* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, May 23, 2009

အသည်းနင့်အောင်နာတယ်

တကယ်ပါ.. ဒီစကားကို ပြောချင်တာ တော်တော်ကြာခဲ့ပြီ။ ကိုဂျေဂျူဝိုင် ဘလော့မှာ မြန်မာတွေ တကယ် ယဉ်ကျေးပါသလား ဆိုတဲ့ ပိုစ့်ကို ဖတ်လိုက်ရကတည်းက စိတ်မကောင်း ဖြစ်မိတာပါ။ ခုလည်း ဂျီတော့မှာ ရေးထားတဲ့ စာလေးတွေ လိုက်ကြည့်ရင်းနဲ့ တွေ့မိလို့ စိတ်ထဲ အတော်လေး မကောင်းဖြစ်တာနဲ့ ဒီပိုစ့်ကို ရေးဖြစ်လိုက်တာပါ။ ဂျီတော့မှာ ဘာတင်ထားသလဲဆိုတော့.. အနိစ္စ အမြဲမရှိ.. ငွေ၊ ဒုက္ခ ဆင်းရဲခြင်း.. အချစ်၊ အနတ္တ အစိုးမရပါတကား.. ရည်းစား တဲ့။ နောက်တစ်ခုက အနိစ္စ.. ပထမရည်းစားကမမြဲ၊ ဒုက္ခ.. ဒုတိယရည်းစားက သောကများ၏၊ အနတ္တ.. တတိယရည်းစားက အစိုးမရပါတကား၊ သာဓု သာဓု သာဓု တဲ့..။ အင်မတန် အောက်တန်းကျတဲ့ အတွေးအခေါ်တွေပါ..။ ဘာဗုဒ္ဓဘာသာလည်း.. ဗုဒ္ဓဘာသာလို့ကို မပြောပါနဲ့။ သူတို့ အစား ကျနော် ရှက်မိတယ်။ ခု ကျနော်ပြောမယ့်အထဲမှာ ရိုင်းတာပါရင်လည်း အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်။

ဒါတွေက ကျနော့ ဂျီတော့ အကောင့်ထဲမှာ တွေ့ရတဲ့ စာသားလေးတွေကိုပဲ ချပြမိတာပါ။ အခြားဟာတွေလည်း ရှိချင်ရှိမှာပါ။ ဘုရားဟောတဲ့ တရားတွေကို အဲ့လိုမျိုး မြင်ရတာလောက် စိတ်ထဲမှာ မကောင်းဖြစ်မိတာ မရှိဘူး။ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဆိုရင်လည်း အဲ့လိုမျိုး အသုံးအနှုံးကို လက်ခံနိုင်လိမ့်မယ် မထင်ပါဘူး။ ဘုရားရှင် ဒီတရားတွေကို ပါးစပ်ထဲရှိရာ လျောက်ပြောခဲ့တယ်များ သူတို့ စိတ်ထဲမှာ ထင်နေသလား။ ဒီတရားတွေဟာ အလကား ဟာတွေလို့များ ထင်နေသလား။ ကျနော်တို့ ဘုရားကို မကြည်ညိုရင်နေပါ.. မစော်ကားမိပါစေနဲ့လို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဘုရားဟောကြားတဲ့ တရားတစ်လုံးကို စော်ကားတာဟာ ဘုရားရှင်ကို စော်ကားတာနဲ့ အတူတူပါပဲ။ ဘုရားရှင်ဟာ ဒီသစ္စာတရားတွေကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီ ဖြည့်ပြီးမှ ရလာခဲ့တာပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားစာပေ တစ်လုံးတစ်လုံးဟာ ဘုရားရှင်ရဲ့ အသက်သွေးချွေးနဲ့ ရင်းခဲ့ရတယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါကို လုပ်ရက်လေတယ်။

အဲ့စာသားကို တင်ထားတဲ့ လူတွေကိုကြည့်တော့ ဗုဒ္ဓဘာသာတွေပါ။ ပြီးတော့ ပညာတတ် ဘွဲ့ရပြီးသားလူတွေ..။ ဘာသာခြားတွေတောင် ဒီလိုမျိုး မရေးဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော် ရင်လေးမိတယ်။ ကျနော်လည်း ဘာသာရေးကို တအားကြီးသိလို့ အဲ့စကားမျိုး ပြောလိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ သိတယ်ဆိုတာ ဘာမှ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ စိတ်တွေထဲမှာ အဲ့လိုမျိုး အတွေးတွေ ၀င်နေတာကိုတော့ ရှက်မိတယ်။ ဘာသာခြား တစ်ယောက်ကများ မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါက အရေးမကြီးသေးဘူး.. ဒီဟာတွေကို ဖတ်မိတဲ့ လူငယ်တွေက ဘယ်လို သဘောထားမလဲ။ ကျနော်တို့ ဘုရားရှင် ဟောကြားတဲ့ တရားစာတွေဟာ ပျက်လုံး လုပ်စရာတွေလား.. အဲ့လောက်မှ တန်ဖိုးမရှိတော့တဲ့ ဟာတွေလား.. လို့ လူငယ်တွေ ထင်သွားရင် ဘယ်လို လုပ်ကြမလဲ။ သာသနာကွယ်တယ်ဆိုတာ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားအဆုံးအမတွေ ပျောက်ကွယ်တာကို ပြောတာပါ။ ဘုရားအဆုံးအမတွေကို ဟာသလို လုပ်တာဟာ ဘုရားကို စော်ကားရာရောက်သလို သာသနာကိုလည်း စော်ကားရာ ရောက်ပါတယ်။ ဒါတွေကို သူတို့ တွေးမိကြရဲ့လား။ နောက်ပြီး ဂျီတော့မှာ တခြားတင်စရာတွေ အဲ့လောက်ရှားသလား? တွေးစရာတွေကတော့ အများကြီးပါ။

ဒီဟာတွေကို ရေးနေတဲ့ လူတွေဆိုတာလည်း တစ်နေ့မှာ လူငယ်တွေကို ရှေ့ဆောင်လမ်းပြ လုပ်ပြရမဲ့ လူကြီးတွေ ဖြစ်လာကြမှာပါ။ သူတို့တွေ ဘယ်လိုစိတ်မျိုးနဲ့ မျိုးဆက်သစ် လူငယ်တွေကို တရားနဲ့ ထိတွေ့အောင်.. ဘုရားရှင် ဟောကြားခဲ့တဲ့ တရားကို သက်ဝင်ယုံကြည်အောင် သူတို့တွေ ဘယ်လိုပြောကြမှာလဲ။ လူငယ်တွေ မှားတာ လုပ်နေရင်တောင် သူတို့တွေက ဘေးနားက လက်ခုတ်တီးပြီး ရယ်ပြနေမှာလား? ဗုဒ္ဓဘာသာဆိုတာ ဘယ်လို စိတ်ဓါတ်မျိုး ဘယ်လို ကိုယ်ကျင့်တရားမျိုး ထားရမယ်ဆိုတာ သူတို့တွေ ဘယ်လိုများ မျိုးဆက်သစ် လူငယ်တွေကို သွန်သင် ဆုံးမပေးကြမလဲ? ကျနော်စဉ်းစားမိတာတော့ အများကြီးပဲ။ ကျနော် ပြောချင်တာကတော့ ဒါမျိုးတွေ မရေးမိအောင် သတိထားပေးပါ။ နောက်.. ရေးတဲ့လူတွေ တွေ့ခဲ့ရင်လည်း အမုန်းခံပြီး ပြုပြင် ပြောဆိုပေးပါလို့ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုက ဘုရားဟောကြားတဲ့ မေတ္တာပို့  သီချင်းကို ဒီဂျေပွတ်ပြီး ဆိုထားတာတွေရှိတယ်။ ဆရာတော်ဘုရားတွေ တရားဟောတဲ့ လေသံနဲ့ သီချင်းလုပ် ဆိုထားတာလည်း တွေ့ရတယ်။ တရားဟောသလိုလိုနဲ့ ရည်းစားစာလိုမျိုး လုပ်ဆိုထားတာလည်း ကြားဖူးမှာပါ။ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ သီချင်းလုပ်ဆိုစရာ အဲ့လောက်ရှားလား? နောက်ပြီး အဲ့သီချင်းကို နားထောင်ကြည့်ပါဦးဆိုပြီး ပို့ပေးတဲ့ သူငယ်ချင်းကိုလည်း အံ့သြမိတယ်။ နားထောင်ကြည့်ပါ.. ရယ်ရတယ်တဲ့။ ဘယ်လို ပြောပြရမလဲနော်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ဖို့ဆိုတာကို ခဏလောက် ထားလိုက်ပါဦး။ အဲ့လိုမျိုး တရားကို သီချင်းလုပ်ဆိုတဲ့ဟာကို ရယ်ရတယ်လို့ ပြောတဲ့ လူရဲ့ စိတ်ဓါတ်မျိုးကို ကျနော်ဘယ်လို ဗုဒ္ဓဘာသာလို့ သတ်မှတ်ရမှာလဲ?။

ဒီဟာတွေဟာ ရိုးရိုးလေးကြည့်မယ်ဆိုရင် ဘာမှ မဟုတ်သလိုပါပဲနော်။ ဒါပေမယ့် သေချာ တွေးကြည့်ရင်တော့ သာသနာကို တိုက်ရိုက် ဖျက်ဆီး နေတာပါ။ သာသနာကို တိုက်ရိုက်ဖျက်ဆီးပြီး ဗုဒ္ဓဘာသာလူမျိုး ပျောက်အောင် လုပ်ဆောင်နေတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ရှင်းရှင်းပြောရရင် သာသနာဖျက်တွေပေါ့။ ဘာလို့လည်းဆိုတော့ ဒီစာတွေကို လူငယ်တွေ တွေ့သွားမယ်၊ ဒီသီချင်းတွေကို လူငယ်တွေ နားထောင်မိမယ်ဆိုရင်.. စဉ်းစားကြည့်ပါ။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နဲ့ ပြည့်ဝတဲ့ ရဟန်းသံဃာတွေတောင်မှ ဘုရားတရားကို အထွတ်အမြတ်နဲ့ တရိုတသေ ရွတ်ဆိုရတာပါ။ လူငယ်တွေ အတွေးမှားပြီးတော့ ရယ်ရတယ်ဆိုရုံလေး.. နားထောင် ကောင်းတယ်ဆိုရုံလေးနဲ့ ဒီသီချင်းလေးတွေကို ပါးစပ်က တတွတ်တွတ်နဲ့ မလေးမစား ရွတ်နေမယ်ဆိုရင် အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဘုရားဆိုတာ ဘာမှန်းမသိ.. တရားဆိုတာ ဘာမှန်းမသိ.. သံဃာဆိုတာ ဘာမှန်းမသိနဲ့ ရင်လေးစရာပါ။ ဘုရား၊ တရား၊ သံဃာမှ မသိဘူးဆိုတဲ့ လူတစ်ယောက်ရဲ့ စိတ်မှာ မိဘဆိုတာလည်း သိမှာမဟုတ်သလို ဆရာဆိုတာလည်း အလကား ထင်သွားမှာပါ.. အသက်ကြီးသူကို လေးစားရိုသေရမယ်ဆိုတဲ့ စိတ်တွေလည်း မြောင်းထဲကို ရောက်သွားမှာ မလွဲပါဘူး။ ဒီလိုလုပ်နေတဲ့ လူတွေဟာ သာသနာတော်ကို တိုက်ရိုက် ဖျက်ဆီးတာတင်မကပဲ လူမျိုးကိုပါ ပျောက်သွားအောင် လုပ်နေတယ်ဆိုရင်လည်း မမှားပါဘူးနော်။

ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကို အဖက်ဖက်ကနေပြီးတော့ တိုက်ခိုက်မှုတွေ ရှိပါတယ်။ ကိုယ်ကမှ ကိုယ့်ဘာသာ သာသနာကို မလေးစားရင် ဘယ်သူမှလာပြီး လေးစားမှာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာ ဘာသာမတူတာတွေ စိတ်ဓါတ်အမျိုးမျိုးတွေ အယူအမျိုးမျိုးတွေ ရှိကြပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုယ်ရေးလိုက်တဲ့ စာတစ်လုံးဟာ ဘုရားကို စော်ကားမိတဲ့ စကားမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့လိုမျိုး ရေးထားတဲ့ စာသားမျိုး ပြောဆိုနေတဲ့ စကားမျိုးတွေ ရှိခဲ့ရင်လည်း အချင်းချင်း ပြောဆိုပြုပြင်ပေးဖို့ အနူးအညွတ် ပန်ကြားလိုပါတယ်။ နောက်ပြီး မသိသေးလို့ မှားတာပဲဆိုပြီး အမှန်ပြင်ပေးဖို့.. ပြောပေးဖို့လည်း တိုက်တွန်းပါတယ်။ ဘုရားရဲ့ တရားတွေကို မလေးစား မကြည်ညိုရင်နေပါ.. စော်ကားတဲ့ အပြုအမှုမျိုး လုံးဝမဖြစ်စေဖို့ အတွက် အားလုံး ၀ိုင်းဝန်း ပြုပြင်ပေးပါလို့ တိုက်တွန်း ပြောဆိုလိုပါတယ်။

ကျနော်ရေးသားထားသော ဓမ္မစာပေများမှ ဘယ်စာသားမဆို အမည်ဖော်ပြပြ မဖော်ပြပြ ကူးယူ ဖော်ပြနိုင်ပါတယ်။ ဝေဖန် အကြံပေးမှုများကိုလည်း အမြဲတမ်း လက်ခံ ကြိုဆိုလျက်ပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP