ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအစီအစဉ်
ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်း ဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။
၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)
၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ
၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ
၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
Tuesday, November 24, 2009
ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြပါမည်။
၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၇)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်
ကုသိုလ်အလှူရှင်- ကိုရဲထွဋ်+မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ။
နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။
နိုဝင်ဘာလ (၂၄)ရက် သတင်း။
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။ အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။
ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။
ှ
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
Read more...