* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, August 29, 2009

သီတဂူလမ်း(၂)



ထေရ၀ါဒတက္ကသိုလ်မှာ မဟာတန်းတက်ခဲ့စဉ်က သူ့ရဲ့ မေဂျာပါမောက္ခဖြစ်ခဲ့ဖူးတဲ့ ကျိုက္ကလော့ဆရာတော်ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသကလွဲရင် သူက အခြားပါမောက္ခ၊ ကထိက ၊ နည်းပြ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ဆရာဆရာမတွေနဲ့ ရင်းရင်းနှီးနှီးပါ။ စာကြည့်တိုက်တွေ စာသင်ခန်းတွေကြား လမ်းသလားခဲ့ဖူးတာကိုး။ အတန်းစုံမှာလည်း မိတ်ဆွေတွေ ရှိသလို နောက်တက်လာတဲ့ ဂျူနီယာတွေကိုလည်း ဆရာလုပ်ဖို့က ၀ါသနာပါခဲ့သေးတာပေါ့။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်က ဟိုင်းဝေးဘတ်စ်ကားကြီးပေါ်မှာ မိတ်ဟောင်းဆွေဟောင်းတွေ ဆရာ ဆရာမတွေ ပြန်ဆုံတွေကြ၊ တသောသောရယ်မောကြ ကြည်နူးစရာခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ လမ်းစဉ်တစ်လျှောက်မှာလည်း သီတဂူဆရာတော့်ဘုန်းရိပ်မှီရလို့ ကြိုဆိုဧည့်ခံရေးတွေက နွေးနွေးထွေးထွေး စောင့်နေခဲ့ကြတာပါ။
ပဲခူးအလွန်တစ်နေရာမှာ နံနက်စာ။
တပ်ကုန်းမှာက နေ့လည်စာ။
ရမည်းသင်းမှာတော့ အချိုပွဲ။
မန္တလေးမဟာမြတ်မုနိဘုရားကြီးပရိဝုဏ်ထဲကို ကြိုဆိုရေးအဖွဲ့က ကမ်းပေးတဲ့ သစ္စာပန်းစည်းလေးကိုင်ပြီး လျှောက်မိတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ဆီက မန္တလေးစာသင်သားဘ၀ စာဝါပိတ်ချိန် (ကျောင်းပိတ်ချိန်)တွေကို ပြန်လွမ်းမိတော့တာပါ။

၁၉၉၀ ပြည့်လွန်မစိုးရိမ်တိုက်သစ်ကြီးရဲ့ တုန်းမောင်းခေါက်သံတွေ ပြန်မည်လာခဲ့ပါတယ်။
အဲဒီစာသင်သားဘ၀နေ့ရက်တွေမှာတော့ စာဝါချိန်တွေက မလွန့်သာအောင်ပိတ်ဆို့ထားလေတော့ တစ်ရက်လေးသာ နားခွင့်ရလေတဲ့ ဥပုသ်နေ့တွေကို စာတွေအော်ကျက်ရင်း ဘုရားရှိခိုးရင်း ပြက္ခဒိန်ကြည့်စရာမလိုပဲ သိနေတော့တာပါ။

အဲဒီ ဥပုသ်နေ့တွေမှာ ၀ယ်စရာရှိရင် ဈေးချိုကို ပြေးရမယ်။ စာတိုပေစ ရေးထားတာလေးတွေကို ဘုရားကြီးစာတိုက်သွားထည့်မယ်။
အဲဒီရှားရှားပါးပါး ဥပုသ်နေ့လေးက ရုံးပိတ်ရက်ဖြစ်နေရင်တော့ နောက်တစ်ပတ်စောင့်ပေဦးပေါ့။ အထွေအထူးလုပ်စရာမရှိလည်း အဲဒီဥပုသ်နေ့တွေမှာတော့ ကျောင်းနဲ့ဝေးနိုင်သမျှဝေးအောင်သွားတော့တာပဲ..။ ဆရာသမားတွေအချုပ်အနှောင်က လွတ်ရာပြေးတော့တာပဲပေါ့။ ဒါ ကိုယ်ပိုင်အခွင့်အရေးပဲ။ ဒီလိုနဲ့ ကိုရင်လေးတွေ ဦးဇင်းလေးတွေ တူရာတူရာပေါင်းပြီး မန္တလေးမြို့ကြီးကို ပန္နက်ပြန်ချကြတော့တာပါ။

အမရပူရက ဦပိန်တံတားပေါ်မှာ။ မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်ဘေးမှာ ။ တစ်ချို့ကိုယ်တော်လေးတွေကတော့ ရန်ကင်းတောင်လို စစ်ကိုင်းတောင်လို ဝေးဝေးလံလံတွေအထိ ခြေဆန့်ကြတော့တာပဲ။ ဥပုသ်နေ့က သူတို့နေ့ပဲဆိုတာကို နာယကဆရာတော်ကြီးတွေကိုယ်တိုင်က အသိအမှတ်ပြုထားတာပါ။ ကျန်တဲ့နေ့တွေဆို သင်ရိုးညွှန်းတမ်းစာအုပ်က လွဲရင် အခြားစာအုပ်တွေ လက်ဝယ်တွေ့လို့ မရဘူး။ စာအုပ်အသိမ်းခံရလို့ ငှားနေကျ ဗေဒါလမ်းစာအုပ်ဆိုင်လေးမှာ စာအုပ်ဖိုးလျော်ရတာလည်း မှတ်မိနေသေးတယ်။ အဲဒီဥပုသ်နေ့မှာတော့ ဆရာတော်ကြီးကလည်း ဘာစာအုပ်ဖတ်ဖတ် မပြောတော့ဘူး။ တစ်နေကုန်အိပ်နေလည်း အပြစ်မတင်ဘူး။

အပြင်ထွက်ခွင့်တစ်နေကုန်ရပေမယ့် ညနေ ၆နာရီဘုရားရှိခိုးချိန်ကိုတော့ အမီရောက်အောင်လာရမယ်။ ဘုရားရှိခိုးပျက်ရင်တော့ ဒဏ်တွေလာပါပြီ။ မစိုးရိမ်းတိုက်သစ်ကြီးရဲ့ ဒဏ်ကလည်း လှပါတယ်။ စာကျက်ရတာပါ။ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရုတ်သိမ်းလိုက်တာပါ။

နေ့စဉ်နေ့တိုင်း နေ့ဆွမ်းစားပြီးချိန်( ၁၂း၀၀-၀၁း၀၀ နာရီ) ဟာ စာသင်သားတွေ တစ်နေကုန် စာကျက်နိုင်ဖို့ အနားယူခွင့်ပေးထားတာပါ။ အဲဒီအချိန်မှာ သင်္ကန်းခေါင်းမြီးခြုံပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် ကျိန်းစက်ကြရတာပါ။ စကားမပြောရ မဆူရပါဘူး။ စကားပြောမက်တဲ့ကိုယ်တော်တွေကတော့ ကျောင်းရှေ့က သစ်ပင်တွေအောက်ကို ပြေးကြရတာပါ။
တစ်ချို့ အချိန်ကို တန်ဖိုးထားတဲ့ ကိုယ်တော်လေးတွေကတော့ အဲဒီကိုယ်ပိုင်အချိန်လေးမှာ ကျောင်းအပြင်ထွက်ပြီး လောကီပညာတစ်ခုခု သင်တော့တာပါ။ ကျောင်းပေါက်ဝမှာလည်း သင်တန်းအမျိုးမျိုးကြော်ငြာတွေကလာကပ်ထားပါတယ်။ အင်္ဂလိပ်စကားပြေသင်တန်း။ စက်ချုပ်သင်တန်း။ တိုင်းရင်းဆေးသင်တန်း ဗေဒင်သင်တန်းအစ နောက်ဆုံး ဗန်တိုဗန်ရှည်သိုင်း ကရာတေးသိုင်းသင်တန်းတွေအထိ စုံပါတယ်။ စရိုက်ကလည်းအစုံဆိုတော့ အမျိုးမျိုးကြုံရတာပါပဲ။

အဲ ဒဏ်ကျတဲ့ ကိုယ်တော်ကတော့ အဲဒီအချိန်မှာ စာအုပ်တစ်အုပ်ကိုင်ပြီး နာယကဆရာတော်ကြီးခြေရင်းသွားပြီး စာကျက်ရတော့တာပါ။ သူများနားလို့ မနားရတော့ပါဘူး။ ဒဏ်ကျစာသင်သားတွေကလည်း ညစ်ကျယ်ကျယ်တွေဆိုတော့ စာကို သံပြိုင်အော်ကျက်ကြတာပါ။ ဆရာတော်ကျိန်းမရအောင်ပေါ့။ ဆရာတော်ကြီးကလည်း ပါရမီထူးပါတယ်။ မင်းတို့စာအော်ကျက်လေ ငါအိပ်ပျော်လေလုပ်တာပါ။ ပစ်မှားမိသမျှ ၀န်ချဦးခိုက်ပါတယ်ဘုရား။

ပြောရရင်တော့ မျက်နှာပူပါတယ်။ အဲဒီဒဏ်က တစ်ပတ်ဒဏ်၊ နှစ်ပတ်ဒဏ်။ တစ်လဒဏ်စသည် သတ်မှတ်ထားတာပါ။ တစ်လဒဏ်တွေ ဆက်လာပြီဆိုရင်တော့ ရာသက်ပန်ဒဏ်အဖြစ် တိုးမြှင့်လိုက်တော့တာပါ။ တိုက်ပိတ်လိုက်တဲ့ သဘောပါပဲ၊ ကျောင်းတိုက်မှာ နေသမျှကာလပတ်လုံး နေ့လည်ပိုင်း ကိုယ်ပိုင်အချိန်လေး စတေးလိုက်ရတော့တာပါ။ ရာသက်ပန်ဒဏ်က ကျောင်းက ထွက်သွားပြီး နောက်တစ်ခါ မျက်စိလည်ပြန်ရောက်လာရင်လည်း အသက်ဝင်ပါသတဲ့။ အဟဲ နောက်တစ်ခါ ကျောင်းအရိပ်မခိုတော့ပါဘူးဘုရား။ လက်ကျန်လေးတွေ ရှိနေသေးလို့ပါ။

ဘုရားရှိခိုးမမီမှာ စိုးတဲ့ စာသင်သားအများစုကတော့ ပြန်လို့လွယ်ကူတဲ့ ဘုရားကြီးကို သွားပါတယ်။ ကားခမရှိလည်း ခြေလျင်သုတ်လို့ရတဲ့ အကွာအဝေးမှာ ရှိတာကိုး။ ၄၁ လမ်းမကြီးပေါ်က နေပူကြဲကြဲနေ့တွေအမှတ်ရစရာပဲ။ ဘုရားကြီးရောက်လို့ ဘုရားပရိဝုဏ်ထဲ တစ်ပတ်ပတ်ပြီးရင် လိပ်ကန်ဘေးမှာ တစ်နေကုန် ထိုင်တော့တာပါ။ ဘာရယ်ကို မဟုတ်ဘူး ။ လွတ်လပ်ခွင့်လေးကို တရှိုက်မက်မက်ခံစားတာပါပဲ။ ပြောရင်းနဲ့ လွမ်းသွားတာ အဆိုတော်အငဲရဲ့ “တစ်ခါတုန်းက မန္တလေး” ဟာ ရဟန်းတစ်ပါးနဲ့လည်း ဆိုင်နေပြန်ပါရောလား။ ဒါပေမယ့် ရိုမန္တိက(Romantic)စာမျက်နှာတွေတော့ ပန်းရောင်မလွှမ်းခဲ့ဘူးပေါ့လေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP