* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 13, 2009

အသိပညာကိုတို့ထိခြင်း

ရူပဗေဒပညာရှင် အများစုအနေနှင့် မဟာပေါက်ကွဲမှုကြီးကို စကြာဝဠာ၏အစအဖြစ် မလွဲမရှောင်သာ လက်သင့်ခံထားရသည်။ သို့သော် စနိုးစနောင့် ဖြစ်နေသူများလည်း အတော်များများရှိသည်။ Discover မဂ္ဂဇင်းတွင်မူ ဆောင်းပါးရှင် ဆီယမ် (Sean) က "စကြာဝဠာရဲ့ ပြန့်ကားမှုသာ အနန္တ ဖြစ်မယ် ဆိုလျင် ကျုပ်တို့အနေနဲ့ မဟာပေါက်ကွဲမှုကြီးကို ဘာအတွက် အလိုရှိဦးတော့မလဲ။ အတိတ်တုန်းကလည်း စကြာဝဠာရဲ့ ပြန့်ကားမှုဟာ အနန္တဖြစ်နိုင်တာပဲ။ (ဒါကြောင့် စကြာဝဠာဟာ အစမလိုဘဲ) ပြန့်ကားမှု သက်သက်ချည်းသာ ရှိမနေနိုင်ဘူးလား" ဟု မေးခွန်းထုတ်ခဲ့သည်။


ဒေးဗစ်ရှိဂါ (David Shiga ) ကလည်း New Scientists မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ထိုနည်းနှင်နှင် မေးခွန်းများပါသည့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။ "ဟုတ်ပါတယ်။ ကျုပ်တို့အနေနဲ့ မဟာပေါက်ကွဲမှုလို ဟာမျိုး ဖြစ်ခဲ့တယ်လို့ သိကြပါတယ်။ ဒါပေမဲ့ သီဝရီအရ အရေးအကြီးဆုံး အချက်တွေကို မရှင်းပြနိုင်ပါဘူး။ ဘာကြောင့် မဟာပေါက်ကွဲမှု ဖြစ်ရသလဲဆိုတာမျိုး။ အဲဒီမဟာပေါက်ကွဲမှုဖြစ်တဲ့အချိန်က "အခြေအနေ"ဟာ ဘယ်လိုဖြစ်မလဲဆိုတာမျိုး။ နောက် တခြားအရေးကြီးတဲ့ အချက်တွေပေါ့ဗျာ"တဲ့။

ဥာဏ်စွမ်းအားကြီးသော လူသန်ကြီးများ အချင်းချင်း သတ်ပုတ်နေသည်ကို မြင်ရသည်မှာ ကြည်နူးဖွယ် ဖြစ်ပါသည်။ သို့ဆိုသဖြင့် ဤစကားကို မလိုတမာစကားဟု မမှတ်ယူသင့်ပါ။ ချီးမွမ်းသောစကားဟုသာ မှတ်ယူသင့်ပါသည်။ စင်စစ် ထာဝရပိုင်စိုးသော အရှင်သခင်၏ ထူထဲသော မျက်မှောင်နှစ်ခုကြားတွင် ဒူးတုပ်နေခြင်းထက် လွတ်လပ်စွာ သတ်ပုတ်နေသည်က များစွာမွေ့လျော်ဖွယ် ကောင်းသည်မဟုတ်လော။ လွတ်ပါလေ့။ လပ်ပါလေ့။ အသိပညာမှာ အကန့်အသတ်သည် မရှိ။ စကြာဝဠာက အကျယ်ကြီးပဲ ဖြစ်ပါသည်။

အသိပညာကို ရှာဖွေလိုခြင်းသည် လူ့သားတို့၏ ဆန္ဒတစ်မျိုးပင် ဖြစ်မည် ထင်ပါသည်။ သို့တည်းမဟုတ် လူသားတို့၏ ဓမ္မနှင့်အညီ နေလိုသောဆန္ဒ၏ အသီးအပွင့်ရလာဒ်တစ်မျိုး ဖြစ်မည်ထင်ပါသည်။ လူသားတို့တွင် ငွေကြေး၊ စည်းစိမ်ပြည့်စုံလိုသော ဆန္ဒ၊ အချွေအရံသင်းပင်း ပြည့်စုံလိုသော ဆန္ဒတို့ ရှိသည့်နည်းတူ မှန်ကန်သော ဒဿန၊ ဓမ္မတို့နှင့်အညီ နေထိုင်လိုသောဆန္ဒ တို့လည်း ရှိသည်ဟု ဦးရွှေအောင်၏ ဗုဒ္ဓသို့မဟုတ်လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင် စာအုပ်တွင် ဖော်ပြထားပါသည်။ "မှန်ကန်သော ဒဿနနှင့် တရားဓမ္မများနှင့် အညီနေထိုင်လိုသည် သို့မဟုတ် နေထိုင်သည်ဟု အထင်ခံလိုသော ဆန္ဒရှိကြသည်"ဟု စိတ်ပညာရှုထောင့်က ဖြည့်စွက်၍ ဆိုကောင်းဆိုနိုင်ပါမည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းသော ဒဿနနှင့် ဓမ္မများကို ကိုင်စွဲထားသူများကလည်း မိမိတို့သည် မှန်ကန်သော ဒဿနနှင့် ဓမ္မများကို ကိုင်စွဲထားပါသည်ဟု ယုံကြည်လေ့ရှိသောကြောင့် ဖြစ်သည်။

ဂျက်လန်ဒန်၏ ပင်လယ်ဝံပုလွေ စာအုပ်ရှိ ပင်လယ်ဓားပြခေါင်းဆောင် လာဆင်ကမူ "နိုင်သောသူသာအမှန်" ဟူ၍ ယုံကြည်ပါသည်။ ပင်လယ်ဓားပြသဘောင်္တွင် နိုင်သောသူ၏ စကားသည်သာလျင် အမှန်ဖြစ်၍ နိုင်သောသူသည်သာလျှင် တရားမျှတသူဖြစ်သည်ဟု လာဆင်က ခံယူသည်။ လာဆင်၏ ပွင့်လင်းမှုကြောင့် သူ့ဒဿန၏ အော်ဂလီဆန်စရာ ကြမ်းကြုတ်မှုကို ကျွန်တော်တို့ မြင်တွေ့ရသော်လည်း ဤဒဿနသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ ပုန်းလျှိုးကွယ်လျှိုးဒဿန တစ်ရပ် ဖြစ်တာကိုလည်း တွေ့မြင်ရပါမည်။

ဤဒဿနကို တောရိုင်းဥပဒေဟု ပညာရှင်များက ခေါ်ဆိုကြသည်။ တောကောင်များနှင့် မပတ်သက်သော တောရိုင်းဒဿနတစ်ရပ် ဖြစ်ပါသည်။ မြို့ရိုင်းဒဿနသို့မဟုတ် လူရိုင်းဒဿနဟု ပိုမိုခေါ်ဆိုထိုက်သည် မှန်၏။ သို့ရာတွင် တောရိုင်းဒဿနဟု ခေါ်ဆိုခြင်းက ပိုမို၍ တောရိုင်းဒဿန ဆန်ပါသည်။

မည်သို့ဖြစ်စေ ဒဿနဟူ၍ ဖြစ်လာခဲ့လျှင်မူ ယုတ္တိရှိသော အကြောင်းပြချက်များ ပါဝင်လာပြီး ဖြစ်ပါသည်။ ဒဿနများသည် အချင်းချင်း ထိုးခုတ်လျှင် ထိုးခုတ်ကြမည်။ထိုးခုတ်နေသော ဒဿနမျာသည် အသိပညာရှာဖွေလိုသော စေတနာ၏ အသီးအပွင့်များ ဖြစ်နေသည်ကိုတော့ အသိအမှတ် ပြုကြရပေမည်။

အသိပညာကို ရှာဖွေမှုတိုင်းတွင်မူ နိယာမများ(Laws)နှင့် ပရမတ္တသစ္စာ( Ultimate truth)ကို ရှာဖွေလိုခြင်းတည်းဟူသော မျှော်မှန်းချက်များ ရှိကြပါသည်။ ဤမျှော်မှန်းချက်ကို ပြည့်မြောက်အောင်မြင်သည် မအောင်မြင်သည်ကမူ တစ်ပိုင်းဖြစ်သည်။ သို့မဟုတ် မျှော်မှန်းချက်မှ ကင်းဝေးသွားခြင်း မသွားခြင်းက တစ်ပိုင်းဖြစ်သည်။ သိပ္ပံနည်းကျ အသိပညာရှာဖွေသူများကမူ အချက်လေးချက်ကို စီကာစဉ်ကာ လုပ်ဆောင်ကြသည်။ (၁)အခြေအနေ ဖြစ်ရပ်များကို လေ့လာသည်။ (၂)အဆိုကြမ်း ထုတ်သည်။ (၃)သက်သေများ စုဆောင်းသည်။ (၄)ရရှိသော သက်သေများဖြင့် အဆိုကြမ်းကို သက်သေပြသည်။ သက်သေပြပြီးသော ဒဿနကို တစ်စိတ်တစ်ဒေသအားဖြင့် ယုံကြည်ကြရပါသည်။ သို့ရာတွင် အသိပညာရှာဖွေမှု၏ ဆုံးခန်းတိုင်မှုကိုမူ ကျွန်တော်တို့အနေနှင့် မြင်တွေ့စရာအကြောင်း မရှိပါ။ မောက္ခကိုမရမချင်း ရှာဖွေနေရဦးမည် ပင်ဖြစ်ပါသည်။

မောက္ခသည် လွတ်မြောက်ခြင်းပင် ဖြစ်ပါသည်။ အမှန်တရားကို ဆုံးခန်းတိုင်သိမြင်လျှင် မောက္ခကိုရသည်ဟု ပညာရှင်အများက ယုံကြည်ကြပါသည်။ တနည်းအားဖြင့် အဆုံးစွန်သောအမှန်တရားကို သိမြင်ခြင်းသည် လွတ်မြောက်ခြင်းပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ အဆုံးစွန်သောအမှန်တရားကို ပရမတ္ထသစ္စာဟု ပါဠိလိုခေါ်ဝေါ်ကြပါသည်။ အင်္ဂလိပ်လို Ultimate truth ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ဤစကားအရ ပရမတ္ထသစ္စာကို သိမြင်ခြင်းသည် မောက္ခဖြစ်သည်ဟု ဆိုလိုရာရောက်သည်။

ထေရ၀ါဒဗုဒ္ဓဒဿနတွင်မူ ပရမတ္ထသစ္စာကို စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန်ဟု ပြဆိုထားသလို ယင်းပရမတ္ထသစ္စာအား နားလည်မှုကို သစ္စာလေးပါးဖြင့် ပြဆိုပါသည်။ သိ၊ပယ်၊ဆိုက်၊ပွား ဟူ၍ ဖြစ်သည်။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း၊ မဂ္ဂသစ္စာကို ပွားများမှုပြီးဆုံးခြင်းတို့သည် မဂ်ဥာဏ်ဖြစ်သော ခဏတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ပါသည်။ သိခြင်းနှင့် ဆိုက်ခြင်း၊ပယ်ခြင်း၊ပွားခြင်းတို့သည် (နောက်ဆုံးအဆင့်တွင်) တစ်ပြိုင်နက်တည်း သို့မဟုတ် အတူတူပင် ဖြစ်သည်ဟု ဆိုလိုပါသည်။ နိယာမနှင့် ပရမတ္တကို ရှာတွေ့ခြင်းသည် လွတ်မြောက်ခြင်း ဖြစ်ရမည်ဟူ၍ လူတိုင်းလူတိုင်းက နားလည်လက်ခံထားကြသည်။ လက်ခံထားသည့်အတိုင်းလည်း အသိပညာကိုရှာဖွေရာတွင် အဆုံးစွန်သော အမှန်တရားကို ရှာဖွေဖို့ ရည်မှန်းချက်ထားကြသည်။ သို့ရာတွင် နိယာမနှင့် အဆုံးစွန်သောအမှန်တရား သည် လွတ်မြောက်ခြင်းနှင့် မသက်ဆိုင်ဟု ယူဆသော ဒဿနရှင်အချို့ကိုလည်း အံ့သြစဖွယ် တွေ့မြင်နိုင်ပါသည်။

အဆိုပါဒဿနရှင်များကမူ အရိယသစ္စာသည် ပရမတ္ထသစ္စာမှ အခြားတစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် အဆုံးစွန်သော အမှန်တရားအား သိမြင်မှုကို လွတ်မြောက်မှုမဟုတ်ဟု ဆိုရာရောက်သဖြင့် ယင်းပုဂ္ဂိုလ်တို့အဆိုပြုသော အရိယသစ္စာကို "ယုံကြည်မှု (faith)" အဖြစ်သာ ဖွင့်ဆိုရတော့မည်ဖြစ်ပါသည်။ တနည်းဆိုရလျှင် မိမိယုံကြည်ချင်သော တရား ကိုရရှိဖို့ စကားလုံးများကို စီစဉ်၍ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်အမိန့်ပေးကာ ယုံကြည်ခိုင်းသော auto-suggestion နည်းကို သုံးစွဲနေခြင်းဟု မှတ်ယူဖွယ်ရာသာ ဖြစ်ပါသည်။ ဤနည်းအားဖြင့် ဒဿနကင်းမဲ့သော ဒဿနရှင်များ အဖြစ်သို့ ရောက်ရှိနေကြကြောင်း တွေ့မြင်ရနိုင်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာအလိုအရမူ ပရမတ္ထကို သိမြင်ခြင်းဖြင့် လွတ်မြောက်ခြင်းကို ရရှိနိုင်ကြောင်း သိရပါသည်။ ပရမတ္ထသစ္စာကို ထိုးထွင်း၍ သိမြင်နိုင်ဖို့ ထူးကဲသော ဥာဏ်စွမ်းရည်မျိုး မလိုအပ်ပါ။ မိမိ၏ ကိုယ်အမူအရာ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ကို သတိထားစောင့်ကြည့်ဖို့သာ လိုအပ်ပါသည်။ ကိုယ်၊နှုတ်၊စိတ်သည် ပညတ်သာလျှင် ဖြစ်သဖြင့် အချို့က မရှုမှတ်အပ်ဟု ယူဆကြသည်လည်း ရှိပါသည်။ သို့ဆိုလျှင် ကိုယ်၊နှုတ်စိတ်တို့ကိုသာ မြင်တွေ့နေရသော,သာမန်ပုဂ္ဂိုလ်အား ကိုယ်နှုတ်စိတ် အမူအရာတို့ကို မရှုမှတ်ခိုင်းဘဲ ဘယ်အရာကို ရှုမှတ်ခိုင်းမည်နည်း။ စင်စစ် ထင်ရှားပေါ်လာသော ရုပ်နာမ်ဓမ္မတို့၏ ပရမတ္ထသစ္စာ သဘောကို သမာဓိအဆင့်အတန်းအရ အဆင့်ဆင့် သိမြင်ခြင်းသည်သာ သဘာဝအကျဆုံး နည်းစနစ် ဖြစ်ပေသည်။ ပုဂ္ဂိုလ်၏ အလိုဆန္ဒဖြင့် ပရမတ္တသစ္စာပါဟု စိတ်ကူးယဉ်ပုံဖော်ကာ ယုံကြည်ခိုင်းရုံနှင့် ဘာဝနာအမှုပြီးပြည့်စုံသည်ဟု ယူဆရန် အကြောင်း ယုတ္တိသည်မရှိပါ။

သို့ရာတွင် ဤနေရာသည် ထိုမျှအထိဆွေးနွေးရန် အခွင့်သင့်သော နေရာမဟုတ်ဘဲ အသိပညာရှာဖွေခြင်း၏ တစ်စိတ်တစ်ဒေသကို ဖွင့်ထုတ်ရန်နေရာသာလျှင် ဖြစ်ပါသည်။ သို့ဖြစ်၍ အသိပညာကို တို့ထိခြင်းဟုသာ ခေါင်းစဉ်တပ်ပါသည်။ တစ်ဖက်တွင်မူ "Little knowledge is dangerous" ဟူသော စကားကို များစွာသတိရမိပါသည်။ လောကနီတိ ဆရာကလည်း "အပ္ပပညော မဟာသကော အပ္ပပူရော ဃဋောခေါဘေ (ညံ့လွန်းလျင်လည်း အန္တရာယ်မရှိ။ တော်လွန်းရင်လည်း အန္တရာယ်မရှိ။ မညံ့တညံ့(၀ါ) မကျက်တကျက်သာ အန္တရာယ်ရှိသည်)"ဟုဆိုထားပါသည်။ ထိုစကားအရ အသိပညာကို အစွမ်းကုန် နှိုက်ထုတ်၍ မသုံးသပ်ဘဲ အပေါ်ယံမျှ တို့ထိပြခြင်းသည်လည်း အကယ်အားဖြင့် အန္တရာယ်များစွာရှိကြောင်း သိရသည်။ တစ်ဖန် တိုက်ရိုက်ပြောဆိုခြင်းသည် ရသကို ဖျက်ဆီးပစ်၍ ရသနောက်ကို လိုက်လျောမှုက ဆိုလိုရင်းကို ပွန်းပဲ့စေတာကိုလည်း သတိပြုရပါသည်။

စာရေးသူကား ကြိုးတန်းပေါ်လမ်းလျှောက်နေသူတစ်ဦး ဖြစ်ပါတော့သည်။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP