အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ကုရုတိုင်း ကမ္မာသဓမ္မနိဂုံးမှာရှိသည့် ဘာရဒွာဇပုဏ္ဏား၏ မီးတင်းကုပ်တွင် လာရောက်သီတင်းသုံးနေ၏။ ဘာရဒွာဇပုဏ္ဏားသည် မီးပူဇော်သူဖြစ်သည့်အတွက် မီးတင်းကုပ် ပြုလုပ်ထားခြင်းဖြစ်၏။ မြတ်စွာဘုရားရှင်သည် နံနက်ခင်းတွင် ဆွမ်းခံကြွတော်မူ၍ မီးတင်းကုပ်၌ပြန်၍ ဆွမ်းဘုဉ်းပေးတော်မူ၏။ ဆွမ်းခံကြွသည့်နေ.တိုင်း အိပ်ရာအဖြစ် အသုံးပြုသည့် မြက်ဖျာလေးကို မီးတင်းကုပ်အမိုးတွင် ထိုးထားခဲ့လေ့ရှိ၏။ တစ်နေ.တွင် မြတ်စွာဘုရားရှင်သည် အကြောင်းကိစ္စတစ်ခုကို မြင်တော်မူ၍ မြက်ဖျာလေးကို မသိမ်းခဲ့ပဲ ဆွမ်းခံထွက်တော်မူ၏။
မာဂဏ္ဍိယအမည်ရှိသည့် ပရိဗိုဇ်သည် အညောင်းအညာပြေ လမ်းလျှောက်ရင်း မြတ်စွာဘုရားရှင် သီတင်းသုံးသည့် မီးတင်းကုပ်သို. ရောက်ရှိလာသည်။ မီးတင်းကုပ်မှ မြက်ဖျာကိုမြင်သောအခါ ဤမြက်ဖျာသည် ရဟန်းတစ်ပါး၏ အိပ်ရာနှင့်တူပေသည်၊ မည်သူ.အိပ်ရာ ဖြစ်သနည်းဟု မေးမြန်း၏။ ပုဏ္ဏားကလည်း ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်အတွက် ခင်းထားခြင်းဖြစ်ကြောင်းဆို၏။ ထိုအခါ မာဂဏ္ဍိယက “ရဟန်းဂေါတမသည် အညွန်.တုံးသူဖြစ်၏ သူ၏အိပ်ရာကို မြင်တွေ.ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ကောင်းသည်” ဟုဆို၏။ ထိုအခါ ဘာရဒွာဇပုဏ္ဏားက ရဟန်းဂေါတမကို ဤသို.မဆိုသင့်ကြောင်း ရဟန်းဂေါတမသည် ကြည်ညိုဖွယ်ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြန်လည်ပြောဆို၏။ မာဂဏ္ဍိယက “အဆွေပုဏ္ဏား ငါသည်ဤစကားကို ရဟန်းဂေါတမ၏ ရှေ.တွင်လည်း ပြောဝံ့ပါ၏” ဟုဆိုပြန်၏။ ထိုအခါ ပုဏ္ဏားလည်း ဤအကြောင်းကို ရဟန်းဂေါတမအား လျှောက်ထားပေးပါမည်ဟုဆို၏။
မြတ်စွာဘုရားရှင်သည် ညနေပိုင်းအချိန်တွင် ဘာရဒွာဇပုဏ္ဏား၏ မီးတင်းကုပ်သို. ကြွလာ၍ မြက်ဖျာတွင်သီတင်းသုံးတော်မူ၏။ ဘာရဒွာဇပုဏ္ဏားအား “ဘာရဒွာဇ ဤမြက်အခင်းနှင့်ပတ်သက်၍ သင်နှင့် မာဂဏ္ဍိယတို. စကားပြောဆိုခဲ့ကြသည် မဟုတ်ပါလား” ဟု မေးမြန်းတော်မူ၏။ ပုဏ္ဏားလည်း များစွာအံ့ဩခြင်းဖြစ်လျက် ဟုတ်မှန်ကြောင်းဝန်ခံ၏။ ဤသို. စကားပြောကြားနေစဉ် မာဂဏ္ဍိယသည် နောက်တစ်ကြိမ် ရောက်လာပြန်၏။ မာဂဏ္ဍိယသည် နှုတ်ဆက်စကားပြောရင်း ၀င်ထိုင်လေ၏။ မြတ်စွာဘုရားရှင်က “မာဂဏ္ဍိယ မျက်စိသည် ရူပါရုံ၌ပျော်ပိုက်၏ နားသည် အသံသဒ္ဒါရုံ၌ မွေ.လျော်၏ လျှာသည် ရသာရုံ၌၊ ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံ၌၊ စိတ်သည် ဓမ္မာရုံ၌ မွေ.လျော်ပျော်ပိုက်၏ မြတ်စွာဘုရားရှင်သည် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် တို.ကို ဆုံးမထားပြီ၊ သင်သည် ဤအကြောင်းတို.ကြောင့် မြတ်စွာဘုရားရှင်ကို အညွန်.တုံးသူဟု ဆိုပါသလား” ဟု မေးမြန်း၏။ မာဂဏ္ဍိယက ဟုတ်မှန်ကြောင်း၊ သူတို.၏ ကျမ်းဂန်တွင်ပါသည့်အတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြား၏။
မြတ်စွာဘုရားရှင်က “အချင်း မာဂဏ္ဍိယ လောက၌ အချို.သောသူတို.သည် တပ်မက်ဖွယ်အာရုံတို.ကို မွေ.လျော်ပျော်ပါးဘူး၏ သို.သော် နောင်အခါ၌ ဖြစ်ခြင်း၊ ပျက်ခြင်းတို.ကို ကောင်းစွာသိမြင်၍ ထိုအာရုံတို.၌ တပ်မက်ခြင်း တဏှာကိုစွန်.၏ ဆာလောင်မွတ်သိပ်ခြင်း ကင်း၏ ငြိမ်းအေးသောစိတ် ရှိသူဖြစ်၏။ သင်သည် ဤသူကို အဘယ်သို.ဆိုမည်နည်း” မာဂဏ္ဍိယက “မည်သို.မျှဆိုဖွယ် မရှိပါ” ဟုဖြေ၏။
“မာဂဏ္ဍိယ ငါသည် မင်းသားအဖြစ်နေခဲ့စဉ်က အာရုံငါးပါးတို.၌ မွေ.လျော်ခဲ့၏၊ နောင်အခါ၌ ကာမဂုဏ်တို.၏ ဖြစ်ခြင်းပျက်ခြင်းကို သိမြင်၍ တဏှာကို ပယ်စွန်.၏၊ ပူလောင်ခြင်းကိုဖျောက်၏၊ ငါသည် ကာမဂုဏ်ကို မတောင့်တတော့ပေ၊ ဥပမာအားဖြင့် နူနာရောဂါဖြစ်နေသူသည် နာကျင်သောအခါ မီးဖြင့်ကင်ရ၏ ထိုသူသည် ဆေးဂါးအသုံးပြု၍ နူနာရောဂါပျောက်သောအခါ မီးကင်ရန် မလိုသကဲ့သို.ဖြစ်၏ တစ်စုံတစ်ယောက်သောသူသည် ကာမဂုဏ်ကို မဖျောက်ပဲ ငြိမ်းအေးသောစိတ်ရှိသည်ဟု သင်ကြားဖူးပါသလား”
“အရှင်ဂေါတမ မမြင်မကြားမိပါ”
“မှန်ပေသည်၊ ငါသည်လည်း ဤသို. မမြင်မကြားမိပါ၊ မာဂဏ္ဍိယ လာဘ်ဟူသမျှတို.တွင် အနာရောဂါကင်းခြင်းသည် အသာဆုံးဖြစ်၏ ချမ်းသာဟူသမျှတို.တွင် နိဗ္ဗာန်သည်အသာဆုံး ဖြစ်၏၊” ဟု ကျူးရင့်တော်မူ၏၊ ထိုအခါ မာဂဏ္ဍိယက “အရှင်ဂေါတမ အံ့ဩဖွယ်ရှိပေစွ၊ ဤစကားသည် ကျွန်ုပ်၏ ရှေးဆရာများ မိန်.ကြားသည်နှင့် တူညီပါပေသည်” ဟုဆိုလိုက်၏။ “မာဂဏ္ဍိယ ဤသို.ဖြစ်လျင် အနာရောဂါကင်းခြင်းဆိုသည်မှာ အဘယ်နည်း၊ နိဗ္ဗာန်ဟူသည်မှာ အဘယ်နည်း” မာဂဏ္ဍိယသည် မိမိကိုယ်ကို လက်ဖြင့်သပ်၍ “အရှင်ဂေါတမ အနာကင်းခြင်းဆိုသည်မှာ ဤကိုယ်တည်း၊ ချမ်းသာဟူသည်မှာ ဤသည်ပင်ဖြစ်၏၊ ကျွန်ုပ်သည် အနာရောဂါမရှိ ချမ်းချမ်းသာသာလည်းရှိပေ၏၊” ဟုဆို၏။
“မာဂဏ္ဍိယ လောက၌ မျက်စိမမြင်သူ တစ်ယောက်ရှိသည် ဆိုပါတော့၊ ထိုသူသည် နေ၊လတို.ကိုလည်း မမြင်ဘူး၊ အဖြူ၊အနီတို.ကိုလည်း မမြင်ဘူးဆိုပါတော့၊ ထိုသူကန်းကို အခြားတစ်ယောက်က မည်းနက်သောအ၀တ်ကိုပေး၍ ဤအ၀တ်သည် အလွန်သန်.ရှင်းသော အ၀တ်ဖြူဖြစ်သည်ဟု ဆိုကာပေးလိုက်၏၊ သူကန်းလည်း ထိုအ၀တ်ကိုဝတ်ဆင်၍ နှစ်သက်စကားဆို၏၊ မာဂဏ္ဍိယ၊ သင်ဖြေကြားပါဦး၊ ထိုသူကန်း နှစ်သက်စကားဆိုခြင်းသည် သူကိုယ်တိုင်သိ၍လား၊ အခြားသူတို. စကားကိုယုံကြည်၍ ပြောသလား”
“အရှင်ဂေါတမ ထိုသူသည် မိမိကိုယ်တိုင်သိ၍ ပြောဆိုခြင်းမဟုတ်ပါ၊”
“အချင်းမာဂဏ္ဍိယ ဤသို.ပင်တည်း၊ လောက၌ အယူတစ်ပါးရှိသောသူတို.သည် အနာကင်းခြင်းကို မသိကြကုန်၊ နိဗ္ဗာန်ကိုမသိကြကုန်ပါပဲ ချမ်းသာဟူသမျှတို.တွင် နိဗ္ဗာန်သည် အသာဆုံးဖြစ်သည်ဟု ဆိုကြ၏ မာဂဏ္ဍိယ ဤခန္ဓာကိုယ်သည် ရောဂါတုံးဖြစ်၏ သင်သည် ဤခန္ဓာကိုယ်ကို အနာကင်းသည်ဟုဆို၏၊ သင်သည် အနာကင်းခြင်း၏ အဖြစ်ကိုမသိပေ၊ နိဗ္ဗာန်ကို မသိပေ”
“အရှင်ဂေါတမ ဤသို.ဖြစ်လျှင် ကျွန်ုပ်နားလည်အောင် ပြောကြားပေးပါဦးလော့”
“ကောင်းပြီ မာဂဏ္ဍိယ၊ မျက်စိမမြင်သောသူကို ဆေးဆရာဖြင့်ကုသ၍ ဆေးကုသော်လည်း မျက်စိပြန်မမြင်ခဲ့လျှင် ဆေးဆရာသာ ပင်ပန်းတော့မည်၊ ဤသို.ပင် ငါသည်သင့်အား အနာကင်းခြင်းဆိုသည်မှာ ဤသည်ပင်တည်း၊ နိဗ္ဗာန်ဆိုသည်မှာ ဤသည်ပင်တည်းဟု ပြောဆိုသော်လည်း သင်မမြင်သော် ငါသာပင်ပန်းရုံရှိပေမည်၊”
“အရှင်ဂေါတမသည် ကျွန်ုပ်နားလည်အောင် ရှင်းပြနိုင်မည်ဟု ယုံကြည်ပါ၏”
“ကောင်းပြီ မာဂဏ္ဍိယ၊ အဆိုပါ မျက်မမြင်သူကို ဆေးကုသ၍ မျက်စိအမြင်ရရှိလာသည် ဆိုကြပါစို.၊ မျက်စိအမြင်ရလာပြီးသည့်နောက် ကြာမြင့်စွာကာလပတ်လုံး မည်းညစ်သောအ၀တ်ကို အ၀တ်ဖြူဟု လှည့်စားခံရကြောင်းသိလာ၏၊ ထို.အတူ သင့်အား အနာရောဂါကင်းခြင်းဆိုသည်မှာ ဤသည်ပင်တည်း၊ နိဗ္ဗာန်ဆိုသည်မှာ ဤသည်ပင်တည်းဟု ဟောကြားပြီးသည့်နောက် သင်သည် ငါ၏တရားတော်၌ နားလည်လာငြားအံ့၊ သင့်၌ ဥာဏ်မျက်စိဖြစ်လာ၏၊ ခန္ဓာငါးပါးတို.၌ လိုချင်တပ်မက်မှု ပျောက်ကင်း၏ ဤစိတ်သည် ရှည်မြင့်သော ကာလပတ်လုံးငါ့ကို လှည့်စားနေသည်ဟု သိမြင်လာ၏၊”
“အရှင်ဂေါတမ ကျွန်ုပ်အား ဥာဏ်အမြင်မကန်းတော့အောင် ဟောကြားပေးတော်မူပါဘုရား”
“မာဂဏ္ဍိယ၊ ဤသို.ဆိုလျှင် သင်သည် သူတော်ကောင်းတရားကို ဆည်းကပ်နာကြားလော့၊ လောကုတ္တရာအကျင့်ကို ကျင့်လော့၊ ထိုသို.ကျင့်သည်ရှိသော် ဆင်းရဲတုံးချုပ်ခြင်းကို ကိုယ်တိုင်သိပေအံ့”
မာဂဏ္ဍိယသည် မြတ်စွာဘုရားရှင်၏ တရားတော်ကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၍ သာသနာတော်၌ ရဟန်းပြုခွင့်တောင်း၏။ ထို.နောက် တရားကို ဆက်လက်ပွားများအားထုတ်ရာ ရဟန္တာအဖြစ်သို. ရောက်ရှိသွားလေတော့သည်။