proceedings by arriving late and entering after everything has started.

*************

  • 8:30 - 9 am Registration
  • 9 - 10 Talk on Kayakatasati (mindfulness of body)
  • 10-11:15 refreshments and meditation
  • 11:30 Lunch
  • Afternoon session will (usually) include short Dhamma talk, sitting and walking meditation, and one-to-one interviews.
  • Finish between 4 and 5 pm
  • This is Thailand, so expect the schedule to be somewhat, ahem…. , fluid.

Ariyasomvilla
65 Sukhumvit Soi 1, Sukhumvit Road,
Klongtoey Nua, Wattana,
Bangkok 10110
Tel. 02 254 8880

Click here for further information on Ariyasomvilla

Directions couldn’t be easier. Go down Sukhumvit Soi 1 straight to the very end, and you will see Ariyasom Villa on the left.

For Skytrain users, take the Ploen Chit Station.

Map to Ariyasom

Click for larger view-

ariyasom-villa

(Click here to go to Ariyasom Villa’s map)

ariyasom-lunch

ariyasom-facilitiesariyasom-dhamma-talkariyasom-aroi



Read more...

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)၊ (ဂ) ဗုဒ္ဓ၏ဆုံးမနည်း

(ဂ)ဗုဒ္ဓ၏ဆုံးမနည်း

ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ.ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်မရှိချေ။ ဗြာဟ္မာဏ၊ မင်းမှုးမတ်၊ သူဌေးသူကြွယ် မှစ၍ ဆတ္တာသည်၊ ဆင်းရဲသား၊ အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည် ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ ဗုဒ္ဓ၏ တရားကို တစ်ကြိမ်ကြားနာကာမျှဖြင်. ဗုဒ္ဓ၏ တပည်.အဖြစ်ခံယူသောသူတို.မှာ မနည်းလှချေ။ ဗုဒ္ဓ၏ထူးခြားသောအောင်မြင်မှုသည် ထိုအခါက မဇ္ဈိမဒေသ၌ ဗြာဟ္မဏဝါဒ တန်ခိုးမကြီးသေးခြင်း၊ လူတို.အသိဥာဏ်ရင်.ကျက်၍ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေခြင်း၊ ဗုဒ္ဓ၏ ဥပဓိရုပ်နှင်. သီလသမာဓိ ဂုဏ်ကို ကြည်ညိုကြခြင်း စသည်တို.ကြောင်. ဖြစ်၏။ ထိုအချက်များနှင်. ထပ်တူအရေးပါသော အချက်တစ်ရပ်မှာ ဗုဒ္ဓ၏ ဟောပြောဆုံးမနည်းဖြစ်၏။ သို.ဖြင်.နိဂဏ္ဍတစ်ဦးက ဗုဒ္ဓသည် သူတစ်ပါးကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်သော ဥာဏ်ပညာ ကြွယ်ဝသည်ဟု ဆို၏။

ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ် မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ၊ ကံတရား၊ အနိစ္စဒုက္ခတရား စသည်များနှင်. လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဟောပြော၏။ သို.ရာတွင် ထိုရှေးဝါဒများ၊ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပယ် ပြောင်းလဲလာ၏။ ဗုဒ္ဓလက်ခံသော ဘဝသံသရာ သည် ရှေးဗြာဟ္မဏတို.၏ အနိစ္စ၊ ဒုက္ခ တရားထက် နက်နဲကျယ်ပြန်.၏။ ဗြာဟ္မဏ ဟူသောစကားသည် ဇာတ်အနွယ်မြင်.မားမှုကို မဆိုလိုဘဲ အကျင်.သီလ မြင်.မြတ်မှုဟူသော အဓိပ္ပါယ်ကို ဆောင်၏။ 'ဗြဟ္မာ' သည် ပါဠိပိဋကတ်၌ အနန္ဒတန်ခိုးရှင်၊ (ဝါ) ထာဝရဘုရား သို.မဟုတ် ဥပနိသျှကျမ်းလာ ပရအတ္တ (Paramatma or Atman) ကို ရည်ညွန်းသောစကား မဟုတ်တော.ဘဲ အမြင်.မြတ်ဆုံး၊ အကောင်းဆုံးဖြစ်ခြင်းကို ဟောသောစကားဖြစ်လာ၏။ ဥပမာ- ဗြဟ္မဝိဟာရ, ဗြဟ္မစရိယ, ဗြဟ္မစက္က ။

ဗုဒ္ဓသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စကားကို တိုက်ရိုက်မပယ်ဘဲ ထိုစကားကိုပင် သုံးစွဲ၍ ပရိယာယ်ဖြင်. ဟောပြောလေ.ရှိ၏။ လယ်ထွန်နေသော ဗြာဟ္မဏ တစ်ဦးက မိမိထံ ဆွမ်းခံသော ဗုဒ္ဓအား" အရှင်ရဟန်းသည် ကျွန်ုပ်ကဲ.သို. လယ်ထွန်စိုက်ပျိုးလုပ်ကိုင်စားပါသလော" ဟုဆိုရာ ဗုဒ္ဓက "ဗြာဟ္မဏ၊ ငါသည်လည်း လယ်ထွန်စိုက်ပျိုး၏။ ငါ၏သဒ္ဓါတရားသည် မျိုးစေ.ဖြစ်၏။ ဝိပဿနာပညာ၊ မဂ်ပညာသည် ထမ်းပိုးထွန်တုံးဖြစ်၏" စသည်ဖြင်. မိန်.ကြား၏ (ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ်)။ ပိဋကတ်စာပေ၌ ဤကဲ.သို.သော ဒေသနာမျိုး အမြောက်အမြားရှိ၏။ (From the known to unknown method= ပဋိလောမနည်းအရ ပြန်လည်သုံးသပ်ရှင်းပြနည်း။)

ဗုဒ္ဓသည် လူတို.အား ဟောပြောဆုံးမရာ၌ ဥပမာ အတော်များများ အသုံးပြုလေ.ရှိ၏။ ဥပမာများမှာ ထိထိမိမိရှိ၍ တရားဒေသနာကို သိမြင်နားလည်ရန် ထိရောက်သော အထောက်အကူဖြစ်၏။ မဟာဗြာဟ္မာကို တွေ.မြင်လိုသော ဝါသေဌလုလင်အား ဟောကြားရ၌ ဗုဒ္ဓက ဗြာဟ္မာဏတို.သည် ၎င်းသူတို.၏ ဆရာ.ဆရာ ခုနှစ်ဆက်တိုင်အောင်သော ဆရာ၊ လက်ဦးဆရာ၊ ဝေဒကျမ်းများကို စီရင်သော ရှေးရသေ.တို.သည် လည်းကောင်း တစ်ဦးတစ်ယောက်မျှပင် မဟာဗြာဟ္မာကို မျက်ဝါးဝါးထင်ထင် မမြင်ဘူးပါဘဲလျက် မဟာဗြဟ္မာနှင်. အပေါင်းအဖော်ဖြစ်လိုသည် ဆိုခြင်းမှာ တစ်ဦးကို တစ်ဦး ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို.တွင် ရှေ.ဆုံးလူသည် မမြင်ဈ အလယ်လူလည်းမမြင်၊ နောက်ဆုံးလူလည်းမမြင်သကဲ.သို. လည်းကောင်း၊ မည်သည်.အရပ်၌ပြသာဒ်ရှိသည်။ ထိုပြသာဒ်သည် မြင်.သည်၊နိမ်.သည်ဟု မသိဘဲ တက်ရန်လှေကားကို ပြုသည်နှင်.လည်းကောင်း၊ နိုင်ငံ၌ အလှဆုံးမိန်းမကို ချစ်ကြိုက်ပါသည်ဟု ဆိုသော ယောက်ျားနှင်. သော်လည်းကောင်း တူလှချေသည်ဟု မိန်.တော်မူ၏။ (ဒီဃနိကာယ်၊ တေဝိဇ္ဖသုတ်)

သုတ္တန်များ၌ ဗုဒ္ဓအား သမဏဗြာဟ္မဏနှင်. ပရိဗိုဇ်တို.က မေးသော စကားများကို တွေ.ရ၏။ "အို ပုဏ္ဏား၊ ငါဆိုလတ္တံ.သော စကားကို သင် အဘယ်သို.ထင်သနည်း" စသောစကားကို နေရာအတော်များများ၌ တွေ.ရခြင်းအားဖြင်. တရားနာသူများ၏ မေးမြန်းခြင်းကို ဗုဒ္ဓလိုလားကြောင်း သိအပ်၏။ မိလိန္ဒမင်းကဲ.သို. နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းတသော သူမျိုးကို ပိဋကတ်စာပေ၌ မတွေ.ရခြင်းမှာ ထိုသူတို.၏ စကားကို ဗုဒ္ဓစကားလောက် ပိဋကတ်ဆရာတို.က ဂရုမပြုခဲ.ကြသောကြောင်. ဖြစ်တန်ရာ၏။

တရားဟောရာ၌ ဗုဒ္ဓအသုံးပြုသော ထူးခြားသော နည်းစနစ်မှာ ပြဿနာတစ်ခုကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ပါတေဝိဇ္ဖသုတ်မှာကဲ.သို. မေးသူအား စေ.ငုသေချစွာ ပြန်လည်မေးမြန်းစိစစ်ခြင်းဖြင်. အမြင်မှန် ရရှိစေသောနည်းဖြစ်၏။ နောက်ကာလ၌ ထိုနည်းအားအသုံးပြုသော ဂရိပညာရှိကြီးတစ်ဦးကို အစွဲပြု၍ ဆိုကရေတိနည်း (Socratic Method) ဟု ထင်ရှားသော ဗုဒ္ဓသင်ပြဆုံးမနည်းမှာ မှတ်သားဖွယ်ကောင်း၍ ဆိုင်ရာဗုဒ္ဓဒေသနာတစ်ခုကို ဖော်ပြပါအံ.။ ထိုဒေသနာသည် ဇာတ်ဝါဒကို ချေပသော ဒေသနာဖြစ်သော်လည်း မိဘမျိုးရိုး စစ်မှန်မှုနှင်. လူမျိုးခွဲခြားမှု၌ အစွဲကြီးသော ယခုခေတ် လူတို.ဆင်ခြင်စဉ်းစားဖွယ်ဖြစ်၏။

ရှေးအခါက ဗြဟ္မဏရသေ.ခုနှစ်ဦးသည် ဗြာဟ္မဏအမျိုးသာလျှင် အမြတ်ဆုံးဖြစ်သည်။ အမျိုးစင်ကြယ်၍ ဗြဟ္မာ၏ သားများဖြစ်သည်ဟု ယုံကြည်ကြ၏။ ဘုရားအလောင်း အသိတဒေဝလ ဆရာရသေ.သည် ရသေ.တို.ကို ဆုံးမလိုသောကြောင်. "ဗြာဟ္မဏ တို.၏ မိခင်တို.သည် အခြားသူများနှင်. မပေါင်းဖော်ဘဲ ဗြာဟ္မဏယောက်ျားများနှင်.သာ ပေါင်းဖော်သည်ဟု သင်တို.သိကြပါ၏လော" ဟု မေး၏။ ရသေ.တို.က " ကျွန်ုပ်တို. မသိပါ" ဟု ပြန်ဖြေကြ၏။

(မေး) ဗြာဟ္မဏ တို.၏ အထက်ဆွေခုနှစ်ဆက်မှ မိန်းမများသည် ဗြာဟ္မဏအမျိုးသားမှတစ်ပါး အခြားအမျိုးသားများနှင်. မပေါင်းဖော်ဟူ၍ သင်တို.သိကြပါသလော။

(ဖြေ) ကျွန်ုပ်တို. မသိကြပါ။

(မေး) ဗြာဟ္မဏ တို.၏ ဖခင်တို.သည်လည်းကောင်း၊ အထက်ခုနှစ်ဆက် ယောက်ျားများသည် လည်းကောင်း၊ ဗြာဟ္မဏမိန်းမများမှတစ်ပါး အခြားမိန်းမများနှင်.

မပေါင်းဖော်ဟု သိကြပါသလော။

(ဖြေ) မသိကြပါ။

(မေး) သတ္တဝါ တစ်ဦး မည်သို. ပဋိသန္ဓေတည်သည်ကို သင်တို. သိကြပါသလော။

(ဖြေ) အမိနှင်.အဖ ပေါင်းဖော်ခြင်း၊ အမိ၏ ရာသီဥတုလာခြင်း၊ ဂန္ဓဗ္ဗအသင်.ရှိနေခြင်းဟူသော အကြောင်းသုံးခု တိုက်ဆိုင်သောအခါ သတ္တဝါတစ်ဦး ပဋိသန္ဓေ

တည်ပါသည်။

(မေး) သို.ရာတွင် ဂန္ဓဗသည် အမျိုးလေးပါးတွင် မည်သည်.အမျိုးဖြစ်မည်ဟု သင်တို.သိကြပါသလော။

(ဖြေ) ကျွနု်ပ်တို. မသိပါ။ (မဇ္ဈိမနိကာယ်၊ အဿလာယသနသုတ်)

တရားဟောပြောရာ၌ ဗုဒ္ဓ လက်ကိုင်ထားသော ဝါဒမှာ ဝိဘဇ္ဇဝါဒဖြစ်၏။ ဝိဘဇ္ဇဝါဒသည် ခွဲခြားစိစစ်ခြင်းအနက်ကို ဟော၏။ သုဘလုလင်သည် ရဟန်းဘဝနှင်. အိမ်ရာထောင်သော သူ၏ဘဝတွင် မည်သူ၏ ဘဝကို ပို၍ မြတ်ပါသနည်းဟု မေးလျှောက်ရာ ဗုဒ္ဓက " အိုလုလင်၊ ငါသည် အရာရာ၌ ဝေဖန်ခွဲခြား၍ ဆိုလေ.ရှိ၏။ တစ်ခုခုကို သာ မုချဟူ၍ ဆိုလေ.မရှိ" စသည်ဖြင်.မိန်.ကြား၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အမြဲမှန်ကန်သည် ဟူ၍ လှေနံဓားထစ် စွဲမြဲယုံကြည် ရမည်.စကား မည်သည်မရှိ။ " ရဟန်းတို.၊ ဤအယူသည်သာမှန်၏။ အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင်." ဟူသောစကားမှာ ပိဋကတ်စာပေ၌ အကြိမ်ကြိမ်တွေ.ရသော ဗုဒ္ဓဩဝါဒဖြစ်၏။

သို.ဖြစ်၍ အချို.သော ဗုဒ္ဓဒေသနာများ တစ်ခုနှင်.တစ်ခု ဆန်.ကျင်သယောင်ဖြစ်နေခြင်းမှာ အံ.ဩစရာမရှိချေ။ အချို.ဒေသနာများ၌ အဖော်မရှာဘဲ တစ်ကိုယ်တည်း နေခြင်းကို ချီးမွမ်း၍ အခြားဒေသနာများ၌မူ မိတ်ဆွေကောင်းရှိရန် လိုအပ်မှုကို လေးထားဟော၏။

(တော်တော် စဉ်းစားစရာကောင်းတဲ. အချက်ပဲ။ အချို.ဘာသာခြားပညာရှင်များက ဗုဒ္ဓရဲ. စကားတွေဟာ ပိဋကတ်ထဲမှာဘဲ ရှေ.သွားနောက်လိုက်မညီဘူး လို.ဆိုကြပါတယ်။

အခု လို ကြတော.လည်း ဗုဒ္ဓကို ပိုလို.တောင်ကြည်ညိုလာစေပါတယ်။ Blog Post တင်သူ)

ရဟန်းတို.အား ဆိတ်ဆိတ်နေရန် ဗုဒ္ဓက မကြာခဏ မိန်.ကြားလေ.ရှိသော်လည်း ဝါတွင်းသုံးလ၌ အပြစ်မကျူးလွန်မိရန် အချင်းချင်း စကားမပြောဘဲနေသော ရဟန်းတို.မှာ ဗုဒ္ဓ၏ ကဲ.ရဲ.ပြစ်တင်ခြင်းကို ခံရကြောင်း ဝိနည်းပိဋကတ်၌ ပြဆိုထား၏။ (ဤအကြောင်းကို အကျင်.သီလ ဆိုင်ရာ အခန်း၌ အကျယ်ဖော်ပြပါအံ.။)

ဗုဒ္ဓ၏ ဆုံးမနည်းနှင်. စပ်လျဉ်း၍ အဘယမင်းသားအား မိန်.ကြားချက်သည် မှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက မိမိသည် မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်လိုသော စကားကို ရှောင်ကြင်၏။ လူများက နှစ်သက်သော်လည်း မမှန်၊ အကျိုးမရှိသော စကားကို မပြော၊ မှန်၍ လူအများနှစ်သက်သော်လည်း အကျိုးမရှိသောစကားကို ရှောင်ကြဉ်၏။ သူတစ်ပါးမနှစ်လိုသော်လည်း မှန်၍ အကျိုးရှိသော စကားမျိုးနှင်. သူတစ်ပါးလည်း နှစ်လို ၊ မှန်လည်း မှန်၍ အကျိုးလည်းရှိသော စကားမျိုးကို အချိန်အခါကို ကြည်.၍ ဟောပြောသည်ဟု မိန်.တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ အဘယရာဇကုမာရသုတ်)

ကြားနာသူအဖို. အကျိုးရှိမည်. တရားစကားဟူသည် လောကီကြီးပွားချမ်းသာ သို.မဟုတ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိမှုကို အကျိုးပြုသော စကားများဖြစ်ကြောင်း ထင်ရှား၏။အခါတစ်ပါး၌ ဗုဒ္ဓသည် သစ်ရွက်များကို လက်ဝါးပေါ်၌ တင်ပြ၍ ရဟန်းတို.အား မိမိလက်ထဲရှိသစ်ရွက်များနှင်. နှိုင်းစာသော် တောထဲရှိ သစ်ရွက်များမှာ အလွန်များပြားသကဲ.သို. မိမိသိသော်လည်း မဟောဘဲထားသော တရားများမှာ အလွန်များပြားကြောင်း၊ သစ္စာလေးပါးမှ တစ်ပါး အခြားတရားများမှာ သံသရာမှ လွတ်မြောက်ကြောင်း တရားများမဟုတ်သဖြင်. မဟောဘဲထားခဲ.ကြောင်းမိန်.ကြား၏။ (မဟာဝဂ္ဂသံယုတ် ၊ သိံသပါသုတ်)။

ပရိဗိုဇ် တို.မေးလျှောက်သော မဂ်ဖိုလ်နိဗ္ဗာန်နှင်. လုံးဝမသက်ဆိုင်သော မေးခွန်းများကို ဖြေတော်မမူချေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု အတွက် သိသင်.သိထိုက်သော တရားများကို မူ ဆရာစားမထားဘဲ၊ (ဝါ) ဘာမျှ ခြွင်းချန်မထားဘဲ ဟောကြားခဲ.ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ မိန်.ကြား၏။ " ရဟန်းတို.၊ လောက၌ မိန်းမတို.သည်လည်းကောင်း၊ ပုဏ္ဏားတို.၏ အတတ်ပညာသည် လည်းကောင်း လျှို.ဝှက်သော သဘောရှိကြ၏။ လပြည်.ဝန်း၊ နေဝန်းနှင်. ငါဘုရား၏ တရားမှာကား လျှို.ဝှက်ခြင်းမရှိဘဲ ပွင်.လင်းသော သဘောရှိ၏။" (အင်္ဂတ္တရ- တိကနိပါတ၊ပဋိစ္ဆန္နသုတ်)

သူတစ်ပါးမနှစ်လိုသော စကားမျိုးကို ဗုဒ္ဓအထူးရှောင်ကြဉ်လေ. ရှိခြင်းသည် ဗုဒ္ဓဒေသနာများ၌ ထင်ရှား၏။ မိမိ၏ သဗ္ဗညုတဥာဏ်မှာ လူအများထင်သကဲ.သို. ဘာမဆို ထာဝရသိနေသော ဥာဉ်မျိုးမဟုတ်ကြောင်း အတိအလင်း ဖွင်.ဟမိန်.ကြားခဲ.သော်လည်း (ဆိုင်ရာသုတ္တန်ကို 'ဗုဒ္ဓကိုးကွယ်မှု' အခန်း၌ ဖော်ပြပါအံ.) ဗုဒ္ဓသည် ထိုဥာဏ်မျိုးရှိသည် ဆိုသော အခြားဘာသာရေးခေါင်းဆောင်များကို မည်သို.မျှ ဖြေတော်မမူချေ။ (အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်- လောကာယတိက ဗြာဟ္မဏသုတ်)။

အခြားလူတစ်ဦးက မက္ခလိဂေါသာလ နှင်. နာဋပုတ္တ တို.သည် သူတို.ကြေညာသည်.အတိုင်း တရားအားလုံးကို သိကြပါသလော ဟု မေးသောအခါ၌လည်း ဗုဒ္ဓက "သင်၏ မေးခွန်းသည် မသင်.လျော်ချေ။ သင်၏ အမေးစကားကို ထားဘိလော" ဟုဆို၍ မိမိ၏တရားကို ဟောကြား၏။(မဇ္ဈိမနိကာယ်၊ စူဠသာရောပမသုတ်)

ဗုဒ္ဓသည် မိမိနှင်.စင်ပြိုင် အခြားဘာသာရေးခေါင်းဆောင်များကို အမြဲထောက်ထားစာနာ၍ မိမိကြောင်. ထိုသူများ ထိခိုက်နစ်နာမည်ကို မလိုလားချေ။ ဂျိန်းဝါဒကို စွန်.၍ မိမိ၏တပည်. အဖြစ်သို.ခံယူသော ဥပါလိသူကြွယ်နှင်. သီဟစစ်သူကြီးတို.အား ဂျိန်းရဟန်း တို.ကို ဆက်လက်လှူဒါန်းရန် သတိပေး၏။ (မဇ္ဈိမနိကာယ်- ဥပါလိသုတ်နှင်. ဝိနည်း- မဟာဝဂ္ဂခန္ဓက)။ ပရိဗိုဇ် တစ်ဦးအား ဟောကြားရာ၌ "ငါသည် သင်တို.ကို ငါ၏တပည်. ဖြစ်စေလို၍ သို.မဟုတ် သင်တို.၏ ဆရာနှင်. ကျင်.စဉ်ကို ပစ်ပယ်စေလို၍ ဟောပြောသည်ဟု မထင်မှတ်လင်.။ သင်တို.၏ ဆရာသာလျှင် သင်တို.၏ ဆရာဖြစ်ပါစေ။ သင်တို.၏ ကျင်.စဉ်သာလျှင် သင်တို.၏ ကျင်.စဉ်ဖြစ်ပါစေ" ဟု မိန်.ကြား၏။

(ဒီဃနိကာယ်၊ ဥဒုမ္ဗရိကသုတ်)

တရားဟောပြောရာ၌ ဗုဒ္ဓသည် ကြားနာသူ၏ ဥာဏ်ပညာ အနုအရင်.ကို ကြည်.၍ ဟောပြောလေ.ရှိ၏။ ရွာသူကြီးတစ်ဦးက ဗုဒ္ဓသည် လူတို.အား အတန်းအစား မခွဲခြားဘဲ တရားဟောပြောပါသလော ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ရဟန်းသံဃာမှာ မြေဩဇာ ကောင်းသော ပထမတန်းစား လယ်မြေနှင်.တူကြောင်း၊ ဥပါသကာ, ဥပါသကာမ တို.မှာ ဒုတိယတန်းစားလယ်မြေနှင်.တူ၍ ဗုဒ္ဓဝါဒီ မဟုတ်သူများမှာ တတိယတန်းစား လယ်မြေနှင်.တူကြောင်း၊ လယ်သမားသည် ပထမတန်းစား လယ်မြေကို ရှေးဦးစွာ ထွန်ယက်သည်။ ထို.နောက်မှ ဒုတိယတန်းစားလယ်မြေကို ထွန်ယက်ပြီးလျှင် တတိယတန်းစားလယ်မြေကို နောက်ဆုံးမှ ထွန်ယက်သကဲ.သို. ပုဂ္ဂိုလ်အမျိုးမျိးကို ခွဲခြား၍ ဟောပြောဆုံးမရကြောင်း မိန်.ကြား၏။ (သံယုတ္တနိကာယ်၊ ဂါမဏိသံယုတ်- ဒုတိယအသိဗန္ဓက ပုတ္တဂါမဏိသုတ်)

မြင်းဆရာတစ်ဦးက မိမိသည် မြင်းများကို ယဉ်ပါးအောင်ပြုလုပ်ရာ၌ အချို.မြင်းများကို အနုနည်းဖြင်.၊ အချိ.မြင်းများကို အကြမ်းနည်းဖြင်. ယဉ်ပါးစေရပါသည်။ အနုနည်း အကြမ်းနည်းများဖြင်. ယဉ်ပါးအောင်လုပ်၍မရသော မြင်းများကိုကား ဖျက်ဆီးပစ်ရပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက မိမိသည်လည်း လူများကို ယဉ်ကျေးအောင် ဆုံးမရာ၌ ထိုနည်းသုံးမျိုးကို သုံးသည်။ သုစရိုက်မှုများ၏ အကျိုးကို ညွန်ပြခြင်းသည် အနုနည်း ဆုံးမခြင်းဖြစ်သည်။ ဒုစရိုက်မှုများ၏ အပြစ်ကို ညွှန်ပြခြင်းသည် အကြမ်းနည်း ဆုံးမခြင်းဖြစ်သည်။ ထိုနည်းနှစ်နည်းဖြင်. ဆုံးမ၍မရသောသူကို လျစ်လျူရှုရသည်။ ထိုသို. လျစ်လျူရှုခြင်းသည် ထိုသူအား အကျိုးစီးပွား ဆုတ်ယုတ်စေသောကြောင်. သူ.အား ဖျက်ဆီးခြင်းဖြစ်သည်ဟု မိန်.ကြား၏။ (အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်- ကေသိအဿဒမ၁မသာရထိသုတ်)

ဗုဒ္ဓသည် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို.ကို ဦးစားပေး၍ ဟောပြော၏။ ဤအချက်နှင်.ဆိုင်သော သုတ္တန်ဒေသနာမှာ ရှင်းလင်းပြတ်သား၍ အလွန်မှတ်သားဖွယ်ကောင်းသောကြောင်. ပြည်.ပြည်.စုံစုံ ဖော်ပြပါအံ.။

"ရဟန်းတို.၊ လောက၌ သူနာသုံးမျိုးထင်ရှားရှိ၏။ ပထမသူနာသည် သင်.လျော်သော အစားအစာ၊ ဆေးနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ အထမမြောက်၊ ဒုတိယသူနာသည် သင်.လျော်သောဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ ထမြောက်၏။ တတိယသူနာသည်ကား သင်.လျော်သော ဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိမှသာလျှင် ရောဂါဝေဒနာမှ ထမြောက်၏။ ယင်းတို.ကို မရရှိပါက ရောဂါမှ မထမြောက်နိုင်ချေ။

ရဟန်းတို.၊ ထိုသူနာသုံးမျိုးတွင် နောက်ဆုံး တတိယသူနာအား လျှောက်ပတ်သော ဆေး၊ ဆွမ်း နှင်. သူနာပြုတို.ကို ငါခွင်.ပြု၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို.ကိုလည်း လုပ်ကျွေးပြုစုအပ်၏။

ရဟန်းတို.၊ ထိုနည်းအတူ လောက၌ သူနာနှင်.တူသော ပုဂ္ဂိုလ်သုံးမျိုးရှိ၏။ ပထမပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်ရသည်ဖြစ်စေ၊ မဖူးမြော်ရသည်ဖြစ်စေ တရားတော် ကို ကြားနာရသည် ဖြစ်စေ၊ မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။ ဒုတိယပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရသည်ဖြစ်စေ၊ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားတော်ကို မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ တတိယပုဂ္ဂိုလ်သည်ကား ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကြားနာရမှသာလျှင် အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားကို မကြားနာရပါက အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။

"ရဟန်းတို.၊ ထိုပုဂ္ဂိုလ်သုံးမျိုးတွင် နောက်ဆုံး တတိယပုဂ္ဂိုလ်အား တရားဟောခြင်းကို ငါခွင်.ပြု၏။ ထိုပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို.အားလည်း တရားဟောကြားအပ်၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ဂိလာနသုတ်)

ဤဒေသနာ၌ ဗုဒ္ဓဝါဒသည် အမှန်တရားကို လက်ဝါးကြီးအုပ်ထားသော ပုဂ္ဂိုလ်ကျမ်းစာ ကိုးကွယ်မှုဝါဒ မဟုတ်ကြောင်းထင်ရှား၏။ ဗုဒ္ဓသည် ကျွတ်ထိုက်သော သူတို.ကို ဦးစားပေး၍ ဟောပြောသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင်. ဝေးသောသူတို.ကို လျစ်လျူမပြုချေ။ သူတို.စရိုက်ကို ကြည်.၍ သင်.လျော်သောတရားကို ဟောလေ.ရှိ၏။ သူတို.၏ မူလရှိရင်းစွဲ ယုံကြည်ချက်ကို ဝေဖန်ပြစ်တင်ခြင်း မပြုဘဲ အမှန်တရားကို သိမ်မွေ.စွာ ထောက်ပြလေ.ရှိ၏။ ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင်. မကောင်းမှုအညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ "ဤအယူမှာ သင်တို.၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာအညစ်အကြေး စွန်.ပစ်ရာ ရေအိုင်ဖြစ်သည်" စသည်ဖြင်. ဟောကြား၏။( သံယုတ္တနိကာယ်၊ ဗြာဟ္မဏသံယုတ်၊ သင်္ဂါရဝဗြာဟ္မဏသုတ်)

ထိုသို. အခြားအယူဝါဒများအပေါ်၌ ဗုဒ္ဓ၏ သဘောထားကြီးမှုသည် ဗုဒ္ဓဒေသနာများကို လေ.လာရာ၌ ကျွန်ုပ်တို. သတိပြုရမည်. အချက်ဖြစ်၏။ အဘယ်ကြောင်.ဆိုသော် ဗုဒ္ဓက မည်သို.မျှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမှုကြောင်. ပိဋကတ်ထဲသို. မသိမသာ ဝင်ရောက်၍ ဘုရားဟော တရားယောင်ယောင် ဖြစ်နေသော အယူဝါဒများ ရှိရပေမည်။ ဥပမာ " မိဘတို.က သားသမီး အလိုရှိကြခြင်း၏ အကြောင်းတစ်ပါးမှာ ဘဝတစ်ပါးသို. ပြောင်းသွားကုန်သော ငါတို.အား အလှူ၏ အဖို.ကို ပေးဝေလတ္တံ. ဟူုသော ယုံကြည်ချက်ဖြစ်၏" ဟူသောစကား (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်- ပဉ္စဌာနသုတ်) ဖြင်. ထိုယုံကြည်ချက်သည် ဗုဒ္ဓမပေါ်မီက ရှိနှင်.ပြီးဖြစ်၍ နောက်မှ ဗုဒ္ဓစာပေထဲသို. ဝင်ရောက်လာသော စကားဖြစ်ကြောင်း ထင်ရှား၏။

(ဒီအကြောင်းအရာကတော. ရှင်းရှင်းလေးပါ။ ဗုဒ္ဓဟောတဲ. အနတ္တတရား၊ ကမ္မဝါဒ တွေနဲ. ဝိရောဓိ ဖြစ်နေလို.ပါ။ နောက်ပိုင်းမှာ အဲဒီ အခန်းတွေ ဖတ်ပြီး ရင် ဒီအကြောင်း အရာက ရှင်းသွားပါလိမ်.မယ်။Blog Post တင်သူ)

ကျွတ်ထိုက်သော (ဝါ) အသိဥာဏ်ရှိသော ပုဂ္ဂိုလ်တို.ကို ဟောပြောဆုံးမရာ၌မူ ဗုဒ္ဓသည် ရှေးအစဉ်အလာ ယုံကြည်ချက်များနှင်. ပတ်သက်၍ ပွင်.လင်းပြတ်သား၏။ ဇာတ်ဝါဒကို ပြင်းပြင်းထန်ထန် မရှုတ်ချသော်လည်း ရဟန်းဘောင်၌ ထိုဝါဒကို လုံးဝလက်မခံချေ။ ရဟန်းတို. သည် အင်္ဂဝိဇ္ဇာ၊ ယတြာ၊ ဗေဒင်၊ ဓာတ်ရိုက်ခြင်းစသော လောကီအတတ်ပညာများကို လေ.လာသင်ကြား ပို.ချခြင်း မပြုကြရချေ (သုတ္တနိပါတ်တုဝဋကသုတ်နှင်. ဝိနည်းစူဠခန္ဓက)။ " နက္ခတ်ကို ငံ.လင်.သော သူမိုက်အား အကျိုးသည်ယုတ်၏။ ကောင်းကင် ကြယ်နက္ခတို.သည် အဘယ်အကျိုးပြုလတ္တံ.နည်း" (ဧကနိပါတ် နက္ခတ္တဇာတ်)။ မင်္ဂလာရှိသော အမည်ကို အလိုရှိသည်. ရဟန်းတစ်ပါးအား အမည်နာမမည်သည် ပညတ်မျှသာဖြစ်၍ အမည်ဖြင်.ကိစ္စပြီးသည် မဟုတ်။ အလုပ်လုပ်မှသာ ကိစ္စပြီးကြောင်း ဟောကြား၏။ (ဧကနိပါတ် နာမသိဒ္ဓိဇာတ်)

အခါတစ်ပါး၌ ဗုဒ္ဓသည် ရဟန်းအပါင်း ခြံရံလျက် တရားဟောနေစဉ် ရုတ်တရက် ချေဆတ်တော်မူ၏။ ထိုအခါရဟန်းတို.က "ဇီဝတု၊ အရှင်ဘုရားသည် အသက်ရှည်စွာ နေရပါစေသတည်း" ဟုဆိုကြ၏။ ဗုဒ္ဓက "ရဟန်းတို. ၊ ချေဆတ်သော သူကို ဇီဝတုဟု ဆိုကာမျှဖြင်. အသက်ရှည်မည်မဟုတ်ကြောင်း ရဟန်းတို.က လျှောက်သော် ဗုဒ္ဓက " သို.ဖြစ်လျှင် လူတစ်ဦးတစ်ယောက်ချေဆတ်သောအခါ ဇီဝတုဟုဆိုသော ရဟန်းအား ဒုက္ကဋ် အာပတ်သင်.စေ" ဟု ပညတ်တော်မူ၏။ (ဝိနည်းပိဋကတ်၊ စူဠခန္ဒက)

ဗုဒ္ဓ၏ အထိရောင်ဆုံး သင်ပြဆုံးမနည်းမှာ ကိုယ်တော်တိုင် နမူနာစံပြမှုဖြစ်၏။ ငါဘုရားကို မြင်သောသူသည် တရားကို မြင်သည် ဆိုသောစကားမှာ မှန်လှ၏။ ဗုဒ္ဒ၏ ကြင်နာသိမ်မွေ.သော အပြောအဆို၊ အပြုအမူနှင်. စိတ်နေသဘောထားသည် များစွာစော လူတို.ကို ဆွဲဆောင်နိုင်ကြောင်း ယုံမှားစရာမရှိချေ။ မူလပထမက ရန်လိုသော သူတို.သည်ပင် နောက်ဆုံး၌ ဗုဒ္ဓကို ကြည်ညိုလေးစားလာကြ၏။

မိမိကို ဆဲရေးသော ဗြာဟ္မဏတစ်ဦးအား ဗုဒ္ဓက သည်းခံ၍ ဟောပြောဆုံးမသော စကားသည် အထူးမှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက " ဗြာဟ္မဏ၊ သင်သည် သင်၏ထံသို.လာသော ဆွေမျိုးသားချင်းတို.အား ခဲဖွယ်ဘောဇဉ် ပေးကမ်းသည် မဟုတ်ပါလော။ ထိုသူတို.သည် သင်ပေးကမ်းသည်ကို မခံယူပါက ထိုစားဖွယ်ခဲဖွယ်များသည် သင်.အဖို.သာလျှင်ဖြစ်သည် မဟုတ်ပါလော။ ထို.အတူ သင်၏ ဆဲရေးခြင်းကို ငါတို.ကတုံ.ပြန်ခြင်းဖြင်. မခံယူကုန်။ ထိုသို.မခံယူသဖြင်. သင်၏ဆဲရေးခြင်းသည် သင်.အဖို.သာလျှင်ဖြစ်သည်" စသည်ဖြင်.မိန်.ကြား၏။ ထိုဗြာဟ္မဏသည် ရဟန်းပြု၍ နောက်ဆုံး၌ ရဟန္တာဖြစ်သွား၏။ (သံယုတ္တနိကာယ်၊ ဗြဟ္မဏသံယုတ်- အက္ကောသ ဘာရဒွါဇသုတ်)

တခါသော် ဗုဒ္ဓသည် သစ္စကပရိဗိုဇ်အား တရားဟော၏။ တရားဟောနေစဉ် သစ္စကပရိဗိုဇ်သည် တစ်ခါတစ်ရံ ကြားဖြတ်၍ " အရှင်ဂေါတမသည် နေ.အခါ၌ အိပ်စက်သည် မဟုတ်ပါလော။ ထိုသို.အိပ်စက်ခြင်းကို မောဟဖုံးလွှမ်း၍ တွေဝေနေခြင်းဟု အချိုသော သာမဏဗြာဟ္မဏတို.က ဆိုကုန်သည်" စသည်ဖြင်. ပြက်ရယ်ပြု၏။ ထိုသို. မထီမဲ.မြင် ပြက်ရယ်ပြုခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် စိုးစိမျှမတုန်လှုပ်ဘဲ ဆက်လက်၍ တရားဟော၏။ တရားပြီးဆုံးသွားသောအခါ၌လည်း သစ္စကသည် ဗုဒ္ဓတရားကို ကြိုက်နှစ်သက်ဟန်မရှိ။ ဗုဒ္ဓ၏ တပည်.အဖြစ်ကို မခံယူ။ သို.ရာတွင် ဗုဒ္ဓ၏ သည်းခံနိုင်မှုကို များစွာအံ.ဩရကား " အို…အရှင်ဂေါတမ၊ အံ.ဩဖွယ်ကောင်းလှပါပေ၏။ ကျွန်ုပ်သည် ပုရာဏကဿပ၊ အဇိတကေသကမ္ဗလ စသော ဆရာတို.နှင်. စကားပြောဆိုဖူးပါ၏။ သူတို.သည် ကျွန်ုပ်၏စကားကို မနှစ်သက်ပါက ဒေါသထွက်သော အမူအရာ၊ နှလုံးမသာသော လက္ခဏာကို ထင်စွာပြကြပါ၏။ အရှင်ဂေါတမမူကား ကျွန်ုပ်က ထိပါးပုတ်ခတ်၍ ပြောပါသော်လည်း အရေအဆင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပ၏။ မျက်နှာအဆင်းသည် ကြည်လင်၏။ ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရား၏ ကြည်လင်ခြင်းကဲ.သို. ပါတည်း" စသည်ဖြင်. ချီးကျူပြောဆိုလေသည်။ (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်)

မထေရ်တစ်ပါးသည် မိမိကြုံတွေ.ခဲ.ရသော ဗုဒ္ဓ၏ ကြင်နာမှုကို မမေ.နိုင်ချေ။ ထိုမထေရ်သည် ရဟန်းမပြုမီက အိမ်မှနှင်ထုတ်ခံရသဖြင်. ဗုဒ္ဓသီတင်းသုံးသော ကျောင်း၏ ဥယျာဉ်တံခါးဝ၌ နေရ၏။ ဗုဒ္ဓသည် သူ.ကို ကြင်နာစွာ ပွတ်သပ်၍ လက်ကို ကိုင်ပြီးလျှင် ကျောင်းဥယျာဉ်ထဲသို. ခေါ်သွား၏။ ထို.နောက် ခြေဆေး၍သုတ်ရန် ပုဆိုးကြမ်းတစ်ထည်ပေးတော်မူ၏။ (ထေရဂါထာ၊ ပန္တက မထေရ် ဝတ္ထု)

ဗုဒ္ဓသည် ရဟန်းသံဃာတို.၏ ချမ်းသာမှုကို လိုလား၏။ ဝါကျွတ်သောအခါ မိမိအားဖူးမြော်ရန် ရပ်ဝေးမှလာကုန်သော ရဟန်းတို.အား ကျန်းမာချမ်းသာစွာ နေခဲ.ကြပါ၏လော။ အခက်အခဲမရှိဘဲ ဆွမ်းရကြပါ၏လော စသည်ဖြင်. မေးမြန်းလေ.ရှိ၏။ တစ်ခါတစ်ရံ ကျောင်းစဉ်လှည်.လည်၍ ရဟန်းတို.၏ နေရေးထိုင်ရေး အခြေအနေကို ကြည်.ရှုတော်မူလေ.ရှိ၏။

တစ်ခါသော် ရဟန်းတစ်ပါးသည် ဝမ်းသက်ရောဂါဖြစ်၍ မိမိကျင်ကြီးကျင်ငယ်၌ လူးလိမ်.လျက် အိပ်ရ၏။ ဗုဒ္ဓသည် အရှင်အာနန္ဒာနှင်.အတူ ကျောင်းစဉ်လှည်.လည်ရင်း ထိုသူနာရဟန်းကိုမြင်၍ မေးမြန်းစုံစမ်းပြီးလျှင် အရှင်အာနန္ဒာအား " အာနန္ဒာ၊ သွားချေ။ ရေယူဆောင်ခဲ.လော။ ဤရဟန်းကို ရေချိုးကုန်အဲ." ဟု မိန်.တော်မူ၏။ ထို.နောက် အရှင်အာနန္ဒာနှင်.အတူ ရဟန်း၏ကိုယ်ပေါ်သို. ရေသွန်းလောင်း၍ ဆေးကြောပေး၏။ ဆေးကြောပြီးသော် ဗုဒ္ဓနှင်. အရှင်အာနန္ဒာတို.သည် သူနာရဟန်းကို ချီမ၍ ညောင်စောင်းပေါ်၌ တင်ထားကြ၏။ ထို.နောက် ဗုဒ္ဓသည် ရဟန်းတို.ကို စည်းဝေးစေပြီးလျှင် "ရဟန်းတို.၊ သင်တို.အား လုပ်ကျွေးမည်. အမိအဖတို. မရှိကြကုန်။ သင်တို.သည် အချင်းချင်း မလုပ်ကျွေးလျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ.နည်း။ ငါဘုရားအား လုပ်ကျွေးသောရဟန်းသည် နာဖျားသောရဟန်းအားလည်း လုပ်ကျွေးရာ၏" စသည်ဖြင်. ဟောတော်မူ၏။ (ဝိနည်းပိဋကတ်၊ မဟာခန္ဓကသုတ်)

ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၌ ဗုဒ္ဓ၏ မေတ္တာကရုဏာကြီးမားပုံကိုပြသော အခြားဖြစ်ရပ်များ ရှိခဲ.တန်ရာ၏။ ယင်းတို.ကို ပိဋကတ်စာပေ၌ များများစားစားမတွေ.ရခြင်းမှာ ပိဋကတ်ဆရာများက ဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို ဒေသနာများလောက် ဂရုမပြုခဲ.ကြသောကြောင်.ဖြစ်ရပေမည်။ အထက်ပါဖြစ်ရပ်သည် ပင် မိမိနှင်. သီတင်းသုံးဖော် သူနာရဟန်းကို လုပ်ကျွေးပြုစုရန် ပျက်ကွက်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင်.စေဟု အဘယ်ကြောင်. ဗုဒ္ဓက ပညတ်ခဲ.ကြောင်း ဖော်ပြရန် ဝိနည်းပိဋကတ်၌ ထည်.သွင်းထာခဲ.ကြဟန်တူ၏။ အကယ်၍ ထိုပညတ်ချက် မရှိခဲ.ပါမူ ဗုဒ္ဓက သူနာရဟန်းတစ်ပါးအား ကိုယ်တိုင်ကြင်နာစွာ ပြုစုတော်မူသော သာဓကကို ပိဋကတ်၌ ကျွန်ုပ်တို. တွေ.ရမည်မဟုတ်ချေ။



Read more...

သင် ရည်မှန်းတိုင်း ဖြစ်လိုသော် ...

ဝဏိဇ္ဇသုတ်- (ကုန်သွယ်ခြင်း)

အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍...
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက်...

၁...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်ပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊
အထောက်အပံ့ကား အဘယ်ပါနည်း။

၁...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို မပေးလှူ။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အား ထုတ်၏၊ ထိုသူ၏ ထို အားထုတ်အပ်တိုင်းသော ကုန်သွယ်မှုသည် ပျက်စီးခြင်းသို့ ရောက်၏။

၂...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ် မှုသည် ကုန်သွယ်မှုချင်း တူမျှသည် ဖြစ်ပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ရခြင်း ၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

၂...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ''ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်အတိုင်း မပေးလှူ။ ထိုသူသည် ထိုဘဝမှစုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း မဖြစ်။ သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆို တော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်း သည့်အတိုင်း ပေးလှူ၏။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာ ခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း ဖြစ်၏။

၃...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်းတူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်း ကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

၃...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်ထက် ပို၍ ပေးလှူ၏။ ထိုသူသည် ထိုဘဝမှစုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင်အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ကုန်သွယ်မှုသည် ရည်မှန်းသည်ထက် ပို၍ အကျိုးရှိ၏။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ် သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။

၎...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည်ထက် လွန်ကဲသော အကျိုးရှိ ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း'' ဟု လျှောက်၏။

၎...
သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်းတူမျှပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ခြင်း၏ အကြောင်း ကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ် မှုချင်း တူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်းကား ဤသည် ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ် အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါ လျက် ရည်မှန်းသည်ထက် လွန်ကဲအကျိုး ရှိခြင်း၏ အကြောင်းကား ဤသည်ပင် တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း ဟု (မိန့်တော်မူ၏)။79

၉ - ဝဏိဇ္ဇသုတ်၊ အပဏ္ဏက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ကောင်းကင်ခရီးဖြင့် ကြွသော ရဟန်းတော်

Read more...

မိဘနို့ဖိုး အကုန် ကျေပါတယ်လေ…

မိဘကျေးဇူး ကြီးမားပုံကိုတော့ လူတွေ တော်တော်များများ သိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ဒီပို့စ်လေးကို ဘာလို့ရေးရလဲဆိုတော့ တချို့ လူအများစု.. လူကြီးရော လူငယ်ပါ အလွဲသိနေတဲ့ အတွေးလေး ရှင်းသွားစေချင်ပြီး မိဘကျေးဇူး အကျေဆပ်တပ်ဖို့ အတွက်ပါ။ ဘယ်လိုတွေ လွဲနေတယ်ဆိုတော့.. လူအများစု သိထားတာက မြတ်စွာဘုရားရှင်တောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အချက်ပါ။ တော်တော်လေးကို လွဲနေတဲ့ အလွဲပါ။ တစ်ချို့က ပြောကြသေးတယ်.. အဲ့ဒါကို ဘုရားဟောဆိုပြီးတော့..။ တကယ်က မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အဌာကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ပါဘူး။ ဘုရားရှင်ဟောကြားတဲ့ ပိဋိကတ်တော်ထဲမှာ မပါတဲ့အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းကို အပြစ်ကြီးပါတယ်။ ဒီအကြောင်းအရာတွေဖြစ်လာရတဲ့ အဓိကတရားခံတွေကတော့ ဇတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲဖြစ်တယ်လို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော် မူခဲ့ပါတယ်။ အမှားတွေ များများလာတဲ့အခါမှာ အမှားကိုအမှန်ထင်သွားကြစမြဲမို့.. ဒီစကားကိုလည်း အမှန်လို့ပဲ ယူဆသွားကြတာ ဖြစ်ပါလိမ့်မယ်။

ဆရာတော်ရှင်ဆန္ဓာဓိက ဆရာတော်ဘုရားက ဘယ်လိုဆုံးမသြ၀ါဒ ပေးထားသလဲဆိုတော့…။ သားသမီးတွေ အပေါ်မှာ မိဘကျေးဇူး ကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့် မိဘမေတ္တာကို အမွှန်းတင်လွန်းချင်တဲ့ အနေနဲ့ ဘုရားရှင်တောင် မိဘကျေးဇူး ကျေအောင်မဆပ်နိုင်ဘူးလို့ ပြောလိုက်တာဟာ ဘုရားကိုစော်ကားရာ ရောက်ပါတယ်။ နောက်ပြီး.. ဘုရားကိုစော်ကားရာ ရောက်သလို တရားကိုလည်း စော်ကားရာရောက်ပါတယ် တဲ့။ ဒါ ဆရာတော်ရဲ့ ဆုံးမသြ၀ါဒ စကားလေးပါ။ ဟုတ်ပါတယ်.. တကယ်တော့ မြတ်စွာဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓစာပေ စစ်စစ် ပိဋိကတ်တော်မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။

ပါဠိတော် မူရင်းကတော့- ထေရီအပဒါန ပါဠိတော်၊ စာမျက်နှာ (၂၀၉)။ ဂါထာ (၁၃၃)မှာ ဖော်ပြထားပါတယ်။ ပါဠိအနက်- မဟာမုနေ - မြတ်စွာဘုရား၊ တွံ - ရှင်တော်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - တပည့်တော်၏ အပေါ်၌၊ အနဏော - နို့ဖိုးကြွေးကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး ဆပ်ပြီးသူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ တဲ့။

ဆိုလိုရင်း အဓိပ္ပါယ်ကတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူရဲ့မိထွေးတော် ဂေါတမီ ထေရီမကြီးကို ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်ပြီး နိဗ္ဗာန်သို့ ပို့ဆောင်ပေးခဲ့တဲ့အတွက် မယ်တော့်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပါဠိစာသားဟာ မိထွေးတော် ဂေါတမီကိုယ်တိုင် ဘုရားရှင်ကို လျောက်ထားတဲ့ စကားပါ။ အဲ့လျောက်ထားချက်ကို မြတ်စွာဘုရားရှင်က ငြင်းဆန်ခြင်း လုံးဝမပြုပဲ လက်ခံတော် မူခဲ့ပါတယ်။ တကယ်လို့သာ နို့ဖိုးမကျေဘူးဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ငြင်းဆန်ပြီးတော့ ငါဘုရားရှင်တောင်မှ နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ စကားပြင်ပြောမှာပါ။ ဒါပေမယ့် အခုတော့ ဆိတ်ဆိတ်နေပြီး လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်တယ်ဆိုတာ သေချာသွားတာပါ။

ဒါဆို.. ဘာလို့ နို့ဖိုးကျေသွားတယ်ဆိုတာလေး တစ်ချက်လောက် စဉ်းစားကြည့်ရအောင်…။ မိဘတွေရဲ့ မေတ္တာကို အထင်သေးတဲ့သဘောမျိုးနဲ့ ပြောဆိုတာ မဟုတ်ပါဘူး။ တကယ်တော့.. သားသမီးတွေ အပေါ်မှာထားတဲ့ မိဘတွေရဲ့ မေတ္တာတော်ဟာ တန်ခိုး အနန္တပါပဲ။ ဒါပေမယ့် မိဘတွေ တိုက်ကျွေးတဲ့ လောကနို့ရည်ဟာ တဒင်္ဂ နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက် ပေးနိုင်သလို.. တစ်ဘ၀တာအသက်ရှင်ဖို့ အတွက်ပဲ အထောက်အပန့် ဖြစ်ပါတယ်။ မိခင်နို့ရည်လို့ခေါ်တဲ့ လောကနို့ရည်ဟာ အဆင်း အသံ အနံ့ အရသာ အထိအတွေဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကိုတော့ ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက် မပေးနိုင်ပါဘူး။ မြတ်စွာဘုရားရှင် ဟောကြားလိုက်တဲ့ ဓမ္မနို့ရည်ကျတော့ ဆာလောင်မွတ်သိတ်တဲ့ တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက် ပေးနိုင်ပါတယ်။ နောက်ပြီး ဘုရားရှင် တိုက်ကျွေးလိုက်တဲ့ ဓမ္မနို့ရည်ကြောင့် မိထွေးတော် ဂေါတမီဟာ ရဟန္တာ ဖြစ်သွားပြီး သံသရာမှ လွတ်မြောက်ကာ မအို မနာ မသေရာ အမြတ်နိဗ္ဗာန်ကို ဆိုက်ရောက်ခဲ့ရပါတယ်။ နိဗ္ဗာန်ကို ဆိုက်ရောက်သွားတယ်ဆိုတာ တကယ်တော့ ထပ်ဖန်တလဲလဲ သေနေတဲ့ နေရာကနေ မသေတဲ့နေရာကို ရောက်သွားတာပါ။ အမြဲတမ်း သေရာလမ်းကို သွားနေတဲ့ မိခင်ကို လမ်းကြောင်းပြောင်းပြီး အမြဲတမ်းမသေရာ နိဗ္ဗာန်ကို ဆိုက်ရောက်အောင် ဓမ္မနို့ရည် တိုက်ကျွေးပြီး ကျေးဇူးဆပ်လိုက်တဲ့ အတွက်လည်း ဒီတသက်တာ အသက်ရှင်ဖို့ တိုက်ကျွေးခဲ့တဲ့ နို့ဖိုးကျေးဇူး အားလုံးကျေသွားတာပါ။

နောက်တစ်ခုကတော့ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဒေ၀ီ အပေါ်မှာရော နို့ဖိုးကျေရဲ့လားဆိုတဲ့ အချက်ပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူရဲ့ မိခင်အရင်း မယ်တော်မာယာကို ကျေးဇူးဆပ်သောအားဖြင့် မယာဒေ၀ီကနေ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတ နတ်သားကို ၀ါတွင်းသုံးလပါတ်လုံး အဘိဓမ္မာတရား ဟောကြားရင်းဖြင့် သောတာပန် တည်သွားအောင် ဓမ္မနို့ရေ တိုက်ကျွေးခဲ့ပါတယ်။ မယ်တော်ရင်းအနေနဲ့ သောတာပန်သာ ဖြစ်သေးတဲ့အတွက် မိထွေးတော်ဂေါတမီလိုတော့ တဏှာတွေအားလုံး မကုန်ခမ်းသေးပါဘူး။ ဒါပေမယ့် သိတ်မကြာလှတော့တဲ့ အချိန်မှာတော့ တဏှာတွေ လုံးဝကုန်ခမ်းသွားတဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် ဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေး မကျန်တော့ပါဘူး။ နို့ဖိုးအားလုံး ကျေသွားပါပြီ။ နှစ်နဲ့ချီပြီး နို့စို့ခဲ့တဲ့ မိထွေးတော် ဂေါတမီ အပေါ်မှာတောင် နို့ဖိုးအကြွေးမရှိဘူးဆိုမှတော့ ခုနှစ်ရက်ပဲ စို့ခဲ့တဲ့ မယ်တော်မာယာဒေ၀ီ အပေါ်မှာ နို့ဖိုးကြွေး တစ်စက်မှ မကျန်တာတော့ ယုံမှားသံသယ ဖြစ်စရာ မရှိတော့ပါဘူး။ နို့ဖိုးအားလုံး ကျေတယ်ဆိုတာ သေချာသွားပါပြီ။

ဒီနို့ဖိုးကျေတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြရတဲ့အကြောင်းအရင်းကတော့ လူတော်တော်များများက ဘုရားရှင်တောင် နို့ဖိုးကျေအောင် မဆပ်နိုင်ဘူးဆိုပြီး လွဲနေကြလို့ပါ။ ဘုရားရှင်က သူကိုယ်တိုင် မိဘကျေးဇူးကျေအောင် ဆပ်ပြီးမှ ပရိနိဗ္ဗာန်ပြုသွားခဲ့တာပါ။ မိဘကျေးဇူးကြီးမားပုံနဲ့ ကျေအောင်ဆပ်တတ်ဖို့ကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် ဟောပြ ဆုံးမသွားခဲ့တာပါ။ မိဘကျေးဇူးကြီးမားပုံကို သတ္တ၀ါတွေအားလုံး နားလည်ဖို့အတွက် (၇)ရက်သာ နို့ချို့တိုက်ကျွေးခဲ့တဲ့ မယ်တော်မာယာဒေ၀ီမှ ဘ၀ပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို ၀ါတွင်းသုံးလပါတ်လုံး အဘိဓမ္မာတရားဟောပြီး ကျေးဇူးဆပ်ပြခဲ့ပါတယ်။ ဒါ ဘာကြောင့်လည်းဆိုတော့… ဘုရားဖြစ်ပြီးတာတောင်မှ မိဘကျေးဇူးကို တန်ဖိုးထားပြီး အကျေဆပ်တယ်ဆိုတာ.. မိဘကျေးဇူးဆပ်တဲ့ အခါမှာလည်း တရားနဲ့သာ ကျေးဇူးဆပ်မှ ကျေတယ်ဆိုတာ.. နောက်ပြီး.. မိဘကျေးဇူးကို ဘယ်အခြေအနေ ရောက်ရောက် ဘယ်အနေအထားမှာပဲ ရောက်ရောက် မမေ့မလျော့ ကျေးဇူးဆပ်ဖြစ်အောင် ဆပ်ဖို့.. လိုအပ်တယ်ဆိုတာ သတ္တ၀ါတွေအားလုံး သိစေချင်တဲ့အတွက်ကြောင့် ဘုရားရှင်ဟာ သူကိုယ်တိုင် ကျေးဇူးကျေအောင် ဆပ်ပြသွားခဲ့တာပါ။

ဒီလိုဆိုရင်.. ဘုရားရှင်ဟာ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်သွားတယ်ဆိုတာ အခိုင်အမာ လက်ခံလောက်ပြီလို့ ထင်ပါတယ်။ မရှင်းမလင်းတာများ ရှိခဲ့လျှင်လည်း ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။ မိဘကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ကျေဇူးဆပ်ပြသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုလည်း ဤနေရာမှ နေ၍ လက်အုပ်ချီမိုး၍ ရှိခိုးကန်တော့ လိုက်ပါတယ်…။ ဘုရားရှင်ကဲ့သို့ နို့နှစ်လုံးဖိုးလုံး ကျေအောင် ကျေဇူးဆပ်နိုင်သော သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။



Read more...

ကာမဟူသည်... စာ ၉-၁၅ (တည်တောဆရာတော်)

ကာမဟူသည်... စာ ၉-၁၅ (တည်တောဆရာတော်)









Read more...

ဗုဒ္ဒဘာသာဘုန်းကြီးမှ ခရစ်ယာန်ဘာသာသို့ ...

ဦးဇင်းဘုရား ရိုသေစွာနဲ့စာရေးသားလိုက်ပါတယ်ဘုရား။
(A..) 6:37 AM (2 hours ago) 4.20.2009

အောက်ပါ အကြောင်း အရာကတော့ ဗုဒ္ဒဘာသာဘုန်းကြီးမှ ခရစ်ယာန်ဘာသာသို့ ပြောင်းသွားပြီး ဗုဒ္ဒဘာသာကို တိုက်ခိုက်သည့် ဘလော့တစ်ခု ထောင်ထားသော ပုဂ္ဂိုလ်ရေးထားခြင်း ဖြစ်ပါတယ်ဘုရား။


....... မထဲ့တော့ပါ..

ဒကာလေးရေ လောလောဆယ် သူရေးထားတာက အရေးမကြီးသေးပါ လိုက်ရှင်းနေကြရင်တော့ တော်တော်လေး မောပါမည်။ ဒါဘေမဲ့ ကြိုးစားသင့်ပါတယ်။ ကြိုစားရပါမယ်။ ဗုဒ္ဓဘာသာအမည်ခံသူများ မိမိရင်ထဲ ဗုဒ္ဓ၏အဆုံးအမများ တည်အောင်ကိန်းအောင် ကြိုးစားဖို့ အလိုအပ်ဆုံးပါဘဲ။ ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ သူတစ်ပါးကို တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတာကတော့ အားလုံးသိကြပြီးသားပါ၊ ဒါဘေမဲ့ ကာကွယ်ရင်းနဲ့ တိုက်ခိုက်မိတတ်ပါတယ်၊ သတိလေးရှိပါ။ ကာကွယ်မဲ့သူတွေ ဖြေရှင်းမဲ့သူတွေ မိမိဘက်က လိုအပ်တာတွေ ဖြည့်ဆည်းထားကြရပါမယ်။ ခုစပြီးလာမှာကတော့ အဘိဓမ္မာ ဘုံအပိုင်းကစမှာဖြစ်တဲ့အတွက်၊ မူလပဋ္ဌာန်းဆရာတော်ကြီးရဲ့ ဘုံပိုင်းရှင်းတမ်းဇယားကို တင်ပေးလိုက်ပါတယ်။ အောက်ဆုံးမှာတော့ လယ်တီဆရာတော် ဘုံပိုင်းလင်္ကာ လင့်ကို တင်ပေးထားပါတယ်။ စိတ်ဝင်စားပြီး မရှိသေးသူများအတွက်ပေါ့၊ lknt.org မှာတော့ ၉-ပိုင်းလုံး ရှိနေပါသေးတယ်။ နောင်လိုအပ်တာ အားလုံးတောင်းဆိုနိုင်ပါတယ်။ ဘုန်းကြီးကတော့ အားလုံးမသိသေးပါ၊ လိုအပ်သည်များ အားလုံးကို ရအောင် အမြန်ဆုံး ရှာဖွေပေးပါ့မယ်။

ဒကာဒကာမတို့ ဖတ်ကြဦးမလားမသိ ကျွန်ုပ်အကြောင်းအနည်းငယ်...
မဖတ်လိုရင် ကျော်... ဖတ်လိုရင် ဖော် ပေါ့လေ...

ခရစ်ယာန်နဲ့ ပတ်သက်လာလို့ ကိုယ့်အကြောင်းလေး ရေးပြချင်လာတယ် (ကိုယ်ပေါင်ကို..) ဒီအသုံးကတော့ ဘုန်းကြီးဖြစ်နေတော့ မရေးလိုပါဘူးလေ၊ တခါတလေကြတော့ ခပ်ကြမ်းကြမ်းလေးမှ စာကမိုက်တာ...။ ထားတော့ ဘုန်းကြီးတို့ ဘိုးဘေးတွေက တရုတ်ပြည်ကလာကြတာလို့ ပြောတာပဲ၊ (ကျုပ်ကိုတော့ပေါက်ဖေါ်ကြီး မထင်နဲ့ဦးနော်) မြန်မာပြည်ရောက်ပြီးနောက် ထုံးစံအတိုင်း နေစရာ အခက်အခဲရှိလာတော့ ခရစ်ယာန်အဖွဲ့မှာ နေစရာလေး အလကားပေးနေတယ်လေ၊ ကျေးဇူးတင်ဖို့ ကောင်းပါတယ် နေရာထိုင်ခင်း ပေးတဲ့အတွက်။ ဒါပေမဲ့ ကြိုးတန်းလန်းနဲ့ ခရစ်ယာန်ဘာသာ ၀င်ရမယ်တဲ့။ ကဲဒကာမတို့ ဘယ်လိုလုပ်ရပါ့။ လာတဲ့တိုင်းပြည်က တရုတ်ပြည်၊ မြန်မာစကားကမတတ်။ ကိုးကွယ်ခဲ့တာက တောင်မရောက် မြောက်မရောက်၊ ခိုင်ခိုင်မာမာ ကိုးကွယ်မှုက ဘာမှမရှိ။ ဒီမှာက နေစရာ စားစရာဖြစ်လို့ ငတ်တော့မယ်ဆိုတော့ကာ။ ဘာဖြစ်ဖြစ်ပေါ့ လုပ်မှာဘဲ။
သွားပြီးပေါ့... မျိုးဆက်တွေအားလုံး တရုတ်ခရစ်ယာန်။ ပန်းသေးတရုတ်လို့က ခေါ်ချင်သေး။ အမေလက်ထက်ကြတော့ အမေက မြန်မာတရုတ်ဖြစ်သွားပြီ။ ကိုးကွယ်တာက မိရိုးဖလာ ဗုဒ္ဓဘာသာ အမည်ခံ ဘာမှကို သိပ်မဟုတ်ပါ။ အဖေကအရမ်းတော်သွားတယ်၊ မြန်မာအစစ်။ (ဒီတော့ ကျွန်ုပ်က ၃-မတ်သားပါ၊ (ကျပ်မပြည့်)) တနေကုန်စာထိုင်ဖတ်နေသူ၊ သူ့မှာ အသိဉာဏ်တွေရှိတယ်၊ ဟိုဘက်ဒီဘက် မယိမ်းဘူး။ သိတယ်နော် အလယ်အလတ်။ အမေက အမျိုးသမီးဆိုတော့၊ ဂစ်တာလာတီးသူများရှိရင် လက္ခံချင်၊ ပျော်စရာလေးကိုး။ ပုလင်းလေးထောင်ပြီး ကိုကြီးကျော်ရေ... ဆိုရင် ဝေလေလေ... လုပ်ချင်၊ အရက်မသောက်ပါဘူး နတ်ကတော်များ အလိမ် ခံချင်တာကို ပြောတာ။ တော်ပါသေး ဘိုးတော် တင်ဦးနောက်ပါမသွားသေးလို့။ တစ်ရက်တော့ အမေကဘိလပ်ရေ ပုလင်းလေးရယ် အုန်းသီးလေးရယ် လိုက်ကာအနီလေးရယ်၊ မြင်းဖြူတစ်ကောင်ရယ် ယူလာပြီးတော့ အိမ်ဒေါင့်မှာ ခုံလေးနဲ့တင်ထားတာပေါ့၊ အဖေ့ကို သွေးတိုးစမ်းတာလေ။ အဖေကဘာမှာ မပြောပါဘူး သိတယ်မဟုတ်လား သဘောကောင်းသလိုလို။ နောက်နေ့ မနက်ကြတော့ မရှိတော့ဘူး အမေကမေးလိုက်တော့၊ အဖေ့အဖြေက ညက ငါသောက်လိုက်ပြီတဲ့။ နောက်ဆို အမေလဲဘာမှ မလုပ်တော့ပါဘူး၊ ဗုဒ္ဓဘာသာဝင်စစ်စစ် အဖြစ်နဲ့ဘဲ ဘုရားသွား ကျောင်းတက်နဲ့ နေသွားပါတယ်။ ဒီထဲမှာ ကျွန်ုပ်ကကံကောင်းတယ် ဆရာ့ကျေးဇူးနဲ့ ရခဲလှတဲ့ ရဟန်းဘ၀ကို ရခဲ့တယ်။ တချို့ကလည်း ပြောပါတယ် ပါရမီလည်းပါလို့ပါလို့ ရဟန်းကြတော့ ပါရမီဘယ်လောက်ရှိရှိလေ ဆရာမရှိရင် ရဟန်းဖြစ်ကိုမဖြစ်ဘူး ဒါ့ကြောင့် အရေးကြီးတယ်။


စာရှည်မှာစိုးလို့ တော်တော့ တော်ချင်ပါပြီ ကောင်းခန်းတကွက်က ကျန်နေသေးတယ်။ ဆေးစက်ကျရာ အရုပ်ထင်ဆိုသလိုပါပဲ၊ အမျိုးတွေဆိုတာ သိတဲ့အတိုင်း ဟိုရောက်ဒီရောက်ပေါ့။ ဘုန်းကြီး ဒီကို မရောက်ခင် နှစ်၂၀-ကျော်လောက်ကထဲက ရောက်နေတဲ့ မမြင်ဘူးသေးတဲ့ အဒေါ်ရယ် ညီဝမ်းကွဲတွေရယ် ရှိတယ်လို့တော့ သိထားရပါတယ်။ မမြင်ဘူး အတွေ့ဘူး မမှတ်မိနိုင်ထဲကပေါ့။ ဒီရောက်ပြီးတဲ့နောက်လဲ လာကိုမတွေ့ဘူး သတင်းတွေတော့ ကြားနေရပါတယ်။ ကြားလူတွေက ပြောလို့ နေထိုင်ကောင်းကြောင်း အမျိုးတော်တယ်ဆိုတာ သိတဲ့ အကြောင်းပေါ့ ဒါလောက်ပါဘဲ၊ တမြို့ထဲနေတာနော် ၃၅-မိုင် ပဲဝေးတယ်။ ဘုန်းကြီးကို ဆွမ်းအမြဲလာကပ်နေတဲ့သူတွေ ၃၅-၇၅-မိုင်ကြားထဲက နေ့တိုင်း လာနေကြတာ။ ကဲ ဒကာမတို့ ဘာ့ကြောင့် အမျိုးတွေ လာမတွေ့ကြသလဲ ခုဆို ၁၂-နှစ်ထဲ ရောက်လာပြီ။ အားလုံးခရစ်ယာန်တဲ့ ရိုးရိုးတောင်မဟုတ်ဘူးတဲ့ ဘုန်းကြီးတွေတဲ့ အဲလို ဘ၀တွေက... သြ လောက လောက...။ (မပြော မပြောနဲ့ နဲနဲ နဲနဲနဲ့ ကုန်သလောက်လည်းရှိပါပြီ ကောင်းတာလည်း တစ်ခုမှ မပါပါ)

ဗုဒ္ဓ အဆုံးအမအောက်ကနေ ဖိတ်ခေါ်ပါတယ် ခုရေးသောစာနှင့် ပါတ်သက်၍ မရှင်းသည်များကို...။

ဘုန်းကြီးကို လာဆွယ်ကြရင်ကော ဘယ်လိုလုပ်ရပါ့...။
သင့်ရောဂါက ဒေါ်လှ ၁၀-သိန်းကုန်မှာ...။
သင်ကငမွဲ သပိတ်တစ်လုံးဘဲရှိတာ ငါတို့တာဝန်ယူမယ်...ဒါဘေမဲ့...။
အပေါ်က ဘုန်းကြီးလူထွက်ကိုတော့ မကဲ့ရဲ့လိုပါဘူး...။
ကဲ့ရဲ့ခြင်းသည် ဗုဒ္ဓ မနှစ်သက်တဲ့ အလုပ်ပါ...။
သူတစ်ပါး အပုတ်ချခြင်းသည်လည်း ဗုဒ္ဓ မနှစ်သက်တဲ့ အလုပ်ပါ...။

ဘာသာပြောင်းရခြင်း ၃-မျိုးထားကြည့်လိုက်ပါတယ်။

၁။ အသိ၊ အလိမ္မာ၊ ဉာဏ်ပညာ၊ ၀ိဇ္ဇာ၊ အမေဟ လို့ ခေါ်ဆိုတဲ့ ပညာမရှိခြင်း။
၂။ ကိုးကွယ်မှု ဘာသာရေး ခိုင်ခိုင်မာမာ မရှိခြင်း။
၃။ အစာရေစာ အခက်အခဲ အရှက်တကွဲ ကိစ္စမျိုးစုံ ပေါ်ပေါက်နေခြင်း။

နံပတ်မှာ ၁-အရေးကြီးပါတယ်၊ သူခိုင်မာရင် နံပတ် ၂-က ဖြစ်လာမယ်။ သူတို့ရှိရင် နံပတ် ၃-က ဖွဲ။ ဒါ့ကြောင့် သူတော်ကောင်းတို့ ဉာဏ်ပညာနဲ့ ပြည့်စုံဖို့ အဘိဓမ္မာကိုလည်း လေ့လာကြပါစို့...။

ဒကာဒကာမတို့မှာ တာဝန်ရှိပါတယ် နားမလည်သူကို နားလည်အောင်ပြောပြ...။
သံဃာတော်များကတော့ ဒကာဒကာမတို့ရဲ့ ရှေ့ကနေသင့်တယ် ပြောမှာပါ...။

ဇယားလေ့လာရင် ရှင်းတန်းစာကို တပိုက်ဖတ် ဇယားကိုကြည့်ပါ။
ဘေးတိုက်ကြည့်ရင် ဘေးတိုက် အကွက်ထိပ်က ခေါင်စဉ်သေးပါ။
အထက်အောက်ကြည့်လျှင် အထက်ဆုံးအကွက်ငယ်က ခေါင်းစဉ်သေးပါ။
ကျိုးစားလေ့လာပါ ဇယား ဖတ်တတ်သွားလျှင် ဦးလောက သင်တို့ကို လိမ်၍ မရတော့ပါ။
၃၁-ဘုံနှင့် ပတ်သက်၍ ကမ္ဘာတည်ပုံ ပျက်ပုံ သတ္တ၀ါတည်ပုံ ပျက်ပုံ သက်တမ်း အားလုံး ပါပါတယ်။

နောက်ထပ် ဆရာတော်များ၏ ရှင်းတမ်းစာအုပ် ၅-မျိုးခန့် ရှိပါသေးတယ်။
တကယ် လေ့လာလိုပြီဆိုလျှင်လည်း ဆရာတော်တပါးနဲ့ G Talk မှ အဘိဓမ္မာ သင်ပေးရန် စီစဉ်ပေးနိုင်မယ်ထင်ပါတယ်။
ခုတော့ စာအုပ်ဖတ် လေ့လာကြဦးပေါ့...။





























ဘုံပိုင်းလင်္ကာအဖြေ --->


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP