* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, April 7, 2009

မြန်မာနှစ်သစ်ကူးအတွက် အထူးလက်ဆောင်

ကျွန်တော့် အီးမေးလ်ထဲကို ရောက်လာတဲ့ နှစ်သစ်ကူးအတွက် Forward Mail လေးကို အားလုံးအတွက် ပြန်လည် လက်ဆောင်ပေးလိုက်ပါတယ်ခင်ဗျား။

နှစ်သစ်အချိန်အခါမှာ အားလုံး ကုသိုလ်ကောင်းမှုတို့ ဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျား။


The Best Present

Read more...

သန္ထာရဝဂ်-၁၆၃

သန္ထာရဝဂ်-၁၆၃

ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်း၏ ပြန့်ပြောခြင်း 'အာမိသဝေပုလ္လ' လည်းကောင်း၊
၂။ တရား၏ ပြန့်ပြောခြင်း 'ဓမ္မဝေပုလ္လ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤပြန့်ပြောခြင်း နှစ်မျိုးတို့တွင် အကြင်တရား၏ ပြန့်ပြောခြင်းသည် ရှိ၏၊ ထိုတရား၏ ပြန့်ပြောခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၁၂)

သန္ထာရဝဂ်-၁၆၃၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ဆည်းပူး စုဆောင်းခြင်း ...

သန္ထာရဝဂ်-၁၆၂

ရဟန်းတို့ ဆည်းပူး စုဆောင်းခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းကို ဆည်းပူး စုဆောင်းခြင်း 'အာမိသသန္နိစယ' လည်းကောင်း၊
၂။ တရားကို ဆည်းပူး စုဆောင်းခြင်း 'ဓမ္မသန္နိစယ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ဆည်းပူး စုဆောင်းခြင်း တို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤဆည်းပူး စုဆောင်းခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ဆည်းပူး စုဆောင်းခြင်းသည် ရှိ၏၊ ထိုတရားကို ဆည်းပူး စုဆောင်းခြင်းသည် မြတ်ပေသ တည်း ဟု (မိန့်တော်မူ၏)။ (၁၁)

သန္ထာရဝဂ်-၁၆၂၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

နှစ်သက်ဖွယ်ရာ ...

သန္ထာရဝဂ်-၁၆၁

ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ-

၁။ ပစ္စည်းတည်း ဟူသော နှစ်သက်ဖွယ်ရာ 'အာမိသရတနာ' လည်းကောင်း၊
၂။ တရားတည်း ဟူသော နှစ်သက်ဖွယ်ရာ 'ဓမ္မရတနာ' လည်းကောင်းတို့တည်း။

ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ နှစ်သက်ဖွယ်ရာ ဤရတနာနှစ်မျိုးတို့တွင် အကြင် ဓမ္မရတနာသည်ရှိ၏၊
ထိုဓမ္မရတနာသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ ၁၀

သန္ထာရဝဂ်-၁၆၁၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သန္ထာရဝဂ်-၁၆၀

ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့် ကြီးပွါးခြင်း 'အာမိသဝုဒ္ဓိ' လည်းကောင်း၊
၂။ တရားဖြင့် ကြီးပွါးခြင်း 'ဓမ္မဝုဒ္ဓိ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤကြီးပွါးခြင်း နှစ်မျိုးတို့တွင် အကြင်တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊
ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။(၉)

သန္ထာရဝဂ်-၁၆၀၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ပြည့်စုံခြင်း ...

သန္ထာရဝဂ်-၁၅၉

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်း ပြည့်စုံခြင်း 'အာမိသိဒ္ဓိ' လည်းကောင်း၊
၂။ တရား ပြည့်စုံခြင်း 'ဓမ္မိဒ္ဓိ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤပြည့်စုံခြင်း နှစ်မျိုးတို့တွင် အကြင် တရား ပြည့်စုံခြင်းသည် ရှိ၏၊
ထိုတရား ပြည့်စုံခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၈)

သန္ထာရဝဂ်-၁၅၉၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ပေးလှူခြင်း...

သန္ထာရဝဂ်-၁၅၈

ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုးတို့နည်းဟူမူ-

၁။ ဧည့်သည် အာဂန္တုတို့အား ...
ပစ္စည်းကို ပေးလှူခြင်း 'အာမိသာတိထေယျ' လည်းကောင်း၊
၂။ ဧည့်သည် အာဂန္တုတို့အား ...
တရားကို ပေးလှူခြင်း 'ဓမ္မာတိထေယျ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ဤပေးလှူခြင်း နှစ်မျိုးတို့တွင် အကြင် တရား ကို ပေးလှူခြင်းသည် ရှိ၏၊ ထိုတရားကို ပေးလှူခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၇)

သန္ထာရဝဂ်-၁၅၈၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ပူဇော်ခြင်း...

သန္ထာရဝဂ်-၁၅၇

ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့်ပူဇော်ခြင်း 'အာမိသပူဇာ' လည်းကောင်း၊
၂။ တရားဖြင့် ပူဇော်ခြင်း 'ဓမ္မပူဇာ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤပူဇော်ခြင်း နှစ်မျိုးတို့တွင် အကြင်တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၆)

သန္ထာရဝဂ်-၁၅၇၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အထွတ်အထိပ်ရောက် ရှာမှီးခြင်း ...

သန္ထာရဝဂ်-၁၅၆၊

ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'အာမိသပရိယေဋ္ဌိ' လည်းကောင်း၊
၂။ တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'ဓမ္မပရိယေဋ္ဌိ' တို့တည်း။

ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤအထွတ်အထိပ်ရောက် ရှာမှီးခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၅)

သန္ထာရဝဂ်-၁၅၆၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ရှာမှီးခြင်း-၂...

သန္ထာရဝဂ်-၁၅၅၊

ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ-

၁။ ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း 'အာမိသပရိယေသနာ' လည်းကောင်း၊
၂။ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း 'ဓမ္မပရိယေသနာ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤထက်ဝန်းကျင် ရှာမှီးခြင်း နှစ်မျိုးတို့တွင် အကြင်တရားကို ထက်ဝန်း ကျင် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ထက်ဝန်းကျင် ရှာမှီးခြင်းသည် မြတ်ပေ သတည်း ဟု (မိန့်တော်မူ၏)။ (၄)

သန္ထာရဝဂ်-၁၅၅၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ရှာမှီးခြင်း...

သန္ထာရဝဂ်-၁၅၄

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းကို ရှာမှီးခြင်း 'အာမိသေသနာ' လည်းကောင်း၊
၂။ တရားကို ရှာမှီးခြင်း 'ဓမ္မေသနာ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ရှာမှီးခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ရှာမှီးခြင်းသည် ရှိ၏၊
ထိုတရားကို ရှာမှီးခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၃)

သန္ထာရဝဂ်-၁၅၄၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အဆက်အသွယ် ပြုခြင်း ...

သန္ထာရဝဂ်-၁၅၃၊

ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုး တို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်း
'အာမိသပဋိသန္ထာရ' လည်းကောင်း၊
၂။ တရားဖြင့် အစေ့အစပ် အဆက်အသွယ်ပြုခြင်း
'ဓမ္မပဋိသန္ထာရ' လည်းကောင်းတို့တည်း။

ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ အစေ့အစပ် အဆက် အသွယ် ပြုခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် ရှိ၏၊

ထိုတရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၂)

သန္ထာရဝဂ်-၁၅၃၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

အဆက်အသွယ် ပြုခြင်း ...

သန္ထာရဝဂ်-၁၅၂၊

ရဟန်းတို့ အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းဖြင့် အဆက်အသွယ် ပြုခြင်း 'အာမိသသန္ထာရ' လည်းကောင်း၊
၂။ တရားဖြင့် အဆက်အသွယ် ပြုခြင်း 'ဓမ္မသန္ထာရ' လည်းကောင်းတို့တည်း။

ရဟန်းတို့ အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ အဆက်အသွယ်ပြုခြင်း နှစ်မျိုးတို့တွင်
အကြင် တရားဖြင့် အဆက်အသွယ် ပြုခြင်းသည် ရှိ၏၊
ထိုတရားဖြင့် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။

သန္ထာရဝဂ်-၁၅၂၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ငါ့သျှင် အာနန္ဒာ အစွဲပြု၍သာလျှင် ငါ..

အာနန္ဒသုတ် ...

သာဝတ္ထိနိဒါန်း။

အသျှင်အာနန္ဒာသည် ''ငါ့သျှင် ရဟန်းတို့'' ဟု ရဟန်းတို့ကို ခေါ်၏။
''ငါ့သျှင်''ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြား လျှောက်ကြကုန်၏။ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏-

ငါ့သျှင်တို့ မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏမည်သော အသျှင်သည် သီတင်းငယ်ဖြစ် ကြသော ငါတို့အား ကျေးဇူးများလှ၏၊ ထိုအသျှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။

''ငါ့သျှင် အာနန္ဒာ အစွဲပြု၍သာလျှင် 'ငါ ဖြစ်၏ ' ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏၊ အစွဲ မပြုမူ၍ မဖြစ်။ အဘယ်ကို အစွဲပြု၍သာလျှင် 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်သနည်း၊ အစွဲ မပြုမူ၍ကား မဖြစ်သနည်း။

ရုပ်ကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ မဖြစ်။
ဝေဒနာကို အစွဲပြု၍။ ပ ။
သညာကို အစွဲပြု၍။ ပ ။
သင်္ခါရတို့ကို အစွဲပြု၍။ ပ ။
ဝိညာဉ်ကို အစွဲပြု၍ သာလျှင် 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်၏၊
အစွဲ မပြုမူ၍ကား မဖြစ်။

ငါ့သျှင်အာနန္ဒာ ဥပမာသော်ကား တန်ဆာဆင်ခြင်း သဘောရှိသော ငယ်ရွယ်ပျိုနု သော မိန်းမသော်လည်းကောင်း၊ ယောက်ျားသော် လည်းကောင်း စင်ကြယ် တောက်ပသော မှန်၌ ဖြစ်စေ၊ ကြည်လင်သော ရေခွက်၌ ဖြစ်စေ မိမိမျက်နှာရိပ် ကို ကြည့်ရှု ဆင်ခြင်သော် (မှန်ကို ရေခွက်ကို) အစွဲပြု၍သာ မြင်ရာ၏၊ (မှန်ကို ရေခွက်ကို) အစွဲမပြု မူ၍ကား မမြင်ရာ။

ငါ့သျှင်အာနန္ဒာ ဤအတူပင် ရုပ်ကို အစွဲ ပြု၍သာ 'ငါဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ကား မဖြစ်။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အစွဲပြု၍သာ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်၏၊ အစွဲ မပြုမူ၍ ကားမဖြစ်။

ငါ့သျှင်အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။

ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ င့ါသျှင် ...။
ဝေဒနာ သည် မြဲသလော၊ မမြဲသလော။ မမြဲပါ င့ါသျှင် ...။
သညာသည် မြဲသလော၊ မမြဲသလော။ မမြဲပါ င့ါသျှင် ...။
သင်္ခါရတို့သည် မြဲသလော၊ မမြဲသလော။ မမြဲပါ င့ါသျှင် ...။
ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါင့ါသျှင်...။

ထိုသို့ ဖြစ်သောကြောင့်။ပ။ ဤသို့ ရှုသော။ပ။ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိပြီဟု သိ၏'' ဟု ဆုံးမ၏။ ငါ့သျှင်တို့ မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်သော ပုဏ္ဏမည်သောအသျှင်သည် သီတင်းငယ်ဖြစ်ကြသော ငါတို့အား ကျေးဇူးများလှ၏၊ ထိုအသျှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။ မန္တာဏီပုဏ္ဏေးမ၏ သား အသျှင်ပုဏ္ဏ၏ ဤတရားဒေသနာကို ကြားနာရ၍ ငါသည် တရားကို သိရ၏ဟု (မိန့်ဆို၏)။83

၁ - အာနန္ဒသုတ်၊ ထေရ၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

စကား…

တစ်နေ့ ဘုန်းဘုန်းတစ်ပါးတည်း ဆရာဝန်ရက်ချိန်းပြည့်လို့ ဆေရုံးသွားပြတုန်းက ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ အကြာကြီး စောင့်လိုက်ရတဲ့ အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ရောက်ပြီးသိပ်မကြာဘူး ဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတတ်ပါတယ်။ အဲဒီနေ့က ဆရာဝန်းကြီးမှာ လူနာမကြည့်အားနိုင်သေးဘဲ ပြဿနာ ဖြေရှင်းပေးနေရတဲ့အတွက် အကြာကြီး စောင့်နေရခဲ့ရတာပါ။ အဲလိုစောင့်နေရတာကို အားနာတဲ့အတွက် သူနာပြုဆရာမလေး တစ်ယောက်က တောင်းပန်ရှာပါတယ်။ သူနာပြု ဆရာမလေး တစ်ယောက်နဲ့ လူနာစောင့် မိန်ကလေးတစ်ယောက် ပြဿနာဖြစ်ပြီး ဆရာဝန်ကြီးဆီရောက်လာတဲ့ အတွက် ဆရာဝန်ကြီးက ဖြေရှင်းပေးနေရလို့ ခဏသီးခံပြီး စောင့်ပေးပါလို့ ရိုရိုသေသေ ပြောရှာပါတယ်။ သိတဲ့အတိုင်း ဘုန်းဘုန်းလည်း စပ်စပ်စုစု ဘယ်လိုဖြစ်ကြတာလဲလို့ မေးလိုက်မိပါတယ်။ ဒီတော့ သူနာပြုဆရာမလေးက ``တစ်ခြားမဟုတ်ဘူး အရှင်ဘုရားရေ… စကား… စကား… ပေါ့ဘုရား… စကားပြော မှားကြတာပေါ့ဘုရား..``လို့ တိုတိုပဲ ပြောပြီးထွက်သွားပါတယ်။ ဘုန်းဘုန်းလည်း သူနာပြုဆရာမလေး ပြောတာကို နားထောင်ပြီး ဆရာဝန်ကိုစောင့်ရင်း အတွေးနယ်ချဲ့မိပါတော့တယ်။

``အော်… စကား… စကား… တစ်ခါတစ်ရံ စ ရာကနေ ကား သွားတတ်ပါလား`` လို့ ကလေးကလား အတွေးပွားမိပါတယ်။ ဟုတ်တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ စတာနောက်တာလေးကစပြီး အကြီးအကျယ် ရန်ဖြစ်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ သေချာပြန်တွေးကြည့်ရင် တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားအပြော မတတ်ကြလို့၊ စကားအပြောမှားကြလို့ နားလည်မှုလွဲရာကနေ ပြဿနာတွေ ဖြစ်တတ်တာကို တွေ့ရမှာပါ။ ``အပြောမတတ်တော့ ဆဲသလို``ဆိုတဲ့ မြန်မာစကားပုံလိုပေါ့။ စကားအပြော မတတ်တဲ့အတွက် တစ်ဘက်လူမှာ ပိတ်သလေးနဲ့ ဘေးပြစ်သလို ခံရတဲ့အဖြစ်တွေ မနည်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါတွေဟာ စကားကြောင့် ဖြစ်ရတာတွေပါ။ ဒါကြောင့် စကားပြောတဲ့အခါမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားမျိုးထက် သိမ်မွေးနူးညံ့ပြီး ချိုသာတဲ့ စကားလေးတွေကို ရွေးပြီးပြောဆိုတတ်ဖို့ အရေးကြီးပါတယ်။ သူသူကိုယ်ကိုယ် ချိုသာနူးညံ့တဲ့ စကားကိုပဲ ကြားချင်ကြတာပါ။ တစ်ခြားသူမပြောနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတွေးကြည့် စဉ်းစားကြည့်ပါ။ ကိုယ့်ကိုအပြစ်ပြောတဲ့စကား အပုတ်ချတဲ့စကား ရိုင်းစိုင်းတဲ့စကားဆိုရင် မခံနိုင်ကြပါဘူး။ ဒီလိုပဲ ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်တိုင်မခံနိုင်တဲ့စကားမျိုးကို သူတစ်ပါးကိုလည်း မပြောမိအောင် ကြိုးစားသင့်ပါတယ်။ အမှန်တော့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အားလုံးသိပြီးသား ကြားဖူးသားဖြစ်တဲ့ ဇာတ်တော်လေးအကြောင်း ပြောပြလိုပါတယ်။ ကြားဖူးထပ်မံပေါ့။ ဇာတ်တော်ရဲ့ အမည်က နန္ဒိဝိသာလ ဇာတ်တော်ပါ။

ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဂန္ဓာရမင်း ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ နွားမျိုးမှာ လာဖြစ်ပါတယ်။ တစ်နေ့ ဘုရားလောင်းနွားလားရဲ့ သခင်ဟာ ဘုရားလောင်းနွားကို ပုဏ္ဏားတစ်ယောက်ထံ လှူလိုက်ပါတယ်။ ပုဏ္ဏားဟာ ဘုရားလောင်းနွားကို နန္ဒိဝိသာလလို့ အမည်ပေးပြီး မြက်မကျွေးဘဲ ယာဂု၊ထမင်း စတာတွေကို ကျွေးတဲ့အတွက် ဘုရားလောင်းနွားဟာ အလွန်ခွန်အားကောင်းတဲ့ နွားလားဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘုရားလောင်းနွားဟာ ပုဏ္ဏားကြီးကို မွေးကျေးဇူးဆပ်ချင်တဲ့အတွက် ``ပုဏ္ဏား သွားပါ။ ဒီမြို့မှာရှိတဲ့ ဂေါဝိတ္တကသေဋ္ဌေးကို ငါ့နွားဟာ လှည်းတစ်ရာကို ရုန်းနိုင်တယ်လို့ပြောပြီး အသပြာတစ်ထောင်ကြေး အလောင်းအစားလုပ်ပါ``ပါလို့ ပြောပြီး လောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အလောင်းအစား ဖြစ်တယ်လို့ ဆိုကြပါစို့..။ ပုဏ္ဏားဟာ လှည်းအစီးတစ်ရာကို သဲကျောက်အပြည့်တင်ပြီး လှည်းဦးမှာထိုင်ကာ ``ဟဲ့… ကောက်ကျစ်တဲ့နွား၊ ရိုင်းစိုင်းတဲ့နွား ရုန်းလိုက်စမ်း`` စတဲ့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ လှည်းကိုမောင်းပါတယ်။ ဒီအခါ ဘုရားလောင်းနွားဟာ လုံးဝမရုန်းဘဲ စုံရပ်နေလို့ ပုဏ္ဏားကြီး လောင်းကြေးရှုံးသွားပါတယ်။ ပုဏ္ဏားကြီးဟာ ငွေတစ်ထောင်ရှုံးလို့ စိတ်မချမ်းမသာဖြစ်နေတုန်း ဘုရားလောင်းနွားလားက ပုဏ္ဏားကြီးကို ``ပုဏ္ဏား.. ငါဟာ ဒီအိမ်မှာနေလာခဲ့တာ ကြပါပြီ၊ ငါ့ကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာဆိုတာ၊ သင့်အကျိုး ပျက်ဆီးသွားတယ်ဆိုတာ မရှိဖူးပါဘဲနဲ့ ဘာကြောင့် ငါ့ကို ဒီလိုရိုင်းစိုင်း ကြမ်းတမ်းတဲ့စကားတွေနဲ့ ပြောခိုင်းရတာလဲ… သွားပါ… နောက်တစ်ခါ အသပြာနှစ်ထောင်ကြေး လောင်းကြေးထပ်ပါ။ ပြီးတော့ ငါ့ကို ကြမ်းတမ်းတဲ့ စကားတွေ မပြောမိအောင် သတိထားပါ`` ဟုပြောပြီး အလောင်းအစား ထပ်လုပ်ခိုင်းပါတယ်။ ဒီတစ်ခါတော့ ပုဏ္ဏားကြီးက ``လိမ္မာတဲ့ ချစ်သား… ရုန်းပြလိုက်စမ်းပါ… ကြိုးစားလိုက်စမ်းပါ..`` ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ စကားတွေနဲ့ ခိုင်းတဲ့အတွက် ဘုရားလောင်းနွားလားဟာ အလွယ်တကူပဲ ရုန်းပြပြီး လောင်းကြေးကို အနိုင်ရစေခဲ့ပါတယ်။

ဒီဇာတ်တော်ဟာ မြတ်စွာဘုရားရဲ့ တကယ့်အဖြစ်မှန် အတိတ်ဇာတ်ကြောင်းလေးပါ။ ဒီဇာတ်တော်ကို ကြည့်မယ်ဆိုရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ဘူးဆိုတာ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဥပမာကို သာဓကယူပြီး ကြမ်းတမ်းတဲ့စကားကို မပြောဆိုမိအောင် အထူးသတိပြု ဆင်ခြင်သင့်လှပါတယ်။

မှန်ပါတယ်။ တကယ်တော့ ပါးစပ်ဆိုတာ စားဖို့နဲ့ ပြောဖို့သဘာဝက ဖန်တီးပေးထားတာဖြစ်တဲ့ အတွက် ပါးစပ်ပါရင်တော့ ပြောကြမှာပါ။ အဲလိုပြောတဲ့အခါမှာသာ သတိပြုဆင်ခြင် ပြောဆိုကြဖို့ပါ။ ပါးစပ်ကထွက်တဲ့ စကားဟာ ရိုင်းစိုင်းတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှုတ်ကထွက်တဲ့ စကားကြောင့်ပဲ ဘ၀မှာ ပစ္စုပ္ပန်သံသရာ ကောင်းကျိုးဆိုးကျိုးတွေကို ဖြစ်စေလို့ပါ။ နှုတ်ကထွက်တဲ့စကားဟာ ကုသိုလ်ဖြစ်မယ့်စကားမျိုးဆို ကောင်းကျိုးဖြစ်စေပြီး အကုသိုလ်ဖြစ်မယ့် စကားမျိုးဆို မကောင်းကျိုးကို ဖြစ်စေတဲ့အတွက်ပါ။ စာလိုပြောရင် သုစရိုက်နဲ့ ဒုစရိုက်ပေါ့။ ဗုဒ္ဓစာပေများမှာ စကားနဲ့ပတ်သက်လို့ မုသာဝါဒဆိုတဲ့ မဟုတ်မမှန် လိမ်ညာပြောဆိုတဲ့ စကား၊ ပိသုဏ၀ါစာဆိုတဲ့ ချောပစ်ကုန်းတိုက်တဲ့ စကား၊ ဖရုသ၀ါစာဆိုတဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကား၊ သမ္ဖပ္ပလာပ၀စာဆိုတဲ့ အပေါ့အဖျင်း အနှစ်ကင်းပြီး အကျိုးမရှိတဲ့ စကားများ မပြောဆိုမိဖို့၊ ဒီစကားများကို ရှောင်ကြဉ်ပြီး သမ္မာဝါစာလို့ခေါ်တဲ့ မှန်ကန်တဲ့စကားမျိုး ပြောဆိုဖို့ လမ်းညွှန်ပြသပါတယ်။ သမ္မာဝါစာဆိုတာ ခုနပြောခဲ့တဲ့ စကားတွေရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ မှန်ကန်တဲ့စကား၊ ချောပစ်ကုန်းတိုက်မှုမှ ရှောင်ကြဉ်တဲ့စကား၊ နူးညံ့သိမ့်မွေ့တဲ့စကား၊ အနှစ်ရှိတဲ့စကားတွေကို ပြောတာပါ။

ဟုတ်ပါတယ်။ စကားဆိုတာ ပြောတိုင်းမကောင်းသလို ပြောကောင်းတိုင်းလည်း မပြောရပါဘူး။ တစ်ခါတစ်ရံ ပြောကောင်းကောင်းနဲ့ ပြောနေပေမယ့် ကိုယ်ပြောတဲ့စကားတွေဟာ အနှစ်မရှိ အရေမရ အဖတ်မရ၊ သူလည်းအကျိုးမရှိ၊ ကိုယ်လည်းအကျိုးမရှိတဲ့ စကားမျိုးတွေသာ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ တစ်ဘက်သားကို အပြစ်ပြောတဲ့စကားတွေ ဖြစ်နေတတ်ပြီး တစ်ခါတစ်လေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒီလို အကျိုးမရှိတဲ့ စကားတွေကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေဖြစ်၊ အထင်မှားအမြင်မှားတွေဖြစ်ပြီး နောက်ဆုံးမခေါ်နိုင် မပြောနိုင်ဖြစ်ကုန်ကြတာပါ။ ဒါတွေဟာ အရင်းစစ်လိုက်တော့ စကားကြောင့်ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ရှေးရှေးပညာရှိများဟာ စကားကို လိုမှပြောပြီး မလိုရင်ဘာမှ မပြောဘဲ နေလေ့ရှိကြတာပါ။

မြန်မာ့ဗုဒ္ဓသာသနာ့ သမိုင်းမှာ ရေငုံဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ဆရာတော်ဟာ စာချချိန်၊ တရားဟောချိန်၊ ဆွမ်စားချိန်နဲ့ အိပ်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ပါးစပ်ထဲရေငုံပြီး နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေငုံဆရာတော်လို့ အမည်တွင်ခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုရေငုံထားရတာလဲ ဆိုရင် ပါးစပ်က မလိုအပ်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားတွေ မပြောမိအောင်လို့လို့ ဆိုပါတယ်။ ကြည်ညိုစရာကောင်းလိုက်တဲ့ ရှေးပညာရှိများရဲ့ လုပ်ရပ်တွေဟာ နောင်းလူတွေအတွက် ပညာယူစရာတွေချည်းပါပဲ။ ထားပါတော့။ ပြောချင်တာက စကားနဲ့ ပတ်သက်လို့ပါ။ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းကြားမှာ နေရတဲ့အတွက် ပညာရှိများ၊ ဆရာတော်ကြီးများလို ကိုယ်ကမနေနိုင်ပေမယ့် စကားဆိုတာ သတိထားပြောဆို လေ့ကျင့်မယ်ဆိုရင် အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့လာတတ်ပါတယ်။ အဓိကကတော့ စကားပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ပြီး ပြောဆိုကြည့်ကြဖို့ပါ။ ကိုယ်ကဒီလိုစကားမျိုး၊ ဒီလိုအပြောအဆိုမျိုး မကြိုက်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြောဆိုကြည့်ရင် နှစ်ဦးနှစ်ဘက် အဆင်ပြေတတ်ပါတယ်။ ကိုယ့်ကို အပြစ်ပြောတဲ့စကား၊ ဆဲဆိုကြိမ်းမောင်းတဲ့စကား၊ အကျိုးမရှိတဲ့စကားကို ပြောလာရင် မကြိုက်တတ်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ စကားအပြောအဆို ဆင်ခြင်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး စကားနဲ့ပတ်သက်လို့ ပြဿနာဖြစ်ဖို့ အကြောင်းနည်းသွားတတ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တတ်ပေမယ့် တဖြည်းဖြည်း လေ့ကျင့်မယ်ဆိုရင် အောင်မြင်လာတတ်ပါတယ်။

ဒါကြောင့် ``စကား… စကား… ပြောပါများ စကားထဲက ဇာတိပြ`` ဆိုသလို မဖြစ်ရအောင် စကားပြောဆိုတဲ့အခါ အထူးသတိပြု ဆင်ခြင်ကြဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ပါးစပ်ဆိုတာ အယုတ်တမာကိုလည်း ပြောတတ်၊ အဟုတ်မှန်တာကိုလည်း ပြောတတ်တဲ့အတွက် အယုတ်တမာစကား၊ မဟုတ်မမှန်စကားများ မပြောဖြစ်အောင် ကိုယ်ချင်စာစိတ်လေးများ လက်ကိုင်ထားပြီး နူးညံ့တဲ့စကား၊ အကျိုးရှိတဲ့စကား၊ မှန်ကန်တဲ့စကားတွေ ပြောဆိုတတ်အောင်၊ ပြောဆိုနိုင်အောင် တဖြည်းဖြည်းလေ့ကျင့် ယူနိုင်ကြဖို့ သတိပေးတိုက်တွန်း လိုက်ရပါတယ်။ အားလုံး… စကားပြောတတ်ကြပါစေ…

Read more...

ရဟန္တာ စစ်မစစ်ကို သိနည်း... (အရှင်သြဘာသာဘိဝံသ (မေး+ဖြေ))

အရှင်သြဘာသာဘိဝံသ (မေး+ဖြေ)

ရဟန္တာ စစ်မစစ်ကို သိနည်း...

ဥပုသ်သည်များ သီချင်းဆိုသံကို နားထောင်ကောင်းသလား...

သာသနာတော်၏ ဦးတည်ချက်ပန်းတိုင် ရှိသလား...


Read more...

မိလိန္ဒပဉှာ

မိလိန္ဒပဉှာ

မိလိန္ဒနဲ့ အရှင်နာဂသိန် အမေးအဖြေစာအုပ်ကို မိလိန္ဒပဉှာလို့ခေါ်ပါတယ်။ ကိုသူရိန် လိုချင်တယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။ Scribd မှာ အကောင့်ရှိရင် ဒေါင်းလုပ်ချလို့ ရပါတယ်။ မရှိရင်လည်း အီးမေးပေးပြီး အကောင့် လုပ်လိုက်လို့ရပါတယ်။ အခြားစာအုပ်တွေလည်း ရှိပါတယ်။ စိတ်ဝင်စားရင် အကောင့်လုပ်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။

Scribd အကောင့်မလုပ်ချင်ပါဘူး ဆိုရင်လည်း ပိဋကတော် မြန်မာပြန်မှာ ဖတ်လို့ရပါတယ်။ သုတ္တန်ပိဋက ခုဒ္ဒကနိကာယ် မှာ မိလိန္ဒပဉှာကျမ်းပါ ပါတယ်။ မိလိန္ဒပဉှာကျမ်းဟာ ဘုရားဟော ကျမ်းဂန်မဟုတ်သော်လည်း ခေတ်အဆက်ဆက်က ထေရဝါဒ ဆရာတော်ဘုရားကြီးတွေအနေနဲ့ ပိဋကတော်နဲ့ တန်းတူ တန်ဖိုးထား လေ့လာခဲ့ရတဲ့ ကျမ်းဖြစ်လို့ နောက်ပိုင်းမှာ သင်္ဂါယနာစာရင်းဝင် ကျမ်းတစ်စောင်ဖြစ်လာခဲ့ပါတယ်။

Mi Linda Pan Ha 1

Read more...

Our Deepest Sympathy to Italy Deadly Earthquake




My Respected Ajhan Chandapalo (Santacittarama,Rome) and Unicam Community(University of Camerino, Italy),

As you know, 2008 May 2 nd and 3rd, My country ,Myanmar was terribly devastated by tropical cyclone Nargis according to the red line direction.Cyclone Nargis (JTWC designation: 01B, also known as Very Severe Cyclonic Storm Nargis), was a strong tropical cyclone that caused the worst natural disaster in the recorded history of Myanmar.

Nargis is the deadliest named cyclone in the North Indian Ocean Basin, as well as the second deadliest named cyclone of all time, behind Typhoon Nina of 1975. Including unnamed storms like the 1970 Bhola cyclone, Nargis is the 8th deadliest cyclone of all time, but an uncertainty between the deaths caused by Nargis and those caused by other cyclones (like the 1991 Bangladesh cyclone), could put Nargis as 7th deadliest or higher, because the exact death toll is unknown.

At that time all of you were kind and helped to us.
We are staying together under the one roof of sky. We feel warm that all of us are family members in global home.
Wherever may be .
Whoever may be.
Whatever may be.
We can join our hands and overcome together the natural disaster which is always threatening to us.
Your kindness could save the many lives and educate to orphans from tropical cyclone Nargis.
On behalf of Pilot Sayadaw and Myanmar nationality,I would like to express my heartfelt thanks to you.

Your sharing kindness and great compassion were firmly recorded not only in our hearts but also in world history. We shall never forget about this throughout our lifetime.

This morning I heard the news of Italy deadly earthquake in L’Aquila made us shocked and sorrowful. We deeply compassionate and sympathize on pitiful victims. We could imagine the terrible situation like the same hard period of our Nargis.

They slept last night without knowing their near future was coming with bad fortune. Dreadful sorry for them. Now we are praying and disseminating our deepest loving kindness and wishes to them.

Please kindly accept our Metta (Loving Kindness) and wishes.

May all of the victims be free from enmity and danger.
May all beings be cheerful and be endowed with a happy secure life.
May all beings be free from affliction, anxiety and live happily.

GRAZIE MILLE.

Read more...

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၀

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၀

ဘော်ပတန်းရွာတွင်

ဘော်ပတန်းရွာကလေးသည် မြောက်ဘက်- အနောက်ဘက်- အရှေ့ဘက်တို့တွင် တောင်တန်းကြီးများဖြင့် သုံးဘက်သုံးတန် ကာရံခြင်းခံထားရသည်၊ တောင်ဘက် တစ်ခုသာလျှင် အလွတ်ဖြစ်သည်။ ရွာတွင်းသို့မ၀င်မီ ရွာပြင်ဘက်အနီးတွင် တောင်တန်းနံရံကို ကျောပေးမှီလျက် ကျောက်လိုဏ်ဂူကြီး တစ်ခုရှိ၏။ တောင်ခုလတ်မှ အထက်ပေ(၂၀၀)ခန့် ခပ်ပြေပြေမော့၍ တက်လျှင် ကျောက်ဂူပေါက်ဝသို့ရောက်သည်၊ မြင့်မားသော တောင်တန်းကြီး၏ တစ်ဝက်ခန့် (တောင်ကမ်းပါးယံ)တွင်တည်ရှိသည်။ ကျောက်ဂူကြီးအတွင်းတွင် ကျောက်တိုင်ကြီး-၃ခုရှိသည်၊ ၎င်းကျောက်တိုင်ကြီးများထိပ်တွင် ကွမ်းသီးခြမ်းသဏ္ဌာန် ကျောက်တုံးကြီးက အမိုးအဖြစ်တည်နေသည် (ကျောက်တိုင်ကြီးများမှာ ဖိုခနောက်ဆိုင်ဟု ယူဆမိပါသည်)။ ၀န်းကျင်တွင်မှ တောင်မြေ၊သဲမြေ ကျောက်မြေတို့ဖြင့် ညှပ်လျက် ပြည့်သိပ်အောင် ပတ်ကာထားသည်၊ အတွင်းဘက်၌ အလျား ၁၅-ပေ၊ အနံ ၁၀-ပေ ခန့်၊ အမြင့်အားဖြင့် လူ့တစ်ရပ်ခွဲကျော်ရှိ၍ တိုက်ခန်းမ သဖွယ် ဖြစ်နေသည်။


ကျောက်လိုဏ်ဂူကြီး၏ အနေအထားကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် ဆရာတော်၏မျက်နှာတော်မှာ ပြုံးရွှင်လာခဲ့သည်။ ထို့နောက် ဆရာတော်သည် ထိုကျောက်ဂူကြီးအတွင်း၌ပင် နေထိုင်၍ တရားအားထုတ်ရန် ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်လေသည်။ သို့ရာတွင် ဒကာ-ဒကာမများအဖို့ကား ဂူအတွင်းမှာချည်း ဆရာတော်အောင်းနေလျှင် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်သဖြင့်၊ လိုဏ်ဂူကြီးအနီး ရှေ့မျက်နှာစာ ဆင်ခြေလျှော မြေပြန့်တွင် ယာယီတဲကျောင်း ဆောက်လုပ်ပေးကြသည် (ဆွမ်းကပ်သောအခါ ထိုတဲကျောင်းကလေးပေါ်တွင် ကပ်လှူကြသည်)။ ဆရာတော်သည် နံနက်အစောပိုင်းတွင် ယာဂု(ဆန်ပြုတ်) ဘုန်းပေးသည်၊ နေမြင့်ချိန် ၁၀-နာရီခွဲလောက်တွင် ဟင်းတစ်ခွက်စ၊ နှစ်ခွက်စဖြင့် ဆွမ်းဘုဉ်းပေးတော်မူသည်။ ဦးဘိုးလုံ-ဒေါ်ကူးတို့က တာဝန်ယူချက်ပြုတ် ကပ်လှူသည်။ နောက်ပိုင်းတွင် ဆရာတော်၏ သတင်းကိုကြားသဖြင့် ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံတို့ မိသားစုပါ ဘော်ပတန်းရွာလေးသို့ ရွှေ့ပြောင်းလာကြသည်။ ဒေါ်ဒေါ်ဖုံ၏ သားဖြစ်သူ ကိုမြင့်နှင့် သားသမက် ကိုအောင်ကျော်တို့သည် နီးစပ်ရာရွာများသို့ သူခိုးဓားပြများ၏ဘေးရန်၊ သားရဲတိရိစ္ဆာန်များ၏ ဘေးရန်များအကြားမှ အရဲစွန့်ပြီး ဆွမ်းကိစ္စပြည့်စုံစေရန် ဆန်၊ဆီ၊ဆားတို့ကို ထမ်းပိုးသယ်ဆောင်ကြလေသည်။ ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံ နှင့် သမီး မစိန်စိန်၊ မလှလှ တို့က ချက်ပြုတ်ကပ်လှူကြသည်။ ၁၃၀၄-ခုနှစ် ပထမ၀ါဆိုလဆန်းပိုင်းက စ၍ ကျောက်လိုဏ်ဂူကြီးအတွင်း ရောက်နေတော်မူပြီး၊ ဆွမ်းဘုဉ်းပေးချိန် ယာယီတဲကျောင်းကလေးသို့ ကြွလာရုံမှအပ လိုဏ်ဂူကြီးအတွင်း အချိန်များစွာ သီတင်းသုံးတော်မူသည်။(သက်တော် ၄၃-နှစ်၊ သိက္ခာ ၂၄-၀ါဖြစ်ပါသည်)


အချိန်တို့သည် တရွေ့ရွေ့ပြောင်းလွှဲလာခဲ့ပေပြီ။ ဆောင်းတွင်းပိုင်း၊ မိုးတွင်းပိုင်းတို့၌ အုံ့မှိုင်း ထုံထိုင်းနေတတ်သည်၊ အေးစိမ့်၍လည်း နေတတ်သည်၊ ထိုအခါမျိုးတွင် တစ်ခါတစ်ရံ ဆရာတော့်မှာ နှာစေးဝင်လာတတ်သည်၊ နှာရည်တွေ ပျော်ဆင်းပြီး အနေခက်ရသည်။ ယင်းသို့ဖြစ်လာလျှင် ဂူအပြင်ထွက်ပြီး ‘အခိုးပွင့်ဆေး’ အကပ်ခိုင်းရလေသည်။ ကမ္ဘာ့အရှေ့ဖျား၊ အနောက်ဖျား စစ်မီးတောက်ကြီးတွေ ငြိမ်းသွားသည့်အခါ၊ မိုးကုတ်မြို့သူ မြို့သားတို့လည်း နီးစပ်ရာ တောရွာများသို့ ပုန်းအောင်းနေရာမှ ကိုယ့်အိမ်ကိုယ် ပြန်ဖို့ ပြင်ကြလေတော့သည်။ ၁၃၀၇-ခုနှစ်၊ တော်သလင်းလ (၁၉၄၅-ခုနှစ်၊စက်တင်ဘာလ) ထဲတွင် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံတို့ မိသားစုလည်း ဘော်ပတန်းမှ မြို့ပေါ်သို့ ပြန်ရန် ပြင်ဆင်ကြကုန်သည်၊ ဆရာတော်အားလည်း တပါတည်းကြွရန် ပင့်ကြသောအခါ၊ ဆရာတော်က ‘သီတင်းကျွတ်မှ လိုက်လာမည်’ဟု မိန့်တော်မူလေသည်။

ဘော်ပတန်းရွာ ကျောက်လိုဏ်ဂူကြီးအတွင်းသို့ ဆရာတော် ၀င်ခဲ့သည်မှာ ၁၃၀၄-ခုနှစ် ၀ါဆိုဦးက ဖြစ်၍၊ ဂူအတွင်းမှာပင် သီတင်းသုံး၍ တစ်ဝါကျွတ်ခဲ့သည်။ ၁၃၀၅-ခုနှစ်ဝါတွင်း၊ ၁၃၀၆-ခုနှစ် ၀ါတွင်း၊ ၁၃၀၇-ခုနှစ်ဝါတွင်း တို့၌လည်း ဂူအတွင်းမှာပင် သီတင်းသုံး၍ လေးနှစ်လေးမိုးတိုင်ခဲ့လေသည်။ ဆရာတော်သည် ကျောက်လိုဏ်ဂူကြီးအတွင်း ခိုင်ခိုင်ကြံ့ကြံ့ ကြိုးစားခဲ့ရသည်၊ လုံ့လပြင်းထန် အားတင်းခဲ့ရသည်။ ဆရာတော့်တွင် အတွင်းမီးတွေ ငြိမ်းအေးကုန်ကြပြီထင်သည်၊ ကြည်လင်ဝင်းစိုသော ကိုယ်ခန္ဓာ၊ လန်းရွှင်အေးမြသော မျက်နှာတော်ဖြင့် ရှိနေသည်။ မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလသည် ၁၃၀၇-ခုနှစ်၊ သီတင်းကျွတ်၊ သက်တော် ၄၆-နှစ်၊ သိက္ခာတော် ၂၇-၀ါတွင် ကိုယ်တွင်း ရန်သူတွေနှင့် တိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်တန်သည်၊ အောင်ပွဲရပုဂ္ဂိုလ်တို့၏ မျက်နှာထားအတိုင်း ၀င့်ဝင့်ကြွားကြွား မားမားမတ်မတ်ဖြင့် ဂူအတွင်းမှ ထွက်ကြွတော်မူလာသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP