* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, September 2, 2009

ဗုဒ္ဓယဉ်ကျေးမှု သင်ခန်းစာ ( ၁+၁ )

( ကလေးများ သရဏဂုံ ယူနိုင်ပုံ )
ကလေးများသည် ဘုရား တရား သံဃာတော်များ ဂုဏ်တော်များကို မသိသော်လည်း သရဏဂုံ ကိုးကွယ်မှုစိတ်ထား ဖြစ်နိုင်ပါသည်။ ဗောဓိမင်းသား၏ မယ်တော်သည် မင်းသားကို ကိုယ်ဝန်ဆောင်စဉ် ဘုရားရှင်နှင့်ဖူးတွေ့၍ တပည့်တော်၏ ကိုယ်ဝန်သူငယ်သည် ဘုရား, တရား, သံဃာတော်ကို ကိုးကွယ်ပါ၏-ဟု ကိုယ်ဝန်အတွက် သရဏဂုံ ယူဖူး၏။ ထို့နောက် ဖွားမြင်ပြီး၍ အထိန်းတော်သည် မင်းသားကလေးနှင့်အတူ ဘုရားအထံရောက်သောအခါ ရင်ခွင်၌ရှိသော ဗောဓိမင်းသားသည် ဘုရား, တရား, သံဃာတော်ကို ကိုးကွယ်ပါ၏-ဟု လျှောက်ပြန်၏။
ဤ၀တ္ထုကိုထောက်လျှင် ဂုဏ်တော်ကို မသိသော်လည်း သရဏဂုံယူသော ရှေးထုံး ရှိ၏ဟု သိနိုင်ပါသည်။
( ဗုဒ္ဓ-၁၅-၁၆ )

( ငါးပါးဦလ တောင်းခံပုံ ပါဠိ မြန်မာ )
( လူများ ) အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-

အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ငါးပါးသီလခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

( ဘုန်းကြီး ) ယမဟံ ၀ဒါမိ တံ ၀ဒေထ။
( လူများ ) အာမ ဘန္တေ။
ယမဟံ ၀ဒါမိ-အကြင်စကားကို ငါဆို၏။ တံ ၀ဒေထ-ထိုစကားကို လိုက်၍ဆိုကြ။ ( ငါဆိုတာကို လိုက်ဆိုကြ )။
အာမ ဘန္တေ-မှန်ပါ အရှင်ဘုရား။

( ဘုရားရှိခိုး ပါဠိအနက် )
( ဘုန်းကြီး ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
( လူများ ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အရဟတော-ပူဇော်အထူးကို ခံယူတော်မူထိုက်သော။သမ္မာသမ္ဗုဒ္ဓဿ-အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော။ တဿ ဘဂ၀တော-ထိုမြတ်စွာဘုရားအား။ နမော-ရှိခိုးပါ၏။

( သရဏဂုံဆောက်တည်ပုံ ပါဠိ မြန်မာ )
( ဘုန်းကြီး ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
ဘုရားရှင်ကို ကိုးကွယ်ပါ၏ တရားတော်မြတ်ကို ကိုးကွယ်ပါ၏။ သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

( လူများ ) အထက်ပါနည်းအတိုင်း လိုက်ဆိုရန်။

( ဘုန်းကြီး ) သရဏဂမနံ ပရိပုဏ္ဏံ။( သင့်သန္တာန်မှာ သရဏဂုံ ပြည့်စုံပြီ၊ သရဏဂုံ တည်ပြီ )
( လူများ ) အာမ ဘန္တေ။

( ငါးပါးသီလ ပါဠိ မြန်မာ )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏အသက်ကို သတ်ခြင်းမှ ရှောင်ာကဉ်ပါ၏။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မူးယစ်မေ့လျော့စေတတ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
( ရတနာ့ဂုဏ်ရည် )

( ဘုန်းကြီး ) အပ္ပမာဒေန သမ္ပာဒေထ။
( လူများ ) အာမ ဘန္တေ။

( ငါးပါးသီလ အကျိုး အပြစ် လင်္ကာ )
၁။ ပါဏာတိပါတ်, သူ့သက်သတ်က, ချို့တတ်အင်္ဂါ, မွဲပြာရုပ်သွင်, အားအင်ယိုယွင်း, လျင်ခြင်းလည်းဝေး, ဘေးကိုကြောက်တတ်, အသတ်ခံရာ, အနာများလျက်, ခြွေရံပျက်၍, အသက်တိုလျ, ပြစ်များစွာ့သည်, ရှောင်က အပြန် အကျိုးတည်း။( ရတနာ့ဂုဏ်ရည် )

( ကြည့်ရှုရန် အဓိပ္ပါယ် )
ပါဏာတိပါတပြုလျက် သူ့အသက်ကို သတ်လို့ရှိက-
၁။ မျက်စိ, နား, နှာခေါင်း, အင်္ဂါခြေလက် ချို့ယွင်းတတ်ခြင်း။
၂။ ဖြစ်ရာဘ၀၌ ရုပ်အသွင် မွဲပြာခြောက်ညှိုး၍ စိုစိုပြည်ပြည် မရှိတတ်ခြင်း။
၃။ အားအင်ယိုယွင်းခြင်း (အားနည်းခြင်း)။
၎။ လျင်မြန်ဖျတ်လတ်မှု ကင်းဝေးခြင်း။
၅။ ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း။
၆။ သူများအသတ်ကို ခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည် စားသောက်လျက် သေရတတ်ခြင်း။
၇။ အနာရောဂါ များတတ်ခြင်း။
၈။ အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက် တိုတတ်ခြင်း-
ဤသို့စသည်ဖြင့် အပြစ်တွေ များလှလေ၏။

၂။ အဒိန္နာဒါ, ခိုးမိပါမူ, ဥစ္စာနည်းမွဲ, ဆင်းရဲငတ်ဘိ, လိုရှိ မရ, ဘောဂပျက်စီး, ရေ မီး သူခိုး, မွေခံဆိုးနှင့်, မင်းဆိုးအပြား, ရန်မျိုးငါးကြောင့်, ပျက်ပြားဥစ္စာ, ပြစ်များစွာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
အဒိန္နာဒါနကို ပြုမိသူသည်-
၁။ မွဲတတ်ခြင်း။
၂။ ဆင်းရဲတတ်ခြင်း။
၃။ ငတ်မွတ်ခြင်း။
၎။ အလိုရှိသော အရာကို မရနိုင်ခြင်း။
၅။ ကူးသန်းရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့် စည်းစိမ် ပျက်စီးတတ်ခြင်း။
၆။ ရေ, မီး, သူခိုး, အမွေခံ သား-သမီးဆိုး, မင်းဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း။
ဤမကောင်းမှု အကျိုးများကို ရတတ်၏။

( ၃ ) မိစ္ဆာစာရ, လွန်ကျူးကလည်း, မုန်းကြသူများ, ရန်သူပွား၍, ရှားပါးလာဘ်တိတ်, ချမ်းသာဆိတ်၏, ဣတ္ထိပဏ္ဍုက်, မျိုးယုတ်ခါခါ, မျက်နှာမလှ, အရှက်ရလျက်, လက္ခဏဣနြေ္ဒ, ယွင်းသွေချို့သိမ်, စိုးရိမ်များစွာ, ချစ်သူကွာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
ကာမေသုမိစ္ဆာစာရ အာကြီးသောသူသည်-
၁။ မလိုမုန်းထားသူ ပေါများခြင်း။
၂။ မုန်းရုံမက ရန်သူလည်း ပေါများခြင်း။
၃။ လာဘ်ပစ္စည်းများ ရှားပါး တိတ်ဆိတ်ခြင်း။
၎။ ချမ်းသာမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမ ဖြစ်ရခြင်း။
၆။ မိန်းမ မဟုတ်-ယောက်ျား မဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း။
၇။ ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။
၈။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။
၉။ အင်္ဂါလက္ခဏာ ဣနြေ္ဒ ချို့ယွင်းသေးသိမ်ခြင်း။
၁၀။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။
၁၁။ ချစ်သူနှင့် ကွေကွင်း ကွဲကွာရခြင်း။
ဤမကောင်းမှု အကျိုးများကို ရတတ်၏။


( ၄ ) မုသားစကား, ပြောဆိုငြားမူ, စကားမပီ, သွားမညီတည်း, ပုပ်ညှီပါးစပ်, ခြောက်ကပ်ကိုယ်ရေ, ဣနြေ္ဒနောက်, ပုံယွင်းဖောက်၏, မရောက်သြဇာ, နှုတ်လျှာကြမ်းထော်, လျှပ်ပေါ်လော်လီ, စိတ်မတည်သည်, ရှောင်ကြဉ် အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
ရှေးက မုသားအားကြီးသူသည်-
၁။ ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
၂။ သွားများ မညီမွတ် ရှိခြင်း။
၃။ ခံတွင်းပါးစပ် ပုပ်ညှီခြင်း။
၎။ ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ် မရှိခြင်း။
၅။ မျက်စိ, နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။
၇။ သူတပါးအပေါ်၌ သြဇာအာဏာ မရှိခြင်း။
၈။ အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
၉။ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်း။
ဤသို့စသည်ဖြင့် အပြစ်များ၏။
( မုသားပြောသူသည် ဘယ်ကိစ္စ၌မျှ မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင် )

( ၅ ) သေရည်သောက်လင့်, သင့်မသင့်၌, ရေးခွင့်မသိ, ပျင်းရိမေ့ရူး, ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို, အကုသိုလ်ကို, မငြိုလွယ်စွာ, ပြုကျင့်ရာသည်, ရှောင်ခါ အပြန် အကျိုးတည်း။

( ကြည့်ရှုရန် အဓိပ္ပါယ် )
သေရည်သေရက် စသည်ကို သောက်စားမိလျှင်-
၁။ အရေးအခွင့် သင့်-မသင့်ကို မသိတတ်ခြင်း။
၂။ ပျင်းရိခြင်း။
၃။ မေ့လျော့ မူးရူးတတ်ခြင်း။
(နောင်ဘ၀ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း)။
၎။ သူများက ပြုဖူးသောကျေးဇူးကို မသိတတ်ခြင်း။
၅။ ဟိရီ-သြတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း။
၆။ သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြဉ်ဘဲ အလုံးစုံသော အကုသိုလ်ကို ပြုမိလွယ်ခြင်း။
ဤသို့စသည်ဖြင့် အပြစ်များ၏။



(ရှစ်ပါးသီလ တောင်းခံပုံ ပါဠိမြန်မာ )
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ရှစ်ပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါရှစ်ပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
( မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏ )
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
( နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ )
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿန, မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
( အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ဘုရားအဆုံးအမတော်၏ ဆန့်ကျင်ဘက်ဖြစ်သော ကြည့်ရှု့နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာပြစ်ကို နိမ့်ရာအရပ်သို့ ဖို့သိပ်ခြင်း, နံ့သာရည် နံ့သာမှုန်တို့ကို လိမ်းကျံ ခြယ်လှယ်ခြင်းမှ ရှောင်ကြဉ်ပါ၏ )
၈။ ဥစ္စာသယန မဟာသယနာ-
( မြင့်မြတ်သော နေရာ၌ အိပ်ခြင်း, နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏ )

မှတ်ချက်။ ( ၁-၂-၄-၅ ) သိက္ခာပုဒ်များ၏ မြန်မာပြန်ကို ငါးပါးသီလ၌ ပြခဲ့ပြီ။
( ရတနာ့ဂုဏ်ရည် )



( ကိုးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )

အဟံ ဘန္တေ တိသရဏေန သဟ န၀င်္ဂသမ္ပန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါကိုးပါးရှိသော ဥပုသ်သီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ကိုးပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါကိုးပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿန, မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
၈။ ဥစ္စာသယန မဟာသယနာ-
၉။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ။
( စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့အပေါ်၌ ဖြန့်၍ နေပါမည် )။
တနည်း။
မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ။
( မေတ္တာစိတ်ဖြင့် အလုံးသော သတ္တ၀ါတို့အပေါ်၌ ဖြန့်၍ နေပါမည် )။


( လူများအတွက် ၁၀-ပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )
( ကိုးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ မြန်မာ )

အဟံ ဘန္တေ တိသရဏေန သဟ ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ-
တတိယမ္ပိ-
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ လူတို့၏ ဆယ်ပါးသီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ခံယူနည်း ပေးတော်မူပါဘုရား။
နှစ်ကြိမ်မြောက်လည်း-
သုံးကြိမ်မြောက်လည်း-

ဤသို့စသည်ဖြင့် ငါးပါးသီလ၌ပြခဲ့သည့်အတိုင်း သိရာ၏။

( အင်္ဂါဆယ်ပါး )
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ
၃။ အဗြဟ္မစရိယာ
၎။ မုသာဝါဒါ
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ
၆။ ၀ိကာလ ဘောဇနာ
၇။ နစ္စ, ဂီတ, ၀ါဒိတ, ၀ိသူက, ဒဿနာ-
၈။ မာလာဂန္ဓ, ၀ိလေပန, ဓာရဏ, မဏ္ဍန, ၀ိဘူသနဋ္ဌာနာ-
၉။ ဥစ္စာသယန မဟာသယနာ-
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ-
( ရွှေငွေကို ကိုင်ခြင်း, ခံယူခြင်း, စီမံခြင်းမှ ရှောင်ကြဉ်ပါ၏ )
( ရတနာ့ဂုဏ်ရည် )


( သီလ၏ ဂုဏ်ကျေးဇူး )
သီလရနံ့ မွှေးပျံ့ကြိုင်စွာ၊ သီလဆင်သိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြား မလားပါယ်ရွာ၊ မြတ်သီလ စိတ်ချကိုးကွယ်ရာ။( မဟာစည် ဆရာတော် )

သီလရနံ့သည် တောင်ဇလပ်ပန်း, စန္ဒကူးတို့၏ အနံ့ထက် မွှေး၏။
ခါးဝတ်ကဲ့သို့ သီလတန်ဆာကို ဆင်ထားလျှင် ရှုတိုင်း လှ၏။ သီလစောင့်သောသူသည် အပါယ်မလားနိုင်။
နတ်ပြည်သို့ လားရ၏။ သီလသည် စိတ်ချလက်ချ ယုံယုံကြည်ကြည် ကိုးကွယ်ရာ ဖြစ်၏။


( ၃၂-ကောဋ္ဌာသ မြန်မာ )
ဆံပင်, အမွှေး, လက်သည်း-ခြေသည်း, သွား, အရေ၊
အသား, အကြော, အရိုး, ခြင်ဆီ, အညှို့၊
နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊
အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်၊
သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊
မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်။ ( အနုလုံ )

ကျင်ငယ်, အစေ, နှပ်, တံတွေး, ဆီကြည်, မျက်ရည်၊
အဆီခဲ, ချွေး, သွေး, ပြည်, သလိပ်, သည်းခြေ၊
ဦးနှောက်, အစာဟောင်း, အစာသစ်, အူသိမ်, အူမ၊
အဆုတ်, အဖျဉ်း, အမြှေး, အသည်း, နှလုံး၊
အညှို့, ခြင်ဆီ, အရိုး, အကြော, အသား၊
အရေ, သွား, ခြေသည်း-လက်သည်း, အမွှေး, ဆံပင်။ ( ပဋိလုံ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP