* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 20, 2009

*ကံကောင်းခြင်း ဒဿန*

Justify Fullနေ့လယ် ထမင်းစားဆင်းချိန် သားတို့ ကျောင်းက ဆရာမ ကျွန်မကို ဖုန်းလှမ်း ဆက်တယ်။

" ‘အံ့အံ့’ တစ်ယောက် ဝရန်တာမှာ ဘောလုံး ကစားရင်း ဘယ်ဖက် မျက်လုံး ဘောလုံးထိလို့ မျက်မှန်ပါ ကွဲသွားတယ်"

ကျွန်မ စိုးရိမ်တကြီး ကျောင်းလိုက် သွားပြီး သွေးထွက်နေတဲ့ ဘယ်မျက်လုံးကို လက်နဲ့ အုပ်ထားတဲ့ အံ့အံ့ကို ဆေးရုံ ပို့လိုက်တယ်။

ဆရာဝန်က "တော်သေးတယ်.. မှန်ကွဲစတွေက မျက်ခွံကိုပဲ ထိပြီး မျက်ဆံကို မထိမိလို့။ ဒါပေမယ့် ၆-ချက် ချုပ်လိုက် ရတယ်" ပြောတယ်။

အိမ်ပြန် ရောက်တော့ ဝရန်တာမှာ ဘောလုံး ကစားတဲ့ အံ့အံ့ကို ကျွန်မ မအောင့်နိုင်ဘဲ ဆူမိတယ်။

"ဝရန်တာမှာ ဘောလုံး မဆော့ရ ဘူးလို့ ဆရာမ ပြောထားတာ မဟုတ်လား? ဘာလို့ ဆရာမစကား နားမထောင် ရတာလဲ အံ့အံ့"

"သားမဆော့ဘူး မေမေ။ သားအိမ်သာ အသွားမှာ 'ဂျယ်ဂျယ်' ကန်လိုက်တဲ့ ဘောလုံးကြောင့် ထိသွားတာ။ ဆရာမက သားမလိမ္မာဘူး ဆိုပြီး စိတ်ဆိုးတယ် မေမေ"

နောက်တစ်နေ့ ကျောင်းကို ကျွန်မ လိုက်သွားပြီး ဆရာမကို အကျိုး အကြောင်း ပြောပြခဲ့တယ်။ ဂျယ်ဂျယ်ကို မျက်မှန်ဖိုး မလျှော်စေ ဘူးလို့ ကျွန်မပြောမှ ဂျယ်ဂျယ် ခေါင်းငုံ့ပြီး "အဲဒီနေ့က အံ့အံ့ ကျွန်တော်တို့နဲ့ ဘောလုံး မကစား ခဲ့ပါဘူး" လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန် ကျမှ ဆရာမက "အံ့အံ့က အမြဲလိမ္မာတဲ့ ကလေး တစ်ယောက်ပါ" လို့ လေသံ ပြောင်းသွားခဲ့တယ်။

ညနေ ကျောင်းဆင်းချိန်မှာ ခါတိုင်းလိုပဲ အံ့အံ့ကို ကျွန်မ သွားကြိုခဲ့တယ်။ အံ့အံ့က ဂျယ်ဂျယ်ကို တွေ့တော့ ဝမ်းသာအားရ "see you ဂျယ်ဂျယ်" လို့ နှုတ်ဆက် လိုက်တယ်။

"ဂျယ်ဂျယ်ကြောင့် မျက်မှန်ကွဲပြီး ဒဏ်ရာ ရခဲ့တာတောင် သူ့ကို စိတ်မဆိုး ဘူးလား အံ့အံ့" ကျွန်မ တအံ့တသြ မေးလိုက်တယ်။

"မဆိုးပါဘူး မေမေကလည်း... သူတမင် လုပ်တာမှ မဟုတ်တာ"

ကလေးငယ်ရဲ့ စိတ်က အညှိုးအတေးမရှိ ဖြူစင် လွန်းခဲ့တယ်။

"ဒါပေမယ့် အံ့အံ့ သွေးတွေ အများကြီး ထွက်ပြီး ဆရာမ ကတောင် အံ့အံ့ကို မလိမ္မာဘူးလို့ အထင် လွဲသွားတယ် မဟုတ်လား? ဒဏ်ရာကို ၆ချက်တောင် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်မှန်ဖိုးလည်း အလျှော် မရခဲ့ဘူး" လို့ကျွန်မ မကျေမနပ် ဆိုတော့.....

"ကိစ္စမရှိပါဘူး မေမေ။ နောက်ဆုံးတော့ သားမဆိုးမှန်း ဆရာမ သိသွားတာပဲ မဟုတ်လား! ကံကောင်းလို့ မှန်ကွဲစတွေ မျက်လုံးထဲ မဝင်ခဲ့တာ၊ ကံကောင်းလို့ ဘောလုံး ကစားတဲ့ ကျောင်းသားတွေ အပြစ်ပေး မခံရတာ"

ဆိုင်ကယ် နောက်မှ ထိုင်နေတဲ့ အံ့အံ့က သူ့ခေါင်းကို ကျွန်မ ကျောပေါ်ကပ်ပြီး...

"မေမေ.. သိလား? ဂျယ်ဂျယ်မှာ မေမေ မရှိတော့ဘူး။ အလုပ်လက်မဲ့ သူ့ဖေဖေက ဂျယ်ဂျယ်ကို အမြဲ ရိုက်နှက် တတ်တယ်။ ကံကောင်းလို့ မေမေသူ့ကို မျက်မှန် မလျှော်ခိုင်းတာ.. သူ့ဖေဖေသာ သိရင် သူအရိုက်ခံရမှာ"

ကျွန်မခါးကို အံ့အံ့ တင်းတင်းလေး တိုးဖက် လိုက်ပြီး "ကံကောင်းလို့ သားမှာ သားကိုချစ်တဲ့ ဖေဖေ မေမေ ရှိသေးတယ်။ အော်.. မေမေ မျက်မှန်ကို သားမုန့်ဖိုး ထဲကနေ စုပြီး ဝယ်လိုက်မယ်နော်"

အိမ်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားတဲ့ သားကို ကြည့်ပြီး ကျွန်မ မျက်ရည် ဝဲမိတယ်။

သားရယ်.... သားကို မေမေ အားနာလိုက်တာ... သားမလိမ္မာ ဘူးလို့ ဆရာမ အထင် လွဲမှာကိုပဲ မေမေ တွေးခဲ့မိတယ်၊ တခြား သူကြောင့် သား ဒဏ်ရာရ နာကျင်တာ ကိုပဲ မေမေ မြင်ခဲ့မိတယ်။ သားရဲ့ "ကံကောင်းလို့" ဆိုတဲ့ စကားက ဘယ်အရာကို ကြင်နာခြင်း၊ သဘောထား ကြီးခြင်း၊ ခွင့်လွတ်ခြင်း၊ တန်ဖိုး ထားခြင်းလို့ ခေါ်တယ်ဆိုတာ မေမေ့ကို သင်ခန်းစာ ပေးလိုက် သလိုပါပဲ။ ကျေးဇူး တင်ပါတယ် သားရယ်...

***********************************

မေးမှ ရရှိထားတာ ကြာပါပြီ… ခုမှပဲ မျှဝေ ဖြစ်တော့တယ်။

အားလုံးပဲ

မေတ္တာတရား ကိုယ်စီနှလုံး ကျင့်သုံးနိုင်ပါစေ။
ကိုယ်ချင်းစာတရား ကိုယ်စီနှလုံး ကျင့်သုံးနိုင်ပါစေ။


လေးစားစွာဖြင့်
ဖိုးသား

4/20/2009, MON:, 3:46:04 PM

Read more...

Buddhism Drew Many Mongolians to India

Ulan Bator, Mongolia -- The Mongolian community, which existed in Kalimpong, India, beginning in the 1950s, was almost a continuation (as well as much smaller version) of the Mongolian community in pre-Communist Tibet, especially in Lhasa. Contact between the Mongols and Tibet is said to have started during Chinggis Khaan’s time.


Although Buddhism used to flourish in Mongolia during the reign of Chinggis Khaan, and even more while his grandson Kublai khan was in power, “the good time did not last for long”. Thus, the meeting of Altan Khaan and Sonam Gyasto in 1578 becomes the real beginning of Buddhism in all parts of greater Mongolia.

Sonam Gyatso was a head of the Gelugpa school of Tibetan Buddhism and was later recognized as the third Dalai Lama.

In fact, the title “Dalai Lama” was give for the very first time to Sonam Gyatso at the above-mentioned meeting.

There were always special communities of Mongol monks wherever there were larger Buddhist institutions in Tibet. In some important monasteries in Tibet, some sections were specially established for Buddhist students from all over greater Mongolia.

This gradually become a tradition, at least in some of the major institutions in Tibet, such as Kumbum, Labrang, Drepung, Sera and Gandan, and many more. India and Tibet were considered among the Mongols as “burhanii-oron”, meaning “the land of the Buddha”. Thus, Mongol pilgrims who would go to Tibet would often extend their journey into the holy sites of India.

Darjeeling and Kalimpong, India, are located on a former trading route that connected the Himalayan regions of Tibet, Nepal, Bhutan and India, making the two cities important centers of commerce. Kalimpong also became an academic center as a number of the foremost scholars of Himalayan culture from all over the world chose to reside there. There were some Tibetans living in Darjeeling and Kalimpong even before the Chinese invasion of Tibet. A few Mongols were there as well. After 1959, many Tibetan refugees settled down in Darjeeling and Kalimpong. Most of the Mongols who accompanied Tibetans to India had settled down in Kalimpong. These Mongols mostly were monks, but later some of them got married, and gradually formed a special community of Mongols.

There were some very talented scholars among them as well as some high-ranking lamas, religious leaders and noble families. Mongolian scholars such as Da-Lama, Rigzin Wangpo, Geshe Wanggyal, Geshe Kaldan, Geshe Agwang Nima, Lama Chimpa, and many others played important roles in academic activities in Kalimpong. For instance, Lama Chimpa assisted Russian scholar Dr. George Roerich in compiling a large Tibetan-Sanskrit dictionary.

Some Mongols were invited to teach at famous Indian institutions such as Benares Hindu University in Varanasi, India, the International Academy of Indian Culture in both New Delhi and Nagpur, and Delhi University. Those Mongols who remained monks lived in Tibetan monasteries elsewhere. For instance, Mongol monks had done important works during the restoration of Dre-pung Gomang, one of the most important Tibetan monasteries in southern India.

Something also worth mentioning about the Mongols community in India is that they gave great importance to the education of their next generations. For example, Tohtoh, who later immigrated to the US and became one of the founders of the Mongol-American Cultural Association, was a brilliant student of the Central School for Tibetans in Mussorie, India.


Read more...

ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄) ၊ဗုဒ္ဓ

ဒီ အခန်းကတော. တကယ်.ကို ကောင်းလွန်းပါတယ်။ ဗုဒ္ဓနဲ. ပက်သက်လို. အနန္တတန်ခိုးရှင် တစ်ယောက်အနေနဲ. မဟုတ်ဘဲ လူသားထဲကမဟာလူသားတစ်ယောက် အနေနဲ. ဖော်ပြထားပုံက ဗုဒ္ဓကို အမှန်တကယ်ကို ကြည်ညိုလာစေပါတယ်။

ဒီအထဲ မှာလည်းတော်တော်စိတ်ဝင်စားဖို. ကောင်းတဲ. အချက်တွေရှိပါတယ်။ ဥပမာ ဗုဒ္ဓဖွားမြင်ရာတိုင်းပြည် သက္ကတိုင်းသည် နိုင်ငံငယ်လေး တစ်ခုဖြစ်တဲ.အကြောင်း၊ သက်ဦးဆံပိုင် ဘုရင်အုပ်စိုးခြင်းမဟုတ်ဘဲ ယခုခေတ်ဒီမိုကရေစီနိုင်ငံ များအုပ်ချုပ်သကဲ.သို.ဖြစ်ကြောင်း၊ ဗိမ္ဗိသာရမင်း အုပ်စိုးတဲ. မာဂဓတိုင်း၊ ကောသလမင်းကြီးအုပ်စိုးသော ကောသလတိုင်းများသည် ကား ဘုရင်စနစ်ကို ကျင်.သုံးတဲ. နိုင်ငံများဖြစ်ကြောင်းသိရပါတယ်။

တခြားအကြောင်းအရာတွေ အများကြီးရှိသေးပေမယ်. ကျွန်တော် မပြောတော.ပါဘူး။ ဖတ်ကြည်.ကြပါ။

အခန်း(၄)

ဗုဒ္ဓ

ငါ.ရှင်၊

သင်သည် မည်သူဖြစ်သနည်း၊

သင်၏ ဣနြေ္ဒတို.သည် ကြည်လင်လှ၏။

အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏။

-ဝိနည်း၊ မဟာဝဂ်



ဝက္ကလိ၊

ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင်.

အဘယ်အကျိုးရှိမည်နည်း။

ဝက္ကလိ၊ တရားကို မြင်သောသူသည်

ငါဘုရားကို မြင်သည်မည်၏။

-သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်- ဝက္ကလိသုတ်

(က) ပိဋကတ်မှ ဂေါတမဗုဒ္ဓ

မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသား ထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။ ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို.က အကြွင်းမဲ. လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို.က ထိုသို. လက်ခံလိုကြမည် မဟုတ်ချေ။ တစ်နည်းဆိုသော် ယိုးဒယား၊ မြန်မာ၊ သီဟိုလ်သားတို.၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသော ဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ် အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။ အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို.သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို.သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။

ထို.ကြောင်. ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို. မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ.လာရပေမည်။ လေ.လာရာ၌ သုတေသီပညာရှင်တို.၏ အလိုအားဖြင်. ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ.လာရပေမည်။ ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း၊ ခုဒ္ဒကနိကာယ်နှင်. အချို.ကျမ်းများနှင်. အချို.သောဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ.ပေပြီ။

ထိုပိဋကတ်စာပေများကို နှံ.နှံ.စပ်စပ် လေ.လာပါက ဗုဒ္ဓအကြောင်း ထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို. သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင်. စပ်လျဉ်း၍ အချို.နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဌကထာကျမ်းများနှင်. ပိဋကတ်လာစကားများ မတူပဲ ကွဲလွဲနေခြင်းဖြစ်၏။ ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင်. အဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင်.အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည်.စုံခြင်းမရှိချေ။

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည်.စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ.ရချေ။ အနည်းငယ်သောပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို.သောဖြစ်စဉ်များအကြောင်းကို ဖတ်ရှုရ၏။ မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ် မဟာသစ္စကသုတ် စသည်တို.၌ ဘုရားလောင်း တောထွက်ပုံ ၊ တရားကျင်.ပုံနှင်. ဘုရားအဖြစ်သို. ရောက်ရှိပုံများကို လည်းကောင်း၊ ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှ အရှင်သာရိပုတ္တရာနှင်. အရှင်မောဂ္ဂလန်တို. ဘုရားထံ၌ ရဟန်းပြုကြသည်အထိကိုလည်းကောင်း ၊ ဒီဃနိကာယ် မဟာပရိနဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံးဖြစ်စဉ်များကို လည်းကောင်း ဖော်ပြထား၏။ သို.ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင် နှင်. အဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ.ရချေ။

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပတ္တိကို အပြည်.အစုံ မတွေ.ရခြင်းမှာ ရှေးလူတို.က မိမိတို.ခေတ်အတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို.၏ ဘဝဖြစ်စဉ်များကို စုံစုံစေ.စေ. မှတ်သားထားလေ.မရှိသောကြောင်.ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပတ္တိကို ရေးသားသောအတတ်သည် ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။ ရှေးအိန္ဒိယ နိုင်ငံသားတို.သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏စကားများလောက် ဂရုပြုလေ.မရှိကြချေ။

သို.ဖြင်. ရှေးပဝေသဏီက ဘာသာဝါဒအမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ.သော ပုဂ္ဂိုလ်တို.၏ ဘဝဖြစ်စဉ် မှတ်တမ်းများ အထင်အရှားရှိဖို.ဝေးစွ၊ သူတို.၏အမည်များသည်ပင်ပျောက်ကွယ်ခဲ.ပေပြီ။ အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလ(Kapila)၊ ရှန်ကရ(Samkara)၊ အစရှိသည်. အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို. အကြောင်းကို လည်း ယခုခေတ်လူတို. စုံလင်စွာ မသိကြရချေ။ သူတို.အကြောင်းအရာနှင်.စာသော် ကျွန်ုပ်တို.သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန်စုံလင်သည် ဟုဆိုရမည်။

ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်လောက်) အတွင်း၌ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင်. ဂရိပညာရှိ ပိုက်သာဂိုးရတ် တို. ဖွားမြင်သောရာစုနှစ်ဖြစ်၏။ ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယနှင်. နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို.တော်မှာ ကပိလဝတ်မြို.ဖြစ်၍ ဗာရာဏသြီံမို.၏ မြောက်ဘက် မိုင်တစ်ရာခန်.အကွာ၌ တည်ရှိ၏။

ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယ မြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ.ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ၊ မဂဓ စသော ဘုရင်အုပ်စိုးသည်. တိုင်းပြည်ကြီးများ အပြင် သက္က, ကောလိယ, ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။ ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင်.တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ ခတ္တိယတို.သည် ပုဂ္ဂိုလ် တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျင် အစည်းအဝေး ကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။

ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ, အဇာတသတ် စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင်. အပြည်.အစုံ ထပ်တလဲလဲ ပြဆိုထား၏။ ဗိမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသက်ကို ဝေဒဟီ မိဖုရား၏ သား မဂဓတိုင်းရှင် အဇာတသက်မင်းဟု ဖော်ပြထား၏။ ဗုဒ္ဓ၏ ခမည်းတော်အား ဘုရင်သုဒ္ဓေါဒန ဟု ခေါ်ဝေါ်ခြင်းကို မူ ပိဋကတ်နှစ်နေရာတည်း(ဒီဃနိကာယ် မဟာပဒါနသုတ် နှင်. ခုန္ဒကနိကာယ် ဗုဒ္ဓဝံသ) ၌သာ ဖော်ပြထား၏။ အကယ်ပင်သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။

ဘုရားအလောင်းသည် တောမထွက်မှီက များစွာသောစည်းစိမ်ချမ်းသာ ခံစားခဲ.ကြောင်း ဗုဒ္ဓ၏ စကားများဖြင်.သိအပ်၏။ "အို မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်သော ပြာသာဒ်တို.၌ တီးမှုတ်မျိုးစုံတို.ဖြင်. တင်.တယ်စွာ ခံစားစံစားလျက် နေခဲ.၏။" (မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ "ရဟန်းတို.၊ ငါသည် ချမ်းသာစွာ၊ နူးညံ.သိမ်မွေ.စွာ နေရ၏။ မိုးလေးလပတ်လုံး ပြသာဒ်မှ အောက်သို.မသက်ဆင်းဘဲ နေရ၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာ ကဲ.သို. ဘုရားလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ.ထွင်ပြထားခြင်းမရှိချေ။

"ရဟန်းတို.၊ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို.ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ.တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျင် စိတ်မသက်မသာ စက်ဆုပ်ရွံရှာခြင်းဖြစ်တတ်၏။ ငါသည် ဤသို. ဖြစ်ရန် မသင်.လျော်ပါတကား။ ဤသို.တွေးတောရင်း ငါ၏ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းပျောက်ကွယ်ခဲ.၏။" (အဂုင်္တ္တရနိကာယ်, တိကနိပါတ်, သုခုမာလသုတ်)

"ရဟန်းတို.၊ ငါသည် ဘုရားအဖြစ်သို. မရောက်မီက ဤသို.အကြံဖြစ်၏။ အဘယ်ကြောင်. ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည် ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ၊ မအို၊ မနာ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ.ဟူ၍ အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ်)

အချို.သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း၊နာခြင်း၊ သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ.ဘောင်ကို ငြီးငွေ.၍ တောထွက်ကြောင်း ဗုဒ္ဓကိုယ်တိုင်မိန်.ကြားသော စကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို.၌တွေ.ရသော ဗုဒ္ဓစကားဖြစ်၏။

"ရဟန်းတို.၊ ငါ.အား ဤသို.အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို.ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။ မြူမှုန်ထူသော ခရီးနှင်.တူ၏။ အိမ်၌နေသော သူသည် စင်စစ် မြတ်သောအကျင်.ကို ကျင်.ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူကောင်းလေစွတကားဟု အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင်. အခြားသုတ်များ)

ထိုခေတ်က အိန္ဒိယပြည်၌ တောထွက်၍ ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ ပညာရှိသူတော်ကောင်းတို. လိုက်နာသောလမ်းစဉ်ဖြစ်၏။ မိဘများက သဘောမတူဘဲ တားမြစ်ထားပါလျက် တောထွက်သောသူများအကြောင်း အဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်းသိဒ္ဓတ္ထသည် ထိုသို.သော ပိုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။

မဇ္ဈိမနိကာယ်၊ အရိယပရိယေနသုတ်၊ အဟာသစ္စကသုတ် နှင်. အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က "ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမျစ်သောပထမအရွယ်၌ အမိအဖတို.သည် သဘောမတူသဖြင်. မျက်ရည်ရွှဲစု ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီးလျင် လူ.ဘောင်မှ ရဟန်းဘောင်သို. ကူပြောင်းခဲ.ပေသည်" ဟုမိန်.ကြားတော်မူ ကြောင်းပြဆိုထား၏။ ဒီဃနိကာယ်သောဏဒန္တသုတ်နှင်. ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏ ဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်က မိဘတို. သဘောမတူသဖြင်. ငိုယိုနေကြစဉ် ရဟန်းပြုခဲ.သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။

မည်သို.ဖြစ်စေ အထက်ကပြဆိုခဲ.သော ဗုဒ္ဓဝင်နှင်. ပိဋကတ် ကွဲလွဲဆန်.ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင်. မသက်ဆိုင်သောကြောင်. ဗုဒ္ဓဓမ္မ လေ.လာသူတို.အဖို. အရေးမကြီးလှချေ။ အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို.သော ပညာရှိပုဂ္ဂိုလ် သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန်ဖြစ်၏။ ဗုဒ္ဓသည် လူ.ဘဝ၊ လူ.လောက ပြဿနာ များကို မည်သို. ရှုမြင်သုံးသပ်သည်။ လူတို.၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို.ဆုံးမသည် စသည်တို.မှာ ဗုဒ္ဓဓမ္မ လေ.လာရာ၌ ကျွန်ုပ်တို. သိရှိရန်မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်း ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ.စေ. ဖော်ပြပါအံ.။

(ခ) ဗုဒ္ဓ၏ထူးခြားချက်များ

ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို. ခရီးလည်.လည်ပြီးလျင် တရားဟောတော်မူလေ.ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္တိ၊ ဝေသာလီ စသော မြို.ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ.တာ မည်သို. ကုန်လွန်စေပုံကို ဖော်ပြထား၏။

တစ်နေ.သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျင် မြို.တွင်းသို. ဆွမ်းအလို.ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို.သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို. မကြားနာရသည်မှာ ကြာလှပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို.အား ဒမ္မိက ပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို.သွား၍ နေကြရန်ပြော၏။ ရဟန်းတို.သည် ထိုကျောင်းသို. သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို. ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးလျင် အရှင်အာနန္ဒာနှင်.အတူ ရေချိုးဆိပ်သို. ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို. ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို. ကြွသွား၏။

ရဟန်းတို.သည် တရားစကားဖြင်. စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ်အပြင် ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ.နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန်.၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို.က တံခါးကိုဖွင်.၍ ဗုဒ္ဓသည် ခင်းထားအပ်သော နေရာ၌ ထိုင်ပြီးလျင် " ရဟန်းတို.၊ ယခုကြွလာသော အခါ အဘယ်စကားဖြင်. သင်တို.စည်းဝေး၍ ဟောပြောနေကြကုန်သနည်းဟု လျှောက်ကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ.ခဲ.ရပုံများကို ပြောပြလို၍ အရိယပရိယေတနသုတ်ကို ဟောတော်မူ၏။

ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင်.ပန်ကြားပြီးသည်.နောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ.ရှိ၏။ တရားပွဲများသည် အတော်ညဉ်.နက်မှပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည်.မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။

ဗုဒ္ဓနှင်. ရဟန်းသံဃာတို.၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌ အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြှော်ရန် ဆရာဇီဝကနှင်.အတူ ကျောင်းတော်သို. သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို. ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန်.သွား၏။ အဘယ်ကြောင်.ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင်.အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှမကြားရဘဲ အလွန်တိတ်ဆိတ်နေသောကြောင်.ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ်.မှ အဇာတသက်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို.ဝင်ပြီးနောက် ဗုဒ္ဓကို ဖူမြော်လေသည်။

ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို. ကြွသွား၍ သစ်ပင်များအောက်၌ နေတော်မူလေ.ရှိ၏။ ရဟန်းတို.အား စကားပြောလျင် တရားစကားကိုသာပြောရန်၊ သို.မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏသတိပေး၏။ တစ်ခါသော် ဗုဒ္ဓကို ဖူးမြော်ရန် ရောက်လာကြသော ရဟန်းတို.သည် အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင်. ကျောင်းမှ နှင်ထုတ်ခံကြရ၏(မဇ္ဈိမနိကာယ်၊ စတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို.သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို. အသံမပြုကြကုန်လင်.၊ ဗုဒ္ဓ၏တပည်.သည် လာနေ၏။ သူတို.သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟု အချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။(အင်္ဂုတ္တရ-ကိံဒိဌိကသုတ်)

ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို.စိတ်ကူဖြင်. ခန်.မှန်းကြည်.ရန်ခဲယဉ်း၏။ အဘယ်ကြောင်.ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုတော်များသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်.နောက် နှစ်ပေါင်း အတော်ကြာသည်.တိုင်အောင် ဗုဒ္ဓရုပ်တုများကို ထုလုပ်ကိုးကွယ်သော အလေ.အထမရှိချေ။ အင်္ဂလိပ် ပညာရှင် ဆာချား(စ) အဲလိယော. ၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် " သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများ ကို ကြည်.ခြင်းအားဖြင်. ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ်.မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည်ဆားနတ်အရပ်၌ တွေ.ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည်. ဗုဒ္ဓရုပ်တုများသည် သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်.တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင်. အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက်ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ၊ သို.မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။" (Sir Charles Eliot: Hindduism & Buddhism- Vol.I, pp.171)

ဗုဒ္ဓသည် ကျန်းမာတောင်.တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စပေ၌ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင်.ကို ဆင်းရဲငြိုငြင်စွာ ကျင်.နိုင်ခဲခြင်း၊ အသက် ၈၀ ထိ တစ်နေရာမှ တစ်နေရာသို. ခြေလျင်ခရီးလည်.လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန်ခံစားပြီးသည်.နောက်၌ပင် မိုင်ပေါင်းများစွာ ဝေးသော ကုသိနာရုံသို. ခြေလျင်ခရီးကြွသွားခြင်း စသည်တို.ကို ထောက်ချင်.၍ ဗုဒ္ဓသည် ကိုယ်ခန္ဒာ အထူးကြံ.ခိုင် တောင်.တင်းကြောင်းယုံမှားဖွယ်မရှိချေ။

ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင်.တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင်. ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို.၊ ငါသည် ညစာမစားရသောကြောင်. ကျန်းမာ၍ အနာရောဂါကင်း၏။ ကိုယ်လက်ကြံ.ခိုင်၍ ချမ်းသာစွာနေရ၏" မဇ္ဈိမ နိကာယ်၊ ကိဋာဂီရိသုတ်)။ လောက၌ကျန်းမာ၍ အသက်ရှည်သောသူတို.သည် အများအားဖြင်. ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ် သောသူများ ဖြစ်၏။ (ဆရာကြီးဒေါက်တာသန်းထွန်းကို သွားသတိရပါတယ်။ Blog Post တင်သူ)

ဗုဒ္ဓသည် လူသတ္တဝါတို.ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒါရဟန်းအား ဟောပြောဆုံးမတော်မူခဲ.သေးသည် မဟုတ်ပါလော။

ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို.သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠဝက မင်းသားသည် လှည်.လှည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို.ချဉ်းကပ်ပြီးလျင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟုမေးလျှောက်၏။ ဗုဒ္ဓက " မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် "ဟု ပြန်ပြော၏၊

ထိုအခါ မင်းသားသည် များစွာအဲ.ဩ၍ "အရှင်ဘုရား၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို.ဖြင်. ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို.သည် ကျဲရရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို. တဖွဲဖွဲကျလျက်ရှိပါ၏။ သို.ဖြစ်ပါလျက် ငါသည် ချမ်းသာစွာအိပ်ရသည် ဟု အရှင်ဘုရား မိန်.တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ် ခံစား၍ နူးညံ.သောနေရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာအိပ်ရမည် မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သက်ပြီးပြီဖြစ်၍ မည်သည်.နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန်.တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ်၊ တိကဒဟတ္ထာဠဝကသုတ်)

ဗုဒ္ဓ၏ စိတ်ငြိမ်းချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဌာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို.ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ.မြင်ရသော ဥပကတက္ကတွန်းက "ငါ.ရှင် ၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ ဣနြေ္ဒတို.သည် ကြည်လင်လှ၏။ အရေးအဆင်းသည် စင်ကြည်၍ ပြိုးပြိုးပြက်ပြက်ရှိ၏" ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင်.ပင် မိမိတို.၏ဆုံးဖြတ်ချက်ကို မေ.လျော.၍ ခရီးဦးကြိုပြုကြ၏။

ဗုဒ္ဓ၏ တင်.တယ်ခံညားသော ဥပဓိရုပ်ကြောင်. တစ်ကြိမ်မြင်ကာမျှနှင်. ကြည်ညိုသောသူများ ရှိသည်.နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင်. ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရဿတီ, သောဏဒန္တ စသော အလွန်ဇာတ်ကြီး၊ မာနကြီးသည်. ဗြဟ္မာဏခေါင်းဆောင်တိုသည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင်. သွားရောက်ဖူးတွေ.လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင်. ပသေနဒီကောသလမင်းတို. ဖြစ်၏။ သူတို.သည် ဗုဒ္ဓ အထံသို.လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို.ကို လက်ဖြင်.ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင်.အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင်. ဓမ္မစေတိယသုတ်)

ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို.မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏ တရားပွဲ၌ တရားနာပရိတ်သက်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင်. တစ်စုံတစ်ယောက် ချောင်းဟန်.သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင်. ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣသိဒတ္တနှင်. ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို.၏ အရှင်သခင် ဘုရင် ရှိရာဘက်သို. ခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကို ကားခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။

ပရိဗိုဇ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်အားတရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန်.ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည်.တို.သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆိုလေ.ရှိပါသည်။ သူတစ်ပါးကို မကဲ.ရဲ.ဘဲ မိမိတို.ကိုယ်ကိုသာ ကဲ.ရဲ.ကြပါသည်ဆို၏။(မဇ္ဈိမနိကာယ၊ မဟာသကုလုဒါယီသုတ်)

ဤသို.များစွာသောလူတို.၏ ကြည်ညိုလေးစားခြင်း ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန်.ကြားချက်သည် ရှင်းလင်းပြတ်သား၏။ "ဝက္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင်. အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။" (သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်-ဝက္ကလိသုတ်)

(တော်တော် စဉ်းစားစရာကောင်းတဲ. အချက်ပဲ။ ကျွန်တော်တို. လည်း ဘုရားရုပ်တုရှေ.မှာ ဘုရားကို ရှိခိုးနေကြပေမဲ., ဗုဒ္ဓရဲ. ဒီစကားကို ကြားလိုက်ရတော. တစ်မျိုးဖြစ်သွားတယ်နော်။ Blog Post တင်သူ)

စင်စစ်ဗုဒ္ဓသည် ကမ္ဘာသမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ.ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန်.ကျင်သော ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုကမှားမည်မဟုတ်ချေ။ ဤအကြောင်းနှင်.ပတ်သက်သော ဗုဒ္ဓမိန်.ကြားချက်များကို ရှေ.၌ပြဆိုပါအံ.။

ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား၊ နန်းတော်သို. ဆွမ်းစားရန် ပင်.ဖိတ်၍ ဗုဒ္ဓကြွလာမည်.လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ.ဆက်မသွားဘဲ ရပ်တန်.၍နေ၏။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို. ဝင်တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ ဗောဓိရာဇကုမာရသုတ်)

လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ်.ချ၍ ပြောလေ.ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာကျင်.နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ခြို.ခြံစွာကျင်.မှုမှာ အချို.သော တပည်.ရဟန်းတို.က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန်.ကြား၏(မဇ္ဈိမနိကာယ်၊ မဟာသကုလဒါယီသုတ်)။ တစ်နေ.သော ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင်.အတူ ထိုင်လျက်ရှိစဉ် " ရဟန်းတို.၊ သင်တို.သည် အကယ်၍ ငါ၌ ကိုယ်နှင်.နှုတ်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ.မြင်ပါက ငါ.အား လျှောက်ထားကြကုန်လော" ဟုမိန်.တော်မူ၏။ (သဂါထာဝဂ္ဂသံယုတ် ၊ ဝဂီသသုတ်)

ပိဋကတ်စာပေ၌ ဗုဒ္ဒ၏ စိတ်သဘောထား မြင်.မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင်.မြတ်မှု ထင်ဟပ်နေသော နောက်ဆုံးမိန်.ကြားချက်များကို ဖော်ပြပါအံ.။

ဗုဒ္ဓသည် ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန် ရောဂါ အပြင်းအထန် ခံစားရ၏။ သို.ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင်. ဘုရားရှင်နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို.ထက် အကျိုးအာနိသင် ကြီးမားသည်ဟူ ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ.၏။

အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည်.သံဃာတို.အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ.လိမ်.မည်ဟု မိမိယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန်.ကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်၏။

" အာနန္ဒာ၊ ငါဘုရားအား သင်တို. အဘယ်ကြောင်. ဤမျှလောက် တောင်.တနေဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ. ဟောကြားခဲ.ပေပြီ။ သင်တို.သည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို.၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ.ချေ။ အာနန္ဒာ ၊ ငါသည် အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို. ရောက်ရှိနေပေပြီ။ ထို.ကြောင်. သင်တို.သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာ မရှိဘဲ တရားသာလျင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော"

တစ်နေရာ၌ အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မာဏသည် ရှေးကမရှိခဲ.၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ကျွန်ုပ်ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင်.ပြီး ပွင်.ဆဲပွင်.လတ္တံ.သော ဘုရားရှင်တို.၏ စိတ်ကို သင်၏ ဥာဏ်ဖြင်.ခွဲခြားမသိပါဘဲလျက် အဘယ်ကြောင်. ဤသို. ကြီးကျယ်ခံ.ညားလှသော၊ တိကျသော စကားကို ဆိုဘိသနည်း" ဟု မိန်.တော်မူ၏။

ထို.နောက် ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာတို.သည် ဤသို.ပူဇော်ကာမျှဖြင်. ငါဘုရားအား မြတ်နိုးသည် မမည်သေး။ အကြင်ဥပါသကာ ဥပသကာမတို.သည်လည်းကောင်း၊ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို.သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင်.အညီ ကျင်.ကြံနေထိုင်၏။ ထိုသူတို.သည် သာ လျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏" ဟုမိန်.တော်မူ၏။ အရှင်အာနန္ဒာက " အရှင်ဘုရား၊ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ.သော် အလောင်းတော်အား ကျွန်ုပ်တို. ပြုဖွယ်ကိစ္စကို အဘယ်သို.ပြုရပါအံ.နည်း" ဟုမေးလျှောက်၏။ ထိုအခါ၌ ဗုဒ္ဓက " အာနန္ဒာ၊ ငါဘုရား၏အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို.၌ သင်တို.အကြောင်.ကြကုန်လင်.။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာ သာ များစွာ လုံ.လပြုကြကုန်လော" ဟု မိန်.တော်မူ၏။

ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ၊ ငါ၏ တပည်. ရဟန်းသံဃာတို.သည် ငါပရိနိဗ္ဗာန် စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟုထင်မှတ်ကြပေလိမ်.မည်။ ထိုသို. မမှတ်သင်.။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို.၏ ဆရာဖြစ်လတ္တံ.။ ထို.ကြောင်. ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်၏" ဟု မိန်.ကြား၍ ရဟန်းတို.အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှု ရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏။ သို.ရာတွင် ရဟန်းတို.က မည်သို.မျှမမေးလျှောက်ကြချေ။ ထို.နောက် ဗုဒ္ဓသည် "သင်္ခါရတရားတို.သည် ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို.သည် မမေ.မလျော.ဘဲ ကျင်.ကြံအားထုတ်ကြကုန်လော" ဟု နောက်ဆုံးမိန်.ကြားပြီးလျှုင် ပရိနိဗ္ဗာန် ပြုတော်မူ၏။

ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်နှလုံးကောင်းရှိသော သူတို.သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင်. စိတ်ဓာတ်ယိုယွင်းဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတစ်ပါးကို အပြစ်မြင်၊ အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန်.ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော လက္ခဏာများဖြင်. မြင်.မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ.ပေ သည်။

သို.ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ.စာပေ၌ အခံ.ညားဆုံး စိတ်အားတက်ကြွဖွယ် အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေ သည်ဟု ရေးသားခဲ.၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို.က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင်.ဖန်တီးထားသော အနန္ဒဘုန်းတော်ရှင် မဟုတ်တော.ဘဲ အလွန်စိတ်ဓာတ်မြင်.မြတ်၍ ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ.စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

(ဆက်လက်ဖော်ပြပါဦးမည်)



Read more...

ရှိခိုးထိုက်စွာ အရပ်ခြောက်မျက်နှာ

လောကတွင်ကြီးပွားချမ်းသာတိုးတက်ဖို့အတွက် အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အောက်၊ အထက် အရပ် ခြောက်မျက်နှာကို ရှိခိုး ရပါတယ်ဟု မြတ်စွာဘုရားရှင်က ဂိဟိဝိနိယသုတ္တန် သို့မဟုတ် သိင်္ဂါလောဝါဒသုတ္တန် တွင်ဟောကြားတော်မူခဲ့ပါသည်။သိင်္ဂါလသုတ္တန်တွင်-


၁။ ကမ္မကိလေသလေးပါး၊
၂၊ အဂတိတရားလေးပါး၊
၃။ စီးပွားဥစ္စာပျက်ကြောင်းခြောက်ပါး၊
၎။ အရပ်ခြောက်မျက်နှာရှိခိုးခြင်း အကြောင်းဟူ၍ အခန်းလေးမျိုးခွဲ၍ မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင်က ဤသုတ္တန်ကို သိင်္ဂါလသတို့သားအား အကြောင်းပြု၍ ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါက မဂဓတိုင်း ရာဇဂြိုဟ်မြို့တော် သူဌေးတန်းရပ်ကွက်တွင် ကုဋ္ဋေလေးဆယ် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုတွင် သားယောင်္ကျာလေးတစ်ယောက်ဖွားမြင်၍ ချစ်စနိုးဖြင့် သိင်္ဂါလ (မောင်ခွေး) ဟုခေါ်ဝေါ်ကြသည်။ တစ်ဦးတည်းသော သားဖြစ်၍ မျိုးထားမတတ်ချစ်သောကြောင့် အလိုလိုက်ထားရာ အရွယ်ရောက်လာသောအခါဆိုးသွမ်းနေ၏။ မိဘနှစ်ဦး အသက်အရွယ်ကြီးရင့်လာသောအခါ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓသာသနာအပေါ်သားဖြစ်သူအား ယုံကြည်စေလို၍ အမျိုးမျိုးစည်းရုံးသော်လည်းမရပေ။ နောက်ဆုံး သေခါနီးအချိန်မှာ သားကိုအနားခေါ် အမွေလွဲအပ်ရင်း “ ငါ့သား၊ အဖေ မသေခင်စကားတစ်ခွန်းလောက်မှာခဲ့ချင်တယ်၊ ရတနာသုံးပါးကို ရှိမခိုးချင်နေပါ၊ငါ့သားလောကမှာကြီးပွားတိုးတက်အောင် အရပ်ခြောက်မျက်နှာနေ့တိုင်းလူမြင်ကွင်းမှာရှိခိုးပါဟု” မှာကြားပြီးကွယ်လွန်သွားသည်။ သိင်္ဂါလသတို့သားလည်းဖခင်မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာကို နေ့စဉ်ရှိခိုးနေသည်ကို မြတ်စွာဘုရားရှင် ရွေဥာဏ်တော်၌ မြင်တော်မူ၍ ကြွရောက်တော်မူလာပြီး မေးတော်မူလျှင် သင်္ဂါလသတို့ သားလည်းသူ၏ ရည်ရွယ်ချက်ကိုလျောက်ထားတော်မူသောအခါ မြတ်စွာဘုရားရှင်က “ အို…သူကြွယ်သား သိင်္ဂါလ ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းသားဖြစ်တဲ့ သင့်အဖေကပကတိ အရပ်ခြောက်မျက်နှာကို ရှိခိုးစေလို၍မှားကြားခဲ့ ခြင်းမဟုတ်”
၁။ အရှေ့အရပ်ဟူသည် မိဘနှစ်ပါးကိုဆို လိုတယ်။
၂။ တောင်အရပ်ဟူသည် ဆရာသခင်ကိုဆိုလိုတယ်။
၃။ အနောက်အရပ်ဟူသည် သားမယားတို့ကိုဆိုလိုတယ်။
၎။ မြောက်အရပ်ဟူသည် အဆွေခင်ပွန်းတို့ကိုဆိုလိုတယ်။
၅။ အောက်အရပ်ဟူသည် အလုပ်သမားအစေအပါးတို့ကိုဆိုလိုတယ်။
၆။အထက်အရပ်ဟူသည် သူတော်သူမြတ်၊ ရသေ့ရဟန်း တို့ကိုဆိုလိုတယ်။ အဲဒီအရပ်ခြောက်မျက်နှာလို့ သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်ခြောက်မျိုးတို့အပေါ် ၀တ္တရားကျေပွန်အောင် ပြုစုရခြင်းကို အရပ်ခြောက်မျက်နှာကို ရှိခိုးပါလို့ ဆိုလိုတယ် ဟုမြတ်စွာဘုရားရှင်၏ ရွေနှုတ်တော်မှ ကမ္ဘာ့လူသားအားလုံးတို့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသော ဤ သုတ္တန်တော်ကြီးကို ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မ မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့လည်း လောကတွင်ကြီးပွားတိုးတက်ချမ်းသာအောင် မသမာသောနည်းများဖြင့်စီးပွားရှားခြင်းများကိုရှောင်ရှာပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောတရားတော်များအတိုင်း လိုက်နာဆောင်ရွက်လျှင် ယခုဘ၀အတွက်သာမက နောင်သံသရာ အတွက်ပါ ကောင်းကျိုးများကိုခံစားရမည်ဖြစ်ပါသည်။ လာတုန်းကလည်းတစ်ယောက်တည်း ပြန်လျှင်လည်းတစ်ယောက်တည်းဖြစ်၍ ရခဲလှစွလူဘ၀မှာ လက်ချည်းဗလာမပြန်သင့်ပါ။ ထို့ကြောင့် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟူ၍ မခွဲခြားဘဲ ရသမျှ အချိန်လေးမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရားတော်များ၊ ဆရာတော်ကြီးများ၏ ဆုံးမလမ်းညွန်ချက်များကို လိုက်နာကျင့်ကြံအားထုတ် ခြင်းဖြင့်မိမိနောက်ကို ကောင်းမှုကုသိုလ်အထုတ်လေးပါအောင်ဆောင်ရွက်ကြပါစို့ဟု စာရေးသူအနေဖြင့်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



Read more...

ကောင်းမြတ်သောအကျင့် မရှိသူနှင့် ရှိသူ...

ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့တည်း။
အဘယ် နှစ်မျိုး တို့နည်း ဟူမူ ...

၁။ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်။
၂။ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်။
ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ...
ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိတ်သတ် ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏။ ဘုရား အဆုံးအမတော်ကို ပေါ့လျော့စွာ ယူကုန်၏။ အောက်ကို သတ်စေတတ်သည့် နိဝရဏတရားကို ပွားစေခြင်း၌ ရှေ့ သွား ပြုကုန်၏၊ ဝိသေက* ရမှု၌ တာဝန်ကို ပစ်ချထားကြ ကုန်၏၊ မရောက်သေး သောတရား**သို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှာ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လ မပြုကြကုန်။ ထိုသီတင်း ကြီး ရဟန်းတို့၏ နောက်လာ တပည့်သားအပေါင်းသည် မိမိတို့ မြင်ရသော ဆရာ့အပြုအမူကို အတုလိုက်ခြင်းသို့ ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏၊ ဘုရားအဆုံးအမကို ပေါ့လျော့စွာ ယူကုန်၏၊ အောက်သို့ သက်စေတတ်သည့် နိဝရဏတရားကို ပွား စေခြင်း၌ ရှေ့သွားပြုကုန်၏၊ ဝိဝေကရမှု၌ တာဝန်ကို ပစ်ချထားကုန်၏၊ မရောက် သေးသော တရားသို့ ရောက်ခြင်းငှာ မရသေးသော တရားကိုရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လ မပြုကုန်။ ရဟန်းတို့ ဤ ပရိတ်ကို ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိ သတ် ဟု ဆို၏။

ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိ သတ်ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ မကျင့်ကုန်၊ ဘရား အဆုံးအမကို ပေါ့လျော့စွာ မယူ ကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကြကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရား သို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လပြုကုန်၏။ ထိုသီတင်းကြီး ရဟန်းတို့၏နောင် လာ တပည့်သားအပေါင်းသည်လည်း မိမိတို့ မြင်ရသော ဆရာ့ အပြုအမူကို အတု လိုက်ခြင်းသို့ ရောက်ကုန်၏၊ ထို နောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှာ မကျင့်ကုန်၊ ဘုရား အဆုံးအမကို ပေါ့လျော့စွာ မယူ ကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လပြုကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် ...
ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော အကြင်ပရိသတ် သည်ရှိ၏။ ထိုပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

ပရိသ၀ဂ်-မှ၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။ 45

* ။ ဈာန် ဝိပဿနာ မဂ်ဖိုလ်တို့ကို ဆိုသည်။
** ။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့် လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဘူဆန် မြန်မာအသင်းမှ ဦးဆောင်ကျင်းပအပ်သော မြန်မာနှစ်ဦးအလှူ အထူးတရားပွဲ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ပွဲ မှတ်တမ်းဓာတ်ပုံများ..






Read more...

ရေးချင်လွန်းသော သူတို့နှစ်ယောက်အကြောင်း...

ရှေ့ဆုံးအမည်က ဖ-နဲ့... သူတို့နှစ်ယောက် အကြောင်းပါ...

ဒကာဒကာမတို့ တတွေရဲ့ အနီးအနားမှာ ဒီလိုသူမျိုး ရှိခဲ့ကြရင် ဘယ်လိုလုပ်ပေးကြမှာလဲ...။

သေချာ စဉ်းစား ဆင်ခြင်၍ တန်ဖိုးရှိသော လုပ်ရပ် တန်ဖိုးရှိသော တွေးခေါ်မှုများနဲ့ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ဖို့လိုပါတယ်။ တန်ဖိုးဆိုရာမှာ ဗိမ္ဗိသာရမင်းကြီးနဲ့ ပက္ကုသာ(ဿာ)တိမင်းကြီး နှစ်ပါး၊ တန်ဖိုးရှိသော အရာများဖလှယ်တာကို တရားလေ့လာနေတဲ့ သူတော်ကောင်းတွေ သိပြီးဖြစ်မှာပါ၊ တစ်ဦးက အဖိုးအနဂ္ဂ ထိုက်တဲ့ ပိတ်စလေး ပို့ပေးတယ်။ တစ်ဦးက အဖိုးအနဂ္ဂ ထိုက်တဲ့၊ ဘုရားဆိုတာပေါ်နေပြီ၊ သံဃာဆိုတာပေါ်နေပြီ၊ တရားဆိုတာ ဒါမျိုးလေး ဆိုပြီး အာနာပါနရှုမှတ်နည်း စာပေလွှာကို ပို့ကြတယ်လေ။ ဒီတော့ တန်ဖိုးဆိုတာ ဒကာဒကာမတို့က ဘယ်ဟာလို့ သတ်မှတ်မှာပါလဲ၊ အဖိုးအနဂ္ဂ ထိုက်တဲ့ ပိတ်စလေးပါလို့တော့ မလုပ်လိုက်ပါနဲ့ကွယ်၊ ကံကောင်းလို့ လူဖြစ်လာရတဲ့ ဘ၀လေး တန်ဖိုးရှိအောင် မသုံးလိုက်ရသလို ဖြစ်နေပါ့မယ်။


အင်တာနက် စာမျက်နှာတိုင်းမှာ တရားတော်တွေ ရေးနေကြပါတယ်၊ တစ်မျက်နှာကို ၂-နာရီ ၃-နာရီနဲ့ ပြီးကြပေမဲ့ ဒီစာမျိုးဖြစ်လာအောင်၊ ကိလေသာငြိမ်းစေသော စာမျိုးဖြစ်လာအောင် အနဲဆုံး ၄-သင်္ချေ ကမ္ဘာတစ်သိန်း ကြာပါလားလို့ ဒီလိုထိ တန်ဖိုးကို နားလည်လိုက်ပါ...။

တန်ဖိုးလေးတွေ မြင်အောင် ကြည့်နိုင်ကြပါစေ...။ ကြည့်တတ်သောသူ မြင်ရ၏တဲ့...။

မနေ့ကတော့ အပြင်ဆွမ်းကြွေးပွဲတစ်ခုမှာ အမျိုးသမီးဖြစ်သူက သူ့အမျိုးသားကို တရားလေ့လာခိုင်းတယ်၊ ရဟန်းခံခိုင်းပါတယ်၊ ၃-ရက်။ အမျိုးသားအနေနဲ့က ၃-ရက် ရဟန်းခံဖို့ စဉ်းစားနေတာ ၄-နှစ်ရှိသွားပါပြီ၊ အမြဲဖြေတာကတော့ သူ့သားလေး ၇-နှစ်သားရောက်မှ သားအဖ အတူတူဝတ်ကြမယ်တဲ့။ ဘုန်းကြီးက နောက်ထပ် ဒကာလေး ၃-ရက်ဝတ်ဖို့ ၃-နှစ်စောင့်ရပါဦးမယ် စိတ်ရှည်ရမှာပေါ့...။

ဒီနေရာမှာ ပြောလိုတာတစ်ခု အမျိုးသမီးများမကောင်းဘူး၊ (တချို့နော်) သူတို့ အမျိုးသားတွေ အသုံးအဖြုံးများရင် ဘုန်းကြီး ၀တ်ခိုင်းပြီ၊ မူးမူးရူးရူး လုပ်ရင် ဘုန်းကြီး ၀တ်ခိုင်းပြီ၊ လခကောင်းကောင်းမအပ်ရင် ဘုန်းကြီး ၀တ်ခိုင်းပြီ၊ တကယ်ဝတ်သွားပြီ ပြန်မထွက်ချင်တော့ဘူးဆို ကျောင်းလိုက်ပြီး တဂျီဂျီနဲ့ အလွန်ဂျီကျကြပါတယ်။ ဒကာမကြီးတို့က ပြောခြင်ပြောကြမယ် မခေါ်ပါဘူး အရှင်ဘုရားလို့။
ဒါက ဂျီကျပြီး လိုက်ခေါ်ကြောင်းလက်မှတ်... နောက်ပြီးမှဖတ်ပေါ့--->

ခုမှဇာတ်လမ်းစပါတော့မယ်... သူတို့ ၂-ဦးအကြောင်း...

သူတို့နှစ်ဦးထဲက တစ်ယောက်အကြောင်းက ဒီလိုပါ...။
ဒီဒကာလေး ယခင်က အနည်းငယ် ဆိုးတယ်လို့ သိရပါတယ်၊ အိမ်ထောင်ကြပြီးနောက် ဒကာမရဲ့ထိန်းသိမ်းမှုကြောင့် မကြာခင်မှာပဲ ဘုန်းကြီးနဲ့ တွေ့ရပါတယ်။ တရားတော်တွေလေ့လာ ဟောပြောပေး ကြာလာတော့ တရားတော်ရဲ့ တန်ဖိုး အကျိုးတရားလေးတွေ ခံစားစံစားလာရပါတယ်။ တရားတော်ရဲ့ အကျိုးတရားများဟာ ကိလေသာကုန်ခြင်း၊ နဲခြင်း ဖြစ်သည့်အတွက်၊ တချို့သူများဟာ ကိလေသာတွေနဲ့ နီးနီး မနေလိုတဲ့ သဘောသဘာဝတွေ ဖြစ်လာတတ်ပါတယ်။ ((၀ိသာခါနဲ့ မကာကြနဲ့ နောက်မှ ကာဘာများအကြောင်း စဉ်းစားပြီး ရေးပေးမယ်)) ဒါနဲ့ အမျိုးသမီးကို ဒီမှာထားခဲ့ပြီး သူကမြန်မာပြည် ပြန်သွားပါတယ်၊ ဘုန်းကြီး အပြီးဝတ်တော့မယ်ပေါ့။ မြန်မာပြည်ရောက်တော့ စပြီး အတားအဆီး ခံရပါတယ် ကျေးဇူးရှင် မိခင်ကြီးပေါ့၊ ငါ့သားရယ် ဘယ်လိုဖြစ်တာလဲ၊ ဟိုမှာနေရတာ အစဉ်မပြေလို့လား၊ မိန်းမနဲ့ရန်ဖြစ်လို့လား မ၀တ်ပါနဲ့ ငါ့သားရယ် (ဇာတ်လမ်းတွေအများကြီးပါပဲ) စသည် နေမှာပေါ့လေ။ တချို့ယောက်ျားတွေက ဒါမျိုးဆို ကျော်လွှားနိုင်ကြပါတယ်၊ မိခင်ပဲလေ...။ မိခင်ပဲလေဆိုတော့ နောက်က ကျန်သေးတယ်နော်။ ဒီလိုနဲ့ ၂-လလောက်တော့ ကြာမယ်ထင်ပါရဲ့ သူကလဲ ရဟန်းဘ၀နဲ့ ပျော်နေပါပြီ။ ၀ိနည်းတွေ လေ့လာ တရားစခန်းဝင်နဲ့ပေါ့။ ဒကာမက ၂-လကျော်လာတော့ ဖေါက်လာတယ် (ဒကာလေးတွေ သတိထား ဒီလိုပဲ) ဘာစိတ်ပေါက်တယ်မသိဘူး၊ မြန်မာပြည်လိုက်သွားပါလေရော...၊ သိတယ်ဟတ်လား၊ ဟိုဘုန်းကြီးခမျာ ကတုံးလေးနဲ့ ပြန်ပါလာတော့တာပေါ့...။
(ဘုန်းကြီးလူထွက် ငပိချက်တဲ့၊ ငယ်ငယ် ကလေးဘ၀က ဆိုခဲ့ဘူးတာလေးပါ)

ထွက်လာရတာက သူ့ခမျာ သာသနာ့ဘောင်မှာ ပျော်ရဲ့သားနဲ့ အခြေအနေ အမျိုးမျိုးငဲ့လို့ လူထွက်လာရတာဆိုတော့၊ ဘုန်းကြီးစိတ်နဲ့ လူဝတ်နဲ့ ဘယ်လိုမှကို ပဏာမရပါဘူး၊ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်...။ ဒီလိုနဲ့ ဒုတိယအကြိမ် မြန်မာပြည်ပြန် တရားအားထုတ်ပါတယ်၊ ဒီတခါတော့ လယ်သွားပြီ ရဟန်းမ၀တ်တော့ဘူး လူဝတ်နဲ့ဘဲ၊ သူ့အတွေး မှန်တာဘဲ ခု မိန်းမကလိုက်ခေါ်ပြန်ပြီ၊ ကံ မကုန်သေးတော့လဲ မကြာခင် ဘုန်းကြီးနဲ့သူ ပြန်တွေ့ ကြရဦးမှာပေါ့လေ...။

ဒကာဒကာမတို့ရဲ့ ဆွေမျိုးသားချင်းလေး ဆိုရင်ကော လွယ်လွယ်ကူကူ ၀တ်ခွင့်ပေးကြမှာလား၊ ၀တ်ပြီးရင်ကော ပြန်ခေါ်ကြမှာလား...။

ကဲ... နှစ်ယောက်ထဲက...
ရှေ့ဆုံးအမည် ဖ-နဲ့စတဲ့ ဒကာလေးတစ်ယောက် အကြောင်းပါ...
ရှမ်းပြည် တောင်ကြီး ဘက်ကလို့တော့ သိရပါတယ်...

သူကတော့ ဒီမှာ ပညာသင်ရင်းနဲ့ တရားကို စတင်ပြီး လေ့လာပါတယ် အိမ်ထောင်မရှိတော့ ထောင်မကျသေးသူပေါ့လေ...။ ကျောင်းတက်လို့ နောက်ဆုံးနှစ်မှာပဲ ဆုံးဖြတ်ပါတယ်တဲ့၊ ဘွဲ့ယူပြီးရင် ဘုန်းကြီး အပြီးဝတ်တော့မယ်လို့၊ မ၀တ်ချင်ခံနိုင်ရိုးလား ဒကာဒကာမတို့ သူ့ကို ပေးဖတ်ခိုင်းလိုက်တာက ၀ိသုဒ္ဓိမဂ်၊ ဒီထဲမှာက သီလစင်ကြယ်အောင် ကိလေသာတွေကို ဘယ်လိုနည်းတွေနဲ့ ပယ်ရမယ်၊ ဓုတင်ဆောက်တည်ပုံ ကိလေသာတွေကို ဘယ်လို ခါထုတ်ရမယ် ဆိုတာတွေ အသေးစိတ်ကို ရေးထားတာကိုး၊ ရဟန်းလောကမှာတော့ ၀ိသုဒ္ဓိမဂ်ဖတ်ပြီး တောထွက်ရင်ထွက် မထွက်ရင် လူထွက်လို့ ဆိုတာပဲ၊ ((ဘုန်းကြီးကတော့ သေသေခြာခြာ နှလုံးမသွင်းလို့နဲ့ တူပါရဲ့ နှစ်မျိုးလုံးထဲမပါ)) မြန်မာပြန်သူ ဆရာတော်ကြီးက မဟာစည်ဆရာတော်ဘုရား။ တရားတော်က အထူး စင်ကြယ်ခြင်း၏ အကြောင်းတဲ့။ ဒါကြောင့် တိုက်တွန်းပါတယ် အမျိုးကောင်းသားတွေ ဖတ်ကြပါလို့။

ဒီလိုနဲ့ ကျောင်းတက်လိုက် တရားလေ့လာလိုက် ကြိုတင်ပြီးတော့ ၀ိနည်းတွေလေ့လာဖို့ သင်ပေးလိုက်နဲ့ ဘွဲ့ရပြီးတဲ့အခါမှာတော့ မြန်မာပြည်ကို ပြန်ပြီး ဘုန်းကြီးဝတ်မယ်ဆိုပြီး ထွက်သွားပါတယ်၊ မြန်မာပြည်ရောက်တာနဲ့ ပြဿနာက စပါတော့တယ်၊ အမေက လုံးဝ လုံးဝကို ခွင့်မပြုပါ တန်ဖိုးရှိတဲ့သားလေး ရဟန်းဝတ်သွားမှာကို ခါးခါးသီးပါတဲ့။ ဒါနဲ့တင်လားဆိုတော့ မဟုတ်သေး စိတ်ချရအောင်ထောင်ထဲကို ထည့်ထားချင်သေးတယ်၊ ဟို... အချုပ်ထောင်မဟုတ်ပါဘူး။ အိမ်ထောင်ချမယ်တဲ့ ချွေးမချောလေး ရွေးထားပြီတဲ့၊ (နန္ဒရဟန်းကတော့ ဇနပဒကလျာကို မီးလောင်ငုတ်တို ပေါ်မှာ မိုးရေတွေရွှဲလို့ စောင့်ကြောင့်ထိုင်နေတဲ့ မျောက်အိုမကြီးနဲ့ နှိုင်းတာပဲ- နန္ဒရဟန်းကပြောတာပါ) မိဘတွေရဲ့ စေတနာလေးတွေပေါ့။ ဒါနဲ့ ဒကာလေးမှာ မြန်မာပြည်မှာ ခဏဘဲ ရဟန်းဝတ်ပြီး ပြန်လာရတယ်၊ ခုတော့ မိဘများကိုချော့ အလုပ်ကလေးလုပ်ပြီး ငြိမ်နေရတာပေါ့လေ။ သူကတော့ ဆုံးဖြတ်ထားပါတယ်တဲ့ ဇွဲမလျော့ပါ အပြီး ရဟန်းဝတ်မယ်တဲ့၊ သာဓု သာဓုပါလို့...။ တချိန်မှာတော့ အမြန်ဆုံး ဖြစ်လာနိုင်ပါစေ။

ကဲ... ဒကာဒကာမတို့...
သူတော်ကောင်းတို့ရဲ့ သား၊ သမီး၊ ညီအကို၊ မောင်နှမတွေထဲက၊

ဘွဲ့လေးကလဲ ရပါပြီ...
လိမ်လည်း လိမ်မာသည်...
ရုပ်ကလေးကလဲ ဖြောင့်သေးသည်...
ဝင်ငွေကတော့ ကောင်းလိမ့်မည်...
စိတ်မနောကလဲ ဖြူစင်သည်...
ဥစ္စာကလဲ ပေါများမည်...
ကျန်းမာရေးလဲ ကောင်းသေးသည်...

ဆိုကြပါစို့ သူလေးကများ...
အပေါ်မှာရေးခဲ့သလို သူတော်ကောင်း ဓါတ်ကလေးဖြင့်...
သာသနာ့ဘောင် ၀င်ရောက်လိုပါပြီ...
သင်တို့ ဘယ်လို ဆုံးဖြတ်ကြမယ်...???

ဒီလိုကြီးတော့ မဖြေသင့်ပါ...
ဒီ အကြီးကောင်က ငပျင်းပါ၊
စာကလဲ မတတ်တာ၊
အလုပ်ကလဲ မလုပ်ချင်သေး၊
အဲဒီကောင်ကို ရဟန်းဝတ်ပေး။

ဟို ငယ်လေးကတော့ ရုပ်ချောတာ၊
သဘောကောင်းလို့ မနောဖြူပါ၊
ပညာတတ်လေး ငွေရှာပေး၊
သူ့လေးကိုတော့ ၀တ်စေနဲ့ဟေ့။

ဒီလိုတော့ မလုပ်ကြပါနဲ့နော်...။ ရခဲပါတယ်...။ တွေ့ခဲပါတယ်...။

တရားတော်တွေ ဖတ်တယ်ဆိုကထဲက...
သူတော်ကောင်းဓါတ်တွေ ကိန်းပြီးသားဆိုတာ သိပါတယ်...။

မနှစ်သက်ပါလျှင် ပြင်ရေးပေးပါမယ်...။

ကဗျာလည်း မရေးတတ်ပါ၊ စာလည်းမရေးတတ်ပါ၊ လက်ဆယ်ချောင်းဖြင့် ရမ်းနှိပ်နေခြင်းသာ။
သင်ပေးပါလျှင် ကျွန်ုပ် အလှုခံပါ့မည်။ (စာရေးနည်း)

စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲ ကင်းဝေးကြပါစေ...။
ဦးလောကနာထ
၎.၁၉.၂၀၀၉


Read more...

မျက်နှာကိုက ပြုံးစိစိနဲ့... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၅-မှ...

မျက်နှာကိုက ပြုံးစိစိနဲ့...

အရာရာပင် သူများတွင်... ပြစ်မြင်ခွင့်လွှတ်လေ...
ကိုယ်မူကျင့်လည်း အစဉ်ပဲ... စွဲမြဲကျင့်ပါလေ...
မလိုသူတွက် ကိုယ်ကျင့်ပျက်... အမျက်ရှောင်ပါလေ...
တိုက်ခံတွေ့လေ ကျင့်မြဲစေ... တိုးလေအမြဲပေ...





















Read more...

အရှင်မဟာကဿပ ရဲ့ (တည်တောဆရာတော် (မေး+ဖြေ))

မေးထားသည်ကတော့ ကြာပါပြီ မဖြေလို့ မေးသူလဲ မေ့လောက်ပါပြီ...၊
ဘုန်းကြီးကတော့ တာဝန်ကြီးလို ဖြစ်နေလို့ မမေ့ဘဲ အမြဲရှာနေပါတယ်...၊
အကောင်းဆုံးအဖြေ ရှိခဲ့ဘူးပါတယ် ခုရှာမတွေ့၍ ရှိတာဘဲ တင်ပေးလိုက်ပါတယ်...၊
ကောင်းလွန်းသော အဖြေဆို တချို့လဲ လက်မခံလိုကြပါ...၊
ဆရာတော်ကြီးရဲ့ ဒီအဖြေလောက်ဆို သင့်တော်ပါတယ်...။

လေ့လာကြည့်ကြပါစို့...

တည်တောဆရာတော် (မေး+ဖြေ) ၃-မှ...

အရှင်မဟာကဿပ ရဲ့ ရုပ်ကလာပ်တော်...











Read more...

၈။ဇေတ၀န်မှ ဆွမ်းခံဝင်ရင်း သာဝတ္ထိမြို့  မလ္လိကာ၏ ဥယျာဉ်အတွင်း အယူပြိုင်ရာဌာန တယ်ပင် တန်း ဇရပ်၌တည်းခိုသော ပုရိဗိုဇ်ပရိသတ် သုံးရာနှင့်အတူ ပေါဋ္ဌပါဒပုရဗိုဇ်အ

“ပေါဋ္ဌပါဒ - ဘာစကားတွေ ပြောနေကြတာလဲ”
“အခုပြောနေတဲ့ စကားကတော့ နောက်မှဆက်ပြောလည်းရတဲ့ စကားဖြစ်လို့  မပြောတော့ပါ ဘူး။ တပည့်တော် အမှတ်ရတာလေး လျှောက်ပါရစေ။ ရက်အတော်ကြာကြာ တပည့်တော်တို့  ဆွေးနွေးဝိုင်းမှာ “သညာဘယ်လိုချုပ်သလဲ” - ဆိုတဲ့ ပြဿနာ ပေါ်ပါတယ်။ အဖြေတွေက အမျိုးမျိုးပါပဲ။ ဗုဒ္ဓအသျှင်ဟာ ဒါကျွမ်းတယ်။ ဒါ့ကြောင့် ဗုဒ္ဓအသျှင်ထံ ဒါတောင်းပါရစေ။ ဘယ်လိုအခြင်းအရာနဲ့  သညာချုပ်တာပါလဲ အသျှင်”

“ပေါဋ္ဌပါဒ - သညာဟာ အကြောင်းမဲ့ ဖြစ်တာ၊ ချုပ်တာ မဟုတ်ပါဘူး။ အကြောင်းနဲ့ ပဲ ဖြစ်တယ်၊ ချုပ်တယ်”
“ဘယ်လို ဖြစ်တာ၊ ချုပ်တာပါလဲ အသျှင်”

“ပေါဋ္ဌပါဒ - လူဟာ စိတ်ဆိုး၊ စိတ်ဆာ၊ စိတ်ထိုင်းမှိုင်း၊ စိတ်ကုပ်ကမြင်း နဲ့  စိတ်-နှစ်လုံးနှစ်ခွ ဆိုတဲ့ စိတ်မပွင်းလင်းမှုတွေ မရှိအောင်နေမှု တွေးခေါ်သုံးသပ်သူဟာ နှစ်သိမ့်၊ ချမ်းမြေ့၊ ငြိမ်းအေးတယ်။ အဲသည်သူဟာ “ရူပပဌမဈာန်သညာ” ဖြစ်ပြီး၊ “ကာမသညာ” ချုပ်တာပဲ။ “ကာမသညာ ချုပ်ခြင်း” သည် “ပဌမဈာန်သညာ ဖြစ်ခြင်း” ရဲ့  အကြောင်းဟာ အကျင့်ပဲ။

ဒုတိယဈာန်ရောက်တဲ့အခါ “ပဌမဈာန်သညာ”- ချုပ်ပြီး၊ “ဒုတိယဈာန်သညာ”- ဖြစ်။ တတိယဈာန် ရတဲ့အခါ “ဒုတိယဈာန်သညာ”- ချုပ်၊ “တတိယဈာန်သညာ”- ဖြစ်။ စတုတ္ထဈာန် ရတဲ့အခါ “တတိယဈာန်သညာ”- ချုပ်၊ “စတုတ္ထဈာန်သညာ” ဖြစ်။ အာကာသာနဉ္စာယတန ဈာန် ဖြစ်တဲ့အခါ “စတုတ္ထဈာန်သညာ”- ချုပ်၊ “အာကာသာနဉ္စာယတနဈာန်သညာ”- ဖြစ်။ ၀ိညာဏာ နဉ္စာယတနဈာန် ရတဲ့အခါ “အာကာသာနဉ္စာယတနဈာန်သညာ”- ချုပ်၊ “၀ညာဏာ နဉ္စာယတနဈာန်သညာ”- ဖြစ်။

ပေါဌပါဒ-၀ညာဏာနဉ္စာယတနဈာန်ရသူဟာ ဒါကို ၀င်စားလျှင် နောက်သညာတွေ ပေါ်တာပဲ။ “ဘာမှမလုပ်ဘူ့း”- လို့  နေတယ်။ ဒါ့ကြောင့် “အာကဉ္စညာယတနသညာ” လည်း တခြားသညာအကြမ်းတို့  မပေါ်ဘဲ သညာ၊ ဝေဒနာချုပ်ပြီး၊ “သညာ၊ပညာ” ချုပ်ရာ သမာပတ် ၀င်စားတယ်။ ပေါ်ဋ္ဌပါဒ - သည်စကားကို ဘယ်လိုအောက်မေ့သလဲ၊ ကြားဖူးရဲ့ လား”
“မြတ်စွာဗုဒ္ဓ ဟောမှ ကြားဖူးတာပါပဲ။ ရှေးက မကြားဘူးပါဘူးအသျှင်”

“အေး - ဟုတ်မှာပါပဲ ပေါဋ္ဌပါဒ”
“ဗုဒ္ဓအသျှင်- သညာရဲ့  အဆုံးတစ်ခုထဲလို့  အသိပေးသလား၊ အများအပြား လို့  အသိပေးသလား၊ သိပါရစေ”

“နှစ်ခုလုံးပဲ”
“ဘယ်လိုလဲ၊ ဗုဒ္ဓအသျှင်”

“သညာချုပ်ရာ ဈာန်သမာပတ်အလျောက် သညာချုပ်မှုအသိပေးလို့ ပဲ”
“သညာက အလျင်ဖြစ်တာ”
“သညာနဲ့ အတ္တ အတူလား၊ တခြားလား”

“ဘာကို“အတ္တ” လို့  မင်းယုံတာလဲ”
“ဘုတ်ရုပ်တွေရှိတဲ့၊ ထမင်းစားနေတဲ့ သည်အကောင်ကြီး- လို့ ယုံပါတယ် အသျှင်”

“အဲဒါ “အတ္တ” ဆိုလျင် “သညာ” ဟာ “အတ္တ” နဲ့  တခြားလို့ ပြောရမှာပဲ။ ဘာဖြစ်လို့ လဲဆို တော့ “သညာ” က ဖြစ်လိုက်၊ ချုပ်လိုက်နေတယ် မဟုတ်လား ပေါဋ္ဌပါဒ”
“ဈာန်စိတ်တွေရှိတဲ့ သည်အကောင်ကြီးကို “အတ္တ” လို့ ယုံတယ် ဆိုလျင်ကော ဘုရား”

“သည်လိုဆိုလည်း တခြားစီပဲ။ “သညာ” တွေက ဖြစ်၊ ချုပ်နေတာပဲ မဟုတ်လား ပေါဋ္ဌပါဒ”
“ဟုတ်ပါ့ဘုရား”

“အမှန်အကန်နဲ့ ခြားတဲ့ အယူရှိတဲ့၊ အဲသည်အယူအားထုတ်တဲ့ ဆရာရှိတဲ့ သင့်အနေနဲ့  အတ္တ နဲ့ သညာ အတူလား၊ တခြားလား၊ သိဖို့ မလွယ်ပါဘူး”
“တပည့်တော်အနေနဲ့  မလွယ်ဘူးဆိုလျင် ဗုဒ္ဓအသျှင်ဟာ ဘယ်လိုလဲ-
“သည်ကိုယ်လောကကြီးဟာ မြဲသလား။ ဒါဗုဒ္ဓအယူပဲ၊ ဒါမှမှန်တယ်၊ တခြားဟာတွေ အလကားဆိုလျင်ကော”

“ငါသည် သည်လိုမပြောပါဘူး ပေါဋ္ဌပါဒ”
“သည်လောကကြီးဟာ မမြဲဘူးလား”

“သည်လိုလည်း ငါမပြောပါဘူး”
“သည်လောက အဆုံးရှိသလား”

“သည်လိုလည်း ငါမပြောပါဘူး”
“သည်လောက အဆုံးမရှိဘူးလား”

“သည်လိုလည်း ငါ-မဟောပါဘူး ပေါဌပါဒ”
“အသက်နဲ့ ကိုယ် အတူလား”

“ဒါ- ငါမပြောဘူး”
“အသက်နဲ့  ကိုယ်တခြားစီလား”

“ဒါ ငါမပြောဘူး”
“သတ္တ၀ါ သေပြီးနောက် ဖြစ်သလား”

“ဒါ ငါမပြောဘူး”
“သတ္တ၀ါ သေပြီးနောက် မဖြစ်ဘူးလား”

“ဒါ ငါမပြောဘူး ပေါဌပါဒ”
“သတ္တ၀ါ သေပြီးနောက် ဖြစ်လည်း ဖြစ်၊ မဖြစ်လည်း မဖြစ်လား”

“ဒါ ငါမပြောဘူး”
“သတ္တ၀ါသေပြီးနောက် ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်လား”

“ဒါ ငါမပြောဘူး ပေါဌပါဒ”
“ဒါတွေ ဘာ့ကြောင့် မပြောတာလဲ ဗုဒ္ဓအသျှင်”

“ဘာမှ အကျိုးမရှိ၊ အကျင့်မဟုတ်ဘဲ ဘာမှ ကောင်းမွန်တာတွေ မဖြစ်လိုပဲ”
“ဘာကိုပဲ ဗုဒ္ဓအသျှင် ဟောပါသလဲ”

“ကံ တွေဟာ ဒုက္ခ တွေပဲ။ ကံပြုလိုမှု အစွဲတွေ၊ အငြိတွေဟာ ဒုက္ခဖြစ်ကြောင်း တွေပဲ။ အစွဲငြိမ်းတာဟာ ဒုက္ခ ငြိမ်းရာပဲ။ မဂ္ဂင်ရှစ်ပါးဟာ ဒုက္ခငြိမ်းကြောင်းပဲ။ ဒါတွေပဲ ဟောတယ် - ပေါဌပါ။”
“ဒါကတော့ ဘာဖြစ်လို့  ဟောရတာလဲ ဗုဒ္ဓအသျှင်”

“ဒါတွေက အကျိုးရှိတယ်၊ တရားအကျင့်လည်းဟုတ်တယ်၊ ကောင်းမှု အထွေထွေလည်း ဟုတ် တယ်။ ဒါကြောင့် ဟောတာ”
“မြတ်စွာ ဗုဒ္ဓအသျှင်ဟာ စကားကောင်းမွန်တွေ ဆိုတတ်သူပါပဲ ဘုရား။ ဗုဒ္ဓအသျှင်ဆိုတဲ့ စကားတွေဟာ အကောင်းအမွန်တွေပါပဲ ဗုဒ္ဓအသျှင်”

ပရဗိုဇ်များ။ “အို- ပေါဌပါဒ။ ဗုဒ္ဓအရှင် ဟောတာတွေကို ဘာနားလည်လို့  အကောင်းတွေပါပဲ၊ အမှန်တွေပါပဲ - လို့  ပြောရတာလဲ၊ ငါတို့ ဖြင့်ဗုဒ္ဓဟောတာတွေထဲမှာ ဘာ- သိစရာတစ်ခုခု ပါလို့ လဲ၊ သည်လို မပြောဘူး။ သည်လိုမပြောဘူး- ချည့် ပြောနေတဲ့ဟာပဲ။ ကျွန်ုပ်တို့  ဘာမှ မသိရပါ။ အသျှင်က ဘာဝမ်းမြောက်တာလဲ”

“ဗုဒ္ဓအသျှင် - တပည့်တော်အဖော်တို့ ရဲ့ စကားကို ပြန်ပြောခွင့်ပြုပါ။ အရှင်တို့  - ဗုဒ္ဓဟောတဲ့ တရားကို အရှင်တို့ ဘာမှ မသိကြရ- လို့ ဆိုတယ်။ ဗုဒ္ဓဟောတဲ့ တရားကို ငါလည်း ဘာမှ မသိ ပါဘူး။ ဒါ- အမှန်ပါပဲ။ လောကမြဲတယ်လို့  ငါမသိပါ။ လောကမမြဲဘူးဆိုတာလဲ ငါမသိပါ။ လောကအဆုံးရှိတယ်လို့  ငါမသိ။ မဆုံးဆိုတာလည်း ငါမသိ။ အသက်နဲ့ ကိုယ် အတူလို့  ငါ မသိ။ တခြားလိုလည်း ငါမသိပါ။ သတ္တ၀ါသေပြီး ဖြစ်တယ်လို့ ငါမသိ။ မဖြစ်လို့ လည်း ငါမသိ။ ဖြစ်လည်းဖြစ်၊ မဖြစ်လည်းမဖြစ်လို့  ငါ- မသိ။ ဖြစ်လည်း မဟုတ်၊ မဖြစ်လည်း မဟုတ်လို့  ငါ - မသိ။ သည်တော့ ဗုဒ္ဓဟာ ဟုတ်မှန်တာတွေကို ဟုတ်မှန်တဲ့ အတိုင်း မြဲမြံသေချာတဲ့ အကျင့်ကို ဟောတာပဲ။ သည်လိုစကားမှန်ကို ငါ့လိုပညာရှင်က ဘာဖြစ်လို့  ၀မ်းမသာ၊ မချီးမွမ်းရဘဲ နေရ မှာလဲ ငါ့ရှင်တို့ ”

“ပေါဌပါဒ- သင့်မှာ ပညာမျက်စေ့ရှိတယ်။ လောကမြဲ၊ မမြဲ စတဲ့အမှန်မဟုတ်တာတွေကို အမှန် မဟုတ်လို့ ၊ ကံတွေကို ဒုက္ခ ပဲစတဲ့အမှန် ဟုတ်တာတွေကို အမှန်ဟုတ်တွေ လို့ ငါ- ဟောခဲ့ တယ်။ ဘာကြောင့် မဟုတ် ကို မဟုတ်၊ အဟုတ် ကို အဟုတ် ဟောကြားရသလဲဆိုတဲ့ အကြောင်းလည်း ငါ- ဟောကြားခဲ့တယ်။ ဒါကို သင်သိတယ်။ ပေါဌပါဒ- သင့်မှာ ပညာမျက်စေ့ ရှိတယ်”
“သည်အကြောင်းတွေကို သည်ထက် ကျယ်ကျယ်ပြန့် ပြန့် ပေါ်လွင်အောင် ချဲ့ဖြန့် မိန့် ကြား ပေးပါဦး အသျှင်၊ တတ်နိုင်လျင် တပည့်တော်ရဲ့ အဖော်တွေကိုလည်း တပည့်တော်လို နားလည် သွားစေချင်ပါတယ်”

“ပေါဌပါဒ- အတ္တဟာ ချမ်းသာတယ်၊ သေပြီးလည်း မြဲတယ်လို့  ပြောကြတဲ့သူတွေ ရှိတယ်။ သူတို့ ကို ငါမေးတယ်။ အဲဒါ မဟုတ်လား လို့ ပေါ့။ သူတို့ က အေး- လို့ ဝန်ခံကြတယ်။ တကယ်ချမ်းသာတဲ့ လောကကို ဉာဏ်မျက်စေ့နဲ့  သိမြင်နေကြသလား- လို့ ငါက သူတို့ ကို မေးတယ်။ မသိမြင်နေပါဘူး - လို့  သူတို့  ဖြေကြတာပဲ။
တခါထပ်ပြီး သူတို့ ကို ငါ- မေးတယ်။ တစ်နေ့ တစ်ညလောက် ဒါမှမဟုတ် နေ့ ဝက်လောက်၊ ညဥ့်ဝက်လောက် တကယ်ချမ်းသာတဲ့ အတ္တကို ကောင်းကောင်းသိသလား - လို့ ပါပဲ။ သည် အမေးကိုလည်း သူတို့ ခေါင်းခါ တာပါပဲ။ ငါက ဆက်မေးတယ် - တကယ်ချမ်းသာတဲ့ လောက ရောက်ဖို့  ဒါ- အကြောင်းပဲ။ ဒါက အကျင့်ပဲ၊ မင်းတို့  သိကြသလား- သည် အမေးကိုလည်း သူတို့  လက်ခါကြတာပါပဲ။
သူတို့ ကို ငါ- ဆက်မေးတယ်။
အချင်းတို့  တကယ် ချမ်းသာတဲ့ လောကရောက်ဖို့  ဖြောင့်ဖြောင့်ကျင့်ကြပါ။ သည်လိုကျင့်လို့  တကယ်ချမ်းသာတဲ့ လောကကို ငါတို့  ရောက်နေကြတယ်- လို့  တကယ်ချမ်းသာတဲ့ လောက ရောက်နေတဲ့ နတ်တွေ ပြောသံများ ကြားဖူးကြသလား သည်လိုအမေးကိုလည်း သူတို့  ခေါင်း ရော၊ လက်ရော ခါကြတာပဲ။ ပေါဌပါဒ -
ဘယ်လိုလဲ အတ္တဟာ ချမ်းသာတယ်၊ သေပြီးမြဲတယ်- ဆိုတဲ့ သူတို့ စကားဟာ ဘာဆန်းသလဲ၊ သူတို့  စကားက ငါပြောမယ့် ဥပမာနဲ့  တူနေတယ်။ ရှေးအခါက အမျိုးသား တစ်ယောက် ရှိခဲ့တယ်။ သူဟာ လူမျိုးနွယ်စု တစ်ခုက ကောင်းခြင်း လက္ခဏာနဲ့  ပြည့်စုံတဲ့ ဇနပဒကလျာဏီ အမျိုးသမီးကို လိုချင်နေတယ်။ တမ်းတနေတယ်။ သူ့ ကို အဖော်တွေက မေးကြတယ်။ မင်းလို ချင်တဲ့ အမျိုးသမီးက မင်းသမီးလား၊ ပုဏ္ဏားသမီးလား၊ ကုန်သည်သမီးလား၊ ဆင်းရဲ သားသမီး လား- ဆိုတော့ မသိဘူး- လို့ ဖြေတယ်။

သူ့ ကို ထပ်မေးကြပြန်တယ်။ အမျိုးသမီးရဲ့ အမည်၊ အမျိုး၊ အရပ် အနိမ့် အမြင့်၊ အသား အဖြူ အမည်း၊ ဘယ်ရွာ ဘယ်မြို့ - လို့ ။ မသိဘူး- လို့ ပဲ ဖြေတယ်။ သူ့ ကို ထပ်မေးကြပြန်ပါတယ်။ မင်းမသိတဲ့ မိန်းမကို မင်းတမ်းတနေတာလား - လို့ ၊ သူက အေး- လို့ ဖြေတယ် - ဘာ အံ့သြစရာ ရှိသလဲ။ ပေါဌပါဒ-”
“ ဘယ်လိုပါလဲ ဗုဒ္ဓအသျှင်”

“လူတစ်ယောက် လမ်းဆုံမှာ လာပြီး သဲကြီး၊ မဲကြီးနဲ့  လှေခါးလုပ်နေတယ်။ တွေ့ သူ ခရီးသွား တွေက မေးကြတယ်။ လှေခါးနဲ့ တက်ရမယ့် ပြဿဒ်က ဘယ်လောက်မြင့်တဲ့ ပြဿဒ်လဲ - လို့  ပေါ့။ သူက မသိဘူး လို့ ဖြေတယ်။ ကဲ- ဘာအံသြစရာရှိတဲ့ စကားလဲ ပေါဌပါဒ”
“အချည်းနှီးစကားတွေ ဖြစ်တယ်ဆိုတာ ထင်ရှားပါပြီ အသျှင်။ ဘာမှ အံ့သြစရာမရှိတာ ထင်ရှားပါတယ်”

“ပေါဌပါဒ- ငါတို့ ဟောတဲ့ တရား ဘယ်လောက် အံ့သြစရာရှိတယ်ဆိုတာ ကြည့်စမ်း”
“အမိန့် ရှိပါအသျှင်”

“ပေါဌပါဒ- လောကမှာ အတ္တ ဆိုတဲ့ ငါအဖြစ် ရတာ သုံးမျိုးရှိတယ်”
“ ဘာတွေပါလဲ အသျှင်”

“ရုန့် ကြမ်းတဲ့ ငါ- အဖြစ်ရမှု၊ ရုပ်ဈာန်ဖြစတဲ့ ငါ- အဖြစ်ရမှုနဲ့  ရုပ်မဲ့ဈာန်ဖြစ်တဲ့ ငါ- အဖြစ်ရမှု တွေပဲ”
“ရုပ်ဈာန် ငါ- အဖြစ်ရမှုဟာ ဘာပါလဲ”

“ကာမသညာမရှိတဲ့ ၀ိတက်၊ ၀ိစာရစတဲ့ အင်္ဂါတွေရှိတဲ့ ရုပ်သညာဈာန်တွေ ငါ- အဖြစ်ရမှုပဲ”
“ရုပ်မဲ့ ဈာန်ဖြစ်တဲ့ ငါ- အဖြစ်ရမှုကကော ဘုရား”

“ရုပ်သညာမရှိတဲ့ ရုပ်မဲ့သညာ ငါ- အဖြစ်ရနေမှုပေါ့။ ဒါ- ငါအဖြစ် အတ္တ ရခြင်းသုံးမျိုးပဲ ပေါဌပါဒ”
“ရှင်းပါပြီ အသျှင်”

“ပေါဌပါဒ- သည် အတ္တဆိုတဲ့ ငါ- အဖြစ်ရခြင်း သုံးမျိုးကို ဟောတာဟာ ရရှိစရာအဖြစ် ဟောတာ မဟုတ်ဘူး။ ရစေချင်လို့  ဟောတာ မဟုတ်ဘူး။ သည်လိုရကြတဲ့ အတ္တ လို့ ဆိုတဲ့ ငါ- အဖြစ်တွေ ရှိတယ်။ ဒါတွေဟာ ပယ်စရာ ဖြစ်လို့  ပယ်စေချင်လို့  ဟောတာပဲ”
“ဗုဒ္ဓအသျှင်- သည် ငါ- အဖြစ် အတ္တသုံးမျိုးဟာ ပယ်ရမယ့်ဟာတွေလား။ ပယ်ဖို့  အသျှင်ဘုရား ဟောသလား”

“ဟုတ်တယ် ပေါဌပါဒ။ သည် အတ္တ ဆိုတဲ့ ငါ- အဖြစ်ရခြင်း သုံးမျိုးလုံးကိုပဲ ပယ်ဖို့  ငါဟော တယ်။ ပယ်မှပဲ ညစ်ညမ်းမှု၊ မကောင်းမှုတွေပျောက်ပြီး၊ ဖြူစင်ကောင်းမွန်မှုတွေ ပွားမယ်။ ပညာတွေ ပြည့်စုံပြန့် ပွားမယ်။ သည်အဖြစ်တွေ မျက်မှောက်မှာ ကိုယ်တိုင်ရောက်နေမယ်”
“ဗုဒ္ဓအသျှင် သည်လိုတွေ ရောက်နေမယ်ဆိုတဲ့ အတိုင်း ရောက်ပေမယ့် အဲသည် ရောက်နေ သူ့ အနေမှာ ဆင်းရဲမနေပေဘူးလား”

“မဆင်းရဲဘူး၊ ပေါဌပါဒ။ သိ၊ ထင်၊ မြင်ပြီး ၀မ်းမြောက် နှစ်သက်နေရတယ်၊ ဘာပြုလို့ လဲ ဆိုတော့ ညစ်ညမ်း ဆိုးရွားမှုတွေ မရှိတော့တာ ကြောင့်ပဲ”
“ဟုတ်ပါပြီ အသျှင်ဘုရား”

“ဘယ်လိုလဲ၊ ပေါဌပါဒ၊ ငါပြောတာတွေ အံ့သြလောက်ရဲ့လား”
“အံ့သြလောက်ပြီလား ဘုရား”

“ငါက ပြဿဒ်အောက်မှာ လှေခါးလုပ်နေတာပဲ။ သည်လှေခါးဟာ ဘယ်ပြဿဒ်တက်ဖို့  ပြစရာမရှိတာ ဘယ်ဖြစ်တော့မလဲ”
“ဟုတ်ပါ့ ဘုရား”

စိတ္တ။ ဗုဒ္ဓအသျှင်မြတ်ဘုရား- တပည့်တော်ဟာ ဆင်ထိန်းဆရာရဲ့သား စိတ္တပါ အသျှင်။ အသျှင်ရဲ့ အတ္တ အကြောင်း စ- မိန့် ကြားကတည်းက တပည့်တော် သည်ရောက်လာလို့  အားလုံး မှတ်သား၊ နာကြားရပါတယ်။ သည်တော့ ကြားရတာထဲက အနည်းအပါး လျှောက်ပါ ရစေ”
“သဘောရှိ လျှောက်ထား စိတ္တ”

“ဗုဒ္ဓအသျှင်ဘုရား- အတ္တလို့  ဆိုတဲ့ ငါ- အဖြစ်ရမှု သုံးမျိုးအနက် တစ်ခုခု ရနေတဲ့ အခါ ကျန် နှစ်ခုဖြစ်တဲ့ ငါ- အဖြစ်ရမှုတွေဟာ အလကားပဲ။ ရနေတဲ့ ငါ- အဖြစ်ပဲ ထင်ရှားတယ်။ သည်လို မဟုတ်လား ဘုရား”
“စိတ္တ - ရနေတဲ့ ငါ-အဖြစ်(အတ္တ) တစ်ခုခုပဲ ငါအဖြစ် အတ္တ လို့ ရေတွက်ရတယ်။ ကျန်တာကို ငါအဖြစ် ရတဲ့ အတ္တလို့  မရေတွက်ရဘူး”

“ဗုဒ္ဓအသျှင်မြတ်ဘုရား- အဲသည်လို ဖြစ်ရတဲ့ အတွက် အခြားသူတစ်ယောက်ယောက်က တပည့်တော်ကို မေးမယ် ဆိုပါတော့ - မင်းဟာ ကာလသုံးပါး တစ်ပါးပါးမှာ ငါ- အဖြစ် ရမှု အတ္တဖြစ်နေတယ် ဆိုပါတော့။ ကျန်တဲ့ ကာလနှစ်ပါးမှာ ငါ-အဖြစ် အတ္တ ရမှုပဲ ထင်ရှားတယ် လား- သည်လိုမေးလျင်လည်း တပည့်တော်က မေးသူကို အေး- ဟုတ်တယ် လို့ ပဲ ဖြေမှာပဲ။ ဒါ မှန်ပါရဲ့လား ဗုဒ္ဓအသျှင်”
“ဟုတ်တယ် စိတ္တ။ နွားမက နို့ ရည်ဖြစ်တယ်။ နို့ ရည်က နို့ ဓမ်းဖြစ်တယ်။ နို့ ဓမ်းက ဆီဥဖြစ်တယ်။ ဆီဥက ထောပတ်ဖြစ်တယ်။ ထောပတ်က ထောပတ်ကြည်ဖြစ်တယ်။ နွားမက နွားမပဲဟုတ်တယ်။ ကျန်တာတွေ မဟုတ်ဘူး။ အဲသည်လို တစ်မျိုးစီဟာ တစ်မျိုးစီပဲ ဟုတ်တယ်။ ထောပတ်ကြည်က ထောပတ်ကြည်။ နွားမ၊ နို့ ရည်၊ နို့ ဓမ်း၊ ဆီဥ ထောပတ် မဟုတ်ဘူးပဲ”

“ အတိုင်းမသိ ၀မ်းသာလှပါတယ်။ ဗုဒ္ဓအသျှင်။ တပည့်တော်စိတ္တကို ရှင်ရဟန်းအဖြစ် လက်ခံ တော်မူပါ အသျှင်”
ပေါဌပါဒ။ “တပည့်တော် ပေါဌပါဒကိုလည်း ဥပါသကာအဖြစ် လက်ခံပါ အသျှင်”







Read more...

စိတ်ဆိုသည်မှာ မပြေးပါ…ဆုံရာ အာရုံသိခြင်းတည်း

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော် ဘုရား

တပည့်တော်ကစိတ်ကအပြင်အာရုံကို ထွက်ထွက်ပြေးနေတယ်လို့ထင်မိပါတယ်..။

အာရမ္မဏံ စိန္တေတီတိ စိတ္တံ= အာရုံကို ကြံတတ် သိတတ် လို့စိတ်လို့ခေါ်တာပေါ့နော်ဘုရား။

စိတ်ဆိုတာ အာရုံကို ကြံစည်ရုံသိရုံမျှသာ ဖြစ်နေပါတယ်..။သိပြီးကြံပြီးရင်လည်းပျက်သွားတတ်ပါတယ်..။

သိပြီးပျက်ခြင်း ဟူသော အလုပ်ကလွဲပြီး ပြေးတဲ့ အလုပ်ကို စိတ်ကလုံးဝ မလုပ်ပါဘူး..။

တပည့်တော် ရောက်ဘူးတဲ့ ဘုရားကြီး ကို ဘုရားကြီးလို့ကြားလိုက်တာနဲ့ပဲ… အထူး အာ ရုံပြု စရာ မလို ပဲ ရောက်သွားပါတယ်ဘုရား။ ပစ္စုပ္ပန်တည့်တည့် ဘုရားကြီးကိုရောက်သွားတာ မဟုတ်ပဲနဲ့ ကိုယ်ရောက်ဘူးတဲ့ ဘုရားကြီးကို ပုံဖော်ပြန်သိတာပါဘုရား။

ပစ္စုပ္ပန်တည့်တည့်က ဘုရားကြီးကို မသိပါဘူးဘုရား။ အခု အချိန်ဘုရားကြီးမှာဘာ ဖြစ်နေတယ် ဆိုတာတပည့်တော် မသိပါဘုရား။ တပည့်တော် ရောက်ဘူးတုံးကသိတဲ့ဘုရားကြီးကိုပဲ ပုံဖော်ပြန်သိတာပါဘုရား။

ဈေးချို..ကို အာရုံပြုလိုက်တော့လည်းတစ်ခါကရောက်ဘူးတဲ့ ဈေးချိုကို အာရုံပြုလိုက်လို့ပုံဖော် ပြန်သိလို့ရတာပါဘုရား။ဈေးချိုကိုသိတဲ့ အချိန်မှာ ဘုရားကြီးကို သိတဲ့စိတ်က မရှိတော့ပါဘုရား။

အဲဒါကို သိလိုက်တော့တပည့်တော် သဘော ပေါက်ပါတယ် ဘုရား။စိတ်ကလုံးဝမပြေးပါဘူး။တကယ်လို့စိတ်ကပြေးပြီးသိတယ်ဆိုရင် ပစ္စုပ္ပန်တည့်တည့်ကို ပဲသိနေလိမ့်မယ်..။

အခုတော့ရောက်ဘူးတဲ့ အတိတ်အာရုံကို ပဲပုံဖော်သိနေတော့တယ်..။သိပြီးတော့လည်းကြာရှည် မနေဘူး။ ပျက်သွားတယ်..။ ဈေးချို ကိုသိတဲ့ အချိန်မှာ ဘုရားကြီးကို သိတဲ့စိတ်လုံးဝမရှိတော့ဘူး။ပျက်သွားတယ်..။ဈေးချိုကိုသိတဲ့စိတ်လည်း သိပြီးပျက်သွားတယ်..။

စိတ်ကပြေးတဲ့ အလုပ်ကို လုံးဝမလုပ်ပါ..။စိတ်အကြောင်းကို နားမလည်တော့ တပည့်တော် ဟာ ပြေးတယ်လို့ အထင်မှား နေပါ တယ်ဘုရား။စိတ်အကြောင်းကို အမှန်အတိုင်းသိလာတော့ စိတ်ကလုံးဝ မပြေးဘူးဆိုတာ မြင်လာ ပါတယ်ဘုရား။

စိတ်ကမပြေးဘူးဆိုတာ သိလာတော့ သမာဓိထူထောင်ရတာ လွယ်ကူလာ ပါတယ်ဘုရား။မပြေးတဲ့စိတ်ကို ပြေးတယ် ထင်ပြီးအစ ကတော့ ထိန်းချုပ်မှုတွေလုပ်ခဲ့ဘူးပါတယ်ဘုရား။အခုတော့ မပြေးတဲ့စိတ်ကို ချုပ်ထားစရာ မလိုတော့ ပါဘုရား။ ဆွဲထားတာ တွေလည်း တပည့်တော်မလုပ်တော့ပါဘုရား။

အချိန်နာရီတွေနဲ့ဘောင်ခတ်ပြီး ဖိထားစရာလည်းမလိုတော့ပါဘူးဘုရား။အရှင်ဘုရားဟော ကြားသလို..

စိတ်ကရေကြည်နဲ့တူတာပဲနော်ဘုရား။ရေကြည်လေးဟာမူလအားဖြင့်ဘာအရသာ မှမရှိပါဘူး။ဆားနဲ့ရောလိုက်ရင်ရေငန်ဖြစ်ပါတယ်..။သကြားနဲ့ရောလိုက်ရင် ရေချိုဖြစ်သွားပါတယ်..။ရေမှာ အရသာ မရှိသော်လည်း ဆားရောလျှင်ရေငန်၊ရေချိုဖြစ်သလိုပါပဲဘုရား။

စိတ်သည်သိပြီးပျက်ခြင်းသဘော မျှသာ ရှိပါလားဆိုတာ သိလာ ပါတယ်ဘုရား။

(စိတ်ကို မှီတွယ် ၊စိတ်ကို ချယ် ၊မှတ်ဖွယ် စေတသိတ်) လို့တပည့်တော် အဘိဓမ္မာသင်တုံးကကျက်ခဲ့ဘူးပါတယ်ဘုရား။စိတ်ကို မှီပြီး ပေါင်းပြီးဖြစ်တတ်တဲ့ စေတသိတ်များနဲ့ ရောလိုက်လျှင် ကောင်းစိတ်ဆိုးစိတ်ဆိုတာ ဖြစ်ကြရတာပဲနော် ဘုရား။

အကုသိုလ် စေတသိတ်တွေရောလိုက်ရင်တော့ အရှင်ဘုရားဆုံးမဘူးသလို စွဲလန်းစိတ်တွေနဲ့ အတူ စွဲလျှင်ဆင်းရဲ ဖြစ်ကြရတာ ပါပဲ ဘုရား။

ကုသိုလ်စေတသိတ်တွေရောလိုက်တဲ့ အခါ မှာတော့ စွန့်လွှတ်စိတ်နဲ့ အတူ…စွန့်လျှင်ချမ်းသာ ပေါ့နော်ဘုရား။

တပည့်တော်အထင်တော့ စိတ်ကို မစိစစ်တတ်ကြတဲ့ သူတွေဟာအကောင်းအဆိုးအထင်မှားနေတတ်ကြပါတယ်ဘုရား။ ကိုယ်သိခိုင်း တာ ကို ဆက်တိုက်သိနေရင် စိတ်ငြိမ်တယ်ထင်တတ်ကြပါတယ်..။

ကိုယ် သိခိုင်းတာကို ဆက်တိုက် မသိပဲအခြားကို သိနေရင် စိတ်ကပြေးနေတယ်လို့ အထင်မှားနေတတ်ကြပါတယ်ဘုရား။

တကယ်တော့ စိတ်ကို ပြေးတယ် လို့ အထင်မှားနေတဲ့သူတွေဟာ အထင်အတိုင်း ပြေးတယ်လို့ယူဆလိုက်ရင် အတိတ်အာရုံ ကိုလည်း သိခွင့်မရ တော့ပါ ဘူး။အနာဂတ်ကိုလည်းကြံစည်ခွင့်မရတော့ပါဘူး။ပြေးပြီးသိတဲ့ အတွက် ပစ္စုပ္ပန်အာရုံတစ်ခုကိုသာ သိခွင့်ရတော့မှာ ဖြစ်ပါတယ်.လို့ အရှင်ဘုရားရှင်းပြတာတပည့်တော် မှတ်သားထားပါတယ်ဘုရား။

စိတ်ဆိုတာ တကယ်လို့ပစ္စုပ္ပန်အာရုံတစ်ခုတည်းကိုသာ သိနေလျှင် အတိတ်အကြောင်းကို သိနိုင်သော ….ပုဗ္ဗေနိဝါသနုဿတိဉာဏ်နဲ့ အနာဂတ်အကြောင်းကို သိနိုင်သော အနာဂတံသဉာဏ် တို့လည်းရနိုင်တော့မှာ မဟုတ်ဘူးလို့ အရှင်ဘုရားဟော ကြားတာကိုလည်းပဲ တပည့်တော်သေချာမှတ်ထားပါတယ်ဘုရား။

နောက်တစ်ခုကတော့ စိတ်ကပြေးပြီးသိရတယ် ဆိုရင် အလွန်ဝေးတဲ့ သိစရာ နဲ့ အလွန်နီးသော သိစရာကို သိရာမှာ အချိန်တူ လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့ဘုရား။

စိတ်ရဲ့သဘော အမှန်မှာ မြင်ဘူး၊ကြားဘူး၊နံဘူး၊စားဘူး၊ထိဘူး၊ကြုံဘူးသော အတိတ်အာရုံများ၊

မြင်ဆ၊ဲကြားဆဲ၊နံဆဲ ၊စားဆဲ၊ထိဆဲ၊ ကြံဆဲဟူသော ပစ္စုပ္ပန်အာရုံများ၊

မြင်လတ္တံ့၊ကြားလတ္တံ့၊ နံလတ္တံ့၊စားလတ္တံ့၊ထိလတ္တံ့၊ ကြံလတ္တံ့ ဟူသော အနာဂတ် အာရုံများ ကို သိပြီးပျက်ခြင်း သဘောမျှသာ ရယ်လို့ တပည့် တော် ပိုင်ပိုင်နိုင်နိုင်သဘောပေါက်လိုက်တာ အရှင်ဘုရား ကျေးဇူးပါဘုရား။

စိတ်နဲ့ ပတ်သက်ပြီးတပည့်တော်အခုလိုသိလိုက်ရတာ တပည့်တော် တော်တော် ကံကောင်းပါတယ်ဘုရား။ဘာကြောင့်လည်းဆိုတော့ တပည့်တော် သမာဓိထူထောင်တဲ့ အခါမှာ စိတ်ကို ချုပ် ခြင်း၊ဆွဲခြင်း၊ဖိခြင်းများကြောင့် ပင်ပန်းမှုမျိုးစုံနဲ့ တပည့်တော် နပန်းလုံးခဲ့ ရဘူး ပါတယ်ဘုရား။

အခုတော့ အဲဒီပင်ပန်းမှုများကလွတ်မြောက်ခဲ့ပါပြီဘုရား။တပည့်တော်လိုမဖြစ်ရလေအောင်သည်တရားလေးကို မျှဝေခွင့်ပြုတော်မူပါ ဘုရား။

အရှင်ဘုရားကို ရိုသေစွာ ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။

(မူလဓမ္မဆရာတော်ဦးဝိဇယ ၏ ...မသိသရွေ့ ဒုက္ခတွေ့မည်..... တရားတော်ကိုကိုးကားရေးသားပါသည်။)




Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၅

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်ဆရာတော်ဘုရားကြီး… သိတယ်တဲ့
ဆရာတော်ကြီး မိုးကုတ်မြို့သို့ ကြွတိုင်း ဝေယျာဝစ္စပြုပေးသူမှာ ဒကာမကြီး ဒေါ်သိန်းတင်ဖြစ်သည်။ တစ်နေ့တွင် ဒကာမကြီးသည် နံနက်စောစောထ၍ ဆရာတော်ကြီးအတွက် ယာဂုကျိုရာ၊ နံနက် ၄-နာရီမထိုးမီပင် ယာဂုကျက်လေသည်။ ယာဂုကပ်ရန် အချိန်ကစောသေးပေသည်၊ ထို့ကြောင့် ဒေါ်သိန်းတင်သည် ပိုနေသောအချိန်များကို တရားအားထုတ်ခြင်းဖြင့် ဖြည့်ရန် စိတ်ကူးရရာ၊ မီးဖိုနံဘေးမှာပင် တရားကို နှလုံးသွင်းနေလိုက်တော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်၊ နံနက်စောစော ကုသိုလ်အမှုတွေပြုခဲ့ပြီးသဖြင့် စိတ်အစဉ်ကလည်း ဖြူစင်လန်းဆန်းနေချိန်၊ တရားနှလုံးသွင်းမှုကလည်း တည့်မတ်သွားရာ၊ မကြာမြင့်လှသော အချိန်ကလေးအတွင်း၌ပင် ဥာဏ်စဉ်အဆင့်ဆင့် မြင့်တက်ကာ သံသရာနှင့်မျှ၍ ငတ်မွတ်ခဲ့ရသော မြတ်ချမ်းသာ၏ ထူးကဲလှသော အဟုန်ကြောင့် မကြုံစဖူး မြူးတူးလောက်အောင် အေးငြိမ်းမှုကြီးနှင့် ကြုံရလေသည်။

*
ထိုအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီးမှာ ရိပ်သာဓမ္မာရုံခန်းမကြီးထဲတွင် ကုလားထိုင်ပေါ်၌ ငြိမ်သက်စွာထိုင်နေလေသည်။ မရှေးမနှောင်းတွင်ပင် ထိုကျောင်းရှိ ခန်းနေ ဦးပဉ္စင်းက ဒကာမကြီးအား အလျှော်ခိုင်းရန် ခြင်ထောင်ကို ပွေ့၍ ဒကာမကြီးထံသို့ သွားနေသည်၊ ထိုစဉ် မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးပဉ္စင်းအား “ဒေါ်သိန်းတင် မဂ်ကျပြီဆိုပါလားကွ……” ဟု လှမ်း၍ ပြောလိုက်သည်။ ဦးပဉ္စင်းလည်း သိချင်စိတ်ကြောင့် မီးဖိုဘက်သို့ တောက်လျှောက်သွားတော့သည်၊ ဒေါ်သိန်းတင်မှာ တရားနှလုံးသွင်းလျက်ပင် ရှိသေးသည်။ “ဒကာမကြီး ဒေါ်သိန်းတင်….မဂ်ကျပြီဆို…” သိချင်အမောဖြင့် အလောမေးရာ၊ ဒေါ်သိန်းတင်က “တပည့်တော်မ ဘယ်သူ့ကိုမှ ဘာမှ မပြောရသေးပါလားဘုရား” ဟူ၍ ပြန်လည်လျှောက်ထားလေ၏။

*
မိုးကုတ်ဆရာတော်ကြီးနှင့် သကဒါဂမ်ဆရာဘကြီး
သကဒါဂမ်ဆရာဘကြီးသည် အနယ်နယ်အရပ်ရပ်ကို လှည့်၍ တရားပြပေးနေသူဖြစ်ပါသည်။ ထက်မြက်၍ နာမည်ကြီးပါသည်၊ သို့သော် ဟောသည့်နေရာတိုင်းတွင် အဆင်မပြေတတ်သည့် ပြဿနာရှိပါသည်။ ယခုလည်း တရားပြသရန်အတွက် မိုးကုတ်မြို့သို့ ရောက်လာလေသည်၊ ဆရာကြီးတွင် ပြဿနာကို ဆောင်ကျဉ်းမည့် “စာတတ်ချင်ရင် စာသင်တိုက်ကိုသွားကြ၊ သောတာပန်ဖြစ်ချင်ရင်တော့ ကျွန်ုပ်ဆီကို လာ၍ တရားနာလှည့်ကြ၊ တရားပွဲအဆုံးမှာ သောတာပန်တည်စေရမည်” ကြေညာဆိုင်းဘုတ်ပါ- ပါရှိလာခဲ့သည်။ ထိုအခါ “ဒီလူကြီးနှယ်……ကြီးကျယ်လိုက်တာ” ဟူ၍ ရဟန်းရှင်လူအများ မကျေမနပ်ဖြစ်ပြီး၊ အစစ်ဆေးခံရမည်ဟု ဆိုကြသဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာစုံ လူကြီးစုံ ရှေ့တွင် ဆရာဘကြီး ရောက်ရလေသည်။ ကြေညာဆိုင်းဘုတ်ပြဿနာကို စစ်မေးဖြေရှင်းရန်အတွက် သံဃာများက မိုးကုတ်ဆရာတော်ကြီးကို တာဝန်ပေးသဖြင့်၊ ထိုပွဲသို့ ဆရာတော်ကြီးပါ ကြွလာခဲ့သည်။


“တရားပွဲအဆုံးမှာ သောတာပန် တည်စေရမည်လို့ ရေးထားတာ မှန်ပါသလား” ဟု ဆရာတော်ကြီးက မေးမြန်းရာ ဆရာဘကြီးလည်း ရေးထားကြောင်း ပြန်လည်လျှောက်သည်။ ဘုရားတောင်မှ ဆရာကြီးလို အာမခံချက်မပေးကြောင်းဖြင့် ဆရာတော်ကြီးဦးဝိမလက ရှင်းလင်းပြတော်မူရသည်။ “ဆရာကြီးက လူတိုင်း လူတိုင်း သောတာပန် ဖြစ်စေချင်တဲ့အနေနဲ့ ဒါဟာ စေတနာလွန်ကဲသွားတယ် ထင်တယ်” ဟူ၍ အရိယာတစ်ယောက်အပေါ် သုံးနှုန်းလိုက်သည့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ငြိမ်းချမ်းရေး စကားမှာ အင်မတန်လှပါသည်။ ထိုအခါတွင်မှ ဆရာဘကြီးက စေတနာလွန်ကဲမိကြောင်း ၀န်ခံလေသည်။

*
အရှင်ဘုရားကို မုန်းကြတယ်
ဘာသာရေးဘက်တွင် အယူအဆရေးရာ ယိုယွင်းတိမ်းချော်မှုများကို များစွာတွေ့နေရသဖြင့် ဆရာတော်ကြီးမှာ ရှောင်ကွင်းမနေသာချေ၊ တတ်နိုင်သမျှ အလှမ်းမီသမျှကို အမြဲတစေ ပြုပြင်ထောက်ပြနေရသည်။ မိုးကုတ်ဆရာတော်ကြီးဘုရားဟူ၍ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး ကြည်ညိုသူ ပရိတ်သတ်အပေါင်း ၀န်းရံနေသော်ငြားလည်း၊ အမြင်စောင်း၍ မကျေမနပ်ဖြစ်နေမည့် ပရိတ်သတ်လည်း နည်းမည်မဟုတ်ပါ။ ရင်းနှီးသူ ဒကာ-ဒကာမများက လာ၍ “အရှင်ဘုရားကို ကြဉ်ကြမလို့တဲ့-သတိပြုတော်မူပါ” ဟု လာရောက်လျှောက်ကြသည်၊ ထိုအခါ ဆရာတော်ကြီးက ဤသို့ ပြန်၍မိန့်တော်မူသည်-“သူတို့က ခုမှ ကျုပ်ကို ကြဉ်ကြတာ၊ ကျုပ်က ကျုပ်ကိုကျုပ် ကြဉ်ထားတာ ကြာလှပြီ” ။ တစ်ခါတုန်းကလည်း အရင်းနှီးဆုံး ဒကာမကြီး ဒေါ်ဖုံက ဆရာတော်ကြီးအား “အရှင်ဘုရားကို မုန်းကြတယ်၊ အရှင်ဘုရားရဲ့ ပြောပုံဆိုပုံတွေကို မကြိုက်လို့ မုန်းကြသတဲ့ ဘုရား” စသည်ဖြင့် လျှောက်ထားရာ၊ “သူတို့က ခုမှ မုန်းကြတာပါ၊ ကျုပ်က ကျုပ်ကိုယ် ကျုပ် မုန်းနေတာ ကြာပြီ” ဟူ၍ အေးအေးဆေးဆေး ပြန်လည် မိန့်တော်မူလေသည်။


Read more...

မူကြိုကျောင်းသားပါ...၁


ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ...

နိဗ္ဗာန်ရောက်ကြောင်းတရားကောင်း...

မူကြိုကျောင်းသားပါ...၁



video


Read more...

ပုဂံ ဘုရားပုထိုးများ




















































Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP