* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, June 21, 2009

ခန္ဓာငါးပါးကို မြန်မာလို သဘောပေါက် သိမြင်နိုင်ကြပါစေ

ကျွန်မသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်သာ ဖြစ်ပါသည်။ သစ္စာ ဟူသော စကားလုံးကို ”ဟုတ်သားပဲ” ဟု နှစ်နှစ်ခြိုက်ခြိုက် နားလည်ခဲ့သည်မှာ ၂ နှစ်ခန့်သာ ရှိပါသေးသည်။ နားလည်သည် ဆိုရာတွင် မြန်မာလို သဘောပေါက် နားလည်ရုံအဆင့်သာ ဖြစ်ပါသည်။ ဟိုးအရင်တုန်းက ကျွန်မနာဖူးသော တရားပွဲတို့မှာ သစ္စာအကြောင်း ၀ိပဿနာအကြောင်း သိပ်မပါခဲ့ပါ။ ပါသည့်တိုင်အောင် ကျွန်မ မရိပ်စားမိတာလည်း ဖြစ်နိုင်ပါသည်။ ကျွန်မ ဖြစ်ချင်တာက ပါဋ္ဌိမသုံး မြန်မာစကား သက်သက် သုံးပြီး မြန်မာလို သိချင်တာဖြစ်သည်။ ဘုန်းကြီးတွေ ဟောနေသည့် ရုပ် နာမ်၊ ဓါတ်၊ ခန္ဓာ ထိုစကားလုံးများမှာ ကျွန်မ ရင်းနှီးပါသည်။ ဘုန်းကြီး ရှေ့ကမေး၊ နောက်က လိုက်အော်ဖြေကြတဲ့ အထဲ အမှီလိုက်နိုင်ပါသည်။ သို့သော် ကျွန်မ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို မသိပါ။ အဲတော့ တရားဆိုတာ ရွတ်ရတာပဲလို့ လောက်သာ ထင်ခဲ့ပါသည်။ ဒီလမ်းနဲ့ သွားနေခဲ့တာ နှစ်ပေါင်း ၂၅နှစ်ကျော်ကြာပါသည်။

တကယ်တော့ ကျွန်မသည် အဲဒီလမ်းအကြောင်း မြန်မာလို တိတိကျကျ သိပ်သိချင်ခဲ့ပါသည်။ ကျွန်မသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရက်နှင့် သံသရာ ထွက်ရာနည်းလမ်းတို့ကို ဘာကြောင့် မသိနိုင်ရတာလဲ။ ငယ်စဉ်တုန်းက ဘုန်းကြီးတွေ သင်ပေးကြပါသည်။ ကျွန်မကိုယ်တိုင်ကိုက သိပြီးသား၊ နားလည်ပြီးသား လူတွေနဲ့ တတန်းတည်း တက်ခဲ့လို့များလားတော့ မပြောတတ်ပါ။ ရုပ်နာမ်ဟဲ့၊ ၀င်သက်ထွက်သက် ရှုဟဲ့။ သူများအော်လို့သာ ရုပ်ပါ ဘုရား၊ နာမ်ပါ ဘုရား လိုက်အော်ခဲ့သည်။ ဘာကို ရုပ်ပြောတာလဲ နာမ်ပြောတာလဲ သေချာမသိ။ ကိုယ့်ဟာကိုယ် ဘာသာပြန်ပြီးတော့ပဲ ဒီခန္ဓာကြီးဟာ ရုပ်၊ စိတ်ဆိုတာ နာမ် အဲလို သတ်မှတ်ထားပါသည်။
ကဲ အဲလောက် သိရုံနှင့် ကျွန်မ ဘာသွားလုပ်တတ်မလဲရှင်။ ၀င်သက် ထွက်သက်ရှုတော့ရော ဘာဖြစ်မလဲ စိတ်တည်ငြိမ်မယ်။ ဒါပဲ အဲဒီမှာ လမ်းဆုံးနေပြီ။ ကျွန်မ သိသမျှ အဲဒီအဆင့်မှာပဲ လမ်းဆုံးနေသည်။ ဟုတ်ပြီ စိတ်တည်ငြိမ်တော့ သံသရာက လွတ်ရောလား။ ဘယ်လွတ်လိမ့်မလဲ။ တရားအားထုတ်တယ်ဆိုတာလဲ ၀င်သက် ထွက်သက်မှတ်တဲ့နည်းလောက်ပဲ သိသည်။ အဲလောက်နဲ့ သစ္စာမသိဘူး ဆိုတာလဲ သိနေပြန်သည်။
ကျွန်မ အဲဒီနည်းလမ်းကို မြန်မာလို သေသေချာချာကြီး သိပ်ကို သိချင်နေခဲ့ပါသည်။ မသိခင် ၂ နှစ်လောက် အလိုက ဘုရား ရှိခိုးတိုင်း ”သေချာ သင်ပေးမဲ့ ဆရာကောင်းတွေ့လို့ နည်းမှန် လမ်းမှန်နဲ့ တရား အားထုတ်နိုင်ပါစေ” လို့ ဆုတောင်းခဲ့ပါသည်။ ကျွန်မ ပတ်ဝန်းကျင်မှာ တကယ် မြန်မာလို နားလည်အောင် ပြောပြတဲ့သူ သို့မဟုတ် တကယ်သင်တဲ့ ဆရာဘယ်မှာ ရှိတယ်ဆိုတဲ့ သတင်းကို ပေးနိုင်သူ တစ်ယောက်မှ မရှိခဲ့ပါ။ ကိုယ်တိုင် ကြိုးကြိုးစားစား မရှာဖွေခဲ့တာလည်းပါပါသည်။
သစ္စာတရားဆိုတာကို နားလည်ဖို့ ကျွန်မသည် လူပိန်း အဆင့်ဖြစ်ပါသည်။ အဲဒီ လူပိန်းသည် သစ္စာတရားကို မြန်မာလို နားလည်မှ ကျင့်သုံး ပွားများတတ်မှာ ဖြစ်ပါသည်။ ကျွန်မတို့ သင်နေကြတဲ့ သိပ္ပံပညာတွေနှင့် ဥပမာပြုရလျှင် သီအိုရီတွေ နားမလည်ဘဲ နှုတ်တိုက် အလွတ်ကျက်နေသည်နှင့် အတူတူဖြစ်ပါသည်။ သီအိုရီ အလွတ်ရသည်။ သို့သော် နားမလည်။ မည်သို့ အသုံးချမည်နည်း။ ဘုရားစာတွေ ပါဋ္ဌိတွေနှင့် ကျွန်မ ရွတ်နိုင်သားပဲ။ သို့သော် နားမလည်။ အသုံးမချတတ်။ အဲဒါကိုလည်း ကျွန်မ တိတ်တဆိတ် မကျေမလည် ဖြစ်နေပါသည်။ ငါ ဘာလို့ ဒီလမ်းနဲ့ ဒီလောက် ဝေးရသလဲ။

၂၀၀၇ ခုနှစ် သင်္ကြန်မှာ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာကျောင်းတိုက် (အမရပူရ မြို့ ဟုလည်း ပြောနိုင်ပါသည်) တွင် တရားစခန်း ၀င်ဖြစ်သွားပါသည်။ အဲဒီမှာ မိုးကုတ်တရားတော်များကို မြန်မာလို နှစ်နှစ်ခြိုက်ခြိုက်ကြီး နားလည်စပြုလာပါသည်။ မိုးကုတ်တရားများသည် မြန်မာ စကားသက်သက် ဟောပါသည်။ အလွန်နားလည်လွယ်ပါသည်။ တစ်ခွန်းပြောလိုက်တိုင်း ” ဟာ ဒီစကားလုံး ငါ ကြားဖူးတယ်။ အော် ဒါက မြန်မာလို ဒါကိုး” ဆိုတာ သိ သိ လိုက်လာပါသည်။ အလွန်ကျေးဇူးများသော အချိန်ဖြစ်ခဲ့ပါသည်။
အရင်တုန်းက နည်းလမ်း အဆင့်ကို သေချာ မသိ၊ ယောင်ဝါးဝါးနှင့် ”ထိုင် ထိုင် ” ဆိုတာနှင့် ပြီးခဲ့ရပါသည်။ လမ်းမသိဘဲနှင့် လုပ်နေတော့ ဘယ်မှာ စိတ်ဝင်စားပါ့မလဲ။ တိကျတဲ့ research direction မရှိဘဲနှင့် လုပ်လုပ် ဆိုပြီး နင်းကန် စာတွေဖတ်၊ ဟိုဟာလေး စမ်းလိုက်၊ ဒီဟာလေး စမ်းလိုက်နဲ့ လုပ်နေတဲ့ Ph.D ကျောင်းသား တစ်ယောက်လို ဖြစ်နေသည်။ (အခုလောလောဆယ် ကျွန်မ အဲလို ဖြစ်နေလို့ လက်တွေ့ ထင်ရှားတဲ့ ဥပမာ ပေးလိုက်တာ။ ခု စာရေးရင်းနဲ့မှ အဲဒီ အချက်ကို သတိထားမိလာတာ။ ခု ခေါင်းထဲမှာ direction ပေါ်သွားပြီ။ ကြည့်ထားတဲ့ protocol ကို Avispa tool နဲ့ ရအောင် ရေးဖို့ ၊ တိကျတဲ့ analysis လုပ်ဖို့။ ဒါက ခုလောလောဆယ် direction ပဲ။ ကျေးဇူး)
အဲဒီ တရားစခန်းမှာဘဲ သံသရာ ထွက်ရာလမ်း၏ လမ်းပြမြေပုံကို ရခဲ့ပါသည်။ လမ်းပြမြေပုံ ဆိုသည်မှာ ဘယ်လိုလုပ်ရင် ရတယ်ဆိုတာကို မြန်မာလို နားလည်ခြင်းကို ဆိုလိုပါသည်။ ထို့နောက်ပိုင်းတွင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို တတ်နိုင်သလောက် အချိန်ယူပြီး နာယူခဲ့သည်မှာ ယနေ့ အထိဖြစ်ပါသည်။
ကျွန်မစိတ်ထဲတွင် ကျွန်မ မသိသည်များကို သိလာရချိန်တွင် သူများတွေကို သိပ်မျှဝေချင်ပါသည်။ ကျွန်မလို ဘာဆိုဘာမျှမသိသေးသည့်၊ သစ္စာနဲ့ ပတ်သက်ရင် လူပိန်းအဆင့်သာ ရှိသည့် သူများကို ကျွန်မလို အလှမ်းဝေးမနေအောင် ပြောပြပေးချင်ပါသည်။ ကျွန်မ တကယ်ကျင့်နေသလား ဆိုရင် တကယ် မကျင့်သေးပါ။ တရားနာရုံ အဆင့်သာ ရှိသေးသည်။
ယခု ကျွန်မရေးနေခြင်းသည် ကျွန်မ လို ဘာမျှမသိသေးသူများ မြန်မာလို နည်းလမ်းသိစေချင်သည့် စေတနာ နှင့်ရေးပါသည်။ အထူးသဖြင့် ကျွန်မ တရားအားထုတ်ဖို့ ပြောတိုင်း ”ငါက ကိုယ်တိုင် မသေချာဘဲနဲ့ ဘာမှ မလုပ်ဘူး” ဟု အမြဲတမ်း နှုတ်လှန်ထိုးတတ်သော သူ့ကို ပို သိစေလိုပါသည်။ ”နင် ဘယ်လောက်သိလို့ ငါ့ ကို ဆရာလုပ်နေတာလဲ၊ ကဲ ပြောစမ်း၊ တရား အားထုတ်နည်း အတိအကျ” ဆိုတာမျိုးတွေ အမြဲ ပြန်ကြားရပါသည်။ ကျွန်မ အတိအကျ မပြောတတ်ပါ။ ကျွန်မမှ တကယ် အဲလောက်ထိ ထိထိရောက်ရောက် အားမထုတ်ထားဘဲ။ သို့သော် ကျွန်မ မြန်မာလို နားလည်စေတဲ့ တရားများ နာယူခဲ့သည်။ တော်တော်များများကို မြန်မာလို နားလည်ပါသည်။ သူပြောတဲ့ အားထုတ်နည်းဆိုတာတော့ ဆရာတော်၏ တရားတော်ကို နာယူတာသာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မည်။ ဆရာတော် သင်ပြတာကို ကိုယ်တိုင် လက်ချာလိုက်မှသာလျှင် ကိုယ်တိုင် စိတ်ထဲမှ လက်ခံ သဘောပေါက်မှာ ဖြစ်ပါသည်။
ကျွန်မသည် တရားတွေနာ၊ နားလည်အောင် စဉ်းစားပြီး ကိုယ်နားလည် သလို ပြန်မှတ်ထားတတ်ပါသည်။ ကိုယ်လုပ်ရမဲ့ အလုပ်ကို Frame ချ ထားနိုင်အောင် လုပ်ခြင်းဖြစ်ပါသည်။ တစ်ခွေပြီး တစ်ခွေ တရားနာရင်းနဲ့ schedule ကို ကိုယ်တိုင်သိအောင် လုပ်ပါသည်။ ယခုပို့စ်သည် ကျွန်မ နားလည်သလောက်နဲ့ သွားနိုင်တဲ့လမ်းရဲ့ schedule အတိုဆုံး၊ အထိရောက်ဆုံးကို ရေးပြမည် ဖြစ်ပါသည်။

သံသရာ ထွက်ရာခရီးသွားရန် ခြေလှမ်းသုံးလှမ်း လိုပါသည်။ ၄င်းတို့မှာ
(၁) သိမှု
(၂) ပွားမှု
(၃) ပယ်မှု

ထို စကားသုံးလုံးသည် မြန်မာစကား သက်သက် ဖြစ်၍ အားလုံး နားလည်နိုင်ပါမည်။ အဲဒီ သုံးမျိုးကို သေချာသိမှတ် နားလည် ရပါမည်။
အရေးကြီးဆုံးကတော့ သိမှု ဖြစ်သည်။ အဲဒီ သိမှု ကို ကျွန်မ မသိခဲ့ သဖြင့် ၂၅နှစ်လုံးလုံး ဘုရားစာရွတ်၊ ၀င်လေ ထွက်လေ မှတ်နဲ့ ဘာသာရေးလုပ်ခဲ့ရသည်။
သိမှု ဆိုရာတွင် အဓိက သိစရာများမှာ
ခန္ဓာ ၊ အာယတန၊ ဓာတ်၊ သစ္စာ ၊ ပဋ္ဋိစ္စသမုပ္ပါဒ် တို့ကို မြန်မာလို နားလည် သိမှတ်ဖို့ ဖြစ်ပါသည်။
ခန္ဓာငါးပါး လူတိုင်းကြားဖူးပါသည်။ ကျွန်မလည်း ကြားဖူးပါသည်။ ကျွန်မသည် တစ်ခုတည်းရှိတဲ့ ခန္ဓာကိုယ်ကို ဘာလို့ ဒီ language မှာ ငါးခု…ငါးခုနဲ့ ပြောနေကြတာလဲဟု နားမလည်နိုင်ဖြစ်ခဲ့ပါသည်။ ယခု မြန်မာလို သိပါပြီ။
ခန္ဓာဆိုတာ ကျွန်မတို့ သိထားတဲ့ လူကောင်ကြီး တစ်ခုကို ဆိုလိုချင်တာ မဟုတ်ပါ။ အစုအပုံ လို့သာ ဆိုလိုပါသည်။ ခန္ဓာငါးပါးတို့မှာ
(၁) ရူပက္ခန္ဓာ ………………ဖောက်ပြန် ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှု
(၂) ဝေဒနာက္ခန္ဓာ………….ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၃) သညာက္ခန္ဓာ ………….မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၄) သင်္ခါရက္ခန္ဓာ……………ပြုပြင်စီရင်တတ်သော သဘောအစု ဖြစ်ပျက်မှု
(၅) ၀ိညာဏက္ခန္ဓာ……… သိကြံ တတ်သော သဘောအစု ဖြစ်ပျက်မှု

ဤနေရာတွင် သေချာ ကြည့်ရန်မှာ ”……..သော” တို့သည် မြန်မာပြန်ဖြစ်သဖြင့် သေချာမှတ်ကြပါလိမ့်မည်။ သတိထားရန်မှာ နောက်က ” သဘောအစု ဖြစ်ပျက်မှု” ဟူသော စကားတည်း။ (ခန္ဓာသည် အကောင်ကြီးမဟုတ် ”သဘော အစုကြီး” ဖြစ်သည်။ ခန္ဓာသည် ”ဖြစ် ပျက်မှု” များ တရစပ် ဖြစ်နေသည်။ ) ဟူသော concept ကို ခန္ဓာငါးပါးကို ရွတ်တိုင်း အမြဲ ခေါင်းထဲရောက်ဖို့ လိုပါသည်။
အလွယ်မှတ်ရန် လင်္ကာမှာ
”ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်”
ကျွန်မကိုယ်တိုင် အဲဒီလင်္ကာ အလွတ်ရပြီး အဲဒီ စကားလုံး ငါးလုံးကိုသာ မှတ်ထားပါသည်။ ကိုယ်တကယ် အသုံးချမှာက ဒါပဲကိုး။ ပါဋ္ဌိလိုကို လုံးဝ မမှတ်မိပါ။ အခု ဒီစာရေးတော့မည်ဆိုမှ စာအုပ်ထုတ်ရှာပြီး ပါဋ္ဌိစကား ဖြည့်စွက်ရပါသည်။
ဤ ခန္ဓာငါးပါးကိုတော့ ပါဋ္ဌိလိုရော မြန်မာလိုပါ အလွတ်ရအောင် ဦးစွာ လုပ်သင့်သည်။ ကျွန်မလည်း အခုပဲ ပါဋ္ဌိလို နှုတ်တိုက်ရအောင် ကျက်ရပါဦးမည်။ ပါဋ္ဌိလို ဘယ်မှာ အသုံးပြုရမလဲဆိုတော့ တရားနာတဲ့အခါ၊ ဆရာ သင်ပေးတဲ့အခါ၊ တရား ဆွေးနွေးတဲ့ အခါ လိုအပ်ပါသည်။ ထို ပါဋ္ဌိစကားလုံးများသည် ဒီပညာရပ်သင်ယူဖို့ အတွက်က လိုအပ်သော ဝေါဟာရများ ဖြစ်နေသောကြောင့် သိဖို့ လိုအပ်ပါသည်။
ခါတိုင်းလို ဘုန်းကြီးရှေ့က မေး ၊ နောက်က ”ခန္ဓာ ငါးပါးပါ ဘုရား။ ရူပက္ခန္ဓာ………..” စသည်ဖြင့် ကြက်တူရွေးနှုတ်တိုက် မဖြစ်တော့ပါ။ မြန်မာလို နားလည်ပြီး ဖြစ်ရပါမည်။
အဲဒီငါးပါးကို ပေါင်းလိုက်ရင်
၁….၄ က ရုပ်
၅ က နာမ်
အကျဉ်းချုပ်လိုက်ရင် ရုပ်နဲ့နာမ် နှစ်ပါးသာ ဖြစ်သွားပါသည်။
ကျွန်မကတော့ အောက်ပါအတိုင်း ရွတ်ဆို နှလုံးသွင်းပါမည်။
”ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်”
(၁) ရူပက္ခန္ဓာ ………………ဖောက်ပြန် ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှု
(၂) ဝေဒနာက္ခန္ဓာ………….ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၃) သညာက္ခန္ဓာ ………….မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၄) သင်္ခါရက္ခန္ဓာ……………ပြုပြင်စီရင်တတ်သော သဘောအစု ဖြစ်ပျက်မှု
(၅) ၀ိညာဏက္ခန္ဓာ……… သိကြံ တတ်သော သဘောအစု ဖြစ်ပျက်မှု
ထို ခန္ဓာငါးပါးကိုပဲ ညအိပ်ရာဝင်လျှင် မြန်မာလို တိတိကျကျကြီး နှုတ်က အသံထွက် ဆိုပြီး နှလုံးသွင်းအိပ်ပါ။ စိတ်အေးအေးချမ်းချမ်း အိပ်ပျော်သွားပါမည်။ မနက် အိပ်ရာနိုးနိုးချင်း မြန်မာလို တိတိကျကျကြီး အသံထွက်ဆိုပြီး နှလုံးသွင်းကြည့်ပါ။ ရုံးသွား ကျောင်းသွားဖို့အတွက် စိတ်တက်ကြွ လန်းဆန်းနေပါလိမ့်မည်။ မယုံမရှိပါနဲ့။ တကယ် စိတ်နှစ်ပြီး လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP