* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, April 16, 2009

နှစ်သစ်မှာ စိတ်ထားပြုပြင်ပြောင်းပါ့မယ်

အမျိုးအားဖြင့် ထိုသရက်သည် အချိုမျိုးတည်း။ တမာနားစိုက်လိုက်လျင် သီးလာသည့် အသီးကား ခါးသက်သက် အရသာဓာတ်ဖြစ်နေ၏။ အဘယ့်ကြောင့်နည်း။ ရေသောက်မြစ် အရင်းတည်းရာ နေရာဌာနသည် တမာဓာတ် လွန်ကဲလွှမ်းမိုးခြင်းကို ခံရ၍ ဤသို့ မူလဓာတ်ပြောင်းသွားရသည်သာ။ ထို့ကြောင့် ဗီဇဓာတ်အားဖြင့် ပြောင်းလဲခြင်းမရှိ၊ သရက်သီးအသွင်ဖြင့်သာ သီးလာ၏။ သို့သော် ဆက်ဆံ ကျင်လည်ရသည့်နေရာ၏ အထောက်အပံ့ကြောင့် အချိုဓာတ်မှ အခါဓာတ်သို့ပြောင်း သွားရသည်ကို သဘောတရား အမြင်အားဖြင့်ယူ၍ စာကိုချဲ့လိုသည်။

စိတ်ကို သရက်ပင်၏ အချိုမျိုးဖြင့် ပမာပြုလိုသည်။ ထိုအချိုမျိုးကို အထောက်အပံ့ အားမကောင်းသည့်နေရာ၌ ကျက်စားစေမည်လား? အထောက်အပံ အားကောင်းသည့်နေရာ၌ ကျက်စားစေမည်လား? ဟု မေးခွန်းနှစ်ခုဖြင့် မေးမြန်း စစ်ဆေးလျင် အထောက်အပံ့အားကောင်းသည့် နေရာ၌ ကျက်စားစေလိုခြင်းအားဖြင့် ဆန္ဒရှိကြ၏။ သို့ဆိုလျင် မြေဓာတ်၊ နေဓာတ်၊ လေဓာတ်၊ ရေဓာတ် အထောက်အပံ့အားကောင်းသည့် နေရာ၌ ထိုအချိုမျိုးကို စိုက်သင့်သည်။ ထိုမှ ရေသောက်မြစ်သည် ကောင်းသောဓာတ်အားဖြင့် ရှင်သန်ကြီးထွား၍ သီးလာသည့်အသီးသည် ကောင်းသောဓာတ်အား ဖြင့် ဖြစ်ပေါ်လာမည်။

ဤနေရာ၌ ရေသောက်မြစ်သည် အကြောင်းအားဖြင့် ကျေးဇူးပြု၍ သီးလာသည့် အသီးသည် အကျိုးအားဖြင့် ကျေးဇူးပြုခံရ၏။ ဤသို့သဘောအားဖြင့် သရက်ပင်ကို ကြည့်လျင် အထင်အရှားရှိ၏။ ဤကဲ့သို့ စိတ်ကို ကောင်းသောအာရုံ၌ထားလျင် ထိုစိတ်သည် ကောင်းသောဓာတ်အားဖြင့် ဖြစ်ပေါ်၍ ထိုဓာတ်အကြောင်းခံ၍ ကောင်းသော အသီးအပွင့်အကျိုးရလာဒ်များ ဖြစ်ပေါ်လာမည်သာတည်း။ ကောင်းသောဓာတ်ခံ ဆိုသည်မှာ အလောဘဓာတ်၊ မေတ္တာဓာတ် (အဒေါသဓာတ်)၊ အမောဟဓာတ်(ပညာဉာဏ်ဓာတ်)ကို ဆိုလို၏။ အလောဘဓာတ်အရင်းခံအားနည်းလျင် လောဘဓာတ် လွန်ကဲ၍ ပြိတ္တာဘဝ၌ကျင်လည်ရ၏။ မေတ္တာဓာတ်အရင်းခံအားနည်းလျင် ဒေါသဓာတ်လွန်ကဲ၍ ငရဲဘဝ၌ ကျင်လည်ရ၏။ ပညာဉာဏ်ဓာတ် အရင်းခံအားနည်းလျင် မောဟဓာတ်လွန်ကဲ၍ တိရစ္ဆာန် ဘဝ၌ကျင်လည်ရ၏။ ဤသို့သဘောအားဖြင့် အကြောင်းအကျိုး ကျေးဇူးပြုနေသည်မှာ မည်သူမှ လွန်ဆန်ပြုပြင်၍ မရကောင်းသော နိယာမတရား ဖြစ်သည်။ မိမိတို့ပြုပြင်လို့ရသည်မှာ မကောင်းသည့်ဓာတ်လွန်ကဲလျင် ကောင်းသည့်ဓာတ် ဖြစ်အောင်သာ ပြုလုပ်ပေးရမည်သာဖြစ်၏။ နိယာမတရားအရ ကောင်းသော အကြောင်းအကျိုးအားဖြင့် ကျေးဇူးပြုသွားမည်မှာ သူ့သဘာဝတရားဖြစ်သည်။

ထိုကြောင့် အရင်းခံရေသောက်မြစ်အားဖြင့် အလောဘဓာတ်(သဒ္ဓါဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် ပြိတ္တာဘုံ၌ဖြစ်ရခြင်းဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။ အရင်းခံရေသောက်မြစ်အားဖြင့် အဒေါသဓာတ်(မေတ္တာဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် ငရဲဘုံ၌ ဖြစ်ရခြင်းဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။ အရင်းခံရေသောက်မြစ်အားဖြင့် အမောဟဓာတ်(ပညာဉာဏ်ဓာတ်)သို့ ပြုပြင်ပြောင်းပေးခြင်းသည် တိရစ္ဆာန်ဘုံ၌ဖြစ်ရခြင်း ဒုက္ခမှ လွတ်ကင်း၍ ကောင်းသောဘုံဘဝမှ ထိုဘုံဘဝ၌ အိုနာသေဒုက္ခကို ရွံမုန်း၍ သံသရာအား ဘေးအဖြစ် ရှုမြင်သောဉာဏ်အားဖြင့် သီလ၊သမာဓိ၊ပညာကို ဆင့်ယူပွားများလျင် နောင်တစ်ဖန် ပဋိသန္ဓေ မနေရခြင်း သုခကို ရနိုင်၏။

ဤသို့ဆိုလျင် အရင်းခံရေသောက်မြစ်ကောင်းအောင် စိတ်ကို ကောင်းသောနေရာ၌သာ ကျက်စားစေပါ။ ကာမဂုဏ်အာရုံ၌ ကျက်စားပျော်ပါးနေသောစိတ်ကို ဒါနအာရုံ၊ သီလအာရုံ၊ သမာဓိအာရုံ၊ ပညာအာရုံ၌ ကျက်စားစေ၍ ကောင်းမြတ်သော အရင်းခံများဖြစ်အောင် နှစ်သစ်မှာ ပြုပြင်မှုအသစ်များဖြင့် လုပ်ဆောင်သွားရပေမည်။

နိဂုံးချုပ်အားဖြင့် အကြောင်းအရင်းတိုက်ဆိုင်၍ စာအဆုံးသတ်ရေးသားဖော်ပြလိုသည်မှာ လူငယ်သည် နိုင်ငံ၏ ရေသောက်မြစ်အရင်းခံဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အေးချမ်းသာယာ တိုးတက်မှုအကျိုးမှာ လူငယ်များ၏ စိတ်ဓာတ်၌ အကြောင်းခံ အရင်းခံသည်။ ဤသို့ဆိုလျင် လူငယ်များ၏ စိတ်ဓာတ်သည်ကား မည်သည့်အရာ၌ အရင်းခံသနည်း။ အပေါ်၌ ပြဆိုခဲ့သော အာရုံ၌ ကျက်စားစေသော၊ ထားစေသောစိတ်၌ အရင်းခံသည်။ ထို့ကြောင့် လူငယ်များ၏ စိတ်ကို ဒါနအာရုံ၊ သီလအာရုံ၊ သမာဓိအာရုံ၊ ပညာအာရုံ၌ များစွာ ကျက်စားစေသင့်သည်။ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကလေးတရားစခန်းများ၊ ဆရာတော် ဦးကောဝိဒ(မြိတ်)၏ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းများကိုတွေ့ရ၍ ထိုကလေးများ၏ ကုသိုလ်ပါရမီထူးမြတ်ပုံနှင့် ကလေးများ၏ ရှေ့အရေးကို မှန်းဆ၍ လွန်စွာ ပီတိဖြစ်မိသည်။

လေးစားစွာဖြင့်

ဝင်းမြင့်

Read more...

၂၀၀၉ ခု၊ မတ်လ (၁၀) တန်း ယဉ်ကျေးလိမ္မာ တရားတော်များ

on Apr 16, 2009

၂၀၀၉ ခု၊ မတ်လ၊ ဓမ္မဒူတ ဇေတ၀န်တောရတွင် ပြုလုပ်သော (၁၀)တန်း ယဉ်ကျေးလိမ္မာသင်တန်း တရားတော်များ

၀၁။ အတုယူထိုက်သူ တရားတော်

၀၂။ ငါ ဘာဆက်လုပ်မလဲ တရားတော်

၀၃။ စိတ်တန်ခိုး တရားတော် (၁)

၀၄။ စိတ်တန်ခိုး တရားတော် (၂)

၀၅။ အဆုံးအမကိုသာ တရားတော်

၀၆။ မရှုံးပါချေ တရားတော် (၁)

၀၇။ မရှုံးပါချေ တရားတော် (၂)

Read more...

ရွှေဥမင်ဆရာတော်ဘုရားကြီး၏ အဆုံးအမတရားတော်







(တစ်နေ့ က ရလိုက်တဲ့ ဓမ္မဒါန လက်ကမ်းစာစောင်လေးကို Scan ဖတ်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျား။)

Read more...

ဦးအေးမောင်၊ဗုဒ္ဓနဲ. ဗုဒ္ဓဝါဒ၊အခန်း(၂) ၊ ပါဠိ ပိဋကတ်စစ်တမ်း

အခန်း(၂)
ပါဠိပိဋကတ်စစ်တမ်း

မြန်မာနိုင်ငံ ရှိပါဠိပိဋကတ်သည် သီဟိုဠ်ကျွန်းမှ ရရှိခဲ.သော ပိဋကတ်ဖြစ်၏။ သီဟိုလ်သားတို.၏ မဟာဝင်ကျမ်းအလိုအားဖြင်. ဗုဒ္ဓသာသနာသည် ဘီစီသုံးရာစု (ဝါ) ခရစ်တော်မပေါ်မှီ တတိယရာစုလောက်က အိန္ဒိယပြည်မြောက်ပိုင်းမှ သီဟိုဠ်ကျွန်းသို. ရောက်ရှိလာ၏။ သီဟိုဠ် ရဟန်းတို.သည် လက်ဦးပထမ၌ ပိဋကတ်ကို နှုတ်ဖြင်.ဆောင်ကြ၍ ဘီစီပထမရာစု ကုန်ခါနီးလောက်၌ ပေထက်အက္ခရာ တင်ကြ၏။ သို.ဖြင်. သီဟိုဠ်ကျွန်းသည် အိန္ဒိယပြည်မှ အပ ပထမဦးစွာ ဗုဒ္ဓဝါဒ အခြေစိုက်မိသော နိုင်ငံဖြစ်၍ ပိဋကတ်စာပေသည် သီဟိုဠ်ကျွန်းမှ အခြားအာရှတောင်ပိုင်းနိုင်ငံများသို. ပျံ.နှံ.သွားခဲ.ဟန်ရှိ၏။

သီဟိုဠ်သားတို.သည် ပိဋကတ်သုံးပုံ၏ အဖွင်.ဖြစ်သော အဌကထာ ကျမ်းများကို ရေးသားခဲ.ကြ၏။ အချို.သော ပိဋကတ်ကျမ်းများသည် လည်း သီဟိုဠ်ကျွန်း၌ စတင်ပေါ်ပေါက်သော ကျမ်းများဖြစ်ကောင်းဖြစ်ပေမည်။ သို.ရာတွင် ထိုကျမ်းများမှာ အနည်းငယ်သာဖြစ်၍ ဗုဒ္ဓဝါဒအတွက် အရေးကြီးသော ကျမ်းများလည်း မဟုတ်ချေ။ ထိုကျမ်းများမှအပ အခြားပိဋကတ် စာပေ၌ ဟိမဝန္တာ၊ ဂင်္ဂါ၊ ယမုံနာ စသော အိန္ဒိယတောင်များ၊ မြစ်များကို ဖော်ပြထား၏။ သီဟိုဠ်ကျွန်း၏ ပထဝီအမည်များကို လုံးဝမတွေ.ရချေ။ ပိဋကတ်စာပေသည် ဘီစီ ၆ ရာစုခေတ် အိန္ဒိယပြည်မြောက်ပိုင်း၏ အခြေအနေကို ဖော်ပြ၍ ရှေးသီဟိုဠ်သားတို.၏ အကြောင်းကို အလျှင်းမဖော်ပြချေ။ ဘီစီသုံးရာစုအတွင်းက အိန္ဒိယပြည်ဆန်ချီနှင်. ဘာရပ်ဒေသ၌ ထူပါရုံစေတီတော်ကြီးများ၏ မုခ်ဦးနှင်. နံရံများတွင် ‘ဓမ္မကထိက’ ပေဋကိန’ (ပိဋကတ်အာဂုံဆောင်သူ ) ‘ သုတ္တန္တ ကိနီ’ (သုတ္တန်များကို အာဂုံဆောင်သော မိန်းမ) စသည်ဖြင်. ရဟန်းယောက်ျား၊ မိန်းမများအား ပေးထားသော ဘွဲ.အမည်များကို ဖော်ပြထား၏။ ပိဋကတ်၌ပါရှိသော ဝတ္ထုများနှင်. ၅၅၀ ဇာတ်ဝတ္တုများကို လည်း စေတီနံရံ များ၌ ရုပ်လုံးကလေးများ ဖြင်.ထုထွင်းခြယ်လှယ် ထား၏။

သို.ဖြစ်၍ ပိဋကတ်စာပေ သည် အိန္ဒိယပြည်၌ စတင်ပေါက်ဖွားခဲ.ကြောင်း ထင်၇ှား၏။ သီဟိုဠ်သားတို.သည် ထိုပိဋကတ်ကို ပြင်ဆင်ပြောင်းလဲခြင်းမပြုဘဲ နဂိုအိန္ဒိယမူအတိုငး ထားရှိခဲ.သည်ဟု ယူဆရပေမည်။ ထိုပိဋကတ်သည် မူလက အသောကမင်းလက်ထက်၌ တတိယသင်္ဂါယနာတင် သော ဝိဘဇ္ဇဝါဒီရဟန်းတို. နှုတ်ဖြင်.ဆောင်ခဲ.ကြသော ထေရဝါဒပိဋကတ်ဖြစ်၏။ ထေရဝါဒဂိုဏ်းသည် ဒုတိယသင်္ဂါယနာတင်ပြီး နောက်ပေါ်ပေါက်ခဲ.သော ရှေးဗုဒ္ဓဂိုဏ်းကြီး ၁၈ ဂိုဏ်း၌တစ်ခုဖြစ်၍ ထေရဝါဒပိဋကတ်သည် အခြားဂိုဏ်းများ၏ ပိဋကတ်များနှင်. မည်သို.ခြားနား ကွဲလွဲပါသနည်းဟု စူးစမ်းရန်လိုပေသည်။

ဤတွင် ထိုရှေးအခါက အထူးထင်ရှားသော သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို စဉ်းစားရာ၏။ သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်ကို သက္ကတဘာသာဖြင်. ရေးသားထား၍ အချို.သောကျမ်းစာများကို အာရှတိုက်အလယ်ပိုင်း အရှေ.တာကစ္စတန်ပြည်နှင်. နီပေါပြည်၌ တွေ.ရှိခဲ.ကြ၏။ ထိုကျမ်းစာများသည် ဆိုင်ရာပါဠိ ပိဋကတ်ကျမ်းစာများနှင်.အတော်များများ တူညီကြ၏။ ဥပမာ သက္ကတဝိနည်းပိဋကတ်၌ ဖော်ပြထားသော ဝိနည်းသိက္ခာပုဒ်များသည် ပါဠိဝိနည်းပိဋကတ်မှ သိက္ခာပုဒ်များနှင်. ဘာမျှမခြားနားချေ။ သိက္ခာပုဒ်များပညတ်ရခြင်း အကြောင်းရင်းကို ဖော်ပြရာ၌သာ ပိဋကတ်တစ်ခုနှင်. တစ်ခု ကွဲလွဲ၏။

အချို.သော သက္ကတပိဋကတ်ကျမ်းများကို တရုတ်၊ တိဗက် ၊ ဂျပန်စသော ဘာသာများသို. ပြန်ဆိုထား၏။ ထိုမြောက်အာရှသားတို.၏ ဗုဒ္ဓဝါဒသည် မဟာယာနဝါဒ ဖြစ်၏။ မဟာယနဝါဒီတို.သည် မူလဗုဒ္ဓဝါဒကို ချဲ.ထွင်စဉ်းစား ဥာဏ်ကစားလျက်ဝါဒသစ် များ ဖန်တီးခဲ.ကြစေကာမူ အိန္ဒိယပြည်မှ ရရှိသော မူလကျမ်းရင်းများကို ပြုပြင်ပြောင်းလဲခြင်း မပြုခဲ.ကြချေ။ တရုတ်ပိဋကတ်တွင် ပါဠိပိဋကတ်မှာကဲ. သို. ဓမ္မပဒ၊ ဥဒါန၊ ထေရဂါထာ၊ ဝိမာနဝတ္ထု စသောကျမ်းများ ပါဝင်၏။ သူတို.၏ မဟာဝတ္တုကျမ်းသည် နိဒါနကထာနှင်. မဟာဝဂ်ပါဠိတော်ကဲ.သို. သိဒ္ဓတ္ထ မင်းသားဘုရားဖြစ်လာ ပုံကိုအကျယ်ပြထား၏။ သူတို.၏ ဒီဗျာဝဒါန ကျမ်း၌ မဟာပရိနိဗ္ဗာန သုတ်ပါရှိ၍ ထိုသုတ်မှာ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်နှင်. ကွဲလွဲခြင်းမရှိချေ။ ထိုသုတ်၌ ဗုဒ္ဓဝါဒ၏ အခြေခံမူလဖြစ်သော ဗောဓိပက္ခိယ တရား၃၇ ပါးကိုဖော်ပြထား၏။

ထိုတူညီသော တရားဒေသနာများကို ပိဋကတ်နှစ်ခု၌ စီစဉ်ခွဲခြား ထားပုံမှာလည်း တစ်ပုံစံတည်းဖြစ်၏။ သို.ဖြစ်၍ ထိုဒေသနာများသည် ဗုဒ္ဓသံဃာဂိုဏ်းမကွဲမီ ရှေးမဝေသဏီကတည်းက ရှိပြီးဖြစ်ရပေမည်။ မတူညီသော ဒေသနာများလည်းရှိ၏။ များပြားလှသော တရားဒေသနာများကို နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားစီ နှုတ်ဖြင်.ဆောင်ခဲ.ရာမှ ဖြစ်ပေါ်လာသော ပိဋကတ်နှစ်ခုသည် အချို.အနေရာများ၌ ကွဲလွဲကြမည်မှာ ဓမ္မတာဖြစ်၏။ ကွဲလွဲသော အချက်များအားလုံး ဘုရားဟောစကားဖြစ်သည် ဟူ၍ကား မဆိုနိုင်ချေ။ သို.ဖြစ်၍ ပိဋကတ်နှစ်ခုတွင် မည်သည်.ပိဋကတ် က ရှေးဦးစွာပေါ်ပေါက်လာ၍ ဗုဒ္ဓဝါဒနှင်. ပိုမိုနီးစပ်ပါသနည်း ဟုစူးစမ်းရန်လိုအပ်၏။

ပိဋကတ်နှစ်ခုလုံးကို လေ.လာဖူးသော ဥရောပညာရှင်တို.၏ အဆိုအားဖြင်.ပိဋကတ်နှစ်ခုမှာ စီကုံးဖွဲ.နွဲ.မှု မတူကြချေ။ ပါဠိပိဋကတ်သည် အက္ခရာမတင်မီ နှစ်ပေါင်းအတော်ကြာက ပေါ်ပေါက်ခဲ.ပြီးဖြစ်ဟန်ရှိ၏။ ပါဠိတော်များကို စာဖြင်.ရေးမှတ်သောအခါ စီကုံးဖွဲ.နွဲ.သော နည်းဟန်ကို မပြောင်းလဲဘဲ နှုတ်ငုံဆောင်ထားသည်.အတိုင်း ရေးမှတ်ထားသောကြောင်. အရေးအသားချောမွတ်ခြင်းမရှိချေ။ သက္ကတပိဋကတ် မှာမူပါဠိပိဋကတ်ထက် အရးအသားညက်ညောပြေပြစ်၏။ သို.ဖြစ်၍ ထိုပိဋကတ်သည် အာရှတိုက်အလယ်ပိုင်း၌ စာရေးသားခြင်းအတတ် ပေါ်ပြီးမှ စာပေအဖြစ်သို. ကူးပြောင်းလာဟန်ရှိ၏။

သမိုင်းသုတေသနပြုမှု မရှိသေးသောခေတ်က စာပေကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ခေတ်နှင်. ကျမ်းဂန်တစ်ခုသည် ရှေးကထင်ရှားသော ပုဂ္ဂိုလ် တစ်ဦးအကြောင်းကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်၏ ခေတ်နှင်. ကျမ်းပြုဆရာ၏ ခေတ်အချိန်ကာလ ကွာခြားလေ၊ ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာများကို ပိုမိုတွေ.ရလေ ဖြစ်၏။ မြန်မာနိုင်ငံတွင် ဘကြီးတော်လက်ထက်က ရေးသားထားသော မှန်နန်းရာဇဝင် ထဲမှ ပြူစောထီး၊ ဒွတ္တပေါင်စသော ရှေးပုဂံခေတ်မတိုင်မီက မင်းများအကြောင်း ရေးသားချက်များ၌ အထက်ပါစကား ထင်ရှား၏။ သက္ကတပိဋကတ်၌ ပါရှိသော ဗုဒ္ဓဝင်မှာ အံ.ဖွယ်သရဲများဖြင်. ဖောင်းပွ၍ ဗုဒ္ဓမှာ လူသားစင်စစ် မဟုတ်တော.ဘဲ ထာဝရဘုရား၊ သို.မဟုတ် စကြဝဠာ မဟာဗြဟ္မာကြီးလိုလို ဖြစ်နေသည်ကို တွေ.ရ၏။ ပါဠိပိဋကတ်၌မူ လူသားမျိုးနွယ် အတုမ၇ှိ သူတော်မြတ်အဖြစ်ဖြင်.သာ ဖော်ပြထား၏။

ထေရဝါဒီတို.၏ ဗုဒ္ဓအကြောင်း အံ.ဖွယ်သရဲများကို အများအားဖြင်. နောက်မှပေါ်ပေါက်သော အဌကထာများ၌ တွေ.ရ၏။ ဗုဒ္ဓကိုယ်တော်တိုင်က မိမိသည် တန်ခိုးပြာဋိဟာပြမှုကို စက်ဆုပ်ကြောင်း မိန်.ကြားခဲ.၏။ (ဤအကြောင်းကို ‘ဗုဒ္ဓကိုးကွယ်မှု’ အခန်း၌ အကျယ်ပြဆိုပါအံ.။) ဒေဝါတိဒေဝါ (နတ်တကာတို.၏ နတ်မင်း ) ဆိုသော ဗုဒ္ဓ၏ ဘွဲ.ကို ဘီစီ ၉၀-၈၀ လောက်က ရေးသားသော မိလိန္ဒပဥှာကျမ်း၌ ပထမအကြီမ်တွေ.ရ၏။ ပါဠိပိဋကတ်၌ ထိုစကားကို မတွေ.ရချေ။

ထို.ကြောင်. အနောက်နိုင်ငံ ပညာရှင်တို.သည် ပါဠိပိဋကတ်မှာ ဗုဒ္ဓဝါဒသမိုင်း၌ ပထမဦးစွာ ပေါ်ပေါက်လာသော စာပေဖြစ်ကြောင်း တညီတညွတ် အသိအမှတ်ပြုကြ၏။ ထေရဝါဒက မူလဗုဒ္ဓဝါးနှင်. မဟာယာနထက် ပိုမိုနီးစပ်သည်ဟု ယုံကြည်၍ ပါဠိပိဋကတ်ကို ဦးစားပေးလေ.လာကြ၏။

ဗုဒ္ဓလက်ထက်က အိန္ဒိယပြည်၌ စာရေးခြင်းအတတ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပိဋကတ် အထောက်အထားရှိ၏။ သို.ရာတွင် စာရေးရန် ပစ္စည်းကိရိယာ စုံစုံလင်လင် လုံလုံလောက်လောက် မရှိသေးသောကြောင်. ရှည်လျားသော စာများကို မရေးသားကြချေ။ ထို.အပြင်ထိုခေတ်က အိန္ဒိယသားတို.သည် ဘာသာရေးခေါင်းဆောင်ကြီးများ ၏ နှုတ်စကားကို စာစကားထက် ပို၍သာလွန်မြတ်နိုး တန်ဖိုးထားတတ်ကြ၏။ တရားဒေသနာများကို နှုတ်တက်ကျက်မှတ်ပြီးလျင် သားစဉ်မြေးဆက် နှုတ်ဖြင်.သာ ဆောင်ကြ၏။ သို.ဖြင်. အချို.သော ဘာသာရေးဂိုဏ်းများ၏ ဟောပြောချက်များသည် ပါဠိပိဋကတ်ပေါ်ပေါက်ပြီးနောက် ကာလအတန်ကြာသည်.တိုင်အောင် စာပေအဖြစ်သို. မရောက်ရှိသေးချေ။ ဂျိန်းဘာသာဝင်တို.၏ ပိဋကတ်သည် အေဒီငါးရာစုလောက်ကျမှ စာပေအဖြစ်သို. ရောက်ရှိလာကြောင်းသိရ၏။

နှုတ်စကားက စာစကားထက် အချို.နေရာ၌ ပိုမို ထိရောက်ကြောင်း ယုံမှားဖွယ်မရှိချေ။ တရားဟောရာ၌ စာဖတ်၍ပြောခြင်းထက် စာမဖတ်ဘဲပြောခြင်းက လူပရိသတ်၏ စိတ်ကို ပိုမိုဆွဲဆောင်နိုင်ကြောင်းထင်ရှား၏။ သို.ရာတွင် ပုဂ္ဂိုလ်တစ်ဦး၏ စကားများကို နဂိုမူမပျက်စေဘဲ သန်.ရှင်းစင်ကြယ်စွာ ကာလတာရှည် တည်မြဲစေလိုပါက စာဖြင်. မှတ်သားထားရန်လို၏။ ဆရာစဉ်ဆက်နှုတ်ငုံဆောင်ထားရုံမျှဖြင်. စိတ်ချရမည် မဟုတ်ချေ။

ထို.ကြောင်. အစပထမက နှစ်ပေါင်းများစွာ နှုတ်ဖြင်.ဆောင်ခဲ.သော ပါဠိပိဋကတ်သည် မည်မျှသန်.ရှင်းစင်ကြယ်၍ မူလဗုဒ္ဓဓမ္မကို မည်မျှကိုယ်စားပြုပါသနည်းဟု စဉ်းစားရန်ရှိ၏။

အချို.သော ပါဠိတော်များသည် ဗုဒ္ဓကိုယ်တိုင်ဟောသော ဒေသနာများမဟုတ်ကြောင်း ပိဋကတ်စာပေ၌ အထင်အရှားပြဆိုထား၏။ အဘိဓမ္မာပိဋကတ်မှ ကထာဝတ္ထုသည် အရှင်မောဂ္ဂလိပုတ္တတိဿ၏ လက်ရာဖြစ်၏။ ဝိနည်းပိဋကတ်မှ ပရိဝါကျမ်းမှာ ဒီပမည်သော မထေရ်တစ်ပါး ရေးသားကြောင်း ကျမ်းနိဂုံးတွင် ဖော်ပြထား၏။

မဇ္ဈိမနိကာယ်နှင်. ဒီဃနိကာယ်မှ သုတ်ပေါင်း ၂၆ ခုမှာ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ကစ္စည်း စသော တပည်.သာဝကကြီးများ ဟောကြားသည်. သုတ်များဖြစ်၏။

အချို.သော ပါဠိတော်များမှာမူ သင်္ဂါယနာတင် ရဟန်းတော်များက ထည်းသွင်းထားသော စကားများဖြစ်သည်ဟု အဌကထာ ဆရာများက ဆိုကြ၏။ အချို.ထေရီဂါထာ များသည် သင်္ဂါယနာတင် မထေရ်တို.၏ ဂါထာများဖြစ်ကြောင်း ပရမတ္တဒီပနီ၌ အဌကထာဆရာ ရှင်ဓမ္မပါလက ဖော်ပြထား၏။ သုတ္တနိပါတ် မဟာဝဂ် ပဓာနသုတ်၌ လာသော နောက်ဆုံးဂါထာသည် အချို.ဆရာတို. အလိုအားဖြင်. သင်္ဂါယနာတင် ရဟန်းတို.၏ လက်ရာဖြစ်၏။

တပည်.သာဝကတို.၏ ဒေသနာများသည် အများအားဖြင်. ဘုရားရှင်အမြွက်မျှဟောကြားသော တရားကို အကျယ့်ရှင်းပြသော ဒေသနာများဖြစ်သောကြောင်. ပိဋကတ်ထဲ၌ ထည်.သွင်းထားခြင်းဖြစ်၏။ အမှန်ဆိုသော် အချို.သာဝကကြီးများ၏ တရားဒေသနာများသည် မိမိ၏အာဘော်နှင်. ကိုက်ညီသည်ဟု ဘုရားရှင်က မိန်.ကြားကြောင်း ပိဋကတ်၌ ပြဆိုထား၏။ မည်သို.ပင်ဖြစ်စေ ဗုဒ္ဓဝါဒကို စေ.ငုသေချာစွာ လေ.လာလိုသော သူတို.အဖို. ဗုဒ္ဓ၏စကားနှင်. တပည်.သာဝကများ၏ စကားကို ခွဲခြား၍ သိရှိမှတ်သားရန် အရေးကြီး၏။

ဘုရားရှင်လက်ထက်က ဗုဒ္ဓဒေသနာများကို အထူးဂရုပြု၍ ကျက်မှတ်ကြခြင်းရှိဟန်မတူချေ။ ‘ဘာဏက’ (ဒေသနာများကို ရွတ်ဆိုကျက်မှတ်သောသူ) ဆိုသောစကားသည် အဌကထာများ၌သာလျင် တွေ.ရ၏။ သင်အံကျက်မှတ်သော ပုဂ္ဂိုလ်အချို. ရှိမည်ဖြစ်သော်လည်း ဘုရားရှင်၏အလိုအားဖြင်. တရားတော်ကို ကျက်မှတ်မှုထက် ကျင်.ကြံအားထုတ်မှုက ပိုမိုအရေးကြီးသောကြောင်. အမြဲတစေ ဂရုတစိုက် ကျက်မှတ်သော ရဟန်းဦးရေသည် ယခုခေတ်မှာကဲ.သို. များလှမည် မဟုတ်ချေ။

တပည်.ရဟန်းများသည် ဗုဒ္ဓဝါဒကို လွပ်လပ်စွာ ဟောပြောကြ၏ ။ တစ်ခါတစ်ရံမှသာ ဘဂဝါ သို.မဟုတ် သတ္ထာ (ဘုရားရှင် ကိုဆိုလိုသည်) က ဤသို.မိန်.ဆိုသည်ဟု ဗုဒ္ဓ၏စကားကို ကိုးကား၍ပြောလေ.ရှိကြ၏။ ထို.နောက် ဗုဒ္ဓသည် သက်တော်ကြီးရင်.လာ၍ တပည်.သာဝကကြီများ ပရိနိဗ္ဗာန်ပြုတော်မူကုန်သော အခါ ဒေသနာများကို မူတစ်မူတည်းထားကာ ပုံသေ သတ်မှတ်စပြုလာကြ၏။

အစပထမ၌ ဒေသနာများသည် သုတ်အဖြစ် သို.မရောက်သေးဘဲ အကျဉ်းချုပ်(ဥဒ္ဒေသ) အဖြစ်ဖြင်.သာ တည်ရှိကြ၏။ ဥဒ္ဒေသများကို ပိဋကတ်စာပေ အချို.နေရာများ၌ တွေ.ရသေး၏။ ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးသည်. နောက်ကာလ၌ကား ဗုဒ္ဓဓမ္မနှင်. စပ်လျဉ်း၍ သံဃာဂိုဏ်းကွဲမည်. အရိပ်နိမိတ် များ ထွက်ပေါ်လာသောကြောင်. ဗုဒ္ဓဒေသနာများကို အကျဉ်းမချုံးပဲ ဘုရားဟောတော်မူသည်. အတိုင်း ပုံသေအတည်ပြုထားရန် မထေရ်ကြီးများ စုပေါင်းကြိုးစားကြ၏။

ပိဋကတ်စာပေ၌ ‘သာဝတ္ထိ နိဒါနံ’ စသည်ဖြင်. မြို.အမည်နှင်. အစချည်သော သုတ်များပါရှိရာ ဖော်ပြသောမြို.သည် ဆိုင်ရာသုတ်ကို စတင်အတည်ပြုသော ရဟန်းသံဃာတို.၏ ဗဟိုဌာန ဖြစ်တန်ရာ၏။ ထိုဗဟိုဌာနများမှာ သာဝတ္တိ၊ ကပိလဝတ်၊ ဗာရာဏသီ၊ သာကေတ၊ ပါဋလိပုတ်နှင်. ရာဇဂြိုလ်ဟူ၍ ဌာန ၃၆ခုရှိ၍ သာဝတ္ထိမြို.၌ သုတ်အများဆုံး အတည်ပြုကြ၏။

အဌကထာများ၌ ဒီဃဘာဏက, သံယုတ္တဘာဏကစသော စကားများကို တွေ.ရ၏။ နိကာယ်တစ်ရပ်ကို ကျွမ်းကျင်နှံ.စပ်သော ဘာဏကအချင်းချင်း စုပေါင်း၍ အာဂုံဆောင်ကြ၏။ နိကာယ်ဘာဏကများသည် သီးခြားအဖွဲ.များဖြစ်၍ တစ်ခုနှင်.တစ်ခု အဆက်အသွယ်မရှိချေ။ ထို.ကြောင်. အချို.သုတ်များကို နိကာယ်နှစ်ခု၊သုံးခု၌ ထပ်တလဲလဲ တွေ.ရခြင်းဖြစ်၏။

ဒေသနာတော်များကို ပုံသေသတ်မှတ်သော လုပ်ငန်းသည် ဘီစီသုံးရာစုခေတ်၌ အာသောကမင်း လက်ထက်မတိုင်မီက ပြီးဆုံးဟန်ရှိ၏။ ထိုခေတ်က ဘာရပ်နှင်. ဆန်ချီအရပ်ရှိ ထူပါရုံစေတီများ၌ ’ပဉ္စနေကာယိက’ (နိကာယ်ငါးရပ် အာဂုံဆောင်သောသူ) ဆိုသောစကား ရေးထိုးထား၏။ သို.ရာတွင် ဒေသနာအားလုံးကို တစ်ချိန်တည်း၌ပုံသေသတ်မှတ်ခြင်း ပြီးဆုံးသည်မဟုတ်ချေ။ ပါဠိပိဋကတ်၏ မည်သည်.အစိတ်အပိုင်းက မည်သည်.အချိန်ကာလ၌ ပုံသေဖြစ်လာသည်ဟု အတိအကျ မသိရသော်လည်း တစ်ပိုင်းနှင်.တစ်ပိုင်း ပုံသောဖြစ်လာသော အချိန်ကွာခြား၏။ ပါဠိပညာရှင် ဒေါက်တာရိုင်း(စ) ဒေးဗစ်၏ ယူဆချက်အရ ပါဠိတော်များ ပုံသေမူတစ်မူတည်း ဖြစ်လာသော ရှေ.နောက်အစီအစဉ်မှာ အကြမ်းဖျင်းအားဖြင်. အောင်ပါအတိုင်းဖြစ်၏။( Dr. Rhys Davids: Buddhist India, pp.84)\

၁။ ပိဋကတ်စာပေ အားလုံးလိုလို၌ အကြိမ်ကြိမ်တွေ.ရ၍ ထပ်တူထပ်မျှဖြစ်သော စကားပြေ၊သို.မဟုတ် ဂါထာများဖြင်. ဗုဒ္ဓဝါဒကို ရိုးရိုးရှင်းရှင်း ဖော်ပြထားသော စကားများ။
၂။ ပိဋကတ်နှစ်ကျမ်း၊ သို.မဟုတ် သုံးကျမ်း၌ ထပ်တူထပ်မျှ စကားများဖြင်.ပြဆိုထားသော အကြောင်းများ။
၃။ ဒီဃနိကာယ်မှ သီလက္ခန္ဓ၊ သုတ္တနိပါတ်မှ ပါရာယနဝဂ်နှင်. အဌကဝဂ်, ဝိနည်းပိဋကတ်မှ ပါတိမောက
်၎။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ အဂုင်္တ္တရနိကာယ်နှင်. သံယုတ္တနိကာယ်။
၅။ သုတ္တနိပါတ်၊ ထေရနှင်.ထေရီဂါထာ၊ ဥဒါန၊ ခုဒ္ဒကပါဌ။
၆။ သုတ္တဝိဘင်္ဂနှင်. ခန္ဓက။
၇။ ဇာတကနှင်. ဓမ္မပဒ။
၈။ နိဒ္ဒေသ၊ ဣတိဝုတ္တကနှင်. ပဋိသမ္ဘိဒါ။
၉။ ပေတဝတ္ထု , ဝိမာနဝတ္ထု ၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဓဝံသ။၁၀။ အဘိဓမ္မာကျမ်းများ၊ ယင်းတို.တွင် ကထာဝတ္ထုမှာ နောက်ဆုံးကျမ်းဖြစ်၍ ရှေးအကျဆုံးကျမ်းမှာ ပုဂ္ဂလပညတ္တိ ဖြစ်တန်ရာ၏။

အဘိဓမ္မာကျမ်းများသည် ပိဋကတ်သမိုင်း၌ နောက်ဆုံးပေါ်ပေါက်လာသော ကျမ်းများဖြစ်ကြောင်းယူဆရန် အထောက်အထားများရှိ၏။ ပထမနှစ်ကြိမ် သင်္ဂါယနာတင်သော ပါဠိတော်များတွင် အဘိဓမ္မာပါဝင်သည် ဟု ဝိနည်းစူဠဝါနှင်. မဟာဝင်၊ ဒီပဝင်ကျမ်းများ၌ ပြဆိုမထားချေ။ ဒီဃနိကာယ် အဌကထာ၌ပါရှိသော ပထမသင်္ဂါယနာအကြောင်း၌ ဝိနည်းပိဋကတ်နှင်. ပထမနိကာယ်လေးရပ်ကို အာဂုံဆောင်၍ ထိန်းသိမ်းရန် ရှင်ဥပါလိ၊ ရှင်အာနန္ဒာနှင်. ရှင်ကဿပ၊ ရှင်အနုရုဒ္ဓါ၊ ရှင်သာရိပုတ္တရာတို.၏ တပည်.များအား တာဝန်ပေးအပ်ကြသည်ဆို၏။အဘိဓမ္မာပိဋကတ်နှင်.စပ်လျဉ်း၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိချေ။ အဌသာဠိနီ, မဟာဗောဓိဝံသ စသော အဌကထာများနှင်. ရှေးအိန္ဒိယ ကျောက်စာများ၌ နိကာယ်ဘာဏကများကို ရည်ညွန်းချက်များပါရှိသော်လည်း အဘိဓမ္မာဘာဏက ဆိုသောစကား လုံးဝမပါရှိချေ။

အချို.သော ပါဠိတော်တို.၌ အဘိဓမ္မာဟုသော ပုဒ်ကို တွေ.ရ၏။ သို.ရာတွင် သုတ္တန္တပိဋကတ်၌လာသော ထို’ အဘိဓမ္မာ’ သည် လက်ရှိအဘိဓမ္မာ ခုနှစ်ကျမ်းကို မရည်ညွန်းဘဲ သုတ္တန်ဒေသနာများမှ နက်နဲသောတရားကို ဆိုလိုဟန်ရှိ၏။ ဗုဒ္ဓဒေသနာ များကို သုတ္တ၊ ဂေယျ၊ ဂါထာ၊ ဇာတက စသည်ဖြင်. အင်္ဂုတ္တရနိကာယ်၌ ကိုးမျိုးခွဲခြားထားရာ ဥပမာ ဇာတကသည် လက်ရှိ ၅၅၀ ဇာတ်နိပါတ်ကို ဆိုလိုခြင်းမဟုတ်ဘဲ နိကာယ်များမှ အချို.ဝတ္ထုများကို ရည်ညွန်း၏။ ထိုနည်းအတူ သုတ္တန်ပိဋကတ်၌ တွေ.ရသော အဘိဓမ္မာသည် သုတ္တန်ဒေသနာများကို အမျိုးအစားခွဲခြားရန် သုံးစွဲသော စကားဖြစ်ပေလိမ်.မည်။

သဗ္ဗတ္တိဝါဒ ဂိုဏ်း၌ ထေရဝါဒဂိုဏ်းမှာကဲ.သို. အဘိဓမ္မာခုနှစ်ကျမ်းရှိ၍ တရုတ်ဘာသာသို. ပြန်ဆိုထား၏။ ထိုအဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလာန် စသော သာဝကကြီးများက ဟောပြောခဲ.သည်ဆို၏။ သဗ္ဗတ္တိဝါဒ အဘိဓမ္မာသည် ထေရဝါဒအဘိဓမ္မာနှင်. ပါဝင်သောအကြောင်းရပ်များ လုံးဝမတူချေ။ အထက်ကဖော်ပြခဲ.သည်.အတိုင်း ဝိနည်း၊သုတ္တန် ဒေသနာများ အခြေခံတူညီပါလျက် အဘိဓမ္မာပိဋကတ်များသည် ဗုဒ္ဓသံဃာဂိုဏ်းကွဲပြီးမှ တသီးတခြားစီပေါ်လာသော ပိဋကတ်များဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။

ဒုတိယ သင်္ဂါယနာတင် ရဟန်းသံဃာနှင်. ဆန်.ကျင်သော မဟာသံဃိကရဟန်းတို.သည် စင်ပြိုင်သင်္ဂါယနာတင်ပွဲ ပြုလုပ်၍ အဘိဓမ္မာ ပိဋကတ်နှင်. အခြားအချို.သော ဒေသနာများကို ဘုရားရှင်၏ ဒေသနာအစစ်အမှန် မဟုတ်ဟုဆိုကာ ပယ်ကြသည်ဟု ဒီပဝင်ကျမ်း၌ ဖော်ပြထား၏။ အမှန်ဆိုသော် ရှေးကအဘိဓမ္မာကို ဘုရားဟောဒေသနာဖြစ်သည် ဟု မယုံကြည်သော ရဟန်းတို.မှာ နည်းလှမည်မဟုတ်ချေ။ သို.ဖြစ်၍ ရှင်ဗုဒ္ဒဃောသဆရာသည် အဌသာလိနီကျမ်း၌ အဘိဓမ္မာပိဋကတ်ကို ခုခံကာကွယ်၍ရေးသားရ၏။ ရဟန်းတစ်ပါးက အဘိဓမ္မာဟောသော အခြားရဟန်းတစ်ပါးအား “သင်သည် မြင်းမိုရ်တောင်ကို ရစ်ပတ်သကဲ.သို. မသည်မပိုးနိုင်၊ ရှည်စွာသော အဘိဓမ္မာပါဠိကို အဘယ်ကြောင်.ဆောင်ဘိသနည်း။ အဘိဓမ္မာသည် ဘုရားဟောမဟုတ်” ဟုပြစ်တင်ကဲ.ရဲ.သည်ဆို၏။ ရှင်ဗုဒ္ဓဃောသကမူ အဘိဓမ္မာသည် ဘုရားဟောဖြစ်သည်။ ရှင်မောဂ္ဂလိပုတ္ထ တိဿသည်ပင် ကထာဝတ္ထုကို ဘုရားပေးအပ်သောနည်း၊ ထားအပ်သော မာတိကာဖြင်.ဟောသည်ဟု ဆိုလေသည်။

မာတိကာသည် ဗုဒ္ဓဓမ္မကို အကျဉ်းချုပ်ပြသော ခေါင်းစဉ်ဖြစ်၍ ဝိနည်းနှင်.သုတ္ထန်ပိဋကတ်များ၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ ထိုစကားကိုတွေ.ရ၏။ အဘိဓမ္မာကျမ်းများသည် ထိုမာတိကာများအပေါ်၌ အခြေတည်၏။

တရုတ်ရဟန်းတော် ဖာဟီယန်သည် အိန္ဒိယပြည်သို. ရောက်ရှိစဉ်က သံဃာ.စာသင်တိုက်ကြီးများ၌ ဗုဒ္ဓအဘိဓမ္မာဆရာကြီးများကို တွေ.ရှိခဲ.ကြောင်းသူ၏မှတ်တမ်း၌ ဖော်ပြခဲ.၏။ ထိုသံဃာ.စာသင်တိုက်များနှင်. နာလန္ဒစသော ရှေးဗုဒ္ဒတက္ကသိုလ်များသည် အဘိဓမ္မာကျမ်းများ ပေါက်ဖွားရာဌာနများ ဖြစ်တန်ရာ၏။

ထို.ကြောင်. အနောက်တိုင်း ပါဠိပညာရှင်တို.၏ အမြင်အားဖြင်. အဘိဓမ္မာသည် နောက်မှပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွားဖြစ်၍ သုတ္တန္တ ပိဋကတ်ထက်ပိုမို ထူးခြားနက်နဲသည် မဟုတ်ချေ။ ပိဋကတ်သုံးပုံကို နှံ.နှံ.စပ်စပ် လေ.လာဖူးသော ဥရောပပညာရှင်တစ်ဦးကမူ ပါဠိစာပေမှ ကျွန်ုပ်တို.သိရှိရသော ဗုဒ္ဓအဘိဓမ္မာသည် အဘိဓမ္မာပိဋကတ်တစ်ခုလုံး မရှိစေကာမူ စိုးစဉ်းမျှယုတ်လျော.သွားလိမ်.မည် မဟုတ်။ အဘိဓမ္မာပိဋကတ်၌ ပါရှိသော တရားအားလုံးကို သုတ္တန်ပိဋကတ်၌ တွေ.နိုင်ပါသည်ဟုရေးသားခဲ.၏။ (Art.Abhidhamma by Mrs Rhys Davids in Encyclopedia of Religion and Ethics)

ဝိမာနဝတ္ထုနှင်. ပေတဝတ္ထုများမှာ ယင်းတို.၌လာသော အကြောင်းအရာများ(ဥပမာ ဗုဒ္ဓကိုးကွယ်မှု၊ အလှူဒါနအားပေးမှု) ကို ထောက်ချင်.၍ ပိဋကတ်ထဲသို. အတော်နောက်ကျမှ ဝင်လာသော ကျမ်းများဖြစ်ကြောင်း ထင်ရှား၏။ ပေတဝတ္ထု၌ပါရှိသော ပိင်္ဂလောကဘုရင်မှာ ဘုရားပရိနိဗ္ဗာန် စံဝင်ပြီးနောက် စူရတ်ပြည်ကို အုပ်စိုးသောမင်းဖြစ်၏။ ဝိမာနဝတ္ထု၌ ဖော်ပြထားသော ပါယာသိဘုရင်သည်လည်း ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းအတန်ကြာမှ စိုးစံသောဘုရင်ဖြစ်၏။၁၈၉၄ ခုနှစ်က ယိုးဒယားဘုရင်က အနောက်နိုင်ငံ စာကြည်.တိုက်များသို. လှူဒါန်းသော ပိဋကတ်သုံးပုံ၌ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတက၊ အပဒါန၊ စရိယပိဋကနှင်. ဗုဒ္ဒဝံသကျမ်းများ မပါဝင်ချေ။ ထိုသို. ယိုးဒယားမူ၌ မပါရှိသော ကျမ်းများသည် စင်စစ် ယင်းတို.၏မူလအစနှင်. စပ်လျဉ်း၍ ယခုခေတ်ပညာရှင်တို. သံသယရှိသောကျမ်းများဖြစ်၏။ အိန္ဒိယပညာရှင် ပါမောက္ခ ဘီအမ်ဗရူဝါး(တိပိဋကာစရိယ) ၏ အဆိုအားဖြင်. ခုဒ္ဒကပါဌ၊ ဗုဒ္ဓဝံသ၊ စရိယာပိဋကနှင်. အပဒါနကျမ်းများကို ဒီဃဘာဏကအဖွဲ.က ပါဠိတော်များအဖြစ်ဖြင်. အသိအမှတ်မပြုချေ။ ထိုကျမ်းများမှာ သီဟိုဠ်ရဟန်းတို.၏ လက်ရာဖြစ်သည်ဆို၏။

စရိယာပိဋက၊ ဗုဒ္ဓဝံသ စသည်တို.သည် ခုဒ္ဒကနိကာယ်၌ ပါဝင်၍ ထိုနိကာယ်သည် နောက်ဆုံးထွက်ပေါ်လာသော နိကာယ်ဖြစ်သည်ဟု ပါဠိပညာရှင်တို. ယူဆကြ၏။ ဝေသာလီပြည်၌ ထေရဝါဒီတို.နှင်.စင်ပြိုင်သင်္ဂါယနာတင်သော မဟာသံဃိကဂိုဏ်းက ပိဋကတ်မှ နုတ်ပယ်ပစ်သည်. ကျမ်းများမှာ အဘိဓမ္မာကျမ်းများနှင်. ပဋိသမ္ဘိဒါ၊ နိဒ္ဒေသ၊ ဇာတကစသော ခုဒ္ဒကနိကာယ်ကျမ်းများ ဖြစ်၏။

တရုတ်ပိဋကတ်၌ ခုန္ဒကနိကာယ်မပါရှိဘဲ ပထမနိကာယ်လေးကျမ်းကိုသာ တွေ.ရ၏။ နိကာယ်ကို တရုတ်ပိဋကတ်၌ အာဂမဟုခေါ်၏။ ပါဠိနိကာယ်များကို ဆိုင်ရာ တရုတ်အာဂမများနှင်. နှိုင်းရှင်လေ.လာခြင်းဖြင်. နိကာယ်များပေါ်ပေါက်လာသော ရှေ.နောက်အစီအစဉ်ကို အကြမ်းဖျင်းသိအပ်၏။ နိကာယ်လေးကျမ်းတွင် ဒီဃနိကာယ်သည် ဒီဃအာဂမနှင်. အတူညီဆုံးဖြစ်၏။ မဇ္ဈိမနိကာယ်နှင်. သံယုတ်နိကာယ်တို.သည်လည်း ဆိုင်ရာတရုတ်အာဂမများနှင်. အတော်အတန် တူညီ၏။ မတူညီသော အချက်မှာ သုတ်အရေအတွက်နှင်. အစီအစဉ်ဖြစ်၏။ ဥပမာ မဇ္ဈိမနိကာယ်၌ ၁၅၂ ခုရှိ၍ မဇ္ဈိမအာဂမ၌ သုတ်ပေါင်း ၂၂၂ ခုရှိ၏။ မဇ္ဈိမအာဂမ၌ တွေ.ရသော အပိုသုတ်များကို သံယုတ်နှင်. အဂုင်္တ္တရနိကာယ်များ၌ တွေ.ရ၏။ အင်္ဂုတ္တရနိကာယ်နှင်. အာဂမများမှာ အခြားနိကာယ်နှင်. အာဂမများလောက် တူညီသောအချက်များ မရှိချေ။(E.J. Thomos: History of Buddhist Thought, Appendix)

ထို.ကြောင်. နိကာယ်လေးကျမ်းများတွင် ဒီဃနိကာယ်သည် ရှေးအကျဆုံးဖြစ်၍ အင်္ဂုတ္တရနိကာယ်မှာ နောက်အကျဆုံး ဖြစ်ဟန်ရှိ၏။ သို.ရာတွင် နိကာယ်အသီးသီးကို တစ်ခုလုံးခြုံ၍ စဉ်းစားမှသာ ထိုသို.ယူဆနိုင်၏။ အမှန်ဆိုသော် ရှေးကျသော ဒေသနာများကိုလည်းကောင်း၊ နောက်ကျသောဒေသနာများကို လည်းကောင်း နိကာယ်အားလုံး၌ အနည်းအများ တွေ.ရ၏။ ဥပမာ ဒီဃနိကာယ်မှ ပါယာသိကသုတ်၊ မဟာသမယသုတ် စသည်တို.သည် အတော်နောက်ကျမှ ဝင်ရောက်လာသော သုတ်များဖြစ်၏။ မဇ္ဈိမနိကာယ်မှ အဿလာယနသုတ်သည် ယင်း၌ပါရှိသော ယောနက ကမ္ဘောဇနိုင်ငံ အမည်ကိုထောက်၍ အသောကမင်း လက်ထက်မတိုင်မီ ဂရိကို ဗက်ထရီးယားနိုင်ငံ ထင်ရှားရှိစဉ်က ဖြစ်ပေါ်လာဟန်ရှိ၏။ ခုဒ္ဒကနိကာယ်မှာ အခြားနိကာယ်များထက် နောက်ကျသည်မှန်သော်လည်း ယင်း၌ပါဝင်သော သုတ္တနိပါတ်မှာ ဗုဒ္ဓစာပေ၌ ရှေးအကျဆုံး ဒေသနာဖြစ်သည်ဟု အနောက်နိုင်ငံ ပါဠိပညာရှင်တို.ယူဆကြ၏။

အမှန်ဆိုသော် သုတ္တန်တစ်ခုတည်း၌လာသော ဒေသနာ၊သို.မဟုတ် စကားများသည်ပင် အားလုံးတစ်ချိန်တည်း၌ ပေါ်ပေါက်ခဲ.သည် မဟုတ်ချေ။မဟာပရိနိဗ္ဗာနသုတ်သည် အတော်ရှည်လျား၍ လေးနက်သော ဗုဒ္ဓတရားအတော်များများပါရှိ၏။ သို.ရာတွင်ထိုသုတ်၌လာသော စကားများသည် အားလုံးတစ်ချိန်တည်းဝင်လာသော စကားများမဟုတ်ချေ။ ဗုဒ္ဓသုတေသီ ဆရာတို.၏အလိုအားဖြင်. ထိုသုတ်သည် အကြိမ်ကြိမ်အထပ်ထပ်သုတ်သင်ပြင်ဆင်ထားသော သုတ်ဖြစ်၏။

ဗုဒ္ဓတရား အစစ်အမှန်ကို သိရှိလိုသောသူသည် ရှေးကျသော ပါဠိတော်များကို အခြားပါဠိတော်များထက် ပိုမိုဂရုပြုရပေမည်။ သို.ရာတွင် ဒေသနာအားလုံးကို ပညာဥာဏ်ဖြင်. ဆင်ခြင်သုံးသပ်ဖို.လို၏။ အဘယ်ကြောင်.ဆိုသော် နှစ်ပေါင်.များစွာ နှုတ်ဖြင်.ဆောင်ခဲ.သော အချို.ဒေသနာများသည် မူလဗုဒ္ဒဝါဒမှ အနည်းအများချွတ်ချော်တိမ်းစောင်းဖွယ်ရာ အကြောင်းများရှိ၏။ ဗုဒ္ဓလက်ထက်က ရဟန်းပြုသူ အလွန်များပြားခြင်း၊ ဥပမာ ဥရုဝေဠကဿပ နှင်. ရသေ.တစ်ထောင်တို. အစုလိုက်အပြုံလိုက် ဗုဒ္ဓသာသနာသို. ကူးပြောင်းလညခြင်းကို ထောက်သော် ဗုဒ္ဓတရားကို ခြေခြေမြစ်မြစ်နားမလည်ဘဲ ဗုဒ္ဓကို ကြည်ညိုသောကြောင်.၊ သို.မဟုတ် ကြားနာရသော ဒေသနာတစ်ခုကို နှစ်သက်ကာမျှဖြင်. ဗုဒ္ဓ၏ တပည်.ရဟန်းဖြစ်နေသောသူ အတော်များများ ရှိခဲ.တန်ရာ၏။ စင်စစ် ရှင်အဿဇိအမည်ရှိ ရဟန်းတစ်ပါးကမူ ဗုဒ္ဓဓမ္မကို မိမိ ကောင်းစွာနားမလည်သေးကြောင်း ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿလုလင်အား ပြောကြား၏။ ပိဋကတ်ဆောင်ဘာဏကအဖွဲ.များ၌ ရှင်အဿဇိကဲ.သို. သောပုဂ္ဂိုလ်များရှိရပေမည်။ သူတို.သည် မိမိတို.နှစ်သက်သော ဒေသနာများကို အလေးပေး၍ မနှစ်သက်သော ဒေသနာများကိုကား ကောင်းစွာမှတ်သားထားမည်မဟုတ်ချေ။

မဟာပရိနိဗ္ဗာနသုတ်၌ တရားဒေသနာများကို အမှားအမှန် ဆုံးဖြတ်ရန် ဗုဒ္ဓဟောကြားခဲ.သော မဟာပဒေသ တရားလေးပါးကို ဖော်ပြထား၏။ ဗုဒ္ဓ၏အလိုအားဖြင်.ကား ပိဋကတ်ဒေသနာကို နှုတ်ငုံဆောင်သော သံဃာမထေရ်တို.၏ စကားကို မဆိုထားဘိ၊ ဘုရားရှင်မျက်မှောက်မှ ကြားနာခဲ.ရသည်ဆိုသော စကားကိုပင် ဝိနည်းတရား၊ သုတ်တရားနှင်. ချိန်ထိုး၍ ကိုက်ညီမှသာ လက်ခံယုံကြည်ရမည်ဖြစ်၏။ (အဘိဓမ္မာတရားနှင်. ညှိနှိုင်းရမည်ဟု မဆိုကြောင်းသတိပြုရာ၏။)

သို.ရာတွင် ကျွန်ုပ်တို.၏ လက်ရှိပိဋကတ်မှ သုတ်တရားဝိနည်းတရားသည် ဗုဒ္ဓဟောသောမူလသုတ်တရား၊ ဝိနည်းတရားနှင်. မည်မျှထပ်တူဖြစ်သည်ကို အတိအကျ အခိုင်အမာ မသိရချေ။သုတ္တန်နှင်. ဝိနည်းပိဋကတ်များသည် မြန်မာနိုင်ငံသို. မရောက်မီက လေးကြိမ်တိတိ သင်္ဂါယနာတင်ပြီးဖြစ်သည်မှန်၏။ သို.ဖြစ်စေကာမူ ထေရဝါဒသမိုင်း၌ ထင်ရှားသော သင်္ဂါယနာလေးခုသည် ပါဠိပိဋကတ်ကို လေ.လာစိစစ်သော သုတေသီပညာရှင်တို.၏ အမြင်အားဖြင်.များစွာအရေးပါလှသည် မဟုတ်ချေ။

မြောက်ပိုင်းဗုဒ္ဓဝါဒီတို.သည် ပထမသင်္ဂါယနာကိုသာ အသိအမှတ်ပြု၍ အခြားသင်္ဂါယနာများအကြောင်းကို မသိကြချေ။ တတိယသင်္ဂါယနာအကြောင်းကို မဟာဝင်နှင်. အဌကထာကျမ်းများ၌ စုံစုံစေ.စေ. ရေးသားထားသော်လည်း အသောကမင်း၏ ကျောက်စာများ၌ လုံးဝ ဖော်ပြမထားခြင်းမှာ စဉ်းစားဖွယ်ဖြစ်၏။

အခြားစဉ်းစားရန် ရှိသည်ကား သင်္ဂါယနာတင်သော ပုဂ္ဂိုလ်တို.သည် ရဟန်းသံဃာတစ်စုတစ်ဖွဲ.မျှသာဖြစ်၍ သူတို.အတည်ပြုသော ဗုဒ္ဓဒေသနာများကို အခြားရဟန်းသံဃာတို.က မည်မျှလက်ခံ အသိအမှတ်ပြုပါသနည်းဟူသော အချက်ဖြစ်၏။ ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်နေစဉ် ပုရာဏအမည်ရှိသော မထေရ်သည် ရောက်လာ၍ အခြားရဟန်းတို.က အရှင်ပုရာဏအား သင်္ဂါယနာတင်နေသော မထေရ်ကြီးတို.ထံသို. ချဉ်းကပ်ရန် တိုက်တွန်းကြ၏။ ထိုအခါ အရှင်ပုရာဏက “ငါရှင်တို.၊ မထေရ်ကြီးတို.သည် ဓမ္မနှင်. ဝိနယကို ကောင်းစွာသင်္ဂါယနာတင်အပ်။ သို.သော် ငါသည်ဘုရားရှင်၏ မျက်မှောက်၌ ကြားနာသင်ယူပြီးသည်. အတိုင်းသာလျင် တရားတော်ကို ဆောင်အံ.” ဟုပိဋကတ်သည် မဇ္ဈိမဒေသရှိ ရဟန်းသံဃာအားလုံး တညီတညွတ် အသိအမှတ်ပြုသော ပိဋကတ်ဟူ၍ မဆိုနိုင်ကြောင်း ထင်ရှား၏။

ထို.အပြင် သင်္ဂါယနာတင်သော ရဟန်းသံဃာသည် ဒေသနာများကို စုပေါင်းရွတ်ဆိုရုံမှတစ်ပါး စေ.ငုသေချစွာ လေ.လာဆန်းစစ်မှု၊ ဝေဖန်သုံးသပ်မှုပြုသော လက္ခဏာ မရှိချေ။ သို.ဖြစ်၍ အနောက်နိုင်ငံ ပါဠိသုတေသီပညာရှင်တို.က ယခုလက်ရှိ ပါဠိပိဋကတ်၏ တစ်စိတ်တစ်ဒေသမျှသည်ပင် ထိုသင်္ဂါယနာတင်ပါဠိတော်များ နှင်.ထပ်တူဖြစ်သည်ဟု ဆိုရန် ခိုင်မာလုံလောက်သော အထောက်အထားမရှိဟု ယူဆကြ၏။

မည်သို.ဖြစ်စေ သံသယရှိမှု လွန်ကဲနေပါက ပါဠိပိဋကတ်ကို ဖြစ်စေ၊ အခြားဘာသာရေး ကျမ်းဂန်များကို ဖြစ်စေ လေ.လာခြင်းသည် အချည်းနှီးဖြစ်ပေလိမ်.မည်။ လိုအပ်သည်ကား သံသယရှိမှု လွန်ကဲ၍ ပိဋကတ်စာပေတစ်ခုလုံးကို ပယ်ခြင်းနှင်. သဒ္ဓါယုံကြည်မှုလွန်ကဲ၍ ပိဋကတ်လာ စကားအားလုံးကို မျက်စိမှိတ် လက်ခံခြင်းတည်းဟူသော အစွန်းနှစ်ဖက်လွတ်သည်. အလယ်လမ်းကို လိုက်ရန်ဖြစ်၏။

စင်စစ် အချို.သုတ္တန်တရားများနှင်. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနှစ်ပါး စသောတရားများမှာ မူလဗုဒ္ဓဝါဒအစစ်ဖြစ်ကြောင်း ပါဠိပိဋကတ်ကို လေးလေးနက်နက် လေ.လာသော အနောက်တိုင်း ပညာရှင်အားလုံးက လက်ခံယုံကြည်ကြ၏။သံသယရှိသော ဒေသနာများကို ထိုခိုင်မာသော အခြေခံ ဗုဒ္ဓတရားများဖြင်. ချိန်ထိုး၍ အမှားအမှန် ဆုံးဖြတ်ရပေမည်။ ဤနေရာ၌ အချို.ဒေသနာများကို ဥပမာဆောင်၍ ဥပမာဆောင်၍ ပြပါအံ.။

ဗုဒ္ဓမှတစ်ပါး ကိုးကွယ်ရာမရှိ ဆိုသောစကားသည် ဗုဒ္ဓကိုယ်တိုင် ထပ်တလဲလဲ ဟောသော မိမိကိုယ်ကိုသာ အားကိုးကြ၊ မိမိမှတစ်ပါး အခြားအားကိုးရာမရှိ ဟူသည်. ဩဝါဒနှင်. ဆန်.ကျင်၍ ဗုဒ္ဓ၏ စကားမဖြစ်နိုင်ကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် သုဇာတာအား သခင်နှင်.တူသော မယား၊ ကျွန်နှင်.တူသောမယား၊ မိတ်ဆွေနှင်.တူသော မယားစသည်ဖြင်. မယားခုနှစ်မျိုးရှိသည်.အနက် ကျွန်နှင်.တူသော မယားမှာ အမြတ်ဆုံး ဖြစ်ကြောင်းအင်္ဂုတ္တရနိကာယ်၌ ဟောသည်ဆို၏။ ဤစကားမှာ တရားမျှတမှု မရှိဘဲ သိင်္ဂါလောဝါဒသုတ်၌ ဘုရားဟောသော လင်၏ကျင်.ဝတ်၊ မယား၏ ကျင်.ဝတ်များနှင်. ဆန်.ကျင်သောကြောင်. ဗုဒ္ဓ၏စကားမဟုတ်ဘဲ မိန်းမများကို ဖိနှိပ်လိုသော ပိဋကတ်ဆရာတို.၏ စကားဖြစ်တန်ရာ၏။

ဗုဒ္ဓသည် ဘုရားဖြစ်ပြီးခါစက ဗာရာဏသီပြည်သို. ကြွသွားရာလမ်းခရီး၌ တွေ.ရသော ဥပကတက္ကတွန်းအား “ ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏။ အလုံးစုံကို ငါသိ၏။ လောက၌ အတုမရှိသောသူဖြစ်၏။” စသည်ဖြင်. မိန်.တော်မူသည်ဆို၏။ ဤစကားမှာ မာန်မာနနှင်. ဝင်.ဝါပလွှားမှု လုံးဝကင်းသော ဗုဒ္ဓ( ဗုဒ္ဓအခန်း နှင်. ဗုဒ္ဓကိုးကွယ်မှုအခန်း၌ အကျယ်ဖော်ပြပါအံ.။) စကားဖြစ်သည်ဟု ကျွန်ုပ်တို. မယူဆနိုင်ချေ။

တစ်ခုနှင်. တစ်ခု ဆန်.ကျင်သယောင် ဖြစ်နေသော အချို.ပိဋကတ်ဒေသနာများကို လေ.လာရာ၌ကား ကြားနာသောပုဂ္ဂိုလ်နှင်. ကာလဒေသကို ထည်.သွင်းစဉ်းစားရပေမည်။ တစ်နည်းဆိုသော် ဗုဒ္ဓတရားကို ကောင်းစွာသိမြင်နားလည်ရန် ဗုဒ္ဓဝါဒ၏သမိုင်း၊ ဗုဒ္ဓမပွင်.မီက ရှိနှင်.ပြီးဖြစ်သော အိန္ဒိယဘာသာ အယူဝါဒ၊ အတွေးအခေါ်နှင်. ခေတ်အခြေအနေကို သိရှိဖို.လို၏။ ဗုဒ္ဓသည် မည်သို.သော ပုဂ္ဂိုလ်ဖြစ်သည်။ မည်သို.သော သူများကို ဟောပြောသည်။ ဟောပြောရ၌ မည်သို.သောနည်းကို သုံးသည် စသည်တို.ကို ကောင်းစွာနားလည်ထားရပေမည်။ အယူဝါဒသစ်တစ်ခု ပေါ်ထွန်းမှုသည် ရှေးဦးပထမ ဟောပြောသော ပုဂ္ဂိုလ်နှင်. ပတ်ဝန်းကျင် အခြေအနေ ပေါ်၌တည်ကြောင်း ကျွန်ုပ်တို. မမေ.သင်.ချေ။

Read more...

Spice of Life

Considering rebirth as we were in the previous post, there is a ‘Quirky’ story recently that serves as a good reminder to foucs on the life we have.

And there are few folks more quirky than the British. Note the third paragraph:

A Nottinghamshire businessman who set up a 30ft dung-firing catapult to deter intruders has been burgled after police warned him it was illegal

Joe Weston-Webb, 71, a former travelling showman, decided he needed the deterrent after a series of break-ins, reports the Daily Telegraph.

The catapult, based on a Roman boulder-thrower, was originally built for a series of unsuccessful attempts to fire his wife, Mary, across the River Avon in 1976.

Roman catapult

…..

But following a series of attacks by vandals on his company, Grumpy Joe, in Ratcliffe-on-Soar, he restored the rusty catapult and equipped it to fire bags of chicken droppings at intruders if an alarm was triggered.

His eccentric methods attracted media attention as well as a warning from Nottinghamshire Police that using the giant catapult would be illegal as it did not constitute “reasonable force”.

But now his business had been targeted by thieves again. Burglars vandalised his workshop and stole cutting equipment, a plasma screen television and a laptop among other goods during the break-in.

“It is ridiculous that we are in this situation now in which we can’t defend ourselves,” he said.

….

Full story is here.

The morale of the story? It is this life we need to be living, not some future one. Oh, and don’t marry a mad carpenter or you might be fired over the local river by a 30 ft catapult.

Read more...

ခေါင်းလျှော်ရေချိုး မကောင်းမှုကို နှင်ထုတ်မယ်ဆိုမှ...

အကျင့်မကောင်း ...
သင်္ကြန်တွင်း ခေါင်းလျှော်ရေချိုး မကောင်းမှုကို နှင်ထုတ်မယ်ဆိုမှ ရေကမလှုပ်...




ဗြဟ္မဏပစ္စောရောဟဏီသုတ်-

ဇာဏုေဿာဏိပုဏ္ဏားသည် ဥပုသ်နေ့၌ ခေါင်းလျှော်ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကိုဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ မြတ်စွာ ဘုရား၏ အနီးတစ်ခုသော နေရာ၌ ရပ်တည်၏။ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့ ၌ ခေါင်းလျှော် ရေချိုးပြီး၍ ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်း မြက်ဆုပ်ကိုယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသော ဇာဏုေဿာဏိပုဏ္ဏားကို မြင်တော်မူ၍ ဇာဏုေဿာဏိ ပုဏ္ဏားအား -

''ပုဏ္ဏား အဘယ်ကြောင့်သင်သည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး၍ အသစ် ဖြစ်သော ခေါမမည်သော အဝတ်စုံကိုဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကိုယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေဘိသနည်း၊ ပုဏ္ဏား ယနေ့ပုဏ္ဏားမျိုးအား အဘယ် မည်သော ကိစ္စ ဖြစ်သနည်း'' ဟု မေးတော်မူ၏။

အသျှင်ဂေါတမ ...
ယနေ့ ပုဏ္ဏားမျိုးအား မကောင်းမှုကို နှင်ထုတ်ခြင်းမည်သော ကိစ္စဖြစ်ပါ၏။

ပုဏ္ဏား ...
အဘယ်အခြင်းအရာဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်း ဖြစ်သနည်း။

အသျှင်ဂေါတမ ...
ဤလောက၌ ပုဏ္ဏားတို့သည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး အသစ်ဖြစ် သော ခေါမမည်သော အဝတ်စုံကို ဝတ်ကာ စိုသော နွားချေးဖြင့် မြေကို လိမ်းကျံ၍ စိမ်းစိုသော သမန်းမြက်တို့ကို ဖြန့်ခင်းလျက် သဲပုံနှင့် မီးတင်းကုပ် အကြား၌ အိပ်ခြင်းကို ပြုကုန်၏၊ ထိုပုဏ္ဏားတို့သည် ထိုညဥ့်၌ သုံးကြိမ်ထ၍ လက်အုပ်ချီကာ ''အသျှင့်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏၊ အသျှင်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏'' ဟု (ဆို၍) မီးကို ရှိခိုးကုန်၏၊ များစွာသော ထောပတ် ဆီ ဆီဦး တို့ ဖြင့်လည်း မီးစာကျွေးကုန်၏၊ ထိုညဥ့်လွန်မြောက်သောအခါ၌လည်း မွန်မြတ် သော ခဲဖွယ် ဘောဇဉ်ဖြင့် ပုဏ္ဏားတို့ကို ရောင့်ရဲစေကုန်၏။ အသျှင်ဂေါတမ ဤသို့ အားဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းဖြစ်ပါ၏ ဟု (လျှောက်၏)။

ပုဏ္ဏား ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏၊

အရိယာ၏ ...
ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ...
အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းကား အဘယ်သို့ပါနည်း၊ တောင်း ပန်ပါ၏၊ အကျွန်ုပ်အား အသျှင်ဂေါတမသည် အရိယာဝိနည်း၌ မကောင်းမှု နှင် ထုတ်ပုံတရားကို ဟောတော်မူပါလော့ဟု (လျှောက်၏)။

ပုဏ္ဏား ...
ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာနှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။
''အသျှင်ဂေါတမ ကောင်းပါပြီ'' ဟု ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ပုဏ္ဏား ...
ဤလောက၌ အရိယာတပည့်သည် ''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန် ဘဝ၌ လည်းကောင်း သူ့အသက်သတ်ခြင်း၏ အကျိုးသည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင်၍ သူ့အသက် သတ်ခြင်းကို ပယ်စွန့်၏၊ သူ့အသက် သတ်ခြင်းကို နှင်ထုတ်၏။ ''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမ လွန်ဘဝ၌ လည်းကောင်း သူ့ဥစ္စာကို ခိုးခြင်း၏ အကျိုးသည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင်၍ သူ့ဥစ္စာခိုးခြင်းကို ပယ်စွန့်၏၊ သူ့ဥစ္စာ ခိုးယူခြင်းကို နှင်ထုတ်၏ -

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၏ အကျိုးသည် ယုတ်မာ၏''ဟု ဆင်ခြင်၏၊ ထိုသူသည် ဤ သို့ ဆင်ခြင်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်စွန့်၏၊ ကာမတို့၌ မှားယွင်း စွာ ကျင့်ခြင်းကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း မဟုတ်မမှန် ပြောခြင်း၏ အကျိုးသည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင် ၍ မဟုတ်မမှန် ပြောခြင်းကို ပယ်စွန့်၏၊ မဟုတ်မမှန် ပြောခြင်းကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ကုန်းစကား၏ အကျိုးသည် ယုတ်မာ၏''ဟု ဆင်ခြင်၏၊ထိုသူသည် ဤသို့ဆင်ခြင်၍ ကုန်းစကား ကို ပယ်စွန့်၏၊ ကုန်းစကားကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ရုန့်ရင်းကြမ်း တမ်းသော စကား၏ အကျိုး သည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင်၍ ရုန့်ရင်း ကြမ်း တမ်းသော စကားကို ပယ်စွန့်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း သိမ်ဖျင်းသော စကား၏ အကျိုးသည် ယုတ်မာ၏''ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင်၍ သိမ်ဖျင်းသော စကားကို ပယ်စွန့်၏၊ သိမ်ဖျင်းသောစကားကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'၏ အကျိုးသည် ယုတ်မာ၏''ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ ဆင်ခြင် ၍ ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'ကို ပယ်စွန့်၏၊ ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'ကို နှင်ထုတ် ၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ပျက်စီးစေလိုမှု 'ဗျာပါဒ'၏ အကျိုးသည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ပယ်စွန့်၏၊ ပျက်စီးစေလို မှု 'ဗျာပါဒ' ကို နှင်ထုတ်၏။

''မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း မှားယွင်းသော အယူ၏ အကျိုးသည် ယုတ်မာ၏'' ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ မှားယွင်းသော အယူကို ပယ်စွန့်၏၊ မှားယွင်းသော အယူကို နှင်ထုတ်၏။

ပုဏ္ဏား... ဤသို့ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည်ဖြစ်၏ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏၊
အရိယာ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းကား တစ်မျိုးဖြစ်၏၊
အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် ဤအရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်း၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှ မမီပါ။ အသျှင်ဂေါတမ အလွန်နှစ်သက်ဖွယ်ရှိပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါး) ကိုးကွယ်ဆည်းကပ်သော ဥပါသ ကာဟု မှတ်တော်မူပါဟု (လျှောက်၏)။167

၁ - ဗြဟ္မဏပစ္စောရောဟဏီသုတ်၊ ဇာဏုေဿာဏိဝဂ်၊ ဒဿကနိပါတ်၊



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဘုန်းကြီးရဲ့ အတွေးတွေ လိုသေးတာဘဲ...

15 Apr 09, 11:03
အလှတရား: တစ်နှစ်ကုန်တုံး အရှင်ဘုရားဆုံးမတဲ့ တရားတစ်ပုဒ်လောက်နာလိုကြောင်း လျှောက်ထားပါတယ်... ဘုရာ့ သေဘို့နီးသွားသည် တရားနဲ့နေ ဆိုတဲ့ အကျဉ်းမျှကိုတော့ နာသွားပါတယ်ဘုရာ့.. ဟဲ့ ဟဲ့ဒကာ ဒါမလုပ်နဲ့ လို့ ဆုံးမခံရတာ သိပ်ကောင်းတာပဲကိုးဘုရာ့.. ဟိုဘက်ဘလော့ စီဘောက်စ်နေရာက စာရေးမရဘူးဖြစ်နေသလားလို့ ဘုရား...

2009.04.15...
ဒကာလေး အလှတရားရေ... လူငယ်လေးတွေ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို လေ့လာကြတာ သိရလိုက်ရတဲ့အခါ၊ တရားဆိုဒ် လုပ်ခါစက ဘုန်းကြီးရဲ့ အတွေးတွေ လိုသေးတာဘဲလို့ သိရပါတယ်၊ အရင်ကတွေးမိတာက အင်တာနက်ဆိုတာ လူငယ်တွေဘဲဝင်ကြတာ တရားစာဆိုတာက လူကြီးတွေဘဲ နာကြဖတ်ကြတယ်လို့ တွေးထင်ထားတာ ခုအင်တာနက်တက်ကြတဲ့ လူငယ်တွေ အတော်များများ လေ့လာကြတာ သိရလို့ပါ။
မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေက ကိလေသာနည်းကြောင်း ကုန်ကြောင်းဖြစ်လို့ နည်းလို, ကုန်လိုသူများ နှစ်သက်ကြပါလိမ့်မယ်။ မနည်းလိုသေး မကုန်လိုသေးသူများကတော့ နှာခေါင်းရှုံ့ကြပါလိမ့်မယ်၊ ဒါသဘာဝတရားဘဲလေ...။ ဒီနေရာလေးမှာ တရားတော်များကို လိုလိုချင်ချင်နဲ့ ဖတ်နေကြသူများ ကိုယ်ဟာကို ကောင်းသော အဖြေလေးတွေ ယူလိုက်ကြပါ...။

ဝေလာမပုဏ္ဏားအလှူထက် မေတ္တာတစ်ချက်ပွါးများခြင်းက အကျိုးပိုလို့ကြီးပါတယ်၊ ဒါ့ကြောင့် စီဘောက်မှာပါ မကျန် မေတ္တာပွားပါတယ်၊ တချို့ကတော့ တမျိုးလေးထင်နိုင်ပါတယ်။ မေတ္တာပွားတာထက် မရဏ(သေခြင်း)တရားပွားတာက ပိုလို့အကျိုးကြီးပြန်တယ်၊ ဒါ့ကြောင့် ခဏခဏ စာထဲ ထဲ့ရေးပါတယ်၊ ဒါကိုလဲ တချို့က တမျိုးလေးထင်နိုင်တာပါဘဲ။ သူတို့သူတို့ အလုပ်တွေဘဲလေ။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ် ကိုယ်လုပ်ရတာပေါ့ ဒကာလေးရယ်။ ဒီနေရာမှာ ကိုယ်ကျိုးလုပ်လို့ အတ္တကြီးတယ်လို့ ထင်ခဲ့ကြရင်လဲ ဘုရားစကား ပိုနှစ်သက်လို့ လုပ်ရမှာပါဘဲ။

ဘုန်းတော်ကြီးတွေ အများထဲက တချို့ဟာ ကျင့်ဆဲပုဂ္ဂိုလ်တွေပါ၊ ကျင့်ဆဲဆိုတော့ ဒကာလေးသိပြီးသားပါ (ဒါဘေမဲ့ ဒကာလေးရဲ့စာကို ပြန်သလိုဖြစ်ပေမဲ့ ဒီစာဖတ်သူ ဒကာ ဒကာမအားလုံးကို အချိန်ရတုန်း သိစေချင်တာလေးတွေ ရေးပြနေတာပါ (အချိန်ရတုန်းဆိုတဲ့စကား-စာက ခဏခဏသုံးတတ်ပါတယ် မျက်စိရှုပ်ရင် သည်းခံကြပါ)) ကျင့်ဆဲတွေဆိုတော့ ကိလေသာ ၁၀-ပါးထဲက ပါးချင်တဲ့ကိလေသာ ပါးနေလိမ့်မယ်၊ အားနည်းချင်တဲ့ကိလေသာ အားနည်းနေလိမ့်မယ်၊ ငါတော့ ဘယ်ကိလေသာတွေတော့ ကုန်ပြီ ပါးပြီ လျော့ပြီ မပြောဆိုကြပါဘူး၊ ဘုန်းတော်ကြီးများ အလိုနဲကြလို့ပါ၊ တနည်းက တန်ဖိုးရှိတဲ့ အရာတွေမို့ပါ။

ဒကာဒကာမတို့ သာမန်အမြင်လေးပဲကြည့်မယ် ကိုရင်လေးတွေ ရဟန်းတော်တွေဟာ ခေါင်းပေါ်ကဆံပင် ရှည်ရဲ့သား သန်ရဲ့သားနဲ့ ပယ်ထားကြပါတယ်၊ ခုအချိန် ကိုယ်ခေါင်းပေါ်က ဆံပင်လေး ကိုင်ကြည့်လိုက်ပါ ဘယ်သူမှမမြင်လောက်ပါဘူး၊ ဒကာဒကာမတို့မှာ မိုးလင်းလာတာနဲ့ ဒီဆံပင်အတွက် ပေးလိုက်ရတဲ့အချိန် ကုန်လိုက်ရတဲ့ငွေမနဲပါဘူး။ တချို့များ အချိန်မရလို့ ကားမောင်းရင်းနဲ့လဲ ခေါင်းပြင်နေတာပဲ လမ်းလျှောက်ရင်းနဲ့လဲ ပြင်နေတာပဲ၊ လှချင်တာကိုး ဆံပင်မပေါက်လို့ ခေါင်းရိတ်ထားရတဲ့သူတွေ ရှိပါတယ်လို့ ထဲ့တွေးမနေကြပါနဲ့၊ ဒီလိုသာလျှောက်ထဲ့တွေးနေရင် တရားကို မရောက်တော့ဘူး မမြင်တော့ဘူးနော်၊ အဲလို လှချင်နေတတ်တဲ့ အရွယ်တွေမှ စလို့ ဆံပင်အပေါ်မှာရှိတဲ့ ကိလေသာကို ပယ်ထားကြပါတယ်၊ အကျယ်ကိုတော့ ဆရာတော်ပေါင်းစုံဟောတဲ့ တရားတွေမှာ ရှာပြီးလေ့လာကြည့်ကြပါ။ လွယ်လွယ်ဆိုရင်တော့ မိလိန္ဒပဥှာမှာကြည့်ရပါမယ်။

ပယ်သင့်တာတွေပယ် လျှော့သင့်တာတွေလျှော့နေတဲ့ ရဟန်းတော်များရဲ့ ဆုံးမစကားတွေကို မြတ်စွာဘုရားသာ ကြားသိရင်၊ ဗုဒ္ဓက သူ့အယူနဲ့တူခဲ့ရင် ငြိမ်နေတော်မူတတ်ပါတယ်။ လက္ခံတဲ့သဘောပါ၊ ဒကာဒကာမတို့ ခု နေရာတကာမှာ တွေ့နေရတဲ့ တရားစာတွေ တရားခွေတွေ ရုပ်သံတရားတွေထဲက မြတ်ဗုဒ္ဓရဲ့ တရားတော်ဘဲလို့များ လက္ခံနိုင်ပြီဆိုရင် ဒီအတိုင်းကျင့်လိုက်ပါ ဘာကြောင့်လဲဆို ကျင့်သူအတွက်သာ ကျင့်ရသောအကျိုးတရားရှိလို့ပါ။

ကိုယ့်မှာ ကျင့်နေသောတရား၏ အကျိုးတရားတွေ ဘယ်လောက်ရှိပြီလဲ ကိုယ်ဟာကို ပြန်စစ်ကြည့်မယ် ပြန်မေးကြည့်မယ်လေ၊ တိုးတိုးတိတ်တိတ်ပေါ့။ ဥပမာ သူတော်ကောင်းတရားတွေက ဒါန သီလ ဘာဝနာ၊ အင်း... ဘာဝနာဆိုတော့ နဲနဲရှေလိုက်ဦးမယ်၊ ခုခေတ်မှာကလည်း ၀ိပဿနာ ၀ိပဿနာ ဆိုပြီး အတော်လေးလုပ်ကြပါတယ်၊ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်၊ ဘုန်းကြီးက ဆက်မပြောပါဘူးလေ ဘုန်းတော်ကြီးဦးသီလရဲ့ တရားတော်လေးဘဲ ရေးပေးပါ့မယ်၊ တိုတိုလေးပါ၊ တရားတစ်ပွဲမှာ သီလပေးပြီးနောက် "အထက်နေပါအုန်း အောက်လုံအောင်ဖုံး" တဲ့ ဟောပြီး ပလ္လင်ပေါ်က ပြန်ဆင်းသွားပါတယ်။ (အဓိပ္ပါယ်ကတော့... ဘာဝနာနေပါဦး သီလလေးတော့ လုံအောင်လုပ်ပါဦးတဲ့) သူတော်ကောင်းတွေရဲ့ စကားတခွန်း စာတစ်လုံးဟာ ထိတယ် မိတယ်နော်။ ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်တော့ တဏှာတဲ့။ တဏှာနဲ့ ရေးတဲ့စာတွေလဲ ပါနိုင်တာဘဲ ကိုယ်ကဘာနဲ့ ကြည့်လိုက်မလဲ၊ ကြည့်တဲ့သူ အပေါ်မှာ မူတည်ပါတယ်။ နှစ်သက်တာနဲ့ကြည့်ကြပါ။
အဓိပ္ပါယ်ကို ဘုန်းကြီးက ဘာဝနာနဲ့ကြည့်လိုက်တယ်။ နောက်တနည်း တဏှာနဲ့ကြည့်မယ် ဒီဘုန်းကြီးဘာကောင်းလဲ ရဟန္တာလည်းဆိုသေးတယ် ယုတ်တီးယုတ်ပတ်နဲ့ ငါတို့လို လူမျိုးကိုများ အောက်လုံအောင်ဖုံးတဲ့၊ ကြည့်စမ်း ငါတို့က မလုံလို့လား ခါးကို တင်းနေတာဘဲ။ သူလို အရှက်မရှိတဲ့သူများ မှတ်နေလို့လား ဒီလို တွေးကြလိမ့်မယ်ထင်ပါတယ်။ တော်ပြီ နောက်ဆွမ်းကို မကပ်တော့ဘူး...။ ဒါကလဲပါဦးမှာ...။

ကဲ ဒါန သီလ ဘာဝနာ ပြန်ဆက်မယ်... စာတွေရှည်လို့ ပြန်တော့မယ်ဆိုလည်း ခွင့်ပြုပါတယ် အားမနာပါနဲ့ ဘုန်းကြီး မြင်ရတာမှ မဟုတ်တာ။ (ဒီနေရာမှာ သိဖို့တစ်ခုက၊ တရားကို တကယ်ကျင့်လိုသူ၊ အနည်းငယ် မိရိုးဖလာကျင့်လိုသူ၊ လေ့လာရုံမျှသာဆိုသူ၊ ဒီသုံးဦးမှာ တကယ်ကျင့်လိုသူတွေ) ဒါနတွေ ဘယ်လောက် ပြည့်စုံပါပြီလဲ၊ ကိုယ်ပိုင်ပစ္စည်းထဲက ၁-ပြားကစ၍ သိန်းသန်းထိ မြင်ကြည့်လိုက်ပါ ဘယ်လောက်စွန်းလှူ ပေးကမ်းနိုင်ပြီလဲ။ မိမိ အသွေးအသား ဇနီးမယား သားသမီး ဆွေမျိုးသားချင်း ဘယ်လောက် စွန့်လှူနိုင်ပါပြီလဲ။ သီလ ဘုရားစင်ရှေ့မှာဆောက်တည်ပြီးနောက် သတ်စရာကို မလိုလို့ လုံတာမျိုးလား၊ ပြည့်စုံနေလို့ မခိုးတာမျိုးလား အစရှိသည် စဉ်းစားပါလေ။ ကြုံရဲ့သားနဲ့ကို ရှောင်နိုင်တာမျိုးလား။ ခန္ဓာကိုလေး ဖြတ်တောက်ခံရမယ် လုံနိုင်သေးလား။ အသက်သေတော့မယ်ဆိုရင်ကော။ တချို့က ဒီလို ဖြေကြပါလိမ့်မယ် ပုထုဇဉ်လေဆရာတော်ရဲ့ အရိယာမဟုတ်သေးဘူးလေ၊ ဘုရားလောင်းမဟုတ်ဘူးလေ။ ဘုန်းကြီးကလည်း ဖြေပေးလိုက်ပါတယ် ဒါ့ကြောင့် ဒီစိတ်ဓါတ်မျိုးကြောင့်ကို ဒီနေရာက မတက်တာ ခု ဒီနေရာကိုဘဲ ပြန်ကြရလိမ့်မယ်လို့။ ဟိုဆရာတော့်စကားနဲ့ဆို ဒယ်အိုးပေါ့။ သိတယ်နော်...။
ပြောလိုတာက တရားကို တကယ်ကျင့်လိုပြီဆိုရင် တစ်နေ့ထက်တစ်နေ့ မိမိစိတ်ဓါတ် တိုးတက်မှုတွေ ရှိနေရပါ့မယ်။ မတိုးတက်ဘူး ဒုံရင်းဘဲ ဆိုရင်တော့ ဘယ်သူဆိုတာလဲမသိတော့ပါဘူး မနှစ်ကလဲ.... ဒီနှစ်မှာလဲ.... ဆိုတဲ့သီချင်းလေးလို ဒါက ဟိုကြာနီကန်ဆရာတော်မှရတာ ကြားတော့ကြားဘူးနေတယ်။

သူများအကြောင်း... ဖတ်လိုသူများ ctrl+a
((သဒ္ဓါတရားရှိသူတစ်ဦး ၂၀၀၈-က ကြားလိုက်ရပါတယ်၊ အမျိုးမတော်သူ တစ်ဦးအတွက် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြတ်တောက်လှူမယ်တဲ့။ ခု ၂၀၀၉-မှာလဲ ၃-ဦး ဒီလိုဘဲ လှူမလို့တဲ့ ကြားလိုက်ရတယ် ခု စာဖတ်နေတဲ့ ဒကာဒကာမတွေဆိုရင်ကော မပြောတတ်ဘူး ဘုန်းကြီးဆိုရင်တောင်... (မလွယ်သေး) ဒီလိုလေးတော့စဉ်းစားဘူးပါတယ်၊ (သတိ မကဲ့ရဲ့ရ) ငါသေရင် လှူမယ်ပေါ့။ နောက်တဆင့် တက်လာပါတယ် ငါ့ထံမှာ တရားတော်များ လေ့လာနေသူဆို လှူမယ်လို့၊ ဒီအဆင့်ဘဲရပါတယ်။ တချို့က မိမိသားသမီးဆို လှူမယ်ပေါ့။ တချို့က အမျိုးထဲကဆို လှူမယ်ပေါ့။ တချို့ကတော့ အမျိုးမဟုတ်လဲ လှူမယ်ပေါ့။ ဒီလိုလေးတွေ ကွာသွားနိုင်ပါတယ်။ ဘယ်သူ့ကိုဘဲ ဖြစ်ဖြစ် မလှူဘူးဟေ့ ဆိုတာကတော့ အများဆုံးပါဘဲ။ ခု အမေရိကားမှာ မြန်မာပြည်ကရောက်လာတဲ့ ဦးဇင်းလေးတစ်ပါးက ကျောက်ကပ်တစ်လုံး ထုတ်လှူလိုက်တယ်လို့ သိရပါတယ်၊ သူတော်ကောင်းတရားတွေပါ အံ့သြစရာကောင်းလှပါတယ်။ တဏှာပေမနဲ့ မဟုတ်ကြပါဘူး။ ဒီဘုန်းကြီး အရိပ်အရောင်ပြနေတာ ငါ့ဆီက ဘာများ အလှူခံမလို့လဲ မသိဘူးတော့ မလုပ်နဲ့နော်)) ကဲ နားလိုက်ကြအောင်။
နားလိုမဖြစ်သေးပါဘူးလေ တနှစ်ကုန်လို့ တရားက တောင်းထားသေးတယ်။ နှစ်ဦးမှာ တရားထူးလေးနဲ့ မြူးချင်လို့ပါတဲ့။ ((ရေးချင်တာရေးပြီးရင်-းp ;) ;z ဒါမျိုးတွေရေးမှ စိတ်မဆိုးမှာ ဘုန်းကြီးကလဲ မရေးတတ် ခုလဲလျှောက်ရေးထားတာနော် ဟုတ်မဟုတ် ဘာတွေလည်းမသိဘူး ဒကာမကြီးတစ်ယောက်ကတော့ ပြောပြဘူးပါရဲ့ ဘုန်းကြီးအနေနဲ့ မသင့်ဘူးထင်လို့ မမှတ်ထားမိပါဘူး)) ဆရာတော်များရဲ့ တရားတော်တွေ မြန်မာပြည်မှာတုံးက လက်ထဲမှာ ၁၀-ခွေတောင် မရှိဘူးလို့ထင်တာပါဘဲ၊ ခုတော့မနဲပါဘူး အပုဒ်ပေါင်း ၂၀၀၀ လောက်များရှိမလားမသိဘူး။ ဒီလိုဘဲ ဒကာဒကာမတို့မှာလဲ ရှိသင့်သလောက်ရှိကြမှာပါ။ နောက်တစ်ခုက ဘုန်းကြီးက တရားဟောမကောင်းပါ နားထောင်၍ကောင်းအောင် မဟောတတ်ဘူး။ ကျောင်းမှာတော့ တစ်ပါးထဲဖြစ်လို့ စနေညနေတိုင်း တရားဟော စာသင်ပေး လုပ်ပါတယ်။ ဆွမ်းအလှူ အမျှဝေ ရေစက်ချတွေလည်း လုပ်ပေးရပါတယ်။ အဟောမကောင်းတော့ အသံလည်းမဖမ်းပါဘူး။ တခြားဆရာတော်များလာရင်တော့ မသံဖမ်းပြီး တင်ပေးလိုက်ပါတယ်။ စီဒီမှာထည့်ပြီးလှူပါတယ်။ သိပ်လိုအပ်လာတဲ့ သူတွေကိုတော့ အဆင်ပြေအောင် ပြောပေးဟောပေးပါတယ်။
ကဲ မသိတာမတတ်တာတော့ ကြွားပြီးသွားပါပြီ။ တကယ်လိုအပ်ရင်တော့ ဖုံးခေါ်လိုက်ပါ၊ ရုပ်အိုကြီးပါ ကြည့်ရှု ဖူးမြော်လိုကြလျှင်လဲ ရပါတယ်၊ ကင်မရာက တပ်သာတပ်ထားတာပါ တစ်ခါမှ မတစ်ခါရသေးပါဘူး၊ မြန်မာပြည်က အမျိုးတွေနဲ့များ အဆက်အသွယ်ရမလားလို့ သူတို့လဲ အင်တာနက် ဈေးကြီးလို့ မတက်နိုင်ကြဘူးနဲ့တူပါတယ်။ (တနာရီ ၃၀၀-ဆိုလား ၅၀၀-ဆိုလားဘဲ) ခုဒီစာဖတ်ကြရတဲ့ ဒကာဒကာမအားလုံးပေါ့ နားမလည်တာ နားလည်အောင် ဟောပြောပေးပါ့မယ်၊ ကိုယ်တတ်သလောက် ပြောဆို ဆုံးမပေးရမှာ ဘုန်းတော်ကြီးများရဲ့ အလုပ်ပါ။ အရင်တုံးက စာတောင်မရေးပါဘူး ဒကာဒကာမတွေ တကယ်မသိလို့ မေးကြတယ် ငါမရေးဘဲနေတာ မသင့်ပါဘူးလေ ဆိုပြီးရေးခြင်းပါ၊ ဒီလိုသာမဟုတ်ရင် ဆရာတော်ကြီးများ ရေးတဲ့စာအုပ် တင်ပေးလိုက်ရင် ခုရေးနေတဲ့ အချိန်နဲ့တွက်ရင် စာမျက်နှာ ၅၀-လောက်တောင် တင်ဖို့ အချိန်ရပါတယ်။ ခု ဘယ်မှာမှတောင်မရောက်ဘူး တချို့ဆိုဒ်တွေ အားနာစရာတောင်ကောင်းသေးတယ် ဖွင့်ထားပြီး မဖတ်ရသေးဘူး။
ဒီလောက်အချိန်ပေးပြီး ဖတ်ကြတဲ့အတွက် တစ်စုံတရာသော အကျိုးကျေးဇူးများ ရရှိကြပါစေ...။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...။

ဦးလောကနာထ
၎.၁၅.၂၀၀၉

Read more...

Buddhist Monks & Villagers in Moragahahena Visit Vanni Troops in New Year

THE ANNUAL “Vavuniya Avurudu Charika” (New Year Visit to Vavuniya) of the Moragahahena Sri Purvarama Buddhist Development Foundation in Horana was organized this year too for the eighteenth consecutive time.

Buddhist monks of Moragahahena Sri Purvaramaya temple and dwellers in surrounding villages on 11th April took their Sinhala and Hindu New Year greetings with New Year eatables to soldiers who stayed away from their families during this festival season.

Three lorry loads of traditional sweetmeats such as “kevum, kokis, mun kevun etc.”, specially made during this most important cultural festival of Sinhalese and Tamils, brought to Vavuniya by the monks and members of the Foundation were received by the Commander Security Forces Headquarters-Vanni (SFHQ-V) Major General Jagath Jayasuriya at the SFHQ-V.

The Buddhist monks tied “Pirith threads” on Security Forces members to bless them.

Read more...

မင်္ဂလာဆောင်တဲ့နေ့

လူတစ်ယောက်အတွက် ရှင်လိင်ပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့နဲ့ ထောင်ကထွက်တဲ့နေ့ ၃ ရက်ဟာ ဘာနဲ့မှမတူအောင် ပျော်စရာကောင်းတယ်ဆိုပဲ။ ကြားဖူးတာပါ။ ဒါပေမယ့် ကျွန်တော် ရှင်လိင်ပြန် တဲ့နေ့ကတော့ မပျော်မိပါဘူး။
မင်္ဂလာဆောင်တဲ့နေ့နဲ့ ထောင်ကထွက်တဲ့နေ့ကတော့ မကြုံဖူးတော့ မပြောနိုင်သေးဘူး။ ကြုံဖူးခဲ့ရင်တော့ ပျော်မိမယ်ထင် ရတာပဲ။ ဒါပေမယ့် ဒီနေ့ပြောမယ့် မင်္ဂလာဆောင်တဲ့နေ့ ဆိုတာကတော့ ထို အာဝါဟ ၀ိဝါဟ ထိမ်းမြားမင်္ဂလာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ။ မင်္ဂလာဆောင်တဲ့နေ့ရယ်လို့ အတိုပြောရပေမယ့် တကယ်ကြတော့ မင်္ဂလာကိုဆောင်တဲ့နေ့၊ မင်္ဂလာ တရားကို ဆောင်တဲ့နေ့ လို့ဆိုလိုချင်တာပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောတဲ့ မင်္ဂလာဆောင်တဲ့နေ့ တရားကနေကူးယူထားတာပါ။
မင်္ဂလာဆိုတဲ့ စကားကို တို့ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ်ကိုပဲ အသုံးပြုနေတာ စာဖတ်သူလည်း သိမှာပါပဲ။ မင်္ဂလာ ဆိုတာ ဘာလဲ ဆိုတာကိုတော့ စဉ်းစားခဲ့ဖူးသူ နည်းကြမယ်ထင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ထင်ရာ၊ ကိုယ်မြင်ရာကို မင်္ဂလာလုပ်နေကြတာက များနေတာပါ။ မြတ်စွာဘုရားရှင်က ၃၈ ပါးသော မင်္ဂလာတရားတော်မြတ်ကို အတိအလင်း ဟောကြားတော် မူခဲ့ပါတယ်။ ထိုမှလွဲ၍ မိမိဆန္ဒအရ ထင်မြင်ယူဆသော အရာများသည် မင်္ဂလာမမည်ပါ။
မင်္ဂလာတရားဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာပါပဲ။ သတိထားမိကြလားမသိဘူးဗျ။ မြတ်စွာဘုရားရှင် မပွင့်ထွန်းခင် ကတည်းက မင်္ဂလာတရားအကြောင်းကို လူတွေ နတ်တွေ အခြေအတင်ငြင်းခုန်နေကြတယ်ဆိုပဲ။ သူတို့ငြင်းနေတာကို အပြစ်ပြော လို့တော့မရဘူး။ ချီးကျုးဖို့တောင်သင့်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က အစစ်အမှန်မင်္ဂလာကို သိချင်ကြလို့ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ငြင်းခုန်ကြ လုပ်နေတာလို့ ကျွန်တော်ထင်မိပါတယ်။ တို့ဝန်းကျင်က လူတွေကတော့ ထိုခေတ်ကလူ တွေလောက်ကိုမှ အဖြစ်မရှိဘူးပြောရမှာပါ။ တွေ့ကရာ ယုံပြီး၊ ထင်ရာမြင်ရာ မင်္ဂလာလုပ် နေကြလို့ပါ။
ဘုရားရှင်တော် မပွင့်ပေါ်ခင်တည်းက ကောင်းတာလေး မြင်ရတာ မင်္ဂလာ၊ ကောင်းတာလေး ကြားရရင် မင်္ဂလာ၊ ကောင်း တာလေး နံသိရရင် မင်္ဂလာပဲလို့ ယူဆကြပါတယ်။ ဒီတော့ ကိုယ်က ကောင်းတာမြင်ချင်တယ်။ မြင်လိုက်ရတာက မကောင်းတာ ဖြစ်နေရင် မင်္ဂလာမရှိလိုက်တာလို့ ပြောတတ်ကြပါတယ်။ တစ်ခါတစ်လေ လမ်းမှာ အသုဘတွေရင် တစ်ချို့ ကမင်္ဂလာမရှိလိုက်တာလို့ မြင်တယ်လေ။ တစ်ချို့ကတော့ အတိတ်နိမိတ်တောင် ကောက်လိုက်သေးတယ်။ ခရီးသွားရင် လမ်းမှာ မြွေတွေ့ရင် ခရီးလမ်းကြောကတော့ ရှည်ဦးမှာပဲလို့ ပြောတတ်ကြတာ ကြားဖူးပါရဲ့။ တစ်ချို့တော့လည်း ပြောကြ တာက နင့်မျက်နှာ မြင်ရတာကိုက မင်္ဂလာမရှိဘူး …… ဆိုပဲ။
ခေါင်တိုင်ထိပ်ကနေ အိမ် မြှောင်စုပ်ထိုးတာကို ကြားလိုက်တာနဲ့ စုပ်တွေလာဘ်တွေ ၀င်ဦးမှာပဲ၊ မင်္ဂလာရှိလိုက်တာလို့ တစ်ချို့တော့ ဆိုတတ်ပါသေးတယ်။ ကုန်ကုန်ပြောရရင် မနက်ခင်းစောစောမှာ စိုးစန္ဒာထွန်းဆိုတဲ့ မေတ္တာပို့သီချင်းလေး ဖွင့်လိုက်ရရင် မနက်ခင်မှာ မင်္ဂလာရှိလိုက်တာလို့ကို ဆိုကြသေး တာကို။ ဒီတော့ စဉ်းစားစရာတွေကများလာပါပြီ။ မေတ္တာပို့ကို သီဆိုတဲ့ အဆိုတော် အမျိုးသမီးအသံကို ကြားရတာ မင်္ဂလာရှိတာလား။ မေတ္တာပို့တာက မင်္ဂလာရှိတာလားဆိုတာပါပဲ။ ဒါကြောင့် ကိုယ်က ကောင်းတယ်ထင်တာမြင်ရလို့ မင်္ဂလာလို့ သတ်မှတ်လိုက်တဲ့အချိန်မှာ၊ မကောင်းတာမြင် လိုက်ရရင် အမင်္ဂလာ ပဲ၊ မင်္ဂလာမရှိဘူးလို့ သတ်မှတ်ပြီးသား ဖြစ်သွားပါတယ်။
နောက်ရှိသေးတာတွေက ရက်ရာဇာ၊ ပြဿဒါးရွေးတာတွေပါပဲ။ ရက်ကောင်းရက်မြတ်ရွေးပြီးလုပ်မှ အောင်မြင်မယ်။ အဆင်ပြေမယ်။ ဒီလိုနဲ့ မင်္ဂလာနေ့ရက်တွေ၊ မင်္ဂလာအချိန်တွေနဲ့ အရှုပ်တွေကိုဖြစ် လို့နေတော့တာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်အကြိုက်မို့ ပင်ပန်းရကောင်းမှန်းတောင် မသိကြပါဘူး။ ရက်ရာဇာ ပြဿဒါးရွေးပြီး တည်ခဲ့တဲ့ ပုဂံကဘုရားတွေလည်း ပြိုလဲခဲ့ကြတာပါပဲ။ နဂါးခေါင်း တောင်းမြောက်ကြည့်ပြီး လက်ထပ်ခဲ့ကြတဲ့ အိမ်ထောင်တွေလည်း မမြဲကြပဲ ကွဲကြတာပါပဲ။ ဘာတွေများ ထူးလာလို့လဲ။ မထူးတဲ့ အလုပ်တွေကို အသိဉာဏ်မရှိ ဇွတ်မှိတ်လုပ်တတ်လွန်းတာလည်း လူတွေပါပဲ။ ဒါကြောင့်ပဲ အရူးတွေလို့ ပြောတာထင်ပါရဲ့။
ဤကဲ့သို့ ကိုယ်ထင်မြင်ရာ ကိုယ့်မင်္ဂလာ မဖြစ်ရအောင် မြတ်စွာဘုရားရှင်တော်မြတ်က ၃၈ ဖြာမင်္ဂလာ တရားမြတ်ဒေသနာကို သဗ္ဗလောက ဟိတတ္ထာယ- လောကအားလုံး၏ အကျိုးစီးပွားအလို့ငှာလည်းကောင်း၊ သဗ္ဗပါပ ၀ိနာသနံ- အလုံးစုံသော မကောင်းမှုမှန်သမျှ ပယ်ဖျောက်ရန်အလို့ငှာလည်းကောင်း ဟောကြား တော်မူခဲ့ပါတယ်။ ဒါကြောင့်မင်္ဂလာဆိုတာ မကောင်းမှုတရားတို့ကို ပယ်ဖျောက်၍ ကောင်းမှုတရားတို့ဖြင့် ကြီးပွားတိုးတက်စေခြင်းလို့ ဆိုရမှာပါပဲ။ ဒါကို မင်္ဂလာရဲ့ အဓိပ္ပါယ်လို့ ပြောကြည့်ကြပါစို့။ မကောင်းမှုတရားကို ပယ်သတ်၍ ကောင်းမှုတရားကို တိုးပွားစေတာ မင်္ဂလာ။
ဒီလိုဆိုရင် မိမိမြင်လိုက်ရတဲ့ အဆင်းလေးတစ်ခုဟာ အကုသိုလ်ဖြစ်စေတဲ့တရားတွေကို ပယ်သတ်စေနိုင် သလား။ ကုသိုလ် တရားတို့ကို တိုးပွားစေနိုင်သလား ဆိုတာ စဉ်းစားကြည့်ရပါမယ်။ ပယ်သတ်နိုင်တယ်။ တိုးပွားစေနိုင်တယ်ဆိုရင် မင်္ဂလာ ထိုက်တယ်။ မပယ်နိုင်ဘူး။ အကုသိုလ်ပဲ ဖြစ်စေတယ်ဆိုရင် မင်္ဂလာ မမည်ပါဘူး။ ကြားရတဲ့အခိုက်မှာလည်း ထို့အတူပါပဲ။ ကြားလိုက်ရလို့ ကုသိုလ်တွေတိုးလာသလား၊ အကုသိုလ်တွေ ပယ်သွားသလား။ ပယ်လည်း ပယ်နိုင်တယ်။ ကုသိုလ် လည်းတိုးနိုင်တယ်ဆိုရင် မင်္ဂလာ။ ဒီတော့ မိမိ မြင်လိုက်ရတဲ့ အဆင်းလေးတစ်ခု၊ ကြားလိုက်ရတဲ့ အသံလေးတစ်ခုဟာ မင်္ဂလာ မဟုတ်ပါပဲနဲ့ မင်္ဂလာလို့ ယူဆခြင်း၊ ထင်မြင်ခြင်းသည် မှန်သောအမြင်၊ မှန်သောအယူမဟုတ်လို့ မိစ္ဆာဒိဋ္ဌိလို့ ဆိုပါတယ်။
ကိုယ်ထင်ရာ မင်္ဂလာ၊ ကိုယ်မြင်ရာ မင်္ဂလာဖြစ်နေတဲ့အတွက် ပယ်သတ်ရမယ့် အကုသိုလ်ကို မပယ်သတ်မိတဲ့ အတွက် သဿတဒိဋ္ဌိဖြစ်နေတယ်။ ပွားများအပ်တဲ့ ကုသိုလ်တရားကို မပွားများလိုက်မိတဲ့အတွက် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေတယ်။ သို့ပါသောကြောင့် ကိုယ်ထင်ရာ ကိုယ်မြင်ရာကို မင်္ဂလာမလုပ်ပဲနဲ့ မင်္ဂလာအစစ် မင်္ဂလာအမှန်ကို လက်ခံကျင့်သုံးခြင်းသည် သမ္မာဒိဋ္ဌိဖြစ်နေတယ်။ ဒါ့အပြင် သမ္မာပရိဗ္ဗာဇနိယသုတ္တန်ကြီး မှာလည်း မြတ်စွာဘုရားရှင်က ကိုယ့်အထင်ကိုယ့်အမြင် မင်္ဂလာတွေကို ရှောင်ခွါနေခြင်းဟာလည်း တရား ကျင့်နေတာပါပဲလို့ ဟောတော်မူခဲ့ပါတယ်။ အမြင်ပြောင်းမှ အစဉ် ကောင်းမယ်ဆိုတာကို မမေ့ပါနဲ့ဦး။ ဒါကြောင့် မင်္ဂလာမဟုတ်တာတွေကို ရှောင်ခွာနေပြီး တကယ့် မင်္ဂလာအစစ်ကို ဆောင်ထားနိုင်အောင် ကြိုးစားနိုင်ကြဖို့ နှစ်ဦးကာလ တိုက်တွန်းလိုက်ရပါတယ်။
ဒီနေ့ကစပြီး မင်္ဂလာတရားကို ဆောင်ထားတော့မယ်… မင်္ဂလာတွေဆောင်တော့မယ်ဆိုရင်ဖြင့် ဒီနေ့ဟာ ကိုယ့်ရဲ့ မင်္ဂလာဆောင်တဲ့နေ့ပါပဲ။
နှစ်ဦးကာလမှာ မင်္ဂလာနဲ့စမိတာမို့ မင်္ဂလာအရေးကို ဖြေးဖြေးချင်း နားလည်မိသမျှ ဆွေးနွေးပေးသွားပါဦးမယ်။ ဓမ္မမိတ်ဆွေ များအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

Read more...

ကံ ကံ၏အကျိုး ( ၄၈ )

( မုဆိုးကြီး ဦးသန်း ကျွတ်တမ်းဝင်ပြီ )

ပုလဲမြို့နယ် အစွန်ဖျားရှိ ရွာတရွာတွင် ဦးသန်းဆိုသော မုဆိုးကြီးတယောက် ရှိ၏၊ သူသည် တောလိုက် ၀ါသနာထုံသူဖြစ်သည်၊ တောဝက်၊ ချေ၊ မျောက် စသော သားကောင်များကို လူများ၊ ခွေးများဖြင့်လည်း လိုက်သည်၊ ထို့ပြင် ထောင်ကွင်းများကိုလည်း အများအပြား ထောင်သည်၊ ရသောသားကောင်များကို အရက်နှင့် သောက်စားလေ့ရှိသည်၊ ဦးသန်းသည် ငယ်စဉ်ကတည်းက တောလိုက်ခဲ့သည်မှာ အသက် ၅၀-ကျော် အရွယ် အထိ ဖြစ်သည်။

တနေ့တွင် ဦးသန်းသည် သူ၏ ယာတောစပ်အနှံ့အပြားတွင် ချေထောင်ကွင်းများကို ရာချီထောင်ထားသည်၊ ထောင်ထားရုံမျှမက အခြားရွာမှ မုဆိုးကြီးတဦး၏ တူမီးသေနတ် တလက်ကိုပါ သားကောင်များပစ်ရန် ငှါးခဲ့သည်။
ငှါးခဲ့သော တူမီးသေနတ်ဖြင့် ဦးသန်းက ကျွန်းငုတ်တိုကြီးကို ပစ်စမ်းကြည့်သည်၊ ကျည်မှာ ထွက်မလာပါ၊ သားနှင့်သမက်တို့ကပါ တယောက်တလှည့် ပစ်စမ်းကြည့်ကြသည်၊ ကျည်လုံးဝမထွက်ဟု ဆိုပါသည်၊ ထို့ကြောင့် ပစ်၍ ကျည်မထွက်သော တူမီးသေနတ်ကို ယာတောထဲရှိ တဲခေါင်မိုးတွင် ထိုးထားလိုက်သည်။

ဦးသန်း၏ သမီးငယ်တယောက်က တဲခေါင်မိုးတွင် ထိုးထားသော တူမီးသေနတ်ကို ယူကိုင်ကြည့်ပြီး တဲနံရံတွင် ထောင်ထားခဲ့ကာ တဲပေါ်မှဆင်းသွားသည်၊ တဲနံရံတွင် ထောင်ထားခဲ့သော တူမီးသေနတ်သည် တဲနံရံမှ ကြမ်းပြင်ပေါ်သို့ လဲကျကာ အလိုအလျောက် မောင်းပြုတ်ပြီး ကျည်ဆန်ထွက်လာ၏၊ တဲရှေ့ကြမ်းပြင် တနေရာတွင် ထိုင်နေသော ဦးသန်း အချစ်ဆုံးသော မြေးအငယ်မလေး၏ နောက်စေ့ကို ဖောက်သွားသည်၊ မြေးမလေးမှာ နေရာတွင် သေဆုံးသွားသည်။

ဦးသန်းအပါအ၀င် လူသုံးယောက် တယောက်တလှည့် ပစ်စမ်းကြည့်တုန်းက လုံးဝကျည်မထွက်ခဲ့သော တူမီးသေနတ်သည် အလိုအလျောက် ကျည်ထွက်၍ သူ၏မြေးငယ်မလေးကို ထိမှန်သေဆုံးခဲ့ရခြင်းမှာ အံ့သြစရာ ကြောက်စရာ လန့်စရာလည်း ဖြစ်ပါသည်။

ထို့ကြောင့် ဦးသန်းသည် သူ့အသက်သတ်သည့် အကုသိုလ်အလုပ်ကို လုံးဝမလုပ်တော့-ဟု ဆုံးဖြတ်ကာ မုဆိုးအလုပ်ကို စွန့်လွှတ်လိုက်လေတော့သည်။

( တသက်လှ-ပခုက္ကူ )
********************************************************************************

( ကျွန်မ၏ အသက်ကယ် နေ-လ ဘုရား )

ကျွန်မသည် ရန်ကုန်တက္ကသိုလ်မှ ဆရာမတဦးဖြစ်ပါသည်၊ ဇာတိမှာ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှဖြစ်သည်၊ ဖေဖေသည် ဆောက်လုပ်ရေး အင်ဂျင်နီယာဖြစ်၍ အမြို့မြို့အနယ်နယ်သို့ လှည့်လည်တာဝန်ထမ်းဆောင်ရင်း ဟင်္သာတမြို့တွင် အခြေချခဲ့သည်၊ သမီးဖြစ်သူ ကျွန်မမှာမူ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နေပါသည်။

ကျွန်မသည် (ဥပုသ်နေ့) တနေ့တွင် ပဋ္ဌာန်းကျောင်း၌ သီလဆောက်တည်ရန် သွားခဲ့သည်၊ ဆရာတော်သီလပေးရန် အချိန်လိုနေသေးသည်၊ သီလခံယူမည့် လူအများစုမှာ ပညာရေး အသိုင်းအ၀ိုင်းမှ မိသားစုများဖြစ်ကြသည်၊ သီလယူရန် အချိန်လိုနေသောကြောင့် ကြုံရာဆုံရာ စကားများ ပြောနေကြရာမှ ဆရာတဦးက ဘတ်(စ်)ထဲမှ လူနှစ်ဦးပြောခဲ့ကြသော အဓိဋ္ဌာန်အကြောင်းကို အောက်ပါအတိုင်း ပြောခဲ့သည်။

အမျိုးသားကြီးတဦးက ဒေါ်အေးရဲ့အိမ် ရောင်းပြီးပြီလား-ဟု မေးရာ ဒေါ်အေးဆိုသူ အမျိုးသမီးက တသိန်းပိုရလို့ ရောင်းလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ စနေထောင့်မှာ ရှိနေတဲ့ နေ-လ ဘုရားရှေ့မှာ ငါးပါးသီလခံယူပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ တလုံးချ။
ပုတီး တနေ့ ၉-ပတ်၊ ဆက်တိုက် ၉-ရက်စိပ်ရင်း သက်သတ်လွတ်စားပြီး အဓိဋ္ဌာန်ပြုခဲ့လို့ပါပဲ-ဟု ဆို၏။

ကျွန်မလည်း ထိုစကားကိုကြားရသောအခါ အလွန်စိတ်ဝင်စားမိသည်၊ ထို့ကြောင့် ဥပုသ်ယူပြီး နောက်တနေ့တွင် ဤအဓိဋ္ဌာန်ကို ပြုခဲ့ပါသည်၊ အချိန် နေ့-ည မကန့်သတ်ပါ။ ဟင်္သာတတွင် နေထိုင်နေသော ကျွန်မ၏ညီမ အလတ်သည် ရန်ကုန်သို့ တလလျှင်တကြိမ် ဆိုသလို ရောက်လာတတ်ပါသည်၊ ယခုလည်း ရောက်လာပြီး နောက်တနေ့တွင် ဟင်္သာတသို့ပြန်မည် ဖြစ်ပါသည်၊ အင်းစိန်ဘူတာမှ သာရဝေါသို့ ရထားစီးရသည်။

ကျွန်မသည် ညီမကို ဘူတာလိုက်ပို့ရန် ကျွန်မနေထိုင်သော တက္ကသိုလ်ဝင်းမှ အင်းစိန်ဘူတာသို့ နံနက် ၅-နာရီတွင်ထွက်ပါမှ ရထားမီမည် ဖြစ်ပါသည်၊ နံနက် ဘူတာဆင်းရမည်ကို စိတ်စော၍၄င်း၊ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ အဆင်မပြေစရာ စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတခုကို ကြုံခဲ့ရ၍၄င်း၊ ညက ကျွန်မကောင်းစွာ မအိပ်နိုင်ခဲ့ပါ။ မွေးရာပါ နှလုံးအားနည်းရောဂါနှင့် ညက ကောင်းစွာ မအိပ်ခဲ့မိခြင်းတို့ကြောင့် နံနက်ဘူတာဆင်းချိန်တွင် ကျွန်မမှာ လန်းဆန်းခြင်း မရှိပါ။

အင်းစိတ်ဘူတာသို့ ပုံမှန် သာရဝေါရထား ၀င်လာချိန် နံနက် ၆-၂၀ နာရီတွင် ညီမကို ရထားပေါ်သို့ တင်ပေးလိုက်သည်၊ မကြာမီ ရထားထွက်သွားပါသည်၊ ထိုအချိန်တွင် အင်းစိန်ဘူတာသို့ မြို့ပတ်ရထား လာနေပါပြီ။

စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များမှ ကျယ်လောင်သော ကက်ဆက်သံများကို ကြားနေရပါသည်၊ ညက ကောင်းစွာမအိပ်ခဲ့မိသောကြောင့် တကြောင်း၊ နှလုံးရောဂါဒဏ်ကြောင့်တကြောင်း ကျွန်မမှာ ငေးငိုက်လျက် ရထားသံလမ်းပေါ် ကျောခိုင်းရပ်ပြီး ဆူသံများကြောင့် မြို့ပတ်ရထားလာသံကို လုံးဝ မကြားခဲ့မိပါ၊

ထိုစဉ် တခါမှမမြင်ဖူးသော လူငယ်တယောက်သည် ရထားလမ်းဘေးရှိ လူသွားစင်္ကြံပေါ်သို့ ကျွန်မအား လျင်မြန်စွာ အတင်းမယူပြီး တင်ပေးလိုက်ပါသည်၊ ဤအဖြစ်အပျက်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ခဲ့ပါသည်၊ ကျွန်မသည် ခေတ္တ သတိမေ့သွားပါသည်၊ သတိပြန်ရလာချိန်တွင်တော့ ကျွန်မအား အံ့သြစွာဖြင့် ငေးကြည့်နေကြသော ခရီးသွားများ ဈေးသည်များ မီးရထားဝန်ထမ်းများကို တွေ့ရပါသည်၊ ကျွန်မအား ကယ်တင်ခဲ့သော သူငယ်လေးကိုမူ မတွေ့ရတော့ပါ၊ ကျွန်မ၏ အဖြစ်အပျက်မှာ မတွေးဝံ့စရာ၊ သွေးအေးအေးနှင့် ပြန်လည်ဆန်းစစ်ကြည့်သောအခါ နေ-လ ဘုရားတွင် ၉-ရက် အဓိဋ္ဌာန်ဝင်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ယခုကဲ့သို့ ကျွန်မပြန်လည်အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆရပါသည်။

( မေစပယ်ပွင့် )

( မြတ်မင်္ဂလာ ၁၉၉၅-ခု စက်တင်ဘာလ )

Read more...

သြ၀ါဒ

၁။ ငါးပါးသီလ မြဲအောင်နေပါ။
၂။ ဘယ်အရာမဆို ငါဟု မစွဲနဲ့၊ ဘယ်ဟာမှ ကိုယ့်အလိုမလိုက်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ တဲ့၊
၃။ မြတ်စွာဘုရား၏ ဂုဏ်တော် ပရိတ်တော် ပဋ္ဌာန်းများကို အချိန်ပြည့်ပွားပါ။
၎။ ဒါန သီလ ဘာဝနာ အားကောင်းအောင် အမြဲဖြည့်ပါ။
၅။ တနင်္ဂနွေထောင့်မှစ၍ တထောင့်လျှင် ၃-ပစ္စည်း ပဋ္ဌာန်းဒေသနာဖြင့် စည်းချမေတ္တာပွားပါ။
၆။ မိဘနှစ်ပါးကို ရိုသေကြ၊ ရှိခိုးကြ။
၇။ အသက်ရှည်ချင်လျှင် နေ့ခင်းပိုင်း မအိပ်နဲ့၊ ထိနမိဒ္ဓ မ၀င်အောင် အကျိုးရှိမည့် အလုပ်တခုခုလုပ်ပါ။
၈။ ကိစ္စတခုခုကို ဖြစ်အောင်လဲ မတောင့်တနဲ့၊ မဖြစ်မည်ကိုလဲ မကြောင့်ကြနဲ့၊ ပစ္စုပ္ပန်တည့်တည့်ကြည့်။
၉။ အကောင်းလောကဓံ အဆိုးလောကဓံ တို့ကို မလွတ်ကင်းနိုင်ကြ၊ ဒါကြောင့် မိမိနှင့် မျှတမည့် စိတ်ထား၊ နေထိုင်မှုဖြင့် နေပါ၊ ချမ်းသာလိမ့်မည်။

၁၀။ စိတ်ညစ်စရာ ၀မ်းသာစရာတွေ့လျှင် မတုန်လှုပ်နဲ့၊ တနေ့ ပျက်စီးရပေမည်၊ အနိစ္စသဘောကို ဆင်ခြင်ပါ။
၁၁။ ယခုခေတ် အချဉ်ကို အချိုဖြစ်အောင်၊ အခါးကို အချိုဖြစ်အောင်၊ အငန်ကို အဆိမ့်ဖြစ်အောင်၊ သဘာဝကို ပြုပြင်ပြီး စားသောက်ကြတယ်၊ အစားဆန်းလျှင် ရောဂါဆန်းမယ်၊ အစားစုံလျှင် ရောဂါစုံမယ်။

၁၂။ မှန်မှန် စား၊ မှန်မှန် အိပ်၊ မှန်မှန် ပြော၊ မှန်မှန် ကြံစည်၊ မှန်မှန် လုပ်၊ မှန်မှန် ကြိုးစား၊
အေး-မမှန်ဘူးဆိုလျှင်တော့ ပျက်ပြီ။

၁၃။ အသက်ရှည်ခြင်း၊ အသက်တိုခြင်းသည် ကံ-ကံ၏အကျိုးသာ ဖြစ်သည်၊ ကောင်းကောင်းလုပ်လျှင် ကောင်းကောင်းဖြစ်မည်၊ မဟုတ်တာလုပ်လျှင် မဟုတ်တာ ဖြစ်မည်။

၁၄။ တိုက်တာတွေ ဘယ်လောက် ခမ်းနားထည်ဝါပြီး ချမ်းသာနေပေမယ့် တစစီဖြုတ်လိုက်ရင်တော့ ဘာမှ သုံးမရတော့ဘူး၊ အလကားပဲ။

( သီပေါ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ လာဘ၀ံသ )

Read more...

ကုသိုလ်ကောင်းမှု ပြုရာဝယ် သတိပြုဖွယ်

အလှူရေစက် လက်နှင့်မကွာ နေလာကြသော မြန်မာတို့သည် ဆွမ်းတဇွန်း၊ ဆန်တဆုပ်၊ ငွေတကျပ်၊ အုတ်တချပ်မှစ၍ ရာ၊ ထောင်၊ သောင်း၊ သိန်း-အထိ ကုသိုလ်ကောင်းမှုအမျိုးမျိုးအတွက် ပေးကမ်းလှူဒါန်းနေကြသည်၊ ထိုထိုကုသိုလ်တို့ကြောင့် ကောင်းကျိုးချမ်းသာ ရမည်မှာ ဧကန်ဖြစ်၏၊ ကောင်းကျိုး၏ပမာဏ အကြီးအသေးမှာ စိတ်ထားနှင့် ပြုလုပ်မှု မှန်ကန်ခြင်းအပေါ် တည်နေရာ လှူဒါန်းမှုနှင့် စပ်လျဉ်း၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ဟောကြားတော်မူသော သတိပြုဖွယ်အချက်များကို ဖော်ပြလိုက်ပါသည်။

၁။ လယ်ယာမြေ ကောင်း-မကောင်းကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
အလှူခံပုဂ္ဂိုလ် ကောင်း-မကောင်းကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၂။ လယ်ယာလုပ်သူ နားလည်-မလည်၊ လုံ့လ၀ီရိယ ရှိ-မရှိကို လိုက်၍ အပင်အသီး ကွားခြားသကဲ့သို့
အလှူရှင်၏ ဉာဏ်ရှိ-မရှိ၊ အားတက်သရော ၀မ်းမြောက်ဝမ်းသာ ရှိ-မရှိကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၃။ မျိုးစေ့ အောင်-မအောင်ကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်-မဟုတ်ကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်-မပြုပြင်ကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
အလှူရှင်၏ ပုဗ္ဗစေတနာ ထက်သန်အောင် ပြု-မပြုကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၅။ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ ပြု-မပြုကို လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့
လှူဒါန်းပြီးနောက် ထိုကုသိုလ်မှုကို ထပ်မံသတိရမှု၊ ၀မ်းမြောက်မှု ထက်သန်-မသန်ကို လိုက်၍ အကျိုးပေး ကွာခြားသည်။

၆။ လှူမိတာ မှားသွားတယ်၊ များသွားတယ် စသည့်စိတ်များ ဖြစ်မိလျှင်လည်း အကျိုးပေး ကွာခြားသည်။

၇။ လယ်ယာ မျိုးစေ့ စသည် အားလုံး အဆင်သင့် ကောင်းမွန်သော်လည်း စိုက်ပျိုးသင့်သော အချိန်မှာ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွား အားကောင်းသကဲ့သို့
အလှူနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ လှူမှသာ ဖွံ့ဖွံ့ထွားထွား အကျိုးပေးဖွယ် ရှိသည်။

ဒါန သီလ ဘာဝနာများဖြင့် သံသရာ ဘ၀အဆင့်အတန်း မြင့်မားရေးကို ကြိုးစားနေကြသော သူတော်ကောင်းများသည် ဤအချက်များကို သတိပြုမိကြပါစေ။

Read more...

စိတ်ပျံ့လွင့်မှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန်ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ'
ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ် နည်း။

ရဟန်းတို့ ...
စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ
ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ', နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်း ထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ 232-4

ရဟန်းတို့ ...
မဖြစ်သေးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော
တရားကား အဘယ်နည်း။

ရဟန်းတို့ ..
စိတ်၏ ငြိမ်းအေးမှုသည်ရှိ၏၊ ထိုစိတ်၏ ငြိမ်းအေးမှု၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေး သော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ နောင်တတစ်ဖန် ပူပန်မှု 'ကုက္ကုစ္စ' ကို
အတိုင်းထက် အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း...။ 232-4

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

မဝေခွဲနိုင်မှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

ဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော မဝေခွဲ
နိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ၏ တည်ရာ အာရုံတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ 232-5

ရဟန်းတို့ ...
မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ် သော တရားကား အဘယ်နည်း။

ရဟန်းတို့ ...
ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ်အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်းအဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရား တို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင် တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြော စေရန် အကြောင်း မဟုတ်သော တရားတည်း။ 232-5

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်
ပါဠိတော်...။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဓမ္မစေတီဆရာတော် ရဲ့ ခင်ပွန်းကြီး(၁၀)ပါးကဗျာ

မေမေချစ်သောသားသားနဲ့မီးမီးရေ..

မကြာခင်မှာနှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုကိုကူးပြောင်းရောက်ရှိ ပြန်ပေအုံးတော့မယ်….။ အတက်နေ့ ကို ရောက်ခဲ့ပါပြီနော်…။
နှစ်ဟောင်းကမသိနားမလည်လို့ ပြစ်မှားများမိတဲ့ ကာယကံ ဝစီကံ မနောကံတွေကို Computer ထဲက File ဟောင်းတွေရှင်းလင်းပြီးDelete လုပ်သလို ရှင်းပြစ်ရပါလိမ့်မယ်..။
မာန ဖိုင်…၊အာဃာတဖိုင်…….၊
နာကျည်းခဲ့သော....ခါးသည်းခဲ့သော ဖိုင်များ....၊
ရင်နာခဲ့ခြင်း၊အကြင်နာမဲ့ခြင်း...ဆိုတဲ့ ဖိုင်တွေကောပေါ့....
အညှိုးအတေးဖိုင်တွေ…အမုန်းဖိုင်တွေ….အကုန်ပါတယ်နော်..။

ALL DELETE IN MEMORY

ပြစ်မှားမိသူများကို တောင်းပန်ဝန်ချမှုနဲ့ အတူ ကိုယ့်ကို ပြစ်မှားသူများကိုလည်း နားလည်ခွင့်လွှတ်စိတ်နဲ့ အတူ Delete လုပ်ကြရပါလိမ့်မယ် ကလေးတို့ရေ…။

FORGIVE AND FORGETပေါ့နော်..။

ခင်ပွန်းကြီး၁၀ပါးကန်တော့ပွဲနဲ့ အတူသားသားနဲ့ မီးမီးတို့ကို အမှတ်တရဖြစ်စေမဲ့ စကားလက်ဆောင်ပါးရအောင် သည် တစ်ခါ သမိုင်းကြောင်းလေးကို ရေးဘို့ စဉ်းစားမိခဲ့ပါတယ်..။

သည် ခင်ပွန်းကြီး ၁၀ပါး ကန်တော့ပွဲ ကျင့်စဉ် သည် ဘုရားဟော တရားများကို မှတ်တမ်းတင် ထားတဲ့ ပိဋကတ်သုံးပုံတွင် မပါဝင်ပါ ကလေးတို့ရေ..။

ဝိသုဒ္ဓိမဂ် တွင် ပါဝင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ကို သားတို့ကို ပြော ပြချင်ပါတယ်..။တစ်ခါ က ရဟန်းနှစ်ပါးဟာ အတူ ဆွမ်းခံထွက် ကြတာ…။အသက် ကြီးတဲ့ ရဟန်း ဟာ လေနာရောဂါရှိတော့ ဆွမ်းခံပြန်ရာ လမ်း တစ်နေရာရဲ့ လမ်းပေါ်မှာ ပဲ ယာဂုဆွမ်းကို မော့သောက် ဘုဉ်းပေးလိုက်ပါတယ်..။ဒါကို ရဟန်းငယ် ကစိတ်ထဲက တွေးမိသတဲ့..။

လမ်းမှာတောင် မအောင့်အီးနိုင်ပဲ သောက်တာဆိုတော့ (အသက်ကဖြင့်ကြီးလှပြီ…ကျောင်း ရောက်မှ သောက်တာ မဟုတ်..သည်လို ဘုန်းကြီးမျိုး ရှိလို့ တို့သာသနာ ရှက်စရာကောင်းတာ)လို့ စိတ်ထဲက ကဲ့ရဲ့ပါတယ်..။

သူ့ရဲ့ စိတ်အတွေးကို ယာဂုဘုဉ်းပေးတဲ့ ရဟန်း ကြီးကသိတော် မူတဲ့ အတွက်…နှုတ်က ဖွင့်မေးပါတယ်..ငါ့ရှင် သာသနာ မှာ ထောက်ရာ တည်ရာ ရခဲ့ပါပြီလားလို့မေးတဲ့ အခါ….ရဟန်းငယ်က သောတာပန်တည် ပြီးပါ ပြီ..လို့ ပြန် ဖြေပါတယ်..။

တရားဆက် အားမထုတ်နဲ့တော့လို့ ပြန်ပြော ပါတယ်.. အရိယာ ပုဂ္ဂိုလ်ကို ပြစ် မှားမိခဲ့တာ ဖြစ်သွားတာ ဆိုတာကို ရဟန်းငယ်က ချက် ချင်းသဘော ပေါက်ပါတယ်..။

ထိုရဟန်းသည် ရဟန္တာ ဖြစ်တယ် ဆိုတာ ချက်ချင်းသိသွားတော့ ချက်ချင်းတောင်းပန် ကန်တော့လိုက် တာ သူ့ရဲ့ အပြစ်ဟာချက်ချင်း ပြေပျောက် သွားခဲ့ရပါတယ်..။

ဝိသုဒ္ဓိမဂ်လာ သည် ဇာတ်လမ်းလေးကို အခြေခံ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု နယ်ပယ် မှာ ထည့် သွင်း ပေါင်း စပ်ပြီး မာန်လည်ဆရာတော် ဘုရားတို့ တခြားသောဆရာသမားများက သည် လင်္ကာလေးကို ရေးသားခဲ့ပါတယ် ကလေးတို့ရေ..။

အရိယာဇာတ်၊ ပုဂ္ဂိုလ်မြတ်ကို၊
ပြောတတ်ပြစ်ဆို၊ အမျက်သို၍
မလိုရန်မျိုး၊ထိုသူမျိုးဝယ်၊
ဆယ် မျိုးပြစ် ဒဏ် ရမြဲမှန်ခဲ့ ..။
သွေးအံဖြစ်လွယ်၊ရောင်းဝယ်ရှုံးခြင်း၊
ချို့ယွင်းအင်္ဂါ၊ နူနာ ကုဌရှုးကြဖောက်ပြန်၊
မင်းဒဏ်သင့်ခန်း၊ကြမ်းတမ်းစွပ်စွဲ၊
သေကွဲသားချင်း ပျက်ခြင်းစည်းစိမ်၊
နေအိမ်မီးလောင်၊ဒုက္ခကောင်သည် ၊
လု့ဘောင် ဒိဌ ၊ တွေ့ ကြုံရ၍သေကမလွဲ၊
အပါယ်ငရဲဝယ် ကမ္ဘာစွဲ၏..။

ရောက်ဆဲလူ့ပြည် တက် ပြန်လည်သော်..။
ကျက်သရေမွဲ၊မဂ်ဖိုလ်လွဲသည်…
အမြဲကြမ္မာ ဝဋ်ကြောင်းပါသည်…ရှောင်ရန် ဓမ္မအန္တရာယ်တည်း။

(မဂ်တား၊ဖိုလ်တားပါဖြစ်တတ်ပါတယ်..။)

မေမေတို့ ပိုင်းလော့ဆရာတော်ဘုရား စာ အုပ် မှာကတော့ အလယ် အပိုဒ်ကို ဖေါ်ပြ ထား ပါတယ်..။
ဆရာတော်ဘုရားရဲ့ ကျောင်းကတရားစခန်းပွဲတွေမှာ…မဂ်ဉာဏ် ဖိုလ်ဉာဏ် လက် လှမ်းမှီဘို့ အတွက် တားမြစ်ပိတ်ဆို့ထားတဲ့ ပြစ်မှားကံတွေပြေပျောက်အောင် သစ္စာလေးပါးမဟောခင် ညနေမှာ အမြဲ စီစဉ် ကန်တော့စေတာ ဖြစ်ပါတယ်..။

သည်ကဗျာကို ဓမ္မစေတီဆရာတော်ဘုရားရဲ့ ဆရာ တော် ဦးဥက္ကံသဗုဒ္ဓိက လွန်ခဲ့ တဲ့ အနှစ်၇၀ကျော် ကတည်း ကရရှိ ထိမ်းသိမ်းထားပြီး ဆရာတော်ကို ပေးခဲ့ တာ ဖြစ်ပါတယ်..။မူရင်းကို ဓမ္မစေတီဆရာတော်ဘုရားက ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်..။

အခုခေတ် တွင်တွင်ကျယ် ကျယ် ဖြစ်နေတာ ကတော့ ယခု နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် ဒုတိယဥက္ကဋ္ဌ ဖျာပုံတိုက် သစ်ဆရာတော် ဦးသြဘာသာဘိဝံသ ရေးသားတဲ့ သုတေသနရုပ်ပြ အဘိဓာန်မှာ ဖေါ်ပြခဲ့တာ ကို ကိုးကားကြတာ လို့ ဓမ္မစေတီဆရာတော် က ဆိုပါတယ် ကလေးတို့ရေ..။

အဲဒီဆရာတော်ဘုရားကိုးကားသော ဇာတ်ကလည်း တေမိဇာတ်ကိုမှီ ငြမ်းခဲ့တာ ဖြစ်ပါတယ်..။အဲဒီ တေမိဇာတ်မှာလည်း ခင်ပွန်းကြီး၁၀ပါးရယ် လို့ တိတိကျကျရေတွက်ပြမထားပါဘူး..။မိဘ နှစ်ပါးကို စိတ် ဆင်းရဲ စေမှု မပြုပါနဲ့လို့သာ ပါပါတယ်..တဲ့..။

လူတွေဟာ မစ္ဆရိယ စိတ်ရှိကြတဲ့ အတွက် သူတစ်ပါးကိုပြစ်မှားတတ်ပါတယ်..။
အဲဒီ မစ္ဆရိယ (မိမိစည်းစိမ်ကို လှို့ဝှက် ဝန်တိုခြင်း)ကြောင့်အရိယာတို့ကို စွပ်စွဲခြင်းဆိုတဲ့ အရိယူပဝါဒကံ ထိုက်တတ် လို့ ရှေးဆရာတော် ဘုရားကြီးများ က လောကနီတိ အဖြစ် ချန်ထားခဲ့တယ်လို့ပဲသတ်မှတ်ရမှာပါပဲ။

အခု သည် နည်းကို သင်ကြားဆုံးမပေးတဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး က တရား မဟောခင် မှာ ၆နှစ်လောက်လက်တွေ့စမ်းသပ် ပြီးမှ တောတွေမှာ စဟောတာ..အထောက် အထား များ စွာ မှတ်တမ်း တင် ပြီးသားတွေရှိနေပါတယ်..။

ဆရာသမားရဲ့ ဆုံးမ မှုကြောင့်အသက် ၅၀ကျော်မှာ မှမြို့ပေါ်တက်ခဲ့တယ်..နောက်တော့ရဟန္တာ ကြီးများရဲ့ အိမ်မက်ပေးချက်အရ..နိုင်ငံခြားတိုင်းပြည်တွေ ကို ပါ ဆရာတော် ရောက် ရှိဟော ကြားခဲ့လို့ မေမေတို့ ကံကောင်းစွာ ရရှိခဲ့တာ ဖြစ်ပါတယ် ကလေးတို့။

တကယ် လို့ ဓမ္မစေတီဆရာတော် က ကျမ်းကိုးကျမ်းကားနဲ့ထောက် ပြပြောဆိုခဲ့ရင်လည်း ပိုင်းလော့ဆရာတော် ဘုရားကြီးက လက်ခံမှာ ပါပဲ.. မာန်မာန မှ မရှိတော့တဲ့ အပြင် ကျေးဇူးတောင် တင် အုံးမှာ ပါပဲ..။ပြော ပြပြီး လောက်ပြီလို့ယူဆရပါတယ်..။

ပိုင်းလော့ဆရာတော်ဘုရားကြီးက ဓမ္မစေတီဆရာတော် ဘုရားရဲ့ ထက်မြက်မှု နဲ့ ပိဋကတ်စာပေ ကျွန်းကျင်မှုကို ချစ်ခင် မြတ်နိုးတာ ကို သူတို့ နှစ်ဦး မုံရွာကို တရားဟော တူတူ သွားခဲ့တာ ၊ရင်းနှီးခဲ့ကြတာ တရား တွေထဲ မှာမေမေ နာယူရဘူးပါတယ်..။

ဓမ္မစေတီဆရာတော် ကလည်း ရိုးသားတဲ့ စကားတစ်ခွန်းမိန့်ဘူးတယ်..သူဟောတဲ့ တရာေးတွက စာပေ ကျွမ်းကျင်တဲ့ ဒေသနာ ဉာဏ်နဲ့ပြောတတ်ဆိုတတ်တာဖြစ်တယ်..ပိုင်းလော့ဆရာတော်ဘုရားကတော့ ကိုယ်တိုင် ထိုးထွင်းသိတဲ့ ပရိဝေဒဉာဏ် နဲ့ ဟော တာလို့သူ့ရဲ့တရားတစ်ပုဒ်မှာ ဟောဘူးပါတယ်..။

ခြုံငုံပြီး ပြောရရင် ..မေမေ ကြိုက်တဲ့ အချက် ကတော့…အခိုင်အမာ ပြဆိုထားတဲ့ ဘုရားဟော တစ်ခုဖြစ်ပါတယ်...။ ဘဝသံသရာရှည် လွန်းလို့ မတော်ဘူးတဲ့ ဆွေမျိုး၊အမိ အဖ မရှိ..။


ထို့ကြောင့် လောက၌ ပြစ်မှား ခြင်းငှာ ထိုက်သောသူဆိုတာမရှိ လို့ ပိုင်းလော့ဆရာတော်ဘုရား ကပြဆို တာ ကို ပါ..။

အဲဒီ အသိလေးဝင်လာတော့…မေတ္တာ တွေပွားရတာ အလွန် လွယ်ကူလာ ပါတယ်..။တစ်ဦးနဲ့ တစ်ဦးဟာ မဆိုင်သလို ခြံစည်းရိုးခြားမနေတော့ပဲ တစ်လောကလုံးရှင်းလင်းတဲ့ အမြင်နဲ့..လုံခြုံနွေးထွေးလာပါတယ်..။

ကျေးဇူးမြင်ရင် မေတ္တာပေါ်သည်။ ကျေးဇူးပျောက်ရင် မာန ပေါ်သည်..။
မေတ္တာ ဖြစ်ပေါ်စေသော အနီးကပ်ဆုံးအကြောင်းရင်းသည် ကျေးဇူးကိုဖေါ်ပြပေးခြင်းဖြစ်သည်..။

မေတ္တာနဲ့ကျေးဇူးတရားကို ကျွမ်းကျင်သွားတော့ လောကီအောင်မြင်ရေးလှို့ဝှက် ချက် တံခါး တစ်ချပ်ပွင့် သွား တဲ့သဘောလို့ပဲမေမေခံယူပါတယ်..။မေမေပထမရေးခဲ့ဘူးသလို..

လက်ရှိအခြေအနေ+ ? =သုံးလို့ မကုန် လှူ လို့ မခမ်း ချမ်းသာ ကြွယ်ဝသော ဘ၀အခြေ နေ

ပထမမေး ခွန်းရဲ့ အဖြေက..သာ မာန် လူသား ဘ၀ကနေ ၃၂ပါး သော ယောင်္ကျား မြတ်တို့လက္ခဏာဖြင့် ပွင့်ထွန်းတော် မူသော ဘုရား အဖြစ်သို့ရောက်အောင် ဖြည့် ဆည်း ခဲ့တဲ့ ၁၀ပါးသော ပါရမီ ကို ဖြည့်ကျင့်ရမယ် တဲ့…မေမေက ဆရာတော် အရှင် ဆန္ဒာဓိကတရားတော် ထဲက နေ ဆရာတော် ကျက် ခဲ့ သလို မှတ်ရလွယ်အောင်..

ဒါန၊ သီလ၊ နိက္ခမ ၊ပညာ့ ၊၀ီရိ ယာ။
ခန္တီ ၊သစ္စ၊ ဓိဋ္ဌာန ၊မေတ္တ၊ ဥပေက္ခာ..။

လို့ ကျက် ထားပါ..။ဆရာတော် ဘုရားက.. ၁၀ပါးသောပါရမီ မို့ ခက် မယ် ထင် မှာ စိုးလို့ နည်းကောင်း ပေးတယ်..။ မေတ္တာ ပါရမီ က စကျင့်ရင် ၁၀ပါလုံး ဖြည့် ကျင့် ပြီးသား ဖြစ် သွား မယ်တဲ့.. စဉ်း စား ကြည့်လေ။

တဘက် သား ကို ပေးလှူ ဘို့ ဒါနပါရမီ စတင်တဲ့ အခါ ချစ် မှ.. မေတ္တာ ရှိ မှ ပေး လို့ ရတာ မဟုတ်လား။
မေတ္တာ ရဲ့ အရှိန် အဟုန် နဲ့.. အပင် ပန်းတွေ ခံ နိုင် တော့ ခန္တီ ပါရ မီ ဖြစ် သွားတယ်..။

အာရုံခံစားမှုများကို ကိုယ် ခံစား မယ် သုံးဆောင်မယ် ဆိုတဲ စိတ်ကို ချိုး နှိမ် နိုင်တော့ နိက္ခမ ပါရမီ ဖြစ် သွားတယ်..။မဖြစ် ဖြစ် အောင် လုပ် မယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဆိုတော့ အဓိဋ္ဌာန ပါရမီ တွေ..ဖြည့် ကျင့်ရာရောက် ပါတယ်..။ထမြောက်အောင်မြင်အောင်လုပ်တော့ ဝီရိယပါရမီ ဖြစ်သွားပါတယ်..။

ဉာဏ် နဲ့ ချဲ့ ထွင် စဉ်းစားကြည့်ပါနော်..ဒါဆို.. ပထမမေး ခွန်း ရဲ့ အဖြေ ရပါ ပြီကလေးရေ…။

နိဂုံးချုပ်ရရင်တော့ ပါရမီကျင့်စဉ် တစ်ခု အဖြစ်လည်းကောင်း၊ မိမိကိုယ် ကို နှိမ့်ချတောင်ပန် ခြင်း။ပူ ဇော်ထိုက်သူကို ပူဇော်တဲ့ မင်္ဂလာ တရားတော် နဲ့လည်းကိုက်ညီတဲ့ ကျင့်စဉ်လေး အဖြစ်နှစ်သစ် ကူးအချိန်ကာလ သမယမှာ တန်ဘိုးထားလုပ်ဆောင် ကြတာပေါ့ကလေးတို့ရေ..။

မေမေ ကတော့တရားတွေနာယူရတာရှင်လင်းလွယ်ကူလာတဲ့ အကျိုး ကျေးဇူးကိုရရှိခဲ့ပါတယ်..။

အပြစ်များမှရှင်းသန့်စင်ကြယ်သော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ…။

(ဓမ္မစေတီဆရာတော် ဦးကောသလ္လ ၏ သပိတ်မှောက်တရားကို နာယူရေးသားပါသည်..။)

Read more...

စိတ်၊

ဆရာတော်အရှင်ဆေကိန္ဒ ဟောကြားတော်မူသော “စိတ်” ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။ စာဖတ်သူများ နှစ်သစ်မှာ တရားတော်များ နာယူကျင့်ကြံခြင်းအားဖြင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြပါစေ။

Read more...

ရှစ်ပါးသီလပေးခြင်း၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားချီးမြှင့်သော ရှစ်ပါးသီလပေး ဖြစ်ပါတယ်။ နှစ်သစ်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများသည် ဆရာတော်ကြီး သက်ရှိထင်ရှားရှိသလို အာရုံပြုပြီး သီလတော်ကို ခံယူ ဆောက်တည်နိုင်ပါတယ်။ ဥပုသ်ဆောက်တည်ရာတွင် လိုက်နာသင့်သည့် အချက်များကိုလည်း ရေးထားခဲ့ပြီး ဖြစ်ပါတယ်။ သတ္တ၀ါအားလုံး သူတော်ကောင်း တရားများကို စောင့်ထိန်း လိုက်နာနိုင်ကြသဖြင့် သူတော်ကောင်းတို့သွားရာ နိဗ္ဗာန်သို့တိုင်အောင် ရောက်နိုင်ကြပါစေ။

Read more...

ဥပေက္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံအဆုံးအဖြတ်

မထင်ရှားတဲ့တရား


ကဲဥပေက္ခာဝေဒနာကို ပြောကြစို့၊ ဥပေက္ခာ ဆိုတာကတော့ ဒုက္ခဝေဒနာလို အနေဆိုး အခံခက်တာလဲ မဟုတ်ဘူး။ သုခဝေဒနာ လို အားရ၀မ်းသာ လောက်အောင် ထူးထူးခြားခြားကြီး ကောင်းတာလဲ မဟုတ်ဘူး။ မဆိုးမကောင်း အလယ်အလတ် နေရုံမျှဖြစ်နေတဲ့ ခံစားမှုတစ်မျိုးပဲ။

ဒါကြောင့် သူ့ကို အဒုက္ခ မသုခလို့လဲ ခေါ်တယ်။ မဆင်းရဲ မချမ်းသာ မဆိုးမကောင်း ခံစားမှုလို့ဆိုလိုတယ်။ သူက သိမ်မွေ့တယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ တွေလောက် မထင်ရှားဘူး။

သုခဆိုတဲ့ ချမ်းသာမှု ဖြစ်လာရင် အင်မတန် ထင်ရှားတယ်။ "ကောင်းလိုက်တာ ကောင်းလိုက်တာ"နဲ့ ပါးစပ်က ထုတ်ပြောရသည့် တိုင်အောင် ထင်ရှားတယ်။ ဒုက္ခဆိုတဲ့ ဆင်းရဲက သာပြီးထင်ရှားသေး။ သူဖြစ်လာတယ်ဆိုရင် "အလိုလေး အမယ်လေး"နဲ့ ညည်းညူရသည့် တိုင်အောင် ကို ထင်ရှားနေတယ်။ ဥပေက္ခာကတော့ အဲဒါတွေလောက် မထင်ရှားဘူး။ ဒါကြောင့် သူ့ကို အသိခက်တယ်လို့ ကျမ်းဂန်များက ဆိုထားပေတာပဲ။



မိဂပဒ၀လဉ္စ


ဒါပေမဲ့ ယောဂီမှာတော့ ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ အတွက် သုခ ဒုက္ခ တွေရဲ့ အကြား အကြားမှာ ရှုမှတ်ပြီး သိရတဲ့ သာမန်နေသာမှုကလေးတွေဟာ မဆိုးမကောင်း ဥပေက္ခာတွေပဲလို့ ဒီလိုတော့ ထင်ရှားသိရပါတယ်။

ဥပမာအားဖြင့် သမင်ခြေရာခံတဲ့ တောမုဆိုးဟာ ကျောက်ဖျာဆီအထိ တည့်တည့်လာတဲ့ သမင်ခြေရာကိုလည်း တစ်ဖက်မှ တွေ့ပြီးတော့ ဟိုတစ်ဖက်မှာ ကျောက်ဖျာဆီကသွားတဲ့ သမင်ခြေရာကိုလဲ တွေ့မယ်ဆိုရင် အလယ်က ကျောက်ဖျာပေါ်မှာ သမင်ခြေရာကို မတွေ့ရပေမဲ့ သမင်ဟာ ဟိုဘက်ဒီဘက် ခြေရာနှစ်ခုရဲ့ အလယ်စပ်ကြား အဲဒီကျောက်ဖျာပေါ်ကပဲ ဖြတ်သွားတယ် လို့ သိရပါတယ်။

ဒီလိုပါပဲ။ ယောဂီများလည်း အစက သုခဝေဒနာကိုပဲ ဖြစ်ဖြစ် ဒုက္ခဝေဒနာကိုပဲဖြစ်ဖြစ် စူးစိုက်ပြီး မပြတ် မှတ်နေရတယ်။ ဒီလို မှတ်နေရင်း အဲဒီ သုခဝေဒနာက ပျောက်သွားတယ်။ အဲဒီအခါမှာ ကောင်းတယ်ဆိုးတယ် လို့ မဆိုလောက်တဲ့ သာမန်နေသာရုံမျှ စိတ်အသိတွေကို ရှုမှတ်နေရပြန်တယ်။

အတန်ကြာတော့မှ သုခဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီသုခ ဒုက္ခတွေကို မှတ်ရပြန်တယ်။ ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ သုခ ဖြစ်ဖြစ် ဒုက္ခဖြစ်ဖြစ် ထင်ရှားပေါ်လာပြန်တယ်။ ဒီတော့ အဲဒီ သုခ ဒုက္ခ တွေကို မှတ်ရပြန်တယ်။

ဒီလိုမှတ်နေရတဲ့ ယောဂီဟာ ထင်ရှားတွေ့ရတဲ့ "သုခ ဒုက္ခ ဝေဒနာတွေရဲ့ စပ်ကြားမှာ မကောင်းမဆိုး ရိုးရိုး နေသာရုံမျှ ဖြစ်နေခဲ့တာတွေဟာ ဥပေက္ခာဝေဒနာ တွေပဲ" လို့ သိရတယ်။ ဒီလိုသိတာဟာ ဟို သမင်ခြေရာခံတဲ့ မုဆိုးရဲ့ သိပုံနဲ့ တူတဲ့အတွက် "မိဂပဒ၀လဉ္စ" နည်းအရ သိတာလို့ ကျမ်းဂန်များမှာ ဆိုထားပါတယ်။

ဒါကြောင့် ဒီဥပေက္ခာကိုတော့ တမင်ရှာပြီး ရှုနေဖို့ မလိုတော့ဘူး။ သုခ ဒုက္ခဝေဒနာတွေ ပျောက်သွားတဲ့ အခါမှာ ပေါ်လာတဲ့ မကောင်းမဆိုး ရိုးရိုးအသိစိတ် တွေကို ရှုမှတ်နေရုံနဲ့ ဒီဥပေက္ခာကိုလည်း ရှုပြီး သိပြီး ဖြစ်သွားတော့တာပဲ။


မဟာစည်ဆရာတော်(ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာ ၈-၉)



ဆက်ရန်
တရားရှုမှတ်လိုအောင်စိတ်ကိုအားပေးနည်း(မဟာစည်-၀ိပဿနာရှုနည်းကျမ်း အကျဉ်းချုပ်)

Read more...

ထိုင်းမှိုင်းမှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်
ပြောစေရန် အ ကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ဆုတ်နစ်ခြင်းသည် ရှိ၏။ ထို (မမွေ့လျော်ခြင်းစသည်)၌ မသင့်လျော်သော အားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ
ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ြောစေရန် အ ကြောင်းတည်း။ 232-3

ရဟန်းတို့ ...
မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံ
ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေ
န် အ ကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊

ရဟန်းတို့ ...
ရှေးဦးစွာ အားထုတ်မှု 'အာရမ္ဘဓာတ်' ၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု 'နိက္ကမဓာတ်'၊ အဆင့်ဆင့် အားထုတ်မှု 'ပရက္ကမဓာတ်' တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့် လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤ သည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ဖြစ်စေရန်၊ ဖြစ်ပြီး သော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို အတိုင်းထက် အလွန် ဖြစ်စေရန် ပြန့်ပြော
စေရန် အကြောင်း မဟုတ်သော တရားတည်း...။232-3

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။


((ဒီလိုဆိုရပြီနော် အပိုမပါ))

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ပျက်စီးစေလိုမှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

ပျက်စီးစေလိုမှု 'ဗျာပါဒ'တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော ပျက်စီးစေလိုမှု'ဗျာပါဒ'ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
ထိပါးမှု 'ပဋိဃ' နိမိတ်အာရုံသည် ရှိ၏၊ ထိုပဋိဃနိမိတ်အာရုံ၌ မသင့်လျော်သော အားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေ လိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း တည်း။ 232-2

ရဟန်းတို့ ...
မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေ လိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။

ရဟန်းတို့ ...
စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်သော 'စေတောဝိမုတ္တိ' မည်သော
မေတ္တာ သည် ရှိ၏၊ ထိုမေတ္တာ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေ ရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ 232-2

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP