* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 13, 2009

(၅၅၀-ဇာတ်တော်)

အမြော်အမြင်ရှိသော ငှက်များ... (၅၅၀-ဇာတ်တော် မာဏ၀)

၁၃၃... ဃတာသန ဇာတ်... အမြော်အမြင်ရှိသော ငှက်များ...
၁၃၄... ပညာရှိတပည့်ကြီး...

၁၃၅... စန္ဒာဘဇာတ်...
၁၃၆... သုဝဏ္ဏဟံသဇာတ်... လောဘကြီးသော ရွှေဟင်္သာမင်း မယားဟောင်း...



၁၃၇... ဗဗ္ဗုဇာတ်... ဖန်ပေါင်းချောင်ထဲ ကြွက်မနှင့် ကြောင်လေးကောင်...



၁၃၈... ဂေါဓာဇာတ်... ဖွတ်မင်းနှင့် ရသေ့ယုတ်...

Read more...

သူ့အလုပ် ကိုယ့်တာဝန်

Photobucket

Read more...

ဥပုသ်သီလအမျိုးမျိုး

ဥပုသ်သီလအမျိုးမျိုး

“ဥပုသ်” ဟူသော စကားသည် “ဥပေါသထ” ဟူသောပါဠိမှ ဆင်းသက်လာသောပါဠိပျက်စကားဖြစ်ပါသည်။ (ဥပ+၀သထ) ဥပ=ညစာမစားခြင်း၊ သူအသက် မသတ်ခြင်း စသောအကျင့်ကောင်းနှင့် ပြည့်စုံ၍+၀သထ=နေခြင်း၊ညစာမစားခြင်း၊ သူ့အသက် မသတ်ခြင်း စသောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် များကို အာရုံပြုကာ အကုသိုလ်စိတ်များမဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို “ဥပုသ်စောင့်” သည်ဟုခေါ်ပါသည်။

ဥပုသ် ကိုအချုပ်အားဖြင့် အရိယာ(မြတ်သော) ဥပုသ်၊ ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ် ဟူ၍ (၂)မျိုးရှိသည်။ အရိယာ ဥပုသ် တွင် ဗြဟ္မ ဥပုသ်၊ ဓမ္မ ဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိပါသည်။
ဗြဟ္မဥပုသ်။ ။ ရှစ်ပါးသီလ ယူပြီးလျှင်“ ဗြဟ္မ” မည်သော ဘုရားရှင်ကို အာရုံပြုနေခြင်း၊ ဘုရားဂုဏ်တော်ကိုရွတ်ဖတ်အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်” ဟုခေါ်ပါသည်။

ဓမ္မဥပုသ်။ ။ တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍ လည်းကောင်း၊ ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟုခေါ်ပါသည်။

သံဃာ့ဥပုသ်။ ။ သံဃာဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်ကောင်း၊ ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “သံဃာ့ဥပုသ်” ဟုခေါ်ပါသည်။
သီလဥပုသ်။ ။ သီလ ယူပြီးလျှင် မိမိသီလကို မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟုခေါ်ပါသည်။

နတ်ဥပုသ်။ ။ သီလ ယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိစိတ်တွင် ရှိသော သဒ္ဓါ သီလ စသော သူတော်ကောင်းတရားများကို အောက်မေ့ဆင်ခြင်လျှက် ၀မ်မြောက်စွာနေခြင်းကို “နတ်ဥပုသ်” ဟုခေါ်ပါသည်။

နွားကျောင်းသားဥပုသ်။ ။ သီလ ကိုကောင်းစွာစောင့်စည်းခြင်းမရှိဘဲ နွားကျောင်းသားသည် “ယနေ့ မည်သည်နေရာတွင် နွားများရေသောက်၏။ မနက်ဖြန် မည်သည်နေရာ မြက်စား၍ မည်သည့် နေရာတွင် ရေသောက်လိမ့်မည်” ဟု တွေးတောကြံစည်သကဲ့သို့ “ယနေ့ မည်သည့် စားသောက်ဖွယ်ကို စား၍ မနက်ဖြန် မည်သည့် စားသောက်ဖွယ်ကို စားသောက်မည်” ဟု အစားအသောက်နှင့်လောကီရေးရာကိုသာ ကြံစည်နေသောဥပုသ်သည် “နွာေးကျာင်းသားဥပုသ်” (ဂေါပါလဥပုသ်) ဟုခေါ်ပါသည်။

ယခုအခါ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဥပုသ်စောင့်ရင်း စားသောက်ကြ၊ ပျော်ရွင်ကြ သည်ကို ဘာသာခြားတို့က မြင်လျှင် များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို “စဉ်းစားဆင်ခြင်ဥာဏ် မရှိသော လူမျိုး” ဟုအထင်သေးကြလိမ့်မည်။ ထို့ကြောင့် ဥပုသ်စောင့်လျှင် နွားကျောင်းသားဥပုသ် မဖြစ်စေဘဲ အရိယာဥပုသ်မျိုးဖြစ်အောင် ကြိုးစား၍ စောင့်သုံးမှသာ လောက အကျိုး၊ သံသရာအကျိုး တိုးတက်ဖွယ်ရှိပါသည်။

Read more...

*ကိုးကွယ်ရာအမှန်*

> ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ် ကိုးကွယ်ပါ၏)

> အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ

> ဗုဒ္ဓဘာသာ ၀င်တိုင်း တော်တော် များများ သိပြီးသားလေးပါ။ သို့ပါသော်လည်း ဒီကိုးကွယ်မှု နှစ်မျိုးကို ပိုင်းခြား သိဖို့နဲ့ ဆက်စပ် သိဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလိုမှ မသိရင် ဒွိဟ များဖွယ် ဖြစ်လာနိုင်တယ်လေ။

> ကျွန်တော် မြင်တာလေး ထုတ်ဖော်လို့ ဖွင့်ဟပါရစေ။ မှားနေရင် ကျွန်တော့်ကို ပြုပြင်ဆုံးမ သွန်သင် ပေးစေလိုပါတယ် ခင်ဗျာ။ အကယ်၍များ မှန်နေခဲ့ ရင်လည်း လိုက်နာ ကျင့်ကြံပေးဖို့ လေးလေးစားစား မာန်ကိုချလို့ တိုက်တွန်း ပါရစေ။

> မြတ်စွာ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်တယ်။ နောက် မိမိကိုယ်ကို ကိုးကွယ်တယ်... ဒါလေးကတော့ တစ်ခုချင်း စီကို ပိုင်းခြား သိတယ်လို့ ထင်ပါတယ်။ အဲ... ဆက်စပ် သိဖို့ကျတော့…

ပထမဆုံး မြတ်စွာ ဘုရားရှင်ကို ကျွန်တော်တို့ မိတ်ဆွေတို့ ဘာကြောင့် ကိုးကွယ် နေကြပါသလဲ။ မိရိုးဖလာ အရလား၊ ကိုယ်တိုင် ကြည်ညိုလို့လား၊ ဒီမေးခွန်း ကိုတော့ ကိုယ့်ဘာသာ ကိုယ်သာ အဖြေရှာ ကြည့်လိုက်ပါ။ ကျွန်တော်လည်း အရင်တုန်း ကတော့ မိရိုးဖလာ အဆင့်ပါပဲလေ။ ခုတော့လည်း ကြည်ညိုမှု သဒ္ဓါတွေပွား သာသနာ အတွက်ဆို အသက်ပါ ပေးရဲလာ ပါပြီ။ ထားပါလေ၊ ဟိုဒင်းမရောက် လိုရင်းပျောက် နေပါဦးမယ်။ အရင်ကတော့ မိရိုးဖလာ အရ ကိုးကွယ်တယ်လို့ ကျွန်တော် ဆိုခဲ့တယ်နော်။ ခုတော့ ဘာကြောင့် ကြည်ညိုမှုတွေ ပွားများနေ သလဲလို့ ကိုယ့်ကိုယ်ကို အမေး ပြန်ထုတ်လိုက်တော့ …

ကျွန်တော်က တရားမြင်ပြီးမှ ဘုရား မြင်တယ်လို့ ပြောရမယ် ထင်ပါတယ်။ မြတ်စွာ ဘုရားရှင်မှာ ကြည်ညိုဖွယ် ဂုဏ်တော် ကိုးပါးရှိတယ်။ ဣဿရိယ၊ ဓမ္မ အစချီတဲ့ ဘုန်းတော် ခြောက်သွယ်နဲ့ ပြည့်စုံတယ်။ လက္ခဏာ တော်ကြီး ၃၂-ပါး၊ လက္ခဏာတော် ငယ်ပေါင်း ၈၀-နဲ့လည်း ပြည့်ဝ ကုံလုံတယ်။ ဘယ်သူမှ တုနှိုင်းမမှီတဲ့ မဟာ ကရုဏာတော် ကိုလည်း ၃၁-ဘုံသား သတ္တ၀ါ ဝေနေယျ တွေအပေါ်မှာ ထားရှိတော် မူလိုက်သေးတယ် နောက်ပြီး ဘ၀အဆက်ဆက် စွန့်ကြဲခဲ့တာ တွေကလည်း ဘယ်သူ့ ဘယ်သူမှ မလုပ်နိုင် တာတွေ မစွန့်လွှတ်နိုင် တာတွေ.. စသဖြင့် ဒါလေးတွေကို တဖြေးဖြေး သိလာရတော့ တအားကို ကြည်ညိုမိတော့ တာပေါ့ဗျာ။ ပုံတော်ကို အာရုံမပြုဘဲ ဂုဏ်တော်တွေကို အာရုံပြုပြီး တော့လည်း ကိုးကွယ်မိတော့ တာပေါ့။ ဒါလေးက ဘုရားရှင်ကို ကိုးကွယ်တဲ့အပိုင်း။

> နောက် မိမိကိုယ်ကို ကိုးကွယ်မယ်။ မေးချင်လည်း မေးကြမပေါ့လေ။ မိမိ ကိုယ်ခန္ဓာကြီးမှာ ဘာများ ကိုးကွယ်စရာ ရှိသလဲလို့၊ ဟုတ်ပါတယ် စက်ဆုတ် ရွံရှာဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ကိုးကွယ်ဖွယ် မထိုက်ပါဘူး။ ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆိုရာမှာ ကိုးကွယ် ဆိုတဲ့ စကားလုံးလေးက နိဗ္ဗာန် ရောက်ကြောင်း ကျင့်ကြံရာမှာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျင့်ကြံရမယ်လို့ ဆိုလိုရင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မြတ်စွာ ဘုရားရှင်ဟာ ဖန်ဆင်းရှင် မဟုတ်လို့ပါပဲ။ နည်းပေးညွှန်ပြ ဆိုဆုံးမမှု အရာမှာ တုနှိုင်းမမှီတဲ့ ဆရာတစ်ဆူ သာလျှင် ဖြစ်ပါတယ်။ ဒီအချက်ဟာ အခြား ဘာသာတွေနဲ့ မတူညီတဲ့ ကျွန်တော်တို့ ဘာသာရဲ့ ထူးခြားချက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့ တတွေကို မြတ်စွာဘုရား ဆိုဆုံးမခဲ့တဲ့ သဘောတရား အဆုံးအမ တွေဟာ ယနေ့ အချိန်အထိ ခြွင်းချက်မရှိ အသုံးချတတ် သူအဖို့ အသုံးကျသလို၊ ဆိုဆုံးမခဲ့တဲ့ အချက်အလက် data တွေဟာလည်း

no need to change, no need to modify, no need to add, no need to omit.

ပါ။ ဘယ်လို သဘောလေးလဲ ဆိုရင် ဥပမာ- သစ္စာလေးပါးကို.. များတယ်ကွာ သုံးပါးပဲ ထားလိုက်၊ တစ်ပါး ဖြုတ်မယ်.. ဒါမှမဟုတ် တစ်ပါး ထပ်တိုးမယ်၊ ဒီလိုလုပ်လို့ မရပါဘူး။

> နောက်ပြီး ကျွန်တော်တို့ရဲ့ ထေရ၀ါဒဟာ

Freedom, Fairness, Fearless

ဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ၊ ဘာသာ တစ်ခုကို ကိုးကွယ်ရာမှာ လွတ်လပ်ရမယ်၊ မျှတရမယ်၊ ကြောက်လန့်မှုကင်းရမယ်၊ ဒီလိုမှ ဒီဘာသာဟာ ကိုးကွယ်ထိုက်ပါတယ်။ ဒါကိုတော့ အကျယ် မချဲ့တော့ဘူးဗျာ။ နားလည် လောက်မှာပါ။

> နောက်တစ်ချက်က
Buddism is not dogmatic. ထေရ၀ါဒသည် တရားသေ၀ါဒမဟုတ်၊
ဝိဘဇ္ဇ၀ါဒ- ဝေဖန်ပိုင်းခြားနိုင်တဲ့ ၀ါဒ

ပါတဲ့လေ။ ကြိုက်တာနဲ့ ဝေဖန်၊ ကြိုက်သလို ဝေဖန် အဝေဖန်ခံနိုင်တဲ့ ၀ါဒပါပဲ။ သိပ္ပံနည်းနဲ့ ဝေဖန်မလား၊ ဖလော်ပိုင်း နဲ့ပဲကြည့်ဦး မလား၊ ကြိုက်သလို ဝေဖန် ဝေဖန်လို့ ရပါတယ်တဲ့။

> နောက်တစ်ခုက သူများဘာသာ တွေလို ဒါကိုလုပ်... မလုပ်ရင်တော့ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး အဲလိုဖြစ်မှာကို ကြောက်လို့ ကိုးကွယ်ရတဲ့ ၀ါဒမဟုတ်ပါဘူး။

ဧဟိပဿိကော လေ၊ Come and See! not come and believe

ပါပဲ။ လာပြီး ရှုကြည့် မကြိုက်ရင် မလုပ်နဲ့။ ဒါကို မလုပ်လို့လည်း ဘာအပြစ်မှ ဘုရားရှင်က မယူပါဘူး။ ဥပမာဗျာ ဘုရားရှင်ကို ဆွမ်းတော် ကပ်တယ်ပေါ့။ တစ်ရက် ပျက်သွားတယ် အလုပ်ရှုပ်တာနဲ့ပဲ။ ဒါကို ဘုရားရှင်က အပြစ်ယူသလား မယူဘူးနော်။ ကိုယ့်ကိုယ်၌က ကုသိုလ် မရတာလောက်ပဲ၊ ကျန်တာ ဘာမှ အကြောက် တရားနဲ့ ခြောက်လှန့် ထားတာ မရှိပါဘူး။

> ထေရ၀ါဒနဲ့ ပတ်သတ်တာ လေးတွေ ပြောရမယ် ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီလောက်လေး သိတာနဲ့တင် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ရကျိုး နပ်နေပါပြီလေ။ ထေရ၀ါဒနော် မဟာယာန နဲ့လည်း သွားမရောနဲ့ဦး။ ထေရ၀ါဒက မြတ်ဗုဒ္ဓရဲ့ တရား ဒေသနာတွေကို လုံးဝ မပြုမပြင် မူရင်းအတိုင်း လိုက်နာ ကျင့်သုံးတဲ့ ၀ါဒ။ မဟာယာန ကျတော့ ပြုပြင်မှုလေးတွေ ရှိနေတယ်။

> ဒီအကြောင်း တရားတွေ ကြောင့်လည်း သြော်... ငါတို့ ဘုရားရှင်ဟာ ဒီလိုပြည့်စုံ ကုံလုံတဲ့ တရား ဒေသနာတွေကို ဟောကြား ခဲ့ပါလား ဆိုပြီးတော့လည်း ကိုးကွယ် ယုံကြည်မှုက ပိုပြီး ခိုင်မာလာရ တာပေါ့ဗျာ။

> ဟုတ်ပြီဗျာ ဒီလိုကိုးကွယ်မှု ခိုင်မာလာမှုနဲ့ပဲ ကျေနပ်နေရ တော့မလား။ မဟုတ်သေး ပါဘူး။ ဒီလို မနေသင့်ပါဘူး။ မြတ်စွာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ်၊ လေးစားတယ် ဆိုရင်တော့ ဘုရား အဆုံးအမ တွေကို လိုက်နာဖို့ လိုပါသေးတယ်။

> ဒီလောက် ဆိုရင်တော့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိနဲ့ အတ္တာဟိ အတ္တနော နာထော ကို ပိုင်းခြားသိ၊ ဆက်စပ် သိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြောလက်စနဲ့ ဆက်ပြောပါရ စေဦးဗျာ။ ဘုရားအဆုံး အမတွေကို ဘယ်လို လိုက်နာမလဲ…၊ ကျွန်တော်တော့ ဒီလိုလေး သိထားသဗျ။

*အစ၏ကောင်းခြင်း သီလ
*အလယ်၏ကောင်းခြင်း မဂ္ဂင်
*အဆုံး၏ကောင်းခြင်း နိဗ္ဗာနတဲ့လေ
အတိုချုံးမှတ်ပေါ့။

> ဒါနဲ့ သီလဆိုလို့ ဒါန၊ သီလနဲ့ ဘာဝနာမှာ သီလက အရေးကြီးတယ်လို့ ဆိုတယ်ဗျ။ အကုန်လုံးတော့ အရေးကြီးတာ ပေါ့နော်။ ဒါပေမယ့်လည်း ဒါနနဲ့ ဘာဝနာက သူတို့ကို မလုပ်ရင် မကျင့်ရင် အပြစ် မဖြစ်ဘူးခင်ဗျ၊ သီလကျတော့ မလိုက်နာရင် အပြစ်ပဲလေ။ သူ့အသက် မသတ်ရ.. ဒါကိုမလိုက်နာဘဲ သတ်ရင်တော့ အပြစ်ပဲ။ ပြောရရင်တော့ ဒါနနဲ့ ဘာဝနာက do လုပ်ဖို့ တိုက်တွန်း တာလေ။ သီလကတော့ don’t မလုပ်ဖို့ တားမြစ်တာပေါ့။ တိုက်တွန်း တာကို မလုပ်ရင် အပြစ်မရှိ၊ အဲ.. တားမြစ်တာကို လုပ်ရင်တော့ အပြစ်ပါပဲ။

> ကြားမှာ ကြော်ငြာတွေ ၀င်တာနဲ့ပဲ စာဖတ်သူလည်း မျက်စိ လည်နေပြီလား မသိဘူး။ တောင်းပန် ပါတယ်ဗျာ။ သိစေချင်တဲ့ စေတနာတွေ များသွားလို့ပါ။ ဒီစေတနာ လေးတွေပဲ ကျွန်တော့်မှာ ချမ်းသာလို့ပါ။ နားလည် ပေးကြပါဗျာ။

> ကောင်းပြီ၊ အစရဲ့ကောင်းခြင်း သီလနဲ့ ပြည့်စုံပြီးရင် အလယ်၏ ကောင်းခြင်း မဂ္ဂင်နဲ့ ပြည့်စုံဖို့လည်း လိုလာ ပြန်ပါတယ်။ မဂ္ဂင်က ရှစ်ရပ်။ ဘုရားရှင်ရဲ့ တရားဦး ဓမ္မစကြာ တရားတော် မှာလည်း မြတ်စွာ ဘုရားရှင်က အစွန်း နှစ်ပါးကို ဟောပါတယ် နောက် မဇ္ဈိမ ပဋိပဒါ ကို ဆက်ဟောတယ်.. အဲဒါပြီးတော့ မဂ္ဂင်ရှစ်ပါး နောက် သစ္စာလေးပါး… စသဖြင့်ပေါ့ဗျာ ဟောကြားတော် မူခဲ့ပါတယ်လေ။

> မဂ္ဂင် ရှစ်ပါးကိုတော့ နောက်ပိုင်း ကျွန်တော် အခွင့်သင့်ရင် အကျယ်ချဲ့ ရေးသားပေး ပါ့မယ်။ ကျွန်တော် ရေးတယ်လို့တော့ မဟုတ်ဘူး ပေါ့ဗျာ။ ကျွန်တော်က သိထားတာ လေးကို စာရိုက် ကော်ပီလုပ်ပြီး တင်ပေးမှာပါ။ ဖတ်မှတ်ထားတဲ့ စာအုပ်လေး တွေကနေ သိသလောက် ပေါ့ဗျာ။

> အလယ်၏ ကောင်းခြင်းနဲ့လည်း ပြည့်စုံသွားပြီ ဆိုရင်တော့ အဆုံး၏ ကောင်းခြင်းက နိဗ္ဗာန်ပေါ့ဗျာ။ အပြောကတော့ လွယ်သဗျ။ ဒါပေမယ့် လက်တွေ့မှာ ကျင့်ကြံဖို့ ကျတော့ အခက်သား။ ဘာလို့လည်း ဆိုတော့

ပါပသ္မိံ ရမတိမနော- စိတ်သည် မကောင်းမှု၌ မွေ့လျော်၏ တဲ့လေ။ ဒီစိတ်ကိုမှ မစောင့်ရှောက် နိုင်ရင်တော့ နိဗ္ဗာန် ကတော့ ဝေလာဝေး။

> ဒါ့ကြောင့်လည်း ပါပါစိတ္တံ နိဝါရယေ- မကောင်းတဲ့ စိတ်ကို မဖြစ်အောင် တားဆီးရမယ် လို့ မြတ်ဘုရားက ကရုဏာ ရှေ့ထား မြွက်ကြားခဲ့တာပေါ့။

> ဟုတ်ပါတယ်လေ… ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်ကို ကိုယ်ကမှ မသုံးသပ် မစောင့်ရှောက်ရင် ဘယ်သူကလာ သုံးသပ်လို့ ဘယ်သူက စောင့်ရှောက်မှာလဲ စောင့်ရှောက် ဖြစ်အောင် စောင့်ရှောက်ပါလို့ပဲ ကျွန်တော် တိုက်တွန်း ပြောကြားနိုင်စွမ်း ရှိပါတယ် ခင်ဗျာ။

> နောက်ပြီး တော့ဗျာ ဘုရားရှင်ကို တကယ် ကြည်ညိုတယ် ဆိုရင်တော့ ဘုရားအကြိုက် လိုက်လုပ် လိုက်ကြရအောင်လေ။ မြတ်ဘုရား ဘာကြိုက်သလဲ၊ အားလုံးနီးပါး သိပြီးသားလို့ ထင်ပါတယ်။ မြတ်ဘုရားက သံသရာ လွတ်ကြောင်း ၀ိပဿနာ အကျင့်နဲ့ ပူဇော်တာ အကြိုက်ဆုံးပါပဲ။ အရှင် အတ္တဒတ္ထ မထေရ်ကို သာဓက ယူပေါ့ဗျာ။

ကဲဗျာ ကျွန်တော် သိတာလေးကို ရေးသား လိုက်ခြင်းပါ။ အားလုံးပဲ ၀ိပဿနာ အလုပ်ကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေ။ ဒီလိုမှ မဟုတ်ဘဲ နွားသာသာ ကိလေသာ နွံတောထဲမှာ ရုန်းနေရ တာကို အရသာတွေ့ ပျော်မွေ့ နေရင်တော့….


အကိုးအကားများ

၁။ အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်) ၏ တရားတော်များ
၂။ အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ၏ *မြင့်မြတ်သူတို့ရဲ့ အလုပ်* စာအုပ်
၃။ အရှင်သာဓိန (ခေတ္တ - ဘုံဘေ) ၏ ဆိုဆုံးမမှုများ
၎။ အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက) ၏ သင်ကြားပြသမှုများ
၅။ အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ၏ *မဂ်တား ဖိုလ်တား အန္တရာယ်များ* စာအုပ်
၆။ ကိုနန်းဝေ ၏ သွန်သင်မှုများ
၇။ ကိုဝင်းမြင့် ၏ ဆုံးမမှုများ

01.01.2009, Thu:, 11:56:55 AM ရက်နေ့က ရေးပြီးသား လေးအား ပြန်လည် မျှဝေ ဖော်ပြလိုက်ခြင်းပါ။

လေးစားစွာဖြင့်
ဖိုးသား

13.04.2009, MON:, 02:,58:58 PM

Read more...

နှစ်သစ်အကြို အထူးတရားပွဲ၊ ငါးလွှတ်ပွဲနှင့် ရိုးရာသင်္ကြန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး..

မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရာ နှစ်သစ်အခါကာလ သမယကို ကြိုဆိုသောအားဖြင့် ကိုရီးယားရောက် မြန်မာရွှေညီအစ်ကိုများ၏ နှစ်သစ်အကြို အထူးတရားပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ဒေဂု၊ ကိုရီးယား)၏ ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းနှင့် ငါးလွှတ်ကန်ရှိရာနေရာများသို့ စုပေါင်းသွားရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အစီအစဉ်အရ နံနက် ၁၀နာရီတွင် အထူးတရားပွဲကို ကျင်းပပြုလုပ်ပြီး ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုသူငယ်ချင်းများက မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လယ် ၂နာရီခန့်တွင် ဆရာတော် ဦးဝိစိတ္တ ဦးဆောင်ကာ ငါးလွှတ်ကန် ရှိရာသို့ သွားရောက်၍ မေတ္တာပို့ ဆုတောင်း အမျှဝေကာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ပြီး ရွှေမြန်မာအများ ပျော်ရွှင်စွာ ရေပက်ကစားကြလျက် ဂျိလျန်းစက်မှုဇုန်ရှိ ရွှေညီအစ်ကိုများ ကျွေးမွေးလှူဒါန်းသည့် ရွှေရင်အေးများကိုလည်း ပျော်ရွှင်စွာ သုံးဆောင်ကြသည်။ ထိုအလှူပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများအား ကြည်နူးစွာ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။


Read more...

လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် မည်သို့ကျော်လွှားရမည်နည်း…

Q. ဘုန်းဘုန်း
တပည့်တော် လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံနေရပါသည်။ တပည့်တော် မပြောသည့် စကားများကို ပြောသည်ဟု ဇာတ်လမ်းဆင်ခံရခြင်း၊ တပည့်တော် ဘာမှ မနာလို မရှိခဲ့၊ မကောင်း မပြောခဲ့ဖူးသူများအပေါ် မနာလို ဖြစ်သည်၊ မကောင်းပြောသည်ဟု ကြားလူများက လိမ်ညာသတင်း လွှင့်ခံရခြင်းများ ကြုံရပါသည်။
တပည့်တော် ငါးပါးသီလကို ခါးဝတ်ပုဆိုးသဖွယ် ကြိုးစားစောင့်ထိန်းလာသည်မှာ ၁၄ နှစ် ကျော်လာပြီ ဖြစ်ပါသည်။ ထိုသေးသိမ်သော စကားမျိုးများလည်း မပြောရရိုး အမှန် ဖြစ်ပါသည်။ ထိုသို့ အစွပ်စွဲ ခံရသဖြင့် စိတ်မကောင်းဖြစ်ခြင်း၊ တစ်ပါးသူတို့က မိမိကို ထိုစကားမျိုး ပြောတတ်သည့် သေးသိမ်သူအဖြစ် အထင်မှားခံရမှာ စိုးရှက်ခြင်းများ ဖြစ်မိပါသည်။ ထိုသို့ လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် တပည့်တော်ထက် သီလသမာဓိပညာ သာလွန်သူများ မည်သို့ နှလုံးသွင်းသည်ကို သိလိုပါသည်။ ထိုသို့ လောကဓံများနှင့် ကြုံတွေ့ရလျှင် ဘာလုပ်ရမည်လဲကို နည်းနာ ချီးမြှင့်ပေးပါဘုရား။
(နိုင်နိုင်)


A. မှန်ပါတယ်။ စွပ်စွဲခံရခြင်း၊ အထင်မှားခံရခြင်း၊ အပြစ်ပြောခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွန်းခံရခြင်း စတာတွေဟာ လောကဓံတရားတွေပါ။ လောကဓံဆိုတာ လောကမှာရှိတဲ့သူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် သဘောတွေပါ။ သာမန်လူများမပြောနဲ့ ဘုရား၊ ရဟန္တာတို့တောင်မှ ဒီလိုစွပ်စွဲခံရခြင်းမှ မလွတ်ကင်းနိုင်ကြဘူးဆိုတာ ဘုရားရှင်းအကြောင်း၊ ရဟန္တာများအကြောင်း ဖော်ပြထားတဲ့ ပိဋကတ်စာပေတွေမှာ အများကြည့်တွေ့ရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပဲ တိတ္တိတို့ရဲ့ အမျိုးမျိုး စွပ်စွဲခံရ၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များရဲ့ အဆဲအဆို အကြိမ်းအမောင်းတွေကို ခံခဲ့ရပါတယ်။ ဒီလို မဟုတ်မတရား အပြောခံရ၊ စွပ်စွဲခံရတာတွေဟာ လောကဓံတရားတွေပဲလို့ ပြောလို့ရသလို အကုသိုလ်ရဲ့ အကျိုးဆက် တစ်နည်းအားဖြင့် ၀ဋ်တွေလို့လည်း ပြောလို့ရပါတယ်။ အကုသိုလ်အကျိုးဆက် ၀ဋ်တွေဆိုရင်တော့ ပြန်လည်ပေးစပ်ခြင်းဖြင့် ကျေအောင်စပ်ရပါတယ်။ ဒီလိုမှမဟုတ် သာမန်ကြုံရတဲ့ လောကဓံသဘောမျိုးပဲ ဆိုရင်တော့ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားခြင်းဖြင့် ကျော်လွှားနိုင်ရပါမယ်။ အဓိကကတော့ အကုသိုလ် အကျိုးဆက်တွေပဲ ဖြစ်ဖြစ်၊ လောကဓံတရားတွေပဲ ဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ဘက်က မှန်နေ၊ ကောင်းနေဖို့ပါပဲ။ မှန်နေ၊ ကောင်းနေဖို့ဆိုတာက ကိုယ်ကျင့်တရားတွေ လုံနေဖို့၊ မဟုတ်တဲ့အကုသိုလ်တွေကို မလုပ်မိနေဖို့ပါ။ ကောင်းတာတွေ လုပ်နေသူတွေဟာ သူများအထင်သေးမှာ ကဲ့ရဲ့စွပ်စွဲခံရမှာ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကဘာမှ မဟုတ်တာလုပ်ထားတာ မရှိလို့ပါ။ ဒီလိုသူများအထင်သေး၊ ကဲ့ရဲ့စွပ်စွဲမှာ ကြောက်နေတတ်တာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတာဟာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလတွေ အားနည်းနေသေးလို့ပါ။ ဒါကြောင့် ယုံကြည်မှုများအားကောင်းအောင် ကိုယ့်ကျင့်သီလ ကုသိုလ်တရားများ များနေဖို့အရေးကြီးပါတယ်။ မဟုတ်တာတွေ၊ မကောင်းတာတွေ မလုပ်မိဖို့အရေးကြီးပါတယ်။

တကယ်တော့ လူတိုင်းလူတိုင်း မွေးလာကတည်း သေတဲ့အထိ ဒီလိုအကောင်း လောကဓံချည်းနဲ့ပဲ နေသွားရတာ မဟုတ်သလို အဆိုးလောကဓံချည်းနဲပဲ နေသွားရတာမဟုတ်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ပြီးသွားပါလိမ့်မယ်။ အခိုက်အတန့်လေးသာ ဖြစ်ပါတယ်။ အဲ… အဲဒီအခိုက်အတန့် ကာလကို ကိုယ်က ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံကြောင့် ပျက်ဆီးကြတယ် ဆိုတာလဲ ဒီကြုံလာတဲ့ အခိုက်အတန့်လေးကို မခံနိုင်လို့ ဖြစ်ကြတာပါ။ မင်္ဂလသုတ်မှာ လာသလိုပေါ့.. ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ… စသဖြင့် လောကဓံနဲ့ ကြုံတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ မတုန်လှုပ်ဘူး၊ စိုးရိမ်မှုကင်းတယ်၊ အညစ်အကြေးကင်းတယ်၊ ငြိမ်းချမ်းတယ်ဆိုရင် မင်္ဂလာပါတဲ့.. ဒါကြောင့် ဘယ်လိုလောကဓံနဲ့ ကြုံကြုံ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

လောကဓမ္မသုတ်အလိုအရ ပြောမယ်ဆိုရင် အရိယာပုဂ္ဂိုလ်များ ကျင့်သလို ကျင့်နိုင်ရင် ဒီလောကဓံကို ကောင်းကောင်း ခံနိုင်သွားပါလိမ့်မယ်။ အရိယာပုဂ္ဂိုလ်များဟာ လောကဓံတရားများနဲ့ ကြုံတွေ့တဲ့အခါ လက္ခဏာရေး သုံးပါးနဲ့ ရင်ဆိုင်ကျော်လွှား ကြတယ်လို့ ဆိုပါတယ်။ သိတဲ့အတိုင်းပဲ လက္ခာဏာရေး သုံးပါးဆိုတာ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ကိုယ့်အလိုသို့မလိုက် သူ့အလိုလိုဖြစ်နေတဲ့ အစိုးမရခြင်း အနတ္တသဘောကို ပြောတာပါ။ ပုထုဇင်များ ဖြစ်တဲ့အတွက် အရိယပုဂ္ဂိုလ်တို့လို လောကဓံတရား အပေါ် လက္ခဏာရေးသုံးပါးနဲ့ မရှုပွားနိုင်ပေမယ့် အရာအားလုံးဟာ မမြဲခြင်းသဘော ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ဖြေနိုင်ရင် အတော်အသင့် ခံနိုင်ရည် ရှိလာပါလိမ့်မယ်။ ပြီးတော့ သတိထားရမှာက အာရုံနောက်ကို စိတ်မလိုက်မိဖို့ပါ။ အာရုံနောက်ကို စိတ်လိုက်တယ်ဆိုတာ အရှင်းဆုံးပြောရရင် စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားဖို့ပါ။ စကားလုံးဆိုတာကတော့ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေ သင့်မြတ်နေရင် အကောင်းပြောကြမှာဖြစ်ပြီး အဆင်မပြေရင်တော့ အပြစ်ပြော၊ ကဲ့ရဲ့အစွပ်စွဲခံရမှာပါ။ ဒါကြောင့် ဘယ်သူတွေဘာပဲ ပြောပြော အဲဒီပြောတဲ့ စကားလုံးတွေနောက်ကို ကိုယ့်ရဲ့စိတ်က လိုက်ပြီးတွေးတော ခံစားမနေဖို့ပါ။ လစ်လျူရှုနိုင်အောင် ကြိုးစားဖို့ပါ။ ဒါလည်းပဲ ပြီးသွားမှာပဲဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုသာ သံသရာကောင်းစေဖို့ အကောင်းတွေနဲ့ ပြည့်အောင်ကြိုးစားနေဖို့ပါ။ စွပ်စွဲပြောဆိုကဲ့ရဲ့သူတွေ ဘယ်လိုပဲ ပြောနေကြပါစေ နောက်ဆုံးသံသရာခရီးသွားတဲ့အခါ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ စေတနာကံတွေကသာ ကိုယ်နဲ့တစ်ပါတည်း ပါသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘာမှမမြဲတဲ့ လောကကြီးမှာ အခိုက်အတန့်ဖြစ်တဲ့ အချိန်လေးလောက်ပဲ ဖြစ်ပေါ်တတ်တဲ့ စွပ်စွဲခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ အထင်သေးခံရခြင်းတွေကို လိုက်ပြီးခံစားမဘဲ အားလုံးကို ဥပေက္ခာပြု လစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပေးနိုင်တဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေကိုသာ များသထက်များ၊ ပြည့်သထက်ပြည့်အောင် ကြိုးစားဖို့လိုပါတယ်။ သေချာတာက ဘာမှမမြဲဘူးဆိုတာပါပဲ…

Read more...

အနည်းငယ်မျှသာ ဖြစ်ကုန်၏...

---အနည်းငယ်မျှသာ ဖြစ်ကုန်၏...၊ ---သတ္တဝါတို့သာ များကုန်၏...။

ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်း သော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သော မြေ သွားလာ ကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ကြည်းကုန်း၌ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ရေ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ 322

ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှ သာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ တစ်ပါးသော အပါယ်ဘုံ၌ ဖြစ်သော သတ္တဝါတို့သည်သာ များကုန်၏။ ရဟန်းတို့ ဤအတူပင်လျှင် မဇ္ဈိမတိုင်း ဇနပုဒ်တို့ ၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား တိုင်းစွန်ပြည်နား ဇနပုဒ်အရပ် သစ္စာလေးပါးကို မသိနိုင်ကုန်သော လူရိုင်း (မိလက္ခု) တို့၌ ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ 323

ရဟန်းတို့ ဤအတူပင်လျှင် မထိုင်းမှိုင်းကုန် မဆွံ့ မအကုန်သော ကောင်းစွာ ဆိုအပ်သော စကားမကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို သိနိုင်ကုန် သော ပညာရှိပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ထိုင်းမှိုင်းကုန် ဆွံ့အကုန်သော ကောင်းစွာ ဆိုအပ်သော စကား မကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို မသိနိုင်ကုန်သော ပညာမဲ့ပုဂ္ဂိုလ်တို့သာ များကုန်၏။ 324

ရဟန်းတို့ ဤအတူပင်လျှင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါ တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား အဝိဇ္ဇာအမိုက်တိုက်သို့ ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ 325

ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရားကို ဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားကို မဖူးမြော်ရကုန် သော သတ္တဝါတို့သာ များကုန်၏။ 326

ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို ကြားနာရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော် ကား မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို မကြားနာရကုန်သော သတ္တဝါတို့သာ များကုန်၏။ 327

ရဟန်းတို့ ဤအတူပင်လျှင် ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ကြားနာရ၍ တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 328

ရဟန်းတို့ ဤအတူပင်လျှင် ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း စိစစ်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော် ကား ဆောင်ထားသော တရားတို့၏ အနက်ကို မစုံစမ်း မစိစစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 329

ရဟန်းတို့ ဤအတူပင်လျှင် ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော် သောအကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန် ၏၊ စင်စစ်သော်ကား ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို မကျင့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 330

ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ် သော်ကား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 331

ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အ ကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ် သော်ကား ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားမထုတ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 332

ရဟန်းတို့ ဤအတူပင်လျှင် နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို ရကြကုန် စိတ်၏ တည်ကြည်ခြင်းကို ရကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို မရကြကုန် စိတ်၏ တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 333

ရဟန်းတို့ ဤအတူပင်လျှင် မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို ရကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို မရကြကုန်မူ၍ ခွက်လက်စွဲကာ တောင်း၍ရ သော ထမင်းဖြင့် လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့် လည်းကောင်း မျှတကြရ ကုန်သော သတ္တဝါတို့သာ များကုန်၏။ 334

ရဟန်းတို့ ဤအတူပင်လျှင် ဖိုလ်တည်း ဟူသော အရသာ မဂ်တည်း ဟူသော အရသာ နိဗ္ဗာန်တည်းဟူသော အရသာကို ရကြကုန်သော သတ္တဝါတို့သည် နည်း ပါးကုန်၏၊ စင်စစ်သော်ကား ဖိုလ်တည်းဟူသော အရသာ မဂ်တည်း ဟူသော အရသာ နိဗ္ဗာန်တည်း ဟူသော အရသာကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဤသာသနာတော်၌ ဤသို့လျှင် ''ဖိုလ်တည်း ဟူသော အရသာ မဂ်တည်း ဟူသော အရသာ နိဗ္ဗာန်တည်း ဟူသော အရသာကို ရရှိသူတို့ ဖြစ်ကြကုန်အံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။335

ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်း သောတော မွေ့လျော်ဖွယ် ကောင်းသော မြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက် သောမြေ သွားလာကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့် ရှိသော အရပ် မညီညွတ် သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်ပါးကုန်၏၊ စင်စစ် သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 336-338

ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 339-341

ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 342-344

ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ လူ့ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 345-347

ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ လူ့ဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါ
တို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြ ကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သာ များကုန်၏။ 348-350

ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါ
တို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြ ကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သာ များကုန်၏။ 351-353

ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 354-356

ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 357-359

ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ 360-362

ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ဟု (မိန့်တော်မူ၏)။ 363-365

၎ - စတုတ္ထဝဂ်၊ ဧကဓမ္မပါဠိ၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

သမ္မသနသုတ္တန်တရားတော်၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားတော်မူသော သမ္မသနသုတ္တန်တရားတော် ဖြစ်ပါတယ်။ သင်္ကြန်အချိန်ကာလမှာ စာဖတ်သူများအနေဖြင့် တရားတော်ကို ရိုသေစွာနာယူမှတ်သား လိုက်နာသင့်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်မှာ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချပြီး အသုံးကျတဲ့သူဖြစ်အောင် နေထိုင်ကျင့်ကြံနိုင်ကြပါစေ။


Read more...

မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း ....

10 Apr 09, 12:20
ခွန်နောင်: ဆရာတော်ဘုရား။ တပည့်တော် ခရီးတစ်ခု သွားတုန်း လမ်းမှာ စစ်ဆေးရေး အဖွဲ့တွေနဲ့ တွေ့ပြီး ကားပေါ်မှာ ပါလာတဲ့လူတွေကို စစ်တော့ မသင်္ကာစရာ တွေ့ပြီး စစ်ဆေးပါတယ်။ သူတို့မေးတာ အမှန် ပြောလိုက်ရင် ကားပေါ်ပါ ခရီးသည်ရော ကားသမားပါ ဒုက္ခရောက်မှာမို့ တပည့်တော်ကို မေးတော့ ငြင်းပြီး ဘူးခံပေးလိုက်ပါတယ်။ မသိတာ အမှန်အတိုင်း ပြောမယ်ဆို လူတွေ ဒုက္ခရောက်ဖို့ ရှိပါတယ်။ ဒီလိုအခါမျိုးမှာ မုသာဝါဒကံကို ဘယ်လို သဘောထား ရမယ်ဆိုတာ သိလိုပါတယ်ဘုရား။ ကိုယ့်ကြောင့် သူများ အဖမ်းခံရ၊ နှိပ်စက်ခံရ၊ ချွေးနှဲစာ ငွေကြေးဥစ္စာ အသိမ်းခံရမယ့် အရေးမျိုးမှာ မလိမ်ညာဘဲ ကိုယ့်သီလကို ကာကွယ်ပြီး သူတစ်ပါး ပျက်စီးစေခြင်းနဲ့ ဘူးခံပြီး သူတစ်ပါး ဒုက္ခမရောက်အောင် ကာကွယ်ခြင်း ဘယ်ဟာကို ကျင့်ရမလဲဘုရား။ နှစ်ခုလုံးပဲ အပြစ် ရှိပါသလား။

10 Apr 09, 23:20
kkk: ဖုံးကွယ်ခြင်းသုံးပါး က ဗဟုသုတများစွာရပါတယ် ဘုရား ကိုခွန်နောင်မေးတဲ့ မုသာဝါဒ မေးခွန်းမျိုးတပည့်တော်လည်း.....


--------------------
အဖြေ...

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ။
ဝေရမဏိသိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို။
သမာဒိယာမိ၊ ကောင်းစွာ ခံယူ ဆောက်တည် ကျင့်သုံးပါ၏။

မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မယ်ဆိုပြီး ဆောက်တည်တဲ့ သဘောပါ၊ ဒီစကားကို ကြည့်ခြင်းအားဖြင့် ကိုယ်ပြောသော စကားသည် မဟုတ်မမှန် ဖြစ်ခဲ့သော် ဆောက်တည်ထားသော သိက္ခာပုဒ် ပျက်ပါတယ်။ ပါးစပ်ကပြောမှသာ မဟုတ်သေးပါဘူး စာဖြင့်ဖြစ်စေ ကိုယ်ခန္ဓာ အမူအရာဖြင့် ဖြစ်စေ လိမ်ညာမှု အားလုံးဟာ မုသာဝါဒဖြစ်ပါတယ်။ ဒါဆို အရှင်ဘုရားရယ် ဘာ့ကြောင့် ၀စီကံထဲ ထည့်ထားရတာလည်း ဆိုခဲ့သော်၊ နှုတ်ဖြင့် ပြောဆို လိမ်လည်မှု များ၍ ၀စီဒုစရိုက်ကံထဲ ထည့်သွင်းယူရပါတယ်။

မုသာဝါဒကံ မြောက်ကြောင်း အင်္ဂါကတော့ ၄-ပါးရှိပါတယ်။

၁။ မဟုတ်မမှန် မှားယွင်းသော အကြောင်းဖြစ်ခြင်း။
၂။ မဟုတ်မမှန် ပြောလိုစိတ်ရှိခြင်း။
၃။ ပြောလည်း ပြောဆိုခြင်း။
၎။ လိမ်လည်သည်ဟု သူတပါးသိခြင်းတို့ ဖြစ်ကြပါတယ်။ (ဒီနံပါတ်-၄ ကစိတ်ဝင်စားစရာကောင်းတယ်နော်)

သူတပါးအကျိုးစီပွါး ပျက်စီးအောင် လိမ်ညာပြောဆိုခြင်းသည် အပါယ်ရောက်ကြောင်း မုသာဝါဒကံဖြစ်ပါတယ်။ အကယ်၍ သူတပါး အကျိုးစီးပွါးလည်း မပျက်စီးစေ၊ ကိုယ်ပစ္စည်း သူတပါးကို မပေးလို၍သော် လည်းကောင်း၊ ပြောင်လှောင်ရုံမျှသော် လည်းကောင်း၊ သားသမီးတို့ ပျက်စီးမှာစိုး၍ မိဘက လှည့်ပတ် လိမ်ညာ ပြောသော် လည်းကောင်း၊ အပြစ်မကြီးလှပါချေ။ သို့သော် သိက္ခာပုဒ် ဆောက်တည်ထားသူ အနေနဲ့ ၂-နံပတ် ပြောလိုစိတ်ရှိခြင်း၊ ၃-နံပတ် ပြောလည်း ပြောဆိုခြင်း။ ဒီအင်္ဂါ ၂-ပါးနဲ့ ပြည့်စုံလျှင် သိက္ခာပုဒ်သည် ပျက်ပါတယ်။

မိမိက သူတပါးဒုက္ခမရောက်အောင် လိမ်ပေးလိုက်သည် ဆိုရာဝယ် သူတပါး ဒုက္ခမရောက်စေလိုသည်မှာ ကုသိုလ်ဖြစ်ပေတယ်၊ လိမ်ပေးသည်မှာ အကုသိုလ်ဖြစ်ပါတယ်၊ သူတစ်ပါး ဒုက္ခမရောက်အောင် ဟူသော စေတနာသည် ကောင်းသော ကြီးသောကုသိုလ်ဖြစ်ပါတယ်၊ ဒုက္ခမရောက်အောင် လိမ်သော အကုသိုလ်မှာ သေးငယ်ပါတယ်။ (ဒါဘေမဲ့ စဉ်းစားသင့်သေးသည်မှာ၊ မိမိကဒုက္ခမရောက်အောင် လိမ်ပေးလိုက်သော ကိစ္စသည်ကား၊ တားမြစ်ထားသော နေရာသို့ သစ်သီးတစ်လုံး ယူလာသည် လိမ်ပြောလိုက်သည် ကိစ္စမရှိသေး။ လူသတ်လက်နက် ယူလာသည် လိမ်ပြောလိုက်သည် ကိစ္စရှိလာပြီ။ လူအများကို ပျက်စီးစေနိုင်သည့် အရာတွေပါလာသည် လိမ်ပြောလိုက်သည် ပို၍ကိစ္စရှိလာပါပြီ။) ဒီလို အကြောင်းအရာတွေကို အခြေခံပြီး စဉ်းစားတတ်ရပေဦးမည်။

မိမိ၏ လိမ်လည်ပေးမှု့ကြောင့် အမှန်တကယ် အများကိုလည်းမထိခိုက်စေ သူ့မှာလည်း အကျိုးတကယ်ရှိ၊ အလိမ်ခံရသူမှာလည်း နစ်နာမှုမကြီးကျယ် ဆိုပါက အပြစ်သေးငယ်ပါမယ်၊ တချို့အပြစ်လုံးဝမရှိပါ။ အပြစ်မရှိပုံကို ဥပမာပြပါမယ်- ရဟန်းတော်များမှာ အသားကြီး ဆယ်မျိုးကို သိလျက် မစားရပါဘူး၊ ကျန်းမာရေး မကောင်းတဲ့ ရဟန်းတစ်ပါးကို ဒကာမတယောက်က ကြည်ညိုလို့ အခြေအနေကိုသိပြီး ဆွမ်းကပ်ပါတယ်၊ ရဟန်းတော်များက မသင်္ကာရင် ဘာဟင်းလဲ ဘာအသားလဲ မေးပြီးတော့မှ ဘုန်းပေးရပါတယ်၊ ((ဘုန်းကြီးတွေက ဘာဟင်းလဲ မေးရင် သင်တို့က အပြစ်မမြင်ကြပါနဲ့)) ဒီလိုမေးတော့ ဒကာမကြီးက ပြောပါတယ် အရှင်ဘုရား အပ်စပ်တဲ့ အမဲသားပါလို့ ဖြေတော့ ဘုန်းကြီးလည်း ဆွမ်းဘုန်းပေးပါတယ်၊ ဖြစ်ပေါ်နေတဲ့ ရောဂါလည်း မကြာခင်မှာ ပျောက်သွားပါပြီ။ တကယ်တော့ ခွေးသားကို အမဲသားလို့ ဒကာမကြီးက လိမ်ပြောလိုက်တာပါ။ ဘုန်းပေးသောရဟန်းမှာလည်း အပြစ်မဖြစ်၊ လျှောက်ထားသူမှာလည်း မုသာဝါဒ မဖြစ်ဟု။ ကုသိုလ်သာဖြစ်တယ်လို့ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာမှာဆိုပါတယ်။

ကိုယ့်ကြောင့် သူများ အဖမ်းခံရ၊ နှိပ်စက်ခံရ၊ ချွေးနှဲစာ ငွေကြေးဥစ္စာ အသိမ်းခံရမယ့် အရေးမျိုးမှာ မလိမ်ညာဘဲ ကိုယ့်သီလကို ကာကွယ်ပြီး သူတစ်ပါး ပျက်စီးစေခြင်းနဲ့ ဘူးခံပြီး သူတစ်ပါး ဒုက္ခမရောက်အောင် ကာကွယ်ခြင်း ဘယ်ဟာကို ကျင့်ရမလဲဘုရား။ ဆိုတာနဲ့ပတ်သက်၍...

မိမိက...
အမှန်ကိုသာ ကိုယ်က ပြောမယ်၊ ---မှန်----
ကြားကလူ သူတပါးကို ပျက်စီးစေလိုစိတ် မထားဘူး၊ ---မှန်----
အလိမ်ခံရသူလဲ မနစ်နာ။ ---မှန်----

မိမိက...
အမှန်ကိုသာ ကိုယ်က ပြောမယ်၊ ---မှန်----
ကြားကလူ သူတပါးကို ပျက်စီးစေလိုစိတ် ထားတယ်၊ ---မှား----
အလိမ်ခံရသူလဲ မနစ်နာ။ ---မှန်----

မိမိက...
အမှန်ကို ကိုယ်က မပြောလို၊ ---မှား----
ကြားကလူ သူတပါးကို ပျက်စီးစေလိုစိတ် မထားဘူး၊ ---မှန်----
အလိမ်ခံရသူမှာ နစ်နာတယ်။ ---မှား----

ဒီလိုလည်း မိမိနဲ့ သက်ဆိုင်ရာ အချက်ကလေးတွေကိုလည်း ကြည့်ရမယ်။

လူယုတ်မာတို့၏ စကား ၈-ခွန်းတဲ့...

မမြင်ဘဲ မြင်၏၊ မကြားဘဲ ကြား၏၊ မတွေ့ဘဲ တွေ့၏၊ မသိဘဲသိ၏၊
မြင်လျက် မမြင်ပါ၊ ကြားလျက် မကြားပါ၊ တွေ့လျက် မတွေ့ပါ၊ သိလျက် မသိပါတဲ့၊ မိမိတို့ ဘယ်လိုကျင့်မှာလဲ... ကိုယ်ရဲ့ ဆန္ဒအတိုင်းပေါ့။

ဒီ ၈-ခွန်းကို အပြန်လှန်ရင်တော့ သူတော်ကောင်းတို့၏ စကားပေါ့။
((နေရာတကာမှာတော့ ပြောင်းပြန်ယူ၍မရပါ))

ငါဘုရားကို ဒီလိုနည်းနဲ့ စွပ်စွဲကြလိမ့်မယ်ဆိုပြီးတော့လည်း ဟောထားတာ ရှိသေးတယ်။ ငါဘုရားက ဆောင်ပြီးဟောတဲ့တရားကို တဲ့တဲ့ယူပြီး စွပ်စွဲကြလိမ့်မယ်၊ တဲ့တဲ့ဟောတဲ့တရားကို ဆောင်ပြီး စွပ်စွဲကြလိမ့်မယ် ဟောထားပါတယ်၊ လူ့လောကမှာ ငြင်းခုံနေကြတာ ဒီနှစ်မျိုးကို မှန်အောင် တဲ့အောင် မြင်အောင် မကြည့်နိုင်ကြလို့ ငြင်းခုံမှုတွေ ဖြစ်ကြရတယ်လို့ ဦးဇင်းကတော့ ထင်တာဘဲ။

ဒါ့ကြောင့် ဒကာဒကာမတို့ တရားတော်အားလုံးကို ဒီတရားက တဲ့တဲ့ယူရမှာလား အဓိပ္ပါယ်ဆောင်ပြီး ယူရမှာလားဆိုတာကို ဆင်ခြင်ကြရပါ့မယ်။

မုသာဝါဒနှင့် ပတ်သက်၍ သတိချပ်သင့်သည်ကား {{မြတ်စွာဘုရားသည် သားတော် ရာဟုလာကို ချစ်သားရာဟုလာ 'သိလျက် ချွတ်ယွင်းသော' မုသားစကားကို ပြောဆိုရာ၌ အရှက် မရှိသော မည်သည့် သူအားမဆို မပြုလုပ်ဝံ့သော အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံ တစ်ခုမျှ မရှိပြီ ဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ ''ရယ်ရွှင် မြူးထူးလို၍ မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့'' ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။}} ဟု ဆိုထားပါတယ်။

ဘုန်းကြီးလည်း ရေးသင့်တာတွေထဲက အနည်းငယ်တော့ ရေးပြီးပြီ စာတွေ ကွေ့ကောက်သွားပြီး အဖြေမရောက်သေးရင်တော့ ဘုန်းကြီးရဲ့ ညံ့ဖျင်းမှုပါ ဆရာတော်ကြီးများရဲ့ အဆုံးအမများကို ဆက်လက်လေ့လာကြပါ သူတော်ကောင်းတရားများ မိမိမှာ တည်တံ့အောင် ကျိုးစားနိုင်ကြပါစေ၊ ဘုန်းကြီးလည်း ကျိုးစားပါမည်။

စိတ်ချမ်းသာကြပါစေ...။
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...။
ဦးလောကနာထ။

Read more...

စိတ်ဆင်းရဲပျောက်ကင်းဆေး

စိတ်အေးတဲ့နည်းလမ်းကောင်း

ကာမဂုဏ်နဲ့ စပ်ပြီး နှလုံးမသာတာ၊ ၀မ်းနည်းတာကို သာမိသ ဒုက္ခ လို့ခေါ်တယ်။ လောကရေးရာနှလုံးမသာမှု လို့လဲ ခေါ်နိုင်တယ်။ ဒီနှလုံးမသာမှုက အင်မတန် အရာကျယ်တယ်။ လူတိုင်းလူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြတာချည်းပဲ။

သားသမီး စသည် ပျက်စီးလို့ပဲ ဖြစ်ဖြစ် စီးပွားဥစ္စာ ပျက်စီးလို့ပဲဖြစ်ဖြစ် လုပ်ငန်း အကြံအစည် မအောင်မြင် လို့ပဲဖြစ်ဖြစ် ဘေးဆိုးရန်ဆိုးနဲ့ တွေ့ရလို့ပဲဖြစ်ဖြစ် ဒီလိုအဆင်မပြေတဲ့ အခါများမှာ "ငါ့နှယ် ကံဆိုးလိုက်လေနော်၊ သူများလဲ ဘာမှ နေရာမကျ ပါပဲလား" စသည်ဖြင့် ၀မ်းနည်းစရာတွေ လျှောက်တွေးပြီး နှလုံးမသာယာမှု၊ ၀မ်းနည်းမှု၊ စိုးရိမ်မှုတွေ ဖြစ်တတ်ကြတယ်။

ဒါတွေက အဆိုးဆုံးတရားတွေပဲ။ ကမ္ဘာသူ ကမ္ဘာသားတွေကို လိုက်ပြီး မွှေနေတာဟာ ဒီနှလုံးမသာမှု ၀မ်းနည်းမှု စိုးရိမ်မှုတွေပဲ။ စည်းစိမ်ချမ်းသာတွေ အခြွေအရံတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပေမဲ့လို့ အကြောင်းတခုခုနဲ့ အဆင်မပြေတာ ကိုတွေ့ရရင် ဒီ နှလုံးမသာယာမှု၊ စိုးရိမ်မှုတွေက ဖြစ်လာတတ်တယ်။ သူဖြစ်လာတယ်ဆိုရင် နေလို့ ထိုင်လို့ သာသာယာယာ မရှိတော့ဘူး။ ဒါကြောင့် ဒီနှလုံးမသာယာမှု စိုးရိမ်မှုတွေကို ပယ်ပြီး စိတ်ကို အေးအေးကလေး ထားနိုင်တဲ့ နည်းလမ်းကောင်းကို လူတိုင်း အသင့်ဆောင်ထားစရာ ကောင်းတယ်။ အဲဒီ နည်းလမ်းကောင်းကလည်း တကယ်ရှာတော့ ရှားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီအကောင်းဆုံးနည်းလမ်းကို ပေးထားခဲ့တယ်။ ဘာလဲဆိုရင် ဟောဒီ ရှုမှတ်ရတဲ့ သတိပဋ္ဌာန် နည်းပါပဲ။
မလွဲနိုင်သောလမ်း

ဒါကြောင့် နှလုံးမသာယာမှု စိုးရိမ်မှု ၀မ်းနည်းမှုများ မတော်တဆ ဖြစ်ပေါ်လာရင် လက်ခံမထားနဲ့။ ချက်ချင်း ရှုမှတ်ပြီးတော့ ပယ်ကြရမယ်။ "နှလုံးမသာဘူး နှလုံးမသာဘူး" စသည်ဖြင့် သေသေချာချာ စူးစိုက်ပြီးတော့ မပျောက်မချင်း သူ့ကိုသာ ရှုမှတ်နေရမယ်။ ဒီလိုရှုမှတ်နေရင် ပျောက်သွားတာကို တွေ့ရလိမ့်မယ်။ ၀ိပဿနာ အခြေခံရှိနေတဲ့ သူမှာဆိုရင်တော့ လေးငါးချက်လောက် မှတ်လိုက်ရုံနဲ့တောင် နှလုံးမသာယာမှု လုံးဝပျောက်ပြီး ပကတိကြည်လင်တဲ့စိတ်မျိုး ပြန်ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုအခါမှာ နှလုံးမသာယာစရာကို ပြန်ပြီးစဉ်းစားကြည့်တောင် ဘာမှ မဖြစ်တော့ဘဲ စိတ်ဟာ ကြည်လင်အေးချမ်းမြဲသာ ရှိပြီး နေနိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက "အယံ -အမှတ်ရမှု ဤသတိပဋ္ဌာန် လမ်းသည် ၊သောကပရိဒေ၀ါနံ သမတိက္ကမာယ- စိုးရိမ်ပူဆွေးရမှု ငိုကြွေးရမှုတို့ကို လွန်မြောက်သွားဖို့ရာ၊ ဧကာယနော မဂ္ဂေါ -တစ်ကြောင်းတည်းသောလမ်း မလွဲနိုင်သေလမ်းပေတည်း " လို့ ဟောထားခဲ့ပါတယ်။


မဟာစည်ဆရာတော်( ဝေဒနာနုပဿနာ တရားတော် ဒုတိယပိုင်း စာ၁၂)

ဆက်ရန်
ဥပေက္ခာဝေဒနာကိုရှုမှတ်ပြီးဖြစ်ပုံ(မဟာစည်-ဝေဒနာနုပဿနာ-ဒုပိုင်း)

Read more...

လှေထိုးသမလေး နှင့် ကိုယ်တော်ကလေး

အေးချမ်းတဲ့တောရကျောင်းကလေးတစ်ခုမှာသံဃာတော်များနေထိုင်ကြပါတယ်။

ချောင်းငယ်လေးတစ်ခုက၀န်းပတ်စီးဆင်းနေပါတယ်။ တခြားနေရာများသို့သွားလာလိုပါက ချောင်းကလေးတစ်ခုမှတစ်ဆင့် ဖြတ်သန်းသွားလာကြရပါတယ်။ ချောင်းငယ်ကလေးကိုဖြတ်သွားဖို့ရာ ကူးတို့လှေကလေး တစ်စီးပဲရှိပါတယ်။ ကူးတို့ကိုလှော်ခတ်တဲ့ ကူတို့သမားကလေးကလည်း အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးဖြစ်နေပါတယ်။ ဒီမိန်းကလေးက အသိဥာဏ်ပညာနဲ့ ပြည့်စုံသူကလေးပါ။ စီးစရာကလည်း ဒီလှေနဲ့ ဒီမိန်းကလေးပဲရှိတာပေါ့နော်။


ကိုယ်တော်ငယ်ကလေးတစ်ပါးဟာ အကြောင်းကိစ္စတစ်ခုကြောင့် ဆရာတော်ကြီးတစ်ပါးကို သွားရောက်ဆည်းကပ်ဖို့ လိုအပ်လာပါတယ်။ ချောင်းငယ်ကလေးကို ဖြတ်သန်းသွားလာရပါတယ်။ ကူးတို့ကူးခတ်တဲ့ မိန်းမပျိုကလေးက လွန်စွာချောမောလှပတာကြောင့် ကိုယ်တော်ကလေးက ငေးမောနေမိတာပေါ့။ တစ်ဘက်ကမ်းရောက်တော့ ကူးတို့ခတစ်ကျပ်စီ ပေးကြရပါတယ်။

မိန်းမပျို ။ ကိုယ်တော်ကနှစ်ကျပ်ကျပါတယ်။

ကိုယ်တော် ။ ဒကာမလေး သူများတွေကျတော့တစ်ကျပ်ပဲကျပြီး ကျုပ်ကျမှ ဘာလို့နှစ်ကျပ်ကျတာလဲ။

မိန်းမပျို ။ကိုယ်တော်ကရဟန်းဖြစ်ပြီး တပည့်တော်ကို ငန်းတယ်။ ကိုယ်တော့်ရင်ထဲမှာ နှစ်ယောက်ဖြစ်နေပြီ။ ဒါ့ ကြောင့်မို့လို့ နှစ်ယောက်ခပေးရမယ်။

ကိုယ်တော်ကလေးလဲ ရှက်ရှက်နဲ့ နှစ်ယောက်ခပေးလိုက်ရပါတယ်။ ညနေကျောင်းပြန်တော့ ဒီလှေကလေးနဲ့ပဲပေါ့။ ဒီတစ်ခါတော့ကိုယ်တော်က လေးက လှေခနှစ်ဆပေးရမှာစိုးလို့ မိန်းမပျိုလေးကိုလုံးဝမကြည့်တော့ပါဘူး။ မြစ်ရေပြင်ကိုသာစိုက်ကြည့်နေပါတယ်။

ကမ်းရောက်တော့ . . .

မိန်းမပျို ။ ကိုယ်တော်နှစ်ကျပ်ကျပါတယ်။

ကိုယ်တော် ။ ဒကာမလေး ငါနင့်ကိုလုံးဝမကြည့်ပဲ ဘာလို့ထပ်ပိုတောင်းရတာတုံး။

မိန်မပျို ။ ကိုယ်တော်က တပည့်တော်ကိုမကြည့်ပေမဲ့ တစ်လမ်းလုံး တပည့်တော်အကြောင်းပဲ တွေးတောလာတာ ဆိုတော့ ကိုယ်တော့ခေါင်းထဲမှာ လူနှစ်ယောက်ဖြစ်နေတယ်။မရဘူး နှစ်ယောက်ခပဲပေးရမယ်။

ကိုယ်တော်ကလေးလည်း ဟုတ်နေပြန်တော့ နှစ်ယောက်ခ ပေးလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့နေ့ စဉ်အသွားနှစ်ကျပ် အပြန်နှစ်ကျပ်ပေးနေရပါတယ်။

ကိုယ်တော်ကလေးလည်း ဆရာသမားထံ သူ့အဖြစ်အပြက်တွေကိုပြောပြပြီး အကူအညီတောင်းခံပါတယ်။

ဆရာတော်။ ။ဒီမိန်းကလေးဟာဥာဏ်ရှိတဲ့သူဖြစ်တယ်။ ဒီတစ်ခါမင်းလှေစီးရင် မျက်နှာလွဲစရာမလိုပါဘူး။ မင်းရင်ထဲမှာဖြစ် နေတဲ့ ကိလေသာသံယောစဉ်တွေကိုသာ သိမှတ်ပြီးတရားရူ့သွားပါ။ ကိုယ်တော်အဆင်ပြေပါလိမ့်မယ်။

ကိုယ်တော်ကလေးလည်း အဲဒီကစပြီတော့လှေခနှစ်ဆပေးစရာမလိုတော့ပါဘူး။

(ဗီယက်နမ်လူမျိုးဆရာတော်တစ်ပါးနှင့် ရွှေဥမင်တရားပြဆရာတော်ဦးတေဇနိယတို့ ပြောသည်)

(အင်တာနက်စာမျက်နှာတစ်ခုမှ တွေ့ ရှိသဖြင့် ပြန်လည်ကူးယူ ဖော်ပြပါသည် ခင်ဗျား။)

Read more...

တပည့်တော် ဘယ်သူလဲ ဘယ်ကလဲ... (ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ))

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၈-မှ...

တပည့်တော် ဘယ်သူလဲ ဘယ်ကလဲ မသိချင်ပါနဲ့တော့ဘုရား...










Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP