* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, April 17, 2009

*ထိုဘ၀အတွက် မျက်ရည်စက်*

*ထိုဘ၀အတွက် မျက်ရည်စက်*

ရင်မှာကိန်းနေတဲ့
သန္ဓေတည်နေတဲ့
နေရာယူပြီးဖြစ်တဲ့
အစားထိုးလို့ မရတဲ့
မြင့်မြတ်လှတဲ့
ထိုဘ၀သို့ ဖြစ်ချင်စိတ်
တခါတခါ
ထိန်းသိမ်းရန်ကား မစွမ်းသာ။
စောင့်ရှောက်ရန်ကား မတတ်နိုင်။

ထိုဘ၀နှင့်
ဘယ်လိုပင်ဝေးနေလည်း
ဘယ်လိုပင်လှမ်းနေလည်း
တွေးမိတိုင်းလည်း ဆွေးခဲ့မိ။
တမ်းမိတိုင်းလည်း လွမ်းခဲ့မိ။

ဒီ့အပြင်
ထိုဘ၀နှင့် ဖီလာ
မညီညာတဲ့ လမ်းလွဲမှာ
အားနည်းစွာ
အားလျော့စွာ
လျှောက်လှမ်းနေရ၍
ဖြစ်တည်နေရ၍လည်း
စိတ်တွေက မခိုင့်တခိုင်
မျက်ရည်တို့ ဖြိုင်ဖြိုင်စီး
ဖြစ်ချင်သူကလွဲ၍
ဘယ်သူက သိပါ့မလဲ။
ဘယ်သူမှ မသိနိုင်။

ထိုဘ၀သို့
မြတ်နိုးစိတ်နှင့်
ဖြစ်ချင်စိတ်နှင့်
ဤသို့ ဤနှယ်
ဆွေးမိတဲ့ အချိန်တိုင်း
လွမ်းမိတဲ့ အခါတိုင်း
မျက်ဝန်းဆီမှ မျက်ရည်စက်တို့
စမ်းရည်ပမာ တွေတွေစီး
ဘယ်တော့များမှ နီးရပါ့။
ဘယ်တော့များမှ ရောက်ရပါ့။ ။


လေးစားစွာဖြင့်
ဖိုးသား

4/17/2009, FRI:, 6:44:12 PM

Read more...

၂၀၀၉ ခု၊ ဧပြီလ (၁၆-၂၅) လူရွယ်တရားတော်များ

၂၀၀၉ ခု၊ မတ်လ၊ ဓမ္မဒူတ ဇေတ၀န်တောရတွင် ပြုလုပ်သော (၁၀)တန်း ယဉ်ကျေးလိမ္မာသင်တန်း တရားတော်များ

၀၁။ ဆွေမျိုး နဲ့ တစိမ်း တရားတော်

၀၂။ နေရာကောင်းကို တရားတော်

၀၃။ သိထားရမယ် တရားတော်

၀၄။ ပြိုင်တူတွန်းလျှင် တရားတော်

၀၅။ ဘာဝနာ တရားတော်

၀၆။ ကမ္ဘာကို ဖျက်မည့်သူ တရားတော်

၀၇။ ရှိတာတွေ မရှိရင် တရားတော်

၀၈။ အိပ်မပျော်တော့ တရားတော်

၀၉။ ကြီးပွားချမ်းသာ တရားတော်

Read more...

ပြီးပြန်လေပြီ တစ်နှစ်… နီးပြန်လေပြီ တစ်ဆစ်…

မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၀ပြည့်နှစ်မှ ၁၃၇၁ခုနှစ်သို့ ကူးပြောင်းခဲ့လေပြီ။ ၁၃၇၀ခုနှစ်ကား ကုန်ဆုံးသွားလေပြီ၊ ပြီးဆုံးသွားလေပြီ၊ ကျန်ခဲ့လေပြီပေါ့…။ စက္ကန့်တွေကို မိနစ်တွေကစား၊ မိနစ်တွေကို နာရီတွေကစား၊ နာရီတွေကို နေ့ရက်တွေကစား၊ နေ့ရက်တွေကို လတွေကစား၊ လတွေကို နှစ်တွေကစားနဲ့ တစ်ခုပြီးတစ်ခု စားသွားလိုက်တာ ခုတော့ တစ်နှစ်ကိုတစ်နှစ်က စားသွားခဲ့ပြန်ပြီလေ။ ၁၃၇၀ခုနှစ်ကို ၁၃၇၁ခုက အစားထိုးပြီး နေရာယူလိုက်တယ်ဆိုရင်လည်း မမှားဘူးပေါ့။ တစ်နည်းဆိုရရင် ၁၃၇၀ခုနှစ်ရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် အကောင်းတွေနဲ့ ပြီးဆုံးသွားသလား…၊ အဆိုးတွေနဲ့ ပြီးဆုံးသွားသလား ဆိုတာကတော့ အဲဒီနှစ်ကို ဖြတ်သန်းခဲ့ကြသူတွေပဲ အသိဆုံးဖြစ်ကြမှာပါ။ သေချာတာကတော့ အကောင်းအဆိုး နှစ်ခုလုံးနဲ့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာပါပဲ။ တစ်ချို့လည်း ပြောကြမှာပေါ့ ``၁၃၇၀ခုနှစ်ဟာ တို့အတွက် ကံဆိုးမိုးမှောင်ကြတဲ့နှစ်``လို့…။ ဒါပေမယ့် တစ်ချို့ကတော့ ``၁၃၇၀ပြည့်နှစ်ဟာ တို့အတွက် ကံကောင်းခြင်းလက်ဆောင်ပဲ`` လို့ ပြောကြပေလိမ့်မယ်။ ဘယ်သူတွေ ဘာပဲပြောပြော အကောင်းအဆိုးဆိုတဲ့ လောကဓံ မုန်တိုင်းကြောင့် ဒီလိုတွေ ကွဲပြားကြတာပါ။ ၁၃၇၀ခုနှစ်ကြောင့် မဟုတ်ပါဘူး။ သူကတော့ သူ့ဖာသာသူ လည်ပတ်ကုန်ဆုံးနေခဲ့တာပါ။ သူနဲ့အတူ ကျန်လည်ခဲ့သူတွေရဲ့ အကောင်းအဆိုးတွေကြောင့် တစ်ချို့ကံကောင်းပြီး တစ်ချို့ကံဆိုးတယ်လို့ ပြောကြတာပါ။

ပြီးဆုံးသွားတဲ့ ၁၃၇၀ခုနှစ်ကို ပြန်ကြည့်ရင် ဘယ်သူမဆို အကောင်းအဆိုးတွေနဲ့ ကျင်လည်ခဲ့ကြမှာပါ။ အကောင်းချည်းနဲ့ပဲ ကျင်လည်ဖြတ်သန်းခဲ့ကြတာ မဟုတ်သလို အဆိုးတွေနဲ့ပဲ ကျင်လည်ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် အကောင်းအဆိုး ကြုံတွေဖြတ်သန်းခဲ့ရတာ ရှိသလို ကိုယ်နဲ့ပတ်သက်သူတွေကြောင့်လည်း ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေလည်း ရှိမှာပါ။ အထူးသဖြင့် ကိုယ့်မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ၁၃၇၀ခုနှစ်ဟာ အကောင်းထက် အဆိုးတွေနဲ့ပဲ ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်ဆိုရင် မမှားပါဘူး။ နိုင်ငံတစ်ဝှန်း လောင်လိုက်တဲ့မီးတွေ၊ ဆုံးရှုံလိုက်တဲ့ ပစ္စည်းတွေဟာ ကြောက်ခမန်းလိလိပါ။ အဆိုးတကာ အဆိုးဆုံးက လူအမြောက်အများ သေဆုံးပြီး အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမယ့်၊ ဆွေကွဲမျိုးကွဲဖြစ်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းရဲ့ ရက်စက်မှုကြီးပါ။ ဆိုးလိုက်တဲ့ လောကဓံကြီးပါ။ ဒီလောကဓံဟာ ကိုယ်နဲ့တိုက်ရိုက် ပတ်သက်တာတွေ ရှိသလို တစ်ဆင့်သွယ်ဝိုက်ပြီး ရိုက်ခက်တာတွေလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ရှောင်လို့မရတဲ့ မလွဲမသွေ ကြုံတွေ့ရမယ့် လောကဓံတရားတွေပါ။ ဒါတွေဟာ ပြီးဆုံးသွားတဲ့ ၁၃၇၀ခုနှစ်ရဲ့ ထင်ရှားတဲ့ လောကဓံဆိုးတွေပဲ ဖြစ်ပါတယ်။ အကောင်းလောကဓံတွေကတော့ တစ်ဦးနဲ့တစ်ဦး မတူညီမှုတွေနဲ့ ကြုံတွေ့ခဲ့ကြမှာပါ။

ထားပါတော့။ ပြီးဆုံးသွားတဲ့ အတိတ်ကို ပြန်ပြောနေလို့လည်း ဘာမှလုပ်လို့မှ မရတော့တာ။ ရှိစေတော့ပေါ့။ ဒါပေမယ့် ကျန်ခဲ့တဲ့အတိတ်နဲ့ ပတ်သက်လို့ ဘယ်သူမဆို ယူစရာ သင်္ခန်းစာတွေတော့ ရှိခဲ့ကြမှာပါ။ အတိတ်ဆိုတာ ပြန်ပြီးပူဆွေးသောက ဖြစ်ရမဲ့အရာမဟုတ်ဘဲ အတိတ်ကဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူပြီး နောင်မဖြစ်အောင် သတိပြုဆင်ခြင်ရမယ့် အရာပါ။ အတိတ်က မှားခဲ့တဲ့အမှားတွေကို ဆင်ခြင်ပြီး နောင်မမှားအောင် ကြိုးစားကြဖို့ပါ။ အမှားကတော့ လူတိုင်းရှိကြမှာပါ။ အမှားကြီးနဲ့ အမှားလေးပဲ ကွာခြားမှာပါ။ ပြီးတော့ ပစ္စုပ္ပန်မှာပဲ ဒုက္ခရောက်မယ့် အမှားရှိသလို သံသရာမှာပါ ဒုက္ခရောက်မယ့် အမှားမျိုးလည်း ရှိပါတယ်။ ပစ္စုပ္ပန် သံသရာဒုက္ခရောက်မယ့် အမှားမျိုးဆိုရင်တော့ အမှားကြီးဖြစ်သွားပြီပေါ့။ ဒီအမှားကို စာလိုပြောမယ်ဆိုရင် အကုသိုလ်လို့ ပြောနိုင်ပါတယ်။ ဒီအကုသိုလ်ကြောင့် အပါယ်လားပြီး သံသရာအထိနှစ်မွန်း သွားမယ်ဆိုရင်တော့ အရမ်းကြီးတဲ့ အမှားကြီးဖြစ်ပါတယ်။ ဒီလို အမှားကြီး မဖြစ်ဖို့ အတိတ်ကို သင်္ခန်းစာယူပြီး အချိန်ရှိတုန်း အနာဂတ်မှာ သတိပြုဆင်ခြင် ထိန်းသိမ်းကြရမှာပါ။

မှန်ပါတယ်။ ဒီလို သတိပြုဆင်ခြင်ရမယ့် အထဲမှာ အမြဲနှလုံးသွင်းထားရမှာက သေခြင်းတရားပါ။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာတယ်ဆိုတာ ဆင်ခြင်နေရမှာပါ။ တစ်နှစ်ကုန်သွားတာနဲ့ သေခြင်းတရားက တစ်ဆစ်နီးလာနေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒါကြောင့်လည်း ပြီးသွားလေပြီ တစ်နှစ် တဘက်မှာတော့ သေဖို့နီးသွားလေပြီ တစ်ဆစ်လို့ ဆိုရခြင်းပါ။ တစ်ဆစ်ဆိုတာ လက်တစ်ဆစ်ပမာဏကို ပြောတာပါ။ လက်တစ်ဆစ်ဆိုတာ အလွန်တိုတောင်းပါတယ်။ ဒီအတိုင်းပါပဲ အသက်ရှင်ခြင်းဆိုတာလည်း အလွန်တိုတောင်းပါတယ်။ ဒီတော့ ဒီလိုတိုတောင်းလှတဲ့ အသက်ရှင်နေမှုမှာ ကိုယ့်အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲဆိုတဲ့ မွေးခွန်းကို ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးကြဖို့ လိုပါတယ်။ ပြီးဆုံးသွားတဲ့ နှစ်မှာလည်း သေဖို့အတွက် ဘာမှမပြင်ဆင်လိုက်နိုင်ဘူး၊ အသစ်ရောက်လာမယ့် အချိန်တွေအတွက်လည်း သေဖို့အတွက် ပြင်ဆိုဖို့ စိတ်ကူးမရှိဘူး ဆိုရင်တော့ ပစ္စုပ္ပန် သံသရာ ဒုက္ခရောက်မယ့် အမှားကြီးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အဲဒီအခါမှ မှားလေစွလို့ နောင်တရမယ်ဆိုရင် ဖြေဆည်လို့မရတဲ့ နောင်တ၊ နောက်ကျသွားတဲ့ နောင်တကြီး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီလို နောက်ကျတဲ့ နောင်တမျိုး မရှိရအောင် ပြီးခဲ့တာတွေ ခ၀ါချလို့ လာမယ့်အနာဂတ် အချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြဖို့ လိုပါတယ်။ ဒီလိုပြင်ဆင်ကြတဲ့အခါ သေဖို့အတွက်လည်း ထည့်ပြီးပြင်ဆင်ရပါမယ်။

ဗုဒ္ဓစာပေမှာ ``ပုညံ သုခံ ဇီဝိတသင်္ခယှမှိ- ကုသိုလ်ကောင်းမှု ရှိခြင်းဟာ သေခါနီးကာလမှာ ချမ်းသာ၏``လို့ ဆိုထားပါတယ်။ သေဖို့ပြင်ဆင်တယ်ဆိုတာ သေခါနီးကာလမှာ တစ်ခြားစိတ်တွေ မ၀င်အောင် တစ်ခြားအစွဲတွေ မ၀င်အောင် ပြင်ဆင်ကြဖို့ပါ။ သေခါနီးမှာ ချမ်းသာမှုကို ဖြစ်စေတာက ကုသိုလ်ကောင်းမှုပါ။ ဒါဆိုရင် သေခါနီးမှ ကုသိုလ်ပြုရင် ပြီးတာပဲလို့တော့ ကပ်သီးကပ်သပ် မတွေးမိပါစေနဲ့.. သေခြင်းတရားဆိုတာ ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ သတ်မှတ်ထားတာ မရှိတဲ့အတွက် အချိန်မရွေး အားကိုးလိုရအောင် ကုသိုလ်ကောင်းမှုကို အချိန်မရွေး လုပ်ထားကြဖို့ လိုပါတယ်။ ခုကတည်းက ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားမှ သေခါနီးမှာ အလေ့အကျင့် ရှိနေမှာပါ။ ကုသိုလ်ကောင်းမှုကို ဆင်ခြင်လို့ ရမှာပါ။ အသက်ရှင်တုန်းမှာ လုပ်ချင်ရာလုပ်နေပြီး သေခါနီးမှ တရားခွေဖွင့် တရားနာခိုင်းလို့ကတော့ သေမယ့်သူနားထဲ မ၀င်တော့ပါဘူး။ အကောင်းဆုံးက မသေခင် အခုကတည်း အချိန်ရှိခိုက် ကုသိုလ်ကောင်းမှုတွေ စိုက်ကြဖို့ပါ။ ကြိုးစားပြီး လုပ်ကြဖို့ပါ။ ပြီးဆုံးသွားတဲ့ နှစ်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ တိတိကျကျ လုပ်ခဲ့တာ မရှိဘူးဆိုရင် အဲဒီအတိတ်က နှစ်လိုမဖြစ်ရအောင် အခုလာမယ့် နှစ်မှာ ကုသိုလ်ကောင်းမှုကို ရနိုင်သမျှ ကြိုးစားလုပ်ဆောင်ကြဖို့ပါ။

ဗုဒ္ဓဘာသာအလိုအရ ကိုယ်လုပ်တဲ့ ကောင်းမှု၊ မကောင်းမှုတွေကသာ ကိုယ့်ဘ၀ကို အကောင်း၊ အဆိုးဖန်တီးပေးသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့လိုပါတယ်။ အသက်ရှင်နေရတဲ့ အခိုက်ဟာ အလွန်တိုတောင်းလှတဲ့ အတွက် တိုးတောင်းလှတဲ့ အချိန်အတွင်းမှာ ကိုယ့်ကိုယ်ကို အကုသိုလ်အလုပ်တွေနဲ့ အချိန်မကုန်မိကြစေဖို့ အရေးကြီးပါတယ်။ ပြောသမျှအမှား၊ လုပ်သမျှအမှား၊ ကြံသမျှအမှားတွေ မဖြစ်ကြဖို့ သတိပြုဆင်ခြင်ကြစေ လိုပါတယ်။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာပြီဆိုတာ မမေ့ကြဖို့ လိုပါတယ်။ သေခြင်းတရားဟာ တစ်ဆစ်နီးလာပြီဆိုတာ သံဝေဂဉာဏ်ပွားဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်တွေဟာ ကိုယ်ပဲပြန်ခံရမယ်ဆိုတာ အထူးသတိရှိနေဖို့လိုပါတယ်။

ဒါကြောင့် ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်ကို ပြန်လည်တောင့်တ မနေကြတော့ဘဲ အတိတ်ကို သင်္ခန်းစားယူပြီး လာမယ့်အနာဂတ် အချိန်တွေမှာ အကောင်းဆုံးဖြစ်စေဖို့ အခုလက်ရှိအချိန်ကို အကောင်းဆုံး ပြင်ဆင်ကြစေလိုပါတယ်။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာပြီဆိုတာ ဆင်ခြင်ရင်း သေဖို့တစ်ဆစ်ပဲ ကျန်တော့တယ်ဆိုတာ မမေ့ကြဖို့ ``အပ္ပမာဒေန သမ္ပာဒေထ- မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့``ဟူသော ရှင်တော်ဘုရား မိန်မှာစကားးဖြင့် သတိပေးတိုက်တွန်း လိုက်ရပါကြောင်း…

Read more...

အမောင်သုခ... တစ်ခဏခရီးသည်... ဘဝ

Read more...

မလိုချင်တော့ ဘယ့်နှယ်လုပ်မလဲ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၅-မှ...

လာဘ်လာဘကို၊ မက်မောလို၊ ကုသိုလ်မရပြီ။
ကျော်စောလိုလား၊ ဘေးရန်များ၊ တရားမရပြီ။
ခြွေရံလိုလား၊ တဏှာပွား၊ ဘေးများတွေ့ရမည်။
လာဘ်ကျော်စောပယ်၊ ခြွေရံပယ်၊ အေးဖွယ်ရလေပြီ...။

မလိုချင်တော့ ဘယ့်နှယ်လုပ်မလဲ...
















Read more...

အရဟတ္တဖိုလ်ကို ရခြင်း၌ ...

တိက

ပုဂ္ဂိုလ် သုံးမျိုး...

၁... အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော 'နိရာသ' ပုဂ္ဂိုလ်၊
၂... အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော 'အာသံသ' ပုဂ္ဂိုလ်၊
၃... အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းမှ ကင်းသော 'ဝိဂတာသ' ပုဂ္ဂိုလ်။

၁...
အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ မစင်ကြယ် ယုံမှားဖွယ် အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်မရှိဘဲ မြတ်သောအကျင့် ရှိသည်ဟုဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့် စိုစွတ်၏၊ အမှိုက်သဖွယ် ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်း သော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု လျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည် လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေ သာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခု ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ အံ့နည်း'' ဟု ဤသို့ အကြံအစည် မျိုးသည်မဖြစ်၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။91

၂...
အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက် မှောက် ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ် အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တ ဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက် ၍ နေရအံ့နည်း'' ဟု ဤအကြံ အစည်မျိုးသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တ ဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။92

၃...
အရဟတ္တဖိုလ်ကိုရခြင်း၌ တောင့်တခြင်းမှ ကင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ် နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤအမည်ရှိ သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တ ဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်'' ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေ သာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခု ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့ နည်း''ဟု ဤအကြံအစည်မျိုးသည် မဖြစ်၊ ဤသို့ အကြံအစည်မျိုး မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စင်စစ် ထိုရဟန္တာပုဂ္ဂိုလ်အား (အရဟတ္တဖိုလ်သို့ မရောက်မီ) ရှေ့အဖို့၌ အရဟတ္တဖိုလ်ဝိမုတ္တိဖြင့် ကိလေသာမှ မလွတ်သေးသည်ဖြစ်၍ အကြင် အရဟတ္တဖိုလ်ကို လိုလားတောင့်တခြင်းသည် ရှိ၏၊ ထိုလိုလား တောင့်တခြင်း သည် ငြိမ်းအေး၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းကင်း သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃ - တိက၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

မြတ်ဗုဒ္ဓ၏ ဒုတိယခမည်းတော်နှင့် မယ်တော်

မြတ်စွာဘုရားသည် ရဟန်းအပေါင်းနှင့်တကွ သာကေတမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏၊ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမ ကြီးတို့သည် မြတ်စွာဘုရားကိုမြင်လျှင် ရွှင်လန်းဝမ်းမြောက်စွာ အနီးသို့ ချဉ်းကပ်လာပြီး သားကြီးနှင့် မတွေ့ရတာ ကြာပြီ၊ ယခု အိမ်သို့ ကြွရောက်တော်မူပါ-ဟု ပင့်လျှောက်ပြီးလျှင် ဆွမ်းလုပ်ကျွေး၏၊ သားသမီးများကိုလည်း သားတို့ သမီးတို့ လာကြ၊ သင်တို့အကိုကြီး ရောက်နေတုန်း လုပ်ကျွေးပြုစုကြ-ဟု ခေါ်ယူ၍ အရိုအသေပြုစေ၏၊

မြတ်စွာဘုရားအားလည်း သားကြီး အခြား ဆွမ်းပင့်ဖိတ်သူ မရှိပါလျှင် ၀ါတွင်းသုံးလပတ်လုံး အမြဲ ဆွမ်းစားကြွတော်မူပါ-ဟု လျှောက်ထားရာ မြတ်စွာဘုရား လက်ခံတော်မူ၏၊ အခြားသူများ ဆွမ်းစားပင့်လိုလျှင် ပုဏ္ဏားကြီးမှတဆင့် ပင့်လျှောက်ကြရ၏၊ ပုဏ္ဏားကြီး ဇနီးမောင်နှံတို့သည် မြတ်ဘုရား၏ တရားတော်ကို ကြားနာရပြီး အနာဂါမိဖိုလ် ဆိုက်ရောက်ကြလေသည်၊ တရားသဘင်တခုတွင် ရဟန်းများသည် ပုဏ္ဏားကြီး လင်မယား၏ ထူးခြားစွာ ခေါ်ဝေါ်ပြောဆို ဆက်ဆံပုံကို နားမလည်နိုင်ကြောင်း ပြောဆိုနေကြသည်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတို့ ဤပုဏ္ဏားလင်မယားသည် ရှေးယခင်ဘ၀များက အမိအဖအဖြစ် ဘ၀ငါးရာ၊ ဘကြီး ဘထွေးအဖြစ် ဘ၀ငါးရာ၊ မိကြီးမိထွေးအဖြစ် ဘ၀ငါးရာ၊ ဤသို့လျှင် ဘ၀ပေါင်း တထောင့်ငါးရာတိုင် သူတို့လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။

ထို့ကြောင့် သား-ဟူသော အမှတ်သညာ စွဲလမ်းနေကြသည်-ဟု မိန့်ကြားတော်မူလေသည်၊ ဘုရားရှင်သည် တ၀ါတွင်းလုံး ပုဏ္ဏားကြီး လင်မယား၏ ပြုစုမှုကို ခံယူခဲ့သည်၊ ၀ါကျွတ်သောအခါ ပုဏ္ဏားကြီး လင်မယားတို့လည်း အရဟတ္တဖိုလ် မျက်မှောက်ပြု၍ ပရိနိဗ္ဗာန် စံဝင်ကြလေသည်၊ သာကေတမြို့သူ မြို့သားတို့သည် ပုဏ္ဏားကြီးတို့ လင်မယားအား ဘုရားရှင်၏ ခမည်းတော်၊ မယ်တော်အမှတ်ဖြင့် ခမ်းနားသိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုကြလေသည်၊ သူတို့၏ လားရာဂတိကို သိလို၍ ရဟန်းများက မေးလျှောက်ရာ အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

( ပါဠိဂါထာ )
အဟိံသကာ ယေ မုနယော ၊ နိစ္စံ ကာယေန သံဝုတာ ။
တေ ယန္တိ အစ္စုတံ ဌာနံ ၊ ယတ္ထ ဂန္တွာ န သောစရေ ။

( မြန်မာပြန် )
သူတပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရ စသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော
ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာ ဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

( ဆောင်ပုဒ် )
ပေါင်းစုများစွာ၊ သတ္တ၀ါကို၊ ကြင်နာစိတ်စွဲ၊ မေတ္တာမြဲလျက်၊ ညှဉ်းဆဲကင်းကွာ၊ သုံးဖြာဒွါရ၊ စောင့်စည်းကြသည့်၊ ကိစ္စပြီးလတ်၊ ရဟန်းမြတ်ကား၊ ကင်းလွတ်သေခြင်း၊ စိုးရိမ်ကင်းသည့်၊ မြူရှင်းနိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။

( ကောဓ၀ဂ်၊ ဗုဒ္ဓပိတုဗြာဟ္မဏ၀တ္ထု )

Read more...

ဦးအေးမောင်၊ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ၊အခန်း(၃) ၊ ဗုဒ္ဓမပေါ်မီက အိန္ဒိယ အယူဝါဒများ

ဒီအခန်းကစပြီး ကျွန်တော် အချီးနိဒါန်းသဘောမျိုးရေးပါတော.မယ်။ ကျွန်တော် ကြိုက်နှစ်သက်တဲ. အပိုင်းလေးတွေကို ကျွန်တော်. အမြင်သက်သက်နဲ. ရေးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို. ဗုဒ္ဓဘာသာနဲ. ပက်သက်လို. ဘုရားဟောတဲ. အချက်တွေကို ကျွန်တော်တို. ငယ်စဉ်က နာကြားခဲ.ရလို.ဘဲ ဖြစ်ဖြစ် ဖတ်ဖူးမှတ်ဖူးလို.ဘဲ ဖြစ်ဖြစ် တော်တော်များများက တရားနဲ.မစိမ်းကြပါဘူး။

အခုဒီအခန်းလေးမှာတော. ဗုဒ္ဓဝါဒနဲ. တိုက်ရိုက်သက်ဆိုင်တဲ. အကြောင်းအရာတွေမပါပေမဲ. ဗုဒ္ဓခေတ်ကလူတွေရဲ. ယဉ်ကျေးမှုတွေ၊ စိတ်နေစရိုက်တွေ၊ အတွေးအခေါ်တွေ စတာတွေကို စာရေးဆရာက တတ်နိုင်သမျှ စုစည်းထားခြင်းဖြစ်ပါတယ်။

ဒီအထဲက အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို.ကောင်းပါတယ်။
ဥပမာ ဗုဒ္ဓခေတ်က အိန္ဒိယပြည်မြောက်ပိုင်းမှာ ဇာတ်ဝါဒသည် ဒီလောက်ကြီးအရှိန်အဝါမကြီးသေးတဲ. အကြောင်း ၊ ဘာသာရေးလွပ်လပ်ခွင်.လည်း အလွန်မြင်.မား၍ မည်သည်.ဘုရင်ကမျှဘာသာရေးကို ချုပ်ချယ်လေ.မရှိကြကြောင်း၊ ဗုဒ္ဓနှင်. ခေတ်ပြိုင် ဘာသာရေးဆရာကြီးများရဲ. အယူအဆများနှင်. တွေးခေါ်ပုံများ၊ တောထွက်၍တရားအားထုတ်ခြင်းသည် ထိုခေတ်လူတို. ၏ဓလေ.ထုံးစံ ဖြစ်တဲ. အကြောင်း၊ စသဖြင်. ဖော်ပြထားပါတယ်။



အခန်း(၃)
ဗုဒ္ဓမပေါ်မှီက အိန္ဒိယအယူဝါဒများ

"မဇ္ဈိမဒေသ၌ ဗြဟ္မဏတို. တန်ခိုးမကြီးသေးဘဲ
လူတို.သည် လွပ်လပ်စွာ ကြံစည်စဉ်းစား၍
အယူဝါဒအမျိုးမျိုး ပေါ်ပေါက်ကာ
ဘာသာရေး အတွေးအခေါ်များ
ပြောင်းလဲလှုပ် ရှားနေစဉ်
ဂေါတမဗုဒ္ဓ ထွက်ပေါ်လာလေသည်။"

ဂေါတမဗုဒ္ဓ ပွင်.တော်မူသော ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဂင်္ဂါမြစ်ဝှမ်းတွင် လိမ္မာယဉ်ကျေး အဆင်.အတန်းမြင်.သော အာရိယန်လူမျိုးတို.နေထိုင်ကြ၏။ ပိဋကတ်စာပေနှင်. ဝေဒကျမ်းများ၌ ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿနှင်. သုဒ္ဒ ဟူ၍ ရှေးအိန္ဒိယပြည်ရှိ ဇာတ်အမျိုးလေးပါးကို ဖော်ပြထား၏။ ခတ္တိယတို.မှာ လယ်မြေကို အစိုးရသော မင်းမှူးမတ်စစ်သူကြီးမျိုး၊ လယ်ပိုင်ရှင်သူဌေးမျိုးဖြစ်၍ ရှေးအာရိယန်ခေါင်းဆောင် အကြီးအကဲများမှ သက်ဆင်းလာကြသည်ဆို၏။ ဗြဟ္မဏတို.ကား ရှေးအာရိယန်တို.၏ ဆရာဘုန်းကြီးများနှင်. ဆက်နွယ်ကြသည်ဆို၏။ ဝေဿတို.မှာ ကုန်သည်၊ သူကြွယ်လယ်သမားမျိုးဖြစ်၍ သုဒ္ဓတို.မှာ အာရိယန်တို. အိန္ဒိယပြည်သို. မရောက်လာမီက ရှိနှင်.ပြီးဖြစ်သော ဒြာဗီးဒီးယန်းလူမျိုး အဆက်အနွယ်များဖြစ်၏။

ဗြာဟ္မဏတို.သည် ဇာတ်ဝါဒကို ထောက်ခံအားပေးကြ၏။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယပြည် မြောက်ပိုင်း၌ သူတို. တန်ခိုးဩဇာ မပျံ.နှံ.သေးသဖြင်. ဇာတ်ဝါဒသည်လည်း ထုထည်အင်အား မကြီးမားသေားချေ။ ရှေးဗြဟ္မဏကျမ်းတို.၏ အဆိုအားဖြင်. ဇာတ်ဝါဒကျင်.သုံးသော တိုင်းပြည်များမှာ ကုရုတိုင်း နှင်. ပဉ္စာလတိုင်းများ ဖြစ်၏။ ဂင်္ဂါမြစ်ဝှမ်းအလယ်ပိုင်းရှိ မဂဓ, ကောသလ စသော တိုင်းပြည်များ၌ ဇာတ်ဝါဒ မထွန်းကားသေးချေ။ ဗုဒ္ဓစာပေ၌ မဇ္ဈိမဒေသရှိ အချို.လူတို.၏ ဇာတ်ဝါဒ အယူသီးမှုကို ပြသော သာဓကများ ရှိသည်မှန်၏။ ဝိဋဋူပနှင်. သာကီဝင်တို. စစ်ဖြစ်ကြခြင်းသည် ဇာတ်အယူသီးမှုကြောင်.ဖြစ်၏။ သို.ရာတွင် ဇာတ်ဝါဒ စည်းမျဉ်းများမှာ အခါခပ်သိမ်း မတင်းကျပ်လှချေ။ ဥပမာ ဇာတ်ကြီးသောသူသည် မိမိရိုးရာ အလုပ်မှတစ်ပါး အခြားအလုပ်များကို ရှောင်ကြင်ရမည်ဖြစ်၏။ သို.စဉ်လျက် ကုသမင်းသည် ပပဝတီမင်းသမီးကို လိုချင်သောကြောင်. အိုးထိန်းသည်၊ စားတော်ချက်စသော အလုပ်များကို လုပ်ကိုင်သည်ဆို၏။ အခြားဇာတ်များ၌ ကုန်သွယ်မှု၊ အမဲလိုက်မှု စသည်ဖြင်. အသက်မွေးသော ဗြာဟ္မဏများ အကြောင်းဖော်ပြထား၏။

မဇ္ဈိမဒေသ၌ ဗြာဟ္မဏတို.ကို ဆန်.ကျင်သောသူများမှာ ခတ္တိယတို.ဖြစ်၏။ ခတ္တိယတို.သည် ဇာတိမာန်ရှိ၍ ဗြာဟ္မဏတို.ကို ဇာတ်မြင်.သောသူများအဖြစ် အသိအမှတ်မပြုကြချေ။ သာကီဝင်တို.သည် ဗြာဟ္မဏဆရာကြီးတစ်ဦး၏ တပည်.အား မိမိတို. စည်းဝေးရာဌာန၌ နေရာထိုင်ခင်းမပေးဘဲ မထေမဲ.မြင် ပြက်ရယ်ပြုကြ၏။ သို.ရာတွင် ဗြာဟ္မဏနှင်. ခတ္တိယ တို.သည် အမြဲထာဝရ ရန်သူများမဟုတ်ကြချေ။ အချို.ဗြာဟ္မဏတို.သည် ခတ္တိယနွယ်ဝင် ဘုရင်တို.အား အချို.ကိစ္စများ၌ အကြံဥာဏ်ပေး၍ မြှောက်စားခြင်း ခံကြရ၏။ ဗုဒ္ဓသံဃာ၌ ဗြဟ္မဏတော်တော် များများ ပါဝင်၍ ရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပ စသော ဗုဒ္ဓ၏ သာဝကကြီးများသည် ဗြဟ္မဏများဖြစ်ကြ၏။

စင်စစ် ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒကို နောက်ခံထား၍ ပေါ်ထွန်းလာသောဝါဒဖြစ်ရကား ဗြာဟ္မဏတို.၏ ဘာသာရေး အတွေးအခေါ်၊ အယူအဆများကို လေ.လာရန်လိုအပ်၏။

ရှေးအာရိယန်တို.သည် နေ၊လေ၊ မိုး၊ မီး စသော သဘာဝခြင်းရာ ကမ္ဘာ.တန်ဆာများကို ကိုးကွယ်ကြ၏။ သူတို.၏ နတ်ဘုရားများကို ဒေဝဟုခေါ်၍ သူတို.အယူဝါဒနှင်. ဓလေ.ထုံးစံများကို ရှေးဝေဒကျမ်းများ၌ ဖော်ပြထား၏။ ဝေဒကျမ်းများတွင် ဣသျှူဝေဒသည် ရှေးအကျဆုံးဖြစ်၏။ ထိုဝေဒ၌ နတ်ဘုရားများကို ချီးကျုး ထားသော ကဗျာများနှင်. အာရိယန်လူမျိုးတို.၏ အတိတ်ဖြစ်စဉ်ကို ဖွဲ.နွဲ.စပ်ဆိုထားသော ကဗျာများပါရှိ၏။ ဒုတိယဝေဒဖြစ်သော သာမဝေဒ၌ သူတို.နှစ်သက်သော သေရည်၏ အရှင်သောမနတ်ဘုရားနှင်. သက်ဆိုင်သည်.ကဗျာများကို ဖော်ပြထား၏။ တတိယ ယဇုဒေဝ၌မူ နတ်ဘုရားများကို ရည်စူး၍ ပြုလုပ်ရသော ယဇ်ပူဇော်ပွဲများတွင် ရွတ်ဆိုလျှောက်ထားရသော ကဗျာများ ပါရှိ၏။

အထက်ပါ ဝေဒသုံးပုံအပြင် အာတပ္ပနဝေဒဟုခေါ်သော ဝေဒတစ်ခု ရှိသေး၏။ နောက်ဆုံးပေါ်ဝေဒဖြစ်၍ လောကီပညာဆိုင်ရာ ဂါထာမန္တရားအမျိုးမျိုးကို ပြဆိုထားသော ဝေဒဖြစ်၏။ ဒီဃနိကာယ် ဗြဟ္မဇာလသုတ်၌ ဖုတ်တစ္ဆေအတတ်၊ အင်္ဂဝိဇ္ဖာ အတတ်၊ နေကို လုပ်ကျွေးခြင်း အတတ်စသည်ဖြင်. အချို.သော သမဏ ဗြာဟ္မဏ တို.၏မှား ယွင်းသောအသက်မွေးမှုများကို ရှည်လျားစွာဖော်ပြထား၍ ယင်းတို.မှာ အာတပ္ပနဝေဒကျမ်းလာ လောကီပညာများ ဖြစ်ဟန်ရှိ၏။

ဝေဒခေတ် အိန္ဒိယလူမျိုးတို.၏ ဘာသာတရားမှာ မျက်မှောက်ဘဝ ကောင်းစားရေးကို ပဓနထားသော တရားဖြစ်၏။ တမလွန်ဘဝအကြောင်းကို သူတို. အလေးအနက် မစဉ်းစား ကြချေ။ သေပြီးနောက်ကာလ၌ လူကောင်းသည် ထာဝစဉ် ချမ်းသာစွာနေရ၍ မကောင်းသောသူမှာ အမြဲ ဆင်းရဲဒုက္ခ ခံနေရသည်ဟု ယုံကြည်ကြ၏။

လူသည် ဘဝပေါင်းများစွာ ကျင်လည်ရသည်ဟု မယူဆကြချေ။ ဘဝသံသရာနှင်. ကမ္မဝါဒသည် ဝေဒခေတ်အလွန်မှ ပေါ်ပေါက်လာသော အယူများဖြစ်၏။

ထိုခေတ်လူတို.သည် ယဇ်ပူဇော်ပွဲ၏ အကျိုးအာနိသင်ကို အထူးယုံကြည်ကြ၏။ ယဇ်ပူဇော်ပွဲတစ်မျိးအကြောင်းကို ဒီဃနိကာယ် ကူဋဒန္တသုတ်၌ ဖော်ပြထား၏။ ယဇ်ပူဇော်ပွဲ ပြုလုပ်ရာ၌ အစစအရာရာ ထုံးနည်းမှန်ကန်တိကျရန်လိုအပ်သောကြောင်. ဗြာဟ္မဏတို.က ကြီးကြပ်စီမံရ၏။ ဗြာဟ္မဏအားလုံးမှာ ယဇ်ပူဇော်ပွဲဖြင်. စီးပွားရှာသူများ မဟုတ်ကျချေ။ ဥာဏ်အမြင်ရင်.ကျက်သော ဗြာဟ္မဏတို.သည် ယဇ်ပူဇော်မှုနှင်. ဝေဒကျမ်းများကို သံသယရှိ၍ အမှန်တရားကို ရှာကြံစဉ်းစားလာကြ၏။ ထိုသူတို.၏ ဘာသာရေးအတွေးအခေါ်များကို ဥပနိသျှမည်သော ကျမ်းများ၌ ဖော်ပြထား၏။

ဥပနိသျှကျမ်းများ၏ အဆိုအားဖြင်. သတ္တလောကကြီး တစ်ခုလုံး၏ မူလပင်မမှာ ပရအတ္တ ဖြစ်၏။ (အနောက်နိုင်ငံ ပညာရှင်တို.၏ စာအုပ်များမှ Atman ကိုပြန်ဆိုထားခြင်းဖြစ်သည်) စကြာဝဠာ၌ ရှိရှိသမျှသော နတ်လူသတ္တဝါ အားလုံးသည် ပရအတ္တ၌ မူလအစရှိ၍ ပရအတ္တနှင်. နောက်ဆုံး ပြန်လည် ပေါင်းစည်းကြရမည် ဖြစ်သည်။ ပရအတ္တသည် အကောင်းဆုံး၊ အမြတ်ဆုံး နိစ္စဓူဝ အသင်္ခတဓာတ်ဖြစ်၍ ယင်း၏ ဝိသေသဂုဏ်များကို လူတို.ဥာဏ်ဖြင်. ကြံစည်သော်လည်း ဘာမျှသိရမည်မဟုတ်။ ယင်းသည် အစိန္တေယျဖြစ်၍ ဥပနိသျှဆရာတို.က ဤသို.မဟုတ်၊ ထိုသို.မဟုတ် ဟူ၍သာ ငြင်းဆိုကြ၏။

လောက၌ ပရအတ္တမှတစ်ပါး အခြားဘာမျှမရှိ။ မြင်မြင်သမျှ သက်ရှိသက်မဲ. တို.သည် မာယာမျှသာဖြစ်၏။ (ဝါ) လူတို.အမြင်မှား၍ ဧကန်ထင်ရှားရှိသည်ဟု ထင်မှားနေကြခြင်းဖြစ်၏။ ပရအတ္တနှင်. ကင်းကွာနေသောကြောင်. သတ္တဝါတို.သည် မိမိတို.ပြုသော ကံကစီမံပြဌာန်းသည်. အတိုင်း ဘဝသံသရာ၌ကျင်လည်၍ ဆင်းရဲဒုက္ခခံနေကြရ၏။ ဘဝသံသရာမှ လွတ်မြောက်ရေးအတွက် ဝေဒများကို သင်အံရွတ်ဖတ်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းသည် အချည်းနှီးဖြစ်၏။ အရေးကြီးသည်ကား ဘဝသံသရာ၌ နှောင်ဖွဲ.ထားသော တဏှာကို ပယ်ဖြတ်၍ ပရအတ္တနှင်. ပြန်လည်ပူးပေါင်းမိရန်ဖြစ်၏။ ပရအတ္တကို ဝိပဿနာဥာဏ်ဖြင်. သိမြင်မှသာ မိမိ၏ မူလပင်မဓာတ်နှင်. ပြန်လည်ပေါင်းစည်း၍ ထာဝရငြိမ်းအေးမှု၊ (ဝါ) သုခအစစ်အမှန်ကို ရရှိမည်ဖြစ်၏။

အထက်ပါအချက်များမှာ ဥပနိသျှကျမ်းလာ ဗြာဟ္မဏဝါဒ၏ အကျဉ်းချုပ်ဖြစ်၏။ အချို.နေရာများ၌ ဗုဒ္ဓဝါဒနှင်. ဆင်ဆင်တူသောကြောင်. အချို.ပညာရှင်တို.က ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒ၏ အစွယ်အပွားဖြစ်မည်ဟု ယူဆကြ၏။ သို.ရာတွင် အပေါ်ယံတူညီမှုများကို လည်း သတိပြုသင်.ပေ၏။ ဗြာဟ္မဏဝါဒသည် ဗုဒ္ဓဝါဒထက် ရှေးကျ၍ ကမ္မဝါဒ၊ ဘဝသံသရာ၊ အနိစ္စတရား စသည်တို.မှာ ဗုဒ္ဓဝါဒမပေါ်မီက ရျှိနှင်.ပြီးသော တရားများဖြစ်သည်မှန်၏။ သို.ဖြစ်စေကာမူ ဒေါက်တာရိုင်း(စ) ဒေးဗစ်၊ ပရော်ဖက်ဆာ ဘန္ဒကာ( Dr. Bhandarkar) စသော ရှေးအိန္ဒိယ ဘာသာရေးသုတေသီဆရာတို.၏ လေ.လာချက်အရ ထိုတရားများကို ဗြာဟ္မဏ ဆရာတို.က ရှေးဦးပထမ ဟောပြောခဲ.သည်ဟု အခိုင်အမာ မဆိုနိုင်ချေ။

အိန္ဒိယပညာရှင် ဘန္ဒကာသည် ရှေးအိန္ဒိယ ကျောက်စာများကို ကိုးကား၍ ဗုဒ္ဓလက်ထက်မတိုင်မီက ဗြဟ္မဏတို.မှာ ထင်ရှားသောဘာသာရေးခေါင်းဆောင်များမဟုတ်ပါဟု ရေးသားခဲ.၏။ ထိုကျောက်စာများ၌ ခရစ်တော်ပေါ်ပြီး ဒုတိယရာစုခေတ်မှစ၍ လူတို.က ဗြာဟ္မဏတို.အား ကျေးရွာနှင်. မြေယာလှူဒါန်းသော သာဓကများ ဖော်ပြထား၏။

ခရစ်မပေါ်မှီ သုံးရာစုမှ ပေါ်ပြီး တစ်ရာစုအထိ ကာလအတွင်း၌မူ ဗြာဟ္မဏတို.ကို ကျောက်စာများက အလျှင်းမဖော်ပြချေ။ မင်း၊ သူဌေးသူကြွယ်တို.၏ အလှူဒါနများကို ဖော်ပြသော ကျောက်စာများရှိသော်လည်း ဗြဟ္မဏတို.ကို ပေးလှူကြောင်းတစ်စုံတစ်ရာ အထောက်အထားမတွေ.ရချေ။ သို.ဖြစ်၍ ထိုအခါက ဗြာဟ္မဏတို. မှာ လူအများ၏ ကြည်ညိုလေးစားခြင်းခံရသော ဘာသာရေးပုဂ္ဂိုလ်များ မဟုတ်ကြောင်း ထင်ရှား၏။

ဗုဒ္ဓ မပွင်.မီက မဇ္ဈိမဒေသ၌ ရှိပြီးသော တရားများသည် ခတ္တိယဒဿနိက ဆရာတို.မှတစ်ဆင်. ပြန်.ပွားနေသော တရားများ ဖြစ်တန်ရာ၏။ ဗြဟ္မဏတို.မှာ ဗုဒ္ဓဝါဒီ၊ ဂျိန်းဝါဒီတို.ကဲ.သို. တက်ကြွစွာ ဟောပြောစည်းရုံးမှုများလည်း မရှိကြချေ။ ထိုခေတ်က အိန္ဒိယပြည်သည် ဘာသာရေးလွပ်လပ်မှု မြင်.မားသော တိုင်းပြည်ဖြစ်၏။ ဘာသာရေး ယုံကြည်မှုကို မည်သည်.ဘုရင်ကမျှ ချုပ်ချယ်ခြင်း မပြုချေ။ အသိဥာဏ်နှင်. ဆင်ခြင်စဉ်းစား ဥာဏ်ရှိသော သူတို.သည် လွပ်လပ်စွာ ကြံစည်တွေးတော၍ ဘာသာရေး အတွေးအခေါ်များ လှုပ်ရှား ပြောင်းလဲလျက်ရှိလေသည်။

တောထွက်၍ တရားအားထုတ်ခြင်းသည် ထိုခေတ် လူတို.၏ ရှေးဓလေ.ထုံးစံဖြစ်၏။ အသက်အရွယ်၊ ဇာတ်အမျိုးအနွယ်နှင်. မသက်ဆိုင်ဘဲ လူတိုင်းအဖို. မွန်မြတ်သော အလုပ်ဖြစ်သည်ဟု ခံယူထား၍ ကျင်.စဉ်မှာ အမျိုးမျိုးအစားစားရှိ၏။ အချို.က ဝေဒများကို ရွတ်ဖတ်သရဇ္ဈာယ်၍ အချို.က မိမိတို. ယုံကြည်မြတ်နိုးရာ (ဥပမာ - မီး) ကို လုပ်ကျွေးပူဇော်ကြ၏။ အထူးထင်ရှားသော ကျင်.စဉ်မှာ မိမိကိုယ်ကို ဥှာဉ်းဆဲ နှိပ်စက်မှုဖြစ်၏။ ယင်းကို ရည်ညွန်းသော စကား ‘တပ’ ကို ဣသျှူဝေဒကျမ်း နောက်ပိုင်း၌ တွေ.ရ၍ ရည်ရွယ်ချက်မှာ တန်ခိုးဣဒ္ဓိရရှိရန်ဖြစ်၏။ ဒီဃနိကာယ် ကဿပသီဟနာဒ သုတ်၌ မြက်, နွားချေး, မစင်ကို စားခြင်း ၊ ရေမသောက်ဘဲနေခြင်း ၊ ဆူးအခင်းပျဉ်ပြား မြေကြီးပေါ်၌ အိပ်ခြင်း၊ အမြဲရပ်နေခြင်း စသော ကျင်.စဉ်များကို ဖော်ပြ၍ မဇ္ဈိမနိကာယ် ကုက္ကုရဝတိကသုတ် ၌ တက္ကတွန်းတို.၏ ခွေးအကျင်.၊ နွားအကျင်.များအကြောင်း ပြဆိုထား၏။

မိမိကိုယ်မိမိ ဥှာဉ်းဆဲမှုမပြုဘဲ အမှန်တရား ရှာဖွေသောသူကား ပရဗိုဇ်ဖြစ်၏။ ပရဗိုဇ်တို.သည် တစ်နေရာမှ တစ်နေရာသို. လှည်.လည်သွားလာ၍ တရားဆွေးနွေးကြ၏။ စကားစစ်ထိုး၍ အနိုင်ရခြင်း၌ ဂုဏ်ယူကြ၏။ “ငါသည် စိတ်မရှိသော သစ်ပင်ကို သော်လည်းကောင်း စကားအစဉ်ဖြင်. ဝါဒတင်ဆိုငြားအံ.၊ ထိုသစ်ပင်သည် ပြင်းစွာ တုန်လှုပ်ရာ၏” စသည်ဖြင်. သစ္စကပရဗိုဇ်က ကြုံးဝါး၏။ ရဟန္တာသည် ပရိနိဗ္ဗာန် ပြုပြီးသည်.နောက်၌ ရှိသလော မရှိသလော၊ ရှိလည်းရှိ၊ မရှိလည်းမရှိဖြစ်သလော။ ရှိသည်မဟုတ်၊ မရှိသည်လည်းမဟုတ် ဖြစ်သလော စသော မေးခွန်းများကို ထောက်ချင်.၍ ပရဗိုဇ်တို.သည် မည်မျှ စစ်စစ်ဖုဖု မေးမြန်းတတ်ကြောင်း ထင်ရှား၏။

ပိဋကတ်စာပေ၌ အာဇီဝက၊ ဇဋိလ၊ ဒေဝဓမ္မိက၊ ဂေါတမက စသော ရသေ. သို.မဟုတ် ပရဗိုဇ်အဖွဲ.အမည်များကို တွေ.၇၏။ အာဇီဝကတို.သည် အသောကမင်း၏မြေး ဒသရဌမင်း၏ လက်ထက်အထိရှိ၍ ထိုမင်းက သူတို.နေထိုင်ရန် လိုဏ်ဂူများပြုလုပ်ပေးကြောင်း ကျောက်စာများမှ သိရ၏။ဂေါတမကတို.မှာ ဒေဝဒတ်၏ ဂိုဏ်းသားများဖြစ်သည်ဟု ဒေါက်တာရိုင်း(စ) ဒေးဗစ် က ယူဆ၏။ တရုတ်ခရီးသည် ဖာဟီယန်၏ အေဒီငါးရာစု အိန္ဒိယပြည်မှတ်တမ်း၌ ဒေဝဒတ်ဂိုဏ်းသားများကို ကောသလတိုင်း၌ တွေ.ခဲ.ကြောင်း၊ ဂေါတမ ဗုဒ္ဓကို သူတို.အသိအမှတ် မပြုကြောင်း ဖော်ပြထား၏။

ပရဗိုဇ်တို.ကဲ.သို. လူသိများသော အခြားဘာသာရေး ပုဂ္ဂိုလ်များမှာ ပုရာဏကဿပ၊ မက္ခလိဂေါသာလစသော တိတ္တိဆရာများ ဖြစ်၏။ ပုရာဏကဿပက ကောင်းမှုမကောင်းမှုဟူ၍ မရှိ၊ သီလဆောက်တည်ခြင်း အလှူပေးခြင်းသည် အကျိုးမရှိဟုဟော၏။ မက္ခလိဂေါသာလကမူ တမလွန်ဘဝရှိသည်မှန်သော်လည်း လူတို.မှာ အကြောင်းမဲ. ဖြစ်ချင်ရာ ဖြစ်နေကြသည်ဟု ယူဆ၏။ အဇိတကေသကမ္ဗလ၏ အမြင်အားဖြင်.ကား လူသည် ရုပ်တရားသက်သက်ဖြစ်၍ သေလျှင် ဘဝပြတ်၏။ သဉ္စယဗေလဌပုတ္တကမူ တမလွန်ဘဝ၊ ကမ္မဝိပါက စသော ဘာသာရေးပြဿနာများနှင်. ပတ်သက်၍ ဘာမျှမပြောဘဲ ဆိတ်ဆိတ်နေ၏။

အထက်ပါ ဝါဒများထက် ပိုမိုထင်ရှားသော ဝါဒမှာ ဂျိန်းဘာသာဝါဒဖြစ်၏။ ဂျိန်းဘာသာကို တည်ထောင်သော မဟာဝီရမှာ ပိဋကတ်စာပေ၌ နိဂဏ္ဌနာဋပုတ္တအမည်ဖြင်. ထင်ရှား၏။ မဟာဝီရ၏ အဆိုအားဖြင်. လူသတ္တဝါတို. သံသရာဝဋ်ဆင်းရဲ ခံနေကြရခြင်းသည် နာမ်ဝိဥာဏ်နှင်. ရုပ်တရားပေါင်းစပ်နေမှုကြောင်. ဖြစ်၏။ ရုပ်တရား၏ နှောင်အဖွဲ.မှ ကင်းလွတ်ရန် ကမ္မအသစ်မဖြစ်ဘဲ ကမ္မအဟောင်းကို ဖျက်ဆီးပစ်ရမည်ဖြစ်၏။ မိမိကိုယ်ခန္ဓာကို ဥာဉ်းပန်းနှိပ်စက်ခြင်းဖြင်. ဘဝဟောင်းမှ ကမ္မသတ္တိအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ဂျိန်းဝါဒီတို. ယုံကြည်ကြ၏။ သူတို. ပြင်းထန်စွာ ကျင်.ပုံကို မဇ္ဈိမနိကာယ်ဒေဝဒဟသုတ်၌ ဖော်ပြထား၏။

ဘီစီလေးရာစုအတွင်းက ချန္ဒရာဂွတ်ပတား (စန္ဒဂုတ်) မင်းသည် ဂျိန်းရဟန်းအဖြစ်ကို ခံယူသည်။ သားတော်ဗိန္ဒုသာရမင်းသည် ဂျိန်းရဟန်းများကို နေ.စဉ်ဆွမ်းလုပ်ကျွေးသည်ဆို၏။ ဘီစီတစ်ရာစုလောက်၌ ဂျိန်းဘာသာသည် အိန္ဒိယပြည် အရှေ.ပိုင်းဩရိဿနယ်မှ အနောက်မြောက်ပိုင်း မဓုရနယ်အထိ ပြန်.ပွားနေပြီဖြစ်၏။

ဂျိန်းဝါဒနှင်.ဗုဒ္ဓဝါဒသည် ရှေ.ဆင်.နောက်ဆင်. ပေါ်ထွန်းလာသော ဝါဒများဖြစ်ရကား အချင်းချင်းအဆက်အသွယ် ရှိကောင်းရှိခဲ.ပေမည်။ ဗုဒ္ဓဝါဒီတို.သည် အစပထမ၌ ဂျိန်းတို.ကို အတုယူ၍ နောက်ကာလ၌ ဂျိန်းတို.၏ ကျင်.စဉ်ထဲသို. ဗုဒ္ဓအငွေ.အသက် ဝင်လာဟန်ရှိသည်ဟု အချို.ပညာရှင်တို.ယူဆကြ၏။

ဘီစီခြောက်ရာစုခေတ်က အိန္ဒိယပြည် မဇ္ဈိမဒေသရှိ ဗြာဟ္မဏဝါဒမှာ ဂျိန်းဘာသာဝါဒလောက် အရှိန်အဝါမရှိသေးချေ။ စင်စစ် ပိဋကတ်စာပေ၌လာသော ဗြာဟ္မဏဝါဒသည် ဥပနိသျှကျမ်းလာ အယူအဆများကို မရည်ညွန်းဘဲ ယဇ်ပူဇော်ခြင်း၊ မီးကို လုပ်ကျွေးခြင်း၊ ဂင်္ဂါမြစ်၌ ရေချိုးခြင်းစသည်တို.ဖြင်.ပြီးသော ရှေးဟောင်းဗြာဟ္မဏဝါဒဖြစ်၏။ ဗြာဟ္မဏဆရာတို.သည် ဗုဒ္ဓဝါဒီ ရဟန်းတို.ကို ‘ဦးပြည်းခေါင်းတုံးရဟန်း’ ဟုခေါ်၍ “မည်းညစ်သောအကျင်.ရှိသည်။ ဗြဟ္မာမင်း၏ ခြေဖမိုးမှပေါက်ပွားလာသည်” စသည်ဖြင်.ကဲ.ရဲ.ရှုတ်ချကြ၏။ ဗုဒ္ဓ၏အဆိုအားဖြင်.မူ ဗြာဟ္မဏတိုသည် ရှေးအခါက သီလသမာဓိရှိ၍ နောက်ကာလ၌ အကျင်.ပျက်လာကြ၏။ “ရှေးအခါက ဗြာဟ္မဏတို.သည် မိမိတို.အမျိုး၌သာလျှင် ဥတုလာသော အခါ၌သာလျှင်ပေါင်းဖော်ကြ၏။ မိန်းမကို ရောင်းဝယ်ခြင်းမပြုဘဲ အကယ်မြတ်နိုးမှသာလျှင် ပေါင်းဖော်ကြ၏။ ဥစ္စာစပါး ရွှေငွေကို သိုမှီးသိမ်းဆည်းခြင်းမရှိ။ တစ်နေ.၊ တစ်ရက်အတွက်သာ ဝမ်းစာရှာကြ၏။ ယခုခေတ် ဗြာဟ္မဏတို.သည်ကား ထိုသို.မကျင်.ကုန်” (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်)

ထိုသို. မဇ္ဈိမဒေသ၌ ဗြာဟ္မဏတို. တန်ခိုးမကြီးသေးဘဲ လူတို.သည် လွပ်လပ်စွာ ကြံစည်စဉ်းစား၍ အယူဝါဒအမျိုးမျိုးပေါ်ပေါက်ကာ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေစဉ် ဂေါတမဗုဒ္ဓ ထွက်ပေါ်လာလေသည်။ ။

Read more...

တစ်ခဏခရီးသည်

ဘဝ
နေရရင် တစ်ခဏပါပဲ။
ဆင်းရလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။

ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။

ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။

မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တစ်ခဏမှ ၁၃၇၁ ခုနှစ် တစ်ခဏသို့ ကူးပြောင်းခြင်း အမှတ်တရအဖြစ် တစ်ခဏခရီးသည် ကဗျာကို ရေးဖွဲ့ပါသည်။

အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း ကိုယ်ချမ်းသာ စိတ်ကျန်းမာကြပါစေ။

Read more...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သစ္စာလေးပါးမြတ်တရား

ChanMyae

Read more...

ထိုင်းနိုင်ငံမှ ရဟန္တာ Venerable Acariya Mun ၏အထုပ္ပတ္တိ

Mun Bio Mun Bio thitsaralin Ajhan Mun Biography

Read more...

ရွတ်ဆိုပူဇော်ကြပါရန်...မဟာသရဏဂုံတော်ကြီး

Mha Tharanagon

Read more...

Venerable Acariya Mun's Path of Practice


PaTipada PaTipada thitsaralin

Read more...

နှစ်သစ် နဲ့ သေမင်း

ဟုတ်ပါ့… ဒီနေ့ ဟာ နှစ်ဆန်းတစ်ရက်နေ့ပါလား..။ အော်.. နှစ်သစ်ကူးတယ် ကူးတယ်သာပြောရတယ်.. တကယ်တော့ သေဖို့ တစ်နှစ်တစ်နှစ် ကူးနေရတာပါလား.. သံဝေဂရမိပါရဲ့။ ကဲ.. နှစ်တွေပြောင်းသလို သင်ရော ဘာတွေပြောင်းပြီလဲ?

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခဲ့ပါပြီ..။ နှစ်သစ်ကူးတဲ့အချိန် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင် သုံးသပ်သင့်ပါတယ်။ ဘယ်လိုသုံးသပ်ရမလဲ ဆိုတော့.. နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲ.. နှစ်ဟောင်းမှာ မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့ရဲ့ အသက်ဟာ တစ်နှစ်ကြီးလာပြီ၊ သေဖို့တစ်နှစ် ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်ဆိုတာ အမြဲနှလုံးသွင်း သုံးသပ်နေရပါ့မယ်။ ဒါမှလည်း ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖြစ်မှာပါ။ လူဖြစ်လာရတဲ့ ရည်ရွယ်ချက်ကိုက ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်တွေ များများလုပ်ပြီးတော့ မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့ပါ။ ဒါပေမယ့် လူတွေဟာ ငါ နက်ဖြန်တွေ အများကြီး ကြုံရဦးမှာပဲဆိုပြီး သေမင်းကို မေ့နေကြပါတယ်။ အဲ့လိုမနက်ဖြန်တွေ အများကြီးကြုံရဦးမှာပဲဆိုပြီး သေမင်းကိုမေ့နေတာဟာ ကုသိုလ်လုပ်ဖို့ မေ့နေတာနဲ့ အတူတူပါပဲ။ သေမင်းကိုမေ့နေကြလို့ပဲ သေမင်းနဲ့ တွေ့တဲ့အချိန်မှာ မရှုနိုင် မကယ်နိုင် ဖြစ်ကြရတာပါ..။ ဒါ့ကြောင့် နှစ်တွေပြောင်းတိုင်း အချိန်တွေပြောင်းတိုင်း ကိုယ့်ကိုယ်ကိုအမြဲတမ်း မေးနေရမယ့် မေးခွန်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မင်း.. သေဖို့အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ ဆိုတာပါ။ နှစ်တွေတိုးတိုးပြီးလာသလို မင်းရဲ့ ကုသိုလ်တွေတိုးလာပြီလား.. ဒါမှမဟုတ် အကုသိုလ်တွေပဲ တိုးနေပြီလားဆိုတာ မေးနေရပါမယ်။


တကယ်တော့ စက္ကန့်တွေ မိနစ်တွေ နာရီတွေ ဆိုတဲ့အချိန်တွေဟာ အသက်တွေပါ။ အချိန်ဆိုတာအသက်.. အသက်ဆိုတာ အချိန်ပါ။ လူအများစုဟာ အသက်ကိုတော့ တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် အချိန်ကျတော့ တန်ဖိုးမထားကြတာ များတယ်။ ဘာလို့ တန်ဖိုးမထားရလည်းဆိုတော့ သေမှာကို မေ့နေလို့ပါ။ သေခြင်းတရားကို မေ့နေကြလို့လည်း အချိန်ကိုရတဲ့နည်းနဲ့ ဖြုန်းပြစ်နေကြတာပါ။ အချိန်ကို ဖြုန်းတယ်ဆိုတာ ကိုယ့်အသက်ကို ပြန်သတ်နေတာနဲ့ အတူတူပါပဲ။ ကိုယ်လုပ်နေတဲ့ အချိန်တိုင်းမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခု မရပဲ အလကားအကျိုးမရှိ ကုန်သွားတယ်ဆိုရင်တော့.. အဲ့ဒါကိုမှတ်လိုက်ပါ.. အချိန်ဖြုန်းပြီးတော့ ကိုယ့်အသက်ကို ကိုယ်ပြန်သတ်နေတယ် ဆိုတာ..။ မွေးကတည်းကနေ ယခုအချိန်ထိ ကျနော်တို့တွေ အချိန်ကို ဘယ်လိုသုံးခဲ့လည်းဆိုတာ ကိုယ့်ဘာသာ အသိဆုံးနေမှာပါ။ မွေးစကိုမကြည့်ပဲနဲ့.. ပြီးခဲ့တဲ့နှစ်ကိုပဲ ကြည့်လိုက်ပါလား.. ပြီးခဲ့တဲ့နှစ်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေမဲ့အလုပ်တွေ.. ကုသိုလ်ရမယ့်အလုပ်တွေ.. မိမိသူတစ်ပါး အကျိုးရှိမဲ့အလုပ်တွေ ဘာတွေများလုပ်ပြီးပြီလဲဆိုတာ.. ပြန်မေးဖို့ လိုပါတယ်။ နှစ်တွေ လတွေ ရက်တွေ ပြောင်းလာတယ်ဆိုတာဟာ တကယ်တော့ သေမင်းရှိရာနေရာကို သွားနေကြတယ်ဆိုတာ လူတွေမေ့နေကြတယ်။ လှမ်းနေတဲ့ ခြေလှမ်းတွေဟာ သေမင်းဆီကိုလှမ်းနေတာပါ။ ဒီလိုဆိုရင် ကိုယ်ကသေမင်းနဲ့ရင်ဆိုင်ဖို့ ဘာတွေပြင်ပြီးပြီလဲ? ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ရိက္ခာတွေ ဘယ်လောက် များများစုစောင်းပြီးပြီလဲ? ကျန်ခဲ့တဲ့နှစ်မှာ ကုသိုလ်တွေ ဘယ်လောက်စုစောင်းပြီးပြီလဲ? လာမယ့်နှစ်သစ်မှာရော ဘာတွေထပ်တိုးပြီး စုစောင်းဦးမှာလဲ? ဆိုတာ အမြဲတမ်းကိုယ့်ကိုယ်ကို မေးနေရပါမယ်။

နှစ်သစ်မှာ သေမင်းအကြောင်းကိုစပြီး ပြောလိုက်လို့ မဂ်လာမရှိဘူးလို့ မထင်လိုက်ပါနဲ့။ သေခြင်းတရား အကြောင်းပြောတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိပါဘူး။ သေခြင်းတရားအကြောင်း တွေးခြင်းဟာလည်း လောကမှာ ကျက်သရေ အရှိဆုံးပါပဲ။ ဘာလို့လည်းဆိုတော့ သေခြင်းတရားကို အမှတ်ထင်ထင် သတိရနေမှာသာ မသေခင် အခိုက်အတန့်ကာလမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်၊ အလုပ်သင့်အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့ တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါ။ သေခြင်းတရားကို သတိရအောက်မေ့တာ.. သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ စိတ်ညစ်ဖို့ စိတ်ဓါတ်ကျဖို့ မဟုတ်ပါဘူး။ စိတ်ခိုင်ဖို့ စိတ်ဓါတ်မြင့်ဖို့ပါ။

ကျနော်တို့တွေရဲ့ မြန်မာနှစ်သစ် ကူးခဲ့ပါပြီ။ နှစ်သစ်နဲ့သေမင်းဆိုတဲ့အတိုင်းပါပဲ.. နှစ်သစ်တိုင်း နှစ်သစ်တိုင်း အမြဲတမ်းမေးနေရမယ့် စကားတစ်ခွန်းရှိပါတယ်။ နှစ်တွေ သစ်လာတာနဲ့အမျှ.. မင်းမှာရော သေမင်းကို ရင်ဆိုင်ဖို့ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လက်နက်အသစ်တွေ ဘယ်လောက်များ စုစောင်းပြီးပြီလဲဆိုတာပါ။ သာမညတောင် ဆရာတော်ဘုရားကြီးသြ၀ါဒလေး မှတ်မိပါရဲ့...

မနုဿ လူတို့မှာ
နေထွက်ကရှာဖွေ နေ၀င်သို့ရောက်
ကုသလနှင့် အကုသလ
ဘယ်သူက သာသည်ဟု၊
ဥာဏ်စက္ခု ပြန်၍ရှင်း၊
ထိုစာရင်း မရှင်းလျှင်၊
လောကတွင်လူမဟုတ်၊
လောကုတ်မှာ မဂ်ဖိုလ်ရှုံး၊
လူရုပ်ပျောက်ဆုံး တဲ့။

ဒီလိုဆိုရင် ကျနော်တို့တွေဟာလည်း နှစ်သစ်တွေ ပြောင်းလာခဲ့ပြီဆိုတာနဲ့အမျှ စာရင်းပြန်ရှင်းဖို့ လိုလာပါပြီ။ ကုသိုလ်နဲ့ အကုသိုလ်တွေ ဘယ်ဟာတွေပိုလုပ်ခဲ့လဲဆိုတဲ့ တစ်နှစ်စာ စာရင်းရှင်းလိုက်ပါ။ တစ်နှစ်စာစာရင်း ရှင်းပြီးပြီဆိုတာနဲ့.. လာမယ့် နှစ်သစ်မှာလည်း ကုသိုလ်တွေ တိုးသထက်တိုးအောင် စုမယ်.. သေမင်းဘယ်အချိန်ခေါ်ခေါ် ပြုံးပြုံးလေး သေနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးတွေမွေးမယ်ဆိုရင်တော့ လာမယ့်နှစ်သစ်ဟာ တကယ့် မဂ်လာရှိတဲ့နှစ်သစ်လေး တစ်ခုဖြစ်မှာ မလွဲဧကန်ပါပဲ။ လာမယ့်နှစ်သစ်မှာ သေမင်းကိုပြုံပြုံးလေး ရင်ဆိုင်နိုင်ဖို့… အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကုသိုလ်တွေ များသထက် များအောင်စုကာ သေမင်းကို ရင်ဆိုင်ဖို့ကြိုးစားရင်း… မဂ်ဖိုလ် နိဗ္ဗာန်ကို တက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Read more...

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး...

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် နတ်တို့အရှင် သိကြားမင်းအား ဤ စကားကိုဆို၏၊ ''နတ်တို့အရှင် သိကြားမင်း တောင်းပန်ပါ၏၊ အကျွန်ုပ်တို့ သည်လည်း ထိုမြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နာကြားလိုပါကုန်၏'' ဟု (ဆိုပါ၏)။

အသျှင်ဘုရား နတ်တို့အရှင် သိကြားမင်းသည် ''ကောင်းပါပြီ အသျှင်ဗြဟ္မာကြီး'' ဟု သနင်္ကုမာရ ဗြဟ္မာအား ဝန်ခံ၍ မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန် သော ဂုဏ်ရှစ်ပါးတို့ကို ဟောကြား၏။

အသျှင်ဗြဟ္မာကြီးသည် ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊

၁...
ထိုမြတ်စွာဘုရားသည် ...
လူအများ၏စီးပွါး ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူ တို့၏ အကျိုးစီးပွါး ချမ်းသာ အလို့ငှါလွန်စွာကျင့်တော်မူပါပေ၏၊ ဤသို့လူအများ ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာ ကိုရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၁)

၂...
ထိုမြတ်စွာဘုရား၏ ...
တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါ ပေတည်း၊
ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေး တတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက် သော တရားတော်ပါ ပေတည်း၊ (မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ပါ ပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါ ပေတည်း။ ဤသို့ (မိမိ၏ ကိုယ်ထဲ စိတ် ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ကို ဟောတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။ (၂)

၃...
ထိုမြတ်စွာဘုရားသည် ...
''ဤကား ကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊
''ဤကား အကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ ''ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းညစ်သော အဖို့, ဖြူစင်သောအဖို့ ရှိ၏'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏။ ဤသို့ ကုသိုလ် အကုသိုလ်, အပြစ်ရှိ အပြစ်မရှိ, မှီဝဲအပ် မမှီဝဲအပ်, အယုတ် အမြတ်, မည်းညစ်သောအဖို့ ဖြူစင် သော အဖို့ရှိသော တရားတို့ကို ဟောပြတော်မူ တတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံ သော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၃)

၎...
ထိုမြတ်စွာဘုရားသည် ...
တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကောင်းစွာ ဟောကြား တော် မူပါပေ၏၊ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှော ဆက်စပ်လျက် ရှိပါပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ် ရေနှင့် နှီးနှောဆက်စပ်လျက် တပေါင်းတည်းဖြစ်သကဲ့သို့၊ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါ ပေ၏၊ နိဗ္ဗာန်နှင့်အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဤသို့နိဗ္ဗာန်သို့ ရောက် ကြောင်းအကျင့်ကို ဟောကြားတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၅...
ထိုမြတ်စွာဘုရားအား ...
လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင် ဝမ်းသာအားရ ဖြစ်နေ ကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံ ပါပေ၏။ သို့သော်လည်း ထို မြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူပါပေ၏၊ ဤသို့ မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့ မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။

၆...
ထိုမြတ်စွာဘုရားသည် ...
ကျင့်သုံးဆဲ သေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များ ရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွါ၍ တစ်ပါးတည်း မွေ့လျော်လျက် နေ တော်မူပါပေ၏။ ဤသို့ တစ်ပါးတည်း မွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စေုံ သာ ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင် ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၇...
ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိတော်မူပါပေ၏၊ ဤသို့ ဟောပြောသည့် အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိလျက် ဤနည်း ဖြင့် (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုကျင့်သည့် ဤ အင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၈...
ထိုမြတ်စွာဘုရားသည် ...
မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှား ခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်း ကင်းပြီး ဖြစ်တော်မူပါပေ၏၊ အလုံးစုံပြီးမြောက်သော နှလုံး အလို ရှိတော်မူပါပေ၏၊ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီဖြစ်လျက် အလုံးစုံပြီး မြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ 302

မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နတ်တို့အရှင် သိကြားမင်းသည် သနင်္ကုမာရဗြဟ္မာအား ဟောပြောပါသည် အသျှင်ဘုရား။

အသျှင်ဘုရား ထိုသို့ (သိကြားမင်းဟောပြောသော) ကြောင့် သနင်္ကုမာရဗြဟ္မာ သည် မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ကြားနာ ရ၍ ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက် ရွှင်ပြလျက် ရှိပါ၏။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ကြမ်းတမ်းထင်ရှားသော အတ္တ ဘောကို ဖန်ဆင်းလျက် ဦးစွန်းငါးခုရှိသော သတို့သားအသွင်ဖြင့် တာဝတိံသာ နတ်တို့၏ (မျက်မှောက်၌) ထင်ရှား ပေါ်လာပါ၏။ ထိုဗြဟ္မာသည် ကောင်းကင် သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေ ပါ၏။

အသျှင်ဘုရား ခွန်အားရှိသော ယောက်ျားသည် ကောင်းစွာ ခင်းထားသော ပလ္လင်၌ဖြစ်စေ ညီညွတ်သော မြေပြင်၌ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသကဲ့ သို့၊ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တာဝတိံသာ နတ်တို့ကို (ဤသို့) ပြောဆိုပါ၏။303 မဆက်တော့ပါ။

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး၊ မဟာဂေါဝိန္ဒသုတ်၊ မဟာဝဂ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ယုံကြည်မှု...

ပဌမ သဒ္ဓါသုတ်-

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထို ရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း ဖြစ်ပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။ ရဟန်းတို့ အကြင် အခါ၌ကား ရဟန်းသည် သဒ္ဓါ တရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ ရဟန်းသည် ...

သဒ္ဓါတရားလည်း ရှိ၏၊
သီလလည်း ရှိ၏၊
များသော အကြားအမြင် 'ဗဟုသုတ'ကား မရှိ၊
ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူဖြစ်၏။ ထို့ကြောင့်''ငါသည် အဘယ်သို့လျှင် သဒ္ဓါရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်း ကောင်း၊ ဗဟုသုတရှိသူသည် လည်းကောင်း ဖြစ်ရပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရ မည်။

ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ များသောအကြားအမြင် ဗဟုသုတလည်း ရှိ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူဖြစ်၏။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ 'ဓမ္မကထိက' ကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူလည်း ဟုတ်၏၊ လွန်မြတ် သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန် သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရသူ မငြိုမငြင် ရသူ မပင်မပန်းရသူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူလည်း ဟုတ်၏၊ လွန်မြတ် သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန် သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်း ရသူလည်း ဟုတ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာ ကပ်ရောက်၍ကား မနေရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရား ရှိသူသည် လည်းကောင်း၊ သီလ ရှိသူသည် လည်းကောင်း၊ ဗဟုသုတရှိသူသည် လည်းကောင်း၊ တရားဟောသူ ဓမ္မကထိကသည် လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည် လည်းကောင်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်သူသည် လည်းကောင်း၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူသည် လည်း ကောင်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက် ပြုကာ ကပ်ရောက်၍ နေရသူ ဖြစ်ရပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ များသော အကြားအမြင် ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရား ဟောနိုင်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူလည်း ဟုတ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ကပ်ရောက်၍လည်း နေရ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါ နှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ် ရှိသူသည် လည်းကောင်း၊ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံသူသည် လည်းကောင်း ဖြစ်၏ ဟု (မိန့်တော်မူ၏)။71

၁ - ပဌမ သဒ္ဓါသုတ်၊ ယမက၀ဂ်၊ အဋ္ဌကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

*ဇာတိပဋိသန္ဓေနှင့် စပ်လျဉ်း၍…*

ရှိရှိသမျှသော သတ္တ၀ါ အားလုံးသည် အနတ္တ သဘောချည်း ဖြစ်ခဲ့လျှင် မည်သည့် တရားသည် ဇာတိ ပဋိသန္ဓေ တဖန်ပြန်၍ နေပါသနည်း။ အကယ်၍ ၀ိညာဉ် မရှိခဲ့လျှင် ဇာတိ ပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း။ ဗုဒ္ဓ၏ ၀ါဒအရ ဇာတိ ပဋိသန္ဓေ တဖန်ပြန်၍ နေခြင်း သဘောကို အနတ္တ သို့မဟုတ် ၀ိညာဉ်မဲ့ တရား ဒေသနာနှင့် အညီ ရှင်းလင်း ဟောကြားတော် မူပါဘုရား။
(မေးမြန်း လျှောက်ထားသူ- ဒေါက်တာ အေ၊ အမ်၊ ဘောကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယ တရားဝန်ကြီး ချုပ်ဟောင်း၊ ဖြေဆိုသူ- ဆရာတော် အရှင် အရိယ ဓမ္မ။)

ဆရာတော်
ဗုဒ္ဓ၀ါဒ အရ ဇာတိပဋိသန္ဓေ တဖန် ပြန်နေခြင်း သဘောဟာ အလွန် နက်နဲတယ်။ ရှင်းလင်း ပြဖို့ရာလည်း ခက်ခဲတယ်။ နားလည် သဘော ပေါက်ဖို့လည်း ခဲယဉ်းလှတယ်။ ဟိန္ဒူဝါဒ ၀ိညာဉ် ကူးပြောင်းတယ် ဆိုတဲ့ သဘောနဲ့လည်း လုံးလုံး မတူဘူး။ ဒါကြောင့် ဒကာကြီး မှန်တစ်ချပ်ကို ယူလာ နိုင်ရင်တော့ မှန်ထဲမှာ အရိပ်ထင်လာတဲ့ သူကို ရုတ်တရက် ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်လာတဲ့သူ အဖြစ်နဲ့ လက်တွေ့ ဥပမာ ပြပြီးတော့ ရှင်းပြနိုင်ပါ လိမ့်မယ်။

ဒကာကြီး (ဒေါက်တာ)
(အလွန် အံ့သြသွားပြီး) အသက်ရှင်လျက် ရှိနေသော လူတစ်ယောက်ကို ဇာတိ ပဋိသန္ဓ တဖန်ပြန်ပြီး နေအောင် လုပ်နိုင်ပါ့မလား ဆရာတော်။

ဆရာတော်
ဗုဒ္ဓရဲ့ ရှုထောင့်မှ နေပြီး ဒီလို အသက်ရှင်နေတဲ့ သူဟာ ဇာတိပဋိသန္ဓေ ပြန်နေလို့ ဖြစ်နိုင်တယ်လို့ ပြောရလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီအခု တွေ့မြင်နေရတဲ့ ဒကာကြီးတို့ ဦးပဉ္ဇင်းတို့ ရုပ်သဏ္ဌာန် တွေမှာ အသွေးအသား၊ အရိုး၊ အကြော ဆိုတဲ့ ရုပ်ကလာပ်တွေဟာ မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာပင် ချုပ်ငြိမ်း ပျက်သုဉ်း နေကြလို့ပဲ။ ဒီသဘောကို ယခု ခေတ်သစ်သိပ္ပံ ပညာကလည်း ဟုတ်မှန်ကြောင်း ၀န်ခံထားပြီးပြီ။ (သို့နှင့် မှန်ယူလာသော အခါ)

ဆရာတော်
(ဒကာကြီးအား ခေါ်ပြီး) ကဲ ဒကာကြီး၊ မှန်ရှေ့မှာ ခဏ ရပ်ပါဦး။ ပြီးတော့ မှန်ထဲက လူနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကိုလည်း သတိထားပြီး ဖြေပါဦး။ ကဲ ဒကာကြီး၊ မှန်ထဲမှာ ဘယ်သူ့ကို မြင်သလဲ။

ဒကာကြီး
မှန်ထဲက လူဟာ တပည့်တော်ပါပဲ ဘုရား။ တခြားသူ မဟုတ်ပါဘူး။

ဆရာတော်
ကဲဒါဖြင့် မှန်ထဲကလူနဲ့ ဒကာကြီးဟာ နှစ်ယောက်လား၊ တစ်ယောက် တည်းလား။

ဒကာကြီး
(ခေတ္တ စဉ်းစားနေပြီးနောက်) မှန်ထဲက လူနဲ့ တပည့်တော်ဟာ တစ်ယောက်တည်းပါပဲ ဆရာတော်။ ဒီလူပါပဲ။ တခြားလူ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်
ကဲ ဒါဖြင့်ရင် မှန်ထဲကလူက ဘယ်ဘက်ကို မျက်နှာလည့်နေပြီး ဒကာကြီးက ဘယ်ဘက်ကို မျက်နှာလှည့် နေတုန်း။

ဒကာကြီး
တပည့်တော်က အရှေ့ဘက်ကို မျက်နှာ လှည့်နေပါတယ်။ မှန်ထဲက လူက အနောက်ဘက်ကို မျက်နှာ လှည့်နေပါတယ် ဆရာတော်။

ဆရာတော်
ဒကာကြီးက အရှေ့ဘက်ကို မျက်နှာ မူနေပြီး၊ မှန်ထဲက လူက အနောက် ဘက်ကို မျက်နှာ မူနေလို့ ရှိရင် ဒကာကြီးနဲ့ အဲဒီ မှန်ထဲက လူဟာ တစ်ယောက်တည်း၊ တစ်ဦးတည်း ပဲလို့ ဘယ့်နှယ့် လုပ်ပြီး ဒကာကြီး ပြောနိုင်တာလဲ။

ဒကာကြီး
(အနည်းငယ် အကြံအိုက်သွားပြီး) တပည့်တော် အဖြေကို ပြင်ဖြေပါရစေ ဆရာတော်။

ဆရာတော်
ဖြေနိုင်ပါတယ်။

ဒကာကြီး
မှန်ထဲက လူဟာ တပည့်တော် မဟုတ်ပါဘူး၊ တပည့်တော်ရဲ့ အရိပ်ပါ ဆရာတော်။

ဆရာတော်
မှန်ထဲကလူဟာ ဒကာကြီးတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒကာကြီးရဲ့ အရိပ်ပဲလို့ ဆိုရင် အဲဒီ အရိပ်က ဒကာကြီး လုပ်သမျှကို လိုက်လုပ် နိုင်မှာပေါ့၊ ဟုတ်ရဲ့လား ဒကာကြီး။

ဒကာကြီး
မှန်ပါတယ် ဆရာတော်။

ဆရာတော်
ဒီလို ဒကာကြီးရဲ့ အရိပ်မို့လို့ ဒကာကြီး လုပ်သမျှ အကုန်လုံးလိုက်ပြီး လုပ်တယ်လို့ ဆိုရင် ဒကာကြီးရဲ့ အရိပ်ထင်မှုပဲ ဖြစ်တဲ့၊ တနည်းအားဖြင့် ဒကာကြီးရဲ့ အရိပ်ပဲ ဖြစ်တဲ့ ဓါတ်ပုံရှေ့မှာ ဒကာကြီးက လက်ကို မြှောက်လိုက်ရင် ဒကာကြီး ဓါတ်ပုံကလည်း လက်ကို လိုက်ပြီး မြှောက်ပါ့မလား။

ဒကာကြီး
အရိပ်ထင်ထားတဲ့ ဓါတ်ပုံကတော့ တပည့်တော် လုပ်သလို လိုက်လုပ်မှာ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်
ဒီလိုဆိုရင် လူတစ်ယောက်ရဲ့ အရိပ်က အဲဒီလူ လုပ်သမျှ လိုက်ပြီး လုပ်တယ်ဆိုတဲ့ ဒကာကြီးရဲ့ စကားဟာ မမှန်တော့ ဘူးပေါ့။

ဒကာကြီး
မမှန်ပါဘူး ဆရာတော်။

ဆရာတော်
ကဲ ဒကာကြီး၊ မှန်ရှေ့မှာ မတ်တပ် ရပ်လိုက်ပါဦး။ ကဲ… ဒကာကြီးရဲ့ ညာဘက်လက်ကို မြှောက်ပြီး ပြန်ချလိုက် ပါဦး။ ကဲ ဒကာကြီး လုပ်သလို မှန်ထဲက လူက လုပ်သလား။

ဒကာကြီး
လုပ်ပါတယ် ဆရာတော်။

ဆရာတော်
ကဲဒီလို မှန်ထဲကလူက ဒကာကြီး လုပ်သလို လိုက်လုပ်လို့ ရှိရင် မှန်ထဲက လူဟာ ဓါတ်ပုံထဲက လူလို ဒကာကြီးရဲ့ အရိပ်ပါပဲ။ ဒကာကြီးက မဟုတ်ပါဘူးလို့ ငြင်းနိုင်ပါ့မလား။ ဒကာကြီးက ငြင်းနေမယ် ဆိုရင် ပရိသတ်ထဲက လူတစ်ယောက်ကို ခေါ်ပြီး မေးရဦးမှာလား။

ဒကာကြီး
ခေါ်ဖို့ မလိုတော့ပါဘူး ဆရာတော်။ မှန်ထဲက လူဟာ တပည့်တော်ပါပဲလို့ တပည့်တော်ရဲ့ အဖြေကို ပြန်ပြင်ဖြေ ပါရစေ ဆရာတော်။

ဆရာတော်
ကဲ ဦးပဉ္ဇင်း ပြခဲ့တဲ့ အကြောင်း ပြချက်တွေ အရ မှန်ထဲက လူဟာ တခြားလူ မဟုတ်ဘဲ ဒကာကြီးပါပဲလို့ ဆိုရင် ဒကာကြီးကို ဦးပဉ္ဇင်း တစ်မျိုးမေး ရဦးမယ်။ တကယ်လို့ မှန်ကို ဦးပဉ္ဇင်းက တူနဲ့ ထုပြီး ခွဲလိုက်ရင် မှန်ထဲက လူဟာ တစ်ခါတည်း ပျောက်ကွယ် သွားလိမ့်မယ်။ အဲဒီလို ပျောက်ကွယ် သွားရင် ဒကာကြီးကော တစ်ခါတည်း ပျောက်ကွယ် သွားမှာလား။

ဒကာကြီး
တပည့်တော် ကတော့ ဘယ် ပျောက်ကွယ် ပါ့မလဲ ဆရာတော်။

ဆရာတော်
ဒီလို မှန်ထဲကလူ ပျောက်ကွယ် သွားပါလျက်နဲ့ ဒကာကြီးက ပျောက်ကွယ် မသွားဘူး ဆိုလို့ရှိရင် ဒကာကြီးနဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းတော့ မဟုတ်တော့ဘူး၊ တခြားစီပေါ့။

ဒကာကြီး
တခြားစီလည်း မဟုတ်ပါဘူး ဆရာတော်။ တပည့်တော်တော့ ဆရာတော်ရဲ့ မေးခွန်းတွေကို ဖြေကို မဖြေတတ်တော့ ပါဘူး ဆရာတော်။ ဆရာတော်ကသာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေခြင်း ဆိုတဲ့ သဘောကို ပိုပြီး ထင်ထင်ရှားရှား သိမြင် နားလည်အောင် ရှင်းပြပါတော့။

ဆရာတော်
မှန်ထဲမှာ ထင်လာတဲ့ အရိပ်ဟာ ဗုဒ္ဓ အလိုတော်ကျ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ သဘောနဲ့ တထပ်တည်းပဲ။ ဟိန္ဒူ ၀ါဒအရ ၀ိညာဉ် ကူးပြောင်းတဲ့ သဘောနဲ့ လုံးဝ မတူဘူး ဆိုတာကိုလည်း ထင်ရှားစေတယ်။ မှန်ထဲက အရိပ်ဟာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေသူသည် ကွယ်လွန် စုတေသူလည်း မဟုတ်၊ သို့သော် တခြားသူလည်း မဟုတ် ဆိုတဲ့ စကားကို ဒကာကြီး သဘောပေါက်ပြီ မဟုတ်လား။

သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓ ကိုယ်တော်တိုင် ပြည့်ပြည့်စုံစုံ ဟောကြားတော် မူတဲ့ ဗုဒ္ဓရဲ့ ၀ါဒဟာ ပဋိစ္စ သမုပ္ပါဒ် တရားတော် ပေါ်မှာ အခြေ တည်ထားတယ်။ ပြီးတော့ အကြောင်းတရား မရှိဘဲနဲ့ အကျိုးတရား ဆိုတာ မပေါ်ပေါက် နိုင်ဘူးလို့ အတိ အလင်း မြွက်ဆို ထားတယ်။ ဗုဒ္ဓ ၀ါဒအရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်း သဘောနဲ့ ဆိုင်တဲ့ ပြဿနာမှာ ဒီ ပဋိစ္စ သမုပ္ပါဒ် တရားကို ပိုပြီး ရှင်းလင်းအောင် မှန်ထဲက လူနဲ့ မှန်ရှေ့မှာ ရပ်နေတဲ့ လူတွေကို လက်တွေ့ ပြခဲ့ပြီ။ ဒီနေရာမှာ မှန်ရှေ့မှာ ရပ်နေတဲ့ လူက အကြောင်းတရားပဲ။ မှန်ထဲမှာ လာထင်တဲ့ အရိပ်က အကျိုးတရားပဲ ဒကာကြီး။

တနည်းအားဖြင့် ဆိုရရင် မှန်ထဲက အရိပ်ဟာ မှန်ရှေ့က လူရဲ့ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ လူပဲ။ ဒါပေမယ့် မှန်ထဲက အရိပ်နဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းပဲလို့ ဆိုရင် မှားလိမ့်မယ်။ ဒီလို မဆိုနိုင်ပေမယ့် မှန်ထဲက အရိပ်ဟာ မှန်ရှေ့ကလူ မဟုတ်ဘဲ တခြားလူ လို့လည်း မဆိုနိုင်ဘူး။ ဒါကြောင့် ဒီအရိပ်နဲ့ လူဟာ ဘာလဲလို့မေးရင် အခုနက ပြောခဲ့သလို တစ်ခုက အကြောင်းတရား ဖြစ်ပြီး တစ်ခုက အကျိုးတရားလို့ပဲ ဆိုရမယ်။

ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်းဟာ ပိုပြီး ရှင်းသည်ထက် ရှင်းအောင် သမုတိ သစ္စာနဲ့ ပရမတ္ထ သစ္စာဆိုတဲ့ တရား နှစ်ပါးကိုလည်း ဆန်းစစ်ဖို့ လိုသေးတယ်။ သမုတိ သစ္စာ ဆိုတာက ဒီကမ္ဘာ လောကကြီးနဲ့ တကွ ဘုံ အသီးသီးမှာ ရှိတဲ့ သတ္တ၀ါတွေ၊ တရားစုတွေကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတဲ့ တရားစုနဲ့ မြင်၊ ကြား၊ နံ၊ ကြား၊ တွေ့ထိ ခံစားရတဲ့ အတိုင်း အမှန်တကယ် ဟုတ်တယ်လို့ ယူဆထားတဲ့ သစ္စာတရားပဲ။ ဒီ သစ္စာ တရားအရ အကြင်လူ တစ်ဦး တစ်ယောက်က ငါဟာ ငါတို့ရဲ့ ကုသိုလ် ကောင်းမှုကြောင့် ငါသေလို့ ရှိရင် နတ်ဘုံကို ရောက်လိမ့်မယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒီသစ္စာ တရားဟာ တကယ့် သစ္စာတရား မဟုတ်ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးဟာ တကယ်သာ တည်ရှိမယ် ဆိုရင် အဲဒီ ခန္ဓာကိုယ် ရုပ်ကောင်ကြီးဟာ သူ့ကိုယ်သူ ထိန်းသိမ်း နိုင်ရမယ်။ မအိုရဘူး၊ မနာရဘူး၊ မသေရဘူး။

တကယ်လို့ ဒီခန္ဓာကိုယ် ရုပ်ကောင်တိုင်းမှာ မူလ ဗီဇ ကတည်းက အိုမင်းခြင်း၊ ပျက်စီးခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ သဘောတွေ ပါလာကြတယ် ဆိုရင် ဒီတရားစု တွေဟာ အနိစ္စပေါ့၊ မမြဲဘူး။ အိုမင်းခြင်း၊ နာဖျားခြင်း၊ သေဆုံးခြင်း ဆိုတာတွေ ကလည်း ဒုက္ခ ဆင်းရဲပေါ့။ နောက်ဆုံး မအိုအောင်၊ မနာအောင်၊ မသေအောင် မလုပ်နိုင်ဘူး ဆိုတာတွေ ကလည်း အနတ္တပဲ။ ဘာမျှ အနှစ်သာရ မှရှိတော့တဲ့ သဘောပဲ။

ပရမတ္ထ သစ္စာကမှ တကယ့် သစ္စာတရား ဖြစ်တယ်။ ဒီတရား အရ ဘယ်ခန္ဓာကိုယ် ရုပ်ကောင်မှ မှရှိဘူး။ ဘယ်ကမ္ဘာ၊ ဘယ်ဘုံရယ်လို့မှ မရှိဘူး။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏ္ခန္ဓာ ဆိုတဲ့ ခန္ဓာ ငါးပါးသာ ရှိတယ်။ ဒီခန္ဓာ ငါးပါးမှအပ အခြားသော သတ္တ၀ါရယ်လို့ မရှိဘူး။ သစ္စာလေးပါးကို မသိ မမြင်တဲ့သူ၊ ဒီမြင့်မြတ်တဲ့ တရားစုကို အလေး ဂရုမပြုသူ၊ နားမလည်သူ တို့ကသာ ဒီရုပ်တရား တွေကို ငါ့ရဲ့ ခန္ဓာကိုယ်လို့ စွဲမှတ်ကြတယ်။ ဒီလို ရုပ်တရားတွေကို ငါရဲ့ ခန္ဓာကိုယ်လို့ပဲ စွဲမှတ်ကြသလို ဝေဒနက္ခန္ဓာတို့၊ သညက္ခန္ဓာတို့၊ သင်္ခါရက္ခန္ဓာတို့၊ ၀ိညာဏ္ခန္ဓာ တို့ကိုလည်း သူပိုင် တရားတွေပဲလို့ စွဲမှတ်ကြတယ်။ ဒီစွဲမှတ်ချက်တွေကို အရင်းခံပြီး အတ္တအစွဲ၊ အတ္တတရားတွေ ပေါ်ပေါက် လာကြတာပဲ ဒကာကြီးရဲ့။

ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒအရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်းဆိုတဲ့ သဘောအရ အတိတ်ဘ၀က ခန္ဓာ ငါးပါးဟာ အကြောင်းတရား ဖြစ်ပြီး၊ ပစ္စုပ္ပါန် ဘ၀မှာ ရှိတဲ့ ခန္ဓာ ငါးပါးက အကျိုးတရား ဖြစ်တယ်။ တဖန် ပစ္စုပ္ပါန် ဘ၀က ခန္ဓာ ငါးပါးဟာ အကြောင်းတရား ဖြစ်ပြီး၊ ရှေ့အနာဂတ်မှာ ဖြစ်ပေါ်လာရမယ့် ခန္ဓာ ငါးပါးဟာ အကျိုးတရား ဖြစ်မယ်။ ဒါပေမယ့် အတိတ် ဘ၀က ခန္ဓာငါးပါး တရားတွေနဲ့ ယခု ပစ္စုပ္ပါန် ဘ၀မှာ ရှိတဲ့ ခန္ဓာငါးပါး တရားတွေဟာ အတူတူပဲလို့ ဆိုရင် မှားမယ်။ တဖန် အတိတ်ဘ၀က ခန္ဓာငါးပါး တရားတွေနဲ့ ကင်းလွတ်တဲ့ တခြား ခန္ဓာငါးပါး တရားတွေ ဖြစ်တယ်လို့ ဆိုရင်လည်း မမှန်ဘူး။ ဘာပြုလို့လဲ ဆိုတော့ ယခု ပစ္စုပ္ပါန် ဘ၀မှာရှိတဲ့ ခန္ဓာငါးပါး တရားတွေနဲ့ အဲဒီ ခန္ဓာငါးပါး တရားစု တို့ရဲ့ လှုပ်ရှားမှု၊ ပြုလုပ်မှု တွေကနေပြီး အနာဂတ် ဘ၀မှာ ခန္ဓာငါးပါး တရားတွေ ပေါ်လာရ မှာကိုး ဒကာကြီးရဲ့။ အဲဒီတော့ ဘယ်တရားဟာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်ဖြစ် နေသလဲ ဆိုတဲ့ ပြဿနာဟာ ရှင်းသွားပြီ မဟုတ်လား ဒကာကြီး။

ရူပက္ခန္ဓာ တရားတွေ၊ ဝေဒနက္ခန္ဓာ တရားတွေ၊ သညက္ခန္ဓာ တရားတွေ၊ သင်္ခါရက္ခန္ဓာ တရားတွေ၊ ၀ိညာဏ္ခန္ဓာ တရားတွေ ဒီတရားတွေ ထဲက ဘယ်တရားမှ မှန်ထဲကို ၀င်သွားတာ မမြင်ရဘူး။ ဒါပေမယ့် မှန်ရှေ့မှာ ရပ်နေတဲ့ သူကို မှန်ထဲမှာ တစ်ထေရာတည်း လုံးဝဥဿုံ အကုန် မြင်နေရတယ်။ မှန်ရှေ့က လူက ဘာလုပ်လုပ်၊ မှန်ထဲက လူက တစ်ခု မကျန် တိတိကျကျ အကုန် လိုက်လုပ်တယ်။ ဘယ်လောက် လိုက်လုပ်သလဲ ဆိုတော့ အနားက ကြည့်နေတဲ့ လူကတောင် မှန်ထဲက လူနဲ့ မှန်ရှေ့က လူဟာ တစ်ယောက်တည်းပဲလို့ ပြောရတယ် မဟုတ်လား။ တကယ်တော့ မှန်ထဲက လူနဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းလည်း မဟုတ်ဘူး၊ တခြားလူလည်း မဟုတ်ဘူး။ ကဲ ဒကာကြီး ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်း သဘောကို သဘော ပေါက်သွား ပြီလား။

ဒကာကြီး
ဆရာတော် လက်တွေ့ ဥပမာပေးပြီး ရှင်းလင်း ပြတဲ့ အတွက် သဘောပေါက် နားလည် ပါပြီ။

ထို့နောက် တရားနာ ပရိသတ်ထဲမှ ဒကာကြီး တစ်ယောက် ထ၍…
ဒီဇာတိ ပဋိသန္ဓေ နေခြင်း သဘောနဲ့ ပတ်သတ်လို့ အခုလို နားလည် သဘော ပေါက်အောင် ဟောပြော ပြတာကို ဒီတစ်ခါ ပထမဆုံး ကြားနာရပါတယ်။ ကြားနာရတဲ့ အတိုင်းလည်း ရှင်းရှင်းလင်းလင်း နားလည် သဘော ပေါက်ပါတယ် ဆရာတော်။

ဆရာတော်
(မေးခွန်းရှင် ဒေါက်တာ အမ်အေ ဘေကာဘက် လှည့်ကာ) ကဲ ဒကာကြီး၊ ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ နေရာမှာ ၀ိညာဉ်ဆိုတာ တွေ့သေး ရဲ့လား၊ တနည်းအားဖြင့် အတ္တဆိုတဲ့ တရားကို တွေ့သေးရဲ့လား။

ဒကာကြီး
မှန်ပါ၊ ၀ိညာဉ်တို့၊ အတ္တတို့ ဆိုတဲ့ တရားတွေဟာ လူတွေရဲ့ စိတ်တွေ ပေါ်မှာ ဖုံးအုပ်နေတဲ့ အ၀ိဇ္ဇာ တရားကြောင့် တကယ် ရှိတယ်လို့ ထင်မြင် နေကြရတဲ့ တရားတွေ ပါပဲ ဆရာတော်။ ဒီတရားတွေဟာ ရှေးသမား ရိုးကျ ယုံကြည်ယူဆ လာခဲ့ကြတဲ့ တရားတွေပါ။ ယခုတော့ ကွယ်ပျောက် ကုန်ပါပြီ ဆရာတော်။ တပည့်တော် မေးတဲ့ မေးခွန်းကို ကျေနပ် ရှင်းလင်းအောင် ဆရာတော် ဟောကြား ပြီးပါပြီ။ တပည့်တော်ရဲ့ မေးခွန်းကို ဆရာတော်က အနတ္တရဲ့ သဘောနဲ့ ရှင်းလင်းအောင် ဖြေဆိုပြီးပါပြီ။ သာဓု ဆရာတော်၊ သာဓု၊ သာဓု။

ပရိသတ် အားလုံးသည် ဆရာတော်၏ ဖြေရှင်းချက်ကို သဘောကျ သဖြင့် သာဓု အနုမောဒနာ ခေါ်ကြ လေကုန်သည်။

>>> ကိုကိုကြီး (တောင်တွင်းကြီး) ရေးသား ဘာသာပြန်သော ဗုဒ္ဓ၀ါဒ ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါသည်။

အားလုံးပဲ နှစ်သစ်မှာ အသိဉာဏ် အသစ်တွေ တိုးပွားနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

Read more...

ပတိပူဇိကာ... (ဓမ္မပဒဝတ္ထု (မာဏဝ)) ၄၈-၅၂

ဓမ္မပဒဝတ္ထု (မာဏဝ)... ၄၈-၅၂ ...

၄၈။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။ အတိတ္တညေ၀ ကာမေသု၊ အန္တကော ကုရုတေ ၀သံ။

၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။

၄၈... ပတိပူဇိကာ...

၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။ ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။

၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။

၄၉...မစ္ဆရိယကောသိယ သေဋ္ဌေး...



၅၀။ န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။ အတၱေနာ၀ အေ၀ကၡယ်၊ ကတာနိ အကတာနိ စ။

၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှုမကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။

၅၀... ပါဝေယျကတက္ကတွန်း...

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ အဂန္ဓကံ။ ဧ၀ံ သုဘာသိတာ ၀ါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။

၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ သဂန္ဓကံ။ ဧ၀ံ သုဘာသိတာ ၀ါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့်စသော)ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (အဆုံးအမ)စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။

၅၂။ အဆင်းအနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ်စကားစသော ပန်းသည် ပန်ဆင်သူအား အနံ့ တည်းဟူသောအကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

၅၁... ၅၂... ဆတ္တပါဏိဒါယကာ...

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP