* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 11, 2009

ကိုယ်ဝန်သန္ဓေသားကို သတ်ဖြတ်မှု ...

ကိုယ်ဝန်သန္ဓေသားကို သတ်ဖြတ်မှု ...

ခွန်နောင်: ပါဏာတိပါတနဲ့ ပတ်သက်ပြီး အကျယ် သိလိုပါတယ်ဘုရား။ ဦးနှောက်နဲ့ ကိုယ်လက်အင်္ဂါများ ပျက်စီးချွတ်ယွင်းနေတဲ့ ကိုယ်ဝန်သန္ဓေသားကို ကလေးငယ် မွေးဖွားလာရင် ဒီဘဝ မသေမချင်းဒုက္ခခံရမယ့်အရေး၊ ဆင်းရဲသူ မိဘများ မနိုင်ဝန် ပိမယ့် အရေးကို ငဲ့ပြီး သားလျှောအောင် ပြုရင် ပါဏာတိပါတကံ မြောက်ပါသလား။

ပါဏာတိပါတကံမြောက်ကြောင်း အင်္ဂါတွေကြည့်ပြီးတော့မှ အဖြေပြောတာ ပိုပြီးသင့်လျော်မယ်လို့ ထင်မိပါတယ် ဒကာလေး၊

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ။

ပါဏာတိပါတာ၊ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ။
ဝေရမဏိသိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို။
သမာဓိယာမိ၊ ကောင်းစွာ ခံယူ ဆောက်တည် ကျင့်သုံးပါ၏။

သူတစ်ပါးအသက် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်မယ်ဆိုပြီး ဆောက်တည်တဲ့သဘောပါ၊
ဒီတော့ကာ တစ်ချို့က တပည့်တော်တို့က မဆောက်တည်ဘူးဘုရား ဒါဆို လုပ်ချင်တာ လုပ်လို့ရပါသလားဆိုခဲ့ရင် ပြုလုပ်သောသူ ကိုယ်ပြုသောအလုပ်(ကံ)၏ အကျိုးတရားအတိုင်း ခံစားရမည်သာဖြစ်ပေတယ်။ ဒါ့ကြောင့် ဆရာတော်ကြီးများက {သူ့ကိုသတ်ဖြတ် သက်လိုတတ် မသတ်အသက်ရှည်} ဆိုပြီး လွယ်ကူသော အဓိပ္ပါယ်များနဲ့ ကဗျာတွေ စီကုံးခဲ့ကြပါတယ်။

ကဲသတ္တ၀ါဆိုတာကို ကြည့်ရအောင်...
သတ္တ၀ါတွေ နေထိုင်ကြတာက ၃၁-နေရာ= ၃၁-ဘုံ၊

ရုပ်တရား+နာမ်တရား တွဲနေတဲ့ဘုံက= ၂၆-ဘုံ (အပါယ်-၄+လူ-၁+နတ်-၆+ဗြဟ္မာ-၁၅)
ရုပ်တရားသာ ရှိသောဘုံက= ၁-ဘုံ (အသညသဘုံ)
နာမ်တရားသာ ရှိသောဘုံက= ၄-ဘုံ (အရူပဘုံ)

ဒါရှင်းပြရတာကတော့ ရုပ်နဲ့နာမ်နဲ့ရှိတာ သတ္တ၀ါလို့ လွယ်လွယ်ပြောလိုက်ရင် စာကျန်နေမှာစိုးလို့ ရှင်းပြပေးလိုက်တာပါ။ ရုပ်နဲ့နာမ်နဲ့ရှိတာကို သတ္တ၀ါ၊ တချို့ ရုပ်တရားသာ ရှိတာကိုလည်း သတ္တ၀ါ၊ တချို့ နာမ်တရားလေးသာ ရှိတာကိုလည်း သတ္တ၀ါလို့ခေါ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ဦး လွယ်ထားရတဲ့ သန္ဓေသားကို ရုပ်နဲ့နာမ် ရှိသော သတ္တ၀ါလို့ခေါ်မယ်။

ပါဏာတိပါတကံ မြောက်ကြောင်း အင်္ဂါကတော့ ၅-ပါးရှိပါတယ်။

၁။ သတ္တ၀ါလည်း အမှန်ဖြစ်ခြင်း။
၂။ သတ္တ၀ါဟူသော အမှတ်ရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း။
၎။ လုံ့လလည်းပြု အားလည်းထုတ်ခြင်း။
၅။ သေလည်း သေခြင်း။

ဒီအင်္ဂါ ၅-ပါး ညီမယ်ဆိုရင်တော့ ကမ္မပထမြောက်သွားပါပြီ။ ပါဏာတိပါတကံ မြောက်ပါတယ်။
ကမ္မပထရဲ့ အဓိပ္ပါယ်ကတော့ အပါယ်ပဋိသန္ဓေကျိုး ကိန်းသေပေးမည်တဲ့။

ဒီအင်္ဂါ ၅-ပါး မညီဘူးဆိုရင်တော့ ကမ္မပထ မမြောက်ပါ။ ပါဏာတိပါတကံ မမြောက်ပါ။ ကမ္မပထ မမြောက်ဘူးဆိုရင်တော့ အပါယ်ပဋိသန္ဓေကျိုး ကိန်းသေမပေးပါတဲ့။ ပေးချင်ရင်တော့ ပေးပါလိမ့်မယ်။ ကမ္မပထ မမြောက်၊ ပါဏာတိပါတကံ မမြောက်လို့ အပြစ်မရှိဘူးတော့ မဟုတ်ပါ ထိုက်သင့်သော အကုသိုလ် စေတနာ၏ အကျိုးဝိပါက်များကတော့ ပေးပါလိမ့်မယ်။
(လောဘလေးငယ်ငယ်၊ ဒေါသလေးသေးသေးကြောင့် အပါယ်ရောက်ရသည်များ ရှိပါသေးသည်)

မိမိရဲ့ ရင်သွေးလေးက မိခင်ဝမ်းထဲမှာ ကိုယ်အင်္ဂါတွေချို့ယွင်းနေမယ် မပြည့်စုံရှာဘူး၊ မွေးဖွားလာရင် ဒီဘဝ မသေမချင်းဒုက္ခခံရမယ့်အရေးကြောင့် ဒီကလေးကို ၀မ်းထဲမှာတင် သတ်ပစ်လိုက်တယ်ဆိုတော့...

မိခင်ဖြစ်သူရဲ့ ရင်သွေးဟာ သတ္တ၀ါ အမှန်ဖြစ်တယ်ဆိုရင် ၁-နံပါတ်နဲ့ ညီညွတ်သွားပြီ။
၁။ သတ္တ၀ါလည်း အမှန်ဖြစ်ခြင်း။

မိခင်ဖြစ်သူဟာ သူ့ရဲ့ရင်သွေးကို သက်ရှိသတ္တ၀ါလို့ သတ်မှတ်သေးရင် ၂-နံပါတ်နဲ့ ညီညွတ်သွားပြီ။
၂။ သတ္တ၀ါဟူသော အမှတ်ရှိခြင်း။

မိခင်ဖြစ်သူဟာ သူ့ရဲ့ရင်သွေးအပေါ်မှာ သေစေလိုတယ်ဆိုရင် ၃-နံပါတ်နဲ့ ညီညွတ်သွားပြီ။
၃။ သေစေလိုသော စိတ်ရှိခြင်း။

မိခင်ဖြစ်သူဟာ သူ့ရဲ့ရင်သွေးသေအောင် နည်းမျိုးစုံနဲ့ လုံ့လပြုမယ်ဆိုရင် ၄-နံပါတ်နဲ့ ညီညွတ်သွားပြီ။
၎။ လုံ့လလည်းပြု အားလည်းထုတ်ခြင်း။

လုံ့လပြုလို့ သူ့ရဲ့ရင်သွေး သေဆုံးသွားပြီဆိုရင် ၅-နံပါတ်နဲ့ ညီညွတ်သွားပြီ။
၅။ သေလည်း သေခြင်း။

ဒီလိုအင်္ဂါ ၅-ပါးနဲ့ ပြည့်စုံရင်တော့ ပါဏာတိပါတကံ ထိုက်သွားပါပြီ၊ ကမ္မပထမြောက်သွားပြီပေါ့။



ဒကာလေး ဘာ့ကြောင့် ဒီလိုမေးတယ်တော့ မသိ။

ဘုန်းကြီးပြောလိုတာတစ်ခုတော့ ပြောပြပါဦးမယ်။

တနေ့သောအခါမှာ ဒကာဒကာမများကို သီလပေးပြီးနောက် ၅-ပါးသီလ အနည်းငယ်ရှင်းပြ တရားအားထုတ်နည်းပြောပြနဲ့ အရှိန်ရနေတုန်း ဒကာတစ်ယောက်က၊ ခု ဒကာလေးမေးသလို မိခင်တစ်ယောက်ဟာ သူ့ရင်သွေး မွေးဖွားလာရင် ကိုယ်အင်္ဂါ မပြည့်စုံဘူးဆိုတာသိလို့ ပထမသားဦးလေးကို ဖျက်ချလိုက်ပါတယ်၊ ဒီလိုဖျက်ချခြင်းဟာ အပြစ်ရှိပါသလားလို့ မေးလာပါတယ်။ ဘုန်းကြီးကလည်း အပြစ်ရှိပါကြောင်း နားလည်အောင် ပုံစံမျိုးစုံနဲ့ရှင်းပြပေးလိုက်ပါတယ်၊ အရှင်းကောင်းလို့လားတော့မသိဘူး ပြီးလဲပြီးရော ဒကာမတစ်ယောက် အော်ကြီးဟစ်ကျယ်နဲ့ ငိုတော့တာပါဘဲ၊ ဒီတော့ ဘုန်းကြီးလည်းသိလိုက်ပါပြီ ဒီဒကာမကြီးဟာ မိမိရင်သွေးကို သတ်မိခဲ့တဲ့သူပါလားလို့၊ သူ့ခမျာ အမှန်တရားကို သိလိုက်ရတဲ့ အချိန်ဟာ သိပ်နောက်ကျသွားပါပြီ၊ ပါဏာတိပါတကံ၊ သတ်မိတာက တိရစ္ဆာန်မဟုတ်လူ၊ လူတောင်မှသူတပါးရင်သွေးမဟုတ် မိမိဝမ်းနဲ့ လွယ်ထားရတဲ့ရင်သွေး ဆိုတော့ကာ တရားအမှန်ကို သိလိုက်ရတဲ့အချိန်မှာ သူ့ခမျာ ဖြည်ဆည်ရာ မရနိုင်တော့ဘူးပေါ့။

ကိုယ်အင်္ဂါမပြည့်စုံတဲ့သားသမီးကို မွေးဖွားရင် ဒီတဘ၀လုံးတောင် ဆင်းရဲဒုက္ခ ဖြစ်ချင်မှဖြစ်မှာပါ၊ ခုလို သတ်မိခဲ့တဲ့အတွက် ဒီဘ၀မှာလည်း မကောင်း နောင်သံသရာမှာလည်း မကောင်းကျိုးတွေ ပေးနေပါလိမ့်မယ်။ ဒါ့ကြောင့်...။

ခု စာဖတ်နေကြသော အမျိုးကောင်းသားသမီများ ရှောင်ရှားနိုင်ကြပါစေ...။
ဖြစ်ပြီးခဲ့ကြရင်လည်း၊ စိတ်ဆင်းရဲ ကိုယ်ဆင်းကြီးဖြစ်ပြီး ပူလောင်မနေကြဘဲ၊ ငါတို့တတွေ မသိလို့ မိုက်မဲခဲ့ကြပြီ၊ ယခုလိုသိပြီးသည်နောက် သူ့အတွက် ကောင်းမှုကုသိုလ်တွေပြုလို့ အမျှအတန်းပေးဝေကြရမယ်။ ဒီနေ့ ဒီအချိန်ကစပြီး ဘုရားဟောအတိုင်း မကောင်းမှုတွေရှောင်လို့ ကောင်းမှုတွေဆောင်ပြီး ဒို့တတွေရဲ့ စိတ်ကလေးကို ဖြူစင်အောင်ထားတော့မယ်၊ ဒို့အတွက်နဲ့ ဘယ်သူမှ စိတ်မဆင်းရဲစေရတော့ဘူးလို့ ဖြစ်ပြီးခဲ့တာလေးကို အရင်းတည်၍ အမြတ်ထုတ်ကြရတော့မယ်။

သူတော်ကောင်းအပေါင်းတို့ ဒီလို အမြတ်ကလေးတွေ ထုတ်နိုင်ကြပါစေ...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP